အခန်း (၇-၉)
Vol. 1 Ch. 7-9
အခန်း ၇ - အမြတ်အစွန်းများသော စီးနင်းမှု
ကျောက်ယွမ်သည် ရှောင်ယု၏တောင်းဆိုချက်ကို ခဏလောက်စဉ်းစားနေမိသည်။လက်ရှိအချိန်တွင် သူ့ထံ၌ ဓားပြ၁၀၀အောက်သာ ကျန်ရှိတော့ပြီး တစ်ဖက်တွင်မူ သန်မာသော အောစ့်စစ်သည် ဒါဇင်များစွာကျန်ရှိနေသေးသည်။သို့သော် နှစ်ပေါင်းများစွာ စုဆောင်းသိမ်းဆည်းလာခဲ့သော စည်းစိမ်ဥစ္စာများအကြောင်း တွေးမိသောအခါ ကျောက်ယွမ်သည် အနည်းငယ်တုံ့ဆိုင်းသွားခဲ့ရသည်။
ဓားပြခေါင်းဆောင်သည် တုံ့ပြန်မှုမရှိကြောင်း ရှောင်ယုမြင်တွေ့လိုက်ရသောကြောင့် ရှောင်ယုသည် ညှိနိုင်းရန်စိတ်မဝင်စားတော့ဘဲ စခန်းအားတိုက်ရိုက်တိုက်ခိုက်ရန်အတွက် ရှောင်ယုနှင့်အောစ့်စစ်သည်များအား အမိန့်ပေးလိုက်သည်။
ရှောင်ယုက ဓားပြများသည် သူ၏အောစ့်စစ်သည်များအတွက် ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ဆုံးဖြတ်လိုက်ပြီဖြစ်သည်။အကယ်၍ သူသာ ဓားပြများကိုသတ်ဖြတ်နိုင်ပါက ရမှတ်များစွာရရှိမှာဖြစ်သည်။
ဓားပြများသည် အောစ့်စစ်သည်များစတင်ချီတက်လာသည်ကို တွေ့မြင်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက်ကြောက်ရွံ့တုန်လှုပ်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
ကျောက်ယွမ်သည် သူ၏လက်အောက်ငယ်သားများ ထွက်ပြေးရန်ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရ၍ အံ့သြသွားခဲ့သည်။အောစ့်စစ်သည်များသည် အလွန်ပင်သန်မာလေရာ ကျောက်ယွမ်သည်ပင် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။သို့သော် တောက်ပသောဓားအလင်းရောင်တစ်ခုက သူ၏ခန္ဓာကိုယ်ပေါ်ကျရောက်လာကာ နှစ်ခြမ်းခွဲထုတ်လိုက်သည်။
ကျောက်ယွမ်သည် ဂရင်း၏ပြိုင်ဘက်မဟုတ်လေရာ ပြန်လည်တိုက်ခိုက်ရန်ပင် မတတ်နိုင်ဘဲ သေဆုံးသွားခဲ့ရသည်။
မူလက ရှောင်ယုသည် စခန်းအတွင်းရှိ ဓားပြ၁၀၀ခန့်ကို ခေါ်ထုတ်ကာ တောအုပ်အတွင်း၌ ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။
သို့သော်လည်း ဓားပြများသည် အောစ့်စစ်သည်များအား မြင်သည့်အခိုက်အတန့်တွင် သူတို့၏စိတ်ထဲတွင် အကြောက်တရားများ ပေါက်ဖွားလာကြောင်း ရှောင်ယုသတိထားမိပေသည်။ထိုအရာသည် သူတို့၏တိုက်ခိုက်ရေးအင်အားကို သိသိသာသာလျော့ကျစေသည့်အတွက်ကြောင့် နဂိုကတည်းက တင်းကျပ်သောလေ့ကျင့်မှုမရှိသည့် ဓားပြများသည် ချက်ချင်းရှံးနိမ့်သွားခဲ့သည်။ထို့ကြောင့် ရှောင်ယုသည် အချိန်မဆွဲဘဲ စခန်းအားသိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည်။
ယခုအခါ သူ၏ဆုံးဖြတ်ချက်မှန်ကန်ခဲ့ကြောင်း အဖြေထွက်လာခဲ့သည်။
ဓားပြခေါင်းဆောင်သတ်ဖြတ်ခံရပြီးနောက်တွင် လက်ကျန်ဓားပြများသည် ပြန့်ကျဲ၍ထွက်ပြေးကြတော့သည်။ရှောင်ယုသည် အောစ့်စစ်သည်များအား ထွက်ပြေးသွားသည့် ဓားပြများနောက် လိုက်ရန်အမိန့်ပေးပြီးနောက်တွင် သူသည်စခန်းအတွင်းရှိ လုယက်ထားသောပစ္စည်းများကို ရှာဖွေခဲ့သည်။
ထိုအချိန်တွင် ဓားပြအားလုံးထွက်ပြေးသွား၍ ကျန်ရစ်ခဲ့သော ဓားပြတစ်ယောက်သည် ရှောင်ယု၏ရှေ့တွင် ဒူးထောက်လိုက်ကာ အသနားခံခဲ့သည်။
"သခင်...ကျေးဇူးပြုပြီးသနားပါ...ငါ့ကိုမသတ်ပါနဲ့...အရင်သူဌေးက သူ့ရဲ့ဘဏ္ဍာတိုက်ကို ဘယ်နားမှာဝှက်ထားတာလဲဆိုတာ ငါသိတယ်...ငါမင်းကိုအဲ့ဒီနေရာဆီ ခေါ်သွားပေးနိုင်တယ်...ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ ငါ့ကိုမသတ်ပါနဲ့..."
"မင်းကအရင်သူဌေးရဲ့ သိမ်းထားတဲ့ရတနာတိုက်နေရာ အတိအကျကို သိထားတာလား..."
ရှောင်ယုသည် ထိုဓားပြကသူ့အား အကောက်ကြံမည်ကို မစိုးရိမ်ပေ။အကယ်၍ ထိုကောင်သာတစ်ခုခုကြံစည်ဝံ့ပါက ဂရင်း၏ဓားချက်ကို လက်ခံရမည်ဖြစ်သည်။
"ငါသိတယ်...ငါနေရာအတိအကျကိုသိတယ်...ငါခုချက်ချင်း သခင်က်ိုအဲနေရာခေါ်သွားနိုင်တယ်"
ထိုဓားပြသည် သူ့ကိုယ်သူသက်သေပြရန် စိတ်အားထက်သန်နေ၍ ချက်ချင်းပင်နောက်လှည့်ကာ လမ်းပြခဲ့သည်။
ရှောင်ယုသည် ဓားပြနောက်သို့လိုက်သွားရန် အနည်းငယ်တွန့်ဆုတ်နေသော်လည်း ဂရင်းသည် သူနှင့်အတူရှိနေသောကြောင့် ထိုဓားပြသည် မည်သည့်လှည့်ကွက်ကိုမှ ထုတ်ဖော်ဝံ့မည်မဟုတ်ကြောင်း ယုံကြည်ခဲ့သည်။ထို့ကြောင့် ဓားပြနောက်သို့လိုက်သွားပြီး ခဏအကြာတွင် အဖိုးတန်ပစ္စည်းများစုဆောင်းထားသည့် တဲထံရောက်ရှိလာခဲ့သည်။
ထိုထဲတွင် ရှောင်ယုအတွက် အသုံးမဝင်သောအရာများ အမြောက်အများရှိနေခဲ့သည်။
ထိုဓားပြများသည် အဖိုးမတန်သော အိမ်ထောင်ပရိဘောဂများကိုပင် ခိုးယူလာခဲ့ခြင်းဖြစ်သည်။သို့သော် ရှောင်ယု၏နယ်မြေသည် ကျဆင်းနေသည်တိုင်အောင် နယ်မြေတွင်းရှိမိသားစုများသည် သူ့ထက်မဆင်းရဲလောက်ပေ။
ဂိမ်းစနစ်သည် ရွှေကိုသာအသိအမှတ်ပြုသည့်အတွက်ကြောင့် ရှောင်ယုသည် ဤပရိဘောဂများကို ရွှေအဖြစ်ပြောင်းကာ အရင်းအမြစ်စာရင်းထဲ ပေါင်းထည့်ရန်စိတ်ကူးရှိခဲ့သည်။
ထို့ကြောင့် ရှောင်ယုသည် သူရောင်းချ၍မရနိုင်သော အရာများကို ဂရုမစိုက်ခဲ့ပေ။သို့သော် ထိုဓားပြသည် ရွှေပြားများစွာကို ယူဆောင်လာပေးခဲ့သောကြောင့် ရှောင်ယုအနည်းငယ်စိတ်ကျေနပ်သွားခဲ့သည်။
ရှောင်ယုသည် လေးလံသောရွှေပြားအိတ်များကို အနည်းငယ်လှုပ်ယမ်းကြည့်လိုက်သည်။သူ၏ခန့်မှန်းချက်အရ ဤအိတ်များအတွင်း၌ အနည်းငယ် ရွှေပြား၁၀၀၀၀ခန့် ရှိနေနိုင်သည်။
"ရွှေပြား၁၀၀၀၀တောင်..."
ရှောင်ယုက အနည်းငယ်အံ့သြသွားခဲ့သည်။
သို့သော်လည်း ရွှေပြား၁၀၀၀၀သည် ရှောင်ယုအတွက် မလုံလောက်ခဲ့ပေ။ဤဓားပြခေါင်းဆောင်သည် သူထင်ထားသည်ထက် အလွန်ပင်ဆင်းရဲနေသည်လား...
"ဒါပဲလား...တခြားဟာမရှိတော့ဘူးလား..."
ရှောင်ယုသည် မကျေမနပ်ဖြစ်ကာ မေးမြန်းလိုက်သည်။
"ဘယ်ဟုတ်မလဲ...အရင်သူဌေးက ရွှေပြားတွေကို တခြားလျှို့ဝှက်နေရာတစ်ခုမှာ သီးသန့်မြုပ်ထားတယ်...တခြားသူတွေကတော့ အဲ့ရွှေပြားတွေရဲ့ တည်နေရာကိုမသိလောက်ဘူးဆိုပေမဲ့ ငါကတော့သိထားတယ်..."
ကောင်လေးသည် အစောပိုင်းတွင် တွန့်ဆုတ်နေသော်လည်း ဂရင်း၏ရက်စက်သောအကြည့်ကို သတိထားမိချိန်တွင် မျက်နှာအရောင်ဖျော့သွားကာ သူသိသမျှအရာအားလုံးကို ပြောပြလိုက်သည်။
ရှောင်ယုသည် အနည်းငယ်ပြုံးလိုက်ကာ ရှေ့မှလမ်းပြခိုင်းလိုက်သည်။
ဓားပြဖြစ်သူသည်လည်း ရှောင်ယု၏အမူအရာကို တွေ့မြင်ပြီးနောက် ရှေ့မှဦးတည်လမ်းပြခဲ့သည်။
အချိန်ခဏကြာပြီးနောက် ဓားပြဖြစ်သူသည် ထူးဆန်းသောအမှတ်အသားရှိသည့် နေရာတစ်ခုအား စတင်တူးဖော်ခဲ့သည်။ဆယ်မိနစ်ခန့်ကြာမြင့်ပြီးနောက် ဓားပြဖြစ်သူက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ရှာတွေ့ပီ...ဒီမှာပဲ..."
ရှောင်ယုသည် တွင်းထဲတစ်ချက်ကြည့်လိုက်ရာ ရွှေပြားအိတ်ပေါင်းများစွာကို တွေ့မြင်လိုက်ရသည်။
"ဟားဟား...မဆိုးဘူး...ဒီမှာရွှေပြား ၃၀၀၀၀ကနေ ၄၀၀၀၀လောက်ရှိနိုင်တယ်...ဒီလောက်ရွှေပမာဏနဲ့ဆိုရင် ငါ့အတွက်ရှေ့ဆက်ဖို့လွယ်ကူလိမ့်မယ်..."
ရှောင်ယုသည် ကျေနပ်နေသောလေသံဖြင့် ရေရွတ်လိုက်သည်။
စခန်းတစ်ခုလုံးရှိ ရွှေပြားများကို စုဆောင်းပြီးနောက် ရှောင်ယုသည်ဓားပြဖြစ်သူအား ရေတွက်ခိုင်းလိုက်ရာ ရွှေပြား၅၀၀၀၀ခန့်ရှိကြောင်း သိလိုက်ရသည်။
ရွှေပြားများအပြင် ရှောင်ယုနှင့်ဂရင်းတို့၏ ရမှတ်ဘားတန်းသည်လည်း တဟုန်ထိုးတိုးမြင့်လာခဲ့သည်။
အဆင့်၄သို့ရောက်ရှိရန်အတွက် ဂရင်းသည်ရမှတ်၁၀၀၀၀ခန့်လိုအပ်သော်လည်း ဤတိုက်ပွဲမှတဆင့် ရမှတ်များစွာစုဆောင်းနိုင်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲ၏ခေါင်းဆောင်ဖြစ်သော ရှောင်ယုသည် ဂရင်းအပါအဝင် အောစ့်စစ်သည် ၃၈ယောက်ထံမှ ရမှတ်များစွာကိုရရှိခဲ့သည်။ထို့ကြောင့် စခန်းသိမ်းတိုက်ပွဲ၏ခေါင်းဆောင်ဖြစ်သော ရှောင်ယုသည် အဆင့်၂သို့ရောက်ရှိလာခဲ့ကာ ကမ္မကုသိုလ်မှတ် ၂၀၀အထိ စုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။
သူသည် နောက်ဆုံးအကြိမ် မှင်စာမျိုးနွယ်အား တိုက်ခိုက်စဉ်ကပင် ကမ္မအမှတ် ၁၀မှတ်သာရရှိခဲ့သည်။
အဆင့်တက်ပြီးနောက် ရှောင်ယု၏အချက်အလက်များက ပြောင်းလဲသွားခဲ့သည်။
အမည် - ရှောင်ယု
မျိုးနွယ်ဝင် - လူသား
အဆင့် - ၂
ခွန်အား - ၄
အမြန်နှုန်း - ၅
ခုခံမှု့ - ၆
စိတ်စွမ်းအား - ၆(အဆင့်မြင့်နိုင်သော အမှတ် - ၁၀)
ကျွမ်းကျင်မှု - လေလမ်းလျှောက်ခြင်း(အဆင့်၁)၊ပြင်းထန်သောခုတ်ပိုင်းချက်(အဆင့်၁)
လက်ကျန်ကျွမ်းကျင်မှုအမှတ် - ၂
ရှောင်ယုသည် သူ၏အချက်အလက်များအား စစ်ဆေးရင်း ပျော်ရွှင်ကျေနပ်နေခဲ့သည်။အဆင့်တစ်ခုတက်လာပြီးနောက် သူ၏အခြေခံအချက်အလက်များကို မြင့်တင်ရန်အမှတ်၁၀မှတ်ရရှိခဲ့သလို ကျွမ်းကျင်မှုအမှတ်၂မှတ်ကိုလည်း ရရှိခဲ့ပေသည်။
ခဏလောက်စဉ်းစားပြီးနောက်တွင် ရှောင်ယုသည် သူ၏ခွန်အားကို ၃မှတ် ၊ အမြန်နှုန်းကို ၄မှတ်နှင့် ခုခံမှုအား ၃မှတ်မြင့်တင်ရန်ဆုံးဖြတ်ခဲ့သည်။ထို့ကြောင့် အဆင့်မြင့်တင်အပြီးတွင် သူ့ထံ၌ ခွန်အား - ၇ ၊ အမြန်နှုန်း - ၉ နှင့် ခုခံမှု -၉တို့ဖြစ်လာခဲ့သည်။
သူ၏ကြံ့ခိုင်မှုသည် ချက်ချင်းတိုးတက်လာသောကြောင့် တစ်ချိန်တည်းတွင် ရှောင်ယုသည် သူ၏ခန္ဓာကိုယ်မှ ဆုံးရှံးသွားခဲ့ရသည့် အားအင်များကို ဖြေးဖြေးချင်းပြန်လည်ရရှိလာခဲ့သည်။
သူ့ထံတွင် ရရှိလာသည့်ကျွမ်းကျင်မှုအမှတ် ၂ခုအား ထပ်ဆင့်ခုတ်ပိုင်းချက်ကို သင်ယူရန်နှင့် ၎င်းကိုအဆင့်မြင့်ရန်ရွေးချယ်ခဲ့သည်။ထို့ကြောင့် ရှောင်ယုသည်သူတိုက်ခိုက်သည့်အခါ ထိခိုက်မှု၂ဆဖြစ်စေရန် အခွင့်အရေး ၃၀ရာခိုင်နှုန်းရှိပေသည်။
"သူရဲကောင်းတွေက တဖြည်းဖြည်းအားကောင်းလာတာနဲ့အမျှ ခေါင်းဆောင်ဖြစ်တဲ့ငါကလည်း အားကောင်းလာလိမ့်မယ်...အဆင့်တစ်ခါတက်တိုင်း အခြေခံအမှတ်၁၀မှတ်နဲ့ ကျွမ်းကျင်မှတ်၂မှတ်ရနိုင်တဲ့အတွက် တစ်ချိန်ချိန်မှာငါက ဂရင်းထက် ပိုအားကောင်းလာနိုင်တယ်...ဟားဟား..."
ရှောင်ယုသည် ဓားပြစခန်းအားသိမ်းပိုက်ရာမှ ရရှိလာသော အကျိုးအမြတ်များကို စစ်ဆေးရင်း မျက်ခုံးပင့်လိုက်မိသည်။ဓားပြစခန်းအား သိမ်းပိုက်ခြင်းသည် အလွန်ပင်အကျိုးအမြတ်များသော လုင်ငန်းတစ်ခုဖြစ်ရာ နောက်ထပ်ဆောင်ရွက်ရန် စိတ်ဝင်စားလာခဲ့သည်။
ဓားပြစခန်းအတွင်းရှိ ဓားပြအများစုမှာ သေဆုံးသွားခဲ့ပြီး အနည်းငယ်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ဤစခန်းအတွင်း၌ တစ်ဦးတည်းအသက်ရှင်ကျန်ရစ်ခဲ့သော ဓားပြမှာ ရှောင်ယုကိုအကူအညီပေးခဲ့သည့် ကောင်လေးသာဖြစ်သည်။
ယခုအခါ ရှောင်ယုသည် သူ၏အခြေစိုက်စခန်းသို့ပြန်ရန် စီစဉ်နေပြီဖြစ်၍ ထိုဓားပြအားမေးခွန်းထုတ်လိုက်သည်။
"မင်းကဘယ်သူလဲ...ဘာလို့ရတနာတွေမြုပ်ထားတဲ့ တည်နေရာအတိအကျကို သိနေရတာလဲ..."
"ကျနော်က ကျောက်ယွမ်ရဲ့နောက်ကို နှစ်တွေအကြာကြီးလိုက်ခဲ့တာကြောင့် သူရဲ့လက်ထောက်အဖြစ်ခန့်အပ်ခံခဲ့ရတယ်...ဒါကြောင့်တခြားသူတွေထက် ပိုသိနေတာပဲ..."
"အိုး...ဒါဆိုမင်းက စစ်ရေးအကြံပေးလို့တောင်ပြောနိုင်တာပေါ့...မင်းကတခြားဘာတွေများ သိထားတာရှိသေးလဲ..."
ရှောင်ယုသည် ထိုဓားပြအကြောင်းကို အနည်းငယ်စိတ်ဝင်စားလာ၍ နောက်ထပ်မေးခွန်းအချို့ကို မေးမြန်းခဲ့သည်။
ဓားပြသည်လည်း ကွယ်ဝှက်မထားဘဲ သူသိထားသမျှအချက်အလက်များကို ပြောပြခဲ့သည်။
"ကျနော့်မှာ အရည်အချင်းတွေအများကြီးတော့ မရှိပါဘူး...ကျွန်တော့်ရဲ့ပုံမှန်အလုပ်က သတင်းတွေကိုစုဆောင်းပြီး...အရင်သူဌေးကိုပြန်ပြီး တင်ပြရတာပဲ...ကျောက်ယွမ်ကကျနော်စုဆောင်းထားတဲ့သတင်း အချက် အလက်တွေကို အခြေခံပြီး နည်းဗျူဟာတွေပြန်ရေးဆွဲတယ်"
"သတင်းအချက်အလက်ဆိုတော့ တခြားဓားပြတွေရဲ့တည်နေရာကိုကော မင်းသိထားသေးလား..."
ရှောင်ယုသည် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်တယ်...အဲ့အကြောင်းတွေကို ကျနော်သိထားတယ်...အနီးအနားက ဓားပြအုပ်စုတွေအကြောင်း သေချာလေ့လာထားတယ်...အဲ့ဒါမှ ကျနော်တို့မစော်ကားသင့်တဲ့လူတွေကို အကြောင်းမဲ့ထိပါးတာမျိုးမလုပ်မိမှာလေ...တကယ်လို့ထိပါးမိသွားရင် ကျနော်တို့တစ်ဖွဲ့လုံးမျိုးသုဉ်းသွားလိမ့်မယ်"
ဓားပြဖြစ်သူက ရှောင်ယုစိတ်ကျေနပ်စေမယ့် အဖြေကိုဖြေကြားလိုက်သည်။
"ကောင်းပြီ...နောက်ဆိုရင် မင်းငါ့အနားမှာနေပြီးတော့ အဲ့ဒီဓားပြတွေအကုန်လုံးကို ချေမှုန်းပစ်ရမယ်..."
ရှောင်ယုသည် ဝမ်းသာအားရဖြစ်ကာ ဓားပြ၏ပုခုံးကို လှမ်းပုတ်လိုက်သည်။
ယခင်ကသူသည် ဤဓားပြအား လွှတ်ပေးလိုက်ရန် စီစဉ်ထားခဲ့သည်။သူသည် အကြောင်းမဲ့လူသတ်တတ်သူတစ်ဦးမဟုတ်သလ်ို ဤလောက၌ သူမြင်တွေ့နေရသော အရာအများစုကို မနှစ်မြို့သလိုဖြစ်နေမိသည်။ထိုသို့ခံစားရသည့်အကြောင်းကို သူကိုယ်တ်ိုင်ပင် ရှင်းရှင်းလင်းလင်းမသိပေ။
ထို့ပြင် ဤဓားပြသည် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု မဟုတ်လေရာ သိပ်ပြီးဂရုစိုက်နေခြင်းမရှိပေ။
သို့သော် ဤကောင်လေးသည် သူ့အတွက်အသုံးဝင်ပုံရသည့်အတွက်ကြောင့် သူ့အားအနားတွင်ဆက်ခေါ်ထားရန် ယခုနည်းလမ်းတစ်ခုသာရှိတော့သည်။ယခုအခါ သူသည်ရွှေပြား၅၀၀၀၀ကို ရရှိ၍လုံလောက်နေသေးသော်လည်း နောင်အခါယခုထက်ပိုမို လိုအပ်လာမည်ဖြစ်သည်။
ထို့ကြောင့်သူသည် အမြတ်အစွန်းများသည့် ဓားပြများအားလုယက်ရခြင်းကို အနာဂတ်တွင် ဆက်လက်လုပ်ကိုင်ရမည့်အခြေအနေရှိသည်။အကယ်၍ တစ်စုံတစ်ယောက်က သူ့အားအရင်းအမြစ်များဆီ ဦးဆောင်ခေါ်ယူသွားလိုပါက ဤဓားပြသည် အဆင်ပြေသောရွေးချယ်မှုဖြစ်သည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
ရှောင်ယုသည် ဓားပြကိုကြည့်ပြီး မေးမြန်းလိုက်သည်။
"ကျနော့်ကို မြေခွေးလို့ခေါ်လို့ရပါတယ်.."
ရှောင်ယုသည် နဂိုကသူ့အားလွတ်ပေးရန် အစီအစဉ်ရှိပုံရသော်လည်း ယခုမူလေသံတစ်မျိုးပြောင်းသွား၍ ဓားပြကချက်ချင်းပြန်ဖြေလိုက်ရသည်။
"အိုး..မြေခွေးပေါ့...ငါလည်းခုမြေခွေးတစ်ကောင်က်ိုရှာနေတာ...ဒါပေမဲ့ ငါ့ကိုစိတ်ဆိုးအောင်တော့ မလုပ်မိစေနဲ့...ဒါမှမဟုတ်ရင် မင်းကိုမြေခွေးအသားကင်ဖြစ်အောင် ငါလုပ်ပစ်မယ်"
ရှောင်ယုသည် မြေခွေးအားစိုက်ကြည့်၌ ညင်သာစွာခြိမ်းခြောက်လိုက်သည်။
"အဲလိုကိစ္စမျိုး ဘယ်တော့မှမလုပ်ဝံ့ပါဘူး...ကျနော်ကတကယ့်ကို အရှက်မဲ့တဲ့လူတစ်ယောက်ပါ...အဲလိုအတွေးမျိုးကို ဘယ်တော့မှတွေးမှာမဟုတ်ဘူး"
မြေခွေးသည် ကြောက်လန့်တကြားဖြစ်ကာ သူ့ခေါင်းကိုအဆက်မပြတ်ညိတ်လိုက်သည်။
ရှောင်ယုကတော့ ထိုကိစ္စကို အရေးမစိုက်ပေ။မည်သို့ပင်ဆိုစေ သူသည်မြေခွေးအား စစ်တိုက်ရာတွင် ထည့်သုံးရန်မစီစဉ်ထားပေ။
ရှောင်ယုသည် မြေခွေးအားမြို့သို့ပြန်ခေါ်ရန် မစီစဉ်ထားပေ။ယခုအချိန်တွင် သူသည်အောစ့်စစ်သည်များအား ထိန်းချုပ်ထားကြောင်း မည်သူကိုမှ မသိစေလိုသေးပေ။သူသည် ထိုအကြောင်းကိုဖြေးဖြေးချင်း မိတ်ဆက်ပေးရန်သာ စီစဉ်ထားသည်။
အန်ကာဂန်တောင်တန်းများတွင် အချိန်အတော်ကြာခရီးနှင်ပြီးနောက် ရှောင်ယုသည် သူ၏အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။မြေခွေးသည် အောစ့်အခြေစိုက်စခန်းအား တွေ့မြင်လိုက်ချိန်တွင် သူ၏မျက်လုံးထဲ၌ အကြောက်တရားများဖုံးလွှမ်းသွားခဲ့သည်။ရှောင်ယုသည် မြေခွေးအား မြေကျင်းအတွင်းပစ်ထည့်လိုက်ကာ သူ့အားစောင့်ကြည့်ရန် အလုပ်သမားတစ်ဦးကိုအမိန့်ပေးလိုက်သည်။
အလုပ်သမားများသည် အောစ့်စစ်သည်များလောက် မသန်မာသော်လည်း သာမန်လူသားတစ်ယောက်အား အနိုင်ယူရန်မခက်ခဲပေ။
မြေခွေးသည် မြေကျင်းထဲသို့ပစ်ချခံရပြီးနောက်တွင် ကြောက်ရွှံမှုကြောင့် သတိလစ်မေ့မြောသွားခဲ့သည်။
ရှောင်ယုသည် ရွှေပြားအလုံအလောက်ပိုင်ဆိုင်ထားရာ အောစ့်စစ်သည်များအားထပ်မံထုတ်လုပ်ရန် ပြင်ဆင်ခဲ့သည်။ယခုတစ်ကြိမ်တွင် ရှောင်ယုသည် အောစ့်စစ်သည် ၄၀၀အားထုတ်လုပ်ရန်အတွက် တန်းလျားများအား အဆင့်မြင့်တင်ခဲ့သည်။
ထို့နောက် ရှောင်ယုသည် အောစ့်စစ်သည်များအတွက် လိုအပ်သောချပ်ဝတ်တန်ဆာများနှင့် လက်နက်များကိုဝယ်ယူရန် နှင့် ဂရင်း၏လက်နက်ကိုအဆင့်မြင့်တင်ရန်အတွက် ပန်းပဲဆိုင်အားတည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ပန်းပဲဆိုင်အားတည်ဆောက်ရန်အတွက် ကမ္မကုသိုလ်မှတ် ၃၀၀ကြောင်းသိရှိလိုက်ရ၍ ရှောင်ယုတစ်ယောက် အနည်းငယ်အံ့သြသွားခဲ့ရသည်။
သူသည်အဘယ်ကြောင့် ပန်းပဲဆိုင်အားတည်ဆောက်ရန် ကမ္မကုသိုလ်မှတ်များ လိုအပ်ကြောင်းနားလည်ပေသည်။သို့သော် စနစ်က အဘယ်ကြောင့် ထိုကဲ့သို့စည်းမျည်းအားချမှတ်ခဲ့ကြောင်း သူနားမလည်နိုင်သေးပေ။စနစ်အား ထိုအကြောင်းကိုနောက်ထပ်တစ်ကြိမ်မေးမြန်းကြည့်ချိန်တွင် လက်ရှိသူ၏ရာထူးအဆင့်အတန်းအရ ကောင်းမွန်သောအရာများအား ရရှိရန်အဆင့်မမှီသေးဟူသော အဖြေကိုသာလက်ခံရရှိခဲ့သည်။
ထို့ကြောင့်ရှောင်ယုသည် ရွှေပြား၁၀၀၀၀ကျော်ကိုထပ်ထည့်ကာ အောစ့်စစ်သည် အယောက်၁၀၀ကိုသာ ထပ်မံထုတ်လုပ်ခဲ့သည်။
သို့သော်လည်း ရှောင်ယုအား နောက်ထပ်တစ်ကြိမ်အံ့သြစေရန် စနစ်မှလုပ်ဆောင်ပြခဲ့သည်။သူ၏လက်ရှိရာထူးအဆင့်အတန်းအရ အောစ့်စစ်သည် ၅၀၀ထက်ပို၍ ထုတ်လုပ်နိုင်ခြင်းမရှိကြောင်း ရှောင်ယုသိရှိခဲ့ရပြီး ထိုထက်ပိုမိုထုတ်လုပ်လိုပါက သူ၏ရာထူးကိုမြင့်တင်ရန်လိုအပ်ကြောင်း သိရှိခဲ့ရသည်။
"ဘာလဲကွာ...အကုန်လုံးကိုကန့်သတ်ချက်တွေလုပ်ထားတာလား...တခြားလူတွေဆိုရင် ကမ္ဘာကူးပြောင်းလာတာနဲ့ အင်ပါယာတွေရဲ့အုပ်စိုးသူတန်းဖြစ်ပြီး သန်းနဲ့ချီတဲ့တပ်တွေကို ချုပ်ကိုင်အမိန့်ပေးရတာလေ...ငါကျတော့ အောစ့်စစ်သည် ၅၀၀ပဲပေးပြီး ဘာလုပ်ရမှာလဲ"
ရှောင်ယုသည် စနစ်၏ကန့်သတ်ချက်များကြောင့် ဒေါသထွက်သွားခဲ့ရသည်။ယခုအခါ သူ့ထံတွင် ရွှေပြား၅၀၀၀၀ရှိသော်လည်း အောစ့်စစ်သည်၅၀၀အား မထုတ်လုပ်နိုင်ပေ။ယခုသူ့ထံတွင် အောစ့်စစ်သည်၄၀ပိုင်ဆိုင်ထားရာ နောက်ထပ်အောစ့်စစ်သည် ၄၆၀ကိုသာ ထုတ်လုပ်နိုင်ပေသည်။
"ဟင်းခုတော့ဘယ်တတ်နိုင်မှာလဲ...တတ်နိုင်သလောက်မြန်မြန်လေး ကမ္မကုသိုလ်မှတ်တွေကို ရှာပြီးတော့ ပန်းပဲဆိုင်ကိုတည်ဆောက်ရမှာပေါ့...ကျိုးပဲ့နေတဲ့ပုဆိန်တွေကလွဲပြီး ဘာမှမရှိတဲ့အောစ့်စစ်သည်တွေ အားကိုးနဲ့ ကာရီရဲ့စစ်တပ်ကိုငါတွန်းလှန်နိုင်မှာမဟုတ်ဘူး...အောစ့်စစ်သည်တွေက သန်မာတယ်ဆိုပေမဲ့ သူတို့ရင်ဆိုင်ရမယ့်ကာရီရဲ့စစ်တပ်က ခုချေမှုန်းခဲ့တဲ့ဓားပြတွေနဲ့ အဆင့်တစ်ခုအကွာမှာရှိတယ်"
တန်းလျားများသည် တစ်ရက်လျင် အောစ့်စစ်သည်၄၈ယောက်အား ထုတ်လုပ်နိုင်သည်ဖြစ်ရာ အောစ့်စစ်သည်၄၆၀အား ထုတ်လုပ်ရန်အတွက် အနည်းဆုံးဆယ်ရက်ခန့်ကြာမြင့်မှာဖြစ်သည်။ကာရီ၏စစ်တပ်သည် သူ၏နယ်မြေသို့လာရောက်ရန် အချိန်တစ်လခွဲခန့်ကြာနိုင်သည်ဟု ရှောင်ယုကခန့်မှန်းထားသည်။
"ငါ့မှာ အောစ့်စစ်သည် ၁၀၀၀သာရှိရင် ကာရီရဲ့စစ်တပ်ကိုငါတွန်းလှန်နိုင်မှာပဲ...နောက်ပြီးသူတို့ကို စစ်မြေပြင်မှာရင်ဆိုင်တိုက်ခိုက်ရင် ငါ့ဘက်ကတပန်းအရေးနိမ့်နေမှာပဲ...လောလောဆယ်ငါ့မှာ မြို့ရိုးတွေနဲ့အခိုင်အမာတည်ဆောက်ထားတဲ့ မြို့တစ်မြို့ရှိတာကြောင့် လေးသမားတွေနဲ့သာဆိုရင် ငါ့အတွက်ပိုပြီးလွယ်ကူလာလိ့မ့်မယ်...ဖြစ်နိုင်ရင် လေးသမားတွေကိုထုတ်လုပ်ဖို့ ဒုတိယမြောက်အခြေစိုက်စခန်းတစ်ခုကို ငါတည်ဆောက်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ"
ရှောင်ယုသည် ဒုတိယမြောက်အခြေစိုက်စခန်းအား မည်သို့တည်ဆောက်ရမည်ကို စနစ်အားမေးမြန်းလိုက်သည်။
စနစ်၏အဖြေမှာ ရိုးရှင်းပေသည်။အကယ်၍ ရှောင်ယုသာ အရာရှိတစ်ယောက်အဖြစ် ရာထူးတိုးလာသရွေ့ သူသည်ဒုတိယမြောက်အခြေစိုက်စခန်းကို တည်ဆောက်နိုင်မည်ဟု အကြောင်းကြားခဲ့သည်။
ထိုအရာသည် ရှောင်ယုအတွက် သတင်းကောင်းဖြစ်သည်။ဒုတိယအခြေစိုက်စခန်းတည်ဆောက်နိုင်ခြင်းသည် ဒုတိယမြောက်မဟာခန်းမနှင့် ယဇ်ပလ္လင်ကိုတည်ဆောက်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ထိုသို့ဆိုလျှင်သူသည် သူရဲကောင်းတစ်ဦးကို အလကားရရှိဦးမှာဖြစ်သည်။ထို့ပြင် တပ်သားအသစ်ဖြစ်သည့် လေးသမားများကိုထုတ်လုပ်ရန် စစ်တန်းလျားများကို ထပ်မံတည်ဆောက်နိုင်မှာဖြစ်သည်။
"အရာရှိတစ်ယောက်ဖြစ်လာဖို့ ကမ္မကုသိုလ်မှတ် ဘယ်လောက်လိုအပ်မှာလဲ..."
ရှောင်ယုသည် စနစ်အားမေးမြန်းလိုက်ကာ မျှော်လင့်တကြီးဖြင့် အဖြေကိုစောင့်ဆိုင်းခဲ့သည်။
"ကမ္မကုသိုလ်မှတ် ၁၀၀၀တိတိလိုအပ်ပါမည်"
"ကမ္မကုသိုလ်မှတ် ၁၀၀၀...ငါခုနကဓားပြစခန်းကို ဝင်ရောက်စီးနင်းတာက အမှတ်၂၀၀ရထားတယ်ဆိုတော့ နောက်ထပ်ဓားပြစခန်း လေးငါးခုကို ဖျက်ဆီးလိုက်ရင် ငါလိုတဲ့ကမ္မကုသိုလ်မှတ်ကို ပိုင်ဆ်ိုင်လိမ့်မယ်..."
ရှောင်ယုသည် အရာရှိအဆင့်ကို အမြန်ဆုံးရောက်ရှိရန် နည်းလမ်းမျိုးစုံကို စတင်တွေးဆခဲ့သည်၊
ရှောင်ယုသည် အရာရှိအဆင့်တွင် ဒုတိယမြောက်အခြေစိုက်စခန်းကို တည်ဆောက်နိုင်ကြောင်း သိရှိပြီးနောက်တွင် အကြံတစ်ခုရရှိလာခဲ့သည်။ထိုအရာမှာ ပန်းပဲဆိုင်ထက် ဒုတိယမြောက်အခြေစိုက်စခန်းကို ဦးစားပေးတည်ဆောက်ရန်ဖြစ်သည်။
အောစ့်စစ်သည်များသည် လေးသမားများကဲ့သို့ တာဝေးပစ်တိုက်ခိုက်မှုများတွင် ကောင်းမွန်ခြင်းမရှိပေ။ထို့ပြင် သူသည်မှင်စာများကိုလည်း ထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။ထိုသို့ပြုလုပ်ရန်အတွက် တန်းလျားများအား အဆင့်မြင့်တင်ရန်လိုအပ်၏။ထို့ပြင် မှင်စာတစ်ကောင်အား ထုတ်လုပ်ရန်ကုန်ကျစရိတ်သည် အလွန်ကြီးမားပြီး လေးသမားများနှင့်နှိုင်းယှည်ပါက များစွာပိုမိုကုန်ကျပေသည်။
အရေးအကြီးဆုံးသောအချက်မှာ သူသည်နတ်သူငယ်အခြေစိုက်စခန်းအား တည်ဆောက်ပြီးသည်နှင့် အလွန်လှပသော တိုင်ရန်ဒီအား ခေါ်ယူနိုင်မည့်အကြောင်းကို တွေးမိချိန်တွင် ရှောင်ယုသည်ပါးစပ်ကြီးဟကာ သွားရည်များစီးကျလာခဲ့သည်။
"ငါဒီလိုရပ်နေလို့မရဘူး...အလုပ်ကြိုးစားရမယ်...ရွှေပြားနဲ့ကမ္မကုသိုလ်နှစ်ခုလုံးကို ငါမြန်မြန်ရှာဖွေရမယ်....တိုင်ရန်ဒီရေ ငါ့ကိုစောင့်နေပါ"
ရှောင်ယုသည် အတွေးများအားလက်စသတ်ကာ လက်သီးလက်မောင်းတန်း၍ အော်ဟစ်လိုက်သည်။
*****
အခန်း ၈ - ရှောင်ယု မင်းကလူယုတ်မာပဲ
ရှောင်ယုသည် ဓားပြများအား ထပ်မံလုယက်ရန် ကြံစည်နေစဉ် ရက်အနည်းငယ်ခန့်ကြာသည်ထိ အလုပ်များနေခဲ့သည်။
ရှောင်ယုသည် မြေခွေးပေးသော အချက်အလက်များကိုအခြေခံ၍ မြေပုံပေါ်၌ ဓားပြများ၏နေရာများကို အမှတ်အသားပြုလုပ်ထားခဲ့သည်။သူသည် နောက်ထပ်ဓားပြစခန်းများကို တိုက်ခိုက်ရန်အတွက် အသစ်ထုတ်လုပ်ထားသည့် အောစ့်စစ်သည်များကိုစောင့်ဆိုင်းနေစဉ် နည်းဗျူဟာများကို ရေးဆွဲနေခဲ့သည်။နောက်လာမည့်တိုက်ပွဲများကို အောင်နိုင်ရန်အတွက် အောစ့်စစ်သည် ၃၀သည် လုံလောက်မှုမရှိကြောင်း ရှောင်ယုနားလည်ပေသည်။
ရှောင်ယုသည် ရက်ပိုင်းခန့်အခန်းတွင်းမှ ထွက်မလာသည်ကိုမြင်သောအခါ အိမ်တော်ထိန်းဟောင်သည် ရှောင်ယု၏အတွေးများကို ခန့်မှန်းကြည့်နေခဲ့သည်။ရက်အတော်ကြာပြီးနောက်တွင် ကာရီသည် သူတို့နယ်မြေထံ သူလျှိများနှင့်ကင်းထောက်များ စေလွှတ်ထားခဲ့ရာ လွတ်မြောက်ရန် ပိုမ်ိုခက်ခဲလာပြီဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်အတွင်း အိမ်တော်ထိန်းဟောင်သည် အမျိုးသမီးများအား အချိန်မှီထွက်ခွာရန်စည်းရုံးခဲ့သော်လည်း မည်သူကမှ ထွက်ခွာလိုခြင်းမရှိပေရာ အိမ်တော်ထိန်းဟောင်သည် အလွန်ခေါင်းကိုက်နေရသည်။
ရှောင်ယုသည် အခန်းထဲတွင် မြေပုံတစ်ခုလုံးအား ကျကျနနလေ့လာနေသည်က်ို အိမ်တော်ထိန်းဟောင်သည် တိတ်တဆိတ်ချောင်းကြည့်လိုက်သည်။
"ငါဒီကိုသွားရမှာလား...မဖြစ်သေးဘူး...အဲ့ဒီမှာလူအရမ်းများလွန်းတယ်...ပြီးတော့အဲနေရာတစ်ဝိုက်မှာ လွင်ပြင်နဲ့မြေပြန့်ကျယ်တွေရှိတယ်...တစ်ခုခုဆို ရှောင်တိမ်းဖို့ခက်ခဲလိမ့်မယ်"
"ဒါဆို သူကထွက်ပြေးဖို့အတွက် လမ်းကြောင်းရှာနေတာပဲ...ငါကဘာလို့ သူ့အတွက်စိတ်ပူနေမိတာလဲ..."
အိမ်တော်ထိန်းဟောင်သည် သက်ပြင်းတစ်ချက်ချလိုက်ကာ လှည့်ထွက်သွားခဲ့သည်။
နှစ်ရက်ခန့်အကြာတွင် စစ်တန်းလျားများမှ အောစ့်စစ်သည်အသစ် ၁၀၀ကို ထုတ်လုပ်ခဲ့ပြီး နဂိုရှိရင်းစွဲစစ်သည်များနှင့်ဆိုလျှင် အောစ့်စစ်သည် ၁၃၈ယောက်ရှိလာခဲ့ပြီဖြစ်သည်။
ဒဏ်ရာရရှိထားသော အောစ့်စစ်သည်နှစ်ဦးသည် ယခုထိတိုင်အောင် အပြည့်အဝမသက်သာလာသေးပေ။သူတို့သည် ယခင်တိုက်ပွဲတွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားခဲ့ရာ ရက်အနည်းငယ်ခန့်အနားယူလိုက်သည်နှင့် အပြည့်အဝသက်သာကောင်းမွန်ရန် မဖြစ်နိုင်ပေ။
အကယ်၍ ရှောင်ယုထံတွင် ကုသသူတစ်ဦးရှိပါက သူသည်အောစ့်စစ်သည်များအား လျင်မြန်စွာကုသပေးနိုင်မှာဖြစ်သည်။ထိုသို့မဟုတ်ပါက သူသည်စျေးဆိုင်အားတည်ဆောက်ကာ ထိုမှတဆင့် ဆေးများကိုဝယ်ယူနိုင်သည်။သို့သော်လည်း ယခုအချိန်တွင် ရှောင်ယုသည် စျေးဆိုင်အား တည်ဆောက်ရန်အသာထား ပန်းပဲဖိုကိုပင် တည်ဆောက်ရန်မတတ်နိုင်သေးပေ။
"ငါ့မှာ အောစ့်စစ်သည်၃၀၀ပြည့်တာနဲ့ စပြီးလှုပ်ရှားမယ်"
ရှောင်ယုသည် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။
သူသာ အရာရှိအဆင့်သို့ရောက်ရှိပါက ပိုမိုအောင်မြင်နိုင်ခြေရှိကြောင်း ရှောင်ယုသိရှိထားသော်လည်း သူ့ထံတွင်အချိန်မရှိတော့ပေ။
ရှောင်ယုသည် တိုက်ခိုက်ရေးအစီအစဉ်များအား အသေးစိတ်ရေးဆွဲပြီးနောက်တွင် သူ၏အခန်းတွင်းမှ ထွက်ခွာလာခဲ့သည်။သူသည် ခြေထောက်များကိုဆန့်တန်းကာ ညောင်းညာနေသော အကြောအချင်များကိုဖြေလျော့လိုက်သည်။ထို့နောက် ရှောင်ယုသည် မြို့ရိုးများကိုလှမ်းကြည့်လိုက်ပြီး ဤမြို့ကိုလုံးဝမပျက်စီးစေရဟု ကျိန်ဆိုလိုက်သည်။
သူသည် ဂိမ်းစနစ်၏အကူအညီဖြင့် သူ၏နယ်မြေကိုချဲ့ထွင်ကာ ဤကမ္ဘာ၏အရှင်သခင်ဖြစ်လာရန် ကြံရွယ်ထားခဲ့သည်။
ထိုအချိန်တွင် သူသည်ရင်းနှီးနေသောအခန်းတစ်ခုမှ အလင်းရောင်ထွက်ပေါ်လာသည်ကို သတိထားမိလိုက်၍ ထိုနေရာဆီချည်းကပ်လာခဲ့သည်။
"အဲ့ဒါက စတုတ္ထခယ်မရဲ့ အခန်းမဟုတ်ဘူးလား...သူမက အခုရေချိုးနေတာများလား..."
ရှောင်ယုသည် တစ်စုံတစ်ခုကို သတိရလိုက်ပြီး သူ၏ခြေလှမ်းများအား ရပ်တန့်လိုက်သည်။
တစ်စုံတစ်ယောက်သည် ရေချိုးသည့်အခါတွင် ထိုကဲ့သို့ရေငွေ့များနှင့် မှိန်ဖျော့ဖျော့အလင်းရောင်ကို ထုတ်လွှတ်ပေးခြင်းဖြစ်သည်။
"ငါလုပ်သင့်လား...မလုပ်သင့်ဘူးလား...ငါ့လိုခေတ်မှီတဲ့လူတစ်ယောက် အတွက် ငါ့ရဲ့လုပ်ရပ်ကသိက္ခာမဲ့လွန်းတယ်...အရင်ယုတ်မာတဲ့ကောင်ရဲ့ အကျင့်အတိုင်း ငါ့ခယ်မတွေကိုချောင်းကြည့်လို့မကောင်းဘူး...."
ရှောင်ယုသည် သူ့စိတ်ထဲတွင်လွန်ဆွဲနေခဲ့သည်။အမှန်တော့ ခေတ်မှီသောလူသားတစ်ဦးအနေဖြင့် သူသည်ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သည့် မေးခွန်းများကို ကိုယ်တိုင်မေးမြန်းဖြေဆိုနေရသည်။ယခုအခါ သူ၏ခယ်မများသည် အလွန်လှပသော်လည်း ယခင်ဘဝက အနှစ်၂၀ကျော်ကြာ သင်ယူခဲ့သည့်ကိုယ်ကျင့်တရားများက သူ့အားတွန့်ဆုတ်စေခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် အခန်းတွင်းမှထွက်လာသော ရေငွေ့များကိုထိတွေ့မိလိုက်ချိန်တွင် သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ ပူလောင်သောခံစားချက်ကိုရရှိလိုက်သည်။
"ဒီအကျင့်မကောင်းတဲ့ကောင်ရဲ့ ခန္ဓာကိုယ်က်ို ငါတော်တော်စိတ်ပျက်နေပြီ...အခန်းထဲကထွက်လာတဲ့ ရေငွေ့လေးကထိတွေ့လိုက်တာနဲ့ စိတ်ကိုမထိန်းနိုင်တော့ဘူး...ငါ့လိုကမ္ဘာကူးလာတဲ့ကောင်ကတောင်မှ ဒီကောင့်ရဲ့အကျင့်မကောင်းတဲ့ဗီဇကို လုံးဝမထိန်းချုပ်နိုင်ဘူးပဲ...ဒါကြောင့်ဒီခန္ဓာကိုယ်ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရမယ်ဆိုရင် အရင်ကအကျင့်မကောင်းတဲ့ကောင်ရဲ့ အရိုင်းစိတ်တွေကို အပြစ်တင်သင့်တယ်...ခုတော့ချောင်းကြည့်ဖို့ နည်းလမ်းတစ်ခုပဲရှိတော့တယ်..."
ရှောင်ယုသည် သူ၏ခန္ဓာကိုယ်၏အလိုဆန္ဒအား လိုက်လျောရန်ဆုံးဖြတ်လိုက်ပြီးနောက်တွင် သူ၏ညီလေးဖြစ်သူအား ငုံ့ကြည့်လိုက်ကာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ခဲ့သည်ဟု ခံစားမိလိုက်သည်။ယခင်ရှောင်ယု၏ဝိညာဉ်သာ ဤနေရာ၌ရှိနေပါက သူသည်ရှောင်ယုအား လက်မထောင်ပြမှာဖြစ်သည်။
ရှောင်ယုသည် သူ၏ပါးစပ်ထဲရှိ တံတွေးများကိုမျိုချလိုက်ပြီးနောက် ဘေးပတ်ပတ်လည်အား စစ်ဆေးလိုက်သည်။ဘေးပတ်ဝန်းကျင်းတွင် တစ်ယောက်မှမရှိကြောင်း သတိထားမိလိုက်ပြီးနောက် သူသည်လေလမ်းလျှောက်ခြင်းကိုထုတ်ဖော်လိုက်ပြီး အခန်းအနီးသို့ချည်းကပ်လိုက်သည်။အခန်းတံခါးဝရောက်သည်နှင့် ရှောင်ယုသည် ကိုယ်ပျောက်ပုံစံကိုအသက်သွင်းလိုက်သည်။
ရှောင်ယုသည် ကျောက်တုံးအနည်းငယ်ကို ရွေ့လိုက်ပြီး အခန်းထောင့်နားတွင်ရှိသော အပေါက်ငယ်ထံသို့ချောင်းကြည့်လိုက်သည်။
အခန်းထဲမှ ရေငွေ့များသည် ထိုအပေါက်ငယ်မှ ထွက်လာခြင်းဖြစ်သည်။
ရှောင်ယုသည် ယခင်ကလည်း သူ၏ခယ်မများရေချိုးသည်ကို ကြိမ်ဖန်များစွာ ချောင်းကြည့်ရန်ကြိုးစားခဲ့သည်။ထို့ကြောင့် ရေချိုးခန်းအတွင်းရှိ အပေါက်အများစုကိုပိတ်ဆို့ထားသော်လည်း အချို့သောအပေါက်ငယ်များကိုမှု ပိတ်ဆို့ထားရခြင်းမရှိသေးပေ။
ယခုအခါ ရှောင်ယုသည် အလျှို့ဝှက်ဆုံးနှင့် အကောင်းဆုံးသော ချောင်းကြည့်ပေါက်ကို အသုံးပြုနေခြင်းဖြစ်သည်။
ရှောင်ယုသည် ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး အပေါက်မှတဆင့် အောက်သို့ငုံ့ကြည့်လိုက်သည်။ထိုအခါ သူ၏မြင်ကွင်းထဲသို့ ကြီးမားသောရေချိုးကန်ကြီးတစ်ခုနှင့် လှပသောအမျိုးသမီးတစ်ဦးရှိနေပေသည်။
"အိုးဘုရားရေ...အဲ့ဒါကစတုတ္ထမြောက်ခယ်မပဲ...ဘယ်လောက်တောင် လှပတဲ့ခန္ဓာကိုယ်လဲ..."
ရှောင်ယုသည် လှပသောမြင်ကွင်းကို ခံစားရင်း အလွန်ပင်ကျေနပ်သွားခဲ့သည်။ယခင်ရှောင်ယုသည် သူ၏ခယ်မများရေချိုးသည်ကို အခွင့်အခါသင့်တိုင်း အမြဲချောင်းကြည့်ရန်ကြိုးစားနေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
ယခုလည်း စတုတ္ထခယ်မ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်သာ မြင်တွေ့ခဲ့ရသော်လည်း ထိုက်တန်ပေသည်။သူမ၏ လှပကြည်လင်သော ကျောက်စိမ်းရောင်အသားအရည်နှင့် အချိုးကျလှပသည့်ခန္ဓာကိုယ်က အဆုံးမရှိသော ဆွဲဆောင်နိုင်စွမ်းကို ဖြစ်ပေါ်စေခဲ့သည်။သူမ၏ရှည်လျားသော အနက်ရောင်ဆံကေသာများသည် ဖဲသားကဲ့သို့ချောမွေ့နေပေရာ ရှောင်ယုသည် ယခင်ရှောင်ယု၏မူလဆန္ဒအားလုံးကို အလုံးစုံဆက်ခံရရှိလိုက်သည်။
ယခင်ဘဝတွင် ရှောင်ယုသည် အဝတ်အစားမပါသော အမျိုးသမီးများ၏ခန္ဓာကိုယ်အား ရုပ်ရှင်များတွင်သာ တွေ့မြင်ခဲ့ရသော်လည်း ယခုဘဝတွင် သူပထမဆုံးတွေ့မြင်ခဲ့ဖူးဖြင်းဖြစ်သည်။
ဂလု...
ရှောင်ယုသည် စိတ်မထိန်းနိုင်ဘဲ တံတွေးမျိုချမိလိုက်သည်။
ထိုအခိုက်အတန့်တွင် ရှောင်ယု၏လည်ချောင်းမှ အသံအနည်းငယ်သာထွက်ပေါ်လာခဲ့သော်လည်း စတုတ္ထမြောက်ခယ်မ၏အာရုံကို စွဲဆောင်နိုင်ခဲ့သည်။သူမသည် တိုးလျသောအသံထွက်ပေါ်လာရာဘက် လှည့်ကြည့်လိုက်သည်။
ရှောင်ယုသည် ကိုယ်ပျောက်ပုံစံတွင်ရှိနေသော်လည်း အနည်းငယ်စိတ်ပူမိသွားခဲ့သည်။သူသည် ဆုရှာ၏အာရုံကို မတော်တဆဆွဲဆောင်မှုလိုက်သောကြောင့် ထပ်မံ၍မလှုပ်ရှားဝံ့တော့ပေ။
"ဘာဖြစ်တာလဲ..."
ရေချိုးခန်းထဲမှ နောက်ထပ်အသံတစ်ခုက ထပ်မံထွက်ပေါ်လာခဲ့သည်။
"ဘာမှမဟုတ်ဘူး...ဒါပေမဲ့ တစ်ယောက်ယောက်က ငါတို့ကိုစောင့်ကြည့်နေသလိုမျိုးခံစားနေရတယ်"
စတုတ္ထခယ်မက ပြန်ဖြေလိုက်သည်။သူမသည် ပထမအဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်ရာ သူမ၏အမြင်အာရုံနှင့်အကြားအာရုံတို့သည် သာမန်လူသားများထက် များစွာသာလွန်နေခဲ့သည်။ထို့ကြောင့် တစ်စုံတစ်ယောက်က သူမအားချောင်းကြည့်နေပါက သူမသည်သေချာပေါက် သတိထားမိမှာဖြစ်သည်။
"ဟမ့်...ဟိုဖြုန်းတီးတတ်တဲ့သားက သူ့ရဲ့အသက်ကိုမနှောမြောရင်တော့ ဒီမှာရှိနေလိမ့်မယ်"
နောက်ထပ်အသံပိုင်ရှင်က ဝင်ပြောလိုက်သည်။
ထိုအသံပိုင်ရှင်သည် သူ၏ပဥ္စမမြောက်ခယ်မဖြစ်သော စစ်ဝမ်ဖြစ်ကြောင်း ရှောင်ယုသဘောပေါက်လိုက်သည်။
သူတို့နှစ်ယောက်လုံး တူတူရေချိုးလိမ့်မယ်လို့ ငါလုံးဝမမျှော်လင့်ထားဘူး...ဒီညတော့ ပန်းလေးနှစ်ပွင့်ရေချိုးတာကို ငါချောင်းကြည့်နိုင်ပြီဟေ့...
ရှောင်ယုသည် ပျော်ရွှင်မှုကြောင့် မေ့လဲမတတ်ဖြစ်သွားခဲ့သည်။
သို့သော် သူချောင်းကြည့်သောနေရာသည် ပဥ္စမမြောက်ခယ်မအား မတွေ့နိုင်ဘဲ ဆုရှာကိုသာ ရှင်းရှင်းလင်းလင်းချောင်းကြည့်နိုင်သည်။
"ငါ့မှာ နောက်ထပ်အပေါက်တစ်ပေါက်သာ ရှိခဲ့ရင်ကွာ...တောက်.."
ရှောင်ယုသည် သူရှိနေသည်အား ဆုရှာကသတိမထားမိကြောင်း သဘောပေါက်လိုက်၍ စိတ်သက်သာရာရသွားခဲ့သည်။သို့သော် သူချောင်းကြည့်နေသောအပေါက်မှလည်း ဆုရှာတစ်ယောက်တည်းကိုသာ ချောင်းကြည့်နိုင်၍ အနည်းငယ်ဒေါပွသွားခဲ့သည်။
"ဟမ့်...အဲဖြုန်းတီးတတ်တဲ့ကောင်အကြောင်း မပြောစမ်းနဲ့...ငါတို့ရဲ့နယ်မြေက အစောပိုင်းက အခြေအနေမကောင်းပေမဲ့ အဲ့ကောင်ကြောင့်မဟုတ်ရင် ဒီလိုအခြေအနေကိုရောက်လာမှာမဟုတ်ဘူး...အရေးအကြီးဆုံးကတော့ အဲ့ဒီလူယုတ်မာက ငါတို့အကုန်လုံးကို ဖဲပေါင်ရိုက်ပြီးရှုံးသွားခဲ့တာပဲ..ခွေးလိုကောင်"
ဆုရှာသည် ရှောင်ယုအား ဒေါသတကြီးကျိန်ဆဲလိုက်သည်။တစ်ဖက်တွင် ရှောင်ယုသည် ချောင်းကြည့်ရာတွင် ပိုမိုအာရုံစိုက်နေသည့်အတွက်ကြောင့် သူမ၏ကျိန်ဆဲမှုကို ဂရုမစိုက်ခဲ့ပေ။အဆုံးသတ်တွင် ဆုရှာသည် ယခင်ရှောင်ယုကိုသာ ကျိန်ဆဲနေခြင်းဖြစ်ပြီး သူ့အပေါ်မသက်ရောက်ပေ။
"သူ့အကြောင်းမပြောချင်တော့ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါကရှောင်မိသားစုရဲ့ ချွေးမတစ်ယောက်ဖြစ်ပြီးတော့ အဆုံးထိတိုင်အောင် မိသားစုအပေါ် သစ္စာရှိနေမှာပဲ...မိသားစုဂုဏ်သိက္ခာကို အဆုံးရှုံးခံမယ့်အစား အသေပဲခံလိုက်မယ်...စကားမစပ် စတုတ္ထမြောက်အစ်မရဲ့ အဖေက ဗိုလ်ချုပ်ကြီးတစ်ယောက်မဟုတ်ဘူးလား..ဘာလို့အိမ်ပြန်ပြီး အိမ်ထောင်မပြုရတာလဲ...ခုချိန်ရှောင်မိသားစုကထွက်သွားရင် ကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်မှာပဲလေ..."
ပဥ္စမမြောက်ခယ်မ စစ်ဝမ်သည် ဆုရှာအားအကြံပေးလိုက်သည်။
ဆုရှာသည် မျက်မှောင်ကြုတ်ပြီး ချက်ချင်းတုံ့ပြန်လိုက်သည်။
"ငါပြန်မှာမဟုတ်ဘူး...အဲ့နေရာကလူတိုင်းက ငါ့ကိုသဘောကျကြတာမဟုတ်ဘူး...ငါ့ရဲ့ခင်ပွန်းက လူကောင်းတစ်ယောက်ဆိုပေမဲ့ အဆုံးသတ်မှာ ကံမကောင်းခဲ့ဘူး...ဟူး...ဘာလို့ရှောင်မိသားစုရဲ့ သားမြေးတွေအကုန်လုံးက စိတ်သဘောထားကောင်းကြပေမဲ့ ဒီအငယ်ဆုံးတစ်ယောက်ကတော့ ဘာလို့ဒီလိုဖြစ်လာရတာလဲ..."
စစ်ဝမ်သည်လည်း သက်ပြင်းချပြီး တီးတိုးရေရွတ်လိုက်သည်။
"မိသားစုထဲမှာ ဒီလိုသိုးမည်းတစ်ကောင်ရှိတာပုံမှန်ပါပဲ...ငါ့မိသားစုမှာဆိုလည်း ဒီလိုကောင်မျိုးတွေအများကြီးပဲ..."
"ခက်တာက အခြားညီအမတွေကလည်း ထွက်သွားဖို့စိတ်ကူးမရှိကြဘူး...ရှောင်မိသားစုထဲမှာ မိန်းကလေးတစ်ယောက်ရှိတယ်ဆိုပေမဲ့ သူမက ရှောင်မိသားစုရဲ့သွေးဆက်ကို အပြည့်အဝဆက်ခံထားတာမဟုတ်ဘူး..."
ဆုရှာက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
ရှောင်ယုသည် သူမတို့၏စကားများကို နားထောင်ရင်း တိုးတိုးလေးရေရွတ်ပြောဆိုလိုက်သည်။
"ခယ်မနှစ်ယောက်ဆိုရင် လုံလောက်ပါပြီ...သူတို့ကိုအကာအကွယ်ပေးပြီးတော့ စိတ်ချမ်းသာအောင်ထားပေးရမယ်...ပြီးတော့ပျော်ရွှင်မှုလေးတွေပေးရမယ်...ဟိဟိ"
ဆုရှာနှင့်စစ်ဝမ်တို့သည် စကားပြောနေရင်း ရေချိုးပြီးစီးသွား၍ သူမတို့သည် အဝတ်အစားဝတ်ဆင်ရန် ရေချိုးကန်မှထွက်လာကြသည်။
"အိုဘုရားရေ..."
ရှောင်ယုသည် ဝတ်လစ်စားလစ်မိန်းမတစ်ယောက်၏ ခန္ဓာကိုယ်အား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည့်အတွက် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကိုပိုမော့လိုက်ရာ ခေါင်မိုးနှင့်ဆောင့်မိလေသည်။
"အဲ့ဒီမှာဘယ်သူလဲ..."
ဆုရှာသည် အေးစက်သောလေသံဖြင့် အော်ဟစ်လိုက်သည်။
ရှောင်ယုသည် သူ၏တည်နေရာ ပေါက်ကြားသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်၍ လေလမ်းလျှောက်ခြင်းကိုအသုံးပြုကာ သူ၏အခန်းထဲသို့ အမြန်ဆုံးပြေးဝင်သွားခဲ့သည်။
အိမ်တော်ထိန်းဟောင်သည် ရှောင်ယု၏အကျင့်ကိုသိထား၍ သူ၏အခန်းနှင့်ခယ်မဖြစ်သူတို့၏ အခန်းကြားတွင် အကာအကွယ်အဖြစ် နံရံတစ်ချပ်ခြားထားခဲ့သည်။ဟိုးယခင်ကဆိုလျှင် ရှောင်ယုသည် ထိုနံရံအားဖြတ်ကျော်နိုင်မည်မဟုတ်သော်လည်း ယခုအခါသူ၏အခန်းဆီ ချော့ချော့မွေ့မွေ့ပြန်လည်ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆုရှာသည် သူမ၏ခန္ဓာကိုယ်အား တဘက်တစ်ထည်ဖြင့် ဖုံးအုပ်လိုက်ပြီး သူမ၏လက်ထဲတွင် ဓားကိုကိုင်ဆောင်၍ အမြန်ဆုံးပြေးထွက်လာခဲ့သည်။သူမသည် အိမ်ခေါင်မိုးပေါ်သ်ို့ခုန်တက်သွားစဉ်တွင် မည်သူမှမရှိကြောင်းသိရှိလိုက်ရ၍ ရှောင်ယု၏အခန်းရှိရာသို့ အေးစက်သောအကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
ဘန်း...
ဆုရှာသည် ရှောင်ယု၏အခန်းတံခါးကို ဆောင့်ကန်၍ တွန်းဖွင့်လိုက်သည်။
ထိုအခါ အိပ်စုံမှုန်ဝါးဖြစ်နေသော ရှောင်ယုသည် သူ၏မျက်လုံးများကိုပွတ်သပ်၍ စောင်ကိုဆုပ်ကိုင်ကာ ထထိုင်လိုက်သည်။ထို့နောက် ဆုရှာအားကြည့်ကာ အံ့သြဟန်ဆောင်လိုက်သည်။
"အမ်...အမကြီး ဒီကိုဘာလာလုပ်တာလဲ..."
ဆုရှာသည် ရှောင်ယုအား သံသယဖြစ်နေသော အကြည့်ဖြင့်စိုက်ကြည့်လိုက်သည်။ဤဖြုန်းတီးသောသားသည် အားနည်းသောယောကျားတစ်ယောက်ဖြစ်ပေရာ ထိုကောင်သည် သူမအားချောင်းကြည့်သူဖြစ်ပါက သူမ၏ကိုယ်ပိုင်အရှိန်အဟုန်ဖြင့်သာဆိုလျှင် ယခုလ်ိုစောင်ခြုံလျက်ရှိနေနိုင်မည်မဟုတ်ပေ။
"မင်းခုနက ဘယ်မှာရှိနေတာလဲ..."
ဆုရှာသည် သူမ၏ဓားကိုရှောင်ယုဆီညွန်၍ မေးမြန်းလိုက်သည်။
ရှောင်ယုသည် ကြောက်ရွှံဟန်ဆောင်ကာ တုန်ခါနေသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ဒါ...ဒါ စတုတ္ထမြောက်အစ်မကြီးက ဘာလိုချင်တာလဲ...ငါအိပ်နေတဲ့အချိန် ငါ့ရဲ့အခန်းထဲကို အဝတ်တောင်မဝတ်ဘဲ ဝင်လာတယ်ဆိုတော့ အနာဂတ်မှာ ကောလဟာလတွေပျံ့နှံ့သွားရင် ဘာဆက်လုပ်ကြမလဲ..."
ရှောင်ယု၏မေးခွန်းကြောင့် ဆုရှာသည်အလွန်ဒေါသထွက်သွားသော်လည်း ရှောင်ယု၏မူမမှန်သောပုံစံကြောင့် စိတ်ထိန်းလိုက်ရသည်။
"ကောင်လေး...မင်းအဝတ်မဝတ်ထားဘူးလား..."
ထိုအခိုက်အတန့်တွင် ရှောင်ယုသည် အပေါ်ပိုင်းဗလာဖြင့် စောင်ခြုံလျက်ထလာပြီး သူမ၏ခန္ဓာကိုယ်အား မီးဝင်းဝင်းတောက်နေသောအကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်သောကြောင့် ဆုရှာသည်ထိတ်လန့်သွားကာ မေးမြန်းလိုက်သည်။
"ကျနော်က ညအိပ်ရင် အဝတ်ဝတ်ပြီးမအိပ်တတ်ဘူး...ညအိပ်ရင် ကိုယ်လုံးတီးအိတ်တတ်တဲ့ သူတွေအကြောင်း အစ်မကြီးကြားဖူးတယ်မလား...အစ်မကြီးမယုံရင် ကျနော်သက်သေပြမယ်"
ရှောင်ယုသည် စကားပြီးပြီးချင်း စောင်ကိုဖယ်ခွာရန်ပြင်ဆင်လိုက်သည်။
ရှောင်ယု၏လုပ်ရပ်ကြောင့် ဆုရှာ၏မျက်နှာသည် အလွန်နီမြန်းသွားခဲ့သည်။
"ရှောင်ယု မင်းကလူယုတ်မာပဲ..."
"စတုတ္ထမြောက်အစ်မက ဘာဖြစ်ချင်နေတာလဲ...ညကြီးအချိန်မတော် ငါ့အခန်းထဲလည်းခိုးဝင်ပြီး ငါ့ကိုလည်းလူယုတ်မာလို့ခေါ်သေးတယ်..."
ရှောင်ယုသည် သူမတရားခံရဟန်ဖြင့် ပြန်လည်ချေပပြောဆိုလိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏အကြည့်များသည် ဆုရှာ၏ခန္ဓာကိုယ်အား တစ်လက်မချင်းစီစူးစမ်းကြည့်ရှုနေခဲ့သည်။သူမ၏ခန္ဓာကိုယ်အား မျက်နှာသုတ်ပဝါတစ်ထည်ဖြင့် ဖုံးအုပ်ထားသော်လည်း ရေစိုနေသောဆံပင်မှ ကျလာသည့်ရေစက်များကြောင့် မျက်နှာသုတ်ပဝါသည် စိုရွှဲလာကာ သူမ၏ကောက်ကြောင်းကိုသိသာပေါ်လွင်စေခဲ့သည်။
ဂလု...
ရှောင်ယုသည် နောက်ထပ်တစ်ကြိမ် တံတွေးမျိုချမိလိုက်သည်။
"မင်း...မင်း ငါနဲ့နောက်မှတွေ့မယ်"
ထိုအခါမှ ဆုရှာသည် သူမ၏ခန္ဓာကိုယ်တွင် အဝတ်အစားမကပ်ထားကြောင်း သတိရလာ၍ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။
"ဟားဟား...သမီးလေးက ဒီသခင်လေးကိုလာပြီး စမ်းသပ်ရဲတာလား"
ရှောင်ယုသည် နောက်သို့လှည့်ထွက်သွားသည့် ဆုရှာ၏နောက်ကျောကို ကြည့်ပြီး ဂုဏ်ယူနေသောလေသံဖြင့် ရေရွတ်လိုက်သည်။
...
...
နောက်တစ်နေ့တွင် ရှောင်ယုသည် ဓားပြများအား လုယက်ရန်အတွက် မနက်စောစောထလာခဲ့သည်။ရှောင်ယုသည် အခြေစိုက်စခန်း၏ခွန်အားကို တတ်နိုင်သမျှ့မြန်မြန် မြင့်တင်ရန်ဆုံးဖြတ်ထားခဲ့သည်။ထိုအခိုက်အတန့်တွင် ရှောင်ယုသည် မနေ့ကတွေ့ခဲ့သော မြင်ကွင်းကိုပြန်တွေးမိကာ ပြုံးလိုက်မိသည်။
မြေခွေးသည် ဓားပြစခန်းရှိရာသို့ ရှောင်ယု၏တပ်ကိုလမ်းညွန်ခဲ့သည်။
မြေခွေးတင်ပြသော အချက်အလက်များအရ ဓားပြအဖွဲ့သည် အတော်လေးကြီးမားကာ အင်အားတောင့်တင်းပေသည်။ထို့ပြင် အဖွဲ့ခေါင်းဆောင်သည် စစ်မြေပြင်မှထွက်ပြေးလာခဲ့သည့် စစ်ရှုံးဗိုလ်ချုပ်တစ်ယောက်ဖြစ်ပေသည်။
"သူတို့အကုန်လုံးကို သတ်ပြီးရင်တော့ အရာရှိတစ်ယောက်ဖြစ်လာဖို့ ကမ္မကုသိုလ်မှတ်တွေ လုံလုံလောက်လောက်ရလာဖို့ မျှော်လင့်ရတာပဲ..."
ရှောင်ယုသည် မျှော်လင့်ချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။
*****
အခန်း ၉ - ခက်ခဲသောတိုက်ပွဲ
"ဒါကသူတို့ရဲ့နေရာပဲ..."
ထုံးစံအတိုင်း ရှောင်ယုနှင့်ဂရင်းတို့သည် အခြေအနေအား စုံစမ်းစစ်ဆေးရန်အတွက် ဓားပြစခန်းသို့ဦးစွာထွက်ခွာလာခဲ့သည်။တိုက်ပွဲတစ်ခုကို အောင်နိုင်ခြင်းတွင် သတင်းအချက်အလက်စုံစမ်းခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပေသည်၊ရှောင်ယုသည် စစ်ရေးကျွမ်းကျင်သူတစ်ဦးမဟုတ်သော်လည်း ဤကိစ္စနှင့်ပတ်သက်၍ အလေးအနက်ထားပေသည်။
အစောပိုင်းတွင် သူတို့သည် ဓားပြများက သူတို့၏ရတနာများသိမ်းဆည်းထားရာနေရာအား ရှာဖွေခဲ့သည်။ရှောင်ယုသည် ယခုအချိန်၌ ရွှေပြားများကို အရေးတကြီးလိုအပ်နေပေသည်။
"ငါ့မှာလောလောဆယ် အောစ့်စစ်သည် ၁၀၀ကျော်ရှိတယ်ဆိုတော့ ဓားပြ ၅၀၀လောက်ရင်ဆိုင်ဖို့ ပြဿနာမရှိလောက်ဘူး..ဒါပေမဲ့ ပေါ့ပေါ့ဆဆမလုပ်ဘဲ ဒီတိုက်ပွဲကိုအောင်နိုင်ဖို့ အခြားလွယ်ကူတဲ့နည်းလမ်းတွေကို အသုံးပြုရမယ်...အကောင်းဆုံးကတော့ အရင်နည်းအတိုင်း သူတို့ကိုအုပ်စုငယ်လေးတွေအဖြစ်ခွဲထုတ်ပြီး သတ်ဖြတ်ပစ်တာပဲ"
ရှောင်ယုသည် မျက်လုံးမှိတ်ကာ သူ့စိတ်ထဲတွင် အစီအစဉ်ဆွဲနေခဲ့သည်။
ခဏအကြာတွင် ဂရင်းသည် စခန်းအတွင်းသို့ နောက်ထပ်တစ်ကြိမ်ခိုးဝင်ခဲ့ပြီး အဖိုးတန်ပစ္စည်းအနည်းငယ်ကို ခိုးယူကာ သူ့ကိုယ်သူတမင်တကာဖော်ပြခဲ့သည်။ထို့နောက် ဓားပြတစ်ဦးကိုသတ်ဖြတ်ခဲ့ကာ စခန်းမှ ထွက်ပြေးလာခဲ့သည်။
ရှောင်ယုသည် ဂရင်း၏လုပ်ဆောင်မှုအား ထောက်ခံကာ ခေါင်းညိတ်ပြလိုက်သည်။သို့သော် ဂရင်းခိုးယူလာသည့်ပစ္စည်းကို တွေ့မြင်သောအခါ သူ၏နဖူးပေါ်၌ အနက်ရောင်မျည်းများဖြစ်ပေါ်လာခဲ့သည်။
"ဒါကဘာကြီးလဲ...လက်ဖက်ရည်အိုးကြီးလား..."
ဂရင်းခိုးယူခဲ့သောအရာသည် တန်ဖိုးမရှိသော်လည်း ဓားပြများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။သူတို့သည် ဂရင်းကိုတွေ့မြင်သည်နှင့် ကျယ်လောင်စွာအော်ဟစ်ကာ နောက်သို့လိုက်လာကြသည်။
ဂရင်းသည် လေလမ်းလျှောက်ခြင်းအား အသုံးပြုကာ ရှေ့မှပြေးထွက်သွားခဲ့သည်။သို့သော် ဓားပြများမျက်ခြေမပြတ်စေရန်အတွက် ကိုယ်ပျောက်ပုံစံအား အသုံးမပြုခဲ့ပေ။
ရှောင်ယုသည်လည်း အခြေအနေကိုကြည့်၍ ဂရင်းနောက်သို့ကပ်လိုက်လာခဲ့သည်။ယခုအချိန်တွင် ဂရင်း၏နောက်သို့ ဓားပြလေးငါးဆယ်ခန့်လိုက်လာကြပြီး ဂရင်းအားတားဆီးရန်ကြိုးစားနေကြသည်။
"ငါတို့ဆီက ပစ္စည်းခိုးရလောက်အောင် မင်းကိုဘယ်သူကသတ္တိတွေပေးလိုက်လို့လဲ..."
ဂရင်းအားလိုက်ဖမ်းနေစဉ်အတွင်း ဓားပြတစ်ဦးသည် ကျွတ်ကျနေသောဘောင်းဘီအား ဆွဲတင်ကာကျိန်ဆဲလိုက်သည်။
ဓားပြများနောက်သို့ လိုက်လာသည်ကိုကြည့်ပြီး ရှောင်ယု၏မျက်နှာပေါ်၌ အောင်ပွဲခံသော အမူအရာများရှိနေပေသည်။သူ၏အမြင်အရ မကြာမှီထိုဓားပြများအားလုံး သေဆုံးရတော့မည်ဖြစ်သည်။သို့သော်လည်း ဓားပြများကိုဦးဆောင်၍ပြေးလာသော ဓားပြတစ်ဦးသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ဂရင်းအားရှေ့မှတားဆီးလိုက်ကြောင်း ရှောင်ယုတွေ့လိုက်ရသည်။
ရှောင်ယုသည် အရည်အသွေးမြင့်သားရေဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်အမျိုးသားကို မြင်တွေ့လိုက်ပြီးနောက် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ထိုလူသည် သူ၏ဓားကိုဂရင်းထံညွန်ပြရင်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။
ထိုလူ၏ပိတ်ဆို့မှုကြောင့် ဂရင်းလည်းရပ်တန့်သွားခဲ့သည်။
"လူသား သူရဲကောင်းလား..."
ရှောင်ယုသည် ထိုလူမည်သူဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်သည်။အချို့သောလူသားများသည် သူတို့၏ခန္ဓာကိုယ်အတွင်းရှိ တိုက်ပွဲစွမ်းအင်ကို အဆင့်မြင့်မြင့်လေ့ကျင့်ကျွမ်းကျင်ထားသူများဖြစ်သည်။ယခုအရပ်ရှည်ရှည်အမျိုးသားသည်လည်း ထိုထဲမှတစ်ယောက်ဖြစ်သည်။
ရှောင်ယု၏လေးယောက်မြောက်ခယ်မသည်လည်း ထိုလူကဲ့သို့ ပထမအဆင့် သူရဲကောင်းတစ်ယောက်ဖြစ်သော်လည်း ယခုအရပ်ရှည်ရှည်လူသည် ဆုရှာထက်အများကြီးပိုသန်မာပေသည်။
သို့ဖြစ်ရာ ဂရင်းသည် ထိုလူအားအနိုင်မယူနိုင်မည်ကို စိုးရိမ်သောကြောင့် ရှောင်ယု၏နှလုံးသားသည် အဆက်မပြတ်ခုန်ပေါက်သွားခဲ့သည်။
ဂရင်းသည်လည်း အဆင့်၃သို့ရောက်ရှိနေသည့် သူရဲကောင်းတစ်ယောက်ဖြစ်သော်လည်း ရှောင်ယုသည် တစ်ဖက်ရန်သူ၏အစွမ်းကို တိတိကျကျမသိရှိခဲ့ပေ။
"စီစဉ်ထားတဲ့နေရာဆီပြေး...ငါတို့က လူအင်အားနဲ့ဖိတိုက်ပြီး သတ်ပစ်ရမယ်..."
ရှောင်ယုသည် တွန့်ဆုတ်ခြင်းမရှိ အမိန့်ပေးလိုက်သည်။
ရှောင်ယုသည် ထိုကဲ့သို့သူရဲကောင်းတစ်ယောက်အား မျှမျှတတတိုက်ခိုက်အနိုင်ယူရန် စိတ်ကူးမရှိပေ။အကယ်၍ ထိုလူအားတစ်ဦးချင်းတိုက်ပွဲတွင် သတ်ဖြတ်နိုင်ခြင်းမရှိပါက အောစ့်စစ်သည်များအား အသုံးပြု၍ သတ်ဖြတ်ခဲ့မည်ဖြစ်သည်။
ထိုလူသည် သူရဲကောင်းတစ်ယောက်ဖြစ်သော်လည်း အောစ့်စစ်သည်ရာချီအား အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဂရင်းသည် တိုက်ပွဲဝင်ရန် အလွန်ပင်စိတ်အားထက်သန်နေသော်လည်း ရှောင်ယု၏အမိန့်ကို မလွန်ဆန်ဘဲ အတိအကျလိုက်နာခဲ့သည်။
ဂရင်းသည် မျက်နှာဖုံးတပ်ထားလေရာ ထိုသူရဲကောင်းသည် ဂရင်း၏မျက်နှာကို မတွေ့မြင်ခဲ့ပေ။
ဂရင်းသည် ရှောင်ယု၏အမိန့်အတိုင်း ထိုသူရဲကောင်းအား ဖြတ်ကျော်ကာ ထွက်ပြေးခဲ့သည်။ဂရင်း၏အရှိန်သည် အလွန်မြန်ဆန်သည့်အတွက်ကြောင့် ထိုသူရဲကောင်းသည် ဂရင်းအားမတားဆီးနိုင်ခဲ့ပေ။သို့သော် တိုက်ခိုက်ရန်ပြင်ဆင်နေသည့် ဂရင်းသည် အမိန့်တစ်ခုကိုရရှိလိုက်ဟန်ဖြင့် ချက်ချင်းထွက်ပြေးသွားသည်ကို ဓားပြဖြစ်သူကတွေ့မြင်လိုက်ရသည်။
ရှောင်ယုသည်လည်း ကိုယ်ပျောက်ပုံစံအား နောက်ထပ်တစ်ကြိမ်အသုံးပြုလိုက်ပြီး ပိတ်ဆို့မှုကိုဖြတ်ကျော်ကာ ဂရင်း၏နောက်သို့လိုက်သွားခဲ့သည်။ရှောင်ယုသည် ကိုယ်ပျောက်နေစဉ်အတွင်း အစွမ်းထက်သောအော်ရာများကိုထုတ်လွှတ်နေသည့် ဓားပြသူရဲကောင်းကို သတိထား၍ဖြတ်ကျော်ခဲ့သည်။
အဆင့်တက်ပြီးနောက်တွင် ရှောင်ယု၏ကြံ့ခိုင်မှုသည် ပိုမိုအားကောင်းလာခဲ့သည်။ထို့ပြင် သူ့ထံ၌ လေလမ်းလျှောက်ခြင်း ၊ ထပ်ဆင့်ခုတ်ပိုင်းခြင်းနှင့် ပြင်းထန်သောခုတ်ပိုင်းချက်တို့ရှိသော်လည်း ထိုအထူးဓားပြအား မတိုက်ခိုက်ခဲ့ပေ။
"ဟမ့်...မင်းကငါတို့ကို တစ်နေရာကိုခေါ်သွားပြီး ခြုံခိုတိုက်ခိုက်ဖို့ကြိုးစားနေတာလား "
အချိန်ခဏကြာပြီးနောက် ထိုဓားပြသည် ဆက်မလိုက်တော့ဘဲ ဂရင်းအားလှမ်းအော်လိုက်သည်။
ဂရင်းသည်လည်း ထွက်ပြေးနေခြင်းကို ရပ်လိုက်ပြီး ထိုဓားပြအားစိုက်ကြည့်လိုက်သည်။ရှောင်ယုသည် လေလမ်းလျှောက်ခြင်း၏ အကူအညီဖြင့် ဂရင်း၏ဘေးနားတွင် ရောက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ရှောင်ယုသည် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေကာ သူ့နောက်ဘက် တောအုပ်လေး၏နောက်ကွယ်၌ အောစ့်စစ်သည်၁၀၀ကျော် ပုန်းအောင်းနေကြောင်း သိရှိထားသည်။
ထိုအချိန်တွင် ဓားပြလေးငါးဆယ်တို့သည်လည်း ထိုဓားပြသူရဲကောင်းနားတွင် ရပ်လိုက်ကြသည်။အရပ်ရှည်သော ဓားပြသူရဲကောင်းသည် သူသာထိုနောက်သို့ ဆက်လိုက်ပါက ကင်းပုန်းများနှင့်ထိတွေ့မိလိမ့်မည်ဟု ခံစားမိနေခဲ့သည်။
"ဟမ့်...အရပ်ရှည်တဲ့ကောင် မင်းကဓားပြတွေရဲ့ခေါင်းဆောင်လား..."
ရှောင်ယုသည် သူ့ကိုယ်သူဖော်ပြလိုက်ပြီး ရွှေဘောင်ကွပ်ထားသည့် ကျောက်စိမ်းဓားကိုအသုံးပြုကာ ထိုဓားပြအားညွန်ပြလိုက်သည်။
ရှောင်ယုထွက်ပေါ်လာသည်ကိုမြင်သောအခါ အရပ်ရှည်သောဓားပြ၏ အကြည့်များသည် အနည်းငယ်ကျည်းမြောင်းသွားခဲ့သည်။ရှောင်ယုရောက်ရှိနေသည်ကို သူယခုမှသတိထားမိလေရာ ဓားပြသည် ရှောင်ယုအား လုပ်ကြံသူဟုထင်မှတ်သွားခဲ့သည်။
လုပ်ကြံသူများသည် သူတို့၏တိုက်ပွဲစွမ်းအင်ကို အသုံးပြုကာ အနီးပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်စေပြီး ကိုယ်ပျောက်အောင်ပြုလုပ်နိုင်ပေသည်။
"ငါ့နာမည်က ဟိုထုံ... စခန်းရဲ့လက်ထောက်တပ်မှူးပဲ...မင်းကဘယ်သူလဲ..."
ဟိုထုံသည် အစောပိုင်းတွင် ဓားသမားအား ရင်ဆိုင်တိုက်ခိုက်ရန် စိတ်အားထက်သန်နေသော်လည်း လုပ်ကြံသူကသာ တိုက်ပွဲအတွင်းဝင်ရောက်စွက်ဖက်လာပါက သူသည်အခြေအနေမကောင်းနိုင်ကြောင်း သူ၏ပင်ကိုယ်အသိစိတ်ကဖော်ပြနေခဲ့သည်။
"ဟမ့်...ဓားပြအဖွဲ့တစ်ခုရဲ့ လက်ထောက်တပ်မှူးတစ်ယောက်က ငါ့ရဲ့နာမည်ကိုမေးရဲတယ်ပေါ့...ငါပြောပြမယ်...ငါ့နာမည်က ရှောင်ယု ရှောင်မိသားစုရဲ့လက်ရှိခေါင်းဆောင်ဖြစ်ပြီး ဒီနယ်မြေရဲ့သခင်ပဲ...ငါမင်းကိုရွေးချယ်ခွင့်နှစ်ခုပေးမယ်...ပထမအချက်ကတော့ မင်းနာနာခံခံနဲ့လက်နက်ချပြီး ငါ့ရဲ့လက်အောက်ကိုခိုလုံရမယ်...ဒုတိယကတော့ မင်းတို့အားလုံးသေရမယ်"
ရှောင်ယုသည် သူ့ကိုယ်သူ သြဇာအာဏာကြီးမားသောသခင်တစ်ယောက် ပုံစံဖြင့် ခေါင်းမော့၍ခြိမ်းခြောက်လိုက်သည်။
"ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ လက်အောက်ခံလား..."
ဟိုထုံသည် ရှောင်ယု၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။အင်ပါယာသည် အစွမ်းအစရှိသောသူများအား နယ်မြေအပိုင်စားပေးအပ်လေ့ရှိကြောင်း သူသိရှိထားသည်။သို့သော် ဤနယ်မြေ၌ ထိုကဲ့သို့ နယ်မြေသခင်တစ်ပါးမရှိလေရာ သူတို့ကဂရုမစိုက်ခဲ့ပေ။ထို့ပြင် ဤနယ်မြေသည် နယ်စပ်ဒေသတစ်ခုဖြစ်လေရာ နယ်မြေသခင်တစ်ပါးသည် တိကျသောအမိန့်အာဏာကို မထုတ်ပြန်နိုင်ခဲ့ပေ။
"မင်းတို့နှစ်ယောက်တည်းနဲ့ ငါတို့အကုန်လုံးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်မှတ်နေတာလား..."
ဟိုထုံသည် သူ့နောက်တွင်ရပ်နေသော ဓားပြများကိုတစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
ရှောင်ယုသည် ပြုံးလိုက်ကာ ဟိုထုံအားပြန်၍လှောင်ပြောင်လိုက်သည်။
"ဟုတ်တယ်...ဒီလိုအသေးအဖွဲ့တိုက်ပွဲမှာ ငါကပါဝင်မှာမဟုတ်ဘူး...ဒါပေမဲ့ သူတို့ကတော့ဝင်ပါလိမ့်မယ်..."
ရှောင်ယုသည် သူ့လက်အားဝှေ့ယမ်းလိုက်သည်နှင့် အစိမ်းရောင်အသားအရည်ရှိသော အောစ့်စစ်သည်အကောင် ၁၀၀ကျော်သည် သစ်ပင်များ၏နောက်ကွယ်မှ ထွက်လာခဲ့သည်။နှစ်မီတာခန့်မြင့်မားသည့် အောစ့်စစ်သည်များသည် အနည်းဆုံး၁မီတာခန့်ရှည်သော ပုဆိန်များကိုကိုင်ဆောင်ထားခဲ့သည်။
"အောစ့်စစ်သည်တွေ..."
ဟိုထုံသည် အနည်းငယ်အံ့သြသွားခဲ့သည်။ပုံမှန်အားဖြင့် သူသည်အေးအေးဆေးဆေး နေထိုင်တတ်သူဖြစ်သော်လည်း ယခုမူထိုသို့ အေးအေးဆေးဆေးမနေနိုင်တော့ပေ။အောစ့်စစ်သည်များသည် အချိန်ကာလအတော်ကြာကတည်းက မျိုးသုဉ်းသွားပြီဖြစ်ရာ ဤနေရာ၌ အောစ့်စစ်သည်များထွက်ပေါ်လာသည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
"သူတို့ကိုသတ်..."
ရှောင်ယုသည် ယဉ်ကျေးစွာပြုမူရန် မစီစဉ်ထားပေ။သူသည် အံ့အားသင့်နေသော ဓားပြများအား အခွင့်ကောင်းယူတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။
ဂရင်းသည်လည်း ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းထားသော ဝတ်ရုံအားလွှင့်ပစ်လိုက်ကာ သူ၏ဓားအားဆွဲထုတ်လိုက်သည်။
ဤအတောအတွင်း ရှောင်ယုသည် ဂရင်း၏ဓားကိုပြောင်းလဲပစ်ရန် ကြိုးစားခဲ့သည်။သူ၏နယ်မြေသည် တဖြည်းဖြည်းဆုတ်ယုတ်နေသော်လည်း ဓားကောင်းတစ်လက်အားရှာဖွေရသည်မှာ ပြသနာမဟုတ်ပေ။သို့သော် သူရဲကောင်းတစ်ယောက်၏လက်နက်ကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ အဆင့်မြင့်တင်ခြင်းသာပြုလုပ်နိုင်ကြောင်း စနစ်ကပြောလာခဲ့သည်။
ရှောင်ယုသည် ထိုအချက်ကိုသိရှိပြီးနောက် အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။
ရှောင်ယုသည် တိုက်ပွဲစတင်သည်နှင့် ကိုယ်ပျောက်ပုံစံအားအသုံးပြုလိုက်ကာ တိုက်ပွဲအတွင်းမှထွက်ပြေးလာသည့် ဓားပြများကိုသတ်ဖြတ်ရန် ပြင်ဆင်ခဲ့သည်။
ရှောင်ယု၏အရည်အချင်းသည် အနည်းငယ်နိမ့်ကျသော်လည်း သူ၏အရှိန်နှုန်းသည် အလွန်မြန်ဆန်ပေသည်။
ထို့ကြောင့်ရှောင်ယုသည် ဓားပြများအား တစ်ဦးချင်းရင်ဆိုင်တိုက်ခိုက်ရန် မစီစဉ်ထားပေ။
အကယ်၍သူသာ တိုက်ပွဲအတွင်း မတော်တဆအသတ်ခံရပါက သူ၏ချစ်စဖွယ်ခယ်မများကို ကာကွယ်နိုင်မည့်သူ ရှိတော့မှာမဟုတ်ပေ။
ထို့ကြောင့် သူသည်ဓားပြများကို လိုက်လံသတ်ဖြတ်ရန် ကိုယ်ပျောက်ပုံစံကိုသာ အသုံးပြုခဲ့သည်။သူသည် ဓားပြတစ်ဦးအား ချက်ချင်းသတ်ဖြတ်ရန်အတွက် ပြင်းထန်သောခုတ်ပိုင်းချက်အား အသုံးပြုခဲ့ကာ ထိုဓားပြအား နှစ်ခြမ်းခွဲလိုက်သည်။
ရှောင်ယုသည် ပြင်းထန်သောခုတ်ပိုင်းချက်တွင် ထိုကဲ့သို့စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ဓားပြ၏သွေးများသည် သူ၏မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်သ်ို့ စီးကျလာချိန်တွင် ရှောင်ယုသည် ထုံကျင်ပြီး ထူးဆန်းသောခံစားချက်ကို ရရှိလိုက်သည်။
သူ့ဘဝတွင် လူတစ်ယောက်အား သတ်ဖြတ်ခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ထို့ပြင် သူသည် လူတစ်ယောက်အား သူ့ယခင်ဘဝ၌ လုံးဝစိတ်ကူးယဉ်ထားခြင်းမရှိသည့် ပုံစံဖြင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ရှောင်ယုသည် ဓားပြဖြစ်သူအားသတ်ဖြတ်ပြီးနောက် အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့သည်။အအေးလက်နက်တစ်ခုကို အသုံးပြုကာ လူတစ်ယောက်အားသတ်ဖြတ်ခြင်းသည် ခေတ်သစ်မှကူးပြောင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦး လွယ်လွယ်နှင့်ကိုင်တွယ်ဖြေရှင်းနိုင်သောအရာမဟုတ်ပေ။
သူသတိပြန်ဝင်လာချိန်တွင် ဓားပြများအားလုံး သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ဂရင်းသည် ဟိုထုံအားဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
ဟိုထုံသည် ဓားရှည်အားကျွမ်းကျင်စွာ အသုံးပြုတတ်ပေသည်။ရှောင်ယု၏အမြင်အရ ဟိုထုံသည် သာမန်အောစ့်စစ်သည်တစ်ယောက်အား တိုက်ကွက်အနည်းငယ်ခန့်အတွင်း သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော်လည်း ဂရင်းကိုယ်တိုင်က ဓားသခင်တစ်ဦးဖြစ်သည်။သူ၏အဆင့်သည် အနည်းငယ်နိမ့်ကျနေသော်လည်း သူ၏ဓားရေးကျွမ်းကျင်မှုသည် ဟိုထုံထက်မနိမ့်ကျပေ။ထို့ပြင် ဂရင်းထံ၌ သူအလွယ်တကူအသုံးပြုနိုင်သော ကျွမ်းကျင်မှု၃ခုရှိပေသည်။
"ဘာတွေကြည့်နေတာလဲ...သူ့က်ိုဝိုင်းသတ်ကြ..."
ရှောင်ယုသည် ပျင်းရိစွာရပ်နေပြီး ဂရင်းနှင့်ဟိုထုံအကြားတိုက်ပွဲကို စောင့်ကြည့်နေသော အောစ့်စစ်သည်များကို လှမ်းအော်လိုက်သည်။
ရှောင်ယု၏အမိန့်ကြောင့် အောစ့်စစ်သည်များသည် ဟိုထုံအား ဝိုင်းရံတိုက်ခိုက်လိုက်ကြသည်။
အောစ့်စစ်သည်များ ဝိုင်းရံတိုက်ခိုက်မှုကြောင့် ဟိုထုံ၏အခြေအနေသည် တဖြည်းဖြည်းပိုမိုဆိုးရွားလာခဲ့သည်။ဟိုထုံက လွတ်မြောက်ရန်ကြိုးစားခဲ့သော်လည်း ဂရင်း၏လေလမ်းလျှောက်ခြင်းကို မကျော်လွန်နိုင်ခဲ့ပေ။ခဏအကြာတွင် ဟိုထုံမှာ သူ့အားဝိုင်းရံထားသည့် အောစ့်စစ်သည်များ၏ ပုဆိန်များကိုခုခံနိုင်စွမ်းမရှိတော့ဘဲ သေဆုံးသွားခဲ့ရသည်။
"ဂုဏ်သိက္ခာတွေ ဘာတွေအကြောင်းတွေးမနေနဲ့...တိုက်ပွဲတစ်ခုကို အောင်နိုင်ချင်ရင် ရန်သူကိုသတ်ဖြတ်ပြီး ကိုယ့်ဘက်ကအသက်ရှင်နေဖို့ဘဲ.."
ရှောင်ယုသည် အောစ့်စစ်သည်များအား အမိန့်ပေးလိုက်သည်။
"သေစမ်း....သူရဲကောင်းတွေက စစ်ပွဲတစ်ပွဲပြီးသွားရင် သူရဲကောင်းဆန်တဲ့ကိုယ်ဟန်အနေအထားနဲ့ တိုက်ပွဲက်ိုအဆုံးသတ်တာကို ငါတီဗွီမှာ အကြိမ်ပေါင်းများစွာတွေ့ဖူးခဲ့တယ်...ဒါပေမဲ့ ငါ့ရဲ့လက်ရှိအခြေအနေက စိတ်ပျက်စရာပဲ"
ရှောင်ယုသည် လူတစ်ယောက်ကိုပထမဆုံးအကြိမ်သတ်ဖြတ်ပြီးနောက် တောင့်တင်းနေသော သူ၏ခြေထောက်များကိုကြည့်ပြီး ကျိန်ဆဲမိလိုက်သည်။
ထို့ကြောင့် အောစ့်စစ်သည်များသည် ရှောင်ယုအား လမ်းလျှောက်နိုင်ရန် ကူညီပေးခဲ့ပြီး ဓားပြစခန်းသို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။
ရှောင်ယုသည် စခန်းအတွင်း၌ သန်မာသောခေါင်းဆောင်ဖြစ်သူနှင့် သာမန်ဓားပြများသာ ကျန်ရှိတော့မည်ဟု ကောက်ချက်ချခဲ့သည်။ထိုသာမန်ဓားပြများသည် ရက်စက်ကြမ်းတမ်းသော အောစ့်စစ်သည်များ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
"သူတို့ကိုသတ်ပစ်..."
ရှောင်ယုသည် အောစ့်စစ်သည်များအား စခန်းကိုဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။
ရှောင်ယု၏အမိန့်ကိုရသည်နှင့် အောစ့်စစ်သည်များသည် ကျယ်လောင်စွာဟိန်းဟောက်ကာ စခန်းထဲပြေးဝင်သွားခဲ့သည်။
တိုက်ပွဲစတင်သည်နှင့် အောစ့်စစ်သည်များသည် ကြောက်ရွှံမှုမရှိ ၊ ပင်ပန်းမှုမရှိ ၊ တိုက်ခိုက်လိုစိတ်များသာရှိကြပြီး သေဆုံးသည်ထိတိုက်ခိုက်တတ်ကြသည်။ထိုသို့သောလက္ခဏာများက အောစ့်စစ်သည်များအား မကျရှံးနိုင်သည့် ဒဏ္ဍာရီများကိုဖော်ဆောင်စေခဲ့သည်။
ကင်းလှည့်ဓားပြသည် အစိမ်းရောင် အောစ့်စစ်သည်များကို မြင်တွေ့လိုက်သည်နှင့် ချက်ချင်းထိတ်လန့်သွားခဲ့သည်။ထို့နောက် သူသည်အော်ဟစ်သတိပေးနိုင်ခြင်းမရှိမှီ အောစ့်စစ်သည်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
အောစ့်စစ်သည်များသည် အလွန်လျင်မြန်စွာဖြင့် ဓားပြစခန်းထဲဝင်ရောက်ကာ ဓားပြများကိုသတ်ဖြတ်ခဲ့ကြသည်။
ထို့ကြောင့် ဓားပြများ၏တိုက်ခိုက်လိုစိတ်များ ပြိုလဲသွားခဲ့ကာ အများစုသည် သူတို့၏လက်နက်များကိုလွတ်ချ၍ ထွက်ပြေးခဲ့ကြသည်။ထိုသို့သောဓားပြများအတွက် သေဆုံးခြင်းသည်သာ အဆုံးသတ်ဖြစ်ခဲ့သည်။သာမန်လူသားစစ်သည်များသည်ပင် ဓားပြစခန်းကိုဖျက်ဆီးနိုင်ရာ အင်အားကြီးသော အောစ့်စစ်သည်များသည် ဆိုဖွယ်ရာမရှိတော့ပေ။
ဤသို့ဖြင့် ၁၀မိနစ်မပြည့်မှီမှာပင် တိုက်ပွဲကအဆုံးသတ်သွားခဲ့သည်။ဓားပြအများစုသည် သတ်ဖြတ်ခံရပြီး အနည်းစုကသာ အောင်မြင်စွာထွက်ပြေးနိုင်ခဲ့သည်။
ရှောင်ယုသည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေရင်း သူ၏မျက်လုံးများကို မှိတ်ထားကာ အကျိုးအမြတ်များကိုတွက်ချက်၍ ကျေနပ်သွားခဲ့သည်။ဓားပြများသည် အရေအတွက်များသော်လည်း အောစ့်စစ်သည်များအား မခုခံနိုင်ခဲ့ပေ။ဓားပြများသည် သူတို့အားရင်ဆိုင်ရန် သတ္တိရှိခဲ့လျှင်တောင်မှ အောစ့်စစ်သည်များသည် ၃ယောက်၁ယောက် တိုက်ခိုက်နိုင်ပေသည်။
သို့သော်လည်း ရှောင်ယုသည် အနည်းငယ်စဉ်းစားရကျပ်နေခဲ့သည်။သူသည် တိုက်ပွဲပြီးဆုံးသွားသော်လည်း ကမ္မကုသိုလ်မှတ်နှင့် ရမှတ်များကိုများများစားစားမရရှိခဲ့ပေ။ယခင် နဂါးသွားဓားပြစခန်းအား တိုက်ခိုက်စဉ်ကပင် ယခုထက်ပိုမိုရရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် အောစ့်စစ်သည်တစ်ဦးသည် အစီရင်ခံစာတစ်ခုဖြင့် ရှောင်ယုဆီရောက်ရှိလာခဲ့သည်။ထိုအစီရင်ခံစာအရ ဓားပြအဖွဲ့တစ်ဖွဲ့သည် စခန်းဆီသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ရှောင်ယုနှင့်ဂရင်းတို့သည် အချင်းချင်းစိုက်ကြည့်လိုက်ကြပြီး အောစ့်စစ်သည်များအား ပုန်းအောင်းနေရန်အမိန့်ပေးလိုက်သည်။
မြင်းစီးလာသော လူတစ်စုသည် စခန်းအတွင်းသို့ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ပေ။စခန်းထဲသို့ရောက်ရောက်ချင်း ပျက်စီးနေသောစခန်းကို တွေ့မြင်လိုက်ရ၍ ထွားကျိုင်းသန်မာသော ဓားပြတစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ငါ့စခန်းကို ဘယ်ကောင်လာပြီးတော့ဖျက်ဆီးလိုက်တာလဲ..."
ထိုလူသည် ပျက်စီးနေသောစခန်းအား လှည့်ပတ်ကြည့်လိုက်ချိန်တွင် ကျောက်တုံးပေါ်၌ ပြုံးပြုံးကြီးထိုင်နေသော ရှောင်ယုအား သတိထားမိလိုက်သည်။
"မင်းကဘယ်သူလဲ...မင်းကငါ့ရဲ့စခန်းကိုဖျက်ဆီးခဲ့တဲ့ တစ်ယောက်လား..."
ရှောင်ယုသည် ငြင်းဆန်ခြင်းမပြုဘဲ ပြုံးပြုံးလေးပြန်ဖြေလိုက်သည်။
"အဲ့ဒါက ငါပဲ မင်းဘာလုပ်ချင်တာလဲ"
"အဲဒါဆိုရင် မင်းဘာလို့ခုထိ အသက်ရှင်နေသေးတာလဲ သေလိုက်တော့..."
ထွားကြိုင်းသန်မာသောဓားပြက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ရှောင်ယုသည် ထိုဓားပြ၏နောက်ကွယ်၌ရှိသော အများဆုံးအရေအတွက် ၁၀၀ခန့်ရှိမယ့်ဓားပြအုပ်စုကို တစ်ချက်ကြည့်လိုက်သည်။
"ဘယ်သူကအရင်သေမှာလဲဆိုတာတော့ ငါမသိဘူး...ဒါပေမဲ့ မင်းတို့ဆီမှာ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ ချို့တဲ့နေတယ်ဆိုတာတော့ ငါသေချာပြောရဲတယ်"
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး အောစ့်စစ်သည်များကို ပုန်းအောင်းနေရာမှ ထွက်လာစေခဲ့သည်။
ထွားကြိုင်းသန်မာသော ဓားပြဖြစ်သူသည် ဤနေရာတွင် ကင်းပုန်းများရှိနေကြာင်း သတိပြုမိသော်လည်း ဤနေရာသည် သူ၏အမာခံနယ်မြေဖြစ်ရာ ဂရုမစိုက်ခဲ့ပေ။အထူးသဖြင့် စခန်းတွင်းရှိဓားပြများအားလုံး သတ်ဖြတ်ခံရမည်ဟု မယုံကြည်ခဲ့သောကြောင့် သူသည်စခန်းတွင်းသို့ တုံ့ဆိုင်းခြင်းမရှိပြေးဝင်လာခြင်းဖြစ်သည်။
သို့သော် သူ၏စခန်းကိုတိုက်ခိုက်လာသည်မှာ အောစ့်စစ်သည်များဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
အောစ့်တွေ....
အောစ့်စစ်သည်များ အလုံးအရင်းဖြင့်ပြေးဝင်လာသည်ကိုတွေ့မြင်ပြီး ဓားပြများသည်သာမက ထွားကြိုင်းသန်မာသော ဓားပြခေါင်းဆောင်ပင် အံ့သြသွားရသည်။ရှောင်ယုသည် သူတို့အားတုံ့ပြန်ရန်အချိန်မပေးတော့ဘဲ ဂရင်းအား ဓားပြခေါင်းဆောင်ကိုတိုက်ခိုက်ခိုင်းလိုက်သည်။
ဂါး...
ဂရင်းသည် ကျယ်လောင်စွာအော်ဟစ်ကာ လေလမ်းလျှောက်ခြင်းနှင့် ပြင်းထန်သောခုတ်ပိုင်းချက်အား တပြိုင်တည်းထုတ်ဖော်လိုက်သည်။
ဓားပြခေါင်းဆောင်သည် သူ၏ဓားကိုချက်ချင်းဆွဲထုတ်လိုက်ကာ ဂရင်း၏တိုက်ခိုက်မှုအား တားဆိးလိုက်သည်။ထိုအချိန်တွင် သူ၏ဓားမှ အပြာရောင်စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှောင်ယုသည် တိုက်ပွဲအခြေအနေကို စောင့်ကြည့်ပြီးနောက် ဓားပြခေါင်းဆောင်သည် ဟိုထုံထက် များစွာသန်မာကြောင်း သတိထားမိလိုက်သည်။
ဂရင်းသည် ဟိုထုံအားလက်ရည်တူသာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ရာ ဓားပြခေါင်းဆောင်အား ရင်ဆိုင်ရာတွင် ဂရင်းဘက်မှ အရေးနိမ့်မည်ကို ရှောင်ယုအနည်းငယ်စိုးရိမ်နေမိသည်။
သိပ်မကြာခင်မှာဘဲ ဂရင်းသည် ဓားပြခေါင်းဆောင်၏လက်ချက်ကြောင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ဂရင်းသည် အပေါ့စားဒဏ်ရာလေးသာရရှိခဲ့ခြင်းဖြစ်သော်လည်း ဓားပြခေါင်းဆောင်၏ပြိုင်ဘက်မဟုတ်ကြောင်း ရှောင်ယုနားလည်သွားသည်။
ထိုလူသည် အဆင့်အတန်းမြင့်သော သူရဲကောင်းတစ်ဦးဖြစ်ပုံရသည်။သူရဲကောင်းများသည် ဤလောက၌ အင်အားအကြီးဆုံးသော တိုက်ခိုက်ရေးသမားများဖြစ်သည်။ဂရင်းသည် သန်မာသောဓားသခင်တစ်ယောက်ဖြစ်သော်လည်း အဆင့်၃ သူရဲကောင်းတစ်ယောက်သာဖြစ်သည်။
သို့သော် ဓားသခင်တစ်ဦးဖြစ်သော ဂရင်းသည် စစ်ပွဲများနှင့်တိုက်ပွဲများကို တိုက်ခိုက်ရန်မွေးဖွားလာသည့် သူရဲကောင်းတစ်ယောက်ဖြစ်ရာ သွေးထွက်လေလေ ပိုပြင်းထန်လေလေဖြစ်သည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် ဂရင်းအားကူညီရန်ဆုံးဖြတ်လိုက်ပြီး ကိုယ်ပျောက်လိုက်ကာ အခွင့်အရေးကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းခဲ့သည်။ခဏအကြာတွင် ဓားပြခေါင်းဆောင်သည် ဂရင်းအားတိုက်ခိုက်ရာတွင် အလွန်အာရုံစိုက်နေကြောင်း တွေ့ရှိလိုက်သည့်အတွက် ဓားပြခေါင်းဆောင်သတိလက်လွတ်ဖြစ်နေချိန်တွင် ရှောင်ယုသည် ထိုလူ၏နောက်ကျောဘက်သို့ တိတိတဆိတ်ခိုးဝင်ကာ တင်ပါးကို ဓားဖြင့်ထိုးချလိုက်သည်။
"အား..."
ဓားပြခေါင်းဆောင်သည် အော်ဟစ်ကာ သူ၏တင်ပါးကိုကာကွယ်ရန် လက်တစ်ဖက်ကို နောက်ပြန်ပို့လိုက်ရသည်။
ရှောင်ယုသည် ထိုလူ၏တင်ပါးကိုတိုက်ခိုက်ရန် မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။အကယ်၍ သူသာအခြားနေရာသို့ တိုက်ခိုက်ခဲ့ပါက ဓားပြခေါင်းဆောင်သည် တုံ့ပြန်မည်မဟုတ်သောကြောင့်ဖြစ်သည်။တင်ပါးကိုတိုက်ခိုက်ခြင်းကသာ ထိုလူ၏အာရုံကို ပျံ့လွှင့်စေမှာဖြစ်သည်။
ဂရင်းသည် ရရှိလာသည့်အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ဖိအားပေးတိုက်ခိုက်ခဲ့သည်။
ထိုလူသည် ဒေါသတကြီးဖြင့် ရှောင်ယုကိုဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း ရှောင်ယုက ချက်ချင်းရှောင်တိမ်းသွားခဲ့သည်။
ရှောင်ယုသည် ၅စက္ကန့်စောင့်ဆိုင်းပြီးနောက် လေလမ်းလျှောက်ခြင်းအား နောက်ထပ်တစ်ကြိမ်ထုတ်ဖော်ကာ ကိုယ်ပျောက်ပုံစံဖြင့် နောက်ထပ်အလားတူပုံစံမျိုးဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုသို့ဆက်တိုက်ခံလာရသောအခါ ဓားပြခေါင်းဆောင်သည် သည်းမခံနိုင်တော့ပေ။
"ဟေ့ကောင် မင်းလူမဟုတ်ဘူးလား...ဘာလို့ဒီလိုအရှက်မဲ့တဲ့နည်းကိုသုံးရတာလဲ..."
ရှောင်ယုသည် အေးစက်စွာရယ်မောလိုက်ပြီး ဓားပြခေါင်းဆောင်အား လှောင်ပြောင်လိုက်သည်။
"ငါ့ကိုအရှက်မဲ့တယ်ပြောရအောင် မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ...မင်းကယဇ်ပုရောဟိတ် ဒါမှမဟုတ် သူတော်စင်တစ်ယောက်လို့ထင်နေတာလား...မင်းကိုယ်တိုင်က အရှက်ကင်းမဲ့တဲ့သူခိုး၊ဓားပြတစ်ကောင်ပဲဆိုတာ မမေ့လိုက်နဲ့..."
ရှောင်ယုသည် ဓားပြခေါင်းဆောင်ကို ထိန်းချုပ်နေရင်း ဓားပြများအား အမြန်ဆုံးဖြေရှင်းရန် အောစ့်စစ်သည်များအား အမိန့်ပေးခဲ့သည်။အချိန်ကြာလာသည်နှင့်အမျှ အောစ့်စစ်သည်များသည် အခြေအနေကိုစတင်ထိန်းချုပ်လာနိုင်ခဲ့ပြီး ဓားပြခေါင်းဆောင်ကို စတင်တိုက်ခိုက်ခဲ့ကြသည်။
ဓားပြခေါင်းဆောင်သည် သန်မာသော်လည်း များပြားလှသော အောစ့်စစ်သည်များ၏ ဝိုင်းရံတိုက်ခိုက်မှုအား တောင့်မခံနိုင်တော့ပေ။အဆုံးသတ်တွင် ဂရင်း၏ဓားချက်က သူ၏ခေါင်းကိုဖြတ်တောက်လိုက်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းတစ်ခုသည် ဂရင်း၏ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားခဲ့ကာ အဆင့်၄သို့ရောက်ရှိသွားစေခဲ့သည်။ရှောင်ယုသည်လည်း တိုက်ပွဲအပြီးတွင် ကမ္မကုသိုလ်မှတ် ၅၀၀ကိုရရှိလာခဲ့ပြီး အဆင့်၃သို့လည်း ရောက်ရှိလာခဲ့သည်။
"ဟားဟား...ငါအခုအဆင့်တက်သွားပြီဆိုတော့ ငါ့ရဲ့၄ယောက်မြောက်ခယ်မကို အနိုင်ယူနိုင်လောက်ပြီလား..."
*****