← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း ၄၉ - စနစ်၏ဆုလာဘ်

ထို့ကြောင့် ရှောင်ယုသည် မသေမျိုးအခြေစိုက်စခန်းအား တည်ဆောက်ရာတွင် အလွန်ပင်သတိထားခဲ့ရသည်။

မသေမျိုးအခြေစိုက်စခန်းတည်ဆောက်ခြင်းသည် ကြီးမားသောအားနည်းချက်များရှိကြောင်း ရှောင်ယုနားလည်လိုက်သော်လည်း ၎င်းအားတည်ဆောက်ရန်ရွေးချယ်ထားဆဲဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဤလေးခုမြောက်အခြေစိုက်စခန်းသည် အနာဂတ်တွင်သူ့အားကူညီနိုင်မယ့် အခြားသောသူရဲကောင်းများနှင့် မတူညီသည့်စစ်သည်များအား ထုတ်လုပ်ရန်ကူညီပေးမှာဖြစ်သည်။

မသေမျိုးတပ်ဖွဲ့များသည် လူသားများ၏အမြင်တွင် အလွန်အန္တာရယ်များသော်လည်း စစ်ပွဲတစ်ပွဲတွင် သူတို့၏အခန်းကဏ္ဍသည် အလွန်ကြီးမားပေသည်။

ထို့နောက်ရှောင်ယုသည် အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် နက်ရှိင်းသောအကျယ်အဝန်းရှိသော လှိုဏ်ဂူတစ်ခုအားရှာတွေ့ခဲ့သည်။အခြားသူများသည် ထိုလှိုဏ်ဂူထဲသို့ဝင်ရောက်ရန် အလွန်ခဲယဉ်းသောကြောင့် ရှောင်ယုသည် သူ၏မသေမျိုးအခြေစိုက်စခန်းကို ဤနေရာ၌တည်ဆောက်ရန် ရွေးချယ်ခဲ့သည်။

ဝုန်း...

သင်္ချိုင်းမှတ်တိုင်တစ်ခုသည် သူ့ရှေ့တွင်ရုတ်တရက်ထွက်ပေါ်လာပြီး ကျယ်လောင်သော ဆူညံသံတစ်ခုပဲ့တင်ထပ်လာခဲ့သည်။ထိုအနီးတဝိုက်တွင် လေအေးများစတင်တိုက်ခိုက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်အပူချိန်သည် အဆက်မပြတ်ကျဆင်းလာခဲ့သည်။

ရှောင်ယုသည် ငရဲသို့အလည်ရောက်သွားသလို ခံစားလိုက်ရပြီး ကျောချမ်းဖွယ်အသံများက သချိုင်းမှတ်တိုင်ထံမှ ပျံ့လွှင့်လာခဲ့သည်။ရှောင်ယုသည် ထိုကျောချမ်းဖွယ်အသံများကြောင့် အနည်းငယ်ထိတ်လန့်သွားပြီး သူ၏နောက်ကျော၌ ချွေးအေးများစီးကျလာခဲ့သည်။

ယခင်ဘဝတွင် ကစားသူအများစုသည် ဤမသေမျိုးအခြေစိုက်စခန်းအား မတည်ဆောက်ခဲ့ပေ။မည်သို့ပင်ဆိုစေ အသန့်ကြိုက်တတ်သောသူများအဖို့ ယခုလိုဆိုးယုတ်သောတပ်ဖွဲ့များအား ဦးဆောင်ရမည်ကို ထိုစဉ်ကမနှစ်သက်ခဲ့ပေ။

"အမှောင်ထုယဇ်ပလ္လင်ကို တည်ဆောက်ပါ"

ရှောင်ယုသည် သူ၏တံတွေးကိုမြိုချလိုက်ကာ နောက်ထပ်တစ်ကြိမ် အမိန့်ပေးလိုက်သည်။

ဝုန်း...

ရှောင်ယု၏အမိန့်ပေးသံအဆုံး၌ အလွန်မြင့်မားပြီး လူ့အရိုးများဖြင့်ပြုလုပ်ထားသည့် အရိုးတောင်ပုံစံဖော်ထားသော အမှောင်ထုယဇ်ပလ္လင်သည် သူ့ရှေ့တွင်ထွက်ပေါ်လာခဲ့သည်။

"ကျေးဇူးပြုပြီး ခေါ်ယူမည့်သူရဲကောင်းကိုရွေးချယ်ပါ"

စနစ်၏သတိပေးသံသည် ထိတ်လန့်နေသော ရှောင်ယုအားနိုးထလာစေခဲ့သည်။

"မရဏမြင်းသည်တော်"

ရှောင်ယုသည် သူနှင့်အရင်းနှီးဆုံးဖြစ်သည့် သူရဲကောင်းကိုရွေးချယ်လာခဲ့သည်။သူသည် စစ်ကမ္ဘာအားကစားစဉ်က အားသက်စ်သည် သူကြုံတွေ့ခဲ့ရသည့်ကံကြမ္မာဆိုးနှင့် အားကောင်းလှသည့်အစွမ်းကြောင့် သူအကြိုက်ဆုံးသူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ထို့ပြင် အားသက်စ်အသုံးပြုခဲ့သည့် ဒဏ္ဍာရီလာမနက်ခင်းနှင်းဓားနှင့် မြင်းအား ပြန်လည်မြင့်တွေ့ရတော့မည်ဖြစ်၍ ရှောင်ယုအလွန်စိတ်လှုပ်ရှားနေခဲ့သည်။

နာရီဝက်ခန့်အကြာတွင် မြင်းတစ်ကောင်၏ ဟီသံသည် အမှောင်ထုယဇ်ပလ္လင်ပေါ်မှ မြည်ဟီးလာခဲ့သည်။

ထို့နောက် ဒဏ္ဍာရီလာမရဏမြင်းသည်တော်၏ စီးတော်မြင်းသည် မြင်းခွာလေးခုနှင့် နှာခေါင်း၊ပါးစပ်တို့မှ မီးတောက်များကိုမှုတ်ထုတ်လျက် ထွက်ပေါ်လာခဲ့သည်။ထိုမြင်းသည် မရဏမြင်းသည်တော်၏အမိန့်ပေးမှု့ကြောင့် ယဇ်ပလ္လင်ပေါ်မှခုန်ချရန်အတွက် သူ၏ခြေထောက်များအား ပင့်မြောက်လိုက်သည်။

"အားသက်စ်က သခင့်ကိုနှုတ်ဆက်ပါတယ်"

မရဏမြင်းသည်တော်သည် မြင်းပေါ်မှခုန်ဆင်းလာပြီးနောက် မြင်းသည်တော်များ၏ နှုတ်ဆက်သည့်ပုံစံဖြင့် ရှောင်ယုအား လေးလေးစားစားနှုတ်ဆက်လိုက်သည်။

ရှောင်ယုသည် အသက်ရှင်သန်စဉ်က မင်းသားလေးဖြစ်ခဲ့သော်လည်း သေဆုံးပြီးနောက် မရဏမြင်းသည်တော်ဖြစ်လာသော အားသက်စ်ကိုတစ်ချက်ကြည့်လိုက်သည်။အားသက်စ်သည် အသက်ရှင်သန်စဉ်က အဖြစ်ဆိုးများစွာကြုံတွေ့ခဲ့ရပြီး သူသေဆုံးပြီးနောက် မုဆိုးမဖြစ်ကျန်ရစ်ခဲ့သော ဂျီနာကိုတွေးမိချိန်တွင် သက်ပြင်းတစ်ချက်ချမိလိုက်ကာ ရှောင်ယုသည် အားသက်စ်အား နှစ်သိမ့်ပေးလိုစိတ်များဖြစ်ပေါ်လာခဲ့သည်။

ရှောင်ယုသည် သူ၏ရူးသွပ်သောအတွေးများကို ဖယ်ထုတ်လိုက်ကာ လူပေါင်းများစွာကို ကြောက်ရွှံမှုကြောင့် ရူးသွပ်သွားစေသည့် မရဏမြင်းသည်တော် အားသက်စ်ကိုစိုက်ကြည့်လိုက်သည်။

"ဟင်း...မင်းကငါမျှော်လင့်ထားတဲ့အတိုင်းပဲ...အရပ်ရှည်တယ်..တည်ကြည်ချောမောတယ်...အင်းငါသာဒီလိုဖြစ်ခဲ့ရင်"

ရှောင်ယုသည် အနည်းငယ်မျှော်လင့်နေသောလေသံဖြင့် တောင်းဆိုလိုက်သည်။

"စကားမစပ်...မင်းရဲ့မနက်ခင်းနှင်းဓားကို ငါ့ကိုတစ်ချက်ပေးကြည့်ပါလား အားသက်စ်..."

အားသက်စ်သည် ချက်ချင်းပင် ရှောင်ယုအားတောင်းပန်လိုက်သည်။

"ငါအဲလိုလုပ်ခွင့်မပေးနိုင်လို့ တောင်းပန်ပါတယ်သခင်...ဒီဓားက သခင့်ကိုနာကျင်စေမှာဖြစ်လို့ မင်းကိုပေးလို့မရဘူး"

"ကိစ္စမရှိပါဘူး..."

ရှောင်ယုသည် အားသက်စ်၏အဖြေကြောင့် စိတ်မကွက်ခဲ့ဘဲ အားသက်စ်စီးနင်းထားသော မြင်းကိုလေ့လာခဲ့သည်။အချိန်အတော်ကြာပြီးနောက်တွင် ရှောင်ယုသည် အားသက်စ်သင်ယူမယ့် ကျွမ်းကျင်မှုကို စတင်ရွေးချယ်ခဲ့သည်။

ရှောင်ယုသည် အားသက်စ်၏မြင်းကို စမ်းသပ်စီးနင်းလိုသော်လည်း လောင်မြိုက်နေသောမီးတောက်များကို မြင်ပြီးနောက်ထိုစိတ်ကူးအား စွန့်လွှတ်ခဲ့သည်။

အားသက်စ် သင်ယူနိုင်သည့်ကျွမ်းကျင်မှုများမှာ

မရဏရစ်ပတ်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- မရဏမြင်းသည်တော်သည် ရန်သူကိုထိခိုက်စေနိုင်သော သို့မဟုတ် မိမိ၏တပ်သားများကို ကုသမှုပေးနိုင်ရန်အတွက် သူ၏လက်မှနေ၍ မှော်စွမ်းအင်ဖြင့်ဖန်တီးထားသော စွမ်းအင်မြှားများကို ပစ်လွှတ်ရန် အမှောင်စွမ်းအားကိုအသုံးပြုနိုင်သည်။

ပြန်လည်အသုံးပြုရန်ကြာချိန် - ၁၀စက္ကန့်...

မရဏစာချုပ် (အဆင့်၃ထိမြင့်တင်နိုင်သည်)

- မရဏမြင်းသည်တော်သည် တပ်ဖွဲ့တစ်ခုကိုသတ်ဖြတ်ပြီးနောက် ၎င်းတို့၏ကြောက်ရွှံမှုနှင့် မကောင်းသောစွမ်းအင်များကို စုပ်ယူကာ သူ၏အသက်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းရန် အသုံးပြုနိင်သည်။

ပြန်လည်အသူံးပြုရန်ကြာချိန် - ၁၀မိနစ်

မရဏဆင့်ခေါ်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- မရဏမြင်းသည်တော်သည် သူနှင့်အတူတိုက်ပွဲဝင်ရန်အတွက် မသေမျိုး ၂ယောက်အားဆင့်ခေါ်နိုင်သည်။ဤအစွမ်းသည် အဆင့်၁တွင် မသေမျိုး ၂ကောင် ၊ အဆင့်၂၌ မသေမျိုး ၄ကောင်နှင့် အဆင့်၃တွင် မသေမျိုး ၆ကောင်ကိုဆင့်ခေါ်နိုင်သည်။

ဆိုးရွားသောတိုက်ခိုက်မှု (အဆင့်၃ထိမြင့်တင်နိုင်သည်)

- မရဏမြင်းသည်တော်သည် သူပစ်မှတ်ထားသည့်ရန်သူအား ၅၀ရာခိုင်နှုန်း ပိုမိုထိခိုက်စေကာ သူတို့၏ဝိညာဉ် ၊ အရေပြားနှင့် အသွေးအသားတို့အား လောင်ကျွမ်းပျက်စီးစေသည်။

ပြန်လည်အသုံးပြုရန်ကြာချိန် - ၅မိနစ်

"ဒီကျွမ်းကျင်မှုတွေအကုန်လုံးက လောလောဆယ်အကုန်အသုံးဝင်တာပဲ.."

ရှောင်ယုသည် သူ၏မေးစေ့ကိုပွတ်သပ်လိုက်ပြီး အချိန်အတော်ကြာစဉ်းစားပြီးနောက် မရဏရစ်ပတ်ခြင်းအား အားသက်စ်ကို သင်ယူခိုင်းရန်ဆုံးဖြတ်လိုက်သည်။

ထိုကျွမ်းကျင်မှုသည် ရန်သူအားတိုက်ခိုက်ရာတွင် အသုံးဝင်ပြီး မိမိ၏ဘက်တော်သားများကို ကုသရာ၌လည်းအလွန်အသုံးဝင်ပေသည်။

ထို့နောက် စနစ်သည် အလုပ်ကြမ်းလုပ်ရာတွင် အသုံးပြုရန်အတွက် ရှောင်ယုအား နတ်ဆိုးရိုင်း ၅ကောင်အားပေးအပ်ခဲ့၍ ရှောင်ယုအလွန်ပျော်ရွှင်သွားခဲ့သည်။ထိုနတ်ဆိုးရိုင်းများသည် အလုပ်ကြမ်းလုပ်ရာ၌ အလွန်အသုံးဝင်သလို ရန်သူများအားတိုက်ခိုက်ရာ၌လည်းအသုံးဝင်ပေသည်။

ထို့ပြင် နတ်ဆိုးရိုင်းများအား စစ်သားတစ်ဝက်အဖြစ် သတ်မှတ်နိုင်ပေသည်။ဥပမာအားဖြင့် နတ်ဆိုးရိုင်းနှစ်ကောင်သည် အောစ့်စစ်သည်နှင့်၁ယောက်နှင့် ညီမျှပေသည်။သို့ဖြစ်ရာ ရှောင်ယုသည် နတ်ဆိုးရိုင်း ၁၀၀ကိုထုတ်လုပ်နိုင်ခဲ့ပါက အောစ့်စစ်သည်၅၀အား ထုတ်လုပ်သည်နှင့်ညီမျှသည်ဟု ဆိုလိုခြင်းဖြစ်သည်။သို့သော် သူတို့အားစစ်မြေပြင်၌ ပေါ်ပေါ်ထင်ထင်အသုံးမပြုနိုင်၍ ရှောင်ယုသည်အလွန်များပြားသော နတ်ဆိုးရိုင်းများအားထုတ်လုပ်ရန် မစီစဉ်ထားခဲ့ပေ။

...

...

ရှောင်ယုသည် တပ်ကြပ်အဆင့်သို့ရောက်ရှိလာပြီးနောက်တွင် သူ၏ကွက်ကဲမှုအောက်၌ တပ်သားအယောက်၂၀၀၀တိတိ ထားရှိလာနိင်ပြီဖြစ်သည်။

ယခုအခါ သူသည်နောက်ထပ်တပ်သား ၁၀၀၀ကို ထပ်မံဆင့်ခေါ်နိုင်ပြီဖြစ်၍ ရှောင်ယုအလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ထိုသို့ပြုလုပ်ခြင်းသည် သူ၏အင်အားကို များစွာတိုးတက်စေမည်ဖြစ်သည်။ထို့နောက် ရှောင်ယုသည် သူ၏တပ်ဖွဲ့အတွင်းသို့ ရိုင်ဖယ်တပ်သား ၁၀၀ ၊ ခြေလျင်တပ်သား ၁၀၀ ၊ လေးသမား ၁၀၀နှင့် အောစ့်စစ်သည်၁၀၀အား ထည့်ပေါင်းခဲ့သည်။ကျန်ရှိနေသောနေရာလွတ်များအတွက် ရှောင်ယုသည် မြင်းတပ်သား၅၀၀နှင့် နတ်ဆိုးရိုင်းအကောင် ၁၀၀ကို ထုတ်လုပ်ရန်စီစဉ်ခဲ့သည်။

ရှောင်ယုသည် မသေမျိုးစခန်းမှ ထွက်ခွာလာပြီးနောက် အခြားသောတပ်သားများကို ထုတ်လုပ်နေမှုအား စစ်ဆေးရန်အတွက် အခြားသောအခြေစိုက်စခန်းများသို့ သွားရောက်ခဲ့သည်။

သို့သော်သူသည် အောစ့်အခြေစိုက်စခန်းသို့ရောက်သောအခါ စစ်သားများကိုထပ်မံထုတ်လုပ်ရန်အတွက် ငွေကြေးမရှိတော့ကြောင်း သိရှိလိုက်ရသည်။

အန်တိုနီဒက်စ်သည် မနေ့ကတိုက်ပွဲအပြီးတွင် အဆင့် ၁၀သို့ရောက်ရှိသွားခဲ့၍ ရှောင်ယုသည် ရေဒြပ်စင်အားဆင့်ခေါ်ခြင်းကို အဆင့်၃သို့ မြင့်တင်ပေးခဲ့သည်။ထို့နောက် ရှောင်ယုသည် အန်တိုနီဒက်စ်အတွက် ဝတ်ဆင်ရန် အဆင့်၁ချပ်ဝတ်တန်ဆာတစ်ခုအား ရွှေပြား၂၀၀၀၀ အကုန်ကျခံကာဝယ်ယူခဲ့သည်။ထိုချပ်ဝတ်တန်ဆာကြောင့် အန်တိုနီဒက်စ်၏ခွန်အားသည် ၂ဆတိုးမြင့်လာခဲ့သည်။

တိုက်ပွဲတစ်ခုတွင် ကောင်းမွန်သောလက်နက်ကိရိယာများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပေသည်။ဂရင်းသည် သူဝတ်တင်ထားခဲ့သည့် အဆင့်၂ချပ်ဝတ်တန်ဆာကြောင့် တိုက်ပွဲအတွင်း၌ လူသတ်စက်တစ်ခုကဲ့သို့ပြုမူနိုင်ခဲ့သည့်အပြင် သူနှင့်အဆင့်တူဒုတိယအဆင့် စစ်သည်ကျွမ်းကျင်သူအား သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော်လည်း ထိုသို့ငွေသုံးကြမ်းသောကြောင့် ရှောင်ယုစုဆောင်းထားသည့် ငွေကြေးများအားလုံးကုန်ဆုံးခဲ့ရသည်။

"အင်း...နည်းလမ်းဟောင်းအတိုင်း လုယက်ရတော့မှာပေါ့"

ရှောင်ယုသည် သက်ပြင်းချလိုက်ကာ မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။

ရှောင်ယုသည် စနစ်၏သိုလှောင်ခန်း၌ ကျန်ရှိနေသော ရွှေပြား၁၀၀၀ကျော်ကို စစ်ဆေးလိုက်ပြီးနောက်တွင် စနစ်မှပို့ဆောင်ထားသည့် အသိပေးချက်၂ခုကို သတိထားလိုက်မိသည်။စနစ်၏ပထမဆုံး အသိပေးချက်မှာ ရှောင်ယုသည်အခြေစိုက်စခန်းလေးခုလုံးအား တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့်အတွက်ကြောင့် နောက်ထပ်သူရဲကောင်း၂ဦးအား ဆင့်ခေါ်နိုင်ခြင်းဖြစ်သည်။

ဒုတိယမြောက်အသိပေးချက်မှာ အခြေစိုက်စခန်း ၄ခုအားတည်ဆောက်ပြီးစီးသည့်အတွက်ကြောင့် ဆိုင်များသည် ပိုမိုကောင်းမွန်သောမှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ ၊ ဒဏ်ရာကျက်ဆေးများကို ထုတ်လုပ်နိုင်ရန်အတွက် အဆင့် ၂သို့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

"ဟားဟားဟား...ငါကအခြေစိုက်စခန်းလေးခုကို တည်ဆောက်လိုက်တာက ဒီလိုဆုလာဘ်တွေရလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး....ကောင်းကင်ဘုံကတောင်မှ ငါ့ကိုမျက်နှာပေးနေတာပဲ တစ်ခုခုတော့ထူးဆန်းနေတယ်"

အခြေစိုက်စခန်းလေးခုအား တည်ဆောက်ပြီးနောက် အသစ်ရရှိလာမည့် သူရဲကောင်းများသည် သူ့အားအကူအညီအမြောက်အများ ပေးနိုင်မည်ဖြစ်ကြောင်း ရှောင်ယု နားလည်သွားခဲ့သည်။ထို့ပြင် ယခုအခါစျေးဆိုင်များသည် ပိုမိုကောင်းမွန်သော မှော်စွမ်းအင်ပြန်လည့်ဖြည့်တင်းဆေးနှင့် ဒဏ်ရာကျက်ဆေးများကိုထုတ်လုပ်နိုင်ပြီဖြစ်ကာ ပန်းပဲဖိုများသည်လည်း ပိုမိုကောင်းမွန်သော လက်နက်နှင့်ချပ်ဝတ်များကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။

ရှောင်ယုသည် စနစ်၏အသိပေးချက်ကိုရရှိပြီးနောက် သူရဲကောင်း ၂ဦးအား ရွေးချယ်ခေါ်ယူရန်စီစဉ်နေချိန် တစ်စုံတစ်ခုအား သတိထားမိလိုက်၍ ရှောင်ယု၏လက်များ တုန်ရီသွားခဲ့သည်။

"သေစမ်း....သူရဲကောင်းတစ်ယောက်ကို ဆင့်ခေါ်ဖို့ရွှေပြား ၂၀၀၀၀၀တောင် လိုအပ်နေတာဆိုတော့ ငါကအဲ့ဒီပမာဏထိရောက်အောင် ဓားပြစခန်းဘယ်နှစ်ခုတောင် တိုက်ခိုက်လုယက်ရမှာလဲ"

အခန်း ၅၀ - သူရဲကောင်းအသစ်များ

ရှောင်ယုသည် သူရဲကောင်းများကိုခေါ်ယူနိုင်သော်လည်း ငွေကြေးမလုံလောက်သည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်။ရှောင်ယု၏အဖြစ်မှာ အလွန်လှပသည့်ကိုယ်လုံးတီးအမျိုးသမီး တစ်ဦးသည် ကုတင်ပေါ်၌လဲလျောင်းနေသော်လည်း ထိုအမျိုးသမီးအားသွားရောက်ထိတွေ့ခွင့်မရသည့် လူတစ်ဦးလိုဖြစ်နေခဲ့သည်။

"လုယက်ရမယ်...ငါမြန်မြန်လုယက်ရမယ်"

ရှောင်ယုက ဒေါသတကြီးအော်ဟစ်လိုက်သည်။

...

...

ရှောင်ယုသည် မနေ့ကတိုက်ပွဲတွင် သူ၏တပ်ဖွဲ့များကိုဦးစီးသော တပ်မှူးတစ်ဦးအနေဖြင့် အလွန်များပြားသောရမှတ်များကို ရရှိပိုင်ဆိုင်ခဲ့သည်။ထိုရမှတ်များကြောင့် ရှောင်ယုသည် အဆင့် ၉သို့ရောက်ရှိသွားခဲ့ပြီး အဆင့်၁၀သို့ရောက်ရှိရန် အနည်းငယ်သာလိုအပ်တော့သည်။ရှောင်ယုအတွက် ရမှတ်များရရှိခြင်းသည် သူ၏ကိုယ်ပိုင်တပ်သားများနှင့်သူရဲကောင်းများနှင့်မတူညီဘဲ ကွဲပြားမှုရှိပေသည်။စနစ်မှဆင့်ခေါ်ထားသည့် သူရဲကောင်းများနှင့်တပ်သားများသည် သူတို့သတ်ဖြတ်ခဲ့သောရန်သူအရေအတွက်အလိုက် ရမှတ်များကိုရရှိခဲ့သော်လည်း ရှောင်ယုသည်ကား တိုက်ပွဲတစ်ခုလုံးက်ို ခြုံငုံသုံးသပ်၍ စနစ်မှပေးအပ်လာသည့် ရမှတ်ကိုရရှိခဲ့သည်။

ရှောင်ယုသည် အဆင့်၉သို့ရောက်ရှိလာချိန်တွင် ကျွမ်းကျင်မှတ် ၆မှတ်တိတိပိုင်ဆိုင်ခဲ့သော်လည်း ထိုကျွမ်းကျင်မှတ်များအား အလောတကြီးအသုံးပြုရန် မစီစဉ်ထားခဲ့ပေ။ရှောင်ယုသည် သူရရှိထားသည့်အခြေခံအရည်အချင်းမှတ်များကိုသာ ခွန်အား ၊ လျင်မြန်မှု ၊ ခုခံမှုနှင့် စိတ်စွမ်းအားတို့အပေါ် အညီအမျှခွဲဝေခဲ့သည်။စိတ်စွမ်းအားမြင့်တက်လာခြင်းသည် သူ၏ကိုယ်ပိုင်တိုက်ပွဲစွမ်းအင်နှင့်မှော်စွမ်းအင်သိုလှောင်နိုင်စွမ်းကို တိုးမြင့်လာစေသည်။

ရှောင်ယုသည် ယခုအချိန်တွင် ဂရင်း၏ကျွမ်းကျင်မှုများကို သင်ယူတတ်မြောက်ခဲ့ပြီဖြစ်ရာ နောက်ထပ်တစ်ကြိမ်တွင် မှော်ပညာနှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုများအား သင်ယူရန်ဆုံးဖြတ်ခဲ့သည်။ဤနည်းဖြင့် ရှောင်ယုသည် ပိုမိုသန်မာအားကောင်းလာမှာဖြစ်သည်။သို့သော် ရှောင်ယုသည် သူရဲကောင်းတစ်ဦးသင်ယူထားသည့် ကျွမ်းကျင်မှုများကိုသာ သူပိုင်ဆိုင်သောကျွမ်းကျင်မှတ်များကို အသုံးပြု၍ လေ့လာသင်ယူနိုင်သည်။

အစောပိုင်းတွင် ရှောင်ယုသည် ဂရင်း၏ ကျွမ်းကျင်မှုဖြစ်သည့် သူရဲကောင်းဆန်စွာခုန်လွှားခြင်းအား သင်ယူလိုခဲ့သော်လည်း စိတ်ပြောင်းသွားခဲ့သည်။နောက်ပိုင်းတွင် ဂရင်းသည် ထိုထက်ပိုမိုကောင်းမွန်သော ကျွမ်းကျင်မှုများကိုရရှိလာမည်ဖြစ်ရာ ရှောင်ယုသည် သူ၏ခန္ဓာကိုယ်ပျော့ပြောင်းမှုနှင့် တိုက်ခိုက်နိုင်စွမ်းကို ပိုမိုအားကောင်းစေမယ့်ကျွမ်းကျင်မှုများအား စောင့်ဆိုင်းသင်ယူရန်ဆုံးဖြတ်လိုက်သည်။

ထို့နောက် ရှောင်ယုသည် အဆင့်၁၀သို့ရောက်ရှိသွားသည့် အန်တိုနီဒက်စ်ထံတွင် တိုက်ပွဲအတွင်း၌ အလွန်အသုံးဝင်သော တည်နေရာရွေ့ပြောင်းခြင်းနှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုများ ရှိ/မရှိစစ်ဆေးကြည့်လိုက်သည်။

အနာဂတ်တွင် ရှောင်ယုသည် ကျွမ်းကျင်မှုအမှတ်များစွာကို စုဆောင်းထားပြီးနောက် သူရဲကောင်းများ၏ အစွမ်းအထက်ဆုံးနှင့်ထိရောက်မှုအရှိဆုံး ကျွမ်းကျင်မှုများအား သင်ယူကာ တစ်ပြိုက်နက်တည်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း တွေးမိလိုက်၍ အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။

အန်တိုနီဒက်စ်သည် အဆင့်၁၀သို့ရောက်ရှိပြီးနောက်တွင် ကျွမ်းကျင်မှု အသစ်၄ခုအား ထပ်မံသင်ယူနိုင်ပြီဖြစ်သည်။

နှင်းခဲကြယ်(အဆင့်၃ထိမြင့်တင်နိုင်သည်)

- မှော်ကဝေသည် သတ်မှတ်ထားသော အကွာအဝေးအတွင်း၌ရှိသည့် လူတိုင်း၏လှုပ်ရှားမှုများကို ကန့်သတ်ရန် အအေးစွမ်းအင်များကိုထုတ်လွှတ်ပေးနိုင်သည်။နှင်းခဲကြယ်၏ ကျွမ်းကျင်မှုအဆင့်တိုးမြင့်လာသည်နှင့်အမျှ အအေးစွမ်းအင်များကလည်း ပိုမိုတိုးမြင့်လာမှာဖြစ်သည်။

တည်နေရာရွေ့ပြောင်းခြင်း(အဆင့် ၃ထိမြင့်တင်နိုင်သည်)

- မှော်ကဝေသည် ဤကျွမ်းကျင်မှုအား အသုံးပြု၍ တည်နေရာရွေ့ပြောင်းနိုင်သည်။အဆင့်၁တွင် ကိုက်၂၀ ၊ အဆင့်၂တွင် ကိုက်၄၀နှင့် အဆင့်၃သို့ရောက်ချိန်တွင် ကိုက်၆၀ထိ တည်နေရာရွေ့ပြောင်းနိုင်သည်။

အဆင့်မြင့်ရေဒြပ်စင်(အဆင့်၃ထိမြင့်တင်နိုင်သည်)

- မှော်ကဝေသည် ဤကျွမ်းကျင်မှုကိုထုတ်သုံးကာ အဆင့်မြင့်ရေဒြပ်စင်များအား ဆင့်ခေါ်နိုင်သည်။ထိုရေဒြပ်စင်များသည် ရန်သူများအားတိုက်ခိုက်ရန်အတွက် ရေခဲပန်းဆွဲများကိုပစ်လွှတ်နိုင်သည်။ဤကျွမ်းကျင်မှုသည် အဆင့် ၁သို့ရောက်ရှိချိန်တွင် ရေဒြပ်စင်များသည် ရေခဲပန်းဆွဲ ၃ခုကိုပစ်လွှတ်နိုင်ပြီး အဆင့်၂သို့ရောက်ရှိချိန်တွင် ၆ခု ၊ အဆင့်၃သို့ရောက်ရှိချိန်တွင် ၉ခုတိတိပစ်လွှတ်နိုင်သည်။

အာတိတ်နှင်းစွမ်းအား (အဆင့်၃ထိမြင့်တင်နိုင်သည်)

- ဤကျွမ်းကျင်မှုသည် အဆင့်မြင့်လာသည်နှင့်အမျှ မှော်ကဝေ၏ရေခဲဓာတ်မှော်စွမ်းအားကို ပိုမိုအားကောင်းစေပြီး အဆင့်၁တွင် ၂၀ ရာခိုင်နှုန်း ၊ အဆင့်၂တွင် ၄၀ရာခိုင်နှုန်းနှင့် အဆင့်၃တွင် ၆၀ရာခိုင်နှုန်း အသီးသီးပိုမိုအားကောင်းလာစေခဲ့သည်။

အန်တိုနီဒက်စ်သင်ယူနိုင်သည့် ကျွမ်းကျင်မှုအားလုံးသည် အစွမ်းထက်လှသည့်အတွက်ကြောင့် ရှောင်ယုသည် မည်သည့်ကျွမ်းကျင်မှုအား သင်ယူခိုင်းရမည်ကို အနည်းငယ်ခေါင်းကိုက်နေခဲ့သည်။သို့သော် အဆုံးသတ်၌ အဆင့်မြင့်ရေဒြပ်စင်အား သင်ယူရန်ရွေးချယ်လိုက်သည်။ထိုကျွမ်းကျင်မှုသည် အန်တိုနီဒက်စ်အား ခေတ်သစ်စက်သေနတ်များနှင့်တူသည့် ရေခဲပန်းဆွဲများကိုအဆက်မပြတ်ပစ်လွှတ်နိုင်သော ရေဒြပ်စင်များအား ဆင့်ခေါ်ခွင့်ပြုပေသည်။

...

...

နောက်ထပ်ရက်အနည်းငယ်ခန့်အတွင်း ရှောင်ယုသည် ကပ္ပတိန်ဟွေ့အား ကာရီ၏နယ်မြေထံသို့ သူလျှိုများစေလွှတ်စေခဲ့ကာ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းစေပြီး သူကိုယ်တိုင်မူကား တပ်သားများကိုဦးဆောင်ကာ ဓားပြစခန်းများကိုဖျက်ဆီးလုယက်ခဲ့သည်။သူသည် ငွေကြေးများကိုအရေးတကြီးလိုအပ်နေလေရာ ဓားပြစခန်းများအား ဖျက်ဆီးလုယက်ခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ယခုအခါ ရှောင်ယုထံတွင် လမင်းပစ်ခတ်သူ ၁၀ခုနှင့်ဖြိုဖျက်သူ၁၀ခုအား ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဓားပြများနှင့်ထိပ်တိုက်ရင်ဆိုင်ရလျှင်တောင်မှ အားသာချက်ရှိခဲ့သည်။ထို့ပြင်ဓားပြများသည် သူတို့၏စခန်းအကာအကွယ်နံရံများအား တည်ဆောက်ရာတွင် သစ်သားများကိုသာအသုံးပြုထားသောကြောင့် ရှောင်ယု၏လက်နက်ကြီးများသည် ထိုနံရံများကိုအလွယ်တကူဖြိုချနိုင်ခဲ့သည်။နံရံများပြိုလဲသွားပြီးနောက်တွင် ဂရင်းသည်အောစ့်စစ်သည်များကို ဦးဆောင်ကာစခန်းအတွင်း ပြေးဝင်သွားခဲ့ပြီး အန်တိုနီဒက်စ်နှင့်တိုင်ရန်ဒီတို့သည် လေးသမားများနှင့်အတူ အကွာအဝေးတစ်ခုခြား၍ ရန်သူများအားသုတ်သင်ခဲ့ကြသည်။

ရှောင်ယုသည် တစ်လဟူသောအချိန်အတွင်း ဓားပြစခန်း၇ခုကို ဖျက်ဆီးခဲ့ကာ ရွှေပြား၅၀၀၀၀၀ကျော်အပါအဝင် မရေမတွက်နိုင်သည့် အဖိုးတန်ပစ္စည်းများအား စုဆောင်းရရှိခဲ့သည်။ရှောင်ယုသည် ဓားပြစခန်းတစ်ခုအား စီးနင်းပြီးချိန်တိုင်း အဖိုးတန်လက်ဝတ်ရတနာများနှင့်အဝတ်အထည်များကို သူ၏မရီးများထံလက်ဆောင်ပေးခဲ့သည်။အချိန်ကြာလာသည်နှင့်အမျှ မရီးဖြစ်သူများသည် အတင့်ရဲလာခဲ့ကာ ရှောင်ယုအားစျေးဝယ်စာရင်းကဲ့သို့အရာတစ်ခုပေး၍ သူမတို့လိုချင်သောပစ္စည်းများကို တောင်းဆိုလာသောကြောင့် ရှောင်ယုသည်ပင်အံ့သြသွားခဲ့ရသည်။

...

...

ရှောင်ယုသည် ရွှေပြား၅၀၀၀၀၀ကျော်ကို စုဆောင်းရရှိပြီးနောက် ဓားပြစခန်းများအား တိုက်ခိုက်နေမှုကို ရပ်တန့်ခဲ့သည်။ယခုအခါ သူသည်နောက်ထပ်သူရဲကောင်း ၂ယောက်အား ဆင့်ခေါ်ရန်အတွက် ငွေကြေးအလုံအလောက်ရှိနေပြီဖြစ်ရာ အောစ့်များ၏ဘုရင်ဖြစ်သော သရောလ်နှင့် ပါလာဒင်များ၏ အလင်းသယ်ဆောင်သူဖြစ်သော အူသာတို့အား ဆင့်ခေါ်ရန်ဆုံးဖြတ်ခဲ့သည်။

ရှောင်ယုသည် ထိုသို့ဆုံးဖြတ်ချက်မချမှီ အချိန်အတော်ကြာအောင် တွန့်ဆုတ်နေခဲ့သည်။အစောပိုင်းတွင်သူသည် နွားလားအကြီးအကဲသို့မဟုတ် သွေးမှော်ဆရာတို့ကဲ့သို့ အစွမ်းထက်သောသူရဲကောင်းများအား ဆင်ခေါ်ရန်စဉ်းစားခဲ့ဖူးသည်။သို့သော်လည်း ထိုသူရဲကောင်းများသည် ဂရင်းကဲ့သို့တစ်ဦးချင်းတိုက်ပွဲတွင် အစွမ်းထက်သူများဖြစ်ကြပြီး သရောလ်နှင့်အူသာတို့ကဲ့သို့ တိုက်ပွဲအတွင်း၌ တပ်ဖွဲ့ဝင်အားလုံး၏ အစွမ်းသတ္တိအား မြင့်တင်ပေးရန်မတတ်နိုင်ပေ။

သူရဲကောင်းများ၏ အဓိကစွမ်းရည်သည် သူတို့ထုတ်လွှတ်နိုင်သော စွမ်းအားအပေါ်မူတည်သော်လည်း ရှောင်ယု၏ရှုထောင့်မှကြည့်လျှင် သူ့တပ်များ၏ အလုံးစုံစွမ်းအားတိုးမြင့်မှုသည် ပိုမိုအရေးကြီးပေသည်။ဥပမာအားဖြင့် တိုင်ရန်ဒီ၏ စစ်မှန်သောပစ်ခတ်မှုအော်ရာသည် ယခင်တိုက်ပွဲအတွင်း၌ နတ်သူငယ်လေးသမားများ၏ တာဝေးပစ်ခတ်မှုစွမ်းအားနှင့်တိကျမှုကို တိုးမြင့်ပေးခဲ့သဖြင့် တိုက်ပွဲအားအနိုင်ရရှိရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

နတ်ဆရာတစ်ဦးဖြစ်သော သရောလ်၏စွမ်းအားများသည် အောစ့်၅၀၀၏ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြင့်စေနိုင်သောကြောင့် နွားလားအကြီးအကဲထက် တိုက်ပွဲအတွင်းထိရောက်မှုရှိသည်။

ထို့ပြင်ရှောင်ယုသည် အေဇာရောဂ့်တိုက်ကြီး၏ အတိတ်သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားခဲ့သည်။သရောလ်သည် အောစ့်မျိုးနွယ်စု၏ ဘုရင်ဟုလူသိများကြပြီး ဤကမ္ဘာတွင်ပြန့်ကျဲလျက်ရှိသော လက်ကျန်အောစ့်မျိုးနွယ်စုများအား တစ်စုတစ်စည်းတည်းဖြစ်အောင် ပြုလုပ်မယ့်သူ၏အစီအစဉ်၌ သရောလ်သည် အဓိကနေရာမှပါဝင်မှာဖြစ်သည်။ထို့ပြင် သရောလ်၏ညဏ်ရည်ညဏ်သွေးတိုးမြင့်လာသည်နှင့်အမျှ သူသည် အောစ့်များကိုရှောင်ယုကိုယ်စား စီမံခန့်ခွဲနိုင်ပြီး သူ၏ခွန်အားများသာအမြင့်ဆုံးထိ ပြန်လည်ရရှိလာပါက အေဇာရောဂ့်တိုက်ကြီးအား တုန်လှုပ်စေခဲ့သည့် မျိုးဆက်တစ်ခု၏အောစ့်ခေါင်းဆောင်သည် ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သည်။

.

အူသာသည် လူသားများအတွက် နတ်ဘုရားတစ်ပါးမဟုတ်သော်လည်း သူ့အားပထမဆုံးမျိုးဆက် ပါလာဒင်တစ်ပါးအဖြစ် လူသိများခဲ့သည်။အူသာသည် အလင်း၏ကောင်းချီးပေးမှုကိုခံရသော ပထမဆုံးလူသားသူရဲကောင်းလည်းဖြစ်သည်။ရှောင်ယုသည် အူသာ၏မြင့်မြတ်သော ဝိသေသလက္ခဏာကိုအသုံးချကာ သူ၏စစ်ပွဲဆင်နွဲမှုအပေါ် အခြားသူများမကောင်းမြင်မှု မရှိစေရန်ဆောင်ရွက်နိုင်ပေသည်။

ရှောင်ယုသည် သူရဲကောင်းနှစ်ယောက်မွေးဖွားလာသည်ကို စောင့်ဆိုင်းရင်း ဘာမှမလုပ်ဘဲထိုင်မနေခဲ့ပေ။သူသည် အခြေစိုက်စခန်းလေးခု၏ ပန်းပဲဆိုင်များအား ဒုတိယအဆင့်သို့ရောက်အောင် မြင့်တင်ခဲ့သည်။ဒုတိယအဆင့်သို့ရောက်ရှိလာချိန်တွင် ပန်းပဲဆရာများသည် ပိုမိုကောင်းမွန်သော လက်နက်များနှင့်သံချပ်ကာများကို ထုလုပ်နိုင်ပြီဖြစ်သည်။ထိုသို့အဆင့်မြင့်တင်ထားသော လက်နက်ကိရိယာများဖြင့်ဆိုပါက သူ့တပ်ဖွဲ့များ၏အလုံးစုံစွမ်းအားကို မြင့်တင်နိုင်ကာ အရေအတွက်နည်းပါးမှုပြသနာအား လျော့ချနိုင်သည်။

ထို့ပြင် စျေးဆိုင်၏လုပ်ဆောင်မှုများကလည်း ပိုမိုများပြားလာခဲ့သည်။ယခုအချိန်တွင် ရှောင်ယုသည် စျေးဆိုင်မှနေ၍ တစ်နေ့လျှင် မှော်စွမ်းအင်ပြန်လည့်ဖြည့်တင်းဆေး ၂၀နှင့် အနာကျက်ဆေး၂၀ကိုဝယ်ယူနိင်ပြီဖြစ်သည်။ထို့ပြင် မျိုးနွယ်စုတစ်ခုစီနှင့်သက်ဆိုင်သော ဖြည့်စွက်ဆေးများကိုလည်း ဝယ်ယူနိုင်ပြီဖြစ်သည်။

လူသားစျေးဆိုင်တွင် စစ်မြေပြင်၌ ပြင်းထန်စွာဒဏ်ရာရနေသော စစ်သည်တော်များ၏ ဒဏ်ရာကို ဖြေးညင်းစွာကုသပေးနိုင်သော ဆေးရည်တစ်မျိုးရရှိလာခဲ့သည်။ထိုဆေးကိုသုံးစွဲထားသော စစ်သည်တော်များသည် စစ်မြေပြင်မှဆုတ်ခွာနေချိန်၌ သူတို့၏ဒဏ်ရာများကိုကုသနေပြီး သက်လုံစွမ်းအင်ကိုပြန်လည်ရရှိလာမှာဖြစ်သည်။

ထို့ပြင်ရှောင်ယုသည် အောစ့်ရွက်ဖျင်တဲ မှနေ၍ အောစ့်များ၏တိုက်ပွဲစွမ်းအားကို အချိန်တိုအတွင်းတိုးမြင့်လာစေမယ့် ဆေးတစ်မျိုးကိုဝယ်ယူခဲ့သည်။ထိုဆေးကိုသောက်သုံးထားသော အောစ့်စစ်သည်တစ်ယောက်သည် ၁၀မိနစ်ခန့်ကြာသည်ထိ သူတို့၏ခွန်အားကိုပေါက်ကွဲထထွက်ပေါ်လာစေကာ တစ်နေ့လျှင် ပုလင်း၂၀ ဝယ်ယူနိုင်ပေသည်။

နတ်သူငယ်များ၏ ရှေးဟောင်းအံ့ဖွယ်တွင်မူ နတ်သူငယ်များ၏ အသိအာရုံထက်မြမှုကို ၁၀မိနစ်ကြာတိုးမြင့်ပေးနိုင်သည့် အထူးဆေးရည်တစ်မျိုးရှိကာ ၎င်းကိုလည်း တစ်နေ့လျှင် ပုလင်း၂၀ဝယ်ယူနိုင်ပေသည်

သင်္ချိုင်းအမွေအနှစ်တွင် အဆိပ်သင့်စေနိုင်သော အထူးဆေးရည်တစ်မျိုးရှိသည်။သူ၏တပ်သားများသည် လက်နက်များတွင် ထိုဆေးရည်များကိုသုတ်လိမ်း၍ ရန်သူများအားတိုက်ခိုက်ပါက ရန်သူများ၏ခန္ဓာကိုယ်အား အဆိပ်သင့်စေကာယိုယွင်းပျက်စီးစေမှာဖြစ်ပြီး ထိုဆေးရည်များကိုလည်း တစ်နေ့လျှင် ပုလင်း၂၀ဝယ်ယူနိုင်သည်။

"ဒီမသေမျိုးတွေက တော်တော်အကြံကောင်းတာပဲ"

ရှောင်ယုသည် မသေမျိုးများ၏စွမ်းဆောင်ရည်ကို ချီးကျူးလိုက်မိသည်။

ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အရပ်မြင့်သောအောစ့်တစ်ကောင်သည် ယဇ်ပလ္လင်ပေါ်မှခုန်ဆင်းလာခဲ့သည်။သူ၏အသွင်အပြင်အရ ဂရင်းလောက်အရပ်မရှည်သော်လည်း သူ၏ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာများထွက်ပေါ်နေခဲ့သည်။

"သရောလ်က သခင့်ကိုနှုတ်ဆက်ပါတယ်..."

သရောလ်သည် ရှောင်ယုရှေ့သို့ရောက်လာပြီး နှုတ်ဆက်လိုက်ရာ သူ၏ဝံပုလွေကလည်း နောက်သို့လိုက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဘုရင်ယဇ်ပလ္လင်ပေါ်မှလည်း ရွှေရောင်အလင်းတန်းများထွက်ပေါ်လာခဲ့ပြီး သပ်ရပ်သောချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် လူထွားကြီးတစ်ဦးသည် ဘုရင်ယဇ်ပလ္လင်ပေါ်မှ ခုန်ဆင်းလာခဲ့ကာ ရှောင်ယုအားကျယ်လောင်စွာ အော်ဟစ်နှုတ်ဆက်လိုက်သည်။

"အူသာက သခင့်ကိုနှုတ်ဆက်ပါတယ်..."

"နောက်ဆုံးတော့ ငါ့ရဲ့သူရဲကောင်းနှစ်ယောက် ရောက်လာခဲ့ပြီ"

ရှောင်ယုသည် သူ၏သူရဲကောင်းနှစ်ယောက်ကိုကြည့်ကာ မျက်ရည်ကျလုမတတ် ဝမ်းသာသွားခဲ့သည်။

အခန်း ၅၁ - နယ်မြေ၏ပြောင်းလဲမှုများ

ရှောင်ယုသည် သူ၏သူရဲကောင်းနှစ်ယောက်လုံးက်ို စစ်ဆေးရင်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

"နောက်ဆုံးတော့ မင်ငါ့ရှေ့ကိုရောက်လာခဲ့ပြီပေါ့ သရောလ်...မင်းအတော်ပင်ပန်းခဲ့ရပြီ"

ရှောင်ယုသည် သရောလ်၏လက်ကို ဆွဲထူ၍ နှုတ်ဆက်လိုက်သည်။

"ကောင်းတယ်...အရမ်းကောင်းတယ်...မင်းတို့နဲ့တွေ့ရတာ ငါအတော်လေးဝမ်းသာမိတယ်"

ရှောင်ယုသည် သူရဲကောင်းနှစ်ယောက်နှင့် ပထမဆုံးတွေ့ဆုံမှုအပေါ် အလွန်သတိထားခဲ့ပြီး သူတို့နှစ်ယောက်ကသူ့အပေါ် အထင်အမြင်ကောင်းစေရန် ယဉ်ကျေးစွာပြုမူခဲ့သည်။

သို့သော်လည်း သူတို့နှစ်ယောက်လုံးသည် သူ့အပေါ် သစ္စာစောင့်သိမှုအပြည့်ရှိကြောင်း ရှောင်ယုနားလည်လိုက်၍ သူ၏စိုးရိမ်ပူပန်မှုများ လျော့ကျသွားခဲ့ကာ သူရဲကောင်းနှစ်ယောက်သင်ယူနိုင်မယ့် ကျွမ်းကျင်မှုများကို စစ်ဆေးခဲ့သည်။

သရောလ်သင်ယူနိုင်သည့် ကျွမ်းကျင်မှုများမှာ...

လျှပ်စီးအလင်းရောင် (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သရောလ်သည် ရန်သူအားတိုက်ခိုက်ရာ၌ လျှပ်စီးအစွမ်းကိုထည့်ပေါင်း၍ ရန်သူအားထိခိုက်မှုကို ပိုမိုတိုးမြင့်စေနိုင်သည်။

ကမ္ဘာ့တိုတမ်၏စွမ်းအား (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သရောလ်သည် သတ်မှတ်ထားသော အကွာအဝေးအတွင်း၌ရှိသည့် အောစ့်စစ်သည်များ၏ ခွန်အားကိုတိုးမြင့်စေနိုင်သည့် တိုတမ်အားဆင့်ခေါ်နိုင်သည်။ထိုတိုတမ်သည် အဆင့်၁တွင် အောစ့်စစ်သည်များ၏ခွန်အားကို ၂၀ရာခိုင်နှုန်း ၊ အဆင့်၂တွင် ၄၀ရာခိုင်နှုန်း နှင့်အဆင့်၃တွင် ၆၀ရာခိုင်နှုန်း တိုးမြင့်ပေးစေသည်။

ကျောက်တုံးအရေပြားတိုတမ် (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သရောလ်သည် သတ်မှတ်ထားသောအကွာအဝေးအတွင်းရှိ အောစ့်စစ်သည်များ၏ ကာကွယ်မှုအားတိုးမြင့်စေမယ့် ကျောက်သားချပ်ဝတ်တစ်ခုကိုဖြစ်ပေါ်စေမယ့် တိုတမ်တစ်ခုအား ဆင့်ခေါ်နိုင်သည်။ထိုတိုတမ်သည် အဆင့်၁သို့ရောက်ရှိချိန်၌ ခုခံနိုင်စွမ်းကို ၂၀ရာခိုင်နှုန်း ၊ အဆင့်၂တွင် ၄၀ရာခိုင်နှုန်းနှင့် အဆင့်၃တွင် ၆၀ရာခိုင်နှုန်းတိုးမြင့်ပေးမှာဖြစ်သည်။

ကမ္ဘာ့ဒြပ်စင် (အဆင့်၃ထိမြင့်တင်နိုင်သည်)

-သရောလ်သည် သူ့အတွက်တိုက်ပွဲဝင်ရန်အတွက် ကမ္ဘာ့ဒြပ်စင်များကို ဆင့်ခေါ်နိုင်သည်။

အူသာ သင်ယူနိုင်သည့်ကျွမ်းကျင်မှုများမှာ

သန့်ရှင်းသောအလင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- အူသာသည် ဒဏ်ရာရရှိထားသော စစ်သည်များအား ဤကျွမ်းကျင်မှုကိုအသုံးပြု၍ ကုသပေးနိုင်သည်။အဆင့်၁ခုတက်လာတိုင်း ကုသပေးနိုင်စွမ်း ၃၀ရာခိုင်နှုန်းတိုးမြင့်လာမှာဖြစ်သည်။

အလင်း၏ကောင်းချီး (အဆင့်၃ထိမြင့်တင်နိုင်သည်)

- အူသာသည် လူသားစစ်သည်တော်များ၏ ခွန်အားကိုတိုးမြင့်လာစေရန် ကောင်းချီးပေးနိုင်သည်။ကောင်းချီးပေးခံရသောစစ်သည်များသည် အဆင့်၁တွင် ၂၀ရာခိုင်နှုန်း ၊ အဆင့်၂တွင် ၄၀ရာခိုင်နှုန်းနှင့် အဆင့်၃တွင် ၆၀ရာခိုင်နှုန်း ခွန်အားတိုးမြင့်လာမည်ဖြစ်သည်။

ကာကွယ်မှုအော်ရာ (အဆင့်၃ထိမြင့်တင်နိုင်သည်)

- ပါလာဒင်သည် သတ်မှတ်ထားသောဧရိယာအား အလင်းရောင်ဖြင့်အုပ်မိုးလိုက်ကာ ထိုဧရိယာအတွင်းရှိနေသော မဟာမိတ်စစ်သည်တော်များ၏ သံချပ်ကာများအား ခုခံမှုတိုးလာစေသည်။ကာကွယ်မှုအော်ရာသည် အဆင့်၁ခုတိုးမြင့်လာတိုင်း ချပ်ဝတ်များ၏ခုခံနိုင်စွမ်းကို ၂၀ရာခိုင်နှုန်းတိုးမြင့်လာစေသည်။

တရားစီရင်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- ပါလာဒင်သည် ရန်သူများအားတရားစီရင်ရန်အတွက် သူ၏အလင်းစွမ်းအားကို အသုံးပြုနိုင်သည်။အကယ်၍ မသေမျိုးသတ္တဝါများအပေါ် ထိုကျွမ်းကျင်မှုကို အသုံးပြုတိုက်ခိုက်ပါက ထိခိုက်မှုကိုနှစ်ဆတိုးလာစေသည်။

ရှောင်ယုသည် သူရဲကောင်းနှစ်ယောက်၏ ကျွမ်းကျင်မှုများကို စစ်ဆေးပြီးနောက် ပြုံးလိုက်မိသည်။

"ငါမျှော်လင့်ထားတဲ့အတိုင်းပဲ သရောလ်နဲ့အူသာတို့ဆီမှာ တပ်ဖွဲ့တစ်ခုလုံးရဲ့ ခွန်အားနဲ့ခုခံမှုကိုတိုးမြင့်ပေးနိုင်တဲ့ တိုတမ်နဲ့ကောင်းချီးတွေရှိတယ်...ဒါဟာ တစ်ဦးချင်းတိုက်ပွဲကိုအသားပေးတဲ့သူရဲကောင်းတွေထက် စစ်ပွဲမှာပိုပြီးအသုံးဝင်တယ်....ဒါပေမဲ့ ပါလာဒင်ရဲ့ကောင်းချီးက လူသားစစ်သည်တွေအပေါ်ဘဲ အသုံးဝင်သလို သရောလ်ရဲ့တိုတမ်ကလည်း အောစ့်စစ်သည်တွေအပေါ်မှာပဲအသုံးဝင်တယ်...ဒီတစ်ချက်ကနှမြောစရာပဲ"

အစောပိုင်းတွင် သရော်နှင့်အူသာတို့၏ကျွမ်းကျင်မှများသည် အောစ့်များနှင့်လူသားများကို ထိရောက်စေလိမ့်မည်ဟု ရှောင်ယုယူဆခဲ့သော်လည်း သေချာစဉ်းစားကြည့်ပြီးနောက်တွင် လူသားးနှင့်အောစ့်တို့သည် လုံးဝကွဲပြားသည့်မျိုးနွယ်စုများဖြစ်ကြောင်း နားလည်သွားခဲ့သည်။

ရှောင်ယုသည် သရောလ်နှင့်အူသာတို့သင်ယူမယ့် ကျွမ်းကျင်မှုများကို တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းရွေးချယ်ခဲ့သည်။သရောလ်သင်ယူခဲ့သည့် ကျွမ်းကျင်မှုမှာ ကမ္ဘာ့တိုတမ်၏ စွမ်းအားဖြစ်ကာ အူသာသင်ယူခဲ့သည်မှာ အလင်း၏ကောင်းချီးဖြစ်သည်။

ထိုကျွမ်းကျင်မှုများသည် ရှောင်ယု၏တပ်ဖွဲ့တစ်ခုလုံး၏ တိုက်ခိုက်ရေးစွမ်းအားကိုမြင့်တင်ပေးမှာဖြစ်သည်။သရောလ်နှင့်အူသာ တို့သည် တစ်ဦးချင်းတိုက်ပွဲတွင် အားကောင်းသည့်သူရဲကောင်းများမဟုတ်ကြသောကြောင့် သူတို့၏တိုက်ခိုက်ရေးစွမ်းအားကို ရှောင်ယုစိတ်မဝင်စားပေ။

ရှောင်ယုသည် သူရဲကောင်းနှစ်ယောက်ကိုဆင့်ခေါ်ပြီးနောက် အခြေစိုက်စခန်းလေးခု၏ ပန်းပဲဆိုင်များနှင့်ပန်းပဲဆရာများကို အဆင့်မြင့်တင်ခြင်းအားဖြင့် သူစုဆောင်းထားသည့် ရွှေပြားများနှင့်ကမ္မကုသိုလ်မှတ်များကို အသုံးပြုစေခဲ့သည်။

ရှောင်ယုသည် အမာခံလူသားမြင်းတပ်တစ်ခုအား ထုတ်လုပ်ရန်စီစဉ်ထားသော်လည်း သူ့ထံတွင်ငွေကြေးအလုံအလောက်မရှိပေ။ထို့ပြင် အမာခံမြင်းတပ်သားတစ်ခုဦးစီအတွက် ကုန်ကျစရိတ်အလွန်များပြားပေသည်။ထိုတပ်သား ၁ဦးစီတိုင်းအတွက် ရွှေပြား၄၀၀ထိကုန်ကျပြီး တပ်သား၅၀၀အတွက်ဆိုလျှင် ရွှေပြား၂၀၀၀၀၀တိတိကုန်ကျမှာဖြစ်သည်။ထို့ပြင် အမာခံမြင်းတပ်သားများအတွက် ပိုမိုကောင်းမွန်သည့်ကိရိယာများအား လဲလှယ်မယ့်ကိစ္စကို ထည့်မတွက်ရသေးပေ။သူသည် စနစ်မှစစ်သည်များကို ထုတ်လုပ်ချိန်တိုင်း ထိုစစ်သည်များ၏ကိရိယာများသည် အလွန်ညံ့ဖျင်းကြောင်း ရှောင်ယုသတိထားမိပေသည်။ယခုအချိန်တွင် ပန်းပဲဆရာများသည် အဆင့်၂သို့ရောက်ရှိနေပြီး ပိုမိုကောင်းမွန်သည့် စက်ကိရိယာများကို ဝယ်ယူနိုင်ပြီဖြစ်သော်လည်း ပိုမိုကောင်းမွန်သောလက်နက်နှင့် ချပ်ဝတ်တန်ဆာများသည် ပို၍ငွေကုန်ကြေးကျများပြားလေသည်။

ကံကောင်းထောက်မစွာဖြင့် သူသည်ကာရီ၏စစ်တပ်ကို အနိုင်ယူခဲ့ခြင်းကြောင့် သံချပ်ကာများနှင့်လက်နက်များစွာရရှိခဲ့သည်။သို့ဖြစ်ရာ ကုန်ကျစရိတ်သက်သာစေရန်အတွက် ၎င်းတို့အားအရည်ဖျော်၍ လက်နက်အဖြစ်ပြန်လည်ထုလုပ်ရန် ပန်းပဲဆရာများအား အမိန့်ပေးခဲ့လေသည်။

...

...

ယခုအခါ ကာရီသည် သူ၏နယ်မြေ၌ အခြေအနေကောင်းမွန်နေခြင်းမရှိကြောင်း ကပ္ပတိန်ဟွေ့၏တင်ပြချက်အရ ရှောင်ယုသိရှိခဲ့သည်။သူ၏ လက်ရွေးစင်စစ်သား ၂၀၀၀၀သည် အားလုံးနီးပါးသေကြေပျက်စီးသွားခဲ့ပြီဖြစ်ရာ နောက်ထပ်တစ်ကြိမ်ထပ်မံလက်စားချေရန် အချိန်တိုအတွင်းမဖြစ်နိုင်ခဲ့ပေ။အဆုံးသတ်တွင် ကာရီ၏နယ်မြေသည် ခြင်္သေ့မြို့ထက်များစွာ အင်အားကြီးမားသော်လည်း သူတို့၏စစ်အင်အားမှာ ၄၀၀၀၀ မှ ၅၀၀၀၀ခန့်သာရှိပေသည်။သူတို့သည် ခြင်္သေ့မြို့အားတိုက်ခိုက်သည့် နောက်ဆုံးစစ်ပွဲတွင် နယ်မြေ၏စစ်အင်အားတစ်ဝက်ကို ဆုံးရှံးခဲ့ရပေရာ နောက်ထပ်လက်ကျန်တစ်ဝက်ကို ထပ်မံစေလွှတ်ရန် ဖြစ်နိုင်ခြေအလွန်နည်းပါးပေသည်။

ကာရီ၏ဖခင်သည် ငတုံးတစ်ယောက်မဟုတ်ပေ။ဤရှံးနိမ့်မှုအတွက် သူသည်ကာရီအား ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့သော်လည်း ဤရှံးနိမ့်မှုတစ်ခုလုံးသည် ကာရီ၏အမှားမဟုတ်ကြောင်း နားလည်ခဲ့သည်။အရူးတစ်ယောက်သည်ပင် တပ်သား၂၀၀၀၀နှင့် ၂၀၀၀အကြားတိုက်ပွဲတစ်ခု၌ ကာရီရှံးနိမ့်ခဲ့ရသည်မှာ အထူးအခြေအနေအချို့ရှိနိုင်ကြောင်း နားလည်နိုင်ပေသည်။ရှောင်ယု၏ အောစ့်စစ်သည်တော်များသည် အလွန်သန်မာကြောင်း သက်သေပြခဲ့ပြီးဖြစ်သလို ရှောင်ယုထံတွင် ရှေးခတ်စစ်လက်နက်များဖြစ်သော လမင်းပစ်ခတ်သူများနှင့် ကျောက်တုံးရာပေါင်းများစွာကိုပစ်လွှတ်နိုင်သည့် အထူးလက်နက်များရှိနေကြောင်း စစ်သားများကပြန်ပြောကြသည်။

ကာရီ၏ဖခင်သည် ချက်ချင်းလက်စားချေရန် စိတ်လောသည့်လူတစ်ယောက်မဟုတ်ကြောင်း ရှောင်ယုသတိပြုမိပေသည်။ညဏ်ရည်ထက်မြက်သည့် လူတစ်ယောက်အနေဖြင့် သူသည်ရှောင်ယုနှင့်ပတ်သက်သော အခြေအနေတစ်ခုလုံးအား ပြန်လည်သုံးသပ်ရန်နှောင့်နှေးနေမည်မဟုတ်ပေ။တစ်ချိန်တည်းမှာပင် ရှောင်ယုအားကိုင်တွယ်ရန်အတွက် အမျိုးမျိုးသောအင်အားစုများကို စုဆောင်းရန်စတင်ကြိုးပမ်းနေခဲ့သည်။

ရှောင်ယုသည် ခံစစ်တိုက်ပွဲတွင် ကြီးမားသောအောင်မြင်မှုကိုရရှိပိုင်ဆိုင်ခဲ့သော်လည်း တပ်ဖွဲ့ဝင်နည်းပါးမှုကြောင့် သူတို့၏နယ်မြေအားလာရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ရှောင်ယု၏စစ်အင်အားနည်းပါးမှုကြောင့် သူသည်အကြီးစားဝိုင်းရံစစ်ပွဲအား မလုပ်ဆောင်နိုင်ချေ။သို့သော်လည်း ရှောင်ယုသည် သူ၏ရန်သူများအား သူတို့ဆန္ဒရှိသလို အေးအေးဆေးဆေးနေထိုင်ခွင့်မပေးနိုင်ပေ။ရှောင်ယုသည် သူတို့အားတိုက်ခိုက်ရန်အတွက် သူ၏တပ်များကိုမစေလွှတ်နိုင်သော်လည်း သူတို့၏နယ်မြေအတွင်းမှ လူများကိုအကြောက်တရားဟူသောအရာအား မည်သို့မည်ပုံခံစားရမည့်အကြောင်းကို သိရှိသွားအောင် လုပ်ဆောင်နိုင်ပေသည်။

ဤအရာသည် ဂိမ်းထဲမှနည်းဗျူဟာတစ်ခုဖြစ်သည်။သူသည် ရှေးဟောင်းသချိုင်းအားတည်ဆောက်ပြီးနောက် ဖုတ်ကောင်၁၀၀အား ထုတ်လုပ်ထားခဲ့သည်။သို့ဖြစ်ရာ ရှောင်ယုသည် ကာရီဖခင်နယ်မြေအတွင်းရှိ လူများကိုခြောက်လန့်ရန်အတွက် သူတို့အားပို့ဆောင်ရန်စီစဉ်ထားပေသည်။

...

...

သို့သော်လည်း မကြာသေးမှီက သူသည်ဓားပြစခန်းများအား လုယက်ရန်အာရုံစိုက်ထားခဲ့ပြီး ဖုတ်ကောင်စစ်တပ်တစ်ခုအား ထိန်းချုပ်သူမပါဘဲ သူတို့ဘာသာသူတို့မစေလွှတ်နိုင်ပေ။အဆုံးသတ်တွင် မသေမျိုးစစ်တပ်တစ်ခုသည် အလွန်လျှို့ဝှက်ရမယ့်ကိစ္စတစ်ခုဖြစ်ကာ သူတို့အားအသုံးပြုရာတွင် အလွန်သတိထားရမည်ဖြစ်သည်။

ရှောင်ယုသည် အခြေအနေများတည်ငြိမ်လာပြီးနောက် ဓားပြစခန်းများကိုတိုက်ခိုက်ဖျက်ဆီး၍ သူရဲကောင်းအသစ်များနှင့်စစ်သားများ၏အဆင့်ကို တိုးမြင့်စေပြီး ဝင်ငွေရှာဖွေခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။

အူသာနှင့်သရောလ်တို့၏ ပံ့ပိုးမှုကြောင့် တပ်သားများ၏စွမ်းဆောင်ရည်သည် များစွာတိုးတက်လာခဲ့ပေသည်။သို့သော် ထိုအရာများကိုဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုရမည်ဖြစ်ပြီး ဓားပြများကို တိုက်ခိုက်ရာ၌ အသုံးပြုနေစရာမလိုခဲ့ပေ။လိုရင်းတိုရှင်းပြောရလျှင် သူ၏တပ်သားများသည် ဓားပြများကိုကိုယ်ပိုင်အစွမ်းအစဖြင့် တွန်းလှန်နိုင်ပေသည်။

ယခုအချိန်ထိ ရှောင်ယုသည် မားကပ်စ်ကဲ့သို့ အနိုင်ယူရန်ခက်ခဲသော ဓားပြအုပ်စုအချို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူတို့အားလုံးသည် ရှောင်ယု၏လှည့်ကွက်များအောက်၌ ကျရှံးခဲ့ရသည်။

တစ်လကြာတိုက်ပွဲများအပြီးတွင် ရှောင်ယုသည် အဆင့်၁၀သို့ အောင်မြင်စွာရောက်ရှိသွားခဲ့သည်။သူသည် ယခုအခါ အေဇာရောင်္ဂတိုက်ကြီး၏ ဒုတိယအဆင့်သူရဲကောင်းတစ်ယောက်ကဲ့သို့ အစွမ်းထက်နေပြီဖြစ်သည်။ဂရင်း ၊ တိုင်ရန်ဒီနှင့် မှော်ကဝေအန်တိုနီဒက်စ်တို့သည်လည်း အဆင့်၁၃သို့ရောက်ရှိလာကြသည်။

ရှောင်ယုသည် ဂရင်းအား သူရဲကောင်းဆန်စွာခုန်လွှားခြင်းနှင့် တာတိုရွေ့ပြောင်းခြင်းတို့အား သင်ယူစေခဲ့သည်။ထိုကျွမ်းကျင်မှုများသည် အရန်စွမ်းရည်များသာဖြစ်သော်လည်း ဂရင်း၏တိုက်ခိုက်နိုင်စွမ်းအား တိုးမြင့်ပေးနိုင်ပေသည်။

ရှောင်ယုသည် တိုင်ရန်ဒီအား စစ်မှန်သောပစ်ခတ်မှုအော်ရာကိုသာ အဆင့်၂ဆင့်မြင့်တင်စေရန် ဆုံးဖြတ်ခဲ့သည်။တိုင်ရန်ဒီသည် တစ်ဦးချင်းတိုက်ပွဲတွင် ပါဝင်ရလိမ့်မည်ဟု ရှောင်ယုမမျှော်လင့်ထားခဲ့ပေ။ယခုအချိန်တွင် တိုင်ရန်ဒီ၏စစ်မှန်သောပစ်ခတ်မှုအော်ရာသည် အဆင့် ၄သို့ရောက်ရှိသွားပြီးနောက်တွင် နတ်သူငယ်လေးသမားများ၏ စွမ်းအားသည် ၂ဆနီးပါးတိုးတက်လာမှာဖြစ်သည်။

ထို့နောက် ရှောင်ယုသည် အန်တိုနီဒက်စ်အား အဆင့်မြင့်ရေဒြပ်စင် ၊ တည်နေရာရွေ့ပြောင်းခြင်းနှင့် နှင်းခဲကြယ်တို့်အား သင်ယူစေခဲ့သည်။

ရှောင်ယုသည် သူရရှိထားခဲ့သော ကျွမ်းကျင်မှတ်များကိုလည်း စတင်ခွဲဝေခဲ့သည်။သူသည် တာတိုရွေ့ပြောင်းခြင်းဆီသို့ ကျွမ်းကျင်မှတ်၂မှတ် ထည့်ပေါင်းနေစဉ် သူရဲကောင်းဆန်စွာခုန်လွှားခြင်းအား အမြင့်ဆုံးအဆင့်ထိ အဆင့်မြင့်တတ်မြောက်ခဲ့သည်။ထို့နောက် တည်နေရာရွေ့ပြောင်းခြင်းကို သင်ယူပြီးချိန်တွင် သူ့ထံ၌ကျွမ်းကျင်မှတ် ၃မှတ်သာကျန်ရှိတော့သည်။

ရှောင်ယုသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်း၏အကူအညီဖြင့် အမြင့်၁၀မီတာထိ ခုန်လွှားနိုင်မှာဖြစ်သည်။ထိုသို့ဆိုပါက သူသည်တကယ့်လက်တွေ့ဘဝ၏ ပင့်ကူလူသားတစ်ယောက်သဖွယ် ခံစားရမှာဖြစ်သည်။တည်နေရာရွေ့ပြောင်းခြင်းသည်ကား သူ့ကိုချက်ချင်းတည်နေရာရွေ့ပြောင်းစေသည့်အတွက် သူသာလေလမ်းလျှောက်ခြင်းကို အသုံးပြု၍ ကိုယ်ပျောက်နေစဉ် ၎င်းကိုတစ်ခါတည်းအသုံးပြုပါက သူသည်အလွန်တော်သော လုပ်ကြံသတ်ဖြတ်သူတစ်ဦးဖြစ်လာမှာဖြစ်သည်။

ယခုအချိန်တွင် ရှောင်ယုသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းအား အကြိမ်ကြိမ်စစ်ဆေးကြည့်ပြီးနောက် စိတ်လှုပ်ရှားနေခဲ့သည်။သူသည် အမြင့်တစ်နေရာဆီသို့ အောင်အောင်မြင်မြင်ခုန်ပေါက်ပြီးတိုင်း ကမ္ဘာကျော်ဘတ်စကတ်ဘောသမားတစ်ဦးကဲ့သ်ို့ လွှင့်မျောနေသလိုခံစားနေရကာ သူ၏ကိုယ်ခန္ဓာအတွင်းမှ အက်ဒရီနယ်လင်များ သွေးများပွက်ပွက်ဆူနေသလို ခံစားလိုက်ရသည်။

ရှောင်ယု၏ယခင်ကမ္ဘာတွင် လူသားများသည် ကမ္ဘာ့ဆွဲအားကိုလွန်ဆန်နိုင်ရန် အမြဲဆန္ဒရှိခဲ့ကြသည့်အတွက် ရှောင်ယုသည် ယခုလိုလေပေါ်ပျံဝဲနေချိန်၌ မကြုံစဖူးစိတ်အားထက်သန်မှုကို ခံစားလာခဲ့ရသည်။

သရောလ်နှင့်အူသာတို့နှစ်ဦးသည်လည်း လွန်ခဲ့သောလအတွင်း အဆက်မပြတ်တိုက်ပွဲများကြောင့် အဆင့်၈သို့ရောက်ရှိလာခဲ့သည်။သရောလ်၏လက်ရှိကျွမ်းကျင်မှုများမှာ ကမ္ဘာ့တိုတမ်(အဆင့်၃) ၊ ကျောက်တုံးအရေပြားတိုတမ် (အဆင့်၃) ၊ ကမ္ဘာ့ဒြပ်စင် (အဆင့် ၂)တို့ဖြစ်သည်။သို့သော် သရောလ်သည် လျှပ်စီးအလင်းရောင်အား မသင်ယူရသေးသည့်အတွက်ကြောင့် အနီးကပ်တိုက်ပွဲများတွင်အနည်းငယ်အားနည်းနေနိုင်သော်လည်း ရှောင်ယုကစိတ်ပူခြင်းမရှိပေ။

အူသာ၏လက်ရှိကျွမ်းကျင်မှုများမှာ - အလင်း၏ကောင်းချီး(အဆင့်၃)၊ ယုံကြည်ခြင်းအော်ရာ(အဆင့်၃)နှင့် သန့်ရှင်းသောအလင်း(အဆင့်၂)တို့ုဖြစ်သည်။ပါလာဒင်သည် ဒဏ်ရာရရှိထားသည့်တပ်သားများကို ကုသရန်အတွက် သန့်ရှင်းသောအလင်းကိုအသုံးပြုနိုင်ပေသည်။ရှောင်ယုထံတွင် ဒဏ်ရာကျက်ဆေးများပါလာသော်လည်း တစ်ခါတစ်ရံတွင်ပြင်းထန်သောဒဏ်ရာများအား ကုသရန်မတတ်နိုင်ပေ။ထိုသို့သောအချိန်မျိုးတွင် ပါလာဒင်၏ သန့်ရှင်းသောအလင်းသည် ဒဏ်ရာကျက်ဆေးများထက်ပို၍ထိရောက်မှုရှိပေသည်။

မည်သို့ပင်ဆိုစေ ပါလာဒင်သည် လက်ရှိအချိန်တွင် လူသားများကိုသာကုသပေးနိုင်ပေသည်။အနာဂတ်တွင် သရောလ်သည်လည်း ထိုကဲ့သို့သောကျွမ်းကျင်မှုမျိုးကို သင်ယူနိုင်ရန် ရှောင်ယုမျှော်လင့်နေမိသည်။သို့သော် မုန်တိုင်းယဇ်ပလ္လင်မှ ဆင့်ခေါ်နိုင်သောသူရဲကောင်းများထဲတွင် အရိပ်မုဆိုးလည်းပါရှိသောကြောင့် သရောလ်တွင်ကုသရေးကျွမ်းကျင်မှုမရရှိပါက ထိုသူရဲကောင်းကိုဆင့်ခေါ်ရန် ရှောင်ယုဆုံးဖြတ်ထားခဲ့သည်။

.

ထို့အပြင် သူ၏အဓိကအခြေစိုက်စခန်းများသာ အဆင့်တက်လာပါက သူသည် စုန်းဆရာဝန်များကိုထုတ်လုပ်နိုင်မှာဖြစ်သည်။သို့သော် အဓိကအခြေစိုက်စခန်းများအား အဆင့်မြင့်တင်ရန်လိုအပ်သည့် ကမ္မကုသိုလ်မှတ်များသည် ကြောက်မခန်းလိလိများပြားသောကြောင့် ထိုကိစ္စကိုခဏမေ့ထားရန် လိုအပ်ပေသည်။

ရှောင်ယုသည် လွန်ခဲ့သောလအတွင်း ငွေကြေးနှင့်အရင်းအမြစ်များစွာကို လုယက်နိုင်ခဲ့သည်။အိမ်တော်ထိန်းဟောင်သည် ခြင်္သေ့မြို့၏ဘဏ္ဍာတိုက်အတွင်းမှ မကြုံစဖူးများပြားသော စည်းစိမ်များကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။အိမ်တော်ထိန်းဟောင်သည် ဘဏ္ဍာတိုက်အတွင်းသို့ အဆက်မပြတ်ဝင်လာနေသော အရင်းအမြစ်များနှင့် ပစ္စည်းအသစ်များကို စာရင်းမှတ်ရန် စာအုပ်အသစ်များအကြိမ်ကြိမ်ပြင်ဆင်နေရသည်ကို ကျေနပ်နေခဲ့သည်။

ရှောင်ယု၏လုပ်ရပ်ကြောင့် ခြင်္သေ့မြို့အတွင်းစီးဝင်လာသည့် အရင်းအမြစ်များသည် အလွန်များပြားလေရာ အိမ်တော်ထိန်းဟောင်သည် အလွန်ပင်အလုပ်များနေခဲ့သော်လည်း ထိုသို့အလုပ်များနေသည်ကိုပင် ပျော်ရွှင်နေမိခဲ့သည်။ရှောင်ယုသည် အိမ်တော်ထိန်းဟောင်တစ်ယောက် အလုပ်၏ဖိအားကိုခံစားရ၍ သူ၏ခန္ဓာကိုယ်သည်တောင့်ခံနိုင်စွမ်းမရှိတော့မည်ကိုစိုးရိမ်သောကြောင့် သူ၏မရီးများကိုအကူအညီတောင်းခဲ့ရသည်။

သူ၏ဒုတိယမရီးဖြစ်သော ဆုဟန်သည် ထ်ိုနယ်ပယ်၌အလွန်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။သူမသည် ကိန်းဂဏန်းသင်္ချာကို ကောင်းကောင်းနိုင်နင်းသောကြောင့် သူမသည်အိမ်တော်ထိန်းဟောင်ကို များစွာအကူအညီပေးနိုင်ခဲ့ပြီး အိမ်တော်ထိန်းဟောင်ကိုအနားရစေခဲ့သည်။

ထို့ပြင် ရှောင်ယုသည် အိမ်တော်ထိန်းဟောင်ဝတ်ဆင်ရန်အတွက် အကောင်းဆုံးဟူသော ပိုးဖဲအဝတ်အထည်များကို ပြင်ဆင်ထားခဲ့ရာ တစ်နေ့တစ်မျိုးမရိုးရလေအောင် ဝတ်ဆင်စေခဲ့သည်။

သူ၏မရီးများသည်လည်း ဤလအတွင်းအလွန်ပျော်ရွှင်နေခဲ့သည်။သူမတို့အားလုံးသည် တဖြည်းဖြည်းတိုးတက်လာခဲ့သော နယ်မြေ၏အနာဂတ်နှင့်ပတ်သက်၍ အလွန်ပင်ယုံကြည်မှုရှိနေခဲ့သည်။

ထို့ပြင် ရှောင်ယုတို့အပေါ်ထားရှိသည့် သူမတို့၏သဘောထားသည်လည်း စတင်ပြောင်းလဲလာခဲ့သည်။ရံဖန်ရံခါ ရှောင်ယုကသူမတို့ရေချိုးသည်ကို ချောင်းကြည့်လာလျင်တောင်မှ မျက်လုံးတစ်ဖက်ပိတ်ထားကာ မသိချင်ဟန်ဆောင်ထားခဲ့သည်။

ထိုအထဲတွင် ကမ်မီလာသည်အပွင့်လင်းဆုံးဖြစ်ကာ ရှောင်ယုသည်သူမ၏ စိန်ခေါ်မှုများကြောင့် ရူးသွပ်လုနီးပါးဖြစ်ခဲ့ရသည်။အိမ်တော်ထိန်းဟောင်သည် ထိုအခြေအနေအား ကန့်ကွက်ရန်အစီအစဉ်မရှိခဲ့ပေ။မြင့်မြတ်သောအသိုင်းအဝိုင်းများတွင် သခင်များသည် ဇနီးမယားနှင့်အငယ်အနှောင်းများ ထားရှိကြသည်မှာ သာမန်သာဖြစ်သည်။ထို့ပြင် အိမ်တော်ထိန်းဟောင်သည် ရှောင်မိသားစု၏မျိုးဆက်ဆက်လက်တည်တံ့စေရန်အတွက် သြဇာကြီးသောမိသားစုတစ်ခုမှ အမျိုးသမီးတစ်ဦးနှင့် ရှောင်ယုအားလက်ထပ်ပေးရန်ပင် စီစဉ်လာခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် မည်သူ့အတွက်မှပြသနာမရှိပေ။သမိုင်းမှတ်တမ်းများအရ ဘုရင်များသည် ထီးနန်းကိုအမွေဆက်ခံပြီးနောက်တွင် ယခင်ဘုရင်၏ မိဖုရားများနှင့်မောင်းမမိသံများကိုပင် လက်ထပ်ထိမ်းမြားခဲ့သည့် မှတ်တမ်းများရှိခဲ့လေသည်။အတိုချုပ်ပြောရလျှင် ထိုသို့လုပ်ဆောင်ခြင်းသည် ရှားပါးသောအရာမဟုတ်သည့်အတွက်ကြောင့် အိမ်တော်ထိန်းဟောင်သည် ဤကိစ္စတွင် အလွန်ပွင့်လင်းသောသဘောထားရှိခဲ့လေသည်။

ရှောင်ယုသည် ယခုအချိန်ထိ အိမ်တော်ထိန်းဟောင်၏ အကြံအစည်များကို မရိပ်မိသေးပေ။ထိုသို့မဟုတ်ပါက သူသည်သူ၏မရီးများ၏ ရေချိုးခြင်းကို ချောင်းကြည့်ရုံလောက်ဖြင့် ရပ်တန့်တော့မည်မဟုတ်ပေ။

ရှောင်ယုသည် ငွေကြေးအရင်းအနှီးများစွာ ပိုင်ဆိုင်လာပြီးနောက် သုံးစွဲရန်တွန့်ဆုတ်နေမှာမဟုတ်ပေ။ရှောင်ယုသည် ငွေပုံကိုတက်နင်းကာ သူ၏တပ်ဖွဲ့များအား ပျိူးထောင်ပေးရန်အစီအစဉ်ရှိခဲ့သည်။ယခုအချိန်တွင် သူ၏တပ်ဖွဲ့အရေအတွက်သည် ၁၉၀၀ထိရှိလာခဲ့ပြီဖြစ်သည်။ထိုတပ်ဖွဲ့များထဲတွင် အောစ့်စစ်သည်၆၀၀ ၊ အမာခံမြင်းတပ်သား ၅၀၀ ၊ ခြေလျင်တပ်သား ၂၀၀ ၊ နတ်သူငယ်လေးသမား ၃၀၀ ၊ လူပုရိုင်ဖယ်သမား ၂၀၀ နှင့် မုဆိုး၁၀၀ရှိခဲ့သည်။

ယခုအခါသူ့ထံတွင် လမင်းပစ်ခတ်သူ ၁၀ခုနှင့် ဖြိုဖျက်သူ ၁၀ခုရှိနေခဲ့သော်လည်း မြို့ဖြိုသူ များကိုမထုတ်လုပ်နိုင်သေးပေ။သူသည် ထိုစစ်လက်နက်များကို ထုတ်လုပ်နိုင်ရန် မျှော်လင့်နေခဲ့သည်။

မြို့ဖြိုသူများသည် အခြားစစ်လက်နက်များနှင့်မတူဘဲ လုံးဝကွဲထွက်နေခြင်းဖြစ်သည်။သူတို့အား စစ်မြေပြင်၌ ထိုးစစ်ဆင်သည့် စစ်လက်နက်တစ်ခုအဖြစ်သတ်မှတ်နိုင်ကာ ရှေ့သို့တွန်းပို့နိုင်သည်။

လက်ရှိအချိန်တွင် ရှောင်ယုသည် တပ်ဖွဲ့ဝင်အသစ်အားလုံးက်ို ပိုမိုကောင်းမွန်သော လက်နက်နှင့်ချပ်ဝတ်များကို တပ်ဆင်နိုင်ရန် ရန်ပုံငွေအလုံအလောက်မရှိခဲ့ပေ။သို့ဖြစ်ရာ ရှောင်ယုသည် စစ်တပ်တစ်ခုအားထိန်းသိမ်းရန် အလွန်ခက်ခဲကြောင်း စတင်နားလည်လာခဲ့သည်။

...

...

ရှောင်ယုသည် ဓားပြများကိုလုယက်ပြီး မြို့ထဲပြန်ရောက်အလာတွင် ဧည့်သည်များရောက်ရှိနေသည်ဟု အိမ်တော်ထိန်းဟောင်က အကြောင်းကြားလာခဲ့သည်။ အိမ်တော်ထိန်းဟောင်၊ ကပ္ပတိန်ဟွေ့နှင့် ရှောင်ယု၏မရီးများသည် ဧည့်ခန်းမအတွင်း၌ ထိုဧည့်သည်များအားတွေ့ဆုံနေကြသည်။ရှောင်ယုသည် ခန်းမအတွင်းရှိဧည့်သည်များသည် အိမ်တော်ထိန်းဟောင်တ်ို့နှင့် အရေးတကြီးဆွေးနွေးစရာများရှိနေကြောင်း နားလည်လိုက်သော်လည်း ဆွေးနွေးနေသောအကြောင်းအရာကိုမသိရ၍ ရှောင်ယုသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ရှောင်ယုသည် ခန်းမအတွင်းသို့ဝင်လိုက်သည်နှင့် ကျဆင်းနေသော လေထုအခြေအနေနှင့်ရင်ဆိုင်လိုက်သည်။

ရှောင်ယုသည် ဧည့်ခန်းအတွင်းရောက်ရှိနေသော ဧည့်သည်များကို တိတ်တဆိတ်စိုက်ကြည့်မိလိုက်သည်။ထို့နောက် ယခုရောက်ရှိလာသော ဧည့်သည်များဝတ်ဆင်ထားသည့် အဆောင်အယောင်ကိုမြင်တွေ့ပြီးနောက် ထိုလူများသည် သူ၏ပဥ္စမမြောက်ခယ်မ၏မိသားစုမှလူများဖြစ်ကြောင်း နားလည်လိုက်သည်။

"၅ယောက်မြောက်ခယ်မရဲ့ မိသားစုကလူတွေက ဘာလို့ရောက်လာတာလဲ..ငါတော်တော်သိချင်နေပြီ"

ရှောင်ယုသည် သိချင်စိတ်ဖြစ်လာသောကြောင့် သူတို့အားအသိမပေး နှုတ်မဆက်တော့ဘဲ ပလ္လင်ပေါ်သို့ချက်ချင်းတက်ထိုင်လိုက်သည်။

All Chapters