← Chapters

အင်ပါယာနန်းတော်သို့ ၀င်ရောက်ခြင်း

Vol. 94 Ch. 1329

အင်ပါယာနန်းတော်သို့ ၀င်ရောက်ခြင်း

Vol. 94 Ch. 1329

တတိယနေ့

ဒီကာလအတောအတွင်း မုဖူရှန်း နောက်တစ်ကြိမ် အပြင်ထွက်ခဲ့ပေ။

ထိုစဉ် အိမ်ရှေ့မင်းသားဆီက စာတစ်စောင်ရရှိခဲ့သည်။

စစ်ရေးပြပွဲအတွက် ပြင်ဆင်ရန် နတ်မင်းဆက်ဧကရာဇ်က အင်ပါယာနန်းတွင်း၌ စားတော်ပွဲတစ်ခုကို စီစဉ်ပြီး သူတို့အား နန်းတော်သို့ ဖိတ်ကြားခဲ့သည်။

ဒါကငြင်းပယ်၍မရနိုင်သည့် အရာတစ်ခုပေတည်း။

သူတို့အုပ်စုခြံ၀င်းထဲကနေ ထွက်လာသောအခါ အပြင်၌ လှည်းတစ်စီးက အသင့်စောင့်နေခဲ့သည်။

အစောင့်တစ်ယောက်က သူတို့အားဦးညွတ်ပြီးပြောသည်။

"ဧည့်သည့်သုံးယောက်၊ ကျေးဇူးပြုပြီး လှည်းထဲကိုအမြန်၀င်ကြပါ၊ နန်းတွင်းစားတော်ပွဲကို မနှောင့်နှေးသင့်ပါဘူး"

သူတို့သုံးယောက်ခေါင်းညိတ်ကာ လှည်းပေါ်တက်ပြီးနောက် နန်းတော်သို့ ဦးတည်လိုက်ကြ၏။

နဂါးကိုးကောင်အင်ပါယာနန်းတော်က ကျိုးလုံမြို့အလယ်တွင် တည်ရှိသည်။

သူတို့ နန်းတော်နှင့် မိုင်တစ်ရာအကွာသို့ ရောက်လာသောအခါ ဤနေရာက လုံး၀ပျံသန်းမှုတားမြစ်ဇုန်ထဲရှိနေပြီဖြစ်ပြီး ဘိုးဘေးနယ်ပယ်ကလူများအတွက်ပင်လျှင် လမ်းလျှောက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိပေ။

တစ်ချိန်တည်းမှာပင် နဂါးကိုးကောင်နတ်မင်းဆက်က နတ်ဟူသောနာမည်နှင့် အမှန်တကယ်ကို လိုက်ဖက်ကိုက်ညီသည်။

နန်းတော်အား တိမ်နှင့်မြူများက ၀န်းရံထားပြီး ဧရာမနန်းတော်တံခါးမကြီးအား အာဏာပိုင်များမှ အားကောင်းသည့်အော်ရာတစ်ခုကို ထုတ်လွှတ်နေသည့် ရွှေနဂါးရုပ်များနှင့် အလှဆင်ထားသည်။ လှည်းက တံခါးထဲ၀င်သွားသောအခါ လုံခြုံမှုကို အပြည့်အ၀ခံစားနိုင်သည်။

ရောက်လာသည်နှင့် လူတိုင်း အင်မတန်တင်းကျပ်သည့် စစ်ဆေးမှုတစ်ခုကို ဖြတ်ကျော်ရသည်။ ‌

ရှေ့သို့သွားနေရင်း ဖန်ချန်း လှည်းတံခါးမှ ကန့်လန့်ကာကိုမကာ လှည့်ပတ်ကြည့်လိုက်၏။ ရှည်လျားသည့် ကျောက်တိုင်များက ဘေးနှစ်ဘက်စလုံးတွင်ရှိနေပြီး ရှေးဧကရာဇ်များ၏ အမည်နှင့် ဂုဏ်ထူးဆောင်လုပ်ရပ်များကို ရေးထွင်းထားကာ နံရံများကိုမူ ထူထဲသည့် အထူးအုတ်များနှင့် တည်ဆောက်ထားသည်။ အနီးတစ်၀ိုက်တွင် ရှားပါးသားရဲများ၏ ရုပ်တုများမှ အားကောင်းသည့် သွေးကြောစွမ်းအားများ ထုတ်လွှတ်နေသည်။

ရှေ့သို့သွားနေစဉ် သူတို့မြင့်မားသည့်နံရံများကို တစ်ခုပြီးတစ်ခုဖြတ်သွားပြီး နောက်ဆုံးတွင် အစောင့်က လှည်းတံခါးဘောင်အား ခေါက်ကာ တိုးတိုးလေးပြောသည်။

"ခင်ဗျားတို့သုံးယောက် အခုဆင်းလာလို့ရပါပြီ၊ ဒီလူအုပ်စုနောက်ကပဲလိုက်သွားကြပါ၊ ဒါပေမယ့် တခြားဘယ်ကိုမှ မသွားဖို့ သတိရပါ၊ တကယ်လို့ အဖမ်းခံရရင် နန်း‌တွင်းအစောင့်တွေက ခင်ဗျားတို့ကို သနားကရုဏာမရှိဘဲ ကွပ်မျက်ပစ်လိမ့်မယ်"

မုဖူရှန်းနှင့် သူ့အဖော်များ လှည်းထဲကနေ ဆင်းလာပြီး ပန်းထိုးထားသည့်၀တ်ရုံများအား ၀တ်ဆင်ထားကြစဉ် ၀န်ကြီးတစ်ချို့နှင့်အတူ ရှေ့သို့လိုက်ပါသွားသည်။

ထို၀န်ကြီးများကလည်း သူတို့သုံးယောက်ကို အကဲခတ်တိုင်းတာကြည့်နေပြီး သူတို့အကြောင်းကို သိထားကြသည့်အလား မည်သည့်အံ့ဩသင့်မှုကိုမှ မပြသပေ။

ဖန်ချန်းပြောသည်။

"ကြည့်ရတာဒီက အထက်တန်းပုဂ္ဂိုလ်တွေက ကျွန်တော်တို့ရဲ့တည်ရှိမှုကို သိနေတာ နည်းနည်းကြာပြီထင်တယ်"

မုဖူရှန်းတည်ငြိမ်စွာပြန်ပြောသည်။

"ဒါကသဘာ၀ကျပါတယ်၊ နဂါးကိုးကောင်နတ်မင်းဆက်ရဲ့ အတွင်းပိုင်းအရှုပ်အထွေးနဲ့ဆိုရင် ဆံပင်တစ်ပင်ဆွဲနှုတ်တာကတောင် တစ်ကိုယ်လုံးကို သက်ရောက်သလိုမျိုး အရာတိုင်းကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်တယ်လေ"

နာရီ၀က်ကြာလမ်းလျှောက်ပြီးနောက် သူတို့အုပ်စု နောက်ဆုံးတွင် အဓိကခန်းမသို့ ရောက်လာကြ၏။

ဘေးနှစ်ဘက်စလုံးတွင် စားပွဲများကို ပြင်ဆင်ထားလေပြီ။

ထိုစားပွဲများအား အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက သိမ်းပိုက်ထားကြသည်။

ရှည်လျားသည့်အနီရောင်ကော်ဇောလွှာအဆုံးရှိ လှေကားထစ်များထိပ်တွင် မြင့်မားသည့်ပလ္လင်တစ်ခုရှိပြီး ကြွယ်၀သည့် အင်မော်တယ်အော်ရာကို ထုတ်လွှတ်နေသော ထောင်ချီသည့်ကျောက်မျက်များနှင့် ထွင်းထုထားလေရာ တဖျပ်ဖျပ်လင်း၀င်းနေသည်။ ထိုင်ခုံနောက်က နံရံအား မရေမတွက်နိုင်လောက်သည့် ရှားပါးပန်းချီကားများနှင့် အလှဆင်ထားပြီး နဂါးနှင့်ဖီးနစ်ဗျတ်စောင်းတစ်ခုနှင့်အတူ ထပ်မံအလှဆင်ထားသေးသည်။ ဂီတပညာရှင်က တီးခတ်စဉ် အသံက ကောင်းကင်ဘုံတေးသွားအလား လေထုထဲတွင် ပြည့်နှက်သွား၏။

ဒါက ဧကရာဇ်၏ပလ္လင်ပေတည်း။

မုဖူရှန်းနှင့်သူ့လူများ၀င်လာသောအခါ မရေမတွက်နိုင်လောက်သည့် အကြည့်များက သူတို့ထံကျရောက်နေတာကို ချက်ချင်းခံစားရသည်။

မကြာမီ အိမ်ရှေ့မင်းသား ရှေ့ကနေ လက်ဟန်ပြသည်။

"ဒီကိုလာပြီး ငါ့နောက်မှာထိုင်ကြ"

အစက မုဖူရှန်းနောက်ဆုံးနန်းတွင် ထိုင်ရန် ငြင်းချင်သော်လည်း ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ တွန့်ဆုတ်မနေဘဲ သွားထိုင်တာကို မြင်ရသောအခါ သူဆန္ဒမရှိဖြတ်လျှောက်သွားရုံသာ တတ်နိုင်တော့သည်။

သူတို့အိမ်ရှေ့မင်းသားထံသို့ ဖြတ်သွားကြစဉ် မင်းသားသုံးနှင့် မင်းသားငါးတို့ကလည်း ထိုင်နေကြသည်။

ဒါ့အပြင် ပထမမင်းသားဖြစ်ပုံရသည့် လူသန်ကြီးတစ်ယောက်လည်းရှိသည်။

သို့သော် ဒီလူများက အာရုံစိုက်ရန် မထိုက်တန်ပါ။ မုဖူရှန်းအား အားကိုးရာမဲ့သွားစေတာက ကျိုးပိုင်လု သူတို့အကြား တိတ်ဆိတ်စွာ ထိုင်နေတာကို သတိထားမိခြင်းပင်။ သူ့ဖြတ်သွားသောအခါ ကျိုးပိုင်လုက သူ့အား အဓိပ္ပာယ်ရှိသည့် အကြည့်တစ်ခုကိုပင် ပေးဆောင်နေသည်။

သူတို့သုံးယောက် အိမ်ရှေ့မင်းသားနောက်တွင် ထိုင်လိုက်ကြ၏။

အိမ်ရှေ့မင်းသား သူတို့အား အပြုံးဖြင့် ကြည့်လိုက်သည်။

"ဘယ်လိုလဲ၊ ဖိအားခံစားရလား"

ရှောင်ဟိုင်ပြန်ချေပသည်။

"အိမ်ရှေ့မင်း‌သား ဖိအားတစ်ခုခုများ ခံစားရလို့လား"

အိမ်ရှေ့မင်းသားရယ်မောသည်။

"ငါအရမ်းလေပေါနေမိပြီထင်တယ်၊ နည်းနည်းလောက်စောင့်ပါဦး၊ လူတိုင်းဒီကို ရောက်တာနဲ့ ငါတို့စကြမှာပါ၊ နောက်ပိုင်း စိန်ခေါ်မှုတစ်ချို့ရှိလာနိုင်ပေမယ့် မင်းတို့မလိုချင်ရင် ငြင်းလို့ရတယ်"

သူတို့သုံးယောက်ခေါင်းညိတ်လိုက်ကြသည်။

နောက်တစ်နာရီအကြာတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိအားလုံးရောက်လာခဲ့ကြသည်။

ထိုအချိန်မှာပင် ခေါင်းလောင်းသံ၊ ဗုံသံများနှင့်အတူ အပြင်က ကျယ်လောင်စူးရှသည့် အသံတစ်သံထွက်လာသည်။

"ဧကရာဇ်ရောက်လာပါပြီ၊ အရာရှိတို့ ကြိုဆိုကြပါ"

ပလ္လင်ညာဘက်မှ ရွှေနဂါးဝတ်ရုံ၀တ်ထားသည့် လူတစ်ယောက်က ဂရုမစိုက်သည့်အမူအရာနှင့် စူးရှသည့်မျက်လုံးများနှင့် ထွက်လာပြီး ပလ္လင်ရှေ့ရောက်သောအခါ ထိုင်လိုက်၏။

အောက်က အရပ်ဘက်နှင့်စစ်ဘက်အရာရှိအားလုံး ဒူးထောက်လိုက်ကြ၏။

"အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်"

အိမ်ရှေ့မင်းသားကလည်း အလားတူလုပ်ဆောင်သည်။

မုဖူရှန်းနှင့်ကျန်နှစ်ယောက်က ဧကရာဇ်အား အနည်းငယ်ဦးညွတ်လိုက်သော်လည်း ဒူးမထောက်ခဲ့ကြပေ။

မကြာမီ ဒီမြင်ကွင်းက တခြားသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

အရပ်ဘက်နှင့်စစ်ဘက်အရာရှိများက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကြ၏။

အောက်တွင်ထိုင်နေသည့် ပထမမင်းသား တိုက်ရိုက်ပင်အော်ဟစ်သည်။

"ဘယ်လိုတောင်ရိုင်းပျရဲတာလဲ၊ မင်းတို့ ဧကရာဇ်ရှေ့မှာ ဘာလို့ဒူးမထောက်ကြသေးတာလဲ"

ရှောင်ဟိုင် တည်ငြိမ်ကာ မဆုတ်မနစ်အသံဖြင့်ပြန်ဖြေသည်။

"ကျုပ်တို့က နတ်မင်းဆက်က တိုင်းသူပြည်သားတွေမဟုတ်ပါဘူး၊ ကျုပ်တို့ ဧကရာဇ်ကိုလေးစားပေမယ့် သူက မိဘလည်းမဟုတ်သလို ဆရာလည်းမဟုတ်ဘူးလေ၊ ဘာလို့ဒူးထောက်ရမှာလဲ"

မိုးနှင့်မြေပင်လျှင် ရှောင်ဟိုင်နှင့်ကျန်သောသူများအား ဒူးထောက်အောင် မလုပ်နိုင်လေရာ နတ်မင်းဆက်က ဧကရာဇ်လေးတစ်ပါးက ဘယ်လိုလုပ်နိုင်မည်နည်း။

ပထမမင်းသားမှာ ဒေါသတကြီးအော်ဟစ်သည်။

"ရဲတင်းလိုက်တာ၊ အစောင့်တွေ၊ ဒီရိုးပျတဲ့အရူးတွေကို ဖမ်းလိုက်စမ်း"

အိမ်ရှေ့မင်းသားမှာ ပထမမင်းသားအား အနည်းငယ်မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

ထိုအချိန်မှာပင် ဧကရာဇ်၏အသံထွက်လာသည်။

"ဝိဉာဉ်အနှစ်သာရကျောင်းတော်က ပါရမီရှင်တွေ ဒူးထောက်စရာမလိုဘူး၊ သံတမန်ကျင့်၀တ်ကို မဖျက်ဆီးနဲ့"

ယင်းနောက်တွင်သာ ပထမမင်းသားခေါင်းညိတ်လိုက်သည်။

ဧကရာဇ်မှာ ရှောင်ဟိုင်နှင့် ကျန်သောသူများအား ကြည့်ကာ အသိအမှတ်ပြုသည့်အသွင် ခေါင်းညိတ်သည်။

"ဝိဉာဉ်အနှစ်သာရကျောင်းတော်က ပါရမီရှင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်ပါပေတယ်၊ အိမ်ရှေ့မင်းသားက မင်းတို့အကြောင်း မကြာခဏဆိုသလိုချီးမွမ်းခဲ့ပြီး ဒီနေ့မင်းတို့ကို မြင်လိုက်ရတော့ ဒီဂုဏ်ပုဒ်တကယ် ထိုက်တန်တဲ့ပုံပဲ"

"အရှင်မင်းကြီး အရမ်းကြင်နာလွန်းနေပါပြီ"

"ကောင်းပြီ၊ ငါ့ရဲ့ချစ်လှစွာသောအရာရှိတို့၊ ကျေးဇူးပြုပြီး ထိုင်ကြပါ" ဧကရာဇ် လက်ဝှေ့ယမ်းသောအခါ ချက်ချင်းဆိုဟလို လူတိုင်း သူတို့ခန္ဓာအား ခုခံ၍မရနိုင်သည့် လက်တစ်ဖက်က မလိုက်ပြီး ရှည်လျားသည့် စားပွဲရှေ့တွင် ဖိချလိုက်သလို ခံစားလိုက်ရသည်။

"ဒီနေ့ တိုင်းပြည်ရေးကိစ္စတွေကို မဆွေးနွေးဘဲ လာမယ့်စစ်ရေးပြင်ဆင်ခြင်းလေ့ကျင့်မှုအကြောင်း ဆွေးနေကြမယ်၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လူတိုင်းဘာပြောမလဲဆိုတာ ငါကြားချင်တယ်"

စစ်ရေးပြင်ဆင်ခြင်းလေ့ကျင့်မှုက နဂါးကိုးကောင်နတ်မင်းဆက်၌ ဆယ်နှစ်တစ်ကြိမ် ဖြစ်ပေါ်လာတတ်သည့် ပုံသေဖြစ်ရပ်တစ်ခုပေတည်း။

ဤအရာအား စစ်တပ်အင်အားကို စမ်းသပ်ရန်မတွက်လည်း လုပ်ဆောင်သည်။

မေးမြန်းစုံစမ်းပြီးနောက် ဧကရာဇ် အိမ်ရှေ့မင်းသားအောက်တွင် ထိုင်နေသည့် ကျိုးပိုင်လုအား ကြည့်ကာ ပြုံးလိုက်၏။

"ပိုင်လု၊ ဒီလိုစားတော်ပွဲမျိုး သမီးတော်တက်ရောက်တာကို မမြင်ရတာတောင် နှစ်အတော်ကြာနေပြီ၊ ဒီနေ့ဘယ်အရာကများ ဒီကိုလာဖို့ သမီးကို ဆုံးဖြတ်စေခဲ့တာလဲ"

ဤနေရာတွင် အရပ်ဘက်နှင့်စစ်ဘက်အရာရှိများကလည်း ပိုင်လုအား သိချင်စိတ်ဖြင့် ကြည့်နေကြသည်။

တကယ်တမ်းတွင် ဒုတိယသမီးတော်တဖြစ်လဲ ကျိုးပိုင်လုက အမြဲလိုလိုလွတ်လပ်သည့် တည်ရှိမှုတစ်ခုသာဖြစ်ခဲ့သည်။

သူမက ထူးခြားသည့်ပါရမီကို ပိုင်ဆိုင်ထားသော်လည်း အာရုံစိုက်မှုအတွက် မည်သောအခါမှ ယှဉ်ပြိုင်ခြင်းမရှိပေ။

ဒါ့အပြင် လူကြားထဲတွင်လည်း ပေါ်လာခဲသည်။

ယခုလိုစားတော်ပွဲမျိုးကို တက်ရောက်မည်ကိုမူ ပြောနေစရာပင်မလိုတော့။

တစ်ချိန်တည်းမှာပင် မုဖူရှန်း ရုတ်တရက် မကောင်းသည့်ခံစားချက်တစ်ခုကို ရနေသည်။

မဖြစ်နိုင်လောက်ပါဘူး......!

သို့သော် ကျိုးပိုင်လု အပြုံးရေးရေးနှင့်အတူ နှုတ်ခန်းများကို ကွေးရင်း မျက်လုံးများမှ အမည်းစက်လေးက အတော်လေး ဆွဲဆောင်မှုရှိနေသည်။

"သမီးတော် လူတစ်ယောက်အကြောင်း သိချင်လို့ လာခဲ့တာပါ"

လူတစ်ယောက်အကြောင်းသိချင်တာလား!

လူတိုင်းအံ့ဩသင့်သွားကြ၏။

ကျိုးပိုင်လုက တစ်ယောက်ယောက်ကို ဘယ်တုန်းက သိချင်စိတ်ဖြစ်သွားတာလဲ!

အိမ်ရှေ့မင်းသားသာလျှင် ပါးစပ်ထောင့်စွန်းအား အနည်းငယ်ပင့်လိုက်မိသည်။ ကျိုးပိုင်လု ဘယ်သူ့ကို ရည်ညွှန်းနေသလဲဆိုတာကို သူသိပါသည်။

သိချင်စိတ်ဖြင့် ဧကရာဇ်မေးသည်။

"သမီးတော်ကို စိတ်၀င်စားစေတဲ့လူက ဘယ်သူများလဲ"

ကျိုးပိုင်လုခပ်ရေးရေးသာပြုံးပြီး မဖြေခဲ့ပေ။ သို့သော် ထိုအမျိုးသမီး၏အကြည့်က သူ့ထံကျရောက်နေတာကို မုဖူရှန်း ရှင်းရှင်းလင်းလင်းခံစားနိုင်သည်။

"အရှင်မင်းကြီး၊ သမီးတော်အခုဒါကို လျှိုဝှက်ထားပါရစေ၊ အချိန်တန်ရင်တော့ သိလာကြမှာပါ"

မုဖူရှန်းနောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။

သို့သော်သူအနည်းငယ်စိတ်တိုသွားသည်။ ဘာလို့ဒီမိန်းမက ငါ့ကိုစွဲလမ်းနေရတာတုန်း!

အရင်ဖြစ်ရပ်များကို ပြန်တွေးကြည့်ပါကလည်း မုဖူရှန်း သူမအားစော်ကားနာကျင်စေရန်အတွက် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။

All Chapters