← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း ၆၄ - အိမ်ဖော်အစေခံ

ရှောင်ယုသည် လုပ်ကြံသူ အမျိုးသမီးအား ဖမ်းမိနိုင်ခဲ့သော်လည်း စားသောက်ဆိုင်တစ်ခုလုံး ပြိုကျသွားခဲ့သည်။စားသောက်ဆိုင်၏ အဓိကဖောက်သည်များမှာ စွန့်စားသူများဖြစ်သောကြောင့် ပိုင်ရှင်ဖြစ်သူသည် အလားတူ ဖြစ်ရပ်မျိုးကို ကြုံတွေ့ရလေ့ရှိသည်။ယခုလို ရုန်းရင်းဆန်ခတ်ဖြစ်ရပ်မျိုးသည် ပုံမှန်သာဖြစ်ပြီး ရန်ပွဲအများစုတွင် စားပွဲခုံတချို့အား ဖျက်ဆီးခံရလေ့ရှိသည်။သို့သော် အော့စ်များသည် ရက်စက်ကြမ်းကြုတ်ကာ စားသောက်ဆိုင်တစ်ခုလုံးအား ဖြိုချလုမတတ် သောင်းကျန်းခဲ့သည်။

စားသောက်ဆိုင်ပိုင်ရှင်သည် အမြင့်၂မီတာခန့်ရှိသော အောစ့်များကိုကြည့်ရင်း သူ၏ယုံကြည်မှုသည် အနည်းငယ်နိမ့်ကျနေခဲ့သည်။

"ဒါ...ဒါနဲ့သခင်လေး...ဒီပျက်စီးသွားတဲ့အခြေအနေတွေအရ ဘယ်သူကလျော်ကြေးပေးမှာလဲ..."

စားသောက်ဆိုင်ပိုင်ရှင်၏ မျက်နှာပေါ်တွင် မကျေမနပ်အပြုံးတစ်ခုရှိနေခဲ့သည်။

ရှောင်ယုက လျော်ကြေးတောင်းခံလိုက်ရသော်လည်း မည်သည့်ပြသနာကိုမဆို ဖြေရှင်းပေးနိုင်သော ကိုယ်ရည်ကိုယ်သွေးရှိသည့် သခင်လေးတစ်ယောက်၏ ဟန်ပန်အမူအရာဖြင့် ပြတင်းပေါက်အပြင်ဘက်ရှိ ရထားလုံးပေါ်တွင် စိုက်ထူထားသောအလံကိုညွန်ပြလိုက်သည်။

"အဲ့ဒီ အလံကိုမှတ်မိတယ်မလား.."

ပိုင်ရှင်ဖြစ်သူက ခေါင်းကိုဆန့်ထုတ်လိုက်ပြီး ရှောင်ယုညွန်ပြရာကို လှမ်းကြည့်လိုက်သည်။

"သိတာပေါ့သခင်လေးရ...အဲ့ဒါကဝမ်မိသားစုရဲ့အလံပဲလေ...သူတို့ကဒီမြို့ငယ်လေးကို မကြာခဏဝင်ထွက်သွားလာနေကြတာပဲ"

ရှောင်ယုသည် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်၊

"ကောင်းတယ်...အိမ်တော်ထိန်းမိုပြန်လာတဲ့အခါကျ လျော်ကြေးတောင်းလိုက်...သူကပျက်စီးသွားသမျှအကုန်လုံးက်ို စိုက်လျှော်ပေးလိမ့်မယ်"

ရှောင်ယုသည် လီအာအား သူ့အခန်းထဲသို့ခေါ်ထည့်သွားရန် ဂရင်းအားလက်ဟန်ပြလိုက်သည်။

စားသောက်ဆိုင်ပိုင်ရှင်သည် ရှောင်ယုထွက်သွားသည်ကို တားဆီးလိုက်ချင်သော်လည်း ဂရင်းက လီအာအား ကြက်တစ်ကောင်လိုဆုပ်ကိုင်ထားသည်ကိုကြည့်ပြီး စကားမပြောရဲတော့ပေ။

...

...

အခန်းထဲတွင် ဂရင်းအပါအဝင် အောစ့်၅ကောင်ရှိနေခဲ့သည်။လီအာသည်ကား ဖက်ထုပ်တစ်ခုကဲ့သို့ ကြိုးများဖြင့်တင်းကျပ်စွာ တုပ်နှောင်ခံထားရပြီး ထွက်ပြေးလွတ်မြောက်ရန် နေနေသာသာ လှုပ်ရှားရန်ပင်အခွင့်မသာခဲ့ပေ။

"ငါ့ကို ပါးရိုက်ဝံ့တဲ့ မိန်းကလေး.."

ရှောင်ယုသည် ပြုံးပြုံးကြီးခေါင်းညိတ်မိလိုက်သည်။ရှောင်ယုသည် လီအာကို ကြည့်ရင်း သူ၏ယခင်ဘဝဟောင်း၌ ရွှံရှာဖွယ်အကောင်းဆုံး ဗီလိန်ဇာတ်လိုက်တစ်ယောက်ကို အတုယူရန်ကြိုးစားနေခဲ့သည်။

ယခုလိုဖြစ်လာမည်မှန်းသိနေပါက ရှောင်ယုသည် ဟောင်ကောင်ရုပ်ရှင်အထူးချွန်ဆုံးပွဲတွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူများအား သွားရောက်ကာ အတွေ့အကြုံများကိုမေးမြန်းခဲ့မှာဖြစ်သည်၊

"မင်း ငါ့ကိုလွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်"

လီအာသည် ဖမ်းဆီးခံထားရသော်လည်း ရှောင်ယုအားကြောက်ရွှံခြင်းမရှိဘဲ ပြန်လည်ခြိမ်းခြောက်လိုက်သည်။

"မင်းကိုငါလွှတ်ပေးရမယ်ဟုတ်လား...မင်းကငါ့ကို ၂ကြိမ်တိတိပါးရိုက်ပြီး...ပြီးတော့ငါ့ကိုကန်ကျောက်ပြီး ငါ့နဂါးကိုခိုးဖို့ကြိုးစားခဲ့တယ်...မင်းကိုယ်မင်းဘယ်သူလို့ထင်လို့လဲ"

အခြားလူများဆိုလျှင် လီအာ၏ဆန်းကြယ်သောနောက်ခံကို ကြောက်ရွံ့ကြမည်ဖြစ်သော်လည်း ရှောင်ယုကမူ မည်သူ့ကိုမှကြောက်ရွှံခြင်းမရှိခဲ့ပေ။

"ဒီသခင်လေးက နယ်မြေတစ်ခုရဲ့သခင်ဖြစ်ပြီး အင်ပါယာကကိုယ်တိုင်ချီးမြင့်ထားတဲ့ မြို့စားဖြစ်တယ်..ငါဘယ်သူ့ကိုမှမကြောက်ဘူး..."

"မင်းငါ့ကိုမလွှတ်ပေးရင် မင်းနောင်တကောင်းကောင်းရလိမ့်မယ်"

လီအာသည် ရှောင်ယုအား ဆက်လက်ခြိမ်းခြောက်လိုက်သည်။

"အိပ်မက်မက်နေလိုက်..."

ရှောင်ယု၏ မျက်နှာအမူအရာသည် ချက်ချင်းတင်းမာသွားခဲ့ပြီး လီအာ၏နံဘေးတွင်ရှိနေသော ကုလားထိုင်အား ကန်ထုတ်လိုက်သည်။

"ဒီကမ္ဘာမှာ ငါ့ကိုခြိမ်းခြောက်နိုင်တဲ့သူ မမွေးသေးဘူး...ငါ့ကိုနောင်တရစေမယ်ဟုတ်လား...နောင်တဆိုတဲ့စကားလုံးက ဘာကိုဆိုလိုချင်တာလဲဆိုတာ မင်းကိုငါပြမယ်....ဂရင်း ငါ့ကိုဓားမြောင်ပေးစမ်း"

ရှောင်ယုသည် လီအာကိုဖမ်းမိချိန်တွင် သူမ၏ပစ္စည်းအားလုံးကို ယူဆောင်သွားခဲ့သည်။ထိုဓားမြောင်သည် ဂရင်း၏ထူထဲသောအရေပြားကိုပင် ထိုးဖောက်နိုင်စွမ်းရှိပေသည်။ရှောင်ယုသည် ဂရင်းရရှိခဲ့သောဒဏ်ရာများကို အမြန်သက်သာစေရန်အတွက် အနာကျက်ဆေးအား အသုံးပြုခဲ့ရသည်။

ရှောင်ယုသည် လီအာ၏မျက်နှာနှင့်လက်မအနည်းငယ်ခြား၍ ဓားမြောင်အားဝှေ့ယမ်းပြလိုက်သည်။

"တကယ်တော့ ငါ့ဆီမှာလူတော်တော်များများမသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်...ငါကပန်းပုဆရာတစ်ယောက်ဖြစ်ပြီး လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထွင်းထုရတာသဘောကျတယ်...အထူးသဖြင့် လူတစ်ယောက်ရဲ့ အနူးညံ့ဆုံးခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖောက်ထုတ်ရတာ တော်တော်သဘောကျစရာကောင်းတယ်...ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ မျက်နှာနဲ့ရင်ဘတ်ကအနူးညံ့ဆုံးနေရာဖြစ်ပေမယ့် အမျိုးသမီးတစ်ယောက်မှာအဲထက်ပိုနူးညံ့တဲ့ တတိယနေရာတစ်ခုရှိတယ်..."

ရှောင်ယုသည် ပြောပြောဆိုဆိုဖြင့် လီအာ၏ အောက်ပိုင်းအား မသိမသာလှမ်းကြည့်လိုက်သည်။

"ငါက လူကောင်းတစ်ယောက်မို့ မင်းကိုအခွင့်အရေးပေးမယ်...ဘယ်ကစရမလဲမင်းပြောကြည့် အထက်လား အလယ်လား အောက်လား"

ရှောင်ယုသည် လူကြီးလူကောင်းဆန်ဆန်ပြုံးလိုက်ကာ သူ၏အမူအရာများက အလွန်သိမ်မွေ့နေခဲ့သည်။သို့သော် လီအာသည် သူမကိုပြုံးကြည့်နေသည့် ရှောင်ယုအားနတ်ဆိုးတစ်ကောင်ဟု ထင်မှတ်သွားခဲ့သည်။

"မင်း...မင်းကနတ်ဆိုးပဲ"

လီအာသည် ရှောင်ယုအား စိုက်ကြည့်လိုက်ရာ ရှောင်ယု၏မျက်လုံးများအတွင်းရှိ ဆိုးယုတ်သောအရိပ်အယောင်များကို သတိထားမိလိုက်ပြီးနောက် သူမ၏နှလုံးသားထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ စတင်မွေးဖွားလာခဲ့သည်။

"ငါ့ကိုအရမ်းကြီးမချီးကျူးပါနဲ့...ငါကနတ်ဆိုးတစ်ကောင်မဟုတ်ပါဘူး. .ကောင်းပြီလေ မင်းကကိုယ်တိုင်မရွေးချယ်မှတော့ မင်းအတွက်ငါပဲရွေးချယ်ပေးရမှာပေါ့ "

ရှောင်ယုသည် လီအာ၏အနီးသို့လျှောက်သွားခဲ့ပြီး သူမ၏ရှေ့၌ နောက်တစ်ကြိမ်ထပ်ရပ်လိုက်သည်။

"ခဏနေရင် ငါ့ကိုကယ်ဖို့အတွက် လူတစ်ယောက်ရောက်လာလိမ့်မယ်...အဲ့အချိန်ကျ မင်းရဲ့လုပ်ရပ်တွေကိုသူမြင်သွားရင် မင်းကိုချက်ချင်းသတ်ပစ်လိုက်မယ်"

သူမသည် ရှောင်ယုအား မည်သို့ခြိမ်းခြောက်ပါစေ ကြောက်ရွံ့အောင်မပြုလုပ်နိုင်သော်လည်း သူမ၏ကြိုးစားမှုကိုမရပ်ခဲ့ပေ။

ရှောင်ယုသည် လီအာ၏ခြိမ်းခြောက်မှုအား ကြောက်ရွံ့သည့်ပုံစံ ဟန်ဆောင်လိုက်သည်။

"အိုး..ငါတော်တော်ကြောက်သွားပြီ..ဒါပေမဲ့ မင်းကိုကယ်ဖို့လူတစ်ယောက်မကြာခင် ရောက်လာတော့မှာဆိုတော့ ငါမြန်မြန်လေးအလုပ်စရမယ်ဆိုတဲ့သဘောပဲ....မဟုတ်ရင် အဲလူရောက်လာတဲ့အခါကျ ငါ့ရဲ့ပရိဘောဂအသစ်ကိုအပြီးသတ်နိုင်မှာမဟုတ်ဘူး...ငါကငါ့ရဲ့ဧည့်သည်တွေကို အဆင်သင့်မဖြစ်သေးတဲ့ ပန်းပုရုပ်တုတွေကိုချပြရတာ သဘောမကျဘူး....ဒါကြောင့်မင်းကိုယ်စား ငါပဲရွေးချယ်ပေးပြီးတော့ ငါသဘောအကျဆုံးအစိတ်အပိုင်းကနေ စပြီးထုလုပ်လိုက်မယ်"

ရှောင်ယုသည် အနက်ရောင်သားရေဘောင်းဘီကို ဝတ်ဆင်ထားသည့် လီအာ၏သွယ်လျသော ခြေသလုံးများကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် တံတွေးတစ်လုပ်ကိုမြိုချလိုက်ရသည်။

"ပန်းပဲရုပ်တုတစ်ခုကို စထုဖို့အတွက် မင်းရဲ့ဘောင်းဘီတွေကိုအရင်ချွတ်ရမှာဆိုပေမဲ့ မင်းကိုကြိုးတုပ်ထားတာမလို့ နည်းနည်းတော့ခက်လိမ့်မယ်...စိတ်မပူပါနဲ့ မင်းရဲ့ဘောင်းဘီကိုငါဖြတ်ပေးမယ်...ဒါအတွက် ကျေးဇူးတင်စရာမလိုပါဘူး...လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ငါကသူများတွေကိုကူညီရတာကို တော်တော်သဘောကျတယ်...အထူးသဖြင့် သူတို့ရဲ့အဝတ်အစားတွေကို ဆုတ်ဖြဲရရင်ပေါ့"

ရှောင်ယုသည် တိုးတိုးလေးရယ်မောလိုက်ပြီးနောက် လီအာ၏ခြေထောက်နေရာအား ညင်သာစွာပွတ်ဆွဲလိုက်သည်။ထိုအခါ ချွန်ထက်သောဓားမြောင်၏ထိပ်ဖျားသည် အနက်ရောင်သားရေဘောင်းဘီအား မည်းဖြောင့်အတိုင်းဆွဲဖြဲကာ ဖြူဖွေးသောအသားအရည်ကိုပေါ်လွင်စေခဲ့သည်။

"မဟုတ်ဘူး...နတ်ဆိုးကောင် ငါ့ကိုလွှတ်....မင်းခုမရပ်ရင် မင်းတစ်ဘဝလုံးနောင်တရသွားစေရမယ်လို့ ငါကျိန်ဆိုတယ်"

"မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးပါမိန်းကလေး...ဒါပေမဲ့ ခုချိန်မှာငါရဲ့အလုပ်ကိုရပ်တန့်လိုက်မယ်ဆိုရင် ဒါကငါ့ရဲ့ဘဝမှာ အကြီးမားဆုံးနောင်တဖြစ်သွားလိမ့်မယ်..."

ရှောင်ယု၏ ဓားမြောင်၏ထိပ်ဖျားဖြင့် သားရေဘောင်းဘီကို ဆက်လက်စုတ်ဖြဲလိုက်သည်။ထိုစုတ်ပြဲသံသည် ရှောင်ယု၏နားထဲတွင် ချိုမြိန်သောဂီတသံတစ်ခုလို ဖြစ်နေခဲ့သည်။

ခဏအကြာတွင် လီအာ၏ပေါင်တံများကိုပင် စတင်တွေ့မြင်လာရသည်။

"လူယုတ်မာ...မင်းသေရင် ငရဲမှာအဆုံးသတ်သွားလိမ့်မယ်..."

လီအာသည် သူမ၏ပေါင်ပေါ်ရှိ အေးစက်မှုကိုခံစားလ်ိုက်ရ၍ ကြောက်လန့်တကြား ကျိန်ဆဲလိုက်သည်။ရှောင်ယုသည် သူမ၏ခြေထောက်တစ်ခုလုံးအား ပေါ်ထွက်လာအောင် လုပ်ဆောင်ခဲ့ပြီဖြစ်သည်။

ရှောင်ယုကမူ လီအာ၏သွယ်လျသော ခြေတံများကိုကြည့်ရင်း တံတွေးမျိုချမိလိုက်သည်။

"ငရဲဟုတ်လား...အဲ့ဒါကထာဝရအကောင်းဆုံးနေရာတစ်ခုပဲ...သေဆုံးသွားတဲ့ အလှမယ်တွေအကုန်လုံးက အဝတ်အစားတွေမပါဘဲ အဲနေရာမှာ အမြဲတမ်းလျှောက်သွားနေကြတယ်လို့ ငါကြားဖူးတယ်...ငါတကယ်အဲ့ဒီနေရာကိုသွားလည်ချင်တယ်...စကားမစပ် မင်းရဲ့ဓားမြောင်က တော်တော်လေးသုံးလို့ကောင်းတာပဲ...ဒီချွန်ထက်တဲ့ထိပ်ဖြားက တော်တော်ကိုအသုံးပြုရလွယ်ကူစေတယ်...မင်းရဲ့တင်ပါးတွေကိုဖော်ထုတ်ဖို့ ငါဒါက်ိုအသုံးပြုသင့်လားစဉ်းစားနေမိပြီ"

ရှောင်ယုသည် လီအာ၏ပေါင်တံအနား ရောက်ရှိနေသည့် ဓားမြောင်အား အခြားတစ်ဖက်သို့ရွေ့ပေးလိုက်သည်။

"မင်း...လူယုတ်မာ"

လီအာ၏မျက်လုံးများမှ မျက်ရည်များစတင်စီးကျလာခဲ့သည်။

ရှောင်ယုသည် လီအာ၏ကြောက်ရွှံမှုကိုနိုးဆော်ရာတွင် အတိအကျအောင်မြင်ခဲ့သည်။ရှောင်ယုသည် မတ်တပ်ထရပ်လိုက်ကာ လီအာ၏မျက်နှာလေးအား ညင်သာစွာပွတ်သပ်လိုက်သည်။

"မင်းကငါ့ကို ပါးနှစ်ချက်ရိုက်ခဲ့တယ်...ပြီးတော့ငါ့ကိုကန်ကျောက်ပြီး ငါ့ရဲ့နဂါးကိုခိုးဖို့ကြိုးစားခဲ့တယ်...ငါဘာလုပ်သင့်တယ်ထင်လဲ"

"ငါ့ပါးကိုနှစ်ခါရိုက်ပြီးတော့ ငါ့ကိုကန်ကျောက်လိုက် ပြီးရင်မင်းရဲ့နဂါးလေးကို ငါပြန်ပေးမယ်"

လီအာက ကြောက်လန့်တကြားပြောဆိုလိုက်သည်။

ရှောင်ယုသည် သူမ၏အဖြေကို သိပ်ပြီးမကျေနပ်ခဲ့ပေ။

"မင်းကငါ့ကို ၂ကြိမ်ပါးရိုက်ခဲ့တယ်ဆိုပေမဲ့ ငါကယဉ်ကျေးပြီး လူကြီးလူကောင်းဆန်တဲ့ မြင့်မြတ်သူတစ်ယောက်ပဲ...ငါ့လိုလူမျိုးက မိန်းမတစ်ယောက်ကို ရိုက်ဖ်ို့မသင့်တော်ဘူး...ငါကနယ်မြေအရှင်သခင်တစ်ယောက်ပဲ...ဒီလိုရိုင်းစိုင်းတဲ့အပြုအမူများကို ငါဘယ်လိုလုပ်နိုင်မှာလဲ...လျော်ကြေးကို တခြားနည်းလမ်းနဲ့ပေးဆောင်ဖို့ စဉ်းစားကြတာပေါ့"

"လျော်ကြေး..."

ရှောင်ယုသည် သူမ၏ဘောင်းဘီကို ဖြဲထုတ်ရန်ပြင်ဆင်နေသောကြောင့် လီအာက အလျင်စလိုမေးမြန်းလိုက်သည်။

"ဒါက ကြီးမားတဲ့ပြသနာတစ်ခုပဲ...ငါကညဏ်ကောင်းတဲ့သူတစ်ယောက်တော့မဟုတ်ဘူး...ငါက သင်္ချာမှာတော်တော်ညံ့တာကြောင့် ပါးရိုက်ခံရတဲ့လျော်ကြေးကို ဘယ်လိုပြန်တောင်းရမလဲမသိဘူး...ဒီလိုလုပ်ရအောင် မင်းကငါကျေနပ်လောက်မယ့်လျော်ကြေးကိုပြောကြည့် အဲ့ဒါဆိုငါစိတ်ကျေနပ်ရင် မင်းကိုလွှတ်ပေးမှာပေါ့...မဟုတ်ရင်တော့ ဟဲဟဲ"

ရှောင်ယုသည် ပြောပြောဆိုဆိုဖြင့် လီအာ၏ဘောင်းဘီကိုစုတ်ဖြဲရန်အတွက် ဓားမြောင်အားထပ်မံ အသုံးပြုလိုက်သည်။

"မင်း...မင်းလူယုတ်မာ...မင်းဘာလိုချင်တာလဲ"

"မြန်မြန်လုပ်...ငါ့ရဲ့လက်တွေက ပန်းပဲထုရင်းနဲ့ တဖြည်းဖြည်းမြန်လာခဲ့ပြီ...မင်းသာနှေးနေရင် မင်းလျော်ကြေးပေးတဲ့အခါကျ ငါ့ရဲ့အလုပ်ကပြီးသွားလိမ့်မယ်..."

လီအာသည် ဘောင်းဘီအားဆက်လက်ဆုတ်ဖြဲနေရင်း နောက်ထပ်ပေါင်တံတစ်ဖက်ကို ဖော်ထုတ်လိုက်သည်။

ရှောင်ယုသည် သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာသည့် အဖြူရောင်ခြေတံသွယ်သွယ်နှစ်ချောင်းကို ကြည့်ရင်း တဖြည်းဖြည်းရင်ခုန်လာခဲ့သည်။

"ခဏ...ခဏလေး ငါစဉ်းစားနေတယ်"

"ငါကသိပ်ပြီးစိတ်ရှည်တာမဟုတ်ဘူး...မြန်မြန်လေး..."

ရှောင်ယုသည် ဓားမြောင်အားဆက်လက်လုပ်ရှားလိုက်သည်။

"ငါက အရမ်းချမ်းသာတယ်...မင်းကိုစည်းစိမ်ဥစ္စာတွေ အများကြီးပေးနိုင်တယ်..."

လီအာသည် အမြန်ဆုံးဖြေချလိုက်သည်။

သို့သော် ရှောင်ယုက မကျေနပ်သေးဘဲ ခေါင်းခါပြလိုက်သည်။

"စိတ်မကောင်းပါဘူး...ငါကအရင်ကတည်းကချမ်းသာပြီးသားမလို့ အဲဒါတွေမလိုဘူး...မင်းစိတ်ထဲမှာဘာတွေရှိသေးလဲ"

ရှောင်ယုသည် စကားပြောနေရင်း သူ၏လက်ကိုမရပ်တန့်ဘဲ လီအာ၏ခြေထောက်အပေါ်သို့ စတင်ရွေ့လျားလိုက်သည်။

"အိုး...ငါနှာခေါင်းသွေးလျှံတော့မယ်ထင်တယ်...တော်တော်စိတ်လှုပ်ရှားစရာကောင်းလာပြီ"

ရှောင်ယုသည် နှာမှုတ်သံကိုဖြစ်ပေါ်စေလိုက်ကာ သူ၏မျက်လုံးများ၌ ပူလောင်သော အငွေ့အသက်များဖြစ်ပေါ်လာခဲ့သည်။

"ရပ်...ရပ်တော့...ငါ့ရဲ့မိသားစုက အရမ်းကိုအင်အားကြီးတယ်...နောင်တစ်ချိန်မှာ မင်းကိုကူညီပေးမယ်လို့ ငါကတိပေးနိုင်တယ်"

လီအာသည် ငိုယိုပြီး ထပ်မံညိနှိုင်းလိုက်သည်။

ရှောင်ယုသည် သူ့ခေါင်းကိုထပ်ခါလိုက်သည်။

"ငါတခြားသူတွေရဲ့ အကူအညီကိုယူရတာမကြိုက်ဘူး...အိုးသားရေကြိုးက ဓားကိုပိတ်ဆို့ထားတာပဲ...ငါဖြတ်ပေးရမှာပေါ့"

"မဟုတ်သေးဘူး...ငါ...ငါခိုးခဲ့တဲ့ပစ္စည်းတွေက အများကြီးပဲ...ရှေးခေတ်က အဖိုးမပြတ်နိုင်တဲ့ ရတနာတွေအများကြီးရခဲ့တယ်...အဲ့ဒီရတနာတွေထဲမှာ ရှေးခတ်ပန်းပဲဆရာကြီးတွေကိုယ်တိုင် ထုလုပ်ထားခဲ့တဲ့ ရှေးဟောင်းချပ်ဝတ်တွေတောင်ရှိတယ်...ပြီးတော့အဲ့ဒါက်ိုထုလုပ်နိုင်တဲ့ နည်းစနစ်တွေကိုလည်းရထားတယ်...ဒါတွေကိုမင်းရဲ့ပန်းပဲဆရာတွေကို လေ့လာခိုင်းပြီးတော့ နောက်လာမယ့်စစ်ပွဲတွေမှာ မင်းရဲ့တပ်သားတွေကို အထောက်အကူပြုနိင်မယ့် ချပ်ဝတ်တွေကို ဖန်တီးနိုင်လိမ့်မယ်"

လီအာသည် ရှောင်ယုအားသွေးဆောင်ရန် တတ်နိုင်သလောက်ကြိုးပမ်းခဲ့သည်။

"ဂရင်း...မင်းရဲ့ချပ်ဝတ်တန်ဆာကိုပြလိုက်စမ်း...အဆင့်၁ T1ချပ်ဝတ်တန်ဆာက သူမပြောတဲ့ဒဏ္ဍာရီလာချပ်ဝတ်တွေထက် ပိုကောင်းတယ်ဆိုတာ ပြလိုက်...အိုးသေစမ်း...ဒီကြိုးကိုဖြတ်ရတာတော်တော်ခက်ခဲတာပဲ"

ရှောင်ယုသည် ထိုကြိုးအားဖြတ်တောက်ရန် အားထုတ်ကြိုးပမ်းလိုက်သည်။

"ဟုတ်ကဲ့သခင်လေး..."

ဂရင်းသည် ပြတင်းပေါက်ပေါ်မှ ခုန်ဆင်းလာခဲ့ပြီး ရထားပေါ်ရှိသူ၏ချပ်ဝတ်တန်တာအား ဆွဲယူ၍ဝတ်ဆင်လိုက်ကာ အခန်းထဲသို့ပြန်ရောက်လာခဲ့သည်။

"ဒါက ချပ်ဝတ်အစုံပဲ...မင်းအဲ့ဒါကိုဘယ်ကရခဲ့တာလဲ..."

လီအာသည် T1ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသော ဂရင်းကိုကြည့်လိုက်ပြီး အလွန်အံ့သြနေခဲ့သည်။ထိုအခိုက်အတန့်တွင် သူမ၏ပေါင်ကိုစတင်စုတ်ဖြဲနေသော ဓားမြောင်သည် အချိန်အနည်းငယ်ကြာပါက သူမ၏အောက်ပိုင်းကိုပင်ထုတ်ပြလာမယ့်အချက်ကို မေ့လျောသွားခဲ့သည်။

"ဘာလို့ ဒီကြိုးကမပြတ်ရတာလဲ"

ရှောင်ယုသည် ဓားမြောင်ကကြိုးအား ဖြတ်မရ၍ မကျေမနပ်ဖြစ်သွားခဲ့သည်။

"အဟင့်...ခဏလေး....ရပ်လိုက်တော့ မင်းဘာလိုချင်လဲပြော မင်းလိုချင်တာမှန်သမျှ ငါပေးမယ်"

ရှောင်ယုသာ ထိုကြိူးအားဖြတ်လိုက်နိုင်ပါက သူမ၏ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပေါ်ထွက်သွားမည်ကိုတွေ့မိ၍ လီအာအလွန်ထိတ်လန့်သွားခဲ့သည်။သူမသည် ယခင်လည်းပြဿနာမျိုးစုံနှင့် အန္တာရယ်မျိုးစုံကိုကြုံတွေ့ဖူးခဲ့သော်လည်း ယခုလိုခဲရာခဲဆစ် ခက်ခဲကျပ်တည်းမှုမျိုးကို တစ်ခါကမှမကြံုတွေ့ဖူးခဲ့ပေ။

"ငါကနယ်မြေတစ်ခုရဲ့ သခင်ပဲ....ငွေကြေး ၊ လက်နက် ၊ချပ်ဝတ်တန်ဆာတွေက ငါ့အပေါ်အသုံးမဝင်ဘူး"

ထိုသို့ပြောနေရင်း ရှောင်ယုသည် ပြတ်လုဆဲဆဲကြိုးအား ဆက်ဖြတ်လိုက်သည်။

"မင်းဘာလိုချင်လဲပြော...မင်းဘာလိုချင်လဲဆိုတာသာငါ့ကိုပြော ငါအကုန်ဖြည့်ဆည်းပေးမယ်"

လီအာ၏ပါးပြင်ပေါ်၌ မျက်ရည်များအဆက်မပြတ်စီးကျလာရင်း ရှောင်ယုကို တောင်းပန်လိုက်သည်။

ထိုအခါမှရှောင်ယုသည် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ...အဲလိုဆိုမှတော့ ငါကနောင်အနာဂတ်တစ်ချိန်ချိန်မှာ ဒီပန်းပဲထုတာကိုအဆုံးသတ်နိုင်ဖို့ အခွင့်အရေးကြုံလာမယ်လို့ထင်တာပဲ...."

လီအာ၏ရင်ဘတ်သည် ပြင်းထန်စွာဖြင့် တက်လိုက်ဆင်းလိုက်ဖြစ်နေခဲ့သည်။

"ငါက ညစ်ပတ်တဲ့ဝန်ဆောင်မှုတွေကလွဲပြီး ဘာမဆိုလုပ်ပေးမယ်"

"မင်းရဲ့အသွင်အပြင်နဲ့ ငါ့ကိုဝန်ဆောင်မှုပေးချင်တာလား...မင်းတိုင်ရန်ဒီကိုတွေ့ဖူးလား...သူမကနတ်သူငယ်မျိုးနွယ်စုရဲ့ နံပါတ်၁အလှမယ်ပဲ...ငါ့ရဲ့ ၅ယောက်မြောက်မရီးကိုတွေ့ဖူးလား...သူမရဲ့အလှကိုကော တွေ့မြင်ဖူးလား...သူတို့နှစ်ယောက်နဲ့တင် မင်းကိုငါမျက်စောင်းထိုးမယ်ထင်နေတာလား...မင်းကိုယ်မင်းအထင်ကြီးလွန်းနေပြီ"

ရှောင်ယုသည် လီအာအားလှောင်ပြောင်လိုက်သည်။

သို့သော်လည်း ရှောင်ယု၏စကားကြောင့် လီအာသည်ဒေါသမထွက်ရုံသာမက စိတ်သက်သာရာရသွားခဲ့သည်။နဂိုကရှာင်ယုသည် သူမအားစော်ကားရန် စီစဉ်ထားခဲ့သည်ဟု သူမထင်မှတ်ထားခဲ့သည်။သူမသည် ထိုကိစ္စမှလွဲ၍ မည်သည်ကိုမဆိုဖြည့်ဆည်းပေးနိုင်ပေသည်။

"ကောင်းပြီလေ..မင်းဘာလိုချင်လဲ ရှင်းရှင်းလင်းလင်းပြော...ငါတတ်နိုင်ရင်ဖြည့်ဆည်းပေးမယ်"

လီအာက ပြောလိုက်သည်။

"မင်းဘာတတ်နိုင်မယ်ထင်လဲ...ငါ့ဆီမှာဘယ်အရာမှ မချို့တဲ့ဘူး...ဒါပေမဲ့ရိုင်းစိုင်းတဲ့စိတ်နေစိတ်ထားရှိတဲ့ အိမ်ကူအစေခံတစ်ယောက်လိုနေတယ်...မင်းဘာပြောချင်လဲ...ဒါကမင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ...မင်းအဲဒါကိုလုပ်ဖို့ဆန္ဒရှိလား..."

ရှောင်ယုသည် လီအာ၏ရှေ့မှောက်တွင် ဓားမြောင်ကိုဝှေ့ယမ်းလိုက်ကာ သူ၏မျက်လုံးများကိုမှိတ်ထားလိုက်သည်။

"အိမ်ကူ...ဟုတ်လား"လီအာက မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟုတ်တယ်...မင်းကငါ့ရဲ့အိမ်ကူဖြစ်ပြီးတော့ ငါ့ကိုသခင်လ်ို့ခေါ်ရလိမ့်မယ်..."

ရှောင်ယုသည် သူ့ယခင်ဘဝကကြည့်ဖူးခဲ့သော နယ်မြေသခင်များတွင် အိမ်အကူများရှိနေသည်ကို သတိရသွားပြီးနောက် သူသည်လည်းအိမ်ကူတစ်ဦးကိုလိုချင်နေခဲ့သည်။

ယခုလိုသန်မာသော ကောင်မလေးအား အိမ်အကူအဖြစ်ထားရှိခြင်းသည် အလွန်ကောင်းမွန်ပေသည်။

"ဒါက ဟိုဟာနဲ့တူတူပဲမဟုတ်လား..."

လီအာက မျက်မှောင်ကြုတ်ကာ မယုံကြည်သည့်ပုံစံဖြင့် မေးခွန်းထုတ်လိုက်သည်။

"မင်းက ငါနဲ့အတူအိပ်တာကလွဲပြီး အိမ်အကူတစ်ယောက်ရဲ့ဝန်ဆောင်မှုတွေကို ပေးရလိမ့်မယ်...ဒါပေမဲ့ မင်းကသာဒီသခင်လေးနဲ့ တကယ်ကြီးအိပ်ချင်နေတယ်ဆိုရင်တော့ ငါမင်းကိုဒီအခွင့်အရေးပေးနိုင်ပါတယ်"

ရှောင်ယုသည် မတတ်သာသည့်ဟန်ပန်ဖြင့် ရေရွတ်လိုက်သည်။

ရှောင်ယုသည် ထိုစကားများကိုပြောနေရင်း သူ့ကိုယ်သူဧကရာဇ်တစ်ပါးကဲ့သို့ ခံစားလိုက်ရသည်။

"ကောင်းပြီ...ငါသဘောတူတယ်"

လီအာသည် အများကြီးစဉ်းစားမနေတော့ဘဲ ချက်ချင်းသဘောတူလိုက်သည်။

"မင်းသဘောတူလိုက်တာ အရမ်းမြန်တယ်...ဒါကမင်းရဲ့ပုံစံမဟုတ်ဘူး...မင်းကိုသာလွှတ်ပေးလိုက်မယ်ဆိုရင် မင်းကချက်ချင်းထွက်ပြေးမယ်လို့ မင်းတွေးနေလိမ့်မယ်...ပြီးတော့အခွင့်သာရင် ငါ့ကိုသတ်ဖို့ပြန်လာမှာမလား..."

ရှောင်ယုသည် လီအာ၏ကတိစကားကို အလေးမထားဘဲ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းငါ့ကိုဘာလုပ်စေချင်တာလဲ..."

လီအာသည် စိတ်မရှည်ဟန်ဖြင့် အော်ဟစ်လိုက်သည်။

"ဟားဟားဟား...မင်းရဲ့ကတိကို မပျောက်ကွယ်စေမဲ့ နည်းလမ်းတစ်ခုတော့ရှိတယ်"

ရှောင်ယု၏မျက်နှာပေါ်၌ ယုတ်မာသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

အခန်း ၆၅ - ကျွန်လည်ပတ်

"ဘာ...ဘာလုပ်ဖို့စီစဉ်ထားတာလဲ"

လီအာသည် ဆိုးရွားသောအရာတစ်ခုခုဖြစ်လာတော့မည်ဟု ခံစားမိလိုက်သည်။

ထိုအချိန်တွင် ရှောင်ယုက ဂရင်းဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။

"ဂရင်း...ရထားထဲမှာရှိတဲ့ အနက်ရောင်သေတ္တာလေးက်ို ငါ့အတွက်သွားယူလာပေးစမ်း..."

ဂရင်းသည် ပြတင်းပေါက်မှတဆင့် နောက်ထပ်တစ်ကြိမ်ခုန်ဆင်းသွားခဲ့ပြီး ရထားလုံးထဲဝင်ရောက်သွားခဲ့သည်။ခဏအကြာတွင် ဂရင်းသည် အနက်ရောင်သေတ္တာလေးတစ်ခုနှင့်အတူ အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။

ထိုသေတ္တာ၏အဖုံးပေါ်တွင် ရေးထိုးထားသော ရှုပ်ထွေးသည့်မှော်အခင်းအကျင်းများနှင့် မှော်သင်္ကေတများကိုကြည့်ပြီး လီအာ၏မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။ထိုသို့သောမှော်ပစ္စည်းတစ်ခုသည် ကောင်းမွန်သောအရာတစ်ခုမဟုတ်သည်မှာ လုံးဝသေချာပေသည်။

ရှောင်ယုသည် ထိုအနက်ရောင်သေတ္တာကိုဖွင့်လိုက်သောအခါ သေတ္တာအတွင်း၌ သားရေလည်ပတ်နှစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ထိုလည်ပတ်နှစ်ခုအနက် တစ်ခုသည်အကြီးဖြစ်ကာ နောက်တစ်ခုသည်သေးငယ်ပေသည်။ထိုလည်ပတ်အသေးလေးသည် လက်ကောက်ဝတ်တွင်ဝတ်ရန် သင့်တော်ပုံရပြီး လည်ပတ်အကြီးမှာ လည်ပင်းတွင်ပတ်ရန်ပြင်ဆင်ထားပုံရသည်။

"မင်း...မင်းဘာတွေစီစဉ်ထားတာလဲ...ဒါကကောဘာလဲ"

လီအာသည် စိုးရိမ်နေသောလေသံဖြင့် အော်ဟစ်လိုက်သည်။

"ဒါကဘာမှမဟုတ်ပါဘူး...မင်းထွက်မပြေးသွားအောင်လို့ ဟန့်တားထားမယ့် မှော်ပစ္စည်းလေးတစ်ခုပါဘဲ..."

ရှောင်ယုသည် မျက်လုံးတစ်ချက်မှိတ်လိုက်ပြီးနောက် လည်ပတ်အကြီးတွင် လီအာ၏လည်ပင်းပေါ်တွင် ဝတ်ဆင်ပေးလိုက်သည်။လီအာသည် ရုန်းကန်လိုက်သော်လည်း ရှောင်ယု၏လုပ်ရပ်ကို မဟန့်တားနိုင်ခဲ့ပေ။

"မင်း...မင်း...ဒီမှော်ပစ္စည်းက ငါ့ကိုအန္တာရယ်ပြုလာမယ်ဆိုရင် မင်းကိုသတ်ပစ်မယ်..."

လီအာသည် ထိတ်လန့်နေသော်လည်း ရှောင်ယုအား နောက်ထပ်တစ်ကြိမ်ခြိမ်းခြောက်ရုံမှလွဲ၍ အခြားမည်သည့်အရာမှ မပြုလုပ်နိုင်ခဲ့ပေ။

"ငါ့ရဲ့အိမ်ဖော်က ငါ့ကိုခြိမ်းခြောက်ဝံ့တယ်ပေါ့...ငါ့ကိုသခင်လေးလို့ ခေါ်စမ်း...အဲ့ဒါကိုငါကြားချင်တယ်"

ရှောင်ယုသည် သူ၏မျက်လုံးများတွင် လှောင်ပြောင်မှုအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပြီး လီအာ၏လည်ပင်းတွင် လည်ပတ်အကြီးကိုဝတ်ဆင်ပေးလိုက်ပြီးနောက် အသေးကိုမူသူ၏လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သည်။

ရှောင်ယုသည် ဓားပြစခန်းတစ်ခုက်ို လုယက်ပြီးနောက် ထိုသေတ္တာနက်လေးကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။အစောပိုင်းတွင် ဤသေတ္တာအတွင်းထည့်သိမ်းထားသည်မှာ မှော်ပစ္စည်းတစ်ခုဖြစ်သည်ဟု ယူဆခဲ့သည်။သို့သော်လည်း ဤမှော်ပစ္စည်းအား မည်သို့မည်ပုံအသုံးပြုရမည်ကို မသိခဲ့ပေ။ဤလည်ပတ်အကြီးအား ကျွန်တစ်ယောက်၏လည်ပင်း၌ ပတ်ပေးကာ လည်ပတ်အသေးလေးအား သခင်ဖြစ်သူ၏လက်ကောက်ဝတ်၌ ဝတ်ဆင်ပေးရမည်ဟူသော မှတ်ချက်တစ်ခုသာပါရှိပေသည်။ထို့ကြောင့် ဤမှော်ပစ္စည်းသည် သခင်နှင့်ကျွန်စာချုပ်ကိုဖြစ်ပေါ်စေသော မှော်ပစ္စည်းတစ်ခုဖြစ်သည်ဟု ရှောင်ယုမှတ်ယူလိုက်သည်။

ရှောင်ယုသည် ထိုမှတ်ချက်လေးသည် အမှန်တကယ်ဟုတ်မဟုတ် မသိခဲ့ပေ။ထို့ပြင် သူ့တွင်ဤမှော်ပစ္စည်းအား စမ်းသပ်ရန်အတွက် သင့်တော်သောလူများမရှိခဲ့ပေ။ထို့ကြောင့် ရှောင်ယုကိုယ်တိုင် ထိုသေတ္တာလေးအား သိမ်းဆည်းထားရန်ဆုံးဖြတ်ခဲ့သည်။ဤခရီးစဉ်အတွင်း သူသည်ဝမ်မိသားစုနယ်မြေထံသို့ သွားရောက်ရမည်ဖြစ်သည့်အတွက်ကြောင့် ဤမှော်ပစ္စည်းအား မည်သို့မည်ပုံအသုံးချရမည်ကို သိရှိသောသူတစ်ယောက်နှင့် တွေ့ဆုံရန် အခွင့်အရေးရလိမ့်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။သို့သော် မထင်မှတ်ဘဲ လီအာနှင့်တွေ့ဆုံခဲ့ရာ ရှောင်ယုသည် ဤမှော်ပစ္စည်းအားအသုံးပြုရန် အခွင့်အရေးရရှိသွားခဲ့သည်။

ရှောင်ယုသည် သခင်အတွက်သတ်မှတ်ထားသည့် လည်ပတ်ကို သူ၏လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သောအချိန်တွင် သေးငယ်သောဆေးထိုးအပ်လေးများက သူ၏လက်ကောက်ဝတ်အား ဖောက်ထွင်းသွားသလို ခံစားလိုက်ရသည်။

"သေစမ်း...နာတယ်ဟ..."

ရှောင်ယုသည် အလွန်အံ့သြသွားပြီး ထိုလည်ပတ်ကိုချွတ်ရန် ကြိုးစားလိုက်သော်လည်း မည်သို့ပင်ကြိုးစားကြိုးစား မအောင်မြင်ခဲ့ပေ။ထို့နောက်တွင် လည်ပတ်အသေးဆီမှ ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် လီအာ၏လည်ပင်း၌ပတ်ထားသော လည်ပတ်ဆီမှလည်း ခရမ်းရောင်အလင်းများထွက်ပေါ်လာခဲ့သည်။ထို့နောက် မရေမတွက်နိုင်သော မှော်သင်္ကေတများသည် ရှောင်ယုနှင့်လီအာတို့အကြား ဖြစ်ပေါ်လာခဲ့သည်။

"ခွေးကောင်...ဒါကိုဖယ်ပေး"

လီအာသည် ဒေါသတကြီးအော်ဟစ်လိုက်သည်။

ရှောင်ယုသည် အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်သည်။

"ဒါကအထူးမှော်ပစ္စည်းတစ်ခုပဲ...မင်းကခုဆိုရင် ငါ့ရဲ့ကျွန်တစ်ယောက်ဖြစ်နေပြီဆိုတာ ငြင်းလို့မရတော့ဘူး...မင်းသာငြင်းဆန်ဖို့ ကြိုးစားတယ်ဆိုရင် အဲ့လည်ပတ်ထဲမှာရှိတဲ့ အပ်တွေက မင်းရဲ့လည်ပင်းကိုထိုးဖောက်ဖို့ကြိုးစားလာလိမ့်မယ်...အဲ့ဒီအခါကျရင် မင်းသေရလိမ့်မယ်"

အမှန်တော့ ရှောင်ယုကိုယ်တိုင်သည်လည်း ထိုမှော်ပစ္စည်းအကြောင်း မသိခင်က လည်ပတ်အတွင်းရှိ အပ်များအကြောင်းကိုမသိခဲ့ပေ။သူသည် ယခုအချိန်၌ လီအာအားခြောက်လှန့်ရန် ထိုသို့ပြောလိုက်သော်လည်း သေးငယ်သောလည်ပတ်ကို မချွတ်နိုင်ကြောင်း သိရှိလိုက်ရသည့်အတွက် သူသည်လည်းစိုးရိမ်နေခဲ့သည်။

"မင်း...ခွေးကောင်...ဒါက်ိုခုဖယ်ပေး...တစ်ခုခုမှားသွားရင် မင်းကိုငါသတ်ပစ်မယ်"

လီအာသည် ရှောင်ယုပြောသလို အပ်များ၏တည်ရှိမှုကို ခံစားမိလိုက်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။

ရှောင်ယုကမူ အပြုံးမပျက်ဘဲ လီအာအားလှောင်ပြောင်လိုက်သည်။

"ကဲအခုတော့ မင်းကကြောက်ရမယ်ဆိုတာ သိသွားပြီလား...ငါ့ရဲ့ရိုးသားတဲ့ကျွန်လေး...အနာဂတ်မှာမင်းရဲ့သခင်ကို ခုလိုဆော့ကစားဖို့ မတွေးနဲ့တော့...."

"မင်းငါ့ကိုဘယ်တော့မှ လွှတ်ပေးမှာလဲ..."

လီအာသည် အဖြစ်မှန်ကိုလက်ခံလိုက်ရပြီး လေသံပျော့ပြောင်းသွားခဲ့သည်။လက်ရှိအချိန်တွင် ဤကဲ့သ်ို့မှော်ဆန်သောအရာတစ်ခုက်ို ဖျက်ဆီးရန် သူမထံတွင်နည်းလမ်းမရှိကြောင်း သူမသတိပြုမိလိုက်သည်။

"ခုတော့ ခဏလောက်စဉ်းစားကြည့်ရအောင်...မင်းကငါ့ကို ပါး၂ချက်ရိုက်ပြီး တစ်ချက်ကန်ခဲ့တာဆိုတော့ ပါးရိုက်တာက၂နှစ် ကန်တာက၁နှစ် စုစုပေါင်း၃နှစ်တိတိငါ့ဆီကျွန်ခံရလိမ့်မယ်...ဒါပေမဲ့ ဒီ၃နှစ်အတွင်း မင်းရဲ့သဘောထားကိုငါစစ်ဆေးနေမယ်..တကယ်လို့မင်းသာ မောက်မောက်မာမာပြုလုပ်နေခဲ့မယ်ဆိုရင် ငါ့ကိုမျက်နှာပျက်စေခဲ့မယ်ဆိုရင် ငါကအချိန်ကိုထပ်တိုးရလိမ့်မယ်"

ရှောင်ယုက အကြမ်းဖျင်းတွက်ချက်ပြလိုက်သည်။

သို့သော်လည်း သူကိုယ်တိုင်ပင် ဤလည်ပတ်အား မည်ကဲ့သို့ထိန်းချုပ်ရမည်ကို သူမသိရှိသေးပေ။ထိုအတွက်ကြောင့် ထိုလည်ပတ်များအား မည့်ကဲ့သိုဖယ်ရှားရမည်က်ိုရှာဖွေရန်အတွက် အချိန်လုံလုံလောက်လောက်ရရှိရန် ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်။

"ကောင်းပြီ...ငါကမင်းရဲ့သက်တော်စောင့်အဖြစ် ၃နှစ်လုပ်ပေးမယ်....ငါ့ကိုခုချက်ချင်းလွှတ်ပေးတော့"

လီအာက စိတ်မရှည်ဟန်ဖြင့် ချက်ချင်းပြောလိုက်သည်။

"မင်းကငါ့ကို ဒီလိုပုံစံနဲ့ စကားပြောရမယ်လို့ ဘယ်သူကများ မင်းကိုသင်ပေးလိုက်တာလဲ...မင်းကငါ့ရဲ့အစေခံပဲ...အဲ့ဒါဘာကိုဆိုလိုချင်တာလဲ မင်းနားလည်တယ်မလား...မင်းငါ့ကိုလေးလေးစားစားဆက်ဆံရမယ်...သခင်ဆိုတဲ့စကားလုံးကို ချိုချိုသာသာနဲ့ပြောတတ်အောင် မင်းလေ့ကျင့်ရမယ်...မင်းသာနားမလည်သေးဘူးဆိုရင် အပ်တွေရဲ့အရသာကိုသိရအောင် ငါလုပ်ပေးနိုင်တယ်"

ရှောင်ယုသည် လည်ပတ်အားမည်ကဲ့သို့ ထိန်းချုပ်ရမည်ကို မသိသည့်အတွက်ကြောင့် အနည်းငယ်မှုန်ကုပ်ကုပ်ဖြစ်နေခဲ့သည်။ထို့ကြောင့် လီအာ၏မျက်နှာအမူအရာသည် ချက်ချင်းဆိုးရွားသွားခဲ့သည်။

"မလိုပါဘူး...မလိုဘူး...ငါပြောမယ်"

"ငါ့ကို သခင်လေးလို့ခေါ်"

ရှောင်ယုက ပြုံးပြုံးလေးပြောလိုက်သည်။

လီအာသည် အလွန်ပင်ရှက်ရွံ့နေခဲ့သဖြင့် အလွန်ပင်တိုးလျသောလေသံဖြင့် ပြောရန်ကိုပင် အချိန်အတော်ကြာအောင် တွန့်ဆုတ်နေခဲ့သည်။သို့သော်လည်း သူမ၏အသံသည် အလွန်တိုးလျပေရာ ခြင်များ၏အူသံထက်ပင် တိုးလျနေသည်။ထို့ကြောင့် ရှောင်ယုသည်မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ကောက်ဝတ်အား မြောက်ပြလိုက်သည်။

"မင်းပြောတာ ငါမကြားရဘူး..."

"သ...သခင်လေး..."

လီအာသည် ရှက်ရွံ့စွာအော်ဟစ်လိုက်သည်။သူမသည် ယခုအချိန်တွင် အလွန်တွန့်ဆုတ်နေသော်လည်း သူမသာတစ်ခုခုမှားယွင်းသွားပါက ရှောင်ယုသည်သူမအား နာကျင်စေလိမ့်မည်ဟု သေချာနေခဲ့သည်။

"မဆိုးဘူး...ငါသဘောကျတယ်...ဒါကမင်းရဲ့ပထမဆုံးအကြိမ်ဆိုပေမဲ့ မင်းရဲ့စိတ်နှလုံးတစ်ခုလုံးကို အကြွင်းမဲ့ထည့်သွင်းခဲ့တာပဲ...ဒါပေမဲ့ မင်းငါ့ကိုနောက်တစ်ခါ သခင်လို့ခေါ်တဲ့အခါကျရင် ပိုပြီးချိုသာသိမ်မွေ့တဲ့အသံနဲ ပြောနိုင်မယ်လို့ ငါထင်တယ်...မဟုတ်ရင် ထောင်နဲ့ချီတဲ့အပ်သေးသေးလေးတွေက မင်းရဲ့လည်ပင်းကိုထိုးဖောက်သွားလိမ့်မယ်...စကားမစပ် မင်းခုချိန်မှာ ငါနဲ့ဘယ်လောက်ဝေးဝေးကိုထွက်ပြေးနေပါစေ ငါသာလက်ကောက်ဝတ်ကိုတစ်ချက်လောက် ဖိလိုက်တာနဲ့ မင်းရဲ့အသက်ကိုအေးအေးဆေးဆေးနှုတ်ယူနိုင်တယ်"

"နားလည်ပါပြီ...ငါ့ကိုခုချက်ချင်းလွှတ်ပေးတော့"

လီအာသည် စိတ်မရှည်ဟန်ဖြင့် အထွန့်တက်လိုက်သည်။

"ငါပြောတာနားမလည်ဘူးလား..."

ရှောင်ယုသည် လီအာအား စိုက်ကြည့်လိုက်သည်။

"သခင်လေး..."

လီအာသည် အံကိုတင်းတင်းကြိတ်မိလိုက်သည်။

ရှောင်ယုသည် ကျေနပ်စွာခေါင်းညိတ်ကာ ရေရွတ်မိလိုက်သည်။

"ဒါကတော်တော်သဘောကျဖို့ကောင်းတာပဲ...နောက်မှမင်းကို ငါ့ခြေထောက်တွေကိုနှိပ်ခိုင်းပြီး ငါ့အတွင်းဝတ်တွေကို လျှော်ပေးရမယ်"

"ကောင်းပြီ...သူမကိုလွှတ်ပေးလိုက်တော့"

ရှောင်ယုသည် ကြိုးများမှလွှတ်ရန် ရုန်းကန်နေသော လီအာကိုလွှတ်ပေးရန် ဂရင်းအားအမိန့်ပေးလိုက်သည်။

ဂရင်းသည် ချက်ချင်းပင် သူ၏ဓားကိုမျည်းစောင်းသဏ္ဍာန်ပိုင်းဖြတ်၍ ကြိုးများအားလုံးကို ဖြတ်ချလိုက်သည်။

လီအာသည် မတ်တပ်ထရပ်လိုက်ချိန်တွင် သူမ၏ဖြူဖွေးသောပေါင်တံများကို မဖုံးအုပ်ထားနိုင်ခဲ့ပေ။

"ငါအဝတ်အစားလဲချင်..."

လီအာသည် သူမ၏မေးစေ့ကိုပင့်မြောက်ကာ အမိန့်ပေးသောလေသံဖြင့် ရှောင်ယုအားပြောလိုက်သည်။

"မင်းငါ့ကိုဒီလိုပုံစံနဲ့ပြောဖို့ သတ္တိရှိသေးတယ်ပေါ့...မင်းကတကယ်သေချင်နေတာလား..."

ရှောင်ယုသည် ထိုမိန်းကလေးအား ကြည့်ကာနားမလည်နိုင်သလို ရေရွတ်မိလိုက်သည်။ဤအိမ်အကူမိန်းကလေးသည် အမှန်တကယ်ပင် တုံးအလှပေသည်။

လီအာသည် ရှောင်ယု၏စကားကြောင့် အံကြိတ်ကာ ခေါင်းငုံ့လိုက်ရသည်၊

"သွား....သွားတော့"

ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ လီအာကိုထွက်သွားရန် လက်ဟန်ပြလိုက်သည်။ထို့နောက် လီအာဝတ်ဆင်ရန်အတွက် အိမ်ဖော်ဝတ်စုံများကို ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။

အခန်း ၆၆ - ဆန်းကြယ်သောလူအိုကြီး

"အိုး...အချစ်ကလေး လီအာပါလား....မင်းကဘယ်လေတိုက်လို့ ဒီအဘိုးကြီးဆီရောက်လာရတာလဲ..."

ယခုအချိန်တွင် လီအာသည် သူမအားပြုံးပြုံးကြီးစိုက်ကြည့်နေသော အဘိုးကြီးတစ်ယောက်ရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။ထိုအဘိုးကြီး၏မျက်နှာသည် လိမ္မော်သီးအခွံတစ်ခုလို ရှုပ်ပွနေခဲ့ကာ သူ၏ပါးစပ်၌လည်း ရှေ့သွား၂ချောင်းသာကျန်ရှိတော့သည်။

လီအာသည် သူမ၏အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ရန်အတွက် ရှောင်ယုဆီပြန်သွားရန် သတ္တိမရှိခဲ့ပေ။ထို့ကြောင့် သူမသည် ဓားစာခံတစ်ဦးကိုရှာဖွေခဲ့ကာ အဝတ်အစားများကို လုယက်ခဲ့ရသည်။

ထိုအဘိုးကြီး၏ အစစ်အမှန်အဆင့်အတန်းအား သိရှိသူသည် ဤမြို့ငယ်လေးတွင် လူအနည်းငယ်သာရှိခဲ့သည်။အမှန်တော့ ထိုအဘိုးကြီးသည် ဤတိုက်ကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်သည့် ဆဌမအဆင့် မှော်သခင်တစ်ဦးဖြစ်သည်။

"ကဲပြော...ထုံးစံအတိုင်းပဲ မင်းဘာလို့ငါ့ကိုလာရှာပြန်တာလဲ...မင်းသာပြသနာတစ်ခုခုမလုပ်ထားရင် ငါ့ကိုလာရှာစရာမရှိဘူး"

ထိုအဘိုးကြီးက စပ်ဖြဲဖြဲရယ်သံဖြင့် မေးလိုက်သည်။

"သေချာတာပေါ့...မဟုတ်ရင်မင်းကို လာရှာစရာအကြောင်းမရှိဘူး"

လီအာသည် ထိုအဘိုးကြီးနှင့် ပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးသိမ့်မွေ့မှုမရှိပေ။

အဘိုးကြီးသည် သူမ၏ရိုင်းစိုင်းသော အပြုအမူကို စိတ်ထဲထည့်ထားခြင်းမရှိပေ။

"ငါ့ရဲ့လီအာလေးက စိတ်ဆိုးနေတာပဲ....ဘာလဲတစ်ယောက်ယောက်က မင်းကိုနှောင့်ယှက်ခဲ့လို့လား...နည်းနည်းတော့ထူးဆန်းတယ်...မင်းရဲ့ခွန်အားကိုတော်တော်ကောင်းနေပြီက်ို မင်းကိုလာနှောင့်ယှက်တဲ့သူရှိသေးတာလား...ကြည့်ရတာ ဒီအဘိုးကြိးကအဲ့လူက်ိုလိုက်ပြီး သတိပေးရတော့မယ်ထင်တယ်"

"အဲ့ဒါအတွက် မင်းရဲ့အကူအညီကိုမလိုဘူး...ငါမင်းကိုတစ်ခုလောက်မေးချင်လို့ ဒီကိုရောက်လာတာပဲ"

လီအာက ချက်ချင်းတုံ့ုပြန်လိုက်သည်။

"အိုး...ငါ့ရဲ့လီအာလေးက တဖြည်းဖြည်းအရွယ်ရောက်လာပြီပဲ...သူမသိတဲ့အကြောင်းအရာတွေကို အကြီးအကဲတွေဆီလာရောက်မေးမြန်းတတ်လာပြီဘဲ"

အဘိုးအိုသည် ဝိုင်သောက်ရင်း စနောက်လိုက်သည်။

လီအာသည် ထိုအဘိုးကြီးအား ကြည့်ကာမျက်လုံးများကို ပြူးပြလိုက်သည်။

"ဒီကိစ္စအတွက် ငါ့မှာအချိန်မရှိဘူး...ဒါ့အပြင် မင်းလုပ်သမျှအရာအားလုံးက နေ့ရောညပါအချိန်ပြည့်သောက်နေတာပဲမလား...တစ်နေ့တော့ အဲ့ဒါကြောင့်ပဲ မင်းသေရလိမ့်မယ်"

အဘိုးအိုသည် ကျယ်လောင်စွာရယ်မောလိုက်သည်။

"ငါ့ရဲ့လီအာလေးက ငါ့ကျန်းမာရေးကိုတောင် ဂရုစိုက်တတ်လာပြီပေါ့...ဒါပေမဲ့ ဒီအဘိုးကြီးဆီမှာလည်း အရက်သောက်တာကလွဲပြီးတော့ တခြားဝါသနာလည်းမရှိဘူးလေ...ပြီးတော့ငါကအသက်ရှင်နေထိုင်ဖို့ အချိန်သိပ်မကျန်တော့တာကြောင့် ပါးစပ်လေးလှုပ်ပြီးဝိုင်သောက်တာကို သဘောကျနေရတာပဲ...အင်း ငါမသေခင်လေးတစ်နေ့တော့ ငါ့ရဲ့လီအာလေးမွေးလာတဲ့ သားလေးတွေ သမီးလေးတွေ ကြီးပြင်းလာတာကိုငါမြင်ချင်သေးတယ်...မင်းကိုလက်ထပ်ရဲလောက်တဲ့ထိ သတ္တိရှိတဲ့ယောကျ်ားက်ိုကော မင်းဒီကမ္ဘာပေါ်ကိုယူဆောင်လာပေးမယ့် ကလေးဆိုးလေးတွေကိုကော မြင်ချင်သေးတယ်"

"အဘိုးကြီး..ငါ့စိတ်ကိုလာမဆွစမ်းနဲ့...မင်းသာဒီအကြောင်းအရာကို ဆက်ပြောရဲမယ်ဆိုရင် မင်းသိမ်းဆည်းထားတဲ့ဝိုင်တွေကို ငါရိုက်ခွဲပစ်မယ်..."

အဘိုးကြီး၏စနောက်မှုကြောင့် လီအာ၏ပါးပြင်သည် နီရဲလာခဲ့ကာ စားပွဲခုံအား လက်သီးဖြင့်ဆောင့်ချလိုက်သည်။

"ငါ့ရဲ့လီအာလေးက ချစ်သူကိုရှာတွေ့သွားပြီထင်တယ်..မဟုတ်ရင် အဲလောက်ထိရှက်နေမှာမဟုတ်ဘူး...မင်းမှာအချိန်ရရင် အဲကောင်လေးကိုစစ်ဆေးဖို့ ဒီအဘိုးကြီးကိုခေါ်သွားပေး"

အဘိုးကြီးက ပြုံးပြုံးလေးပြောလိုက်သည်။

"ငါ့မှာ ဘယ်ချစ်သူမှမရှိသေးဘူး...ဒါပေမဲ့ မင်းကူညီပေးရမယ့်ပြသနာတစ်ခုတော့ ငါ့မှာပါလာတယ်"

လီအာသည် ပြောပြောဆိုဆိုဖြင့် သူမ၏လည်ပင်းတွင်ပတ်ထားသော ပဝါကိုဖြည်ချလိုက်ကာ ကျွန်လည်ပတ်ကိုပြသလိုက်သည်။

ထိုအခိုက်အတန့်တွင် အဘိုးအို၏မျက်နှာအမူအရာသည် ရုတ်တရက်တင်းမာသွားခဲ့ကာ သူ့မျက်နှာပေါ်ရှိအပြုံးများသည်လည်း ပျောက်ကွယ်သွားခဲ့ရသည်။ထို့ပြင် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော အော်ရာများသည်လည်း ပြောင်းလဲသွားကာ အချိန်ခဏအတွင်း ကြင်နာတတ်သောအဘိုးကြီးအဖြစ်မှ ငရဲမှတက်လာသောနတ်ဆိုးတစ်ဦးသဖွယ်ပြောင်းလဲသွားခဲ့သည်။ထိုအဘိုးကြီးထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သောအော်ရာကြောင့် လီအာ၏ဆံပင်များပင် ထောင်တက်သွားခဲ့သည်။

"ဒါဘယ်သူလုပ်တာလဲ..."

အချိန်ခဏကြာပြီးနောက် အဘိုးအိုသည် ပြန်လည်ငြိမ်သက်သွားခဲ့သည်။

ထိုအဘိုးကြီး၏မျက်နှာပေါ်ရှိ တည်ငြိမ်သောအမူအရာကို တွေ့မြင်လိုက်ရသည့်အတွက်ကြောင့် တစ်ခုခုမှားယွင်းနေကြောင်း လီအာသိရှိသွားခဲ့သည်။

"ဘာဖြစ်တာလဲ...ဒီလည်ပတ်ကိုမချိုးဖျက်နိုင်ဘူးလား"

အဘိုးကြီးသည် လီအာ၏မေးခွန်းကို လျစ်လျူရှုကာ မယုံကြည်နိုင်ဟန်ဖြင့် ညည်းညူမိလိုက်သည်။

"ဒီပစ္စည်းကဘယ်လိုဖြစ်ပြီး ဒီနေရာမှာပေါ်လာတာလဲ...ဒါကဒဏ္ဍာရီလာမှော်ပစ္စည်းတစ်ခုပဲ.."

"အဲဒါကဘာလဲ..."

ထိုအဘိုးကြီး၏စကားကိုနားထောင်ပြီးနောက် လီအာ၏နှလုံးသားသည် ချက်ချင်းလှုပ်ခါသွားခဲ့သည်။

အဘိုးကြီးသည် လီအာအားကြည့်၍ ခေါင်းခါပြလိုက်သည်။

"အခြားမှော်ပစ္စည်းတစ်ခုခုဆိုရင်တော့ ငါကမင်းကိုကူညီပြီး အဲ့ဒီလည်ပတ်ကိုဖျက်ဆီးပေးလို့ရတယ်...ငါမလုပ်နိုင်ခဲ့ဘူးဆိုရင်တောင်မှ မင်းကိုကူညီပေးနိုင်မယ့်သူက်ို ငါကူရှာပေးလို့ရတယ်...ဒါပေမဲ့ ဒီမှော်လည်ပတ်ကိုဖျက်ဆီးဖို့အတွက်ကတော့ ဘယ်သူမှမတတ်နိုင်လောက်ဘူး...ရှင်းရှင်းပြောရရင် ဒီကမ္ဘာပေါ်မှာကို ဘယ်သူမှမဖျက်ဆီးနိုင်လောက်ဘူး..."

"ဘာ....ဘာပြောတာလဲ အဘိုးကြီး....ဒီကမ္ဘာပေါ်မှာဘယ်သူမှ မရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ"

လီအာသည် အလွန်အံ့သြသွားခဲ့သည်။

အဘိုးအိုသည် မှော်လည်ပတ်ကိုကြည့်ကာ ရှင်းပြလိုက်သည်။

"ဒီမှော်လည်ပတ်ကို ကျွန်ဆွဲသီးလို့ခေါ်တယ်...ရှေးခေတ်အချိန်တုံးက မကောင်းဆိုးရွားမှော်ဆရာတစ်ယောက်ဟာ သူရဲကောင်းတွေကို သူ့ရဲ့ကျွန်အဖြစ်စေခိုင်းနိုင်ဖို့ ဒီဆွဲသီးကို တီထွင်ထုတ်လုပ်ခဲ့တာပဲ...ဒီမှော်ဆွဲသီးရဲ့ အဓိကအရေးအကြီးဆုံးအချက်ကတော့ ဒီလည်ဆွဲကိုဝတ်ဆင်ခံရတဲ့ ကျွန်ဟာဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူး...ဒီမှော်ဆရာက သွေးစာချုပ်တစ်ခုကိုပြုလုပ်ပြီးတော့ မှော်ဆွဲသီးကိုအသုံးပြုနိုင်အောင်ဖန်တီးခဲ့တယ်...ခုချိန်မှာအဲ့မှော်ဆရာကို ပြန်ပြီးရှင်သန်ထမြောက်စေရင်တောင်မှ ဒါကိုပြန်ပြီးရုတ်သိမ်းနိုင်မှာမဟုတ်ဘူး..."

"ဒီမှော်ဆွဲသီးရဲ့ သခင်တောင်မှ ဒီဟာကိုဖျက်သိမ်းပြီး ကျွန်တွေကိုမလွှတ်ပေးနိုင်ဘူးလို့ ပြောချင်တာလား..."

သူမသည် ရှောင်ယု၏ကျွန်တစ်ယောက်အဖြစ် တစ်သက်လုံးနေရတော့မည်ကို သိရှိသွားခဲ့သောကြောင့် လီအာသည်အလွန်ပင်တုန်လှုပ်သွားခဲ့သည်။

ထိုအဘိုးကြီးက မဆိုင်းမတွခေါင်းညိတ်ပြလိုက်သည်။

"လီအာရေ...တခြားအရာဆိုရင်တော့ ငါမင်းကိုအကူအညီပေးနိုင်တယ်...ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လာရင်တော့ ငါကိုယ်တိုင်တောင်မှ အကူအညီမဲ့နေရတယ်...ဒါ့ပြင်သူ့ကိုသွားသတ်တာကလည်း ဖြေရှင်းနည်းမဟုတ်ဘူး...မင်းနဲ့သူကသွေးစာချုပ်လုပ်ထားတာကြောင့် သူသေရင် မင်းလည်းသေမှာပဲ"

"ဘာ..သူသေရင် ငါလည်းသေရမှာလား..."

လီအာက ဝမ်းနည်းစွာအော်ဟစ်လိုက်သည်။

"လီအာရေ စိတ်မပူပါနဲ့...ဒီကိစ္စကိုဖြေရှင်းဖို့ တခြားနည်းလမ်းတွေရှိဦးမှာသေချာပါတယ်...ခုတော့ ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာ ငါ့ကိုသေသေချာချာရှင်းပြ....ဒီကျွန်ဆွဲသီးကို ဘယ်သူမင်းဆီ ဝတ်ပေးလိုက်တာလဲ..."

အဘိုးအိုသည် ဝမ်းနည်းစွာငိုကြွေးနေသော လီအာကိုကြည့်ပြီး သူ၏အမူအရာသည် ပျော့ပြောင်းသွားခဲ့သည်။သို့သော် သူ၏မျက်လုံးများမှ ပြင်းထန်သောသတ်ဖြတ်လိုစိတ်များက ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

လီအာသည် ခဏလောက်စိတ်ပျက်အားငယ်သွားခဲ့ပြီးနောက်တွင် သူမသည် ရှောင်ယုနှင့်ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းတစ်ခုလုံးအား အစမှအဆုံးတိုင်အောင် သေသေချာချာရှင်းပြခဲ့သည်။ထိုထဲတွင် သူမသည် ရှောင်ယုအား ပါး၂ကြိမ်ရိုက်ကာ သူ့အားကန်ကျောက်ပြီး ထွက်ပြေးရန်ကြိုးစားခဲ့ရာမှ ဖမ်းဆီးခံလိုက်ရခြင်း ထို့နောက် သူမ၏လည်ပင်းတွင် ကျွန်ဆွဲသီးကိုတပ်ဆင်ခံလိုက်ရခြင်းတို့ကို ပြောပြခဲ့သည်။သို့သော်လည်း ရှောင်ယုသည် သူမ၏ဘောင်းဘီကိုဆွဲဖြဲကာ သူမအားနှိပ်စက်ခဲ့သည့်အကြောင်းကိုမူ ပြောမပြခဲ့ပေ။အဆုံးသတ်တွင် ထိုအရာများသည် သူမ၏ချစ်စရာကောင်းသော ဖြစ်ရပ်များဖြစ်ကာ ကျွန်ဆွဲသီးအားဖယ်ရှားနိုင်ပြီးနောက်တွင် ထိုကောင်အားသူမကိုယ်တ်ိုင်လက်စားချေမှာဖြစ်သည်။

အဘိုးကြီးသည် လီအာရှင်းပြသည်က်ိုနားထောင်ပြီးနောက်တွင် သူ၏မျက်လုံးများသည် ကျည်းမြောင်းသွားခဲ့သည်။

"အောစ့်တွေနဲ့နတ်သူငယ်သက်တော်စောင့်တွေ....စိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်ပဲ...ဒါက အဲ့ဒီဒဏ္ဍာရီကို အစပြုလာစေမယ်လို့ ဆိုလိုတာလား..."

"ဟေးအဘိုးကြီး...ဘယ်လိုဒဏ္ဍာရီမျိုးလဲ ငါ့ကိုပြောပြ"

လီအာက စိတ်ဝင်တစားမေးမြန်းလိုက်သည်။သူမသည် လုပ်ကြံသူတစ်ယောက်ဖြစ်လာပြီးနောက် သူမစိတ်ဝင်စားသည့်အရာများမှာ ရှေးခေတ်အပျက်အစီးများကိုရှာဖွေခြင်းနှင့် ဒဏ္ဍာရီများကိုလေ့လာခြင်းဖြစ်သည်။သူမသည် လုပ်ကြံသူတစ်ယောက်ဖြစ်လာရသည့် အဓိကရည်ရွယ်ချက်မှာ ဤအဘိုးကြီးပြောပြသည့် ဒဏ္ဍာရီများနှင့်ပုံပြင်များကြောင့်ဖြစ်သည်။သူမသည် ထိပ်တန်းစွန့်စားသူတစ်ယောက်ဖြစ်လာပြီးနောက်တွင် တိုက်ကြီးတစ်ခုလုံးအနှံ့လည်ပတ်သွားလာချင်ခဲ့သည်။

"အဲ့ကောင်လေးကြည့်ရတာ မင်းကိုတမင်တကာကျွန်လုပ်ချင်ပုံမရဘူး...သူ့ကိုကြည့်ရတာ ကျွန်ဆွဲသီးရဲ့အလုပ်လုပ်ပုံကိုတောင် သေချာသိပုံမရဘူး"

"ရည်ရွယ်တာဖြစ်ဖြစ် မရည်ရွယ်တာဖြစ်ဖြစ် အရေးမကြီးဘူး...အရေးကြီးတာက သူပြောတဲ့စကားကိုနားမထောင်ရင် ငါ့ကိုသတ်ပစ်မယ်လို့ခြိမ်းခြောက်ထားတာပဲ"

လီအာက အံကြိတ်ကာ ပြောဆ်ိုလိုက်သည်။

အဘိုးအိုသည် ပေါ့ပေါ့ပါးပါးပြုံးပြလိုက်သည်။

"ဒီဟာက ရှေးခေတ်ကနေ ဒီနေ့ခေတ်အထိ အစွမ်းအထက်ဆုံးမှော်ပစ္စည်းတွေထဲက တစ်ခုပဲ...ဒါကလူတွေကိုကျွန်ပြုဖို့သက်သက်နဲ့ အသုံးပြုခဲ့တယ်လို့ မင်းထင်လို့လား...ဒီမှော်ပစ္စည်းကိုအသုံးပြုရင် သွေးစာချုပ်ပြုလုပ်ပြီးတဲ့နောက်မှာ ကျွန်ဖြစ်တဲ့သူဟာ သခင်ရဲ့အလိုဆန္ဒကိုလုံးဝမဆန့်ကျင်နိုင်တော့ဘူး...ပြီးတော့ သခင်ဖြစ်တဲ့သူဟာ ကျွန်ဖြစ်သူရဲ့လှုပ်ရှားမှုနဲ့ အပြောအဆိုတွေကို အတွေးတစ်ချက်နဲ့တင်ထိန်းချုပ်ပေးနိုင်တယ်...ဒီကျွန်ဆွဲသီးက သခင်ဖြစ်သူက ကျွန်တွေကိုရုပ်သေးအဖြစ်တောင်ထိန်းချုပ်နိုင်တယ်လေ..."

"ဒီကောင်လေးကိုကြည့်ရတာ စိတ်ထားမဆိုးပါဘူး...ဒါပေမဲ့ ဒီကောင်လေးကိုကြည့်ရတာ တော်တော်တုံးအမယ့်ပုံဘဲ...သွေးစာချုပ်ချုပ်ဆိုဖို့အတွက် နှစ်ဦးနှစ်ဖက်ရဲ့သွေးကိုဖောက်ထုတ်လိုက်တာက်ို မသိဘဲ မင်းရဲ့အသက်ကိုခြိမ်းခြောက်ဖို့ အဲ့အပ်တွေကိုအသုံးပြုခဲ့တာကို ငါတော်တော်ရယ်ချင်နေတာ...ဒီလိုမှော်ပစ္စည်းအတွက် သွေးစာချုပ်ချုပ်ဆိုတာက အကောင်အထည်ပေါ်လာစရာမလိုအောင် အဆင့်မြင့်တယ်"

"ဘာ...အပ်လေးတစ်ချက်ထိုးရုံနဲ့တင် ငါ့ရဲ့လုပ်ရပ်တွေကို သူကထိန်းချုပ်နိုင်တယ်ဟုတ်လား...ဒါကတော်တော်ကြောက်စရာကောင်းတယ်...ငါသေမယ်ဆိုရင်တော့ သူ့ကိုသတ်ပစ်မှရမယ်"

အဘိုးကြီး၏စကားများက လီအာ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

ရှောင်ယုသည် သူမဆန္ဒမရှိသောလုပ်ရပ်များအား ထိန်းချုပ်ခိုင်းစေနေမည်ကို သူမလုံးဝသည်းမခံနိုင်ပေ။

သို့သော် အဘိုးကြီးသည် ဝိုင်နီကိုမော့သောက်ရင်း လီအာ၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"အဲ့လောက်ထိကြောက်မနေစမ်းပါနဲ့ လီအာရေ....အဲ့ကောင်လေးကိုကြည့်ရတာ မဆိုးလောက်ပါဘူး...ကဲ အဲ့ဒီရယ်စရာကောင်းတဲ့ကောင်လေးကိုတွေ့ဖို့အတွက် ငါ့ကိုအဲ့ကောင်လေးဆီ ခေါ်သွားပေးစမ်းပါ"

All Chapters