← Chapters

န၀မအိမ်ရှေ့စံမင်းသား၊ ငါတို့ထပ်တွေ့ကြမှာပါ

Vol. 94 Ch. 1318

န၀မအိမ်ရှေ့စံမင်းသား၊ ငါတို့ထပ်တွေ့ကြမှာပါ

Vol. 94 Ch. 1318

မင်းသားငါး၏စကားလုံးများကို ကြားရသောအခါ လန်ယောင်၏အမူအရာက သိသိသာသာပြောင်းလဲသွားပြီး အလျင်အမြန်ပြောသည်။

"အရှင်မင်းသား၊ ကျွန်တော်ခွန်အားအပြည့် မသုံးရသေးပါဘူး၊ ကျေးဇူးပြုပြီး ထပ်ကြိုးစားခွင့်ပေးပါ"

ထိုစကားကိုကြားသောအခါ မင်းသားငါး၏ အမူအရာက ပိုပို၍ပင် မည်းမှောင်လာသည်။

မင်းသားသုံးလျှင်ပင် မျက်မှောင်ကြုတ်ကာ မင်းသားငါးအား 'ဒီလိုဦးနှောက်မရှိတဲ့ ငတုံးတစ်ကောင်ကို ဘာလို့တိုက်ပွဲထဲ စေလွှတ်ရတာလဲ' ဟူမေးနေသည့်အသွင် ကြည့်လိုက်သည်။

"ဝိဉာဉ်အနှစ်သာရကျောင်းတော်က ဒီတာအိုမိတ်ဆွေလေးက နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ပဲ ရှိသေးတယ်၊ မင်းက ဘိုးဘေးနယ်ပယ်ထဲသို့ ခြေတစ်လှမ်း၀င်နေပြီးပြီ၊ ဒါတောင် ခွန်အားအပြည့်ကို သုံးဖို့လိုသေးတာလား၊ မင်းနိုင်မယ်ဆိုရင်တောင် ဒါက အချည်းနှီးအောင်ပွဲတစ်ခုပဲ၊ အရှက်ရအောင်လုပ်နေတာ မလုံလောက်သေးဘူးလား"

လန်ယောင်အံကြိတ်ထားသည်။

တကယ်တမ်းတွင် သူ့ပြိုင်ဘက်နှင့်ဆိုပါက နယ်ပယ်အများကြီးပိုမြင့်နေသည့်တိုင် ပထမနှင့် ဒုတိယတိုက်ချက်တွင် လုံး၀မချေမှုန်းနိုင်ခြင်းကပင် အရှက်စရာကောင်းနေလေပြီ။

ရှောင်ဟိုင်၏လက်မောင်းမှ မီးခိုးဖြူများ စတင်ထွက်လာပြီး အရိုးတမျှနက်ရှိုင်းသည့် ဒဏ်ရာက တဖြည်းဖြည်းစတင်အသားပြည့်လာသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ဟိုင်မျက်မှောင်ကြုတ်လိုက်၏။

"ဘာလဲ၊ မင်းထပ်ပြီး မတိုက်ခိုက်တော့ဘူးလား"

သူစိတ်လှုပ်ရှားနေသည့်အချိန်မှာပင် တိုက်ပွဲကို ဖျက်သိမ်းလိုက်လေရာ လက်ရှိရှောင်ဟိုင်၏ စိတ်အခြေအနေကို မည်သူမဆို စိတ်ကူးကြည့်၍ရနိုင်ပေသည်။

မပြီးပြတ်နိုင်သည့် အခြေအနေတစ်ခုတွင် ပိတ်မိနေခြင်း!

လူတိုင်းဒါကိုနားလည်နိုင်ပါသည်။

ထိုအခိုက်အတန့်၌ မင်းသားငါး၏မျက်လုံးအစုံက အေးစက်စွာတောက်ပနေပြီး ပါးစပ်ထောင့်၌ အပြုံးနှင့်အတူ ပြောသည်။

"ဒီမှာရပ်လိုက်ကြရအောင်၊ ဝိဉာဉ်အနှစ်သာရကျောင်းတော်က ကျောင်း‌သားတွေက တကယ်ပဲ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်၊ ဒီအတိုင်းအတာအထိတောင် နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်တယ်"

အခြေအနေကို ထည့်တွက်ကြည့်မည်ဆိုပါက ရှောင်ဟိုင်ကိုအနိုင်ယူရန်အတွက် လန်ယောင် လှည့်ကွက်တစ်ချို့ကို အသုံးပြုလိုက်သော်လည်း နောက်ထပ်မလိုအပ်တော့ဟုထင်ရသည်။

တိုက်ခိုက်မှုက ရင်းနှီးသည့်ဖလှယ်မှုတစ်ခုသာ ဖြစ်ရမည်ဖြစ်ကာ နယ်ပယ်ဖြတ်ကျော်တိုက်ပွဲတစ်ခုလည်းဖြစ်နေခဲ့သည်။

ဒီအဆင့်ကို ရောက်ခြင်းကပင် ရှောင်ဟိုင်၏ ပါရမီနှင့်ခွန်အားကို သက်သေပြရန် လုံလောက်နေလေပြီ။

ထိုအချိန်တွင် မင်းသားကိုး အပြုံးနှင့်အတူ ထရပ်ကာ လက်ခုပ်တီးရင်း ကျယ်လောင်စွာရယ်မောသည်။

"ကောင်းတယ်၊ ဝိဉာဉ်အနှစ်သာကျောင်းတော်ဆိုတဲ့ နာမည်နဲ့တကယ်ကို ထိုက်တန်ပါပေတယ်၊ ဒီတိုက်ပွဲနဲ့အတူ ဒါကို အကုန်လုံးသိနေကြပါစေ" ထို့သို့ပြောပြီးနောက် သူရှောင်ဟိုင်ဘက်သို့တစ်ခွက်မြှောက်ကာ တစ်ကျိတ်တည်းမော့သောက်ရန်အတွက် ခေါင်းမော့လိုက်၏။

အရင်ကသောက်ခဲ့သည့်အကြိမ်ရေများနှင့် မတူစွာပင် အိမ်ရှေ့စံမင်းသားကိုယ်တိုင် သောက်ရန်ကမ်းလှမ်းပြီး ခွက်ကို မြှောက်သောက်ခြင်းက အတော်လေးအရေးကြီးတာကို ဖော်ပြနေသည်။

တစ်ချိန်တည်းမှာပင် ဒါက မင်းသားငါးနှင့် မင်းသားသုံးတို့ကို သွယ်ဝိုက်စွာ လှောင်ပြောင်လိုက်ခြင်းလည်းဖြစ်သည်။

ထို့အတွက်ကြောင့်ပင် နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်ထားကြ၏။

ဤအခိုက်အတန့်မှာပင် ဖုန်းယီလည်း မတ်တပ်ရပ်လာပြီး တိုက်ခိုက်ရန်အတွက် စိတ်အားထက်သန်စွာပြောသည်။

"အခုကျွန်မအလှည့်ကို ရောက်ပြီမလား"

မင်းသားငါး တခြားတစ်ဘက်တွင် ထိုင်နေသည့် ပါရမီရှင်အုပ်စုအားကြည့်ရင်း မေးသည်။

"ဘယ်သူစိန်ခေါ်မှုကို လက်ခံမလဲ"

တခြားတစ်ယောက်က တိုက်ခိုက်ရန် ဖိတ်ခေါ်နေချိန် သူတို့နောက်ဆုတ်သွားပါက အတော်လေးအမြင်ကျဉ်းရာကျသွားပေလိမ့်မည်။

ထိုစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က ပါရမီရှင်တစ်ဦးထရပ်ကာ ဖုန်းယီအားပြောသည်။

"ငါလက်ခံတယ်"

သူတို့တိုက်ပွဲက မြန်ဆန်စွာပင် စတင်ခဲ့သည်။

ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ ကိုယ်ပိုင်တပည့်တစ်ဦးဖြစ်သည့်အပေါ် ဖုန်းယီ ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က သာမတ်ကျင့်ကြံသူတစ်ယောက်ထက် အနည်းငယ်ပိုမြင့်သည့် တိုက်ခိုက်ရေးစွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသည်။

အလားတူပင် ဖုန်းယီ၏ ရူးသွပ်ဖွယ်ရာတိုက်ခိုက်ဟန်နှင့်အတူ ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ပြိုင်ဘက်မှာ ပထမအကြိမ်ရေအနည်းငယ်၌ အပြန်အလှန်တိုက်ခိုက်နိုင်သော်လည်း မကြာမီ အလွန်အမင်းဖိနှိပ်ခံရပြီး ဖုန်းယီတိုက်ခိုက်မှုများ၏ အမြန်နှုန်းအောက်တွင် လွှမ်းမိုးခံရသည်။

ဖုန်းယီ၏တိုက်ခိုက်ရေးဟန်ကို ကြည့်ရင်း နဂါးကိုးကောင်နတ်မင်းဆက်၏ ကိုယ်စားလှယ်များက ကြက်သေသေနေကြသည်။

ဝိဉာဉ်အနှစ်သာရကျောင်းတော်က ကျောင်းသားတွေ ဒီလိုပဲတိုက်ခိုက်ကြတာလား၊ ဒါက သူတို့အရင်က ကြုံခဲ့ရဖူးသည့် ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ ပါရမီရှင်များနှင့်မတူပေ။ သူတို့ရဲ့သင်ကြားရေးက ပြောင်းလဲသွားတာများလား!

သူတို့အားလုံး ဒီလောက်မဆင်မခြင် တိုက်ခိုက်ကြတာလား!

ဖုန်းယီ၏တိုက်ပွဲရလဒ်ကို ခန့်မှန်း၍ပင်ရနေလေပြီ။ ပြိုင်ဘက်မှာ မကြာမီ ဖိအားအောက်တွင် အရှုံးပေးလိုက်ရတော့သည်။

သို့စေကာမူ ဒီရှုံးနိမ့်မှုက တစ်နည်းအားဖြင့် လက်ခံ၍ရပါသေးသည်။

မည်သို့ပင်ဖြစ်စေ ဖုန်းယီ၏ ဂုဏ်သတင်းက ကောင်းစွာခိုင်မာနေပြီး ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ လက်ဟောင်းစွမ်းအားရှင်တစ်ဦးလည်းဖြစ်သည်။

ထို့နောက် န၀မအိမ်ရှေ့စံမင်းသားပြုံးရင်းပြောသည်။

"ဒီနေ့လူတိုင်း ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ စွမ်းအားကို မြင်ခဲ့ကြရပါတယ်၊ ငါတို့နဂါးကိုးကောင်နတ်မင်းဆက်ကလည်း အမီလိုက်ဖို့ ကြိုးစားသင့်တယ်"

ထိုမှတ်ချက်များနှင့်အတူ နောက်ထပ်တိုက်ပွဲများတွင် မည်သူမှ ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ကျောင်းသားများအား စိန်မခေါ်ကြတော့ပါ။

နဂါးကိုးကောင်နတ်မင်းဆက်များက ကိုယ်စားလှယ်များက အကြိမ်ရေအနည်းငယ်ခန့် တိုက်ခိုက်ခဲ့ကြပြီးနောက် ထိုအပိုင်ပြီးဆုံးသွားခဲ့သည်။

ပျော်ရွှင်စွာသောက်စားခြင်း၊ သီချင်းများသီးကြူးခြင်း၊ အကများဖျော်ဖြေခြင်းနှင့် အသက်၀င်နေသည့်အပိုင်းအပြီးတွင် စားသောက်ပွဲက နောက်ဆုံးတွင်ပြီးသွားပြီးန၀မအိမ်ရှေ့စံမင်းသားအား သစ္စာခံကြောင်း ကတိက၀တ်ပြုခဲ့ကြသည့် ၀န်ကြီးအများအပြားလည်း အိမ်ရှေ့မင်းသားအဖြစ် မကြာခင်အပ်နှင်းခံရတော့မည့် ရာထူးအတွက် ၀မ်းမြောက်ဂုဏ်ယူဖွယ်ရာစကားများပြောခဲ့ကြသည်။

န၀မအိမ်ရှေ့စံမင်းသား၏အဖွဲ့တွင် ပါ၀က်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည့်အပေါ် ဤကာလ၌ ချီကျူးစကားဆိုခြင်းက အရှိန်အဟုန်တစ်ခုကို ဖန်တီးနိုင်သည်သာမက မင်းသားကိုးထံမှ မျက်နှာသာရယူရန်အတွက် လွယ်ကူသည့်နည်းလမ်းတစ်ခုလည်းဖြစ်သည်။

သို့စေကာမူ တတိယမင်းသားနှင့် ပဉ္စမင်းသားတို့၏အဖွဲ့များက အရာအားလုံးကို မင်းသားကိုးမျှော်လင့်ထားသည့်ပမာ မည်သို့မည်ပုံဖြစ်ခွင့်ပေးနိုင်မည်နည်း။

ချက်ချင်းဆိုသလို သွေးအေးသည့်အကြည့်နှင့် ညာမျက်လုံးတစ်ခုလုံး၌ ဖြတ်ထားသည့် အမာရွတ်နှင့် ပြည့်နှက်နေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဝိုင်အိုးကို စားပွဲပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ကာ အေးစက်စွာပြောသည်။

"မင်းသားကိုးရဲ့အတွေ့အကြုံနဲ့ဆိုရင် အိမ်ရှေ့မင်းသားရာထူးအတွက် သူနည်းနည်းအားနည်းနေတုန်းပဲလို့ ကျုပ်ထင်တယ်"

မင်းသားကိုး ထူးမခြားနားသည့်အသွင် တစ်ချက်စိုက်ကြည့်လိုက်သည်။

မုဖူရှန်းနှင့် ကျန်သောသူများအနားတွင် ရှိသည့် ဖုန်းယီကမူ တိတ်တဆိတ်ရှင်းပြသည်။

"ဒီလူက နဂါးကိုးကောင်နတ်မင်းဆက်ရဲ့ စစ်ရေးကိစ္စအများစုကို ထိန်းချုပ်ထားတဲ့ စစ်ရေး၀န်ကြီးဌာနဦးစီး ကျန်းရှင်းရန်လေ၊ နတ်မင်းဆက်ရဲ့ မရေမတွက်နိုင်လောက်တဲ့ အားကောင်းတဲ့စစ်သားနဲ့ ဗိုလ်ချုပ်တွေ သူ့လက်ထဲမှာရှိနေတယ်"

"ပြီးတော့ ယေဘုယျအရဆိုရင် စစ်ရေး၀န်ကြီးရာထူးက ဧကရာဇ်နဲ့ အတော်လေးနီးစပ်တယ်၊ မင်းသားတစ်ပါးနဲ့ တွဲဖက်ဖို့ကို ရွေးချယ်ရတဲ့အထိ သူ့ကို ဘာကတိပေးခဲ့သလဲဆိုတာကိုတော့ ငါလည်းမသိဘူး...."

ထိုအချိန်တွင် ပြည့်သူ့ရေးရာ၀န်ကြီးမှာ ခပ်ပေါ့ပေါ့ပင်ပြောသည်။

"ကျန်းရှင်းရန်၊ မင်းသားကိုးမှာ အတွေ့အကြုံနည်းနည်းလေးပဲရှိတယ်ဆိုတာ မှန်ပေမယ့် အိမ်ရှေ့မင်းသားနေရာက အတွေ့အကြုံကို မြှင့်တင်ဖို့အတွက် အကောင်းဆုံးနေရာပဲမလား၊ ဒါ့အပြင် အရှင်မင်းသားကိုးက အဇူရာနဂါးမြို့ရဲ့ ကိစ္စအ၀၀နဖြ့အတူ သူ့ခွန်အားကို သက်သေပြပြီးပြီ"

ကျန်းရှင်းရန် ပြည်သူ့ရေးရာ၀န်ကြီးအား အေးစက်စွာပင် စိုက်ကြည့်သည်။

"အတွေ့အကြုံမရှိရင် မင်းသားကိုးက ဘယ်လိုလုပ် လေးစားမှုကို ရနိုင်မလဲ၊ ဒါက စစ်ပွဲအတွင်း မကျန်းမာဖြစ်နေသလိုမျိုးပဲ၊ တကယ်လို့ ဘယ်သူမှ မင်းကိုမလေးစားဘူးဆိုရင် တိုက်ပွဲကို ဘယ်လိုအနိုင်ယူမလဲ"

"မင်းလိုလူရိုးတစ်ယောက်က အတွင်းရေးကိစ္စတွေရဲ့နည်းလမ်းကိုလည်း နားလည်တာလား" ပြည်သူ့ရေးရာ၀န်ကြီးပြန်လည်ချေပသည်။

ယင်းနောက်တွင် ကျန်းရှင်းရန် ဆတ်ခနဲထရပ်ပြီး စားပွဲကိုရိုက်ကာ ဒေါသတကြီးအော်ဟစ်သည်။

"ဘာလဲ၊ မင်းတိုက်ခိုက်ချင်တာလား"

တစ်ယောက်က တရားရုံးက ပြည့်သူ့အရာရှိအားလုံးကို ထိန်းချုပ်သည်။

ကျန်တစ်ယောက်က နတ်မင်းဆက်၏ စစ်အင်အားကို ထိန်းချုပ်သည်။

နှစ်ခုစလုံးက ၀န်ကြီးဌာနခြောက်ခုအတွင်း အရေးအပါဆုံးနေရာများထဲက ဖြစ်ကြသည်။

ဒါကိုမြင်သော် ကျန်သောသူများ မဆင်မခြင်ပြန်မပြောရဲကြပေ။

ထိုအချိန်မှာပင် မင်းသားကိုး ရုတ်တရက် အေးစက်စွာအော်ဟစ်သည်။

"ဒါဘာလဲ၊ ငါတို့နဂါးကိုးကောင်နတ်မင်းဆက်ကို ရယ်စရာဖြစ်အောင် အပြင်လူတွေရှေ့မှာ မင်းတို့ပြပွဲတစ်ခုလုပ်တော့မလို့လား"

ထိုစကားကိုကြားသောအခါ ကျန်းရှင်းရန် သူ့ထံလျှောက်လာပြီး မင်းသားကိုးအား ဦးညွတ်သည်။

"ကျွန်တော်က နတ်မင်းဆက်ရဲ့ ကြွယ်၀မှုအတွက်ပဲပူပန်နေတာပါ၊ အရှင်မင်းသား သဘောမကျဘူးဆိုရင် ကျွန်တော်အရင် ထွက်သွားပါမယ်"

ထို့နောက် မင်းသားကိုး တစ်ခုခုပြောသည်ကိုပင် စောင့်မနေတော့ဘဲ ကျန်းရှင်းရန် စားတော်ပွဲကနေ တိုက်ရိုက်ထွက်သွားလေတော့သည်။

သူက မင်းသားကိုး၏မျက်နှာကို လုံး၀ လျစ်လျူရှုထားခဲ့သည်ဟုဆို၍ရသည်။

ရှိနေသောသူတိုင်းမှာ အနည်းငယ်စိတ်ရှုပ်သွားကြပြီး မင်းသားကိုး၏ အေးစက်နေသည့် မျက်နှာအရိပ်အကဲကို ကြည့်ရင်း ဘာပြောရမှန်းမသိကြတော့ပါ။

"ကောင်းပြီ၊ အားလုံးသွားလို့ရပါပြီ"

ထိုစကားနှင့်အတူ မင်းသားကိုးလက်ယမ်းပြကာ တိုက်ရိုက်ထွက်သွားလေတော့သည်။

ဤမြင်ကွင်းအားကြည့်ရင်း မုဖူရှန်းသက်ပြင်းချသည်။

"နဂါးကိုးကောင်နတ်မင်းဆက်က ဒီမင်းသားတွေက အလွယ်တကူအနိုင်ယူနိုင်တဲ့သူတွေ မဟုတ်ပုံပဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ဒီဆူညံမှုကြောင့် စားတော်ပွဲကနေ မင်းသားကိုးရယူချင်တဲ့ သက်ရောက်မှုကလည်း အနိမ့်ဆုံးကိုကျသွားခဲ့ပြီ၊ ဘာပဲဆိုဆို ပြိုင်ဘက်က စစ်အင်အားကို ထိန်းချုပ်ထားတဲ့ စစ်ရေး၀န်ကြီးဖြစ်နေတယ်လေ"

ဖုန်းယီ လက်အစုံကိုဆန့်တန်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ဒါက ငါတို့နဲ့မဆိုင်ပါဘူး၊ အခုဒါလည်းပြီးသွားပြီဆိုတော့ ငါတို့ သွားနှုတ်ဆက်ပြီး ကျောင်းတော်ကို ပြန်ကြရအောင်"

.....

စားတော်ပွဲပြီးသွားပြီးနောက် လူတိုင်းပြန်သွားကြပြီး ဖုန်းယီနှင့် ကျန်သောသူများကမူ မင်းသားကိုးအနားယူနေသည့် နေရာသို့ သွားကြသည်။

မင်းသားကိုးအပြုံးဖြင့်ပြောသည်။

"ဒီလိုရယ်စရာမျိုးကို မင်းတို့ကိုမြင်ရအောင် လုပ်မိတဲ့အတွက် ငါတကယ် စိတ်မကောင်းပါဘူး၊ မင်းတို့အခုသွားကြတော့မှာလား"

သူ့အမူအရာက အစောပိုင်းဖြစ်ရပ်ကြောင့် လုံး၀မထိခိုက်ထားခဲ့သည့်အလားပင်။ တစ်နည်းအားဖြင့် သူဒါကိုအစကတည်းက မျှော်လင့်ထားသည့်အလားထင်ရသည်။

ဖုန်းယီခေါင်းညိတ်သည်။

"ကျွန်မတို့တာ၀န်ကို အပြီးသတ်ဖို့အတွက် ကျောင်းတော်ကို ပြန်သွားဖို့လိုတယ်၊ ပြီးတော့ ကျောင်းတော်မှာ တက်ရောက်ရမယ့် တခြားကိစ္စတွေလည်းရှိသေးတယ်လေ"

မင်းသားကိုးခေါင်းညိတ်ပြီးနောက် မုဖူရှန်းဘက်လှည့်ကာ အပြုံးဖြင့်ပြောသည်။

"ဒါပေမယ့် ငါတို့အချင်းချင်း မကြာခဏ ပြန်တွေ့ဆုံကြရအောင်လေ"

ထိုစကားလုံးများကိုကြားသောအခါ မုဖူရှန်း၏ အမူအရာက ချက်ချင်းလေးနက်သွား၏။

ကြည့်ရသည်မှာ န၀မအိမ်ရှေ့စံမင်းသား သူ့အပြစ်အနာအဆာတစ်ချို့ကို ဖော်ထုတ်နိုင်ခဲ့ပုံရသည်။

All Chapters