← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 30-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 30-33

အခန်း ၃၁ - လှံပစ်စက်က ရန်သူ၏မျှော်လင့်ချက်ကို ရိုက်ချိုးခြင်း

အမာခံမြင်းတပ်၏ ချီတက်သံသည် တင့်ကားများရွေ့လျားနေသကဲ့သို့ ပဲ့တင်ထပ်နေခဲ့သည်။အမာခံမြင်းတပ်သည် စစ်မြေပြင်သို့ဝင်ရောက်လာချိန်တွင် လေထုအခြေအနေသည် တင်းမာလာခဲ့သည်။

အမာခံမြင်းတပ်သည် မီတာ ၃၀၀အကွာအဝေးသို့ ဖြတ်ကျော်ရန်အတွက် အကြမ်းဖျင်း၁၀စက္ကန့်ခန့်သာ အချိန်ယူရမည်ဖြစ်သည်။အစွမ်းထက်ပါသည်ဆိုသော အောစ့်စစ်သည်များသည်ပင် အမာခံမြင်းတပ်၏ချီတက်မှုကို မရပ်တန့်နိုင်ပေ။အဆုံးသတ်တွင် အောစ့်စစ်သည်များသည် လူသားများထက်ပိုမိုအားကောင်းသည့် အသွေးအသားဖြင့်ဖွဲ့စည်းထားသည့် စစ်သည်များသာဖြစ်ကာ အမာခံမြင်းတပ်သည် အမာခံချပ်ဝတ်ခြေလျင်တပ်များကိုပင် ချေမှုန်းနိုင်ပေသည်။

သို့သော် အမာခံမြင်းတပ်များ စတင်ချီတက်ချိန်တွင် အောစ့်စစ်သည်များ၏ ခံစစ်မျည်းကြောင်းသည် ရုတ်တရက်ပွင့်ဟလာပြီး ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် အရာနှစ်ခုကိုထုတ်ယူလိုက်သည်။

ထိုစက်ယန္တရားတစ်ခုစီတွင် ဧရာမတောင်ပံနှစ်ခု တပ်ဆင်ထားခဲ့သည်။သို့သော် ထိုအရာများသည် အမွှေးအတောင်များမဟုတ်ဘဲ သံတောင်ပံအစစ်များဖြစ်သည်။ထိုသံတောင်ပံများအား အပြည့်အဝဖြန့်ကျက်ထားပြီးနောက် တောင်ပံနှစ်ခုဆုံတွေ့ရာအလယ်ဗဟို၌ အေးစက်သောလခြမ်းပုံသဏ္ဍာန် ဓားစက်ဝိုင်းတစ်ခုပါရှိလေသည်။

မားကပ်စ်သည် ငှက်များနှင့်တူသည့် စက်ယန္တရားများကို တွေ့မြင်လိုက်သည့် အခိုက်အတန့်တွင် ပုံမှန်မဟုတ်သောခံစားချက်ကို ရရှိလိုက်သည်။

အမာခံမြင်းတပ်သည် အောစ့်ခံစစ်မျည်းကြောင်းနှင့် ခြေလှမ်း၁၅၀ခန့်အကွာသို့ ရောက်ရှိလာချိန်တွင် ဓားစက်ဝိုင်းနှစ်ခုက လှံပစ်စက်များမှ ပျံထွက်လာခဲ့သည်။ထိုဓားစက်ဝိုင်းများသည် အချင်းနှစ်မီတာခန့်ရှိကာ ကြီးမားသောငွေပြားဝိုင်းကြီးများသဖွယ် လေချွန်သံများကိုထုတ်ဖော်၍ အမာခံမြင်းတပ်ထံ ဦးတည်ပျံသန်းသွားကြသည်။

ဓားစက်ဝိုင်းများသည် အလွန်ပင်လျင်မြန်လှပြီး မျက်စိတစ်မှတ်အတွင်းမှာပင် အမာခံမြင်းတပ်ဆီသို့ ရောက်ရှိသွားခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းများကိုဖြစ်ပေါ်စေခဲ့သည်။

မြင်းများသည့် ရှေ့သို့ဆက်လက်ချီတက်နေဆဲဖြစ်သော်လည်း သူတို့၏ခြေထောက်များက မြေပြင်ပေါ်၌ ကျန်ရစ်နေခဲ့သည်။ဓားစက်ဝ်ိုင်းသည် အလွန်ပင်ထက်ရှလှကာ ဒါဇင်ပေါင်းများစွာသောမြင်းများ၏ ခြေထောက်ကိုဖြတ်တောက်ပစ်ခဲ့သည်။ဤအရာမှာ နတ်သူငယ်လှံပစ်စက်များ၏ စွမ်းအားပင်ဖြစ်သည်။

အမာခံမြင်းတပ်တွင် ချပ်ဝတ်တန်ဆာများသည် မြင်းစီးသူရဲများကို ကာကွယ်ပေးထားရုံသာမက မြင်းများကိုပါသံချပ်ကာတပ်ဆင်ပေးထားသောကြောင့် အလွန်ထိတ်လန့်ဖွယ်ကောင်းသည့် အခြေအနေဖြစ်သည်။မြင်းများ၏ခြေထောက်များကိုပင် ချပ်ဝတ်တန်ဆာများအသုံးပြုကာ ခက်ခက်ခဲခဲဖုံးအုပ်ထားသောကြောင့် စစ်မြေပြင်၌ရန်သူများ၏ လက်ချက်ကြောင့် အလွယ်တကူဒဏ်ရာမရရှိခဲ့ကြပေ။

အမာခံမြင်းတပ်သားတစ်ယောက်တွင် ချပ်ဝတ်တန်ဆာများဖြင့် ကာကွယ်ခြင်းမခံရသည်မှာ မြင်း၏နားရွက်သာရှိသည်။သ်ို့သော် မြင်းတပ်သားများ၏အရှိန်ကြောင့် တာဝေးပစ်တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်စွမ်းရှိလေရာ မြင်းများ၏နားရွက်ကိုထိမှန်စေရန် ခက်ခဲလှပြီး ထိုသို့ပြုလုပ်ရန်မဖြစ်နိုင်ချေ။မြင်း၏ကိုယ်ထည်အပေါ်ပိုင်းအားလည်း အမာခံချပ်ဝတ်တန်ဆာများဖြင့် ဖုံးအုပ်ထားသည့်အတွက်ကြောင့် ဤလက်ရှိခေတ်၏ တာဝေးပစ်တိုက်ခိုက်မှုများက ထိုကာကွယ်မှုအားထိုးဖောက်ရန် အလွန်ခက်ခဲပေသည်။

ဤသည်မှာ အမာခံမြင်းတပ်များက စစ်မြေပြင်တစ်လွှားကို ကြီးစိုးခြယ်လှယ်ကာ စိတ်ကြိုက်ဝင်ထွက်သွားလာနိုင်ခြင်း၏ အဓိကအချက်ပင်ဖြစ်သည်။သို့သော် နတ်သူငယ်လှံပစ်စက်များသည် စစ်မြေပြင်အတွင်းသို့ ပထမဆုံးဝင်ရောက်လာသည်နှင့် သူတို့၏စွမ်းအားကိုစတင်ပြသခဲ့သည်။

"ဒါကဘာလဲ..."

မားကပ်စ်နှင့် ကျန်ဓားပြများသည် သူတို့၏မျက်လုံးအိမ်အတွင်းမှ မျက်လုံးများကျွတ်ထွက်လုမတတ် ထိတ်လန့်တုန်လှုပ်သွားကြသည်။ဤကဲ့သို့အခြေအနေမျိုးတွင် မားကပ်စ်နှင့်ကျန်ဓားပြများကိုအသာထား မျက်မမြင်တစ်ဦးပင်လျှင် လှံပစ်စက်များ၏အစွမ်းကို ခံစားနိုင်သည်။

ရုတ်ချည်းဆိုသလိုပဲ မြင်းများစွာသည် မြေပြင်ပေါ်သို့လဲကျသွားခဲ့ကြသည်။

ဓားပြများသည် သူတို့မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ယခုလို ကြောက်မက်ဖွယ်လက်နက်တစ်ခုသည် အမာခံမြင်းတပ်သားများ၏ အကာအကွယ်ကိုဖြတ်တောက်နိုင်ခဲ့သည်ဆိုလျှင် သာမန်စစ်သားများနှင့်ဓားပြများသာ ထိုလက်နက်နှင့်ရင်ဆိုင်ရပါက အလွယ်တကူပင်နှစ်ခြမ်းပြတ်တောက်သွားနိုင်သည်။

ဓားစက်ဝိုင်းသည် ရှေ့မှစစ်သားများကို နှစ်ခြမ်းခွဲကာ စစ်မြေပြင်အားရှင်းလင်းသွားမယ့် အခြေအနေအား မြင်ယောင်ကြည့်နိုင်ပေသည်။ထိုသို့သောအခြေအနေသည် ဓားပြများအားတုန်လှုပ်ခြောက်ခြားစေပေသည်။

မြင်းတပ်သားများသည် ရှေ့ဆက်တိုးလာကြသော်လည်း ကြောက်ရွံ့မှုတစ်ခုက သူတို့၏နှလုံးသားထဲ၌ စတင်မွေးဖွားလာခဲ့တော့သည်။ခုနလေးတင် သူတို့ရှေ့၌ဖြစ်ပျက်သွားသည့် ကြောက်မက်ဖွယ်မြင်ကွင်းက သူတို့၏မြင်းများကို အရှိန်နှေးကွေးသွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် နံရံပေါ်ရပ်နေသော ရှောင်ယုက စတင်အမိန့်ပေးလိုက်သည်။

"ပထမအုပ်စု...ပစ်..."

ဘန်း....ဘန်း....

သေနတ်သံများက ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးနောက်တွင် မြင်းတပ်သားအချို့သည် မြင်းပေါ်မှပြုတ်ကျသွားခဲ့သည်။သူတို့နောက်မှလိုက်လာသော မြင်းအများစုသည် ပြုတ်ကျသွားသည့် မြင်းတပ်သားများ၏ ခန္ဓာကိုယ်အား ကျော်ဖြတ်သွားခဲ့သော်လည်း အချို့ကမူ ထိုမြင်းတပ်သားများ၏ ခန္ဓာကိုယ်အား တက်နင်းသွားခဲ့ကြသည်။

"ဒုတိယအုပ်စု...ပစ်"

ရှောင်ယုသည် နောက်ထပ်တစ်ကြိမ်ထပ်မံအော်ဟစ်လိုက်ရာ တူညီသောမြင်ကွင်းက နောက်ထပ်တစ်ကြိမ်ဖြစ်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် လှံပစ်စက်များ၌ ဓားစက်ဝိုင်းအသစ်များကို တပ်ဆင်ထားလိုက်ပြီဖြစ်သည်။ရန်သူ့အမာခံမြင်းတပ်သားများသည် ထူးဆန်းသောစက်မန္တရားများက နောက်ထပ်တစ်ကြိမ်ပစ်ခတ်ရန် အသင့်ဖြစ်နေသည်ကိုတွေ့လိုက်ရ၍ သူတို့၏မျက်နှာများပေါ်တွင် စိတ်ပျက်လက်ပျက်အမူအရာများဖြစ်ပေါ်လာခဲ့သည်။

ဒါဇင်နှင့်ချီသော မြင်းများသည် နောက်ထပ်တစ်ကြိမ် ခြေထောက်မှခုတ်ပိုင်းခံလိုက်ရပြီး မြင်းတပ်သားများသည် သူတို့၏မြင်းများနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကြသည်။မြင်းများ၏ နာကျင်စွာအော်ဟီသံတို့က ပတ်ဝန်းကျင်၌ ကျယ်လောင်စွာပဲ့တင်ထပ်နေပေသည်။

"ပထမအုပ်စု...ပစ်"

ရှောင်ယုသည် နောက်ထပ်တစ်ကြိမ် ထပ်မံအော်ဟစ်လိုက်သည်။သေနတ်ပစ်သံတစ်ခုချင်းစီသည် ရန်သူများ၏စိတ်နှလုံးကို စိတ်ပျက်အားငယ်သွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် အမာခံမြင်းတပ်သည် အောစ့်စစ်သည်များထံသို့ ရောက်ရှိရန် ၁၀စက္ကန့်လေးသာလိုအပ်တော့သည်။မားကပ်စ်၏ မူလအစီအစဉ်အရ အမာခံမြင်းတပ်သည် အော်စ့်များ၏ခံစစ်စည်းအား ဖြတ်ကျော်သွားချိန်တွင် နောက်မှလိုက်ပါလာသည့် ဓားပြများက ပြိုကွဲနေသောခံစစ်စည်းအား ဖျက်ဆီးပစ်မှာဖြစ်သည်။သို့သော်လည်း ၁၀စက္ကန့်အကြာတွင် အရေအတွက်၂၀၀အောက်သာရှိသည့် မြင်းတပ်သားများကသာ အောစ့်များထံရောက်ရှိလာခဲ့သည်။ထို့ပြင် သူတို့၏အရှိန်အဟုန်သည် အားကောင်းခြင်းမရှိသည့်အတွက် လှံရှည်များအား ဝှေ့ယမ်းရာတွင်ထိရောက်မှုမရှိခဲ့ပေ။

ပုံမှန်အားဖြင့်ဆိုလျှင် လှံရှည်များသည် စစ်မြေပြင်ရှိစစ်သားအားလုံး၏ အိပ်မက်ဆိုးပင်ဖြစ်သည်။အကြီးစား အမာခံခြေလျင်တပ်သားများသည်ပင်လျှင် လှံရှည်များ၏လက်ချက်ကြောင့် ကျရှံးခဲ့ရသည်။သို့သော် ယခုတိုက်ပွဲ၏ မြေအနေအထားအရ လှံရှည်များသည် များစွာအသုံးဝင်ခြင်းမရှိပေ။

အောစ့်စစ်သည်များသည် ဂိတ်တံခါးဝတွင် အခိုင်အမာ ခံစစ်ရယူတည်ဆောက်ထားသည့်အတွက်ကြောင့် သူတို့ထံ၌တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုသာရှိပေသည်။သူတို့၏ပထမအကြိမ်ကြိုးပမ်းမှုသာ မအောင်မြင်ပါက နောက်ထပ်တစ်ကြိမ်ဟူသည် မရှိတော့ပေ။လွင်ပြင်သို့မဟုတ် ကျယ်ပြန့်သောနယ်မြေများ၌ အဓိကဖြစ်ပွားသည့်တိုက်ပွဲများတွင် ဆိုလျှင် အမာခံမြင်းတပ်သည် ရန်သူ၏ခံစစ်စည်းအား ပထမဆုံးအကြိမ်တိုက်ခိုက်ပြီးနောက် လှည့်ပတ်သွားလာ၍ နောက်ထပ်တစ်ကြိမ်အရှိန်အဟုန်ကိုရယူကာ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်နိုင်သည်။သို့သော် ယခုမြေမျက်နှာသွင်ပြင်အရ သူတို့၏ရှေ့တွင်ကျောက်နံရံတံတိုင်းက ကာရံထား၍ သူတို့အားဒုတိယအကြိမ်တိုက်ခိုက်ရန် အခွင့်အရေးမပေးခဲ့ပေ။

ထို့ကြောင့် အမာခံမြင်းတပ်နှင့် အောစ့်စစ်သည်များအကြား၌ သိသာသောကွာခြားချက်မရှိခဲ့ပေ။

အောစ့်စစ်သည်၃၀၀သည် အစွမ်းကုန်အားထုတ်ကာ ရန်သူများကိုခုခံပေးနေသည့်အချိန်တွင် ရိုင်ဖယ်သမားများက ကျောက်နံရံပေါ်မှနေ၍ အဆက်မပြတ်ပစ်ခတ်နေခဲ့သည်။

ရှောင်ယုသည် ဤတိုက်ပွဲတွင် ရိုင်ဖယ်သမားများ၏ အခန်းကဏ္ဍကိုနက်နက်ရှိုင်းရှိုင်းနားလည်ထားသောကြောင့် ရိုင်ဖယ်တပ်သားများကို တစ်ကြိမ်တည်းတွင် စုပြုံပစ်ခတ်စေခြင်းမရှိဘဲ အုပ်စုနှစ်ခုခွဲကာ အလှည့်ကျပစ်ခတ်စေခဲ့သည်။

ထို့ကြောင့် ရိုင်ဖယ်သမားများသည် တိကျမှုအားနည်းသော်လည်း ၂၅ယောက်စီပါသော အုပ်စုတစ်ခုစီဖွဲ့စည်း၍ ပစ်ခတ်ခြင်းက အမာခံမြင်းတပ်သား၃၀၀ကို ဖြေးဖြေးချင်းချေမှုန်းနိုင်ကာ ဤတိုက်ပွဲအားအနိုင်ရရှိရန် စိတ်ပိုင်းဆိုင်ရာအရ အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပေသည်။ထိုအကြောင်းကိုနားလည်ထားသော ရှောင်ယုသည် ပစ်ခတ်မှုတိုင်းတွင် မြင်းတပ်သားများစွာကို သတ်ဖြတ်နိုင်ရန် မမျှော်လင့်ထားခဲ့ပေ။

မြင်းတပ်သားများသည် သာမန်ဓားလှံများဖြင့် မထိုးဖောက်နိုင်သော အမာခံချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပေသည်။သီအိုရီအရဆိုလျှင် သူတို့၏အဓိကအားနည်းချက်မှာ သူတို့၏အဆစ်များကို ကာရံထားခြင်းမရှိသည့် သေးငယ်သောနေရာများဖြစ်သည်။

ရိုင်ဖယ်သမားများ ပစ်လွှတ်လိုက်သည့် ကျည်ဆန်များသည် မြင်းတပ်သားများကို ကာကွယ်ပေးထားသည့် အမာခံချပ်ဝတ်၏ အဓိကအကာအရံများအား မဖောက်ထွင်းနိုင်သော်လည်း ၎င်းတို့၏ လည်ပင်း ၊ မျက်လုံး ၊ ဒူးနှင့် မြင်းတပ်သား၏အခြားကာကွယ်မှုအားနည်းသော အစိတ်အပိုင်းများကို ထိမှန်အောင် ပစ်ခတ်ခြင်းဖြင့် မြင်းတပ်သားများကို ကြီးမားသောထိခိုက်မှုခံစားရစေအောင် လုပ်ဆောင်နိုင်စွမ်းရှိပေသည်။

ရှောင်ယုသည် မြင်းအချို့အား ကျည်ဆန်များထိမှန်ခံရပြီးနောက် လဲကျသေဆုံးသွားသည်ကိုကြည့်ပြီး စိတ်ကျေနပ်သွားခဲ့သည်။သူ၏ပန်းတိုင်သည် ရန်သူအားသတ်ဖြတ်ရုံသာမက အမာခံမြင်းတပ်၏ အရှိန်အဟုန်ကိုနှေးကွေးစေရန် ပြင်းထန်သောပစ်ခတ်အားကိုအသုံးပြု၍ ချိုးနှိမ်ခြင်းဖြစ်သည်။ထို့ပြင် နတ်သူငယ်လှံပစ်စက်များ၏ ကြောက်မက်ဖွယ်ဓားစက်ဝိုင်းနှစ်ခုက ရန်သူများအား အလွန်ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။အဆုံးသတ်တွင် နတ်သူငယ်လှံပစ်စက်နှင့် ရိုင်ဖယ်သေနတ်များ၏ပေါင်းစပ်မှုက ကျော်ကြားလှသည့်အမာခံမြင်းတပ်ကို လုံးလုံးပိတ်ဆို့ချေမှုန်းနိုင်ခဲ့သည်။

သာမန်တပ်သားများသည် အမာခံမြင်းတပ်သားများအား တိုက်ခိုက်ရာ၌ များစွာအသုံးမဝင်ခဲ့ပေ။

အမာခံမြင်းတပ်သားများ၏ ခန္ဓာကိုယ်အား ချပ်ဝတ်တန်ဆာများဖြင့် ထူထဲစွာကာကွယ်ထားကာ ဓားနှင့်လှံများကိုခုခံကာကွယ်နိုင်ပေသည်။သူတို့၏အဓိကတာဝန်ဖြစ်သော ခံစစ်မျည်းအားမချိုးဖျက်နိုင်ခဲ့လျှင်တောင်မှ သူတို့သည် သာမန်စစ်သားများကို အလွယ်တကူသတ်ဖြတ်နိုင်ပေသည်။သို့သော် အောစ့်စစ်သည်များသည်ကား သာမန်စစ်သားများမဟုတ်ကြပေ။ရှောင်ယုသည် အမာခံမြင်းတပ်အား ကိုင်တွယ်ဖြေရှင်းရန်အတွက် အလွန်ရိုးရှင်းသောနည်းလမ်းအား အောစ့်စစ်သည်များကို သင်ပြပေးခဲ့သည်။အောစ့်စစ်သည်များသည် သူတို့၏သန်မာသောခွန်အားကို အသုံးချ၍ မြင်းများ၏ဦးခေါင်းကိုဖမ်းယူကာ မြေပြင်ပေါ်သ်ို့ရက်စက်စွာ ဆောင့်ချကြသည်။ထိုအရာသည် မြင်းများကိုဟန်ချပျက်လဲကျစေရုံသာမက အမာခံမြင်းတပ်၏အရှိန်အဟုန်အား များစွာလျော့ချပေးနိုင်ခဲ့သည်။

...

...

ဂရင်းသည် မားကပ်စ်အား တည်ငြိမ်စွာစိုက်ကြည့်နေခဲ့သည်။သူ၏ခွန်အားသည် အလွန်ပြင်းထန်သော်လည်း မားကပ်စ်အား အနိုင်ယူနိုင်ရန်မတတ်နိုင်ပေ။တစ်ဖက်တွင်လည်း မားကပ်စ်အား မျက်နှာချင်းဆိုင်ကိုင်တွယ်နိုင်သူမှာ ဂရင်းတစ်ယောက်တည်းသာရှိသည်။

တစ်ချိန်တည်းမှာပင် အောစ့်စစ်သည်များသည် မြင်းများကိုဝိုင်းအုံတိုက်ခိုက်လာကြပြီး ပုဆိန်ကိုအသုံးပြုကာ မြင်းများ၏ပေါင်ကိုဒဏ်ရာအပြင်းအထန်ရရှိစေခဲ့ကာ မြင်းစီးတပ်သားများကို အောက်သို့ပြုတ်ကျစေခဲ့သည်။မြင်းစီးတပ်သားများသည် သူတို့၏လေးလံသောချပ်ဝတ်တန်ဆာများကြောင့် မတ်တပ်ရပ်ရန်အခက်အခဲရှိခဲ့ပေသည်။အောစ့်စစ်သည်များသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ခမောက်ပုံသဏ္ဍာန် သံချပ်ကာခေါင်းစွပ်ကိုဝတ်ဆင်ထားသော မြင်းစီတပ်သားများ၏ခေါင်းကို သူတို့၏ဧရာမပုဆိန်ကြီးများဖြင့် ခုတ်ဖြတ်ခဲ့ကြသည်။

"မဟုတ်ဘူး...ငါ့ရဲ့အမာခံမြင်းတပ်သားတွေ..."

မားကပ်စ်သည် သူ၏အမာခံမြင်းတပ်တစ်ခုလုံး လုံးဝပြိုကွဲလုနီးပါးဖြစ်သွားသည်ကိုကြည့်ပြီး ဝမ်းနည်းပက်လက်ဖြစ်ကာ သူ၏ဓားပြများကိုနောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

သို့သော်လည်း ဓားစက်ဝိုင်းနှစ်ခုသည် လေပေါ်ပျံတက်လာပြီးနောက် ဓားပြများ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့သည်။ဓားပြများ၏ ဖြတ်တောက်ခံလိုက်ရသော ခန္ဓာကိုယ်အောက်ပိုင်းသည် လဲကျမသွားမှီအချိန်ထိ ခြေလှမ်းအနည်းငယ်သာလှမ်းနိုင်ခဲ့ကာ ခန္ဓာကိုယ်အပေါ်ပိုင်းသည်ကား လေပေါ်၌တခဏမျှသာ ရှိနေခဲ့သည်။ဓားပြများသည် ထိုမြင်ကွင်းကိုတွေ့မြင်ပြီး သွေးပျက်ထိတ်လန့်ကုန်ကြသည်။ပုံမှန်ဆိုလျှင် နတ်သူငယ်လှံပစ်စက်၏ ပစ်ခတ်ရာလမ်းကြောင်းကို ချိန်ညှိရန်အတွက် သာမန်စစ်သားများသည် များစွာအားထုတ်ကြိုးပမ်းရမည်ဖြစ်သော်လည်း အောစ့်စစ်သည်နှစ်ယောက်ကမူ နတ်သူငယ်လှံပစ်စက်အား ဦးတည်ချက်မျိုးစုံကိုပစ်ခတ်ရန် လွယ်လွယ်ကူကူစီမံနိုင်ခဲ့သည်။

ဓားပြများသည် မထူးတော့သည့်အဆုံး ရိုင်ဖယ်တပ်သားများ၏ ပစ်ခတ်မှုအောက်တွင် ကျောက်နံရံအား ပြန်လည်သိမ်းပိုက်ရန် အရှိန်မြင့်ကြိုးစားလာခဲ့သည်။လေးသမားများသည်လည်း အောစ့်စစ်သည်များကိုတိုက်ခိုက်နေသော ဓားပြများကို သတ်ဖြတ်၍ခံစစ်စည်းအား တည်ငြိမ်အောင် အကူအညီပေးခဲ့သည်။

ရိုင်ဖယ်တပ်သာများ၏ပစ်ခတ်မှုသည် တိကျမှုနိမ့်ပါးလေရာ သူတို့အားအောစ့်စစ်သည်များကို ပစ်ကူပေး၍ မကူညီရန်ရှောင်ယုက အမိန့်ထုတ်ထားခဲ့သည်။သူတို့၏ပစ်ခတ်မှုသည် ဓားပြများကိုမထိဘဲ အောစ့်စစ်သည်များအား မတော်တဆမထိမိနိုင်ဟု အာမမခံနိုင်ပေ။သို့ဖြစ်ရာ ရှောင်ယုသည် အောစ့်စစ်သည်များအား ပစ်ကူပေးရန်အတွက် လေးသမားများကိုသာ အားကိုးခဲ့ရသည်။

မားကပ်စ်သည် ယခုအချိန်တွင် စိတ်ပျက်အားငယ်နေပြီဖြစ်သည်။ရန်သူများအား အရေအတွက်ကိုအားကိုး၍ ဖိနှိပ်ဖြိုခွဲမယ့်အကြံအစည် ကျရှံးပြီးနောက် သူ့ထံတွင်အခြားနည်းလမ်းမရှိတော့ပေ။

အချို့သော ဓားပြများသည် ကျောက်လှေကားများမှတဆင့် နံရံပေါ်သို့ရောက်ရှိရန် ကြိုးစားခဲ့ကြသော်လည်း ခြေလျင်တပ်သားများ၏ ခံစစ်တံတိုင်းကို မကျော်လွှားနိုင်ခဲ့ပေ။ခြေလျင်တပ်သားများသည် သူတို့၏ဒိုင်းများကို အကာအရံအဖြစ်အသုံးချကာ မည်သည့်ဓားပြကိုမှ ကျောက်လှေကားကိုဖြတ်ကျော်ခွင့်မပေးခဲ့ပေ။

ခြေလျင်တပ်သား ၂၅ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပုခုံးချင်းဆိုင် တန်းစီရပ်နေကြပြီး တစ်ယောက်၏ဒိုင်းသည် အခြားတစ်ယောက်၏ ခန္ဓာကိုယ်အားဖုံးအုပ်ပေးထားလေသည်။ဤသည်မှာ မဟာအလက်ဇန္ဒား၏ ကျော်ကြားလှသောဒိုင်းဖွဲ့စည်းပုံဖြစ်သည်။

ခြေလျင်တပ်သားများသည် ခုခံရေးကိုသာအာရုံစိုက်ထားကြပြီး တိုက်ခိုက်ရန်မလိုအပ်ချေ။သူတို့၏ခုခံမှုအား လာရောက်ထိပါးသောဓားပြများသည် လေးသမားများ၏လက်ချက်ကြောင့် သေဆုံးခဲ့ရသည်။

ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး မှော်ကဝေ အန်တိုနီဒက်စ်သည် အဆင့်၆သို့ရောက်ရှိသွား၍ ရှောင်ယုအနည်းငယ်အံ့သြသွားခဲ့သည်။

အခန်း ၃၂ - အပြတ်အသတ်အောင်ပွဲဆင်ခြင်း

မှော်ဆရာများသည် စစ်မြေပြင်၏ အရှင်သခင်များဖြစ်ကြသည်။

တိုက်ပွဲအတွင်း၌ အန်တိုနီဒက်စ်၏ မှော်စွမ်းအင်သည် အကြိမ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သော်လည်း ရှောင်ယုသည်စျေးအရောင်းဆိုင်မှနေ၍ မှော်စွမ်းအင်ပြန်လည့်ဖြည့်တင်းဆေးများကို ဝယ်ယူထားခဲ့သည်။ထိုမှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးသည် မှော်စွမ်းအင်ပမာဏ အမြောက်အများကို မဖြည့်တင်းပေးနိုင်သော်လည်း အန်တိုနီဒက်စ်၏ လက်ရှိအဆင့်တွင်လုံလောက်ပေသည်။

အန်တိုနီဒက်စ်၏ ရေခဲဆူးချွန်သည် ရေခဲမိုးရွာချသကဲ့သို့ ရန်သူဓားပြများကို များစွာသတ်ဖြတ်နိုင်ခဲ့သည်။အန်တိုနီဒက်စ်သည် စပါးခင်းကိုရိတ်သိမ်းသကဲ့သို့ ရန်သူများ၏အသက်ကို လွယ်ကူစွာနှုတ်ယူနိုင်ခဲ့သည်။

ထိုကျွမ်းကျင်မှုသည် အမာခံမြင်းတပ်၏ အမာခံချပ်ဝတ်တန်ဆာများအား ဖြတ်ကျော်ရန်မလုံလောက်သော်လည်း ဓားပြများကိုတိုက်ခိုက်ရန်အတွက်မူ အလွန်အသုံးဝင်ပေသည်။

တိုင်ရန်ဒီနှင့်ရှောင်ယုတို့သည်လည်း ဓားပြအချို့၏တိုက်ခိုက်မှုအား ရံဖန်ရံခါခံခဲ့ရသည်။ရှောင်ယု၏အဆင့်သည် မမြင့်မားသော်လည်း သူသည်အဆင့်၆သို့ ရောက်ရှိနေပြီဖြစ်ကာ သူ့အားတိုက်ခိုက်လာသူများကို ခုခံရန်နှင့်တန်ပြန်တိုက်ခိုက်ရန် ရေခဲအတားအဆီးနှင့် ဓားသခင်၏ကျွမ်းကျင်မှုများကို အသုံးပြုရုံဖြင့်လုံလောက်ပေသည်။

တိုင်ရန်ဒီသည်လည်း တာဝေးပစ်တိုက်ခိုက်မှုကို အထူးပြုသောသူရဲကောင်းတစ်ယောက်ဖြစ်သော်လည်း သူမ၏ကျားဖြူသည် ဓားပြ၄ / ၅ယောက်ခန့်က်ိုပြဿနာမရှိဘဲ ကိုင်တွယ်ဖြေရှင်းနိုင်သည်။သားရဲဝိညာဉ်ကျွမ်းကျင်မှုအား သင်ယူလေ့လာပြီးနောက် သူမ၏ကျားဖြူနှင့်ကျားဖြူ၏စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းတိုးမြင့်လာခဲ့သည်။

ရှောင်ယုသည် အန်တိုနီဒက်စ် အဆင့်တက်ခြင်းမှရရှိလာခဲ့သော ကျွမ်းကျင်မှတ်အား ရေဒြပ်စင်ကိုဆင့်ခေါ်ခြင်းဟူသည့် ကျွမ်းကျင်မှုအားသင်ယူစေခဲ့သည်။အန်တိုနီဒက်စ် ဆင့်ခေါ်လိုက်သည့် ရေဒြပ်စင်သည် သူ့အားအကာအကွယ်ပေးနိုင်မယ့် နောက်ထပ်အလွှာတစ်ခုဖြစ်ပေသည်၊

ခဏအကြာတွင် အပြာရောင်အလင်းတန်းတစ်ခုသည် အမြင့် ၁.၇မီတာရှိသော ရေဒြပ်စင်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝှစ်....

ထိုရေဒြပ်စင်သည် ရေခဲဆူးတစ်ခုကို ပစ်ထည့်လိုက်ပြီး နံရံအားကျော်တက်ရန် ကြိုးပမ်းနေသည့် ဓားပြတစ်ဦးကိုသတ်ဖြတ်လိုက်သည်။

ဓားပြများသည် သူတို့၏ကိုယ်ပိုင်စခန်းအတွင်း တိုက်ခိုက်နေရသည့်အတွက်ကြောင့် မြေမျက်နှာသွင်ပြင်အနေအထားကို ပိုမိုရင်းနှီးပေသည်။ထို့ကြောင့် အချို့သောဓားပြများသည် လှေကားများကိုယူဆောင်၍ နံရံကိုတက်ရောက်ရန် ကြိုးစားခဲ့ကြသော်လည်း ရေဒြပ်စင်နှင့်လေးသမားများက ထိုဓားပြများကိုသတ်ဖြတ်ခဲ့ကြသည်။

အကယ်၍ သူသာဤဓားပြစခန်းအား နေ့ခင်းပိုင်းတွင် တိုက်ခိုက်ခဲ့ပါက ထိုဓားပြများတွင် သူ့အားတွန်းလှန်ရန် နည်းလမ်းများစွာရှိနေကြောင်း ရှောင်ယုနားလည်လိုက်သည်။ယခုအခါ သူသည်ညဘက်တွင် အလစ်ဝင်ရောက်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည့်အတွက်ကြောင့် စခန်းတစ်ခုလုံး ပရမ်းပတာဖြစ်သွားခဲ့ရသည်။ဓားပြအချို့သည် အစောပိုင်းတွင်အိပ်မောကျနေရာမှ သူတို့၏စခန်းအားမီးလောင်ကျွမ်းနေကြောင်း သတိပေးသံကြားမှ နိုးထလာခဲ့သည်။

ထို့ကြောင့် အချို့သောဓားပြများကသာ လှေကားထစ်များယူဆောင်လာ၍ နံရံကိုကျော်တက်ရန်ကြိုးစားခဲ့သော်လည်း ဓားပြအများစုသည် ဘာလုပ်ရမှန်းမသိဘဲ တဟုန်ထိုးပြေးဝင်တိုက်ခိုက်ခဲ့ကြသည်။

ထိုဓားပြများသည် ရှောင်ယု၏တပ်များကို ကိုင်တွယ်ဖြိုခွဲရန်အတွက် မှော်ဆရာများ ၊ အရေအတွက် ၊ ကျွမ်းကျင်သူများနှင့် အမာခံမြင်းတပ်တို့ကို အားကိုးခဲ့ကြသော်လည်း ယခုအခါသူတို့၏မျှော်လင့်ချက်များသည် တစတစပြိုကျလာခဲ့ပြီဖြစ်သည်။

သူတို့၏အမာခံမြင်းတပ်အား ရိုင်ဖယ်သမားများနှင့် လှံပစ်စက်များက ချေမှုန်းပစ်ခဲ့သည်။သူတို့၏မှော်ဆရာသည်လည်း တိုင်ရန်ဒီ၏လက်ချက်ကြောင့် အသက်ထွက်သွားခဲ့ရသလို သူတို့၏စစ်သည်များကိုလည်း တိုင်ရန်ဒီနှင့်ရိုင်ဖယ်တပ်သားများက နှိမ်နင်းခဲ့သည်။

အဆုံးသတ်တွင် သူတို့ထံ၌ ထပ်မံထုတ်ယူစရာ ဝှက်ဖဲများမရှိတော့ပေ။ဓားပြများသည် သူတို့၏နောက်ဆုံးနည်းလမ်းဖြစ်သော အရေအတွက်ကိုအားကိုး၍ တိုက်ခိုက်ခြင်းကိုသာ အားကိုးနိုင်တော့သည်။သို့သော် ဓားပြများသည် စပါးရိတ်ခံရသလို အဆက်မပြတ်သေဆုံးနေလေရာ သူတို့၏စိတ်ဓာတ်များသည် အောက်ခြေသို့ကျဆင်းသွားခဲ့တော့သည်။

စစ်ပွဲတစ်ပွဲအား အောင်နိုင်ခြင်းတွင် စိတ်ဓာတ်ပိုင်းသည် အဓိကနေရာမှ ပါဝင်ပေသည်။စစ်သည်များသာ တိုက်ခိုက်လိုစိတ်ပျောက်ဆုံး၍ အောင်မြင်ရန်ယုံကြည်ချက်ပျောက်ဆုံးသွားပါက အဆုံးသတ်ရလဒ်သည် ရှံးနိမ့်ခြင်းသို့ဦးတည်လာမှာဖြစ်သည်။

ကုန်းပြင်မြင့်ပေါ်မှနေ၍ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသော ရှောင်ယုက အောင်ပွဲသည်သူတို့ဘက်သို့ တဖြည်းဖြည်းတိမ်းစောင်းလာကြောင်း နားလည်လိုက်သည်။ဓားပြများသည် ကျောက်နံရံတံတိုင်းအား ပြန်လည်သိမ်းပိုက်ရန်အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အောစ့်စစ်သည်များသည် သဘာဝတရားမှသတ်မှတ်ပေးထားသော စစ်သည်တော်များဖြစ်သည်။ခြေလျင်တပ်သားများနှင့် ရိုင်ဖယ်တပ်သားများသည် သမိုင်းဝင်စစ်ပွဲများစွာနှင့် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ဖူးကာ များစွာသောစစ်ပွဲအတွေ့အကြုံများကို ရရှိထားခဲ့သည့် အတွေ့အကြုံရင့်စစ်သည်တော်များဖြစ်ကြသည်။ရှောင်ယု၏ရှေ့တွင်ဖြစ်ပျက်နေသည့် ပရမ်းပတာတိုက်ပွဲများသည် အောစ့်စစ်သည်များကြောင့်ဖြစ်ပွားလာရခြင်းဖြစ်ပေသည်။လူသားများနှင့်နတ်သူငယ်များသည် ထိုကဲသို့သောရှုပ်ထွေးနေသည့် တိုက်ပွဲတစ်ခုအား မည်သို့တုံ့ပြန်ရမည်ဟူသည့် သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတများသာရှိကြပေသည်။

ဤတိုက်ပွဲအတွင်း အောစ့်စစ်သည် ၂၀၀ကျော်၏ထက်ဝက်ကျော်သည် အဆင့်၃သို့ရောက်ရှိခဲ့သည်။၎င်းတို့သည် စိတ်ရိုင်းဝင်ခြင်းကို အသက်သွင်းပြီးနောက်တွင် သူတို့၏တိုက်ခိုက်နိုင်စွမ်းအားသည် ၅၀ရာခိုင်နှုန်းခန့် တိုးမြင့်လာခဲ့သည်။သူတို့သည် ဓားပြ၂၀၀၀ကျော်အား မျက်နှာချင်းဆိုင်ရင်ဆိုင်ခဲ့ရသော်လည်း အောစ့်စစ်သည်များ၏ အဘိဓာန်တွင် အရှုံးပေးခြင်းဟူသည့် စကားလုံးမပါရှိပေ။

...

...

ထိုအချိန်တွင် ဂရင်းနှင့်မားကပ်စ်တို့အကြား တိုက်ပွဲသည် အဆင့်သစ်တစ်ခုသို့ရောက်ရှိသွားခဲ့သည်။ယခုအခိုက်အတန့်တွင် မားကပ်စ်၏မျက်လုံးများသည် သွေးရောင်နီရဲနေပြီး ဒေါသအခိုးအငွေ့များထွက်ပေါ်နေခဲ့သည်။သူနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော စခန်းအား ကလေးတစ်ယောက်ကလာ၍ မီးရှိ့လာခဲ့ရာ ဒေါသမပေါက်ကွဲဘဲ မနေနိုင်တော့ပေ။

သူသည် ရှောင်ယု၏ခန္ဓာကိုယ်အား အပိုင်းပိုင်းခုတ်ဖြတ်ပစ်ရန် မစောင့်နိုင်တော့ပေ။သို့သော်လည်း သူသည်မည်မျှပင် ကြိုးစားပါစေ ဂရင်းအားမဖြတ်ကျော်နိုင်ခဲ့ပေ။ဂရင်း၏ခွန်အားသည် မားကပ်စ်နှင့်တန်းတူဖြစ်သော်လည်း အဆင့်၂စစ်သည်တော်ဖြစ်သော မားကပ်စ်က အနည်းငယ်ပိုမိုအားကောင်းပေသည်။မည်သို့ပင်ဆိုစေ ဂရင်းသည် စွမ်းရည်ပြည့်ဝသော ဓားသခင်တစ်ဦးဖြစ်ရာ သူ၏ကျွမ်းကျင်မှုများအား အသုံးပြုခြင်းဖြင့် မားကပ်စ်အား သက်တောင့်သက်သာရင်ဆိုင်နိုင်ခဲ့ပေသည်။

ဂရင်း၏ခန္ဓာကိုယ်၌ ဒဏ်ရာများစွာရရှိခဲ့သော်လည်း ထိုဒဏ်ရာများသည် အောစ့်စစ်သည်တော်အား ဆိုးရွားသောအခြေအနေသို့ရောက်ရှိအောင် မလှုံဆော်နိုင်ခဲ့ပေ။ဂရင်းတွင် စိတ်ရိုင်းဝင်ခြင်းအစွမ်းမရှိသော်လည်း ထိုကျွမ်းကျင်မှုသည် အောစ့်စစ်သည်များ၏ အခြေခံအကျဆုံးကျွမ်းကျင်မှုသာဖြစ်သည်။ဂရင်းသည် သူ့ထက်အဆမတန်အားကောင်းသော ကျွမ်းကျင်သူတစ်ယောက်နှင့်ရင်ဆိုင်ရမှသာ သူ၏ကြမ်းတမ်းသောတစ်ဖက်ခြမ်းအား တွေ့မြင်နိုင်မှာဖြစ်သည်။

"တိုင်ရန်ဒီ....မားကပ်စ်ကိုအနှောင့်အယှက်နည်းနည်းပေးလိုက်...သူ့ကိုတော့မသတ်မိစေနဲ့...ဂရင်းကိုအဆုံးသတ်ခွင့်ပေးလိုက်"

ဂရင်းသည် မကြာမှီ တိုက်ပွဲကိုအနိုင်ရတော့မည်ဟု နားလည်လိုက်သော်လည်း မားကပ်စ်သည်လည်း အားမနည်းပေရာ တိုက်ပွဲသည် ရှေ့မတိုးနောက်မဆုတ်အခြေအနေသို့ ရောက်ရှိနေခဲ့ပေသည်။

သို့သော် တိုင်ရန်ဒီကသာ ဂရင်းကိုအကူအညီပေးပါက တိုက်ပွဲအားမကြာမှီအဆုံးသတ်ရန် အခွင့်အရေးရှိလာမှာဖြစ်သည်။

မားကပ်စ်သည် အဆင့်၂ကျွမ်းကျင်သူဖြစ်ကြောင်း ရှောင်ယုသိရှိလိုက်သည်။ထို့ကြောင့် ဂရင်းသာမားကပ်စ်အား သတ်ဖြတ်နိုင်ပါက အဆင့်၁၀သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။အဆင့်၁၀သည် ယခင်အဆင့်များနှင့်လုံးဝခြားနားသော အဆင့်ဖြစ်ကာ ထိုအဆင့်နှစ်ခုကြားကွာဟချက်သည် ကောင်းကင်နှင့်မြေပြင်လိုဖြစ်သည်။အဘယ်ကြောင့်ဆိုသော် စနစ်မှသတ်မှတ်ထားသော အဆင့်၁၀သည် ဤကမ္ဘာ၏အဆင့်၂စစ်သည်တော်အဆင့်နှင့်ညီမျှပေသည်။ဆိုလိုသည်မှာ ဂရင်းသာအဆင့်၁၀ရောက်ပါက အရည်အသွေးပိုင်းဆိုင်ရာတွင် ကြီးကြီးမားမားတိုးတက်ပြောင်းလဲလာမှာဖြစ်သည်။

ထိုသို့ပြောင်းလဲသွားပါက ဓားသခင်၏အလုံးစုံသော အချက်အလက်များသည် တိုးတက်လာရုံသာမက ကျွမ်းကျင်မှုအသစ်များကိုလည်း သင်ယူနိုင်မှာဖြစ်သည်။

တိုင်ရန်ဒီသည် သူမ၏လျင်မြန်သောမြှားပစ်စွမ်းရည်ကြောင့် ရန်သူများစွာကိုသတ်ဖြတ်ခဲ့ကာ ရမှတ်အမြောက်အများကို စုဆောင်းထားနိုင်ခဲ့ပြီဖြစ်သည်။သို့ဖြစ်ရာ သူမသည်အနှေးနှင့်အမြန်ဆိုသလို အဆင့်တက်သွားတော့မှာဖြစ်သည်။ဂရင်းသည်ကား တိုက်ပွဲစတင်စဉ်ကတည်းက မားကပ်စ်ကိုသာ ဦးတည်ရင်ဆိုင်ခဲ့ရသည့်အတွက်ကြောင့် တိုင်ရန်ဒီအား မားကပ်စ်ကိုမသတ်မိစေရန် သတိပေးခဲ့ခြင်းဖြစ်သည်။

ဂါး...

ဂရင်းသည် အားမာန်အပြည့်ဖြင့်ဟိန်းဟောက်လိုက်ကာ ပြင်းထန်သောခုတ်ပိုင်းချက်အားအသုံးပြုလိုက်သည်။တစ်ချိန်တည်းမှာပင် တိုင်ရန်ဒီသည် လောက်မြိုက်မြှားတံအား အသုံးပြုကာ မားကပ်စ်၏လည်ချောင်းဆီသို့ ဦးတည်ပစ်ခတ်လိုက်သည်။မားကပ်စ်သည် မြှားကိုဦးစွာရှောင်တိမ်းလိုက်ပြီး ဂရင်း၏တိုက်ခိုက်မှုအား ခုခံရန်သူ၏ဓားကိုဝှေ့ယမ်းလိုက်သည်။

ဘန်း...

ဂရင်းနှင့်မားကပ်စ်တို့၏ တိုက်ပွဲစွမ်းအင်များသည် အချင်းချင်းထိတွေ့မိကာ ပေါက်ကွဲသံထွက်ပေါ်လာခဲ့သည်။အဆုံးသတ်တွင် ဂရင်းသည်သူ၏အရပ်အမောင်းအားသာချက်ကြောင့် မားကပ်စ်အားအနိုင်ရရှိခဲ့သည်။ထို့နောက် သူ၏ဓားသည်မားကပ်စ်၏လည်ပင်းအား လျင်မြန်စွာဖြတ်တောက်ပစ်လိုက်သည်။

နောက်အခိုက်အတန့်တွင် မားကပ်စ်၏ဦးခေါင်းသည် ခန္ဓာကိုယ်မှကွဲထွက်သွားခဲ့ကာ လေထုထဲသို့မြောက်တက်သွားခဲ့သည်။

"ကောင်းလိုက်တာ...အံ့သြစရာပဲ"

ရှောင်ယုသည် စိတ်လုပ်ရှားစွာဖြင့် ထခုန်မိလိုက်သည်။မားကပ်စ်သေဆုံးသွားသောကြောင့် တိုက်ပွဲသည်အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

ဝုန်း...

ရွှေရောင်အလင်းတန်းနှစ်ခု ပေါက်ကွဲထွက်လာပြီး တိုင်ရန်ဒီနှင့်ဂရင်းတို့အား ရစ်ပတ်လာခဲ့ကာ နှစ်ယောက်လုံးသည် အဆင့်၁၀သို့ရောက်ရှိသွားခဲ့သည်။

တိုင်ရန်ဒီ၏ အချက်အလက်ပြဇယားရှိ ကျွမ်းကျင်မှုအသစ်များမှာ -

စစ်မှန်သောပစ်ခတ်မှုအော်ရာ (အဆင့်၅ထိမြင့်တင်နိုင်သည်)

- အသုံးပြုသူသည် သက်ဆိုင်ရာအသင်းဖော်များ၏ အဆင့်တစ်ခုစီတွင် တာဝေးပစ်ခတ်မှုစွမ်းအားကို ၂၀ရာခိုင်နှုန်းမြင့်တင်ပေးသည်။အဆင့် ၅သို့ရောက်ချိန်တွင် ပစ်ခတ်မှုစွမ်းအားကို ၁၀၀ ရာခိုင်နှုန်းတိုးမြင့်ပေးသည်။

လင်းယုန်ပစ်ချက်(အဆင့်၃ထိမြင့်တင်နိုင်သည်)

- အသုံးပြုသူသည် မြှားပစ်ချက်တိုင်းတွင် လင်းယုန်ဝိညာဉ်၏စွမ်းအားကိုချေးငှါးရန် သေချာသောအခွင့်အရေးတစ်ခုရှိသည်။အဆင့်၁တွင် အသုံးပြုသူသည် မြှား၉စင်းပစ်ခတ်ရာတွင် မြှား၁စင်း၌ လင်းယုန်ဝိညာဉ်၏စွမ်းအားကို အသုံးပြုနိုင်မည်ဖြစ်သည်။အဆင့်၃သို့ရောက်ရှိချိန်၌ မြှား၃စင်းပစ်ခတ်ချိန်တွင် မြှား၁စင်း၌ လင်းယုန်ဝိညာဉ်၏စွမ်းအားကို အသုံးပြုနိုင်မှာဖြစ်သည်။

အဆက်မပြတ်ပစ်ခတ်မှု (အဆင့်၃ထိမြင့်တင်နိုင်သည်)

- အသုံးပြုသူ၏ ပစ်ခတ်မှုအမြန်နှုန်းကို ၃၀ရာခိုင်နှုန်းတိုးမြင့်ပေးနိုင်သည်။ဤကျွမ်းကျင်မှုအား တစ်ကြိမ်အသုံးပြုပြီးနောက် ၁၀စက္ကန့်အကြာတွင် ပြန်လည်အသုံးပြုနိုင်သည်။အမြင့်ဆုံးအဆင့်သို့ရောက်ရှိပါက ပစ်ခတ်မှုအမြန်နှုန်းအား ၁၀၀ရာခိုင်နှုန်းတိတိ တိုးမြင့်ပေးမှာဖြစ်သည်။

ဂရင်း၏ ကျွမ်းကျင်မှုအသစ်များမှာ

လေပွေ (အဆင့်၃ထိမြင့်တင်နိုင်သည်)

- အသုံးပြုသူသည် ကိုင်ဆောင်ထားသောလက်နက်ကို လျင်မြန်စွာလှည်ပတ်၍ အနီးအနားရှိရန်သူများအား ပြင်းထန်သောထိခိုက်မှုကို ပေးစွမ်းနိုင်ပေသည်။အဆင့် ၁တွင် ထိခိုက်ပျက်စီးမှု ၅၀ ရာခိုင်နှုန်း ၊ အဆင့်၂တွင် ၁၀၀ရာခိုင်နှုန်းနှင့် အဆင့်၃တွင် ၁၅၀ရာခိုင်နှုန်း အသီးသီးတိုးမြင့်လာမည်ဖြစ်သည်။

သူရဲကောင်းဆန်စွာခုန်လွှားခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- အသုံးပြုသူသည် အဆင့်၁တွင် မီတာ၂၀ကျော်အကွာအဝေးအား ၃မီတာအမြင့်ထိရောက်အောင် ခုန်လွှားနိုင်သည်။

- အဆင့် ၂တွင် မီတာ၅၀ အကွာအဝေးအား ၅မီတာအမြင့်မှ၎င်း ၊ အဆင့်၃တွင် မီတာ ၈၀ကျော်အကွာအဝေးအား ၁၀မီတာအမြင့်မှ၎င်း ခုန်လွှားနိုင်ပေသည်။

ခြိမ်းခြောက်အော်ဟစ်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- အသုံးပြုသူသည် ရန်သူတပ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ၁၀ရာခိုင်နှုန်း လျော့ချပေးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကို ထုတ်ဖော်နိုင်သည်။

အဆင့် ၃သို့ရောက်ရှိချိန်တွင် ဤကျွမ်းကျင်မှုသည် ရန်သူတပ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ၃၀ရာခိုင်နှုန်းထိ လျော့ချပေးနိုင်သည်။ဤအကျိုးသက်ရောက်မှုသည် အသုံးပြုသူနှင့်ရန်သူများအကြား အကွာအဝေးပေါ်မူတည်၍ အမျိုးမျိုးကွဲပြားနိုင်သည်။အကယ်၍ ရန်သူကသာအသုံးပြုသူထက် အဆင့်မြင့်နေပါက အကျိုးသက်ရောက်မှု အားနည်းသွားမှာဖြစ်သည်။

တာတိုရွေ့ပြောင်းမှု (အဆင့်၂ထိမြင့်တင်နိုင်သည်)

- အသုံးပြုသူသည် သူကိုင်ဆောင်သောလက်နက်ဖြင့် အနီးအနားရှိလူများကို ထိခိုက်မှုဖြစ်စေပြီးနောက်တွင် မီတာ၂၀ အကွာအဝေးသို့ ချက်ချင်းရောက်ရှိသွားနိုင်သည်။အသုံးပြုသူသည် အဆင့်၂သို့ရောက်ရှိချိန်တွင် မီတာ ၄၀ထိချက်ချင်းရွေ့ပြောင်းနိုင်မှာဖြစ်သည်။

ရှောင်ယုသည် တိုင်ရန်ဒီနှင့်ဂရင်းတို့ အဆင့်တက်ပြီးရရှိလာသော ကျွမ်းကျင်မှုအသစ်များကို စစ်ဆေးပြီးနောက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ယခုအချိန်တွင် ရှောင်ယုသည် အလွန်အစွမ်းထက်သောကျွမ်းကျင်မှုများကို သူသည်လည်းသင်ယူနိုင်မည်ဖြစ်ကြောင်း တွေးမိရာ အရူးတစ်ယောက်လို ပြုံးလိုက်မိသည်။

"တိုင်ရန်ဒီ စစ်မှန်သောပစ်ခတ်မှုအော်ရာကို သင်ယူလိုက်...ဂရင်းကလေပွေကိုလေ့လာလိုက်..."

ယခုအခိုက်အတန့်တွင် ကြီးမားသောတိုက်ပွဲများ၌ အဖွဲ့လိုက်စွမ်းဆောင်ရည်တိုးမြင့်စေခြင်းသည် အလွန်အရေးကြီးကြောင်း ရှောင်ယုနားလည်လိုက်သည်။

"အသက်ရှင်နေသေးတဲ့ ဓားပြတွေအားလုံးနားထောင်ကြ...ငါကမင်းတို့ရဲ့ခေါင်းဆောင်ကိုသတ်ဖြတ် လိုက်ပြီ...မင်းတို့အကုန်လုံးလက်နက်ချရင် မင်းတို့ကိုအသက်ချမ်းသာပေးမယ်...မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့..."

ရှောင်ယုသည် ရန်သူ၏စိတ်ဓာတ်ကျဆင်းနေမှုကို သတိပြုမိကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဂရင်းသည် မားကပ်စ်၏ခေါင်းကို ဖြတ်တောက်လိုက်သည်အား ဓားပြအနည်းငယ်က သတိပြုမိသော်လည်း အများစုမှာပရမ်းပတာတိုက်ပွဲကြောင့် သတိမပြုမိသေးပေ။

ဂရင်းသည် မားကပ်စ်၏ခေါင်းကို နံရံပေါ်မြောက်တင်ပေးလိုက်ရာ ရှောင်ယုသည် ခေါင်းပြတ်ကိုဖမ်းယူလိုက်ကာ ဓားပြများမြင်စေရန် အမြင့်တစ်နေရာ၌ ထားလိုက်သည်။

ဓားပြများသည် အောစ့်စစ်သည်များ ၊ လေးသမားများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ဆက်လက်တောင့်မခံနိုင်တော့ပေ။အချိန်တစ်ခုကြာမြင့်ပါက သူတို့အားလုံးသေကြေပျက်စီးရတော့မည်ဖြစ်သည်။ယခုအခါ သူတို့၏ခေါင်းဆောင်လည်း ကျရှံးသွားခဲ့သောကြောင့် ဓားပြအများစုသည် လက်နက်ချကာ ဒူးထောက်လိုက်ကြသည်။

သို့သော် အောစ့်စစ်သည်များသည် စိတ်ရိုင်းဝင်နေသော အခြေအနေသို့ ရောက်ရှိနေခဲ့ကြ၍ မည်သည့်အချိန်တွင် တိုက်ခိုက်မှုအားရပ်တန့်ရမည်ကို မသိခဲ့ကြပေ။ထို့ကြောင့် သူတို့အားလုံးသည် သတ်ဖြတ်မှုတွင်နှစ်မြုပ်ပါဝင်နေကြဆဲဖြစ်သည်။

"အားလုံးရပ်လိုက်ကြ..."

ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။အောစ့်စစ်သည်များ၏ အဓိကချို့ယွင်းချက်မှာ စိတ်ရိုင်းဝင်ခြင်းအခြေအနေသို့ ရောက်ရှိသွားသည်နှင့် အလွယ်တကူမရပ်တန့်နိုင်တော့ခြင်းဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးကို ရှောင်ယုကိုယ်တိုင်ဆင့်ခေါ်ထားခြင်းဖြစ်ရာ သူတို့သည်ရှောင်ယု၏အမိန့်ကိုနာခံကြသည်။ယခုလည်း ရှောင်ယု၏အသံကိုကြားပြီးနောက် ဖြေးဖြေးချင်းငြိမ်သက်သွားခဲ့ကြသည်။

အကယ်၍ ထိုနေရာတွင် ဤကမ္ဘာမှအောစ့်တစ်ကောင်သာဖြစ်ပါက သူတို့၏မျက်လုံးများနီရဲလာသည်နှင့် သူတို့၏ဆင်ခြင်တုံတရားနှင့် အသိစိတ်အား မည်သို့မှပြန်မရနိုင်တော့ပေ။

လူသားများသည် ထိုသို့သောအောစ့်တစ်ကောင်ကို သတိထားမိသည်နှင့် အထူးသဖြင့်စိတ်ရိုင်းဝင်နေသော အောစ့်တစ်ကောင်အား ရင်ဆိုင်မိသည်နှင့် ထောင်ချောက်များကိုအသုံးပြုကာ ၎င်းကိုသတ်ဖြတ်ပစ်ကြမှာဖြစ်သည်။

ရှောင်ယုသည် အောစ့်စစ်သည်များကို ထိန်းချုပ်ပြီးနောက် တိုက်ပွဲအကျဉ်းချုပ်ကို သုံးသပ်လိုက်သည်။ဤတိုက်ပွဲတွင် စခန်းအတွင်းရှိ ဓားပြ၅၀၀၀ကျော်အနက် ၈၀၀ခန့်သာလက်နက်ချနိုင်ခဲ့ပြီး ကျန်ဓားပြအားလုံးသေဆုံးသွားခဲ့ရသည်။

ဤသည်မှာ လုံးဝကို အသာစီးရခဲ့သော အပြတ်အသတ်အောင်ပွဲဖြစ်သည်။

အခန်း ၃၃ - နတ်သူငယ်ကျွန်တစ်ယောက်

ရှောင်ယုသည် စခန်းအတွင်း အရှိန်အဟုန်ပြင်းပြင်း တောက်လောင်နေသော မီးတောက်များကိုလှမ်းကြည့်လိုက်ပြီး လောလောဆယ်မီးငြိမ်းသတ်ရန် မဖြစ်နိုင်ကြောင်း နားလည်လိုက်၍ စခန်းတွင်းမှ ခေတ္တဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။မီးတောက်များ ငြိမ်းသွားချိန်မှသာ စခန်းတွင်းရှိ အဖိုးတန်ပစ္စည်းများနှင့် ရွှေပြားများကိုသိမ်းဆည်းရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ယု၏နည်းပရိယာယ်များသည် ဤတိုက်ပွဲ၏ရလဒ်ကို သိသာထင်ရှားစေခဲ့သော်လည်း ယခုအချိန်တွင် သူ၏စစ်တပ်သည် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ထို့အပြင် အောစ့်စစ်သည်များသည်လည်း ဒဏ်ရာများရရှိခဲ့ကြသဖြင့် အနားယူရန်လိုအပ်နေသည်။တိုင်ရန်ဒီသည် လေတစ်ချက်ချွန်လိုက်ပြီး စခန်းတွင်းရှိမုဆိုးများကိုပြန်ခေါ်လိုက်သည်။လက်ကျန်ဓားပြများသည်လည်း သူတို့၏အဖော်များလက်နက်ချသည်ကိုမြင်သောအခါ စိတ်ဓာတ်ကျကုန်၍ အလားတူပင်လက်နက်ချကုန်ကြသည်။

ထိုအခိုက်အတန့်တွင် မုဆိုးတစ်ယောက်သည် ရှောင်ယုထံအပြေးရောက်လာကာ အလျင်အမြန်လျှောက်တင်လိုက်သည်။

"သခင်လေး...စခန်းတွင်းမှာဖမ်းဆီးခံထားရတဲ့ ကျွန်တွေအများကြီးရှိနေသေးတယ်...ငါတို့သာသူတို့မလွတ်ပေးရင် မီးတောက်တွေကသူတို့ရဲ့အသက်ကိုလောင်ကျွမ်းသွားလိမ့်မယ်"

"ဒါပေါ့ သူတို့ကိုမြန်မြန်လွတ်ပေးလိုက်...အဲလိုမှမဟုတ်ရင် ငါသူတို့ကိုမကယ်တင်နိုင်ခဲ့လို့ အပြစ်တင်ခံနေရမယ်"

ရှောင်ယုသည် ကျွန်များကို မြန်မြန်စေလွှတ်ပေးရန်အတွက် မုဆိုးများကို အမိန့်ပေးခဲ့သည်။

သို့သော် ကျွန်များကိုမြင်တွေ့လိုက်ရချိန်တွင် ရှောင်ယုသည်အံ့သြသွားကာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။မူလက စခန်းအတွင်း၌ ကျွန်ဒါဇင်အနည်းငယ်ခန့်သာ ရှိမည်ဟုယူဆထားခဲ့သော်လည်း ယခုလိုထောင်နှင့်ချီသောကျွန်များ ရှိနေလိမ့်မည်ဟု ရှောင်ယုမမျှော်လင့်ထားခဲ့ပေ။ကျွန်များအနက် အများစုသည် ရုပ်ရည်ချောမောလှပသော အမျိုးသမီးများဖြစ်ကြပြီး စုတ်ပြတ်နေသာအဝတ်အစားများကို ဝတ်ဆင်ထားကာ သူမတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရှက်ရွှံစွာဖုံးအုပ်ထားကြသည်။

ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ စကားတစ်ခွန်းထွက်ပေါ်လာသည်။

"ဒီအမျိုးသမီးတွေအကုန်လုံးကို ကူညီပေးပါ..."

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ အလွန်ဒေါသပေါက်ကွဲနေမိသည်။

"ဒီဓားပြတွေအကုန်လုံးကို သတ်ပစ်သင့်တယ်"

ယခုအချိန်တွင် ရှောင်ယုသည် အလွန်ဒေါသထွက်နေခဲ့သည်။သာမန်အားဖြင့်ဆိုလျှင် သူသည်ကာမအရာ၌ ပျော်မွေ့သူဟုဆိုနိုင်သော်လည်း သူ၏ယခင်ဘဝ၌ပင် စိတ်ဖိစီးမှုများကို ဖြေလျော့ရန်အတွက် အင်တာနက်မှနေ၍ ရုပ်ရှင်အနည်းငယ်ကိုသာ ဒေါင်းလုဒ်ဆွဲယူကြည့်ရှုခဲ့ခြင်းဖြစ်သည်။ဤလောက၌ဆိုလျှင်လည်း သူ၏ခယ်မများရေချိုးသည်ကို ချောင်းကြည့်ရုံလောက်သာဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် ရှောင်ယုသည်မိန်းမများကိုလေးစားသူတစ်ဦးဖြစ်သည်။သူတစ်ခါတစ်ရံ စိတ်ဆန္ဒအလွန်ပြင်းပြလာလျှင်ပင် မိန်းမသားများအပေါ် အတင်းအကျပ်လုပ်ဆောင်ရန် သူ့ကိုယ်သူခွင့်မပြုခဲ့ပေ။သူသည် အမျိုးသမီးများအပေါ် တပ်မက်စိတ်ရှိသော်လည်း တစ်ဖက်၏ခွင့်ပြုချက်မရရှိဘဲ အတင်းအကျပ်လုပ်ဆောင်ခြင်းသည် တိရစ္ဆာန်တစ်ကောင်နှင့်မခြားဟု ရှောင်ယုလက်ခံယုံကြည်ထားသည်။

ရှောင်ယုသည် ယခင်ဘဝကပင် အမျိုးသမီးများကို လိင်ကျွန်များ ၊ အိမ်မွေးတိရစ္ဆာန်များအဖြစ်၎င်း ဆော့ကစားစရာ အရုပ်တစ်ခုအဖြစ်၎င်း ဆက်ဆံခြင်းများအပေါ် မထီမဲ့မြင်သဘောထားရှိခဲ့သည်။ရှောင်ယုသည် ယခင်ကမ္ဘာရှိ ထိုကဲသို့ယုတ်မာသောဖြစ်ရပ်အချို့အား ပြန်တွေးမိတိုင်း သည်းမခံနိင်ဖြစ်ခဲ့ရသည်။

"အခြားကျွန်တွေ ရှိနေသေးလား လိုက်ရှာကြ"

ရှောင်ယုသည် ရေခဲလိုအေးစက်နေသောလေသံဖြင့် အမိန့်ပေးလိုက်သည်။သူသည် ဤဓားပြစခန်းကိုဖျက်ဆီးခဲ့ကာ ကျွန်များကိုကယ်တင်နိုင်ခဲ့သော်လည်း မပျော်နိုင်ခဲ့ပေ။

သူသည် လက်နက်ချသူများအား သတ်ဖြတ်ရသည်ကို မနှစ်သက်သော်လည်း ယခုလိုယုတ်မာသောလုပ်ရပ်များအား ကျူးလွန်ခဲ့သည့်ဓားပြများကို သူသည်းခံနိုင်စွမ်းမရှိပေ။ထိုကဲ့သို့ကောင်များသည် လူသားများဟုမသတ်မှတ်သင့်ရာ သတ်ဖြတ်ရန်ကိစ္စမရှိပေ။

"အမိန့်အတိုင်းပါ..."

မုဆိုးသည် ချက်ချင်းပြန်ဖြေလိုက်ပြီး နောက်ထပ်ကျွန်များအား ရှာဖွေရန်ထွက်ခွာသွားခဲ့သည်။

နတ်သူငယ်များသည် အခြားသက်ရှိများနှင့်ယှဉ်လျင် သဘာဝတရားနှင့် ပိုမိုနီးစပ်သည့်အတွက်ကြောင့် သက်ရှိများအား ပိုမိုလွယ်ကူစွာရှာတွေ့နိုင်သည်။သူတို့သည် အခြားသောအမျိုးသမီးတစ်ဖွဲ့ကို ရှာတွေ့ရန်သိပ်မကြာလိုက်ပေ။ထိုအမျိုးသမီးအဖွဲ့ရှိ အမျိုးသမီးများသည် လှပသောအဝတ်အစားများကို ဆင်ယင်ထားခဲ့ပြီး သာမန်ထက်ပင်ပိုမိုလှပေသော အမျိူးသမီးများဖြစ်ကြသည်။ဤအမျိုးသမီးကျွန်အချို့၏ မျက်နှာပေါ်၌ ခေါင်းမာမှုနှင့် မခံမရပ်နိုင်ဖြစ်နေသော အမူအရာများဖြစ်ပေါ်နေသော်လည်း အများစုမှာ လုံးဝစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီဖြစ်သည်။သူမတို့အားလုံးအား စခန်းအလယ်ရှိ လျှို့ဝှက်တဲများထဲမှ ရှာတွေ့ခဲ့ခြင်းဖြစ်ကာ ဓားပြစခန်းအကြီးတန်းများ၏ အစိတ်အပိုင်းများဖြစ်ပုံရသည်။

ထိုအမျိုးသမီးအများစုတွင် သာမန်အမျိုးသမီးများတွင် မတွေ့ရသည့် ဒေါသတရားကိုခံစားနေရသည်ကိုကြည့်ခြင်းဖြင့် သူမတို့အားလုံးသည် ကျွန်အဖြစ်သိမ်းသွင်းမခံရမှီ ချမ်းသာသောမိသားစုများ၏ သခင်မလေးများဖြစ်ဟန်ရပေသည်။

"ဒီဓားပြတွေအကုန်လုံးက တော်တော်အရှက်မဲ့တာပဲ...ဒီကောင်တွေက လူသားတွေရဲ့ဘိုးဘေးတွေကို အရှက်ရစေခဲ့တယ်..."

ရှောင်ယုသည် ဓားပြများ ပြန်ပေးဆွဲလာခဲ့သော လှပသည့်မိန်းမလှများစွာကို စိုက်ကြည့်ရင်း အံက်ိုတင်းတင်းကြိတ်လိုက်ကာ ကျောက်နံရံပေါ်၌ အခေါက်ခေါက်အခါခါ လျှောက်သွားနေခဲ့သည်။

တစ်ချိန်တည်းမှာပင် နတ်သူငယ်များသည် အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြသည်။ပုံမှန်အားဖြင့်ဆိုပါက နတ်သူငယ်များသည် ယဉ်ကျေးသိမ့်မွေ့ကြသော်လည်း သူတို့သည် ယခုလိုဒေါသအကြီးအကျယ်ထွက်ကာ လူသားများကဲ့သို့ကျိန်ဆဲနေကြသည်ကို ရှောင်ယုမမြင်တွေ့ဖူးပေ။

နတ်သူငယ်များသည် အရိုးထဲထိစွဲနေအောင် မာနကြီးကြပြီး မျိုးနွယ်အားလုံး၏ အမြင့်ပိုင်း၌ရှိနေသော်လည်း သူတို့သည်ယဉ်ကျေးသိမ်မွေ့စွာ ပြူမူကာ ရိုင်းစိုင်းမှုမရှိသောစကားလုံးများကိုသာ အသုံးပြုတတ်ကြသည်။

ထို့ကြောင့် နတ်သူငယ်တို့ထံတွင် ကျိန်ဆဲသောစကားလုံးများမရှိဟု ရှောင်ယုယူဆထားခဲ့သော်လည်း ယခုအခါထိုနတ်သူငယ်များသည် တစ်စုံတစ်ခုကြောင့် ဒေါသထွက်နေကြပြီဖြစ်သည်။

ရှောင်ယုသည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ပြေးဝင်လာပြီ အခြေအနေအရပ်ရပ်ကို မြင်တွေ့လိုက်ရချိန်တွင် သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပေ။ရှောင်ယုသည် မားကပ်စ်၏ပုပ်ပွနေသော ဦးခေါင်းကိုခုတ်ထစ်ရန် သူ၏ဓားကိုထပ်မံဆွဲထုတ်လိုက်သည်။

ယခုအချိန်တွင် နတ်သူငယ်အုပ်စုသည် အမျိုးသမီးတစ်ဦးအား ဝိုင်းရံထားခဲ့သည်။ထိုအမျိုူးသမီး၏ခန္ဓာကိုယ်သည် ပုဇွန်ထုပ်တစ်ခုလို ကွေးနေပြီး သူမ၏မျက်လုံးများသည် ကြောက်ရွံ့မှုအပြည့်ဖုံးလွှမ်းနေခဲ့သည်။သူမ၏ကိုယ်လုံးတီးခန္ဓာကိုယ်အား ဖုံးကွယ်ထားရန်အတွက် နတ်သူငယ်တစ်ယောက်က သူ၏ဝတ်ရုံကိုပေးအပ်ထားခဲ့သည်။

သံကြိုးတစ်ချောင်းက သူ၏လည်ပင်းကိုဖုံးအုပ်ထားခဲ့ကာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြုမူခံထားရသည်။ထိုအမျိုးသမီးသည် ယခုအချိန်၌ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်တော့ပေ။သူမသည် ကြောင်တစ်ကောင်ကဲ့သို့ ကြောက်လန့်တကြား တွားသွားရုံသာ ရွေ့လျားခဲ့သည်။သူမသည် ယခုလိုမွေးဖွားလာခြင်းမဟုတ်သော်လည်း သူမကြုံတွေ့ခဲ့ရသော အခြေအနေဆိုးများက ယခုလိုဖြစ်ပျက်စေခဲ့ခြင်းဖြစ်သည်။

အရေးအကြီးဆုံးသောအရာမှာ ထိုအမျိုးသမီး၏ ချွန်ထက်နေသောနားရွက်များဖြစ်သည်။ထိုနားရွက်များသည် ချွန်ထက်ပြီးရှည်လျားသည့်အပြင် အနည်းဆုံး အရှည်၂၀စင်တီမီတာခန့်ရှိသည်။သူမ၏မျက်လုံးများ၌ ရံဖန်ရံခါ ခရမ်းရောင်အလင်းတန်းတချို့ကို တွေ့မြင်ရပေသည်။

ထိုလက္ခဏာများကို ကြည့်ခြင်းဖြင့် သူမသည်နတ်သူငယ်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

ဒဏ္ဍာရီများအရ နတ်သူငယ်များသည် မျိုးသုဉ်းသွားခဲ့ပြီဖြစ်ရာ ယခုလိုနေရာမျိုးတွင် နတ်သူငယ်တစ်ယောက်နှင့် ကြုံတွေ့ရလိ့မ်မည်ဟု ရှောင်ယုမမျှော်လင့်ထားခဲ့ပေ။

ရှောင်ယုသည် နတ်သူငယ်များအား စတွေ့တွေ့ချင်း သူတို့၏မာနကြီးသော သဘောထားကြောင့် ဒေါသထွက်ခဲ့သော်လည်း သူတို့အားလုံးသည် သူ၏စစ်သည်တော်များဖြစ်သောကြောင့် အောစ့်နှင့်နတ်သူငယ်များကို သူ၏မိသားစုဝင်များအဖြစ်မှတ်ယူထားခဲ့သည်။

ယခုအခါ မားကပ်စ်လိုဓားပြမျိုးက သူ့လူများကို ယခုလိုလူမဆန်စွာ ဆက်ဆံသည်ကိုမြင်သောအခါ သူစိတ်မဆိုးဘဲ မနေနိုင်တော့ပေ။

သူမ၏ဘေးတွင်ရပ်နေသော ဂရင်းသည်တောင်မှ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

"အဲ့ဒီလူတွေအကုန်လုံးကို ငါသတ်မယ်"

ဂရင်းသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး အကျည်းသား၈၀၀ထံပြေးဝင်သွားခဲ့သည်။ဂရင်းသည် နတ်သူငယ်များအပေါ် မည်သည့်အခါကမှ မကျေနပ်သော်လည်း သူတို့အားလုံးသည် ရှောင်ယု၏လက်အောက်၌အမှုထမ်းနေကြသော ရဲဘော်ရဲဘက်များဖြစ်ကြပေသည်။

ဂရင်းနှင့်နတ်သူငယ်များသည် ရန်ဖြစ်လေ့ဖြစ်ထရှိသော ညီအစ်ကိုနှစ်ယောက်နှင့် တူညီပေသည်။သို့သော် အပြင်လူတစ်ယောက်က သူ၏ညီအစ်ကိုအား ရန်စလာချိန်တွင် ဂရင်းသည်မတ်တပ်ရပ်ကာ စောင့်ကြည့်နေမှာမဟုတ်ပေ။

"ရပ်လိုက်...ငါသူတို့ကိုနောက်မှ အပြစ်ပေးမယ်"

ရှောင်ယုသည် အေးစက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

ဂရင်းသည် အလွန်ဒေါသထွက်နေသော်လည်း ရှောင်ယု၏အမိန့်ကို မချိုးဖျက်သေးပေ။ယခုအချိန်တွင် ဂရင်းသည် သူ၏ခံစားချက်များကို ပြင်းပြင်းထန်ထန်မျိုသိပ်ထားသည့်အတွက်ကြောင့် သူ၏လက်များက အနည်းငယ်တုန်ယင်နေခဲ့သည်။သို့သော် သူ၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အကျည်းသားများအပေါ် တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် တိုင်ရန်ဒီ၏မျက်လုံးများမှ မျက်ရည်များစီးကျလာခဲ့ပြီး နတ်သူငယ်အမျိုးသမီးအား နှစ်သိမ့်ပေးရန်အတွက် နတ်သူငယ်ဘာသာစကားဖြင့် တိုးတိုးလေးပြောလိုက်သည်။

ထိုနတ်သူငယ်အမျိုးသမီးသည် လူတိုင်းကိုကြောက်ရွှံနေပြီး ကိုယ့်လူမျိုးကိုယ်တောင် မမှတ်မိတော့ပေ။

သို့သော် တိုင်ရန်ဒီအားတွေ့မြင်လိုက်သည်နှင့် သူမ၏မျက်လုံးထဲတွင် အလင်းရောင်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

"လနတ်သမီးက ငါတို့ကိုမစွန့်လွှတ်သေးဘူး...သူငါတို့ကိုကူညီဖို့အတွက် မင်းသမီးတိုင်ရန်ဒီကို စေလွှတ်ခဲ့တယ်"

ထိုအခိုက်အတန့်တွင် ရှောင်ယုသည် နတ်သူငယ်ဘာသာစကားကို နားလည်ခဲ့ကြောင်း အံ့သြဖွယ်ရှာဖွေတွေ့ရှိလိုက်သည်။အချိန်ခဏကြာ စိတ်ရှုပ်ပြီးနောက် ရှောင်ယုက သူသည်နတ်သူငယ်ဘာသာစကားကိုသာမက ဤလောကရှိအခြားသော ဘာသာစကားအားလုံးကို သင်ယူနိုင်ကြောင်းနားလည်လာခဲ့သည်။

ရှောင်ယုသည် နတ်သူငယ်ဘာသာစကားအား နားလည်ထားရာ တိုင်ရန်ဒီ၏စကားများကို နားထောင်ရန်တုံ့ဆိုင်းမနေခဲ့ပေ။

"ဟုတ်တယ်...ငါကတိုင်ရန်ဒီပဲ...ငါ့ကိုပြော...ဒီမှာဘာဖြစ်သွားတာလဲ...ဒီလို အခြေအနေမျိုးကို ဘယ်လိုရောက်သွားရတာလဲ"

တိုင်ရန်ဒီသည် ထိုသို့မေးမြန်းနေစဉ်အတွင်း မျက်ရည်များသည် သူမ၏ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။

"မဟာနတ်သမီး တိုင်ရန်ဒီ...မင်းဘာလို့ငါတို့မျိုးနွယ်စုကို စွန့်ခွာသွားခဲ့ရတာလဲ...မင်းထွက်သွားပြီးနောက် လနတ်သမီးရဲ့အလင်းရောင်ဟာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်...ငါတို့ဟာနှစ်ပေါင်းသောင်းချီကြာအောင် စွန့်ပစ်ခံခဲ့ရတယ်...အသက်သစ်ပင်ဟာလည်းပျောက်ကွယ်သွားခဲ့ပြီး ယုတ်မာတဲ့လူသားတွေဟာ ငါတို့နေထိုင်ရာနေရာကို ကျူးကျော်ဝင်ရောက်လာပြီး ငါတို့ကိုသတ်ဖြတ်ခဲ့တယ်...ငါတို့ရဲ့လက်ကျန်မျိုးနွယ်စုတွေဟာ တောင်တန်းတွေရဲ့အနက်ပိုင်းမှာသာ ပုန်းအောင်းနေထိုင်နေရတယ်...နတ်သမီးတိုင်ရန်ဒီ ပြန်လာတာအရမ်းကောင်းတယ်...ငါတို့မျိုးနွယ်စုဟာ ပြန်လည်ရှင်သန်ဖို့အခွင့်အလမ်းရှိလာခဲ့ပြီ"

နတ်သူငယ်အမျိုးသမီးသည် တိုင်ရန်ဒီအား နတ်ဘုရားမတစ်ဦးသဖွယ် စိုက်ကြည့်နေပြီး တစ်ချက်တစ်ချက်တွင် သူမ၏ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်သွားခဲ့သည်။

"မျိုူးသုဉ်းခြင်း...နတ်သူငယ်တွေက အဲလိုအခြေအနေမျိုးကိုတောင် ရင်ဆိုင်နေရပြီလား....အဲ့ဒီလူသားတွေ..."

အခြေအနေတစ်ခုလုံးက်ို နားလည်ပြီးနောက် တိုင်ရန်ဒီသည် ဖြေးညင်းစွာငိုရှိုက်လိုက်သည်။

ရှောင်ယုသည် နတ်သူငယ်အမျိုးသမီး၏ စကားကိုနားထောင်ပြီးနောက် အနည်းငယ်အပြစ်ရှိသလို ခံစားလာခဲ့ရသည်။လူသားများသည် နတ်သူငယ်များအား ယခုလိုစိတ်ပျက်လက်ပျက်အခြေအနေရောက်အောင် တွန်းပို့ခဲ့သည်မှာ ဖြစ်နိုင်ပေသည်။ရှေးယခင်က အထက်တန်းစားမှူးမတ်များသည် နတ်သူငယ်များအား သူတို့၏အချစ်တော်အိမ်မွှေးတိရစ္ဆာန်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။သူတို့သည် သူတို့၏ဂုဏ်ကျက်သရေအတွက် အောစ့်များကိုသတ်ဖြတ်ကာ နတ်သူငယ်များအား အပျင်းပြေကစားစရာအဖြစ် ဖမ်းယူရန်အတွက် တောင်တန်းနယ်မြေအတွင်းသို့ မုဆိုးများနှင့်စွန့်စားသူဟုခေါ်သည့် ကျွမ်းကျင်သူများကို စေခိုင်းခဲ့သည်။ထိုကိစ္စသည် အထက်တန်းစားမှုးမတ်များအဖို့ ပုံမှန်သာဖြစ်ကာ မွန်မြတ်သောအစဉ်အလာတစ်ခုဖြစ်သည်။

သူ၏ငယ်ရွယ်စဉ်အမှတ်တရများထဲ၌ သူ၏ဖခင်ဖြစ်သူ ရှောင်ကျန်းထျန်သည်ပင်လျှင် အောစ့်များကိုသတ်ကာ နတ်သူငယ်များကိုဖမ်းဆီးရန် စွန့်စားခန်းဖွင့်ခဲ့ဖူးသည်။

"မဟာနတ်သမီး...ငါတောင်းပန်ပါတယ်...ကျေးဇူးပြုပြီး ငါတို့ကိုကယ်တင်ပါ....ငါတို့မျိုးနွယ်စုကိုကယ်တင်ပါ...သင်သာလျှင် ငါတို့မျိုးနွယ်စုကို ပြန်လည်ကယ်တင်နိုင်မှာဖြစ်တယ်...လနတ်ဘုရားရဲ့လမ်းညွန်မှုအောက်မှာ ငါတို့နတ်သူငယ်တွေဟာ တဖန်ပြန်လည်ထွန်းတောက်လာလိမ့်မယ်"

နတ်သူငယ်အမျိုးသမီးသည် တိုင်ရန်ဒီအား တောင်းပန်လာခဲ့သည်။

"ငါတို့ရဲ့မျိုးနွယ်စုကို နောက်ထပ်တစ်ကြိမ် မြင့်တက်လာအောင် ကူညီပေးမယ်လို့ ငါအာမခံတယ်..."

တိုင်ရန်ဒီသည် နတ်သူငယ်အမျိုးသမီး၏ မျက်နှာအားပွတ်သပ်၍ နှစ်သိမ့်လိုက်သည်။

ရှောင်ယုသည် သူယခင်ဘဝမှကြည့်ဖူးခဲ့သော ရုပ်ရှင်များမှ အထူးဇာတ်ဝင်ခန်းအချို့ကို သတိရလာခဲ့သည်။ထိုဇာတ်လမ်းတွင် ဖျက်ဆီးခံလိုက်ရသော မျိုးနွယ်စုတစ်ခု၏ သူရဲကောင်းတစ်ယောက်သည် သူ၏မျိုးနွယ်စုအား ကယ်တင်ရန်ပြန်လည်ရောက်ရှိလာခဲ့ပြီး ထိုသူရဲကောင်းသည် သူ၏မျိုးနွယ်စုအား ယခင်ဂုဏ်ကျက်သရေများကို ပြန်လည်ယူဆောင်ပေးကာ အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့သည်။

သို့သော် ရုတ်ချည်းဆိုသလိုပဲ ရှောင်ယု၏မျက်နှာပေါ်၌ ထိတ်လန့်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤနေရာတွင် သူဖြေ၍မရသော မေးခွန်းအချို့ရှိပေသည်။

ဤကမ္ဘာရှိ နတ်သူငယ်များသည် အဘယ်ကြောင့်တိုင်ရန်ဒီအား သိရှိနေရသနည်း။တိုင်ရန်ဒီသည် နှစ်ပေါင်း၁၀၀၀၀ကြာအောင် ပျောက်ဆုံးနေခဲ့သည်ဟု နတ်သူငယ်အမျိူးသမီးကပြောခဲ့လေရာ ထိုနှစ်ပေါင်းသောင်းချီကာလအတွင်း တိုင်ရန်ဒီသည်မည်သည့်နေရာသို့ရောက်ရှိနေခဲ့သနည်း။

All Chapters