← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း ၄၆ - မပြီးဆုံးသေးသည့်တိုက်ပွဲ

အောစ့်စစ်သည်များသည် ရက်စက်ကြမ်းကြုတ်သောခွန်အားဖြင့် ခြေလျင်တပ်သားများကို မြို့ပြင်သို့တွန်းထုတ်လိုက်ကြကာ သူတို့၏ဒဏ္ဍာရီများကို ပြန်လည့်အမှတ်ရစေခဲ့သည်။ထို့နောက် ဂိတ်တံခါးဝ၌ပိတ်ဆို့မယ့် အောစ့်စစ်သည်များအား ရှောင်ယုမှအထူးရွေးချယ်ခဲ့သည်။မြို့တံခါးဝတွင် အဆင့်၄သို့သာရောက်ရှိသွားသည့် အောစ့်စစ်သည်များကို ခုခံစေပြီး ထိုအဆင့်အောစ့်စစ်သည်များသည် ရန်သူစစ်သား ၄ယောက်မှ ၅ယောက်အထိကို တပြိုင်တည်းရင်ဆိုင်နိုင်မှာဖြစ်သည်။

ဂါး...

အောစ့်စစ်သည်များ၏ ဒေါသတကြီးအော်ဟစ်သံများသည် မြို့တံခါးကို လွှမ်းခြုံသွားခဲ့သည်။ရန်သူစစ်သားများသည်လည်း အကြောက်အလန့်ကင်းမဲ့နေခဲ့ကာ အောစ့်များကိုသတ်ဖြတ်၍ မြို့ထဲဝင်ရန်ကြိုးပမ်းခဲ့ကြသည်။

ရှောင်ယုသည် မှော်စွမ်းအင်များအား ပြန်လည့်ဖြည့်တင်းနေသည့် အန်တိုနီဒက်စ်အား တစ်ချက်ကြည့်ကာ အမိန့်ပေးလိုက်သည်။

"မြို့တံခါးအပြင်ဘက်ကို ရေခဲဆူးချွန်သုံးဖို့ အသင့်ပြင်ထား..."

ရှောင်ယုသည် အန်တိုနီဒက်စ်အား မှော်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းရန်အတွက် စျေးဆိုင်မှဝယ်ယူလာသည့် ဆေးပုလင်းများကိုပေးအပ်ထားခဲ့သည်။သို့သော် ထိုဆေးပုလင်းများအား အသုံးပြုလျှင်တောင်မှ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းနှုန်းသည် အနည်းငယ်နှေးကွေးခဲ့ကာ ကုန်ဆုံးသွားသည့်မှော်စွမ်းအင်အား ပြန်လည်ဖြည့်တင်းရန်အတွက် ၄မိနစ်မှ ၅မိနစ်ခန့်ကြာမြင့်ပေသည်။အကယ်၍ အနာဂတ်တွင်အဆင့်မြင့်မှော်စွမ်းအင်ဖြည့်တင်းဆေးများ ပေါ်ထွက်လာပါက မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းနှုန်းသည် ယခုထက်ပိုမြန်လာလိမ့်မည်ဟု ရှောင်ယုနားလည်ခဲ့သည်။

အန်တိုနီဒက်စ်သည် ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်ကာ မှော်မန္တန်များကို စတင်ရွတ်ဆိုလိုက်ရာ မြို့ရိုးနံရံအပေါ်၌ ဧရာမရေခဲဆူးချွန်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့တော့သည်။ထို့နောက် ရေခဲဆူးချွန်သည် ရေခဲစများအဖြစ် ပြန်ဲ့ကြဲသွားခဲ့ပြီး စစ်မြေပြင်အနှံ့ပျံ့နှံကျဆင်းလာခဲ့သည်။ရန်သူ့ခြေလျင်တပ်သားများသည် ရေခဲမုန်တိုင်းကြီးအား ရင်ဆိုင်လိုက်ရသကဲ့သို့ ဝမ်းနည်းစွာအော်ဟစ်ကာ သေဆုံးသွားခဲ့ရသည်။

ရှောင်ယုသည် လွန်ခဲ့သောအကြိမ်က မြို့ဂိတ်တံခါးဝအား ကာကွယ်နေသည့် အောစ့်များကိုထောက်ပံ့ရန်အတွက် နတ်သူငယ်လေးသမား ၅၀ကိုအသုံးပြုခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ အောစ့်များကိုကူညီရန်အတွက် မှော်ကဝေအန်တိုနီဒက်စ်အား အမိန့်ပေးခဲ့သည် မြို့အဝင်ဂိတ်တံခါးသည် အလွန်ကြီးမားသည့်အတွက် နတ်သူငယ်လေးသမားများသာ ရန်သူများကိုဖိနှိပ်ပစ်ခတ်လိုပါက အကာအကွယ်များနောက်မှ ထွက်လာရမည်ဖြစ်ကာ မတော်တဆမှုများဖြစ်လာနိုင်ပေသည်။သို့သော် အန်တိုနီဒက်စ်ကမူ အကာအကွယ်မှထွက်ခွာလာစရာမလိုခဲ့ပဲ မှော်မန္တန်ကိုရွတ်ဆို၍ ဂိတ်တံခါးထံညွန်ပြလိုက်ရုံဖြင့် ရန်သူများကိုသတ်ဖြတ်နိုင်သည်။ထို့ပြင် အန်တိုနီဒက်စ်၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့သောရန်သူစစ်သားအရေအတွက်သည် လေးသမားများကိုအသုံးပြုသည်ထက် ပိုမိုများပြားလေသည်။

"ပထမအုပ်စု အသင့်ပြင်....ပစ် ဒုတိယအုပ်စု အသင့်ပြင်...ပစ်"

တိုင်ရန်ဒီသည် ရန်သူဘက်မှ မှော်ဆရာများကို အဆက်မပြတ်ပစ်မှတ်ထားနေကြောင်း ရှောင်ယုသတိထားမိ၍ ရိုင်ဖယ်သမားများကို တိုင်ရန်ဒီပစ်မှတ်ထားသည့် မှော်ဆရာများအားချေမှုန်းရန် အမိန့်ပေးခဲ့သည်။

ရိုင်ဖယ်တပ်သားများသည် ရှောင်ယု၏အမိန့်ကိုနာခံ၍ ကျည်ဆန်မိုးများကို အဆက်မပြတ်ရွာသွန်းနေသည့်အတွက်ကြောင့် မှော်ဆရာများသည် သူတို့၏အသက်ကိုကာကွယ်ရန် အစွမ်းကုန်ကြိုးစားနေကြရသည်။

အား....

ကပ္ပတိန်ဟွေ့၏တပ်ဖွဲ့မှ တပ်သားတစ်ယောက်၏ ခန္ဓာကိုယ်အား လှံရှည်တစ်ချောင်းက ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ရန်သူတပ်ဖွဲ့များ အသုံးပြုနေသည့် လှံပစ်စက်များသည် လှံရှည်များကို ပစ်ခွင်းနိုင်စွမ်းရှိပေသည်။ထိုလှံရှည်များ၏တိကျမှုသည် ကောင်းမွန်ခြင်းမရှိသော်လည်း ပစ်မှတ်ကိုထိမှန်သည်နှင့် ချက်ချင်းသေဆုံးစေနိုင်သည်။တစ်ချိန်တည်းမှာပင် ရန်သူဘက်မှလောက်လွဲစင်များက မြို့ရိုးနံရံအား ကျောက်တုံးများဖြင့် ပစ်ပေါက်လာခဲ့သည်။

သို့သော် ရန်သူလောက်လွဲစင်များ၏ ထိရောက်မှုသည် လှံပစ်စက်များထက်ပင် ပိုမိုဆိုးရွားပေသည်။လောက်လွဲစင်များသည် တစ်ကြိမ်လျှင် ကျောက်တုံးတစ်တုံးကိုသာ ပစ်ခတ်နိုင်ကြပြီး ရှောင်ယုကမူ စစ်မြေပြင်၌ ပိုမိုထိရောက်သောပျက်စီးမှုအားဖြစ်ပေါ်စေရန်အတွက် ဖြိုဖျက်သူများတွင် သေးငယ်သောကျောက်တုံး ၇ /၈ကို တပြိုင်နက်အသုံးပြုခဲ့သည်။

စစ်မြေပြင်တွင် အခြေအနေကိုလိုက်၍ ကျောက်တုံးကြီးများအစား ကျောက်တုံးငယ်များကို အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများစွာရှိသည်။ကျောက်တုံးကြီးများသည် မြို့ရိုးနံရံကိုဖြတ်ကျော်နိုင်စွမ်း ပိုမိုမြင့်မားသော်လည်း တိကျမှုအပိုင်းတွင် အလွန်အားနည်းပေသည်။

"ပထမအုပ်စုက ဖြိုဖျက်သူတွေက ဘယ်ဘက်ခြမ်းမှာရှိတဲ့ ပထမဆုံးလှံပစ်စက်ကိုချိန်ကြ...အဆင်သင့်ဖြစ်ရင် ပစ်..."

ယခုအချိန်တွင် လှံပစ်စက်များ၏ခြိမ်းခြောက်မှုသည် လောက်လွဲစင်များထက် ပိုမိုမြင့်မားသည်ဟု ခန့်မှန်းမိလိုက်သည့်အတွက်ကြောင့် ရှောင်ယုသည် လှံပစ်စက်များကို ဦးစွာကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

သူ၏တပ်ဖွဲ့များနှင့် ကပ္ပတိန်ဟွေ့၏တပ်သားများသည်ပင် လောက်လွဲစင်မှပစ်လွတ်သည့် ကျောက်တုံးကြီးများ၏လမ်းကြောင်းကို ခန့်မှန်းကာရှောင်တိမ်းလွတ်မြောက်ခဲ့ကြသည်။သို့သော် လှံပစ်စက်မှပစ်လွှတ်လိုက်သည့် လှံတံများသည် မြန်ဆန်တိကျအားကောင်းပြီး မှော်ဆရာသည်ပင် တစ်ချက်ထိမှန်ခံရပါက သေဆုံးသွားရမည်ဖြစ်သည်။ရှောင်ယုသည် ထိုကဲ့သို့မတော်တဆဖြစ်မှုမျိုးကို လုံးဝလက်မခံနိုင်သည့်အတွက်ကြောင့် လောက်လွဲစင်များထက် လှံပစ်စက်များကို ဦးတည်ဖြေရှင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ၄ကြိမ်ခန့်ဆက်တိုက်ပစ်ခတ်ပြီးနောက်တွင် ရှောင်ယုသည် ရန်သူများ၏ ပြန့်ကျဲနေသော လှံပစ်စက်များကိုဖျက်ဆီးနိုင်ခဲ့သည်။ထိုသို့မဖျက်ဆီးနိုင်မှီအချိန်ထိ လှံပစ်စက်များသည် အကြိမ်ကြိမ်ပစ်ခတ်နေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရှောင်ယုဘက်မှ အထိအခိုက်သိပ်မရှိခဲ့ပေ။

အောစ့်စစ်သည်တစ်ယောက်သည် သူ၏ရင်ဘတ်အား လှံတံတစ်ချောင်းက ထိုးဖောက်ဝင်ရောက်သွားခဲ့သော်လည်း သူ၏ပုဆိန်ကြီးကိုဝှေ့ယမ်းကာ ဆက်လက်တိုက်ခိုက်နေဆဲပင်ဖြစ်သည်။ရှောင်ယုသည် ထိုအောစ့်စစ်သည်အား ချက်ချင်းနောက်ဆုတ်၍လှံတံကိုဆွဲထုတ်ကာ ဒဏ်ရာများကိုကုသရန် အမိန့်ပေးလိုက်သည်။ရှောင်ယုသည် ဤတိုက်ပွဲအတွက် စျေးဆိုင်မှနေ၍ဒဏ်ရာကျက်ဆေးအမြောက်အများကို ဝယ်ယူထားခဲ့သော်လည်း တိုက်ပွဲအတွင်းသုံးစွဲမှုနှုန်းသည် အလွန်ပင်မြန်ဆန်ပေသည်။

သို့သော်လည်း ရှောင်ယုသည် ဆေးများကုန်ဆုံးသည်ကို တွန့်တိုခြင်းမရှိဘဲ သူ၏တပ်သားများကို တတ်နိုင်သလောက်ကယ်တင်ရန် အသုံးပြုခဲ့သည်။ရှောင်ယုသည် လှံပစ်စက်များကိုဖျက်ဆီးပြီးနောက် ရန်သူများ၏ လောက်လွဲစင်များကိုဖျက်ဆီးရန် ဖြိုဖျက်သူများနှင့်လမင်းပစ်ခတ်သူ ၄ခုအား အမိန့်ပေးခဲ့သည်။ဤသို့ဖြင့် လောက်လွဲစင်များသည်လည်း အချိန်တိုအတွင်း ပျက်စီးသွားခဲ့ရသည်။

လောက်လွဲစင်များနှင့် လှံပစ်စက်များကို ဖျက်ဆီးပြီးနောက်တွင် သူတို့အားခြိမ်းခြောက်နိုင်သည့်အရာမှာ ရန်သူဘက်မှ မှော်ဆရာများနှင့် သူရဲကောင်းများသာဖြစ်သည်။ထို့ပြင် ရှောင်ယုရင်ဆိုင်နေရသည့် အဓိကခြိမ်းခြောက်မှုမှာ ရန်သူ၏အရေအတွက် အားသာချက်ဖြစ်သည်။

မြို့ဂိတ်တံခါးရှိ တိုက်ပွဲသည် အလွန်ပြင်းထန်နေကြပြီဖြစ်သည်။ရန်သူတပ်သားများသည် မြို့တံခါးကိုဖြတ်ကျော်ရန် အစွမ်းကုန်ကြိုးပမ်းနေခဲ့ကြသည်။သို့သော်လည်း ဂရင်းသည် သူ၏အောစ့်စစ်သည်များကို ဦးဆောင်ကာ ရန်သူများ၏တိုက်ခိုက်လာမှုကို အကြိမ်ကြိမ်တွန်းလှန်အောင်မြင်ခဲ့သည်။

မြို့တံခါးဝ၌ဖြစ်ပျက်နေသော တိုက်ပွဲတွင် သာမန်ခြေလျင်တပ်သားများသာမက အမာခံခြေလျင်တပ်သားများလည်း ပါဝင်လာခဲ့သည်။အမာခံခြေလျင်တပ်သားများသည် သူတို့၏လေးလံသောချပ်ဝတ်တန်ဆာများကြောင့် မြို့ရိုးနံရံအားမတွယ်တက်နိုင်သည့်အတွက် သူတို့၏တစ်ခုတည်းသော ရွေးချယ်မှုမှာ မြို့တံခါးကိုသာဖြတ်ကျော်ရန်ဖြစ်သည်။အောစ့်စစ်သည်များ၏ ပုဆိန်သည် အလွန်ပင်ထက်မြက်သော်လည်း အမာခံခြေလျင်တပ်သားများများ၏ ချပ်ဝတ်ကိုမချိုးဖျက်နိုင်ပေ။သို့သော်ရှောင်ယုသည် အောစ့်စစ်သည်များကို အမာခံခြေလျင်တပ်သားများအား ကိုင်တွယ်ဖြေရှင်းရမည့်နည်းလမ်းအချို့ကို သင်ပြပေးထား၍ ပြသနာမရှိခဲ့ပေ။

ရှောင်ယုသင်ပေးခဲ့သည့် ပထမဆုံးနည်းလမ်းမှာ အမာခံခြေလျင်တပ်သား၏ ဦးခေါင်းကို ပုဆိန်ဖြင့်ဘေးတိုက်ဝှေ့ယမ်း၍ တိုက်ခိုက်ရန်ဖြစ်သည်။အောစ့်စစ်သည်များ၏ ပြင်းထန်သောခွန်အားကြောင့် အမာခံခြေလျင်တပ်သားများ၏ ဦးခေါင်းကို သံချပ်ကာခေါင်းစွပ်များဖြင့် ကာကွယ်ပေးထားလျှင်တောင်မှ ပြင်းထန်သောထိခိုက်မှုကိုဖြစ်ပေါ်စေမှာဖြစ်သည်။ထိုသို့မတိုက်ခိုက်နိုင်ပါက ရှောင်ယုသင်ကြားပေးထားသော ဒုတိယနည်းလမ်းကို အသုံးပြုနိုင်ပေသည်။

ထိုနည်းလမ်းမှာ အမာခံခြေလျင်တပ်သားများ၏ ဒူးဆစ်အကာအရံများအား ကန်ကျောက်ရန်အတွက် သူတို့ခြေထောက်များကို အသုံးပြုရန်ဖြစ်သည်။အမာခံခြေလျင်တပ်သားများ၏ ဒူးဆစ်များကို ပါးလွှာသောသတ္တုများဖြင့် ကာကွယ်ထားသော်လည်း ဒူးနေရာ၌ကာကွယ်ထားသော အကာအရံသည် အခြားနေရာများထက်ပိုမ်ိုအားနည်းပေရာ အောစ့်များ၏ကြမ်းတမ်းသော ကန်ထုတ်မှုကို မခံနိုင်ကြပေ။

ရှောင်ယု၏နည်းလမ်းများသည် အလွန်ပင်ထိရောက်မှုရှိပြီး အမာခံခြေလျင်တပ်များအား တွန်းလှန်ရန်ဖြစ်နိုင်ခြေရှိကြောင်း သက်သေပြနေခဲ့သည်။အောစ့်များသည် ရှောင်ယုသင်ပေးခဲ့သော နည်းလမ်းများကို အသုံးပြုခြင်းဖြင့် သာမန်ခြေလျင်တပ်သားများထက် အမာခံခြေလျင်တပ်သားများကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ခဲ့သည်။

ခြေလျင်တပ်သားများသည် အောစ့်များ၏တိုက်ခိုက်မှုအား တိမ်းရှောင်နိုင်ချိန်တွင် အမာခံခြေလျင်တပ်များသည် သူတို့၏လေးလံသော ချပ်ဝတ်တန်ဆာများကြောင့် မရှောင်တိမ်းနိုင်ခဲ့ပေ။အောစ့်များ၏တိုက်ခိုက်မှုသည် သူတို့၏ချပ်ဝတ်တန်ဆာများကို မချိုးဖျက်နိုင်သော်လည်း ယခုလိုပြင်းထန်လှသောတိုက်ပွဲမျိုးတွင် အမာခံခြေလျင်တပ်သားများသည် သာမန်တပ်သားများထက် အသုံးမဝင်ဖြစ်ခဲ့ရသည်။

ဝုန်း...

ထိုအခိုက်အတန့်တွင် အန်တိုနီဒက်စ်သည် အဆင့်၉သို့ရောက်ရှိသွားခဲ့ကြောင်း ရှောင်ယုတွေ့မြင်လိုက်ရသည်။ထို့ကြောင့် ရှောင်ယုသည် အသစ်ရရှိလာသည့်ကျွမ်းကျင်မှတ်ကို ရေဒြပ်စင်အားဆင့်ခေါ်ခြင်းအား အဆင့်မြင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုသို့အဆင့်မြင့်တင်ပြီးနောက် အန်တိုနီဒက်စ်၏နံဘေးတွင် နောက်ထပ်ရေဒြပ်စင်တစ်ကောင် ဖြစ်တည်လာခဲ့သည်။ထိုရေဒြပ်စင်သည် ပထမဆင့်ခေါ်ထားသည့် ရေဒြပ်စင်နှင့်ပူးပေါင်း၍ ရန်သူများကိုတိုက်ခိုက်ခြင်း သူ၏သခင်အားကာကွယ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ဂရင်းသည် ရန်သူများအား တိုက်ခိုက်ရန်အတွက် လေပွေအား အဆက်မပြတ်အသုံးပြုနေခဲ့သည်။သို့ဖြစ်ရာ ဂရင်းသည် မကြာမှီပင် အဆင့်၁၁သို့ ရောက်ရှိသွားခဲ့သည်။ရှောင်ယုသည် တစ်ချက်လေးပင် တွန့်ဆုတ်ခြင်းမရှိဘဲ လေပွေအားအဆင့်မြင့်တင်ရန် အသစ်ရရှိလာသည့်ကျွမ်းကျင်မှတ်ကိုအသုံးပြု၍ အဆင့်၂သို့ရောက်ရှိစေခဲ့သည်။

လေပွေသည် အဆင့်၂သို့ရောက်ရှိသောအခါ ထိခိုက်ပျက်စီးမှုအား ၁၀၀ရာခိုင်နှုန်း တိုးမြင့်လာစေခဲ့သည်။

ဂရင်းသည် ရန်သူစစ်သားများကို နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ရန်အတွက် လေပွေအား ထုတ်သုံးခဲ့သည်။ဂရင်း၏တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် တိုက်ပွဲစွမ်းအင်များက သူ၏ဓားရှည်ကိုလွမ်းခြုံသွားခဲ့ပြီး ရန်သူစစ်သားများ၏အသက်ကို ဂျုံရိတ်သလိုအဆက်မပြတ် ရိတ်သိမ်းနေခဲ့သည်။

ထိုအချိန်တွင် တိုင်ရန်ဒီသည်လည်း အဆင့်၁၁သို့ရောက်ရှိသွားခဲ့ရာ စစ်မှန်သောပစ်ခတ်မှုအော်ရာအား နောက်တစ်ဆင့်သို့မြင့်တင်စေခဲ့သည်။စစ်မှန်သောပစ်ခတ်မှုအော်ရာသည် ယခုလိုတိုက်ပွဲကြီးများတွင် အလွန်အသုံးဝင်လှပေသည်။ထိုကျွမ်းကျင်မှုသည် တိုင်ရန်ဒီအား စွမ်းအားတိုးတက်စေရုံသာမက နတ်သူငယ်လေးသမားများ၏ တာဝေးပစ်တိုက်ခိုက်မှုကို ပိုမိုတိကျအားကောင်းစေပေသည်။

အခန်း ၄၇ - အရှင်သခင်တစ်ပါး မွေးဖွားလာခြင်း

ခြင်္သေ့မြို့၏ မြို့တံတိုင်း၌ အရေအတွက် ၁၀၀၀၀ ထက်မနည်းသည့်တပ်သားများသည် သေးငယ်သော မြို့တံတိုင်းအားသိမ်းပိုက်နိုင်ရန် အပြင်းအထန်ကြိုးပမ်းနေခဲ့ကြသည်။သ်ို့သော်လည်း မြို့တံတိုင်းကို စောင့်ကြပ်နေသော အောစ့်စစ်သည်များကလည်း ခြေတစ်လှမ်းမှနောက်မဆုတ်ဘဲ တက်လာသမျှရန်သူများကို အဆက်မပြတ်သတ်ဖြတ်နေခဲ့သည်။

ထိုသို့စဉ်ဆက်မပြတ်သတ်ဖြတ်မှုများကြောင့် သူတို့၏မျက်လုံးများသည် သွေးရောင်ကဲ့သို့နီရဲလာခဲ့ပြီး သူတို့၏အစိမ်းရောင်အရေပြားသည် ရန်သူများ၏သွေးများစွန်းထင်းမှုကြောင့် အနီရောင်သို့ကူးပြောင်းနေခဲ့ပြီဖြစ်သည်။

ရှောင်ယု၏ခြေလျင်တပ်သားများသည် အရေအတွက်နည်းပါးသောကြောင့် ယခုလိုပြင်းထန်သောစစ်ပွဲများတွင် ကြီးမားသောအခန်းကဏ္ဍ၌ မပါဝင်နိုင်ဟု ထင်မှတ်ခဲ့ရသည်။သို့သော် ခြေလျင်တပ်သားများ၏ထူးခြားသော စွမ်းရည်များသည် ရန်သူများအားတိုက်ခိုက်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့သည်။

ပထမဆုံးနှင့်အရေးအကြီးဆုံးသောအချက်မှာ ခြေလျင်တပ်သားများသည် အောစ့်စစ်သည်များနှင့်လေးသမားများကို တိုက်ခိုက်လာသည့်ဒူးလေးသမားများ၏ တာဝေးပစ်ခတ်မှုအားကာကွယ်ရန် ပထမဆုံးသောခံစစ်လိုင်းအဖြစ် ဆောင်ရွက်ခဲ့သည်။

ဒုတိယအနေဖြင့် တံတိုင်းပေါ်သို့တက်ရောက်လာသည့် ရန်သူများ၏အနီးကပ်တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် သူတို့၏ဒိုင်းလွှားများနှင့် ခန္ဓာကိုယ်နှစ်ခုလုံးကို အသုံးချခဲ့ရသည်။တတိယအချက်အနေဖြင့် ကာရီ၏တပ်သားများသည် တံတိုင်း၏အစိတ်အပိုင်းတစ်ခုကို သိမ်းပိုက်လိုက်နိုင်ချိန်တွင် ထိုသိမ်းပိုက်ထားသောနေရာမှ ရှေ့မတိုးစေရန် ဒိုင်းဖွဲ့စည်းပုံအားဖော်ဆောင်၍ ပိတ်ဆို့ခဲ့သည်။

ရှောင်ယု၏တပ်ဖွဲ့တွင် မျိုးနွယ်ပေါင်းစုံမှ တပ်သားများစုဝေးနေကြပြီး သူတို့တစ်ဦးချင်းစီတွင် အားသာချက်နှင့်အားနည်းချက်များရှိကြသည်။ခြေလျင်တပ်သားများသည် တိုက်ခိုက်ရာတွင် အောစ့်စစ်သည်များထက် ပိုမိုအားနည်းသော်လည်း သူတို့၏အသေးစိတ်ကျသောကာကွယ်မှုပုံစံများသည် အောစ့်စစ်သည်များထက်သာလွန်ပေသည်။

လက်ရှိအချိန်တွင် ခြေလျင်တပ်သားများ၏ ချပ်ဝတ်တန်ဆာသည် အဆင့်နိမ့်ကိရိယာတစ်ခုသာဖြစ်သည်။အနာဂတ်တွင် ရှောင်ယုသာ သူတို့၏ချပ်ဝတ်တန်ဆာများကို အဆင့်မြင့်တင်လိုက်ပါက အမာခံခြေလျင်တပ်သားအဖြစ်ကိုရောက်ရှိလာမှာဖြစ်သည်။ထိုအချိန်သို့ ရောက်လာပါက သူတို့သည် ကမ္ဘာပေါ်ရှိမည်သည့်ခြေလျင်တပ်ထက်မဆို အားကောင်းသောတပ်ဖွဲ့တစ်ခုဖြစ်လာမှာဖြစ်သည်။

လေးသမားများသည်ကား ဤတိုက်ပွဲ၏ အဓိကစွမ်းဆောင်သူများဖြစ်ကြပြီး ရန်သူတပ်သားများ၏ သေမင်းတမန်လည်းဖြစ်သည်။တိုင်ရန်ဒီ၏စစ်မှန်သော ပစ်ခတ်မှုအော်ရာကြောင့် လေးသမားများသည် ပိုမိုအားကောင်းလာကာ ရန်သူများ၏အသက်ကိုအလွယ်တကူနှုတ်ယူနိုင်ခဲ့ကြသည်။ထို့ပြင် ရိုင်ဖယ်တပ်သားများ၏စွမ်းဆောင်မှုကလည်း မနိမ့်ကျခဲ့ပေ။သူတို့သည် နတ်သူငယ်လေးသမားများကဲ့သို့ ရန်သူများစွာကို မသတ်ဖြတ်ခဲ့ကြသော်လည်း ရန်သူမှော်ဆရာများအားချေမှုန်းရာတွင် မရှိမဖြစ်အရေးပါခဲ့သည်။

ရန်သူဘက်မှ မှော်ဆရာများသည် ရိုင်ဖယ်တပ်သားများ၏ ပစ်ခတ်မှုကြောင့် တိုက်ပွဲတွင်းသို့ဝင်ရောက်ရန် မည်သို့မှမတတ်သာခဲ့ပေ။အကယ်၍ မှော်ဆရာများသာ တိုက်ပွဲတွင်ပါဝင်လာနိုင်ပါက တိုက်ပွဲအခြေအနေသည် တစ်မျိုးတစ်ဖုံပြောင်းလဲသွားမည်ဖြစ်သည်။

ဤတိုက်ပွဲတွင် အားအနည်းဆုံးဟုဆိုနိုင်သည့် မုဆိုးများသည်ပင် မြို့နံရိုးတလျှောက် သူတို့၏ကျားသစ်များကိုစီးနင်းရင်း ရန်သူများအားတွန်းလှန်ခြင်း ၊ မြို့နံရံတစိတ်တပိုင်းအားသိမ်းပိုက်ထားခဲ့သည့် ရန်သူများကိုချေမှုန်း၍ သိမ်းပိုက်မှုပြန်လည်ရယူခြင်း ၊ မိမိတို့တပ်ဖွဲ့များအကြား အပြန်အလှန်ဆက်သွယ်သတင်းပို့ခြင်းတို့ကို ဆောင်ရွက်ဖြင်းဖြင့် ကြီးကြီးမားမားအကျိုးဆောင်ခဲ့ကြသည်။

ဤသို့ဖြင့် ရှောင်ယု၏စနစ်တကျကွပ်ကဲမှုနှင့် စစ်သည်များအားလုံး မဆုတ်မနစ်ကြိုးစားမှုအောက်တွင် ခြင်္သေ့မြို့၏အောင်ပွဲသည် တဖြည်းဖြည်းနီးကပ်လာခဲ့သည်။

ရန်သူဘက်တွင် လောက်လွဲစင်များနှင့် လှံပစ်စက်များကဲ့သို့ မြို့သိမ်းလက်နက်များ ပျက်စီးသွားခြင်းကြောင့် ရှောင်ယုသည် ရန်သူစစ်သားများအားသတ်ဖြတ်ရာတွင်ကူညီရန် ဖြိုဖျက်သူများနှင့် လမင်းပစ်ခတ်သူများအား အမိန့်ပေးခဲ့ပေသည်။အထူးသဖြင့် ဖြိုဖျက်သူများကို ရန်သူစစ်သားများအပေါ် ကျောက်တုံးမိုးရွာစေခဲ့ကာ အသားစများအဖြစ်ပြောင်းလဲပစ်စေခဲ့သည်။

...

...

အချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးနောက် ကာရီတို့တပ်ဖွဲ့၏အသေအပျောက်သည် ၁၅၀၀၀သို့ရောက်ရှိလာခဲ့သည်။သို့သော်လည်း မြို့နံရံအား မသိမ်းပိုက်နိုင်သေးသလို မြို့တံခါးဝက်ိုလည်း မဖြတ်ကျော်နိုင်သေးပေ။စစ်မြေပြင်၌ ဆက်လက်တိုက်ခိုက်နေကြသော စစ်သားများသာမက စစ်သည်များသည်ပင်လျှင် ယခုအချိန်၌ စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။

ရန်သူစစ်သားများသည် ယခုအချိန်တွင် ရှောင်ယုအားအလွန်ဒေါသထွက်နေသော်လည်း သူတို့သည်ထာဝရတိုက်ပွဲဝင်ရန် မကြံစည်ထားခဲ့ကြပေ။တိုက်ပွဲအစတွင် ကာရီကတိပေးထားခဲ့သည့် စည်းစိမ်ဥစ္စာများ ၊ မိန်းမလှများသည်လည်း ယခုအခါလေထုထဲသို့ အဓိပ္ပါယ်မဲ့စွာကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။

ရှောင်ယုသည် တိုက်ပွဲ၏အခက်ခဲဆုံး အပိုင်းကိုစတင်ကျော်လွန်နိုင်ခဲ့ပြီဖြစ်သည်။ယခုအခါ ရန်သူထံတွင် လက်နက်ကြီးများပျက်စီးသွားသည့်အတွက် မြို့ရိုးနံရံအား လုံးဝဖိအားမပေးနိုင်တော့ဘဲ လက်ကျန်အင်အားကို အားကိုးကာမြို့တံခါးဝအား ဖြတ်ကျော်နိုင်ရန်ရည်ရွယ်၍ ရှေ့တက်တိုက်ခိုက်နေကြပြီဖြစ်သည်။

...

...

"ကာရီ...မင်းကယောက်ျားတစ်ယောက်ဖြစ်ပြီးတော့ သူရဲဘောကြောင်နေတာလား...မင်းရဲ့စစ်တပ်က မင်းအတွက်ဒီမှာတိုက်ခိုက်ပေးနေတာတောင် မင်းကဘယ်ကိုထွက်ပြေးချင်တာလဲ..."

ရှောင်ယုသည် ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်လှောင်ပြောင်လိုက်သည်။

ကာရီ၏စစ်တပ်သည် ယခင်ကပင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သောကြောင့် စစ်သားအများစုသည် ရှောင်ယု၏စကားကိုကြားသည်နှင့် ကာရီ၏စစ်ရထားအား စစ်ဆေးရန်လှည့်ကြည့်လိုက်ကြသည်။ထိုအခါ ကာရီသည် စစ်ရထား၌မရှိတော့ပေ။

ဤတိုက်ပွဲအစကပင် ကာရီသည် ထိုရထားပေါ်၌ရပ်နေ၍ တိုက်ပွဲအခြေအနေအား စောင့်ကြည့်နေခဲ့သော်လည်း ယခုအခါထိုနေရာ၌မရှိတော့ပေ။စစ်သားများ၏အမြင်တွင် ကာရီသည် ထွက်ပြေးရန်အတွက် ရထားထဲသို့ဝင်ပြေးသွားခဲ့ပြီဖြစ်သည်။

သူတို့၏ခေါင်းဆောင်ပျောက်ကွယ်သွားခဲ့သည်ကို မြင်သောအခါ စစ်သားများသည် စတင်ထိတ်လန့်စပြုလာခဲ့သည်။သူတို့၏နှလုံးသားထဲရှိ တိုက်ခိုက်လိုစိတ်များသည်လည်း အငွေ့ပျံပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ သူတို့၏အသက်အတွက် စတင်ထွက်ပြေးကြတော့သည်။

...

...

အမှန်တော့ ကာရီသည်ထွက်ပြေးရန် စီစဉ်ထားခြင်းမရှိခဲ့ပေ။ဆန့်ကျင်ဘက်အနေဖြင့် ကာရီသည် သူ၏တိုက်ပွဲဝင်ချပ်ဝတ်အား ဝတ်ဆင်ရန်အတွက် ရထားထဲဝင်ရောက်သွားခြင်းဖြစ်သည်။သူသည် လက်လျော့အရှုံးပေးလိုသော်လည်း သူကြုံတွေ့ရမယ့်ကံကြမ္မာဆိုးအား တွေးမိလိုက်ချိန်တွင် သူကိုယ်တိုင်ပါဝင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏စစ်သည်များ၏ တိုက်ခိုက်လိုစိတ်ကို မြင့်တင်ပေးကာ နောက်ဆုံးအကြိမ်အဖြစ် ခြင်္သေ့မြို့အားအစွမ်းကုန်တိုက်ခိုက်၍ ရှောင်ယုအားအနိုင်ယူရန် ကြံရွယ်ထားခြင်းဖြစ်သည်။

သို့သော် ရှောင်ယုသည် အခြေအနေတစ်ခုလုံးကို မျက်ခြေမပြတ်စောင့်ကြည့်နေသူတစ်ဦးဖြစ်သည်။ထို့ကြောင့် ကာရီတစ်ယောက် ရထားထဲသို့ဝင်ရောက်သွားသည်ကို တွေ့မြင်လိုက်သည်နှင့် ချက်ချင်းအော်ဟစ်လိုက်ခြင်းဖြစ်သည်။ထို့ပြင် သူ၏စကားများက ရန်သူစစ်သားများ၏ နောက်ဆုံးလက်ကျန်မျှော်လင့်ချက်အား ရိုက်ချိုးပစ်ခဲ့သည်။

ကာရီသည် ရထားပေါ်မှ ပြန်လည်ထွက်ပေါ်လာချိန်တွင် အခြေအနေတစ်ခုလုံး ထိန်းချုပ်မှုလွတ်ကင်းနေခဲ့ပြီဖြစ်သည်။သူသည် အစုလိုက်အပြုံလိုက် ဆုတ်ခွာနေကြသောစစ်သည်များကိုကြည့်ပြီး ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေပြီဖြစ်သည်။လက်ရှိအခြေအနေသည် ရှောင်ယု၏မုသားစကားတစ်ခွန်းကြောင့် ဖြစ်တည်လာရခြင်းဖြစ်သည်။

"လိုက်...နောက်ကလိုက်တိုက်ကြ"

ရှောင်ယုသည် ဆုတ်ခွာထွက်ပြေးနေသည့် ရန်သူများအားကြည့်ပြီး လိုက်လံတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ယခုတစ်ကြိမ်ဆုတ်ခွာမှုသည် ယခင်အကြိမ်ပြန်လည်ဆုတ်ခွာခြင်းနှင့်မတူခဲ့ပေ။ယခင်အချိန်က ကာရီ၏တပ်များသည် ဖွဲ့စည်းပုံအားသေချာထိန်းသိမ်း၍ စနစ်တကျဆုတ်ခွာခဲ့ကြခြင်းဖြစ်သည်။ထို့ကြောင့် ရှောင်ယုသည် သူတို့အားလိုက်လံတိုက်ခိုက်ရန် မဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ယခုအခါ ကာရီ၏စစ်တပ်သည် စစ်သား၁၅၀၀၀ကျော်ဆုံးရှုံးခဲ့ရကာ ဖရိုဖရဲဆုတ်ခွာနေရပြီဖြစ်သည်။

ထိုတန်ပြန်တိုက်ခိုက်မှုအား ဦးဆောင်ရန်အတွက် အော့စစ်သည်များက နံရံထက်မှခုန်ဆင်းလာခဲ့ကြသည်။မုဆိုးများသည် တောင်ပံနှစ်ဖက်ကိုထောက်ပံ့ပေးကာ ရိုင်ဖယ်သမားများနှင့် လေးသမားများကနောက်တန်းမှနေ၍ အစီအစဉ်တကျရှေ့တက်ကာ ရန်သူများကိုတတ်နိုင်သလောက် သတ်ဖြတ်နေခဲ့ကြသည်။

အောစ့်စစ်သည်အချို့သည်ကား လမင်းပစ်ခတ်သူများကိုပင် သယ်ဆောင်လာကာ ဓားစက်ဝိုင်းများအား ပစ်လွှတ်ခဲ့ကြသည်။

...

...

"မဖြစ်နိုင်ဘူး...ငါကဘယ်လိုဖြစ်ပြီးတော့ ဒီလိုအခြေအနေမျိုးကိုရောက်သွားခဲ့ရတာလဲ..."

ကာရီသည် ဖရိုဖရဲဆုတ်ခွာနေသော သူ၏စစ်တပ်ကိုကြည့်ကာ အရူးတစ်ယောက်လိုရေရွတ်နေခဲ့သည်။

"သခင်လေး...ငါတို့လည်းဆုတ်ခွာရမယ်...သခင်ကြီးရဲ့အပြစ်ဒဏ်က ပြင်းထန်မယ်ဆိုပေမဲ့ ငါတို့ဒီမှာဆက်နေရင် တကယ်သေသွားလိမ့်မယ်....စိတ်ထိန်းပါဦး..."

ကာရီ၏စစ်ရေးအကြံပေး ဒိုတူက ကာရီ၏လက်ကိုလှုပ်ယမ်း၍ အကြံပေးလိုက်သည်။

ကာရီသည် ပြန်လည်ဆုတ်ခွာသွားခဲ့သော သူ၏တပ်နောက်သို့ လိုက်လံတိုက်ခိုက်နေသော ရှောင်ယု၏တပ်များကိုကြည့်ပြီး အံကြိတ်ကာ မျက်ရည်များဝဲတက်လာခဲ့သည်။

"သွားကြစို့..."

ကာရီသည် အဆုံးသတ်တွင် သူလုံးဝမလုပ်ချင်သည့် ဆုံးဖြတ်ချက်ကိုပြုလုပ်လိုက်ရသည်။

ကာရီသည် သူ၏နယ်မြေရောက်သည်အထိ မရပ်တမ်းထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။

သာမန်အားဖြင့်ဆိုလျှင် ကာရီသည်ရဲ့ရင်သော လူငယ်သခင်လေးတစ်ဦးဖြစ်သည်။သို့သော်လည်း အောစ့်များသည်သူ၏တပ်ဖွဲ့နောက်သို့ လိုက်ပါလာရင်း သူရှိနေသောနေရာနှင့် တဖြည်းဖြည်းနီးကပ်လာသည်ကို မြင်လိုက်ရသောအခါ သူ၏လက်များတုန်ရီလာသလို ခံစားလိုက်ရသည်။သူသည် နယ်မြေသခင်တစ်ဦး၏ သားတစ်ယောက်ဖြစ်ရာ အမြဲလိုလိုအကာအကွယ်များ ပေးအပ်ခံနေရ၍ ယခုလိုအခြေအနေမျိုးသို့ တစ်ခါမှမရောက်ရှိခဲ့ဖူးပေ။သူသည် သေခြင်းတရားအား ယခုကဲ့သို့နီးနီးကပ်ကပ် မခံစားခဲ့ဖူးပေရာ သူနှင့်နီးကပ်လာသည့်အောစ့်များကိုတွေ့မြင်မှ ကြောက်ရွှံမှုအား အမှန်တကယ်ခံစားမိလာခဲ့သည်။

ထို့နောက် ရထားကိုနောက်လှည့်ကာ ချက်ချင်းမောင်းထွက်သွားခဲ့သည်။ထိုရထားပေါ်တွင် မှော်ဆရာတစ်ဦးခင်းကျင်းထားခဲ့သည့် မှော်အစီအရင်တစ်ခုရှိနေပေရာ ရထားသည်လျင်မြန်စွာပြေးထွက်သွားခဲ့သည်။

ရှောင်ယုက သူ့ထံတွင်မြင်းတပ်မရှိသည့်အတွက်ကြောင့် ကာရီအားအမှီလိုက်ရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း နားလည်လိုက်သည်။သို့သော်လည်း သူသည် ဤစစ်မြေပြင်၌ကာရီအား အမှန်တကယ်သတ်ဖြတ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ထို့ပြင် ကာရီသည် သူဘဝ၏ကျန်ရှိနေသော နေ့ရက်များကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်မှာမဟုတ်တော့ပေ။

ထို့နောက်တွင် ကာရီ၏ဖခင်သည် ယခုတစ်ကြိမ်ဆုံးရှံးမှုကြောင့် သူ၏နယ်မြေအား နောက်တစ်ကြိမ်ထပ်တိုက်ရန် တပ်ဖွဲ့များကို အချိန်အတော်ကြာအောင် စေလွှတ်နိုင်မည်မဟုတ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။ထိုအချိန်ကာလအတွင်း ရှောင်ယုသည် သူ၏နယ်မြေကို ပြန်လည်နာလံထူစေရန်နှင့် ပိုမိုကြီးပွားတိုးတက်လာစေရန် ဆောင်ရွက်နိုင်မှာဖြစ်သည်။

ဂရင်း၏ဦးဆောင်မှုအောက်၌ ရှောင်ယု၏တပ်ဖွဲ့များသည် ဆယ်မိုင်ခန့်အထိ လိုက်လံတိုက်ခိုက်ခဲ့ရာ ကာရီ၏တပ်သား၁၀၀၀ခန့်ထပ်မံသေဆုံးခဲ့ရသည်။ကာရီ၏တပ်ဖွဲ့သည် ယခုအချိန်ထိတိုင်အောင် ရှောင်ယု၏တပ်များထက် အင်အားသာလွန်နေသော်လည်း တိုက်ခိုက်လိုစိတ်ပျောက်ဆုံးနေ၍ ထွက်ပြေးရန်ကိုသာ အာရုံစိုက်နေခဲ့သည်။

ထို့နောက် ရှောင်ယုသည် သူ၏စစ်သည်များကို ရပ်တန့်ခိုင်းလိုက်ပြီး ထွက်ပြေးသွားသည့် ကာရီ၏စစ်တပ်ကိုကြည့်ကာ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ယနေ့အောင်ပွဲသည် သူတည်ထောင်မယ့် အနာဂတ်အင်ပါယာကြီးအတွက် ခရီးစတင်ရာ ခြင်္သေ့မြို့အတွက် ခိုင်မာသောအခြေခံအုတ်မြစ်တစ်ခုက်ို ဖြစ်ပေါ်စေမှာဖြစ်သည်။ဤသည်မှာ ခြင်္သေ့မြို့မှသည် ဤကမ္ဘာအားပေါင်းစည်းနိုင်မယ့် အစွမ်းထက်အင်ပါယာကြီးအား တည်ထောင်ရန်ခြေလှမ်းအစလည်းဖြစ်သည်။

...

...

တိုက်ပွဲအဆုံးသတ်ချိန်တွင် နေဝင်ချိန်နီးကပ်နေပြီဖြစ်ရာ ဝင်လုဆဲဆဲနေမင်း၏ အလင်းရောင်ခြည်သည် ရှောင်ယု၏ခန္ဓာကိုယ်ပေါ်သို့ကျဆင်းနေခဲ့သည်။ ရှောင်ယု၏နောက်တွင် အောစ့်စစ်သည်များ ၊ နတ်သူငယ်များ ၊ လူပုများ ၊ ခြေလျင်တပ်သားများက အမိန့်နာခံရန်အသင့်ရှိနေသည့်ပုံစံဖြင့် ရှိနေကြရာ အလွန်ထူးခြားသော မြင်ကွင်းတစ်ခုကိုဖြစ်ပေါ်စေနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်တွင် နာမည်ကြီးပန်းချီဆရာတစ်ယောက်က ထိုထူးခြားသောမြင်ကွင်းကို ပန်းချီအဖြစ်ရေးဆွဲ၍ ပုံဖော်ထားခဲ့သည်။

ထိုပန်းချီကား၏ အမည်သည်ကား...

"အရှင်သခင်တစ်ပါး မွေးဖွားလာခြင်း"

အခန်း ၄၈ - အင်မော်တယ်အခြေစိုက်စခန်း

ခြင်္သေ့မြို့အား တည်ထောင်ပြီးချိန်မှစ၍ လူတိုင်းသည် ယခုလိုတုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော ကြီးကျယ်ခမ်းနားသောအောင်ပွဲမျိုးကို ကွက်ကွက်ကွင်းကွင်း မတွေ့မြင်ဖူးခဲ့ပေ။အထူးသဖြင့် ခြင်္သေ့မြို့အားတည်ထောင်ခဲ့သူ ရှောင်ကျန်းထျန်သည်ပင်လျင် သူ၏ဘဝနှောင်းပိုင်း၌ ရှံးနိမ့်မှုများကိုသာ ဆက်တိုက်ရင်ဆိုင်ခဲ့ရသည်။

ယနေ့တွင် ရှောင်ယုသည် တပ်သား၂၀၀၀ကိုဦးဆောင်ကာ ခြင်္သေ့မြို့အားတိုက်ခိုက်လာခဲ့သည့် ရန်သူ၂၀၀၀၀ကို ချေမှုန်းအနိုင်ယူခဲ့သည်။ယခုလိုအောင်ပွဲမျိုးအား စစ်နည်းဗျူဟာများကို ကျွမ်းကျင်ပိုင်နိုင်လှပါပြီဟူသော ဗိုလ်ချုပ်ကြီးများပင် ရရှိရန် မတွေးတောဝံ့ကြပေ။ထို့ပြင် ဤအောင်မြင်မှုကိုအရယူရာ၌ ခြင်္သေ့မြို့သည် အလွန်နည်းပါးသောစစ်သည်ပမာဏကိုသာ ဆုံးရှံးခဲ့ရလေသည်။

ဤတိုက်ပွဲတွင် ကပ္ပတိန်ဟွေ့သည် တပ်သား၁၀၀၀ကိုဦးဆောင်ခဲ့ပြီး တပ်သား၃၀၀ကိုသာဆုံးရှံးခဲ့ရသည်။တစ်ဖက်တွင် ရှောင်ယုသည် သူ၏တပ်သားများ အသေအပျောက်နည်းနိုင်သမျှနည်းစေရန်အတွက် ဒဏ်ရာအပြင်းအထန်ရရှိထားသူများကို ကုသရန်ဒဏ်ရာကျက်ဆေးများက်ို သုံးစွဲခဲ့သောကြောင့် သေဆုံးသူအလွန်နည်းပါးခဲ့သည်။

ဤတိုက်ပွဲကြီးအပြီးတွင် အောစ့်စစ်သည် ၁၀ ဦး ၊ နတ်သူငယ်လေးသမား ၇ဦး ၊ မုဆိုး၂ဦးနှင့် ခြေလျင်တပ်သား ၁၄ယောက်ကိုဆုံးရှုံးခဲ့ရကာ ရိုင်ဖယ်တပ်သားများကျဆုံးခဲ့ခြင်းမရှိပေ။စာရင်းချုပ်လိုက်ပါက တိုက်ပွဲကြတစ်ခုလုံးတွင် ရှောင်ယုသည် တပ်သား၃၃ယောက်ကိုသာ ဆုံးရှုံးခဲ့ရ၍ ဤအကြောင်းကိုသိရှိသူတိုင်း အလွန်ပင်မယုံကြည်နိုင်ဖြစ်သွားမှာဖြစ်သည်။

ရှောင်ယု၏ထူးခြားသော စစ်နည်းဗျူဟာများနှင့် နည်းပရိယာယ်များသည် ဤမျှထူးခြားသောအောင်ပွဲတစ်ခုကို ရရှိစေခဲ့သော်လည်း ထိုသို့အောင်မြင်မှုရရှိစေရန်အတွက် ဖြိုဖျက်သူများနှင့် လမင်းပစ်ခတ်သူများက များစွာအကျိုးပြုခဲ့ပေသည်။

ယခုအချိန်တွင် ရှောင်ယုအား လူတိုင်းလိုလိုပင် ချီးကျူးဂုဏ်ပြုနေကြသော်လည်း ရှောင်ယုသည် ကျဆုံးသွားခဲ့သော စစ်သည်တော်များအတွက် စိတ်မကောင်းဖြစ်နေခဲ့သည်။ထို့နောက် ရှောင်ယုသည် ဤတိုက်ပွဲအတွင်း သူလုပ်ဆောင်ခဲ့သည့် အမှားများကိုပြန်လည်တွေးတောကာ နောင်တစ်ကြိမ် စစ်သည်များအကျအဆုံးတတ်နိုင်သမျှနည်းပါးစေရန် လုပ်ဆောင်မည်ဟုဆုံးဖြတ်ချက်ချခဲ့သည်။

တိုက်ပွဲပြီးဆုံးပြီးနောက် ရှောင်ယုပထမဆုံးလုပ်ဆောင်ခဲ့သည့်အရာမှာ ကျဆုံးသွားခဲ့သည့်စစ်သည်တော်များအတွက် ကြီးကျယ်ခမ်းနားသောစျာပနတစ်ခုအားပြုလုပ်ပေးခြင်းဖြစ်သည်။ရှောင်ယု သည် နတ်သူငယ်များအား သဘာဝတရားနှင့်ပေါင်းဖက်စေကာ အောစ့်စစ်သည်များအား သူတို့၏ဘိုးဘွားများထံပြန်လည်ရောက်ရှိစေရန် အခမ်းအနားများပြုလုပ်ပေးခဲ့သည်။

...

...

ဤတိုက်ပွဲအောင်မြင်မှုကြောင့် ခြင်္သေ့မြို့ရှိလူများသည် သူတို့၏ငြိမ်းချမ်းသော ဘဝကိုကာကွယ်စောင့်ရှောက်ရန်အတွက် သူတို့၏သခင်၌ လုံလောက်သောခွန်အားရှိကြောင်း စတင်ယုံကြည်လာကြသည်။နောင်တစ်ချိန်တွင် ခြင်္သေ့မြို့အားအုပ်ချုပ်သည့် ရှောင်ယုသည် အလွယ်တကူအနိုင်ယူ၍မရကြောင်း သိရှိသွားသည့်ရန်သူများက ခြင်္သေ့မြို့အား တိုက်ခိုက်ရန် အနည်းဆုံး ၂ကြိမ်စဉ်းစားရမည်ဖြစ်သည်။

အိမ်တော်ထိန်းဟောင်သည် အောင်ပွဲခံနေကြသော စစ်သည်တော်များနှင့်ခြင်္သေ့မြို့နေလူထုကို ကြည့်ပြီး ဝမ်းသာမျက်ရည်များသည် သူ၏ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။အိမ်တော်ထိန်းဟောင်သည် ဝိုင်များကို တစ်ခွက်ပြီးတစ်ခွက်မော့သောက်ရင်း တိတ်တဆိတ်ငိုကြွေးလိုက်သည်။

"သခင်ကြီး...သခင်ကြီးစောင့်ကြည့်နေတယ်မလား..သခင်ငယ်က အရင်လိုအသုံးမကျတဲ့ ကလေကချေတစ်ယောက်မဟုတ်တော့ဘူး..သူကလုံးဝပြောင်းလဲသွားခဲ့ပြီ...သူ့လက်အောက်မှာနယ်မြေဟာ သခင်ကြီးမျှော်မှန်းထားသလို သာယာဝပြောလာလိမ့်မယ်...သခင်ကြီးစိတ်အေးလက်အေး အနားယူပါတော့"

ရှောင်ယု၏မရီးများသည်လည်း ယခုအချိန်၌ အလွန်ပင်ဝမ်းသာပျော်ရွှင်နေခဲ့သည်။သူမတို့သည် အိမ်ထောင်ကျပြီးကတည်းက ခြင်္သေ့မြို့၌ ပျော်ရွှင်သောဘဝကိုမဖြတ်သန်းခဲ့ရပေ။သူမတို့သည် ခင်ပွန်းများသေဆုံးခြင်း ၊ နယ်မြေစီးပွားရေးကျပ်တည်းခြင်း ၊ ဓားပြများ၏ဝင်ရောက်နှောင့်ယှက်ခြင်း အစရှိသည့်အခက်အခဲများကို အဆက်မပြတ်ရင်ဆိုင်ခဲ့ရသည်။

တစ်ခါတရံတွင် သူမတို့သည် အဘယ်ကြောင့်ခြင်္သေ့မြို့၌ ဆက်နေနေကြသနည်းဟု မေးခွန်းထုတ်မိကြသည်။သို့သော် သူမတို့၏ခင်ပွန်းများအပေါ် သစ္စာစောင့်သိကြပြီး အနာဂတ်တွင်ယခုထက်ပိုမိုကောင်းမွန်လာရန် မျှော်လင့်ချက်ထား၍ ဆက်လက်ရှင်သန်ခဲ့ကြသည်။

ယနေ့တွင် ရှောင်ယုသည် သူမတို့မျှော်လင့်ထားသည့် မျှော်လင့်ချက်တို့အား ယူဆောင်လာခဲ့သည်။

မကြာသေးမှီက ရှောင်ယုသည် ဓားပြအုပ်စုများစွာကို လုယှက်ခဲ့ကာ အဖိုးတန်ပစ္စည်းများစွာကို တဖန်ပြန်လည်သယ်ဆောင်လာခဲ့သည်။ထိုအဖိုးတန်ပစ္စည်းများတွင် အမျိုးသမီးများသဘောကျသည့် အရာများစွာပါဝင်ပေသည်။နဂိုကသူမတို့သည် ခြင်္သေ့မြို့၏ဘဏ္ဍာရေးအခြေအနေကြောင့် ထိုအရာများကိုဝယ်ယူရန်မတတ်နိုင်ခဲ့သော်လည်း ယခုအခါ ရှောင်ယုသည် ထိုအဖိုးတန်ပစ္စည်းများအား ဘာမှမဟုတ်သည့်ပစ္စည်းများလို ယူဆောင်လာခဲ့သောကြောင့် သူမတို့အလွန်ပျော်ရွှင်သွားခဲ့သည်။အဆုံးသတ်တွင် အဖိုးတန်ပစ္စည်းများအား မကြိုက်သောမိန်းမမရှိပေ။

ယခုအချိန်တွင် သူမတို့၏ဘဝများသည် ပိုမိုကောင်းမွန်လာပြီဖြစ်၍ သူမတို့၏မျက်နှာပေါ်တွင် ချိုသာသောအပြုံးများကိုတပ်ဆင်၍ သူမတို့နယ်မြေ၏ အနာဂတ်ဆီသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းနေခဲ့ကြသည်။

...

....

ရှောင်ယုသည် ဝိုင်ကိုမော့သောက်ရင်း ကချေသည်များ၏ အကအလှများကို ကြည့်ရှုရင်း မျက်လုံးများကိုရံဖန်ရံခါ ကစားနေခဲ့သည်။ပုံမှန်အားဖြင့်ဆိုပါက ဤကချေသည်များအား သူ၏မရီးများထံ အိမ်ဖော်များအဖြစ် ပေးအပ်ထားခဲ့ရာ မရီးဖြစ်သူများက ရှောင်ယု၏ရှေ့မှောက်တွင် သူမတို့အားကပြဖျော်ဖြေခွင့်မပြုခဲ့ပေ။သို့သော် ယနေ့အောင်ပွဲကြောင့် သူမတို့သည် ကချေသည်များအား ကပြဖျော်ဖြေရန် ခွင့်ပြုခဲ့သည်။

"လူတိုင်းက ဧကရာဇ်ဖြစ်ချင်ကြတာ မထူးဆန်းတော့ပါဘူး...ဒါကအရမ်းကိုကောင်းမွန်တဲ့ ခံစားချက်ပဲ...အရသာရှိတဲ့အစားအစာတွေ ဝိုင်တွေကိုမှီဝဲပြီး အလှမယ်လေးတွေရဲ့ ကပြဖျော်ဖြေမှုကိုကြည့်ရတာ အရမ်းကိုကောင်းလွန်းတယ်..."

ရှောင်ယုသည် ကချေသည်များ၏ ဖျော်ဖြေမှုကို ရှုစားနေရင်း သူ၏မရီးဖြစ်သူများအား ရံဖန်ရံခါချောင်းကြည့်နေခဲ့သည်။

ယခုအချိန်တွင် ဝိုင်များအဆက်မပြတ်သောက်သုံးထား၍ သူမတို့၏အမူအရာသည် အနည်းငယ်ရောထွေးနေပြီဖြစ်သည်။

အကြီးဆုံးမရီးဖြစ်သော ချီယင်သည် ဝိုင်ကိုအလွန်အကျူးသောက်သုံးထားသော်လည်း သူမ၏မြင့်မြတ်ကာ တည်ငြိမ်သည့်အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ သူမ၏ပါးပြင်များသည် နီရဲနေပြီး အကြည့်များသည်တဖြည်းဖြည်းမှုန်ဝါးလာသော်လည်း သူမ၏ကိုယ်ဟန်အမူအရာသည် တည်ငြိမ်နေဆဲဖြစ်သည်။

ဒုတိယမရီးဖြစ်သူသည် ဝိုင်ကိုအလွန်အကျုးမသောက်သုံးခဲ့သောကြောင့် သူမ၏အမူအရာသည် နဂိုအတိုင်းအေးစက်တည်ငြိမ်နေဆဲဖြစ်ကာ သူမ၏ကိုယ်မှထွက်ပေါ်နေသည့် သန့်စင်သောအော်ရာများက သူမအား ဤလောကနှင့်မဆိုင်သည့် နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်ပေါ်စေခဲ့သည်။

အထင်ပေါ်ဆုံးတစ်ယောက်မှာ သူ၏တတိယမြောက်မရီးဖြစ်သူ ကမ်မီလာပင်ဖြစ်သည်။သူမသည် ဥရောပနွယ်ဖွားတစ်ယောက်နှင့်ဆင်တူလေရာ ဝိုင်များကိုအကုန်လုံးထက် များစွာသောက်သုံးခဲ့၍ သူမ၏အကြည့်များသည် လုံးဝမှုန်မှိုင်းနေပြီဖြစ်သည်။

စတုတ္ထမြောက်မရီးဖြစ်သူ ဆုရှာသည်ကား တိုက်ပွဲဝင်ချပ်ဝတ်အစား အဖြူရောင်ညနေခင်း ပွဲတက်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားခဲ့သည်။သူမသည် ပဥ္စမမြောက်မရီးဖြစ်သူ၏အနီးတွင် ထိုင်နေခဲ့ကာ ဝိုင်ခွက်ကိုထိတွေ့ခြင်းမရှိသော်လည်း စကားအများကြီးပြောနေခဲ့သည်။ထို့ပြင် ဆုရှာသည်မကြာခဏဆိုသလို သူ့အားပြင်းပြင်းထန်ထန်စိုက်ကြည့်နေ၍ ရှောင်ယု၏အကြည့်သည် သူမတို့ထံများစွာမရောက်ရှိခဲ့ပေ။

သို့သော် ရှောင်ယု၏အတွေးထဲ၌ စတုတ္ထမြောက်နှင့်ပဥ္စမမြောက်မရီးဖြစ်သူတို့၏ အချိုးကျလှပသော ခန္ဓာကိုယ်များကိုတွေးတောရင်း သွားရည်များစီးကျလာခဲ့သည်။

"အသက်ရှင်သန်ရတာ ကောင်းလိုက်တာ"

ရှောင်ယုက တိုးတိုးလေးရေရွတ်လိုက်သည်။

ဖရိုဖရဲဖြစ်လာမယ့် အချိန်ကာလများက တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ရာ သူသာကမ္ဘာကြီးအားစိုးမိုးရန်မလုပ်ဆောင်နိုင်ခဲ့ပါက နောက်ပိုင်းတွင်သူ၏နယ်မြေသည် အခြားသောနယ်မြေများ၏ ဝါးမြိုမှုကိုခံရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။

ဤလောကသည် တောတွင်းစည်းမျည်းများဖြင့် ရှင်သန်နေထိုင်ရာအရပ်ဖြစ်ကာ မိမိသာအခြားသူများ၏ အစာမဖြစ်လိုပါက အခြားသူများအားဝါးမြိုရမည်ဖြစ်သည်။ဤသည်မှာ အင်အားကြီးမားလာစေမယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

ညစာစားပွဲ၏ အထွပ်အထိပ်သို့ ရောက်ရှိလာသောအခါ ရှောင်ယုသည်လူတိုင်းအား ကခုန်စေခဲ့သည်။ယခုအချိန်တွင် လူတိုင်းပျော်ရွှင်နေကြသည်ဖြစ်ရာ ရှောင်ယုသည် သူ၏မရီးများအားကခုန်ခိုင်းနိုင်မယ့် အခွင့်အရေးအား လက်လွတ်မခံခဲ့ပေ။ရှောင်ယုသည် မရီးဖြစ်သူများအား သူကိုယ်တိုင်ဖိတ်ခေါ်ခဲ့သော်လည်း သူ့အားအကောင်းမြင်ဆုံးဖြစ်သည့် မရီးအကြီးဆုံးဖြစ်သူ ချီယင်ကယဉ်ကျေးစွာငြင်းပယ်ခဲ့သည်။သို့သော် တတိယမြောက်မရီးဖြစ်သူ ကမ်မီလာက သူ၏ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။

ရှောင်ယုသည် ကမ်မီလာ၏ဝတ်စုံအက်ကွဲကြောင်းမှ ဖြူဖွေးသောအမို့အမောက်တို့အား တွေ့မြင်လိုက်ရ၍ သူချုပ်တည်းထားသည့် မီးတောက်များက တဟုန်းဟုန်းတောက်လောင်လာခဲ့သည်။ရှောင်ယုသည် တဖြည်းဖြည်းအတင့်ရဲလာခဲ့ကာ အခြားသူများသတိမပြုမိသည်ကိုအခွင့်ကောင်းယူ၍ သူမြင်တွေ့နေရသည့်နေရာများအား ပွတ်သပ်လာခဲ့သည်။သို့သော် အံ့သြဖွယ်ကောင်းသည်မှာ ကမ်မီလာသည် သူ၏လုပ်ရပ်ကိုဟန့်တားရန်မလုပ်ဆောင်ခဲ့ပဲ ပိုမိုဖိအားပေးသလိုပင် ပြုမူခဲ့သည်။ထို့နောက် ကမ်မီလာသည် ရှောင်ယု၏နားသို့ကပ်ကာ တိုးတိုးလေးပြောခဲ့သည်။

"ဒီနေ့အောင်ပွဲကြောင့် မင်းကိုငါလွှတ်ထားလိုက်မယ်...ဒါပေမဲ့မင်းသာ ဒါထက်ပိုပြီးတစ်ခုခုလုပ်ဝံ့ရင် မင်းရဲ့ညီလေးကိုငါဖြတ်လိုက်မယ်"

သူမသည် ရှောင်ယု၏ညီငယ်လေးအား စိုက်ကြည့်ပြီး တိုးတိုးလေးခြိမ်းခြောက်လိုက်သောကြောင့် ရှောင်ယု၏တစ်ကိုယ်လုံး ချွေးစေးများပြန်လာခဲ့သည်။

ဤသို့ဖြင့် ညစာစားပွဲ၏လေထုသည် ပျော်ရွှင်မှုများနှင့်အတူမြင့်တက်လာခဲ့ကာ အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။

...

...

ရှောင်ယုသည် နောက်တစ်နေ့မနက်စောစော၌ သူ၏အခြေစိုက်စခန်းသို့ သွားရောက်ခဲ့သည်။

မနေ့ကတိုက်ပွဲတွင် သူသည်ကမ္မကုသိုလ်မှတ် ၃၀၀၀၀ ကိုစုဆောင်းနိုင်ခဲ့သည့်အတွက်ကြောင့် သူ၏ရာထူးသည်တပ်ကြပ်အဆင့်သို့ရောက်ရှိသွားခဲ့သည်။သို့ဖြစ်ရာ သူသည်စတုတ္ထမြောက်အခြေစိုက်စခန်းအား တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။

ယခုအချိန်တွင် သူသည်စစ်ကမ္ဘာ၏ အခြေစိုက်စခန်းကိုတည်ဆောက်ထားခဲ့ပြီဖြစ်ရာ သူ၏လေးခုမြောက်အခြေစိုက်စခန်းအဖြစ် အင်မော်တယ်အခြေစိုက်စခန်းအား တည်ဆောက်နိုင်ပြီဖြစ်သည်။သို့သော် ထိုသို့ပြုလုပ်ရန် ရှောင်ယုသည် အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။

အကြောင်းရင်းမှာ အင်မော်တယ်အခြေစိုက်စခန်းသည် သေဆုံးခြင်းနှင့်သက်ဆိုင်သည့် တပ်သားများကိုထုတ်လုပ်နိုင်၍ဖြစ်သည်။အကယ်၍ ရှောင်ယုကသာ သေဆုံးခြင်းနှင့်သက်ဆိုင်သည့်တပ်သားများကို ဦးဆောင်နေကြောင်း အခြားနယ်မြေများသာသိရှိသွားပါက သူတို့အားလုံးစုပေါင်းကာ ခရူးဆိတ်စစ်ပွဲအား ဖော်ဆောင်လာနိုင်ပေသည်။

အောစ့်များနှင့် နတ်သူငယ်များသည် လူသားများနှင့်ကွဲပြားသော်လည်း ဤကမ္ဘာကြီးပေါ်တွင် ထူးဆန်းသောမျိုးနွယ်အမြောက်အများရှိခဲ့ပြီး အောစ့်များနှင့်နတ်သူငယ်များသည် မျိုးသုဉ်းလုနီပါးဖြစ်နေသည့် မျိုးနွယ်ဝင်များဖြစ်ကြသည်။ထို့ပြင် လူသားများသည် အတိတ်တစ်ချိန်က အောစ့်များကိုဖျက်ဆီးန်ိုင်ခဲ့သောကြောင့် အော့စ်များကိုအလွန်ကြောက်ရွံကြခြင်းမရှိပေ။

လူသားများအတွက် အောစ့်များသည် နတ်ဆိုးများမဟုတ်ကြဘဲ ရိုင်းစိုင်းသောသားရဲများသာဖြစ်ကြသည်။

နတ်သူငယ်များသည်ကား အေဇာရောဂ့်တိုက်ကြီးတွင် အမြင့်မြတ်ဆုံးသောမျိုးနွယ်ဝင်များဖြစ်ရာ လူသားများသည် သူတို့၏အိမ်မွေးတိရစ္ဆာန်များအဖြစ် အသုံးပြုရန် နတ်သူငယ်များကိုအလိုရှိခဲ့ကြသည်။

သို့သော် သေဆုံးခြင်းနှင့်သက်ဆိုင်သည့် တပ်သားများသည် အလွန်အန္တာရယ်များလှပြီး ပြင်ပလူများပင်မဆိုနှင့် ခြင်္သေ့မြို့နေလူထုသည်ပင် ထိုသို့သောတပ်သားများအား တိုက်ခိုက်ရန်ကြိုးပမ်းကြမည်ဖြစ်သည်။

All Chapters