အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အခန်း ၃၇ - ရှေးရိုးဆန်သောအယူအား လွယ်လွယ်နှင့်မပြောင်းလဲနိုင်
ယခုအချိန်တွင် လူတိုင်းလိုလိုသည် နောက်လာမယ့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်၍ အလုပ်ကြိုးစားနေကြသည်၊သူတို့အားလုံးလိုလိုပင် ခြင်္သေ့မြို့၏ကာကွယ်ရေး၌ ပါဝင်ကူညီချင်ကြသည်။ကာရီသည် နောက်ဆုံးအကြိမ် ခြင်္သေ့မြို့အားတိုက်ခိုက်စဉ်က ထိုကဲ့သို့အခြေအနေမျိုးမဟုတ်ပေ။ထိုအချိန်က လူတိုင်းလိုလ်ိုပင် ရှောင်မိသားစုသည် သူတို့၏နယ်မြေအား ထိန်းသိမ်းထားနိုင်မည်ဟု မည်သူကမှ မထင်မှတ်ခဲ့ကြပေ။သူတို့အားလုံးသည် ပြောင်းလဲလာမယ့်သခင်အသစ်အတွက် ကြိုတင်ပြင်ဆင်ထားကြသော်လည်း ရှောင်ယုသည် ကာရီ၏စစ်တပ်အားခုခံတွန်းလှန်နိင်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ထို့ပြင် ထိုတိုက်ပွဲအပြီး၌ ရှောင်ယုသည် မြို့နေလူထုအား မကြုံစဖူးအကျိုးခံစားခွင့်များပေးသည့်အပြင် တိကျသောမူဝါဒများကိုလည်း ချမှတ်ပေးခဲ့သည်။ထိုအကျိုးခံစားခွင့်မှရရှိသည့် အကျိုးအမြတ်များသည် ခြင်္သေ့မြို့အတွက်သာဖြစ်ကာ အခြားမြို့များ၌မရှိခဲ့ပေ။
ထို့ကြောင့် မြို့သူမြို့သားများသည် အဆိုပါအကျိုးခံစားခွင့်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့ကြသည်။သူတို့သည် ရှောင်ယုတစ်ယောက် ခြင်္သေ့မြို့၏သခင်အဖြစ် ဆက်လက်တည်ရှိစေနိုင်ရန်အတွက် မြို့ကိုကာကွယ်ရန် အစွမ်းကုန်ပံ့ပ်ိုးကူညီနေကြသည်။
အတိုချုပ်ပြောရမည်ဆိုပါက ယခုအချိန်တွင် ရှောင်ယုနှင့်သူ့နယ်မြေရှိလူများသည် တစ်လှေတည်းစီးနေသူများဖြစ်ကြကာ ထိုလှေအားမည်သူကမှ မနစ်မြုပ်စေလိုခဲ့ပေ။
ယခုအချိန်တွင် ရှောင်ယုသည် ခြင်္သေ့မြို့၌ အတည်ငြိမ်ဆုံးသူဖြစ်နေခဲ့သည်။သူသည် လုပ်ဆောင်ရမယ့်အလုပ်များကို တာဝန်ခွဲပေးခဲ့ပြီး မြို့အနှံ့လှည်ပတ်ကာ ကင်းလှည့်နေသောစစ်သားများကိုစစ်ဆေးခြင်း ၊ ချွေးများဖြင့်ရွှဲရွှဲစိုနေသော သူ့မရီးများ၏ ခန္ဓာကိုယ်ကောက်ကြောင်းများကို ငေးကြည့်ခြင်းတို့ဖြင့် သူ၏ဘဝကိုအပြည့်အဝပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့သည်။
မားကပ်စ်၏ စခန်းမှခေါ်ယူလာခဲ့သော ကျွန်များကို အုပ်စု၂ခုခွဲခြားထားခဲ့သည်။ပထမအုပ်စုတွင် မားကပ်စ်မှ ပြန်ပေးဆွဲလာခဲ့သော ကုန်သည်များ သို့မဟုတ် အရပ်သားများပါဝင်ပေသည်။ထိုထဲတွင် မှူးမတ်အနည်းငယ်ပင်ပါဝင်ပေသည်။ဒုတိယအုပ်စုတွင် အိုးအိမ်မဲ့ကျွန်များပါဝင်ပေသည်။
ရှောင်ယုသည် ပထမအုပ်စုရှိလူများကို ထောက်ပံ့ငွေများပေးအပ်၍ အိမ်သို့ပြန်ရန် အမိန့်ပေးခဲ့သည်။ဒုတိယအုပ်စုရှိကျွန်များကို မြို့ထဲတွင်နေစေခဲ့ကာ ရှောင်ယုကသူတို့အား အရပ်သားအဆင့်ကိုပေးအပ်ခဲ့သည်။
အေဇာရောဂ့်တိုက်ကြီးတွင် ကြီးစိုးနေသော အုပ်ချုပ်ရေးစနစ်သည် ပဒေသရာဇ်စနစ်နှင့် ကျွန်စနစ်ရောနှောနေခြင်းဖြစ်သည်။ဤကမ္ဘာ၌ နေထိုင်သူအများစုမှာ အရပ်သားများနှင့်သာမန်လူတန်းစားများဖြစ်သော်လည်း ကျွန်များကအစုအဖွဲ့တစ်ခုအနေဖြင့်ပါဝင်နေခဲ့သည်။ဤကမ္ဘာရှိ မျိုးနွယ်စုအချို့သည် သူတို့၏ကျွန်အဆင့်အတန်းမှ လွတ်မြောက်ခြင်းမရှိကြဘဲ မွေးလာကတည်းက ကျွန်များအဖြစ်သတ်မှတ်ခံထားရသည်။အတိုချုပ်ပြောရလျှင် ဤကမ္ဘာကြီးသည် အကူးအပြောင်းကာလတွင် ရောက်ရှိနေခဲ့သည်။
ဥပမာအားဖြင့် သံနက်မျိုးနွယ်စုများသည် ကျွန်အဖြစ်အမြဲတည်ရှိနေသော လူမျိုးဖြစ်သည်၊မားကပ်စ်ထံမှ ရှောင်ယုယူဆောင်လာခဲ့သော ကျွန်များအားလုံးနီးပါးသည် သံနက်မျိုးနွယ်စုမှဖြစ်သည်။သူတို့အားလုံးကို အေဇာရောဂ့်တိုက်ကြီး၏ တောင်ဘက်မှဖမ်းယူလာခဲ့ပြီး သံနက်မျိုးနွယ်စုသည် အလွန်ရှေးကျသောယဉ်ကျေးမှုကို ကျင့်သုံးသောမျိုးနွယ်စုဖြစ်သည်။သူတို့သည် အလွန်သန်မာသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ကြပြီး အလုပ်ကြမ်းလုပ်ဆောင်ရန် အကောင်းဆုံးကျွန်များဖြစ်ကြသည်။နှစ်စဉ်နှစ်တိုင်းလိုလိုပင် စွန့်စားသူများသည် တောနက်များအတွင်းဝင်ရောက်ကာ သံနက်မျိုးနွယ်စုမှလူများကို ပြန်ပေးဆွဲ၍ ကျွန်များအဖြစ် စျေးကွက်အတွင်းသို့ ရောင်းချလေ့ရှိကြသည်။သို့ဖြစ်ရာ သံနက်မျိုးနွယ်စုဝင်အများစုသည် အသက်၂၅နှစ်အရွယ်တွင် သေဆုံးသွားလေ့ရှိကြသည်။
ရှောင်ယုသည် သံနက်မျိုးနွယ်စုမှကျွန်များကို အရပ်သားအဆင့်အတန်းပေးရန် ကြိုးစားရာတွင် အခက်အခဲနှစ်ခုဖြင့်ရင်ဆိုင်ခဲ့ရသည်။ပထမပြဿနာမှာ ထိုလူများသည် မွေးဖွားလာစဉ်ကတည်းက ကျွန်အဖြစ်မွေးဖွားလာခြင်းဖြစ်သည်။သူတို့သည် ကျွန်အဖြစ်မွေးဖွားလာကာ ကျွန်တစ်ယောက်လို နေထိုင်လာခဲ့သောကြောင့် ယခုအခါ ရှောင်ယုကသူတို့အား လွတ်လပ်ခွင့်ပေးလိုက်လျင်ပင် မည်ကဲ့သို့ရှင်သန်နေထိုင်ရမယ်မှန်း မသိခဲ့ပေ။
ဒုတိယပြဿနာမှာ အိမ်တော်ထိန်းဟောင်၏ ကန့်ကွက်မှုဖြစ်သည်။အိမ်တော်ထိန်းဟောင်သည် ရှောင်မိသားစုအပေါ်၌ အလွန်ပင်သစ္စာစောင့်သိသော်လည်း ရှောင်ယု၏အယူအဆများကို လက်မခံနိုင်သည့် ရှေးရိုးစွဲအဘိုးကြီးတစ်ယောက်ဖြစ်သည်။ယခုလည်း ရှောင်ယုသည် သူ၏အယူအဆများအတိုင်း အမိန့်ချမှတ်ရာတွင် အိမ်တော်ထိန်းဟောင်နှင့် အကြိမ်ကြိမ်ထိပ်တ်ိုက်တွေ့ခဲ့ရသည်။ခြင်္သေ့မြို့နေလူထုများသည် အခွန်ပေးဆောင်ရန်မလိုအပ်ခြင်းကို အိမ်တော်ထိန်းဟောင်သည် လုံးဝသဘောမတူခဲ့ပေ။ထို့ပြင် မြို့ကိုကာကွယ်မယ့်စစ်သားများသည် ထိုကဲ့သို့မြင့်မားသောအကျိုးခံစားခွင့်များရရှိသင့်သည်ကို အိမ်တော်ထိန်းဟောင်က မယုံကြည်ခဲ့ပေ။
အိမ်တော်ထိန်းဟောင်၏အမြင်တွင် မှူးမတ်များကသာ သူတို့သေဆုံးပြီးနောက် သူတို့၏အမည်များကို မှတ်ကျောက်တင်ရန် အရည်အချင်းပြည့်မှီသည်ဟု သူယုံကြည်ခဲ့သည်။
ရှောင်ယုသည် မားကပ်စ်၏ဓားပြစခန်းမှ ကျွန်များစွာကို ခြင်္သေ့မြို့သို့ခေါ်ဆောင်လာပြီး လွတ်လပ်ခွင့်ပေးကာ အရပ်သားများအဖြစ်သတ်မှတ်ပေးခဲ့သည်။ထိုထဲတွင် သက်ကြီးရွယ်အိုများ ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ အမြောက်အများပါဝင်ပေသည်။အိမ်တော်ထိန်းဟောင်သည် ရှောင်ယု၏ဆုံးဖြတ်ချက်အား မကျေနပ်သော်လည်း စကားအများကြီးမပြောခဲ့ပေ။
သို့သော်လည်း ဓားပြစခန်းမှခေါ်ဆောင်လာသည့် ကချေသည်များနှင့် အချို့သာအမျိုးသမီးများအား အရပ်သားအဖြစ်အသိအမှတ်ပြုပေးမည်ဟူသော ရှောင်ယု၏အမိန့်ကိုမူ အိမ်တော်ထိန်းဟောင်က ပြင်းပြင်းထန်ထန်ကန့်ကွက်ပေးခဲ့သည်။ထိုအမိန့်ကိုသာ ခွင့်ပြုပေးလိုက်ပါက ခြင်္သေ့မြို့သည် ဟာသတစ်ခုဖြစ်သွားလိမ့်မည်ဟု အိမ်တော်ထိန်းဟောင်ကယုံကြည်နေခဲ့သည်။
အဆုံးသတ်တွင် ရှောင်ယုသည် ကချေသည်များကို သူမရီးများ၏လက်အောက်တွင် အလုပ်လုပ်စေရန်သာ စေခိုင်းခဲ့ပီး လွတ်လပ်ခွင့်မပေးနိုင်ခဲ့ပေ။
ထို့ပြင်ရှောင်ယုသည် ဓားပြများလက်မှကယ်တင်ထားသော အရပ်သားများနှင့် ဓားပြများပြန်ပေးဆွဲထားသည့် ကုန်သည်များအား လမ်းစရိတ်ပြန်ပေးကာ အိမ်ပြန်ခွင့်ပြုမယ့်အမိန့်ကိုလည်း အိမ်တော်ထိန်းဟောင်က ကန့်ကွက်ခဲ့သည်။ပုံမှန်အားဖြင့်ဆိုလျှင် ဓားပြများလက်ထဲမှ အရပ်သားများနှင့်ကုန်သည်များကို ကယ်တင်ခဲ့သူသည် ထိုအရပ်သားများကို သူ၏ကျွန်အဖြစ်ပြန်လည်အသုံးပြုနိုင်ပေသည်။အကယ်၍ ထိုလူများ၏မိသားစုဝင်များသည် ထိုလူတို့၏လွတ်လပ်ခွင့်ကို ပြန်လည်ရယူလိုပါက အချို့သောပြန်ရွေးငွေများကို ပေးဆောင်ရမှာဖြစ်သည်။
သို့သော်လည်း ပြန်ပေးဆွဲခံရသော အရပ်သားများအား လွတ်လပ်ခွင့်ပေးခြင်းသည် မြင့်မြတ်သောအရှင်သခင်များ၏ လုပ်ရပ်ဖြစ်ကြောင်း ရှောင်ယုက အိမ်တော်ထိန်းဟောင်အား ရှင်းပြခဲ့သည်။ထို့ကြောင့် အဆုံးသတ်တွင် ရှောင်ယု၏ဂုဏ်သိက္ခာကို ပြန်လည်မြင့်တင်နိုင်ရန်အတွက် အရပ်သားများနှင့်ကုန်သည်များ၏လွတ်လပ်ခွင့်ကို တစ်ပြားတစ်ချပ်မှမယူ၍ လွတ်လပ်ခွင့်ပေးရန် သဘောတူခဲ့သည်။
အိမ်တော်ထိန်းဟောင်သည် ထိုကိစ္စကို သဘောတူခဲ့သော်လည်း ကချေသည်အမျိုးသမီးများနှင့် သံနက်မျိုးနွယ်စုဝင်များကို အရပ်သားအဖြစ်လွတ်လပ်ခွင့်ပေးမည့် အကြံအစည်အား လုံးဝကန့်ကွက်ခဲ့သည်။
အိမ်တော်ထိန်းဟောင်သည် သူ၏ဖခင်လက်ထက်မှစတင်၍ နယ်မြေနှင့်နယ်မြေသခင်၏ ဂုဏ်သတင်းကိုထိန်းသိမ်းရန် အားသွန်ခွန်စိုက်ကြိုးစားခဲ့သူဖြစ်ရာ ရှောင်ယုသည်လည်း မတတ်သာဘဲခြေတစ်လှမ်းနောက်ဆုတ်ပေးခဲ့ရသည်။အမှန်တကယ်တွင် သူတို့နှစ်ယောက်လုံးသည် ခြင်္သေ့မြို့ကိုအောင်မြင်ကြီးပွားစေလိုသော်လည်း သူတို့နှစ်ယောက်၏ တွေးခေါ်ပုံနှင့်အယူအဆက မတူညီကြပေ။
အဆုံးသတ်တွင် အိမ်တော်ထိန်းဟောင်နှင့် အချိန်အတော်ကြာဆွေးနွေးပြီးနောက် သံနက်မျိုးနွယ်စုဝင်များအား လွတ်လပ်ခွင့်မပေးသော်လည်း အစားအသောက်နှင့်အဝတ်အထည်များ ပေးအပ်ရန်ဆုံးဖြတ်နိုင်ခဲ့သည်။ကချေသည် အမျိုးသမီးများနှင့်ပတ်သက်၍ ထိုအမျိုးသမီးများ၏ သဘောဆန္ဒမပါဘဲ မည်သူကမှကိုယ်ထိလက်ရောက် မကျူးလွန်စေရန် တင်းတင်းကျပ်ကျပ်အမိန့်ထုတ်ပြန်ခဲ့သည်။
ပုံမှန်အခြေအနေအရဆိုလျှင် မှူးမတ်များသည် သူတို့၏ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်စေရန်အတွက် သူတို့၏အိမ်တော်များ၌ ထိုကိစ္စကိုလုပ်ဆောင်ပေးမယ့် အမျိုးသမီးများစွာရှိပေသည်။တစ်ခါတစ်ရံတွင် ထိုအမျိုးသမီးများအား ဧည့်သည်များနှင့်ပျော်ပါးစေကာ ဧည့်သည်များသဘောကျပါက အပိုင်ပင်ပေးအပ်လေ့ရှိသည်။
ဂုဏ်သိက္ခာကြီးသော မင်းမျိုးမင်းနွယ်မိသားစုများသည် သူတို့၏အမှတ်သင်္ကေတအဖြစ် နတ်သူငယ်ကျွန်များကိုပင် ထားရှိသောအချိန်ကာလတစ်ခုရှိခဲ့ဖူးသည်။ရှောင်ယုသည် ခေတ်သစ်ကမ္ဘာတွင် ကြီးပြင်းလာသူတစ်ဦးဖြစ်ရာ လူသားများကိုကျွန်တစ်ယောက်အဖြစ် မည်သည့်အခါကမှ မသတ်မှတ်ခဲ့ပေ။ထို့ကြောင့် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာအား အသားလွတ်ထိပါးစော်ကားခြင်းကို သူလက်မခံနိုင်သော်လည်း ထိုသို့သောအရာများသည် ဤလောက၌မူ သာမန်ကိစ္စများသာဖြစ်သည်။
ရှောင်ယုသည် မတ်တပ်ရပ်လိုက်ကာ သက်ပြင်းချမိလိုက်သည်။သူသည်လည်း လူတစ်ယောက်သာဖြစ်ရာ သူ၏အစွမ်းအစသည် အကန့်အသတ်ရှိပြီး ဤကမ္ဘာကြီးအားမပြောင်းလဲနိုင်သေးပေ။ဤပဒေသရာဇ်လူမှုအဖွဲ့အစည်း တွင် ကျွန်စနစ်အားလုံးဝဖျက်သိမ်းရန် အလွန်ခက်ခဲပေသည်။
သမိုင်းမှတ်တမ်းများတွင် ကျွန်စနစ်အားဖျက်သိမ်းရန်အတွက် ကြီးမားသောတိုက်ပွဲကြီးများ နှင့် သွေးထွက်သံယိုပုန်ကန်မှုများ များစွာဖြစ်ပွားခဲ့သော်လည်း မည်သူကမှမလုပ်ဆောင်နိုင်ခဲ့ပေ။
အကယ်၍ သူသာဤကမ္ဘာကြီး၏ စစ်မှန်သောအရှင်သခင်ဖြစ်လာပါက ဤလူမှုအဖွဲ့အစည်း၏ တွေးခေါ်ပုံကိုပြောင်းလဲရန် ဖြေးဖြေးချင်းတွန်းအားပေးနိုင်ပေသည်။
သူ၏အကြံအစည်အား အိမ်တော်ထိန်းဟောင်ကဲ့သို့ ရှေးရိုးစွဲအကြီးအကဲများက အပြင်းအထန်ကန့်ကွက်တားဆီးမှာဖြစ်သော်လည်း သူသည် နတ်သူငယ်များ ၊ အောစ့်များနှင့် လူပုများကို သူတို့၏တန်ခိုးကြီးမားကာ အထွတ်အထိပ်သို့ရောက်ရှိခဲ့စဉ်က နေ့ရက်များသို့ပြန်လည်ပို့ဆောင်ပေးရန် နတ်ဘုရားများက ရွေးချယ်ခံရသူဖြစ်ကြောင်း ချပြခြင်းဖြင့် ကမ္ဘာကြီးအားဖြေးဖြေးချင်းပြောင်းလဲပေးသွားမှာဖြစ်သည်။
လက်ရှိကမ္ဘာကြီးသည် အချိန်တိုလေးအတွင်း ဒီမိုကရေစီဆန်ဆန် အရင်းရှင်စနစ် သို့မဟုတ် ဆိုရှယ်လစ်စနစ်သို့ကူးပြောင်းရန် မဖြစ်နိုင်ပေ။
ရှောင်ယုသည် ချင်မင်းဆက်အား ပြောင်းလဲစေမယ့်မူဝါဒများကို ချမှတ်ခဲ့သော ရှန့်ယန်အားသတိရမိသွားခဲ့သည်။သို့သော်လည်း ရှန့်ယန်သည် အစောပိုင်းတွင် ကန့်ကွက်မှုပေါင်းစုံဖြင့်ကြုံတွေ့ခဲ့ရပေသည်။ထို့ကြောင့် ယခုအချိန်၌ ရှောင်ယုရင်ဆိုင်နေရသော ကန့်ကွက်မှုများသည် ထိုအချိန်ကရှန့်ယန်ရင်ဆိုင်ခဲ့သော အခက်အခဲများနှင့်အတူတူပင်ဖြစ်သည်။သို့သော်လည်း ရှောင်ယုသည် ရှန့်ယန်အောင်မြင်မှုရရှိခဲ့သလို သူလည်းရရှိစေရမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။
ရှောင်ယုသည် သူ၏ကိုယ်ပိုင်တပ်ဖွဲ့များဖြစ်သော အောစ့်များ၊နတ်သူငယ်များ၊လူပုများ၏အကူအညီဖြင့် ဤကမ္ဘာကြီးကိုလွှမ်းမိုးနိုင်မည်မဟုတ်ကြောင်း နားလည်ခဲ့သည်။သူသည် ဘုရင်တစ်ပါးဖြစ်လာရန်အတွက် သူ၏လက်အောက်၌ရှိသော သာမန်လူများကိုအားကိုးရမည်ဖြစ်ကာ ထိုသာမန်လူများအား သူ့အတွက်တိုက်ပွဲဝင်ရန် ဆန္ဒရှိအောင် ပြုလုပ်ရမည်ဖြစ်သည်။
ယခုအချိန်၌ သူကြုံတွေ့နေရသော အခြေအနေများသည် ချင်မင်းဆက်အား ပြုပြင်ပြောင်းလဲရာတွင် ရှန့်ယန်ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် အနည်းငယ်ကွဲပြားပေသည်။သို့သော် ရှန့်ယန်ပြုလုပ်ခဲ့သည့် အပြောင်းအလဲများကြောင့် အနာဂတ်ချင်မင်းဆက်၏ ကြီးပွားတိုးတက်မှုကို မျက်မမြင်တစ်ယောက်ကပင် မြင်တွေ့နိုင်ခဲ့သည်။အဆုံးသတ်တွင် အင်အားကြီးမားလာသော ချင်နိုင်ငံသည် နိုင်ငံပေါင်း၆နိုင်ငံအား ပေါင်းစည်းခဲ့ကာ တရုတ်ပြည်ထောင်ကြီးအားတည်ထောင်နိုင်ခဲ့သည်။ထိုသို့တရုတ်ပြည်ကြီးအား တည်ထောင်ရာတွင် ချင်မင်းဆက်အား အောင်မြင်စေခဲ့သည့်အဓိကအကြောင်းတရားများ၌ ရှန့်ယန်ပြုလုပ်ခဲ့သော အပြောင်းအလဲများက ၈၀ရာခိုင်နှုန်းပါဝင်နေခဲ့သည်။
ထို့ကြောင့် ရှောင်ယုသည် ခိုင်မာသောအုတ်မြစ်တစ်ခုအား ဦးစွာတည်ဆောက်ပြီးမှ ထိုပြောင်းလဲမှုများအား တစ်ခုချင်းအကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ထိုသို့အဆင့်ဆင့်လုပ်ဆောင်နေချိန်၌ အခြားသောနယ်မြေအရှင်သခင်များသည် သူ့အားတိုက်ခိုက်လာနိုင်သောကြောင့် သူ၏နယ်မြေအား အင်အားတောင့်တင်းအောင် အမြန်လုပ်ဆောင်ရမည်ဖြစ်သည်။
...
...
သံနက်မျိုးနွယ်စုမှ ကျွန်များသည် အစားအစာဝဝလင်လင်စားရကာ ဗိုက်ပြည့်နေခဲ့ကြသည်။သူတို့တစ်ယောက်ချင်းစီတိုင်းသည် အနွေးထည်များကိုရရှိခဲ့ကြပြီး ယခုအချိန်တွင် သူတို့သည် ကျောက်တုံးကြီးများကို နံရံဆီသို့သယ်ဆောင်လာကြသည်။
သူတို့၏ခန္ဓာကိုယ်များသည် ကြီးမားသည့်အတွက်ကြောင့် သူတို့၏အစာစားချင်စိတ်သည်လည်း ကြီးမားပေသည်။သို့ရာတွင် ကျွန်တစ်ယောက်ဖြစ်လာချိန်မှစ၍ မွေးကင်းစအရွယ်ကတည်းက သူတို့သည်ဝဝလင်လင်မစားခဲ့ရပေ။သူတို့၏မျိုးနွယ်စုတည်နေရာသည် အလွန်ခေါင်ခိုက်ပြီး သီးနှံများစိုက်ပျိုးရန်အလွန်ခက်ခဲလှပေသည်။
ရှောင်ယုသည် သူတို့အား အစားအသောက်ကောင်းကောင်းနှင့် အဝတ်အစားများ ပေးခဲ့သည့်အတွက်ကြောင့် သူတို့သည်ကောင်းကင်သို့ရောက်နေသလို ခံစားလိုက်ရသည်။ယခုအချိန်တွင် ရှောင်ယုသည် မြို့နံရံပေါ်သို့ ကျောက်တုံးကြီးများအား သယ်ဆောင်ရန်စေခိုင်းထားခဲ့သည်။ကာရီ၏စစ်တပ်သည် မြို့အားတိုက်ခိုက်ရန်ရောက်လာချိန်တွင် သူတို့ထံ၌ကျောက်တုံးအလုံအလောက် ရှိနေရန်လိုအပ်ပေသည်။
ရှောင်ယုသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဖြိုဖျက်သူများ၏စွမ်းအားကို စတင်စမ်းသပ်ခဲ့သည်။ဖြိုဖျက်သူများသည် ၃၀၀ကီလိုဂရမ်ရှိသော ကျောက်တုံးတစ်တုံးအား မီတာ၅၀၀အကွာထိ၎င်း ၂၀၀ကီလိုဂရမ်ရှိသော ကျောက်တုံးတစ်တုံးအား မီတာ၆၀၀မှ ၇၀၀ထိ၎င်း ပစ်ခတ်နိုင်ပေသည်။
ထိုအရာသည် မြေပြင်၌ပြုလုပ်ခဲ့သော စမ်းသပ်မှုဖြစ်သည်။အကယ်၍ ဖြိုဖျက်သူများအား မြို့နံရံတံတိုင်းပေါ်၌ ထားရှိအသုံးပြုပါက ၅၀၀ကီလိုဂရမ်အလေးချိန်ရှိသော ကျောက်တုံးအား မီတာ၈၀၀အကွာအဝေးထိ ပစ်ခတ်န်ိုင်စွမ်းရှိသည်။ရှောင်ယုသည် ထိုကဲ့သို့သောပစ်ခတ်နိုင်စွမ်းကို ကျေနပ်အားရသွားသည့်အတွက် လာမယ့်စစ်ပွဲတွင်အသုံးပြုရန်အတွက် ကျောက်တုံးများအား လုံလုံလောက်လောက်စုဆောင်းထားစေခဲ့သည်။
ရှောင်ယုသည် စစ်ပွဲအတွက် ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်ပြီးနောက် မျက်လုံးကိုမှိတ်ထားရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
"ကာရီမင်းမြန်မြန်လာခဲ့လိုက်...မင်းရဲ့တပ်သားတွေရဲ့သွေးကိုသုံးပြီး ငါ့ရဲ့ဘုန်းကျက်သရေကို ရေးထိုးရမယ်"
အခန်း ၃၈ - ကာရီ၏စစ်တပ်ရောက်ရှိလာခြင်း
အခြေအနေတစ်ခုလုံးသည် အေးဆေးငြိမ်သက်နေသော်လည်း ခြင်္သေ့မြို့မှလူတိုင်းက လက်ရှိအခြေအနေသည် မုန်တိုင်းမတိုက်မှီငြိမ်သက်နေခြင်းသာဖြစ်ကြောင်း နားလည်ထားသည်။သူတို့သာ ဤမုန်တိုင်းကိုဖြတ်သန်းနိုင်ပါက လှပသောသက်တံ့ကို တွေ့မြင်ရမည်ဖြစ်သည်။
ရှောင်ယု၏စစ်သည်များသည် ဤအတောအတွင်း အရေအတွက် ၁၀၀၀ ထိရောက်ရှိလာခဲ့သည်။ယခုလိုကြီးမားသော စစ်ပွဲတစ်ခုအား တိုက်ခိုက်ရာတွင် လုံလောက်သောစစ်သည်အရေအတွက် မရှိခြင်းသည် သူ့တပ်များ၏တိုက်ခိုက်ရေးစွမ်းအားကို အားနည်းစေလိမ့်မည်ဟု ရှောင်ယုယုံကြည်နေခဲ့သည်။
သူ၏စစ်သား၁၀၀၀တွင် အောစ့်စစ်သည်၅၀၀ ၊ ခြေလျင်တပ်သား ၁၀၀ ၊ လေးသမား ၂၀၀ ၊ မုဆိုး၁၀၀နှင့် ရိုင်ဖယ်သမား၁၀၀ပါဝင်ပေသည်။ရှောင်ယုသည် သူ၏တပ်ဖွဲ့အားကြည့်ရင်း ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
ရှောင်ယုသည် ဂရင်း ၊ တိုင်ရန်ဒီနှင့် အန်တိုနီဒက်စ်တို့အား စစ်သည်များကိုဦးဆောင်စေကာ အန်ကာဂန်တောင်တန်းများ၏ အနက်ပိုင်းသို့ထိုးဖောက်ဝင်ရောက်၍ နတ်ဆိုးသားရဲများကို သတ်ဖြတ်ခြင်းဖြင့် စစ်သည်အသစ်များ၏ အဆင့်က်ိုမြင့်တင်စေခဲ့သည်။
စစ်သည်အသစ်များသည် တိုက်ခိုက်ခြင်းဖြင့်သာ တိုက်ပွဲအတွေ့အကြုံအား လျင်မြန်စွာရရှိမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။
အောစ့်စစ်သည်အသစ်များသည် ဓားပြအုပ်စုငယ်များအား တိုက်ခိုက်ရာတွင် အခက်အခဲရှိနိုင်ကြောင်း ရှောင်ယုနားလည်ထားသည်။သို့သော် ထိုသို့တိုက်ခိုက်မှုအချို့ကိုပြုလုပ်ပြီးနောက် အောစ့်စစ်သည်များသည် အဆင့်တက်လာခဲ့ကြပြီး နောက်ထပ်ဓားပြများကို အခက်အခဲမရှိသုတ်သင်နိုင်ခဲ့သည်။ထို့ပြင် အောစ့်စစ်သည်များ၏ ညဏ်ရည်ညဏ်သွေးသည်လည်း စဉ်ဆက်မပြတ်တိုက်ပွဲများနှင့်အတူ မြင့်တက်လာခဲ့သည်။
စစ်သည်တစ်ယောက်၏ ကြံခိုင်မှုအားကောင်းခြင်းသည် အရေးပါသော်လည်း ညဏ်ရည်ညဏ်သွေးတိုးမြင့်ခြင်းက စစ်ပွဲတွင်ပိုမ်ိုအရေးပါလေသည်။ရှောင်ယုသည် လူသားများ၏လှည့်စားမှုအောက်တွင် အလွယ်တကူဖျက်ဆီးခံရမည့် အသိညဏ်ကင်းမဲ့သောစစ်သားများကို မလိုချင်ခဲ့ပေ။သူသည် အခြေအနေနှင့် အချိန်အခါကိုလိုက်၍ တိုက်ခိုက်သင့်သည့်အချိန်နှင့် ဆုတ်ခွာသွားသည့်အချိန်ကို သိရှိနိုင်သော သူရဲကောင်းများကိုသာ အလိုရှိပေသည်။
ထို့ကြောင့် ရှောင်ယုသည် စစ်သည်အသစ်များ၏ အဆင့်ကိုမြင့်တင်ရန်နှင့် တိုက်ပွဲအတွေ့အကြုံရရှိစေရန်အတွက် အန်ကာဂန်တောင်တန်းများ၌ လေ့ကျင့်ရန်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
...
...
ကပ္ပတိန်ဟွေ့ စေလွှတ်ထားသော သူလျှိုများ၏တင်ပြချက်အရ ကာရီသည် လာမယ့်လေးရက်အတွင်း အကြီးစားတိုက်ခိုက်မှုတစ်ခုကို စတင်တော့မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ယခင်က ရန်သူတိုက်ခိုက်လာမယ့်အချိန်ကို မျက်ကန်းသဖွယ်စောင့်ဆိုင်းနေခဲ့ရာမှ ယခုအချိန်တွင် တိုက်ခိုက်မယ့်အချိန်အတိအကျကို သိခဲ့ရ၍ လူတိုင်းစိတ်သက်သာရာရသွားခဲ့သည်။
ရှောင်ယုသည် သူ၏တပ်ဖွဲ့အားလုံးက်ို ခြင်္သေ့မြို့သို့ချက်ချင်းပြန်ခေါ်ခဲ့သည်။ထို့နောက် ရန်သူများ၏အနေအထားနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက် မုဆိုးများကို စေလွှတ်ခဲ့သည်။
ရှောင်ယု၏ စတုတ္ထမြောက်မရီးဖြစ်သူ ဆုရှာသည် သူမ၏ချပ်ဝတ်တန်ဆာကို ကျကျနနဝတ်ဆင်ထားကာ စစ်ပွဲတွင်တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိသည်။ထို့ကြောင့် ရှောင်ယုသည် ဆုရှာအားကာကွယ်ရန်အတွက် စစ်သည်အချို့အား လျှို့ဝှက်စေလွှတ်ရန် ကပ္ပတိန်ဟွေ့အား အမိန့်ပေးခဲ့ရသည်။
ကာရီသည် ယခုတစ်ကြိမ်တွင် စစ်သည်၂၀၀၀၀အားအသုံးပြုကာ ထိုးစစ်ဆင်၍တိုက်ခိုက်လာမှာဖြစ်သည်။ထိုအရေအတွက်သည် ယခင်အကြိမ်နှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားသောအရေအတွက်ဖြစ်သော်လည်း ခြင်္သေ့မြို့ရှိလူတိုင်းသည် ရှောင်ယုအားယုံကြည်မှုရှိကြသည်။သူတို့၏သခင်ဖြစ်သူသည် ယခင်တစ်ကြိမ်က အောစ့်များနှင့်နတ်သူငယ်တို့၏အကူအညီဖြင့် စစ်ပွဲကိုအောင်မြင်ခဲ့သလို ယခုတစ်ကြိမ်တွင်လည်း အံ့သြဖွယ်ကိစ္စများအား လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
၄ရက်ကြာမြင့်ပြီးနောက် ကာရီ၏စစ်တပ်သည် သူတို့၏အခြေစိုက်စခန်းမှ ထွက်ခွာလာပြီဖြစ်ကြောင်း မုဆိုးများကသတင်းပို့ခဲ့သည်။ရှောင်ယုသည် စစ်ပွဲမစတင်မှိ မြို့တံတိုင်းပေါ်ရှိ စစ်သားများအတွက် အဆာပြေမုန့်များနှင့် ဝိုင်များကိုပေးပို့ခဲ့သည်။
သို့သော် ကပ္ပတိန်ဟွေ့သည် တိုက်ပွဲမစတင်မှီ သူတို့၏စိတ်အခြေအနေအား ထိခိုက်စေနိုင်သောကြောင့် စစ်သားများအား ဝိုင်များပေးပို့ခြင်းကို ဆန့်ကျင်ခဲ့သည်။ရှောင်ယုသည် ကပ္ပတိန်ဟွေ့၏အကြံပြုချက်ကို မငြင်းဆန်ခဲ့ပေ။ထို့အစားသူသည် အောစ့်စစ်သည်များ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ပိုမိုမြင့်တက်စေရန်အတွက် စစ်တုရင်ကစားနည်းကိုသင်ကြားပေးကာ ကစားစေခဲ့သည်။ရှောင်ယုသည် သူ၏အမိန့်ကိုသာနာခံတတ်သည့် စက်ရုပ်များထက် ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည့် စစ်သည်များဖြစ်လာစေရန် ယခုလိုလေ့ကျင့်ပေးနေခြင်းဖြစ်သည်။
ဤစစ်တုရင်သည် သာမန်စစ်သားများအတွက် ပျော်စရာဂိမ်းတစ်ခုဖြစ်သော်လည်း အောစ့်စစ်သည်များအတွက် ခက်ခဲသောအရာတစ်ခုဖြစ်သည်။အောစ့်စစ်သည်များသည် စစ်တုရင်ခုံပေါ်၌ နောက်ထပ်ရွေ့လျားမယ့်အကွက်ကို ခက်ခက်ခဲခဲစဉ်းစားရင်း သူတို့၏ဧရာမလက်များဖြင့် ခေါင်းကိုအသားကုန်ကုတ်ခြစ်နေကြသည်။
"မင်းအဲလို လုပ်လို့မရဘူးကွ...မင်းကဒီအကွက်ကိုရွေ့ပြီးသွားပြီဆိုတာ သိသာနေတာပဲ...မင်းကဘယ်လိုဖြစ်ပြီး ဒီအကွက်ကိုပြန်ပြောင်းရတာလဲ....သခင် ဒီကောင်ကအရှက်ကိုမရှိဘူး..ဒီကောင်ကလှည့်စားဖို့ကြိုးစားနေတာပဲ..."
သားရဲ၁၈သည် သားရဲ၅၀၏ လှည့်စားမှုကိုကျယ်လောင်စွာအော်ဟစ်တိုင်တန်းကာ ရှောင်ယုကိုဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခဲ့သည်။
"တရားမျှတစွာကစားပြီး လူကြီးလူကောင်းတွေလို ပြုမူပါ"
ရှောင်ယုသည် သူ့ထိုင်ခုံတွင်ထိုင်နေရင်း ပြောလိုက်သည်။ရှောင်ယုသည် သူ၏လက်တစ်ဖက်တွင် ဝိုင်နီတစ်ခွက်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် သမိုင်းစာအုပ်တစ်အုပ်အား ကိုင်ဆောင်ဖတ်ရှုနေခဲ့သည်။တိုင်ရန်ဒီနှင့် အန်တိုနီဒက်စ်တို့သည်ကား ရှောင်ယု၏နံဘေးရှိ စားပွဲတွင်ထိုင်နေကြရင်း Go ကစားနည်းကိုဆော့ကစားနေကြသည်။
မူလကခြင်္သေ့မြို့ရှိစစ်သားများသည် သူတို့အားတိုက်ခိုက်ရန်အတွက် ကာရီမှ စစ်သား၂၀၀၀၀ကို ယူဆောင်လာကြောင်း သိရှိလိုက်ရချိန်တွင် တုန်လှုပ်သွားခဲ့ကြသည်။သို့သော်လည်း ရှောင်ယုသည် ထိုအကြောင်းကိုသိရှိချိန်တွင် စိတ်ဝင်စားပုံပင်မပြဘဲ အနိုင်ရရန်ယုံကြည်ချက်ပြည့်ဝနေသကဲ့သို့ သက်တောင့်သက်သာစားသောက်နေသည်ကို တွေ့လိုက်ရ၍ အနည်းငယ်စိတ်အေးလက်အေးဖြစ်သွားကြသည်။
ကပ္ပတိန်ဟွေ့အား ကြောက်သောကြောင့် စစ်သားအချို့သည် စစ်တုရင်အား ဝင်ရောက်ဆော့ကစားရဲခြင်းမရှိသော်လည်း ဂိမ်းအားဘေးမှတိတ်တဆိတ်စောင့်ကြည့်နေကြသည်။စစ်သားများသည် အောစ့်များထက်ပို၍ ညဏ်ရည်ထက်မြက်လေရာ စစ်တုရင်၏စည်းမျည်းများကို လျင်မြန်စွာနားလည်သွားခဲ့ပြီး သူတို့ပြုလုပ်သင့်သည့်ရွေ့ကွက်များကို မိုက်မဲသောအောစ့်များအား မကြာခဏပြောပြနေခဲ့သည်။
ဝုန်း...
ရုတ်တရက်ကျယ်လောင်သော ဆူညံသံများ ပဲ့တင်ထပ်လာခဲ့ပြီး မြေပြင်တစ်ခုလုံးတုန်ခါလာသည်ကို လူတိုင်းခံစားမိလိုက်သည်။ထို့နောက် စစ်ခရာတံပ်ိုးသံများက ခြင်္သေ့မြို့၏တစ်ဖက်မှနေ၍ ကျယ်လောင်စွာပဲ့တင်ထပ်လာခဲ့သည်။
နောက်ဆုံးတွင် ကာရီ၏စစ်တပ်သည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"ရန်သူတွေ ဒီကိုရောက်လာပြီ...ငါတို့နောက်တစ်ကြိမ်ကျမှပဲ ဆက်ကစားကြတာပေါ့...."
သားရဲ၇သည် ဝမ်းသာအားရလေသံဖြင့် ကစားပွဲကိုအဆုံးသတ်လိုက်သည်။
"ဟေ့ကောင် မင်းအဲလိုမတရားမလုပ်နဲ့...ငါကဒီပွဲကိုနိုင်ဖို့ တော်တော်နီးစပ်နေပြီ...မင်းသာခုချိန်မှာရပ်လိုက်ရင် ငါကဒီပွဲကိုအနိုင်ရတယ်လို့ သတ်မှတ်ရလိမ့်မယ်"
သားရဲ ၂၁က ဒေါသတကြီးတုံ့ပြန်ခဲ့သည်။
ကာရီ၏စစ်တပ်ရောက်လည်ကိုမြင်သော်လည်း ရှောင်ယုသည် စိုးရိမ်ပူပန်ခြင်းမရှိပေ။သူ့ထံတွင် ကျွမ်းကျင်စစ်သည်၁၀၀၀ပိုင်ဆိုင်ထားပြီး ရန်သူများအားခုခံရန်အတွက် သူ၏စစ်သည်များကို ခံစစ်မျည်းကြောင်းများ ချက်ချင်းဖွဲ့စည်းပေးနိုင်သည်။ထို့နောက် ရှောင်ယုသည် မုဆိုးများအား မြို့တွင်းသို့ဝင်ရောက်ရန်အမိန့်ပေးခဲ့သည်။မုဆိုးအများစုသည် ယခုအချိန်တွင် အဆင့်၂သို့ရောက်ရှိနေခဲ့ပြီး အချို့မှာအဆင့်၃သို့ပင်ရောက်ရှိနေခဲ့သည်။အဆင့်၃သို့ရောက်ရှိသွားသည့် မုဆိုးများသည် လရောင်ဓားစကြာဟုခေါ်သည့် ကျွမ်းကျင်မှုအားသင်ယူတတ်မြောက်လာကြသည်။မုဆိုးများသည် ထိုကျွမ်းကျင်မှုအား အသုံးပြုချိန်တွင် ဓားစကြာများကို ရန်သူထံပစ်လွှတ်မှာဖြစ်ကာ ရန်သူအားထိမှန်ပြီးနောက် ဓားစကြာများကိုမိမိထံပြန်လည် ဆွဲယူနိုင်သည်။
ရှောင်ယုသည် မုဆိုးများအသစ်ရရှိလာသည့် ကျွမ်းကျင်မှုကိုကြည့်ပြီး မနာလိုဖြစ်သွားခဲ့သည်။ရှောင်ယုသည် လရောင်ဓားစကြာများကိုကြည့်ရင်း သူငယ်ရွယ်စဉ်က သစ်သားကွင်းတစ်ခုဖြင့် ကစားခဲ့သည်တို့အား ပြန်လည်အမှတ်ရလာခဲ့သည်။
...
...
ကာရီသည် အဝေးရှိဇိမ်ခံရထားတစ်ခုပေါ်၌ ရှိနေခဲ့ပြီး သူ၏စစ်ရေးအကြံပေးဖြစ်သော ဒိုတူသည် ခြင်္သေ့မြို့အားမှုန်မှိုင်းသော အကြည့်များဖြင့်စိုက်ကြည့်လျက် ကာရီ၏နံဘေးတွင် ရပ်နေခဲ့သည်။
"ရှောင်ယု...ဒီတစ်ခါတော့ မင်းငါ့ရဲ့စစ်တပ်ကို ခုခံနိုင်မလား ကြည့်ရအောင်....ဒီနေ့တော့ မင်းရဲ့မွေးဖွားလာမှုကို မင်းကိုယ်တိုင်နောင်တရအောင် ငါလုပ်ပေးမယ်"
ကာရီ၏လက်ချောင်းများသည် သူ၏လက်ထဲရှိပယင်းဖန်ခွက်ကို ဖိညစ်လိုက်ရာ ဖန်ခွက်သည် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားခဲ့သည်။
ကာရီ၏တပ်သား ၂၀၀၀၀သည် စနစ်တကျစုဖွဲ့ကာ သပ်သပ်ရပ်ရပ်တန်းစီထားခဲ့သည်။ယခုတစ်ကြိမ်တွင် ကာရီ၏တပ်သားများသည် တစ်လကြာလေ့ကျင့်ပြီးနောက် သူတို့အချင်းချင်းကြား တိတ်တဆိတ်နားလည်မှုရရှိထားခဲ့သည်။သူတို့သည် ယခုတစ်ကြိမ်တွင်မူ ခြင်္သေ့မြို့အားချေမှုန်းနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိခဲ့သည်။
ထို့ပြင် ကာရီသည် ဤတိုက်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်သည့် စစ်သည်များကို ဆုလာဘ်များစွာပေးအပ်မည်ဟု ကတိပေးခဲ့သည်။ဥပမာအားဖြင့် ခြင်္သေ့မြို့တွင်းသို့ ဦးစွာဝင်ရောက်နိုင်သူသည် ခြင်္သေ့မြို့တစ်ခုလုံးအား ၃ရက်ကြာလုယက်နိုင်မှာဖြစ်သည်။ထို့ပြင် အခြားသောများပြားလှသည့် ဆုလာဘ်များကိုရရှိမှာဖြစ်သည်။
စစ်သားများသည် သေခြင်းတရားကိုရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ဆုလာဘ်များကိုပေးအပ်ရမည်ဖြစ်ကြောင်း ကာရီနားလည်ထားသည်။အကယ်၍ သူသာရှောင်ယုအား ဖမ်းဆီးနိုင်သရွေ့ ထိုဆုလာဘ်များကို ချီးမြင့်ရသည်မှာ ထိုက်တန်ပေသည်။
ကာရီသည် စနစ်တကျတန်းစီနေသော သူ၏တပ်ဖွဲ့များအားစစ်ဆေးလိုက်သည်၊ယခုတစ်ကြိမ်တွင် သူ၏တပ်ဖွဲ့များသည် ရှောင်ယု၏တပ်ဖွဲ့ထက် အဆ၂၀ခန့်ပိုမိုများပြားပြီး ရှောင်ယုသည် မည်သည့်လှည့်ကွက်ကိုအသုံးပြုပါစေ ဤအရေအတွက်ကွာခြားမှုကို မကျော်ဖြတ်နိုင်ဟု ကာရီယုံကြည်ပေသည်။
ဝုန်း...
အမာခံခြေလျင်တပ်ဖွဲ့သည် မြေပြင်ကိုစတင်ဆောင့်နင်း၍ စည်းချက်ညီညီချီတက်လာကြသည်။ခြေလျင်တပ်၏ချီတက်မှုအား အထောက်အကူပြုရန်အတွက် တပ်ဖွဲ့၏နောက်တွင် ဒရမ်တပ်ဖွဲ့များပါရှိရန်မလိုအပ်ဘဲ အလိုအလျောက်ဖြစ်တည်လာသည့် စည်းချက်ညီမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"အောစ့်တွေဟုတ်လား...ဘယ်သူကသူတို့ကိုဂရုစိုက်လို့လဲ...ငါတို့မှာ မှော်ဆရာတွေနဲ့ သူရဲကောင်းတွေရှိတယ်...ဒါ့အပြင်ငါတို့မှာ မြင်းတပ်တွေလဲရှိတယ်....ဒီအောစ့်တွေကိုသတ်ပြီးတော့ သူတို့ရဲ့ဦးခေါင်းတွေကို ဖြတ်ယူကြ...အဲဒါက ငါတို့ရဲ့ဘုန်းကျက်သရေက်ို သက်သေပြစေလိမ့်မယ်...ငါတို့ပြန်သွားရင် အဲ့ဒီဦးခေါင်းခွံတွေက မင်းတို့ရဲ့ရဲစွမ်းသတ္တိကိုဖော်ပြလိမ့်မယ်"
စစ်သားများသည် အောစ့်များအပေါ် အနည်းငယ်ရှိန်နေကြေသော်လည်း တိုက်ပွဲအတွက် စိတ်အားထက်သန်လျက်ရှိသည်။သူတို့သည် လေ့ကျင့်ထားခြင်းမရှိသည့် ဓားပြများမဟုတ်ကြပေ။သူတို့အားလုံးသည် တင်းကျပ်သော စစ်ရေးလေ့ကျင့်မှုများကိုဖြတ်သန်းခဲ့ကြပြီး ခေတ်မှီသော ချပ်ဝတ်တန်ဆာများနှင့်လက်နက်များကို ပိုင်ဆိုင်ထားကြသည်။ထို့ပြင် သူတို့ထံ၌အရေအတွက်အားသာချက်လည်းရှိသည်။အောစ့်များသည် အလွန်အစွမ်းထက်ပါက အဘယ်ကြောင့်မျိုးသုဉ်းသွားရမည်နည်း။
နာရီဝက်ခန့်ကြာအောင် ချီတက်ပြီးနောက် ကာရီ၏စစ်တပ်သည် ခြင်္သေ့မြို့တံတိုင်းနှင့် ခြေလှမ်းတစ်ထောင်ခန့်အကွာတွင် ရပ်တန့်သွားခဲ့သည်။
ထိုအချိန်တွင် ကာရီ၏စစ်သားများသည် ကျယ်လောင်စွာအော်ဟစ်မြည်ကြွေးလိုက်ကြသည်။စစ်သား ၂၀၀၀၀ တပြိုင်တည်းအော်ဟစ်သံသည် အလွန်ပြင်းထန်သည့်အတွက်ကြောင့် သူတို့ထံတွင် ခြင်္သေ့မြို့အားသိမ်းပိုက်ရန် ယုံကြည်မှုအပြည့်ရှိကြောင်း တွေ့မြင်နိုင်သည်။
တိုက်ခိုက်မှုသည် မကြာမှီစတင်တော့မည်ဖြစ်ရာ စစ်သားများသည် စတင်၍နေရာယူခဲ့ကြသည်။
အခန်း ၃၉ - စိတ်ဓာတ်ရေးရာ အားပြိုင်မှုများ
ကာရီသည် ရှောင်ယုနှင့် နောက်ဆုံးအကြိမ်တိုက်ခိုက်စဉ်ကကဲ့သို့ လှောင်ပြောင်ရန် အစီအစဉ်မရှိတော့ပေ။ထို့ကြောင့် သူ၏နယ်မြေမှ စစ်တပ်မထွက်ခွာမှီ စစ်တပ်၏တပ်မှူးအား လေ့ကျင့်ထားသည့်ဖွဲ့စည်းပုံအတိုင်း တည်ဆောက်တိုက်ခိုက်ရန် အမိန့်ပေးထားခဲ့ပြီးဖြစ်သည်။
ရှောင်ယုသည် နောက်ဆုံးအကြိမ်တိုက်ပွဲတုံးက သူ၏လက်ခလယ်အားထောင်ပြခြင်းဖြင့် ကာရီ၏စိတ်အားမတည်မငြိမ်ဖြစ်စေခဲ့သည်။သို့ဖြစ်ရာ ကာရီသည် ယခုတစ်ကြိမ်၌ ရှောင်ယု၏ဒေါသဆွပေးမှုကို ထပ်မံမခံစားရစေရန်အတွက် အချိန်မဖြုန်းတော့ဘဲ မြို့အားအမြန်ဆုံးသိမ်းပိုက်ရန် စီစဉ်ခဲ့သည်။
ကာရီသည် နောက်ဆုံးအကြိမ်ကျရှံးမှုအား သင်ခန်းစာယူကာ ယခုတစ်ကြိမ် သူ၏စစ်သား ၂၀၀၀၀အား တပ်ဖွဲ့ ၁၀ခုခွဲထားလိုက်သည်။သူ၏နယ်မြေသည် စစ်ပွဲများကိုမကြုံတွေ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သောကြောင့် သူ့တပ်ဖွဲ့များသည် တိုက်ခိုက်ရေးအတွေ့အကြုံနည်းပါးကြောင်း ကာရီနားလည်ထားခဲ့သည်။သ်ို့သော် ယခုတစ်ကြိမ်၌ ကာရီသည် လေ့ကျင့်ချိန်တစ်လတိတိယူ၍ ခြင်္သေ့မြို့အားသိမ်းပိုက်နိုင်ရန်အတွက် ချိန်ညှိမှုများနှင့် နည်းဗျူဟာများစွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ဝုန်း...
ခြေလျင်တပ်များသည် စတင်လှုပ်ရှားလာခဲ့ကာ တပ်ဖွဲ့များအဖြစ်စတင်ဖွဲ့စည်းခဲ့သည်။သူတို့၏ခြေသံများမှ ပဲ့တင်ထပ်လာသည့်အသံများသည် ရန်သူများ၏နှလုံးသားအား ဖိအားပေးခဲ့ကာ သူတို့၏တိုက်ခိုက်လိုစိတ်အား မြင့်တင်ပေးနေသည့်ဂီတသံကဲ့သ်ို့ ဖြစ်နေခဲ့သည်။
အကယ်၍ ကာရီ၏စစ်တပ်မရောက်လာမှီက ရှောင်ယုသည် သူတို့အားစိတ်ဓာတ်တက်ကြွစေရန်အတွက် အားပေးမှုများမပြုလုပ်ခဲ့ပါက ကပ္ပတိန်ဟွေ့၏စစ်သားအသစ်များသည် ယခုအချိန်၌ အတွင်းခံထဲ၌ သေးများစိုရွှဲနေမှာဖြစ်သည်။ရှောင်ယုသည် သာမန်စစ်သားများကို ယခုလိုယုံကြည်မှုရရှိစေရန်အတွက် လုပ်ဆောင်ခဲ့ကာ ရန်သူများအပေါ်အထင်သေးလာစေရန် ပြုလုပ်နိုင်ခဲ့သည်။
ရန်သူတပ်များသည် မြို့ရိုးနှင့်မီတာ၄၀၀အကွာသို့ရောက်ရှိလာချိန်တွင် လှေကားများကိုကိုင်ဆောင်လာသည့် ခြေလျင်တပ်များသည် သူတို့၏ချီတက်နှုန်းကိုမြင့်တင်လိုက်ကာ မြို့နံရံထံပြေးလွှားလာကြသည်။ကာရီသည် ဤနေရာတွင် ရိုးရှင်းပြီး ထိရောက်မှုရှိသောဖွဲ့စည်းပုံကို ဖော်ဆောင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
ခြေလျင်တပ်သားများသည် မြို့ရိုးဖောက်မောင်းတုံးများကို အသုံးပြုကာ မြို့တံခါးကိုတိုက်ခိုက်ကြမည်ဖြစ်သည်။သူတို့သည် မြို့တံခါးကိုချိုးဖျက်ပြီးနောက်တွင် နောက်တွင်အသင့်လိုက်ပါလာသည့်တပ်များက မြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်မှာဖြစ်သည်။
ထိုသို့တိုက်ခိုက်ရန်အတွက် ပထမတပ်ဖွဲ့သည် အရန်မြို့ရိုးဖောက်မောင်းတုံးတစ်ခုအား အသင့်ပြင်ဆင်ထားခဲ့သည်။အကယ်၍ ရှေ့မှမြို့ရိုးဖောက်မောင်းတုံးသည် မတော်တဆပျက်စီးခဲ့လျှင် ဤတစ်ခုအားအစားထိုးသုံးစွဲမှာဖြစ်သည်။ထို့ပြင် ခြေလျင်တပ်သားများအကြား၌ မှော်ဆရာတစ်ဦးက ဖုံးကွယ်လိုက်ပါလာပြီး မြို့တံခါးကိုချိုးဖျက်ဝင်ရောက်နိုင်ရန် ကွယ်ဝှက်ကူညီပေးမှာဖြစ်သည်။
ခြေလျင်တပ်များ၏ တောင်ပံနှစ်ဖက်တွင် အမာခံခြေလျင်တပ်များက နေရာယူထားပေသည်။သူတို့သည် ခြေလျင်တပ်များကို မြှားများ၏အန္တာရယ်မှကာကွယ်ရန် ခိုင်ခံ့သောဒိုင်းများကို တပ်ဆင်ထားခဲ့သည်။ထို့ပြင် လှေကားထစ်များဖြင့် မြို့နံရံပေါ်တွယ်တက်မယ့် စစ်သားများအတွက်လည်း အကာအရံအဖြစ် မြေပြင်ပေါ်တွင်ဆောင်ရွက်ပေးမှာဖြစ်သည်။
ခြေလျင်တပ်များသည် လှေကားဆယ်ခုခန့်အား လက်ဝဲဘက်နှင့်လက်ယာဘက်နှစ်ဖက်လုံးတွင် သယ်ဆောင်လာခဲ့သည်။တစ်လကြာလေ့ကျင့်မှုအတွင်း၌ သူတို့သည်လှေကားများကို ပြုတ်ကျမသွားစေရန် အကြိမ်ကြိမ်အခါခါလေ့ကျင့်ထားခဲ့သည်။
ထို့ပြင် ပထမတပ်ဖွဲ့၏နောက်ကွယ်၌ စစ်သားများဂရုတစိုက်သယ်ဆောင်လာသော လောက်လွဲစင်အခု၂၀ ပါရှိလာသည်။လောက်လွဲစင်တစ်ခုစီသည် လေးလံသောကျောက်တုံးကြီးများအား မီတာ၄၀၀အထိ ပစ်ခတ်နိုင်ပေရာ မြို့ရိုးနံရံပေါ်ရှိ လေးသမားများကိုဖိနှိပ်ရန် အသုံးပြုမှာဖြစ်သည်။
ကာရီသည် ဤတိုက်ပွဲအတွက် များစွာအားထုတ်ကြိုးပမ်းခဲ့ရသည်။သူတို့၏နယ်မြေတွင် လောက်လွဲစင်၁၀ခုသာရှိရာ အခြားနယ်မြေများထံမှ နောက်ထပ်၁၀ခုအား ငှါးရမ်းခဲ့ရသည်။
သာမန်စစ်သားများသည် မြင့်မားသောမြို့ရိုးနံရံထိပ်သို့ မြှားများကိုမပစ်ခတ်နိုင်သော်လည်း လောက်လွဲစင်များသည် ထိုအလုပ်ကိုလွယ်လွယ်ကူကူပြီးမြောက်အောင်မြင်နိုင်သည်။နောက်ဆုံး အကြိမ်တိုက်ပွဲတွင် ရန်သူဘက်မှလေးသမားများသည် သူတို့၏တပ်သားများစွာကို သေကြေပျက်စီးစေခဲ့ရာ ထိုလေးသမားများကိုဖိနှိပ်ရန်အတွက် ကာရီသည် ဤလောက်လွဲစင်များအား ပြင်ဆင်လာခြင်းဖြစ်သည်။
ဒုတိယတပ်ဖွဲ့၏ တောင်ပံနှစ်ဖက်တွင် ခြေလျင်တပ်သားများကနေရာယူထားသော်လည်း အလယ်နေရာ၌ အမာခံခြေလျင်တပ်သားများက နေရာယူထားပေသည်။သာမန်စစ်သားများသည်ကား မြို့သိမ်းလှေကားများမှတဆင့် မြို့ရိုးနံရံပေါ်တက်၍ ရန်သူလေးသမားများကို နှိမ်နင်းရမည်ဖြစ်သည်။
ရှောင်ယုသည် ကာရီ၏ကြိုတင်ပြင်ဆင်မှုများကို ချီးကျူးစကားဆိုခဲ့သည်။ကာရီ၏တပ်ထုတ်လာပုံသည် ဝေမြို့တော်က်ိုပင် သိမ်းပိုက်ရန်အခွင့်အရေးရှိသည်ဟု ရှောင်ယုခန့်မှန်းခဲ့သည်။
ကံမကောင်းစွာဖြင့် ကာရီသည် ရှောင်ယုအားလျော့တွက်မိခဲ့သည်။
ရှောင်ယုသည် ဝိုင်နီတစ်ခွက်အား အရသာခံသောက်ရင်း သူ၏မျက်လုံးများကိုမှိတ်လိုက်ကာ အမိန့်ပေးလိုက်သည်။
"တံခါးတွေဖွင့်လိုက်..."
အောစ့်စစ်သည်များသည် ရှောင်ယု၏အမိန့်ကိုလက်ခံရရှိသည်နှင့် ချက်ချင်းပင် ဂိတ်တံခါးများကိုဖွင့်ရန်ပြင်ဆင်လိုက်သည်။ကပ္ပတိန်ဟွေ့သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တကြားဖြစ်ကာ ရှောင်ယုအားမေးမြန်းလိုက်သည်။
"သခင်လေး...မင်းဘာလုပ်တာလဲ...ဘာလို့မြို့တံခါးကိုဖွင့်လိုက်တာလဲ...မင်းအရှုံးပေးတော့မလို့လား..."
ရှောင်ယုသည် အလန့်တကြားဖြစ်နေသော ကပ္ပတိန်ဟွေ့အား အလျင်အမြန်နှစ်သိမ့်ပေးလိုက်သည်။
"ဒါက ကောင်းမွန်တဲ့နေ့တစ်ခုပါ...ငါတို့ကဘာလို့အရှံးပေးရမှာလဲ...ဦးလေးဟွေ့ ခဏလောက်စောင့်ကြည့်လိုက်...ငါဘာလုပ်ချင်လဲမင်းသိရလိမ့်မယ်"
အောစ့်စစ်သည်များသည် ရှောင်ယု၏အမိန့်အတိုင်း မြို့အဝင်ဂိတ်တံခါးက်ို ချက်ချင်းဖွင့်လှစ်လိုက်သည်။ထို့နောက် တံခါးတစ်ဖက်တစ်ချက်စီသည် ကျယ်လောင်သောမြည်သံတို့ကိုထုတ်လွှတ်လျက် ဖွင့်ဟလာပြီး ခြင်္သေ့မြို့အား အကာအကွယ်မရှိသည့် မြို့တစ်မြို့နှင့်တူညီစေခဲ့သည်။ဂိတ်တံခါးများပွင့်လာချိန်တွင် ကာရီ၏စစ်တပ်သည် မြို့နံရံတံတိုင်းနှင့် မီတာ၃၀၀ခန့်အကွာ၌ ရောက်ရှိနေခဲ့သည်။ကာရီ၏တက်မှူးများနှင့် စစ်သည်များသည် ထိုထူးဆန်းသောမြင်ကွင်းကိုတွေ့မြင်လိုက်ရ၍ အနည်းငယ်ထိတ်လန့်သွားခဲ့ကြသည်။
ဘာဖြစ်တာလဲ...ရန်သူကလက်နက်ချလိုက်တာလား...
ကာရီ၏စစ်သားများ၏ ချီတက်မှုအရှိန်နှုန်းသည် တဖြည်းဖြည်းနှေးကွေးသွားခဲ့ကာ အဆုံးသတ်၌ လုံးဝရပ်တန့်သွားခဲ့သည်။တပ်မှူးကိုယ်တိုင်လည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေသောကြောင့် သူ၏တပ်များကိုဖွဲ့စည်းပုံပြင်ဆင်၍ ကာရီ၏အမိန့်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။
ရှောင်ယု၏ ထူးဆန်းသောလှုပ်ရှားမှုသည် ကာရီ၏စစ်တပ်၏အရှိန်အဟုန်အား ရှုပ်ထွေးသွားစေခဲ့သည်။စစ်သားအားလုံးသည် ကာရီ၏အမိန့်ကိုစောင့်ဆိုင်းနေစဉ် မြို့ရိုးနံရံနှင့် မီတာ ၃၀၀အကွာ၌ ရပ်နေခဲ့ကြသည်။
ထိုမြင်ကွင်းကို တွေ့တွေ့ချင်း ကာရီသည်အနည်းငယ်ကြောင်အသွားသော်လည်း ခဏအကြာတွင် ကျယ်လောင်စွာရယ်မောလိုက်သည်။ရှောင်ယုသည် သူ့အားလက်နက်ချရန်စီစဉ်နေသည်ဟု တွေးမိသောအခါ ကာရီအလွန်ဝမ်းသာသွားခဲ့သည်။
"ရှောင်ယု...မင်းအရှံးပေးဖို့ ဆုံးဖြတ်လိုက်ပြီလား...မင်းအခုအရှံးပေးလိုက်ရင် ငါမင်းကိုကျွန်တစ်ယောက်အဖြစ် အသက်ရှင်စေပြီးတော့ မင်းရဲ့မရီးတွေနဲ့ဆော့ကစားတာကို နေ့တိုင်းကြည့်ခွင့်ပေးမယ်"
ကာရီသည် မတ်တပ်ရပ်လိုက်ချိန်တွင် တစ်ကမ္ဘာလုံးက သူ့ခြေရင်း၌ဦးညွတ်နေသလ်ို ခံစားလိုက်ရသည်။
ရှောင်ယုသည် ဖန်ခွက်ထဲမှ ဝိုင်နီအားအရသာခံ၍ သောက်သုံးလိုက်ပြီးနောက် ဂရင်းအားလက်ဟန်ပြလိုက်သည်။ထိုအခါ ဂရင်းသည် သစ်သားဖြင့်ထွင်းထုထားသည့် ရုပ်တုကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ထိုသစ်သားရုပ်တုကြီးသည် လက်သီးဆုပ်ပုံသဏ္ဍာန်ရှိသော်လည်း လက်ခလယ်တစ်ချောင်းအား ငွားငွားစင့်စင့်လွှင့်ထူထားခဲ့သည်။
"ခွေးကောင်...ရှောင်ယု"
ကာရီသည် ရုတ်တရက်စော်ကားခံလိုက်ရသလို ခံစားလိုက်ရကာ ဒေါသတကြီးကျိန်ဆဲ၍ သူ့လက်ထဲရှိဖန်ခွက်အား မြေကြီးပေါ်ရိုက်ခွဲလို်က်သည်။
"တိုက်ကြ...ရှောင်ယုဆိုတဲ့ကောင်ကို အရှင်လတ်လတ်ရအောင်ဖမ်း...ခြင်္သေ့မြို့က မိန်းမတွေအကုန်လုံးကို ငါနှိပ်စက်နေချိန်မှာ သူ့မျက်နှာဘယ်လိုဖြစ်နေမလဲ ငါတွေ့ချင်တယ်...ခြင်္သေ့မြို့ထဲကိုပထမဆုံး ဝင်ရောက်နိုင်သူဟာ ရှောင်ယုရဲ့မရီးတစ်ယောက်နဲ့ ပျော်ပါးခွင့်ရလိမ့်မယ်..."
ကာရီသည် မြင့်မြတ်သူတစ်ဦး၏ ဂုဏ်သိက္ခာဟူသမျှကို မေ့လျောကာ အရူးတစ်ယောက်လို အော်ဟစ်အမိန့်ပေးလိုက်သည်။
ရှောင်ယုသည်ကား လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ထိုင်ခုံပေါ်၌ အေးအေးဆေးဆေး ထိုင်နေဆဲဖြစ်သည်။သူ့ပုံစံကြည့်ရသည်မှာ ခုနက သူထောင်ပြခဲ့သော လက်ခလယ်နှင့်မည်သို့မှ မသက်ဆိုင်ပုံရပေသည်။
"ချီတက်ကြ..."
ကာရီ၏တပ်မှူးသည် တဖန်ပြန်လည်အမိန့်ပေးလိုက်ပြီး တပ်ဖွဲ့အားလုံးက်ို လှုပ်ရှားစေခဲ့သည်။သို့သော်လည်း သူတို့သည် လေးသမားများ၏ ပစ်ခတ်မှုအကွာအဝေးအတွင်း ဝင်ရောက်လာကြပြီဖြစ်သည်။
နတ်သူငယ်လေးသမားများ၏ လေးအားလုံးကို အစားထိုးထားလိုက်ပြီဖြစ်သည်။ယခုအခါ သူတို့၏တိကျမှုအကွာအဝေးသည် မီတာ၂၀၀အထိ ရောက်ရှိနေပြီဖြစ်ကာ မြို့ရိုးနံရံပေါ်၌ ရှိနေပါက သူတို့၏ပစ်ခတ်နိုင်မှု အကွာအဝေးသည် ထိုထက်ပိုမိုမြင့်မားလာခဲ့သည်။ထို့ပြင် တိုင်ရန်ဒီ၏ စစ်မှန်သောပစ်ခတ်မှုအော်ရာက သူတို့၏တိုက်ခိုက်မှုစွမ်းအားနှင့် အကွာအဝေးအား တဖန်မြင့်တင်ပေးခဲ့သည်။
ထို့နောက်တွင် လေတိုးသံများ ဆက်တိုက်ထွက်ပေါ်လာကာ မြှားများသည် မိုးရွာချသကဲ့သို့ ကျဆင်းလာခဲ့သည်။မြို့ရိုးနှင့်မီတာ ၃၀၀အကွာအဝေးအတွင်း ဝင်ရောက်လာသည့် ကာရီ၏တပ်သားများသည် သူတို့၏ပထမဆုံး ပစ်မှတ်များဖြစ်လာကြသည်။
ရိုင်ဖယ်တပ်သားများ၏ အကွာအဝေးသည် လေးသမားများထက် ပိုမြင့်သော်လည်း သူတို့၏တိကျမှုသည် အလွန်ညံ့ဖျင်းလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ရန်သူအားစတင်ချေမှုန်းချိန်၌ လေးသမားများ၏ ထိချက်နှုန်းသည် စတင်လျော့ကျလာမည်ဖြစ်သည်။ရွေ့လျားနေသော ပစ်မှတ်များသည် ပစ်မှတ်ကောင်းတစ်ခုမဟုတ်ပေ။ထို့ပြင် ကာရီ၏တပ်သားများသည် တစ်မိနစ်အတွင်း မြို့သိမ်းလှေကားများကို အသုံးပြုရန် မြို့ရိုးနံရံထံရောက်ရှိနိင်သည်။သို့သော် သူတို့၏ချီတက်မှုအရှိန်အဟုန် ကျိုးပျက်သွားပြီး ဒုတိယအကြိမ်ချီတက်ခြင်းက လုံးဝခြားနားသောကိစ္စဖြစ်သည်။ထိုသို့ချီတက်ခြင်းသည် စတင်တိုက်ခိုက်ရန်ချီတက်စဉ်က အထွတ်အထိပ်အမြန်နှုန်းနှင့် များစွာကွာဟမှုရှိကြောင်း လူတိုင်းနားလည်ကြသည်။
မြှားတံများသည် ကာရီ၏စစ်သားများ၏ အသက်က်ိုဆက်တိုက်နှုတ်ယူနေခဲ့သည်။အသတ်ခံလိုက်ရသော စစ်သားများသည် နောက်မှလိုက်ပါလာသော စစ်သားများ၏အဟုန်ကို ထပ်မံထိခိုက်စေခဲ့သည်။
မူလက သူတို့သည် တစ်မိနစ်အတွင်း မြို့ရိုးနံရံဆီသ်ို့ ရောက်ရှိမည်ဟု ယူဆထားကြသော်လည်း ယခုအခါ သူတို့ခန့်မှန်းထားသည့်အချိန်ထက် အဆများစွာတိုးမြင့်လာခဲ့သည်။ထိုအချိန်အတွင်း လေးသမားများသည် ဒါဇင်နှင့်ချီသောပစ်ခတ်မှုများကို ပြုလုပ်နိုင်ခဲ့သည်။
လေးသမားများသည် သူတို့၏အသက်ကို အညာအတာကင်းမဲ့စွာ နှုတ်ယူနေချိန်၌ ရိုင်ဖယ်သမားများကလည်း အပြင်းအထန်စတင်ပစ်ခတ်လာကြသည်။သို့ဖြစ်ရာ ကာရီ၏စစ်သားများသည် သူတို့၏အသက်ရှင်သန်ရန်အတွက် သူတို့၏ဘုရားသခင်ထံ ဆုတောင်းနေကြရသည်။
အချိန်ခဏအကြာတွင် ပထမတပ်ဖွဲ့သည် မြို့ရိုးသို့မရောက်ရှိမှီ လုံးဝပျက်စီးသွားသည့်အတွက် တပ်မှူးသည် မည်သို့မှမတတ်နိုင်ဘဲ ဒုတိယတပ်ဖွဲ့အား တိုက်ခိုက်ရန်စေလွှတ်ခဲ့ရသည်။
မြို့အားစတင်မတိုက်ခိုက်ရသေးမှီ ခြေလျင်တပ်သားများသည် အတန်းလိုက်သေဆုံးနေသည်ကို တွေ့မြင်ရသောကြောင့် ကာရီ၏တပ်ဖွဲ့များသည် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာထိုးနှက်ခံခဲ့ရသည်။
ရှောင်ယု၏ စိတ်ပိုင်းဆိုင်ရာ နည်းပရိယာယ်သည် အဆုံးသတ်၌အောင်မြင်သွားခဲ့သည်။
"ရန်သူတွေက ချင်ကိုတိုက်ခိုက်တဲ့အချိန်မှာ အင်အားသန်းချီရှိပြီး ချင်ထက်ဆယ်ဆလောက် ပိုပြီးအင်အားများပြားပေမဲ့ ချင်ကတံခါးဖွင့်ထားချိန်မှာ ရန်သူကဘာမှမလုပ်ဝံ့ခဲ့ဘူး"
ရှောင်ယုသည် ကျားယီ၏ သီအိုရီအား တိုးတ်ိုးလေးရေရွတ်မိလိုက်သည်။
"ရှေးခတ်က စစ်ဗျူဟာရှင်တွေရဲ့ အတွေ့အကြုံနဲ့ နည်းပရိယာယ်တွေဟာ တကယ်အသုံးဝင်တာပဲ...ငါကတံခါးဖွင့်ထားပေမယ့် သူတို့ကရှေ့က်ိုမတိုးရဲဘူး..."