← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း ၃၄ - နတ်ဘုရားရဲ့အလိုဆန္ဒလား

အစောပိုင်းတွင် ရှောင်ယုသည် သူနှင့်လုံးဝမသက်ဆိုင်သော ကမ္ဘာတစ်ခု၌ ရှိနေသည်ဟုယူဆခဲ့သော်လည်း ယခုသူမြင်တွေ့နေရသော မြင်ကွင်းက သူ့အားစိတ်ရှုပ်ထွေးစေခဲ့သည်။

"သူမက တိုင်ရန်ဒီကိုသိနေတယ်...ပြီးတော့ တိုင်ရန်ဒီက သူမတို့မျိုးနွယ်စုရဲ့မဟာနတ်သမီးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀က မျိုးနွယ်စုကိုစွန့်ခွာသွားတာလို့ သူမပြောခဲ့တယ်...အဲ့ဒါဆိုရင် ငါဟာ ဒီကမ္ဘာရဲ့မဟာစစ်ပွဲအပြီး နှစ်ပေါင်း၁၀၀၀၀ ကာလက်ိုရောက်လာခဲ့တာလား..."

ရှောင်ယုသည် လက်ရှိအခြေအနေအား သံသယဝင်နေမိသော်လည်း နတ်သူငယ်အမျိုးသမီးက တိုင်ရန်ဒီအားမည်ကဲ့သို့သိရှိနေရသည်ဟူသည့် အကြောင်းရင်းအား သူရှင်းပြမှာမဟုတ်ပေ။

လွန်ခဲ့တဲ့နှစ်၁၀၀၀၀က ဘာတွေဖြစ်ခဲ့တာလဲ...

တိုင်ရန်ဒီသည် သူမ၏ပါးပြင်၌စီးကျနေသော မျက်ရည်များကိုသုတ်လိုက်ပြီး ရှောင်ယု၏ရှေ့သို့ရောက်ရှိလာခဲ့သည်။

"သခင်...ကျွန်မက တိုင်ရန်ဒီဆိုတဲ့နာမည်ကို သက်သေထားပြီးတောင်းဆိုပါတယ်...ကျေးဇူးပြုပြီး နတ်သူငယ်မျိုးနွယ်ကို ပြန်လည်ရှင်သန်လာအောင် ကူညီပေးပါ...သူတို့ကိုလွတ်လပ်မှုပြန်ရစေပြီး လနတ်ဘုရားမရဲ့ ကောင်းချီးကိုရရှိလာအောင် ပြုလုပ်ပေးပါ...အဲလိုလုပ်ပေးနိုင်ရင် တိုင်ရန်ဒီဆိုတဲ့ငါက သခင့်အပေါ်တစ်သက်လုံး သစ္စာရှိသွားမှာပါ"

ရှောင်ယုသည် တိုင်ရန်ဒီအားစိုက်ကြည့်၍ ချက်ချင်းတုံ့ပြန်လိုက်သည်။

"တိုင်ရန်ဒီ...မင်းငါ့ကိုအဲလိုတောင်းဆိုနေစရာမလိုဘူး...ငါကမင်းရဲ့သခင်တစ်ယောက်တင်မဟုတ်ဘူး...ဒီမှာရှိနေတဲ့ နတ်သူငယ်တွေ၊ အောစ့်တွေ၊လူပုတွေရဲ့ သခင်လည်းဖြစ်တယ်...သူတို့အားလုံးဟာ ငါ့အပေါ်သစ္စာရှိတဲ့လက်အောက်ငယ်သားတွေဖြစ်တဲ့အတွက် တစ်ယောက်ယောက်သာ ငါ့လူတွေကိုအနိင်ကျင့်ရဲရင် အဲဒီလူကိုငရဲအရှင်လတ်လတ်ကျအောင် ငါလုပ်ဆောင်ပေးမယ်"

ရှောင်ယုသည် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုကို ရရှိရန်မရည်ရွယ်ခဲ့ဘဲ သူ၏နှလုံးသားထဲမှ လာသောစကားများကိုသာ အမှန်အတီုင်းပြောခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုခဏတွင် ရှောင်ယုအပေါ်၌ နတ်သူငယ်များ၏ သစ္စာစောင့်သိမှုသည် ချက်ချင်းတိုးမြင့်လာခဲ့သည်။

ရှောင်ယုသည် မာနကြီးသောနတ်သူငယ်များကို သဘောမကျသော်လည်း သူ့လက်အောက်ရှိစစ်သည်အားလုံးသည် သူ၏ညီအစ်ကိုမောင်နှမများသဖွယ်ဖြစ်သည်။

ယခုလည်း ရှောင်ယု၏တုံ့ပြန်မှုကိုရရှိသည်နှင့် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှတ်သည် ၂၀အထိတိုးမြင့်လာခဲ့သည်။သစ္စာစောင့်သိမှတ် ၀မှ ၂၀အထိ ချက်ချင်းမြင့်တက်လာခဲ့မှုသည် ရှောင်ယုအပေါ်၌ တ်ိုင်ရန်ဒီက မည်မျှထိကျေးဇူးတင်နေကြောင်း သိသာနေခဲ့သည်။

ရှောင်ယုသည် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှု တိုးလာခြင်းအား ပျော်ရွှင်နေရန် အချိန်မရှိပေ။ယခုအချိန်တွင် စခန်းအတွင်း၌ နတ်သူငယ်အမျိုးသမီးကဲ့သို့ ကျွန်များစခန်းတွင်း၌ ထပ်ရှိနေခြင်းရှိမရှိ သူစစ်ဆေးရန်လိုအပ်နေသေည်။

"အခြားကျွန်တွေရှိဦးမလား....ဆက်ပြီးရှာကြ...အာရုံတက်လာရင် ဒီဓားပြတွေကို ငါကိုယ်တိုင်တရားစီရင်မယ်"

ရှောင်ယုသည် အေးစက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

ရှောင်ယု၏အမိန့်ကို လက်ခံရရှိပြီးနောက် စခန်းအတွင်းရှိကျွန်များကို ဂရုတစိုက်ရှာဖွေရန်အတွက် မုဆိုးများနှင့်နတ်သူငယ်လေးသမားများသည် စခန်းတွင်းသို့ပြေးဝင်သွားခဲ့ကြသည်။အောစ့်စစ်သည်များသည်ကား အကျည်းသားများကိုစောင့်ကြည့်နေကာ အချို့သည် လူအသားကိုမြည်းစမ်းကြည့်လိုဟန်ဖြင့် သူတို့၏နှုတ်ခမ်းများကိုပွတ်သပ်နေကြသည်။

...

...

အာရုဏ်တက်ခါနီးအချိန်တွင် စခန်းတစ်ခုလုံးမီးငြိမ်းသွားခဲ့ပြီး အချို့နေရာများ၌ မဖြစ်စလောက်တောက်လောင်နေသော မီးတောက်အချို့သာကျန်ရှိတော့သည်။သို့သော် ရှောင်ယုသည် စခန်းအတွင်းသို့ချက်ချင်းဝင်ရောက်မရှာဖွေသေးပဲ ဓားပြများအားဦးစွာစီရင်ချက်ချရန် ပြင်ဆင်ခဲ့သည်။

စီရင်ချက်ချရသည်မှာ အလွန်ရိုးရှင်းပေသည်။အခြားလူများသည် ဓားပြများပြုလုပ်ခဲ့သည့် မကောင်းသောရာဇဝတ်မှုများကို ဖော်ထုတ်နိုင်စေရန် လူအများရှေ့တွင် ပွင့်ပွင့်လင်းလင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။အပြင်းထန်ဆုံးအပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။ရှောင်ယုသည် ထိုသို့ဆုံးဖြတ်လိုက်သည်နှင့် ဓားပြအချင်းချင်းကြား စွပ်စွဲမှုများဖြစ်ပေါ်လာပြီး တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရန်ကြိုးစားမှုများပင်ဖြစ်ပေါ်လာခဲ့သည်။ထို့ပြင် ကျွန်များအကြား၌ ဓားပြများ၏မကောင်းမှုများအား ဖော်ထုတ်ရန် ဆန္ဒရှိသူများလည်းရှိခဲ့ကြသည်။

အောစ့်စစ်သည်များသည် အလွန်ဆိုးယုတ်သောဓားပြများ၏ ခေါင်းများကိုဖြတ်တောက်ရန် သူတို့၏ပုဆိန်များအား အသုံးပြုခဲ့ကြသည်။အချို့သောအောစ့်များကမူ လက်ဗလာဖြင့် ဓားပြများ၏ခန္ဓာကိုယ်အား ဆုတ်ဖြဲခဲ့ကြသည်။

ရှောင်ယုသည် သာမန်အချိန်များ၌ဆိုပါက ဤရွှံရှာဖွယ်အပြုအမူအား ရပ်တန့်ရန် ပြုလုပ်မှာဖြစ်သည်။သို့သော်မူ ယခုအချိန်၌ ရှောင်ယု၏မျက်နှာအမူအရာသည် ရေခဲကဲ့သို့အေးစက်တင်းမာနေပြီး ဓားပြများကို မသေမချင်း ညဉ်းပန်းနှိပ်စက်ရန် အမိန့်ပေးခဲ့သည်။

အမှုကိုစီရင်ချက်ချပြီးနောက် ဓားပြ၁၀၀ခန့်သာ ကျန်ရစ်ခဲ့သည်။ထိုဓားပြများသည် ကောင်းကင်တမန်များမဟုတ်ကြသော်လည်း သူတို့ပြုလုပ်ခဲ့သော မကောင်းမှုများမှာ အခြားသူများနှင့်နှိုင်းယှည်ပါက နည်းပါးပေသည်။

သို့သော် ရှောင်ယုသည် သူတို့အားခွင့်လွှတ်ပေးရန် မစီစဉ်ခဲ့ပေ။ထို့အစား သူသည် ကျွန်များကိုချုပ်နှောင်ထားသော သံကြိုးများကို ဓားပြများထံတွင် ပြန်လည်အသုံးပြုခဲ့သည်။ထိုဓားပြများကို ကျွန်များအဖြစ်အသုံးပြုကာ အောစ့်စစ်သည်များ၏လက်အောက်၌ ထားရှိရန် ရှောင်ယုစီစဉ်ခဲ့သည်။

ထိုဖြစ်စဉ်အတွင်း ထွက်ပြေးရန်ကြိုးစားခဲ့သည့် ဓားပြအမြောက်အများရှိခဲ့သော်လည်း တိုင်ရန်ဒီကမူ ထိုဓားပြများအား သတ်ဖြတ်ခဲ့ကာ သူမ၏စိတ်ထဲတွင် စွဲထင်နေသော ဒေါသများကို ရှင်းထုတ်ခဲ့သည်။

နတ်သူငယ်များသည် ငြိမ်းချမ်းသောမျိုးနွယ်စုများဖြစ်ကြပြီး သဘာဝကိုမြတ်နိုးသူများဖြစ်ကြသည်။သို့သော် ထိုဓားပြများသည် တိုင်ရန်ဒီ၏မျက်လုံးထဲတွင် တိရစ္ဆာန်များထက် နိမ့်ပါးပေသည်။

ထို့ကြောင့် နတ်သူငယ်များသည် အောစ့်များ၏ရက်စက်သော အပြုအမူကို တားဆီးခြင်းမရှိခဲ့ကြပေ။

ထို့နောက် ရှောင်ယုသည် တိုက်ပွဲအတွင်းရှိ အသေအပျောက်များကို စတင်စစ်ဆေးခဲ့သည်။ထိုတိုက်ပွဲအတွင်း၌ သူသည် အောစ့်စစ်သည် ၅ယောက် ၊ ခြေလျင်တပ်သား ၅ယောက်နှင့် မုဆိုး ၂ဦးဆုံးရှံးခဲ့ရသည်။

မုဆိုးများသည်ကား ဓားပြစခန်းအတွင်း ဝင်ရောက်မီးရှိ့ရာမှ မတော်တဆသေဆုံးခဲ့ခြင်းဖြစ်သည်။

နတ်သူငယ်လေးသမားများနှင့် ရိုင်ဖယ်တပ်သားများသည်ကား ကျောက်နံရံပေါ်၌ အကာအကွယ်ယူထား၍ အသေအပျောက်မရှိခဲ့ပေ။

ထို့နောက် ဒဏ်ရာရစစ်သည်များအား ဆေးဝါးများဖြင့် ကုသပေးခဲ့သည်။ထိုဆေးဝါးများသည် အလွန်အစွမ်းထက်ပြီး အသက်ရှုနေသရွေ့ ကြီးမားသောထိရောက်မှုရှိသည်။

ဤတိုက်ပွဲတွင် ရှောင်ယုသည် တပ်သား၆၀၀ကျော်ကိုသာအသုံးပြုခဲ့ပြီး တပ်သား၁၂ယောက်သာ ကျရှံးခဲ့သည်။သို့သော်လည်း သူသည်ဓားပြ၄၀၀၀ကျော်ကိုသုတ်သင်နိုင်ခဲ့ကာ တိုက်ပွဲကိုအောင်နိုင်ခဲ့၍ အလွန်ကြီးကျယ်သော အောင်ပွဲတစ်ခုဖြစ်ခဲ့ပေသည်။သို့သော်လည်း ရှောင်ယုသည် သူ၏ဆုံးဖြတ်ချက်အပေါ် လုံးဝကျေနပ်အားရခြင်းမရှိခဲ့ပေ။သူသည် တိုက်ပွဲအတွင်း၌ သူ၏စစ်သည်များသေဆုံးမှုကို တတ်နိုင်သလောက် လျော့ချပေးရန် နည်းလမ်းများကိုရှာဖွေခဲ့သည်။ရှောင်ယုသည် သူ၏တပ်သားတစ်ယောက်ကိုဆုံးရှုံးရတိုင်း အလွန်ပင်နာကျင်ခံစားခဲ့ရသည်။

သို့သော်လည်း သူသည်ရန်သူများအား အဆက်မပြတ်တိုက်ခိုက်နေရသောကြောင့် စစ်သည်များသေဆုံးမှုကို မလွဲမသေကြုံတွေ့ရမည်ဖြစ်သည်။စစ်ပွဲတစ်ခုတွင် သူ၏စစ်သည်များအား အသေအပျောက်လုံးဝမရှိစေရန် မတတ်စွမ်းနိုင်သော်လည်း အနည်းဆုံးအနေဖြင့် အသေအပျောက်အရေအတွက်အား လျော့ချရန်ကြိုးစားနိုင်သည်။

ထို့နောက် ရှောင်ယုသည် ရိုးရှင်းသောအမိန့်တစ်ခုကို ထုတ်ပြန်ကာ ဓားပြစခန်းအား မြေလှန်ရှာဖွေစေခဲ့သည်။

"မီးတွေကိုငြိမ်းပြီးတော့ စခန်းထဲကအဖိုးတန်ပစ္စည်းတွေကိုရှာကြ...ဓားပြတွေရဲ့အလောင်းတွေကို လည်း စစ်ဆေးပြီး အဖိုးတန်တာတွေ့ရင်ယူလိုက်ကြ...ပြီးရင်အလောင်းကိုမီးရှိ့လိုက်"

ရှောင်ယုသည် ယခင်သူပြုလုပ်ခဲ့သည့် နည်းလမ်းများအတိုင်း ဓားပြများစုဆောင်းထားသည့် အဖိုးတန်ပစ္စည်းအားလုံးကို သိမ်းယူရန်ကြံစည်ခဲ့သည်။

ရှောင်ယုသည် သူတို့သတ်ဖြတ်ခဲ့သော ဓားပြများဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာများ ၊ အဝတ်အထည်များကိုပင်ဖြုတ်ယူရန် အမိန့်ပေးခဲ့သည်။ယနေ့ခေတ်တွင် အဝတ်အထည်များသည် အလွန်တန်ဖိုးကြီးလှပြီး အေးခဲနေသောဆောင်းရာသီတွင် သူ့နယ်မြေအတွင်းရှိလူများ အအေးဓာတ်ကိုခုခံနိုင်စေရန် ထိုအဝတ်အစားများကို ဝေငှနိုင်ပေသည်။

ဤနေရာတွင် အောစ့်စစ်သည်များသည် ပြီးပြည့်စုံသောပရော်ဖက်ရှင်နယ်များဖြစ်ကြသည်။သူတို့သည် ရန်သူ၏အတွင်းဝတ်များကိုပင် လုယူခဲ့ကြသည်။

"သားရဲ ၃၈ ငါတို့က အဲ့ဒီအတွင်းဝတ်တွေက်ိုမလိုဘူး...သားရဲ၅၆ အဲဒီဖိနပ်တွေက စုတ်ပြတ်နေပြီ မီးရှိ့လိုက်တော့..."

ရှောင်ယုသည် အောစ့်စစ်သည်များကို ခွဲခြားရန်အတွက် နံပါတ်များကိုအသုံးပြုခဲ့ပြီး သူတို့ကိုထုတ်လုပ်ခဲ့သော အစဉ်အတိုင်းရေတွက်ခဲ့သည်။ထို့ပြင် အောစ့်စစ်သည်များအား နတ်သူငယ်များနှင့်ခွဲခြားရန်အတွက် အောစ့်စစ်သည်များ၏ရှေ့တွင် သားရဲဟူသော စကားလုံးက်ိုထည့်သုံးခဲ့သည်။နတ်သူငယ်များကိုမူ လေး၁ ၊ လေး၂ဟူ၍၎င်း မုဆိုးများကို မုဆိုး၁ ၊ မုဆိုး၂ဟူ၍၎င်း ခေါ်ဆိုခဲ့သည်။

မြေခွေးသည် ကျွန်များထံမှ သတင်းအချက်အလက်များကို ရယူပြီးနောက် စခန်းတစ်ခုလုံးအား မွှေနှောက်ရှာဖွေခဲ့ကာ ရွှေပြား၄၀၀၀၀၀ နှင့် အခြားအဖိုးတန်ပစ္စည်းများကို ရယူခဲ့သည်။

သို့သော် စခန်းတစ်ခုလုံးကို မီးလောင်တိုက်သွင်းခဲ့ပေရာ အဖိုးတန်ပိတ်စများနှင့် အဝတ်အထည်များ မီးစွဲလောင်၍ ပျက်စီးခဲ့သည့်အတွက်ကြောင့် ရွှေပြားများမှလွဲ၍ ဤဓားပြစခန်းမှရရှိသောအဖိုးတန်ပစ္စည်းပမာဏသည် အခြားဓားပြစခန်းများထက် ပိုမိုနည်းပါးခဲ့သည်။

ဓားပြကျွန်များသည် အောစ့်များက ဆိုးယုတ်သောဓားပြများကို အရှင်လတ်လတ်ခုတ်ထစ်သုတ်သင်ခြင်း ၊ ခန္ဓာကိုယ်အားဆွဲဖြဲခြင်းအစရှိသည့် ရက်စက်သောလုပ်ရပ်များကို မြင်တွေ့ထားရာ အမိန့်ဟူသမျှကို အလွန်နာခံကြသည်။မြေခွေးသည် ထိုဓားပြကျွန်များကို ခြိမ်းခြောက်ရန် အောစ့်စစ်သည်များ၏အမည်ကို အသုံးပြုခဲ့ရာ ထိရောက်မှုရှိခဲ့သည်။

မားကပ်စ်သည် ထွက်ပြေးလွတ်မြောက်ရန်အတွက် လျှို့ဝှက်လမ်းကြောင်းတစ်ခုကိုပင် ပြင်ဆင်ထားကြောင်း မြေခွေးကရှာတွေ့ခဲ့သည်။မားကပ်စ်သည် အနာဂတ်တစ်ချိန်ချိန်တွင် ယခုလိုတိုက်ခိုက်ခံရမည်မှန်း ကြိုတင်ခန့်မှန်းထားသည့်အတွက် လျှို့ဝှက်လမ်းကြောင်းတစ်ခုအား ဖွင့်လှစ်ထားခြင်းဖြစ်သည်။ကံမကောင်းစွာဖြင့် မားကပ်စ်သည် စခန်းမှထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးမရခဲ့ပေ။

"ဒီကောင်မားကပ်စ်က အရူးတစ်ကောင်ပဲ...ကာရီဆိုတဲ့ကောင်ကလည်း ဘာမှထူးတာမဟုတ်ဘူး"

ရှောင်ယုသည် ဒေါသတကြီးအော်ဟစ်မိလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ဤဓားပြခေါင်းဆောင်၏အမည်သည် ကာရီ၏အမည်နှင့် အနည်းငယ်ဆင်တူနေကြောင်း သူတွေ့ရှိခဲ့သည်။

ရှောင်ယုသည် ကာရီ၏စစ်တပ်တိုက်ခိုက်လာမှုအား နောက်ထပ်တစ်ကြိမ် ခုခံကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်ရန် ရွှေပြားများကိုလိုအပ်နေခဲ့သည်။ဤတစ်ကြိမ်စစ်ပွဲသည် နောက်ဆုံးအကြိမ်ကလောက် ရိုးရှင်းမည်မဟုတ်ကြောင်း နားလည်ထားရာ ရှောင်ယုသည် သူအောင်ပွဲရရှိရန်အတွက် အစစအရာအရာကြိုတင်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုအခိုက်အတန့်တွင် ရှောင်ယုသည် တိုင်ရန်ဒီအား မျက်စိစုံမှိတ်ကိုးကွယ်နေသည့် နတ်သူငယ်အမျိုးသမီးကိုကြည့်ပြီး အနည်းငယ်ထူးဆန်းနေသလိုခံစားလိုက်ရသည်။

သူသည် နတ်သူငယ်များ ၊ အောစ့်များနှင့် လူပုများကို သူတို့၏တန်ခိုးကြီးမားကာ အထွတ်အထိပ်သို့ရောက်ရှိခဲ့စဉ်က နေ့ရက်များသို့ပြန်လည်ပို့ဆောင်ပေးရန် ရွေးချယ်ခံရသူဖြစ်ကြောင်း အခြားသူများယုံကြည်စေရန်အတွက် များစွာသောအကြောင်းပြချက်များကို အသုံးပြုလိမ်လည်ခဲ့သည်။

"ဟုတ်တယ်...နတ်သူငယ်နတ်ဘုရားနဲ့ အောစ့်နတ်ဘုရားတွေက ငါ့ကိုရွေးချယ်ခဲ့တယ်...ငါဟာ ဒီကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးသောအရှင်သခင်တစ်ပါးဖြစ်လာပြီး ဒီကမ္ဘာကြီးတစ်ခုလုံးကို စုစည်းနိုင်မယ်လို့ သူတို့ယုံကြည်ခဲ့တယ်...ငါဟာ သူတို့ရဲ့ရွေးချယ်ခံဖြစ်လာပြီးတဲ့နောက်မှာ အောစ့်တွေနဲ့ နတ်သူငယ်တို့ရဲ့ ဆက်လက်ရှင်သန်မှုကို ထောက်ပံ့ပေးဖို့ ငါ့ရဲ့ကိုယ်ပိုင်ခွန်အားကို အသုံးပြုရလိမ့်မယ်"

ထိုလိမ်ညာမှုသည် တဖြည်းဖြည်းလက်တွေ့ဆန်လာခဲ့သည်။

တိုင်ရန်ဒီသည် နတ်သူငယ်နတ်ဘုရားတစ်ပါးဖြစ်သည်။အကယ်၍ ရှောင်ယုကသာ အောစ့်တို့၏နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ခံထားရသည့် သရောလ်က်ို ဆင့်ခေါ်နိုင်လျှင် ဤမျိုးနွယ်နှစ်ခုလုံး ပြန်လည်ထွက်ပေါ်လာစေရန် ကူညီပေးနိုင်သည်။

ယခင်က သူတစ်ပါးက်ို လက်ခံယုံကြည်လာစေရန်အတွက် သူပေါ့ပေါ့ပါးပါးပြောဆိုခဲ့သည့် လိမ်ညာစကားများသည် ယခုအချိန်တွင် အမှန်တရားအဖြစ်သို့ တဖြေးဖြေးပြောင်းလဲလာပုံရသည်။

ဒါက နတ်ဘုရားတွေရဲ့ အလိုဆန္ဒပဲလား....

အခန်း ၃၅ - အဆင့်၁ အစုံတန်ဆာ

ရှောင်ယုသည် အောင်ပွဲဆင်နွဲလာသော စစ်တပ်ကိုဦးဆောင်ကာ ခြင်္သေ့မြို့သို့ပြန်လာခဲ့သည်။

ခြင်္သေ့မြို့ရှိ မရေမတွက်နိုင်သောလူများသည် အောင်ပွဲရရှိလာသော ရှောင်ယု၏စစ်တပ်အား ကြိုဆိုရန်အတွက် မြို့ပြင်သို့ထွက်လာခဲ့ကြသည်။

အိမ်တော်ထိန်းဟောင် ၊ ကပ္ပတိန်ဟွေ့နှင့် ရှောင်ယု၏ခယ်မများကိုယ်တိုင် ထိုလူအုပ်အား ဦးဆောင်ကာ ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲအခမ်းအနားကို ပြုလုပ်ပေးခဲ့သည်။

ခြင်္သေ့မြို့သည် သူတို့၏ကိုယ်ပိုင်တပ်ဖွဲ့အား အောင်ပွဲခံ၍ပြန်လာသည်ကို မတွေ့မြင်ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။ရှောင်ကျန်းထန်သည် လွန်ခဲ့သောဆယ်နှစ်ခန့်အတွင်း ရှံးနိမ့်မှုများစွာကြုံတွေ့ခဲ့ရကာ လူအင်အားများစွာဆုံးရှုံးခဲ့ရသောကြောင့် ခြင်္သေ့မြို့နေလူထုသည် စစ်ပွဲကို ရွံရှာစက်ဆုပ်လာခဲ့ကြသည်။

စစ်ပွဲသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။စစ်ပွဲသည် သူတို့၏မိသားစုဝင်များအား ဆုံးရှုံးစေသလို စစ်ပွဲကုန်ကျစရိတ်အတွက်လည်း အခွန်များကိုယခင်ကထက် ပိုမိုပေးဆောင်ကြရသည်။ထို့ကြောင့် လူများသည် စစ်ပွဲကိုမကြိုက်ကြပေ။သို့သော်လည်း လက်ရှိအခြေအနေသည် ယခင်ကနှင့်လုံးဝကွဲပြားခြားနားသွားခဲ့သည်။ယခုတစ်ကြိမ် စစ်ပွဲဆင်နွဲခြင်းသည် မြို့နေလူထုအား ဝန်ထုပ်ဝန်ပိုးမဖြစ်စေသလို ချမ်းသာကြွယ်ဝစေသော အရာတစ်ခုဖြစ်လာခဲ့သည်။

ရှောင်ယုသည် ဓားပြစခန်းများမှ လုယူလာခဲ့သော အရင်းအမြစ်များကို ခြင်္သေ့မြို့ထဲသယ်ဆောင်လာခဲ့ပြီး ထိုအရင်းအမြစ်များထဲမှ အစားအသောက် ၊ အဝတ်အထည်များနှင့် အခြားလိုအပ်သောပစ္စည်းများကို ခြင်္သေ့မြို့သူမြို့သားများအား စျေးသက်သက်သာသာဖြင့် ပြန်လည်ရောင်းချပေးခဲ့သည်။ထို့ပြင် ရှောင်ယုသည် မြို့နေလူထုအား သုံးနှစ်တိတိအခွန်ကောက်ခံခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ခြင်္သေ့မြို့နေလူထုက စစ်ပွဲကိုစတင်ထောက်ခံလာခဲ့သည်။သူတို့၏ဘဝသည် စစ်ပွဲမှရရှိလာသော အရင်းအမြစ်များ၏ ကျေးဇူးကြောင့် ပိုမိုအဆင်ပြေချော့မွေ့လာခဲ့ကြသည်။

ရှောင်ယုက သူသာမြို့နေလူထုအား အကျိုးစီးပွားဖြစ်စေမယ့် အရင်းအမြစ်များကို ထောက်ပံ့ပေးပါက မြို့နေလူထုသည် စစ်ပွဲအားထောက်ခံကြကြောင်း သတိပြုမိခဲ့သည်။ထိုကြောင့် ရှောင်ယုသည် လူအများကသူ့အား ပိုမိုအားပေးထောက်ပံ့လာစေရန်အတွက် ပမာဏခြေလှမ်းသစ်များကို မိတ်ဆက်ပေးရန်စီစဉ်လာခဲ့သည်။နောက်ပိုင်းတွင် ရှောင်ယုသည် နယ်မြေအတွက်အကျိုးပြုသူများကို မြင့်မြတ်သောဘွဲ့အမည်များ ၊ မြေနေရာများနှင့် စစ်သူရဲကောင်းများကို ပေးအပ်ရန်စီစဉ်ထားခဲ့သည်။ရှောင်ယုသည် သူရရှိလာသည့် စစ်အောင်ပွဲသည် သူတစ်ယောက်တည်းနှင့် မသက်ဆိုင်စေပဲ နယ်မြေတစ်ခုလုံးနှင့်သက်ဆိုင်စေချင်ခဲ့သည်။

ရှောင်ယုပြန်လည်ယူဆောင်လာသော အရင်းအမြစ်များ ၊ ရွှေပြားများနှင့် ကျွန်များကိုမြင်သောအခါ အိမ်တော်ထိန်းဟောင်၏မျက်လုံးများသည် တောက်ပလာခဲ့သည်။

နယ်မြေသည် ယခင်ကငွေကြေးပြတ်လတ်နေသလို မြို့နေလူထုသည်လည်း အစားအသောက် ၊ အဝတ်အစားပြတ်တောက်နေသည့်အတွက် အိမ်တော်ထိန်းဟောင်သည် အရာရာကိုစီမံခန့်ခွဲနေခဲ့ရသည်။ယခုမူသူသည် ရုတ်ချည်းဆိုသလ်ိုပင် ရွှေပြားများနှင့်အရင်းအမြစ်များစွာကို ရရှိလာခဲ့သည်။အစောပ်ိုင်းတွင် ရှောင်ယု၏ မြို့နေလူထုအား ၃နှစ်တိတိအခွန်ကောက်ခံခြင်းမပြုလုပ်ဟူသည့် အမိန့်အပေါ်ဆန့်ကျင်လိုခဲ့သော်လည်း အဆုံးသတ်တွင် ရှောင်ယု၏စိတ်ကို မပြောင်းလဲနိုင်ခဲ့ပေ။

ရှောင်ယုသည် ရွှေပြား ၃၀၀၀၀၀ကို သိမ်းဆည်းထားရန် အမိန့်ပေးလိုက်ပြီး ကျန်ရွှေပြား၁၀၀၀၀၀ ကျော်နှင့် အခြားအထောက်အပံ့ပစ္စည်းများကို အိမ်တော်ထိန်းဟောင်အား စီမံခန့်ခွဲရန် ပေးအပ်ခဲ့သည်။ထို့နောက် ရှောင်ယုသည် ရွှေပြား၃၀၀၀၀၀ နှင့် ဓားပြကျွန်များကို အခြေစိုက်စခန်းသို့ပြန်လည် ယူဆောင်သွားရန် အမိန့်ပေးခဲ့သည်။ထိုဓားပြကျွန်များအား အောစ့်စစ်သည်များ၏လက်အောက်၌ အလုပ်ကြမ်းများပြုလုပ်ရန် စီစဉ်ပေးခဲ့သော်လည်း ထိုပြစ်ဒဏ်သည် သူတို့ပြုလုပ်ခဲ့သော မကောင်းမှုများနှင့်ယှဉ်ပါက အလွန်ပေါ့ပါးပေသည်။

ရှောင်ယုသည် အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ကြီးကျယ်ခမ်းနားသော စျာပနာအခမ်းအနားတစ်ခုကို ပြုလုပ်ပေးခဲ့သည်။ထို့နောက် ကျဆုံးသွားသည့် စစ်သည်များနေရာတွင် စစ်သည်အသစ်များထည့်ပေါင်းခြင်းကို လုပ်ဆောင်ခဲ့သည်။

ထို့နောက် ရှောင်ယုသည် နောက်ထပ်နတ်သူငယ်များ၏ လမင်းပစ်ခတ်သူ ၈ခုအား ထပ်မံဝယ်ယူခဲ့သည်။(အရင်အပိုင်းတွေမှာ လှံပစ်စက်လို့ သုံးခဲ့ပေမဲ့ ဒီအပိုင်းကစပြီး လမင်းပစ်ခတ်သူလို့ ပြောင်းသုံးသွားပါမယ်)။၎င်းတို့သည် ခြင်္သေ့မြို့အားကာကွယ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်မှာဖြစ်သည်။ထို့ပြင် မားကပ်စ်၏ဓားပြစခန်းအား သိမ်းပိုက်ရာတွင် လမင်းပစ်ခတ်သူများ၏ အစွမ်းကသူ့အားအလွန်ကျေနပ်စေခဲ့သည်။ယခုအခါ သူ့ထံတွင်ငွေကြေးအလုံအလောက်ရှိနေပြီဖြစ်၍ ထိုစူပါလက်နက်များကို များများဝယ်ယူနိုင်ပြီဖြစ်သည်။

ရှောင်ယုသည် ယခင်တိုက်ပွဲများမှ ရွှေပြားများသာမက ကမ္မကုသိုလ်မှတ်များကိုလည်း ရရှိခဲ့သည်။ယခုအချိန်ထိ အဆက်မပြတ်ဆင်နွဲခဲ့သော တိုက်ပွဲများမှတဆင့် ရှောင်ယုသည် ကမ္မကုသိုလ်မှတ်၁၀၀၀၀ကျော်ကိုရရှိခဲ့သည်။

ထိုကဲ့သို့ ကမ္မကုသိုလ်မှတ်များစွာ ရရှိခြင်းသည် ရှောင်ယုအတွက်မထူးဆန်းတော့ပေ။နောက်ဆုံးအကြိမ်က သူသည်ကာရီ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ခဲ့ပြီး ယခုအကြိမ်တွင်မူ မားကပ်စ်၏ဓားပြစခန်းအား ဝိုင်းရံတိုက်ခိုက်ဖျက်ဆီးခဲ့ပေသည်။

ကမ္မကုသိုလ်မှတ်၁၀၀၀၀သည် ရုတ်တရက်ကြည့်လျှင် အလွန်များပြားသည်ဟု ယူဆရသော်လည်း အချိန်ခဏပေးကာ တွက်ချက်ပြီးနောက် ထိုအမှတ်များအားလုံးကို သူချက်ချင်းသုံးစွဲနိုင်ကြောင်း ရှောင်ယုသဘောပေါက်လိုက်သည်။သူသည် ကမ္မကုသိုလ်မှတ်များကို မည်သည့်အခါကမှ စုဆောင်းခွင့်မရခဲ့ပေ။

ရှောင်ယုသည် အောစ့်များ၏ ဖြိုဖျက်သူများကိုတီထွင်ရန်အတွက် အောစ့်ပန်းပဲဆိုင်တွင် ကမ္မကုသိုလ်မှတ် ၂၀၀၀ကိုအသုံးပြုခဲ့ရသည်။ရှောင်ယုသည် နောက်လာမည့်တိုက်ပွဲတွင် ဖြိုဖျက်သူ၁၀ဦးအား အသုံးပြုနိုင်ရန် စီစဉ်ထားခဲ့သည်။

ခြင်္သေ့မြို့အား ကာကွယ်ရန်အချိန်ကျလာချိန်တွင် ဖြိုဖျက်သူများသည် စစ်သား၁၀၀၀ထက်ပို၍ ထိရောက်မှုရှိမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။အောစ့်များ၏ ဖြိုဖျက်သူများသည် ၎င်းတို့၏ကိုယ်ပိုင်ထူးခြားသော ဝိသေသလက္ခဏာများကြောင့် ထင်ရှားကျော်ကြားကာ တိုက်ပွဲကြီးများ၌ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း စစ်ကမ္ဘာဂိမ်း၏ ဝါရင့်ဂိမ်းကစားသူတိုင်း နားလည်ပေသည်။

နတ်သူငယ်များ၏ လမင်းပစ်ခတ်သူများနှင့် အောစ့်များ၏ဖြိုဖျက်သူများသည် အလွန်စွမ်းအားကောင်းမွန်သော်လည်း ၎င်းတို့၏စျေးနှုန်းများသည် ချိုသာခြင်းမရှိပေ။ရှောင်ယုသည် နတ်သူငယ်များ၏ လမင်းပစ်ခတ်သူ ၈ခုနှင့် အောစ့်များ၏ဖြိုဖျက်သူ ၁၀ခုကိုဝယ်ယူရန် ရွှေပြား၁၈၀၀၀၀ ပေးချေခဲ့ရသည်။ဤသို့ဖြင့် ရှောင်ယုသည်မျက်စိတစ်မှိတ်အတွင်း သူရရှိလာခဲ့သည့် ငွေကြေးတစ်ဝက်ကျော်ကို သုံးစွဲခဲ့ရသည်။

ထို့ပြင် ရှောင်ယုသည် အောစ့်များအတွက် ဒုတိယမြောက်ပန်းပဲဆိုင်တစ်ခုနှင့် လူသားများအတွက်ပန်းပဲဆိုင်တစ်ခုအား တည်ဆောက်ရန်ကမ္မကုသိုလ်မှတ်ပေါင်း ၂၀၀၀ကိုသုံးစွဲခဲ့သည်။

ယခုအသစ်ထုတ်လုပ်ထားသော စစ်သည်များသည် ကောင်းမွန်သော ချပ်ဝတ်တန်ဆာများကို မရရှိသေးပေ။ရှောင်ယုထံတွင် သူတို့အားလုံးအတွက် ချပ်ဝတ်ဆန်ဆာများကိုချက်ချင်းဝယ်ယူရန် ငွေကြေးအလုံအလောက်မရှိသလို ပန်းပဲဆိုင်၏ချပ်ဝတ်တန်ဆာ ထုတ်လှုပ်နှုန်းကလည်း အလွန်နှေးကွေးပေသည်။ထို့ပြင် တိုက်ပွဲမှပြန်လည်ရောက်ရှိလာသော စစ်သည်များ၏ ချပ်ဝတ်တန်ဆာများသည်လည်း ထိခိုက်ပျက်စီးနေခဲ့ကာ ၎င်းတို့အားပြုပြင်ရန် အချိန်များစွာလိုအပ်ပေသည်။

ရှောင်ယုသည် ကာရီ၏စစ်တပ်အား ရင်မဆိုင်မှီ သူ၏စစ်သည်တိုင်းကို လက်နက်အပြည့်အစုံတပ်ဆင်ပေးရန် စီစဉ်ထားလေရာ ပန်းပဲဆိုင်များ ထပ်မံတည်ဆောက်ရမည်ဖြစ်သည်။

ဤသို့ဖြင့် ရှောင်ယုသည် ကမ္မကုသိုလ်မှတ် ၆၀၀၀ကိုသုံးစွဲခဲ့ပြီး လက်ကျန် ၅၀၀၀ခန့်ကျန်ရှိခဲ့သည်။

တိုင်ရန်ဒီနှင့်ဂရင်းတို့သည် အဆင့်၁၀သို့ရောက်ရှိသွားခဲ့ချိန်တွင် ပန်းပဲဆိုင်နှင့် သူရဲကောင်းအဆောက်အဦးတို့သည် သူရဲကောင်းများဝတ်ဆင်ရန်အတွက် ချပ်ဝတ်တန်ဆာများနှင့် လက်နက်အသစ်များကို ပံ့ပိုးပေးနိုင်ခဲ့သည်။

သူရဲကောင်းများသည် အဆင့်၁၀သို့ရောက်ရှိပြီးနောက်တွင် အဆင့်၁အစုံတန်ဆာများကို စတင်အသုံးပြုနိုင်ကြောင်း ရှောင်ယုသိရှိလိုက်သည်။တိုင်ရန်ဒီနှင့်ဂရင်းကသာ အဆင့်၁အဆင်တန်ဆာများကို ဝတ်ဆင်ပါက သူတို့၏ခွန်အားကို များစွာတိုးပွားလာစေမယ့်အတွက် ရှောင်ယုအံ့သြသွားရသည်။သို့သော် အဆင့်၁အစုံတန်ဆာတစ်ခုစီသည် ရွှေပြား၂၀၀၀၀နှင့် ကမ္မကုသိုလ်မှတ် ၂၀၀၀စီကျသင့်ပေသည်။ထို့ကြောင့် ဂရင်းနှင့်တိုင်ရန်ဒီတို့အတွက် အဆင့်၁အစုံတန်ဆာများကို ဝယ်ယူပေးပြီးနောက် မျက်စိတစ်မှိတ်အတွင်း ကမ္မကုသိုလ်မှတ် ၄၀၀၀ကုန်ဆုံးသွားခဲ့ရသည်။

ဂရင်း၏ အဆင့်၁အစုံတန်ဆာကို အစိတ်အပိုင်း၈ခုဖြင့်တပ်ဆင်ထာခဲ့ပြီး ထိုချပ်ဝတ်ဆန်ဆာသည် ခန္ဓာကိုယ်တစ်ခုလုံးက်ို အပြည့်အဝကာကွယ်ပေးထားပေသည်။ဂရင်းသည် အဆင့်၁အစုံတန်ဆာကို ဝတ်ဆင်ပြီးနောက်တွင် စစ်ဗိုလ်ချုပ်တစ်ဦးနှင့် တူညီလာခဲ့သည်။ထို့ပြင် အဆင့်၁အစုံတန်ဆာအား ဝတ်ဆင်ပြီးနောက်တွင် ဂရင်း၏ခွန်အားသည် နှစ်ဆတိတိတိုးမြင့်လာခဲ့၍ ရှောင်ယုအံ့သြသွားခဲ့ရသည်။အကယ်၍ ယခုအချိန်တွင်သာ ရှောင်ယုသည်မားကပ်စ်အား ရင်ဆိုင်တိုက်ခိုက်ရပါက အလွယ်တကူသတ်ဖြတ်နိုင်မည်ဖြစ်သည်။

တိုင်ရန်ဒီ၏ T1အစုံတန်ဆာကိုလည်း အစိတ်အပိုင်း၈ခုဖြင့် တပ်ဆင်ဖွဲ့စည်းထားခဲ့သည်။ထိုအစိတ်အပိုင်းတစ်ခုချင်းစီသည် လှပသေသပ်သော ပုံသဏ္ဍာန်ရှိကာ အနုစိတ်ဒီဇိုင်းလက်ရာများဖြင့် ဆင်ယင်ထားသည်။ထိုအဆင့်၁အစုံတန်ဆာသည် တိုင်ရန်ဒီ၏ခုခံကာကွယ်မှုအား အဆင့်မြင့်တင်လိုက်ကာ ရံဖန်ရံခါတွင် အစိမ်းရောင်အလင်းများတောက်ပနေခဲ့သည်။

ရှောင်ယုသည် အဆင့်၁အစုံတန်ဆာကို ထုတ်လုပ်ရန် အချိန်အတော်ကြာမြင့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူရဲကောင်းများ အဆင့်၁၀သို့ရောက်ရှိသည်နှင့် အသုံးပြုရန်အဆင်သင့်ဖြစ်နေခဲ့သည်။ယခုပုံစံအတိုင်းသာ ဆက်သွားမည်ဆိုပါက သူ၏သူရဲကောင်းများသည် အဆင့်၂၀သို့ရောက်ရှိလာချိန်တွင် အဆင့်၂အစုံတန်ဆာကို အဆင်သင့်ဝတ်ဆင်အသုံးပြုနိုင်မှာဖြစ်သည်။

ဤသို့ဖြင့် ရှောင်ယုသည် သူ၏အနာဂတ်ကို ကြိုတွေးကာ စောင့်မျှော်နေခဲ့သည်။

ယခုအခါ သူ့ထံတွင် အဆင့်၁အစုံတန်ဆာကို ဝတ်ဆင်ထားသည့် သူရဲကောင်းများရှိလာသော်လည်း ရှောင်ယုတစ်ယောက် အနည်းငယ်စိတ်ဓာတ်ကျနေခဲ့သည်။သူသည် သူ့စစ်တပ်ထဲရှိ စစ်သားအားလုံးကို အဆင့်၁အစုံတန်ဆာကို ဝတ်ဆင်စေချင်ခဲ့သည်။သို့သော် အဆင့်၁အစုံတန်ဆာကို ဝတ်ဆင်ရန်အတွက် မြင့်မားသောလိုအပ်ချက်ရှိသည်။ရှောင်ယုထံတွင် သာမန်စစ်သားများအား အဆင့်၁အစုံတန်ဆာကို ဝတ်ဆင်ထားပေးရန် ငွေကြေးအလုံအလောက်ရှိလျှင်ပင် သို့မဟုတ် ကမ္မကုသိုလ်အလုံအလောက်ရှိနေလျှင်ပင် သူတို့အားလုံးအဆင့်၁၀သို့ ရောက်ရှိရန်လိုအပ်နေပေသည်။

ရှောင်ယုသည် သူ့အတွက်ဝတ်ဆင်ရန် အဆင့်၁အစုံတန်ဆာတစ်ခု ရယူလိုခဲ့သော်လည်း သူသည်အဆင့်၆သာရှိသေး၍ မဝတ်ဆင်နိုင်ပေ။ထို့ပြင် မှော်ကဝေအန်တိုနီဒက်စ်သည်လည်း အဆင့်၆သို့သာရောက်ရှိသေးရာ မှော်ကဝေအတွက် အဆင့်၁အစုံတန်ဆာအား မဝယ်ယူနိင်သေးပေ။ထိုသို့မဟုတ်ပါက အဆင့်၁အစုံတန်ဆာ၏အကူအညီဖြင့် မှော်ကဝေ၏ ခံစစ်အင်အားသည် အများကြီးတိုးတက်လာမှာဖြစ်သည်။

ရှောင်ယုသည် အဆင့်၁အစုံတန်ဆာနှစ်ခုကို ဝယ်ယူရန်အတွက် ရွှေပြား၄၀၀၀၀ကို ပေးအပ်ခဲ့သည်။ရှောင်ယုသည် သူ့ထံမှတဖြုတ်ဖြုတ်ထွက်သွားနေသည့် ငွေကြေးနှင့်ပတ်သက်၍ စိတ်ဓာတ်ကျနေသော်လည်း သူ့သူရဲကောင်းများ၏ အသက်လုံခြုံမှုကိုတွေးမိချိန်တွင် စိတ်သက်သာရာရသွားခဲ့သည်။ရှောင်ယုက သူ၏သူရဲကောင်းများသည် အလွန်တန်ဖိုးရှိပြီး စစ်မြေပြင်၌အဆုံးရှုံးမခံနိုင်ကြောင်း သဘောပေါက်ထားသည်။

ထို့နောက် ချပ်ဝတ်တန်ဆာများ ပြုပြင်ခြင်း ၊ မြေကျင်းများ ၊ လရောင်ရေတွင်းများ ၊ လယ်မြေများကိုဖော်ဆောင်ပြီးနောက် သူ့ထံတွင်ပိုက်ဆံအလုံအလောက်မရှိတော့ကြောင်း ရှောင်ယုသိရှိလိုက်ရသည်။

ရှောင်ယုသည် အခြားသောဓားပြစခန်းများအား စတင်လုယက်ရန်ဆုံးဖြတ်ခဲ့သည်။ထိုသို့မဟုတ်ပါက သူ၏အခြေစိုက်စခန်းသည် ဆက်လက်တိုးချဲ့နိုင်မှာမဟုတ်ပေ။

...

...

ရှောင်ယုသည် ခြင်္သေ့မြို့သို့ပြန်လည်ရောက်ရှိလာချိန်တွင် မြို့တစ်ခုလုံး ပြင်ဆင်မှုများဖြင့်စည်ကားနေကြောင်း တွေ့လိုက်ရသည်။အိမ်တော်ထိန်းဟောင်သည် ဓားပြများလက်မှလွတ်မြောက်လာသော ကျွန်များအတွက် နေထိုင်စရာများစီစဉ်ပေးထားသည်။

ရှောင်ယုသည် အိမ်တော်ထိန်းဟောင်နှင့် သူ၏ခယ်မများက ကျွန်များအတွက် နေထိုင်စရာများ ၊ အရင်းအမြစ်များခွဲဝေပေးခြင်းတို့၌ ကူညီပေးနေကြောင်း တွေ့မြင်လိုက်ရသည်။ထို့ကြောင့် သူသည်ကာရီ၏နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုအားကာကွယ်ရန်အတွက် နည်းဗျူဟာများကိုဆွေးနွေးရန် ကပ္ပတိန်ဟွေ့အား သွားရောက်ရှာဖွေခဲ့သည်။

အခန်း ၃၆ - လျှိ့ဝှက်ဆန်းကြယ်သော သမိုင်းကြောင်း

ကပ္ပတိန်ဟွေ့သည် လေ့ကျင့်ရေးကွင်း၌ တပ်သားသစ်များကို အပြင်းအထန်လေ့ကျင့်ပေးနေခဲ့သည်။ရှောင်ယု အကောင်အထည်ဖော်ခဲ့သော ဥပဒေအသစ်ကြောင့် မြို့နေလူထုသည် ကောင်းမွန်သောခံစားမှုများ ၊ မြင့်မားသောလစာများကို ရရှိခဲ့သည်။ထို့ပြင် စစ်ပွဲ၌သေဆုံးခဲ့သော စစ်သည်တို့၏မိသားစုဝင်များသည် တစ်သက်တာအခွန်ကင်းလွတ်ခွင့်ရရှိခဲ့ကြသလို ထောက်ပံ့ကြေးများကိုလည်းရရှိခဲ့သည်။ထိုဖြစ်ရပ်သည် လူငယ်များအား စစ်တပ်ထဲသို့ဝင်ရောက်ရန် လှုံဆော်မှုအားဖြစ်ပေါ်စေခဲ့သည်။

ယခုအချိန်တွင် ကပ္ပတိန်ဟွေ့၏ ကြီးကြပ်မှုအောက်၌ စစ်သည်၁၀၀၀ကျော်ရှိသည်။သို့သော်လည်း သူတို့အားလုံးသည် တိုက်ပွဲအတွေ့အကြုံမရှိသော လူသစ်များဖြစ်ကြသည့်အတွက်ကြောင့် ကပ္ပတိန်ဟွေ့သည် ထိုလူသစ်များအား အရည်အချင်းပြည့်ဝသည့် စစ်သည်တော်များဖြစ်လာစေရန်အတွက် လေ့ကျင့်သင်ကြားပေးခဲ့သည်။ထိုစစ်သည်များသည် ရှောင်ယုဓားပြစခန်းမှ လုယက်လာခဲ့သောလက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို အသုံးပြုထားခဲ့သည်။

ရှောင်ယုသည် လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်လာချိန်တွင် စစ်သားများအားလုံးသည် သူတို့၏လေ့ကျင့်နေမှုအား ချက်ချင်းရပ်တန့်လိုက်သည်။ကပ္ပတိန်ဟွေ့သည် စစ်သည်များကိုဦးဆောင်ကာ ရှောင်ယုအား လေးစားသောအမူအရာဖြင့် အလေးပြုလိုက်သည်။ကပ္ပတိန်ဟွေ့သည် ယခင်ကကြေးစားတပ်သားတစ်ဦးဖြစ်ခဲ့လေရာ စစ်ရေးစံနှုန်းများနှင့်အညီ စစ်တပ်အားလေ့ကျင့်ပေးခဲ့သည်။

စစ်သားများအားလုံးသည် ရှောင်ယုအား စိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများတွင် ယုံကြည်ကိုးကွယ်သောအရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

ဤနေ့များတွင် ခြင်္သေ့မြို့၌ ရောက်ရှိလာသည့် ဓားပြစခန်းမှလွတ်မြောက်လာသော ကျွန်များကို သူတို့သတိထားမိကြသည်။သူတို့၏သခင်သည် အပြင်သို့ထွက်ပြီး ပြန်လာချိန်တိုင်းတွင် အရင်းအမြစ်များနှင့် အဖိုးတန်ပစ္စည်းများစွာကို ယူဆောင်လာခဲ့သည်။ထိုကဲ့သို့သော အရှင်သခင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် နယ်မြေ၏အနာဂတ်သည် တောက်ပြောင်နေမည်ဖြစ်ကြောင်း သူတို့ယုံကြည်နေမိသည်။

ရှောင်ယုသည် စိတ်ကျေနပ်စွာပြုံးလိုက်ပြီး စစ်သားများကိုဆက်လက်လေ့ကျင့်ရန် အချက်ပြလိုက်ကာ ကပ္ပတိန်ဟွေ့ကိုခေါ်လိုက်သည်။

"ဦးလေးဟွေ့....ကာရီရဲ့တပ်တွေအခြေအနေက ဘယ်လိုလဲ"

ရှောင်ယုသည် ကပ္ပတိန်ဟွေ့အား မေးမြန်းလိုက်သည်။ကပ္ပတိန်ဟွေ့သည် ကာရီ၏တပ်များနှင့်ပတ်သက်သည့် စစ်ရေးသတင်းများကို စုဆောင်းတင်ပြရန် တာဝန်ရှိပေသည်။

အမှန်တော့ ကာရီ၏တပ်များအကြောင်းကို စုံစမ်းထောက်လှမ်းကာ သတင်းအချက်အလက်များကို ရရှိရန်မခက်ခဲပေ။ကာရီ၏အဖေအုပ်ချုပ်သောနယ်မြေသည် စစ်ပွဲဒဏ်ကိုခံစားရသည့်နယ်မြေမဟုတ်သောကြောင့် သူတို့သည် သူလျှိုများအားကာကွယ်ရန် နယ်မြေကွန်ရက်စနစ်ကို ကောင်းစွာတည်ဆောက်ထားပုံမရပေ။အကယ်၍ သူလျှိုများကသာ အနည်းငယ်အားထုတ်ကြိုးပမ်းလိုက်ပါက အလိုရှိသောသတင်းမှန်သမျှကို ရရှိနိုင်သည်။

"ဟုတ်ကဲ့...သခင်လေး သူလျှိုတွေပေးပို့လာတဲ့ သတင်းအရသာဆိုရင် ကာရီဟာ ဒီတစ်ကြိမ် တပ်ဖွဲ့ဝင် ၂၀၀၀၀ကို ပြင်ဆင်ထားခဲ့တယ်...အဲ့ဒီတပ်ဖွဲ့မှာ အမာခံခြေလျင်တပ်တွေ...မှော်ဆရာ၅ယောက်ရယ်...သူရဲကောင်း ၃၀ရယ်ပါဝင်တယ်...သူတို့ရဲ့တပ်တွေက ကျနော်တို့ကိုအချိန်မရွေးတိုက်ခိုက်နိုင်တယ်ဆိုပေမဲ့...ကာရီက သူရဲ့ခွန်အားကိုထုတ်ပြပြီး ကျနော်တို့ကိုဖိအားပေးချင်တဲ့အတွက် သူ့တပ်ရဲ့သတင်းတွေကိုလျှို့ဝှက်မထားဘဲ သူလျှိုတွေကို အလွယ်တကူရယူခွင့်ပြုထားတယ်...ကာရီကိုယ်တိုင်က အောစ့်တွေရဲ့ဦးခေါင်းကိုဖြတ်ပြီးတော့ သူ့ရဲ့အဆင်တန်ဆာအဖြစ် အသုံးပြုမယ်လို့ ကြေငြာထားတယ်"

ကပ္ပတိန်ဟွေ့သည် ရှောင်ယုအားသတင်းပို့ပြီးနောက် ငြိမ်သက်သွားခဲ့သည်။ကပ္ပတိန်ဟွေ့သည် ယခုအချိန်တွင် ရှောင်ယုအားနယ်မြေသခင်အဖြစ်သတ်မှတ်ထားကာ အကြွင်းမဲ့ရိုသေလေးစားမှုရှိပေသည်။အစောပိုင်းတွင် ကပ္ပတိန်ဟွေ့သည် ရှောင်ယုအားသခင်ငယ်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ရုံသာဖြစ်သော်လည်း ရှောင်ယု၏စွမ်းဆောင်မှုများအား မြင်တွေ့အပြီးတွင် သူ၏စိတ်အခြေအနေသည် အလုံးစုံပြောင်းလဲသွားခဲ့ရသည်။

ကပ္ပတိန်ဟွေ့သည် ရှောင်ယုအား ဤနယ်မြေ၏သခင်အဖြစ်သတ်မှတ်လိုက်ပြီးနောက် ရှောင်ယုသည်ဓားပြစခန်းများအား ဆက်တိုက်ဖျက်ဆီးကာ ခြင်္သေ့မြို့၏အခက်အခဲများကို ဖြေရှင်းပေးခဲ့သည်။ထို့ကြောင့် အနာဂတ်တွင် ရှောင်ယု၏ဦးဆောင်မှုအောက်၌ ခြင်္သေ့မြို့သည် ပိုမိုတိုးတက်ကြီးပွားလာမည်ဟု ယုံကြည်ခဲ့သည်။

ရှောင်ယုသည် ကပ္ပတိန်ဟွေ့၏တင်ပြချက်ကို နားထောင်ပြီးနောက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ပြုံးလိုက်မိသည်။

"သူတို့လာပစေ...သူတို့က ငါတို့ရဲ့စစ်သားတွေကို အတွေ့အကြုံရအောင် လုပ်ဆောင်ပေးမည့် လေ့ကျင့်ရေးတစ်ခုသာသာပါဘဲ"

ရှောင်ယု၏မျက်နှာပေါ်ရှိ ပေါ့ပေါ့ပါးပါးအမူအရာကို တွေ့မြင်ပြီးနောက် ကပ္ပတိန်ဟွေ့က စိုးရိမ်မကင်းဖြစ်ကာ သတိပေးလိုက်သည်။

"သခင်လေး...ဒီတစ်ခါကာရီဦးဆောင်လာမယ့်တပ်က အသေးအဖွဲ့မဟုတ်ဘူး...သခင်လေးက အောစ့်စစ်သည်တော်တွေကိုအမိန့်ပေးနိုင်ပေမဲ့ သူတို့က အမာခံခြေလျင်တပ်တွေကို တွန်းလှန်ဖို့ခက်ခဲလိမ့်မယ်...သမိုင်းကြောင်းအရဆိုရင် လူသားတွေဟာ အောစ့်တွေနဲ့ရင်ဆိုင်ရပြီဆိုရင် အမာခံခြေလျင်တပ်သားတွေကို ထုတ်သုံးကြပြီး အမြဲတမ်းလိုလိုအောင်ပွဲဆင်နွဲနိုင်ခဲ့တယ်...ပုံမှန်အတိုင်းသာဆိုရင် အောစ့်တစ်ကောင်ဟာ သာမန်လူသားစစ်သည် ၄/၅ယောက်ကို ပြဿနာမရှိတိုက်ခိုက်နိုင်တယ်...ပြီးတော့ ကျွမ်းကျင်အောစ့်စစ်သည်တစ်ယောက်ဟာ သူတို့ရဲ့သန်မာတဲ့ခွန်အားနဲ့ နည်းစနစ်တွေကိုအားကိုးပြီး လူသားတွေနဲ့၁၀ယောက်၁ယောက် ယှဉ်ချနိုင်တယ်...ဒါပေမဲ့ အမာခံခြေလျင်တပ်ဖွဲ့တွေ စစ်မြေပြင်ကိုဝင်ရောက်လာချိန်မှာတော့ တိုက်ပွဲအခြေအနေက လုံးဝပြောင်းလဲသွားခဲ့တယ်"

"အမာခံခြေလျင်တပ်သား ၁၀၀၀ဟာ အောစ့်စစ်သည်၁၀၀၀ကို အခက်အခဲမရှိ တိုက်ခိုက်နိုင်ပြီးတော့ အပြန်အလှန်ထိခိုက်စေနိုင်တယ်...တကယ်လို့ တစ်ဖက်စစ်တပ်ကသာ မြင်းတပ်တွေကိုထုတ်သုံးရင် အောစ့်တွေကို အနိုင်ယူနိုင်ဖို့ပိုပြီးသေချာသွားလိမ့်မယ်...ဒီတစ်ခါတော့ ကာရီရဲ့စစ်တပ်မှာ မှော်ဆရာတွေအပြင် မြို့သိမ်းဖို့အတွက် လက်နက်ကြီးတွေ ပိုပြီးပြင်ဆင်လာလိမ့်မယ်"

ကပ္ပတိန်ဟွေ့သည် ခြင်္သေ့မြို့၌ အမျိုးအစားစုံလင်သော တပ်ဖွဲ့များကင်းမဲ့နေကြောင်း ရှောင်ယုအားသတိပေးလိုခြင်းဖြစ်သည်။သို့သော်လည်း ယခုအခါရှောင်ယု၏စစ်တပ်တွင် အောစ့်စစ်သည်များသည်သာ ပါဝင်နေခြင်းမဟုတ်တော့ပေ။ယခုအချိန်တွင် ရှောင်ယုသည် သူရဲကောင်းများနှင့် နတ်သူငယ်များ၏ လမင်းပစ်ခတ်သူများ ၊ အောစ့်များ၏ဖြိုဖျက်သူများကို ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။ရှောင်ယုသာ မှန်ကန်သောနည်းဗျူဟာကို ချမှတ်နိုင်သရွေ့ တပ်သား၂၀၀၀၀ကို အနိုင်ယူခြင်းသည် ကြီးမားသောပြသနာမဟုတ်ပေ။

ထို့ပြင် သူ၏တပ်ဖွဲ့များသည် ယခင်တစ်ကြိမ်ကထက် ပိုမိုအားကောင်းလာခဲ့ပြီဖြစ်ကာ အောစ့်စစ်သည်တစ်သုတ်ကိုထပ်မံထုတ်လုပ်ထားပြီဖြစ်သည်။ပထမဆုံး အသုတ်တွင် ပါဝင်သောနတ်သူငယ်လေးသမားများသည် အဆင့်၃သို့ရောက်ရှိထားခဲ့ကြကာ အချို့မှာအဆင့်၄ထိရောက်ရှိနေကြပြီဖြစ်သည်။ထို့ပြင် အောစ့်စစ်သည်များသည် အဆင့်၃သို့ရောက်ရှိသွားပြီးနောက် ၎င်းတို့၏ခွန်အားသည် အနည်းဆုံး၃၀ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကာ စိတ်ရိုင်းဝင်ခြင်းကျွမ်းကျင်မှုအား ထည့်ပေါင်းလိုက်ပါက ရန်သူ ၇/၈ယောက်အား သတ်ဖြတ်ရန်အခက်အခဲမရှိတော့ပေ။

နတ်သူငယ်လေးသမားများသည် အဆင့် ၃သို့ရောက်ရှိပြီးနောက် ရရှိလာသည့်တိကျသောပစ်ခတ်မှုကို အသုံးပြုခြင်းဖြင့် အမာခံခြေလျင်တပ်သားများ၏ အားနည်းချက်ကိုတိုက်ရိုက်ချေမှုန်းနိုင်သည့် တိကျသောလေးသည်တော်များဖြစ်လာကြသည်။အမာခံခြေလျင်တပ်သားများ ဝတ်ဆင်လေ့ရှိသည့် ချပ်ဝတ်တန်ဆာများသည် သူတို့၏ခန္ဓာကိုယ်အား ဖုံးအုပ်ထားသော်လည်း ချို့ယွင်းချက်တစ်ခုဖြစ်သော သံချပ်ကာများဖုံးကွယ်မထားသည့် မျက်လုံးနေရာသည် လေးသမားများ၏ပစ်မှတ်ဖြစ်လာမှာဖြစ်သည်။

ထို့ပြင် တိုင်ရန်ဒီသင်ယူထားသော စစ်မှန်သောပစ်ခတ်မှုအော်ရာကြောင့် လေးသမားများ၏ခွန်အားနှင့် ပစ်ခတ်နိုင်သောအကွာအဝေးတို့သည် တိုးမြင့်လာခဲ့သည်။ထို့ပြင်ရှောင်ယုထံ၌ လမင်းပစ်ခတ်သူများ ၊ ရိုင်ဖယ်သမားများ ၊ ခြေလျင်တပ်သားများနှင့် အောစ့်များ၏ဖြိုဖျက်သူများလည်း ရှိနေသေးသည်။ထို့ကြောင့် ကာရီသာနောက်ထပ်တစ်ကြိမ်တိုက်ခိုက်လာပါက သူ၏တပ်ဖွဲ့အသစ်များသည် အံ့သြသင့်ဖွယ်ကိစ္စများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု ရှောင်ယုမျှော်လင့်ထားသည်။

ရှောင်ယုသည် သူ၏တပ်များနှင့်ပတ်သက်၍ အလွန်ယုံကြည်မှုရှိသော်လည်း ကပ္ပတိန်ဟွေ့၏ တင်ပြမှုတွင်ပါသော စကားတစ်ခွန်းက သူ၏စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့သည်။သူသည် ကာရီ၏စစ်အင်အားကို စိတ်မဝင်စားသော်လည်း သမိုင်းကြောင်းဟူသော စကားလုံးက သူ၏အာရုံကိုဖမ်းစားသွားခဲ့သည်။အဘယ်ကြောင့်ဆိုသော် ကာရီသည် သမိုင်းအစဉ်အလာများအတိုင်း အောစ့်စစ်သည်များကိုဖြေရှင်းရန် အမာခံခြေလျင်တပ်များကို အသုံးပြုလာမည်ဟု ကပ္ပတိန်ဟွေ့က တင်ပြလာ၍ဖြစ်သည်။ထိုသို့ဆိုလျှင် အတိတ်နေ့ရက်များ၌ လူသားများနှင့်အောစ့်များအကြား၌ စစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့သည်လား...

"ဦးလေးဟွေ့....အတိတ်သမိုင်းမှာ အောစ့်အင်ပါယာ ဒါမှမဟုတ် နတ်သူငယ်ဘုရင်တွေအုပ်ချုပ်တဲ့ နိုင်ငံတွေရှိခဲ့ဖူးလား...လူသားတွေက အောစ့်တွေကိုတကယ်ကြီး အနိုင်ယူခဲ့တာလား..."

ရှောင်ယုသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရဖမ်းဆုပ်ကာ သူမသိရှိသေးသော အချက်အလက်များကို ကပ္ပတိန်ဟွေ့အား မေးမြန်းလိုက်သည်။

ရှောင်ယုသည် ထိုအကြောင်းကိုမေးမြန်းလာသောအခါ ကပ္ပတိန်ဟွေ့သည် အံ့အားသင့်သွားခဲ့သည်။

"သခင်လေး...ဒီအကြောင်းကိုစာအုပ်တိုင်းမှာ တွေ့နိုင်တယ်လေ...သခင်လေးက စာဖတ်တာကိုမကြိုက်လို့ သမိုင်းကြောင်းကိုနားမလည်တာပဲ...အောစ့်တွေဟာ သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ သရောလ်ရဲ့လက်ထက်မှာ ခိုင်မာအင်အားကြီးတဲ့ အောစ့်အင်ပါယာကိုတည်ထောင်နိုင်ခဲ့တယ်...သူတို့ဟာ အဲ့ဒီအချိန်တွေတုံးက အရမ်းကိုအစွမ်းထက်ခဲ့ပေမဲ့ တစ်နေ့မှာသူတို့ရဲ့ခေါင်းဆောင်ဟာ အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီး အောစ့်အင်ပါယာဟာ တစ်နေ့တစ်ခြားဆုတ်ယုတ်လာခဲ့တယ်...နတ်သူငယ်တွေဟာလည်း အောစ့်တွေနည်းတူ အရမ်းအစွမ်းထက်ခဲ့ပြီး တောတောင်နေရာတိုင်းမှာ သူတို့ရဲ့ခြေရာတွေရှိနေခဲ့ပေမဲ့ သူတို့ရဲ့အသက်သစ်ပင်ဖျက်ဆီးခံရပြီးနောက်မှာ သူတို့ရဲ့အင်အားကလည်း ဆုတ်ယုတ်လာခဲ့တယ်"

"အဲ့ဒါဆိုရင် တိုင်ရန်ဒီက နတ်သူငယ်နတ်ဘုရားဖြစ်ပြီးတော့ သရောလ်က အော့်ဘုရင်ဖြစ်နေတာပဲ...အဲ့ဒါဆိုရင် ငါကအေဇာရောဂ့်တိုက်ကို တကယ်ကြီးကူးပြောင်းလာတာလား...ဒီသမိုင်းထဲကထူးဆန်းတဲ့အဖြစ်အပျက်တွေက ငါ့ရဲ့ကူးပြောင်းလာမှုနဲ့တစ်ခုခုဆက်စပ်နေတာလား...အေဇာရောဂ့်တိုက်ကြီးက ဘာလို့ခုလိုပြောင်းလဲသွားခဲ့ရတာလဲ..."

ကပ္ပတိန်ဟွေ့၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် ရှောင်ယုသည် အေဇာရောဂ့်တိုက်၏ သမိုင်းကြောင်းတွင် တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ကြောင်း သဘောပေါက်လာခဲ့သည်။သူသည်ထိုလျှို့ဝှက်ဆန်းကြယ်မှုကို အဖြေရှာကာ ရှုပ်ထွေးမှုများအား ဖြေရှင်းလိုပါက အချိန်များစွာလိုအပ်ပေသည်။

"ငါအချိန်ရရင် စာအုပ်တွေဖတ်သင့်တယ်..."

ရှောင်ယုက တိုးတိုးလေးရေရွတ်လိုက်သည်။

"ကောင်းပြီ...ဦးလေးဟွေ့ မင်းရဲ့တပ်သားတွေကို သေချာလေ့ကျင့်ပေးထားပါ...အချိန်ကျလာရင် ငါတို့ရဲ့မြို့ကိုကာကွယ်ရလိမ့်မယ်...ကာရီဟာ ဒီတစ်ကြိမ်ကျရင် ပိုပြီးဆိုးရွားတဲ့ဆုံးရှံးမှုကို ကြုံတွေ့ရလိမ့်မယ်...မမေ့ပါနဲ့ ငါဟာအောစ့် ၊ နတ်သူငယ်တွေနဲ့ လူပုနတ်ဘုရားတွေရဲ့ ရွေးချယ်မှုကိုခံထားရတဲ့တစ်ယောက်ပဲ ကာရီလိုလူမျိုးက ငါ့ကိုလွယ်လွယ်နဲ့အနိုင်ယူနိုင်မှာမဟုတ်ဘူး...."

ရှောင်ယုသည် ကပ္ပတိန်ဟွေ့အား နှစ်သိမ့်ရန်အတွက် သူ၏လိမ်နည်းအဟောင်းကြီးကို ထပ်မံထုတ်ဖော်လိုက်သည်။

ကပ္ပတိန်ဟွေ့သည် ရှောင်ယု၏စကားကို မယုံကြည်နိုင်သေးပေ။အကယ်၍ ထိုနတ်ဘုရားများကသာ ရှောင်ယုအား ရွေးချယ်ခဲ့ပါကသူတို့၏မျက်လုံးများကို ဆေးကုသသင့်ပြီဖြစ်သည်။

သို့သော်လည်း ရှောင်ယု၏ယုံကြည်မှုပြည့်ဝနေသော အကြည့်ကိုသတိထားမိလိုက်၍ ရှောင်ယုထံတွင် ဤပြသနာကိုဖြေရှင်းရန် နည်းလမ်းရှိလိမ့်မည်ဟု ယုံကြည်ခဲ့သည်။နောက်ဆုံးအကြိမ်စစ်ပွဲတွင် ကာရီ၏စစ်သည် ၅၀၀၀ကိုဖြေရှင်းရန် ရှောင်ယုသည်အောစ့်စစ်သည်များကို ယူဆောင်လာသကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း နောက်ထပ်အံ့ဖွယ်တစ်ခုက်ို ဖန်တီးပေးနိင်ရန် ကပ္ပတိန်ဟွေ့မျှော်လင့်နေခဲ့သည်။

အကယ်၍ သူတို့သာ ကာရီ၏စစ်သား၂၀၀၀၀ကို အနိုင်ယူနိုင်ခဲ့ပါက ကာရီသည် ခြင်္သေ့မြို့အားနောက်ထပ်တစ်ကြိမ် တိုက်ခိုက်တော့မှာမဟုတ်ပေ။ထိုနည်းဖြင့် နယ်မြေသည် အနှောင့်အယှက်ကင်းကင်းဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ထို့ကြောင့်အရာအားလုံး၏ အဓိကသော့ချက်မှာ နောက်ထပ်ကျရောက်လာမယ့် ကြီးမားသောထိုးစစ်ဆင်မှုအား အောင်မြင်စွာကျော်ဖြတ်ရန်ဖြစ်သည်။

All Chapters