အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
အခန်း ၁၀ - ညအမှောင်ထုကို အခွင့်ကောင်းယူခြင်း
ဂရင်းသည် အဆင့်၄သို့ ရောက်ရှိလာခဲ့ပြီး သူ၏အခြေခံအချက်အလက်များသည် တိုးမြင့်လာခဲ့သည့်အပြင် ကျွမ်းကျင်မှုအမှတ်၁ခုကို ရရှိခဲ့သည်။ရှောင်ယုသည် ထိုကျွမ်းကျင်မှုအမှတ်အား ထပ်ဆင့်ခုတ်ပိုင်းချက်ကို အဆင့်မြင့်ရန်အသုံးပြုစေခဲ့သည်။
ဤသို့ဖြင့် ဂရင်းသည် တိုက်ခိုက်မှုပြုလုပ်ချိန်တွင် ထိခိုက်မှုနှစ်ဆတိုးလာစေရန် ၃၀ရာခိုင်နှုန်း အခွင့်အရေးရှိလာခဲ့သည်။ဓားသခင်တစ်ယောက်အနေဖြင့် ယခင်ကထက် အခွင့်အရေး၂ဆတိုးလာခဲ့ရာ တိုက်ခိုက်ရာတွင် အလွန်ထိရောက်မှုရှိပေသည်။
ရှောင်ယုကိုယ်တိုင်လည်း အဆင့်၃သို့ ရောက်ရှိခဲ့ပြီးနောက် အခြေခံအရည်အချင်း ၁၀မှတ်နှင့် ကျွမ်းကျင်မှတ်၂မှတ်ကို ရရှိခဲ့သည်။
ရှောင်ယုသည် ရရှိလာသည့် အခြေခံအရည်အချင်းမှတ်များကို ခွန်အား ၊ အမြန်နှုန်းနှင့် ခုခံမှုတို့တွင် ၃ ၊ ၄ ၊ ၄မှတ်အသီးသီးပေါင်းထည့်ခဲ့သည်။
သေသေချာချာစဉ်းစားပြီးနောက် ရှောင်ယုသည် သူ၏ကျွမ်းကျင်မှတ်များအား လေလမ်းလျှောက်ခြင်းကို အဆင့်၃သို့မြင့်တင်ရန် အသုံးပြုခဲ့သည်။ဤသို့ဖြင့် သူသည် လေလမ်းလျှောက်ခြင်းကိုထုတ်ဖော်ချိန်၌ အမြန်နှုန်း၁၅၀ရာခိုင်နှုန်း တိုးမြင့်လာမှာဖြစ်သည်။
.
"ဟားဟား...ခုတော့ပိုအဆင်ပြေသွားခဲ့ပြီ...ခုဆိုရင် လေးယောက်မြောက်ခယ်မရေချိုးတာကို ချောင်းကြည့်လို့လူမိသွားရင်တောင် ငါ့ကိုဘယ်သူမှဖမ်းနိုင်မှာမဟုတ်တော့ဘူး..."
ရှောင်ယုသည် ဂုဏ်ယူစွာရယ်မောမိလိုက်သည်။
သို့သော် သူ၏ရွေးချယ်မှုနောက်ကွယ်ရှိ အဓိကအကြောင်းရင်းမှာ သူ၏ခွန်အားသည် လက်ရှိအချိန်တွင် အတော်ပင်အားနည်းနေသေးသည့်အတွက်ကြောင့် အသက်အန္တာရယ်ကြုံတွေ့လာပါက ထွက်ပြေးနိုင်ရန်ဖြစ်သည်။
အကယ်၍ သူသည်ယခုထက်ပိုမိုမြန်ဆန်လိုပါက အနာဂတ်တွင်ရရှိလာမယ့် အရည်အချင်းမှတ်များကို အမြန်နှုန်းတွင် ထပ်မံပေါင်းထည့်ရမှာဖြစ်သည်။
ထို့ပြင် ရှောင်ယုသည် အခါအခွင့်သာပါက ဓားပညာကိုသင်ယူရန် ဆုံးဖြတ်ထားခဲ့သည်။ထိုအခါ ထပ်ဆင့်ခုတ်ပိုင်းချက်နှင့် ပြင်းထန်သောခုတ်ပိုင်းချက်တို့၏ အကူအညီဖြင့် သူသည်လည်း ဓားသခင်တစ်ယောက်ဖြစ်လာနိုင်သည်။
သူရဲကောင်းတစ်ယောက်ဖြစ်ရန်မှာ လူငယ်တိုင်း၏အိပ်မက်ဖြစ်သည်။ရှောင်ယုသည် သူငယ်စဉ်ဘဝအိပ်မက်ကို ဤလောက၌အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ထားခဲ့သည်။
မည်သို့ပင်ဆိုစေ ခြုံခိုတိုက်ခိုက်မှုအဆုံးတွင် ရှောင်ယုသည် အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့ရသည်။ဤတိုက်ပွဲအပြီးတွင် သူသည်ကမ္မကုသိုလ်မှတ် ၅၀၀ကိုရရှိခဲ့သော်လည်း ဒုတိယမြောက်မဟာခန်းမအား တည်ဆောက်ရန်အတွက် အမှတ်၂၀၀ခန့်လိုအပ်နေသေးသည်။
ထိုကမ္မကုသိုလ်မှတ် ၂၀၀အား မည်သည့်နေရာ၌ သွားရောက်ရှာဖွေရမည်နည်း...
"နောက်ထပ်ဓားပြတစ်ဖွဲ့ကိုပဲ ထပ်ရှာရမယ်ထင်တယ်..."
ရှောင်ယုသည် ရှည်ရှည်ဝေးဝေးမစဉ်းစားရဘဲ အဖြေကိုရရှိသွားသည်။ယခုအချိန်တွင် သူ၏နယ်မြေ၌အပေါများဆုံးမှာ ဓားပြအုပ်စုများဖြစ်ပြီး နယ်မြေတစ်ခုလုံးအနှံ့ပြန့်ကျဲတည်ရှိနေကြသည်။
ရှောင်ယုသည် မြေခွေးအားခေါ်ဆောင်ကာ အောစ့်စစ်သည်အား ဓားပြစခန်းတွင်းရှိ ရတနာများအား ရှာဖွေရာတွင်ကူညီရန် အမိန့်ပေးလိုက်သည်။
မြေခွေးသည် တိုက်ပွဲတွင် အသုံးမဝင်သော လူတစ်ယောက်သာဖြစ်သော်လည်း ရတနာများအားရှာဖွေရာတွင် အသုံးဝင်ပေသည်။ရှောင်ယုသည် မြေခွေးအား ကြည့်ရှုရန်အတွက် အောစ့်စစ်သည်တစ်ဦးအား အမိန့်ပေးထားခဲ့သည်။
မြေခွေးသည် ရတနာများအား ရှာဖွေရာတွင် ရှောင်ယုအား ကူညီရန် အပြည့်အဝ ဆန္ဒရှိခဲ့သည်။မြေခွေးသည် သူ၏ယခင်သူဌေးနှင့် ဤစခန်းရှိဓားပြခေါင်းဆောင်တို့ ခင်မင်ရင်းနှီးမှုရှိသောကြောင့် ဤဓားပြစခန်းဆီ တစ်ကြိမ်ရောက်ဖူးခဲ့သည်။
ထို့ကြောင့် မြေခွေးသည် ဤစခန်း၏တည်ဆောက်ပုံအား အလွန်ရင်းနှီးနေခဲ့သည်။ထို့ပြင် သူ၏မှတ်ညဏ်သည်လည်း သာမန်ထက်ပိုမိုအားကောင်းပေသည်။
ဤသို့ဖြင့် မြေခွေး၏ခေါင်းဆောင်မှုအောက်တွင် စခန်းတွင်းရှိအဖိုးတန်အရာများအားလုံးကို မြေလှန်သိမ်းဆည်းခဲ့သည်။
ရှောင်ယုသည် သူ့ရှေ့တွင်ရှိသော ရွှေပြားအိတ်များကိုလှမ်းကြည့်ရင်း ကျေနပ်စွာပြုံးလိုက်မိသည်။
တိုက်ပွဲအပြီးတွင် စခန်းတွင်းမှ ရွှေပြား၂၀၀၀၀ဝန်းကျင်ရရှိခဲ့သည့်အပြင် အစားအသောက် ၊ အဝတ်အထည်နှင့် အခြားသောအဖိုးတန်ပစ္စည်းအမြောက်အများကို ရရှိခဲ့သည်။ထို့ပြင် ဓားပြခေါင်းဆောင်သည် ကောင်းမွန်သော ချပ်ဝတ်တန်ဆာများကို စုဆောင်းထားခဲ့သောကြောင့် ရှောင်ယုအနည်းငယ် ဝမ်းသာသွားခဲ့သည်။ထိုချပ်ဝတ်တန်ဆာများကို အောစ့်စစ်သည်များပင် ဝတ်ဆင်နိုင်လေရာ ဤတိုက်ပွဲမှ အကျိုးအမြတ်များစွာရရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
ရှောင်ယုသည် ဤချပ်ဝတ်တန်ဆာများကို အသုံးပြုကာ အောစ့်စစ်သည်များ၏ တည်ရှိမှုအား ဖုံးကွယ်ထားနိုင်ပေသည်။
"ဒီအနီးတဝိုက်မှာ ဓားပြစခန်းတွေရှိသေးလား..."
ရှောင်ယုသည် အထိအခိုက်မရှိဘဲ တစ်ကြိမ်တည်းတွင် ဓားပြ၅၀၀ကိုသုတ်သင်နိုင်ခဲ့သည့်အတွက်ကြောင့် ကျေနပ်သွားခဲ့သည်။ထို့ကြောင့် ရှောင်ယုသည် ကမ္မကုသိုလ်မှတ် အလုံအလောက်စုဆောင်းရန်အတွက် နောက်ထပ်ဓားပြတစ်ဖွဲ့အား ဖျက်ဆီးနိုင်ရန်မျှော်လင့်ခဲ့သည်။
"ဒီအနီးတစ်ဝိုက်မှာ တစ်ခုထပ်ရှိသေးတယ်...ဒါပေမဲ့ ငါတို့ကအဲ့ဒီစခန်းကို လွယ်လွယ်နဲ့ဖျက်ဆီးလို့မရလောက်ဘူး..."
မြေခွေးသည် ရှောင်ယုအား ထိုအကြောင်းကိုပြောနေစဉ် အနည်းငယ်ချီတုံချတုံဖြစ်နေခဲ့သည်။
"သူတို့က ဘယ်လိုဓားပြတွေမလို အလွယ်တကူဖျက်ဆီးလို့မရတာလဲ...ငါရှောင်ယုက ဒီနယ်မြေရဲ့အရှင်သခင်ပဲလေ...သူတို့ကဘာကောင်တွေမလို့လဲ..."
ရှောင်ယုသည် အောင်ပွဲများကိုဆက်တိုက်ရရှိထားခဲ့သောကြောင့် သူ၏လိုအပ်ချက်ကို တစ်ကြိမ်တည်းဖြင့်ဖြည့်တင်းရန် ရည်ရွယ်ခဲ့သည်။
"ဓားပြအရေအတွက်က သိပ်မများဘူး...ဒါပေမဲ့ ကျနော်သိထားသလောက်ဆိုရင် အနောက်တိမ်တိုက်အင်ပါယာက အဲ့ဒီဓားပြအဖွဲ့ကို အမှောင်ထဲကနေပြီး လျှိ့ဝှက်ထောက်ပံ့ပေးနေလောက်တယ်...ပြီးတော့ သူတို့ဆီမှာ ကောင်းကောင်းပြင်ဆင်ထားတဲ့ မြင်းတပ်တွေတောင်ရှိနေသေးတယ်...ဒါကြောင့် ဒီအနီးတဝိုက်မှာတော့ သူတို့ကိုဘယ်သူမှ သွားမရှုပ်ဝံ့ဘူး"
မြေခွေးသည် ထိုဓားပြအဖွဲ့၏အကြောင်းကို အသေးစိတ်ရှင်းပြလိုက်သည်။
"မြင်းတပ်..."
ရှောင်ယုသည် တီးတိုးရေရွတ်မိလိုက်သည်။သာမန်အားဖြင့် အောစ့်စစ်သည်များသည် သာမန်လူသားခြေလျင်တပ်များကို လုံးဝလွှမ်းမိုးထားနိုင်သည်။သို့သော် ကောင်းစွာလက်နက်တပ်ဆင်ထားသည့် မြင်းတပ်များနှင့် ရင်ဆိုင်ရခြင်းသည် မတူညီသောကိစ္စတစ်ခုဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။
ထို့အပြင် အောစ့်စစ်သည်များသည် မြင်းတပ်နှင့်ထိပ်တိုက်ရင်ဆိုင်ပါက အသေအပျောက်အများအပြားရှိလာမှာဖြစ်သည်။
"သူတို့ကို တစ်ချက်လောက်သွားကြည့်ရအောင်..."
ရှောင်ယုသည် အလျော့မပေးဘဲ သွားရောက်စစ်ဆေးရန်ဆုံးဖြတ်လိုက်သည်။သူသည် ဒုတိယမြောက်မဟာခန်းမအား တည်ဆောက်ကာ သူနေ့စဉ်ရက်ဆက်အိပ်မက်မက်နေခဲ့ရသော တိုင်ရန်ဒီအားခေါ်ယူရန်အတွက် ကမ္မကုသိုလ်မှတ် ၁၀၀၀ကို အရေးတကြီးလိုအပ်နေခဲ့သည်။
သူသည် ရတနာများနှင့်အဖိုးတန်ပစ္စည်းများအား သိမ်းဆည်းရန်အတွက် အောစ့်စစ်သည်အယောက်၂၀ကို အမိန့်ပေးကာအခြေစိုက်စခန်းဆီပြန်လာခဲ့သည်။ထို့နောက် မြေခွေးအပါအဝင် အခြားသောအောစ့်စစ်သည်များကိုခေါ်၍ ဓားပြစခန်းအသစ်ထံ သွားရောက်ခဲ့သည်။
ဓားပြစခန်းသည် သူ၏အခြေစိုက်စခန်းနှင့် နှစ်နာရီခန့်ခရီးအကွာတွင် တည်ရှိသည်။ထိုစခန်းသည် သာမန်စခန်းတစ်ခုမဟုတ်ပဲ တောင်များအကြားတည်ဆောက်ထားခြင်းဖြစ်ရာ ခုခံရန်လွယ်ကူပြီး တိုက်ခိုက်သူများအတွက် ခက်ခဲလှပေသည်။
စခန်းသည် တောင်တန်းများအကြား ကုန်းမြင့်ပေါ်၌ရှိသော်လည်း စခန်းတည်နေရာသည် အတော်လေးကျယ်ပြန့်ကာ မြေပြန့်ပေါ်၌တည်ရှိသည်။ရံဖန်ရံခါ ဓားပြများစခန်းအတွင်း သွားလာနေသည်ကို တွေ့မြင်ရပြီး မြင်းများ၏အော်သံကိုလည်း မကြာခဏကြားနေရသည်။
.
"ရန်သူကိုတိုက်ရိုက်ရင်ဆိုင်ဖို့ အောစ့်စစ်သည်တွေကို ကုန်းမြင့်ပေါ်တိုက်ခိုင်းတာက အဓိပ္ပါယ်မရှိဘူး...အဲလိုလုပ်ရင် ငါအများကြီးဆုံးရှံးရလိမ့်မယ်..."
ရှောင်ယုသည် မိမိ၏တပ်အင်အားနှင့် ရန်သူ၏တပ်အင်အားကို စတင်နှိုင်းယှဉ်ခဲ့သည်။အောစ့်စစ်သည်များသည် ကြမ်းတမ်းသော်လည်း သူတို့တွင်လုံလောက်သော ချပ်ဝတ်တန်ဆာများမရှိကြသည့်အပြင် သူတို့၏လက်နက်များသည်လည်း အတော်လေးညံ့ဖျင်းသည့်အတွက် ဓားပြများ၏ဖျက်ဆီးခံရမှုအား သူမမြင်တွေ့လိုပေ။
"ဂရင်း..ငါနဲ့အတူအထဲလိုက်ခဲ့..."
ရှောင်ယုနှင့်ဂရင်းတို့သည် ယခင်နည်းတူအသေးစိတ်အချက်အလက်များကို စုံစမ်းရန် စခန်းတွင်းသို့ ခိုးဝင်လာခဲ့ကြသည်။
သူတို့နှစ်ယောက်လုံးသည် လေလမ်းလျှောက်ခြင်းအားထုတ်ဖော်ကာ ကိုယ်ပျောက်ပုံစံဖြင့် စခန်းတွင်းသို့ အမြန်ဝင်ရောက်လာခဲ့သည်။
ယခင်က ရှောင်ယုသည် လေလမ်းလျှောက်ခြင်းအား အသုံးပြုရာတွင် ဂရင်းအား လိုက်မှီခြင်းမရှိခဲ့ပေ။ရှောင်ယုသည် ဂရင်းထက်အမြဲလိုလိုပင် နှေးကွေးနေခဲ့သည်။ဂရင်း၏နဂိုအမြန်နှုန်းသည် အလွန်မြင့်မားသလို လေလမ်းလျှောက်ခြင်းကြောင့် အမြန်နှုန်းအား ၅၀ရာခိုင်နှုန်းတိုးမြင့်ပေးရာ ယခင်ကထက် ပိုမိုမြန်ဆန်စေခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် လေလမ်းလျှောက်ခြင်းအား အဆင့်၃သို့မြင့်တင်ကာ အမြန်နှုန်းကို ၁၅၀ရာခိုင်နှုန်းတိုးမြင့်စေလိုက်၍ ဂရင်းနှင့်အတူ အမှီလိုက်နိုင်ခဲ့သည်။
တံခါးစောင့်များသည် သူတို့၏အနီးအနားသို့ လေညင်းလေးများဖြတ်တိုက်လိုက်သလို ခံစားလိုက်ရသော်လည်း ဂရင်းနှင့်ရှောင်ယုတို့အား မတွေ့မြင်လိုက်ကြပေ။
ရှောင်ယုသည် စခန်းတစ်ခုလုံးအား ခြုံငုံလေ့လာလိုက်ပြီးနောက် သူယခုမြင်တွေ့နေရသော ဓားပြအုပ်စုသည် ယခင်အုပ်စုနှစ်ခုနှင့်နှိုင်းယှည်ပါက လုံးဝကွဲပြားကြောင်းနားလည်လိုက်သည်။ထိုအဖွဲ့မှ ဓားပြအများစုသည် သန်မာကြပြီး သန့်ရှင်းသပ်ရပ်သောယူနီဖောင်းများကို ဝတ်ဆင်ထားကြသည့်အတွက် သန့်ရှင်းတောက်ပြောင်နေခဲ့သည်။သူတို့၏ချပ်ဝတ်တန်ဆာများသည်လည်း နေရောင်အောက်၌ တလက်လက်တောက်ပနေခဲ့သည်။သူတို့အားကြည့်ရသည်မှာ ဓားပြများထက် စစ်မှန်သောစစ်သည်တော်များနှင့် အလားသဏ္ဍာန်တူလေသည်။
ရှောင်ယုသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တော့သည်။ပထမဆုံးဓားပြအုပ်စုနှစ်ခုကို သာမန်လူများဖြင့်ဖွဲ့စည်းထားသော်လည်း ယခုမြင်တွေ့နေရသောအုပ်စုကိုမူ စစ်မှန်သောစစ်သည်တော်များဟု ယူဆနိုင်ပေသည်။
"မြေခွေးပြောတာမှန်တယ်...ဒီကောင်တွေကို အနောက်တိမ်တိုက်အင်ပါယာက အမှောင်ထဲကနေပြီး ထောက်ပံ့ပေးနေတာပဲ"
အနောက်တိမ်တိုက်အင်ပါယာသည် ကောင်းကင်ခြင်္သေ့အင်ပါယာကဲ့သို့ ခိုင်မာသောအခြေခံရှိသည့် အင်ပါယာတစ်ခုဖြစ်သည်။သို့သော် နယ်စပ်ဒေသသည် အေးစက်ပြီးမဖြစ်ထွန်းသောနယ်မြေတစ်ခုဖြစ်ရာ အနောက်တိမ်တိုက်အင်ပါယာက မျက်ကွယ်ပြုထားခြင်းဖြစ်သည်။
.
ထိုနယ်မြေသည် ယခုရှောင်ယုပိုင်ဆိုင်ထားသည့် နယ်မြေပင်ဖြစ်သည်။.
...
...
ရှောင်ယုသည် စခန်းအတွင်းသို့ နက်နက်ရှိင်းရှိင်း ဝင်ရောက်လေ့လာရန်အတွက် လေလမ်းလျှောက်ခြင်းအား အသုံးပြုခဲ့သည်။ဓားပြစခန်းအား မျက်နှာချင်းဆိုင်တိုက်ခိုက်ခြင်းသည် အဆုံးစွန်ဆုံးသော ရွေးချယ်စရာမရှိမှသာ ထုတ်သုံးရမယ့်နည်းလမ်းဖြစ်ကြောင်း ရှောင်ယုလက်ခံထားသည်။
"မြင်းတပ်က ခြေလျင်တပ်ထက် အများကြီးပိုအားကောင်းတယ်..."
ရှောင်ယုသည် မြင်းများပြည့်နှက်နေသော မြင်းတင်းကုပ်ကိုကြည့်ရင်း အတွေးနက်နေခဲ့သည်။
ခဏအကြာတွင် ရှောင်ယု၏မျက်နှာပေါ်၌ ယုတ်မာသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"ပြန်ကြရအောင်...ငါတို့ညအချိန်ရောက်မှ တိုက်ခိုက်မှုစမယ်"
ရှောင်ယုသည် ညအချိန်ရောက်မှ လှုပ်ရှားရန်စီစဉ်လိုက်သည်။
...
...
ရှောင်ယုသည် ဓားပြစခန်းအနီးတွင် စခန်းချထားသည့် အောစ့်စစ်သည် ၁၀၀ကျော်အား ဦးဆောင်ထားခဲ့သည်။သူတို့အားလုံးသည် တိုက်ခိုက်ရန်အတွက် ရှောင်ယု၏အမိန့်ကိုစောင့်ဆိုင်းကာ အသင့်ပြင်နေကြသည်။ထို့နောက် ရှောင်ယုသည် ဂရင်းနှင့်အတူ စခန်းထဲသို့တဖန်ခိုးဝင်သွားခဲ့သည်။
ဓားပြစခန်းအား ကာရံထားသည့် သစ်သားခြံစည်းရိုးများသည် အလွန်မြင့်မားပေသည်။ဤစခန်းတွင်းရှိ ဓားပြများသည် အလွန်ပင်မာနကြီးကြပြီး သူတို့အားတိုက်ခိုက်ရန် သတ္တိရှိသူမရှိကြောင်း အခိုင်အမာယုံကြည်ထားကြ၍ အကာအရံတံတိုင်းကို ခိုင်ခံ့စွာမတည်ဆောက်ထားကြပေ။သို့သော် ထိုတံတိုင်းကပင် ရှောင်ယုနှင့်ဓားသခင်တို့အား ရပ်တန့်သွားစေနိုင်ခြင်းမရှိခဲ့ပေ။
ဂရင်းသည် အမြင့်၃မီတာခန့်ရှိသော နံရံအား အလွယ်တကူဖြတ်ကျော်နိုင်ခဲ့သည်။ရှောင်ယု၏အရှိန်သည်လည်း ယခင်ကထက်ပိုမိုမြန်ဆန်လာခဲ့ရာ သူ၏အမြင့်ခုန်နိုင်စွမ်းသည်လည်း တိုးမြင့်လာခဲ့သည်။
ထို့ကြောင့် သူသည်ဂရင်း၏အကူအညီဖြင့် ၃မီတာအမြင့်ရှိသော ခြံစည်းရိုးအား ခဲရာခဲဆစ်ခုန်ကျော်နိုင်ခဲ့သည်။
"ငါ့ရဲ့ခွန်အားတွေက အများကြီးချို့တဲ့နေသေးတာပဲ..."
ရှောင်ယုနှင့်ဂရင်းတို့သည် ညအမှောင်ထုကို အကာအကွယ်ယူကာ မြင်းတင်းကုပ်များထံ ချည်းကပ်လာခဲ့သည်။ထို့နောက် ရှောင်ယုသည် အလျင်စလိုမလုပ်ဘဲ ကင်းလှည့်ဓားပြများစောင့်ကြပ်နေသည့် နေရာများကို ဖြေရှင်းခဲ့သည်။
အစောင့်များအားလုံးသည် သေချာလေ့ကျင့်ပေးထားသည့် စစ်သားများဖြစ်သော်လည်း ဂရင်းနှင့်ယှည်နိုင်ခြင်းမရှိပေ။ဂရင်းသည် လေလမ်းလျှောက်ခြင်းအား အသုံးပြုကာ သူတို့၏နောက်သို့တိတ်တဆိတ်ချည်းကပ်၍ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သည်။သူတို့မသေဆုံးမှီ ကင်းလှည့်ဓားပြများသည် အကူအညီတောင်းခံရန်ပင် မတတ်နိုင်ခဲ့ပေ။
ကင်းလှည့်ဓားပြများ၏ ပြဿနာကိုဖြေရှင်းပြီးနောက် ရှောင်ယုသည် မြင်းတင်းကုပ်အနားသို့ ချည်းကပ်သွားခဲ့ကာ မီးခတ်ကျောက်ကိုအသုံးပြု၍ မီးရှို့ခဲ့သည်။
တောင်တန်းဒေသတွင် လေတိုက်နှုန်းပြင်းထန်လှသောကြောင့် မီးတောက်များသည် အရှိန်အဟုန်ဖြင့်တောက်လောင်လာကာ တစ်မိနစ်အတွင်း တဲများအားလုံးကိုလောင်ကျွမ်းသွားစေခဲ့သည်။
ရှောင်ယုသည် အခြားနေရာများကို ဆက်လက်မီးရှို့ခဲ့ပြီး ဂိတ်ပေါက်ဝ၌ ကင်းလှည့်နေသူများကိုသတ်ဖြတ်ရန် ဂရင်းအားအမိန့်ပေးခဲ့သည်။
.
"မီးဟေ့...မီးလောင်နေပြီ"
အချိန်ခဏအကြာတွင် စခန်းတွင်းရှိဓားပြများ၏ အော်ဟစ်သံများထွက်ပေါ်လာခဲ့သည်။ကင်းလှည့်ဓားပြများ သေဆုံးသွားသည့်အတွက် သူတို့သည် မီးလောင်နေမှုအား အချိန်အနည်းငယ်ခန့်နောက်ကျ၍ ရှာတွေ့ခဲ့သည်။မီးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် နေရာအနှံ့ပျံ့နှံ့သွားကာ စခန်းတစ်ခုလုံးကိုလောင်ကျွမ်းစေပြီး ဖရိုဖရဲဖြစ်စေခဲ့သည်။
အချိန်အတော်ကြာသည့်တိုင်အောင် မြင်းများအော်မြည်သံကိုကြားနေရသော်လည်း ဓားပြများသည် အခြေအနေမှန်ကို မရိပ်စားမိကြသေးပေ။
သူတို့အားလုံးသည် လေ့ကျင့်သားပြည့်ဝနေသည့် ကျွမ်းကျင်စစ်သားများဖြစ်ကြသော်လည်း ယခုလိုရုတ်တရက် အလစ်ဝင်တိုက်ခံရသောအခါ အကုန်လုံးလိုလိုပင် ကြံရာမရ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
"မီးကိုမြန်မြန်ထိန်...မြင်းတွေကိုကူညီပေးကြ...သောင်းကျန်းနေတဲ့မြင်းတွေကိုတော့ သတ်ပစ်..."
ခဏအကြာတွင် ပုဆိန်ကိုင်ဆောင်ထားသည့် ထိပ်ပြောင်ဓားပြတစ်ယောက်က အော်ဟစ်လိုက်သည်။
ထိုအခါမှ ဓားပြများသည် သူတို့၏ခေါင်းဆောင်ဖြစ်သူ၏ အမိန့်ညွန်ကြားချက်ကို စတင်အကောင်အထည်ဖော်ကြတော့သည်။သူတို့သည် နာခံမှုမရှိ၍ သောင်းကျန်းနေသောမြင်းဆိုးများကို သတ်ဖြတ်ကာ မီးကိုချက်ချင်းထိန်းလိုက်ကြ၍ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုများ အနည်းငယ်ငြိမ်သက်သွားခဲ့သည်။
သို့သော် တံခါးဝမှ သားရဲဟောက်သံကဲ့သို့ အသံများပဲ့တင်ထပ်လာချိန်တွင် နာနာခံခံရှိနေသော မြင်းများသည် အနည်းငယ်ဂနာမငြိမ်ဖြစ်လာခဲ့တော့သည်။
"အလောင်းတွေ...ဒီမှာအလောင်းတွေ အများကြီးပဲ...အကုန်လုံးသေကုန်ကြပြီ...တစ်စုံတစ်ယောက်ကတော့ ဒီမီးကိုတမင်တကာရှို့ထားတာပဲ..."
ကင်းလှည့်ဓားပြများ၏ အလောင်းကိုတွေ့ရှိသွားသည့် ဓားပြတစ်ဦးသည် ကျယ်လောင်စွာစတင်အော်ဟစ်လိုက်သည်။ထိုအချိန်တွင် အောစ့်စစ်သည်တော်များသည် အရှိန်အဟုန်ဖြင့် စခန်းအတွင်းသို့ပြေးဝင်လာကြသည်။သူတို့ဝင်လာရာလမ်းတစ်လျှောက်တွင် ပိတ်ဆို့နေသောဓားပြများသည် အောစ့်စစ်သည်တော်များ၏ မညာမတာသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဓားပြများသည် တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသည့်အပြင် လက်တွေ့စစ်မြေပြင်၌ အောစ့်စစ်သည်များ၏ ပြိုင်ဘက်မဟုတ်ကြပေ။
မိနစ်အနည်းငယ်အတွင်း ဓားပြအရေအတွက် ထက်ဝက်နီးပါးသည် သတ်ဖြတ်ခံခဲ့ရသည်။အောစ့်စစ်သည်များသည် ကရုဏာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သောသူများဖြစ်ကြသည်။တစ်ဦးချင်းတိုက်ပွဲများတွင် သူတို့နှင့်ရင်ဆိုင်ရသော မည်သည့်စစ်သည်တော်ကိုမဆို သတ်ဖြတ်ရန်ကြိုးစားမှာဖြစ်သည်။
ရှောင်ယု၏အစီအစဉ်သည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှုရှိကြောင်း ပေါ်လွင်လာခဲ့သည်။ဓားပြများသည် မီးငြိမ်းရန်နှင့်အောစ့်စစ်သည်တော်များအား တွန်းလှန်ရန် အဆင်သင့်မဖြစ်ခဲ့ကြပေ။
"အောစ့်တွေ...အကုန်လုံးထိတ်လန့်မနေကြနဲ့...သူတို့ကိုသတ်ဖြတ်ဖို့ ကြိုးစားကြ"
ပုဆိန်ကိုင်ထားသော ထိပ်ပြောင်ဓားပြသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာ အောစ့်စစ်သည်များအား ရင်ဆိုင်ရန် သူ၏ပုဆိန်ကိုဝှေ့ယမ်းလိုက်သည်။
ထိုဓားပြသည် အောစ့်စစ်သည်များ၏ တိုက်ခိုက်လာမှုကို ရှောင်တိမ်းလိုက်ပြီး သူ့လက်ထဲရှိပုဆိန်ကို ဝှေ့ယမ်းလိုက်ကာ အောစ့်စစ်သည်များကို တိုက်ခိုက်လိုက်ရာ သူ၏ပုဆိန်မှ အဝါရောင်အလင်းများထွက်ပေါ်လာခဲ့ပြီး အောစ့်စစ်သည်များ၏ ခန္ဓာကိုယ်အားဖြတ်ကျော်ကာ တစ်ခါတည်းသတ်ဖြတ်ပစ်ခဲ့သည်။
ဂါး...
ထိုမြင်ကွင်းကြောင့် ဂရင်း၏မျက်လုံးများသည် ချက်ချင်းနီရဲလာခဲ့ပြီး ထိပ်ပြောင်လူဆီသို့ ပြေးဝင်သွားကာ ပြင်းထန်သောခုတ်ပိုင်းချက်အား အသုံးပြု၍ တိုက်ခိုက်လိုက်သည်။
ထိပ်ပြောင်လူသည် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ဂရင်းအားရပ်တန့်ရန်အတွက် သူ၏တိုက်ပွဲပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီလူက အတော်လေးသန်မာတယ်...ဂရင်းသာအဆင့်၄ကို မရောက်ခဲ့ရင် ဒီလူကိုတိုက်ခိုက်နိုင်မှာမဟုတ်ဘူး..."
ရှောင်ယုသည် ထိပ်ပြောင်လူ၏အစွမ်းကြောင့် ထိတ်လန့်သွားခဲ့ရသည်။
ရှောင်ယုသည် ယခင်တိုက်ပွဲတွင် သူအသုံးပြုခဲ့သော နည်းလမ်းအတိုင်း ကိုယ်ပျောက်ပုံစံဖြင့် လျှို့ဝှက်စွာပုန်းအောင်းကာ ထိပ်ပြောင်လူ၏နောက်သို့ချည်းကပ်၌ ထိပ်ပြောင်လူ၏ဖင်အား ဓားဖြင့်ထိုးချလိုက်သည်။
အား...
ဓားသည် ထိပ်ပြောင်လူ၏ ဖင်ထဲသို့ တန်းတန်းမတ်မတ်ဝင်ရောက်လာ၍ နာကျင်မှုကြောင့် ထခုန်လိုက်ရသည်။အကယ်၍ ရှောင်ယုကသာ သူ၏လည်ပင်းအားတိုက်ခိုက်ရန် ကြိုးစားလာပါလျှင်တောင် ယခုလိုအခြေအနေဆိုးမှာမဟုတ်ပေ။
ဂရင်းသည် ရရှိလာသည့်အခွင့်အရေးအား လက်လွှတ်မခံခဲ့ဘဲ သူ၏ဓားကိုဝှေ့ယမ်းလိုက်ကာ ပြင်းထန်သောခုတ်ပိုင်းချက်ကို အသုံးပြုခဲ့သည်။
အား...
ဂရင်း၏လက်ချက်ကြောင့် လက်ပြတ်သွားခဲ့သည့် ထိပ်ပြောင်လူသည် နာကျင်စွာအော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အောစ့်စစ်သည်များအား တိုက်ခိုက်နေသော စခန်းအတွင်းရှိ ဓားပြများအား ယုံကြည်မှုပျောက်ဆုံးစပြုလာခဲ့သည်။
သို့ရာတွင် ဓားပြများသည် အောစ့်စစ်သည်များအား ဇွဲရှိရှိဖြင့် တွန်းလှန်တိုက်ခိုက်နေဆဲပင်ဖြစ်သည်။သူတို့သည် ယခင်အုပ်စုနှစ်ခုရှိ ဓားပြများလောက် ပျော့ညံ့ခြင်းမရှိခဲ့ပေ။
သူတို့၏စစ်ရေးလေ့ကျင့်မှုနှင့် စည်းကမ်းလိုက်နာမှုတို့သည် ယခင်ဓားပြမျာထက် များစွာပိုမိုအားကောင်းပေသည်။
သို့သော် သူတို့၏မြင်းများအကူအညီမပါရှိသောကြောင့် ဤဓားပြများ၏ ကံကြမ္မာသည်လည်း ယခင်ဓားပြများကဲ့သို့ဖြစ်လာတော့မှာဖြစ်သည်။
မြေပြင်ပေါ်တွင် အောစ့်စစ်သည်များအား ခုခံတွန်းလှန်ရန်မှာ အလွန်ပင်ခက်ခဲလာခဲ့သည်။
"မင်းကဘယ်သူလဲ..."
ထိပ်ပြောင်လူသည် ဒေါသထွက်နေသောအကြည့်ဖြင့် ရှောင်ယုအားစိုက်ကြည့်ကာ ကျယ်လောင်စွာအော်ငေါက်လိုက်သည်။
"ငါဘယ်သူလဲဟုတ်လား...မင်းလိုဓားပြက ငါဘယ်သူလဲဆိုတာ မေးရဲတယ်ပေါ့...တကယ်တော့ အဲ့ဒီမေးခွန်းကိုငါမေးသင့်တာကွ....ဒီနယ်မြေက ငါ့အပိုင်ဖြစ်ပြီး ငါ့ရဲ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှလာနေလို့မရဘူးကွ..."
"မင်းက ကောင်းကင်ခြင်္သေ့မင်းဆက်က တာဝန်ပေးထားတဲ့ နယ်မြေသခင်လား..."
ထိပ်ပြောင်လူသည် အခြားသောဓားပြအုပ်စု၂ခု၏ ခေါင်းဆောင်များလောက် မတုံးအပေ။သူသည် ရှောင်ယု၏စကားများမှတဆင့် ရှောင်ယု၏နောက်ခံအား ခန့်မှန်းနိုင်ခဲ့သည်။
"ဟုတ်တယ်...ငါကရှောင်မိသားစုရဲ့ လက်ရှိခေါင်းဆောင်ဖြစ်တဲ့ နယ်မြေသခင်ရှောင်ယုပဲ...."
ရှောင်ယုသည် ဂုဏ်ယူမှုအပြည့်ဖြင့် သူ၏မေးစေ့ကိုမြောက်လိုက်သည်။
"မင်းက အောစ့်တွေနဲ့ပူးပေါင်းထားလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး...ရှောင်ယု ငါမင်းကိုအမြဲသတိရနေမယ်...ဒီအခြေအနေကို သတင်းပို့ပြီးရင် ငါမင်းဆီပြန်လာခဲ့မယ်..."
ထိပ်ပြောင်လူသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ၏အနီးသို့ဖြတ်သွားသည့် ကြောက်လန့်နေသော မြင်းတစ်ကောင်အား ဖမ်းဆွဲလိုက်သည်။ထိုအခါ မြင်းသည်နာခံမှုအပြည့်ဖြစ်သွားခဲ့ပြီး ထိပ်ပြောင်လူသည် မြင်းပေါ်သို့ချက်ချင်းခုန်တက်၍ ထွက်ပြေးခဲ့သည်။
ရှောင်ယုသည် ထိပ်ပြောင်ဓားပြ၏ အကြံအစည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။
"အိပ်မက်မက်နေလိုက်...မင်းကငါ့လက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား..."
ရှောင်ယုနှင့်ဂရင်းတို့နှစ်ဦးလုံးသည် မြင်းနောက်သို့လျင်မြန်စွာ လိုက်သွားခဲ့ကြသည်။သူတို့နှစ်ယောက်၏ အမြန်နှုန်းသည် မြင်းထက်နှေးကွေးခြင်းမရှိသလို မြင်းသည်လည်း အလွန်လျင်မြန်စွာအရှိန်မတင်နိုင်၍ သူတို့နှစ်ဦးလုံးသည် အချိန်ခဏအတွင်း မြင်းကိုလိုက်မှီလာခဲ့ကြသည်။
"မြင်းကိုသတ်..."
ရှောင်ယုသည် မဆိုင်းမတွအမိန့်ပေးလိုက်ပြီး သူ၏ဓားကို မြင်းထံသို့ပစ်သွင်းလိုက်သည်။ဓားသည် မြင်းအားထိမှန်ခါနီးတွင် ထိပ်ပြောင်ဓားပြသည် မြင်းအားခြေထောက်ဖြင့်တစ်ချက် တော့ပေးလိုက်ရာ မြင်းသည်မီတာဝက်ခန့် ခုန်ကျော်လိုက်ပြီး ရှောင်ယု၏ဓားကိုရှောင်တိမ်းလိုက်သည်။
"ဒီကောင့်ရဲ့အစွမ်းက မဆိုးလှပါလား..."
ရှောင်ယုသည် ထိပ်ပြောင်ဓားပြက ဒဏ်ရာရရှိထားသည့်အခြေအနေတွင်ပင် ယခုလ်ိုစွမ်းဆောင်နိုင်မည်ဟု မမျှော်လင့်ထား၍ အနည်းငယ်အံ့သြသွားခဲ့သည်။
သို့ရာတွင် ထိပ်ပြောင်ဓားပြသည် ရှောင်ယု၏ဓားကိုရှောင်တိမ်းလိုက်ရ၍ မြင်းသည်အနည်းငယ်နှေးကွေးသွားခဲ့သည်။ထို့ကြောင့် ထပ်မံတိုက်ခိုက်လိုက်သော ဂရင်း၏ဓားချက်ကိုမရှောင်တိမ်းနိုင်ဘဲ မြင်းသည်နှစ်ခြမ်းခွဲသွားခဲ့ရသည်။
ထိပ်ပြောင်လူသည် မြင်းပေါ်မှခုန်ထွက်ကာ ဆက်လက်ထွက်ပြေးခဲ့သည်။သို့သော် ဂရင်းနှင့်ရှောင်ယုတို့၏အမြန်နှုန်းသည် ထိပ်ပြောင်လူထက် များစွာမြန်ဆန်လှသည့်အပြင် ထိပ်ပြောင်ဓားပြသည် ဒဏ်ရာအပြင်းအထန်ရရှိထားကာ သက်လုံနှင့်ခံနိုင်ရည်အား ကျဆင်းနေခဲ့ပြီဖြစ်သည်။
"သခင်လေး....မင်းရဲ့ခုလုပ်ရပ်အတွက် တစ်ချိန်ချိန်မှာနောင်တရလိမ့်မယ်..."
ထိပ်ပြောင်လူသည် လက်တစ်ဖက်ပြတ်အနေအထားဖြင့် ဂရင်း၏တိုက်ခိုက်မှုများအား ခက်ခက်ခဲခဲခုခံရင်း ခြိမ်းခြောက်စကားဆိုလိုက်သည်။
ရှောင်ယုသည် ကိုယ်ပျောက်ပုံစံအား အသုံးပြုကာ ထိပ်ပြောင်ဓားပြ၏ဖင်ကို တိုက်ခိုက်နေရင်း ပြန်လည်လှောင်ပြောင်လိုက်သည်။
"နောင်တရမယ်ဟုတ်လား...ဒီသခင်လေးရဲ့နယ်မြေမှာ လုယက်ဖျက်ဆီးဖို့ကြံစည်ခဲ့တဲ့ မင်းကပဲ နောင်တရမယ့်ကောင်ပဲ"
ရှောင်ယုသည် ထိပ်ပြောင်ဓားပြကို အဆက်မပြတ်နှောင့်ယှက်နေသောကြောင့် ဂရင်းသည် အဆုံးသတ်၌ ထိပ်ပြောင်ဓားပြကို သတ်ဖြတ်နိုင်ခဲ့သည်။
ထိပ်ပြောင်ဓားပြကိုသတ်ဖြတ်ပြီးနောက် ဂရင်း၏ခန္ဓာကိုယ်အား ရွှေရောင်အလင်းများ ဝန်းရံလာခဲ့ပြီး ဂရင်းသည်အဆင့်၅သို့ ရောက်ရှိလာခဲ့သည်။သို့သော် ရှောင်ယုကမူ အဆင့်တက်သွားခြင်းမရှိသေးပေ။အဆင့်မြင့်လာသည်နှင့်အမျှ ခေါင်းဆောင်ဖြစ်သောရှောင်ယုသည် အဆင့်တက်ရန် ရမှတ်များပိုမိုလိုအပ်လာသလို ကမ္မကုသိုလ်မှတ်များရရှိရန် ပိုမိုခက်ခဲလာခဲ့သည်။
"ဟမ့်...မင်းလိုကောင်က ငါ့ကိုခြိမ်းခြောက်ဝံ့တာလား...တစ်နေ့ကျရင် ဒီသခင်က ငါ့ရဲ့ကိုယ်ပ်ိုင်စစ်တပ်ကိုအသုံးပြုပြီး ဝံပုလွေတစ်ကောင်လိုဖြစ်နေတဲ့ အနောက်တိမ်တိုက်အင်ပါယာကို သွေးနဲ့ဆေးကြောပစ်မယ်..."
ရှောင်ယုသည် ထိပ်ပြောင်ဓားပြ၏အလောင်းကို တံတွေးထွေးလိုက်ကာ မကျေမချမ်းပြောလိုက်သည်။
...
....
တိုက်ပွဲအပြီးတွင် စခန်းအတွင်းရှိ ဓားပြအားလုံးနီးပါးကို သုတ်သင်နိုင်ခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် အောစ့်စစ်သည်များ အသေအပျောက်ရှိခဲ့သည်။
ယခင်တိုက်ပွဲများတွင် သေဆုံးခဲ့သည့် အောစ့်စစ်သည်များမရှိခဲ့ပေ။ဓားပြအများစုသည် အောစ့်စစ်သည်များကို မြင်တွေ့လိုက်ရချိန်တွင် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန်သာကြိုးစားတတ်ကြသည်။
သို့သော်လည်း ဤစခန်းရှိဓားပြများသည် သေချာလေ့ကျင့်ပေးထားပြီး အောစ့်စစ်သည်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။တိုက်ပွဲအပြီးတွင် အောစ့်စစ်သည်၃ယောက် သေဆုံးခဲ့ရာ ရှောင်ယုသည် အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။
ရှောင်ယုသည် စက်ရုပ်များကဲ့သို့ အောစ့်စစ်သည်များအား အချိန်မရွေးထုတ်လုပ်နိုင်သော်လည်း သူသည်၎င်းတို့အား လူအစစ်များကဲ့သို့ သတ်မှတ်ထားရာ အလဟာဿမသေဆုံးစေလိုပေ။
ယခုအချိန်တွင် သေဆုံးသွားသည့် စစ်သည်တော်များနှင့် သူရဲကောင်းများကို ပြန်လည်ရှင်သန်ထမြောက်နိုင်သလားဆိုတာ ရှောင်ယုမသိပေ။ထို့ကြောင့် ရှောင်ယုသည် အားကိုးတကြီးဖြင့် စနစ်အားမေးမြန်းလိုက်ရာ မဖြစ်နိုင်ဟူသော အဖြေကိုသာရရှိလိုက်သည်။၎င်းတို့သည် လက်တွေ့ဘဝပုံစံများဖြစ်ကြပြီး သေဆုံးခြင်းဟူသည် ဤလောက၏ သံသရာနှင့် သဘာဝနိယာမ၏ တစ်စိတ်တစ်ပိုင်းဖြစ်ရာ ထိုစည်းမျည်းအား မချိုးဖျက်နိုင်ဟု စနစ်ကရှင်းပြခဲ့သည်။
ရှောင်ယုသည် ဂရင်းသေဆုံးသွားပါက မုန်တိုင်းပလ္လင်အား အသုံးပြုကာ သေဆုံးသွားသည့်သူရဲကောင်းကို ပြန်လည်မွေးဖွားပေးနိုင်မည်လားဟု စနစ်အားမေးမြန်းခဲ့သည်။သို့သော် စနစ်ကမဖြစ်နိုင်ဟူသော အဖြေကိုသာထပ်မံပေးအပ်ခဲ့သည်။
သူရဲကောင်းအား မုန်တိုင်းပလ္လင်သို့ ပြန်လည်ခေါ်ဆောင်ချိန်တွင် သေဆုံးနေပါက ထိုသူရဲကောင်း၏စိတ်ဝိညာဉ်ကို မုန်တိုင်းပလ္လင်၌ တံတိပ်ခတ်ထားမှာဖြစ်သည်။
ထို့ကြောင့် ဂရင်းသာသေဆုံးပါက ထာဝရသေဆုံးမည်ကို ရှောင်ယုနားလည်ခဲ့သည်။
"အနာဂတ်မှာ သူတို့ကိုအသုံးပြုတဲ့ပုံစံကို ပိုပြီးဂရုစိုက်ရတော့မယ်...သူရဲကောင်းဖြစ်စေ အောစ့်စစ်သည်တွေကိုဖြစ်စေ လွယ်လွယ်နဲ့အသေမခံနိုင်တော့ဘူး...သူရဲကောင်းတစ်ယောက်သေဆုံးရင် ငါအတော်လေးကြီးကြီးမားမား ဆုံးရှံးရလိမ့်မယ်"
ဓားပြစခန်းသည် ပျက်စီးသွားသော်လည်း သူတို့ရှို့ခဲ့သောမီးကို မထိန်းနိုင်တော့ပေ။ထို့ကြောင့် နောက်နေ့နံနက်ရောက်သည်ထိ မီးငြိမ်းသွားစေရန် စောင့်ဆိုင်းနေခဲ့ရသည်။
အလင်းရောင်ထွက်ပေါ်လာချိန်တွင် ရှောင်ယုသည် စခန်း၏အပျက်အစီးများကြားမှ ရတနာများကိုရှာဖွေရန်အတွက် အောစ့်စစ်သည်များကိုအမိန့်ပေးလိုက်ကာ သူ၏ဂိမ်းမျက်နှာပြင်အား စတင်စစ်ဆေးလိုက်သည်။
ရှောင်ယုသည် ဤဓားပြစခန်းအား ဖျက်ဆီးခြင်းမှ ကမ္မကုသိုလ်မှတ် ၅၃၀ရရှိခဲ့ပြီး ယခုအချိန်ထိတိုင်အောင် ကမ္မကုသိုလ်မှတ် ၁၃၀၀ကျော်ရရှိခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ရှောင်ယုသည် အရာရှိအဆင့်သို့ ရာထူးတိုးလာခဲ့ပြီဖြစ်သည်။အဆုံးသတ်တွင် ရှောင်ယုသည် ဒုတိယမြောက်မဟာခန်းမအား တည်ဆောက်နိုင်ပြီဖြစ်ကာ နောက်ထပ်စစ်သည်၅၀၀ကို ထပ်မံထုတ်လုပ်နိုင်ပြီဖြစ်သည်။
*****
အခန်း ၁၁ - နတ်သူငယ်လေးသည်တော်များ နှင့် ကင်းထောက်မုဆိုးများ
မြေခွေးသည် ရတနာများကို ရှာဖွေရာတွင် အရည်အချင်းကောင်းများရှိပေသည်။ထိုအပျက်အစီးများထဲမှ ရွှေပြား၂၀၀၀၀ ကျော်ရရှိလာခဲ့ရာ ရှောင်ယုသည် အလွန်ပင်ပျော်ရွှင်သွားခဲ့သည်။
မြေခွေး၏အဆိုအရ ဓားပြများသည် ယခုထက်ပိုမိုပိုင်ဆိုင်သင့်သော်လည်း လုယက်ရဲ့ရရှိလာသောပစ္စည်းအများစုကို အနောက်တိမ်တိုက်အင်ပါယာသို့ ပို့ဆောင်လိုက်ပုံရသည်။
ရှောင်ယုသည် ထိုကိစ္စကို ဂရုစိုက်ခြင်းမရှိပေ။ဤရွှေပြားများဖြင့် သူသည် အောစ့်စစ်သည်များကို ပိုမိုဝယ်ယူနိုင်မည်ဖြစ်သည်။
ထိုရွှေပြားများအပြင် ရှောင်ယုသည် ဓားပြများ၏လက်နက်များကို သိမ်းဆည်းရန် အောစ့်စစ်သည်များကို အမိန့်ပေးခဲ့သည်။သူသည် စနစ်အား အသေးစိတ်မေးမြန်းပြီးနောက် ပန်းပဲဆိုင်တွင် သံချပ်ကာနှင့်လက်နက်များကို ထုတ်လုပ်ရန်အတွက် သံမဏိနှင့်ကုန်ကြမ်းအမြောက်အများ လိုအပ်ကြောင်း နားလည်လာခဲ့သည်။ကုန်ကြမ်းအလုံအလောက်မရှိပါက ရွှေပြားများဖြင့် အစားထိုးပေးဆောင်ရမည်ဖြစ်သည်။
အတိုချုပ်ပြောရမည်ဆိုပါက လက်နက်များသည် ရွှေပြားများအလွန်ကုန်ကျမယ်ဖြစ်သည်။
ရှောင်ယုသည် တိုက်ပွဲတွင် ကျဆုံးခဲ့သော အောစ့်စစ်သည်များ၏ အလောင်းများကို ပြန်လည်ယူဆောင်လာခဲ့သည်။သူသည် အောစ့်စစ်သည်များ၏ အလောင်းများကို ယဇ်ပလ္လင်၌ မီးသဂြိုလ်ရန် ဆုံးဖြတ်ခဲ့သည်။သူတို့၏ဝိညာဉ်များသည် အောစ့်နတ်ဆရာများ၏ အကူအညီဖြင့် သူတို့၏နေရပ်ဌာနေဆီ ပြန်လည်ရောက်ရှိစေနိုင်သည်။
ရှောင်ယုက အောစ့်စစ်သည်များသည် သူကိုယ်တိုင်ဆင့်ခေါ်ထားသော ဇာတ်ကောင်များသာဖြစ်ကြောင်း သိထားသော်လည်း သူတို့၏အသက်ကို အလေးမထားမလုပ်ခဲ့ပေ။
"နတ်သူငယ်တွေရဲ့ မဟာခန်းမကိုဆောက်လုပ်ရမယ်"
ရှောင်ယုသည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အောစ့်ဘီလူများ၏ မဟာခန်းမဘေးသို့ လျှောက်သွားလိုက်ကာ နတ်သူငယ်များ၏ မဟာခန်းမအား ဆောက်လုပ်လိုသောနေရာကို ရွေးချယ်ခဲ့သည်။
"အသက်သစ်ပင်ကို တည်ဆောက်ပါ"
ဝုန်း...
သူ့ရှေ့တွင် ဧရာမသစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာပြီး ထိုသစ်ပင်သည် ဆယ်မီတာခန့်မြင့်ကာ ထူးကဲသောအော်ရာများကို ထုတ်လွှတ်နေခဲ့သည်။
"ဒါက အသက်သစ်ပင်လား..."
ရှောင်ယုသည် ဧရာမသစ်ပင်ကြီးကို ကြည့်ရင်း အနည်းငယ်အံ့သြသွားခဲ့သည်။သူ၏စိတ်ကူးထဲရှိ အသက်သစ်ပင်သည် ယခုလိုခမ်းနားကြီးကျယ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အသက်သစ်ပင်သည် နတ်သူငယ်များ၏ အနှစ်သာရပင်ဖြစ်သည်။အသက်သစ်ပင်တည်ရှိနေသရွေ့ သူတို့၏မဟာခန်းမတွင် နတ်သူငယ်များ အသက်ရှင်နေထိုင်နိုင်ပေသည်။ရှင်းရှင်းပြောရလျှင် နတ်သူငယ်များကို အသက်သစ်ပင်က ဖန်တီးခဲ့သည်ဟု ဆိုနိုင်သည်။
"အကြီးအကဲယဇ်ပလ္လင်ကို တည်ဆောက်ပါ"
ရှောင်ယုသည် ထိတ်လန့်နေရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် နောက်ထပ်တစ်ကြိမ်အမိန့်ပေးခဲ့သည်။
သူသည် အကြီးအကဲယဇ်ပလ္လင်၏ အကူအညီဖြင့် နတ်သူငယ်သူရဲကောင်း တိုင်ရန်ဒီ(လေပွေ)ကို ခေါ်ဆိုနိုင်မည်ဖြစ်သည်။
နောက်ထပ်ပဲ့တင်သံတစ်ခု ထွက်ပေါ်လာကာ ကြီးမားသောယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာခဲ့သည်။အကြီးအကဲယဇ်ပလ္လင်သည် မုန်တိုင်းယဇ်ပလ္လင်နှင့်ယှည်ပါက ပိုမိုလှပပေသည်။ယဇ်ပလ္လင်အား စိမ်းလန်းသော အပင်များနှင့်ဝိုင်းရံထားခဲ့ပြီး ယဇ်ပလ္လင်မှ ပြင်းထန်သည့်အသက်စွမ်းအင်များကို ထုတ်လွှတ်နေခဲ့သည်။
"သူရဲကောင်းကို ဆင့်ခေါ်မည်လား..."
စနစ်က မေးမြန်းလာခဲ့သည်။
"ဒါပေါ့...ဒါပေါ...ဟားဟား တိုင်ရန်ဒီ(လေပွေ)ကို ဆင့်ခေါ်လိုက်"
ရှောင်ယုက စိတ်လှုပ်ရှားနေသော လေသံဖြင့်အမိန့်ပေးလိုက်သည်။
"တိုင်ရန်ဒီ(လေပွေ)အမျိုးအစား သူရဲကောင်းမရှိပါ"
စနစ်က အေးစက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။
"မဟုတ်သေးဘူး..."
ရှောင်ယုသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်ပြီးမှ တိုင်ရန်ဒီသည် လနတ်ဆရာ အမျိုးအစားဖြစ်ကြောင်း သတိရလိုက်သည်။
"လနတ်ဆရာကို ဆင့်ခေါ်မယ်"
ရှောင်ယုက အတည်ပြုလိုက်သည်နှင့် အစိမ်းရောင်စွမ်းအင်များသည် အကြီးအကဲယဇ်ပလ္လင်၏ အထက်၌ပျံ့နှံ့လာခဲ့သည်။ထို့နောက် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး၏ မှုန်ဝါးသောပုံရိပ်က ဖြစ်ပေါ်လာခဲ့သည်။
ထိုအမျိုးသမီး၏ နံဘေးတွင် သားရဲတစ်ကောင်၏ပုံရိပ်ဖြစ်ပေါ်နေပြီး ထိုသားရဲသည် တိုင်ရန်ဒီ၏ကျားဖြူဖြစ်ကြောင်း ရှောင်ယုသေချာနေခဲ့သည်။
ရှောင်ယုသည် သူ၏လက်များကို ဂနာမငြိမ်ပွတ်သပ်လိုက်ပြီးနောက် အကြီးအကဲယဇ်ပလ္လင်အား အခေါက်ခေါက်အခါခါ လျှောက်ပတ်နေခဲ့သည်။သူသည် နတ်သူငယ်များ၏ နံပါတ်တစ်အလှမယ်ဖြစ်သော တိုင်ရန်ဒီသည် မည်ကဲ့သို့သောပုံစံရှိကြောင်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေမိသည်။
ယခင်ဘဝတွင် သူ့ကဲ့သို့အိုတာကူတစ်ယောက်သည် လက်တွေ့ဘဝတွင် အလွန်လှပသော အိမ်အကူမလေးတစ်ယောက်ကို ရရှိရန်အတွက် အမျိုးစုံသောနတ်ဘုရားများထံ၌ နေ့စဉ်ဆုတောင်းခဲ့ကြသည်။
"တန်းလျားတွေကိုဆောက်... လေးသည်တော်တွေကို ထုတ်လုပ်လိုက်...သာမန်နတ်သူငယ်လေးသည်တော်တွေကတောင် အရမ်းလှမယ်ဆိုတာ ငါပြောရဲတယ်...ဟိဟိ ငါသူတို့နဲ့နေ့ရောညပါ ပျော်ပျော်ရွှင်ရွှင်ကစားရမယ်...."
ရှောင်ယုသည် သူ၏စိတ်ကူးယဉ်အတွေးများအကြား နစ်မြုပ်သွားခဲ့ကာ ပျော်ရွှင်မှုကြောင့် မေ့လဲမတတ်ဖြစ်သွားခဲ့သည်။
ထို့နောက် ရှောင်ယုသည် နတ်သူငယ်များ၏ ရှေးခေတ်စစ်အိမ်များကို တည်ဆောက်ခဲ့ကာ နတ်သူငယ်လေးသည်တော် ၃၀၀အား ထုတ်လုပ်ရန်အမိန့်ပေးခဲ့သည်။ယခုအခါ သူ့ထံတွင် ရွှေပြား၄၀၀၀၀ကျော်ရှိပေရာ လေးသည်တော်များအတွက် ၃၀၀၀၀သုံးစွဲမှာဖြစ်သည်။
သူသည်ယခုအခါ အရာရှိတစ်ယောက်ဖြစ်လာပြီး နောက်ထပ်စစ်သား၅၀၀ကို ဦးဆောင်နိုင်၍ အောစ့်စစ်သည်၂၀၀နှင့် နတ်သူငယ်လေးသည်တော် ၃၀၀ကိုထုတ်လုပ်ရန် စီစဉ်ခဲ့သည်။
ရှောင်ယုအတွက် ယခု၁နာရီသည် ရာစုနှစ်တစ်ခုခန့်ကြာမြင့်သည်ဟု ခံစားနေရသည်။နောက်ဆုံးတွင် အချိန်၁နာရီကြာပြီးနောက် ကျားဖြူတစ်ကောင်၏ ဟိန်းဟောက်သံထွက်ပေါ်လာကာ အမျိုးသမီးပုံရိပ်တစ်ခုက ယဇ်ပလ္လင်ပေါ်မှနေ၍ ရှောင်ယုရှေ့သို့ ခုန်ဆင်းလာခဲ့သည်။
"တိုင်ရန်ဒီက သခင်ကိုနှုတ်ဆက်ပါတယ်..."
ကြည်လင်ပြတ်သားပြီး နူးညံ့သောအသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။ထိုအသံသည် နူးညံ့လွန်း၍ လူတစ်ယောက်၏ ခြေထောက်များကိုပင် ပျော့ခွေသွားစေနိုင်သည်။
ရှောင်ယုသည် သူ့ရှေ့တွင်ရပ်နေသော တိုင်ရန်ဒီကိုကြည့်ရင်း မူးမေးချင်သလို ခံစားလိုက်ရကာ တူညီသောစကားတစ်ခွန်းကိုသာ အဆက်မပြတ်ရေရွတ်နေမိသည်။
"လှတယ်...အရမ်းလှတယ်..."
တိုင်ရန်ဒီသည် ရှောင်ယုထက် အနည်းငယ်အရပ်ရှည်ပြီး ပိန်သွယ်သောခန္ဓာကိုယ် ရှိသည်။သူမ၏ခန္ဓာကိုယ်အချိုးအစားသည် အလွန်ပင်ပြည့်စုံလေပြီး ရှိသင့်ရှိထိုက်သောနေရာများတွင် သပ်ရပ်လှပသည့် အကွေ့အကောက်များရှိပေသည်။
သူမတွင် ဆင်စွယ်ကဲ့သို့ သွယ်လျရှည်လျားသည် ခြေတံတစ်စုံရှိပြီး နှင်းဖြူရောင်အသားအရေသည် ရှောင်ယုအား နှလုံးခုန်မြန်ဆန်စေခဲ့သည်။သူမ၏ပေါင်များကို သားရေစကတ်ဖြင့် ဖုံးအုပ်ထားသော်လည်း ရှောင်ယုကသာ အနည်းငယ်ခေါင်းငုံ့ကြည့်လိုက်မည်ဆိုပါက သူမ၏လျှို့ဝှက်ဆန်းကြယ်နေရာကို တစ်ချက်လေးခိုးကြည့်နိုင်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။
သူမ၏ သွယ်လျသောခါးလေးသည် လုံးလုံးလျားလျားပေါ်လွင်ထင်ရှားနေပြီး ကြည်လင်ပြတ်သားသော သလင်းကျောက်လေးနှင့် တူညီလေသည်။ရှောင်ယုသည် သူမ၏ခါးကိုခေါင်းအုံးအဖြစ် အသုံးပြုရန် အစီအစဉ်ရှိခဲ့သည်။ထို့နောက် ရှောင်ယုသည် သူမ၏ကြီးမားသော တောင်ထိပ်နှစ်ခုကို စိုက်ကြည့်လိုက်ပြီး ယနေ့သည် သူ့ဘဝ၏အကောင်းဆုံးနေ့ဖြစ်သည်ဟု ယုံကြည်ခံစားမိလိုက်သည်။
"၃၆ E... ဘုရားရေ...မဟုတ်သေးဘူး...အဲ့ထက်ပိုကြီးတယ်...ဒါက F ကျိန်းသေပေါက် Fပဲ..."
တိုင်ရန်ဒီသည် နတ်သူငယ်ဘုန်းတော်ကြီးများ ဝတ်ဆင်သည့် ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသည်။ပျော့ပျောင်းပြီးတောက်ပသော ရင်ဖုံးအကျႌသည် အချိန်မရွေးပေါက်ကွဲထွက်ပေါ်လာနိုင်သည့် ဘောလုံးတစ်စုံကို ရစ်ပတ်ထားခဲ့ပြီး အကျႌအလယ်ရှိ အက်ကွဲကြောင်းမှတဆင့် မြင်တွေ့ရသည့်မြင်ကွင်းက ရှောင်ယု၏အကြည့်တစ်စုံကို လုံးဝဆွဲဆောင်ထားခဲ့သည်။
တိုင်ရန်ဒီ၏အသွင်အပြင်သည် လွန်ခဲ့သောညအနည်းငယ်က ရှောင်ယုချောင်းကြည့်ခဲ့သော ဆုရှာထက် များစွာသာလွန်ပေသည်။
ရှောင်ယုသည် တိုင်ရန်ဒီ၏မျက်နှာကို အလွန်ပင်စွဲလမ်းမိသွားခဲ့သည်။အကယ်၍ သူ၏ဆင့်ခေါ်စနစ်ကြောင့်သာမဟုတ်ပါက ယခုလိုပြီးပြည့်စုံသော အလှတရားသည် ဤကမ္ဘာ၌မွေးဖွားမလာနိုင်ဟု ရှောင်ယုက ယုံကြည်နေခဲ့သည်။
တိုင်ရန်ဒီ၏ မျက်နှာပေါ်၌ ရေးထိုးထားသော တက်တူးများက သူမအားပိုမို၍ ဆွဲဆောင်အားကောင်းစေခဲ့သည်။
ဂလု...
ရှောင်ယုသည် သူ၏တံတွေးကို မသိမသာမျိုချလိုက်ပြီး သူ၏လက်များကို ပြင်းပြင်းထန်ထန်ပွတ်သပ်လိုက်ကာ တုန်ယင်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။
"တိုင်ရန်ဒီ...မင်းကငါ့ရဲ့လက်အောက်ခံဆိုတော့ မင်းရဲ့ခန္ဓာကိုယ်ကို ငါညင်ညင်သာသာလေးထိမိရင် မင်းစိတ်မဆိုးဘူးမလား..."
အနီးအနားတွင် အခြားမည်သူမှမရှိသည့်အပြင် တိုင်ရန်ဒီသည်လည်း စနစ်မှထုတ်လုပ်ထားသော သူရဲကောင်းတစ်ယောက်ဖြစ်သည်။ထို့ကြောင့် ရှောင်ယုသည် သူ၏နှုတ်ခမ်းများကို ပွတ်သပ်လိုက်ပြီး ထိုသို့မေးမြန်းလိုက်ခြင်းအတွက် ရှက်ရွှံမနေခဲ့ပေ။
တိုင်ရန်ဒီသည် ရှောင်ယု၏မကောင်းသော ရည်ရွယ်ချက်များကို သတိပြုမိလိုက်ပုံရသောကြောင့် ရှောင်ယုအားငုံ့ကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"သခင်ကသာ မတော်မတရားတစ်ခုခုပြုလုပ်ရင် ငါခုခံကာကွယ်နိုင်တယ်...တကယ်လို သခင်က ငါ့ကိုအတင်းအကျပ်လုပ်ဆောင်ဖို့ ကြိုးစားလာမခဲ့မယ်ဆိုရင်တော့ ဒီလက်အောက်ငယ်သားက သခင့်ကိုပြန်ပြီး အပြစ်ပေးပိုင်ခွင့်ရှိတယ်"
"အိုး...မင်းက ခုခံကာကွယ်တဲ့အနေနဲ့ အပြစ်ပေးလို့ရတယ်ပေါ့ ငါကြိုမေးထားလိုက်တာ ကံကောင်းတာပဲ...ဒါဆိုရင်အပြစ်ဒဏ်က ဘယ်လိုမျိုးလဲ..."
ရှောင်ယုက မေးမြန်းလိုက်သည်။
တိုင်ရန်ဒီသည် ထူးခြားမှုမရှိသော မျက်နှာအမူအရာဖြင့် ရှောင်ယု၏အောက်ပိုင်းကို စိုက်ကြည့်လိုက်သည်။
"သခင်က ငါ့ကိုထိလာခဲ့ရင် အဲ့ဒီနေရာကို ဖြတ်တောက်လိုက်လို့ရတယ်...."
ရှောင်ယုသည် တိုင်ရန်ဒီ၏ခြိမ်းခြောက်မှုကြောင့် သူ၏ခန္ဓာကိုယ်အောက်ပိုင်းအား မသိစိတ်မှဖုံးအုပ်မိလိုက်သည်။တိုင်ရန်ဒီသည် အလွန်ပင်ရက်စက်လှပေသည်။ရှောင်ယုသည် အလွန်အရသာရှိမယ့် ကိတ်မုန့်တစ်ခုကို တွေ့မြင်နေရသော်လည်း မစားသောက်နိုင်လေရာ နှိပ်စက်နေသလို ခံစားနေရသည်။
"ဒါဆိုရင် ဘယ်လိုအမိန့်မျိုးကိုပဲ နားထောင်မှာလဲ..."
ရှောင်ယုက ခါးသီးသောလေသံဖြင့် မေးမြန်းလိုက်သည်။
"တိုက်ခိုက်တဲ့အခါ အရေးကြီးတဲ့အမိန့်တွေကိုပဲနာခံမယ်...တခြားအမိန့်တွေကို ငြင်းပိုင်ခွင့်ရှိတယ်"
တိုင်ရန်ဒီသည် ထိုမေးခွန်းကိုဖြေနေစဉ် ရှောင်ယုကိုဂရုပင်မစိုက်ခဲ့ပေ။
ရှောင်ယုသည် အခြားမေးခွန်းတစ်ခုကို မေးမြန်းလိုက်သော်လည်း တိုင်ရန်ဒီက အသေးစိတ်ဖြေကြားခြင်းမပြုခဲ့ဘဲ ရှောင်ယုအား လျစ်လျူရှုလိုက်တော့သည်။
"ဒါက မာနကြီးတာမဟုတ်တော့ဘူး...အမိန့်မနာခံတာပဲ"
ရှောင်ယုသည် တိုင်ရန်ဒီအား မကျေမနပ်စိုက်ကြည့်လိုက်သည်။
နတ်သူငယ်များသည် နတ်ဘုရားမ၏ တမန်တော်များဖြစ်ရာ တိုင်ရန်ဒီသည် ယခုလိုမာနကြီးနေသည်မှာ မထူးဆန်းတော့ပေ။
"ဟမ့်..အစောပိုင်းကတော့ သူ့ကိုငါ့ရဲ့အိမ်ဖော်တစ်ယောက် လုပ်ခိုင်းဖို့ မျှော်လင့်ထားခဲ့တာဆိုပေမဲ့ ငါ့ရဲ့စိတ်ကူးတွေက နည်းနည်းတော့လွဲနေသလိုပဲ..."
မည်သို့ပင်ဆိုစေ တိုင်ရန်ဒီအား ငေးကြည့်နေသော ရှောင်ယု၏ပါးစပ်မှ တံတွေးများစီးကျလာခဲ့သည်။
နာရီဝက်ခန့်အကြာတွင် ပထမဆုံးလေးသည်တော်တစ်ယောက် ထွက်ပေါ်လာခဲ့သော်လည်း ရှောင်ယုအလွန်ပင်စိတ်ပျက်သွားခဲ့ရသည်။အဘယ်ကြောင့်ဆိုသော် ထိုလေးသည်တော်သည် နတ်သူငယ်အထီးဖြစ်နေ၍ ဖြစ်သည်။သူတို့အားလုံးသည် ရှောင်ယုအပေါ်သစ္စာစောင့်သိကြသော်လည်း ရှောင်ယုအပေါ်၌ ကြည့်သောအကြည့်များက အနည်းငယ်ထူးခြားနေခဲ့သည်။
ထိုအချိန်တွင် ရှောင်ယုသည် အနည်းငယ်ဒေါသထွက်သွားခဲ့သည်။သူ၏ သူငယ်ချင်းကောင်းများဖြစ်သော အောစ့်စစ်သည်များသည် တစ်ချိန်က လူသားများအပေါ် များစွာရက်စက်ကြမ်းကြုတ်ခဲ့သော်လည်း ယခုလိုချောမောလှပသော နတ်သူငယ်လေးသည်တော်များထက် များစွာပိုမိုသန်မာပေသည်။
"လေးသမားတွေသာ အရေးတကြီးမလိုခဲ့ရင် မင်းကိုငါလုံးဝခေါ်မှာမဟုတ်ဘူး..."
ရှောင်ယုက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ထို့နောက် ရှောင်ယုသည် နတ်သူငယ်အမျိုးသမီး လေးသည်တော်များကို ခေါ်ယူခွင့်ပြုရန် စနစ်အားတောင်းဆိုခဲ့သည်။ရှောင်ယုသည် ဤမာနကြီးသော တစ်ကိုယ်တော်ဝံပုလွေများကို ကြည့်ရသည်ထက် မာနကြီးသော်လည်း ချောမောလှပသည့် နတ်သူငယ်အချောအလှများကိုသာ ကြည့်ရှုခံစားလိုသည်။
သို့သော် စနစ်က ထိုကဲ့သို့ခွင့်ပြုမိန့်ကို ယခုအချိန်၌မရရှိနိုင်ကြောင်း ပြောကြားလာသည့်အတွက် ရှောင်ယုသည် အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။သို့သော် နတ်သူငယ်များ၌ ကင်းထောက်သူများဟုခေါ်သည့် အတန်းအစားခွဲတစ်မျိုးရှိကြောင်း သတိရသွားခဲ့ကာ ကင်းထောက်သူများသည် နတ်သူငယ်အမျိုးသမီးများဖြစ်ကြသည်။
ထို့ကြောင့် ရှောင်ယုသည် လေးသည်တော်များထုတ်လုပ်ခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး ကင်းထောက်များကိုထုတ်လုပ်လိုခဲ့သည်။သို့သော် ကင်းထောက်များသည် မုဆိုးများအဖြစ် ပြောင်းလဲသွားကြောင်း ဂိမ်းမျက်နှာပြင်မှတဆင့် မြင်တွေ့လိုက်ရသည်။မုဆိုးများသည် နတ်သူငယ်အမျိုးသားများဖြစ်ကြောင်း နားလည်လိုက်၍ ရှောင်ယုကျကယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
မည်သို့ပင်ဆိုစေ မုဆိုးများသည် စီးနင်းကောင်များပိုင်ဆိုင်ကြောင်း ရှောင်ယုသတိရသွားခဲ့သည်။ယခုအချိန်တွင် သူ့ထံ၌မြင်းတပ်များ မရှိသေးပေ။မုဆိုးများ၏ စီးနင်းကောင်များသည် အောစ့်များစီးနင်းသည့် ဝံပုလွေများနှင့် ကောင်းမွန်ခြင်းမရှိသော်လည်း ရှေ့ပြေးကင်းထောက်များအဖြစ် အသုံးပြုသွားခဲ့သည်။
ထို့ကြောင့်သူသည် လေးသည်တော် ၂၀၀နှင့် မုဆိုး၁၀၀ကို မွေးထုတ်ရန် ဆုံးဖြတ်ခဲ့သည်။
ရှောင်ယုသည် မာနကြီးသောမျက်နှာပေးဖြင့် နတ်သူငယ်လေးသည်တော်များကို ဆက်လက်သည်းမခံနိုင်တော့ပေ။တိုင်ရန်ဒီအား ထိတွေ့ရန်နည်းလမ်းများကြံဆနေသေးသော်လည်း သူမ၏ခြိမ်းခြောက်စကားကြောင့် အိပ်မက်ထဲမှာသာ ထိုအကြောင်းကိုတွေးတောနေမိသည်။
ရှောင်ယုသည် ထိုအကြောင်းကို စနစ်အားမေးမြန်းခဲ့သော်လည်း နှုတ်ဆိတ်နေ၍ ဂရင်းအားမေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။
...
....
သူနှင့်ဂရင်းသည် ရင်းနှီးသောသူငယ်ချင်းတစ်ယောက်လို ဖြစ်နေပြီဖြစ်ကာ ဂရင်းက သူ့အပေါ်ပိုမိုသစ္စာပိုရှိသောကြောင့် ရှောင်ယုသည် အချို့သောအချက်အလက်များကို ပိုမိုရှာဖွေဖော်ထုတ်နိုင်မည်ဟု ခံစားမိခဲ့သည်။
အောစ့်စစ်သည်တော်များသည် အခြေစိုက်စခန်းတွင်ရှိနေစဉ် အစဉ်အမြဲလေ့ကျင့်နေကြသည်။အောစ့်စစ်သည်တော်များသည် ဤသို့အစဉ်အမြဲလေ့ကျင့်နေပါက သူတို့၏အဆင့်များကိုမြင့်တင်နိုင်ကြောင်း ရှောင်ယုနားလည်ထားသည်။သို့သော် ထိုသို့သောအရှိန်နှုန်းသည် အလွန်နှေးကွေးသည့်အတွက်ကြောင့် အဆင့်ကိုလျင်မြန်စွာမြင့်တင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် တိုက်ပွဲများဆင်နွဲခြင်းကိုသာ အသုံးပြုကြသည်။
ယခုလည်း ရှောင်ယုသည် ဂရင်း၏နံဘေးသို့ ရောက်ရှိလာကာ မြေခွေးတစ်ကောင်လို ကောက်ကျစ်စွာပြုံးလိုက်မိသည်။
"ဂရင်း မင်းကိုကြည့်ရတာခုတလော တော်တော်အဆင်ပြေနေတာပဲ..."
ဂရင်းသည် ရှောင်ယုအား ရိုးသားသောအကြည့်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ခုလိုမေးတဲ့အတွက် ကျေးဇူးပါသခင်...ငါတို့အကုန်လုံးခုချိန်မှာ အကုန်အဆင်ပြေကြပါတယ်"
ရှောင်ယုသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး စဉ်းစားဟန်ဆောင်ကာ မေးမြန်းလိုက်သည်။
"မင်းကိုငါမေးချင်တာ တစ်ခုလောက်ရှိတယ်...ငါခုတလော နတ်သူငယ်လေးသည်တော်တချို့ကို ဆင့်ခေါ်ထားတယ်ဆိုပေမဲ့...သူတို့ထဲက အချို့က ငါ့ကိုသဘောမကျသလိုပဲ...ပြီးတော့သူတို့က တော်တော်လေးမာနကြီးတယ်...ဒါကြောင့်သူတို့ရဲ့သစ္စာရှိမှုကို မြင့်တင်ပေးနိုင်တဲ့နည်းလမ်းတွေရှိသေးလား..."
ဂရင်းသည် ရှောင်ယု၏မေးခွန်းကိုကြားသည်နှင့် သူ့နောက်ကျောမှဓားကို ချက်ချင်းဆွဲထုတ်လိုက်သည်။
"သခင့်ကို အဲ့ကောင်တွေကမရိုမသေလုပ်ဝံ့တာလား...ငါသူတို့ကိုသွားပြီး သင်ခန်းစာပေးမယ်"
"ဟေး...မလုပ်နဲ့ဟ..."
ရှောင်ယုက ဂရင်းကိုအလျင်အမြန်ဆွဲထားလိုက်ရသည်။
သူ့အပေါ်ထားရှိသော ဂရင်း၏သစ္စာစောင့်သိမှုသည် အလွန်ကောင်းမွန်၍ ရှောင်ယုဝမ်းသာခဲ့ရသည်။သို့သော် ပြသနာမှာ အောစ့်များနှင့်နတ်သူငယ်များအကြား ကောင်းမွန်သောဆက်ဆံရေးမရှိသောကြောင့် ဂရင်းသာ ယခုလိုသွားရောက်ပြသနာရှာပါက ဆိုးရွားသောကိစ္စများဖြစ်ပွားလာနိုင်ပေသည်။
"သူတို့က ငါ့အမိန့်ကိုနားထောင်ကြတယ်...သူတို့မှာပြသနာရှိတာက နည်းနည်းမာနကြီးပြီး ငါ့ကိုမလေးစားတာပဲ...အဲ့ဒါကြောင့် သူတို့ကိုငါ့အပေါ် လေးစားလာအောင်လုပ်ရတဲ့နည်းကို ငါသိချင်တာပဲ..."
ရှောင်ယုသည် ဂရင်းကိုစိတ်တည်ငြိမ်အောင် ကြိုးစားဖျောင်းဖျ၍ ပြုံးပြလိုက်သည်။
ထိုသို့တိုင်အောင် ဂရင်း၏ရင်ဘတ်သည် နိမ့်လိုက်မြင့်လိုက်ဖြစ်နေဆဲဖြစ်ကာ သူ၏ဒေါသများသည် ပျောက်ကွယ်သွားပုံမရပေ။
"ကိုယ့်ကိုကိုယ်မာနကြီးနေတဲ့ နတ်သူငယ်တွေက ခုချိန်ထိတိုင်အောင် သူတို့ကို နတ်ဘုရားမရဲ့တမန်တော်လို့ထင်နေတာလား...အနှေးနဲ့အမြန်ဆိုသလို သူတို့ကိုသင်ခန်းစာတစ်ခုပေးရမယ်...သခင်သိချင်တဲ့ မေးခွန်းအတွက်က အဖြေရှိတယ်...သူတို့ကမင်းရဲ့အမိန့်ကိုနာခံပေမဲ့ မလေးစားကြဘူးဆိုတာက အရှင့်အပေါ်ထားရှိတဲ့ သူတို့ရဲ့သစ္စာစောင့်သိမှုက နိမ့်နေလို့ပဲ...တကယ်လို့ အရှင်ကသာ သူတို့ရဲ့သစ္စာစောင့်သိမှုကို အမြင့်ဆုံးရရှိခဲ့ရင် သူတို့အကုန်လုံးက မင်းကိုသူတို့ရဲ့နတ်ဘုရားမလို လေးစားကြလိမ့်မယ်...ဒါပေမဲ့ သူတို့ရဲ့သစ္စာစောင့်သိမှုကိုရရှိဖို့ အရမ်းကိုခက်ခဲလိမ့်မယ်"
"သစ္စာရှိမှု..."
ရှောင်ယုသည် ဂရင်း၏အချက်အလက်များတွင် ထိုကဲ့သို့အချက်အလက်တစ်ခုကို တွေ့မြင်မိခဲ့ကြောင်း ရုတ်တရက်သတိရသွားခဲ့သည်။
ရှောင်ယုသည် သူ၏ဂိမ်းမျက်နှာပြင်ကို ဖွင့်လှစ်လိုက်ပြီး ဂရင်း၏သစ္စာစောင့်သိမှုအား စစ်ဆေးလိုက်ရာ အစိမ်းရောင်နောက်ခံဖြင့် ၂၀ဟုပြသထားသည်ကို တွေ့လိုက်ရသည်။
တိုင်ရန်ဒီ၏ဘေးဘက်တွင် အနီရောင်နောက်ခံဖြင့် အနုတ်လက္ခဏာကိုပြနေသော အနီရောင်အညွန်းတစ်ခုရှိပြီး သူမ၏သစ္စာစောင့်သိမှုသည် - ၁၀ထိရောက်ရှိနေခဲ့သည်။
"ဒါက အနုတ်၁၀လား..."
ရှောင်ယုသည် တအံ့တသြရေရွတ်မိလိုက်ပြီး ဂရင်းအား မေးမြန်းလိုက်သည်။
"သူမရဲ့သစ္စာစောင့်သိမှုက တိုးနိုင်လား...ဒါမှမဟုတ် အဲ့ထက်လျော့ဖို့ဖြစ်လာနိုင်မလား..."
"သစ္စာစောင့်သိမှုကို တိုးမြင့်စေတာက အလွန်ကိုနှေးကွေးတယ်...ဥပမာအားဖြင့် သူမနဲ့ကျနော်တို့ ဘေးချင်းယှည်တိုက်ခိုက်ပြီး အသက်နဲ့သေခြင်းတိုက်ပွဲတွေကို အကြိမ်ကြိမ်ကျော်ဖြတ်ပြီးတဲ့နောက်မှာ သူမရဲ့သစ္စာစောင့်သိမှုက နည်းနည်းတိုးလာလိမ့်မယ်...ဒါ့အပြင် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုလိုက်ပြီး သစ္စာရှိမှုကိုရရှိစေတယ်...ဥပမာအားဖြင့် သခင်က သေဆုံးသွားခဲ့တဲ့ အောစ့်စစ်သည်တော်တွေကို မုန်တိုင်းပလ္လင်ဆီပြန်သယ်လာတာက ငါတို့အတွက်ကြီးမြတ်တဲ့ချီးမြောက်မှုဖြစ်ပြီး ငါတို့ရဲ့သစ္စာစောင့်သိမှုကို တိုးပွားစေတယ်...ဒီလိုပဲ သခင်ကငါတို့ရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရင် ငါတို့ရဲ့သစ္စာစောင့်သိမှုကို တိုးမြင့်စေလိမ့်မယ်"
"အဲ့ဒါဆိုရင် ငါနားလည်ပြီ..."
ဂရင်း၏ရှင်းပြချက်ကို နားလည်ပြီးနောက် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုသည် အနုတ်လက္ခဏာပြနေချိန်တွင် ဂရင်း၏သစ္စာစောင့်သိမှုသည် အဘယ်ကြောင့်မြင့်မားနေကြောင်း ရှောင်ယုသဘောပေါက်သွားခဲ့သည်။
တိုင်ရန်ဒီအား ဆင့်ခေါ်လိုက်သည့်အခိုက်အတန့်တွင် သူသည်တိုင်ရန်ဒီအား စော်ကားရန်ရည်ရွယ်ချက် ရှိခဲ့သောကြောင့် တိုင်ရန်ဒီသည် သူ့အပေါ်ဆိုးရွားသော အမြင်ရှိနေခြင်းဖြစ်သည်။
ထိုသို့ဖြစ်လာမည်မှန်း နားလည်ခဲ့ပါက ရှောင်ယုသည် သူမအားဆင့်ခေါ်ချိန်တွင် လူကြီးလူကောင်းဆန်ဆန် ပြုမူခဲ့မှာဖြစ်သည်။
"သစ္စာစောင့်သိမှု အရမ်းမြင့်ရင် ဒါမှမဟုတ် အရမ်းနိမ့်သွားရင် ဘာဖြစ်နိုင်မလဲ..."
ရှောင်ယုက မေးမြန်းလိုက်သည်။
"သစ္စာစောင့်သိမှုက အနုတ်၅၀ ရောက်သွားခဲ့ရင် သူရဲကောင်းတွေက မင်းကိုစွန့်ခွာသွားလိမ့်မယ်...သစ္စာစောင့်သိမှုက အနုတ်၁၀၀ရောက်သွားရင် အဲ့ဒီသူရဲကောင်းတွေက မင်းကိုရန်သူလို့သိမြင်လာလိမ့်မယ်...သစ္စာစောင့်သိမှုအမှတ်က ၁၀၀အထိရောက်သွားခဲ့မယ်ဆိုရင်တော့ အဲ့ဒီသူရဲကောင်းက သခင့်အတွက် ဘာမဆိုလုပ်ဆောင်ပေးဖို့ အသင့်ဖြစ်နေလိမ့်မယ်"
ဂရင်းက အသေးစိတ်ရှင်းပြလိုက်သည်၊
"ဘာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးမှာလား..."
ရှောင်ယုသည် ဂရင်း၏စကားကြောင့် အနည်းငယ်အံ့သြသွားခဲ့သည်။
"ဟုတ်တယ်အရှင်....အဲ့ဒီအဆင့်ရောက်သွားရင် ငါတို့ကမင်းခိုင်းသမျှ အရာအားလုံးကို နာခံပြီး စိတ်နှလုံးအကြွင်းမဲ့ဆောင်ရွက်ပေးလိမ့်မယ်"
ဂရင်းက ရိုးသားသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
"အဲ့ဒါဆို အဲဒီလိုဖြစ်သွားတာပေါ့..."
ရှောင်ယု၏မျက်နှာပေါ်တွင် ရက်စက်သောအပြုံးတစ်ခုဖြစ်ပေါ်လာပြီးနောက် သူသည်တိုင်ရန်ဒီအား အနိုင်ယူရန် နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိသွားခဲ့သည်။
*****
အခန်း ၁၂ - တိုက်ပွဲမစမှီကြိုတင်ပြင်ဆင်ခြင်း
ရှေးခတ်စစ်ပွဲအိမ်များမှ နတ်သူငယ်လေးသမားတစ်ယောက်အား ထုတ်လုပ်ရန် နာရီဝက်ကြာမြင့်သည့်အတွက် နှစ်ရက်အတွင်း လေးသမား ၄၀ကျော်ကိုထုတ်လုပ်နိုင်မည်ဖြစ်သည်။
တိုင်ရန်ဒီသည် ယခုအချိန်၌ အဆင့်၁သာရှိသေးသည့်အတွက်ကြောင့် ရှောင်ယုသည် တိုက်ပွဲ၌ပိုမိုအသုံးဝင်စေရန် သူမ၏အဆင့်အား မြန်မြန်တိုးမြင့်ပေးရန် ကြံရွယ်ထားခဲ့သည်။
တိုင်ရန်ဒီသင်ယူနိုင်သော ကျွမ်းကျင်မှု ၄ခုမှာ လောင်မြိုက်မြှားတံ (အဆင့်၃ထိ မြင့်တင်နိုင်သည်) ၊ လင်းယုန်မျက်လုံး (အဆင့်၂ထိမြင့်တင်နိုင်သည်) ၊ ခွဲထွက်မြှားတံ (အဆင့်၃ထိမြင့်တင်နိုင်သည်) နှင့် သားရဲဝိညာဉ် (အဆင့်၃ထိမြင့်တင်နိုင်သည်)တို့ဖြစ်သည်။
လောင်မြိုက်မြှားတံသည် တိုင်ရန်ဒီပစ်လွှတ်လိုက်သော မြှားတံများကို လောင်ကျွမ်းစေအောင် သူမ၏မှော်စွမ်းအားကို အသုံးပြုရသော ကျွမ်းကျင်မှုဖြစ်သည်။
လင်းယုန်မျက်လုံးသည် ဝေးကွာသောအကွာအဝေးတစ်ခုအထိ စောင့်ကြည့်လေ့လာရန်နှင့် သူမ၏မြှားတံများအား ရန်သူ့ထံပစ်ခတ်နိုင်စွမ်း ပိုမိုတိကျစေမယ့် ကျွမ်းကျင်မှုဖြစ်သည်။
ခွဲထွက်မြှားတံသည် တစ်ချိန်တည်းတွင် ဦးတည်ချက်အမျိုးမျိုးသို့ မြှားတံများစွာကို ပစ်လွှတ်နိုင်သည့် ကျွမ်းကျင်မှုဖြစ်သည်။
သားရဲဝိညာဉ်သည်ကား တိုင်ရန်ဒီကို အချို့သောသားရဲများနှင့် ဆက်သွယ်မှုရရှိစေပြီး ၎င်းတို့အားယဉ်ပါးစေရန် ကူညီပေးသော ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။သူမယဉ်ပါးထားသော သားရဲများကိုတိုက်ခိုက်ရာတွင် အသုံးပြုနိုင်ပြီး ထိုသားရဲများ၏ တိုက်ခိုက်ရေးစွမ်းအင်ကို မြင့်တင်ပေးနိုင်သည်။
ထိုကျွမ်းကျင်မှုများအပြင် တိုင်ရန်ဒီထံ၌ အရိပ်လွတ်မြောက်မှုဟူသည့် အထူးကျွမ်းကျင်မှုတစ်ခုရှိသည်။ထိုကျွမ်းကျင်မှုအား အသုံးပြုချိန်တွင် တိုင်ရန်ဒီသည် ရန်သူများ၏အမြင်အာရုံကိုဖုံးကွယ်ရန် အရိပ်များကို အသုံးချနိုင်သည်။
ထိုအရာသည် ညနတ်သူငယ်များ အသုံးများသည့် ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။သို့သော် အရိပ်လွတ်မြောက်မှုသည် ရန်သူထံမှ မိမိကိုယ်ကိုလုံးဝဖုံးကွယ်ထားနိုင်မည်ဟု မဆိုလိုပေ။အသုံးပြုသူသည် မိမိကိုယ်ကို ဖုံးကွယ်ထားနိုင်ရန်အတွက် လိုအပ်သောအခြေအနေအချို့ရှိပေသည်။
ထိုအထဲမှတစ်ခုမှာ အရိပ်မရှိသောနေရာတွင် အရိပ်လွတ်မြောက်ခြင်းသည် အသုံးမဝင်ပေ။
ရှောင်ယုသည် တိုင်ရန်ဒီအား လင်းယုန်မျက်လုံးကို ဦးစွာလေ့လာရန် အမိန့်ပေးခဲ့သည်။ထိုကျွမ်းကျင်မှုသည် အလွန်ပင်လက်တွေ့ကျပြီး ရန်သူအား ထိခိုက်ပျက်စီးစေမှုတိုးမြင့်ပေးသည့်အပြင် အကွာအဝေးတစ်ခုအတွင်း၌ တိုင်ရန်ဒီ၏ပစ်ခတ်မှုများကို တိကျမှုတိုးမြင့်ပေးစေမှာဖြစ်သည်။
ရှောင်ယုသည် ဓားပြအုပ်စုအား ဖျက်ဆီးခြင်းဖြင့် တိုင်ရန်ဒီ၏အဆင့်ကိုတိုးမြင့်ပေးရန် စီစဉ်ခဲ့သည်။ယခုအချိန်တွင် သူ့ထံ၌ အောစ့်စစ်သည်ရာချီ ရှိနေပြီဖြစ်သည့်အတွက်ကြောင့် ရှောင်ယုသည် ဓားပြစခန်းငယ်များကို တိုက်ခိုက်ဖျက်ဆီးရန် ယုံကြည်မှုအပြည့်ရှိနေပြီဖြစ်သည်။
ရှောင်ယုသည် မြေခွေး၏ထောက်လှမ်းမှုအစီရင်ခံစာများကို ဖတ်ရှုပြီးနောက် လူ၁၀၀အောက်ရှိသော ဓားပြအုပ်စုငယ်များကို ဝိုင်းရံရန် အောစ့်စစ်သည် ၂၀၀ကိုအသုံးပြုကာ တိုင်ရန်ဒီအား သူမ၏မြှားပစ်စွမ်းရည်ကို အသုံးပြု၍ ဓားပြများအားသတ်ဖြတ်စေခဲ့သည်။
အစောပိုင်းတွင် ဓားပြများသည် ကြောက်လန့်တကြားဖြင့် အသက်ဘေးမှလွတ်အောင် ထွက်ပြေးကြသော်လည်း တိုင်ရန်ဒီသည် အောစ့်စစ်သည် တစ်ဦး၏ပုခုံးပေါ်၌ ရပ်ကာ မြှားများကိုတစ်စင်းပြီးတစ်စင်း ပစ်လွှတ်၍ ဒါဇင်ပေါင်းများစွာသော ဓားပြများ၏အသက်ကိုနှုတ်ယူခဲ့သည်။
ရှောင်ယုသည် တိုင်ရန်ဒီအား သယ်ဆောင်ထားသည့် အော့စ်စစ်သည်၏ နံဘေး၌ရပ်နေခဲ့သည်။ခဏအကြာတွင် သူသည်အပေါ်သို့မော့ကြည့်လိုက်သော်လည်း တိုင်ရန်ဒီသည် မြှားတစ်စင်းကိုပစ်လွှတ်ပြီးနောက် သူအားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၍ အသက်အန္တာရယ်ကို ခံစားမိလိုက်သည်။
အချိန်ခဏကြာပြီးနောက် ရှောင်ယုလက်မှ မလွတ်မြောက်နိုင်ကြောင်း သဘောပေါက်သွားသည့် ဓားပြအများစုသည် စတင်၍လက်နက်ချခဲ့ကြသည်။
ရှောင်ယုသည် လက်နက်ချခဲ့သော ဓားပြအားလုံးကို ရက်ရက်စက်စက်မသတ်ဖြတ်ခဲ့သော်လည်း သူတို့အားကျွန်အဖြစ်အသုံးပြုရန် စီစဉ်ခဲ့သည်။
စစ်ဆေးမေးမြန်းမှုများ ပြုလုပ်အပြီးတွင် ဓားပြခေါင်းဆောင်သည် အမျိုးသမီးများအား အဓမ္မမတရားပြုကျင့်ခဲ့ပြီး အခြားသောဆိုးသွမ်းမှုများစွာကိုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ၍ တိုင်ရန်ဒီသည် ထိုဓားပြခေါင်းဆောင်အား ချက်ချင်းသတ်ဖြတ်လိုက်သည်။
ထိုတိုက်ခိုက်မှုအပြီးတွင် တိုင်ရန်ဒီသည် အဆင့်၃သို့ရောက်ရှိသွားခဲ့သည်။ရှောင်ယုသည် တိုင်ရန်ဒီအား လောင်မြိုက်မြှားတံနှင့် ခွဲထွက်မြှားတံတို့ကို လေ့လာစေရန် သူမရရှိလာသည့် ကျွမ်းကျင်မှတ်များအား အသုံးပြုစေခဲ့သည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် တိုက်ပွဲအပြီးတွင် ရွှေပြား၂၀၀၀ခန့်သာ ရရှိခဲ့၍ အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။သို့သော် မြေခွေးက ဓားပြအုပ်စုတိုင်းသည် ယခုလိုမချမ်းသာကြောင်း ရှောင်ယုအား ရှင်းပြခဲ့သည်။ယခင်ဓားပြအုပ်စုများသည် ချမ်းသာသောကုန်သည်လှည်းတန်းများကို ကြားဖြတ်လုယက်ထားခဲ့၍ ရွှေပြား၂၀၀၀၀ကျော်ကို ကြွယ်ဝစွာစုဆောင်းထားနိုင်ခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက သာမန်ဓားပြအုပ်စုတစ်ခုတွင် ရွှေပြား ၄၀၀၀-၅၀၀၀ခန့် သိမ်းဆည်းမိခြင်းသည် အလွန်ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။
ဤသို့ဖြင့် ရှောင်ယုသည် ဆယ်ရက်ဟူသောအချိန်တိုအတွင်း မြို့အနီးတစ်ဝိုက်တွင်ရှိသော ဓားပြအုပ်စုအားလုံးကို ရှင်းလင်းနိုင်ခဲ့သည်။သူသည် လက်နက်ချခဲ့သောဓားပြများအားလုံးကို ကျွန်အဖြစ်အသုံးချကာ အောစ့်စခန်း၌ သစ်ခုတ်စေခဲ့သည်။
နတ်သူငယ်များသည် ညစ်ပတ်သောလူသားများကို သူတို့၏အခြေစိုက်စခန်းတွင် နေထိုင်ရန် မည်သည့်အခါမှခွင့်ပြုမည်မဟုတ်သောကြောင့် ရှောင်ယုသည် ထိုကျွန်များအားလုံးကို အောစ့်အခြေစိုက်စခန်း၌ အသုံးချရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။
အဆက်မပြတ်စီးနင်းတိုက်ခိုက်မှုများအပြီးတွင် အောစ့်စစ်သည်များသည် အဆင့်၂သို့ ရောက်ရှိလာခဲ့ကြသည်။ထိုအခါ သူတို့၏အရွယ်အစားသည် အနည်းငယ်ပိုကြီးလာပြီး ပိုမိုအစွမ်းထက်လာကြသည်။သူရဲကောင်းနှစ်ယောက်တွင် ဂရင်းသည် အဆင့်၆သို့ရောက်ရှိခဲ့ကာ တိုင်ရန်ဒီသည် အဆင့်၅သို့ရောက်ရှိလာခဲ့သည်။
ဂရင်း၏ကျွမ်းကျင်မှုများမှာ - လေလမ်းလျှောက်ခြင်း (အဆင့်၁) ၊ ပြင်းထန်သောခုတ်ပိုင်းချက် (အဆင့် ၂)၊ ထပ်ဆင့်ခုတ်ပိုင်းချက် (အဆင့်၃)တို့ဖြစ်သည်။
တိုင်ရန်ဒီ၏ကျွမ်းကျင်မှုများမှာ လောင်မြိုက်မြှားတံ (အဆင့်၂) ၊ လင်းယုန်မျက်လုံး (အဆင့်၁) ၊ ခွဲထွက်မြှားတံ (အဆင့်၂)တို့ဖြစ်သည်။
ရှောင်ယုသည် ကာရီ၏တပ်များ ရောက်ရှိလာမည့်အချိန်ကို တွက်ချက်ခဲ့သည်။ယခုအခါ သူ့ထံတွင် တပ်ဖွဲ့ဝင်၅၀၀ခန့်ရှိနေပြီဖြစ်ကာ ကာရီယူဆောင်လာသည့် ထောင်ပေါင်းများစွာသော စစ်သားများကို ကိုင်တွယ်ဖြေရှင်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ရှောင်ယုသည် မဝေးလှသော အနာဂတ်တွင် သူရင်ဆိုင်ရမယ့် အကြီးမားဆုံး စမ်းသပ်မှုအတွက် လစ်ဟင်းမှုမရှိရလေအောင် အစစအရာရာကြိုတင်ပြင်ဆင်ထားခဲ့သည်။
ယခုအချိန်တွင် ရှောင်ယုသည် ပန်းပဲဆိုင်ကိုတည်ဆောက်ထားပြီဖြစ်ရာ အောစ့်စစ်သည်များအတွက် စစ်လက်နက်များကို စတင်ထုတ်လုပ်နိုင်ပြီဖြစ်သည်။
သို့သော် ချပ်ဝတ်တန်ဆာများနှင့် လက်နက်များ၏စျေးနှုန်းများသည် ရှောင်ယုအား ထိတ်လန့်စေခဲ့သည်။ယခုအခါ သူ့ထံတွင် သံမဏိနှင့်အခြားသော ကုန်ကြမ်းပစ္စည်းများ အလုံအလောက်မရှိခဲ့သည့်အတွက် အောစ့်စစ်သည်တစ်ယောက်၏ ချပ်ဝတ်တန်ဆာတစ်ခုသည် ရွှေပြား၂၀၀ကုန်ကျမယ်ဖြစ်သလို ပုဆိန်များအား အဆင့်မြင့်တင်ရန်အတွက်လည်း ရွှေပြား၅၀ကုန်ကျမည်ဖြစ်သည်။
ဤနေရာတွင် စစ်သည်များအားထုတ်လုပ်သည်ထက် ၎င်းတို့အတွက်ချပ်ဝတ်တန်ဆာများဝယ်ယူခြင်းနှင့် လက်နက်များကိုအဆင့်မြင့်ခြင်းက ပိုမိုကုန်ကျနေသည့်အတွက် ရှောင်ယုက စနစ်အားအပြစ်တင်ခဲ့သည်။
အကျဉ်းချုပ်ပြောရလျှင် သူသည်သင့်လျော်သော ချပ်ဝတ်တန်ဆာတစ်ခုနှင့် အောစ့်စစ်သည်များ၏ ပုဆိန်ကိုအဆင့်မြင့်ရန် ရွှေပြား၂၅၀လိုအပ်ပြီး အောစ့်စစ်သည် ၂၀၀အတွက် ရွှေပြား၅၀၀၀၀တိတိ အသုံးပြူရမှာဖြစ်သည်။
အဆုံးသတ်တွင် ရှောင်ယုသည် ချပ်ဝတ်တန်ဆာနှင့်ပုဆိန်အလက်၁၀၀ကိုသာ ဝယ်ယူရန်ဆုံးဖြတ်ခဲ့သည်။ထို့အပြင် သူသည်အော့စ်များနှင့်နတ်သူငယ်များအတွက် လရောင်ရေတွင်းများနှင့် မြေကျင်းများအား တည်ဆောက်ခဲ့ရသည်။ထိုသို့မဟုတ်ပါက သူတို့အကုန်ငတ်ပြတ်သေဆုံးကုန်မှာဖြစ်သည်။
သို့သော် ပန်းပဲဆိုင်သည် ဓားသခင်၏ဓားကို အဆင့်မြင့်တင်နိုင်ကြောင်း သိရှိခဲ့ရ၍ ရှောင်ယုကျေနပ်သွားခဲ့သည်။ထို့နောက် ကျိုးပဲ့နေသောသံချေးတက်ဓားသည် များစွာပြောင်းလဲသွားခဲ့တော့သည်။
ထိုဓားကိုအဆင့်မြင့်တက်ပြီးနောက် နဂိုကထက်ပိုမိုထက်ရှလာခဲ့ပြီး တိုက်ခိုက်မှုစွမ်းအားသည် ၁၄-၂၃အထိ တဟုန်ထိုးမြင့်တက်သွားခဲ့သည်။
"သံမဏိအပိုင်းအစတွေ..."
ရှောင်ယုသည် စစ်လက်နက်များအား ဝယ်ယူရန်ရွှေပြားများကို အသုံးပြုခြင်းသည် အလွန်စျေးကြီးကြောင်း လေ့လာတွေ့ရှိလိုက်သည်။ရှောင်ယုသည် စစ်ပွဲတစ်ပွဲအား တိုက်ခိုက်ရန် အဘယ်ကြောင့်အရင်းအနှီးများစွာလိုအပ်ကြောင်း စတင်နားလည်လာပြီဖြစ်သည်။ယခုအချိန်တွင်သူသည် ဂိမ်းစနစ်၏ပန်းပဲဆိုင်မှတဆင့် ပစ္စည်းများကိုတိုက်ရိုက်ဝယ်ယူ အသုံးပြုနေသော်လည်း ဤနည်းလမ်းသည် ရေရှည်တွင် အလွန်အကုန်အကျများနိုင်ကြောင်း ခန့်မှန်းမိခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် ပထမဆုံးသော ချပ်ဝတ်တန်ဆာအတွဲကို မြင်တွေ့ချိန်တွင် အနည်းငယ်ကျေနပ်သွားခဲ့သည်။ထိုချပ်ဝတ်တန်ဆာတွင် အပိုအကျိုးသက်ရောက်မှုမပါရှိသော်လည်း အနည်းဆုံးထိုချပ်ဝတ်တန်ဆာသည် အောစ့်တစ်ကောင်၏ အရေးကြီးသောခန္ဓာကိုယ်အစိတ်အပိုင်းများကို ကောင်းကောင်းကြီးဖုံးအုပ်ပေးထားနိုင်သည်။အောစ့်စစ်သည်များသည် တိုက်ပွဲများတွင် အတားအဆီးများအား ဖြတ်ကျော်ရန်အတွက် သူတို့၏ခန္ဓာကိုယ်ကို အဓိကအားထားလေ့ရှိကြသည်။အောစ့်များ၏အရေပြားသည် ထူထဲသော်လည်း ၎င်းတို့အားဖောက်ထွင်း၍ မရဟုမဆိုလိုပေ။
သူယခုရောက်ရှိနေသော မဟာအနောက်ပိုင်းမြေရိုင်းဒေသသည် မဖြစ်ထွန်းသောမြေနေရာတစ်ခုဖြစ်ရာ သံမဏိများအားဝယ်ယူခြင်းသည် ပြသနာတစ်ခုဖြစ်ကြောင်း ရှောင်ယုသတိထားမိပေသည်။ထို့ပြင် ဤဒေသ၌ တူးဖော်နိုင်သည့်အရင်းအမြစ် ရှားပါးလွန်းလှပေသည်။
...
...
ရှောင်ယုသည် သူ၏လေးယောက်မြောက်ခယ်မဖြစ်သူ ဆုရှာရေချိုးနေသည်ကို လွန်ခဲ့သောရက်အနည်းငယ်ခန့်က ချောင်းကြည့်ရန်ကြိုးစားခဲ့သည်။ဆုရှာသည် သူမအားချောင်းကြည့်သူကို ဖမ်းမမိခဲ့သော်လည်း ထိုကောင်သည်ရှောင်ယုဖြစ်ကြောင်း ကျိန်းသေနေခဲ့သည်။
"မင်းပြောချင်တာက သံနဲ့သံမဏိတွေကို ဝယ်ချင်နေတာပေါ့...နောက်ထပ်ရက်အနည်းငယ်ကြာရင် ကာရီက သူ့တပ်ဖွဲ့တွေကိုခေါ်လာပြီး ဒီကိုရောက်လာတော့မယ်...မင်းကဘာလို့ခုထိထွက်မသွားသေးဘဲ စိတ်ပျက်ဖို့ကောင်းတဲ့ကိစ္စတွေကို လုပ်ဆောင်နေရတာလဲ...မင်းဘာလို့ပြန်လာနေသေးတာလဲ..."
ဆုရှာသည် စစ်ဝတ်စုံအား ဝတ်ဆင်ထားပြီး သူမ၏ခါးတွင် ဓားတစ်ချောင်းအား ချိတ်ဆွဲထားခဲ့သည်။သူမသည် ရှောင်ယုအား ဆူပူကြိမ်းမောင်းနေသည့် ရဲရင့်သောသူရဲကောင်းတစ်ဦးနှင့်တူညီပေသည်။
ရှောင်ယုသည် ဆုရှာ၏ဆူပူကြိမ်းမောင်းမှုကြောင့် မတရားသလိုခံစားလိုက်ရသည်။
"အစ်မကြီး ငါကအခု လက်နက်တွေတည်ဆောက်ဖို့ သံမဏိတွေကို ကြိုးစားစုဆောင်းနေတာပဲလေ...ဒီလိုမှငါမင်းတို့ကိုကာကွယ်နိုင်မှာပေါ့...ဘာလို့ငါ့ကိုပဲဆူပူနေတာလဲ..."
"မင်းက အဲလိုပြောရဲတဲ့မျက်နှာရှိသေးတာပေါ့...အလောင်းအစားတစ်ခုကြောင့် ခယ်မငါးယောက်လုံးကိုဆုံးရှံးခဲ့ပြီး ကာရီရဲ့တပ်ဖွဲ့တွေကို ဒီနယ်မြေဆီ ခေါ်ဆောင်လာခဲ့တာ ဘယ်သူလို့ထင်လဲ...မင်းက ကာရီရဲ့တပ်တွေကို သံမဏိတွေနဲ့အောင်နိုင်မယ်လို့ ထင်နေတာလား...မင်းဒီမှာသေချင်နေတာလား...မင်းဒီမှာသေရင် မင်းအဖေရဲ့ပေးဆပ်ခဲ့မှုတွေက ထိုက်တန်မယ်လို့ထင်လား..."
ဆုရှာသည် ရှောင်ယုအား အဆက်မပြတ်ဆူပူကြိမ်းမောင်းနေခဲ့သည်။သူမ၏မျက်နှာပေါ်တွင် ဒေါသဖြစ်နေသော အမူအရာများဖြစ်ပေါ်နသာ်လည်း သူမသည် ရှောင်ယုအားထွက်ပြေးရန် လှုံဆော်နေဆဲဖြစ်သည်။ထို့ကြောင့် ဆုရှာသည်စိတ်နှလုံးကောင်းသူတစ်ဦးဖြစ်ကြောင်း ရှောင်ယုရိပ်စားမိလေသည်။
"ငါ့အတွက်စိတ်မပူပါနဲ့...ငါ့ဆီမှာကာရီကို အနိုင်ယူဖို့နည်းလမ်းရှိတယ်...ရက်အနည်းငယ်ကြာရင် ကြေးစားအစောင့်တွေကို ငါခေါ်ဆောင်လာခဲ့မယ်...သူတို့က ကာရီရဲ့တပ်တွေကိုအနိုင်ရအောင် ကူညီပေးလိမ့်မယ်"
ရှောင်ယုက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သို့သော် ရှောင်ယုသည် ကာရီ၏တပ်များကို အနိုင်ယူရန်အတွက် ကြေးစားတပ်သားများကို ခေါ်ဆောင်လာမည်ဟု မည်သူကမှ မယုံကြည်ခဲ့ကြပေ။အဘယ်ကြောင့်ဆိုသော် ရှောင်ယုသည် မျက်တောင်မခတ်ဘဲ လိမ်ညာနိုင်သူဖြစ်ကြောင်း လူသိများ၍ဖြစ်သည်။
ကာရီ၏တပ်များကို အနိုင်ယူရန် ကြေးစား၂၀၀၀မှ ၃၀၀၀အထိအနည်းဆုံးလိုအပ်ပြီး ရွှေပြား၁၀၀၀၀၀ ခန့်အနည်းဆုံးသုံးစွဲရန် လိုအပ်ပေသည်။
ယခုအခါ သူတို့နယ်မြေ၏ဘဏ္ဍာရေးအခြေအနေသည် အောက်ခြေသို့ရောက်ရှိနေရာ ထိုပမာဏကိုထုတ်ပေးရန် မတတ်နိုင်ပေ။
"သခင်လေး...မင်းဒီနေရာက အမြန်ဆုံးထွက်သွားရမယ်...မင်းသာစိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် နောင်အနာဂတ်မှာ အခွင့်အရေးရလာတဲ့အခါကျ လက်စားချေနိုင်မှာပါ"
အိမ်တော်ထိန်းဟောင်သည်ပင် သက်ပြင်းချ၍ ရှောင်ယုအားဖျောင်းဖြလိုက်သည်။
ဤကိစ္စစတင်ကတည်းက ရှောင်ယုသည် အချိန်မရွေးထွက်ပြေးသွားလိမ့်မည်ဟု သူယုံကြည်ခဲ့သော်လည်း လဝက်ကုန်ဆုံးသွားပြီးသည့်တိုင်အောင် ရှောင်ယုသည် ဤမြို့ကိုမခွာသေးဟု သူမမျှော်လင့်ထားခဲ့ပေ။
ရှောင်ယုသည် အိမ်တော်ထိန်းဟောင်၏ အကြည့်များရှိ စိတ်ပျက်အားလျော့မှုများကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။သူသည် ကာရီအားအနိုင်ယူလိမ့်မည်ဟု မည်သူကမှမယုံကြည်ကြကြောင်း သိသာထင်ရှားနေသည်။
"ဦးလေးဟောင်...ငါ့ကိုစိတ်ချပါ...ငါဒီနယ်မြေကိုကာကွယ်ပေးနိုင်မယ်လို့ လုံးဝယုံကြည်တယ်"
ထိုအချိန်တွင် အခန်းတွင်းသို့ စစ်သားတစ်ယောက် ဝင်ရောက်လာခဲ့သည်။
"ကာရီက စာပို့လာတယ်..."
ရှောင်ယုသည် စစ်သား၏လက်ထဲမှ စာလိပ်အားယူကာ တစ်ချက်ကြည့်လိုက်သည်။
"စစ်ပွဲကိုလိုချင်ရင် လာခဲ့လို့သူ့က်ိုပြောလိုက်...ငါသူ့ကိုဒီနေရာမှာစောင့်နေမယ်...."
ရှောင်ယုသည် အေးဆေးတည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
"သခင်လေး မင်းထွက်ပြေးဖို့အချိန်ကျလာပြီ..."
အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့က ရှောင်ယုအားအကြံပေးရန် ကြိုးစားလာခဲ့ကြသည်။
အမှန်တော့ ဤနောက်ဆုံးနေ့ရက်များတွင် အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့သည် ရှောင်ယုနှင့်အမျိုးသမီးငါးယောက်တို့ကို ထွက်ပြေးရန် အကြိမ်ကြိမ်နားချခဲ့သော်လည်း မည်သူကမှထွက်ပြေးရန် မကြိုးစားခဲ့ကြပေ။
ရှောင်ယုကိုယ်တိုင်တောင်မှ ထွက်ပြေးရန်မကြိုးစားခဲ့သည့်အတွက် အိမ်တော်ထိန်းဟောင်သည် ဒေါသထွက်လာခဲ့သည်။အကယ်၍ ရှောင်ယုသာ ယခုလိုအသိစိတ်ဝင်နေခဲ့ပါက သူတို့သည်ဤအခြေအနေသို့ ရောက်ရှိလာမှာမဟုတ်ပေ။သို့သော် ရှောင်ယုသာဤနေရာ၌ သေဆုံးသွားခဲ့ပါက သူတို့သည်တမလွန်ဘဝတွင် ရှောင်ကျန်းထျန်အား မျက်နှာချင်းဆိုင်နိုင်မှာမဟုတ်ပေ။
မည်သို့ပင်ဆိုစေ စစ်ပွဲသည် ၃ရက်အကြာတွင် စတင်မည်ဖြစ်သည်။
ယခုအချိန်တွင် ရှောင်ယုသည် အောစ့်စစ်သည် ၂၀၀ ၊ နတ်သူငယ်လေးသမား ၂၀၀ နှင့် ကင်းထောက်မုဆိုး ၁၀၀တို့ကို ပိုင်ဆိုင်ထား၍ ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
လွန်ခဲ့သောတစ်လခွဲလုံး အဆက်မပြတ်တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် အောစ့်စစ်သည် ၂၀၀သည် အဆင့်၂သို့ရောက်ရှိသွားခဲ့ကြသည်။နတ်သူငယ်လေးသမားများသည် အဆင့်၂သို့ရောက်ရှိတော့မည်ဖြစ်သည်။မုဆိုးများသည်ကား ခုခံမှုအားနည်း၍ အလွယ်တကူသေဆုံးနိုင်သည့်အတွက်ကြောင့် ရှောင်ယုသည် ဤတိုက်ပွဲတွင် သူတို့်အားများများစားစားအသုံးပြုရန် မစီစဉ်ထားခဲ့ပေ။မုဆိုးများသည် ကင်းထောက်ရာတွင်သာ အသုံးဝင်နိုင်သည်ဟု ရှောင်ယုခံစားမိခဲ့သည်။
အောစ့်စစ်သည်တော်များ၏ ထက်ဝက်သည် သံချပ်ကာများနှင့် အဆင့်မြင့်တင်ထားသည့် လက်နက်များကိုကိုင်ဆောင်ထားရာ သာမန်အောစ့်စစ်သည်တော်များ လုပ်ဆောင်နိုင်သည့် ထိခိုက်ပျက်စီးမှု၏ နှစ်ဆကို လုပ်ဆောင်နိုင်စွမ်းရှိခဲ့သည်။နတ်သူငယ်လေးသမားများသည် မြို့ရိုးနံရံကိုအမှီပြု၍ အောစ့်စစ်သည်များအား ထောက်ပံ့ပေးကာ မြို့အားကာကွယ်နေသရွေ့ တပ်သား၄၀၀၀နှင့်၅၀၀၀ကြားကို ခုခံကာကွယ်နိုင်မည်ဟု ရှောင်ယုယုံကြည်နေမိသည်။
...
...
"မြှားတွေကိုဝယ်ဖို့ ကုန်ကျစရိတ်တွေ တအားများနေတာလား..."
စနစ်၏အဖြေကို ကြားသောအခါ ရှောင်ယုကအော်ငေါက်မိလိုက်သည်။သူသည် ပိုက်ဆံမရှိသောကြောင့် အောစ့်စစ်သည်များ၏ ထက်ဝက်ကိုသာ သံချပ်ကာများဝတ်ဆင်ပေးခဲ့သည်။ယခုအခါ စနစ်က မြှားတံများဝယ်ယူရန် ပေးရမည်ဟုပြောလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မြှားတံများ၏စျေးသည် မကြီးမားပေ။သူသည် ရွှေ၅ပြားပေးရုံဖြင့် မြှားတံတစ်အိတ်ကိုဝယ်ယူနိုင်ပြီး တစ်အိတ်စီတွင် မြှားတံ၂၀ပါဝင်ပေသည်။ထိုမြှားတံများအပြင် ကိရိယာတန်ဆာပလာများ ၊ ချပ်ဝတ်တန်ဆာများနှင့် ၎င်း၏ပြုပြင်စရိတ်များကိုလည်း ရှောင်ယုကပေးဆောင်ရမည်ဖြစ်သည်။
ရှောင်ယုသည် သံချပ်ကာများ ၊ လေးများနှင့် နတ်သူငယ်များ၏ မြှားတံများကို အဆင့်မြင့်တင်ရန်အတွက် ရှေးဟောင်းစစ်ပွဲအိမ်များကို အဆင့်မြင့်ရန်စီစဉ်ခဲ့သည်။သို့သော် ထိုသို့ပြုလုပ်ရန်အတွက် ရွှေပြား၂၀၀၀၀နှင့် ကမ္မကုသိုလ်မှတ် ၁၀၀၀ လိုအပ်မည်ဖြစ်ကြောင်း သိရှိလိုက်ရ၍ ရှောင်ယုအံ့သြသွားခဲ့ရသည်။
ရှေးဟောင်းစစ်ပွဲအိမ်များကို တည်ဆောက်ခြင်းသည် အခမဲ့ဖြစ်သော်လည်း ၎င်းတို့အားအဆင့်မြင့်တင်ရန်မှာ ထောင်ပေါင်းများစွာသော ရွှေပြားများကုန်ကျမည်ဖြစ်သည်။
ပန်းပဲဆိုင်အပါအဝင် အခြားအဆောက်အဦးများ၏ ပထမအဆင့်အခြေခံသည် တည်ဆောက်ရန် အလွန်စျေးသက်သာသော်လည်း ဒုတိယအဆင့်သို့မြင့်တင်ရန်အတွက် ကြီးမားသောပမာဏတစ်ခုကို ကုန်ကျပေသည်။
မျက်စိတစ်မှိတ်အတွင်း အချိန်၃ရက်ကုန်ဆုံးသွားပြီးနောက် ကပ္ပတိန်ဟွေ့သည် တိုက်ပွဲတွင်ပါဝင်ရန်အတွက် နယ်မြေခံစစ်သား ၄၀၀ကိုသာ စုဆောင်းနိုင်ခဲ့သည်။
သို့သော်လည်း ဤတိုက်ပွဲ၏အဆုံးသတ်သည် ရှံးနိမ့်ခြင်းသာရှိကြောင်း စစ်သားအားလုံးသိရှိထား၍ စစ်သားအားလုံးလိုလိုပင် တိုက်ပွဲဝင်လိုစိတ်မရှိကြပေ။ယခုအခါ ရှံးနိမ့်မှု၏အရိပ်အယောင်သည် စစ်သားများအားလုံး၏ စိတ်ကိုလွှမ်းမိုးခြယ်လှယ်နေခဲ့သည်။
ရှောင်ယုသည် ကြေးစားစစ်သားများကို ငှါးရမ်းမည်ဟု ပြောခဲ့သော်လည်း သူ၏စကားများကို မည်သူကမှမယုံကြည်ခဲ့ကြပေ။ထိုကောင် ရှောင်ယုသည် သူ၏ပါးစပ်မှ မှန်ကန်သောစကားလုံးအချို့ကိုသာ ပြောဆိုစေခဲ့သည်။
အိမ်တော်ထိန်းဟောင်သည် ဝတ်စုံအသစ်ကို ဝတ်ဆင်ထားကာ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
"အရှင်...ဒီကျွန်ဟောင်းကတော့ အဆုံးထိတိုင်အောင် အရှင့်ရဲ့လက်ကျန် အမွေအနှစ်ကိုစောင့်ရှောက်ပြီး ဒီနေရာမှာသေဆုံးရတော့မယ်...ဒါပေမဲ့ ကျနော်က သခင့်ရဲ့နောက်ဆုံးအမွေခံနဲ့ အမျိုးသမီးတွေကို ဘေးကင်းရာမပို့ဆောင်ပေးနိုင်ခဲ့လို့ အရှက်ရမိပါတယ်"
တစ်ချိန်တည်းမှာပင် အိမ်တော်ထိန်းဟောင်၏ မျက်လုံးမှ မျက်ရည်များစီးကျလာခဲ့သည်။
ရှောင်ယု၏ အကြီးဆုံးခယ်မသုံးယောက်သည် လတ်ဆတ်သောသစ်သီးဖျော်ရည်အိုးကို စိုက်ကြည့်ကာအခန်းထဲ၌ ငြိမ်သက်စွာထိုင်နေကြသည်။ဤပျားရည်သစ်သီးဖျော်ရည်သည် သူမတို့၏အကြိုက်ဆုံးဖြစ်သော်လည်း နယ်မြေ၏ဘဏ္ဍာရေးအခြေအနေကြောင့် မသောက်ဖြစ်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော် ထိုပျားရည်သစ်သီးဖျော်ရည်၌ အဆိပ်များရောယှက်နေသောကြောင့် သူမတို့၏နောက်ဆုံး အဖျော်ယမကာဖြစ်လာမှာဖြစ်သည်။
ဆုရှာသည်ကား သူမ၏စစ်ဝတ်စုံအား ဝတ်ဆင်ထားခဲ့ပြီး မြို့ရိုးပေါ်၌ရပ်နေကာ သေဆုံးသည်ထိ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေခဲ့သည်။
သို့သော် မနက်မိုးလင်းချိန်၌ စစ်တပ်တစ်ခုက မြို့အနီးသို့ချည်းကပ်လာခဲ့သည်။
အစောပိုင်းတွင် ကပ္ပတိန်ဟွေ့က ကာရီ၏တပ်များရောက်ရှိလာပြီဟု ယူဆခဲ့သော်လည်း ရှောင်ယုသည်ထိုတပ်ဖွဲ့၏ရှေ့၌ ရပ်နေကြောင်းတွေ့လိုက်ရ၍ အံ့သြသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ...သူတကယ်ပဲကြေးစားတပ်သားတွေ ငှါးနိုင်ခဲ့တာလား...ဒီဖြုန်းတီးတတ်တဲ့သားက ဒီလိုအခြေအနေမျိုးမှာ ကြေးစားတပ်သားတွေအများကြီး ငှါးထားနိုင်ရတာလဲ..."
ထိုကြေးစားများသည် အနည်းငယ်ထူးဆန်းပြီး သူတို့၏ခန္ဓာကိုယ်များကို ကြီးမားသောဝတ်ရုံကြီးများဖြင့် ဖုံးလွှမ်းထားခဲ့သည်။ရှေ့ဆုံးမှတပ်သားများသည် လူကောင်ထွားပြီး အရပ်၂မီတာခန့်မြင့်မားပေရာ အလွန်သန်မာသော စစ်သားများဟုထင်မှတ်ရသည်။ထိုစစ်သားများ၏နောက်တွင် ခန္ဓာကိုယ်သွယ်လျပြီး အချိုးကျသောတပ်သားများလိုက်ပါလာပြီး ကောင်းစွာပြင်ဆင်ထားသော လေးများနှင့်မြှားအိတ်များကို သယ်ဆောင်လာခဲ့ကြသည်။
ထိုအဖွဲ့၏ရှေ့တွင် ကျားဖြူစီးလာသော အမျိုးသမီးတစ်ဦးရှိနေသည်။သူမ၏ခန္ဓာကိုယ်အား အဖြူရောင်ဝတ်ရုံဖြင့်လွှမ်းခြုံထားကာ မျက်လုံးတစ်စုံကိုသာ ဖော်ထုတ်ထားသော်လည်း ထိုမျက်လုံးများမှတဆင့် သူမသည် အလွန်မာနကြီးကြောင်းတွေ့မြင်နိုင်သည်။
"သ..သခင်လေး..သူတို့ကိုမင်းငှါးထားတာလား..."
ကပ္ပတိန်ဟွေ့သည် အံ့သြတုန်လှုပ်နေသော လေသံဖြင့်မေးမြန်းလိုက်သည်။
ရှောင်ယုသည် ဂုဏ်ယူစွာပြုံးလိုက်မိသည်။
"ဟုတ်တယ်...ဒီစစ်တပ်က ကာရီကိုခုခံနိုင်မယ်ထင်လား...."
ကပ္ပတိန်ဟွေ့သည် ရှေ့ဆုံးတန်းရှိ အောစ့်စစ်သည်များကို တစ်ချက်လှမ်းကြည့်ပြီးနောက် အကုန်လုံးသည်လက်ရွေးစင်စစ်သည်များဖြစ်ကြောင်း သိရှိခဲ့ရသည်။
"စစ်တပ်ကသေးငယ်တယ်ဆိုပေမဲ့ အကုန်လုံးကလက်ရွေးစင်တွေပဲဆိုတာ ငါပြောနိုင်တယ်...ခုငါတို့မှာလူ၄၀၀ရှိပြီးတော့ ခုအင်အား၄၀၀ကိုထပ်ပေါင်းထည့်ရင် မြို့ကိုတော့ကာကွယ်နိင်လိမ့်မယ်...ဒါပေမဲ့ ကာရီရဲ့တပ်ကိုအနိုင်ယူဖို့ကတော့ သိပ်ပြီးမသေချာသေးဘူး..."
*****