ဥပဒေစိုးမိုးရေးခန်းမထဲသို့ ဖိသိပ်ခံရသည်
Vol. 94 Ch. 1319
အပြန်လမ်းခရီး၌ မင်းသားကိုးက တမင်သက်သက်ပင် ရေနဂါးဝေါယာဉ်တစ်ခုကို စီစဉ်ပေးခဲ့သည်။
မုဖူရှန်း၏မျက်နှာက လေးနက်မှုနှင့် ပြည့်နှက်နေပြီး ရှေ့သို့ကြည့်နေသည်။
ဤခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်မျိုးစုံကို ပြန်စဉ်စားရင်း ဘယ်နေရာတွင် အမှားအယွင်း၊ ဟာကွက်ရှိခဲ့သလဲဆိုတာ တွေးနေသည်။
အစပိုင်းတွင် မင်းသားကိုးက သူထွက်သွားခဲ့သည့် အခိုက်အတန့်ကို သတိထားမိခဲ့ခြင်းကြောင့်ဖြစ်ရမည်။
သို့စေကာမူ မုဖူရှန်း၏လက်ရှိစွမ်းအားကို ထောက်ဆကြည့်ပါက ကိုယ်ခန္ဓာအပြင်ဘက်သို့ ဓမ္မခန္ဓာတစ်ခုကို ထုတ်လွှတ်ရန်အတွက် အဆောင်များကို သုံးခဲ့လျှင်ပင် ရန်သူ့ကျွမ်းကျင်သူများ၏ အာရုံကို သေချာပေါက်ဆွဲဆောင်မည်သာ။
ဤအချက်က ဒီအကြောင်းအရာကိုငြင်းပယ်ခြင်းဖြင့် လျှို့ဝှက်ချက်တစ်ခုကို မတော်တဆဖွင့်ဟလိုက်ခြင်းကြောင့် အလားတူသည်။
သူပြန်သွားရန်အတွက် အချိန်တစ်ခုရှာပြီး သူ့ဆရာဆီက ဒီအကြောင်းကို သင်ခိုင်းရမည် သို့မဟုတ် ဓမ္မခန္ဓာအတွက် ကျင့်ကြံခြင်းနည်းစနစ်အသစ်များ ဖန်တီးပေးရန်အတွက် တောင်းဆိုရပေတော့မည်။
သူ့ဆရာ၏အရည်အချင်းများကို ထည့်တွက်ပါက ဒီအရာများကို ပြီးမြောက်ရန်ဟူသည် ကိတ်မုန့်စတစ်ခုပမာ လွယ်ကူသည်။
သို့သော် မင်းသားကိုးနှင့် အဆက်အသွယ်ကို တတ်နိုင်သမျှလျှော့ချရန်လိုအပ်သည်။
တစ်ချိန်တည်းမှာပင် ခရီးစဉ်အတွင်း နဂါးကိုးကောင်ဟဲပီချိအား မုဖူရှန်းအားပေးခဲ့သည်။ သူ့အပြင် တခြားသူများက စိတ်ဝိဉာဉ်များကို မကျင့်ကြံထားကြသဖြင့် ဒါက သူတို့အတွက် အရမ်းကြီးအသုံးမ၀င်ပေ။
သူတို့မထွက်ခွာခင်ကတည်းကပင် ဒါကို သဘောတူထားခဲ့ကြသည်။
"ဒါပေမယ့် ကျွန်တော်တို့ ကျောင်းတော်ကို ပြန်ရောက်တာနဲ့ ဥပဒေစိုးမိုးရေးခန်းမက လူတွေနဲ့ ပြဿာနာတက်လာနိုင်တယ်" မုဖူရှန်း ချန်တဟိုင်နှင့် ယုချန်းတို့၏ သေခြင်းတရားကို ပြောခဲ့သော်လည်း လူသတ်သမား၏ ကိုယ်ပိုင်လက္ခဏာကိုမူ ဖုံးကွယ်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ မင်းသားကိုးတွင် မုဖူရှန်း၏ပုန်းလျှိုထားသည့် ခွန်အားအပေါ် သံသယ၀င်နေလေရာ ပြစ်မှုကျူးလွန်သူ၏ ကိုယ်ပိုင်လက္ခဏာကို ဖော်ပြခြင်းက မင်းသားကိုးအား ထိုအခင်းဖြစ်ရာနေရာ၌ ရှိခဲ့သည့် ၀တ်ရုံနှင့်ပုဂ္ဂိုလ်က သူဟု ယုံကြည်သွားစေလိမ့်မည်။
ဖုန်းယီ၏အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွား၏။
"နင်တို့အဲဒါကို ကိုယ်တိုင်မလုပ်ခဲ့တာတောင် အဆုံးမှာ ထွက်သွားတဲ့အုပ်စုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့တယ်လေ" ဖုန်းယီ အနည်းငယ်လေးနက်သည့် အမူအရာဖြင့် ပြောသည်။
"ဘာပဲဆိုဆို ဒုတိယအကြီးအကဲက နင်တို့အပေါ် ဒေါသပုံချဖို့အတွက် ဒါကို ဆင်ခြေတစ်ခုအဖြစ် အသုံးပြုနိုင်တယ်"
"ငါတို့ပြန်ရောက်တာနဲ့ ငါ့ဆရာနဲ့ငါ ချက်ချင်းသွားတွေ့လိုက်မယ်"
ဖုန်းယီ၏ဆရာက စတုတ္ထအကြီးအကဲဖြစ်သည်။ ကျောင်းတော်တွင် ဒုတိယအကြီးအကဲလောက် အားမကောင်းသော်လည်း သူ့တွင် ဩဇာရှိနေဆဲပင်။
"ဒါ့အပြင် ပထမအကြီးအကဲကလည်း နင်တို့ဖက် တိမ်းညွတ်လာမှာပါ၊ ဘာပဲဆိုဆို နင်တို့က ချန်တဟိုင်ကိုမသတ်ခဲ့ဘူးလေ"
ယဲ့ချိုးပိုင်ပြုံးသည်။
"အင်အားနဲ့ အင်အားကို ဆုံစည်းစေပြီး မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ လိုက်ဖက်ညီထွေအောင် ပြင်ဆင်ရမယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့ကျောင်းတော်ကို ပြန်ရောက်တာနဲ့ ဒါကိုကိုင်တွယ်လိုက်ပါမယ်"
.....
မျှော်လင့်ထားသည့်အတိုင်းပင် ဖုန်းယီနှင့် ကျန်သောသူများ ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ရောက်သည်နှင့်တစ်ပြိုင်နက် ဥပဒေစိုးမိုးရေးခန်းမမှ အကြီးအကဲများက သူတို့အား ချက်ချင်းရင်ဆိုင်သည်။
လေးနက်သည့်အမူအရာဖြင့် အကြီးအကဲနှစ်ဦးက ဥပဒေစိုးမိုးရေးခန်းမ၏တုံကင်ကို ထုတ်ယူကာ အေးစက်စွာပြောသည်။
"မင်းတို့က တပည့်တစ်ယောက်ကို သတ်တယ်လို့ သံသယ၀င်ခံထားရတယ်၊ ကျေးဇူးပြုပြီး ငါတို့နဲ့အတူ ဥပဒေစိုးမိုးရေးခန်းမကို လိုက်ခဲ့ပါ"
ကျောင်းတော်၀င်းထဲက ကြည့်နေကြသည့် ကျောင်းသားများကလည်း ဤမြင်ကွင်းကြောင့် အံ့ဩသင့်သွားကြရသည်။
တပည့်တစ်ယောက်ကိုသတ်တာလား!
ဒါက ကျောင်းတော်အတွင်း ကြီးမားသည့် ရာဇ၀တ်မှုတစ်ခုပေတည်း။ ဥပဒေစိုးမိုးရေးခန်းမက အကြီအကဲများပင်လျှင် ကိုယ်တိုင်ကိုယ်ကျ လာဖမ်းကြလေရာ အသတ်ခံရသည့်တပည့်တွင် သိသာသည့်အဆင့်တစ်ခုရှိရပေမည်။
ဖုန်းယီအေးစက်စွာစိုက်ကြည့်သည်။
"ကျွန်မတို့က ပြစ်မှုကျူးလွန်သူတွေမဟုတ်ဘူး"
အကြီးအကဲတစ်ဦး နှာခေါင်းရှုံ့ပြီးနောက် ဘိုးဘေးနယ်ပယ်ဖိအားက သူတို့အပေါ် တိုက်ရိုက်ဆင်းသက်လာသည်။
"မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ငါတို့စုံစမ်းစစ်ဆေးမယ်၊ လောလောဆယ်တော့ မင်းတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ဥပဒေစိုးမိုးရေးခန်းမကို ခေါ်သွားရမယ်"
ဖုန်းယီကို တုံ့ပြန်ရန်ပင် အခွင့်အလမ်းမပေးဘဲ သူတို့ လူတိုင်းကို ဥပဒေစိုးမိုးရေးခန်းမသို့ အတင်းခေါ်သွားကြလေတော့သည်။
အကယ်၍တစ်ယောက်ယောက်ကသာ ဥပဒေစိုးမိုးရေးခန်းမသို့ ခေါ်သွားခံရပါက မသေလျှင်ပင် အရှင်လတ်လတ် အရေခွံချွတ်ခွာခြင်းခံရမည်သာ။
ဒီသတင်းက ကျောင်းတော်အတွင်း လျင်မြန်စွာပင် ပျံ့သွားသည်။
မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သိထားကြသော အတွင်း၀င်းတပည့်တစ်ချို့ကမူ ဒီဖြစ်ရပ်နောက်ကွယ်က အကြောင်းရင်းတစ်ခုလုံးကို ခန့်မှန်းမိခဲ့ကြသည်။
"ချန်တဟိုင်နဲ့ ကောင်းကင်နံပါတ်တစ်ခြံ၀င်းက ယုချန်းတို့ သူတို့နဲ့အတူ ပြန်မလာခဲ့ကြဘူး၊ သူတို့တာ၀န်ထမ်းဆောင်နေစဉ် အငြင်းပွားမှုတစ်ခုဖြစ်ပွားခဲ့တာမို့ ဒေါသကြောင့် သတ်ပစ်ခဲ့ကြတာများလား"
"အခုကြည့်ရတာ အသတ်ခံရတဲ့တပည့်တွေက ချန်တဟိုင်နဲ့ ယုချန်းတို့ကို ရည်ညွှန်းနေပုံပဲ၊ ဒါက ကိုယ်ပိုင်တပည့်တစ်ယောက် မဖြစ်သေးတဲ့ ယုချန်းအတွက်တော့ ဘာမှမဟုတ်ဘူးဆိုပေမယ့် ချန်တဟိုင်ကတော့...."
"အစ်မဖုန်းယီနဲ့ အဲဒီထူးခြားတဲ့ကျောင်းသားသစ်တွေက ဒုက္ခရောက်နေကြလောက်ပြီ၊ ဒုတိယအကြီးအကဲရဲ့ စရိုက်အရဆိုရင် သူက သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမယ့်လူတစ်ယောက်မဟုတ်ဘူး"
"ဒါပေမယ့် အစ်ကိုချန်၏ခွန်အားကို ထည့်တွက်ကြည့်မယ်ဆိုရင် အစ်မဖုန်းယီရဲ့နယ်ပယ်က သူနဲ့ညီမျှတယ်ဆိုရင်တောင် သူ့ကို သတ်နိုင်မယ့်စွမ်းရည်တော့ မရှိနိုင်ဘူးမလား"
....
တခြားတစ်ဘက်၌ ပထမအကြီးအကဲနေထိုင်သည့်ခြံ၀င်းလေးထဲတွင်.....
"ဆရာ၊ အဲဒီမျိုးမစစ်အိုကြီး ဒုတိယအကြီးအကဲက သူတို့ကိုကိုင်တွယ်ဖို့အတွက် ဒီအဖြစ်အပျက်ကို သုံးချင်နေတာ ရှင်းနေတာပဲ" ထန်ကျုံ့ကျောက် အလျင်စလိုပြောသည်။
ပထမအကြီးအကဲက အခင်းတစ်ခုပေါ်၌ တင်ပလ္လင်ခွေထိုင်နေပြီး မျက်လုံးများကို မှိတ်ထားကာ သူ့အမူအရာကမူ ထူးမခြားနားစွာရှိနေသည်။
"သက်သေမရှိဘူးဆိုရင် ဥပဒေစိုးမိုးရေးခန်းမကတောင် သူတို့ကိုသတ်ရဲမှာမဟုတ်ဘူး"
"ဒါပေမယ့် သူတို့နှိပ်စက်ခံရတော့မှာလေ" ဥပဒေစိုးမိုးရေးခန်းမ၏ နည်းလမ်းများကိုထန်ကျုံ့ကျောက်ကောင်းကောင်းသိသဖြင့် အလွန်အမင်း ပူပန်နေသည့်အကြည့်ဖြင့် ပြောသည်။
"ဆရာ၊ ဆရာ၀င်စွက်ဖက်ပြီး သူတို့ကို ကယ်တင်ဖို့လိုတယ်"
"ဘာလို့အလျင်လိုနေရတာလဲ" ပထမအကြီးအကဲ မျက်ခုံးပင့်ကာ ထန်ကျုံ့ကျောက်ကို ကြည့်လိုက်၏။
"တစ်ခါတစ်လေ၊ အသည်းအခဲတွေကို သည်းခံတာကလည်း မကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး၊ သူတို့ထွက်လာတာနဲ့ ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ခိုင်ခိုင်မြဲမြဲ အခြေကျသွားကြလိမ့်မယ်"
ပထမအကြီးအကဲပြောနေစဉ် သူ့မျက်လုံးများ၌ တောက်ပသည့်အလင်းတစ်ခုလင်း၀င်းလာသည်။
ထိုစကားကိုကြားသောအခါ ထန်ကျုံ့ကျောက်ကလည်း အဓိပ္ပာယ်ကို နားလည်သွားသဖြင့် မျက်လုံးများက တောက်ပသွား၏။
"သွားတော့၊ အားဖြည့်ဆေးလုံးတွေပြင်ဆင်ပြီး ဥပဒေစိုးမိုးရေးခန်းမအပြင်မှာ သူတို့ကို စောင့်နေလိုက်"
ထန်ကျုံ့ကျောက်ခေါင်းညိတ်သည်။
....
ဥပဒေစိုးမိုးရေးခန်းမထဲတွင် ပတ်၀န်းကျင်က နံရံများနှင့်တိုင်များကို သတ္တုနက်နှင့် ဆောက်လုပ်ထားသည်။
အထဲသို့၀င်လိုက်သည်နှင့်တစ်ပြိုင်နက် အရိုးခိုက်တမျှအေးစက်သည့် အအေးဓာတ်တစ်ခုက အပူချိန်ကင်းမဲ့သည့်သံလှောင်အိမ်တစ်ခုထဲ ၀င်သွားသည့်အလား ကိုယ်ခန္ဓာကို ဖြတ်သန်းသွားလေ့ရှိသည်။
အကြီးအကဲက မုဖူရှန်းနှင့်ကျန်သောသူများကို ဥပဒေစိုးမိုးရေးခန်းမ၏ အရာရှိများ နှစ်ဖက်စလုံးတွင် စောင့်ကြပ်နေကြသည့် တရားရုံးခန်းမနှင့်ဆင်တူသော နေရာတစ်ခုသို့ တည့်တည့်ခေါ်သွားသည်။
သူတို့ရှေ့တွင် စင်မြင့်တစ်ခုရှိပြီး အလွန်ကြည့်ရဆိုးသည့် အဖိုးအိုတစ်ဦးထိုင်နေသည်။
ဤလူက ဥပဒေစိုးမိုးရေးခန်းမ၏ ခန်းမသခင်ပေတည်း။
ခန်းမသခင်၏ မည်းမှောင်သည့် အကြည့်က မုဖူရှန်းနှင့်ကျန်သောသူများထံ ကျသွားစဉ် ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်အော်ရာက သူတို့ထံ တိုက်ရိုက်ဆင်းသက်လာသည်။
ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အသိအာရုံက မည်မျှပင် အားကောင်းလေမည်နည်း။
အော်ရာကို အနည်းငယ်ထုတ်လွှတ်ရုံမျှနှင့် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများမှာ ကောင်းကင်ကြီး ပြိုလဲကျလာပြီး သူတို့အပေါ်ကျဆင်းလာသည့်အလားပင် ခံစားလိုက်ကြရသည်။
ဤမျှပြင်းထန်သည့်ဖိအားကို ထုတ်လွှတ်ရင်း ခန်းမသခင်ကျယ်လောင်စွာပြောသည်။
"ချန်တဟိုင်နဲ့ ယုချန်းတို့ မင်းတို့နဲ့အတူရှိနေခဲ့လား"
ဖုန်းယီ ခန်းမသခင်ကို မော့ကြည့်သည်။ သူမက သူ့အကြည့်ကြောင့် အနည်းငယ်လေးမျှပင် ကြောက်သွားခြင်းမရှိပါ။
"ဟုတ်ကဲ့"
"ချန်တဟိုင်နဲ့ ယုချန်းတို့ သေဆုံးခဲ့တယ်ဆိုတာကိုရော မင်းတို့သိလား"
ဖုန်းယီခေါင်းညိတ်သည်။
"သိပါတယ်"
ထိုစကားကိုကြေားသောအခါ ခန်းမသခင် ရှေ့သို့အနည်းငယ်ကိုင်းလိုက်၏။ သူ့မျက်လုံးများက ကျဉ်းမြောင်းနေပြီး အသံက အေးစက်နေသည်။
"ဒါဆို မင်းတို့ဒီကိစ္စမှာ ပါ၀င်ခဲ့ကြတာလား၊ ဒါမှမဟုတ် မင်းတို့ကိုယ်တိုင် ချန်တဟိုင်နဲ့ ယုချန်းတို့ကို သတ်ခဲ့ကြတာလား"
ဖုန်းယီ ပြင်းထန်စွာခေါင်းခါယမ်းသည်။
"ဟင့်အင်း"
ဘိုးဘေးနယ်ပယ်အော်ရာ၏ဖိနှိပ်မှုအောက်တွင် သူတို့မျက်လုံးများက စတင်ဖြူရော်လာကြပြီး ကိုယ်ခန္ဓာများကမူ အနည်းငယ် တုန်ယင်လာကြ၏။
"အိုး၊ မင်းတို့ဒီအကြောင်းကို သိတာကို အသိအမှတ်ပြုခဲ့ကြပြီး သူတို့နဲ့ အတူရှိနေခဲ့ကြတော့ အထူးသဖြင့် ဒုတိယအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်တွေနဲ့ အရင်က ပဋိပက္ခဖြစ်ခဲ့တာကို ထောက်ဆကြည့်ရင် လူသတ်မှု လက္ခဏာအားလုံးက မင်းတို့ကို ညွှန်ပြနေတယ်၊ မင်းတို့မှာ ဘယ်လိုအကာအကွယ်တွေရှိလဲ"
ဖုန်းယီစကားမပြောနိုင်သေးခင်မှာပင် ရှောင်ဟိုင်နှာခေါင်းရှုံ့သည်။
"ဥပဒေစိုးမိုးရေးခန်းမက သူတို့အလောင်းကို အခုတွေ့ခဲ့ပြီးလောက်ပြီမလား၊ ဒီတော့ စုံစမ်းစစ်ဆေးမှုကနေ သူတို့ရဲ့ သေစေလောက်တဲ့ ဒဏ်ရာတွေရဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်မှာပဲလေ၊ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့မဟုတ်တာ သေချာနေတာပဲမလား"
ခန်းမသခင် ရှောင်ဟိုင်အားကြည့်နေစဉ် သူ့အမူအရာက အံ့ဩသင့်မှုနှင့် သံသယဖြင့် ပြည့်နှက်နေသည်။
ငါ့ဖိနှိပ်မှုကို ရင်ဆိုင်နေရတာတောင် ဒီလောက် တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောနေနိုင်တာလား!
"မင်းတို့ကိုယ်တိုင်မလုပ်ခဲ့ကြဘူးဆိုရင်တောင် ပူးပေါင်းပါ၀င်မှုအတွက် သံသယ၀င်ခံရမယ့်အရေးကနေ မလွတ်မြောက်နိုင်ပါဘူး၊ မင်းတို့၀န်မခံဘူးဆိုရင်တော့....." ခန်းမသခင် လက်ဝှေ့ယမ်းသောအခါ ဥပဒေစိုးမိုးရေးခန်းမမှ အရာရှိများ ရှေ့တိုးလာကြပြီး ရှောင်ဟိုင်နှင့် ကျန်သောသူများဘေးကို ရောက်လာကြ၏။ သူတို့လက်များတွင် အထူးသတ္တုနှင့်ပြုလုပ်ထားသည့် သံကျာပွတ်များအားကိုင်ထားသည်။
"အပြစ်ဒဏ်စီရင်တဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့......"