← Chapters

ဥပဒေစိုးမိုးရေးခန်းမ ကျဆုံးခြင်း

Vol. 94 Ch. 1322

ဥပဒေစိုးမိုးရေးခန်းမ ကျဆုံးခြင်း

Vol. 94 Ch. 1322

လူတိုင်း အကြီးအကဲဖန်းအား ထိတ်လန့်ကြောက်ရွှံ့နေသည့်အမူအရာဖြင့် ကြည့်နေကြ၏။

ရှောင်ဟိုင်ပင်လျှင် အလားတူဖြစ်နေပြီး သူ့ဆရာသခင်၏ စကားလုံးများက အမှန်တရားဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ရှည်လျား၊ ဖရိုဖရဲဖြစ်နေသည့် ဆံပင်အောက်တွင် ဖုံးကွယ်ထားသည့် ထိုမျက်လုံးများက အနည်းငယ်မျက်မှောင်ကြုတ်နေလေသည်။

သူ့အကြည့်ကို ခန်းမသခင်ထံ တိုက်ရိုက်ပို့လွှတ်လိုက်စဉ် လေတိုက်ခတ်နေသည့် ဆံပင်များကြားမှ သတ်ဖြတ်လိုသည့် ဆန္ဒနှင့် ပြည့်နှက်နေသော မှောင်မိုက်‌သည့် မျက်လုံးအား ဖော်ပြနေသည်။

ဒီအကြည့်ကို မြင်သောအခါ ခန်းမသခင်မှာ ငရဲကိုးဘုံမြေအောက်ကမ္ဘာထဲကျသွားပြီး ထာ၀ရငရဲမီးကြောင့် ရူးသွပ်စွာ လောင်ကျွမ်းခံနေရသည့်အလား ရုတ်တရက် ခံစားလိုက်ရသည်။

"ဥပဒေစိုးမိုးရေးခန်းမက အခု စည်းမျဉ်းတွေကို လိုက်မနာတော့ဘူးပေါ့" အကြီးအကဲဖန်းကို အနီရောင်မီးတောက်က ၀န်းရံနေပြီး သူ့စကားလုံးများက အရိုးခိုက်တမျှ အေးစက်နေသည်။

"ချန်တဟိုင်နဲ့ ယုချန်းတို့ရဲ့အလောင်းကို ငါစစ်ဆေးပြီးပြီ၊ အဲဒါက ဓားတာအိုသခင်တစ်ယောက်ရဲ့လုပ်ရပ်ပဲ၊ ဒါပေမယ့် ဘိုးဘေးနယ်ပယ်အောက်က ဓားတာအိုကို လေ့ကျင့်တဲ့ဂျူနီယာလေးတစ်ယောက်ရှိနေတာနဲ့ သူဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က ချန်တဟိုင်ကို အလွယ်တကူ သတ်နိုင်မယ်လို့ မင်းထင်နေတာလား"

ထိုစကားကိုကြားသောအခါ ခန်းမသခင် ကြမ်းပြင်ပေါ်သို့ အတင်းဒူးထောက်ကျသွားပြီး သူ့မျက်နှာက ပြာနှမ်းနေသည်။

အကြီးအကဲဖန်း လက်ဝှေ့ယမ်းသည်။

"ကောင်းပြီ၊ ကျောင်းတော်က ကိုယ့်ဘာသာထွက်သွားတော့"

ထို့နောက် ခန်းမသခင်ကို နောက်တစ်ချက်ပင် စိုက်မကြည့်တော့ဘဲ ရှောင်ဟိုင်နှင့် ကျန်သောသူများအနားသို့ ချဉ်းကပ်သွား၏။

"မင်းတို့အရင်သွားကုသကြ၊ ထန်ကျုံ့ကျောက် အပြင်မှာ မင်းတို့ကိုစောင့်နေတယ်"

ရှောင်ဟိုင်ခေါင်းညိတ်ပြီးနောက် လေးစားစွာဦးညွတ်သည်။

"ကျေးဇူးပါ၊ စီနီယာ"

အကြီးအကဲဖန်း ရှောင်ဟိုင်အား တစ်ချက်ကြည့်လိုက်၏။

"တော်တော့၊ ဥပဒေစိုးမိုးရေးခန်းမက ညစ်ပတ်နေတော့ နည်းနည်းသန့်ရှင်းဖို့ လိုနေတယ်လို့ငါထင်တယ်၊ ဒီလိုစိတ်ခံစားချက်ပြင်းပြတာတွေ လုပ်နေစရာမလိုဘူး၊ ထွက်သွားကြတော့"

ရှောင်ဟိုင်နှင့်ကျန်သောသူများမှာ ပြုံးလိုက်ကြပြီး သူတို့၏အပြင်းအထန်ဒဏ်ရာရနေသော ခန္ဓာအား ဥပဒေစိုးမိုးရေးခန်းမခးကနေ ဒရွတ်တိုက်ဆွဲသွားကြ၏။

သူတို့အပြင်ကိုထွက်လာသောအခါ ကြည့်ရှုသူများမှာ သူတို့ဒဏ်ရာကို မြင်လိုက်ရသဖြင့် အသက်ပင်ရှူလိုက်မိကြသည်။

ဒီအတိုင်းအတာထိတောင်လား၊ သူတို့ရဲ့ စိတ်ဝိဉာဉ်တွေတောင် ထိခိုက်ဒဏ်ရာရသွားနိုင်တယ်မလား!

သို့သော် သူတို့မသိတာက လုချန်ရှန်း ရှောင်ဟိုင်နှင့်ကျန်သောသူများ၏ ဝိဉာဉ်ထဲတွင် ကာကွယ်ရေးအစီအမံများချမှတ်ထားခြင်းပင်။ သာမန်သံဆူးကျာပွတ်များက သူတို့ဝိဉာဉ်ကို ဘယ်လိုလုပ် ထိခိုက်နိုင်မည်နည်း။ သူတို့ခန္ဓာအတွက်မူ ယဲ့ချိုးပိုင်၊ ဖန်ချန်းတို့က ပို၍ပြင်းထန်စွာ ဒဏ်ရာရနိုင်သော်လည်း ရှောင်ဟိုင်ကမူ သူ့သွေးကြောဖြင့် အားဖြည့်ထားသလို မုဖူရှန်းတွင်လည်း ကိုယ်ပိုင်ဝှက်ဖဲများ သေချာပေါက်ရှိသည်။

သူတို့အများကြီးပိုပြင်းထန်စွာ ဒဏ်ရာရနေပုံပေါ်စေရန်အတွက် ၎င်းတို့ကိုမသုံးခဲ့ကြပေ။

ဒီအခိုက်အတန့်မှာပင် စတုတ္ထနှင့် ပဉ္စမအကြီးအကဲတို့ ထရပ်လိုက်ကြပြီး ထိုမြင်ကွင်းကို ကြည့်ရင်းပြုံးသည်။

"ကြည့်ရတာ ငါတို့ရှိနေဖို့ ထပ်မလိုတော့ပုံပဲ"

ရှောင်ဟိုင်နှင့်သူ့ညီနောင်များမှာ လျင်မြန်စွာဦးညွတ်ရင်း အကြီးအကဲနှစ်ဦးအား ကျေးဇူးတင်ကြသည်။

ပဉ္စမအကြီးအကဲချဉ်းကပ်လာပြီး ဖန်ချန်းပခုံးကိုပုတ်ကာ ပြုံးပြသည်။

"မင်းကမျိုးစေ့ကောင်းတစ်ခုပဲ၊ တစ်ခါတစ်လေ ငါ့ဆီကိုလာလည်ဦး၊ ငါတို့အစီအရင်တွေအကြောင်း ဆွေးနွေးကြတာပေါ့"

ပဉ္စမအကြီးအကဲထံမှ ထိုစကားလုံးများက အနီးအနားက ကျောင်းသားများအား အံ့ဩသင့်သွားစေသည်။

ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ အစွမ်းထက်ဆုံးအစီအရင်ဆရာဆိုတဲ့ ခေါင်းစဉ်ကို ရထားတာတောင် ပဉ္စမအကြီးအကဲက ဂျူနီယာဖန်ချန်းနဲ့ 'ဆွေးနွေးမယ်' ဆိုတဲ့စကားကို ထည့်သုံးတာလား!

ဒါက ပဉ္စမအကြီးအကဲက အစီအရင်၌ ဖန်ချန်း၏အဆင့်ကို အသိအမှတ်ပြုခြင်းနှင့် ညီမျှသည်။

ကျောင်းတော်တစ်ခုလုံးတွင် အစီအရင်ကျွမ်းကျင်မှု၌ ပဉ္စမအကြီးအကဲ၏ အသိအမှတ်ပြုမှုကို ဘယ်နှစ်ယောက်များ ရနိုင်မည်နည်း။

ဖန်ချန်းလေးနက်စွာခေါင်းညိတ်သည်။

"ကျွန်တော်နားလည်ပါပြီ၊ အကြီးအကဲ"

စတုတ္ထနှင့် ပဉ္စမအကြီးအကဲတို့ ထွက်သွားပြီးနောက် ထန်ကျုံ့ကျောက် ချဉ်းကပ်လာပြီး ဆေးလုံးများကိုယူဆောင်လာသည်။

"မင်းတို့ဒဏ်ရာတွေကပြင်းထန်တယ်၊ ငါနဲ့အတူလာကုသကြ"

သူတို့လူထုအမြင်အပြင်သို့ ရောက်သောအခါ ရှောင်ဟိုင်ကုသရန်အတွက် သွေးကြောစွမ်းအားကို အသက်သွင်းလိုက်သလို ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း သူတို့ဆရာပေးထားသည့် ဆေးလုံးများအား အသုံးပြုလိုက်ကြသဖြင့် အသိအမှတ်မပြုနိုင်လောက်အောင် စုတ်ပြတ်သပ်နေသည့် အသားများက မြင်သာစွာပင် ပြန်လည်ကောင်းမွန်လာသည်။

လမ်းတစ်လျှောက်တွင် ထန်ကျုံ့ကျောက်ပြုံးပြသည်။

"ဒီတစ်ကြိမ်အားလုံးအတော်လေးဒုက္ခခံခဲ့ရတယ်၊ ‌‌ကောင်းကောင်းအနားယူကြ၊ ဆရာမင်းတို့ကို လျော်ကြေးပေးလိမ့်မယ်"

သူတို့ဥပဒေစိုးမိုးရေးခန်းမထဲသို့ ဆွဲသွင်းခံရပြီးနောက် အရာအားလုံးကစတင်ခဲ့သည်။

ရှောင်ဟိုင် ထန်ကျုံ့ကျောက်ဆီက စာတစ်စောင်ရခဲ့ပြီး အရမ်းကြီးမခုခံရန်နှင့် နောက်ဆုံးတွင် တစ်ယောက်ယောက် သူတို့ကို လာခေါ်လိမ့်မည်ဟု အကြံပေးခဲ့သည်။

ဒီအရာအားလုံးက ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲကြားက စွမ်းအားကစားပွဲတစ်ခုသာဖြစ်သည်။

ဒုတိယအကြီးအကဲက ပထမအကြီးအကဲ၏ ဩဇာနှင့်ဂုဏ်သတင်းကို အားနည်းသွားစေရန် ရည်ရွယ်ထားခဲ့သည်။

သူ့ကိုယ်ပိုင်တပည့်ချန်တဟိုင်အသတ်ခံရသည့်ဖြစ်ရပ်ကို သူ့ကိုယ်ပိုင်ရပ်တည်မှုအား မြှင့်တင်ရန်အတွက် အသုံးပြုခဲ့ခြင်းပင်။

သို့သော် ပထမအကြီးအကဲကလည်း စိတ်နှစ်ခွနှင့် မလုပ်ဆောင်ခဲ့ဘဲ ဒုတိယအကြီးအကဲ၏ နည်းဗျူဟာကို အသုံးချရင်း တန်ပြန်လှုပ်ရှားမှုတစ်ခုစတင်ခဲ့သည်။

သူ ဒုတိယအကြီးအကဲ၏အကြံအစည်ကို ဖြုတ်ချနိုင်ခဲ့သည်သာမက ဒုတိယအကြီးအကဲလက်ထဲက အရေးအပါဆုံးဖဲတစ်ချပ်ဖြစ်သည့် ဥပဒေစိုးမိုးရေစခန်းမကိုပါ ဖြုတ်ချနိုင်ခဲ့သည်။

ဒီဖြစ်ရပ်အပြီးတွင် ဒုတိယအကြီးအကဲ၏ အရှိန်ကလည်း ပျောက်ကွယ်သွားမည်သာ။

အတွင်းပိုင်းမျှော်စင်ကအကြီးအကဲနှင့် သန့်စင်မိုးမျှော်စင်မှ အကြီးအကဲတို့ ရောက်လာသောအခါ ဒုတိယအကြီးအကဲ၏ အစီအစဉ်များက ပျက်ပြားသွားပြီး လျှို့ဝှက်ပြီး ၀င်စွက်ဖက်လေ့မရှိသည့် ပထမအကြီးအကဲက ယခုလိုအခြေခံတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာကို လူတိုင်းအား အသစ်တဖန် နားလည်သွားစေခဲ့သည်။

ထိုအချိန်တွင် ကမ္ဘာမြေပေါ်က သုခဘုံတစ်ခုအလားထင်ရသည့် ပထမအကြီးအကဲ၏ ခြံ၀င်း၌ ပထမအကြီးအကဲ ရှောင်ဟိုင်အား ကြည့်လိုက်စဉ် အနည်းငယ်အံ့ဩသင့်နေပုံရသည်။

"အကြီးအကဲဖန်း မင်းအတွက်နဲ့ အရေးယူဆောင်ရွက်မယ်လို့ တကယ်မျှော်လင့်မထားခဲ့ဘူး"

မူလက ပထမအကြီးအကဲဖိတ်ကြားခဲ့သူများက စတုတ္ထ၊ ပဉ္စမနှင့် မျှော်စင်မှ အကြီးအကဲတို့ဖြစ်သည်။

သို့သော်မျှော်လင့်မထားစွာပင် အကြီးအကဲဖန်းက ဥပဒေစိုးမိုးရေးခန်းမသို့ ကိုယ်တိုင်ရောက်လာခဲ့သည်။

ပထမအကြီးအကဲ ဒါကိုမျှော်လင့်မထားခဲ့ပေ။

မဟုတ်ပါက ဒီကိစ္စက ဒီလောက်မြန်မြန်ပြီးသွားမည်မဟုတ်။

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"ကျုပ်သူ့ကို သန့်စင်မိုးမျှော်စင်ကို ၀င်တုန်းကပဲ နှုတ်ဆက်ခဲ့တာပါ၊ တကယ်မသိပါဘူး"

ပထမအကြီးအကဲအနည်းငယ်ခေါင်းညိတ်သည်။

"အကြီးအကဲဖန်းမှာ လှုပ်ရှားဆောင်ရွက်ဖို့အတွက် နက်ရှိုင်းတဲ့အကြောင်းရင်းတွေရှိတယ်၊ ဘာပဲဆိုဆို သူနောက်ဆုံးလှုပ်ရှားခဲ့တာတောင် နှစ်ထောင်ချီရှိနေပြီ"

ထို့နောက် လှည့်လိုက်ပြီး စားပွဲပေါ်က သိုလှောင်လက်စွပ်အများအပြားကို ရှောင်ဟိုင်နှင့်ကျန်သောသူများအား ပေးလိုက်၏။

"ဒါကမင်းတို့အားလုံးအတွက် ကျေးဇူးတင်လက်ဆောင်ပါ"

တစ်ချက်ကြည့်လိုက်သောအခါ ရှောင်ဟိုင်နှင့်ကျန်သောသူများ ထောက်ပံ့မှတ်တစ်သိန်းတင်မက ‌ကမ္ဘာဦးကျောက်တုံးအစုအပြုံလေးတစ်ခုကိုလည်းတွေ့လိုက်ရသည်။ ဤကမ္ဘာဦးကျောက်တုံးများက သာမန်ကျောက်တုံးများနှင့် လုံး၀မတူပေ။

ထိုအုပ်စု၏စိတ်ရှုပ်ထွေးမှုကို မြင်ရသောအခါ ထန်ကျုံ့ကျောက် အပြုံးဖြင့်ပြောသည်။

"ဒါက ခြောက်ပြစ်ကင်းဒြပ်စင်နှောကျောက်တုံးတွေပါ၊ သာမန်ကမ္ဘာဦးမူလကျောက်တွေကနေ စုပ်ယူနိုင်တဲ့ ယေဘုယျကမ္ဘာဦးခေးအောစ့်ချီပမာဏက အရမ်းကြီးမများဘူးဆိုပေမယ့် ဒီခြောက်ပြစ်ကင်းဒြပ်စင်နှောကျောက်တုံးတစ်တုံးက သာမန်ကမ္ဘာဦးမူလကျောက်တုံးတစ်ရာနဲ့ ညီမျှတယ်"

ဒါက ရှောင်ဟိုင်နှင့်ကျန်သောသူများ၏ ကျင့်ကြံခြင်းတွင် အတော်လေး အထောက်အကူဖြစ်ပေလိမ့်မည်။

ဒါ့အပြင် ထန်ကျုံ့ကျောက် တုံကင်တစ်ခုကိုပါ ထုတ်ယူလာသည်။

"ယုချန်းသေသွားပြီဆိုတော့ မင်းတို့ခွန်အားနဲ့ ကောင်းကင်နံပါတ်တစ်ခြံ၀င်းကို ပြောင်းဖို့ဆိုတာ လုံလောက်တာထက်ပိုနေပြီ၊ မင်းတို့ ကောင်းကင်နံပါတ်တစ်ခြံ၀င်းကို ပြောင်းသင့်တယ်"

ယင်းနောက်တွင် ပထမအကြီးအကဲ လက်ဖက်ရည်တစ်ငုံသောက်ရင်း သူတို့အုပ်စုအားကြည့်ကာ မေးသည်။

"မင်းတို့ရဲ့နောက်အစီအစဉ်တွေကဘာလဲ၊ တာ၀န်တွေဆက်လုပ်မှာလား"

"မဟုတ်ပါဘူး" ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းခါယမ်းသည်။

"ကျွန်တော်ခဏလောက်တံခါးပိတ်ကျင့်ကြံချင်ပါတယ်၊ ကျွန်တော်အဆင့်ချိုးဖျက်တော့မယ်လို့ ခံစားနေရတယ်"

ဘေးက ထန်ကျုံ့ကျောက်မှာ မျက်လုံးပင် လိမ့်လိုက်မိသည်။

သူ့၌သေမျိုးနယ်မြေခရီးစဉ်တွင်ပင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ဘယ်နှစ်ကြိမ်ခန့် အဆင့်ချိုးဖျက်ခဲ့သလဲဆိုတာ မည်သူသိမည်နည်း။

အချိန်တိုအတွင်း ဗလာနတ္ထိပုံတူ၏ အကူအညီနှင့်ဆိုလျှင်ပင် ဒါက အဓိပ္ပာယ်မဲ့လွန်းသည်။

"မမောက်မာဘူး၊ စိတ်ရှည်တတ်တယ်၊ အရမ်းကောင်းတယ်" ပထမအကြီးအကဲ ကျေနပ်စွာခေါင်းညိတ်သည်။

"ဒီကိစ္စအပြီးမှာ မင်းတို့အားလုံး ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ကြပြီ၊ ဘယ်သူမှ မင်းတို့မကြောင်းကို သွားပုပ်လေလွင့်ပြောတော့မှာမဟုတ်ဘူး၊ ပြီးတော့ သူတို့မင်းတို့ကို ငါ့ရဲ့ ဧည့်သည်တွေအဖြစ် မှတ်ယူကြလိမ့်မယ်၊ ပြဿာနာတစ်ခုခုရှိတယ်ဆိုရင် မင်းတို့ငါ့ဆီလာတာ အကောင်းဆုံးပဲ"

"မင်းတို့ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်သရွေ့ ငါမင်းတို့အတွက် အရာတိုင်းကို လွယ်ကူအောင်လုပ်ပေးနိုင်တယ်"

"ဒါဆိုရင် အကြီးအကဲကို ကျေးဇူးအများကြီးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် ရှောင်ဟိုင်နှင့် ကျန်သောသူများထွက်သွားကြသည်။

သူတို့ထွက်သွားတာကိုကြည့်ရင်း ပထမအကြီးအကဲရယ်မောလိုက်သည်။

"သူတို့ ခေးအောစ့်နယ်မြေတစ်ခုလုံးမှာ ကျော်ကြားလာဖို့အတွက် အချိန်အများကြီး မလိုလောက်ဘူး"

ထန်ကျုံ့ကျောက် လက်အစုံကိုဖြန့်လိုက်၏။

"ကျွန်တော်အမြဲဒါကိုပဲ ပြောခဲ့တာလေ"

"အခုကြည့်ရတာ သူတို့ နယ်မြေခြောက်ခုကျောင်းတော်တွေရဲ့ မဟာပြိုင်ပွဲမှာ ကျွန်တော်တို့ကျောင်းတော်ကို ကိုယ်စားမပြုဘူးဆိုရင်တောင် သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနေသရွေ့ ဒါက အပေးအယူကြီးတစ်ခုတော့ မဟုတ်ပါဘူး"

All Chapters