← Chapters

ပွဲတော်ထဲရှိ ညီအစ်ကိုသုံးဦး၊ ကျိုးပိုင်လု နောက်ကျောကို ဓားနှင့်ထိုးခြင်း

Vol. 94 Ch. 1330

ပွဲတော်ထဲရှိ ညီအစ်ကိုသုံးဦး၊ ကျိုးပိုင်လု နောက်ကျောကို ဓားနှင့်ထိုးခြင်း

Vol. 94 Ch. 1330

စစ်ရေးစွမ်းအားပြပွဲက စစ်တပ်အင်အားကို စမ်းသပ်မှုတစ်ခုတင်မဟုတ်ဘဲ ပတ်၀န်းကျင်က အင်အားစုများအား လေ့လာစောင့်ကြည့်နိုင်ရန်အတွက်လည်း ဖိတ်ကြားထားခြင်းဖြစ်သည်။

ဒါကတိုင်းပြည်အင်အားကို ပြသရန်နှင့် နဂါးကိုးကောင်နတ်မင်းဆက်၏ ကြီးထွားလာနေသည့် စွမ်းအားအကြောင်းကိုလည်း နားလည်စေပြီး ဤနည်းလမ်းနှင့်အတူ ထိုအင်အားစုများအား ဟန့်တားလိုခြင်းပင်။

တစ်ချိန်တည်းမှာပင် ဒါက တိုင်းပြည်တစ်ပြည်၏ ဂုဏ်သိက္ခာကိုပါ တိုးမြှင့်စေသည်။

ဗုဒ္ဓကာကွယ်သူများနှင့်ဆင်တူသည့် ဤယုံကြည်မှုစွမ်းအားမျိုးက ဟုန်ရင် ဦးတည်ရည်ရွယ်နေသည့်အရာပင်။

ဤစားတော်ပွဲ၏ နောက်ထပ်ရည်ရွယ်ချက်တစ်ခုက အနီးအနားက ဒေသများမှ အာဏာပိုင်များအား ဖျော်ဖြေရန်ဖြစ်သည်။

ပလ္လင်ညာဘက်တွင် ထိုင်ကြသောသူများက အနီးအနားက အင်အားစုများမှ အဓိကပုဂ္ဂိုလ်များနှင့် သူတို့၏ ပါရမီရှင်တပည့်များဖြစ်ကြသည်။

သို့သော် ဒီတစ်ကြိမ်တွင် မတူတာက တျန်းဂျီတိုက်ကြီး၏ အဓိကနတ်မင်းဆက်နှစ်ဆက်နှစ်ခုထဲက တစ်ခုဖြစ်သည့် ရွှမ်ဝူနတ်မင်းဆက်ကလည်း ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ခြင်းပင်။

"ဒီပွဲတော်မှာ ဒုတိယမင်းသမီးကို တွေ့ခွင့်ရမယ်လို့ ဘယ်သူထင်ထားမိမှာလဲ၊ ဒါက တကယ်ကို ထိုက်တန်တဲ့ခရီးစဉ်တစ်ခုပါပဲ" အစိမ်းရင့်ရောင်၀တ်စုံ၀တ်ထားသည့် ကြောရှင်းသောလူတစ်ယောက်မှာ ညာဘက် ပထမနေရာကနေ ကျိုးပိုင်လုအား စိုက်ကြည့်ရင်း အော်ဟစ်လိုက်၏။

ရွှမ်ဝူနတ်မင်းဆက်၏ သူတော်စင်သားတော်က ရွယ်တူမျိုးဆက်တွင် ထောင်စုနှစ်အတွင်း ရှားပါးသည့်ပါရမီရှင်တစ်ဦးဖြစ်သည်။

သူက လိပ်နက်သွေးကြောကို အပြည့်အ၀ နိုးထစေခဲ့သည့် ပါရမီရှင်လည်းဖြစ်သဖြင့် သူက ရွှမ်ဝူနတ်မင်းဆက်၏ သံသယမရှိ အိမ်ရှေ့မင်းသားဖြစ်လာမည်သာ။

ဒါ့အပြင် ကျိုးပိုင်လုအပေါ် ရွှမ်ယန်၏ ချစ်ခင်မှုက တျန်းဂျီတိုက်က လူတိုင်းသိသည့် အကြောင်းအရာတစ်ခုပင်။

သို့သော် မည်သည့်အမျိုးသားကများ ကျိုးပိုင်လုကို လက်ထပ်ရန်ဆန္ဒမရှိမည်နည်း။

သူမကအင်မတန်ပါရမီရှိပြီး စွမ်းအားရှိသည့် နောက်ခံကနေလာကာ ကောင်းကင်အင်မော်တယ်တစ်ပါးပမာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည်။

မုဖူရှန်းကတော့ခြွင်းချက်ဖြစ်သည်။

တျန်းဂျီတိုက်ကြီးမှာထိပ်တန်းပါရမီရှင်များထဲက တစ်ဦးဖြစ်သည့် သူတော်စင်သားတော်၏ ချီးမွမ်းခြင်းကို ရင်ဆိုင်ရသည့်တိုင် ကျိုးပိုင်လု မည်သည့်တုံ့ပြန်မှုကိုမှ မဖော်ပြခဲ့ပေ။

ဒီမြင်ကွင်းက သာမန်တုံ့ပြန်မှုတစ်ခုအလား မည်သူ့ကိုမှ အံ့ဩသင့်သွားစေခြင်းမရှိချေ။

ရွှမ်ဝူသူတော်စင်သားတော်ကလည်း ညင်သာစွာသာပြုံးလိုက်၏။

ဘေးကရှောင်ဟိုင် မုဖူရှန်းအားပြုံးပြရင်း တီးတိုးပြောသည်။

"ကြည့်ရတာ ဂျူနီယာညီလေးမု၊ မင်းမှာပြိုင်ဘက်တွေအများကြီးရှိပုံပဲ"

မုဖူရှန်းလေးနက်စွာခေါင်းညိတ်သည်။

"ဒါကြောင့်လည်း ဒုတိယမင်းသမီးနဲ့ ခပ်ဝေးဝေးနေဖို့ ပိုတောင်လိုအပ်တာ၊ သူနဲ့ လုံးဝမတွေ့တာက အကောင်းဆုံးပဲ"

ဖန်ချန်း မုဖူရှန်းအားစိတ်ရှုပ်ထွေးစွာ ကြည့်သည်။

"စီနီယာအစ်ကိုမု၊ အစ်ကိုတကယ်ပဲ ဘယ်တော့မှ လက်တွဲဖော်တစ်ယောက်မရှာဖို့အတွက် အလေးအနက်စီစဉ်နေတာတော့ မဟုတ်ပါဘူးနော်"

"သေချာတာပေါ့" မုဖူရှန်း ဖန်ချန်းအား အပြစ်ကင်းစင်စွာတုံ့ပြန်သည်။

"ငါခြိမ်းခြောက်မှုလုံး၀မရှိတော့တဲ့ အဆင့်တစ်ခုအထိ ကျင့်ကြံပြီးမှသာ လက်တွဲဖော်တစ်ယောက်ရှာဖို့စဉ်းစားမှာ၊ မဟုတ်ဘူးဆိုရင် ဘာလို့အန္တရာယ်ကို ဖိတ်ခေါ်နေရမှာလဲ"

ဖန်ချန်း "......"

ရှောင်ဟိုင် "....."

ဆရာ မုဖူရှန်းကို အရမ်းတန်ဖိုးထားတာ အံ့ဩစရာမရှိတော့ပါဘူး၊ သူ့ပင်ကိုယ်စရိုက်ကိုက ဆရာနဲ့အတိအကျတူနေတာကိုး!

သို့သော် မင်းသားသုံးရုတ်တရက်ထရပ်ကာ အနီရောင်ကော်ဇောပေါ်က လျှောက်လာပြီး ဧကရာဇ်ရှေ့တွင်ဦးညွတ်သည်။

"ဖခမည်းတော်၊ စားတော်ပွဲမှာ စားသောက်နေရုံမျှဆိုရင် အရမ်းငြီးငွေ့စရာကောင်းတယ်လေ"

အဓိကပွဲကစတင်လေပြီ။

လူတိုင်း တတိယမင်းသားထံ အကြည့်ပို့လွှတ်လိုက်ကြ၏။

ဧကရာဇ် ခပ်ပြင်းပြင်းဝိုင်တစ်ခွက် သောက်လိုက်ပြီး မင်းသားသုံးအား ထူးမခြားနားစွာကြည့်သည်။

"အိုး၊ ဒါဆိုမင်းဘာလုပ်ချင်လဲ"

မင်းသားသုံးလက်အစုံကို ဆန့်လိုက်ပြီးနောက် အပြုံးဖြင့်ပြောလာသည်။

"သားတော်တို့ နတ်မင်းဆက်ရဲ့ စစ်အင်အားပြပွဲကို မျက်မြင်တွေ့နိုင်ဖို့အတွက် အင်အားစုများစွာက အဝေးကြီးကနေ ခရီးထွက်လာခဲ့ကြတာလေ၊ ဒါပေမယ့် သားတော်တို့ရဲ့ ပါရမီရှင်လူငယ်အများစုမှာ ပါ၀င်ဖို့အခွင့်အလမ်းမရှိကြတော့ စစ်ရေးပြပွဲမှာ သားတော်တို့အစွမ်းကုန် ပြသနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် အားလုံးစုဝေးနေချိန်မှာ ဒီအခွင့်အလမ်းကိုယူပြီး ခင်မင်ရင်းနှီးတဲ့ ယှဉ်ပြိုင်ပွဲတစ်ခုလုပ်ဖို့ သားတော်အဆိုပြုလိုပါတယ်၊ ဒီလိုဆိုရင် စားတော်ပွဲက ပိုပြီးအသက်၀င်လာလိမ့်မယ်"

စားတော်ပွဲ၊ ပြိုင်ဘက်အင်အားစုများနှင့် ခင်မင်ရင်းနှီးသောယှဉ်ပြိုင်ပွဲ!

ဒါက မင်းသားသုံးဦး၏ အရင်ဟန်ပန်နှင့် အတူတူသာ။

ဒါကိုကြားသော် ဧကရာဇ်အနည်းငယ် ခေါင်းညိတ်သည်။

"မင်းပြောတာမှန်တယ်၊ ဒါဆိုမင်းအကြံပေးသလိုစတင်လိုက်ကြရအောင်၊ ဒီကာလအတွင်း မင်းရဲ့ကျင့်ကြံမှုကို ငါလျစ်လျူရှုထားမိသလားဆိုတာ ကြည့်ကြည့်တာပေါ့"

"ပြီးတော့ မင်းဆန္ဒရှိရင် နည်းနည်းလေးထပ်ဖြည့်လို့ရတယ်၊ ဒီပြိုင်ပွဲတွေမှာ အရှုံးမရှိအနိုင်ရသူရှိလာခဲ့ရင် ငါနယ်မြေတစ်ခုနဲ့ ဂုဏ်ပြုရာနေရာတစ်ခုပေးနိုင်တယ်" ဧကရာဇ်ဆက်ပြောသည်။

တတိယမင်းသားဦးညွတ်လိုက်သည်။

"ကျေးဇူးပါ၊ ဖခမည်းတော်"

ထို့နောက်သူလူအုပ်စုအားပြောကြားသည်။

"ဂုဏ်သရေရှိဧည့်သည့်အပေါင်းတို့၊ ကျုပ် တစ်ဘက်စီက တစ်ဦးချင်းစိန်ခေါ်မှုစည်းမျဉ်းကိုပဲ ကျင့်သုံးကြမလား"

ထိုစကားလုံးများပြောလိုက်သောအခါ ပြည်ပအင်အားစုများထိုင်နေသည့် ညာဘက်က လူတစ်ယောက်အပြုံးနှင့်အတူ ထရပ်လာသည်။

"ဒါ‌ဆို ကျုပ်ကို နတ်မင်းဆက်က ပါရမီရှင်တွေရဲ့ခွန်အားကို ပထမဆုံးခံစားခွင့်ပေးပါဦး"

ထိုလူကိုမြင်သော် နတ်မင်းဆက်မှ လူတစ်ချို့မှာ အနည်းငယ်ထိတ်လန့်သွားကြ၏။

"ကျောင်းဟွားစံအိမ်ရဲ့သခင်လေး ကျောင်းမင်၊ ထောက်လှမ်းရေးသတင်းအရ သူအချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံခဲ့နေတယ်ဆိုတော့ အခုထွက်လာတော့ သူ့ အဆင့်ချိုးဖျက်ခဲ့လောက်တယ်" သူတို့မှတ်ချက်ပြုကြသည်။

"ကြည့်ရတာ သူနတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်သွားပုံပဲ၊ နတ်မင်းဆက်မှာတောင် သူ့ကို ထိပ်တန်းပါရမီရှင်တစ်ယောက်လို့သတ်မှတ်လို့ရတယ်"

"သူဘယ်သူ့ကို စိန်ခေါ်ချင်လဲ‌ဆိုတာ ကြည့်ကြရအောင်"

ကျောင်းဟွားစံအိမ်ကို ပထမတန်းစားအဆင့်၏ အစွန်း၌ရှိနေသည့် အင်အားစုတစ်ခုအဖြစ် မှတ်ယူ၍ရသည်။

တစ်ချိန်တည်းမှာပင် ဒါက နဂါးကိုးကောင်နတ်မင်းဆက်အောက်က လက်ပါးစေအင်အားစုတစ်ခုလည်းဖြစ်သည်။

သို့စေကာမူ ကျောင်းမင်၏အကြည့်က အိမ်ရှေ့မင်းသားရှိရာသို့ တိုက်ရိုက်ကျသွားပြီး ပြုံးလိုက်လေသည်။

"ကျုပ် မကြာသေးခင်ကမှ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာခဲ့ပြီး မင်းသားကိုးက အိမ်ရှေ့မင်းသား‌ရာထူးကို တက်သွားခဲ့တယ်လို့ ကြားခဲ့ရတယ်၊ ဒီလိုဆိုမှတော့ ကျုပ်အိမ်ရှေ့မင်းသားလက်အောက်က လူတွေကို စိန်ခေါ်သင့်တာပေါ့"

အိမ်ရှေ့မင်းသား၏ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးတက်သွား၏။

ရည်ရွယ်ချက်က အတော်လေးသိသာလွန်းသည်။

သို့သော် တစ်ဖက်လူတွင် သူတို့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရန်အတွက် ရည်ရွယ်ချက်မရှိပုံပင်။

မည်သို့ပင်ဆိုစေကာမူ မင်းသားသုံး၊ မင်းသားတစ်နှင့် မင်းသားငါးတို့ကလည်း သူ့ကိုပွင့်ပွင့်လင်းလင်း စစ်ကြေညာခဲ့သည်မှာ ကြာမြင့်နေလေပြီ။

လူအုပ်စုက ဒီဖြစ်ရပ်အပေါ် အံ့ဩသင့်သွားခြင်းမရှိကြပါ။ မင်းသားသုံးက ဤကိစ္စအား စတင်ခဲ့ခြင်းဖြစ်လေရာ အိမ်ရှေ့မင်းသားကို ပစ်မှတ်ထားနေခြင်းသာ။

အကယ်၍ အနိုင်မယူနိုင်လျှင်ပင် အနည်းဆုံးတော့ အိမ်ရှေ့မင်းသား၏ အခြေခံခွန်အားကို အတိုင်းအတာတစ်ခုအထိ တိုင်းတာ၍ရလောက်သည်။

အကယ်၍သူတို့သာနိုင်ပါက အိမ်ရှေ့မင်းသား၏ အာဏာလုပ်ပိုင်ခွင့်အား ဖျက်ဆီးနိုင်ပေလိမ့်မည်။

တကယ်တမ်းတွင် ဒါက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သတ်ခြင်းပေတည်း။

ကျောင်းမင် သူ့ကိုအရိုအသေပေး နှုတ်ဆက်တာကို မြင်ရသောအခါ အိမ်ရှေ့မင်းသားကလည်းပြုံးလိုက်သည်။

"ဒီပထမတိုက်ပွဲကို ငါ့ရဲ့နတ်မင်းဆက်က ငြင်းဆန်လို့မရပါဘူး၊ ဒါပေမယ့် ငါနဲ့အတူ လူအများကြီးမခေါ်လာခဲ့ဘူးဆိုတော့ မင်းတို့ထဲက ဘယ်တစ်ယောက် စင်ပေါ်တက်ချင်သလဲဆိုတာ ငါသိချင်မိတယ်" ထိုသို့ပြောရင်း အိမ်ရှေ့မင်းသား နောက်က လူများအား လှည့်ကြည့်လိုက်၏။

ရှောင်ဟိုင်နှင့်ကျန်နှစ်ယောက်အပြင် တခြားလူငယ်နှစ်ယောက်သာရှိသည်။

တစ်ယောက်က နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ဖြစ်ပြီး ကျန်တစ်ယောက်က နတ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။

သို့စေကာမူ မည်သူကမှ ချက်ချင်းမပြောခဲ့ပေ။

ပြိုင်ဘက်က နတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်လေရာ ပထမတစ်ယောက်က နိုင်နိုင်မည်မဟုတ်။ ဒါ့အပြင် ဒုတိတစ်ယောက်ကလည်း ပိုမြင့်မားသည့်ခွန်အားနှင့် အနိုင်ကျင့်သည်ဟု သံသယ၀င်ခံရလောက်သည်။

နယ်ပယ်သေးသေးလေးတစ်ခုကြားက ကွာဟချက်ကပင် အမှန်တကယ်ကြီးမားသည်။

တခြားတစ်ဘက်တွင် ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"ဒီတိုက်ပွဲက အဓိပ္ပာယ်မရှိဘူး"

သန့်စင်မိုးမျှော်စင်၌ ရှောင်ဟိုင်၏ရုပ်ခွန်အားက နတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်မှာ ကြာမြင့်နေလေပြီ။ ဒါ့အပြင် သူက ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က လူများကိုပင် ဖိနှိပ်နိုင်လေရာ နတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ဆိုတာက ပြောနေစရာပင်မလိုတော့။

ထို့နောက် ဖန်ချန်း မုဖူရှန်းကိုကြည့်လိုက်၏။

"စီနီယာအစ်ကိုမု"

မုဖူရှန်းဘာတစ်ခုမှ မကြားသည့်အလား ဝိုင်ကိုသာ တိတ်တိတ်လေးသောက်နေသည်။

လာနောက်နေတာလား!

ဒီမှာအင်အားစုတွေ အများကြီးရှိသလို လူတွေလည်းများတယ်လေ!

ငါသာဒီနေရာမှာလှုပ်ရှားမယ်ဆိုရင် ငါ့အရည်အချင်းတစ်ချို့ကို‌ ဖော်ပြရမယ်လို့ ဆိုလိုနေတာမလား!

သို့စေကာမူ မုဖူရှန်းတွင် ၎င်းကိုကိုင်တွယ်ရန်အတွက် ရည်ရွယ်ချက်မရှိခိုက် နဂါးနှင့်ဖီးနစ်ဗျပ်စောင်းသံထက် ပိုစွဲမက်ဖွယ်ကောင်းသည့်အသံတစ်သံက အရှေ့ဘယ်ဘက်ကနေ ထွက်လာခဲ့သည်။

"ကျွန်မလည်း တာအိုမိတ်ဆွေမုရဲ့ခွန်အားကို အတော်လေးစိတ်၀င်စားမိတယ်၊ ဘာပဲဆိုဆို အိမ်ရှေ့မင်းသားဘယ်မှာ သူ့စွမ်းအားကို ကျွန်မတစ်ခါမှ မကြားဖူးဘူး"

မုဖူရှန်းကြက်သေသေသွားပြီး ခေါင်းလှည့်လိုက်စဉ် နတ်ဆိုးဆန်သည့်ကစားဟန်တစ်ခု၏ အရိပ်ယောင်ကို သယ်ဆောင်ထားသည့် ရေကဲ့သို့ကြည်လင်သောမျက်လုံးများနှင် ဆုံစည်းသွားရသည်။

သူက ကျိုးပိုင်လုပေတည်း။

ထို့နောက် ကျိုးပိုင်လု၏မှတ်ချက်က ပွဲတက်လာသူအများအပြားအား သံသယမရှိ အကြီးအကျယ်စိတ်လှုပ်ရှားသွားစေသည်။

အိမ်ရှေ့မင်းသားလျှင်ပင် သူ့ကို ထူးဆန်းသည့်အကြည့်နှင့်ကြည့်လာသည်။

လိပ်နက်သူတော်စင်သားတော်၏မျက်လုံးများမှာ ချက်ချင်းအေးစက်သွားပြီး မုဖူရှန်းအား စိုက်ကြည့်လိုက်၏။

ကျိုးပိုင်လုက မည်သူ့ကိုမှ စိတ်မ၀င်စားဘူးဆိုတာ အားလုံးသိကြသည်။

သို့သော်ယနေ့တွင် သူမ တခြားတစ်ယောက်ယောက်အကြောင်းကို သိချင်သည့်အတွက်ကြောင့် ပွဲတက်လာခဲ့သည်ဟု ပြောခဲ့သည်။

ယခုတွင်မူ မုဖူရှန်း၏ခွန်အားကို သိချင်နေသည်ဟု ပြောနေပြန်သည်။

ဒီနှစ်ခုက ဆက်စပ်မနေဘူးလား!

ဧကရာဇ်ပင်လျှင် မုဖူရှန်းကို ဒုတိယတစ်ကြိမ် ကြည့်လိုက်မိသည်။

ဤလူငယ်လေးက ကျိုးပိုင်လု၏ စိတ်၀င်စားမှုကို စေ့ဆော်ရန်အတွက် မည်ကဲ့သို့ ထူးခြားသည့် အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားသလဲဆိုတာ မသိရသေးပေ။

All Chapters