← Chapters

တိုက်ပွဲစိန်ခေါ်မှာတစ်ခု၊ န၀မအိမ်ရှေ့မင်းသား၏ အကူအညီတောင်းချက်

Vol. 94 Ch. 1326

တိုက်ပွဲစိန်ခေါ်မှာတစ်ခု၊ န၀မအိမ်ရှေ့မင်းသား၏ အကူအညီတောင်းချက်

Vol. 94 Ch. 1326

များမကြာမီ အဇူရာကောင်းကင်ကျောင်းတော်တစ်ခုလုံးက ကျောင်းသားများ၏ ပထမဆုံးအကြိမ် အကဲဖြတ်မှုအား ကြိုဆိုနေခဲ့သည်။

ကျောင်းအုပ်ဟုန်ရင်၊ နင်းချန်ရှင်းနှင့် မစ္စတာတို့ဆွေးနွေးကြပြီးနောက် အကဲဖြတ်မှုပို အဆင့်သုံးဆင့်ပိုင်းခြားခဲ့သည်။

ပထမအဆင့်တွင် ကျောင်းသားများ၏ အဆင့်ကိုသတ်မှတ်ရန်အတွက် တစ်ဦးချင်းစီပြိုင်၏ တိုက်ပွဲများပါ၀င်ပြီး ထိပ်တန်း၅၀က ငါးဦးစီပါ၀င်သော အသင်းများကို ဖွဲ့စည်း၍ရသည်။

ထို့နောက်အသင်းများက ဒုတိယအဆင့်ကို ၀င်နိုင်မည်ဖြစ်ကာ ၎င်းအား ရှေးဟောင်းစစ်မြေပြင်၌ ဆင်နွှဲမည်။ အသင်းများအား သူတို့ရရှိသည့် အမွေအနှစ်ကို အခြေခံကာ အမှတ်များပေးဆောင်မည်ဖြစ်ကာ အမှတ်အများဆုံးရရှိသူများက အောင်မြင်ပြီး ထိပ်တန်းသုံးသင်းကို ရွေးချယ်မည်ဖြစ်သည်။

ဒုတိယအဆင့်က နင်းချန်ရှင်း၏ စိတ်ကူးလည်းဖြစ်သည်။

ပုံရိပ်ယောင်အစီအရင်တစ်ခုကိုသုံးရင်း ဆုလာဘ်များကို အသင်းသုံးသင်းအကြား မညီမမျှခွဲဝေပေးမည်ဖြစ်သည်။ အသင်းတိုင်းတွင် ဆုလာဘ်အဆင့်သုံးဆင့်ရှိသော်လည်း တစ်သင်းစီ၌ အဖွဲ့၀င်ငါးဦးပါဝင်သည်။

ဆုလာဘ်များက မညီမမျှဖြစ်သွားမည်သာမက တစ်သင်းစီက လူနှစ်ယောက်ကလည်း ဆုလာဘ်မပါဘဲ မလွှဲရှောင်သာရှေ့ဆက်ရမည်သာ။

သူတို့အချင်းချင်းအကြား ဖြန့်ဝေပေးရန် လိုအပ်သည်။

ပုံရိပ်ယောင်အစီအရင်၏ အတွင်းနတ်ဆိုးများ၏ တိုးလာနေသည့် ဩဇာလွှမ်းမိုးမှုအောက်တွင် အသင်းတစ်သင်းက ဆုလာဘ်များကို အောင်မြင်စွာ အပြည့်အ၀ ဖြန့်ဝေနိုင်ပါက သူတို့နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်မည်ဖြစ်ကာ လုချန်ရှန်း ထောက်ပံ့ပေးထားသည့် ထိပ်တန်းကျင့်ကြံခြင်းနည်းစနစ်များကို အသုံးပြုကျင့်ကြံရန်အတွက် စာကြည့်တိုက်ထဲ၀င်နိုင်မည်ဖြစ်သည်။

ဒါ့အပြင် မစ္စတာ၊ ဟုန်ရင်၊ နင်းချန်ရှင်းနှင့် လေးစားခံအကြီးအကဲများကလည်း သူတို့ထဲက တပည့်များကို ရွေးချယ်ကြပြီး အဇူရာကောင်းကင်ကျောင်းတော်၏ ပထမဆုံးသော ကိုယ်ပိုင်တပည့်တစ်သိုက်ဖြစ်လာကြပေလိမ့်မည်။

ယခုပထမအဆင့်ပြီးသွားပြီဖြစ်လေရာ ဒုတိယအဆင့်စတင်ခဲ့သည်။

မဟာခန်းမထဲတွင် နတ်သခင်ဟောင်တျန်းနှင့် တခြားလေးစားခံအကြီးအကဲ အများအပြားအပါအ၀င် မစ္စတာ၊ ဟုန်ရင်နှင့် နင်းချန်ရှင်းတို့က ရှေ့က မှန်ပုံရိပ်အား ကြည့်နေကြသည်။

မှန်ပုံရိပ်က သူတို့ကို ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးအား မြင်တွေ့ခွင့်ပေးသည်။

"အလားအလာလာရှိတဲ့ လူငယ်တွေအများကြီးပဲ" နတ်သခင်ဟောင်တျန်း တောက်ပသည့် အလင်းနှင့်အတူ မှတ်ချက်ပြုရင်း မှန်ပုံရိပ်အားကြည့်ကာ အံ့ဩသင့်စွာ မေးစေ့ပွတ်သပ်နေလေသည်။

"အင်မော်တယ်နယ်မြေနဲ့ သေမျိုးနယ်မြေ အပြည့်အ၀ပေါင်းစပ်သွားပြီး အင်မော်တယ်အော်ရာ သေမျိုးနယ်မြေထဲကို ပြန်စီးဆင်းလာကတည်းက ပါရမီရှင်တွေက မကြာခဏဆိုသလို ပေါ်လာခဲ့ကြတယ်"

အမှောင်သခင်ကလည်း အပြုံးဖြင့်ခေါင်းညိတ်သည်။

"ဆိုတော့ ခင်ဗျား ရွေးချယ်သူတစ်ယောက်ယောက်ကို မျက်စိကျနေပြီများလား"

နတ်သခင်ဟောင်တျန်းကျယ်လောင်စွာရယ်မောသည်။

"တစ်ယောက်တည်းမဟုတ်ဘူး၊ ကျုပ်ပြောပြမယ်၊ ကျုပ်အရဿာနဲ့ကိုက်ညီပြီး ကျုပ်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းနဲ့ အတော်လေးကိုက်ညီတဲ့ လူအနည်းငယ်ရှိတယ်"

နင်းချန်ရှင်း ဘေးကနေ ခပ်ယဲ့ယဲ့ရယ်မောသည်။

"ပထမဆုံးကိုယ်ပိုင်တပည့်တစ်သုတ်ကို အလေးမထားဘဲ ယူလို့မရဘူး၊ သူတို့ တတိယအဆင့်စမ်းသပ်မှုကို အောင်မြင်တဲ့အထိ စောင့်ကြတာပေါ့၊ ဘာပဲဆိုဆို ဒီပထမအသုတ်က အဇူရာကောင်းကင်ကျောင်းတော်၌ ရှေးပြေးဖြစ်လာမှာပဲလေ၊ သူတို့ရဲ့ စရိုက်ကသာမကောင်းဘူးဆိုရင် ကျွန်တော်တို့ သူတို့ကို အားကောင်းလာအောင် ဘယ်လောက်ပဲ ကူညီနေပါစေ၊ သူတို့က စိတ်အနှောင့်အယှက်ဖြစ်စရာ ခလုတ်ကန်သင်းပဲဖြစ်လာလိမ့်မယ်"

ဟုန်ရင် သဘောတူသည့်အသွင်ခေါင်းညိတ်သည်။

"မှန်တယ်၊ ကိုယ်ပိုင်တပည့်‌ပထမအသုတ်က စံပြခေါင်းဆောက်တွေအဖြစ် ဆောင်ရွက်ရမယ်၊ ပြီးတော့ သူတို့က နယ်မြေခြောက်ခုရဲ့ မဟာပြိုင်ပွဲမှာ ကျောင်းတော်ကို ကိုယ်စားပြုကြလိမ့်မယ်"

နတ်သခင်ဟောင်တျန်း၊ အမှောင်သခင်နှင့် ကျန်သော လေးစားခံအကြီးအကဲများမှာ လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။

မစ္စတာ ဤမြင်ကွင်းကိုကြည့်ရင်း ကျေနပ်စွာခေါင်းညိတ်ငည်။

ကြည့်ရသည်မှာ လူသားဘိုးဘေးများက ဟုန်ရင်နှင့် နင်းချန်ရှင်းတို့ကဲ့သို့ လူများအား အဇူရာကောင်းကင်ကျောင်းတော်ကို ပြန်လည်တည်ဆောက်ရန် ခွင့်ပြုခဲ့ခြင်းက ကောင်းမွန်သည့်ရွေးချယ်မှုတစ်ခု လုပ်ခဲ့ပုံပဲ။ တကယ်တမ်းတွင်လည်း ဒါက မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုပေတည်း။

အချိန်အနည်းငယ်အတွင်း အဇူရာကောင်းကင်ကျောင်းတော်က အမြင့်ဆုံးအချိန်ကာလတွင်ပင် တစ်ခါမှ မရောက်ဖူးသည့် အမြင့်တစ်ခုကို ရောက်နိုင်ရန်ဟူသည် မဖြစ်နိုင်တာတော့မဟုတ်ပါ။

....

ခေးအောစ့်နယ်မြေ၊ ဝိဉာဉ်အနှစ်သာရကျောင်းတော်!

ဤနေ့ရက်များ၌ ယဲ့ချိုးပိုင် လျှို့ဝှက်နယ်မြေအတွင်း လှိုင်းများဆက်လက်ဖန်တီးခဲ့ပြီး သူ့အဆင့်ကလည်း ဖြည်းဖြည်းချင်းတက်လာခဲ့သည်။

ယဲ့ချိုးပိုင် န၀မအဆင့်ကိုရောက်လာခဲ့ပြီး သူ့ဓားတာအိုနယ်ပယ်က လုံး၀ကို တည်ငြိမ်သွားခဲ့သည်။ ဒါ့အပြင် သူ့နယ်ပယ်က နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်ကိုပင် ချိုးဖျက်သွားခဲ့သည်။

ရှီရှန်း၏ကြယ်တာအိုနိယာမကလည်း တိုးတက်မှုရှိခဲ့ပြီး ကြယ်ကျောက်တောင်ထိပ်တွင် သူ့ကြယ်တာယာကောင်းကင်ဒန်တျန်က ရှီရှန်းအား တောင်ထိပ်တစ်ခုဆီသို့တက်ရန် ဦးတည်နေသည့်အလား သူနှင့်အတူ စတင်ပဲ့တင်ထပ်လာခဲ့သည်။

အကယ်၍ သူ့ခန့်မှန်းချက်သာမှန်ပါက တောင်ထိပ်တွင် ကြယ်ဗဟိုချက်တစ်ခုရှိလောက်သည်။

မုဖူရှန်းကမူ မိုးကြိုးကြမ်းပင်လယ်၌ အချိန်အတော်ကြာပိတ်မိနေခဲ့ပြီး အမှတ်ပေးဇယားပေါ်သို့ မတက်လာခဲ့ပေ။

သို့သော် မုဖူရှန်း ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအား ကိုးသွယ်ရှေးဦးမိုးကြိုးကျင့်စဉ်မှ ခုနှစ်ခုမြောက်ရှေးဟောင်းနတ်မိုးကြိုးစွမ်းအားကို သိပ်သည်းရန်အတွက် သူ မိုးကြိုးကြမ်းပင်လယ်ထဲက မိုးကြိုးမူလစွမ်းအင်ကို အသုံးပြုနေသည်ဟု အသိပေးခဲ့သည်။

ရှောင်ဟိုင် သန့်စင်မိုးမျှော်စင်ထဲတွင် ဆက်လက်ရှိနေခဲ့ပြီး ယှဉ်ပြိုင်ခြင်းကနေ အမှတ်များရယူနေသလို သူ့ခန္ဓာအား အဆက်မပြတ်တိုက်ပွဲများနှင့်အတူ ပြုပြင်မွမ်းမဲနေခဲ့သည်။

ဤရက်များအတွင်း ရှောင်ဟိုင်ထက် နယ်ပယ်ပိုမြင့်သောသူများအပြင် သန့်စင်မိုးမျှော်စင်က လူများက သူနှင့်ထိပ်တိုက်တွေ့ဆုံရန်ပင် စတင်ကြောက်လာကြသည်။

ဒဏ်ရာအတွက် ဒဏ်ရာဖလှယ်သည့် သူ၏ အဆင်အခြင်မဲ့တိုက်ခိုက်ဟန်က လူအများအပြားအား အတော်လေးဒုက္ခဖြစ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖန်ချန်းက အစီအရင်များအကြောင်း ဆွေးနွေးရန်အတွက် ပဉ္စမအကြီးအပဲကို သွားတွေ့ခဲ့သည်။

သူပဉ္စမအကြီးအကဲ၏ တပည့်တစ်ယောက်မဟုတ်သေးသော်လည်း ပဉ္စမအကြီးအကဲကလည်း ဂရုမစိုက်ပုံပေါ်ပြီး ဖန်ချန်းနှင့်အတူ အစီအရင်များအကြောင်း သူ့အသိပညာအားလုံးကို ရက်ရောစွာပင် မျှဝေခဲ့သည်။

တခြားအကြီးအကဲများက ဘာကြောင့် ဓီလိုလုပ်ရသလဲဟုမေးလာသောအခါ ပဉ္စမအကြီးအကဲ ထိတ်လန့်စရာအကြောင်းပြချက်တစ်ခုပေးခဲ့သည်။

"ငါသူ့ကိုသင်ကြားပေးနေတာမျိုးမဟုတ်ဘဲ အသိပညာတွေဖလှယ်နေကြတာပဲ၊ အစီအရင်တွေအပေါ် ဖန်ချန်းရဲ့ ထိုးထွင်းအမြင်အများအပြားက ငါ့ကို ရုတ်တရက်ဉာဏ်အလင်းအကြိမ်ကြိမ်ပွင့်သွားစေခဲ့တယ်"

မည်သို့ပင်ဆိုစေကာမူ အစီအရင်များအတွက် ဖန်ချန်း၏အခြေခံက လုချန်ရှန်းနှင့် သူတော်စင်အစီအရင်ကောင်းကင်စာလိပ်က လာခြင်းပင်။

သို့စေကာမူ ဤငြိမ်းချမ်းပုံရသည့်ကာလက မကြာခင်မှာပင် နှောင့်ယှက်ခံရပေတော့မည်။

ဟဲရှန်း၀မ် သန့်စင်မိုးမျှော်စင်ထဲတွင် နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ဒါက ကိုးဆယ်မြောက်အထပ်ဖြစ်သည်။

ဤအချက်က ဝိဉာဉ်အနှစ်သာရကျောင်းတော်တစ်ခုလုံးအား ဂယက်ရိုက်သွားစေသည်။

ကိုးဆယ်မြောက်အထပ်က ဘာကိုဆိုလိုနေလေသနည်း။

ရှစ်ဆယ့်ကိုးထပ်အပြီးတွင် ‌မျှော်စင်ထဲက မီးလျှံမူလ၏ပြင်းထန်မှုက မကြုံစဖူးမြင့်တက်သွားခဲ့သည်။ ကိုးဆယ်မြောက်အထပ်က ပြင်းအားက ရှစ်ဆယ့်ကိုးထပ်ကထက် အဆပေါင်းများစွာ ကိုသိပ်သည်းသည်။

တစ်ချိန်တည်းမှာပင် ဟဲရှန်း၀မ် ဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်။

ထိုအချိန်တွင် ဟဲရှန်း၀မ် သီးသန့်တည်ရှိနေရာကနေ ထွက်လာပြီး ချက်ချင်းဆိုသလို ရှောင်ဟိုင်အား စိန်ခေါ်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

လူတိုင်းအံ့ဩသင့်သွားကြ၏။

ကြည့်ရသည်မှာ ဟဲရှန်း၀မ်က ဒုတိယအကြီးအကဲ၏ မကျေနပ်ချက်များအား ပြန်ပြင်ဆင်ပေးရန် ရည်ရွယ်ထားပုံပင်။

သို့သော် ဘိုးဘေးနယ်ပယ်ကတစ်ယောက်နှင့် နတ်ဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်က တစ်ယောက်ကြားက တိုက်ပွဲက အငယ်ကို အနိုင်ကျင့်ခြင်းနှင့် အနည်းငယ်ဆင်တူသည်။

ဟဲရှမ်း၀န်ကလည်း ရှောင်ဟိုင်ကို အချိန်၊ နေရာနှင့်အတူ နယ်ပယ်မျှတရန်အတွက် ဖိနှိပ်ထားရန်အတွက်ပင် ဆုံးဖြတ်ခွင့်ပေးမည်ဟု ရှင်းလင်းစွာပြောခဲ့သည်။

ဒီစိန်ခေါ်မှုကိုမြင်ရသောအခါ ရှောင်ဟိုင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

သူ့လက်ရှိခွန်အားနှင့် ဘိုးဘေးနယ်ပယ်က လူတစ်ယောက်အား ထိုလူက နယ်ပယ်သို့၀င်ခါစဆိုလျှင်ပင် အနိုင်ယူရန်ဟူသည် အနည်းငယ်ခက်ခဲသည်။

သို့စေကာမူ လူတိုင်းကရှောင်ဟိုင်၏ တုံ့ပြန်မှုကို စောင့်မျှော်နေချိန်တွင် မျှော်စင်ထဲက နောက်ထပ်သတင်းတစ်ခုထွက်လာခဲ့သည်။

အကြောင်းအရာက အောက်ပါအတိုင်းဖြစ်သည်။

နဂါးကိုးကောင်နတ်မင်းဆက်၏ အိမ်ရှေ့မင်းသား....တစ်နည်းအားဖြင့် မင်းသားကိုးက ဝိဉာဉ်အနှစ်သာရကျောင်းတော်အား တာ၀န်တောင်းဆိုချက်တစ်ခု ထုတ်ပြန်ခဲ့ခြင်းပင်။

နတ်မင်းဆက်အတွင်း တတိယ၊ ပဉ္စမနှင့် ပထမမင်းသားတို့က အိမ်ရှေ့မင်းသားအား ပွင့်ပွင့်လင်းလင်းပင် တိုက်ခိုက်နေကြ၏။

မင်းသားကိုးက မကြာသေးခင်ကမှ အိမ်ရှေ့မင်းသားဖြစ်လာခဲ့ခြင်းဖြစ်သဖြင့် သူ့အခြေခံအုတ်မြစ်က တိမ်နေသေးပြီး မတည်ငြိမ်သေးပါ။

နတ်မင်းဆက်ဧကရာဇ်ကလည်း ဤကိစ္စကို ဂရုမစိုက်သည့်သဘောထားအား ကျင့်သုံးခဲ့သည်။ သူက အိမ်ရှေ့မင်းသားအား ယခုလိုအခြေအနေရပ်များ၌ ကိုယ့်ကိုကိုယ် ထိန်းချုပ်စေချင်လိုပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်များက မင်းသားများအကြား ပြိုင်ဆိုင်မှုကို မည်သောအခါမှ မကြောက်ပေ။ သူကြောက်တာက ပြိုင်ဆိုင်မှုကင်းမဲ့နေမည်ကိုပင်။

ပြိုင်ဆိုင်မှုသာမရှိပါက ကြီးထွားမှု၊ တိုးတက်မှုဟူ၍ ရှိလာတော့မည်မဟုတ်။

စမ်းသပ်မှုနှင့် ကပ်ဘေးများကနေ မရှင်ကျန်နိုင်သရွေ့ သူ့နေရာတွင် ထိုင်နိုင်မည်မဟုတ်ပါ။

ထို့ကြောင့် အိမ်ရှေ့မင်းသား ဝိဉာဉ်အနှစ်သာရကျောင်းတော်က အကူအညီကို တောင်းခံခဲ့ပြီး မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ကျန်သောသူများအား အထူးတောင်းဆိုခဲ့သည်။

သူတို့ကိုသာ သူယုံကြည်သည်ဟု ပြောခဲ့သေးသည်။

မျှော်စင်ထဲက ဤသတင်းစကားက ရှောင်ဟိုင်နှင့်ကျန်သောသူများ တာ၀န်ကို လက်ခံရန်အတွက် သဘောတူမလားဟု မေးမြန်းရန်ပင်။

ဤကိစ္စကြောင့် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ လျှို့ဝှက်နယ်မြေကနေ ထွက်လာကြပြီး ကောင်းကင်နံပါတ်တစ်ခြံ၀င်း၌ စုစည်းကြသည်။

"သွားကြရအောင်၊ ဒါက ဟဲရှန်း၀မ်ရဲ့ စိန်ခေါ်မှုကို ယာယီရှောင်ရှားနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခုပဲ၊ မင်းနောက်နယ်ပယ်တစ်ခုကို ချိုးဖျက်ပြီးတာနဲ့ ဟဲရှန်း၀မ်က စိုးရိမ်စရာမဟုတ်တော့ဘူး" ယဲ့ချိုးပိုင်အကြံပြုသည်။

ဖန်ချန်းနှင့် ရှီရှန်းတို့က ခေါင်းညိတ်ပြီးသဘောတူကြသည်။

သို့သော် မုဖူရှန်းကိုမူ မျက်မှောင်ကြုတ်ရင်း သူ့မျက်လုံးအစုံက တာ၀န်စာလိပ်ထိပ်ရှိ နာမည်ကို ကြည့်နေမိသည်။

မင်းသားကိုးက သူ့ကိုအထူးပစ်မှတ်ထားနေသည်ဟု သူခံစားနေရသည်။

ယဲ့ချိုးပိုင် မုဖူရှန်းဖက်သို့လှည့်လာပြီး မေးသည်။

"ဂျူနီယာညီလေးမု၊ မင်းရောဘယ်လိုလဲ"

တစ်ခဏမျှတွေးပြီးနောက် မုဖူရှန်း နောက်ဆုံး၌ ခေါင်းညိတ်လိုက်လေသည်။

"ဒါဆိုသွားကြရအောင်"

အကယ်၍ သူ့ကိုသာအမှန်တကယ် ပစ်မှတ်ထားနေသည်ဆိုပါက ဘာကြောင့်လဲဆိုတာ မုဖူရှန်းအတော်လေး သိချင်စိတ်ပြင်းပြနေမိသည်။

မည်သို့ပင်ဖြစ်စေ သူဝှက်ဖဲများအား လုံလုံလောက်လောက် ပြင်ဆင်ထားရပေတော့မည်။

All Chapters