← Chapters

ကျိုးပိုင်လုပေါ်လာခြင်း

Vol. 94 Ch. 1328

ကျိုးပိုင်လုပေါ်လာခြင်း

Vol. 94 Ch. 1328

ကျိုးလုံမြို့၌ အိမ်ရှေ့မင်းသားနှင့် ဌာနခြောက်ခုက အင်အားစုများက ရောနှောနေသည့်အိတ်တစ်လုံးပမာဖြစ်သည်။

နေရာတိုင်းတွင် ဆန့်ကျင်ဘက်မှ မျက်လုံးများရှိနေတတ်သည်။

သူတို့ ကျိုးလုံမြို့ကို ရောက်လာသည့် အချိန်ကတည်းက မရေမတွက်နိုင်သည့် အင်အားစုများက သူတို့ဘယ်မှာရှိသလဲဆိုတာကိုပင် သိထားကြလောက်ပြီ။

ဥပမာအားဖြင့် မုဖူရှန်း အိမ်ရှေ့မင်းသား စီစဉ်ပေးထားသည့် ခြံ၀င်းလေးကနေ ထွက်လာသည်နှင့်တစ်ပြိုင်နက် ခြံ၀င်းတစ်ဝိုက်၌ ပုန်းကွယ်နေသည့် တည်ရှိမှုများစွာရှိနေခဲ့သည်။

ထိုတည်ရှိမှုတစ်ခုစီက နတ်ဧကရာဇ်နယ်ပယ်အောက်တွင် မရှိပေ။

တစ်ချိန်တည်းမှာပင် အလွန်လျှို့ဝှက်ပြီး ပေါ်ပင်တည်ရှိမှုတစ်ချို့လည်းရှိသည်။ သူတို့က ဘိုးဘေးနယ်ပယ်က ဖြစ်လောက်သည်။

ကံကောင်းစွာပင် သူတို့တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် ပစ္စည်းများစွာကို ပြင်ဆင်ထားခဲ့သည်။ မဟုတ်ပါက အပြင်ထွက်လိုက်သည်နှင့် ချက်ချင်းရှာဖွေ၊ ခြေရာခံခြင်းခံရပေလိမ့်မည်။

အပေါက်တစ်ပေါက်ရှာဖွေကာ မုဖူရှန်း ခြံဝင်းလေးကနေ ထွက်လာနိုင်ခဲ့ပြီး ရှုပ်ထွေးသည့်နေရာမျိုးစုံကနေ ကျိုးလုံမြို့၏ သတင်းအချက်အလက်များကို စတင်စုစည်းခဲ့သည်။

ဥပမာအားဖြင့် လက်ရှိပထမမင်းသား၊ တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့က နီးကပ်စွာပူးပေါင်းကြပြီး အိမ်ရှေ့မင်းသားအား ပွင့်ပွင့်လင်းလင်းပင် စစ်ကြေညာခဲ့ကြ၏။

အလားတူပင် ဌာနခြောက်ခုအတွင်း စစ်ရေး၀န်ကြီးဌာနနှင့် ပြည်သူ့ရေးရာ၀န်ကြီးဌာနတို့က ပွင့်လင်းစွာပင် ဘက်ရွေးပါ၀င်လာခဲ့ကြသည်။

သို့စေကာမူ အပြင်ဘက်တွင် ဆွေးနွေးမှုအများဆုံးအကြောင်းအရာက စစ်ရေးပြင်ဆင်ခြင်းလေ့ကျင့်မှုများပင်။

စစ်ရေးပြင်ဆင်ခြင်းလေ့ကျင့်မှုများ၌ စစ်ရေး၀န်ကြီးဌာနက ပထမမင်းသားဘက်တွင် ရပ်တည်နေသဖြင့် သူ့အောင်မြင်မှုအတွက် ခေါ်သံများက အတော်လေးမြင့်မားနေသည်။

မင်းသားသုံးနှင့် မင်းသားငါးတို့တွင်လည်း ကိုယ်ပိုင်စစ်တပ်များရှိကြသည်။

မင်းသားကိုးက အိမ်ရှေ့မင်းသားဖြစ်လာခဲ့သော်လည်း စစ်တပ်ထဲတွင် သူ့အခြေခံက အားနည်းနေဆဲပင်။ ဒီတစ်ကြိမ်တွင် စစ်ရေးလေ့ကျင့်မှုများ၌ သူ့တွင် မျှော်လင့်ချက်မရှိပေ။

"တကယ်လို့ ဒီစစ်ရေးပြင်ဆင်ခြင်းလေ့ကျင့်မှုမှာ အိမ်ရှေ့မင်းသားသာ ကောင်းကောင်းမဆောင်ရွက်နိုင်ရင် သူ့နောက်ပိုင်းမြင်းစုဆောင်းမှုနဲ့ ‌၀ယ်ယူမှုကို သက်ရောက်နိုင်တယ်"

"ဒါကသဘာ၀ပဲလေ၊ အိမ်ရှေ့မင်းသားရဲ့ အခြေခံက အစကတည်းက အားနည်းနေတာဆိုတော့ စစ်ရေးလေ့ကျင့်မှုမှာ ကျရှုံးသွားမယ်ဆိုရင် လက်ရှိစောင့်ကြည့်နေကြတဲ့ အင်အားတစ်ချို့က တခြားမင်းသားတွေကို ထောက်ခံဖို့ ရွေးချယ်နိုင်တယ်"

"ဒါ့အပြင် မင်သားတစ်၊ မင်းသားသုံးနဲ့ မင်းသားငါးတို့က အိမ်ရှေ့မင်းသားကို ပွင့်ပွင့်လင်းလင်းပစ်မှတ်ထားနေကြတာဆိုတော့ အခုအချိန်က အိမ်ရှေ့မင်းသားအတွက် စစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်ဖို့ အကောင်းဆုံးအချိန်မဟုတ်သေးဘူး....."

မုဖူရှန်း ထောင့်တစ်နေရာ၌ တစ်ယောက်တည်းသောက်နေပြီး ထိုသတင်းကိုကြားရသောအခါ သူလည်း စိတ်ရှုပ်ထွေးသွားရသည်။

ယေဘုယျအားဖြင့်ဆိုရပါက တော်၀င်မိသားစုက မင်းသားများ စစ်အင်အား၌ ပါ၀င်စွက်ဖက်လာမည်ကို အစိုးရိမ်ဆုံးဖြစ်သည်။

သို့သော် သူကြားနေရတာက နဂါးကိုးကောင်နတ်မင်းဆက်၌ စီးပွားရေးဖြစ်စေ သို့မဟုတ် စစ်အင်အားအရဖြစ်စေ ဗဟိုက တိုက်ရိုက်ချုပ်ကိုင်ထားခြင်းမဟုတ်ဘဲ ဌာနခြောက်ခုက ပွင့်ပွင့်လင်းလင်းဘက်လိုက်လျှင်ပင် ဘာမှမဖြစ်ပေ။

ထို့ကြောင့် ကျိုးလုံမြို့၏ သေရည်ဆိုင်နှင့် အင်အားစုများအကြား လှည့်လည်သွားလာရင်း ဘာကြောင့် နဂါးကိုးကောင်နတ်မင်းဆက်ဧကရာဇ် ဒီလိုလုပ်ခဲ့ရသလဲဆိုတာ မုဖူရှန်းသိခဲ့ရသည်။

ဧကရာဇ်တွင် စစ်တပ်တစ်ခုလုံးကိုပင် ဖြိုခွဲပစ်နိုင်သည်ဟု ကောလဟလရှိသော အစောင့်တပ်တစ်တပ်ရှိသည်။

တခြားအင်အားစုများကို ဗဟိုက တိုက်ရိုက်ချုပ်ကိုင်ခြင်းမရှိဘဲ ဤသွေးမုန်တိုင်းထဲတွင် မင်းသားများအား အချင်းချင်းတိုက်ခိုက်စေပြီး အားနည်းသူက ဖျက်ဆီးခံရမည်ဖြစ်သည်။

တခြားမင်းသားများအပေါ် သူအကြမ်းဖျင်းနားလည်လာခဲ့သည်။

ဆိုရပါက ဤစစ်ရေးပြင်ဆင်ခြင်းလေ့ကျင့်မှု၌ သတင်းအချက်အလက်များအရ အိမ်ရှေ့မင်းသား၏ နိုင်နိုင်ချေအခွင့်အလမ်းက အတော်လေးနိမ့်သည်။

သို့စေကာမူ မုဖူရှန်းကို အမှန်တကယ်စိုးရိမ်ပူပန်စေတာက လူတစ်ယောက်ပင်။

သူက မင်းသမီးများအကြား၌ ဒုတိယနေရာရှိ ပိုင်လုပေတည်း။

သူနှင့်ပတ်သက်၍ မည်သည့်အချက်အလက်ကိုမှ မသိရသလို မည်သူမှလည်းမပြောကြပေ။

သူ့အတွေးများကိုပေါင်းစပ်ပြီး ဆရာ၏ ဆင်ခြင်တုံတရားကိုပါ ပေါင်းစပ်ကြည့်ပါက ယခုလိုမထူးခြားသည့် သတင်းအချက်အလက်ကင်းမဲ့သော ဇာတ်ကောင်မျိုးကို အမြဲလိုလိုပုန်းကွယ်နေသည့် ဆရာသခင်တစ်ဦးအဖြစ် အနက်ဖွင့်၍ရသည်။

ဒါက သူကကြီးမားသည့်ကံကြမ္မာကို ပိုင်ဆိုင်ထားသောလူတစ်ယောက်လည်း ဖြစ်နေလေရာ ရှောင်ရှားရန်အတွက် မည်သည့်နည်းလမ်းကိုမဆို ရှာဖွေရန် လိုအပ်သည်။

သို့သော် ကံကြမ္မာကို ရှောင်ရှားရန် ဆန္ဒရှိရုံမျှနှင့် ဘယ်လိုလုပ်ရှောင်ရှားနိုင်မည်နည်း။

မုဖူရှန်း အိမ်ရှေ့မင်းသားစီစဉ်ပေးထားသည့် ခြံ၀င်းလေးဆီသို့ ပြန်သွားရန်ပြင်နေပြီး လမ်းတစ်၀က်တွင် မက်မွန်ပွင့်သစ်တောတစ်ခုရှိသည်။

မုဖူရှန်း ပတ်၀န်းကျင်အားဆက်လက်စုံစမ်းခဲ့လေရာ ဆန့်ကျင်ဘက်လူများက တစ်နေရာတည်းတွင် ပုန်းနေဆဲဆိုတာကို သဘောပေါက်သွားသဖြင့် အလားတူလှည့်ပြန်ခဲ့သည်။

သို့သော် လျှောက်နေရင်း မုဖူရှန်း ရုတ်တရက်ရပ်သွားရသည်။

သူ့ရှေ့တွင် အဖြူရောင်၀တ်စုံနှင့် အမျိုးသမီးတစ်ဦးရှိနေသည်။ သူမက မည်သည့်အလှအပမှ ဆင်မြန်းမထားဘဲ ရှည်လျားသည့် ဆံနွယ်စများက မက်မွန်သီးပင်၏ ‌သစ်ရွက်ကြွေများထဲ ကျနေပြီး သစ်ကိုင်းတစ်ကိုင်းတွင် တိတ်ဆိတ်စွာ ထိုင်ရင်း သူ့အား ကြည့်နေသည်။

လောကီရေးရာစိုးရိမ်မှုများနှင့် ထိတွေ့မှုကင်းမဲ့ပုံရသည့် သူမ၏မျက်နှာလေးက အံ့မခန်းပွင့်လန်းနေသည်။

သူမက ဒီကမ္ဘာကလူတစ်ယောက်နှင့် လုံးဝမတူပေ။

မုဖူရှန်းပင်လျှင် စိတ်ထဲကနေ ချီးမွမ်းနေမိသည်။

ဘယ်လိုသေစေနိုင်လောက်တဲ့ အမျိုးသမီးလဲ!

ရုတ်တရက် သူခေါင်းမမော့ဘဲ ငုံ့၍သာနေပြီး ကိုယ်ကိုလှည့်ကာ ဆန့်ကျင်ဘက်သို့ လျှောက်သွားသည်။

ဤကဲ့သို့ အလှတရားအဆင့်၌ လူတစ်ယောက်က လုံး၀ကို ပါ၀င်မပတ်သက်သင့်သလို အကြည့်တစ်ချက်ထက် အပိုမကြည့်သင့်ပေ။

အကယ်၍ သွားရှုပ်မိပါက နောက်ဆက်တွဲပြဿာနာများက ပွားများလာပေလိမ့်မည်။

"ရှင့်ကမုဖူရှန်းလား"

မျှော်လင့်ထားသည့်အတိုင်းပင် သူ့‌၀တ်ဆင်ထားသည့် အော်ရာကိုဖုံးကွယ်နိုင်သော အရာများကို ဖော်ထုတ်ခံလိုက်ရသည်။

သူ၀တ်ထားသည့် အနက်ရောင်၀တ်ရုံအား အော်ရာကို ဖုံးကွယ်ရန်အတွက် သူ့ဆရာ အထူးပြုလုပ်ခဲ့ခြင်းပင်။

မုဖူရှန်း၏အတွေးများကို ခံစားမိသည့်အလား အမျိုးသမီးကတည်ငြိမ်စွာပြောသည်။

"ရှင့်ရဲ့အော်ရာကို ဖုံးကွယ်ထားတဲ့နည်းစနစ်က အရမ်းမြင့်တယ်၊ ဘိုးဘေးနယ်ပယ်က လူတွေတောင် မြင်နိုင်မှာမဟုတ်ဘူး"

"မိန်းကလေးက ဘိုးဘေးနယ်ပယ်ထက် သာလွန်နေတာလား" မုဖူရှန်းရပ်ကာ လှည့်လာပြီး အမျိုးသမီးအား အပြုံးဖြင့်မေးသည်။

အမျိုးသမီးမှာခေါင်းခါယမ်းသည်။

"ကျွန်မသတိမထားမိပါဘူး၊ ရှင့်က အရမ်းသတိထားတတ်တယ်လို့ ကျွန်မကြားခဲ့ရုံပါပဲ၊ ပြီးတော့ ဒီကိုပြန်လာဖို့အတွက် ဒီနေရာကပဲ လာလိမ့်မယ်လို့ ထင်မိတော့ ဒီမှာ ထိုင်နေရုံက လုံလောက်တယ်လေ"

သူမကသူ့အတွက် အထူးလာခဲ့ခြင်းပင်။

မုဖူရှန်း၏နှလုံးသားက အနည်းငယ်တင်းကျပ်သွားပြီး လက်ချောင်းများက သိုလှောင်လက်စွပ်ကို ပွတ်သပ်ရင်း အဆောင်များကို အချိန်မရွေးဆွဲထုတ်ရန် အသင့်ဖြစ်နေသည်။

"ခင်ဗျားကဘယ်သူလဲ၊ ကျုပ်ဆီက ဘာလိုချင်လို့လဲ"

အမျိုးသမီး၏နှုတ်ခမ်းများက အနည်းငယ်ကွေးသွားပြီး ခပ်ရေးရေးအပြုံးနှင့်အတူ ပတ်၀န်းကျင်က မက်မွန်ပန်းများက သူမ၏ တလဲသီးရောင်စကတ်အောက်၌ ဦးညွတ်နေသည့်အလား လှုပ်ယမ်းနေကြ၏။

"ကျွန်မက ကျိုးပိုင်လုပါ၊ ရှင့်ကျွန်မအကြောင်းကို မြို့ထဲမှာရှာတွေ့နိုင်မှာမဟုတ်ဘူး၊ ဒီတော့ ကျွန်မအကြောင်းကိုလည်း သိချင်နေမှာပေါ့"

"ဘာလို့ရှင့်ကိုလာရှာရတာလဲဆိုတာကတော့....." ကျိုးပိုင်လု မေးစေ့ပေါ် လက်ချောင်းတစ်ချောင်နင်းပြီး အနည်းငယ်ခေါင်းမော့ကာ တွေးနေသည်။

"ဘာမှတော့မဟုတ်ပါဘူး၊ ရှင့်ကိုတွေ့ချင်ပြီး တခြားသူတွေနဲ့ ဘယ်လိုများကွဲပြားနေသလဲဆိုတာ ရှာဖွေချင်ရုံပါပဲ"

ကျိုးပိုင်လု!

မုဖူရှန်းအနည်းငယ်မျက်မှောင်ကြုတ်သည်။

ဒီအမျိုးသမီးက သာမန်လူတစ်ယောက်မဟုတ်ဟု သူထင်ခဲ့သော်လည်း သူမက သူ့လမ်းကြောင်းကို တိုက်ရိုက်တွက်ချက်ပြီး ကြိုတင်ကြားဖြတ်ပစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ကျိုးပိုင်လု၏ အန္တရာယ်အဆင့်က ယခု မုဖူရှန်း၏စိတ်ထဲတွင် အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်၍ရနေပြီဟု ဆို၍ရသည်။

ထိုအချိန်တွင် မုဖူရှန်းပြုံးသည်။

"အရှင်မင်းသမီးမှာ ဒီငယ်သားမု အထူးကိစ္စမရှိဘူးဆိုမှတော့ ကျွန်တော်အရင်ထွက်သွားပါတော့မယ်"

ထိုသို့ပြောပြီးနောက် မုဖူရှန်းလှည့်ပင်မကြည့်ဘဲ ခြံ၀င်းဆီသို့ လျှောက်သွားလေတော့သည်။

ကျိုးပိုင်လုကလည်း သူ့ကိုမတားပေ။

မုဖူရှန်း၏ဆုတ်ခွာသွားသည့်ပုံရိပ်ကို ကြည့်ရင်း သူမ၏မျက်လုံးများက စူးရှနေပြီး အရာအားလုံးကိုမြင်နိုင်သည့်အလား အနက်ပိုင်း၌ ရွှေရောင်အလင်းတစ်ချက် လင်း၀င်းသွား၏။

"ဒီလိုနက်နဲလှတဲ့ဖုံးကွယ်မှုက.... အတော်လေးစိတ်၀င်စားစရာပဲ"

ထိုသို့ဆိုပြီးနောက် သူမကလည်း ပန်းပွင့်တစ်ပွင့်အဖြစ် ပြောင်းကာ ထိုနေရာမှ ထွက်သွားလေတော့သည်။

မုဖူရှန်းကမူ သူမနှင့်မသက်ချင်ဘူးဟူသောမူအတိုင်း လုပ်ဆောင်နေသည်။ သူအမြန်ထွက်သွားနိုင်လေလေ၊ ပိုကောင်းလေလေပင်။

တစ်ချိန်တည်းမှာပင် သူမ၏စကားအား စိတ်ထဲကနေ ဆက်တွေးနေခဲ့သည်။

သူဒီကို အတိအကျဘာအတွက်လာရတာလဲ!

သူ့ကို အိမ်ရှေ့မင်းသားစေလွှတ်လိုက်တာလား!

ဒါမှမဟုတ် ငါ့ကိုစမ်းသပ်ချင်ရုံပဲလား!

ဒီအရာများအပေါ်သူမသေချာပေ။

သို့သော် တစ်ခုကတော့ လုံး၀သေချာသည်။

ဒါက သူ့တာ၀န်ကို အမြန်ဆုံးပြီးမြောက်ရန်နှင့် ဤနေရာသို့ မည်သောအခါမှ ပြန်မလာတော့ခြင်းပင်ဖြစ်သည်။

ခြံ၀င်းထဲတွင် မုဖူရှန်း စုဆောင်းခဲ့သည့် သတင်းအချက်အလက်များအား ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ကို ပြန်ပြောပြသည်။

ဖန်ချန်းစိတ်၀င်စားနေပုံရသည်။

"အဲဒီကျိုးပိုင်လုက အရမ်းလှတယ်မလား"

မုဖူရှန်းမသိစိတ်က ခေါင်းညိတ်လိုက်မိသည်။

ရှောင်ဟိုင် မုဖူရှန်းအား စိုက်ကြည့်လိုက်၏။

"ဂျူနီယာညီလေးမု ချစ်မိသွားတာလား၊ ဒါဆိုရင်တော့ အချိန်ကျလာတဲ့အခါကျရင် မင်းရဲ့ စီနီယာအစ်ကိုက မင်းကို ကူညီမှာပါ"

မုဖူရှန်းသတိလစ်မတတ်ပင်။

အစ်ကိုကြီး၊ ကျုပ်ဒီကနေ လွတ်မြောက်ဖို့တောင် မလွယ်ခဲ့ဘူး၊ ဒါကို အစ်ကိုက ထပ်ကစားစေချင်သေးတာလား!

"ကျေးဇူးပြုပြီး ဒါကိုရှုပ်ထွေးအောင် မလုပ်ပါနဲ့၊ ကျွန်တော်တို့တာ၀န်ကို အမြန်ပြီးအောင်လုပ်ပြီး ထွက်သွားကြရအောင်"

မုဖူရှန်း ရှောင်ဟိုင်အား ဒူးထောက်လုမတတ်ပင်။

All Chapters