← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း ၁ - စစ်ကမ္ဘာသို့ရောက်ရှိခြင်း

"ရှောင်ယု...ရှောင်ယု...မင်းသတိရလာပြီလား..."

ရှောင်ယုသည် သူသတိရလာသည်နှင့် ချောမောလှပပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး၏ အသံကိုကြားလိုက်ရသည့်အတွက်ကြောင့် သူ၏နှလုံးသားတစ်ခုလုံး တုန်ခါသွားခဲ့သည်။

"ဘယ်သူကငါ့က်ိုခေါ်နေတာလဲ...အသံကတော်တော်လေး နားဝင်ချိုတာပဲ"

လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူမြင်တွေ့ဖူးခဲ့သည့် နာမည်ကျော်မင်းသမီးများ၏ လှပသောမျက်နှာနှင့် အချိုးကျသောခန္ဓာကိုယ်အား တွေးမိရင်း ရှောင်ယုအနည်းငယ် ဂနာမငြိမ်ဖြစ်လာခဲ့သည်။

သို့သော် သူ၏မျက်လုံးများကို အားစိုက်၍ဖွင့်ကြည့်လိုက်ချိန်တွင် စူးရှသောနေရောင်ခြည်က အမြင်အာရုံထဲတိုးဝင်လာ၍ ခေါင်းကိုက်သွားခဲ့ရသည်။

"ဘာတွေဖြစ်နေတာလဲ...အား..."

ရှောင်ယုသည် သူ၏ခန္ဓာကိုယ်အား ရွေ့လျားရန်ကြိုးပမ်းလိုက်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံးကျိုးပဲ့နေသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။

"ငါ..ငါအခုဘယ်ကိုရောက်နေတာလဲ..."

ရှောင်ယုသည် နာကျင်မှုကိုကြိတ်မှိတ်ခံစားရင်း သူသည်"စစ်ကမ္ဘာ"ဟူသော ဂိမ်းတွင်ပါဝင်ယှည်ပြိုင်ကာ ချန်ပီယံဆုအား ဆွတ်ခူးခဲ့ကြောင်း သတိရသွားခဲ့သည်။ထို့နောက် ဂိမ်း၏တာဝန်ရှိသူတစ်ဦးက သူ့အားအခန်းငယ်တစ်ခုဆီ ခေါ်ဆောင်လာပြီးနောက်တွင် ရှောင်ယုသည် သတိမေ့သွားခဲ့ကာ ထိုအချိန်မှစ၍ မည်သည်ကိုမှ သတိမရတော့ပေ။

"သေစမ်း...အဲ့ဒီမန်နေဂျာဆိုတဲ့ကောင်က ငါ့ကိုသတိမေ့အောင်လုပ်ပြီး ငါ့ရဲ့ဆုတွေကိုလုယူသွားတာဖြစ်ရမယ်...ခွေးကောင် မင်းငါနဲ့ထပ်မတွေ့မိစေနဲ့.."

"ရှောင်ယု...မင်းအဆင်ပြေရဲ့လား..."

တူညီသောအသံသည် နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာသောကြောင့် ရှောင်ယုကသူသည် အိပ်မက်မက်နေခြင်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသဘောပေါက်လိုက်သည်။

"ထူးဆန်းတယ်...ငါအခုဘယ်ရောက်နေတာလဲ...ဒီအလှလေးကကော ဘယ်သူလဲ...ဒီလိုမျိုးတူညီတဲလေသံနဲ့လူတစ်ယောက်ကို ငါသိတယ်ဆိုပေမဲ့ ခုတော့မမှတ်မိတော့ဘူး...ငါအခုဆေးရုံကိုရောက်နေတာလား..."

ရှောင်ယုသည် မိမိကိုယ်ကိုမေးခွန်းပြန်ထုတ်ရင်း အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။

ခဏအကြာတွင် ရှောင်ယုသည် မျက်လုံးအစုံကိုအားစိုက်ဖွင့်ကြည့်လိုက်ရာ အလွန်ပင်လှပသော မျက်နှာလေးအားမြင်တွေ့လိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။

ထိုအမျိုးသမီး၏ နူးညံ့သိမ်မွေ့သောမျက်နှာပေါ်၌ ဝမ်းနည်းမှုများပြည့်နှက်နေသည့် မျက်လုံးတစ်စုံရှိပေသည်။သူမ၏ရှည်လျားသော မျက်တောင်များသည် အဆက်မပြတ်တုန်ခါနေသောကြောင့် သူမအား တမူထူးခြားစွာဆွဲဆောင်မှုရှိစေသည်။ထို့ပြင် သူမ၏ခန္ဓာကိုယ်မှနွေးထွေးသောအော်ရာများအား ထုတ်လွှတ်နေကာ ရှောင်ယုအား ချစ်ခင်ကြင်နာသော အကြည့်ဖြင့်စိုက်ကြည့်နေ၏။

"အိုး..သူမကဘယ်သူလဲ...ငါအရင်ကမိန်းမတွေအများကြီးတွေ့ဖူးတယ်ဆိုပေမဲ့...ဒီလိုမျိုးကျက်သရေရှိပြီး ချောမောလှပတဲ့ မိန်းကလေးမျိုးတစ်ခါမှ မတွေ့ဖူးဘူး...အလိုလေး....ဘုရားရေ...သူမရဲ့ရင်သားတွေကိုကြည့်စမ်းပါအုံး...အနည်းဆုံး D မဟုတ်သေးဘူး...E သေချာပေါက် E ပဲ...အရင်ဘဝကဘာတွေများ လုပ်ခဲ့လို့ဒီလောက်ထိလှနေရတာလဲ..."

ရှောင်ယု၏အကြည့်များသည် ချက်ချင်းပူလောင်လာခဲ့ပြီး သူ၏ပါးစပ်မှနေ၍ သွားရည်များစီးကျလာခဲ့သည်။ထိုအချိန်တွင် အေးစက်သောအသံတစ်ခုက ရုတ်တရက်ပျံ့လွှင့်လာကာ ရှောင်ယုကိုလှောင်ပြောင်လိုက်သည်။

"သူ့ရဲ့ပုံစံကိုကြည့်လိုက်ဦး...သေမလိုဖြစ်နေတာတောင်မှ ဒီလိုပုံစံမျိုးဖြစ်နေတုံးပဲ...နောက်ထပ်နှစ်တစ်ထောင်လောက် ကြာတာတောင်မှ ဒီလိုအကျင့်ကိုဖျောက်နိုင်မှာမဟုတ်ဘူး..."

"နောက်ထပ်အလှတရားတွေပဲ..."

ရှောင်ယုသည် အသံလာရာဘက်လှည့်ကြည့်လိုက်ရာ အခန်းထဲတွင် နောက်ထပ်ချောမောလှပသည့် အမျိုးသမီးလေးဦးရှိနေကြောင်း သတိထားမိလိုက်သည်။အခန်းထဲရှိ အမျိုးသမီးတစ်ဦးစီသည် အရောင်အသွေးစုံသော ပန်းပွင့်များကဲ့သို့ မတူကွဲပြားသောအလှတရားများကို ပိုင်ဆိုင်ထားသည်။ရှောင်ယုသည် သူ၏ဘဝတလျှောက်လုံးတွင် ထိုကဲ့သို့အလှတရားများစွာကို မတွေ့ခဲ့ဖူးပေ။

"အိုး..နတ်ဘုရားတွေက ငါ့ရဲ့သနားစရာတစ်ကိုယ်တည်းဘဝကို သနားသွားတာလား...ငါ့ရဲ့နှစ်၂၀ကြာထိန်းသိမ်းလာခဲ့ရတဲ့ လူပျိုဘဝကို ဒီနေ့တော့လက်လွှတ်ရမယ်လို့ ဆိုလိုတာလား..."

ထိုအခိုက်အတန့်တွင် သူနှင့်မရင်းနှီးသောအမှတ်တရပေါင်းစုံသည် သူ၏ဦးနှောက်အတွင်းသို့ အရှိန်အဟုန်ပြင်းပြင်းတိုးဝင်လာ၍ ရှောင်ယုသည် အလွန်ပင်မသက်မသာခံစားလိုက်ရသည်။

"သူတို့က ငါ့ရဲ့မရီးတွေလား...ငါ့ရဲ့ညီအစ်ကိုငါးယောက်လုံးသေသွားကြပြီပေါ့..."

ရှောင်ယုသည် ထိုမှတ်ညဏ်အချို့ကို နားလည်ပြီးနောက် အနည်းငယ်အံ့သြသွားခဲ့သည်။

"အဲ့ဒါဆိုရင် ငါက ရှောင်ယုလို့ခေါ်တဲ့ ဒီကောင်ရဲ့ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာခဲ့တာပေါ့...ငါ့ရဲ့အဖေ၊အမေနဲ့ ညီအစ်ကိုတွေက အကုန်သေကုန်ပြီ...ငါကအခုဒီနယ်မြေရဲ့ အရှင်သခင်ဖြစ်ပြီးတော့ ပန်းလေးတွေလိုလှပတဲ့ မုဆိုးမလေး ငါးယောက်နဲ့အတူနေရတယ်....အိုဘုရားသခင်...ငါ့ရဲ့ထာဝရပျော်ရွှင်ရမယ့် ကာလကနီးကပ်လာပြီလား...ငါကခုချိန်မှာ ကျန်းမာသန်စွမ်းတဲ့ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပြီးတော့ အထီးကျန်နေတဲ့ တစ်ခုလပ်မိန်းကလေးငါးယောက်နဲ့အတူနေရတယ်....ဒါကနတ်ပြည်ကိုအရှင်လတ်လတ်ရောက်သွားတာပဲ"

ရှောင်ယုသည် ပျော်ရွှင်မှုကြောင့် မေ့လဲမတတ်ဖြစ်သွားခဲ့သည်။နတ်ဘုရားများသည် သူ့အားသနားကြင်နာသောကြောင့် ယခုလိုမိသားစုဆီ ကူးပြောင်းပေးလိုက်လေရာ ရှောင်ယုသည်သူ၏ပျော်ရွှင်ဖွယ်အနာဂတ်ကို စိတ်ကူးမယဉ်ဘဲမနေနိုင်တော့ပေ။

ရှောင်ယု၏ အခြေအနေသည် ပြန်လည်ကောင်းမွန်လာသည်ကိုမြင်သောအခါ အေးစက်သောအမူအရာရှိသည့် ခယ်မဖြစ်သူက ငေါက်ငမ်းလိုက်သည်။

"သူကခုသေမှာမဟုတ်ဘူး...ငါတို့အခုဘာဆက်လုပ်ရမယ်ဆိုတာ ဆွေးနွေးရမယ်...ဒီအသုံးမကျတဲ့ကောင်လေးက မိသားစုရဲ့အကျိုးစီပွားကိုဆုံးရှံးအောင်လုပ်ရုံတင်မက သူ့ရဲ့ခယ်မတွေကိုတောင် အလောင်းအစားလုပ်ပြီး ဆုံးရှံးခဲ့တယ်...ခုချိန်မှာငါတို့သာတစ်ခုခုမလုပ်ခဲ့ရင် နောက်တစ်လကြာတဲ့အခါကျရင် ငါတို့ကိုခေါ်ဖို့လူတွေရောက်လာလိမ့်မယ်"

ထိုစကားကိုကြားချိန်တွင် ကျန်မိန်းကလေးများသည် ခေါင်းညိတ်လိုက်ကြကာ အေးစက်သောမျက်နှာပေးဖြင့် တစ်ယောက်ပြီးတစ်ယောက် အခန်းမှထွက်ခွာသွားခဲ့သည်။

အမဖြစ်သူများ၏ အမူအရာကိုကြည့်ပြီး နူးညံ့သိမ့်မွေ့ကာ ချစ်စရာကောင်းသောမိန်းကလေးသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"ရှောင်ယု မင်းကတကယ့်ဘေးဆိုးကြီးပဲ...ကောင်းကောင်းအနားယူ"

ထို့နောက် သူမသည်လည်း အခန်းတွင်းမှထွက်ခွာသွားခဲ့သည်။ရှောင်ယုသည် ထိုမိန်းကလေး၏နောက်ကျောကိုကြည့်ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

"ငါ့ကြောင့် မိသားစုစီးပွားရေးပျက်ပြီး ခယ်မတွေကိုပါ အလောင်းအစားထဲရှံးနိမ့်သွားတာလား..."

တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌ နောက်ထပ်မှတ်ညဏ်များအသုံးအရင်းဝင်ရောက်လာခဲ့သည်။ထိုမှတ်ညဏ်များကိုနားလည်ပြီးနောက် ရှောင်ယုသည် အရာအားလုံးကို နားလည်သဘောပေါက်လာခဲ့သည်။

သူကူးပြောင်းလာသော ရှောင်ယုဟူသောသူသည် ရှောင်မိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်ကာ သူ၏ဖခင်ဖြစ်သူထံမှ နယ်မြေနှင့်ပိုင်ဆိုင်မှုများကို အမွေဆက်ခံရရှိခဲ့သည်။

ရှောင်ယု၏ဖခင်ဖြစ်သူအား ရှောင်ကျန်းထျန်ဟုခေါ်ကာ ယခင်က ကောင်းကင်ခြေင်္သ့မင်းဆက်၏ စစ်သူကြီးတစ်ဦးဖြစ်ခဲ့သည်။ရှောင်ကျန်းထျန်သည် စစ်ရေးအရာတွင် သူ၏ထူးချွန်သောအောင်မြင်မှုများကြောင့် အင်ပါယာကသူ့အား အုပ်စိုးရန်ပိုင်နက်နယ်မြေတစ်ခု ပေးအပ်ခဲ့သည်။

သို့သော်လည်း ဧကရာဇ်ဖြစ်သူသည် ရှောင်ကျန်းထျန်၏ ထူးချွန်သောအရည်အချင်းများကြောင့် တစ်နေ့တွင် သူ၏သြဇာကိုထိပါးလာမည်ကိုစိုးရိမ်၍ အနောက်မြောက်ဘက်ဒေသရှိ ဝေးလံခေါင်သီးသော မဖြစ်ထွန်းသည့်နယ်မြေအား အုပ်စိုးရန် ရှောင်ကျန်းထျန်အား အပ်နှင်းခဲ့သည်။

ရှောင်ကျန်းထျန်သည် ကူကယ်ရာမဲ့စွာဖြင့် အမိန့်ကိုနာခံကာ သူ၏မိသားစုကိုခေါ်ဆောင်၍ ဤဒေသကိုရောက်ရှိလာခဲ့ကာ သူ၏နယ်မြေကိုကြီးပွားတိုးတက်လာစေရန် လုပ်ဆောင်ခဲ့သည်။

သူအပိုင်စားရသောနယ်မြေကို "မဟာမြောက်ပိုင်းမြေရိုင်းဒေသ"ဟုခေါ်ပြီး နေရာအကျယ်အဝန်းသည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ ၃ပုံ၁ပုံခန့်ရှိကာ အန်ကာဂန်တောင်တန်းများသည် ထိုနယ်မြေထဲ၌ပါဝင်ပေသည်။မင်းဆက်တစ်ခုလုံး၌ပင် ရှောင်ကျန်းထျန်လောက် ကြီးကျယ်ခမ်းနားသည့် နယ်မြေသခင်မရှိခဲ့ပေ။

မဟာမြောက်ပိုင်းမြေရိုင်းဒေသသည် မဖြစ်ထွန်းသောနယ်မြေတစ်ခုဖြစ်သော်လည်း ရှောင်ကျန်းထျန်သည် တစ်နည်းတစ်ဖုံစီမံခန့်ခွဲနိုင်ပေသည်။သို့သော် ဤနယ်မြေအား မတူညီသောဘက်ပေါင်းစုံမှ မရေမတွက်နိုင်သော မျိုးနွယ်စုပေါင်းစုံများမှ အဆက်မပြတ်ဝင်ရောက် တိုက်ခိုက်လျက်ရှိသည်။ထို့ပြင် ဤနယ်မြေသည် မြက်ခင်းပြင်အင်ပါယာနှင့် ခြေသလုံးအိမ်တိုင်မျိုးနွယ်စုများနှင့် နီးစပ်လေရာ ထိုအင်အားစုများသည် ဤနယ်မြေအတွင်း မကြာခဏကျူးကျော်ဝင်ရောက်ကာ လုယက်ရန်ဓားပြအုပ်စုများကို စေလွှတ်တတ်ကြသည်။

ထိုဒေသခံမျိုးနွယ်စုများနှင့် ခြေသလုံးအိမ်တိုင်မျိုးနွယ်စုများအပြင် ဤနယ်မြေအတွင်းရှိ အန်ကာဂန်တောင်တန်းဒေသ၌ မှင်စာများ ၊ အောစ့်လူဘီလူးများ နေထိုင်ကြသည်။သို့ဖြစ်ရာ ထိုနတ်ဆိုးများသည် ရံဖန်ရံခါ ရွာငယ်များကိုတိုက်ခိုက်ဖျက်ဆီးကာ ပရမ်းပတာဖြစ်ရပ်များကို ဖန်တီးလေ့ရှိကြ၏။

ဤနေရာတွင် ကောင်းကင်ခြင်္သေ့မင်းဆက်၏ အကြံအစည်ကိုနားလည်နိုင်ပေသည်။ရှောင်ကျန်းထျန်သည် ဤပြသနာများအား ဖြေရှင်းနိုင်မည်ဆိုပါက ကျယ်ပြောလှသောနယ်မြေသည် သူ၏လက်ထဲကျရောက်လာမည်ဖြစ်သည်။

အကယ်၍ ရှောင်ကျန်းထျန်သာကျရှုံးခဲ့လျှင်လည်း ကိစ္စမရှိပေ။မူလက ဤနယ်မြေသည် အနောက်တိမ်တိုက်အင်ပါယာနှင့်ကောင်းကင်ခြင်္သေ့အင်ပါယာတို့ ထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်သည်။သို့ဖြစ်ရာ အင်ပါယာကိုယ်တိုင်က အနောက်ဘက်မြေရိုင်းဒေသကို သူတို့၏ကိုယ်ပိုင်နယ်မြေအဖြစ် မှတ်ယူထားခြင်းမရှိခဲ့ပေ။

သို့သော် ရှောင်ကျန်းထျန်သည် လွယ်လွယ်နှင့်အရှုံးပေးတတ်သောလူမဟုတ်ပေ။သူသည် သူ၏ထူးချွန်သော စစ်ရေးပါရမီကိုအသုံးပြုကာ ဤဒေသ၏ကျယ်ဝန်းသောနယ်မြေ အပိုင်းအခြားတစ်ခုအား သူ၏ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ရန်ကြိုးစားခဲ့သည်။

အဆုံးသတ်တွင် အနှစ်၃၀ကျော်ကြာ ကြိုးစားရုန်းကန်ပြီးနောက် ရှောင်ကျန်းထျန်သည် မြေရိုင်းဒေသတွင် မြို့ငယ်လေးတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ထိုမြို့ငယ်နှင့် အနီးအနားရှိအခြေချနေထိုင်သူများကို မြို့ငယ်လေးဆီပြောင်းရွေ့နေထိုင်စေကာ ပုံသေလူဦးရေနှုန်းထားကို ဖြစ်ပေါ်စေခဲ့သည်။သို့သော်လည်း နှစ်ပေါင်း၃၀ကြာတိုက်ပွဲအတွင်း နယ်မြေခံလူထုအမြောက်အများသေဆုံးခဲ့ရပြီး သူ၏သား၆ယောက်အနက် ၃ယောက်သည်ပင် သေဆုံးခဲ့ရသည်။

ထို့ပြင် မြို့ငယ်လေးအားတည်ထောင်ပြီးနောက် တိုက်ပွဲအတွင်းရရှိလာခဲ့သော ဒဏ်ရာများ၏နှိပ်စက်မှုကြောင့် ရှောင်ကျန်းထျန်သည်ပင် ဖျားနာ၍သေဆုံးခဲ့ရသည်။

ရှောင်ကျန်းထျန်သေဆုံးပြီးနောက် သူ၏လေးယောက်မြောက်သားဖြစ်သူသည် မြို့ငယ်လေးအားဆက်လက်တာဝန်ယူခဲ့သည်။သို့သော် ရက်အနည်းငယ်ခန့်ကြာအောင် တာဝန်ယူပြီးနောက် မျိုးနွယ်ခြားများဝင်ရောက်တိုက်ခိုက်မှုကြောင့် ၄ယောက်မြောက်သားသည်လည်း သေဆုံးသွားခဲ့ရကာ ရှောင်ယု၏ခယ်မတစ်ယောက်သည် မင်္ဂလာဦးညကိုမဖြစ်သန်းရသေးခင်ပင် မုဆိုးမဖြစ်ခဲ့ရသည်။

လေးယောက်မြောက်သားသေဆုံးပြီးနောက် ပဥ္စမမြောက်ရှောင်မိသားစု၏သားသည် နယ်မြေကိုဆက်လက်ထိန်းချုပ်ခဲ့သည်။ကံမကောင်းစွာဖြင့် သူတာဝန်ယူပြီး မကြာမှီမှာပင် ဖျားနာမှုကြောင့်ဆုံးပါးသွားခဲ့ရာ သူ၏ဇနီးသည်လည်း မုဆိုးမဖြစ်လာခဲ့ရသည်။

ထို့ကြောင့် ရှောင်ယု၏ခယ်မငါးယောက်လုံးသည် သနားစရာကောင်းလောက်အောင် ငယ်ငယ်ရွယ်ရွယ်ဖြင့် မုဆိုးမဖြစ်လာခဲ့သည်။

ထိုကိစ္စများဖြစ်ပျက်ပြီးနောက် အဆုံးသတ်တွင် ရှောင်မိသားစု၏ ဖြုန်းတီးသော အငယ်ဆုံးသား ၁၆နှစ်အရွယ်ရှောင်ယုက နယ်မြေအား တာဝန်ယူခဲ့သည်။

ရှောင်ယုသည် ငယ်စဉ်အခါကပင် အလွန်ဒေါသကြီးသူဖြစ်ကာ တစ်နေ့ကုန်အိပ်လိုက် စားလိုက် လောင်းကစားလုပ်လိုက်ဖြင့် ဘဝကိုဖြတ်သန်းနေသူဖြစ်သည်။သူသည် ရှောင်ကျန်းထျန်ရှိစဉ်ကပင် ဆိုးသွမ်းသူတစ်ဦးဖြစ်နေကာ သူ၏ခယ်မများ ရေချိုးသည်ကိုလည်း မကြာခဏချောင်းကြည့်လေ့ရှိသည်။

တစ်နှစ်တာကြာမြင့်ပြီးနောက် ရှောင်ယုသည် ရှည်လျားသောစစ်ပွဲများကြောင့် အားပျော့သွားခဲ့သော ရှောင်မိသားစု၏လက်ကျန်ပိုင်ဆိုင်မှုများအား ဆုံးရှံးစေခဲ့သည်။အဆုံးသတ်တွင် သူတို့၏နယ်မြေနှင့် မဝေးကွာလှသော နယ်မြေ၏အရှင်သခင်ဖြစ်သူ ဗိုလ်ချုပ်ကြီး၏သားဖြစ်သော ကာရီဟုခေါ်သည့် လူငယ်တစ်ယောက်နှင့် အလောင်းအစားပြုလုပ်ခဲ့သည်။

ထိုကာရီဟုခေါ်သောလူငယ်သည် ရှောင်ယု၏ခယ်မငါးယောက်ကို စွဲလမ်းနေသူဖြစ်ရာ ရှောင်ယုနှင့်အလောင်းအစားပြုလုပ်ခဲ့သည်။ဤအလောင်းအစားတွင် ရှောင်ယုအနိုင်ရပါက ယခင်ကဆုံးရှံးခဲ့သည့် ရှောင်ယု၏ပိုင်ဆိုင်မှုများအား ပြန်ပေးမှာဖြစ်ပြီး ရှောင်ယုရှံးနိမ့်ပါက သူ၏ခယ်မများကို ဆုံးရှံးမှာဖြစ်သည်။

သို့ဖြစ်ရာ အသိညဏ်မရှိသောရှောင်ယုသည် သူ၏ဆုံးရှံးသွားသောပိုင်ဆိုင်မှုများကို ပြန်လည်ရရှိရန်အတွက် သူ၏ခယ်မငါးယောက်ကို လောင်းကြေးအဖြစ် ထည့်သွင်းခဲ့သည်။

အဆုံးသတ်တွင် ရှောင်ယုသည် လှည့်စားခံခဲ့ရာကာ သူ၏ခယ်မများအား ဆုံးရှံးခဲ့သည်။ရှောင်ယုသည် ဆိုးသွမ်းသူတစ်ဦးဖြစ်သော်လည်း သူ၏ခယ်မများကို တစ်ပါးသူထံပေးအပ်ခြင်းသည် မှားယွင်းကြောင်းသိမြင်လာ၍ အလောင်းအစား၏သက်သေဖြစ်သော စာချုပ်အားဖျက်ဆီးခဲ့သည်။

ထို့ကြောင့် ကာရီသည်အလွန်ပင်ဒေါသထွက်သွားခဲ့ကာ ရှောင်ယုအားကိုယ်တစ်ပိုင်းသေအောင် ရိုက်နှက်ရန် သူ့လူများအားအမိန့်ပေးခဲ့သည်။

ရှောင်ယု၏အလောင်းကို အိမ်သို့ပြန်သယ်သွားပြီးနောက်တွင် ဤရှောင်ယုသည် ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။

"ဘာလဲကွာ...ငါဘာလို့ဒီလောက်တောင် ကံမကောင်းရတာလဲ...အရင်ကတော့ အကန့်အသတ်မရှိတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ လှပတဲ့ခယ်မငါးယောက်ကို ဝိုင်းရံပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကြီးကိုဖြတ်သန်းနိုင်ဖို့ ပြင်ဆင်ထားခဲ့တာလေ...ဒီလိုမျိုးဆိုးရွားတဲ့အခြေအနေနဲ့ ကြုံတွေ့ဖို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး...ဒီလူယုတ်မာက ဘယ်လိုတောင်ဆိုးရွားလိုက်သလဲ...ငါ့ရဲ့ပျော်ရွှင်ဖွယ်ဘဝကြီးကို ငါကစက္ကန့်ပိုင်းလေးတောင် ခံစားခွင့်မရလိုက်ပါလား"

ရှောင်ယုသည် ဤနေရာသို့ရောက်ရောက်ချင်း လှပေသာခယ်မငါးယောက်ကို မိဖုရားမြောက်ကာ ဤနယ်မြေ၏အရှင်သခင်ဖြစ်လာရန် မျှော်လင့်ထားခဲ့သည်။သို့သော် ယခုအခါသူ၏အခွင့်အရေးသည် မစတင်ရသေးမှီကပင် ပြီးဆုံးသွားပုံရသည်။

သူ၏ချောမောလှပသော ခယ်မငါးယောက်အား တစ်ပါးသူဆီ ထိုးအပ်ရမယ့်အကြောင်း တွေးမိတိုင်း သူအလွန်ပင်ဒေါသထွက်ရပေသည်။မည်သို့ပင်ဆိုစေ သူသည်ခေတ်သစ်အတွေးအခေါ်များပြည့်နှက်နေသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ထို့ကြောင့် ဤအခြေအနေအား သူလုံးဝလက်မခံနိုင်ပေ။

ယခင် ရှောင်ယုသည်ပင် စာချုပ်အားအတင်းဖျက်ဆီး၍ သူ၏ခယ်မများကို ကာကွယ်ရန်ကြိုးပမ်းခဲ့သည်။

သို့သော် တစ်ဖက်လူက မိန်းကလေးများအား တစ်လအတွင်းအပ်နှံလာခြင်းမရှိပါက သူ၏နယ်မြေအား တိုက်ခိုက်ရန် စစ်သားများအားစေလွှတ်လာမှာဖြစ်သည်။ရှောင်ယု၏မှတ်ညဏ်အရ သူ၏နယ်မြေသည် မည်သည့်တိုက်ခိုက်မှုများကိုမှ ခုခံနိုင်စွမ်းမရှိပေ။ထိုသို့မဟုတ်ပါက သူ၏စတုတ္ထမြောက်အစ်ကိုသည် သူ၏မင်္ဂလာဆောင်သောနေ့တွင် အသတ်ခံရမှာမဟုတ်ပေ။

...

"သခင်လေး...မင်းကောင်းကောင်းအနားယူပါ...ဒီအစေခံဟောင်းက ခုပဲထွက်သွားတော့မယ်...ငါ့မှာကိုယ်တွယ်ရမယ့်ကိစ္စတွေ အများကြီးရှိနေသေးတယ်..."

တစ်ခေါင်းလုံးစွတ်စွတ်ဖြူနေသော အဘိုးကြီးတစ်ယောက်သည် ထိုသို့ပြောလာသောအချိန်မှ သူ၏စိတ်ကူးများထဲ၌ နှစ်မြုပ်နေသောရှောင်ယုသည် ရုတ်တရက်လန့်နိုးလာခဲ့သည်။သူသည် သူ၏ကိုယ်ပိုင်အတွေးထဲတွင် နှစ်မြုပ်နေသောကြောင့် အခန်းထဲ၌အခြားသူများရှိနေကြောင်း သတိမထားမိခဲ့ပေ။

အဘိုးအိုသည် ကောင်းမွန်သော်လည်း ဟောင်းနွမ်းနေသော အဝတ်အစားကိုဝတ်ဆင်ထားသည်။ရှောင်ယုအား ကြည့်နေသောသူ၏အကြည့်များတွင် ဒေါသများမပါဝင်သော်လည်း သခင်လေးဟုပင်သတ်မှတ်ပုံမရတော့ပေ။

ဤကိစ္စတွင် အဘိုးအိုသည် ရှောင်ယုအား အလွန်စိတ်ပျက်သွားပုံရသည်။

ရှောင်ယုသည် သူ၏မှတ်ညဏ်များမှတဆင့် ဤအဘိုးအိုသည် ရှောင်မိသားစု၏ အိမ်တော်ထိန်းဖြစ်သော ရှောင်ဟောင်ဟုခေါ်ကာ သူ၏အဖေနောက်သို့ ဆယ်စုနှစ်သုံးခုကြာအောင် လိုက်ပါခဲ့သည်။

"ဦးလေးဟောင်..."

ရှောင်ယုသည် ရှက်ရွှံစွာပြုံးလိုက်မိသည်။

ရှောင်ကျန်းထျန်သေဆုံးသွားပြီးနောက်တွင် ဤအိမ်တော်ထိန်းဟောင်ကသာ ဖြုန်းတီးတတ်သော ရှောင်ယုအားထိန်းချုပ်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူဖြစ်သည်။

အကယ်၍ ဤနေရာတွင် ရှောင်ယုကြောက်တတ်သောသူဆိုပါက အိမ်တော်ထိန်းဟောင်သာရှိသည်။

ထို့နောက် အိမ်တော်ထိန်းဟောင်သည်လည်း စကားတစ်ခွန်းမှမပြောဘဲ အခန်းထဲမှထွက်ခွာသွားခဲ့သည်။

...

ခဏအကြာတွင် ၁၄နှစ်အရွယ်ရှိသည့် အိမ်အကူမလေးတစ်ယောက်သည် ရှောင်ယုထံသို့ ယာဂုတစ်ပန်းကန်ကိုယူဆောင်လာခဲ့သည်။

ရှောင်ယုသည် သူရင်ဆိုင်နေရသည့် ကြမ်းတမ်းသောအခြေအနေကြောင့် ထိုမိန်းကလေးအား ဂရုစိုက်ရန် သို့မဟုတ် အနှောင့်အယှက်ပေးရန် ဆန္ဒမရှိသေးပေ။

"ကံဆိုးလိုက်တာ...တော်တော်ကံဆိုးတာပဲ...ဒီလိုအခြေအနေမျိုးက ဘာလို့ငါ့ဆီမှာ ဖြစ်ပျက်လာရတာလဲ..."

ဤနေရာသို့ရောက်ရောက်ချင်း ကြုံတွေ့ခဲ့ရသည့် အခြေအနေဆိုးကြောင့် ရှောင်ယုသည် ငိုချင်စိတ်ကိုထိန်းချုပ်နေခဲ့ရသည်။

*****

အခန်း ၂ - ပထမဆုံး သူရဲကောင်းကိုဆင့်ခေါ်ခြင်း

အိမ်အကူမိန်းကလေး ထွက်ခွာသွားပြီးနောက်တွင် ရှောင်ယုသည် အခန်းကျယ်ကြီးအတွင်း၌ တစ်ယောက်တည်းကျန်ရစ်ခဲ့သည်။သူသည် အိပ်ရာပေါ်တွင် လူးလိမ့်နေရင်း အဆက်မပြတ်ညည်းညူနေမိသည်။

"ငါဘာလို့ အဲလောက်ထိကံဆိုးရတာလဲ...ငါဖတ်ဖူးတဲ့ဇာတ်လမ်းတွေအရဆိုရင် တခြားကမ္ဘာဆီကူးပြောင်းလာခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ကံကြမ္မာက ငါ့ထက်လုံးဝသာတယ်ဆိုတာသေချာတယ်...ဘာလို့ငါကပဲ ဒီကမ္ဘာကိုရောက်ရောက်ချင်း ဒီလိုအဖြစ်ဆိုးမျိုးကြုံတွေ့နေရတာလဲ..."

ရှောင်ယုကသူသည် နောက်ပြန်ဆုတ်၍မရသော လမ်းကြောင်းပေါ်သို့ရောက်ရှိနေကြောင်း သဘောပေါက်သွားပြီးနောက် ညည်းညူနေခြင်းအား ရပ်တန့်လိုက်ကာ လက်ရှိအခြေအနေဆိုးအား ကျော်လွှားနိုင်ရန်အတွက် နည်းလမ်းများကိုစတင်စဉ်းစားခဲ့သည်။

ငါ့ကိုယ်ငါ ကြိုးဆွဲချပြီး သတ်သေလိုက်ရမလား...

"နည်းလမ်းတစ်ခုခုတော့ရှိလောက်မှာပါ...ငါကခေတ်မှီတဲ့ကမ္ဘာကြီးကလာတဲ့ လူတစ်ယောက်ပဲ...ယမ်းမှုန့်တွေကိုတီထွင်နိုင်ပြီး ရန်သူတွေကိုသတ်ဖြတ်ဖို့ ကျည်ဆန်အပြည့်ဖြည့်ထားတဲ့ သေနတ်တွေကို တီထွင်နိုင်တယ်...ဒါပေမဲ့ ယမ်းမှုန့်တွေသေနတ်တွေကို တီထွင်ဖို့ဆိုတာ တစ်ရက်နှစ်ရက်နဲ့ ဖြစ်လာမယ့်အရာမဟုတ်ဘူး...ငါကခေတ်မှီတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ စစ်ပွဲကမ္ဘာကိုကစားတဲ့အခါ ငါအသုံးပြုခဲ့တဲ့ တပ်ဖွဲ့တွေကိုနေရာချတာကလွဲပြီး ဘာမှမလုပ်တတ်ဘူး...ခုချိန်မှာ ငါ့ကိုအောစ့်ဘီလူးတပ်ဖွဲ့တစ်ခုသာပေးလာရင် ငါကဒီကမ္ဘာကြီးကို အုပ်စိုးနိုင်လိမ့်မယ်..."

ရှောင်ယုသည် စိတ်ပျက်စရာအတွေးများကြား နှစ်မြုပ်နေချိန်တွင် အမျိုးသမီးတစ်ဦး၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။

"ဂိမ်းကိုလည်ပတ်ရန် လိုအပ်ချက်များပြည့်မှီပါပြီ...ဂိမ်းစနစ်ကိုဖွင့်လှစ်လိုပါသလား..."

ရှောင်ယုသည် ပတ်ဝန်းကျင်အား အံ့သြတကြီးစူးစမ်းလိုက်သော်လည်း မည်သူ့ကိုမှမတွေ့၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ...ငါဂယောင်ခြောက်ခြားဖြစ်နေတာလား...ဘယ်က ဂိမ်းစနစ်ကိုပြောနေတာလဲ...ငါဆော့ဖူးတာဆိုလို့ စစ်ပွဲကမ္ဘာဆိုတဲ့ဂိမ်းပဲရှိတာလေ..."

"စစ်ပွဲကမ္ဘာ"ဟူသော စကားလုံးကိုပြောလိုက်မိချိန်တွင် ရှောင်ယု၏မြင်ကွင်းရှေ့၌ ရင်းနှီးနေသောမျက်နှာပြင်တစ်ခုထွက်ပေါ်လာသည်။ထိုအရာသည် သူနေ့စဉ်ကစားလေ့ရှိသော စစ်ပွဲကမ္ဘာဟူသောဂိမ်း၏ မျက်နှာပြင်ဖြစ်သည်။

"တကယ်ကြီးလား...ငါကမ္ဘာကူးလာချိန် ဂိမ်းကပါတစ်ခါတည်းပါလာတာလား..."

ရှောင်ယုသည် အလွန်စိတ်လှုပ်ရှားသွားကာ မတ်တပ်ရပ်လိုက်သည်။

"အခွင့်အရေးရှိမှတော့ ငါကြိုးစားရမှာပဲ..."

ရှောင်ယုသည် အချိန်အတော်ကြာအောင် ငြိမ်သက်သွားပြီးနောက် ဂိမ်း၏မျက်နှာပြင်အား ဖွင့်လှစ်စစ်ဆေးလိုက်ရာ သူနှင့်အလွန်ရင်းနှီးနေသော အဆောက်အဦးပုံစံငယ်များကို တွေ့ရှိလိုက်ရသည်။ထိုနေရာတွင် မျိုးနွယ်လေးခု၏ ခန်းမများနှင့် သက်ဆိုင်ရာမျိုးနွယ်အလိုက် သူရဲကောင်းများကိုဆင့်ခေါ်နိုင်သော ယဇ်ပလ္လင်လေးခုပါရှိလေသည်။

"အောစ့်လူဘီလူး ခန်းမကို တည်ဆောက်မယ်"

ရှောင်ယုသည် အဆောက်အဦးပုံစံငယ်တစ်ခုအား ငေးမောရင်းရေရွတ်မိလိုက်သည်။

"ကျေးဇူးပြု၍ အဆောက်အဦးတည်ဆောက်ရန်နေရာအား ရွေးချယ်ပါ...လက်ရှိနေရာသည် လိုအပ်ချက်များနှင့်မကိုက်ညီပါ.."

စက်ရုပ်ဆန်သော အမျိုးသမီး၏အသံက သူ၏စိတ်ထဲ၌ ချက်ချင်းပဲ့တင်ထပ်လာခဲ့သည်။

"ငါတကယ်ပဲ...မဟာခန်းမ ၊ စစ်တန်းလျားနဲ့ စစ်ကမ္ဘာရဲ့သူရဲကောင်းတွေကို ခေါ်ယူဖို့အတွက် ယဇ်ပလ္လင်တွေကို တကယ်ကြီးတည်ဆောက်နိုင်တာလား..."

ရှောင်ယုသည် အရူးတစ်ယောက်လို စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာရယ်မောလိုက်သည်။

"ငါသာ စစ်ကမ္ဘာထဲက သူရဲကောင်းတွေကိုအမှန်တကယ် ဆင့်ခေါ်နိုင်တယ်ဆိုရင် ကာရီဆိုတဲ့ကောင်ကိုမပြောနဲ့...ငါ့ကိုဘယ်သူကမှ ဆန့်ကျင်နိုင်မှာမဟုတ်တော့ဘူး...မင်းလိုလူယုတ်မာက ငါ့ရဲ့ချစ်စရာကောင်းတဲ့ ခယ်မလေးတွေကိုလာပြီး နှောင့်ယှက်ရဲတယ်ပေါ့...မင်းနောင်တကောင်းကောင်းရစေရမယ်"

ရှောင်ယုသည် မျက်နှာပြင်အားစစ်ဆေးနေရင်း စစ်ကမ္ဘာအကြောင်းကိုတွေးနေသရွေ့ သူ့စိတ်ထဲတွင် သတင်းအချက်အလက်များရောက်ရှိလာကြောင်း သဘောပေါက်လိုက်သည်။သူသည် အဆောက်အဦးများ၏ အချက်အလက်များကိုတွေ့မြင်နိုင်ပေရာ ထိုအဆောက်အဦးများအား ဦးစွာတည်ဆောက်ရန်ပြင်ဆင်လိုက်သည်။

သူ့စိတ်ထဲတှင် ရံဖန်ရံခါထွက်ပေါ်လာသည့် စက်ရုပ်အမျိုးသမီး၏အသံသည် သူ့အားလိုအပ်သောညွန်ကြားချက်များကိုသာ ထုတ်ပြောခြင်းဖြစ်ပြီး မည်သည့်အသေးစိတ်အကြောင်းအရာကိုမှ ရှင်းပြခဲ့ခြင်းမရှိပေ။

သို့သော်လည်း ယခုအခါ ရှောင်ယုသည် စစ်ပွဲကမ္ဘာဂိမ်းနှင့် အလွန်ရင်းနှီးနေသူဖြစ်ရာ ထိုသို့ရှင်းပြနေရန်မလိုအပ်ပေ။

ယခုအချိန်တွင် သူသည် မဟာခန်းမအားတည်ဆောက်ရန်အတွက် တည်နေရာကောင်းတစ်ခုအား ရွေးချယ်ရန်လိုအပ်နေပြီဖြစ်သည်။ထိုသို့မဟုတ်ပါက တစ်လအကြာတွင်သူ၏ဘဝသည် အဆုံးသတ်သွားမှာဖြစ်သည်။

ရှောင်ယုသည် သူ၏အခန်းတွင်းမှ အမြန်ဆုံးပြေးထွက်ကာ အိမ်ကြီး၏အပြင်သို့ ထွက်ခွာလာခဲ့သည်။ထို့နောက် မြင်းတင်းကုပ်အတွင်းမှ မြင်းတစ်ကောင်ကိုဆွဲယူလာခဲ့သည်။

ဤမြို့အတွင်း၌ မြို့တော်ခန်းမ သို့မဟုတ် မဟာခန်းမကို ဆောက်လုပ်ရန်မှာ မသင့်လျော်ပေ။

မဟာခန်းမကိုတည်ဆောက်ရန် သင့်တော်သောတည်နေရာကို ရှာဖွေရမည်ဖြစ်သည်။သူသည် အောစ့်လူဘီလူးများကို ဆင့်ခေါ်ရန်စီစဉ်ထားလေရာ သူ၏မြို့အတွင်း၌ အောစ့်စစ်သည်တော်များ ရုတ်တရက်ထွက်ပေါ်လာပါက ဝရုန်းသုန်းကားဖြစ်လာနိုင်သည်။

အောစ့်လူဘီလူးတို့၏ အဆောက်အဦးကဲ့သို့ ထူးဆန်းသောအဆောက်အဦးတစ်ခုသည် သူ၏မြို့အပေါ်သို့ များပြားသောအာရုံစိုက်မှုများကို ဖြစ်ပေါ်စေလာနိုင်သည်။ရှောင်ယုသည် ထိုသို့ဖြစ်ရပ်မျိုးကို လက်ခံနိုင်စွမ်းမရှိပေ။

ယခင်ရှောင်ယုသည် မြင်းကိုကျွမ်းကျွမ်းကျင်ကျင်မစီးတတ်ပေ။သူ၏ယခင်မှတ်ညဏ်များမှတဆင့် ရှောင်ယုသည် မြင်းကိုယခုလိုမြန်မြန်ဆန်ဆန်မစီးတတ်ကြောင်း သိရှိထားသည်။

ယခုမူ သူသည်စိတ်လှုပ်ရှားမှု အရှိန်ကြောင့် မြင်းကိုဒုန်းစိုင်းစီးနင်းကာ မြို့ပြင်သို့ထွက်လာခဲ့သည်။

ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည့် ရှောင်ယု၏ခယ်မများနှင့် အိမ်တော်ထိန်းဟောင်တို့သည် စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်မိသည်။

"လူယုတ်မာ...သူကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ အမှားတွေကို ကိုယ်တိုင်တာဝန်ယူဖို့ သတ္တိမရှိဘူး...ဒါကြောင့် ခုလိုထွက်ပြေးဖို့ရွေးချယ်လိုက်တာပဲ..."

၄ယောက်မြောက် ခယ်မဖြစ်သူက မချိတင်ကဲရေရွတ်လိုက်သည်။

"သူ့ကိုလွှတ်ထားလိုက်...အနည်းဆုံးတော့ ရှောင်မိသားစုရဲ့ သွေးသားအမွေခံက ဆက်ကျန်နေဖို့ငါတို့ မျှော်လင့်တာပဲ..."

ရှောင်ယုအား ကျိန်ဆဲခဲ့သည့် ခယ်မဖြစ်သူသည် သက်ပြင်းချကာ နှစ်သိမ့်စကားဆိုလိုက်သည်။

ထိုနှစ်သိမ့်စကားကြောင့် အခြားသောခယ်မများသည် တိတ်ဆိတ်သွားခဲ့ကြသည်။သူမတို့အားလုံးသည် ရှောင်ယုအားအယုံအကြည်မရှိသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

...

...

ရှောင်ယုသည် အန်ကာဂန်တောင်တန်းများဆီသို့ ဦးတည်၍ မြင်းကိုဒုန်းစိုင်းစီးနင်းနေခဲ့သည်။

သူ၏မြို့အား အန်ကာဂန်တောင်တန်း၏ တောင်ခြေရင်း၌ တည်ဆောက်ထားခဲ့သည်။ရလဒ်အနေဖြင့် သူ၏မြို့အားအနောက်ဘက်မှ ဝင်ရောက်စီးနင်းလိုပါက အဆုံးမဲ့အန်ကာဂန်တောင်တန်းများကို ဖြတ်ကျော်ရမည်ဖြစ်သည်။

အန်ကာဂန်တောင်တန်းထဲတွင် အောစ့်လူဘီလူးများ ၊ သစ်တောနတ်သူငယ်များနှင့် အခြားဒဏ္ဍာရီလာသားရဲများစွာနေထိုင်ကျက်စားကြပြီး နဂါးများပင်ရှိသည်ဟု ဒဏ္ဍာရီများအရသိရသည်။

သို့သော် ထိုအရာများသည် ဒဏ္ဍာရီပုံပြင်များသာဖြစ်သည်။လက်တွေ့ဘဝတွင် လူများသည် မှင်စာများသို့မဟုတ် အဆင့်နိမ့်သားရဲအချို့ကိုသာ တွေ့မြင်ဖူးကြသည်။

ရှောင်ယုသည် မဟာခန်းမတည်ဆောက်ရန် နေရာကောင်းတစ်ခုကို စဉ်းစားနေခဲ့သည်။ထိုသို့စဉ်းစားနေရင်း ရှောင်ယုသည် သူငယ်စဉ်အခါ ဝေးလံခေါင်သီသော တောင်တန်းတစ်နေရာဆီ လာရောက်ကစားရာမှ တစ်စုံတစ်ရာကို အမှတ်ရလာခဲ့သည်။ထိုနေရာသည် အလွန်မတ်စောက်သော ချောက်ကမ်းပါးနေရာတစ်ခုဖြစ်သော်လည်း ၎င်း၏အောက်ဘက်တွင် ကျယ်ပြန့်သောလွင်ပြင်တစ်ခုရှိကာ မဟာခန်းမအား တည်ဆောက်ရန်အလွန်သင့်လျော်ပေသည်။

ထို့ပြင် ရှောင်ယုသည် အန်ကာဂန်တောင်တန်းများတွင် နေထိုင်သည့်မျိုးနွယ်ခြားများနှင့် သားရဲများအား သတိထားရမည်ဖြစ်သည်။ယခုအချိန်တွင် သူသည်မျိုးနွယ်ခြားများကို အသာထား ကြွက်တစ်ကောင်ကိုတောင် သတ်ဖြတ်နိုင်သူမဟုတ်ပေ။

ရှောင်ယုသည် သူ၏မှတ်ညဏ်များထဲမှ လမ်းကြောင်းအတိုင်းလျှောက်လာရင်း နာရီဝက်ခန့်အကြာတွင် မတ်စောက်သောချောက်ကမ်းပါး၏ အောက်ခြေသို့ရောက်ရှိလာခဲ့သည်။

ထိုချောက်ကမ်းပါး၏အောက်ခြေတွင် မဟာခန်းမကိုထည့်သွင်းတည်ဆောက်ပါက အခြားသူများသည် ထိုတည်နေရာအား တိုက်ခိုက်ရန်အလွန်ပင်ခက်ခဲမှာဖြစ်သည်။

ရှောင်ယုသည် စစ်ပွဲကမ္ဘာ၌ သူ၏ကျွမ်းကျင်သောအတွေ့အကြုံများကြောင့် မဟာခန်းမအား တည်ဆောက်ရမည့် တည်နေရာနှင့်ပတ်သက်၌ အတွေ့အကြုံများစွာရှိခဲ့သည်။

ယခုအချိန်တွင် သူသည်မဟာခန်းမတည်ဆောက်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။

"မဟာခန်းမအား ဤနေရာ၌တည်ဆောက်ရန် သေချာပြီလား..."

စက်ရုပ်အမျိုးသမီး၏ အတည်ပြုချက်တောင်းခံသည့်အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

သေချာတယ်..."

စိတ်လှုပ်ရှားမှုကြောင့် ရှောင်ယုသည်လေသံသည် တုန်ခါနေခဲ့သည်။သူ၏ယခင်ဘဝတွင် မရေမတွက်နိုင်သော လူများစွာသည် သူ၏လက်ရှိရောက်နေသောနေရာအား အိပ်မက်မက်ခဲ့ကြသည်။သူသည် ဂိမ်းတစ်ခုလုံးအား လက်တွေ့ဘဝသို့ ယူဆောင်လာခြင်းဖြစ်သည်။

ဝုန်း....

ကျယ်လောင်သော အသံသည် ပတ်ဝန်းကျင်အား ပဲ့တင်ထပ်လာပြီးနောက် ရှောင်ယု၏ရှေ့မှောက်တွင် ခမ်းနားထည်ဝါပြီး ကြီးမားလှသော အနီရောင်ခန်းမကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုခန်းမကို ဂိမ်းထဲတွင် အကြိမ်ပေါင်းများစွာ တွေ့မြင်ဖူးသော်လည်း လက်တွေ့ဘဝ၌ တွေ့မြင်ရချိန်တွင် အလွန်ကြီးမားသောကြောင့် ရှောင်ယုအံ့သြသွားခဲ့ရသည်။

"ဟားဟား....ဒါက တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့ ဧရာမခန်းမကြီးပဲ.."

ရှောင်ယုသည် သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းလိုက်ကာ အမိန့်ပေးလိုက်သည်။

"မုန်တိုင်းပလ္လင်ကို တည်ဆောက်ပါ..."

ခဏအကြာတွင် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော ဆယ်မီတာခန့်မြင့်သည့် မုန်တိုင်းပလ္လင်သည် ကျယ်လောင်သောပဲ့တင်ထပ်သံနှင့်အတူ ရှောင်ယု၏မြင်ကွင်းရှေ့၌ ထွက်ပေါ်လာခဲ့သည်။

မဟာခန်းမနှင့် မုန်တိုင်းပလ္လင်နှစ်ခုလုံးသည် အခမဲ့တည်ဆောက်နိုင်သော အရာများဖြစ်သည်။သို့သော် အချို့သောအရာများသည် ဂိမ်းတွင်း၌ကြုံတွေ့ရသည့်ပုံစံမဟုတ်ဘဲ လက်တွေ့ဘဝတွင်ဖြစ်ရာ အနည်းငယ်ကွဲပြားသည့်ပုံစံရှိသည်။

"မုန်တိုင်းပလ္လင်အား တည်ဆောက်ထားသည်...သင်သည် သူရဲကောင်းတစ်ဦးအား အခမဲ့ဆင့်ခေါ်နိုင်သည်...သင်ယခုဆင့်ခေါ်မည်လား"

စက်ရုပ်သံက ရှောင်ယု၏နားထဲတွင် တဖန်ပဲ့တင်ထပ်လာခဲ့သည်။

"ဒါဆိုရင် ဂိမ်းထဲကလိုပဲ...ငါကပထမဆုံးသူရဲကောင်းကို အခမဲ့ဆင့်ခေါ်နိုင်တယ်ပေါ့...ခုဆင့်ခေါ်မယ်"

ရှောင်ယုက မဆိုင်းမတွပင် ပြန်ပြောလိုက်သည်။

မုန်တိုင်းပလ္လင်မှ ဆင့်ခေါ်နိုင်သော သူရဲကောင်းများ

- ဓားသခင်

- နွားလားသူရဲကောင်း

- ပရောဖက်

- အရိပ်မုဆိုး

"ဓားသခင်ကို ဆင့်ခေါ်မယ်..."

ရှောင်ယုက မဆိုင်းမတွ တောင်းဆိုလိုက်သည်။

သူ၏အတိတ်ဘဝတွင် ဓားသခင်သည် သူအကြိုက်ဆုံးသော သူရဲကောင်းတစ်ယောက်ဖြစ်သည်။ထို့ပြင် သူနှင့်အကျွမ်းတဝင်အရှိဆုံး ပုံစံလည်းဖြစ်သည်။

"ခေါ်ယူမှုစတင်ပါပြီ...အချိန်၁နာရီအတွင်း ရောက်ရှိလာပါမည်..."

အသံထွက်ပေါ်လာပြီးနောက် ထူးဆန်းသောအစိမ်းရောင်အလင်းများက ယဇ်ပလ္လင်အား ဖုံးလွှမ်းသွားခဲ့သည်။ထို့နောက် ယဇ်ပလ္လင်ပေါ်၌ အစိမ်းရောင်ပုံရိပ်တစ်ခုဖြစ်ပေါ်လာကာ ဂီတသံများ ထွက်ပေါ်လာခဲ့သည်။

"တကယ့်ဘဝမှာ ဓားသခင်တစ်ယောက်ကို တွေ့မြင်ရတော့မှာဆိုပေမဲ့ စောင့်ရတာတကယ်ကြာတာပဲ...ဒါကငါ့ကိုနှိပ်စက်နေသလိုပဲ..."

ရှောင်ယုသည် ယဇ်ပလ္လင်အား အကြိမ်ကြိမ်အခါခါ လှည့်ပတ်ရင်း ငြီးငွေ့စပြုလာခဲ့သည်။ထို့ကြောင့် သူသည်အချိန်မနှောင်းတော့ဘဲ အခြားသော အဆောက်အဦးများကို တည်ဆောက်ရန်ပြင်ဆင်ခဲ့သည်။သူကဲ့သို့ စစ်ကမ္ဘာဂိမ်း၏ ထိပ်တန်းကစားသူတစ်ယောက်သည် လူသစ်တစ်ယောက်ကဲ့သို့ အမှားများပြုလုပ်မှာမဟုတ်ပေ။

ဓားသခင်တစ်ယောက်သည် တပ်ဖွဲ့များကို အနိုင်ယူနိုင်မှာမဟုတ်ပေ။အကောင်းဆုံးလုပ်ဆောင်နိုင်သည်မှာ ဒါဇင်နှင့်ချီသော ရန်သူများကိုတိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်ရပါက မည်သည်မှလုပ်ဆောင်နိုင်မည်မဟုတ်ပေ။

"စစ်တန်းလျားတွေ တည်ဆောက်မယ်..."

ရှောင်ယုက ချက်ချင်းအမိန့်ပေးလိုက်သည်။သူသည် မဟာခန်းမအား တည်ဆောက်ပြီးဖြစ်ရာ ယခုအခါ စစ်တန်းလျားများကို တည်ဆောက်နိုင်ပြီဖြစ်သည်။

"စစ်တန်းလျားအား တည်ဆောက်ရန် အလုပ်သမားများလိုအပ်ပါသည်...စနစ်မှသင့်အား အလုပ်သမားငါးယောက်ကို အခမဲ့ပေးအပ်ထားသည်...သူတို့အားဆင့်ခေါ်မည်လား..."

စနစ်မှသူ့အား ချက်ချင်းတုံ့ပြန်လာခဲ့သည်။

"စစ်တန်းလျားကိုတည်ဆောက်ဖို့ လုပ်အားလိုတယ်ပေါ့...ကောင်းပြီလေ...သူတို့ကိုချက်ချင်းဆင့်ခေါ်လိုက်..."

ရှောင်ယုက ချက်ချင်းအမိန့်ပေးလိုက်သည်။

မကြာမှီ မဟာခန်းမအတွင်းမှ လူ၅ယောက်ထွက်လာခဲ့သည်။

ရှောင်ယုသည် သူတို့အား အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီး အနည်းငယ်စိတ်ပျက်သွားခဲ့သည်။သူတို့သည် အနိမ့်ဆုံးအဆင့်စစ်သည်များထက်ပင် ပိုမိုအားနည်းပေသည်။

အလုပ်သမားများသည် အစိမ်းရောင်အသားအရည်နှင့် တောင့်တင်းသော ကြွက်သားတည်ဆောက်ပုံရှိကာ သွားစွယ်များနှင့် ကြီးမားသောမျက်လုံးများ ပိုင်ဆိုင်ထားသည်။ရုတ်တရက်ကြည့်ပါက ရက်စက်သော အောစ့်စစ်သည်များနှင့်တူညီပြီး သာမန်လူများသာ သူတို့အားတွေ့မြင်ပါက ကြောက်လန့်တကြားထွက်ပြေးနိုင်သည်။

ရှောင်ယုသည် အချိန်ကုန်မခံတော့ဘဲ တန်းလျားများအား စတင်တည်ဆောက်စေခဲ့သည်။

စစ်တန်းလျားများအား ဆောက်လုပ်ပြီးစီးရန် နာရီဝက်ကြာမြင့်သောကြောင့် ရှောင်ယုသည် သူ၏လက်နှစ်ဖက်အား နာကျင်စွာပွတ်သပ်ကာ စောင့်ဆိုင်းနေခဲ့သည်။

...

...

အချိန်တစ်နာရီကြာပြီးနောက် မုန်တိုင်းပလ္လင်၏ပတ်လည်တွင် မှော်အခင်းအကျင်းတစ်ခုထွက်ပေါ်လာခဲ့သည်။ ထို့နောက် ယဇ်ပလ္လင်ပေါ်၌ အရပ်မြင့်မားပြီး ကြီးမားသောပုံရိပ်တစ်ခုက ကျယ်လောင်စွာဟိန်းဟောက်ကာ ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်သည် သန်မာထွားကြိုင်းကာ အစိမ်းရောင်အသားအရောင်ရှိပြီး အေးစက်တောက်ပနေသော ဓားရှည်ကိုကိုင်ဆောင်ထားသည်။၎င်းမှာ ရှောင်ယုဆင့်ခေါ်ထားသည့် ဓားသခင်ဖြစ်သည်။

"အို...ဘုရားရေ...ဒါကဓားသခင်တစ်ယောက်ပဲ.."

ရှောင်ယုသည် ယခင်ဘဝတွင် ဤသူရဲကောင်းများနှင့် အလွန်ရင်းနှီးသော်လည်း ယခုလိုလက်တွေ့ဘဝ၌ တွေ့မြင်လိုက်ရချိန်တွင် ထိတ်လန့်နေဆဲဖြစ်သည်။

ထိုအချိန်တွင် ဓားသခင်သည် ယဇ်ပလ္လင်မှခုန်ဆင်းကာ ရှောင်ယုအား ဦးညွတ်လိုက်သည်။

"(ငရဲအော်သံ)ဂရင်းက သခင့်ကို နှုတ်ဆက်ပါတယ်.."

ငါရလိုက်တဲ့ ပထမဆုံးသူရဲကောင်းက အောစ့်တွေရဲ့ ပထမမျိုးဆက်သူရဲကောင်း ဓားသခင် ဂရင်းဖြစ်နေတာပဲ...

ရှောင်ယုသည် သူ့ထက်ခေါင်းနှစ်လုံးခန့်မြင့်မားသော သန်မာထွားကြိုင်းသည့် အောစ့်ဘီလူးကြီးကိုကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့သည်။

ရှောင်ယုသည် သူ့အားဦညွတ်နေသော ဂရင်းကိုဖေးမကူညီလိုက်ပြီး သူ၏အရည်အချင်းများကို စစ်ဆေးလိုက်သည်။

သူရဲကောင်းအမျိုးအစား - ဓားသခင်

အမည် - ဂရင်း(ငရဲအော်သံ)

မျိုးနွယ်ဝင် - အောစ့်ဘီလူး

အဆင့် - ၁

ခွန်အား - ၂၀

အမြန်နှုန်း - ၃၀

ခုခံမှု့ - ၂၅

သင်ယူနိုင်သည့် ကျွမ်းကျင်မှုများ - လေလမ်းလျှောက်ခြင်း ၊ ထပ်ဆင့်ခုတ်ပိုင်းချက် ၊ ပြင်းထန်သောခုတ်ပိုင်းချက်

လက်ကျန်ကျွမ်းကျင်မှုအမှတ် - ၁ မှတ်

ရှောင်ယုသည် ဓားသခင်အောစ့်ဘီလူးအား အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်ရှုပြီးနောက် စိတ်ကျေနပ်သွားခဲ့သည်။ထိုကဲ့သို့ သန်မာသောသက်တော်စောင့်တစ်ယောက်အား ရရှိလိုက်သောကြောင့် သူ၏လုံခြုံရေးသည် အဆပေါင်းများစွာ တိုးမြင့်လာခဲ့သည်။

ထိုသို့ သန်မာသောဓားသခင်တစ်ယောက်သည် မည်သူ့ကိုမဆို ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။

သို့သော် ဓားသခင်ကိုင်ဆောင်ထားသည့် ဓားသည် သံချေးတက်နေသော ဓားကျိုးတစ်ခုလို ပုံစံပေါက်နေရာ ရှောင်ယုသည် အလွန်ပင်မကျေနပ်ပေ။

အနာဂတ်တွင် သူသည်သူရဲကောင်းများ၏ အရည်အချင်းနှင့် သက်ဆိုင်ရာလက်နက် ချပ်ဝတ်များအား အဆင့်မြင့်တင်ရန် ကြိုးစားရမည်ဖြစ်သည်။ထိုသို့အဆင့်မြင့်တင်ရန်မှာ ပန်းပဲဆိုင်အား တည်ဆောက်ရန်လိုအပ်ပေသည်။

ထိုအချိန်တွင် စနစ်သည် ရှောင်ယုတွေးတောနေသည့် မေးခွန်းကိုသိရှိသွားပြီး ချက်ချင်းအဖြေပြန်ပေးခဲ့သည်။

လက်နက်တွေကို အဆင့်မြင့်နိုင်တာ အရမ်းကောင်းတယ်...

အနာဂတ်တွင် လက်နက်ချပ်ဝတ်များကို အဆင့်မြင့်တင်နိုင်ကြောင်း နားလည်ပြီးနောက် ရှောင်ယုစိတ်ကျေနပ်သွားခဲ့သည်။အနာဂတ်တွင် သူ၏သူရဲကောင်းများကို စုတ်ပြတ်နေသော လက်နက်ချပ်ဝတ်များဖြင့် စစ်မြေပြင်ဆီသို့ မစေလွှတ်နိုင်ပေ။

ဓားသခင်အတွက် ခုရှိနေတဲ့ ကျွမ်းကျင်မှု၁မှတ်ကို ဘယ်လိုဖြန့်ဝေရမလဲ...

ရှောင်ယုသည် စနစ်အား ချက်ချင်းမေးခွန်းထုတ်လိုက်သည်။

စနစ်၏အဖြေကိုရရှိပြီးနောက် ရှောင်ယုသည် ဓားသခင်ကိုကြည့်ကာ စဉ်းစားလိုက်သည်။

"အင်း...ခုချိန်မှာ ဘယ်ကျွမ်းကျင်မှုကို အရင်သင်ယူသင့်လဲ...ဟုတ်ပြီ...လေလမ်းလျှောက်ခြင်းကို အရင်သင်ယူရမယ်...အဲ့ဒါက ဓားသခင်ရဲ့ အမြန်နှုန်းကိုတိုးမြင့်ပေးပြီး ခေတ္တကိုယ်ပျောက်စေနိုင်တယ်"

ရှောင်ယုသည် ကျွမ်းကျင်မှုအမှတ်ကို လေလမ်းလျှောက်ခြင်းအား သင်ယူရန်အတွက် အသုံးပြုလိုက်ပြီးနောက် ဓားသခင်ဂရင်း၏ ကျွမ်းကျင်မှုဇယား၌ လေလမ်းလျှောက်ခြင်းဟူသည့် စကားစုကထွက်ပေါ်လာခဲ့သည်။

လေလမ်းလျှောက်ခြင်း(အဆင့် ၁)(အဆင့် ၃ထိ မြင့်တင်နိုင်သည်)

- အမြန်နှုန်း ၅၀ ရာခိုင်နှုန်းတိုးမြင့်လာစေကာ ကိုယ်ပျောက်နေစဉ်အတွင်း ရန်သူအား ထိခိုက်မှု၁၀ရာခိုင်နှုန်း တိုးမြင့်လာစေသည်။

ပြန်လည်အသုံးပြုရန်ကြာချိန် - ၅ စက္ကန့်

"ကစားသူသည် သူရဲကောင်းများ၏ သက်ဆိုင်ရာကျွမ်းကျင်မှုများအနက်မှ တစ်ခုကိုသင်ယူနိုင်သည်။ယခု ကစားသူထံတွင် ကျွမ်းကျင်မှုအမှတ် ၂မှတ်ရှိသည်။ကစားသူသည် သူရဲကောင်းထံမှ ကျွမ်းကျင်မှုတစ်ခုကို သင်ယူလိုပါသလား..."

ဘာလဲ...ငါလည်း သူရဲကောင်းတွေရဲ့ ကျွမ်းကျင်မှုတွေကို သင်ယူနိုင်တာလား...

စနစ်၏အသိပေးချက်ကို ရရှိချိန်တွင် ရှောင်ယုသည် ခဏလောက်ထိတ်လန့်တုန်လှုပ်သွားကာ နှလုံးခုန်နှုန်းမြန်ဆန်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂိမ်းမျက်နှာပြင်သည် သူ၏မျက်စိရှေ့၌ ထွက်ပေါ်လာခဲ့သည်။ထိုမျက်နှာပြင်ပေါ်၌ သူ၏ကိုယ်ပိုင်ရုပ်ပုံကို ဖော်ပြထားကာ သူ၏ကိုယ်ပိုင်အရည်အချင်းနှင့် အချက်အလက်များအား ဖော်ပြထားပေသည်။

အမည် - ရှောင်ယု

မျိုးနွယ်ဝင် - လူသား

အဆင့် - ၁

ခွန်အား - ၄

အမြန်နှုန်း - ၅

ခုခံမှု့ - ၆

စိတ်စွမ်းအား - ၆

ကျွမ်းကျင်မှု - မရှိ

လက်ကျန်ကျွမ်းကျင်မှုအမှတ် - ၂

"ငါ့ရဲ့အရည်အချင်းက တော်တော်လေးဆိုးရွားတာပဲ...ခွန်အား ၄နဲ့ အမြန်နှုန်း ၅ပဲရှိတယ်...ဒါပေမဲ့ ငါ့ဆီမှာ ကျွမ်းကျင်မှုအမှတ် ၂မှတ်ရှိသေးတယ်...ပြီးတော့ သူရဲကောင်းတွေရဲ့ ကျွမ်းကျင်မှုတွေကို ငါသင်ယူနိုင်တယ်"

ရှောင်ယုက အရူးတစ်ယောက်လို ရယ်မောလိုက်သည်။

"လူတွေက စစ်ပွဲကမ္ဘာထဲက သူရဲကောင်းတွေရဲ့ ကျွမ်းကျင်မှုတွေကို လက်တွေ့ဘဝမှာ ပိုင်ဆိုင်ဖို့စိတ်ကူးယဉ်ကြတယ်...ဒီနေ့မှာတော့ ငါ့ရဲ့အိပ်မက်တွေက အကောင်အထည်ပေါ်လာပြီ...ဒါပေမဲ့ငါ့မှာ ကျွမ်းကျင်မှုအမှတ် ၂မှတ်ပဲရှိတယ်"

"ဟိဟိ...အကောင်းဆုံးကတော့ လေလမ်းလျှောက်ခြင်းပဲ...အဲ့ဒီကျွမ်းကျင်မှုနဲ့ဆိုရင် ငါ့ခယ်မလေးတွေ ရေချိုးတာကိုချောင်းကြည့်လို့ရပြီ...ပြီးတော့လူမိသွားရင် ကိုယ်ပျောက်ပြီးလွယ်လွယ်နဲ့ထွက်ပြေးနိုင်တယ်...ဒါကငါ့အတွက် တမင်တကာစီစဉ်ပေးထားတဲ့ ကျွမ်းကျင်မှုပဲ...ဟားဟား..."

"လေလမ်းလျှောက်ခြင်းကို သင်ယူမယ်"

ရှောင်ယုက မဆိုင်းမတွ အမိန့်ပေးလိုက်သည်။

*****

အခန်း ၃ - ဓားသခင်အား အဆင့်မြင့်တင်ခြင်း

ရှောင်ယုသည် လေလမ်းလျှောက်ခြင်းအား စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။

ရှောင်ယုသည် လေလမ်းလျှောက်ခြင်းအား တွေးမိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်တစ်ခုလိုဖြစ်လာကာ ပတ်ဝန်းကျင်ရှိ ရှုခင်းများနင့် စတင်ရောယှက်လာခဲ့သည်။

သူ၏အနီးအနားတွင် တစ်စုံတစ်ဦးကပ်နေခြင်းမရှိသရွေ့ သူ့အားဖော်ထုတ်တွေ့မြင်ရန် အလွန်ခက်ခဲပေသည်။

"ကောင်းလိုက်တာ... ဟားဟား...ငါ့ရဲ့ခယ်မလှလှလေးတွေကို ချောင်းကြည့်လို့ရပြီ...ဒီအကြောင်းကိုတွေးမိရုံနဲ့တင် တော်တော်ပျော်စရာကောင်းနေပြီ..."

ရှောင်ယုသည် သူ့အားစောင့်ကြိုနေသော ပျော်ရွှင်ဖွယ်မြင်ကွင်းများကို တွေးမိရင်း စိတ်ကျေနပ်သွားခဲ့သည်။

"အဆင့် ၁မှာက ကိုယ်ပျောက်ချိန် ၁မိနစ်ဘဲ ရှိသေးတာဆိုတော့ လုံလောက်မှုမရှိသေးဘူး...ဒါပေမဲ့ ပြန်လည်အသုံးပြုချိန်က ၅စက္ကန့်ပဲရှိတာဆိုတော့ ငါသာသေချာသတိထားနေသရွေ့ ဘာပြသနာမှဖြစ်မှာမဟုတ်ဘူး..."

ရှောင်ယုသည် လေလမ်းလျှောက်ခြင်းအား အဆင့်၂သို့မြင့်တင်ရန်အတွက် နောက်ထပ်ကျွမ်းကျင်မှုအမှတ်အား အသုံးပြုလိုသော်လည်း လက်တွေ့ကျသည့် တိုက်ခိုက်ရေးကို ပိုမိုလေ့လာလိုသည့်အတွက်ကြောင့် ထိုအကြံအစည်အား လက်လျော့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် စနစ်၏အချက်ပေးသံက အတွေးထဲနစ်မြုပ်နေသော ရှောင်ယုအား အနှောင့်အယှက်ပေးလာခဲ့သည်။

"စစ်တန်းလျားများအား တည်ဆောက်ပြီးပါပြီ...စစ်သည်များအား စတင်ထုတ်လုပ်နိုင်ပါပြီ..."

"ကောင်းပြီ...စစ်တန်းလျားတွေဆောက်ပြီးပြီဆိုတော့ အောစ့်စစ်သည်တော် အယောက်၁၀၀ကို ငါဝယ်ချင်တယ်"

ရှောင်ယုသည် ဟန်အပြည့်ဖြင့် လက်ကိုဝှေ့ယမ်းအမိန့်ပေးလိုက်သည်။

"ကျရှံးပါတယ်....ကစားသူထံတွင် လုံလောက်သော အရင်းအမြစ်များမရှိသေးပါ..."

စနစ်၏တုံ့ပြန်မှုသည် ရှောင်ယု၏ခေါင်းပေါ်သို့ ရေခဲရေတစ်ပုံးသွန်ချလိုက်သလို အသိစိတ်ဝင်လာစေခဲ့သည်။

"ငါအရမ်းစိတ်လှုပ်ရှားနေလို့ အကုန်လုံးမေ့နေပြီဘဲ...စစ်ကမ္ဘာမှာ အရာရာတိုင်းအတွက် အရင်းအမြစ်တွေလိုအပ်တာ ငါမေ့သွားခဲ့တယ်"

ရှောင်ယုသည် စနစ်မှတဆင့် သူပိုင်ဆိုင်သည့် အရင်းအမြစ်များအား စတင်စစ်ဆေးခဲ့သည်။

အရင်းအမြစ်စာရင်း - အစာ - ၁၀၀ ၊ ကျောက် - ၀ ၊ သစ်သား - ၀ ၊ သတ္တု - ၀ ၊ ရွှေ - ၁၀၀၀

"ကျောက် ၊ သစ်သားနဲ့ သတ္တုတွေကို ငါကိုယ်တိုင်တူးဖော်ရမှာလား...ဒါကဂိမ်းထဲကနဲ့ လုံးဝမတူတာပဲ...စနစ်က လက်တွေ့ဘဝမှာ ဂိမ်းထဲက လုပ်ဆောင်ချက်တွေကို ပိတ်ဆို့ထားတာလား..."

ရှောင်ယုသည် သူ၏အရင်းအမြစ်များကို စစ်ဆေးပြီးနောက် အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။

"ရွှေ ၁၀၀၀နဲ့ဆိုရင် အောစ့်စစ်သည် ဘယ်နှစ်ယောက်ရနိုင်မလဲ..."

မဝေးလှသော အနာဂတ်တွင် စစ်ပွဲများဖြစ်ပွားလာနိုင်သောကြောင့် ရှောင်ယုသည် စစ်သည်များကို အရေးတကြီးလိုအပ်နေသည်။

"အောစ့်စစ်သည် ၁ယောက်ကို ရွှေ၁၀၀ ကုန်ကျပါမည်"

စနစ်က ချက်ချင်းပြန်ဖြေလိုက်သည်။

"သေစမ်း...အောစ့်စစ်သည် ၁ယောက်အတွက် ရွှေ၁၀၀လိုတယ်ဆိုတော့ ငါကအခု အောစ့်စစ်သည်၁၀ယောက်ပဲ ဝယ်လို့ရတာပေါ့"

စနစ်၏အဖြေကြောင့် ရှောင်ယုအနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။

"ရွှေတွေကို ဘယ်လိုရနိုင်မလဲ"

ရှောင်ယုသည် အဓိကကျသော မေးခွန်းကိုမေးမြန်းလိုက်သည်။ယခင်ဘဝတွင် ဂိမ်းတွင်း၌ ရွှေတွင်းတစ်ခုကို တိုက်ရိုက်ရနိုင်သောကြောင့် ရှောင်ယုအတွက် ယခုအချိန်၌ ရွှေအရင်းအမြစ်သည် အဓိကပြသနာဖြစ်နေသည်။

"ဤလောက၏ ငွေကြေးကို အရင်းအနှီးပြု၍ ဂိမ်းငွေကြေးနှင့် လဲလှယ်နိုင်သည်"

စနစ်၏ အဖြေကိုရရှိပြီးနောက် ရှောင်ယုသည် အနည်းငယ်စိတ်အေးသွားခဲ့သည်။

"ဒါကကိစ္စမရှိဘူး...ဘာပဲဖြစ်ဖြစ် ငါကခုချိန်မှာ တကယ့်လက်တွေ့ဘဝကိုရောက်နေတာကြောင့် ဂိမ်းနဲ့လက်တွေ့ကမ္ဘာက ဆက်စပ်နေတာငါနားလည်တယ်...ဒါဆိုရင် ကျောက် ၊ သတ္တု ၊ သစ်သားတွေကိုကော ငါကိုယ်တိုင်တူးဖော်ရမှာလား..."

"ကစားသူသည် ထိုအရင်းအမြစ်များအား အလုပ်သမားများကို အသုံးပြုကာ တူးဖော်၍၎င်း လက်တွေ့ကမ္ဘာ၏အရင်းအမြစ်များကို အလဲအလှယ်ပြု၍၎င်း ရယူနိုင်သည်"

"စစ်သည်တွေက စားစရာလိုအပ်လား..."

ရှောင်ယုက သူ့ထံတွင် အစားအစာ ၁၀၀သာရှိသည်ကိုသတိထားမိ၍ ထပ်မံမေးမြန်းလိုက်သည်။သူ၏အမြင်အရ ထိုပမာဏသည် အောစ့်စစ်သည်များအတွက် ရက်အနည်းငယ်လုံလောက်သင့်သည်။

"သင်သည် အောစ့်စစ်သည်များအတွက် အမိုးအကာနှင့်အရင်းအမြစ်များ ပေးအပ်ရန်လိုအပ်ပါသည်...အရင်းအမြစ်များကို ပေးအပ်ရန်အချိန်ကြာမြင့်လာပါက အောစ့်စစ်သည်များနှင့် အလုပ်သမားများသည် တဖြည်းဖြည်းသေဆုံးကုန်မှာဖြစ်သည်"

"ကန့်သတ်ချက်တွေ အများကြီးပဲ..."

နဂိုကသူသည် အောစ့်စစ်သည်များအား ထောက်ပံ့ရန်မလိုအပ်ဟု တွေးထားသော်လည်း ယခုအခါသူသည် အရာအားလုံးကိုဂရုတစိုက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်သွားခဲ့သည်။

သို့သော် ပြဿနာမှာ ယခုအချိန်၌ ရှောင်ယုထံတွင် လုံလောက်သောအရင်းအမြစ်များရှိမနေပေ။သူ့ယခင်ဘဝတွင် ဂိမ်းတွင်း၌ တိုက်ရိုက်တူးဖော်နိုင်သော ရွှေတွင်းတစ်တွင်းရှိနေ၍ ပြသနာမရှိသော်လည်း ယခုအခါ ရွှေမလုံလောက်မှု ပြသနာအားစတင်ရင်ဆိုင်နေရပြီဖြစ်သည်။

"ရွှေရဖို့ နည်းလမ်းရှာရမယ်...ပြီးတော့ အမိုးအကာတွေနဲ့ ပန်းပဲဆိုင်တည်ဆောက်ဖို့အတွက်လည်း စဉ်းစာရဦးမယ်"

ရှောင်ယုသည် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်ကာ သူ၏အခြေခံများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နည်းလမ်းများစွာကိုစဉ်းစားနေခဲ့သည်။ယခင်ဘဝ၌ စစ်ကမ္ဘာဂိမ်းတွင် သူသည် ချန်ပီယံတစ်ယောက်ဖြစ်သော်လည်း လက်တွေ့ဘဝတွင်မူ သူသည်လူသစ်တစ်ဦးဖြစ်နေခဲ့သည်။ဤကမ္ဘာတွင် သူသည်ဖြေးညင်းသောအရှိန်ဖြင့်သာ ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းရှိသည်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် အချိန်တစ်လဟူသည့် ကန့်သတ်ချိန်အတွင်း အဆောက်အဦးများကိုဆောက်လုပ်ရန်နှင့် တိုက်ပွဲအတွက် လုံလောက်သောစစ်အင်အားကို စုစည်းရန်အလွန်ခက်ခဲကြောင်း ရှောင်ယုနားလည်လာခဲ့သည်။

"ငါအခုပြန်ရင် မြို့မှာရှိတဲ့လက်ကျန်ရွှေစာရင်းကို စစ်ဆေးရမယ်...ပြီးတော့ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေကိုစစ်ဆေးတူးဖော်ရမယ်...သစ်တောထဲက သစ်ပင်တွေကိုခုတ်လှဲပြီး မြေပေါ်ကကျောက်တုံးတွေကို တူးဖော်ရမယ်...ဒါမှ အောစ့်စစ်သည်တွေကို အရေအတွက်များများထုတ်ပြီး ငါ့ရဲ့စစ်အင်အားကိုမြင့်တင်နိုင်မှာ"

ရှောင်ယုသည် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချမှတ်လိုက်ပြီးနောက် အောစ့်စစ်သည် ၁၀ဦးအား စတင်ထုတ်လုပ်ရန် အမိန့်ပေးလိုက်သည်။

သူသည်ယခုအချိန်၌ ဓားသခင်တစ်ဦးကို ဆင့်ခေါ်ထားသော်လည်း လုံလောက်သော စစ်အင်အားကိုမပိုင်ဆိုင်ပါက ကာရီ၏တပ်များကို အလဲထိုးနိုင်မှာမဟုတ်ပေ။

ရှောင်ယု၏အမိန့်ကိုရသည်နှင့် စစ်တန်းလျားများသည် ချက်ချင်းပင် အောစ့်စစ်သည်များအား စတင်ထုတ်လုပ်ခဲ့သည်။သို့သော် အောစ့်စစ်သည်တစ်ယောက်အား ထုတ်လုပ်ရန် နာရီဝက်ကြာမြင့်ပြီး အောစ့်စစ်သည် ၄၈ယောက်အားထုတ်လုပ်ရန် နှစ်ရက်ကြာမြင့်သောကြောင့် ရှောင်ယု အနည်းငယ်စိတ်ဓာတ်ကျသွားရသည်။

"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လေ...အစောကတည်းက ငါ့ဆီမှာအောစ့်စစ်သည်တွေ အများကြီးဝယ်ဖို့ ပိုက်ဆံမရှိခဲ့ဘူး"

ရှောင်ယုသည် အလုပ်သမားများကို သစ်ခုတ်ရန်အမိန့်ပေးလိုက်ပြီးနောက် ဓားသခင်နှင့်အတူ အနီးအနားတွင်စူးစမ်းလေ့လာရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ရှောင်ယုသည် သူပထမဆုံးဆင့်ခေါ်ထားသော သူရဲကောင်းဖြစ်သည့် ဓားသခင်ဂရင်း၏ အစွမ်းကိုမြင်တွေ့ရရန် မစောင့်ဆိုင်းနိုင်တော့ပေ။

ရှောင်ယုသည် ဂရင်းကိုခေါ်ဆောင်ကာ အန်ကာဂန်တောင်တန်းနယ်မြေဆီ ဝင်ရောက်လာခဲ့သည်။သူ၏အဓိကရည်ရွယ်ချက်မှာ ဤနေရာ၌ ဂရင်းအားလေ့ကျင့်ပေးရန်ဖြစ်သည်။ဂရင်းကိုယ်တိုင်က ဂိမ်းထဲရှိ သူရဲကောင်းဇာတ်ကောင်တစ်ဦးဖြစ်ရာ ရှောင်ယုသည် ဂရင်း၏အဆင့်အား မြင့်တင်နိုင်ပေသည်။ဓားသခင်တစ်ယောက်သည် မြင့်မားသောအဆင့်သို့ရောက်ရှိလာသည်နှင့်အမျှ တိုက်ပွဲတွင်း၌ ပိုမိုအစွမ်းထက်လာမည်ဖြစ်သည်။

...

သူတို့သည် အန်ကာဂန်တောင်တန်းအတွင်းသို့ မိုင်ပေါင်းများစွာဝင်ရောက်သွားပြီးနောက် ရှောင်ယုသည် အနည်းငယ်ပင်ပန်းသွားခဲ့သည်။တောတွင်းခရီးလမ်းသည် အနည်းငယ်ကြမ်းတမ်းသည့်အတွက်ကြောင့် မြင်းဖြင့်ခရီးသွား၍မရပေ။

"ငါ့ရဲ့ကိုယ်ပိုင်ခွန်အားကို အချိန်မှီတိုးတက်အောင် မြင့်တင်ဖို့စီစဉ်နိုင်ခဲ့တာ ကံကောင်းတာပဲ...ငါ့ရဲ့မူလခန္ဓာကိုယ်က တော်တော်လေးကိုအားနည်းတာပဲ"

ရှောင်ယုသည် ပင်ပန်းမှုဒဏ်ကြောင့် ခေတ္တအနားယူနေစဉ်အတွင်း တောတွင်းမှ သားရဲတစ်ကောင်၏ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။

ရှောင်ယုသည် အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်သောအချိန်တွင် ဧရာမအညိုရောင်ဝက်ဝံကြီးတစ်ကောင်သည် သူတို့နှင့်မီတာ၁၀၀ခန့်အကွာ၌ရှိနေပြီး သူနှင့်ဂရင်းအားစိုက်ကြည့်နေကြောင်း တွေ့ရှိလိုက်ရသည်။

"လေ့ကျင့်ဖို့အချိန်ရောက်ပြီ..."

ရှောင်ယုသည် စိတ်ထဲတွင်တိုးတိုးလေးရေရွတ်လိုက်သော်လည်း သူ၏နှလုံးသားက အဆက်မပြတ်ခုန်ပေါက်နေခဲ့သည်။ရှောင်ယုသည် သူ၏ဘဝတွင် ဤမျှကြီးမားလှသော ဝက်ဝံတစ်ကောင်အား ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ရခြင်းဖြစ်သည်။

ထိုဝက်ဝံသည် ရှောင်ယုအား တစ်ချက်တည်းဖြင့် ဘဝကူးသွားအာင် ရိုက်သတ်နိုင်ပေသည်။

ဧရာမဝက်ဝံကြီးသည် အရွယ်အစားကြီးမားသော်လည်း အလွန်မြန်ဆန်ပေသည်။ထိုကောင်သည် မျက်စိတစ်မှတ်အတွင်း ရှောင်ယုတို့ထံရောက်ရှိလာခဲ့သည်။

ဂရင်းသည် ကျယ်လောင်စွာမာန်သွင်းလိုက်ကာ ရှေ့သို့ပြေးတက်လာပြီးနောက် ဧရာမဝက်ဝံအား တားဆီးရန်အတွက် သူ၏ဓားကိုအသုံးပြုခဲ့သည်။

အောစ့်ဘီလူးတို့သည် သဘာဝအားဖြင့်ရန်လိုပြီး မည်သည့်အရာကိုမှ မကြောက်ရွံတတ်သော စစ်သည်တော်များဖြစ်ကြသည်။ဂရင်းသည် ထိုကဲ့သို့ စစ်ပွဲကိုဆာလောင်သောမျိုးနွယ်ဝင်တစ်ဦးဖြစ်ရာ ရန်သူကပိုမိုကြမ်းတမ်းလေလေ သွေးများပိုမိုဆူပွက်လေလေဖြစ်သည်။

ထိုအညိုရောင်ဝက်ဝံသည် အဆင့်၁သားရဲတစ်ကောင်သာဖြစ်သည်။ဂရင်းသည် သူ၏ဓားကိုအကြိမ်များစွာဝှေ့ယမ်း၌ ဝက်ဝံ၏ကိုယ်လုံးပေါ်၌ ဒဏ်ရာများစွာချန်ထားရစ်ခဲ့သည်။သို့သော်လည်း ဝက်ဝံကမူ ဂရင်းအား လုံးဝမထိခိုက်စေခဲ့ပေ။

ဂရင်း၏ဓားချက်များသည် ဝက်ဝံ၏ခန္ဓာကိုယ်အား အဆက်မပြတ်ထိမှန်ကာ ဒဏ်ရာများစွာရရှိစေခဲ့သော်လည်း ဝက်ဝံ၏ထူထဲသော အရေခွံသည် ၎င်း၏အကောင်းဆုံးခုခံမှုအလွှာဖြစ်ရာ ဒဏ်ရာအများစုသည် အပေါ်ယံဒဏ်ရာများသာဖြစ်ပြီး ဂရင်းအားဒေါသတကြီး ဆက်လက်တိုက်ခိုက်နိုင်ဆဲဖြစ်သည်။

"ဂရင်းကသာ ပြင်းထန်သောခုတ်ပိုင်းချက် ကိုသင်ယူထားခဲ့မယ်ဆိုရင် သူ့ရဲ့တိုက်ခိုက်မှုတွေက ရန်သူကိုပိုပြီးထိခိုက်စေလိမ့်မယ်"

ရှောင်ယုသည် တိုက်ပွဲအခြေအနေကို စောင့်ကြည့်ရင်း ဂရင်း၏တိုက်ခိုက်နိုင်စွမ်းအား မြင့်တင်ပေးရမည်ကို နားလည်လိုက်သည်။

"အခုတော့ကိစ္စမရှိသေးဘူးဆိုပေမဲ့...အဆင့်၂ကိုရောက်လာတဲ့အခါကျရင် ကျွမ်းကျင်မှုအသစ်တွေကို သင်ယူခိုင်းရမယ်"

ရှောင်ယုသည် မဝေးလှသောအနာဂတ်တွင် ရင်ဆိုင်ရမည့်တိုက်ပွဲအကြောင်းတွေးရင်း သူ၏ဓားသခင်ကို ပိုမိုအားကောင်းလာစေရန် မျှော်လင့်ထားခဲ့သည်။

တစ်မိနစ်ခန့်အကြာတွင် နာကျင်စွာဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်လာခဲ့ပြီးနောက် ဝက်ဝံ၏ကြီးမားသောကိုယ်လုံးသည် မြေပြင်ပေါ်သ်ို့ လဲကျသွားခဲ့သည်။၎င်း၏ကြီးမားသော ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများပြည့်နှက်နေပြီး သွေးများစီးကျနေခဲ့သည်။

တိုက်ပွဲအတွင်းတွင် ဂရင်းသည် ဝက်ဝံ၏တိုက်ခိုက်မှုနှစ်ကြိမ်ကို လက်ခံခဲ့ရသော်လည်း ၎င်း၏သန်မာသောခန္ဓာကိုယ်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိခဲ့ပေ။

"ဂရင်းလိုဓားသခင်ကသာ ဝက်ဝံကိုလွယ်လွယ်ကူကူ သတ်ဖြတ်နိုင်တာပဲ...တကယ် စစ်သားတွေသာဆိုရင် ဝက်ဝံကိုထိန်းထားဖို့ အနည်းငယ် ငါးယောက်လောက်ဝိုင်းတိုက်ဖို့လိုတယ်..."

ရှောင်ယုသည် ဂရင်း၏တိုက်ခိုက်မှုများကို စစ်ဆေးပြီး ကျေနပ်သွားခဲ့သည်။

"ဝက်ဝံအားသတ်ဖြတ်ခဲ့သောကြောင့် ဓားသခင်သည် ရမှတ် ၅၀ရရှိပါသည်။သင်သည် ရမှတ်၅မှတ်နှင့် ကမ္မကသိုလ် ၁မှတ်ကိုရရှိပါသည်။"

စနစ်၏ အသိပေးသံက စက္ကန့်လေးပင်မခြားဘဲ ထွက်ပေါ်လာခဲ့သည်။

"ရမှတ်၅၀က မနည်းတဲ့ပမာဏပဲ...ငါကိုယ်တိုင် တိုက်ပွဲမှာမပါဝင်ခဲ့တာတောင်မှ ရမှတ်တွေရရှိနေသေးတာပဲ...ကြည့်ရတာတော့ သူရဲကောင်းတွေက ရန်သူကိုသတ်ဖြတ်နိုင်ရင် ငါကိုယ်တိုင်က ရမှတ်တွေအလကားရနေမှာပေါ့ အဲ့ဒါဆိုရင် သူတို့အဆင့်တက်လာတာနဲ့အမျှ ငါ့ရဲ့အဆင့်ကလည်း မြင့်လာမှာပဲ...ဟားဟား...ခဏ ဒီကမ္မကုသိုလ်မှတ်ဆိုတာက ဘာကိုပြောတာလဲ..."

ရှောင်ယုသည် ကမ္မကုသိုလ်မှတ်ဟူသော လုပ်ဆောင်ချက်ကို နားမလည်၍ မေးခွန်းထုတ်လိုက်သည်။

"ကမ္မကုသိုလ်မှတ်သည် သင်ပြုလိုက်သော ကုသိုလ်တရားတို့မှ ရရှိလာခြင်းဖြစ်သည်။သင်၏အခြေစိုက်စခန်းအား အဆင့်မြင့်တင်ရန်နှင့် အခြားသောအဆောက်အဦးများအား တည်ဆောက်ရန် သူရဲကောင်းများအား ပိုမ်ိုဆင့်ခေါ်ရန် ကမ္မကုသိုလ်အား အသုံးပြုနိုင်သည်"

"ခဏ...ရွှေနဲ့အခြားအရင်းအမြစ်တွေသုံးပြီး အခြေစိုက်စခန်းကို အဆင့်မြင့်တင်လို့မရဘူးလား...ကမ္မကုသိုလ်ရဲ့ အဆင့်က်ိုဘယ်လိုခွဲခြားထားလဲ..."

ရှောင်ယုက အနည်းငယ်စိတ်ရှုပ်သွားခဲ့သည်။

"ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်၏အုပ်ချုပ်မှုအဆင့်ကို တိုးမြင့်နိုင်ရန် ကမ္မကုသိုလ်များကို အသုံးပြုနိုင်သည်။သင်သာ ရာထူးမတိုးမြင့်နိုင်ပါက သင်သည်ရာထူးနှင့်မထိုက်တန်သော တပ်မှုးတစ်ဦးဟု ယူဆနိုင်သည်။ထိုကဲ့သို့တပ်မှုးတစ်ဦးသည် အင်အားကြီးမားသော အခြေစိုက်စခန်းသို့မဟုတ် တပ်ဖွဲ့များအား မထိန်းချုပ်နိုင်ပါ"

စနစ်က ချက်ချင်းပြန်ဖြေလိုက်သည်။

"ကန့်သတ်ချက်တွေက အများကြီးပဲ...ရာထူးအဆင့်တွေဘယ်လောက်ထိရှိလဲ...လောလောဆယ်ငါက အဆင့်ဘယ်လောက်မှာရှိလဲ..."

"သေနာပတိ ၊ ဗိုလ်မှူးချုပ် ၊ ဗိုလ်ချုပ် ၊ ဗိုလ်မှူးကြီး ၊ ဗိုလ်မှူး ၊ တပ်ကြပ်ကြီး ၊ တပ်ကြပ် ၊ လက်ထောက်တပ်ကြပ် ၊ အရာရှိ ၊ တပ်သားတို့ဖြစ်သည်။သင်၏လက်ရှိအဆင့်မှာ တပ်သားဖြစ်သည်"

စနစ်က ရှောင်ယု၏မေးခွန်းအား အသေးစိတ်ဖြေကြားပြေခဲ့သည်။

"ငါကအခု တပ်သားတစ်ယောက်ပဲရှိသေးတာဆိုတော့ အနိမ့်ဆုံးရာထူးမှာပဲ ရှိသေးတာပေါ့...ဒါဖြင့်ငါရလာမယ့် ကမ္မအမှတ်တွေကို ဘယ်လိုတွက်ချက်တာလဲ..."

ရှောင်ယုသည် ထိုအချက်နှင့်ပတ်သက်၍ အနည်းငယ်စိုးရိမ်နေခဲ့သည်။

“စနစ်မှ ကစားသူ၏တိုက်ပွဲစွမ်းဆောင်ရည်ကို စီစစ်ပိုင်းခြား၍ ရလဒ်များကိုထုတ်ပြန်ပါမယ်..."

"ဒါက ငါထင်ထားသလိုပဲ..."

ရှောင်ယုသည် ကမ္မကုသိုလ်အမှတ်များ၏ အသုံးဝင်ပုံကိုသိရှိပြီးနောက် ၎င်း၏အသုံးဝင်ပုံကိုသိရှိသွားခဲ့သည်။အကယ်၍ အနာဂတ်တွင် သူသည် အခြေစိုက်စခန်းအား အဆင့်မြင့်လိုပါက ကမ္မကုသိုလ်များကို ပိုမိုစုဆောင်းရတော့မှာဖြစ်သည်။

ရှောင်ယုသည် ကမ္မကုသိုလ်၏ အသုံးဝင်ပုံကိုနားလည်ပြီးနောက် ဓားသခင်နှင့်အတူ ထပ်မံတိုက်ပွဲဝင်ရန် ရွေးချယ်ခဲ့သည်။ယခုအချိန်တွင် ဓားသခင်ဂရင်းသည် အဆင့်တက်ရန်အတွက် ရမှတ်၅၀၀ခန့်လိုအပ်သည်ဖြစ်ရာ နောက်ထပ်ဝက်ဝံ၉ကောင်အား သတ်ဖြတ်ရန်လိုအပ်နေသေးသည်။

သို့သော် ရှောင်ယုသည် အန်ကာဂန်တောင်တန်း၏ အနက်ပိုင်းဆီသို့ တိုးမဝင်ဝံ့ပေ။ယခုဓားသခင်ဂရင်း၏ ခွန်အားအရ သူပင်မယှဉ်နိုင်သော အဆင့်မြင့်သားရဲဘီလူးများသည် အန်ကာဂန်တောင်တန်း၏အနက်ပိုင်း၌ ရှိနိုင်ခြေအလွန်မြင့်နေပေသည်။ထို့ကြောင့် သူတို့နှစ်ယောက်သည် အစွန်အဖျား၌သာ လျှောက်သွား၍ အဆင့်မြင့်တင်ရန်လိုအပ်သော သားရဲများကိုလိုက်လံရှာဖွေသတ်ဖြတ်ခဲ့ကြသည်။

တစ်ကြိမ်တွင် သူတို့သည် အဆင့်၁သားရဲနှစ်ကောင်နှင့် တပြိုင်နက်ရင်ဆိုင်ခဲ့ရသော်လည်း ဂရင်းသည် အသေးစားဒဏ်ရာအချို့ကိုရရှိခဲ့ကာ ထိုသားရဲနှစ်ကောင်အား သတ်ဖြတ်ခဲ့သည်။ဂရင်းသည် သူ၏သန်မာသောခန္ဓာကိုယ်ကြောင့် ထိုအသေးစားဒဏ်ရာများအား လျစ်လျူရှုခဲ့သည်။

အချိန်အတော်ကြာပြီးနောက် အဆင့်၁သားရဲ ၉ကောင်အား သတ်ဖြတ်ပြီးနောက်တွင် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ ဓားသခင်ဂရင်းအား ဝန်းရံလာပြီး အဆင့်၂သို့ရောက်ရှိသွားခဲ့သည်။

*****

All Chapters