← Chapters

လျှို့၀ှက်နယ်မြေသို့ စွန့်စားခြင်း

Vol. 94 Ch. 1323

လျှို့၀ှက်နယ်မြေသို့ စွန့်စားခြင်း

Vol. 94 Ch. 1323

ထို့နောက် ဥပဒေစိုးမိုးရေးခန်းမအား အပြည့်အ၀ ပြုပြင်ပြောင်းလဲခဲ့ပြီး အရာရှိအားလုံးကိုပြောင်းပစ်ခဲ့သည်။

ဤအာဏာရုန်းကန်မှု၌ အကြီးမားဆုံးအောင်ပွဲခံသူဖြစ်သည့် ပထမအကြီးအကဲမှာ ဥပဒေစိုးမိုးရေးခန်းမတွင် သူ့လူများကို ခန့်အပ်လိမ့်မည်ဟု လူတိုင်းယူဆခဲ့ကြသည်။ ပထမအကြီးအကဲက အနိုင်ရသူဖြစိလေရာ ထိုကဲ့သို့လုပ်ရပ်မျိုးက နားလည်၍ရပါသည်။

သို့စေကာမူ ပထမအကြီးအကဲက ဥပဒေစိုးမိုးရေးခန်းခနှင့် လုံး၀မပတ်သက်ခဲ့ပေ။ ဥပဒေစိုးမိုးရေးခန်းမကို ကိုယ်တိုင်တာ၀န်ယူရန်အတွက် ထွက်လာသောသူက သီးခြားနေတတ်ပြီး တွေ့မြင်ရခဲသည့် ဒုကျောင်းအုပ်တစ်ဦးပေတည်း။

ဤမြင့်မြတ်သည့်လုပ်ဆောင်မှုက ကျောင်းတော်အတွင်း ပထမအကြီးအကဲအပေါ် ပိုကြီးကျယ်သည့်လေးစားမှုအား စတင်အစပျိုးခဲ့သည်။

မည်သည့်မတော်တဆမှုများသာမရှိပါက ပထမအကြီးအကဲက ဒုကျောင်းအုပ်ဖြစ်လာနိုင်သည်ဟု ဆို၍ရသည်။

ဆန့်ကျင်ဘက်အနေနှင့် ဒုတိယအကြီးအကဲကရော! ဤနေ့ရက်များ၌ ဒုတိယအကြီးအကဲ ခြံ၀င်းလေးထဲကနေ မထွက်သွားခဲ့သလို မည်သည့် ထွက်ဆိုချက်ကိုမှ မထုတ်ပြန်ခဲ့ပေ။ ဘာမှမဖြစ်ခဲ့သည့်အလား ပြိုလဲယိမ်းယိုင်နေသည့် ဥပဒေစိုးမိုးရေးခန်းမအား တကယ့်အပြစ်ကျူးလွန်သူအား လျင်မြန်စွာ ရှာဖွေရန်အတွက်သာ အမိန့်ပေးခဲ့သည်။

သို့သော် ဤအာဏာအတွက် ရုန်းကန်မှု၌ အများဆုံးရရှိသူက ပထမအကြီးအကဲတင်မဟုတ်ဘဲ ရှောင်ဟိုင်နှင့် တခြားသူများလည်း သိသာသည့်ဆုလာဘ်များအား ရိတ်သိမ်းခဲ့ကြ၏။

ပထမအကြီးအကဲထံမှ ရက်ရောသည့် ဆုလာဘ်များအပြင် ကျောင်းတော်တစ်ခုလုံးက သူတို့၏ပါရမီနှင့် ခွန်အားကို အသစ်တဖန် အသိအမှတ်ပြုခဲ့ကြသည်။

ယခုကောင်းကင်နံပါတ်တစ်ခြံ၀င်း၌ နေထိုင်စဉ် သူတို့၌ ခွန်အားချို့တဲ့သည်ဟု မည်သူမှ မခံစားကြတော့ပါ။ ယင်းအစား သူတို့က အသင့်တော်ဆုံးကိုယ်စားလှယ်လောင်းများဟုပင် ထင်ရသည်။

ပဉ္စမအကြီးအကဲအပါအ၀င် အကြီးအကဲအများအပြားက ရှောင်ဟိုင်နှင့်ကျန်သောသူများအတွက် သူတို့တံခါးကို အမြဲတမ်း ဖွင့်ထားကြောင်း လူသိရှင်ကြား ကြေညာခဲ့ကြ၏။

သို့သော် ရှောင်ဟိုင်နှင့်ကျန်သောသူများက အကြီးအကဲများထံမှ ဖိတ်ကြားမှုကို လက်မခံဘဲ ယင်းအစား အမွေအနှစ်ဆန်းကြယ်နယ်မြေသို့သာ ၀င်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

ထိုတာ၀န်အပြင် ဥပဒေစိုးမိုးရေးခန်းမမှ သံဆူးကြာပွတ်များနှင့် ကိုယ်ခန္ဓာကိုလည်း ပြုပြင်မွမ်းမဲထားလေရာ သူတို့နယ်ပယ်က အရေးပါသည့်အဆင့်တစ်ခုကို ရောက်လာခဲ့ပြီး ချိုးဖျက်ရန်အသင့်ဖြစ်နေလေပြီ။

ဒါကလည်း သူတို့အပေါ်အကြီးအကဲများ၏ လေးစားမှုကို တိုးမြှင့်ပေးခဲ့သည်။ ဤကာလအတောအတွင်း သူတို့တည်ဆောက်ခဲ့သည့် ဂုဏ်သတင်းကနေ အမြန်ထုတ်ရန် အလျင်စလိုလုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ကျင့်ကြံရန်သာ ရွေးချယ်ခဲ့ကြသည်။

ဒါကအတော်လေးရှားသည်။

တစ်ချိန်တည်းမှာပင် ဒီအချက်က အတွင်း၀င်းရှိ မရေမတွက်နိုင်လောက်သော ကျောင်းသားများအကြား ကြီးမားသည့်သိလိုစိတ်ကို အစပျိုးပေးခဲ့ပြီး ဆန်းကြယ်နယ်မြေထဲသို့ ဒုတိယအကြိမ်၀င်ရောက်မှု၌ သူတို့ဘယ်လောက်ထိ ရောက်နိုင်မလဲဆိုတာ သိချင်စိတ်ပြင်းပြနေကြ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ပထမဆုံးကြိုးပမ်းမှုတွင် စံချိန်မျိုးစုံချိုးဖျက်ခဲ့လေရာ ဒုတိယအကြိမ်တွင်လည်း သူတို့၏ မြင့်မားသောစံချိန်အရ အဆင့်မြင့်မြင့် စောင့်စားခံနေရသည်။

ရှောင်ဟိုင် သန့်စင်မိုးမျှော်စင်ကို ရောက်လာတာကို မြင်ရသောအခါ အကြီးအကဲဖန်းစိတ်ထဲကနေ ပြုံးလိုက်၏။

"ကောင်လေး၊ မင်းကအတော်လေး အထင်ကြီးစရာကောင်းသားပဲ"

ရှောင်ဟိုင် လေးစားစွာဦးညွတ်သည်။

"ဒါက အကြီးအကဲရဲ့ကျေးဇူးကြောင့်ပါ"

အကြီးအကဲဖန်း လက်ဝှေ့ယမ်းသည်။

"ငါကအခြေအနေကိုပဲအကဲဖြတ်တာ၊ လူကိုမဟုတ်ဘူး၊ ဒုတိယအကြီးအကဲက ဥပဒေစိုးမိုးရေးခန်းမကို နှစ်ချီကြာထိန်းချုပ်ရင်း သဘောထားကွဲသူတွေကို ဖယ်ရှားပြီး အဆိပ်ရှိလေထုတွေကို ဖန်တီးနေခဲ့တော့ ငါအတော်လေးသဘောမတွေ့ဖြစ်နေခဲ့တာ"

"ဒီတစ်ကြိမ် မင်း သန့်စင်မိုးမျှော်စင်မှာ ဘယ်လောက်ကြာကြာနေဖို့စီစဉ်ထားလဲ"

ရှောင်ဟိုင်ခေါင်းခါယမ်းရင်း မီးတောက်များ၀န်းရံနေသည့် မျှော်စင်ကို ငေးကြည့်ကာ လေးနက်စွာပြောသည်။

"ကျွန်တော်လည်းမသေချာဘူး၊ ဒါပေမယ့် တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားချင်တယ်"

အကြီးအကဲဖန်းခေါင်းညိတ်သည်။

"မင်းမှာခွန်အားရှိတယ်၊ ဒါပေမယ့် အရမ်းကြီးတော့ လောဘမကြီးရဘူး၊ မင်းပိုနက်နက်သွားလေလေ၊ မူလစွမ်းအားက ပိုမြင့်လာလေလေဖြစ်ပြီး အရင်ဆုံးလိုက်ဖက်ကိုက်ညီအောင် မလုပ်ထားရင် ခုခံဖို့ခက်ခဲတယ်"

"သတိပေးတဲ့အတွက် ကျေးဇူးပါအကြီးအကဲ"

"ဆက်သွားတော့" အကြီးအကဲဖန်းခေါင်းငုံ့ရင်း တဖန်ပြန်လည်အိပ်ပျော်သွားပုံရသည်။

လူတိုင်း၏အကြည့်အောက်တွင် ရှောင်ဟိုင်အထဲသို့ ၀င်လိုက်၏။

အပြင်ကလူများကလည်း ဒီတစ်ခါ ဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာ စတင်တွေးနေကြသည်။

"ဒုတိယအကြိမ်မှာ သူတို့အဆင့်သုံးလေးဆင့်လောက် တက်လာနိုင်တယ်၊ ဒါက ချဲ့ကားထားတယ်လို့ထင်ရပေမယ့် သူတို့ရဲ့ ပထမဆုံးစွမ်းဆောင်ရည်ကို ထည့်တွက်ကြည့်မယ်ဆိုရင် ဖြစ်နိုင်ချေရှိတယ်"

"အင်း၊ ပထမအကြိမ်မှာလည်း သူတို့လုံး၀လိုက်ဖက်ကိုက်ညီအောင် မလုပ်ခဲ့ဘူး၊ ကြားကာလအချိန်က တိုတောင်းတယ်ဆိုရင်တောင် သူတို့အခုနည်းနည်းပိုပြီး ကျင့်သားရနေကြမှာပါ"

"ကြည့်ကြရအောင်၊ အဆင့်သုံးလေးဆင့်တက်တာကတော့ အပေါ်ယံမျက်နှာကြက်လို့ပြောလို့ရတယ်၊ ပုံမှန်ကတော့ အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက်တက်ရုံပဲ"

သို့စေကာမူ ယခုလိုရဲတင်းလှသည့် ခန့်မှန်းချက်များရှိနေသည့်တိုင် သူတို့အခြေအနေကို လျှော့တွက်နေဆဲပင်။

ပထမနေ့မှာပင် ရှောင်ဟိုင်၏အဆင့်က စတင်ပြောင်းလာခဲ့သည်။

မူလက ၂၂အဆင့်က ရှောင်ဟိုင်၏ တွန်းချခြင်းကို ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင် အဆင့်၂၄ကို တက်လှမ်းလာခဲ့သည်။

ရှီရှန်းကလည်း အဆင့်၂၀ထိ ရောက်လာသည်။

ဖန်ချန်းကအမြန်ဆုံးတက်သွားခဲ့ပြီး ပထမနေ့မှာပင် အဆင့်၂၀ကို ရောက်ခဲ့သည်။

မိုးကြိုးကြမ်းပင်လယ်၌ရှိနေသေးသည့် မုဖူရှန်းတစ်ယောက်သာလျှင် အမှတ်ပေးဇယား၌ မပေါ်လာသေးပေ။

မည်သူမှ နောက်ထပ်မမှန်းဆရဲကြတော့ဘဲ ယင်းအစား အဆင့်သတ်မှတ်ချက်ကျောက်ပြားကို မျက်တောင်မခတ်စိုက်ကြည့်ရင်း မျက်နှာ၌ ထိတ်လန့်နေသည့်အမူအရာများကို ပြသနေကြသည်။

ဟဲရှောင်နှင့် လျန်ချင်းတို့ကလည်း သူတို့ထဲတွင်ရှိနေပြီး ရှောင်ဟိုင်၏အဆင့်ကိုကြည့်ရင်း ပြာနှမ်းနေကြသည်။

သို့သော်ဒါကမပြီးသေး။

နောက်လအတွင်း ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အကြောင်းကိစ္စတစ်ခုလုံးက ရှောင်ဟိုင်နှင့်ကျန်သောသူများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။

ကိုယ်ပိုင်တပည့်များနှင့် အပြင်၀င်းကျောင်းသားများပင်လျှင် အမှတ်ပေးဇယားကို အာရုံစိုက်လာကြ၏။

ရှောင်ဟိုင် သန့်စင်မိုးမျှော်စင်၏ အဆင့်၁၃ကို ရောက်လာခဲ့သည်။

ယဲ့ချိုးပိုင် ၃၉ခုမြောက်ဓားရုပ်သေးကို အနိုင်ယူကာ ၁၄နေရာသို့တက်လာခဲ့သည်။

ကြယ်ကျောက်တောင်တွင် ရှီရှန်းက ၁၂ယောက်မြောက်ဖြစ်သည်။

အစီအရင်ခန်းမတွင်မူ ဖန်ချန်းက ဒသမနေရာသို့ တိုက်ရိုက်တက်လှမ်းခဲ့သည်။

မုဖူရှန်းကမူ အမှတ်ပေးဇယားထဲတွင်ပင် မပေါ်လာသေးပါ။

ဝိဉာဉ်အနှစ်သာရကျောင်းတော်တွင် ယခုလိုမကြုံစဖူးအခြေအနေတစ်ခုကို မြင်ရသောအခါ လူတိုင်းတစ်ဦးကို တစ်ဦးစိုက်ကြည့်လိုက်ကြပြီးနောက် လည်မြိုရှင်းကာ တံတွေးပင်မျိုချလိုက်မိကြသည်။

ဒီဆန်းကြယ်နယ်မြေတွေမှာ ပြဿာနာရှိနေတာများလား၊ ဒါကြောင့် စိန်ခေါ်ဖို့အတွက် အရမ်းလွယ်သွားတာလား!

တကယ်တမ်းတွင် တစ်ချို့က ကြိုးစားရန်သွားခဲ့သော်လည်း နောက်တစ်ဆင့်၌ သူတို့တွင် ခြေချရန်ပင် အစွမ်းရှိမနေတာကို တွေ့လိုက်ရသည်။

ပြဿာနာက ဆန်းကြယ်နယ်မြေများမဟုတ်ဘဲ သူတို့သာဖြစ်နေသည်။

"သူတို့ဒါကိုဘယ်လိုများလုပ်ခဲ့ကြတာလဲ"

"ဒါကအရမ်းမြန်လွန်းတယ်၊ ကိုယ်ပိုင်တပည့်တွေတောင် လုပ်နိုင်မှာမဟုတ်ဘူး"

"ကိုယ်ပိုင်တပည့်တွေကို မေ့ထားလိုက်ဦး၊ ထိပ်တန်းအဆင့်ငါးနေရာက ကိုယ်ပိုင်တပည့်တွေတောင် အဲဒီမွန်းစတားက လွဲပြီး ဘယ်သူမှ အောင်မြင်နိုင်မှာမဟုတ်ဘူး"

"ဟမ်၊ သူတို့ကို အဲဒီမွန်းစတားကြီးနဲ့ အဆင့်တူပြောလို့တောင်ရနေပြီ"

"ပထမအကြီးအကဲ သူတို့ကို ဘယ်မှာ တွေ့ခဲ့သလဲဆိုတာ ဘယ်သူမှမသိဘူး၊ အရင်က တျန်းဂျီတိုက်ကြီးမှာ သူတို့အကြောင်း မကြားဖူးဘူး"

"အဲဒီမုဖူရှန်းက သူတို့ကြားမှာ အတော်လေးမထင်မရှားဖြစ်နေပုံပဲ"

"ဟင်းးး၊ သူတို့အားလုံးကတော့ မွန်းစတားတွေမဖြစ်နိုင်ဘူးလေ၊ မုဖူရှန်းက သူတို့အကြားမှာ အားအနည်းဆုံးဖြစ်လောက်တယ်"

လူတိုင်းယခုလိုပြောနေကြသော်လည်း သူတို့မုဖူရှန်းအကြောင်းတွေးမိသောအခါ အနည်းငယ်ပင်အားကျမိကြသည်။

ထန်ကျုံ့ကျောက်နှင့် ဖုန်းယီတို့က အမှတ်ပေးဇယားကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ကြ၏။

"မုဖူရှန်းက တကယ့်ကိုနက်ရှိုင်းစွာ ဖုံးကွယ်ထားတာပဲ" ဖုန်းယီ အကူအညီမဲ့စွာပြောသည်။

ထန်ကျုံ့ကျောက်ပြုံးရင်း ဖုန်းယီအား စိုက်ကြည့်လိုက်သည်။

"အိုး၊ မင်းဘာရှာတွေ့ခဲ့လို့လဲ"

မျက်လုံးလိမ့်လိုက်ပြီး ဖုန်းယီပြောပြသည်။

"ငါသေချာပေါက်တစ်ခုခုတွေ့ခဲ့တာပေါ့၊ နဂါးကိုးကောင်နတ်မင်းဆက်ကို သွားတုန်းက သူ့ခွန်အားကို သူမပြခဲ့ဘူးဆိုပေမယ့် ရှုထောင့်အားလုံးက ကြည့်မယ်ဆိုရင် သူတမင်တကာ တစ်ခုခုကိုဖုံးကွယ်ထားပုံပဲ၊ ချန်တဟိုင်နဲ့ ယုချန်းတို့ကို သူကိုယ်တိုင် သင်ခန်းစာပေးဖို့‌ကိုတောင် တွေးနေခဲ့တာ"

"အိုး....." ထန်ကျုံ့ကျောက် ဖုန်းယီအား အံ့ဩသင့်စွာ ကြည့်လိုက်သည်။

"ဒီတော့ ဘယ်သူတာ၀န်ရှိသလဲဆိုတာ မင်းသိလား"

ဖုန်းယီခေါင်းခါယမ်းသည်။

"မုဖူရှန်းသေချာပေါက်သိတယ်၊ သူငါ့ကို မပြောခဲ့ရုံပါပဲ၊ ငါလည်းမမေးခဲ့ဘူးလေ"

ဒီနေရာတွင် ဖုန်းယီပခုံးတွန့်လိုက်၏။

"ငါသိမယ်ဆိုရင်ရောဘာအရေးလဲ၊ ဒုတိယအကြီးအကဲရဲ့လုပ်ရပ်တွေက အရင်ကတည်းက အကျိုးဆက်တွေရှိခဲ့သင့်တာ"

"တော်လောက်ပြီ"

နောက်တစ်လကုန်ဆုံးသွားသည်။

ဒီလအတွင်း အမှတ်ပေးဇယားမှ အဆင့်များက ထပ်မတက်လာတော့လေရာ လူတိုင်းစိတ်သက်သာရာရသွားကြ၏။

နောက်ဆုံးတော့ သူတို့ရပ်သွားကြပြီလား!

သို့သော်သူတို့မသိတာက ရှောင်ဟိုင်နှင့် ကျန်သောသူများ နောက်ထပ်မြှင့်တင်ရန် စွမ်းဆောင်ရည်မရှိသည့်အတွက်ကြောင့် ရပ်သွားခြင်းမဟုတ်ဘဲ သူတို့၏လက်ရှိတည်နေရာက နယ်ပယ်ချိုးဖျက်ရန်အတွက် အသင့်တော်ဆုံးဖြစ်နေသောကြောင့်ပင်။

ဤလအတွင်း လူတိုင်း၏နယ်ပယ်ကို အမှန်တကယ်ပင် ချိုးဖျက်ကျော်လွှားသွားခဲ့ကြ၏။

All Chapters