← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း ၅၂ - မဖိတ်ခေါ်ထားသောဧည့်သည်

ဧည့်သည်များရှိနေသည့် နေရာတွင် ဧည့်သည်များကိုဦးဆောင်လာသည့် အဘိုးအိုသည် ရှောင်ယုကသူတို့အားနှုတ်မဆက်ဘဲ ပလ္လင်ပေါသ်ို့တိုက်ရိုက်တက်သွားသည်ကိုကြည့်ပြီး အမူအရာပျက်ယွင်းသွားခဲ့သည်။ထိုအဘိုးအိုသည် ရွှေချည်ကြိုးများဖြင့်ဆင်ယင်ထားသည့် ဇိမ်ခံပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏ချမ်းသာမှုအဆင့်အတန်းအား ဖော်ပြနေခဲ့သည်။

သို့သော်လည်း ရှောင်ယုသည် သူ၏နယ်မြေတွင် အရှေ့နှင့်အနောက်အရပ်နှစ်ခုလုံးကို အောင်မြင်ထားခဲ့ပေရာ ဤနယ်မြေတွင် သူအမှန်တကယ်လေးစားရမယ့်သူ အနည်းငယ်သာရှိပေသည်။ယခုရောက်ရှိလာသည့် ဧည့်သည်များသည် ထိုစာရင်းတွင်မပါဝင်ပေ။

ရှောင်ယုသည် ခြင်္သေ့မြို့တည်ရှိရာ သက်ဆိုင်ရာနယ်မြေ၏ သခင်ဖြစ်သည်။အတိုချုပ်ပြောရမည်ဆိုပါက သူသည်နိုင်ငံငယ်တစ်ခု၏ ဘုရင်ဖြစ်သည်။ကောင်းကင်ခြင်္သေ့မင်းဆက်သည် တဖြည်းဖြည်းဆုတ်ယုတ်လာသည်ဖြစ်ရာ သီးခြားနယ်မြေများသည် မင်းဆက်၏အာဏာစက်မှ တဖြည်းဖြည်းလွတ်ကင်းလာခဲ့သည်။နယ်မြေသခင်များသည် သူတို့၏ဆန္ဒအတိုင်း နယ်မြေကိုမင်းမူအုပ်ချုပ်ပိုင်ခွင့်ရှိကာ ရှောင်ယုသည်လည်း ထိုကဲ့သို့ပြုမူဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုအချိန်တွင် ရှောင်ယုသည် ယုံကြည်မှုအပြည့်ရှိနေပြီး မည်သည့်ကျူးကျော်လာမည့်ရန်သူကိုမှ ကြောက်လန့်မနေခဲ့ပေ။သူသည် အနောက်မြေရိုင်းဒေသကြီး၏ စစ်မှန်သောအုပ်ချုပ်သူသခင်ဖြစ်သည်။သူသည် အနောက်မြေရိုင်းဒေသတွင် သြဇာအရှိဆုံးအုပ်ချုပ်သူဖြစ်၍ မည်သည့်အကူအညီကိုမှ မလိုအပ်ပေ။ထို့ကြောင့် သူသည်ဧည့်သည်အဖြစ်လာရောက်သူများကို နှုတ်ဆက်ရန်ဆန္ဒမရှိခြင်းဖြစ်သည်။

"ဒီဧည့်သည်တွေကဘယ်ကလဲ"

ရှောင်ယုက ယခုရောက်ရှိလာသူများသည် ၅ယောက်မြောက်မရီးဖြစ်သူ၏ ဝမ့်မိသားစုမှလူများဖြစ်ကြောင်း သိရှိထားခဲ့သော်လည်း မသိဟန်ဆောင်ကာ မေးမြန်းလိုက်ခြင်းဖြစ်သည်။

၅ယောက်မြောက်မရီး၏ မူလအမည်မှာ ဝမ့်စစ်ဝမ်ဖြစ်သည်။အိမ်တော်ထိန်းဟောင်သည် ရှောင်ယု၏မေးခွန်းနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သောကြောင့် ရှောင်ယု၏ရည်ရွယ်ချက်ကို သတိမထားမိဟန်ဆောင်ကာ ဖြေကြားလိုက်သည်။

"သခင်...ဒီဧည့်သည်တွေက ပဥ္စမမြောက်သခင်မလေးရဲ့ ဆွေမျိုးတွေဖြစ်တယ်....သူတို့ကပဥ္စမမြောက်သခင်မလေးကို မတွေ့ရတာကြာလို့ လွမ်းဆွတ်ပြီး သူမထံအလည်လာကြတာဖြစ်တယ်"

အိမ်တော်ထိန်းဟောင်သည် သာမန်အားဖြင့်ဆိုလျှင် သခင်လေးသို့မဟုတ် သခင်လေးရှောင်ဟုခေါ်သော်လည်း အပြင်လူများ၏ရှေ့မှောက်တွင်မူ ရှောင်ယုအားမျက်နှာသာပေးကာ သခင်ဟုခေါ်ဆိုခဲ့သည်။

ရှောင်ယုသည် ထိုအကြောင်းကိုယခုမှသိလိုက်ရဟန်ဖြင့် ဟန်ဆောင်လိုက်သည်။

"အိုး...အဲ့ဒါဆိုရင် သူတို့ကဝမ်မိသားစုက လူတွေပေါ့...မကြာသေးခင်ကပဲ ငါဟာဓားပြစခန်းတွေကို နှိမ်နင်းရင်း အရမ်းအလုပ်ရှုပ်နေတဲ့အတွက်ကြောင့် မင်းတို့ကိုလက်ခံမတွေ့ဆုံနိုင်ခဲ့ဘူး..ငါတို့ရဲ့ရိုင်းစိုင်းတဲ့အပြုအမှုကို ဧည့်သည့်တွေက ခွင့်လွှတ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်...ပြီးတော့ ဧည့်သည်တွေအကုန်လုံးက ပဥ္စမမြောက်မရီးရဲ့ မိသားစုကဆိုတော့ ငါတို့နဲ့ဆိုရင်အပြင်လူတွေလို့ သတ်မှတ်လို့မရဘူးလေ...ဒါကြောင့်ဒီကိစ္စအတွက် စိတ်ကွက်မနေဘူးလို့ ငါယုံကြည်တယ်"

ရှောင်ယု၏တုံ့ပြန်မှုသည် နှိမ့်ချနေခြင်းမရှိသလို နယ်မြေအရှင်သခင်တစ်ယောက်ထံ၌ ရှိသင့်ရှိထိုက်သော လိုက်လျောညီထွေမှုနှင့် မောက်မာမှုများပါဝင်ပေသည်။

အိမ်တော်ထိန်းဟောင်သည် ရှောင်ယုတစ်ယောက် ယခုလိုသင့်တော်သော မှတ်ချက်မျိုးကိုပြောကြားနိုင်လိမ့်မည်ဟု မထင်မှတ်ထားသည့်အတွက်ကြောင့် စိတ်ထဲမှနေ၍ ရှောင်ယုအားချီးကျူးမိလိုက်သည်။ရှောင်ယုသည် နယ်မြေသခင်တစ်ယောက်၏ အမူအရာအပြည့်ရှိကာ ရှောင်မိသားစု၏ဆက်ခံသူသည် လူတိုင်းထင်သလို ပေါ့သေးသေးမဟုတ်သောကြောင့် သူပျော်ရွှင်နေခဲ့သည်။

အမှန်တော့ ရှောင်ယုသည် သူကြည့်ဖူးခဲ့သော ရုပ်ရှင်များထဲတွင်ပါလေ့ပါထရှိသည့် စကားလုံးများကိုသာ ပြောနေခြင်းဖြစ်သည်။ယခင်က သူကြည့်ဖူးခဲ့သော ရုပ်ရှင်များတွင် နန်းတွင်းရုပ်ရှင်များ ၊ သမိုင်းကြောင်းနှင့်ပတ်သက်သည့် ရုပ်ရှင်များပါဝင်ပြီး ၎င်းတို့ကိုနေ့ရောညပါ ကြည့်ရှုခဲ့သောကြောင့် ထိုထဲမှသရုပ်ဆောင်များ ပြောခဲ့သည့်စကားစုများနှင့် စကားလုံးများကိုမှတ်မိနေခဲ့သည်။

"ရှောင်မိသားစုရဲ့သခင်လေးက ခုတလောညဘက်တွေမှာ အလုပ်များနေတယ်ဆိုတာ ငါကြားပါတယ်...တစ်ခါတစ်ရံဆိုရင် ညဘက်တွေတောင်ပြန်မလာဘူးလို့ ကောလဟာလတွေထွက်နေတယ်....ခုငါတွေ့ရသလောက်ဆိုရင် ကောလဟာလတွေကမှန်နေတဲ့ပုံဘဲ...မင်းရဲ့ဂုဏ်သတင်းကထိုက်တန်ပါတယ်"

အဘိုးအိုသည် အပြင်ပန်းတွင် ရှောင်ယုအားချီးကျူးလိုဟန်ဖြင့် ယဉ်ကျေးစွာ ပြောနေသော်လည်း သူ၏ရည်ရွယ်ချက်မှာထင်ရှားပေသည်။သူသည် မတ်တပ်ရပ်ရန် သူ၏ဖင်ကိုပင်မရွေ့ခဲ့ဘဲ ရှောင်ယုယခင်ကလုပ်လေ့လုပ်ထရှိခဲသည့် သောက်စားမူးယစ်ခြင်း ၊ လောင်းကစားခြင်း ။ အပျော်အပါးလိုက်စားခြင်းစသည်တို့ကို ယဉ်ကျေးသောစကားလုံးများသုံးနှုန်း၍ ကွယ်ဝှက်ထိုးနှက်လိုက်ခြင်းဖြစ်သည်။

မကြာသေးမှီနှစ်များအတွင်းက ခြင်္သေ့မြို့သည် တဖြည်းဖြည်းအားနည်းလာကြောင်း လူတော်တော်များများသိခဲ့ကြသည်။ရှောင်ကျန်းထျန်သည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ ထင်ရှားကျော်ကြားသောဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့ပြီး သူ၏ဂုဏ်သတင်းသည် အိမ်နီးချင်းမင်းဆက်များအထိ ကျယ်ပြန့်လှပေသည်။ထိုသို့ကျော်ကြားရခြင်းမှာ သူ၏ပြောင်မြောက်သောစစ်ဗျူဟာစွမ်းရည်ကြောင့်သာမက ချွေးမကောင်းများစွာကို အရယူနိုင်ခဲ့၍ဖြစ်သည်။

အခြားအင်အားစုများသည် အားနည်းသောခြင်္သေ့မြို့နှင့်ပတ်သက်၍ သတိထားဆက်ဆံနေရသည့် အဓိအကြောင်းပြချက်မှာ ရှောင်ကျန်းထျန်ကြောင့်ဖြစ်သည်။သို့သော် ရှောင်ကျန်းထျန်သေဆုံးသွားပြီးနောက် ထိုအင်အားစုများ၏အကြည့်များသည် ဤအနောက်မြေရိုင်းဒေသထံသို့ တစ်ချက်လေးတောင်မရောက်ရှိလာခဲ့ပေ။ထို့ပြင် ရှောင်ယု၏ဖြုန်းတီးတတ်သော အပေအတေတစ်ဦး၏ပုံစံက ဖခင်ဖြစ်သူ၏သူရဲကောင်းဆန်သောဂုဏ်သတင်းကို ကျဆင်းစေခဲ့သည်။ထို့ကြောင့် အင်အားစုများစွာသည် ခြင်္သေ့မြို့ပြီးဆုံးသွားပြီဟု ယူဆခဲ့ကြပြီး ခြင်္သေ့မြို့ပြိုလဲပျက်စီးသွားရန် အချိန်တစ်ခုသာလိုကြောင်း ထင်မြင်ခဲ့ကြသည်။

ဤတိုက်ကြီး၏ အခြားသောအင်အားစုများသည် အနောက်မြေရိုင်းဒေသအပေါ် အာရုံစိုက်မှုအားနည်းနေ၍ မကြာသေးမှီအချိန်က ခြင်္သေ့မြို့အားလာရောက်တိုက်ခိုက်သည့် ကာရီ၏စစ်တပ်ပျက်စီးသွားခြင်း ၊ ရှောင်ယု၏ဦးဆောင်မှုအောက်၌ ဓားပြစခန်းများပျက်စီးသွားခြင်းအစရှိသည့်သတင်းများကို သတိမပြုမိကြသေးပေ။

ပထမဆုံးအကြောင်းပြချက်မှာ ဤနယ်မြေသည် သူတို့၏အာရုံစူးစိုက်မှုကိုရရှိရန် မထိုက်တန်သောကြောင့်ဖြစ်သည်။ဒုတိယအကြောင်းရင်းမှာ ကာရီ၏ဖခင်သည် သူတို့၏ရှံးနိမ့်မှုနှင့်ပတ်သက်သော သတင်းများကို မပြန့်ပွားစေရန် နည်းလမ်းများစွာကိုအသုံးပြု၍ တင်းတင်းကြပ်ကြပ်ဖိနှိပ်ထားသောကြောင့်ဖြစ်သည်။

အချို့သောအင်အားစုများကမူ ခြင်္သေ့မြို့နှင့်အခြားသောနယ်မြေတစ်ခုကြား၌ ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရိပ်အမြွက်ရရှိခဲ့သော်လည်း သူတို့ရရှိထားသည့် အချက်အလက်များအားလုံးသည် တိကျသေချာခြင်းမရှိခဲ့ပေ။

ထို့ကြောင့် မကြာသေးမှီအချိန်ကာလအတွင်း ကမ္ဘာမြေကိုတုန်လှုပ်စေသော အပြောင်းအလဲများကိုလုပ်ဆောင်ခဲ့သော်လည်း အခြားသောအင်အားစုများသည် ဤနေရာတွင်မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပျက်ခဲ့ဟု ယူဆနေခဲ့သည်။သူတို့၏အမြင်တွင် ရှောင်မိသားစုသည် အတိတ်သမိုင်းစာမျက်နှာထဲသို့ရောက်ရှိရန် အချိန်ခဏမျှသာကြာမြင့်တော့မည်ဖြစ်သည်။

ထို့ပြင် ဝမ့်မိသားစုတည်ရှိရာနယ်မြေသည် ခြင်္သေ့မြို့နှင့်မိုင်ပေါင်းထောင်ချီဝေးကွာလေရာ အနောက်မြေရိုင်းဒေသ၏ အဖြစ်အပျက်များကို သတိမထားမိသည်မှာ သဘာဝကျပေသည်။ထို့ကြောင့် သူတို့သည် ခြင်္သေ့မြို့နှင့်ရှောင်ယုအပေါ် အထင်သေးသည်မှာမထူးဆန်းတော့ပေ။

သူတို့သည် မကြာမှီပျက်စီးတော့မည်နယ်မြေတစ်ခုအပေါ် မျက်နှာသာပေးနေစရာမလိုပေ။ရှောင်ကျန်းထျန်သာ အသက်ရှင်လျက်ရှိနေပါက သူ၏နာမည်ဂုဏ်သတင်းကြောင့် သူတို့၏နှလုံးသားထဲ၌ ကြောက်ရွံ့နေကြမည်ဖြစ်သော်လည်း သူ၏သားဖြစ်သူရှောင်ယုကား အပေအတေတစ်ဦးသာဖြစ်သည်။

ရှောင်ယုသည် ငတုံးတစ်ကောင်မဟုတ်ပေရာ ထိုအဘိုးအိုသည် မည်သည်ကိုဆိုလိုကြောင်း ချက်ချင်းသဘောပေါက်ပေသည်။ရှောင်ယု၏စရိုက်သည် အခြားသောနယ်မြေသခင်များနှင့် အနည်းငယ်ကွဲပြားလေသည်။ရှောင်ယုနေရာတွင် အခြားတစ်ယောက်ဆိုပါက ထိုအဘိုးအို၏စကားများကို ဒေါသတကြီးတုံ့ပြန်မည်ဖြစ်သော်လည်း ရှောင်ယုကမူ ဖြေရှင်းခြင်းမရှိဘဲ သူတို့ထင်ထားသည့်အတိုင်း ဆက်လက်ရှိနေစေခဲ့သည်။

ပထမဦးစွာသူသည် အနောက်မြေရိုင်းဒေသအား ဓားပြများကင်းစင်သည့် ခိုင်ခံ့သောနယ်မြေတစ်ခုအဖြစ် ထူထောင်မှာဖြစ်ပြီး ထိုအချိန်ရောက်မှ လူတိုင်းအံ့အားသင့်လာစေရန် ထုတ်ဖော်ပြသမှာဖြစ်သည်။ယခုလို တည်ငြိမ်ခါစအခြေအနေမျိုးတွင် သူတို့၏စွမ်းအားကိုကွယ်ဝှက်စွာ မွေးမြူထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

ဝမ်မိသားစုမှ အဘိုးအို၏သဘောထားကြောင့် အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့သည် အလွန်ဒေါသထွက်သွားခဲ့သည်။ထိုခွေးအိုကြီးသည် ရှောင်ယုအားနှုတ်ဆက်ရန် ထိုင်နေရာမှပင်ထမလာခဲ့ပေ။ထိုသို့သောအပြုအမူသည် စစ်ဝမ်၏မိသားစုမှဖြစ်လျင်ပင် အတော်လွန်ကဲနေပြီဖြစ်သည်။

ယခုလည်း သူတို့နှစ်ယောက်လုံးသည် ဒေါသတကြီးတုံ့ပြန်လိုသော်လည်း ရှောင်ယုသည်မျက်လုံးအမူအရာဖြင့် ဟန့်တားလိုက်သည်။အထူးသဖြင့် ယခုအချိန်၌ရှောင်ယုသည် သူတို့လာရောက်လည်ပတ်ရခြင်း၏ ရည်ရွယ်ချက်ကိုမသိရသေးပေ။

ခြင်္သေ့မြို့ထံသို့ ယခုလိုဂုဏ်သရေရှိဧည့်သည်များ ရောက်မလာသည်မှာ အတော်ကြာမြင့်နေပြီဖြစ်သည်။ထို့ကြောင့် ယခုတစ်ကြိမ်ဝမ်မိသားစု၏ လာရောက်လည်ပတ်မှုသည် ကောင်းမွန်သောလာရောက်ခြင်းမျိုးမဖြစ်နိုင်ပေ။

အကယ်၍သင်သည် ချမ်းသာပြီး တန်ခိုးစွမ်းအားကြွယ်ဝနေချိန်တွင် လူတိုင်းသည် သင့်အားလာရောက်မြောက်ပင့်ကြမှာဖြစ်သော်လည်း သင်သာအားနည်း၍ ဆင်းရဲဒုက္ခရောက်နေပါက သူတို့၏သဘောထားသည် ပြောင်းပြန်ဖြစ်လာမှာဖြစ်သည်။ယခုအချိန်တွင် သူတို့၏အမြင်၌ ခြင်္သေ့မြို့သည် အတော်လေးအားနည်းနေသည့်အတွက်ကြောင့် ဝမ်မိသားစုထံတွင် ကောင်းမွန်သောရည်ရွယ်ချက်မရှိသည်မှာ သေချာပေသည်။

"ဝမ်မိသားစုကဧည့်သည်တွေက ဘယ်လိုဖြစ်ပြီးတော့ ဝေးကွာလှတဲ့ခရီးရှည်ကြီးကိုဖြတ်သန်းပြီး ခြင်္သေ့မြို့ဆီရောက်လာရတာလဲ..အကြောင်းရင်းလေးတော့ ပြောပြသင့်တယ်မထင်ဘူးလား.."

ရှောင်ယုက စိတ်မရှည်ဟန်ဖြင့် မေးမြန်းလိုက်သည်။

တစ်ဖက်လူသည် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံလာရာ သူ့ဘက်မှလည်း ယဉ်ကျေးနေစရာအကြောင်းမရှိပေ။အမှန်တော့သူသည် ၅ယောက်မြောက်မရီး၏ မျက်နှာကိုထောက်ထား၍သာ သူတို့၏စကားများကို နားထောင်နေခဲ့ခြင်းဖြစ်သည်။ထိုသို့်မဟုတ်ပါက သူသည်ထိုရိုင်းစိုင်းသော ဧည့်သည်များကို နှင်ထုတ်လိုက်ပြီးဖြစ်သည်၊

ရှောင်ယု၏အခြေအနေအရ သူတို့်အားစော်ကားလိုက်လျင်ပင် ဘာမှပြောင်းလဲသွားမည်မဟုတ်ပေ။ဝမ်မိသားစု၏ နယ်မြေသည် ခြင်္သေ့မြို့နှင့်အလွန်ပင်ဝေးကွာလှပြီး နယ်မြေနှစ်ခု၏အလယ်တွင် အခြားသောနယ်မြေများစွာရှိပေသည်။ထို့ကြောင့် သူတို့အားတိုက်ခိုက်ရန် တပ်များမစေလွှတ်နိုင်သောကြောင့် ရှောင်ယုသည်ကြောက်ရွှံနေခြင်းမရှိပေ။

သူ၏နယ်မြေပတ်ဝန်းကျင်၌ အင်အားအကြီးဆုံးမှာ ဝေနှင့်ဒေးဗစ်တို့၏နယ်မြေသာဖြစ်သည်။သို့သော်သူတို့သည် အကြောင်းရင်းမရှိဘဲရှောင်ယု၏နယ်မြေအား လာရောက်တိုက်ခိုက်မည်မဟုတ်ပေ။ထို့ကြောင့် ရှောင်ယုသည် သူ၏စွမ်းအားနှင့်အခွင့်အာဏာကိုထူထောင်ရန် အချိန်လုံလုံလောက်လောက်ရရှိထားသည်။

"ငါတို့က နံပါတ်၄ သခင်မလေးဆီ အလည်လာခဲ့တာပဲ...သူမရဲ့အမေက အပြင်းဖျားပြီးတော့ နံပါတ်၄ သခင်မလေးကိုလွမ်းဆွတ်လာလို့ သူမရဲ့အမေကိုတွေ့ရအောင် လာခေါ်တာပဲ"

အဘိုးအိုသည် လက်ဖက်ရည်သောက်ရင်း ပြောလိုက်သည်။

"ဒါဆိုရင် အကြောင်းရင်းကအဲ့ဒါပေါ့...ဒါပေမဲ့ ၅ယောက်မြောက်မရီးရဲ့ အမေကအပြင်းအထန်ဖျားနာနေတယ်ဆိုရင် စာပို့ပြီးအကြောင်းကြားမယ့်အစား လူတွေအများကြီးခေါ်ပြီး ဒီကိုရောက်လာရတာလဲ..."

အဘိုးအိုပြောသောစကားများသည် ဆင်ခြေတစ်ခုသာဖြစ်ပြီး သူပြောသောစကား၏နောက်ကွယ်၌ သူသတိမထားမိသော အခြားအကြောင်းပြချက်များရှိနေကြောင်း ရှောင်ယုနားလည်ထားသည်။

ရှောင်ယုသည် သူတို့ဖုံးကွယ်ထားသည်တို့ကို ထိုးဖောက်မြင်ရလောက်သည်ထိ ထက်မြက်သောကြောင့် အဘိုးအိုမိုသည် မျက်မှောင်ကြုတ်လိုက်ကာ သူ့နောက်ရှိလူအားတိတ်တဆိတ်ပြောလိုက်သည်။

"ရှောင်မိသားစုရဲ့ဆက်ခံသူဟာ ဘာဗဟုသုတမှမရှိတဲ့ ဖြုန်းတီးနေတဲ့ကလေကချေတစ်ကောင်လို့ ဘယ်ကောင်ငါ့က်ိုပြောခဲ့တာလဲ...ခုတော့အဲ့ကောင်လေးက ငါတို့ရဲ့အကြံအစည်ကိုရိပ်မိနေလောက်ပြီ"

အိမ်တော်ထိန်းမို သည် ခဏလောက်စဉ်းစားကာ သူဤနေရာသို့ရောက်လာခဲ့သည့် အကြောင်းပြချက်ကိုပြန်ပြောလိုက်သည်။

"ဒီအဘိုးကြီး ခြင်္သေ့မြို့ကိုရောက်လာရတဲ့အကြောင်းရင်းက ဒီမြို့ရဲ့အခြေအနေဟာ အတွင်းရောအပြင်ရော အတော်လေးဆိုးရွားနေပြီဖြစ်တာကြောင့် နံပါတ်လေးသခင်မလေးရဲ့ လုံခြုံရေးကိုစိုးရိမ်မိလို့ပါ...သခင်ကြီးရှောင်ကျန်းထျန်ကွယ်လွန်သွားပြီးတဲ့ နောက်မှာ ငါတို့ရဲ့ သခင်မလေးက ဒီနေရာမှာမတော်တဆမှုတစ်ခုခုကြုံတွေ့ရမှာစိုးလို့ ဒီတစ်ခေါက်အပြင်းဖျားနေတဲ့သူ့အမေကို သွားတွေ့ရင်းနဲ့ သူ့အမေအိမ်မှာခဏလောက်နေဖို့ ခေါ်သွားမလို့ပါ"

အိမ်တော်ထိန်းမိုသည် ယခုတစ်ကြိမ်တွင် သူရောက်လာသည့်အကြောင်းရင်းအား အတတ်နိုင်ဆုံးရှင်းရှင်းလင်းလင်းပြောပြခဲ့သည်။ဝမ်မိသားစု၏အမြင်တွင် ခြင်္သေ့မြို့သည် ကျဆင်းနေပြီဖြစ်သောကြောင့် အစားအသောက်နှင့် အဝတ်အထည်စသည့်အရင်းအမြစ်များတွင် ပြဿနာဖြစ်နေပြီဟု ယူဆခဲ့သည်။ဝမ်စစ်ဝမ်သည်လည်း သူမ၏ခင်ပွန်းဆုံးပါးသွားပြီးနောက်တွင် ဤနေရာ၌ဆက်လက်မနေထိုင်လိုတော့ပဲ သူတို့လာခေါ်သည်နှင့် လိုက်လာမည်ဟုယူဆခဲ့သည်။

ရှောင်ယုသည် ၄ ယောက်မြောက်နှင့် ၅ယောက်မြောက်မရီးတို့ရေချိုးနေသည်ကို ချောင်းကြည့်ရင်း သူမတို့နှစ်ယောက်ကြားတွင် စစ်ဝမ်၏မွေးရပ်မြေအကြောင်းပြောနေသည်ကို သူကြားဖူးခဲ့သည်။ထို့ကြောင့် ရှောင်ယုသည် ထိုအဘိုးကြီးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် စစ်ဝမ်အား သူမ၏မွေးရပ်မြေသို့ပြန်ခေါ်ကာ အခြားတစ်ယောက်နှင့်လက်ထပ်ပေးရန် စီစဉ်နေကြောင်း ရိပ်မိလိုက်သည်။

အိမ်တော်ထိန်းဟောင်နှင့်ကပ္ပတိန်ဟွေ့တို့သည် အိမ်တော်ထိန်းမို၏စကားကိုကြားသောအခါ ဒေါသတကြီးမတ်တပ်ရပ်လိုက်ကြသည်။သို့သော်လည်း ရှောင်ယုသည်ဘာမှမပြောသေး၍ သူတို့လည်းနှုတ်ဆိတ်နေခဲ့ကြသည်။ရှောင်ယုသည် ယခုအချိန်တွင် ခြင်္သေ့မြို့၏သခင်ဖြစ်ရာ သူ၏ခွင့်ပြုချက်မပါဘဲ သူတို့၏သဘောဆန္ဒဖြင့် မည်သည့်အရာမှမပြုလုပ်ခဲ့ပေ။

ရှောင်ယု၏အခြားသောမရီးများသည်လည်း အိမ်တော်ထိန်းမို၏စကားများကြောင့် မျက်မှောင်ကြုတ်မိလိုက်ကြသည်။အမှန်တော့ သူမတို့သည်လည်း ဝမ်မိသားစု၏ရည်ရွယ်ချက်ကို အစောကြီးကတည်းက နားလည်သဘောပေါက်ထားခဲ့သော်လည်း ယခုလိုပွင့်ပွင့်လင်းလင်းပြောဆိုခြင်းက ရှောင်မိသားစုအားအရှက်ရစေပေသည်။

ယခင်ကဆိုလျှင် ချီယင်နှင့်အခြားမရီးများသည် စစ်ဝမ်အားပိုမိုကောင်းမွန်သော ဘဝရရှိရန်အတွက် သူမ၏မွေးရပ်မြေကိုပြန်ရန် အကြံပေးမှာဖြစ်သော်လည်း ယခုအခါရှောင်ယုသည် ခြင်္သေ့မြို့၌ကြီးမားသောပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့ပြီဖြစ်သည်။သူ၏နယ်မြေသည် ယခင်ကလို မဟုတ်တော့ဘဲ ကြီးပွားတိုးတက်ရန်လမ်းစပေါ်လာပြီဖြစ်သောကြောင့် အခြားသောမရီးများသည် စစ်ဝမ်အားအိမ်ပြန်ရန် အားမပေးတော့ပေ။

ရှောင်ယုသည် စစ်ဝမ်အားသူ၏အိမ်သို့ပြန်ရန် အသာတကြည်ခွင့်ပြုခဲ့ပြီး စစ်ဝမ်ကိုယ်တိုင်ကအိမ်ပြန်ချင်လိုပါက သူမတို့ဘာမှမပြောနိုင်သော်လည်း အခြားတစ်ဖက်ကသာ သူမအားအတင်းအကြပ်ပြန်လည်ခေါ်ဆောင်လိုပါက ထိုအရာသည်ကွဲပြားသည့် ကိစ္စတစ်ခုဖြစ်သည်။

အခန်း ၅၃ - ငါမင်းနဲ့အတူလိုက်ခဲ့မယ်

"ဒါက သူ့အမေအပေါ်မှာဘဲ မူတည်တယ်....တကယ်လို့သူ့အမေက လေးယောက်မြောက်သခင်မလေးကို မပြန်စေချင်သေးရင်တော့ သူခဏလောက်နေရလိမ့်မယ်"

အိမ်တော်ထိန်းမိုသည် တိကျသောအဖြေတစ်ခုကိုမပေးသော်လည်း စစ်ဝမ်၏မိခင်အမည်ကိုအသုံးပြုကာ မသေချာသောအချိန်တစ်ခုကိုပြောပြလာခဲ့သည်။

အတိုချုပ်ပြောရမည်ဆိုလျှင် စစ်ဝမ်၏မိခင်ကသာ သူမအားပြန်ခွင့်မပေးပါက အိမ်တော်ထိန်းမိုက ပြန်ခွင့်မပေးနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။

"ဝမ်မိသားစုရဲ့ချွေးမတွေကကော သူမတို့ရဲ့အမေတွေနဲ့တွေ့ဖို့ နှစ်အနည်းငယ်လောက်ကြာတဲ့ထိ အိမ်ပြန်ကြတာလား"

ထိုအခိုက်အတန့်တွင် ရှောင်ယုကမေးမြန်းလိုက်သည်။

ရှောင်ယု၏အမေးကြောင့် အိမ်တော်ထိန်းမိုသည် မျက်မှောင်ကြုတ်လိုက်ကာ ပြန်ဖြေလိုက်သည်။

"ငါတို့ဝမ်မိသားစုရဲ့အိမ်က အကြီးကြီးပဲ...ပြီးတော့နယ်မြေကလည်းချမ်းသာကြွယ်ဝတယ်...ဒါကြောင့်ချွေးမတွေအားလုံးကလည်း သာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ထားကြတယ်...ဘာလို့သူမတို့ကအိမ်မပြန် ချင်ကြရမှာလဲ"

ရှောင်ယုသည် အိမ်တော်ထိန်းမိုအားကြည့်၍ တိုးတိုးလေးညဉ်းညူလိုက်သည်။

"ဒါဆိုရင် ငါ့ရဲ့၅ယောက်မြောက်မရီးကို ဒီမှာနေရတာပျော်လားလို့ ဘာလို့မမေးတာလဲ..."

ရှောင်ယု၏တုံ့ပြန်မှုကြောင့် အိမ်တော်ထိန်းမိုသည် အနည်းငယ်စိတ်ဆိုးသွားခဲ့သည်။သာမန်အားဖြင့်ဆိုပါက ရှောင်မိသားစုသည် စစ်ဝမ်အား သူတို့နောက်သို့လိုက်သွားရင် အသာတကြည်ခွင့်ပြုပေးရမှာဖြစ်သည်။သို့သော် ဤရိုင်းစိုင်းသောကောင်လေးသည် သူတို့၏အကြံအစည်အား နှောင့်ယှက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ဤဖြုန်းတီးသောကောင်သည် သူ၏အဖြေတိုင်းကို ကန့်လန့်တိုက်နေသောကြောင့် ရှောင်ယုသည်စစ်ဝမ်အား သူတို့နှင့်ပြန်ထည့်ပေးလိုခြင်းမရှိကြောင်း သိသာပေသည်။

ဒီကောင်က ခုထိခြင်္သေ့မြို့ရဲ့အခြေအနေကို နားမလည်ဘူးလား...အဲ့တုံးက ရှောင်ကျန်းထျန်ရဲ့မျက်နှာကြောင့် စတုတ္ထမြောက်သခင်မလေးကို လက်ထပ်ပေးခဲ့တာပဲ...ခုတော့စတုတ္ထမြောက်သခင်မလေးရဲ့ ခင်ပွန်းကစောစောစီးစီးဆုံးပါးသွားခဲ့ပြီး သူမကလည်းမုဆိုးမဖြစ်သွားခဲ့ပြီ...ရှောင်ကျန်းထျန်ကွယ်လွန်သွားပြီးတဲ့ နောက်မှာ ခြင်္သေ့မြို့ဟာလည်းအကျပ်အတည်းဖြစ်နေတာမလား...ငါတို့သာ သခင်မလေးကိုပြန်ခေါ်သွားမယ်ဆိုရင် မင်းရဲ့ပုခုံးပေါ်မှာရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးကို ငါတို့ယူဆောင်ပေးသွားတာနဲ့ မတူဘူးလား...

အိမ်တော်ထိန်းမို၏ မျက်နှာသည် ရုတ်တရက်မှုန်မိုင်းသွားခဲ့ပြီးနောက် ရှောင်ယုကိုဒေါသတကြီးစိုက်ကြည့်လိုက်သည်။ထို့နောက် အိမ်တော်ထိန်းမိုသည် တစ်စုံတစ်ခုကိုသတိရသွားခဲ့ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

"ဒီကောင်လေးက အပျော်အပါးမက်တယ်ဆိုတာ ငါမေ့နေတာပဲ...ဒီကောင်ကစတုတ္ထမြောက်သခင်မလေးကို လိုချင်နေတာဖြစ်နိုင်တယ်...သခင်မလေးက အရမ်းကိုလှပပြီးတော့ အခြားဝမ်အိမ်တော်ကသခင်မလေးတွေထဲမှာတောင် ယဉ်ကျေးမှုအရှိဆုံးနဲ့ အမြော်အမြင်အရှိဆုံး အလှဆုံးဆ်ိုလည်းမမှားဘူး...ဒီကောင်လေးက သေချာပေါက်သခင်မလေးကို အပိုင်သိမ်းချင်နေတာသေချာတယ်...ကံကောင်းလို့ပဲ ခုနလေးတင် သခင်မလေးကိုစစ်ဆေးကြည့်တော့ အပျိုစင်ဖြစ်နေတုံးပဲ....အဲလိုမှမဟုတ်ရင် သူမကိုအိမ်ပြန်ခေါ်သွားတဲ့အခါကျ ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်"

"၄ယောက်မြောက်သခင်မလေး...မင်းရဲ့အမေက အပြင်းအထန်နေမကောင်းဖြစ်နေပြီးတော့ မင်းကိုအရမ်းတွေ့ချင်လာလို့ ငါ့ကိုဒီကိုလွှတ်ပြီးသတင်းပို့ခိုင်းတာပဲ....မင်းငါနဲ့အတူလိုက်လာလို့ ဆန္ဒရှိလား..."

အိမ်တော်ထိန်းမိုသည် ညဏ်ကောင်းသူတစ်ဦးဖြစ်ရာ ရှောင်ယုမေးမြန်းစေလိုသောအရာအား စစ်ဝမ်အားမေးမြန်းရလောက်အောင် တုံးအမနေခဲ့ပေ။စစ်ဝမ်သည် စိတ်နှလုံးကောင်းပြီး သူတစ်ပါးအပေါ်အလွန်ငဲ့ညာတတ်ကြောင်း သူသိရှိထားသည်။ယခုလိုလူအများရှေ့တွင် သူမသည် ခြင်္သေ့မြို့၌နေထိုင်ရသည်မှာ မပျော်ရွှင်ဟု သူမလုံးဝဖွင့်ပြောမည်ဟုတ်ပေ။သူမသည် ပျော်ရွှင်နေသည်ဟုဖြေလာပါက သူမသည်ရှောင်ယု၏ထောင်ချောက်အတွင်း ကျဆင်းသွားမှာဖြစ်သည်။

သို့သော်လည်း ရှောင်ယုသည် အိမ်တော်ထိန်းမိုအား စစ်ဝမ်ကိုထိုကဲ့သို့သောမေးခွန်းမျိုး မေးမြန်းစေလိုကြောင်း အိမ်တော်ထိန်းမိုမသိရှိခဲ့ပေ။သူသည် ရေချိုးခန်းအတွင်းရှိ ဆုရှာနှင့်စစ်ဝမ်တို့အကြား စကားပြောဆွေးနွေးမှုကိုကြားခဲ့ရပြီးနောက်တွင် စစ်ဝမ်သည်သူ၏အိမ်သို့ပြန်မယ့်အစား ဤနေရာ၌သာပျော်ရွှင်စွာနေလိုကြောင်း နားလည်ထားပြီဖြစ်သည်။

"အမေက တကယ်နေမကောင်းတာလား..."

စစ်ဝမ်သည် အိမ်တော်ထိန်းမိုအားစိုက်ကြည့်ရင်း တုန်ခါနေသောလေသံဖြင့် မေးမြန်းလိုက်သည်။

အိမ်တော်ထိန်းမိုသည် သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

"၄ယောက်မြောက်သခင်မလေး ထွက်သွားတဲ့နေကစပြီးတော့ အမျိုးသမီးဟာ အထီးကျန်တဲ့ဝေဒနာကိုခံစားရပြီး စိတ်ကျရောဂါရသွားခဲ့တယ်...ပြီးတော့သခင်မလေးအကြောင်းကိုပဲ နေ့ရောညပါတွေးတောနေခဲ့တယ်....ခုချိန်မှာအမျိုးသမီးဟာ တကယ်နေမကောင်းဖြစ်နေလို့ အချိန်မနှောင်းခင်သခင်မလေးကို နောက်တစ်ကြိမ်တွေ့ချင်နေခဲ့တယ်"

အိမ်တော်ထိန်းမိုသည် သူပြောသည့်စကားများတွင် တစ်စုံတစ်ခုကို ပွင့်ပွင့်လင်းလင်းထိန်ချန်ထားခဲ့သည်။စစ်ဝမ်၏မိခင်သည် မည်သည့်ရောဂါဖြစ်နေကြောင်း သူအတိအကျမပြောခဲ့ပေ၊ထို့ပြင်သူသည် စစ်ဝမ်၏စိတ်နှလုံးကို ပျော့ပြောင်းလာစေရန်အတွက် အချို့သောစကားလုံးများကို ထည့်သွင်းပြောဆိုခဲ့သည်။အမှန်တကယ်တွင် စစ်ဝမ်၏မိခင်သည် ဝမ်သခင်ကြီး၏တရားဝင်ဇနီးမယားမဟုတ်ဘဲ မယားငယ်တစ်ယောက်သာဖြစ်သည်။

အိမ်တော်ထိန်းမိုသည် ဤခန်းမအတွင်းသို့ရောက်ရှိချိန်ကပင် စစ်ဝမ်အား သူမ၏မိခင်အား ဝမ်အိမ်တော်နှင့်မသက်ဆိုင်သလို လေးယောက်မြောက်သခင်မလေးနှင့် အမျိုးသမီးဟူသော အသုံးအနှုန်းများကိုသာ ထည့်ပြောခဲ့သည်။

"အမေ...သူ...သူ"

စစ်ဝမ်သည် သူမ၏အမေကို အမှန်တကယ်လွမ်းဆွတ်နေပုံရပြီး သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာခဲ့သည်။

"အမျိုးသမီးဟာ အခန်းထဲမှာပဲ အချိန်ပြည့်နေပြီး လေးယောက်မြောက်သခင်မလေးရဲ့ အဝတ်အစားတွေကိုပဲ ကြည့်နေတတ်တယ်...တစ်ခါတစ်ခါ သူမဟာအဲလိုပုံစံမျိုးနဲ့ နေ့ဝက်လောက်ကြာအောင်ရှိနေတတ်တယ်...သူမဟာအသက်သိပ်မကြီးသေးပေမယ့် ဆံပင်တွေဖြူနေပြီး သူမရဲ့မျက်နှာပေါ်မှာ အရေးအကြောင်းတွေပြည့်နေခဲ့ပြီ...အရင်ကတော့ အမျိုးသမီးဟာ ဝမ်နယ်မြေရဲ့နံပါတ်၁ အလှမယ်ဖြစ်ခဲ့ပေမဲ့ ခုတော့..."

အိမ်တော်ထိန်းမိုသည် မုသားအပြည့်ပါသော သူ၏စကားကိုဆက်ပြောခဲ့သည်။

ရှောင်ယုသည် မုသားစကားပြောနေသည့် လူအိုကြီးကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်ကာ လက်သီးဆုပ်လိုက်မိသည်။

"လူယုတ်မာတွေ...သူတို့က ဒီသခင်ရဲ့နယ်မြေကလူတွေကို ယုတ်မာတဲ့လှည့်ကွက်တွေ မုသားစကားတွေပြောပြီး ခေါ်ယူချင်နေကြတာလား...သူတို့ရဲ့ရည်ရွယ်ချက်ကို ငါမသိဘူးထင်နေလား...၅ယောက်မြောက်မရီးကသာ သူတို့နဲ့အတူအိမ်ပြန်သွားပြီဆိုရင် နောက်နေ့တောင်မကူးဘဲ အခြားနယ်မြေကသခင်လေးဆိုတဲ့ကောင်နဲ့ အတင်းလက်ထပ်ခိုင်းပြီး သူတို့ရဲ့ဆက်ဆံရေးကိုတိုးမြင်ံအောင်လုပ်မယ်ပေါ့...သူတို့နဲ့ယှဉ်လိုက်ရင် ငါ့ရဲ့လုပ်ရပ်တွေက သူတော်စင်တစ်ယောက်လိုတောင် ပြောရမယ့်ပုံဘဲ"

ရှောင်ယုသည် တိုးတိုးလေးရေရွတ်လိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ စစ်ဝမ်၏အနီးသို့ရောက်လာပြီး သူမ၏ပုခုံးကိုညင်သာစွာပွတ်သပ်၍ နှစ်သိမ့်လိုက်သည်။

"၅ယောက်မြောက်မရီးက အိမ်ကအမေကို အရမ်းလွမ်းနေတယ်ဆိုရင် အိမ်ကိုပြန်သင့်တယ်လို့မထင်ဘူးလား"

ထိုအခိုက်အတန့်တွင် ရှောင်ယုကအများမထင်မှတ်ထားသည့် ကိစ္စတစ်ခုကို ပြောလာခဲ့သည်။

ဆုရှာသည် ရှောင်ယု၏စကားကြောင့် မတ်တပ်ထရပ်လိုက်ကာ ရှောင်ယုအား စိုက်ကြည့်လိုက်သည်။

"မင်းရူးသွားပြီလား...သူသာအိမ်ပြန်ရန် ဘာဖြစ်သွားမယ်ဆိုတာ သိလား..."

ဆုရှာသည်ပင် အိမ်တော်ထိန်းမိုတစ်ယောက် ခြင်္သေ့မြို့သို့အလည်ရောက်လာကာ စစ်ဝမ်အားပြန်ခေါ်ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းသိထားပေသည်။ဆုရှာနှင့်စစ်ဝမ်တို့်အကြား ဆက်ဆံရေးသည် အလွန်ကောင်းမွန်သောကြောင့် ဆုရှာသည် စစ်ဝမ်အား သူမ၏မိသားစုအတွက် နိုင်ငံရေးဆိုင်ရာညှိနိုင်းမှုအတွက် အသုံးပြုခံမယ့်အစား ဤနေရာ၌သာဆက်လက်နေထိုင်လိုခဲ့သည်။အနည်းဆုံးတော့ ယခုအချိန်တွင် ခြင်္သေ့မြို့ငယ်လေးသည် အေးချမ်းပြီး ရှောင်ယု၏မရီးများအကြားတွင် မနာလိုမှုများ ၊ ခိုက်ရန်ဖြစ်ပွားမှုများ ၊ချောက်တွန်းမှုများမရှိခဲ့ပေ။အတိတ်ကခါးသီးသောအချိန်များတွင် သူမတို့အချင်းချင်းပိုမိုနီးစပ်လာခဲ့ကြပြီး ယခုလိုသူမတို့အနာဂတ်တောက်ပလာချိန်တွင် သူမတို့အကုန်ပျော်ရွှင်စွာခံစားလိုကြသည်။

ဆုရှာသည် ခြင်္သေ့မြို့တွင် စစ်ဝမ်၏အကြောင်းကို အသိဆုံးတစ်ယောက်ဖြစ်သည်။စစ်ဝမ်သည် ခြင်္သေ့မြို့သို့ရောက်ရှိလာရသောအကြောင်းရင်းမှာ ယခုသူမကြုံတွေ့လာရမယ့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းမှုကြောင့်ပင်ဖြစ်သည်။ယခုလည်း သူမသည်အလားတူဖြစ်ရပ်အား နောက်ထပ်တစ်ကြိမ်ကြုံတွေ့ရတော့မည်ဖြစ်ရာ ရှောင်ယု၏သဘောတူညီမှုကိုမြင်တွေ့လိုက်ရ၍ ဒေါသထွက်သွားခဲ့သည်။

ရှောင်ယုသည် ဆုရှာ၏ဒေါသကို မသိဟန်ဆောင်ကာ မျက်လုံးမှိတ်၍ပြုံးလိုက်မိသည်။

"စိတ်ကိုအေးအေးထားပါ ၄ယောက်မြောက်မရီး...၅ယောက်မြောက်မရီးက သူမအမေရဲ့အခြေအနေကိုသိချင်လို့ အိမ်ကိုတစ်ချက်လောက်ပြန်ချင်ရုံလေးပါ...သူမရဲ့အမေသာ အခြေအနေပြန်ကောင်းလာပြီဆိုရင် သူမကခြင်္သေ့မြို့ကိုကျိန်းသေပေါက်ပြန်လာမှာပေါ့...ဒါ့အပြင်ခရီးစဉ်တစ်ခုလုံးမှာ သူမကိုဘယ်သူကမှ အနှောင့်အယှက်မပေးစေဖို့ ငါကိုယ်တိုင်သူမနဲ့အတူလိုက်သွားမှာပါ"

အိမ်တော်ထိန်းဟောင် ၊ ကပ္ပတိန်ဟွေ့နှင့်အခြားသောမရီးများသည် ရှောင်ယု၏စကားကိုနားထောင်အပြီးတွင် ရှောင်ယုအားသူတို့၏နှလုံးသားထဲမှ နှစ်နှစ်ကာကာချီးကျူးလိုက်ကြသည်။ရှောင်ယုသည် စစ်ဝမ်၏အခက်အခဲကို သတိပြုမိသောကြောင့် သူမအခက်မတွေ့စေရန်နှစ်သိမ့်ပေးခဲ့သလို သူမခြင်္သေ့မြို့သို့ပြန်လာလိုလျင်လည်း သူမဘေးကင်းကြောင်းသေချာစေရန် လုပ်ဆောင်ပေးမယ်ဟု ကတိပြုခဲ့သည်။

သို့သော် ရှောင်ယု၏နောက်ဆုံးစကားက အိမ်တော်ထိန်းမိုအား အငိုက်မိစေခဲ့သည်။မည်သို့ပင်ဆိုစေ လူတိုင်းသည်ရှောင်ယုအတွက် စိုးရိမ်နေခဲ့ကြသည်။အဆုံးသတ်တွင် ဝမ်မိသားစုထံမှ စစ်ဝမ်အားပြန်ခေါ်ရသည်မှာ လွယ်ကူမည်မဟုတ်ပေ။

ရှောင်ယု၏စကားစစချင်းတွင် အိမ်တော်ထိန်းမိုသည် အလွန်ပျော်ရွှင်နေခဲ့သော်လည်း စကားအဆုံးတွင် ရှောင်ယုအားငရဲသို့ရောက်အောင် အပြေးအလွှားသွားရောက်ကန်ချလိုစိတ်ဖြစ်သွားခဲ့သည်။သူ၏လက်များခြေထောက်များသည် အဆက်မပြတ်တုန်ယင်နေကာ ရှောင်ယုအားပြေးမရိုက်မိစေရန် သတိပေးနေရသည်။

"ကောင်းပြီ...အဲ့ဒါဆိုရင် ငါတို့ဝမ်အိမ်ကိုပြန်ရအောင်..."

ထိုစကားကိုကြားချိန်တွင် စစ်ဝမ်သည် အပျော်ရွှင်ဆုံးဖြစ်ခဲ့သည်။သူမသည် သူမ၏အမေကိုအလွန်လွမ်းဆွတ်နေသော်လည်း သူမသာဝမ်စံအိမ်သို့ပြန်ရောက်ပါက သူမရင်ဆိုင်ရမယ့် အဖြစ်ဆိုးကိုသတိပြုမိပေသည်။

သို့သော်ရှောင်ယုသည် သူမနှင့်အတူလိုက်လာကာ သူမ၏အမေအားတွေ့ဆုံပြီးနောက် သူမအားပြန်ခေါ်လာလိမ့်မည်ဟု မထင်မှတ်ထား၍ သူမသည်ရှောင်ယုအားအလွန်ကျေးဇူးတင်နေမိသည်။သူမသည် ရှောင်ယု၏ပင်ကိုယ်စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေးတို့အား သိရှိထားသော်လည်း ရှောင်မိသားစုထံ၌ သူမဒုက္ခရောက်နေချိန်တွင် သူမအတွက်မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးနိုင်မယ့် အမျိုးသားတစ်ယောက်ရှိနေကြောင်း ခံစားမိ၍ ခြင်္သေ့မြို့သည်သာ သူမ၏အိမ်အစစ်အမှန်ဖြစ်ကြောင်း ခံစားမိလာခဲ့သည်။

"ကောင်းပြီ...ငါတို့်အကြားမှာ သဘောတူညီမှုရပြီဆိုတော့ အချိန်မဆွဲနဲ့တော့ မနက်ဖြန်ဘဲခရီးစရအောင်"

အိမ်တော်ထိန်းမိုက အလျင်လိုနေဟန်ဖြင့် နိုးဆော်လိုက်သည်။

ရှောင်ယုသည် အိမ်တော်ထိန်းမိုအား လှောင်ပြောင်နေသောအကြည့်ဖြင့်စိုက်ကြည့်ကာ ဟန့်တားလိုက်သည်။

"ဘာလို့အမြန်လိုနေရတာလဲ...ဧည့်သည်တွေက ခရီးရက်ရှည်ထွက်လာတာကြောင့် ပင်ပန်းနေကြပြီမလား...ဒါကြောင့်ရက်နည်းနည်းလောက်အနားယူသင့်တယ်လို့ထင်တယ်...ငါတို့လည်းဝမ်အိမ်တော်ကိုပေးမယ့် လက်ဆောင်တွေကိုပြင်ဆင်ထားသင့်တယ်မလား...၁၀ရက်လောက်ကြာရင်ငါတို့စထွက်မယ်"

အိမ်တော်ထိန်းမိုသည် အနည်းငယ်တုံ့ဆိုင်းသွားခဲ့သော်လည်း ရှောင်ယုမှ ထွက်ခွာမည်ဟု ကတိပြုထားသည်ကို တွေ့မြင်လိုက်ရ၍ မည်သည့်လှည့်ကွက်မှ ထပ်မလုပ်နိုင်တော့ဟု သေချာသွားခဲ့ကာ သဘောတူညီလိုက်သည်။

"ကောင်းပြီလေ...၁၀ရက်ဆ်ိုလည်း ၁၀ရက်ပေါ့"

အခန်း ၅၄ - မထွက်ခွာမှီ ကြိုတင်ပြင်ဆင်မှုများ

"သခင်လေး...၅ယောက်မြောက်သခင်မလေးက်ို သူတို့နဲ့ပြန်ထည့်ပေးလိုက်မှာ သေချာလား.."

အိမ်တော်ထိန်းမိုအား အနားယူရန်စီစဉ်ပေးပြီးနောက်တွင် အိမ်တော်ထိန်းဟောင်က ရှောင်ယုအားမေးမြန်းခဲ့သည်။အိမ်တော်ထိန်းဟောင် ၊ ကပ္ပတိန်ဟွေ့နှင့် အခြားသောမရီးများသည်လည်း ရှောင်ယု၏အစီအစဉ်သည် ဖြစ်နိုင်ခြေရှိမရှိ ဆွေးနွေးရန်စောင့်ဆိုင်းနေခဲ့ကြသည်။

"ဟုတ်တယ်...စစ်ဝမ်သာ အိမ်ပြန်ရင် နောက်တစ်ယောက်နဲ့လက်ထပ်ရလိမ့်မယ်"

ဆုရှာသည် စစ်ဝမ်ကို အိမ်ပြန်လွှတ်ရန် အလွန်ပင်တွန့်ဆုတ်နေခဲသည်။

ရှောင်ယုကမူ စိတ်အေးလက်အေးအမူအရာဖြင့် ထိုင်ခုံပေါ်၌ထိုင်လိုက်ပြီး ဝိုင်ဖန်ခွက်အားကောက်မလိုက်ကာ အေးအေးဆေးဆေးမော့သောက်လိုက်သည်။ထို့နောက် ရှောင်ယုသည်မျက်လုံးများကိုမှိတ်လို်က်ကာ မထီမဲ့မြင်လေသံဖြင့် ပြောလိုက်သည်။

"ငါလုပ်နိုင်မယ်လို့ မသေချာရင် ဒီစကားကိုမပြောဘူး...ငါကခြင်္သေ့မြို့ကို ကာရီရဲ့လက်ထဲကနေ ကာကွယ်မယ်လို့ပြောတုံးက ဘယ်သူငါ့စကားကိုယုံကြည်ခဲ့လို့လဲ"

လူတိုင်းသည် ယုံကြည်မှုပြည့်ဝနေသော ရှောင်ယု၏ကိုယ်ဟန်အနေအထားကိုကြည့်ရင်း မှင်သက်နေခဲ့ကြသည်။မကြာသေးမှီက ရှောင်ယုသည် မဖြစ်နိုင်ဟုထင်ရသော အရာများစွာကိုပြုလုပ်ခဲ့သည်။ယခုလည်း ရှောင်ယုသည် လူတိုင်းကမဖြစ်နိုင်ဟုထင်မှတ်ရလောက်အောင် ခက်ခဲသောတာဝန်တစ်ခုအား လုပ်ဆောင်ရန်အစပြုလာခဲ့သည်။

ယခင်က ခြင်္သေ့မြို့နှင့် ပတ်ဝန်းကျင်နယ်မြေများအကြားတွင် ရှောင်မိသားစုသည် သူ့ကိုယ်သူပင်မကာကွယ်နိုင်ခဲ့ပေ။သူတို့၏မြို့သည် အချိန်မရွေးပျက်စီးသွားတော့မလို ခံစားခဲ့ရသည်။သို့သော် ယခုအခါ အခြေအနေများက လုံးဝကွာခြားသွားခဲ့ပြီဖြစ်ကာ ခြင်္သေ့မြို့သည် အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီဖြစ်သည်။ထို့ပြင် ရှောင်ယုသည် အောစ့်များနှင့်နတ်သူငယ်တပ်များကို ဦးဆောင်ထားသည့်အတွက် စစ်ဝမ်အားပြန်မထည့်ပေးလိုပါက ဝမ်မိသားစုအားဖိအားပေးနိုင်ပေသည်။ယခုအခါ ရှောင်ယုထံတွင် ဝမ်မိသားစုအားစိန်ခေါ်ရန် လုံလောက်သည့်အင်အားရှိနေ၍ ယခုလိုဝမ်မိသားစု၏အစီအစဉ်အား သဘောတူလိုက်ရခြင်းမှာ သူ့ထံတွင်အရန်အစီအစဉ်တစ်ခုရှိနေ၍ဖြစ်သည်။

ထိုအတွက်ကြောင့် ခြင်္သေ့မြို့မှလူများသည် ရှောင်ယုနှင့်စစ်ဝမ်တို့အား ခရီးထွက်ရာတွင် အခက်အခဲမရှိနိုင်ရန် စတင်ပြင်ဆင်လာခဲ့ကြသည်။

ရှောင်ယုသည် ခရီးစမယ့်အချိန်အား ၁၀ရက်ခန့်ဆိုင်းငံ့လိုက်ရသည့် အကြောင်းရင်းမှာ သူ့ထံတွင်နယ်မြေအတွက် စဉ်းစားစရာများစွာရှိနေ၍ဖြစ်သည်။သူ၏နယ်မြေသည် လက်ရှိအချိန်တွင် ကနဦးဖွံ့ဖြိုးတိုးတက်မှုအဆင့်၌သာရှိနေသေး၍ သူဂရုစိုက်ရမယ့်အရာများစွာရှိနေခဲ့သည်။ကာရီ၏ဖခင်သည် သူ့အားအချိန်တိုအတွင်း လက်စားချေနိုင်ရန်မဖြစ်နိုင်သော်လည်း ကြိုတင်ကာကွယ်မှုများပြုလုပ်ထားခြင်းသည် မှားယွင်းသောအရာမဟုတ်ပေ။

ထို့ပြင် ရှောင်ယုမရှိတော့ပါက သူ့လက်အောက်ရှိမျိုးနွယ်စု ၃ခုသည် မည်သူ၏အမိန့်ကိုမှလိုက်နာမှာမဟုတ်ပေ။အဆုံးသတ်တွင် ရှောင်ယုသည် သူ၏နယ်မြေအတွင်းသို့ လူများဝင်ရောက်နေထိုင်လာစေရန် မူဝါဒအသစ်များကို ချမှတ်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။

ဝမ်မိသားစု၏နယ်မြေသည် ခြင်္သေ့မြို့မှ မိုင်ပေါင်း၂၀၀၀ခန့်ကွာဝေးသည်ဖြစ်ရာ လေယာဉ် ၊ ရထားနှင့်ကားများမရှိသည့် ယခုလိုခေတ်တွင် အသွားအပြန်တစ်လခန့်ကြာမြင့်မည်ဖြစ်သည်။ထို့နောက် ဝမ်မိသားစုနယ်မြေတွင် တစ်လခန့်နေထိုင်ရမည်ဖြစ်ရာ ရှောင်ယုသည် အနည်းဆုံးခြင်္သေ့မြို့မှ နှစ်လခန့်ဝေးကွာနေမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်နိုင်သည်။

ထို့ကြောင့် ရှောင်ယုသည် လယ်သမားများအတွက် သင့်တော်သော မူဝါဒများ အကောင်အထည်ဖော်ရန်နှင့် နီးစပ်ရာနယ်မြေများမှ လယ်သမားများကို စုစည်းရန်အတွက် အကျိုးခံစားခွင့်များချမှတ်ပေးရန်အတွက် အိမ်တော်ထိန်းဟောင်နှင့်ကပ္ပတိန်ဟွေ့တို့နှင့်အတူ ဆွေးနွေးခဲ့သည်။

သူသည် နယ်မြေလူဦးရေးတိုးတက်လာစေရန်အတွက် နေရာတိုင်းမှလူများကိုဆွဲဆောင်ရန် စီစဉ်ခဲ့သည်။အတိတ်ကာလကဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် သူ၏နယ်မြေတွင်ကြုံတွေ့ရသည့် အဓိကပြဿနာမှာ လူဦးရေအရေအတွက်ဖြစ်သည်။ရှောင်ယုသည် ဓားပြစခန်းများကိုဖျက်ဆီးခဲ့ပြီး ထိုဓားပြစခန်းများမှ ဒုက္ခသည်များကို ခြင်္သေ့မြို့ထံပြောင်းရွေ့ခဲ့သော်လည်း နယ်မြေလူဦးရေသည် ၅၀၀၀၀ အောက်သာရှိနေသေးသည်။

ရှောင်ယုချမှတ်လိုက်သည့် အဓိကမူဝါဒများမှာ အခွန်အတုပ်ကင်းလွတ်ပေးခြင်းနှင့် အခွန်လျော့ချခြင်းတို့ဖြစ်သည်။ရှောင်ယုသည် ခြင်္သေ့မြို့နေလူထုက ၃နှစ်တာကာလအတွင်း အခွန်ကင်းလွတ်ခွင့်ရရှိသည့်အကြောင်းကို အနီးအနားနယ်မြေရှိလူများအား သိရှိစေရန်အတွက် တိတ်တဆိတ်သတင်းဖြန့်ရန် သူလျှိုများကိုအမိန့်ပေးခဲ့သည်။

ခြင်္သေ့မြို့သို့ ရွှေ့ပြောင်းနေထိုင်လာသူတိုင်းသည် သုံးနှစ်တာကာလအတွင်း အခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်သည်။သူတို့သည် နယ်မြေအတွင်းရှိ မည်သည့်နေရာ၌မဆို ရွေ့ပြောင်းနေထိုင်ခွင့်ရရှိမှာဖြစ်ငါ လယ်ယာမြေများဖော်ဆောင်၍ ကောက်ပဲသီးနှံများကို စိုက်ပျိုးနိုင်မှာဖြစ်သည်။ထိုသို့ဆိုလျှင် သူတို့သည်ကောက်ပဲသီးနှံကိုရောင်းချခြင်းမှ ရရှိလာသောငွေကြေးတချို့တဝက်အား ခြင်္သေ့မြို့ထံသို့ ၅နှစ်တိတိအခွန်ပေးဆောင်ရန်မလိုအပ်ပေ။ရှောင်ယုသည် သူတို့စိုက်ပျိုးအောင်မြင်လာသော စပါးများကိုလက်ဖျားလေးဖြင့်တောင်ထိမှာမဟုတ်ပေ။

ဤခေတ်တွင် ပြည်သူများသည် လယ်မြေများကို ပိုင်ဆိုင်ခွင့်မရှိပေ။လယ်မြေများဟူသည် မူးမတ်များနှင့်သာသက်ဆိုင်သောအရာဖြစ်သည်။ယခုမူ လယ်ယာမဲ့လယ်သမားများသည် သူတို့၏ကောက်ပဲသီးနှံများကို စိုက်ပျိုးရန်အတွက် ရှောင်ယုထံမှလယ်မြေများကို ချေးငှါးနိုင်ပြီဖြစ်သည်။ရှင်းရှင်းပြောရလျှင် သူတို့သည်ရှောင်ယု၏ လယ်ငှါးများဖြစ်လာမှာဖြစ်သည်။ရှောင်ယု ယခုချမှတ်လိုက်သော မူဝါဒများအရ ထိုလယ်ငှါးများသည် သူတို့ငှါးရမ်းထားသော လယ်မြေများကို၅နှစ်ကြာအခမဲ့ အသုံးပြုခွင့်ရမှာဖြစ်သည်။ယခုခေတ်တွင် အများပိုင်လယ်ယာဟူသည့်ကဏ္ဍသည် မပေါ်ပေါက်သေးသည့်အတွက် ရှောင်ယု၏လုပ်ရပ်များသည် အခြားသူများ၏အာရုံစိုက်မှုကို ရရှိလာမှာဖြစ်သည်။

အနောက်ပိုင်းမြေရိုင်းဒေသသည် မြုံနေသောဒေသတစ်ခုဖြစ်သော်လည်း စိုက်ပျိုးရန်မဖြစ်နိုင်ဟုမဆိုလိုပေ။သို့သော် ချမ်းသာကြွယ်ဝသောတောင်ပိုင်းဒေသနှင့် နှိုင်းယှဉ်ပါက ကောက်ပဲသီးနှံအထွက်နှုန်းသည် ပိုမိုဆိုးရွားပေသည်။သို့သော်လည်း ရှောင်ယု၏နည်းလမ်းအတိုင်းဆိုပါက လယ်သမားများသည် သူတို့၏ကိုယ်ပိုင်လယ်မြေကိုပိုင်ဆိုင်မည်ဖြစ်ကာ အခွန်ပေးဆောင်ရန်မလိုအပ်၍ တောင်ပိုင်းဒေသနှင့်ယှဉ်လျင်ပင် အထွက်နှုန်းပိုတိုးအောင် ကြိုးစားလုပ်ကိုင်ကြမှာဖြစ်သည်။ရှောင်ယုသည် ခေတ်မှီသောအတွေးအခေါ်များကို ပိုင်ဆိုင်သူဖြစ်ရာ သူ၏ကိုယ်ပိုင်လူ့အဖွဲ့အစည်းအားဖွံ့ဖြိုးတိုးတက်ရန် အချိန်များစွာယူရမည်ဖြစ်ကြောင်း နားလည်ထားပေသည်။

လယ်ယာမြေများကို အများပိုင်ပြုလုပ်ခြင်းသည် သမိုင်းတွင်ကြုံတွေ့လာရမည့် ရှောင်လွဲ၍မရလာသော လမ်းစဉ်ဖြစ်သည်။သို့သော် ထိုအရာသည် နေ့ချင်းညချင်းအကောင်အထည်ဖော်နိုင်မည့် အရာမဟုတ်ခဲ့ပေ။ရှောင်ယုသည် ရှန့်ယန်၏စပါးခင်းများနှင့်ပတ်သက်၍ ပြောင်းလဲပြုပြင်မှုများအတိုင်း လိုက်လံလုပ်ဆောင်ရန်စီစဉ်ထားသော်လည်း အိမ်တော်ထိန်းဟောင်က အပြင်းအထန်ကန့်ကွက်ခဲ့သည်။

အိမ်တော်ထိန်းဟောင်သည် ရှေးရိုးစွဲလူအိုကြီးတစ်ယောက်ဖြစ်ရာ လယ်မြေများသည် မူးမတ်များကသာပိုင်ဆိုင်သင့်သည့်အရာဟု လုံးဝယုံကြည်ထားခဲ့သည်။သို့ဖြစ်ရာ လယ်သမားများအား လယ်မြေပိုင်ဆိုင်ခွင့်မပေးနိုင်ဟု ဆုံးဖြတ်ခဲ့သည်။

ရှောင်ယုသည် အိမ်တော်ထိန်းဟောင်အား သူ၏အကြံအစည်ကိုလက်ခံနိုင်စေရန်အတွက် အချိန်အတော်ကြာအောင် ရှင်းပြခဲ့ရပေသည်။အဆုံးသတ်တွင် လယ်သမားများကိုဆွဲဆောင်ရန် သူ၏မူဝါဒကို လူထုထံချပြခဲ့ပြီး အဆိုပါမူဝါဒအား ခြင်္သေ့မြို့နေလူထုက အခိုင်အမာထောက်ခံခဲ့သည်။ခြင်္သေ့မြို့အနီးရှိမြေနေရာသည် အလွန်ပင်ကျယ်ပြန့်သောကြောင့် အချိန်တိုအတွင်း ရွေ့ပြောင်းလာသည့်လယ်သမားဦးရေ၂ဆတိုးလာခဲ့သည်။

ထို့ပြင် ဤမူဝါဒအား အကောင်အထည်ဖော်လိုက်ခြင်းဖြင့် ဓားပြအဖွဲ့များထံ မတတ်သာ၍ခိုလှုံခဲ့ရသူများသည် ခြင်္သေ့မြို့ထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။လွန်ခဲ့သောတစ်လအတွင်း ခြင်္သေ့မြို့နေလူဦးရေသည် ၁၀၀၀၀ခန့်တိုးပွားလာခဲ့သည်။

ရှောင်ယုသည် ထိုမူဝါဒကိုကျင့်သုံး၍ လယ်ယာမြေများအား ဖော်ဆောင်ရန်အတွက် အိမ်တော်ထိန်းဟောင်အား အမိန့်ပေးခဲ့သည်။နယ်မြေတစ်ခု၏ စားနပ်ရိက္ခာထောက်ပံ့မှုသည် လယ်သမားများအပေါ်မူတည်ကြောင်း ရှောင်ယုနားလည်ပေသည်။ဤနည်းဖြင့်သာ သူသည်စစ်သားများအတွက် ရိက္ခာထောက်ပံ့နိုင်ပြီး ပန်းပဲဆရာများကဲ့သို့ ပါရမီရှင်များကို ခြင်္သေ့မြို့ထံလာရောက်နေထိုင်ရန် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

အိမ်တော်ထိန်းဟောင်သည် ရှောင်ယု၏မူဝါဒကို အကောင်အထည်ဖော်ရင်းး တဖြည်းဖြည်းကျင့်သားရရှိလာခဲ့သည်။လက်ရှိ သူတို့၏နယ်မြေအတွင်းသို့ ရွေ့ပြောင်းလာသူအရေအတွက်သည် ယခုအတိုင်းဆက်သွားနေမည်ဆိုပါက အနောက်မြေရိုင်းနယ်မြေတစ်ခုလုံးသည် ရှောင်ယု၏လက်ထဲသို့ ရောက်ရှိလာတော့မှာဖြစ်သည်။

ထို့ပြင် ရှောင်ယုသည် ကာရီ၏ဖခင်ပိုင်ဆိုင်သော နယ်မြေတွင်နေထိုင်သူများအား နှောင့်ယှက်ရန်စီစဉ်နေခဲ့သည်။

ဤအတောအတွင်း ရှောင်ယုသည် အားသက်စ်အား တောင်တန်းများပေါ်လှည့်လည်၍ သားရဲများကို သတ်ဖြတ်ရန်စေလွှတ်ခဲ့သည်ဖြစ်ရာ အားသက်စ်သည် အဆင့်၄သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ရှောင်ယုသည် ကာရီ၏နယ်မြေ၌နေထိုင်သူများအား အကြောက်တရားများနှင့်ဖုံးလွှမ်းနေစေရန်အတွက် မရဏမြင်းသည်တော် အားသက်စ်နှင့် ဖုတ်ကောင်များကိုစေလွှတ်နှောင့်ယှက်ရန်အတွက် ပြင်ဆင်ခဲ့သည်။

ထို့ပြင် ရှောင်ယုသည် ခြင်္သေ့မြို့အား ခုခံကာကွယ်ရေးအတွက် အစစအရာရာစီစဉ်ခဲ့သည်၊ရှောင်ယုက သူ့လက်အောက်ရှိတပ်သားများသည် အားကောင်းကြောင်းနားလည်းထားသော်လည်း ထိုတပ်သားများအားလုံးသည် သူ၏အမိန့်ကိုသာနာခံတတ်ကြပြီး သူတို့သဘောဆန္ဒအတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ထို့ကြောင့် သူခြင်္သေ့မြို့၌ရှိမနေချိန်တွင် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးအား ဦးဆောင်နိုင်သည့် သူရဲကောင်းများကိုထုတ်လုပ်ရန် စီစဉ်ခဲ့သည်။သူသည် တပ်ဖွဲ့များကိုစနစ်တကျဦးဆောင်နိုင်ပြီး နည်းဗျူဟာများကို အကောင်အထည်ဖော်နိင်သည့် ညဏ်ရည်ညဏ်သွေးရှိသော သူရဲကောင်းများကိုသာ အလိုရှိပေသည်။

အနာဂတ်တွင် စစ်ပွဲများအဆက်မပြတ်ဖြစ်ပွားလာမည်ဖြစ်ကြောင်း ရှောင်ယုခန့်မှန်းမိပေသည်။သို့သော်လည်း ရှောင်ယုသည် နေရာတိုင်းတွင်ရှိမနေန်ိုင်သောကြောင့် သူ၏အမိန့်ကိုသာ နာခံတတ်သောသူရဲကောင်းများအစား အခြေအနေကိုလိုက်၌ လိုက်လျောညီထွေစွာ လုပ်ကိုင်တတ်သည့် သူရဲကောင်းများကိုသာအလိုရှိပေသည်။သူပထမဆုံး အာရုံစိုက်ခဲ့သောသူရဲကောင်းမှာ အောစ့်ဘုရင်သရောလ်ဖြစ်သည်။

သရောလ်သည် အောစ့်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သည်။သူ့ထံတွင် ဘုရင်တစ်ပါး၏စိတ်နေစိတ်ထားနှင့် ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းများဖြင့် လစ်ဟင်းခြင်းမရှိ မွေးဖွားလာသူဖြစ်သည်။ရှောင်ယုသည် သရောလ်အား သူ၏ကျွမ်းကျင်မှုများကိုသင်ယူစေပြီးနောက် စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အခြေခံကျွမ်းကျင်မှုများကို ဂရုတစိုက်ရှင်းပြခဲ့သည်။

ရှောင်ယုသည် ယခင်တက္ကသိုလ်ကျောင်းသားဘဝက သူ၏အချိန်အများစုကို ဂိမ်းကစားရင်း ကုန်ဆုံးစေခဲ့သည်။ထို့ကြောင့် အဆောင်မှူးဖြစ်သူ၏ အစီအစဉ်အောက်တွင် သူသည်မသင်မနေရ အခြေခံစီမံခန့်ခွဲမှုသင်တန်းများသို့ တက်ရောက်သင်ကြားခဲ့ရရာ ထိုအချက်အလက်များကို သိရှိနေခြင်းဖြစ်သည်။

သရောလ်သည် လျင်မြန်စွာသင်ယူတတ်သူတစ်ဦးဖြစ်ရာ အချိန်တိုလေးအတွင်းမှာပင် သူ့ကိုယ်သူစစ်မှန်သော အောစ့်မျိုးနွယ်စုခေါင်းဆောင်အဖြစ် သတ်မှတ်နိုင်ခဲ့သည်။

ဂရင်းသည် သူရဲကောင်းတစ်ယောက်ဖြစ်သော်လည်း ခေါင်းဆောင်အမျိုးအစားမဟုတ်ပေ။သို့သော် သရောလ်သည်ကား အောစ့်တို့၏ဘုရင်တစ်ပါးဖြစ်သည့် သူရဲကောင်းတစ်ယောက်ဖြစ်သည်။

ရှောင်ယုသည် သူ့လက်အောက်ရှိတပ်ဖွဲ့များကို သရောလ်၏လက်အောက်သို့လွဲပြောင်းပေးကာ ခြင်္သေ့မြို့၌သူမရှိစဉ်ကာလအတွင်း ရန်သူအားမြို့သို့လာရောက်တိုက်ခိုက်ပါက ကပ္ပတိန်ဟွေ့အားကူညီရန်အမိန့်ပေးခဲ့သည်။ငြိမ်းချမ်းနေသောကာလများတွင်မူ သရောလ်သည်တပ်ဖွဲ့များကိုဦးဆောင်ကာ ဓားပြစခန်းများအားဖျက်ဆီးသွားမှာဖြစ်သည်။

ထိုသို့အစစအရာရာစီစဉ်ပြီးနောက်တွင် ရှောင်ယုသည် အားသက်စ်နှင့်အတူ ဒါဇင်နှင့်ချီသောဖုတ်ကောင်များနှင့် အရိပ်တစ္ဆေအနည်းငယ် ကိုခေါ်ဆောင်ကာ ကာရီ၏ဖခင်နယ်မြေသို့ ချီတက်လာခဲ့ကြသည်။

အရိပ်တစ္ဆေများသည် မမြင်တွေ့နိုင်သောတပ်ဖွဲ့များဖြစ်ကြသောကြောင့် အလွန်ကောင်းမွန်သော ကင်းထောက်များဖြစ်ကြသည်။ရှောင်ယုသည် သူ၏အင်အားနည်းပါးနေကြောင်း သတိထားမိသောကြောင့် အရိပ်အနည်းငယ်ကိုအသုံးပြုကာ အင်အားကြီးမားသောကာရီ၏ဖခင်ဖြစ်သူနယ်မြေအတွင်း၌ ကင်းထောက်လှုပ်ရှားစေခဲ့သည်။

All Chapters