← Chapters

အခန်း ၁၆-၁၈

Vol. 2 Ch. 16-18

အခန်း ၁၆-၁၈

Vol. 2 Ch. 16-18

အခန်း ၁၆ - တိုင်ရန်ဒီ vs မှော်ဆရာ

ဂါး....

ဂရင်းသည် သူ၏ဓားကိုဝှေ့ယမ်းလိုက်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူသည် ရန်သူစစ်သားများကို သတ်ဖြတ်ရန်အတွက် သူ၏ဓားကိုအဆက်မပြတ် ဝှေ့ယမ်းနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂရင်းသည် အဆင့်၇သို့ရောက်ရှိသွားခဲ့သည်။ရှောင်ယုသည် အဆင့်တက်၍ရရှိလာသော ကျွမ်းကျင်မှုအမှတ်အား ပြင်းထန်သောခုတ်ပိုင်းချက်ကို အဆင့်၃သို့မြင့်တင်ရန် ချက်ချင်းအသုံးပြုစေခဲ့သည်။ဤသို့ဖြင့် ဂရင်းသည် သူ၏ဓားကိုခုတ်ထစ်လိုက်သော အချိန်တိုင်းတွင် စွမ်းအင်လှိုင်းနှစ်ခုက လိုက်ပါလာမှာဖြစ်သည်။

"သူတို့ကိုသတ်..."

ရန်သူစစ်သားများသည် အတုံးအရုံးသေဆုံးနေကြသော်လည်း မြို့ဂိတ်တံခါးကို ဖောက်မဝင်နိုင်၍ ရန်သူတပ်မှူး၏မျက်လုံးများသည် နီရဲသွားခဲ့သည်။

ထို့ကြောင့် ရန်သူတပ်မှူးသည် စစ်သားများကိုကူညီရန်အတွက် ပထမအဆင့်သူရဲကောင်းများဖြစ်သည့် ကပ္ပတိန်နှစ်ယောက်အား အမိန့်ပေးလိုက်သည်။

ကံမကောင်းစွာဖြင့် ဂရင်းသည် အဆင့်၇ထိရောက်ရှိသွားခဲ့ပြီဖြစ်ရာ သူ၏ထပ်ဆင့်ခုတ်ပိုင်းချက်သည် သူ၏တိုက်ခိုက်မှုများကို နှစ်ဆတိုးထိခိုက်စေရန် ၄၅ရာခိုင်နှုန်းတိုမြင့်စေသည့်အပြင် သူ၏တိုက်ခိုက်ရေးစွမ်းအင်ကို များစွာမြင့်တင်ပေးနိုင်သော ပြင်းထန်သောခုတ်ပိုင်းချက်ကို ပိုင်ဆိုင်ထားပေသည်။ထို့ကြောင့် ပထမအဆင့် သူရဲကောင်းတစ်ဦး သို့မဟုတ် နှစ်ဦးသည် ဂရင်း၏ပြိုင်ဘက်များမဟုတ်တော့ပေ။

ဂရင်း၏နောက်ကွယ်တွင် တိုက်ခိုက်နေခဲ့သော အောစ့်စစ်သည်တော်အချို့သည်လည်း အဆင့်၃သို့ရောက်ရှိလာခဲ့သည်။အောစ့်စစ်သည်များသည် သူတို့တာဝန်ယူထားသော ခုခံနေရာများ၌ အရေးနိမ့်စပြုလာချိန်တွင် သူတို့၏မျက်လုံးများသည် သွေးနီရောင်တောက်ပလာပြီး ကြွက်သားများဖောင်းကားလာခဲ့သည်။ထိုအောစ့်စစ်သည်များသည် စိတ်ရိုင်းဝင်လာပြီးနောက် ဒေါသတကြီးအော်ဟစ်လိုက်ကာ ဂရင်းနင့်အတူ ပူးပေါင်း၍ ပထမအဆင့်သူရဲကောင်းနှစ်ဦးလုံးကို သတ်ဖြတ်လိုက်သည်။

ရန်သူစစ်သားများသည် ထိုမြင်ကွင်းကြောင့် ရဲရင့်သောအောစ့်စစ်သည်တော်များကို ကြောက်ရွံ့လာကြသော်လည်း တပ်မှူး၏အမိန့်ပေးချက်အရ ရှေ့တိုးလာကြရသည်။ထို့ပြင် သူတို့သည် အောစ့်စစ်သည်ပမာဏ ၄၀မှ ၅၀ခန့်နှင့် ဂိတ်တံခါးကို အကြာကြီးမကာကွယ်နိုင်ဟု ကောက်ချက်ချထားခဲ့သည်။

သို့သော် ရန်သူစစ်သားများ၏ အလောင်းများသည် အောစ့်စစ်သည်များ၏လက်ချက်ကြောင့် မိနစ်တိုင်းမိနစ်တိုင်းတွင် တိုးမြင့်လာခဲ့သည်။

ဤသည်မှာ ရှောင်ယုတီထွင်ခဲ့သော နည်းဗျူဟာတစ်ခုဖြစ်သည်။သူသည် အောစ့်စစ်သည်များ၏ ခွန်အားကြီးမားမှု ၊ ရဲစွမ်းသတ္တိရှိမှုတို့ကြောင့် သူ၏ယခင်ဘဝဟောင်း၌ နာမည်ကြီးရုပ်ရှင်တစ်ခုဖြစ်သော 300ဟုခေါ်သည့် စပါတန်ရုပ်ရှင်ကားတစ်ကားကို သတိရသွားခဲ့သည်။ထိုဇာတ်ကားတွင် ရဲရင့်သောစပါတန်စစ်သည် ၃၀၀သည် ကျည်းမြောင်းသောတောင်ကြားလမ်းကိုအသုံးချကာ သူတို့ထက်အဆရာထောင်ချီ အင်အားများပြားသော ပါရှန်းစစ်သည်များကို အချိန်အတော်ကြာအောင် ခုခံနိုင်ခဲ့သည်။

ယခုမြို့အဝင်ဂိတ်တံခါးသည် ထိုတောင်ကြားလမ်းလောက် မကျယ်ပြောသော်လည်း အောစ့်စစ်သည်တော်များ၏ တိုက်ခိုက်ရေးအစွမ်းများသည် စပါတန်များနှင့်ယှဉ်ပြိုင်နိုင်သည်။ထို့ပြင် မြို့ရိုးနံရံပေါ်ရှိ လေးသမားများ၏ ပံ့ပိုးကူညီမှုများကိုလည်းရရှိခဲ့သည့်အတွက် ရှောင်ယုသည် အောစ့်စစ်သည်များအား ဂိတ်တံခါးဝတွင် တိုက်ခိုက်စေကာ သူတို့၏အဆင့်တက်နှုန်းအား ပိုမိုလျင်မြန်စေခဲ့လေသည်။

မြို့တံခါး၏အကျယ်အဝန်းသည် ကန့်သတ်ထားသည့်အတွက်ကြောင့် တစ်ချိန်တည်းတွင် အရေအတွက်ကန့်သတ်ချက်များဖြင့် တိုက်ခိုက်နိုင်၍ ရန်သူစစ်သားများသည် သူတို့၏အရေအတွက် အားသာချက်ကိုဆုံးရှံးသွားခဲ့ရသည်။

သို့သော် ထိုအချိန်၌ ဧရာမမီးလုံးကြီးတစ်ခုသည် ရန်သူစစ်သားများ၏ ခေါင်းကိုဖြတ်ကျော်၌ အောစ့်စစ်သည်များအပေါ်သို့ ကျရောက်လာခဲ့သည်။

ဝုန်း...

ထိုမီးလုံးကြီးသည် အောစ့်စစ်သည်များ၏ အစုအဖွဲ့က်ိုဖြိုခွဲလိုက်ကာ ဖရိုဖရဲဖြစ်စေခဲ့သည်။

မှော်ဆရာကြီး...

ရန်သူစစ်သားများသည် မှော်ဆရာ၏အကူအညီဖြင့် အောစ့်စစ်သည်များ၏ အစုအဖွဲ့ကိုကျော်ဖြတ်နိုင်တော့မည်ဟု ယုံကြည်မိလိုက်၍ အလွန်ပင်ပျော်ရွှင်သွားခဲ့ကြသည်။

အောစ့်စစ်သည်တော်များသည် အစွမ်းထက်သော်လည်း သာမန်လူသားစစ်သားများကဲ့သို့ သူတို့သည်မှော်တိုက်ခိုက်မှုများအား ခုခံနိုင်စွမ်းမရှိပေ။

မှော်ဆရာ၏ တိုက်ခိုက်မှုကို အဝေးမှမြင်တွေ့လိုက်ရသည့် ရှောင်ယု၏အကြည့်များသည် ချက်ချင်းအေးစက်သွားခဲ့သည်။ထို့နောက်သူသည် တိုင်ရန်ဒီဘက်သို့မျက်နှာလှည့်လိုက်ကာ အမိန့်ပေးလိုက်သည်။

"ဒီမှော်ဆရာကို သတ်လိုက်...ပြီးတော့ အောစ့်စစ်သည်၅၀နဲ့ လေးသမား၅၀က စစ်ကူတွေအဖြစ် အောက်က်ိုဆင်းသွားပြီး ခုခံကြ"

ယခုအချိန်တွင် ရန်သူစစ်သားများစွာသည် ဂိတ်တံခါးဝကိုဖြတ်ကျော်ကာ တိုက်ခိုက်ရန်ကြိုးစားနေကြသည့်အတွက် လှေကားမှတဆင့် မြို့ရိုးနံရံအားတိုက်ခိုက်သူ အနည်းငယ်သာကျန်ရှိတော့သည်။ထို့ကြောင့် ရှောင်ယုသည် မြေပြင်၌တိုက်ခိုက်နေကြသော တပ်များကိုထောက်ပံ့ပေးရန် စစ်ကူများအားစေလွှတ်ခဲ့သည်။ယခုပုံစံအရ အောစ့်စစ်သည် ၁၀၀ ၊ လေးသမား ၁၅၀နှင့် စစ်သည်၄၀၀တို့သည် မြို့ရိုးနံရံအား ခုခံကာကွယ်ရန်လုံလောက်ပေသည်။

ဝုန်း..

မှော်ဆရာသည် ဖွဲ့စည်းမှုလစ်ဟင်းသွားသော အောစ့်စစ်သည်များ အပေါ်သ်ို့ နောက်ထပ်မီးလုံးတစ်လုံးအား ထပ်မံပစ်လွှတ်လိုက်သည်။ထိုအခိုက်အတန့်တွင် ရန်သူစစ်သားများသည် အခွင့်အရေးကိုအမိအရဖမ်းဆုပ်၍ ဂိတ်တံခါးဝအားဖြတ်ကျော်ရန် ကြိုးစားကြတော့သည်။

စစ်ပွဲစတင်ချိန်မှစ၍ ဂိတ်တံခါးဝ၏ ကာကွယ်ရေးခံစစ်မျည်းကြောင်းတွင် ယခုလိုအားနည်းချက်တစ်ခုပေါ်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အောစ့်စစ်သည်များသည် အလွန်ရဲရင့်ကြသော်လည်း တစ်ဖက်တွင်အရေအတွက် အားသာချက်ကိုပိုင်ဆိုင်ပေသည်။အမှန်တော့ အောစ့်စစ်သည်များ၏ ခုခံကာကွယ်ရေးခံစစ်မျည်းကြောင်းကို ချိုးဖျက်လိုက်သော အဓိကအရေးအကြီးဆုံးဝှက်ဖဲမှာ ထိုမှော်ဆရာပေါ်ပေါက်လာခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ပွဲတစ်ခုတွင် မှော်ဆရာတစ်ဦး၏ အခန်းကဏ္ဍသည် အဓိကအရေးကြီးသော နေရာမှပါဝင်လေသည်။

ရှောင်ယု၏အမိန့်ကိုလက်ခံရရှိပြီးနောက် တိုင်ရန်ဒီ၏အကြည့်များတွင် ခရမ်းရောင်အလင်းများလင်းလက်သွားခဲ့သည်။ထို့နောက် သူမသည် လောင်မြိုက်မြှားတံအား အသုံးပြုလိုက်ကာ မှော်ဆရာဆီဦးတည်၍ သူမ၏မန်နာများနှင့်ရောယှက်ကာ မီးတောက်မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

မီးတောက်မြှားသည် ပြီးပြည့်စုံသော ထောင့်တစ်ခုအား ဖန်တီးခဲ့ကာ ဥက္ကာပျံတစ်ခုလို ပျံသန်းနေစေခဲ့သည်။မန်နာဖြင့်ရောယှက်၍ ပစ်လွှတ်လိုက်သော မြှားတစ်စင်းသည် မှော်ဆရာများ၏တိုက်ခိုက်မှုများကဲ့သို့ အစွမ်းမထက်သော်လည်း မှော်ဆရာအားကာကွယ်ပေးထားသည့် အကာအကွယ်ဒိုင်းလွှာအား ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

တိုင်ရန်ဒီသည် မှော်ဆရာအားသတ်ဖြတ်ရန်အတွက် နောက်ထပ်သာမန်မြှားတစ်စင်းအား အသုံးပြုလိုခဲ့သော်လည်း အခြားသောအစောင့်တစ်ဦးသည် လစ်လပ်သွားသည့်နေရာကို ချက်ချင်းဖြည့်ဆည်းကာ တိုင်ရန်ဒီ၏မြှားများကိုပိတ်တို့ရန် ဒိုင်းတစ်ခုကို ချက်ချင်းထုတ်သုံးခဲ့သည်။

ရှောင်ယုထံတွင် ယခုလိုအဆင့်မြင့်လေးသမားတစ်ယောက် ရှိနေသည်ကို သတိထားမိလိုက်သောအခါ မှော်ဆရာသည် အနည်းငယ်အံ့သြသွားခဲ့သည်။မှော်ဆရာသည် အဝေးမှတိုက်ခိုက်နိုင်သော အစွမ်းထက်သည့် လေးသမားများကိုအကြောက်ဆုံးဖြစ်ပေသည်။ထို့ပြင် ရန်သူသည် သူ၏မန်နာကိုအသုံးပြု၍ မြှားကိုပစ်ခတ်ကာ လေးလံသောဒိုင်းကို ကိုင်ဆောင်ထားသည့် စစ်သားတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေ မှော်ဆရာသည် နောက်ဆုတ်ရန်ရည်ရွယ်ချက်မရှိခဲ့ပေ။သူသည် မှော်မန္တန်စာလုံးများကို ရွတ်ဆိုလိုက်ပြီးနောက် အောစ့်စစ်သည်များထံသို့ နောက်ထပ်မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်သည်။

ထိုသို့ပြုလုပ်ရခြင်းမှာ ရန်သူ့ထံတွင် ထိုကဲ့သို့လေးသမားမျိုး အမြောက်အများမရှိနိုင်ဟု ယုံကြည်ထားသည့်အတွက်ဖြစ်သည်။ထို့ပြင် သူ့ထံ၌မှော်ဒိုင်းတစ်ခု ပါရှိသည့်အတွက်ကြောင့် လုံခြုံစိတ်ချရသည်ဟု မှော်ဆရာကယုံကြည်ခဲ့သည်။

သို့သော်လည်း မှော်ဆရာက တိုင်ရန်ဒီ၏ခွန်အားကို လျော့တွက်မိခဲ့သည်။

သူမထံတွင် လောင်မြှိက်မြှားတံသာမက လင်းယုန်မျက်လုံးဟူသော ကျွမ်းကျင်မှုကိုလည်း ပိုင်ဆိုင်ထားပေသည်။

သူမ၏ပထမဆုံးတိုက်ခိုက်မှုသည် အရာမရောက်ကြောင်း နားလည်လိုက်၍ တိုင်ရန်ဒီသည်အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။သူမသည် ခဏလောက်စဉ်းစားလိုက်ပြီးမှ နောက်ထပ်မြှားတစ်စင်းကို ထုတ်ယူလိုက်သည်။

မှော်ဆရာအားကာကွယ်ထားသည့် လေးလံသောဒိုင်းများသည် အလွန်ပင်ခိုင်မာလှပေရာ သာမန်မြှားတံများသည် ထိုဒိုင်းများကို မကျော်ဖြတ်နိုင်ပေ။လောင်မြှိက်မြှားတံအား ပြန်လည်အသုံးပြုရန်ကြာချိန်သည် ၁၀စက္ကန့်သာဖြစ်ရာ သူမသည်နောက်ထပ်တိုက်ခိုက်မှုတစ်ခုအား စတင်ရန်အချိန်အနည်းငယ် စောင့်ဆိုင်းရမည်ဖြစ်သည်။

ဤသို့ဖြင့် လေတိုးသံနှင့်အတူ လောင်မြှိက်မြှားတံသည် လေးလံသောဒိုင်းကိုအသုံးပြုကာ ကာကွယ်နေသည့် စစ်သားတစ်ယောက်၏အသက်ကိုနှုတ်ယူသွားခဲ့သည်။တိုင်ရန်ဒီသည် ထိုအခိုက်အတန့်တွင် ဒုတိယမြှားကိုပစ်လွှတ်ရန် တစ်စက္ကန့်လေးတောင် တွန့်ဆုတ်မနေခဲ့ပေ။

နောက်ထပ်အစောင့်တစ်ယောက်သည် လစ်ဟင်းသွားသည့် ကွက်လပ်အားဖြည့်ဆည်းရန်အတွက် နေရာဝင်ယူလိုက်သည်။သို့သော် မြှားတံသည် ထိုကွက်လပ်ကိုအချိန်မှီဖြတ်ကျော်နိုင်ခဲ့ကာ မှော်ဆရာ၏လက်ကိုထိမှန်သွားခဲ့သည်။

မှော်ဆရာသည် နာကျင်စွာအော်ဟစ်လိုက်ပြီး မှော်မန္တန်စာလုံးပေါင်းကို မရွတ်ဆိုနိုင်တော့ပေ။သူ၏ခန္ဓာက်ိုယ်အား မှော်ဒိုင်းဖြင့်လွှမ်းခြုံထားသော်လည်း တိုင်ရန်ဒီ၏မြှားသည် ထိုမှော်စွမ်းအင်အကာအရံကိုချိုးဖျက်ကာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

"ဆုတ်ကြ...မြန်မြန်နောက်ပြန်ဆုတ်ကြ..."

မှော်ဆရာသည် ဒဏ်ရာရရှိသွားသည့် သူ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ကာ အစောင့်များကိုနောက်ပြန်ဆုတ်ခိုင်းလိုက်သည်။

မှော်ဆရာတစ်ယောက်၏ ဘဝသည်အလွန်ပင်တန်ဖိုးရှိပေသည်။ဤနေရာ၌ သေဆုံးရမည်ဆိုပါက သူ့အတွက်မထိုက်တန်ပေ။မှော်ဆရာသည် ကာရီ၏ဖခင်ဖြစ်သူမှ ငှါးရမ်းထားခြင်းဖြစ်ရာ ကာရီအပေါ် သစ္စာရှိသူမဟုတ်ပေ။

ထို့ပြင် မှော်ဆရာက တစ်ဖက်မှလေးသမားသည် ဤမျှဝေးကွာသော အကွာအဝေးတစ်ခုအထိ တာဝေးတိုက်ခိုက်မှုကို ပြုလုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှောင်ယုသည် မှော်ဆရာက နောက်တန်းသို့ပြန်လည်ဆုတ်ခွာသွားသည်ကိုကြည့်ပြီး နောင်တအနည်းငယ်ရကာ ခေါင်းယမ်းမိလိုက်သည်။အကယ်၍ သူ့ထံတွင်ငွေကြေးအလုံအလောက်နှင့်ကမ္မကုသိုလ်မှတ်များရှိပါက တိုင်ရန်ဒီအား ပိုမိုကောင်းမွန်သည့် လက်နက်ကိရိယာများ တပ်ဆင်ပေးနိုင်ပေသည်။

တိုင်ရန်ဒီသာ အဆင့်မြင့်လေးတစ်လက်ကို ကိုင်စွဲထားပါက မှော်ဆရာသည် အသက်ရှင်လျက်ဆုတ်ခွာသွားနိုင်မှာ မဟုတ်ပေ။

အောစ့်စစ်သည်များသည် မှော်ဆရာ၏ခြိမ်းခြောက်မှုမရှိတော့၍ ရန်သူစစ်သားများကို အနိုင်ယူစပြုလာခဲ့သည်။ရှောင်ယုပေးပို့သော စစ်ကူများသည်လည်း မူလအောစ့်စစ်သည်များနေရာ၌ အစားဝင်ကာ လေးသမားတို့သည်လည်း အဝေးမှနေရာယူကာ ရန်သူများကိုပစ်ခတ်အားဖြင့် ဦးချိုး၍ အော့စစ်သည်များအား ထောက်ပံ့ပေးခဲ့သည်။

ဤသို့ဖြင့် တိုက်ပွဲရေစီးကြောင်းသည် နောက်ထပ်တစ်ကြိမ် ထပ်မံပြောင်းလဲသွားခဲ့သည်။ကာရီ၏စစ်တပ်သည် ကြီးမားသောဆုံးရှုံးမှုကို နောက်ထပ်တစ်ကြိမ်ခံစားလိုက်ရကာ မြို့အဝင်ဂိတ်တံခါးတိုက်ပွဲ၌ စစ်သား၁၀၀၀ကျော်ထပ်မံဆုံးရှုံးလိုက်ရသည်။

စစ်ပွဲစတင်ချိန်မှစ၍ ကာရီ၏စစ်တပ်သည် စစ်သား၃၀၀၀ကျော်ကို ဆုံးရှုံးထားခဲ့ရပြီဖြစ်သည်။

အခန်း ၁၇ - အနိုင်ရရှိခြင်း

"သခင်လေး...ငါတို့နောက်ဆုတ်ရတော့မယ်...အောစ့်စစ်သည်တွေက အရမ်းသန်မာပြီးတော့ ငါတို့ရဲ့စစ်သားတွေကို မြို့တံခါးဆီထပ်ပို့လို့ မဖြစ်နိုင်တော့ဘူး...အဲလိုဆက်လုပ်ရင် ငါတို့ရဲ့စစ်သားတွေကို သေလမ်းပို့သလို ဖြစ်မှာပဲ"

ကာရီ၏အနားတွင် ရပ်နေသောအစောင့်က ကာရီအား တိုးတိုးလေးသတိပေးလိုက်သည်။

ကာရီသည် ယခုလိုဆိုးရွားသည့် အဆုံးသတ်မျိုးဖြင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထား၍ ကာရီ၏မျက်နှာသည် ညိုးနွမ်းနေခဲ့သည်။

တစ်ဖက်ရှိ စစ်သားအရေအတွက်သည် သူတို့ထက် အဆပေါင်းများစွာလျော့နည်းနေကြောင်း သိသာပေသည်။သို့သော်လည်း အားကောင်းသော အောစ့်စစ်သည်များနှင့် ထူးချွန်သောလေးသမားများ၏ အကူအညီကြောင့် ရှောင်ယုသည် တိုက်ပွဲတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ရာ ကာရီအားဒေါသထွက်စေခဲ့သည်။

ရှောင်ယုက အဲ့ဒီအောစ့်စစ်သည်တွေကို ဘယ်ကရလာတာလဲ...

အောစ့်တွေက လူသားတွေနဲ့ ဘယ်တုံးကမှ သဟဇာတမဖြစ်ခဲ့ဘူး...ဘာလို့ လူသားတစ်ယောက်အတွက် တိုက်ပွဲဝင်ပေးနိုင်ရတာလဲ....အောစ့်တွေနဲ့ ရှောင်ယုတို့မဟာမိတ်ဖွဲ့လိုက်ကြတာလား...အဲ့ဒီလိုပဲဖြစ်ရမယ်...အဲလိုမှ မဟုတ်ရင် အောစ့်တွေက လူသားတွေကို ဘယ်တော့မှ ကူညီပေးမှာမဟုတ်ဘူး...

ကာရီသည် ဤကမ္ဘာ၌ အောစ့်မျိုးနွယ်စုများ မျိုးသုဉ်းလုနီးနီးဖြစ်နေကြောင်း နားလည်သိရှိထားသည်။သူ၏အမြင်တွင် မျိုးသုဉ်းရန်နီးကပ်နေသော အောစ့်များသည် အန်ကာဂန်တောင်တန်း၏အစွန်းအဖျားသို့ ပြောင်းရွေ့လာခဲ့ကာ ခြင်္သေ့မြို့အား သူတို့၏လက်အောက်ခံ အခြေစိုက်စခန်းတစ်ခုအဖြစ် သတ်မှတ်နယ်ချဲ့ခြင်းဖြစ်ရမည်ဟု ကာရီယူဆခဲ့သည်။ဤသို့ဖြင့် ရှောင်ယုနှင့်အောစ့်တို့၏ မဟာမိတ်ကဖြစ်တည်လာရခြင်းဖြစ်ရမည်။

ကာရီသည် အချိန်ခဏကြာအောင် ဆုံးဖြတ်ရခက်ခဲနေခဲ့သည်။သို့သော်လည်း သူစဉ်းစားနေချိန်အတွင်းမှာပင် နောက်ထပ်စစ်သည်၂၀၀ ကျရှံးခဲ့ရသည်။နတ်သူငယ်လေးသမားများသည် အလွန်ထူးချွန်ပေရာ ကာရီ၏စစ်သားများသည် ပုန်းကွယ်ရန်နေရာမရရှိခဲ့ပေ။

စစ်သားတိုင်းလိုလိုပင် ဒိုင်းများ သံချပ်ကာများ တပ်ဆင်ထားသော်လည်း ၎င်းတို့သည် သူတို့၏အသက်ကို အမြဲတမ်းမကာကွယ်နိုင်ခဲ့ပေ။သူတို့သည် မြှားတစ်စင်းအားရှောင်တိမ်းနိုင်ခဲ့လျှင် ဒုတိယ ၊ တတိယမြှားများက သူတို့ကိုသေလမ်းသို့ပို့ဆောင်ပေးမှာဖြစ်သည်။

"နောက်ဆုတ်ကြ..."

ကာရီသည် ယခုထိတိုင် တောင့်ခံထားဆဲဖြစ်သည့် ခြင်္သေ့မြို့၏ ခိုင်ခံသောမြို့ရိုးနံရံအား တစ်ချက်လှမ်းကြည့်လိုက်ကာ ပြန်လည်ဆုတ်ခွာရန် အမိန့်ထုတ်လိုက်သည်။မြို့ဂိတ်တံခါးရှိ အကျယ်အဝန်းသည် ကျည်းမြောင်းပြီး အော့စ်စစ်သည်များက ပိတ်ဆို့ထားခဲ့ရာ သူ၏တပ်များသည် ထိုနေရာအားမဖြတ်ကျော်နိုင်ခဲ့ပေ။

အစောပိုင်းတွင် သူတို့၌ မှော်ဆရာတစ်ဦးရှိပြီး ထိုမှော်ဆရာ၏အကူအညီဖြင့် မြို့တံခါးဝရှိ ပိတ်ဆို့မှုအားဖောက်ထွက်နိုင်ခဲ့သည်။သ်ို့သော်လည်း ရှောင်ယုထံတွင် အလွန်အစွမ်းထက်သော လေးသည်တော်တစ်ယောက်ရှိနေ၍ သူတို့၏မှော်ဆရာကူးမားသည်ပင် ဒဏ်ရာရရှိသွားခဲ့ကာ ရှေ့တန်းသို့ပြန်မသွားနိုင်တော့ပေ။

"နောက်တစ်ခေါက်ကျ အဲ့မြို့ကိုငါရအောင် သိမ်းပိုက်ပြမယ်..."

ကာရီသည် ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်များတွင် အေးစက်မှုများ ဖုံးလွှမ်းသွားခဲ့သည်။

ကာရီထံမှ ဆုတ်ခွာရန်အမိန့်ပေးသံကြာသည်နှင့် စစ်သားများသည် စိတ်သက်သာရာရသွားကြသည်။ယခုအချိန်တွင် မြှားတံများသည် မိုးရွာသကဲ့သို့ သူတို့အပေါ်တဖြုတ်ဖြုတ်ကျနေခဲ့သည်။ထို့ပြင် သူတို့သည် အောစ့်စစ်သည်များအား မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်ခိုက်ရန် သတ္တိမရှိကြပေ။

ရှောင်ယုသည် ရန်သူတပ်သားများ ဆုတ်ခွာသွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး မျက်လုံးများကိုမှေးကျင်း၍ ရန်သူတပ်သားများကို လိုက်လံတိုက်ခိုက်ရမည်လားဟု စဉ်းစားလိုက်သည်။

သို့သော် ခဏမျှကြာအောင် စဉ်းစားပြီးနောက် ရန်သူစစ်သားများနောက် မလိုက်ရန်ဆုံးဖြတ်လိုက်သည်။သူတို့သည် ဤတိုက်ပွဲတွင် ရလဒ်ကောင်းများ ရရှိထားခဲ့ပြီးဖြစ်သော်လည်း ခိုင်ခံ့သောမြို့ရိုးနံရံများ ၊ အောစ့်စစ်သည်တော်များ၏ခွန်အားနှင့် အထက်တန်းစားနတ်သူငယ် လေးသမားများ၏ တိကျမှုကိုအားကိုးအားထားပြုခဲ့ရသည်။

သို့သော် သူတို့သာ ကာရီ၏စစ်တပ်အား လွင်ပြင်ကျယ်တစ်ခု၌ စတင်တိုက်ခိုက်ရမည်ဆိုပါက ထိုအားသာချက်အားလုံးကို ဆုံးရှံးသွားမည်ဖြစ်ကြောင်း ယုံကြည်လက်ခံခဲ့သည်။

အောစ့်စစ်သည်များသည် ထိုကဲ့သို့တိုက်ပွဲများ၌ ပြသနာမရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာအားနည်းသော နတ်သူငယ်လေးသမားများသည် ထိုတိုက်ပွဲ၌ အသေအပျောက်များပြားနိုင်သည်။

နတ်သူငယ်လေးသမားများသည် တာဝေးပစ်တိုက်ခိုက်မှုများတွင် အလွန်အစွမ်းထက်သော်လည်း သူတို့သည် အနီးကပ်တိုက်ခိုက်မှုများတွင် အလွန်ပင်အားနည်းလှပေသည်။အကယ်၍ အကွာအဝေးပြသနာကို ဖြေရှင်းနိုင်ခဲ့ပါက သာမန်ဓားပြတစ်ဦးသည်ပင်လျှင် သူတို့အားအလွယ်တကူသတ်ဖြတ်ချေမှုန်းနိုင်ပေသည်။

ရှောင်ယုသည် ယခင်ကဓားပြစခန်းများအား တိုက်ခိုက်ရာတွင် ဤအားနည်းချက်ကို သတိထားမိခဲ့သည့်အတွက် လေးသမားများအား နေရာချထားရာတွင် အလွန်သတိထားခဲ့ရသည်။

ရှောင်ယုသည် သူရင်ဆိုင်နေရသော ပြဿနာနှင့်ပတ်သက်၍ စနစ်အားမေးမြန်းခဲ့သော်လည်း စနစ်မှရရှိလာသည့်အဖြေသည် သူ့အားစိတ်ရှုပ်စေခဲ့သည်။ရှင်းရှင်းလင်းလင်းပြောရလျှင် နတ်သူငယ်လေးသမားများ၏ အနီးကပ်တိုက်ခိုက်ရေးအစွမ်းကို တိုးမြင့်ပေးနိုင်သော်လည်း ၎င်းတို့၏အဓိကအားနည်းချက်အဖြစ် ဆက်ရှိနေဦးမှာဖြစ်သည်။ရှောင်ယုရရှိထားသောစနစ်သည် ဂိမ်းစနစ်တစ်ခုဖြစ်ရာ တပ်သားတိုင်း၏ အားနည်းချက်နှင့်အားသာချက်ကို လွယ်လွယ်ကူကူမပြောင်းလဲနိုင်ပေ။ဂိမ်းစနစ်ရှိ စစ်သားများကို တိုက်ခိုက်ရေးကဏ္ဍပေါင်းစုံတွင် လေ့ကျင့်ပေးနိုင်သော်လည်း လက်တွေ့ဘဝရှိ ကျွမ်းကျင်စစ်သည်များထက် အားနည်းနေမှာဖြစ်သည်။

ကာရီ၏တပ်များ ဆုတ်ခွာသွားသည်ကိုကြည့်ပြီး ခြင်္သေ့မြို့၏စစ်သားများသည် ရွှင်လန်းစပြုလာခဲ့သည်။တချို့ကမူ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ငိုကြွေးကြသည်။

စစ်ပွဲမစတင်မှီကပင် သူတို့အားလုံးသတ်ဖြတ်ခံရပြီး ခြင်္သေ့မြို့ဖျက်ဆီးခံရမည်ဟု ယူဆထားကြသည်။ထိုသို့ဖြစ်ခဲ့ပါက သူတို့၏မိဘများ ၊ သားသမီးများနှင့် အိမ်ထောင်ဘက်များအားလုံး ထိခိုက်နစ်နာလိမ့်မည်ဟု ယုံကြည်ထားကြသည်။သို့သော် ဤပြဿနာတစ်ခုလုံးအား အစဖော်ဖန်တီးခဲ့သော ဖြုန်းတီးတတ်သောသား၏ဦးဆောင်မှုအောက်တွင် ကာရီ၏တပ်များကို အနိုင်ယူနိုင်လိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ကြပေ။

သူတို့တပ်ဖွဲ့တွင် လူ၁၀၀၀တောင်မရှိသော်လည်း ရန်သူစစ်သား၅၀၀၀ကို အနိုင်ယူနိုင်ခဲ့သည်။ထို့ပြင် တိုက်ခိုက်နေစဉ်အတွင်း ရန်သူစစ်သား၃၅၀၀ခန့်အား အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်ခဲ့၍ ကျယ်လောင်စွာအော်ဟစ် အောင်ပွဲခံလိုက်သည်။

နတ်သူငယ်လေးသမားများနှင့် အောစ့်စစ်သည်တော်များသည် သူတို့၏စိတ်လှုပ်ရှားမှုများကို အပြင်သို့ထုတ်မပြကြဘဲ သစ်ပင်ကြီးများသဖွယ် ငြိမ်သက်နေခဲ့ကြသည်။

"ငါတို့နိုင်ပြီ...ငါတို့အနိင်ရခဲ့ပြီ..."

စစ်သားများသည် တခဲနက်အော်ဟစ် အားပေးလိုက်ကြသည်။

ရှောင်ယု၏ စတုတ္ထခယ်မ ဆုရှာသည် သွေးများစွန်းထင်းနေသော ဓားကိုအဝတ်စဖြင့်သုတ်လိုက်သည်။သူမကိုယ်တိုင်သည်လည်း ကာရီ၏တပ်များရောက်ရှိလာချိန်တွင် သေခြင်းတရားမှမလွတ်မြောက်နိုင်ဟု တွေးထင်ထားခဲ့ပေသည်။

သို့သော် ဤအသုံးမကျသော ဖြုန်းတီးတတ်သည့်သားသည် မည်သည့်နေရာမှ ဤလက်ရွေးစင်စစ်သားများအား ရရှိလာခဲ့သည်ကို အနည်းငယ်အံ့သြမိနေခဲ့သည်။ဤဖြစ်ရပ်တစ်ခုလုံးသည် အလွန်ပင်အံ့သြဖွယ်ကောင်းနေခဲ့ရာ သူမကိုယ်တိုင်ယခုထိ မယုံကြည်နိုင်ဖြစ်နေသေးသည်။ဆုရှာသည် ဝိုင်နီတစ်ခွက်ကို ကိုင်ဆောင်ကာ မြို့ရိုးနံရံပေါ်၌မတ်တပ်ရပ်နေသော ရှောင်ယုအား လှမ်းကြည့်လိုက်ချိန်တွင် ရှောင်ယုသည် ရဲရင့်သော စစ်သူကြီးတစ်ဦး၏ပုံရိပ်ကို ထင်ဟပ်နေခဲ့သည်။

"သူကတကယ်ပဲ အသုံးမကျတဲ့ကောင်လား...ခုကြည့်ရတာ အရင်ကနဲ့မတူတဲ့ လူတစ်ယောက်လိုပါပဲလား..."

ဆုရှာသည် ရှောင်ယုကြုံတွေ့ခဲ့ရသော အပြောင်းအလဲများအကြောင်းကို တွေးတောနေမိခဲ့သည်။ယခုအခိုက်အတန့်တွင် ရှောင်ယုသည် မြို့ကိုအသက်ပေးကာကွယ်မယ့် စစ်သူရဲကောင်းတစ်ယောက်ဖြစ်နေခဲ့သည်။သို့သော် နောက်အခိုက်အတန့်၌ ရှောင်ယု၏အကြည့်များသည် သူ့ဘေးတွင်ရှိသော အမျိူးသမီးလေးသည်တော်၏ ပေါင်များအပေါ်သို့ လျှိ့ဝှက်စွာကျဆင်းနေကြောင်း သူမတွေ့လိုက်ရသည်။

ယခုအချိန်တွင် မြို့ရိုးနံရံပေါ်သို့ လေပြင်းများတိုက်ခတ်နေလေရာ တိုင်ရန်ဒီအား လွှမ်းခြုံထားသောဝတ်ရုံကြီးသည် လေတိုက်အားကြောင့် အထက်သို့လွှင့်တက်နေရာ သူမ၏အချိုးကျလှပသော ပေါင်တံများကိုပေါ်လွင်စေခဲ့သည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုခိုးကြည့်ရင်း သူ၏တံတွေးများသည် ဝိုင်ခွက်အတွင်းသို့ မသိမသာစီးကျနေခဲ့သည်။

"ခွေးတစ်ကောင်က အညစ်အကြေးစားရုံကလွဲပြီး ဘာမှလုပ်တတ်မှာမဟုတ်ဘူး..."

ဆုရှာသည် ဒေါသတကြီးအော်ဟစ်ကျိန်ဆဲလိုက်ကာ သူမ၏ညီအစ်မများကို သတင်းကောင်းပေးရန်အတွက် မြို့ရိုးနံရံမှ အမြန်ဆုံးပြေးဆင်းသွားခဲ့သည်။

ဆုရှာသည် ခန်းမတံခါးကို တွန်းဖွင့်လိုက်သောအချိန်တွင် ညီအစ်မလေးယောက်တို့သည် ရိုးရှင်းသောစားပွဲဝိုင်းတစ်ခု၌ ဝိုင်းဖွဲ့ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ထိုစားပွဲဝိုင်းပေါ်တွင် ပျားရည်ဖျော်ရည်များထည့်ထားသည့် ကရားတစ်ခုရှိနေပြီး အမျိုးသမီးများသည် တိုက်ပွဲရလဒ်ကိုစောင့်မျှော်နေကြသည်။

တိုက်ပွဲရှုံးနိမ့်ပါက သူမတို့သေဆုံးရမည်ဖြစ်သည်။

အိမ်တော်ထိန်းဟောင်သည်လည်း အမျိုးသမီးများ၏ဘေးတွင် ရပ်နေခဲ့ကာ ခန်းမတစ်ခုလုံးအား မှုန်မှိုင်းသောအော်ရာများနှင့် ပြည့်နှက်သွားစေခဲ့သည်။

"ပထမအစ်မ ၊ ဒုတိယအစ်မ ၊ တတိယအစ်မ နဲ့ ပဥ္စမညီမ..."

ဆုရှာသည် ခန်းမအတွင်းသို့ပြေးဝင်လာပြီး တိုက်ပွဲအပြီးတွင် သွေးများဖုံးလွှမ်းနေသည့် စစ်ဝတ်စုံက်ိုပင် မချွတ်ရသေးပေ။

"စတုတ္ထညီမလေး....သူတို့ကနောက်ဆုံးတော့ မြို့ထဲကိုဖောက်ဝင်လာကြပြီလား...နောက်ဆုံးတော့ဒီလိုအချိန်ကိုရောက်လာခဲ့ပြီပေါ့...ဘာပဲဖြစ်ဖြစ် ငါတို့ညီအစ်မတွေ အတူတူသေရတာက ဝမ်းသာစရာပါဘဲ....လာငါတို့နဲ့ လာပူးပေါင်းတော့..."

အကြီးဆုံးခယ်မဖြစ်သော စစ်ယင်သည် သက်ပြင်းချလိုက်ကာ ပျားရည်ဖျော်ရည်များထည့်ထားသော ကရားကိုကောက်ယူလိုက်ပြီ လူတိုင်း၏ပန်းကန်လုံးများထဲသို့ စတင်လောင်းထည့်ပေးလိုက်သည်။

"မဟုတ်ဘူး...ညီမတို့အနိုင်ရခဲ့ပြီ...ကာရီရဲ့စစ်တပ်ကို ငါတို့အနိုင်ရခဲ့ပြီ..."

ဆုရှာသည် အဆိပ်များရောနှောထားသည့် ပျားရည်ဖျော်ရည်ကို လောင်းထည့်နေသော အကြီးဆုံးခယ်မစစ်ယင်အား လျင်မြန်စွာဟန့်တားလိုက်ရသည်။

"ဘာ...ဘာပြောလိုက်တာလဲ..."

ဆုရှာ၏စကားကြောင့် ရှောင်ယု၏ခယ်မလေးယောက်နှင့် အိမ်တော်ထိန်းဟောင်သည် ထိတ်လန့်သွားခဲ့ရသည်။

"စတုတ္ထမြောက်ညီမလေး...ငါတို့ကိုလာနောက်နေတာလား...ငါတို့မှာ သင့်တော်တဲ့စစ်တပ်တစ်ခုမရှိဘူးလေ...ကာရီရဲ့စစ်တပ်ကို ငါတို့ဘယ်လိုအနိုင်ယူနိင်မှာလဲ..."

စစ်ယင်သည် ဆုရှာ၏စကားကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

"ညီမ အမှန်အတိုင်းပြောနေတာ...ဟိုအသုံးမကျတဲ့ ဖြုန်းတီးတတ်တဲ့သားက အောစ့်စစ်သည်တွေအများကြီးပါတဲ့ လက်ရွေးစင်ကြေးစားစစ်သည်တွေကို ငှါးရမ်းလာခဲ့တယ်...ဒါကြောင့်ငါတို့ကာရီရဲ့တပ်ကိုအနိုင်ယူခဲ့ပြီး သူတို့ကိုနောက်ပြန်ဆုတ်စေခဲ့တယ်"

ဆုရှာက သူမတို့အား အလျင်အမြန်ရှင်းပြလိုက်သည်။

"ဘာလဲ...ရှောင်ယုက ကြေးစားတွေကိုငှါးထားတာလား.."

စစ်ယင်အပါအဝင် အခြားသောအမျိုးသမီးများသည် ဆုရှာအား မယုံကြည်ဟန်ဖြင့် လှည့်ကြည့်လိုက်ကြသည်။

ကြေးစားတပ်သားများ ငှါးရမ်းထားသည်ကို သူမတို့နားလည်ပေးနိုင်သော်လည်း မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် အောစ့်စစ်သည်များက ဤနေရာ၌ရောက်ရှိလာသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

ဆုရှာသည် စားပွဲဝိုင်းဆီသို့ ချည်းကပ်လာကာ အဆိပ်များထည့်ထားသည့် ပျားရည်အိုးအား သွန်ချပစ်လိုက်သည်။

"ဒီလူယုတ်မာလေးက အောစ့်စစ်သည်တွေကို ဘယ်လိုငှါးရမ်းလို့ရခဲ့တာလဲ ငါသေချာမသိဘူး...ဒါပေမဲ့ ကာရီရဲ့တပ်တွေကို ငါတို့တွန်းလှန်နိုင်ခဲ့ပြီ...ခုအပြင်ကိုထွက်ကြည့်လိုက်...ငါတို့ရဲ့စစ်သားတွေအားလုံး အော်ဟစ်အောင်ပွဲခံနေကြပြီ..."

အခန်း ၁၈ - လက်ထောက်တပ်ကြပ်ဖြစ်လာခြင်း

အိမ်တော်ထိန်းဟောင်နှင့် ရှောင်မိသားစု၏ ခယ်မများသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လေးသမားများနှင့် အောစ့်စစ်သည်တော်များကို မြင်တွေ့လိုက်ရချိန်မှသာ ဆုရှာ၏စကားကိုယုံကြည်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ယုသည် သေဆုံးသွားခဲ့သော အောစ့်စစ်သည်တော်များ၏ အလောင်းများကိုပြန်လည်ယူဆောင်လာရန်အတွက် အောစ့်စစ်သည်များကိုအမိန့်ပေးခဲ့သည်။ထို့နောက် မြို့သူမြို့သားများအား စစ်မြေပြင်တစ်ခုလုံးကို ရှင်းထုတ်စေခဲ့ပြီး ကာရီ၏တပ်မှ သေဆုံးနေသော ရန်သူစစ်သားများ၏အလောင်းမှ လက်နက်နှင့်ချပ်ဝတ်တန်ဆာများကို ဖြုတ်ယူရန်အမိန့်ပေးခဲ့သည်။

ထို့ပြင် ကပ်ရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရန်အတွက် တွင်းကြီးတစ်တွင်းတူးစေ၍ အလောင်းများကိုတွင်းထဲပစ်ချကာ မီးသဂြိုလ်စေခဲ့သည်။

"ဒီချပ်ဝတ်တန်ဆာနဲ့ လက်နက်တွေကို ပန်းပဲဖိုမှာအရည်ကျိုလိုက်ရင် အောစ့်စစ်သည် ၁၀၀အတွက် သင့်တော်တဲ့ချပ်ဝတ်တန်ဆာနဲ့ လက်နက်တွေကို ငါဖန်တီးနိုင်လိမ့်မယ်...ငါ့ရဲ့အောစ့်စစ်သည်တွေက အရေအတွက်နည်းပါးနေသေးတဲ့အတွက် လက်နက်ကောင်းတွေတပ်ဆင်ပြီး နည်းဗျူဟာတွေကို အကောင်အထည်ဖော် တိုက်ခိုက်ရမယ်"

ရှောင်ယုသည် သူ၏အခြေစိုက်စခန်းအား အနာဂတ်တွင် တည်တည်ငြိမ်ငြိမ်ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းများစွာကို စဉ်းစားနေခဲ့သည်။သူသည် နတ်သူငယ်လေးသမားများအတွက် ယခုအသုံးပြုနေသည့် လေးနှင့်မြှားများကို အစားထိုးရန်ပြင်ဆင်ရမည်ဖြစ်သည်။ထိုသို့ပြုလုပ်ရန်အတွက် သူ့ထံတွင် ငွေကြေးအလုံအလောက်ရှိရန်လိုအပ်သော်လည်း သူ၏နယ်မြေအခြေအနေသည် အလွန်ပင်နိမ့်ပါးနေခဲ့ပေသည်။

ယခုလို စစ်ပွဲအား အနိုင်ရလဒ်ဖြင့် ပိတ်သိမ်းနိုင်ခဲ့ခြင်းသည် ရှောင်ယုအားအလွန်အကျိုးရှိစေခဲ့သည်၊သူသည် ကာရီ၏စစ်တပ်ကိုအနိုင်ယူခဲ့ရုံသာမက အောစ့်စစ်သည်တော်များနှင့်နတ်သူငယ်လေးသမားများအတွက် ရမှတ်များစွာရှာဖွေကာ အဆင့်တက်စေခဲ့သည်။

ယခုအခါ အောစ့်စစ်သည်အားလုံးသည် အဆင့်၂သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ထိုအထဲမှ ၅၀ကျော်သည် အဆင့်၃သို့ရောက်ရှိသွားခဲ့ကာ စိတ်ရိုင်းဝင်ခြင်းကျွမ်းကျင်မှုအား အသုံးပြုနိုင်ပြီဖြစ်သည်။

လေးသမားများသည်လည်း အဆင့်၂သို့ရောက်ရှိခဲ့ကြပြီး ၎င်းတို့အနက်မှ ဒါဇင်ကျော်ခန့်သည် အဆင့်၃သို့ရောက်ရှိသွားခဲ့ပြီး တိကျသောပစ်ခတ်မှုဟူသည့် ကျွမ်းကျင်မှုအား အသုံးပြုနိုင်ခဲ့ကြသည်။ရှောင်ယု၏ တိုက်ပွဲအတွင်း နေရာချထားပုံကြောင့် လေးသမားများသည် ရမှတ်များကိုပိုမိုရရှိလာခဲ့သည်။

ဂရင်းနှင့်တိုင်ရန်ဒီတို့နှစ်ဦးလုံးသည် အဆင့်၈သို့ရောက်ရှိသွားခဲ့ကြသည်။ရှောင်ယုသည် ဂရင်းရရှိလာသော ကျွမ်းကျင်မှုအမှတ်အား လေလမ်းလျှောက်ခြင်းကို အဆင့်မြင့်တင်စေလိုက်ကာ ဂရင်း၏လှုပ်ရှားမှုအမြန်နှုန်းအား ၁၀၀ရာခိုင်နှုန်းမြင့်တင်စေခဲ့သည်။မဝေးလှသော အနာဂတ်တွင် ဂရင်းသည် အစွမ်းထက်သောသူရဲကောင်းစစ်သည်တော်များနှင့် ရင်ဆိုင်ရနိုင်သည်ဟု ရှောင်ယုကယုံကြည်ခဲ့သည်။ထို့ကြောင့် ပိုမိုသွက်လက်ကာ ပျော့ပျောင်းသောခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခြင်းသည် အစွမ်းထက်သော ထပ်ဆင့်ခုတ်ပိုင်းချက်နှင့် ပြင်းထန်သောခုတ်ပိုင်းချက်အား ပိုင်ဆိုင်ထားသည်ထက် အသုံးဝင်သည်ဟု ရှောင်ယုက ယူဆခဲ့သည်။

တိုင်ရန်ဒီ၏ လောင်မြိုက်မြှားတံအစွမ်းသည်လည်း အမြင့်ဆုံးကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိခဲ့သည်။လောင်မြိုက်မြှားတံအား အသုံးပြုကာ ပစ်ခတ်လိုက်သောမြှားချက်များသည် မာကျောသောနံရံများတွင် အပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ရှောင်ယုကိုယ်တိုင်သည်လည်း အဆင့်၅သို့ရောက်ရှိခဲ့ပြီး ကမ္မကုသိုလ်မှတ်များစွာကို ရရှိခဲ့သည်။

ရှောင်ယုသည် သူရရှိလာသောအခြေခံအရည်အချင်းမှတ်များကို ခွန်အား ၊ အမြန်နှုန်း နှင့် ခုခံမှုတို့၌ ၈ ၊ ၈ ၊ ၆စသည်ဖြင့် လျင်မြန်စွာဖြန့်ဝေပေါင်းထည့်ခဲ့သည်။

ဤသို့ဖြင့် ရှောင်ယုသည် ကိုယ်ကာယကြံ့ခိုင်မှုအပိုင်းတွင် သာမန်စစ်သားတစ်ယောက်နှင့် တူညီသောအဆင့်သို့ရောက်ရှိခဲ့ကာ ခြင်္သေ့မြို့တွင်ဆိုလျှင် အနည်းငယ်အားကောင်းသည့် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံရပြီဖြစ်သည်။

ရှောင်ယုသည် အဆင့်တက်ပြီးနောက် ရရှိလာသော ကျွမ်းကျင်မှတ် ၄မှတ်အား အလျင်အမြန်ဖြန့်ဝေခဲ့သည်။ပြင်းထန်သော ခုတ်ပိုင်းချက်အား အဆင့်၃သို့မြင့်တင်ပြီးချိန်တွင် ထပ်ဆင့်ခုတ်ပိုင်းချက်သည်လည်း အဆင့်၃သို့ရောက်ရှိသွားခဲ့သည်။ယခုအခါ ပြင်းထန်သောခုတ်ပိုင်းချက်အပေါ် သူ၏ကျွမ်းကျင်မှုသည် ဂရင်းထက်ပင်မြင့်မားသွားခဲ့သည်။

သို့သော် သူ၏ခွန်အားသည် ဂရင်းထက်များစွာအားနည်းနေသည့်အတွက်ကြောင့် သူ၏တိုက်ခိုက်မှုစွမ်းအားသည် ဂရင်း၏တိုက်ခိုက်မှုစွမ်းအားနှင့် သွားရောက်နှိုင်းယှည်၍မရပေ။

ရှောင်ယုသည် ကာရီအားအနိုင်ရခဲ့သော စစ်ပွဲမှတဆင့် အကျိုးအမြတ်များစွာရရှိခဲ့သော်လည်း ထိခိုက်ကျဆုံးမှုများကို ရှောင်လွဲမရခဲ့ပေ။ဤတိုက်ပွဲတွင် အောစ့်စစ်သည် ၈ဦးကျဆုံးခဲ့ရပြီး ၇ဦးသည်ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကာ ၁ဦးသည်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

ဤသည်မှာ မှော်ဆရာအား တိုက်ပွဲတွင်ပါဝင်ခွင့်ပြုလိုက်သည့် ရလဒ်ဖြစ်သည်။မှော်ဆရာများသည် ဤလောကတွင် အမြောက်သို့မဟုတ် ဧရာမစစ်လက်နက်များနှင့်တူညီပေသည်။ကံကောင်းထောက်မစွာဖြင့် တိုင်ရန်ဒီသည် မှော်ဆရာအားတိုက်ပွဲအတွင်းမှ အချိန်မှီဖယ်ရှားနိုင်ခဲ့သည့်အတွက် သက်သာရာရခဲ့ခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက ရှောင်ယု၏ စပါတန်နည်းဗျူဟာသည် အလုပ်ဖြစ်မှာမဟုတ်ပေ။

ထိုသို့သောအခြေအနေကြောင့် ရှောင်ယုသည် ဤလောက၏မှော်ဆရာများအပေါ် စတင်အာရုံစိုက်လာခဲ့သည်။ဓားသခင်သည် သူရဲကောင်းများစွာကို ရင်ဆိုင်နိုင်သော်လည်း တာဝေးပစ်တိုက်ခိုက်မှုများကို အထူးပြုသောမှော်ဆရာတစ်ဦးအား တိုက်ခိုက်ရန် အလွန်ပင်ခက်ခဲလှပေသည်။

မှော်ဆရာအား ဟန့်တားနေစဉ်အတွင်း လေးသမားတစ်ဦးလည်း သေဆုံးခဲ့ရသည်။မှော်ဆရာကြောင့် အခြေအနေများ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ရန်သူစစ်သားတစ်ဦး၏လက်ချက်ကြောင့် နတ်သူငယ်လေးသမားတစ်ဦးသေဆုံးခဲ့ရသည်။

ရှောင်ယုသည် အလွန်ညံ့ဖျင်းလှသော နတ်သူငယ်လေးသမားများ၏ အနီးကပ်တိုက်ခိုက်ရေးအစွမ်းနှင့် ခုခံကာကွယ်မှုတို့ကြောင့် အနည်းငယ်ခေါင်းကိုက်လာသိုခံစားလိုက်ရသည်။

သူသည် ဤတိုက်ပွဲအပြီးတွင် ဓားပြများ၏စခန်းများကို ရှာဖွေလုယက်ကာ လေးသမားများ၏ ချပ်ဝတ်တန်ဆာများအား တတ်နိုင်သမျှအမြန်ဝယ်ယူရန် ကြံစည်ရမှာဖြစ်သည်။

ရှောင်ယုထံတွင် ရွှေပြားများလုံလုံလောက်လောက် မပိုင်ဆိုင်ထားသော်လည်း ကမ္မကုသိုလ်မှတ်လုံလုံလောက်လောက် ပိုင်ဆိုင်ထားပေသည်။ကာရီနှင့်တိုက်ပွဲတွင် ခြင်္သေ့မြို့အား ခုခံကာကွယ်ရင်း စစ်သား၃၅၀၀ကျော်သတ်ဖြတ်နိုင်ခဲ့ရာ ကမ္မကုသိုလ်မှတ် ၅၀၀၀ကျော်ကိုစုဆောင်းနိုင်ခဲ့ပြီး လက်ထောက်တပ်ကြပ်တစ်ဦးဖြစ်လာခဲ့သည်။

ဆိုလိုသည်မှာ သူသည်အခြားသော အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ရန် အခွင့်အရေးရရှိခဲ့ပြီဖြစ်သည်။

ရှောင်ယုသည် သူ၏တတိယမြောက်အခြေစိုက်စခန်းအဖြစ် လူသားများအားရွေးချယ်ရန် စီစဉ်ခဲ့သည်။ဤတိုက်ပွဲတွင် ရှောင်ယုသည် ရန်သူဘက်မှမှော်ဆရာ၏ စွမ်းဆောင်မှုအားတွေ့မြင်ပြီးနောက် ကိုယ်ပိုင်မှော်ဆရာတစ်ယောက်ထားရှိရန် ဆန္ဒပြင်းပြလာခဲ့သည်။

လက်ရှိဂိမ်းစနစ်တွင် သူသည် အခြေစိုက်စခန်းလေးခုတိတိ တည်ဆောက်နိုင်သော်လည်း ထိုအခြေစိုက်စခန်းများအား အဆင့်၂ သို့မဟုတ် ၃သို့မြင့်တင်ရန် အလွန်ခက်ခဲပေသည်။

ရှောင်ယုသည် အနာဂတ်အတွက် ထိုကိစ္စအား ကြိုတင်၍တွေးတောထားခဲ့သည်။အကယ်၍ နတ်သူငယ်မဟာခန်းမကသာ အဆင့်၂သို့ရောက်ရှိသွားပါက နတ်သူငယ်များ၏ တောင်ဘီလူးများကို ဆင့်ခေါ်နိုင်မည်ဖြစ်သည်။သို့သော် အခြေစိုက်စခန်းများ၏ အခြေခံအဆင့်ကိုမြင့်တင်နိုင်ရန်အတွက် သူ၏ရာထူးအဆင့်ကိုမြင့်တင်ရမှာဖြစ်သည်။တစ်နည်းအားဖြင့်ဆိုရသော် ရှောင်ယုသည် ၎င်းတို့၏အဆင့်များကို မမြင့်တင်မှီ အခြေစိုက်စခန်းလေးခုလုံးအား တည်ဆောက်ရမည်ဖြစ်သည်။

"ရှောင်ယု မင်းတကယ်လုပ်ခဲ့တာလား...မင်းက ကာရီရဲ့စစ်တပ်ကိုအနိုင်ယူပြီးတော့ နယ်မြေကိုကယ်တင်ခဲ့တာလား..."

အကြီးဆုံးခယ်မဖြစ်သူ စစ်ယင်က ရုတ်တရက်မေးမြန်းလာခဲ့သည်။

သူမသည် ရှောင်ယုငယ်ရွယ်စဉ်မှ ကြီးပြင်းလာသည်အထိ မြင်တွေ့ခဲ့သူတစ်ဦးဖြစ်သည်။ယခုအခါ ရှောင်ယုသည် ဤကဲ့သို့သောအကျပ်အတည်းတစ်ခုတွင် ကြီးကြီးမားမားစွမ်းဆောင်ပြခဲ့သည့်အတွက်ကြောင့် သူမသည် ရှောင်ယုကိုယ်စား အလွန်ဝမ်းသာမိပေသည်။

"အစ်မကြီး...စိတ်ချထားလို့ရပါပြီ...ငါအခုကြီးပြင်းလာပြီးတော့ လူကြီးတစ်ယောက်ဖြစ်လာခဲ့ပါပြီ...ခုချိန်ကစပြီး ငါမင်းကိုကာကွယ်မယ်...အဖေ့ရဲ့အမွေကိုဆက်ခံပြီးတော့ ခြင်္သေ့မြို့ကိုအသန်မာဆုံးနယ်မြေတစ်ခုဖြစ်အောင်လို့ ငါကြိုးစားပြမယ်"

စစ်ယင်၏မျက်နှာပေါ်ရှိ သနားစဖွယ် အားကိုးရာမဲ့အကြည့်ကို တွေ့မြင်လိုက်ရချိန်တွင် ရှောင်ယု၏နှလုံးခုန်နှုန်းသည် မြန်ဆန်လာခဲ့ပြီး သူ့ကိုယ်သူသန်မာအောင်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

"ရှောင်ယု...မင်းအခုလိုသန်မာလာတာကို တွေ့မြင်ရတာ ငါ့အတွက်တကယ်ဝမ်းသာစရာပဲ..."

စစ်ယင်သည် ရှောင်ယု၏စကားများကြောင့် ဝမ်းသာအားရဖြစ်ကာ ရှောင်ယုအား ပွေ့ဖက်လိုက်သည်။

ရှောင်ယုသည် သူ၏ပွေ့ဖက်မှုအား ငြင်းဆန်ရန် အစီအစဉ်မရှိခဲ့ပေ။အမှန်တော့ ရှောင်ယုသည် စစ်ယင်၏ရင်သားများအကြား ခေါင်းကိုပွတ်သပ်ရင်း မျက်ရည်ကျလာသလို ဟန်ဆောင်နေခြင်းဖြစ်သည်။ထိုအခိုက်အတန့်တွင် ပျော့ပျောင်းသောတိမ်တိုက်များက သူ၏ခေါင်းကိုပွတ်သပ်နေသကဲ့သို့ ရှောင်ယုခံစားနေရသည်။

စစ်ယင်သည် ရှောင်မိသားစုထဲသို့ လက်ထပ်ကာစတင်ဝင်ရောက်စဉ်က အသက်၁၇နှစ်သာရှိသေးပြီး ထိုအချိန်က ရှောင်ယုသည်အသက် ၆နှစ်အရွယ်သာရှိသေးသည်။စစ်ယင်သည် ထိုအချိန်က သွက်သွက်လက်လက်ရှိကာ ချစ်စရာကောင်းသောရှောင်ယုကို အလွန်ပင်ချစ်ခင်ခဲ့သည်။စစ်ယင်သည် သူမ၏ခင်ပွန်းသေဆုံးပြီးနောက်တွင် ရှောင်ယုအား သူမ၏အခန်းထဲ၌အိပ်စက်စေခဲ့သည်။

ရှောင်ယု၏မိခင်သည်လည်း ရှောင်ယုငယ်စဉ်ကတည်းက သေဆုံးသွားခဲ့ကာ ရှောင်ယုသည် စစ်ယင်အားအလွန်အားကိုးခဲ့သည်။

သို့သော် ရှောင်ယုကြီးပြင်းလာသည်နှင့်အမျှ အမျိုးသားများနှင့် အမျိုးသမီးများကြားရှိ ခံစားချက်များကိုနားလည်လာခဲ့သည်။ထို့ကြောင့် ရှောင်ယုသည် ပျော်ရွှင်မှု၏အရသာကို စတင်ခံစားလာခဲ့သော်လည်း သူ၏ခံစားချက်များလောင်ကျွမ်းလာသည့်အချိန်တိုင်းတွင် သူ၏စိတ်ဆန္ဒအားဖြေရှင်းရန် အခြားအမျိုးသမီးများကို ရှာဖွေခဲ့သည်။သို့သော် သူ၏စိတ်ထဲ၌ အကြီးဆုံးခယ်မအကြောင်းကို အမြဲတွေးနေခဲ့သည်။

စစ်ယင်နှင့် ဒုတိယခယ်မအပြင် ရှောင်ယုသည် အခြားသောသူများနှင့်လည်း ပတ်သက်မှုများရှိခဲ့ပေသည်။ဒုတိယခယ်မသည် ရှောင်မိသားစုတွင် အစောဆုံးလက်ထပ်ထားခဲ့သော ခယ်မတစ်ယောက်ဖြစ်ပေရာ ရှောင်ယုသည် သူမနှင့်လည်း ရင်းနှီးသောပတ်သက်မှုရှိသည်။သို့သော် တတိယ ၊ စတုတ္ထနှင့် ပဥ္စမမြောက်ခယ်မတို့သည် ပထမနှင့်ဒုတိယခယ်မများနှင့် ယှဉ်ကြည့်လျှင် ပိုမိုငယ်ရွယ်သောကြောင့် ရှောင်ယုသည် သူမတို့ရေချိုးသည်အား မကြာခဏချောင်းကြည့်လေ့ရှိခဲ့သည်။

ဤသို့ဖြင့် ရှောင်ယု၏ပုံစံသည် ခယ်မများ၏အမြင်၌ တဖြည်းဖြည်းစတင်ဆိုးဝါးလာခဲ့သည်။

စတုတ္ထမြောက်ခယ်မ ဆုရှာသည်ကား ဘေးမှရပ်ကြည့်နေရင်း ပထမနှင့်ဒုတိယမြောက် ခယ်မများကို တစ်လှည့်စီပွေ့ဖက်နေသော ရှောင်ယုအား စိုက်ကြည့်နေခဲ့သည်။သို့သော် တစ်ခါတစ်ရံတွင် ရှောင်ယု၏လက်များသည် မတော်တဆဆိုသလို သူမတို့၏တင်ပါး သို့မဟုတ် ပေါင်များကိုထိတွေ့နေခဲ့သည်။

ရှောင်ယု၏ အကြီးဆုံးခယ်မဖြစ်သော စစ်ယင်သည် ခြင်္သေ့မြို့တွင် အတော်လေးကျော်ကြားသည့် အမျိုးသမီးကောင်းတစ်ဦးဖြစ်ကာ တိတ်ဆိတ်ငြိမ်သက်ပြီး အကျင့်သီလပြည့်စုံသော အမျိုးသမီးဖြစ်သည်။သူမအား လက်ထပ်ခွင့်ရရန် သူ၏အကြီးဆုံးအစ်ကိုက မည်ကဲသို့လှည့်စားခဲ့ကြောင်း ရှောင်ယုမသိခဲ့ပေ။သူမ၏ခန္ဓာကိုယ်သည် မိုးမခပင်ကဲ့သို့ သေးသွယ်ပြီးနူးညံ့လှပေသည်။ရှောင်ယုသည် သူမအား သူ၏ယခင်ဘဝမှ နာမည်ကြီးကဗျာဆရာတစ်ယောက်ဖြစ်သူ လီချင်ကျောက်နှင့် တူညီသည်ဟု ထင်မြင်မိသည်။

ရှောင်ယုနှင့် ဒုတိယခယ်မအကြား ဆက်ဆံရေးသည်လည်း အလွန်ကောင်းမွန်ပေသည်။သို့သော် သူကြီးပြင်းလာသည်နှင့်အမျှ ရှောင်ယု၏အကျင့်ဆိုးများကြောင့် သူမသည်ဒေါသထွက်လာခဲ့ပြီး ရှောင်ယုနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့သည်။သူမ၏အမည်သည် စုဟန်ဖြစ်ပြီး ရှောင်ယုကသူမအား ပွေ့ဖက်ချိန်တွင် အနည်းငယ်ငြင်းဆန်ချင်ခဲ့သည်။ရှောင်ယုသည် သူမ၏တင်ပါးကို တိတ်တဆိတ်ဖြစ်ညစ်လိုက်ချိန်တွင် သူမသည်ရူးသွပ်လုနီးပါးဖြစ်ခဲ့သော်လည်း လူအများနှင့်စစ်သားများ၏ရှေ့တွင် စိတ်ထိန်းထားခဲ့ရသည်။

ထို့နောက် ရှောင်ယုသည် သူ၏တတိယခယ်မဖြစ်သူကို စတင်ပွေ့ဖက်လိုက်သည်။သူမ၏အမည်သည် ကမ်မီလာဖြစ်ကာ ဥရောပအနွယ်ဝင် ရွှေရောင်ဆံပင်ပိုင်ရှင်မိန်းကလေးဖြစ်သည်။သူမသည် အရည်ရှည်ပြီး ပွင့်လင်းမြင်သာသော ရုပ်ရည်ရှိပေသည်။သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကိုအမြဲတပ်ဆင်ထားသောကြောင့် ရှောင်ယုက သူမအား မက်ဒေါနားနှင့်တူသည်ဟု ထင်မြင်ခဲ့သည်။

ကမ်မီလာသည် ရှောင်ယုထက် ခေါင်းတစ်လုံးပိုမြင့်သည့်အတွက်ကြောင့် ရှောင်ယု၏ဦးခေါင်းသည် ဧရာမတောင်တန်းကြီးများနှင့် ပြင်းထန်စွာပွတ်တိုက်မိလေတော့သည်။ရှောင်ယုသည် တဖြည်းဖြည်းအတင့်ရဲလာကာ သူ၏သွားများကိုပင်အသုံးပြုလာ၍ ကမ်မီလာ၏မျက်နှာထားသည် ချက်ချင်းတင်းမာသွားခဲ့ကာ သူမ၏သွယ်လျသောခြေထောက်ကို ညင်သာစွာမြှောက်လိုက်ပြီး ရှောင်ယု၏ဝမ်းဗိုက်အောက်ခြေကို ကန်ကျောက်လိုက်သည်။

ထိုကန်ချက်ကြောင့် ရှောင်ယုသည် အနည်းငယ်နာကျင်ခံစားခဲ့ရသည်။ကံကောင်းထောက်မစွာဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် အဆင့်မြင့်တင်ထားမှုများကို ဖြတ်ကျော်နိုင်ခဲ့၍ အနည်းငယ်ခံသာပေသေးသည်။ထိုသို့မဟုတ်ပါက ယခုအချိန်၌သူသည် နာကျင်စွာဖြင့် အိပ်ရာထဲလဲလျောင်းနေရမှာဖြစ်သည်။

ရှောင်ယုသည် သူ၏ပဥ္စမမြောက်ခယ်မအား ပွေ့ဖက်တော့မည့်အချိန်တွင် စတုတ္ထမြောက်ခယ်မ ဆုရှာသည် သူ့ရှေ့တွင်ပိတ်ဆို့တားဆီးလိုက်၍ ရှောင်ယုသည် ခပ်မဲ့မဲ့ပြုံးလိုက်ကာ ရပ်တန့်လိုက်ရသည်။

"ငါ့မှာအပေါဆုံးက အချိန်တွေပဲ...မင်းငါ့ကိုအချိန်တိုင်း တားဆီးနိုင်လိမ့်မယ်လို့ ထင်နေတာလား..."

ရှောင်ယုသည် သူတစ်ယောက်တည်းသာ ကြားနိုင်သောလေသံဖြင့် တိုးတိုးလေးရေရွတ်မိလိုက်သည်။

All Chapters