အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
အခန်း ၆၁ - အရှက်မဲ့တယ်ဆိုတာ ဘာလဲ
ဝမ်မျိုးနွယ်သူရဲကောင်းများသည် အောစ့်စစ်သည်များ၏ လူမဆန်သောခွန်အားဖြင့် တိုက်ခိုက်လာသည်ကို ခုခံရန်အသင့်ပြင်ဆင်ထားခဲ့သော်လည်း သူတို့သည် ဂရင်း၏အမြန်နှုန်းကြောင့် အံ့သြတကြီးဖြစ်သွားရသည်။
သူတို့၏အမြင်တွင် အောစ့်များသည် အားကောင်းသောခွန်အားကိုအမှီပြုကာ ရိုးရှင်းစွာတိုက်ခိုက်ကြခြင်းဖြစ်သည်။သူတို့သည် လူသားများအဓိကအသုံးပြုသော ကျွမ်းကျင်မှုများအား မည်သည့်အချိန်ကအသုံးပြုနိုင်သွားသည်နည်း။
အိမ်တော်ထိန်းမိုသည်လည်း ထိုမြင်ကွင်းအားတွေ့မြင်လိုက်ရ၍ အနည်းငယ် အံ့သြသွားခဲ့သည်။အလင်းကွင်းဆက်မှော်စာလိပ်သည် အောစ့်များ၏ပြင်းထန်သောတိုက်ခိုက်မှုအား ရင်ဆိုင်နိုင်စေရန်အတွက် ခြေလျင်တပ်သားများဖြင့်စုဖွဲ့ထားသည့် ဖွဲ့စည်းပုံတစ်ခုအား ခုခံမှုအရာတွင် ပိုမိုအားကောင်းလာစေရန် အသုံးပြုသည့်မှော်စာလိပ်ဖြစ်သည်။သို့သော်လည်း ဂရင်း၏လှုပ်ရှားမှုက ဤမှော်စာလိပ်၏အကျိုးသက်ရောက်မှုကို ဆုံးရှံးသွားစေခဲ့သည်။
ဂရင်းသည် အဆင့်၁၃သို့ရောက်ရှိနေပြီဖြစ်ကာ ခွန်အားတိုးဆေးနှင့်အရှိန်နှုန်းမြင့်တင်ဆေးကို သောက်သုံးပြီးနောက် သူ၏ခွန်အားသည် အဆင့်၁၆သို့ ရောက်ရှိလုနီးပါးဖြစ်သွားခဲ့သည်။ထို့ပြင် ဂရင်းထုတ်ဖော်လိုက်သည့် လေပွေကလည်း သက်ရောက်မှုအလွန်ပြင်းထန်ပေသည်။
ချွမ်...ချွမ်...
လေပွေအား စတင်အသုံးပြုလိုက်သည်နှင့် ဂရင်းသည်ဖွဲ့စည်းပုံ၏ အတွင်းပိုင်းကို စတင်ထိခိုက်စေခဲ့သည်။ခြေလျင်တပ်ဖွဲ့စည်းပုံတစ်ခုတွင် အဓိကအကျဆုံးအပိုင်းမှာ အမိန့်ပေးခြင်းပင်ဖြစ်သည်။သို့သော်လည်း ယခုအချိန်တွင် လေပွေ၏သက်ရောက်မှုကြောင့် သူတို့သည်ထွက်ပြေးရန်မဖြစ်နိုင်ပေ။သူရဲကောင်းများသည်ပင် ဖွဲ့စည်းပုံ၏သက်ရောက်မှုကြောင့် လေပွေ၏တိုက်ခိုက်ရာလမ်းကြောင်းကို ရှောင်တိမ်းနိုင်ခဲ့လျှင်တောင်မှ အခြားသောတပ်သားများအားထိမှန်စေမှာဖြစ်ပြီး ဖွဲ့စည်းပုံသည် စတင်၍ဖရိုဖရဲဖြစ်လာခဲ့သည်။
ထို့ပြင် ဂရင်းသည် လေပွေကိုအသုံးပြုကာ ဖွဲ့စည်းပုံ၏အတွင်းပိုင်းအား မွေနှောက်နေစဉ် သူရဲကောင်းများသည် အသက်အန္တာရယ်ခြိမ်းခြောက်မှုအား ခံစားလာခဲ့ရသည်။အကယ်၍ သူတို့သာလေပွေအား ရင်ဆိုင်တိုက်ခိုက်လိုက်ပါက သူတို့သည်အသားစများအဖြစ် ပြောင်းလဲသွားမည်ဟု ခံစားနေရသည်။
ချွမ်...ချွမ်...
ထိုခဏတွင် သတ္တုအချင်းချင်း ထိတိုက်သံများ ၊ ပွတ်တိုက်သံများသည် အဆက်မပြတ်ပဲ့တင်ထပ်လာခဲ့သည်။ဂရင်းသည် ဖွဲ့စည်းပုံ၏အလယ်အားဖြိုခွဲရန် ရည်ရွယ်ချက်ရှိရှိလှုပ်ရှား၍ အလယ်ဗဟိုအားမွေနှောက်နေခဲ့သည်။အဆင့် ၂လေပွေသည် ပြန်လည်အသုံးပြုရန်ကြာချိန် စက္ကန့်အနည်းငယ်သာ ရှိသည့်အတွက်ကြောင့် အတွင်းပိုင်းဖွဲ့စည်းပုံသည် စတင်၍ဖရိုဖရဲဖြစ်လာခဲ့ကာ သူရဲကောင်းများသည်ပင် သူတို့၏အသက်အတွက် နေရာတိုင်းတွင်ထွက်ပြေးနေရသည်။
သို့သော်လည်း အလင်းကွင်းဆက်သည် အမှန်ပင်အစွမ်းထက်ပေသည်။ဂရင်း၏တိုက်ခိုက်မှုသည် ဖွဲ့စည်းပုံ၏အတွင်းပိုင်းအား ထိခိုက်ပျက်စီးစေသော်လည်း ဖွဲ့စည်းပုံသည်ပြိုလဲမသွားသေးပေ။ဂရင်း၏တိုက်ခိုက်မှု မသက်ရောက်သောနေရာများတွင် ဖွဲ့စည်းပုံအား တည်တည်တံ့တံ့ထိန်းသိမ်းထားဆဲဖြစ်သည်၊
ထိုအချိန်တွင် အောစ့်စစ်သည်များသည် ဖွဲ့စည်းပုံ၏ရှေ့မှောက်သို့ရောက်ရှိလာခဲ့ပြီး ရှေ့ဆုံးတန်းရှိ တပ်သားများအား တိုက်ခိုက်ရန်အတွက် သူတို့၏ပုဆိန်ကြီးများကို ဝှေ့ယမ်းလိုက်ကြသည်။
ဘန်း...ဘန်း...ဘန်း...
ဝမ်မိသားစု၏တပ်သားများသည်လည်း သူတို့ကိုယ်သူတို့ကာကွယ်ရန်အတွက် ဒိုင်းများကိုပင့်မြောက်လိုက်ကြသည်။ဤနေရာတွင် အလင်းကွင်းဆက်၏ ကာကွယ်ရေးအပေါ်သက်ရောက်မှုသည် ထင်ဟပ်နေခဲ့သည်။အလင်းကွင်းဆက်၏ အကူအညီသာမပါရှိပါက ဖွဲ့စည်းပုံ၏ရှေ့ဆုံးတန်းသည် အောစ့်များ၏ပထမဆုံးတိုက်ခိုက်မှုဖြင့်ပင် ပြိုလဲသွားမှာဖြစ်သော်လည်း ယခုမူ အောစ့်များ၏အားကောင်းသောတိုက်ခိုက်မှုအား အလွယ်တကူပင်ခုခံနိုင်ခဲ့သည်။
ပထမဆုံးအတန်းရှိ ခြေလျင်တပ်သားများသည် အောစ့်များ၏ကြမ်းတမ်းသောခွန်အားဖြင့် တိုက်ခိုက်လာမှုကို ခုခံပြီးနောက် သူတို့၏လက်များ ထုံကျင်သွားသည်ကိုခံစားလိုက်ရသည်။သို့သော်လည်း မှော်စာလိပ်၏ အကူအညီကြောင့် သူတို့သည်အောစ့်စစ်သည်များကို ခုခံနိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။ဤသို့ဖြင့် ခြေလျင်တပ်သားများသည် သူတို့၏နှလုံးသားများ၌ ယုံကြည်မှုစတင်ပြည့်နှက်လာပြီး ဤတိုက်ပွဲကို အနိုင်ယူရန်ဆုံးဖြတ်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် အောစ့်များသည် နောက်ထပ်တစ်ကြိမ် အပြင်းအထန်တိုက်ခိုက်လိုက်ကြသည်။
အလင်းကွင်းဆက်မှော်စာလိပ်အတွက် ပေးချေရသော ငွေကြေးပမာဏသည် ထိုက်တန်ကြောင်း နားလည်လိုက်၍ အိမ်တော်ထိန်းမို၏ မျက်နှာသည်ဝင်းပသွားခဲ့သည်။ဤအခိုက်အတန့်တွင် ထိုမှော်စာလိပ်သည် အောစ့်များ၏ပြင်းထန်သောတိုက်ခိုက်မှုအား ခုခံရာတွင် အဓိကအရေးကြီးသော အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ဂရင်းသည် ဖွဲ့စည်းပုံ၏အတွင်းပိုင်းကို မွေနှောက်နေသော်လည်း မြင်းတပ်သား၁၀၀ဖြင့်ဖွဲ့စည်းထားသော ဖွဲ့စည်းပုံတစ်ခုအား တစ်ယောက်တည်းဖျက်ဆီးရန် အလွန်ခက်ခဲမှာဖြစ်သည်။ထို့ပြင် ဖွဲ့စည်းပုံ၏အတွင်းပိုင်းရှိ သူရဲကောင်းများသည် ဂရင်းအားထိန်းချုပ်ရန်အတွက် အလင်းကွင်းဆက်၏စွမ်းအားကို အသုံးပြုလာကြ၍ တိုက်ပွဲ၏ချိန်ခွင်လျှာသည် သူတို့ဆီသို့ တဖြည်းဖြည်းကူးပြောင်းလာခဲ့သည်။
သို့သော်လည်း သူနောက်ထပ်တွေ့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အိမ်တော်ထိန်းမို၏မေးရိုးများသည် အောက်သို့ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။
အောစ့်များသည် သူတို့၏ပုဆိန်များအား အသုံးပြုကာ ဖွဲ့စည်းပုံအားချိုးဖျက်ရန် ကြိုးစားမှုမအောင်မြင်ကြောင်း နားလည်သွားပြီးနောက်တွင် သူတို့၏ဧရာမခြေထောက်များကို အသုံးပြုလာခဲ့ကြသည်။
ချက်ချင်းပင် ဖွဲ့စည်းပုံ၏ပထမဆုံးအတန်းမှ ဝမ်းနည်းဖွယ်ငိုကြွေးသံများ ပဲ့တင်ထပ်လာခဲ့သည်။အောစ့်များ၏တုတ်ခိုင်သော ခြေထောက်များသည် အလွန်သန်မာလှပြီး တစ်ချက်ကန်ကျောက်ရုံဖြင့် သစ်ပင်များအား အမြစ်မှကျွတ်ထွက်သွားစေနိုင်သည်။ထို့ပြင် အထူးဆေးရည်များကိုသောက်သုံးထားသည့်အတွက်ကြောင့် သူတို့၏ခွန်အားနှင့်သွက်လက်မှုကို ယာယီတိုးမြင့်ထားစေခဲ့သည်။
အလင်းကွင်းဆက်၏ အဓိကအခန်းကဏ္ဍမှာ တပ်သားများ၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား ကာကွယ်ရန်အတွက် ဒိုင်းတစ်ခုသဖွယ်အသုံးပြုထားခြင်းဖြစ်သည်။သို့သော် အလင်းကွင်းဆက်သည် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများအား ကာကွယ်ရာတွင် အလွန်အားနည်းပေသည်။
ထိုအခိုက်အတန့်တွင် ဖွဲ့စည်းပုံ၏ပထမဆုံးအတန်းမှ တပ်သားများသည် ခြေထောက်များသွင်သွင်ကျိုးသလို ခံစားလိုက်ရသည်။သို့သော် သူတို့၏နောက်ကွယ်မှ တပ်သားများက ဖွဲ့စည်းပုံတည်မြဲစေရန် အချင်းချင်းပံ့ပိုးပေးခဲ့ကြသည်။
မည်သို့ပင်ဆိုစေ အောစ့်များသည် တပ်သားများ၏ခြေထောက်များကိုတိုက်ခိုက်ရန် သူတို့၏ခြေထောက်များအား ဆန့်တန်းနေကြဆဲဖြစ်သည်။
တပ်သားများသည် အောစ့်များ၏ရွှံရှာဖွယ်ကောင်းသော လှုပ်ရှားမှုအားတွေ့မြင်လိုက်ရချိန်တွင် လေအေးများကိုရှုရှိက်မိလိုက်ကြသည်။အကယ်၍ ထိုခြေထောက်ကြီးများသာ သူတို့အပေါ်ကျရောက်လာပါက သူတို့လည်းအဆင်ပြေမည်မဟုတ်ပေ။
တပ်သားများသည် သူတို့၏ခန္ဓာကိုယ်အောက်ပိုင်းအား ကာကွယ်ရန်အတွက် ဒိုင်းများအားတတ်နိုင်သလောက် နိမ့်ချခဲ့ကြသော်လည်း အရာမရောက်ခဲ့ပေ။
အား...အား...
အချိန်ခဏကြာပြီးနောက် ဖွဲ့စည်းပုံ၏ပထမဆုံးအတန်းရှိ တပ်သားများအားလုံး ပြိုလဲသွားခဲ့ကြပြီး သနားစဖွယ်အော်ဟစ်သံများ ပဲ့တင်ထပ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ပြိုလဲကျသွားသည့်တပ်သားများအား အကာကွယ်ပေးထားသော အလင်းကွင်းဆက်များသည် ပျောက်ကွယ်သွားခဲ့သည်။သို့သော်လည်း ဖွဲ့စည်းပုံအပေါ်အလင်းကွင်းဆက်၏ အကျိုးသက်ရောက်မှုက ပျောက်ကွယ်သွားခြင်းမရှိသေးပေ။
တပ်သားများသည် ဘေးချင်းကပ်ရပ်နေသရွေ့ ဤမှော်စာလိပ်သည် သူတို့အား အကာအကွယ်ဆက်ပေးနေမှာဖြစ်သည်။
မည်သို့ပင်ဆိုစေ ဖွဲ့စည်းပုံ၏ပထမဆုံးအတန်းရှိ တပ်သားများပြိုလဲသွားသည်ကို တွေ့မြင်လိုက်ရသော ဒုတိယအတန်းရှိ တပ်သားများသည် သူတို့၏နှလုံးသားထဲတွင် ဆိုးရွားသောခံစားချက်ကိုရရှိလိုက်ကြသည်။
ဂါး...
အောစ့်များသည် တူညီသောနည်းစနစ်ကိုသာ လိုက်နာခဲ့ကြပြီး ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။သူတို့သည် တပ်သားများ၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား ကာကွယ်ပေးထားသည့်ဒ်ိုင်းလွှားကို ပုဆိန်ဖြင့်ခုတ်ပိုင်းနေစဉ် အောက်ပိုင်းရှိအကာအကွယ်မဲ့နေသောနေရာအား ခြေထောက်များဖြင့် ကန်ကျောက်ခဲ့ကြသည်။
အကယ်၍ သူတို့တိုက်ခိုက်နေသောတပ်သားသည် ခန္ဓာကိုယ်အောက်ပိုင်းအားကာကွယ်ရန် ဒိုင်းကိုနိမ့်ချခဲ့ပါက သူတို့၏ပုဆိန်သည် တပ်သားများ၏ခေါင်းပေါ်သို့ ကျရောက်သွားမှာဖြစ်သည်။မှော်စာလိပ်၏အကူအညီဖြင့်ပင် ဝမ်မိသားစု၏တပ်သားများ၏ ဦးခေါင်းသည် အကာအကွယ်အားနည်းလေသည်။ထို့ပြင်ရှောင်ယုသည် ဤခရီးစဉ်တွင်လိုက်ပါမယ့် အောစ့်စစ်သည်များ၏ လက်နက်များနှင့်သံချပ်ကာများကို အထူးအဆင့်မြင့်တင်ပေးခဲ့သည်။
အောစ့်စစ်သည်များသည် ရှောင်ယုထံမှ ရွှံရှာဖွယ်ကောင်းသော ၊ အရှက်မရှိသော ၊ ညစ်ပတ်သောအပြုအမူအားလုံးကို သင်ယူနိုင်ခဲ့၍ အိမ်တော်ထိန်းမိုပင် အံ့သြသွားရသည်။
ပုံမှန်အားဖြင့် ဤနည်းလမ်းကို အမာခံခြေလျင်တပ်သားများအား တွန်းလှန်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။သို့သော် ဝမ်မိသားစု၏တပ်သားများသည် မှော်စာလိပ်ကိုအသုံးပြုကာ သူတို့၏အကာအကွယ်အား တိုးမြင့်ထားသည့်အတွက်ကြောင့် အောစ့်များသည် ရက်စက်ကြမ်းကြုတ်သောခွန်အားဖြင့် ဤဖွဲ့စည်းပုံအားချိုးဖျက်ရန် မဖြစ်နိုင်ကြောင်း သိမြင်လာခဲ့သည်။ထို့ကြောင့် သူတို့သည် ဆိုးသွမ်းသောနည်းလမ်းများကိုအသုံးပြုကာ ဤဖွဲ့စည်းပုံအားချိုးဖျက်ခဲ့ရသည်။
ပထမဆုံးအတန်းနှင့်ဒုတိယတန်း၏ တပ်သားများပြိုလဲသွားပြီးနောက်တွင် တိုက်ပွဲရလဒ်ကိုအဆုံးအဖြတ်ပေးလိုက်ပြီဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။ထို့ကြောင့် ရှောင်ယုသည်ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ပြီး ချက်ပြုတ်ထားသောမိကျောင်းအသားတစ်ပိုင်းအား နဂါးလေးထံပစ်ပေးလိုက်ပြီး သူကိုယ်တိုင်ကမူ ဝိုင်ခွက်ကိုမော့သောက်လိုက်သည်။
"အရူးတွေ...မင်းတို့ကငါ့ကိုလှည့်စားချင်နေတာလား...ဒီသခင်လေးက လှည့်ကွက်တွေ ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အခြားညစ်ညစ်ပတ်ပတ်အရာတွေနဲ့ပတ်သက်လာရင် ဘိုးဘေးတစ်ပါးဘဲ"
ရှောင်ယုသည် အိမ်တော်ထိန်းမိုအားစိုက်ကြည့်၍ တိုးတိုးလေးပြောလိုက်သည်။
ဝမ်မိသားစု၏ မြင်းတပ်သားများသည် တဖြည်းဖြည်းပြိုလဲလာလေလေ ဖွဲ့စည်းပုံ၏အကျိုးသက်ရောက်မှုကလည်း လျော့နည်းလာလေလေဖြစ်သည်။တစ်ချိန်တည်းမှာပင် ဂရင်းသည် အောစ့်စစ်သည်များထံရောက်ရှိလာခဲ့ပြီး ဖွဲ့စည်းပုံအားပူးပေါင်း၍တိုက်ခိုက်ခဲ့သည်။ဂရင်းသည် ပြင်းထန်သောခုတ်ပိုင်းချက်အား အသုံးပြုရုံဖြင့် သူရဲကောင်းတစ်ဦးအား ပြိုလဲစေရန်လုံလောက်ပေသည်။
"ရပ်...ရပ်...ရပ်တော့ ငါတို့အရှံးပေးတယ်"
အိမ်တော်ထိန်းမိုသည် တိုက်ပွဲကိုအပြီးသတ်ရန်အတွက် အရှံးပေးလိုက်ရသည်။
အကယ်၍ သူသာအရှံးမပေးလိုက်ပါက ဝမ်အိမ်တော်၏သူရဲကောင်းများသည် သတ်ဖြတ်ခံရတော့မည်ဖြစ်သည်။
ရှောင်ယုသည် ဂရင်းတို့အားအချက်ပြလိုက်ကာ သူတို့၏တိုက်ခိုက်မှုအား ရပ်တန့်လိုက်သည်။ဂရင်းတို့သည် တိုက်ခိုက်မှုကိုရပ်တန့်လိုက်သော်လည်း ဝမ်မိသားစု၏သူရဲကောင်းများကိုလှည့်ကြည့်ကာ လက်ခလယ်ထောင်ပြလိုက်သည်။
မူလက ဤတိုက်ပွဲသည် အလွန်ခက်ခဲသောတိုက်ပွဲတစ်ခုဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း မိနစ်ပိုင်းအတွင်းအဆုံးသတ်သွားရန် မမျှော်လင့်ခဲ့ပေ။
"ဝမ်မိသားစုရဲ့ အိမ်တော်ထိန်း မှော်လည်ဆွဲကိုပေးပါ"
ရှောင်ယုသည် အောင်နိုင်သူတစ်ယောက်၏ဟန်ပန်ကို ဖော်ဆောင်ကာ အိမ်တော်ထိန်းမိုရှေ့ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် အိမ်တော်ထိန်းမိုသည် သူရဲကောင်းများ၏ဒဏ်ရာအခြေအနေကို စစ်ဆေးရန်သွားရောက်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် အိမ်တော်ထိန်းမိုကပြန်လာပြီး ရှောင်ယုအား ပြစ်တင်ဝေဖန်ခဲ့သည်။
"သခင်လေးရဲ့ အောစ့်တွေကစက်ဆုပ်ဖို့ကောင်းတဲ့နည်းတွေကိုသုံးပြီး တိုက်ခိုက်ခဲ့ကြတာပဲ...တကယ်လို့ အလင်းကွင်းဆက်ကိုသာ အသုံးမပြုခဲ့ရင် သူတို့ရဲ့အသက်အန္တာရယ်တောင် စိုးရိမ်ရနိုင်တယ်"
ရှောင်ယု၏အကြည့်များသည် ချက်ချင်းအေးစက်သွားခဲ့သည်။
"မင်းဘာပြောချင်တာလဲ..ငါ့ရဲ့အောစ့်တွေကသာ မသက်ညာပေးခဲ့ရင် သူတို့တွေက ဒဏ်ရာအနည်းငယ်ရရုံနဲ့ပြီးသွားမည်ထင်နေလား...ပြီးတော့မင်းက ဒီလိုတိုက်ခိုက်ဖို့ ပထမဆုံးအဆိုတင်သွင်းခဲ့တာပဲ...ဓားတွေဒိုင်းတွေအသုံးပြုတိုက်ခိုက်တဲ့အခါ ဒဏ်ရာရတာ ထူးဆန်းလို့လား...မင်းရဲ့ဦးနှောက်မှာပြသနာရှိနေတာလား...ငါ့ရဲ့အောစ့်တွေသာရှံးသွားရင် မင်းဒီလိုပြောမှာလား..."
"သခင်လေး...မင်းကမြို့စားတစ်ယောက်ပါ...မင်းရဲ့အသုံးပြုတဲ့နည်းလမ်းတွေက အောက်တန်းကျလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"
"ငါကအောက်တန်းကျတယ်ဟုတ်လား...မင်းကအလင်းကွင်းဆက်မှော်စာလိပ်ကိုတောင် ပြင်ဆင်ထားပြီး ငါ့ဆီကနဂါးလေးကို လှည့်စားရယူဖို့ကြိုးစားခဲ့တာမဟုတ်ဘူးလား...အောစ့်၁၁ယောက်ကို မြင်းတပ်သား၁၀၀အသုံးပြူပြီးတိုက်ခိုက်ခဲ့တာမဟုတ်လား...ဒါတောင်မှမင်းကငါ့ကိုဝေဖန်ရဲသေးတာပေါ့...မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ....ငါ အပိုစကားမပြောချင်ဘူး...မှော်လည်ဆွဲကိုခုချက်ချင်းပေး"
ရှောင်ယုသည် အိမ်တော်ထိန်းမိုထံမှ သူ၏လောင်းကြေးကို ချက်ချင်းတောင်းယူလိုက်သည်။
"ဒီတိုက်ပွဲက တရားမျှတမှုရှိတယ်လို့ ငါမယုံဘူး...ဒါကြောင့်လောင်းကြေးကိုမပေးနိုင်ဘူး..."
အိမ်တော်ထိန်းမိုသည် လည်ဆွဲထည့်ထားသော သစ်သားသေတ္တာအား သူ့ဘေးနားရှိသူရဲကောင်းထံပေးအပ်လိုက်ကာ အရှက်မဲ့စွာငြင်းဆန်လိုက်သည်။
"မင်းငါ့ကိုနောက်နေတာလား..."
အိမ်တော်ထိန်းမိုသည် အရှက်မဲ့စွာပြုမူနေသည်ကို ရှောင်ယုတွေ့မြင်လိုက်သောကြောင့် လက်ကိုဝှေ့ယမ်းလိုက်ကာ ဂရင်းတို့အား အိမ်တော်ထိန်းမိုကို ဝိုင်းရံစေလိုက်သည်။
"မင်းခုချိန်ထိ အသက်ရှင်နေသေးတာ ၅ယောက်မြောက်ခယ်မရဲ့မျက်နှာကြောင့်ပဲ...အဲလိုမှမဟုတ်ရင် ငါ့အောစ့်တွေလက်ချက်နဲ့ မင်းသေနေတာကြာပြီ"
အိမ်တော်ထိန်းမိုသည် သူ့အားဝိုင်းရံထားသည့် အောစ့်များကိုတွေ့မြင်ချိန်တွင် အလွန်ကြောက်လန့်သွားခဲ့သည်။
"မင်း...မင်းဘာလုပ်ချင်နေတာလဲ...ငါကဝမ်မိသားစုရဲ့ အိမ်တော်ထိန်းပဲ"
"ငါဂရုမစိုက်ဘူး..."
ရှောင်ယုသည် ရှေ့တိုးလာခဲ့ပြီး အိမ်တော်ထိန်းမို၏ အင်္ကျီအားဆွဲကိုင်လိုက်ကာ ပေါ်တင်ကြီးခြိမ်းခြောက်လိုက်သည်။
"မင်းကိုယ်မင်း ဝမ်သခင်ကြီးလို့ထင်နေတာလား...မင်းငါ့ကိုကြည့်စမ်း...ငါကဝမ်မိသားစုကို ကြောက်နေတယ်လို့မင်းထင်လား...ဒီခရီးစဉ်ကိုလည်း ၅ယောက်မြောက်မရီးစိတ်ကျေနပ်အောင်လို့ ငါခွင့်ပြုပေးခဲ့တာပဲ...အဲလိုမှမဟုတ်ရင် ဝမ်မိသားစုလောက်က ဒီသခင်ကိုကိုယ်တိုင်ကိုယ်ကျ ခရီးထွက်အောင်ပြုလုပ်ဖို့ လုံလောက်တယ်လို့မင်းထင်လား...ပြီးတော့မင်း...မင်းကလောင်းကြေးကိုမပေးချင်ဘဲ အလောင်းအစားလုပ်ချင်နေတာလား...မင်းသာခုလိုဆက်ပြီးအရှက်မဲ့နေမယ်ဆိုရင် ငါ့ရဲ့အောစ့်တွေကို မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးဆုတ်ဖြဲခိုင်းပြီးတော့ မိကျောင်းစာကျွေးပစ်ရလိမ့်မယ်"
"မင်း...မင်းဘာတွေပြောနေတာလဲ...မင်းကမြို့စားတစ်ယောက်ပဲ...မင်းလိုမြင့်မြတ်သူတစ်ယောက်က ဒီလိုလုပ်လို့မရဘူး...ငါကဝမ်မိသားစုရဲ့ အိမ်တော်ထိန်းပဲ...မင်းငါ့ကိုအဲလိုလုပ်လို့မရဘူး.."
ရှောင်ယုသည် သူ့အားအမှန်တကယ်သတ်ဖြတ်ရန် ကြံစည်နေကြောင်း ရိပ်မိသွားသော အိမ်တော်ထိန်းမိုသည် အလွန်ထိတ်လန့်သွားခဲ့သည်။ရှောင်ယုသည် ဤနယ်မြေတစ်ဝိုက်တွင် စစ်မှန်သောအရှင်သခင်ဖြစ်ရာ သူ့အားသတ်ဖြတ်လိုပါက မည်သူကမှသူ့ကို ကာကွယ်ပေးမှာမဟုတ်ပေ။ကောင်းကင်ခြင်္သေ့မင်းဆက်သည် တဖြည်းဖြည်းဆုတ်ယုတ်လာသောကြောင့် ဤပြဿနာများကို အရေးယူဆောင်ရွက်ပေးနိုင်မှာမဟုတ်ပေ။လက်ရှိဖရိုဖရဲအချိန်ကာလတွင် သန်မာသောလက်သီးရှိသူကသာ စည်းမျည်းများကို ချမှတ်သူဖြစ်သည်။
ထို့ပြင် ဝမ်မိသားစုသည် ခြင်္သေ့မြိ့နှင့် မိုင်ပေါင်းထောင်ချီဝေးကွာလေရာ ဝမ်မိသားစုသည် ခြင်္သေ့မြို့အားတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
"ရှောင်ယု...ကျေးဇူးပြုပြီးစိတ်ကိုအေးအေးထားစမ်းပါ...ဒီတိုက်ပွဲကိုမင်းနိုင်သွားပါပြီ"
စစ်ဝမ်သည် ရှောင်ယုက အိမ်တော်ထိန်းမိုအား လည်ပင်းမှဖမ်းဆွဲထားကြောင်း တွေ့လိုက်ရ၍ ဝင်ရောက်ဖြန်ဖြေခဲ့သည်။
အိမ်တော်ထိန်းမိုသည် အပြင်လူတစ်ယောက်ဆိုသော်လည်း ထိုလူသည် ဝမ်မိသားစု၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ရှောင်ယု၏မဆင်မခြင်လုပ်ရပ်ကြောင့် သူမ၏မိသားစုက ရှောင်ယုအားအနာဂတ်တွင် ခွဲခြားဆက်ဆံခံရမည်ကို သူမစိုးရိမ်နေမိသည်။
ရှောင်ယုသည် စစ်ဝမ်အားလှည့်ကြည့်လိုက်ချိန်တွင် သူ၏မျက်နှာပေါ်ရှိ အမူအရာသည် ၁၈၀ဒီဂရီပြောင်းလဲသွားခဲ့သည်။ယခုအချိန်တွင် ရှောင်ယုသည် နာခံတတ်သောကြောင်တစ်ကောင်လိုဖြစ်နေခဲ့သည်။
"မရီး တအားကြီးစိတ်ပူမနေပါနဲ့...ငါကမြို့စားတစ်ယောက်ပါ ဘာလို့သူ့ကိုသတ်ရမှာလဲ...ငါကဟာသလုပ်နေတာပါ"
သို့သော်လည်း ရှောင်ယုသည် အိမ်တော်ထိန်းမိုဘက်သို့ မျက်နှာပြန်လှည့်လိုက်ချိန်တွင် သူ၏မျက်နှာအမူအရာသည် ငရဲမှတက်လာသောအသူရာတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
"မင်းကိုငါနောက်ဆုံးအခွင့်အရေးပေးမယ်...ငါနဲ့လာမကစားနဲ့...အဲလိုမှမဟုတ်ရင် ငရဲကဘာလဲဆိုတာ မင်းသိအောင်ငါပြပေးမယ်"
ရှောင်ယုသည် အိမ်တော်ထိန်းမိုအားစိုက်ကြည့်နေစဉ် သူ၏မျက်နှာသည် အိမ်တော်ထိန်းမို၏မျက်နှာနှင့် ၃စင်တီမီတာသာကွာဝေးခဲ့သည်။
သူရဲကောင်းများသည် အိမ်တော်ထိန်းမိုကို ကယ်တင်လိုသော်လည်း အောစ့်များ၏ဟန့်တားမှုကြောင့် ရှေ့မတိုးဝံ့ပေ။သူတို့သည် အလင်းကွင်းဆက်အားအသုံးပြုထားချိန်၌ပင် အောစ့်များကိုမနိုင်ခဲ့ရာ ယခုလိုအချိန်မျိုး၌ဆိုပါက ပိုဆိုးပေသည်။
"သူ့ကိုပေးလိုက်..."
အိမ်တော်ထိန်းမိုသည် ဖိအားဒဏ်ကိုဆက်လက်တောင့်မခံနိုင်တော့ဘဲ မှော်လည်ဆွဲအားထုတ်ပေးလိုက်ရန် သူရဲကောင်းကိုအမိန့်ပေးလိုက်သည်။
ရှောင်ယုသည် သစ်သားသေတ္တာကို လှမ်းယူလိုက်ပြီးနောက်တွင် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ကာ အိမ်တော်ထိန်းမိုအား လွတ်ပေးလိုက်သည်။
"ဒါကမင်းဘဝရဲ့ အကောင်းဆုံးဆုံးဖြတ်ချက်ပဲ...အိမ်တော်ထိန်းမို....ငါတို့အားလုံးကလူသားတွေပါ...မြို့စားတစ်ယောက်ဖြစ်တဲ့ငါ့ကို ခုလိုရိုင်းရိုင်းစိုင်းစိုင်းလုပ်ရအောင် ဖိအားမပေးပါနဲ့...ခုလိုငြိမ်းငြိမ်းချမ်းချမ်းနေရတာမကောင်းဘူးလား.... ရှောင်မိသားစုနဲ့ဝမ်မိသားစုက ခမည်းခမက်တော်ထားတဲ့မိသားစုတွေပဲလေ...အချင်းချင်းတစ်ယောက်ကိုတစ်ယောက် လေးစားသင့်တယ်မဟုတ်လား"
ရှောင်ယုသည် နောက်သို့လှည့်ကာ မည်သည်မှမဖြစ်ခဲ့သောပုံစံဖြင့် ရထားလုံးဆီ လမ်းလျှောက်ပြန်လာခဲ့သည်။ယခုလိုအချိန်မျိုးတွင် ရှောင်ယုသည် လူကြီးလူကောင်းဆန်ဆန်ပြုမူခဲ့ပြီး လွန်ခဲ့သည့်အခိုက်အတန့်က အရူးတစ်ယောက်လို ပြုမူခဲ့သည်ဟု တစ်စုံတစ်ယောက်ကပြောလာလျှင် မည်သူမှယုံကြမည်မဟုတ်ပေ။
အခန်း ၆၂ - အကျင့်မကောင်းသော နဂါးလေး
ရှောင်ယုသည် ရထားလုံးထံပြန်လည်ရောက်ရှိလာပြီးနောက်တွင် မှော်လည်ဆွဲထည့်ထားသည့် သေတ္တာအား အန်တိုနီဒက်စ်ထံပြန်ပစ်ပေးလိုက်သည်။
သစ်သားသေတ္တာကိုလက်ခံရရှိချိန်တွင် အန်တိုနီဒက်စ်၏မျက်လုံးများ၌ ပျော်ရွှင်မှုအရိပ်အယောင်များ ဖုံးလွှမ်းသွားခဲ့သည်။အန်တိုနီဒက်စ်၏အဆိုအရ ထိုမှော်လည်ဆွဲသည် သူ၏စွမ်းအားကို ၃ပုံ၁ပုံခန့်တိုးမြင့်ပေးနိုင်မည်ဖြစ်သည်။
အိမ်တော်ထိန်းမိုသည်ကား ရှောင်ယုအားစိုက်ကြည့်ရင်း နာကျင်နေသည့်အမူအရာများဖြစ်နေခဲ့သည်။အလင်းကွင်းဆက်မှော်စာလိပ်ကြောင့် သူ၏သူရဲကောင်းများသည် မသေဆုံးခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။အမှန်တော့ ထိုသူရဲကောင်းများအား မသတ်ဖြတ်ရန်အတွက် ဂရင်းအား ရှောင်ယုကိုယ်တိုင်အမိန့်ပေးထားခဲ့ပြီးဖြစ်သည်။သူတို့သည် ယခုအခါ ဝမ်နယ်မြေဆီသို့ခရီးဆက်နေခြင်းဖြစ်ရာ ယခုလိုမတော်တဆဖြစ်ရပ်မျိုးကြောင့် စစ်ဝမ်အား သူမတို့မိသားစုရှေ့မှောက်၌ မျက်နှာပျက်စေလိုခြင်းမရှိပေ။
ရှောင်ယု၏အကြံအစည်မှာ စစ်ဝမ်အား ဝမ်မိသားစုထံသို့ဘေးကင်းစွာခေါ်ဆောင်ကာ သူတို့၏သခင်မလေးသည် ခြင်္သေ့မြို့၌ပျော်ပျော်ရွှင်ရွှင်ရှိနေကြောင်း ဖော်ပြရန်ဖြစ်သည်။အမျိုးသမီးများသည် ကျော်ကြားမှုနှင့်ကြွယ်ဝချမ်းသာခြင်းကို နှစ်သက်ကြသော်လည်း သူမတို့၏နှလုံးသားထဲတွင် မာနကြီးသော လိုအင်ဆန္ဒများရှိကြသည်။အကယ်၍သင်သာ သူတို့၏လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါက ထိုအမျိုးသမီးများသည် သင့်နောက်သို့မသေမချင်းလိုက်ပါလာကြမှာဖြစ်သည်။
ရှောင်ယုသည် စစ်ဝမ်အား ဝမ်မိသားစုထံမှ ခြင်္သေ့မြို့သို့ပြန်လည်ခေါ်ဆောင်နိုင်စေရန်အတွက် တုတ်နှင့်မုန်လာဥနည်းလမ်းအား အသုံးပြုရန်ကြံရွယ်ထားပေသည်။အကယ်၍ သူ၏ချစ်စရာမရီးအား တစ်စုံတစ်ယောက်က သူ့လက်မှလုယူသွားပါက သူတစ်သက်လုံးအရှက်ရနေမှာဖြစ်သည်။
ရှောင်ယုသည် မိကျောင်းအသားကိုစားသောက်ပြီးနောက် ရထားလုံးပေါ်ပြန်တက်၍ အိပ်စက်အနားယူခဲ့သည်။နောက်တစ်နေ့မနက်တွင် ရှောင်ယုသည် စောစောနိုးထလာသော်လည်း ဝမ်မိသားစု၏သူရဲကောင်းများနှင့်တပ်သားများသည် မြေပြင်ပေါ်၌လဲလျောင်းနေကြကာ မတ်တပ်ရပ်နိုင်စွမ်းမရှိကြသေးပေ။
ရှောင်ယုသည် ထိုမြင်ကွင်းအား မသိဟန်ဆောင်ကာ အိမ်တော်ထိန်းမိုအား တိုက်တွန်းလိုက်သည်။
" အိမ်တော်ထိန်းမိုဘာတွေနှောင့်နှေးနေတာလဲ...ငါတို့ခရီးမြန်မြန်ဆက်ရအောင်"
အိမ်တော်ထိန်းမိုသည် ရှောင်ယု၏လှောင်ပြောင်မှုကိုနားလည်သော်လည်း ပြန်လည်ငြင်းဆန်ခြင်းမပြုရဲပေ။ အိမ်တော်ထိန်းမိုသည် ရှောင်ယုအားစိုက်ကြည့်ကာ မတတ်သာသောပုံစံဖြင့် ညည်းညူလိုက်ရသည်။
"ငါရဲ့ကောင်လေးတွေက မသက်သာသေးဘူး...အဆင်ပြေရင်နှစ်ရက်လောက် အနားယူရအောင်"
"နှစ်ရက်တောင်အချိန်ရတာပဲ...ဒီလိုတောထဲတောင်ထဲမှာ မြင်းစီးရတာအဆင်ပြေလောက်တယ်"
ရှောင်ယုသည် ပြောပြောဆိုဆိုဖြင့် နဂါးလေးအားသူ့ပုခုံးပေါ်တင်လိုက်ကာ လှည့်ပတ်သွားလာရန်အတွက် မြင်းပေါ်တက်သွားခဲ့သည်။
"မင်းကို နတ်ဆိုးသားရဲတစ်ကောင်က တွေ့ပြီး သူရဲ့အစာအဖြစ်အဆုံးသတ်သွားပါစေလို့ ငါဆုတောင်းတယ်"
အိမ်တော်ထိန်းမိုက တိတ်တဆိတ်ရေရွတ်လိုက်သည်။
ရှောင်ယုသည် ဝမ်မိသားစုမှလူများ ဒဏ်ရာကုသရန်အတွက် အနားယူနေစဉ်တွင် တောတောင်တခွင်လှည်ပတ်၍ အချိန်၂ရက်ကိုကုန်ဆုံးခဲ့သည်။
နှစ်ရက်ခန့်ကြာမြင့်ပြီးနောက်တွင် ရှောင်ယုတို့သည် စတင်ခရီးဆက်ခဲ့သော်လည်း ဒဏ်ရာမပျောက်ကင်းသေးသော ဝမ်မိသားစု၏တပ်သားများကြောင့် အနည်းငယ်နှောင့်နှေးခဲ့ရသည်။မည်သို့ပင်ဆိုစေ သူ၏ဘေးနားတွင် ဝိုင်တစ်ပုလင်းရှိနေသရွေ့ ရှောင်ယုလုံးဝဂရုမစိုက်ခဲ့ပေ။တိုင်ရန်ဒီနှင့်စစ်ဝမ်တို့သည် သူမထိတွေ့နိုင်သည့်နှင်းဆီပန်းများဖြစ်သော်လည်း ယခုလိုကြည့်နေရသည်ကပင် ပျော်စရာတစ်ခုဖြစ်ကြောင်း ရှောင်ယုမှတ်ယူထားသည်။
နဂါးလေးသည် ရှောင်ယုနှင့်တွဲနေချိန်ကြာမြင့်လာသည်နှင့်အမျှ ပိုမိုကောက်ကျစ်တတ်လာခဲ့သည်။ထိုကောင်လေးသည် ရှောင်ယု၏လုပ်ရပ်မှန်သမျှကို အတုယူနေခဲ့သည်။တစ်ခါတစ်ရံတွင် ထိုကောင်လေးသည် လူသားတစ်ယောက်ကဲ့သို့ ရှေ့ခြေနှစ်ချောင်းကိုလေပေါ်မြောက်ထား၍ လမ်းလျှောက်ရန်အတွက် သူ၏နောက်ခြေထောက်နှစ်ဖက်ကိုအသုံးပြုခဲ့သည်။
ထိုကောင်လေးထံတွင် အတောင်ပံတစ်စုံနှင့်ကြီးမားသောအမြီးမပါရှိပါက အမှန်တကယ်ပင်လူသားတစ်ဦးဟု ထင်မှတ်ရနိုင်သည့် နဂါးလေးကြောင့် လူတိုင်းအံ့သြသွားခဲ့ရသည်။မည်သို့ပင်ဆိုစေကာမူ ရံဖန်ရံခါတွင် နဂါးလေးသည် ရက်စက်ကြမ်းကြုတ်သော အမူအရာများကို ထုတ်ဖော်တတ်သေးသည်။သို့သော်လည်း ထိုကောင်လေးသည် ကောင်မလေးများကိုကြည့်သောအခါ သူ၏ပါးစပ်မှတံတွေးများစီးကျလာခဲ့ပြီး ရှောင်ယုပြုလုပ်သလိုမျိုး လေချွန်ပြခဲ့သည်။
စစ်ဝမ်သည် နဂါးလေးက်ိုအလွန်နှစ်သက်၍ ထိုကောင်လေး၏မိခင်တစ်ယောက်ကဲ့သို့ နေ့စဉ်ဂရုတစိုက်ပြုမူခဲ့သည်။သို့သော် ထိုနဂါးလေး၏အကျင့်စရိုက်သည် နေ့စဉ်နေ့တိုင်းလိုလိုပင် ဆက်တိုက်ဆိုးရွားလာနေသည့်အတွက်ကြောင့် စစ်ဝမ်သည်ပင် အဆုံးသတ်၌ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပေ။ထို့ကြောင့် သူမသည်ရှောင်ယုနှင့်တွေ့ဆုံစကားပြောကာ နဂါးလေးအားမကောင်းသည့် အပြုအမူများသင်ကြားမပေးရန် တောင်းဆိုခဲ့သည်။
ရှောင်ယုသည် နဂါးလေးအား မည်သည့်အရာကိုမှသင်ကြားမပေးခဲ့ချေ။ထိုကောင်လေးသည် သူ၏အပြုအမူတိုင်းအား လိုက်လံကူးချနေခြင်းဖြစ်သည်။
ရှောင်ယုသည် စစ်ဝမ်နှင့်တိုင်ရန်ဒီတို့နှင့် ပြောဆိုဆက်ဆံရာတွင် အလွန်သိမ်မွေ့သော အပြုအမူများကိုအသုံးပြုခဲ့ပေသည်။သို့သော်လည်း နဂါးလေးသည် အလွန်ငယ်ရွယ်သေးသောကြောင့် သူ၏အရွယ်မရောက်သေးသောအချက်ကို အခွင့်ကောင်းယူကာ ပြောင်ပြောင်တင်းတင်ပင်အခွင့်အရေးယူလာခဲ့သည်။ရံဖန်ရံခါတွင် ထိုကောင်လေးသည် မြေပြင်ပေါ်သို့ ပေါ်တင်ကြီးလှဲချကာ စကတ်အောက်ခြေမှတဆင့် ချောင်းကြည့်လေ့ရှိပြီး မကြာခဏဆိုသလို သူ၏ဦးခေါင်းအား မိန်းကလေးများ၏တောင်ထိပ်နှစ်ခုထံသို့ ပစ်ချလေ့ရှိသည်။ထို့ပြင် နဂါးလေးသည် စစ်ဝမ်နှင့်တိုင်ရန်ဒီတို့၏ တင်ပါးများကိုစိုက်ကြည့်ရင်း သူ၏ပါးစပ်မှ တံတွေးများစီးကျလာလေ့ရှိသည်။
နဂါးလေးသည် သူမတို့အားထိုကဲ့သို့အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တိုင်ရန်ဒီသတိထားမိသွားတိုင်း သူမသည် ရှောင်ယုအားပိတ်ကန်ခဲ့သည်။
"ဟေး...မင်းငါ့ကိုဘာလို့ကန်နေတာလဲ..နဂါးလေးကိုသွားပြောလေ"
ရှောင်ယု၏မကျေမနပ်တုံ့ပြန်မှုကို ရင်ဆိုင်ရချိန်တွင် တိုင်ရန်ဒီက အေးအေးလူလူတုံ့ပြန်ခဲ့သည်။
"ဒီကောင်လေးက အရွယ်မရောက်သေးတဲ့အတွက် အရွယ်ရောက်နေတဲ့ အုပ်ထိန်းသူကိုပဲအပြစ်ပေးရမယ်"
ထိုအခါမှ ရှောင်ယုသည် ကလေးတစ်ယောက်အားပြုစုပျိုးထောင်ရသည်မှာ ကြီးမားသောပြသနာတစ်ခုဖြစ်ပြီး လွယ်ကူသောလုပ်ဆောင်မှုမဟုတ်ကြောင်း နားလည်သွား၍ ခါးသီးစွာရယ်မောမိလိုက်သည်။
နဂါးလေးသည် ထိုသို့မကောင်းသောအမူအကျင့်များအပြင် ရှောင်ယု၏ရွှံရှာဖွယ် လုပ်ရပ်များကိုလည်းသင်ယူခဲ့သည်။သာမန်အားဖြင့်ဆိုပါက ထိုကောင်လေးသည် အန္တာရယ်မရှိသည့်ပုံပေါ်နေသော်လည်း မကြာခဏဆိုသလိုပင် ဝမ်မိသားစု၏စခန်းတွင်းသို့ဝင်ရောက်ကာ သန်ကောင်များနှင့်ကင်းကောင်များကို သူတို့စားသောက်မယ့်အစားအစာအတွင်းသို့ ပစ်ချလေ့ရှိသည်။ထိုကောင်လေးသည် ဝမ်မိသားစု၏သူရဲကောင်းများအပေါ် အမြင်ကောင်းလုံးဝမရှိဘဲ သူတို့အားအရှက်ရရှိအောင် လက်စားချေရန်အတတ်နိုင်ဆုံးကြိုးပမ်းခဲ့သည်။
နဂါးလေးသည် အိမ်တော်ထိန်းမိုအားလည်း လစ်ရင်လစ်သလို ဒုက္ခပေးခဲ့သည်။သူသည် အိမ်တော်ထိန်းမို၏ အဝတ်အစားများအပါအဝင် အဖိုးတန်အရာအားလုံးကို လျှို့ဝှက်ခိုးယူခဲ့သည်။ထိုကောင်လေးသည် အပြင်ပန်းတွင် ချစ်စရာကောင်းနေသော်လည်း ဒဏ္ဍာရီထဲမှနဂါးများ၏ အမူအကျင့်အတိုင်း ရတနာများအား စုဆောင်းရသည်ကိုနှစ်သက်လေ့ရှိသည်။ထိုကောင်လေးသည် နဂါးတစ်ဝက်မျှသာဖြစ်သော်လည်း ထိုအမူအကျင့်ကို သူ၏ဘိုးဘေးများထံမှအမွေဆက်ခံခဲ့ပုံရသည်။
ရက်အနည်းငယ်ခန့်အကြာတွင် နဂါးလေးသည် အိမ်တော်ထိန်းမိုထံမှ အဖိုးတန်ပစ္စည်းမှန်သမျှကို ခိုးယူနိုင်ခဲ့သည်။ရှောင်ယုသည် သူ့ထံတွင်ထိုကဲ့သို့စွမ်းရည်မရှိကြောင်း နားလည်ထား၍ နဂါးလေးက်ိုတိတ်တဆိတ်အားကျနေခဲ့သည်။
အိမ်တော်ထိန်းမိုကမူ သူ့ထံမှအဖိုးတန်ပစ္စည်းများအား ခိုးယူရန်အတွက် ရှောင်ယုမှ နဂါးလေးအားအမိန့်ပေးခဲ့သည်ဟု မှတ်ယူခဲ့သည်။ထို့ကြောင့် ရှောင်ယုအားပိုမိုမုန်းတီးလာခဲ့ပြီး သူတို့အဖွဲ့ဝမ်နယ်မြေသို့ရောက်ရှိချိန်တွင် ဝမ်မိသားစုခေါင်းဆောင်ကြီးထံ ဖြစ်ပျက်သမျှကိုတိုင်တန်း၍ ရှောင်ယုအားအရေးယူစေမည်ဟု မှတ်ယူထားခဲ့သည်။
ရက်အတော်ကြာအောင် ခရီးဆက်ပြီးနောက်တွင် သူတို့အဖွဲ့သည် တောရိုင်းနယ်မြေအတွင်းရှိ မြို့ငယ်လေးတစ်ခုထံရောက်ရှိသွားခဲ့သည်။ထိုမြို့ငယ်လေးအား အုပ်ချုပ်သူသည် ဝမ်မိသားစုနှင့်ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ထားခဲ့သည်။ထို့ကြောင့် ထိုမြို့အတွင်းရှိ အရာရှိများနှင့်မြို့သားများသည် ဝမ်မိသားစုအပေါ် ဧည့်ဝတ်ကျေပွန်ခဲ့ကြသည်။
ထိုမြို့လေးသို့ရောက်မှသာ အိမ်တော်ထိန်းမိုက သက်ပြင်းချနိုင်ခဲ့သည်။
"ဟမ့် ဆင်းရဲသားရပ်ကွက်နဲ့တူတဲ့ ခြင်္သေ့မြို့ကလာတဲ့မင်းကို ဝမ်အိမ်တော်ရောက်မှ ပညာပြန်ပေးမယ်"
ရှောင်ယုကမူ အိမ်တော်ထိန်းမိုအား ဂရုမစိုက်ခဲ့ပေ။သူသည် မိန်းကလေးများကို လှမ်းကြည့်ရန်အတွက် တည်းခိုခန်းတစ်ခု၌ စားသောက်အနားယူနေခဲ့သည်။နဂါးလေးသည်လည်း ရှောင်ယုနည်းတူပင် မိန်းကလေးများအား ကြည့်ရှုနေခဲ့သော်လည်း သူ၏သေးငယ်၍ချစ်စရာကောင်းသည့် သွင်ပြင်ကြောင့် မိန်းကလေးများအကြားရေပန်းစားလာခဲ့သည်။သို့သော်လည်း ရှောင်ယုကသာ ထိုသို့ပြုမူပါက ပါးရိုက်ခံရရုံမှလွဲ၍ အခြားနောက်ဆက်တွဲဖြစ်ရပ် ရှိလာမည်မဟုတ်ပေ။
...
...
ဝမ်မိသားစုမှလူများသည် သူတို့၏ဒဏ်ရာများကို မြို့ထဲရှိဆရာဝန်နှင့်ပြသရန်သွားရောက်နေချိန်တွင် ရှောင်ယုနှင့်အဖွဲ့သည် တည်းခိုခန်း၌အနားယူနေခဲ့သည်။တိုင်ရန်ဒီနှင့်စစ်ဝမ်တို့သည်ကား မမျှော်လင့်ထားသောပြသနာများ မဖြစ်ပေါ်စေရန်အတွက် ခေါင်းစွပ်ကိုဝတ်ဆင်ကာ အခန်းထဲ၌ပဲ အချိန်အများစုကိုကုန်ဆုံးခဲ့သည်။ရှောင်ယုသည်ကား နဂါးလေးနှင့်အတူ သူ၏အချိန်ကိုပျင်းရိစွာ ကုန်ဆုံးခဲ့သည်။
ရှောင်ယု၏အဓိကရည်ရွယ်ချက်မှာ လှပသောအမျိုးသမီးများအား မျက်စိအစာကျွေးရန်ဖြစ်သည်။ဤမြို့ငယ်လေးသည် တောရိုင်းနယ်မြေအတွင်း ရှားရှားပါးပါးတည်ရှိသောမြိူ့ငယ်လေးဖြစ်ရာ စွန့်စားသူအများအပြားသည် ဤမြို့ငယ်လေးမှ ဖြတ်သန်းသွားလေ့ရှိသည်။ထိုအဖွဲ့များတွင် ချောမောလှပသောအမျိုးသမီးများလည်းပါဝင်ပြီး အချို့အမျိုးသမီးများသည် ပွင့်လင်းမြင်သာသောအမူအရာရှိကြသည်။
...
...
ယခုအချိန်တွင် ရှောင်ယုနှင့်နဂါးလေးသည် အနက်ရောင်သားရေဝတ်စုံကို ဝတ်ဆင်ထားသည့် အလှလေးအားစူးစမ်းနေကြသည်။ထိုအလှလေးသည် အခြားသူများသူမကို စိုက်ကြည့်နေသည်ကို စိတ်ထဲမထားဟန်ရှိကာ သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းများအား ပိုမိုပေါ်လွင်စေရန် ခါးကိုတွန့်လိမ်နေခဲ့သည်။
"အလိုလေး..."
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ရင်း တံတွေးကိုမြိုချလိုက်သည်။
"ဘူး...ဘူး.."
နဂါးလေးသည်လည်း သူ၏သခင်ကိုတုပကာ ထူးဆန်းသောအသံကိုထုတ်လွှတ်လိုက်သည်။
"ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်တဲ့ ကောင်လေးလဲ"
ထိုအလှလေးသည် နဂါးလေးက်ိုသတိပြုမိသွားခဲ့သည်။သူမသည် စစ်ဝမ်နှင့်အနည်းငယ်ကွဲပြားသော်လည်း မတူညီကွဲပြားသောအလှကို ဖော်ပြနေခဲ့သည်။သူမထံတွင် ယောကျ်ားလေးများကို ပူလောင်လာစေသော အလှမျိုးရှိပြီး သူမကိုကြည့်မိလိုက်သောယောကျ်ားတိုင်းကို ဆန္ဒမီးတောက်များ တောက်လောင်လာစေခဲ့သည်။ယခုအခါ ထိုအလှလေးသည် ရှောင်ယုတို့ထံတစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
ထိုကောင်မလေးသည် သူတို့၏စားပွဲထံချည်းကပ်လာသောကြောင့် ရှောင်ယုအလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
"ဘယ်လိုတောင် ချစ်စရာကောင်းလိုက်တဲ့ ကောင်လေးလဲ"
ထိုအလှလေးသည် ရှောင်ယု၏စားပွဲသို့ရောက်ရှိလာကာ နဂါးလေးကိုလှမ်းကိုင်၍ ပွေ့ဖက်လိုက်သည်။
"ဂရူး...ဂရူး"
နဂါးလေးသည် ပျော်ရွှင်စွာညည်းညူမိလိုက်သည်။
ဖြန်း....
ထိုအခိုက်အတန့်တွင် ရှောင်ယုသည်သူ၏ပါးတစ်ဖက်မှ ပူလောင်သောခံစားချက်ကိုရရှိလိုက်၍ ထိုကောင်မလေးအား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ရှောင်ယုသည် သူမတိုက်ခိုက်လာသည့်အရှိန်ကို မမြင်တွေ့ရသည်အထိ သူမသည်အလွန်မြန်ဆန်ပေသည်။
"ဘာကြည့်နေတာလဲ...မိန်းမတစ်ယောက်ကိုတောင် မမြင်ဖူးဘူးလား...မင်းငါ့ကိုအဲလိုထပ်ကြည့်ရဲရင် မင်းရဲ့မျက်လုံးတွေကို ငါဖောက်ထုတ်ပစ်မယ်"
ထိုကောင်မလေးသည် ရှောင်ယုအားဒေါသတကြီးစိုက်ကြည့်လိုက်ကာ သူမ၏မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သောအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
အခန်း ၆၃ - လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီး
"မင်းက ဒီသခင်လေးကိုရိုက်ဖို့ သတ္တိရှိတယ်ပေါ့"
ရှောင်ယုသည် ဒေါသတကြီးဖြစ်ကာ သူ၏ထိုင်ခုံပေါ်မှ ခုန်ထလာခဲ့သည်။သူသည် ထိုကောင်မလေးအား တစ်ချက်လေးကြည့်မိရုံဖြင့် ထိုကောင်မလေး၏ပါးရိုက်မှုကိုခံလိုက်ရခြင်းသည် သူ့အတွက်စော်ကားမှုတစ်ခုပင်ဖြစ်သည်။
"နင်ကငါ့မျက်နှာကိုရိုက်ဝံ့တယ်ပေါ့...ငါ့အမေတောင်မှ ငါ့မျက်နှာကိုမရိုက်ဖူးဘူး..."
ထိုအလှလေးသည် ရှောင်ယုအားစိုက်ကြည့်ကာ အလေးမထားဟန်ဖြင့်ပြောလိုက်သည်။
"အိုး...တော်တော်နာသွားလား သားလေး"
ရှောင်ယုသည် သူ့ရှေ့တွင်ရှိနေသော အလှလေးက အဘယ်ကြောင့်ဤမျှထိမာနကြီးသနည်းဟူသော အချက်နှင့် သူ့အားအဘယ်ကြောင့်ပါးရိုက်ရသနည်းဟူသောအချက်ကို လုံးဝနားမလည်ခဲ့ပေ။ထို့အပြင် သူစဉ်စားကြည့်ရသလောက် သူသည်သူမအား ယခုလ်ိုပြုလုပ်မိစေရန် မည်သည်ကိုပြုလုပ်ခဲ့ကြောင်း တွေးမရခဲ့ပေ။
"ပထမတစ်ကြိမ်နဲ့ မကျေနပ်သေးရင် နောက်တစ်ကြိမ်ထပ်စမ်းကြည့်လို့ရတယ်...ဒါပေမဲ့ဒီတစ်ခါတော့ ငါညှာမှာမဟုတ်တော့ဘူး"
ထိုအလှလေးသည် သူမ၏အပြာရောင်မျက်လုံးများအား ကျည်းမြောင်းစေလိုက်ရာ သူမအား ပါရှန်းကြောင်တစ်ကောင်နှင့် တူညီသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ထိုနေရာရှိအခြားစွန့်စားသူများက စတင်ရယ်မောလိုက်သည်။
"အလှလေးလီယာရဲ့လက်နဲ့ မင်းမျက်နှာကို ထိတွေ့ခွင့်ရတာ မင်းကံကောင်းတယ်ကောင်လေး..."
"ဟုတ်တယ်...ဒီစားသောက်ဆိုင်မှာ လီယာရဲ့ပါးရ်ိုက်ခံရတဲ့ ယောကျ်ားလေးအနည်းငယ်ပဲရှိတယ်"
"ကောင်လေး...သတိထားစမ်းပါ...နှင်းဆီပန်းတွေကလှပေမဲ့ သူတို့မှာဆူးတွေရှိတယ်...သူတို့ကိုထိတွေ့ဖို့မကြိုးစားနဲ့"
စွန့်စားသူများသည် ရှောင်ယု၏အခြေအနေကိုကြည့်ပြီး ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကြသည်။
"ဟမ့်...ကျားတစ်ကောင်က ကြောင်တွေကိုဘယ်လိုနာခံအောင် ပြုလုပ်ပေးတယ်ဆိုတာ ငါပြပေးမယ်...အဲ့ဒီအခါကျရင်တကယ့်သခင်က ဘယ်သူလဲဆိုတာ မင်းသိသွားလိမ့်မယ်"
ရှောင်ယုသည် တိုက်ခိုက်ရန်အတွက် သူ၏လက်ကိုမြောက်လိုက်ချိန်တွင် သူ၏ဝမ်းဗိုက်၌နာကျင်မှုဝေဒနာကိုခံစားလ်ိုက်ရပြီး သူ၏ခန္ဓာကိုယ်သည်လည်း နောက်သို့လွှင့်ထွက်သွားခဲ့သည်။
"မင်းက တကယ့်အရူးတစ်ယောက်ပဲ...မင်းလိုလူယုတ်မာတွေကို ငါနေ့တိုင်းတွေ့ဖူးတယ်...မင်းရဲ့အရေးမပါတဲ့ခြိမ်းခြောက်စကားတွေကို ခဏလောက်မေ့ထားလိုက်...ဒီနဂါးလေးအတွက် မင်းဘယ်လောက်လိုချင်လဲ...ငါ့ကိုပြော"
လီအာသည် ရှောင်ယုအားကန်ထုတ်လိုက်ပြီးနောက် နဂါးလေး၏ခေါင်းကိုပွတ်သပ်လိုက်သည်။
ရှောင်ယုသည် သူ့မျက်လုံးထဲတွင် မီးများထတောက်မတတ် ဒေါသထွက်သွားခဲ့သည်။သူသည် ယခုလိုဆုံးရှံးမှုမျိုးအား မကြုံတွေ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း လီအာကဲ့သို့ကျွမ်းကျင်သူတစ်ဦးအား သူမည်သို့မှလုပ်ဆောင်နိုင်စွမ်းမရှိပေ။
"ငါ့ကိုဒေါသထွက်အောင်လုပ်မိတဲ့ အတွက်နောက်ဆက်တွဲအကျိုးဆက်ကို နင်တွေးမိမှာမဟုတ်ဘူး..."
ရှောင်ယုသည် ဒေါသတကြီးအော်ဟစ်လိုက်ကာ ကျယ်လောင်စွာအမိန့်ပေးလိုက်သည်။
"ဂရင်း...မင်းတို့ဝင်လာခဲ့တော့ ဒီနှင်းဆီက သံမဏိနဲ့လုပ်ထားတာဆိုရင်တောင် ငါဒီနေ့ရအောင်ရိုက်ချိုးပြမယ်"
ရှောင်ယု၏အမိန့်ကိုရသည်နှင့် အနက်ရောင်ဝတ်ရုံဝတ်ထားသည့် လူအမြောက်အများသည် စားသောက်ဆိုင်အတွင်းသို့ ချက်ချင်းဝင်ရောက်လာခဲ့သည်။
"မင်းမှာနောက်လိုက်တွေနည်းနည်းရှိတာပဲ...အရင်ကလူတွေလိုပဲ ဒီတစ်ကြိမ်လည်း မင်းရဲ့ဆန္ဒကပြည့်ဝမှာမဟုတ်ဘူး"
လီအာသည် ရှောင်ယု၏နောက်လိုက်များအား လှည့်ပင်မကြည့်ခဲ့ပေ။သူမသည် ယခုလိုဖြစ်ရပ်များစွာကို ယခင်ကလည်းကြုံတွေ့ဖူးခဲ့ပြီး ဒါဇင်နှင့်ချီသော ကိုယ်ရံတော်များသည်ပင် သူမအတွက်ခြိမ်းခြောက်မှုတစ်ခုမဟုတ်ခဲ့ပေ။
"ဒီနေ့တော့ မုဒိန်းကျင့်တယ်ဆိုတဲ့ စကားလုံးရဲ့တကယ့်အဓိပ္ပါယ်ကို မင်းသိသွားအောင် ငါလုပ်ပြမယ်...ဒီနေ့ရတဲ့သင်ခန်းစာကနေတဆင့် လူဆိုးတွေဟာ မင်းတို့လို့မိန်းမလှတွေကိုဖမ်းမိရင် ဘယ်လိုဆက်ဆံတယ်ဆိုတာ မင်းသိသွားအောင်ငါသင်ပေးမယ်"
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းကာ အောစ့်များကိုလှုပ်ရှားရန်အမိန့်ပေးလိုက်သည်။
ဂရင်းနှင့်အောစ့်စစ်သည်များသည် သူတို့ဝင်ဝင်ချင်း ရှောင်ယုဒဏ်ရာရနေသည်ကို မြင်သောကြောင့် အလွန်ဒေါသထွက်ခဲ့ကြသည်။ရှောင်ယုသည် သူတို့၏အရှင်သခင်ဖြစ်ရာ ရှောင်ယုအားဒဏ်ရာရစေခြင်းသည် သူတို့၏မျက်နှာကိုဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထိုခဏတွင် ဂရင်းတို့သည် သူတို့ကိုလွှမ်းခြုံထားသော အနက်ရောင်ဝတ်ရုံများကို ဖယ်ရှားလိုက်ကာ သူတို့၏အစိမ်းရောင်အရေပြားနှင့် ချွန်ထက်သောသွားစွယ်များကို ပြသလိုက်သည်။
ရှောင်ယုသည် ဤမြို့ငယ်လေးသို့ ရောက်ရှိစဉ်က အောစ့်များအား လူထု၏အာရုံစိုက်မှုမခံရစေရန် အမိန့်ပေးခဲ့သည်။သို့သော် တိုက်ခိုက်နေစဉ်တွင် သူတို့၏လှုပ်ရှားမှုကို အနှောင့်အယှက်ပေးနေသည့် ဝတ်ရုံများအား ဝတ်ဆင်နေရန်မလိုအပ်ပေ။
"အောစ့်တွေ..."
စားသောက်ဆိုင်ထဲတွင် ထိုင်နေသောလူများသည် မသိစိတ်၏စေခိုင်းမှုကြောင့် မတ်တပ်ထရပ်ကုန်ကြသည်။လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ခန့်ကဆိုလျှင် ဤသို့သောမြင်ကွင်းသည် အထူးအဆန်းမဟုတ်သော်လည်း သူတို့သည် အောစ့်များကိုမမြင်ရသည်မှာ ရာစုနှစ်တစ်ခုနီးနီးကြာမြင်နေပြီဖြစ်သည်။ထို့ကြောင့် စားသောက်ဆိုင်ထဲတွင် ဒါဇင်နှင့်ချီသော အောစ့်များထွက်ပေါ်လာသည်ကို မြင်သောအခါ လူတိုင်းအံ့သြသွားကြသည်။
"အောစ့်တွေလား..."
သူမ၏ရှေ့ရှိ လူပျက်သည် ရက်စက်ကြမ်းကြုတ်သောအောစ့်စစ်သည်များအား ကိုယ်ရံတော်အဖြစ်ထားရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သာမန်လူများသည် ထိုကဲ့သို့သောကိုယ်ရံတော်များကို မထားရှိနိုင်၍ ထိုလူပျက်၏နောက်ခံသည် သူမထင်ထားသလိုမရိုးရှင်းကြောင်း လီအာနားလည်သွားခဲ့သည်။သို့သော် လီအာသည် အင်ပါယာတစ်ခု၏မင်းသားကိုပင် မျက်နှာသာပေးမယ့်သူမဟုတ်ပေရာ ရှောင်ယု၏အထောက်အထားကို ဂရုမစိုက်ခဲ့ပေ။
အောစ့်များသည် အရပ်ရှည်သော်လည်း သူတို့၏ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် လျင်မြန်ခြင်းမရှိပေ။သူတို့သည် ကောင်မလေးကိုချက်ချင်းဖမ်းလိုက်ကြသော်လည်း လေကိုသာဖမ်းမိလိုက်ကြသည်။
လီအာသည် ရေထဲတွင်ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သ်ို့ လှည့်ပတ်ရှောင်တိမ်းနေခဲ့ကာ သူမအားဖမ်းရန်ကြိုးပမ်းနေသော အောစ့်များ၏လက်ထဲမှ ရအောင်ဖြတ်သွားခဲ့သည်။အောစ့်စစ်သည်များသည် သူမအားကြိုးစားကာဖမ်းနေသော်လည်း စားသောက်ဆိုင်ဖြစ်သောကြောင့် စားပွဲများခုံများ ပြည့်ကျပ်နေလေရာ သူမအားလိုက်မမှီုနိုင်ဖြစ်နေခဲ့သည်။သူတို့နှင့်နှိုင်းယှည်ပါက လီအာသည် ဘဲတစ်ကောင်လိုလှုပ်ရှားနေကာ ဂရင်းအပါအဝင် အောစ့်စစ်သည်များကဖမ်းမမိခဲ့ပေ။
ဂရင်းသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းကို အကြိမ်ကြိမ်အသုံးပြုခဲ့သော်လည်း လီအာသည်အကြိမ်တိုင်းရှောင်တိမ်းပြခဲ့သည်။
ဂါး...
အောစ့်များသည် စားပွဲနှင့်ကုလားထိုင်များကို ရိုက်ချိုးကာ ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။အောစ့်များသည် လီအားဖမ်းမိရန် အစွမ်းကုန်ကြိုးပမ်းနေရာ အချိန်ခဏအတွင်းမှာပင် နေရာတစ်ခုလုံးဖရိုဖရဲဖြစ်သွားခဲ့သည်။
လီအာသည် ထိုသို့ကစားနေရသည်ကို ငြီးငွေ့လာပုံရပြီး မပျက်စီးသေးသော စားပွဲတစ်ခုထံသို့ ခုန်ဆင်းကာ လှောင်ရယ်လိုက်သည်။သူမသည် ကြောင်တစ်ကောင်ကဲ့သို့ပေါ့ပါးသွက်လက်ကာ ပင့်ကူတစ်ကောင်ကဲ့သို့ တိုင်တစ်ခုအားမြဲမြံစွာဆုပ်ကိုင်၍ အပေါ်ထပ်သို့တက်သွားခဲ့သည်။
"အဲ့ဒီ အောစ့်ငတုံးတွေက ငါ့ကိုဖမ်းနိုင်မယ်လို့ မင်းထင်နေတာလား...အိပ်မက်ဆက်မက်နေလိုက်...ဒီနဂါးရဲ့စျေးက်ို မပြောပြချင်ရင် ငါသိမ်းလိုက်တော့မယ်...လျော်ကြေးတစ်ခုလို့ပဲသတ်မှတ်လိုက်.."
လီအာသည် ထိုစကားကိုပြောပြီးနောက်တွင် သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းမှုန်ဝါးလာပြီး အပြင်လူများမမြင်တွေ့နိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
"လုပ်ကြံသူ.."
ရှောင်ယု၏စိတ်ထဲတွင် ထိုစကားလုံးဖြစ်ပေါ်လာခဲ့သည်။လီအာအသုံးပြုသောနည်းစနစ်ကို လုပ်ကြံသူများကသာ ကျွမ်းကျင်စွာအသုံးပြုနိုင်သည်။
"သူမက ငါတို့ကိုဂရုမစိုက်တာ မထူးဆန်းတော့ဘူး...အင်အားကြီးနိုင်ငံတွေတောင်မှ ဒီလိုအဆင့်မြင့်လုပ်ကြံသူတွေကို ဖမ်းဆီးလို့မရနိုင်ဘူး...သူတို့က ခုလိုသူများတွေမမြင်နိုင်အောင် ပုန်းအောင်းပြီးထွက်ပြေးတဲ့နေရာမှာ အရမ်းတော်တယ်"
ရှောင်ယုသည် ဤကမ္ဘာရှိလုပ်ကြံသူများကို ပထမဆုံးတွေ့မြင်ဖူးလိုက်သောကြောင့် သူ၏မျက်လုံးများသည် တဖြည်းဖြည်းတောက်ပလာခဲ့သည်။
"စိတ်ဝင်စားစရာပဲ...ငါသူမကိုဖမ်းဖို့အတွက် အကြောင်းပြချက်ပိုတိုးလာပြီ"
ရှောင်ယုသည် ညည်းညူမိလိုက်သည်။နဂါးလေးသည် ညဏ်ကောင်းသူတစ်ဦးဖြစ်ရာ ယခုလိုသူမထံတွင် အလွယ်တကူပါသွားရလောက်အောင် မတုံးအသောကြောင့် ရှောင်ယုစိတ်မပူမိပေ။
ထိုအခိုက်အတန့်တွင် လှေကားထစ်၏အဆုံး၌ မီးလုံးသေးသေးလေးတစ်ခု ပေါက်ကွဲထွက်လာခဲ့ကာ လီအာ၏တည်နေရာအား လူတိုင်းသိရှိသွားခဲ့ကြသည်။
"နဂါးလေး...ငါမင်းကို အရသာရှိတဲ့အစားအစာတွေပေးမယ်လို့ ပြောထားတယ်လေ...မင်းဘာလို့ငါ့ကိုဒုက္ခပေးရတာလဲ"
လီအာသည် ပြတင်းပေါက်မှတဆင့် ခိုးထွက်ရန်ကြိုးစားနေသော်လည်း နဂါးလေးက သူမ၏တည်နေရာအား ဖော်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ထွက်ပြေးဖို့က အဲလောက်လွယ်နေမှာမဟုတ်ဘူ...တိုင်ရန်ဒီ ဘယ်ရောက်နေတာလဲ"
ရှောင်ယုသည် မထီမဲ့မြင်လေသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။
အောစ့်စစ်သည်များသည် စစ်မြေပြင်၏ဘုရင်များဖြစ်ကြောင်း ရှောင်ယုသတိပြုမိပေသည်။သို့သော်လည်း စားသောက်ဆိုင်အတွင်း နေရာလွတ်များကန့်သတ်ထားသည့်အတွက်ကြောင့် လုပ်ကြံသူများအတွက် ထွက်ပြေးရန်အခွင့်ကောင်းပိုရှိပေသည်။သို့သော် ရှောင်ယုထံ၌ လုပ်ကြံသူများအား ရင်ဆိုင်ရန် အထူးလျှို့ဝှက်လက်နက်တစ်ခုရှိသည်။ရှေးခေတ်နတ်သူငယ်များသည် လုပ်ကြံသူများ၏သဘာဝရန်သူများဖြစ်ကာ တိုင်ရန်ဒီသည် နတ်သူငယ်များ၏ နတ်ဘုရားမဖြစ်သည်။
တိုင်ရန်ဒီသည် လင်းယုန်မျက်လုံးကျွမ်းကျင်မှုအား ပိုင်နိုင်သည့်အတွက်ကြောင့် သာမန်နတ်သူငယ်များနှင့် နှိုင်းယှဉ်ပါက သူမ၏အမြင်အာရုံသည် ပိုမိုစူးရှပေသည်။သူမသည် ကိုယ်ပျောက်နေသူများကိုပင် ရှာတွေ့နိုင်သော်လည်း သူမသည်အဆင့်နိမ့်ကျနေသေးရာ အလွန်ကျွမ်းကျင်သည့် အဆင့်မြင့်လုပ်ကြံသူများအား ရှာတွေ့နိုင်မှာမဟုတ်ပေ။သို့သော်လည်း စားသောက်ဆိုင်၏အတွင်းပိုင်းသည် ကျဉ်းဝန်းသည့်အတွက်ကြောင့် တိုင်ရန်ဒီ၏အမြင်မှ ပုန်းအောင်းနေရန်မဖြစ်နိုင်ပေ။
တိုင်ရန်ဒီသည် အန်တိုနီဒက်စ်နှင့် စစ်တုရင်ကစားနေသော်လည်း ရှောင်ယု၏အော်သံကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် ချက်ချင်းပြေးဆင်းသွားခဲ့သည်။သူမသည် ရှောင်ယု၏ဆင့်ခေါ်မှုအား မည်သည့်အခါကမှ ငြင်းဆန်ခြင်းမရှိခဲ့ပေ။
တိုင်ရန်ဒီသည် အနက်ရောင်ခေါင်းစွပ်ကို ဝတ်ဆင်ထားသော်လည်း တိုင်ရန်ဒီ၏မျက်လုံးများရှိ ခရမ်းရောင်အလင်းတန်းကို တွေ့မြင်လိုက်ရချိန်တွင် လီယာသည် တိုင်ရန်ဒီ၏မူလဇာတ်မြစ်ကို မှန်းဆလိုက်နိုင်သည့်အတွက်ကြောင့် အနည်းငယ်အံ့သြသွားခဲ့ရသည်။
"တိုင်ရန်ဒီ...ဒီကောင်မလေးက ငါ့ကိုရိုက်နှက်ပြီးတော့ နဂါးလေးကိုခိုးဖို့ကြိုးစားခဲ့တယ်...ဒါကတကယ်ကိုခွင့်မလွှတ်နိုင်တဲ့အပြစ်ဘဲ...ငါတို့သူမကိုဖမ်းပြီးတော့ အပြစ်ပေးရမယ်"
ရှောင်ယုသည် တိုင်ရန်ဒီ၏ညဏ်ရည်ညဏ်သွေးမြင့်မားမှုကြောင့် သူမပါဝင်စွက်ဖက်လာစေရန် နဂါးလေးခိုးယူခံရမှုကို အလေးပေးပြောကြားလိုက်သည်။အကယ်၍ ရှောင်ယုသာ မိန်းမတစ်ယောက်ကိုအနိုင်ကျင့်ရန် ကြိုးစားနေပါက သူမသည်ဝင်ရောက်စွက်ဖက်မည်မဟုတ်သော်လည်း နဂါးလေးနှင့်ပတ်သက်လာလျှင် သူမငြိမ်ခံနေမည်မဟုတ်ပေ။ယခုလည်း လီအာသည် သူမသဘောကျနှစ်သက်သည့် နဂါးလေးအားယူဆောင်သွားရန် ကြိုးပမ်းနေသည်ကိုမြင်သောအခါ သူမသည်လေးနှင့်မြှားကိုချက်ချင်းဆွဲထုတ်လိုက်သည်။
ရွှီးးး..ရွှီးးး..ရွှီးး
တိုင်ရန်ဒီသည် လီအာ၏ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ဆို့ထားရန်အတွက် မြှား၇ချောင်းကို အဆက်မပြတ်ပစ်လွှတ်လိုက်၍ လီအာအံ့သြသွားရသည်။မည်သို့ပင်ဆိုစေကာမူ လီအာသည် ကျွမ်းကျင်သည့်လုပ်ကြံသူတစ်ဦးဖြစ်ရာ မြှား၂ချောင်းကြားရှိ သေးငယ်သောကွက်လပ်တစ်ခုကို ဖြတ်ကျော်ရန်အတွက် သူမ၏ခန္ဓာကိုယ်အား လေးကိုင်းသဖွယ်ကွေးညွတ်လိုက်သည်။
"မဆိုးဘူး..."
ရှောင်ယုသည် လီအာ၏လှပသောရှောင်တိမ်းပုံကိုကြည့်ကာ မချီးကျူးဘဲ မနေနိုင်တော့ပေ။
လီအာသည် အခက်အခဲမှလွတ်မြောက်သွားသော်လည်း ဂရင်းသည် သူမအားအမှီလိုက်နိုင်ရန်အတွက် သူရဲကောင်းဆန်စွာခုန်လွှားခြင်းက်ို အသုံးပြုလိုက်သည်။
သို့သော်လည်း လီအာ၏ခန္ဓာကိုယ်သည် လေထဲတွင်လူးလိမ့်သွားပြီး သူမ၏လက်ထဲတွင် ဓားမြှောင်တစ်စင်းထွက်ပေါ်လာခဲ့သည်။သူမသည် ဓားမြှောင်ကိုဝှေ့ယမ်းလိုက်ကာ သူမအားဖမ်းဆီးရန်ကြိုးပမ်းနေသော ဂရင်း၏လက်ကိုတိုက်ခိုက်လိုက်သည်။ထိုအချိန်တွင် အောစ်စစ်သည်များကလည်း ချက်ချင်းလှုပ်ရှားလိုက်ကာ စားသောက်ဆိုင်၏ထွက်ပေါက်အားလုံးက်ိုပိတ်ဆို့လိုက်သည်။သူတို့သည် လီအာအားအမှီမလိုက်နိုင်သော်လည်း သူတို့၏ကြီးမားသောခန္ဓာကိုယ်က တံခါးပေါက်နှင့်ပြတင်းပေါက်များအားလုံးကို ပိတ်ဆို့နိုင်သည်ထိ ကြီးမားပေသည်။
လီအာသည် အဆက်မပြတ်လှုပ်ရှားရင်း တိုင်ရန်ဒီ၏မြှားများနှင့် ဂရင်း၏လက်များကို ရှောင်တိမ်းလိုက်သည်။
ဂရင်းသည် လေလမ်းလျှောက်ခြင်းအား အသုံးပြုနေချိန်တွင် လီအာလောက် သွက်လက်ခြင်းမရှိသော်လည်း သူမ၏အရှိန်ကို အမှီလိုက်နိုင်ပေသည်။ဂရင်းသည် အတားအဆီးများကို ကြုံတွေ့ရတိုင်း ရှေ့သို့အားသွင်းခုန်ကျော်ကာ ၎င်းတို့ကိုကျော်ဖြတ်ခဲ့သည်။ဂရင်းနှင့်တိုင်ရန်ဒီတို့၏ ပူးပေါင်းမှုကြောင့် လီအာသည်စတင်၍ ဖိအားများကိုခံစားလိုက်ရသည်။သူမသည် တိုင်ရန်ဒီကဲ့သို့သော အစွမ်းထက်သည့်လေးသမားမျိုးကို မတွေ့ဖူးပေ။တိုင်ရန်ဒီ၏မြှားများသည် တိကျမြန်ဆန်သည့်အတွက်ကြောင့် လီအာ၏ခန္ဓာကိုယ်သည် လုံလုံလောက်လောက် မပျော့ပြောင်းပါက ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။
ထို့ပြင် သူမသည်ဂရင်းအားလည်း ကြိုးစားရှောင်တိမ်းနေရရာ သူတို့လက်ထဲ၌ ဖမ်းမိသွားရန်အချိန်တစ်ခုသာ လိုအပ်ပေသည်။
"အိုး...ဒီနေရာက အရမ်းသက်ဝင်လှုပ်ရှားနေတာပဲ...ဒီအဘိုးကြီးက စစ်တုရင် ကောင်းကောင်းမကစားရဘူး"
ထိုအချိန်တွင် အန်တိုနီဒက်စ်က လှေကားထိပ်တွင် ထွက်ပေါ်လာခဲ့သည်။
"ဒီကောင်မလေးပြေးနေတာ အရမ်းမြန်တာပဲ...သူမကိုအရှိန်နည်းနည်းလျော့ပေးလိုက်ရအောင်"
အန်တ်ိုနီဒက်စ်သည် စကားတပြောပြောဖြင့် သူ၏လက်များကိုလှုပ်ရှားလိုက်ရာ လီအာ၏ရှေ့တွင် နှင်းခဲများဖြစ်ပေါ်လာခဲ့သည်။
လီအာ၏ခြေထောက်များသည် နှင်းခဲများအကြားနှစ်မြုပ်သွားချိန်တွင် ဂရင်းသည် လီအာထံသို့ချက်ချင်းရောက်ရှိလာခဲ့သည်။
"ဘာကြီးလဲ..."
ဂရင်း၏လက်ကြမ်းကြီးများသည် လီအာ၏ခါးကိုတင်းကျပ်စွာ ဆုပ်ကိုင်ဖမ်းဆီးလိုက်ရာ လီအာသည်မလွတ်မြောက်နိုင်တော့ပေ။သူမသည် သံမဏိကဲ့သို့တုတ်ခိုင်သော ဂရင်း၏ဆုပ်ကိုင်မှုအား ခုခံရန်အင်အားမရှိခဲ့ပေ။
"မင်းက ငါ့ရဲ့ပါးကိုရိုက်ရဲတယ်ပေါ့...ပြီးတော့ငါ့ကိုကန်ကျောက်ပြီးတော့ ငါ့ရဲ့နဂါးကိုခိုးဖိုးသတ္တိရှိတယ်ပေါ့...ဒီနေ့မင်းကိုသင်ခန်းစာကောင်းကောင်းမပေးရင် ငါ့ကိုလူတွေကအရူးလိုဆက်ဆံကြလိမ့်မယ်"
ရှောင်ယုသည် အောင်နိုင်သူတစ်ဦး၏အပြုံးဖြင့် လီအာထံသ်ို့တစ်လှမ်းချင်း ရှေ့တိုးလာခဲ့သည်။
ရှောင်ယု၏မျက်လုံးများရှိ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်ကိုတွေ့မြင်လိုက်ချိန်တွင် လီအာ၏နှလုံးသားထဲ၌ ဆိုးရွားသောခံစားချက်များဖြစ်ပေါ်လာခဲ့သည်။