← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း ၆၇ - အဲဒါက်ိုလွယ်လွယ်နဲ့ဖယ်လို့ရတယ်ထင်နေတာလား

ရှောင်ယုသည် စားသောက်ဆိုင်တွင်ထိုင်နေကာ ပျက်ဆီးမှု့အတွက် လျော်ကြေးပေးဆောင်းရန် အိမ်တော်ထိန်းမိုအား စောင့်နေခဲ့သည်။ထို့နောက်ရှောင်ယုသည် သူ၏လက်ကောက်ဝတ်တွင်ပါတ်ထားသော လက်ပါတ်ကို ပွတ်သပ်လိုက်ပြီး ၎င်းကိုဆွဲဖြုတ်ရန်အတွက် နည်းလမ်းများကို စဉ်းစားနေလိုက်သည်။ရှောင်ယုသည် အိမ်တော်ထိန်း မို၏ဒေါသကို လုံးဝ ဂရုစိုက်ခြင်းမရှိပေ။ရှောင်ယုသည် အန်တိုနီဒက်စ်အား ပေးလိုက်ပြီဖြစ်သော မှော်လည်ဆွဲကိစ္စနှင့်ပါတ်သက်၍ အိမ်တော်ထိန်းမိုနဲ့ ပြဿနာတက်ထားပြီးဖြစ်ရာ နောက်ထပ် ပြဿနာတက်ခြင်းက သူ့အတွက် ကိစ္စမရှိတော့ပေ။

သူတို့သာ ဝမ်အိမ်တော်သို့ရောက်ရှိသွားခဲ့ပါက အိမ်တော်ထိန်းမိုသည် သူ့အားအန္တာရယ်ပြုရန် အစွမ်းကုန်ကြိုးပမ်းမည်ဖြစ်ကြောင်း ရှောင်ယုသတိပြုမိခဲ့သည်။သို့သော်လည်း ရှောင်ယုသည် ပွက်ပွက်ဆူနေသောရေကိုမကြောက်သည့် ဝက်တစ်ကောင်နှင့်တူပေသည်။

"ဒါက ဘာကြီးလဲကွာ...ဒီကောင်ကို ဖြုတ်ရတာအဆင်မပြေမှန်းသိရင် ငါမဝတ်ခဲ့ပါဘူး..."

ရှောင်ယုသည် ထိုလက်ပတ်အားဖြုတ်ရန် နည်းလမ်းများစွာကိုအသုံးပြုခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် သူ၏လက်ကောက်ဝတ်သည် ရောင်ရမ်းနေပြီဖြစ်သည်။ထို့ကြောင့် ထိုလက်ပတ်အားဖြတ်ထုတ်ရန်ပင် စဉ်းစားနေပြီဖြစ်သည်။

ရှောင်ယုသည် သူ၏လက်ကောက်ဝတ်ကို အလွန်အာရုံစိုက်နေသော်လည်း ရံဖန်ရံခါဆိုသလိုပင် အိမ်တော်ထိန်းမိုရောက်အလာကို စောင့်မျှော်နေခဲ့သည်။သို့သော်လည်း သူနောက်ထပ်တစ်ကြိမ်ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ့ရှေ့တွင်ထိုင်နေသော အဘိုးကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုအဘိုးကြီး၏မျက်နှာပေါ်တွင် အန်တိုနီဒက်စ်၏အပြုံးနှင့်ဆင်တူသော ဝမ်းနည်းကြေကွဲဖွယ်အပြုံးတစ်ခုကို တပ်ဆင်ထားခဲ့သည်။

"အဘိုးကြီး...မင်းငါ့ကိုလန့်သေအောင်ခြောက်နေတာလား"

ရှောင်ယုသည် အမှန်တကယ်ပင် လန့်ဖျတ်သွားခဲ့ခြင်းဖြစ်သည်။ယခုအချိန်တွင် ရှောင်ယု၏ခွန်အားသည် သူဤကမ္ဘာသို့စရောက်လာစဉ်ကနှင့် နှိုင်းယှဉ်ပါက သူ၏ခွန်အားသည် အဆများစွာတိုးတက်လာခဲ့ပြီဖြစ်သည်။သို့သော်လည်း ထိုအဘိုးကြီးသည်ကား မည်သည့်အသံမှမထွက်ဘဲ သူ့ရှေ့၌ထွက်ပေါ်လာခဲ့သည်။ထို့ပြင် ရှောင်ယုသည် ထိုအဘိုးကြီးတည်ရှိနေသည်ကို လုံးဝသတိမထားမိခဲ့ဘဲ တစ္ဆေတစ်ကောင်သူ့ရှေ့ရောက်နေသလိုမျိုး ခံစားလိုက်ရသည်။

"မင်းကငါ့ကိုမကြောက်သင့်ပေမဲ့ မင်းရဲ့လုပ်ရပ်က ဒီအဘိုးကြီးကိုတကယ်ကြောက်လန့်စေခဲ့တယ်...မင်းရဲ့အပြုအမူက ငါ့လိုအဘိုးကြီးကိုကြောက်လန့်စေနိုင်တာ တကယ့်ကိုအံ့သြစရာပဲ"

အဘိုးကြီးသည် ပြုံးရွှင်စွာဖြင့် စကားဆိုလိုက်သည်။

"ဘာတွေပြောနေတာလဲ...ဒီကမ္ဘာပေါ်မှာ ငါ့လိုသခင်လေးကိုကြောက်လန့်စေနိုင်အောင်လို့ လုပ်ဆောင်နိုင်တဲ့စွမ်းအားမရှိဘူး..."

ရှောင်ယု၏အမူအရာသည် ချက်ချင်းပင်အေးဆေးတည်ငြိမ်သွားခဲ့ပြီး သူ၏လက်ကောက်ဝတ်ရှိ လက်ပတ်ကိုဆက်လက်လေ့လာလိုက်သည်။

"ဘာမှားနေလို့လဲ...အဲလက်ပတ်ကိုဖယ်မရဘူးလား"

အဘိုးကြီးသည် ထပ်မံမေးခွန်းထုတ်လိုက်သည်။

ရှောင်ယုသည် အဘိုးကြီး၏ ရှုံ့တွနေသောမျက်နှာပေါ်မှ ညိုးငယ်နေပုံရသည့် အပြုံးအားမော့ကြည့်မိလိုက်သည်။အကယ်၍ သူသာဆိုရှယ်လစ်စံနှုန်းဖြင့် ကြီးပြင်းလာသူတစ်ဦးမဟုတ်ပါက သူသည်လေးစားမှုမရှိဘဲ ထိုအဘိုးကြီးအား နှင်ထုတ်လိုက်မည်ဖြစ်သည်။

"ငါဖယ်နိုင်သည်ဖြစ်စေ မဖယ်နိုင်သည်ဖြစ်စေ မင်းနဲ့ဘာဆိုင်လို့လဲ..."

ရှောင်ယုသည် မျက်လုံးများပြူး၍ တုံ့ပြန်လိုက်သည်။

"ဘာတွေမှန်းမသိရင် လျှောက်မလုပ်စမ်းနဲ့...အဲ့ဒါကမင်းက်ိုတစ်သက်လုံး ချုပ်နှောင်ထားလိမ့်မယ်"

အဘိုးကြီးသည် ရှောင်ယုအတွက် စားပွဲထိုးယူဆောင်လာပေးသော အဆာပြေမုန့်များကို အရှက်မရှိကောက်ယူ၍ တမြုံမြုံ့ဝါးနေခဲ့သည်။

ထို့နောက် အဘိုးကြီးသည် ရှောင်ယု၏ရှေ့တွင်ရှိနေသော ဝိုင်နီခွက်အားကောက်ယူလိုက်သည်။

"မင်းမှာ သက်တမ်း၃၀၀တောင်ရှိတဲ့ ဝိုင်ကောင်းတွေရှိနေတာပဲ...နှမြောစရာကောင်းလိုက်တာ"

အဘိုးကြီးသည် လွန်ခဲ့သောမိနစ်ပိုင်းလောက်ကပင် ဝိုင်ကိုတစ်ခွက်ပြီး တစ်ခွက်ထည့်သောက်နေခဲ့ပြီး ရှောင်ယုအားလုံးဝဂရုစိုက်ပုံမရခဲ့ပေ။

ထို့ကြောင့် ရှောင်ယုသည် လက်ပတ်ကိုဆက်ပြီးမလေ့လာတော့ဘဲ မျက်မှောင်ကြုတ်လိုက်ကာ အဘိုးကြီးကိုစိုက်ကြည့်လိုက်သည်။

အဘိုးကြီးသည် လမ်းဘေးတွင်တွေ့လေ့တွေ့ထရှိသော သူတောင်းစားတစ်ယောက်နှင့်တူသော်လည်း သူ၏အဝတ်အစားများသည် အလွန်သန့်ပြန့်နေကာ လူယုတ်မာအဘိုးကြီးတစ်ယောက်နှင့် ပိုတူပေသည်။

"ဒီလက်ပတ်က ဘာလဲဆိုတာကောသိလား"

ရှောင်ယုသည် အဘိုးကြီး၏စကားကိုမယုံကြည်သေးသော်လည်း မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးမြန်းလိုက်သည်။

ထိုအဘိုးကြီးသည် မုန့်နောက်တစ်ခုကိုကောက်ယူကာ ပါးစပ်ထဲထိုးထည့်လိုက်သည်။

"မုန့်တွေ ဝိုင်တွေရဲ့အရသာက တကယ်မဆိုးဘူးပဲ...ဝိုင်လေးနောက်တစ်ပုလင်းလောက်ရရင် တော်တော်ကောင်းမှာပဲ"

ရှောင်ယုသည် အဘိုးကြီး၏စကားအသွားအလာကိုကြည့်ပြီး သူလိုချင်သောအရာကို နားလည်သွားခဲ့သည်။ထို့ကြောင့် ရှောင်ယုသည် ချက်ချင်းပင်သူ့လက်ကိုမြောက်၍ အမိန့်ပေးလိုက်သည်။

"သားရဲ၁ ငါ့တို့ကို ဝိုင်ကောင်းကောင်းလေး ၁ပုလင်းသွားယူလာပေးစမ်းပါ..."

သားရဲ၁သည် ချက်ချင်းပင်စားသောက်ဆိုင်အပြင်ဘက်သို့ ပြေးထွက်သွားခဲ့ပြီး ဝိုင်နီပုလင်းအနည်းငယ်ကိုယူဆောင်ကာ စားပွဲပေါ်သို့တင်ဆောင်လာခဲ့သည်။

အဘိုးကြီးသည် သားရဲ၁ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဝိုင်ပုလင်းကိုကောက်ကိုင်လိုက်သည်။

"ဒီအောစ့်က ငါမြင်ဖူးတဲ့အောစ့်တွေထက် အများကြီးပိုသန်မာတယ်..."

"မင်း အရင်ကအောစ့်တွေကို တွေ့ဖူးလို့လား..."

ထိုအဘိုးကြီး၏စကားကြောင့် ရှောင်ယု၏မျက်လုံးများတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အဘိုးကြီးသည် ဝိုင်ပုလင်းအဆို့ကို ဖွင့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

"ငါအသက်ရှင်နေထိုင်ခဲ့တာ အတော်လေးကြာနေပြီလေ...ငါမျိုးနွယ်စုတော်တော်များများကို တွေ့မြင်ဖူးတယ်"

"တကယ်လား...အဲ့ဒါဆိုရင် ဒီလက်ကောက်ကဘာလဲဆိုတာ မင်းရှင်းပြနိုင်မလား..."

ရှောင်ယုသည် သူသိလိုသောအဓိကအကြောင်းအရာကို လှည့်၍မေးမြန်းလိုက်သည်။

အဘိုးကြီးသည် ဝိုင်နီတစ်ခွက်ကိုမော့သောက်လိုက်ပြီးနောက် ရှောင်ယု၏လက်ကောက်ဝတ်၌ရှိနေသော လက်ပတ်ကိုသေချာစိုက်ကြည့်လိုက်သည်။

"ရှေးခေတ်က အရမ်းကိုအစွမ်းထက်တဲ့ စစ်သည်တော်တွေကို ထိန်းချုပ်ဖို့အတွက် မကောင်းဆိုးရွားမှော်ဆရာတစ်ယောက်က ပစ္စည်းတစ်ခုကိုဖန်တီးခဲ့တယ်...အဲ့ဒါကတော့ ကျွန်ဆွဲသီးပဲ"

"ဒီဟာက ဘာလဲဆိုတာ မင်းသိပြီးသွားပြီဆိုတော့ အဲ့ဒါကိုဘယ်လိုဖြုတ်ရမလဲဆိုတာ မင်းသိတယ်မလား..."

အဘိုးကြီးသည် ဤမှော်ပစ္စည်း၏အမည်ကို သိရှိနေသောကြောင့် ရှောင်ယု၏ နှလုံးသားသည် ချက်ချင်းအေးခဲသွားခဲ့သည်။

သို့သော် အဘိုးကြီးသည် ချက်ချင်းခေါင်းယမ်းပြလိုက်သည်။

"နည်းလမ်းမရှိဘူး..."

"ဖတ်..."

ရှောင်ယုသည် ဝိုင်ပုလင်းအားလှမ်းယူရန် ပြင်ဆင်နေသော အဘိုးကြီး၏လက်ကို ချက်ချင်းလှမ်းရိုက်လိုက်သည်။

"ဟေး...ခုခေတ်လူငယ်တွေက သက်ကြီးရွယ်အိုတွေအပေါ် လေးစားမှုမရှိတော့ပါလား..."

အဘိုးကြီးက မကျေမနပ်ထပြောလိုက်သည်။

"ငါသာ သက်ကြီးရွယ်အိုတွေကို မလေးစားဘူးဆိုရင် မင်းကိုကန်ထုတ်လိုက်တာကြာပြီ..."

ရှောင်ယုသည် ပုလင်းထဲရှိဝိုင်အား ချက်ချင်းမော့သောက်လိုက်သည်။

ဝိုင်ကိုအဆက်မပြတ်မော့သောက်နေသော ရှောင်ယုကိုကြည့်ပြီး အဘိုးကြီး၏ ပါးစပ်ထောင့်စွန်းများသည် တုန်ခါသွားခဲ့သည်။

"ဒီပစ္စည်းကိုဖယ်ရှားချင်တာလား..."

အဘိုးကြီးသည် ထိုင်ခုံပေါ်မှီချလိုက်ကာ လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြုံးပြလိုက်သည်။

"ဒါကိုမချွတ်နိုင်မှတော့ ငါကဘာလို့အချိန်ကုန်ခံပြီး စိတ်ရှုပ်နေရမှာလဲ"

ရှောင်ယုသည် သူ၏လက်ရှိစိတ်အခြေအနေနှင့်ဆန့်ကျင်ဘက်စကားကို ထိုအဘိုးကြီးအား ပြောဆိုလိုက်သည်။

"မင်းက ဒါကိုချွတ်ချင်နေရင် ဘာလို့အစောကြီးကတည်းက တခြားသူကိုကျွန်ပြုခဲ့တာလဲ"

အဘိုးကြီးက ရုတ်တရက်မေးမြန်းလိုက်သည်။

"ငါလည်းမသိဘူး...ငါကအဲ့လူကို နည်းနည်းလောက်ကြောက်လန့်စေချင်ပြီး သူ့ကိုအပြစ်ပေးချင်လို့ပဲ"

ရှောင်ယုက ဒေါသတကြီးဖြင့် ချက်ချင်းတုံ့ပြန်လိုက်သည်။

"လူတစ်ယောက်ကို ထိခိုက်အောင်လုပ်တာက မင်းကိုထိခိုက်စေတယ်ဆိုတာ မင်းနားမလည်ဘူးလား...သည်းခံခြင်းကသာ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပဲ....မကောင်းတဲ့လမ်းကိုရွေးဖိုးမကြိုးစားပါနဲ့...ပြသနာတစ်ခုကကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အရေးမကြီးဘူးကွ"

အဘိုးကြီးသည် လေးနက်သောလေသံဖြင့် ဆုံးမပြောဆိုလိုက်သည်။

ရှောင်ယုသည် အဘိုးကြီး၏ဆုံးမစကားကို အလေးမထားဟန်ပြုမူနေသော်လည်း အဘိုးကြီးအားပြန်လည်ငြင်းဆန်ခြင်းမပြုခဲ့ပေ။ရှောင်ယုသည် အနည်းငယ်စိတ်တိုလွယ်ကာ မိုက်ရူးရဲဆန်သူဖြစ်သော်လည်း အမှားနှင့်အမှန်ကို ကွဲကွဲပြားပြားသိမြင်သူဖြစ်သည်။

"သားရဲ၁ ဓားမြောင်တစ်ချောင်းကိုယူလာစမ်း...ငါကအဲ့ဒါကိုဖြတ်လို့မရဘူးဆိုတာ ငါမယုံဘူး..."

ရှောင်ယုသည် ထိုလက်ပတ်အား မဖြတ်နိုင်ဟု လုံးဝမယုံကြည်ခဲ့ပေ။

သူသည် ဤလက်ပတ်ကြီးက်ိုပတ်၍ တစ်သက်လုံးမနေချင်ခဲ့ပေ။ထို့ပြင် လီအာဆိုသည့်ကောင်မလေးအားလည်း သူ၏ကျွန်အနေဖြင့် တစ်သက်လုံးနေရလောက်သည်အထိ သူမ၏ဘဝအားဒုက္ခရောက်သွားစေရန် သူမလိုလားခဲ့ပေ။

"အဲ့မှော်လက်ပတ်ကို ဓားမြောင်နဲ့သာဖြတ်နိုင်မယ်ဆိုရင် မှော်ပညာဆိုတာ တန်ဖိုးမရှိတော့ဘူး..."

ရှောင်ယုသည် လက်ပတ်အားဖြတ်တောက်ရန် အာရုံစိုက်နေသည်ကိုမြင်သောအခါ အဘိုးကြီးက ဝိုင်ပုလင်းကိုလှမ်းယူလိုက်သည်။ရှောင်ယုသည်ကား ထိုအဘိုးကြီး၏လုပ်ရပ်ကို အာရုံမစိုက်အားတော့ပေ။

ထိုအချိန်တွင် သားရဲ၁က ဓားမြောင်တစ်ချောင်းနှင့်အတူရောက်လာခဲ့သည်။

"သခင်...မင်းငါ့ရဲ့အကူအညီကို လိုချင်သေးလား..."

သားရဲ၁၏ စကားကြောင့် ရှောင်ယု၏ပါးစပ်ထောင့်စွန်းများ လှုပ်ယမ်းသွားခဲ့ရသည်။

"မေ့လိုက်တော့ မင်းကငါ့လက်ကိုဖြတ်မိသွားမှာ ငါကြောက်တယ်"

ရှောင်ယုသည် ဓားမြောင်ကိုကောက်ယူလိုက်ကာ လက်ပတ်အားဖြတ်တောက်ရန်ကြိုးပမ်းလိုက်သည်။သို့သော် သူဖြတ်တောက်ရန်ကြိုးစားလိုက်သည့်အခါတိုင်းတွင် ခရမ်းရောင်အလင်းတန်းများတောက်ပလာကာ လက်ပတ်ကိုကာကွယ်လာခဲ့သည်။

"ချီးပဲ...ဒါကြီးကငါနဲ့အတူတစ်သက်လုံး ရှိနေတော့မှာလား..."

ရှောင်ယုသည် ဒေါသတကြီးကျိန်ဆဲမိလိုက်သည်။ရှောင်ယုသည် ဒေါသအရှိန်ကြောင့် သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည့် ဓားမြောင်ဖြင့် သူ့ရှေ့တွင်ရှိနေသော စားပွဲကိုဖျက်ဆီးလိုက်ကာ စားသောက်ဆိုင်ပိုင်ရှင်အား ပြောလိုက်သည်။

"ဒီစားပွဲက်ိုပါ လျော်ကြေးထဲထည့်တွက်လိုက်"

စားသောက်ဆိုင်ပိုင်ရှင်သည် ရှောင်ယု၏လုပ်ရပ်ကိုကြည့်ရင်း အိမ်တော်ထိန်းမိုအတွက် တိတ်တဆိတ်ဆုတောင်းမိလိုက်သည်။

"ဘာလဲ...ဖြတ်လို့မရဘူးမလား..."

အဘိုးကြီးသည် ရှောင်ယုဒုက္ခရောက်နေသည်ကိုကြည့်ပြီး ရယ်မောလိုက်သည်။

ရှောင်ယုသည် ဤလက်ပတ်ကိုဖယ်ရှားရန်အတွက် နည်းလမ်းပေါင်းစုံကိုအသုံးပြုကာ ကြိုးစားခဲ့သော်လည်း ယခုအချိန်ထိမအောင်မြင်သေးပေ။

"တကယ်တော့ ငါ့မှာအကြံတစ်ခုတော့ရှိတယ်"

အဘိုးကြီးသည် ရုတ်တရက်ထပြောလိုက်သည်။

"ဘယ်လိုအကြံလဲ"

ရှောင်ယုက အားကိုးတကြီးမေးမြန်းလိုက်သည်။

"လက်ခံလိုက်..."

အဘိုးကြီးက မရှင်းမရှင်းပြန်ဖြေလိုက်သည်။

“ဘာကို လက္ခံရမှာလဲ"

ရှောင်ယုသည် အနည်းငယ်စိတ်ရှုပ်သွားခဲ့သည်။

"ဘဝမှာ ဖြစ်ပျက်နေတဲ့အရာအားလုံးဟာ အရမ်းကိုရိုးရှင်းလွန်းတယ်...ငယ်ငယ်တုံးကတော့ ငါဟာကံတရားဆိုတဲ့အရာကို ကြောက်လန့်ပြီးထွက်ပြေးခဲ့တယ်...ဒါပေမဲ့အသက်ကြီးလာတော့ ငါကကံတရားဆိုတာကို လက်ခံတတ်လာခဲ့တယ် မင်းကိုယ်တိုင်လည်းကံကြမ္မာရဲ့ချည်နှောင်မှုက မလွတ်ကင်းနိုင်ဘူး..."

အဘိုးကြီးသည် လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ရှင်းပြလိုက်သည်။

"ငါဒါကိုအနှေးနဲ့အမြန်ဖယ်ရှားပစ်မယ်"

ရှောင်ယုသည် အံကိုတင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။

အဘိုးကြီးသည် ဒေါသထွက်နေသော ရှောင်ယုကိုကြည့်ရင်း သူငယ်ရွယ်စဉ်က မိုက်ရူးရဲဆန်ခဲ့သည့်သူ့ကိုယ်သူ ပြန်လည်မြင်ယောင်လာကာ ခေါင်းခါမိလိုက်သည်။

"တော်လောက်ပြီ..အဘိုးကြီး မင်းနောက်ဆုတ်လိုက်တော့ ဒီပြဿနာကိုငါကိုယ်တ်ိုင်ဖြေရှင်းမယ်"

လီအာသည် စားပွဲနံဘေးတွင် ရုတ်တရက်ထွက်ပေါ်လာကာ ရှောင်ယုအား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"အိုး...အဲ့ဒါဆိုရင် ဒီအဘိုးကြီးက မင်းပြောတဲ့အကူအညီပေါ့..."

ရှောင်ယုသည် ဝိုင်ပုလင်းအားသူ့ဘက်ဆွဲယူကာ လှောင်ပြောင်လိုက်သည်။

အခန်း ၆၈ - ရှေးခတ်၏လျှို့ဝှက်ချက်

"ဟေး...ဒါကအကြီးတွေကိုဆက်ဆံတဲ့ပုံစံလား..."

အဘိုးကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အဘိုးကြီး...ငါ့ရဲ့ပြသနာကိုဖြေရှင်းပေးဖို့ မင်းကိုငါအကူအညီတောင်းခဲ့တာလေ...ဒါပေမဲ့မင်းက ငါ့ရဲ့ရန်သူနဲ့သောက်နေတာလား..."

လီအာသည် အဘိုးကြီးကိုကြည့်ရင်း မကျေမနပ်အထွန့်တက်လိုက်သည်။

အဘိုးကြီးသည် ကျယ်လောင်စွာရယ်မောလိုက်သည်။

"ငါ့ကလေးလေး လီအာ...ငါဘာလုပ်နေတာလဲဆိုတာ မသိဘဲနဲ့ငါ့ကိုမဝေဖန်စမ်းပါနဲ့...ငါနေထိုင်လာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်နေပြီ...ငါ့ရဲ့အတွေ့အကြုံတွေကလည်း မင်းထက်အဆများစွာကြွယ်ဝပြီး ပြဿနာဖြေရှင်းနည်းတွေကိုလည်း မင်းထက်ကောင်းကောင်းသိတယ်...ကောင်လေး သူမကိုလျစ်လျူရှုလိုက်စမ်း....ငါ့အတွက်ဝိုင်လေးငှဲ့ပေးစမ်းပါ"

ထိုအချိန်တွင် ရှောင်ယုသည် လီအာအားစိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

"မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ...ငါကမင်းရဲ့သခင်နော်...မင်းရဲ့အပြောအဆိုတွေကို ပိုပြီးသတိမထားဘူးဆိုရင် မင်းကိုသတ်ဖို့အတွက် အဲ့ဒီအပ်တွေကိုမင်းလည်ပင်းထဲ ထိုးထည့်လိုက်တော့မယ်"

ရှောင်ယုသည် ပြောပြောဆိုဆိုဖြင့် သူ၏လက်ကောက်ဝတ်အား မြောက်ပြလိုက်သည်။

လီအာကလည်း ဒေါသတကြီးပြန်လည်တုံ့ပြန်လိုက်သည်။

"မင်းသတ္တိရှိလို့လား...မင်းသာသတ္တိရှိရင် ငါ့ကိုသတ်လိုက်..."

ရှောင်ယုသည် လီအာ၏မျက်နှာပေါ်ရှိ ကြောက်လန့်မှုမရှိသော အကြည့်ကို သတိထားမိလိုက်ချိန်တွင် ခဏလောက်အတွေးနက်သွားခဲ့သည်။ထိုအဘိုးကြီးသည် ကျွန်ဆွဲသီး၏အသေးစိတ်အချက်အလက်များကို သတိပြုမိထားပြီဖြစ်၍ လီအာအားပြောပြထားပြီးပြီဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။ထို့ကြောင့် လီအာတစ်ယောက် မှုန်ကုပ်ကုပ်ဖြစ်နေသည်ကို တွေ့လိုက်ရချိန်တွင် သူသည်ဤလက်ပတ်နှင့်ပတ်သက်၍ ခြိမ်းခြောက်၍မရတော့ကြောင်း ရှောင်ယုနားလည်လိုက်သည်။

ထိုအချိန်တွင် အဘိုးကြီးက ဝင်ရောက်ပြောဆိုလိုက်သည်။

"မင်းတို့နှစ်ယောက်လုံး အေးဆေးထိုင်ပြီးစကားပြောကြ...ငါ့ဆီမှာဒီပြသနာကိုဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုရှိသည်။"

အဘိုးကြီး၏စကားကြောင့် ရှောင်ယုနှင့်လီအာတို့က တပြိုင်တည်းမေးလိုက်ကြသည်။

"ဘာနည်းလမ်းလဲ..."

အဘိုးကြီးသည် ဝိုင်သောက်ရင်း ကျေနပ်စွာပြုံးလိုက်သည်။

"ပုံမှန်အားဖြင့်ဆိုရင် ဒီနည်းလမ်းက မင်းတို့နှစ်ယောက်လုံးစိတ်ကျေနပ်စေမယ့် နည်းလမ်းပဲ"

ရှောင်ယုနှင့်လီအာတို့သည် ထိုအဘိုးကြီးအား စိုက်ကြည့်ကာ တစ်ပြိုင်နက်တည်း ရေရွတ်လိုက်သည်။

"ကောက်ကျစ်လိုက်တဲ့ အဘိုးကြီး"

အဘိုးကြီးသည် သူတို့နှစ်ယောက်လုံးအား မျက်လုံးပြူးကာကြည့်လိုက်သည်။

"ငါက စေတနာအပြည့်နဲ့အကြံပေးတာကို မင်းတို့နှစ်ယောက်လုံးက သဘောမပေါက်ကြဘူး..."

လီအာသည် ထိုင်ခုံပေါ်ထိုင်လိုက်ကာ ရှောင်ယုအား မကျေမနပ်စိုက်ကြည့်လိုက်သည်။

"ဒီလည်ပတ်ကိုဖယ်ရှားဖို့ အခြားနည်းလမ်းရှိလို့လား.."

"လောလောဆယ်တော့ ငါ့ဆီမှာဒီလည်ပတ်တွေကို ဖယ်ရှားဖို့နည်းလမ်းမရှိဘူးဆိုပေမဲ့ မင်းတို့နှစ်ယောက်လုံး အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုတော့ရှိတယ်...ဒါ့အပြင်မင်းတို့နှစ်ယောက်ကြား ဆက်ဆံရေးကောင်းတွေရှိနေသရွေ့ ဒီလည်ပတ်ကမင်းကို ပြဿနာပေးမှာမဟုတ်ဘူး..."

"ကောက်ကျစ်လိုက်တဲ့အဘိုးကြီး...ငါကသူ့ရဲ့ကျွန်တစ်ယောက်အဖြစ် တစ်သက်လုံး လိုက်နေရမယ်လို့ မင်းဆိုလိုတာလား"

လီအာက စိုးရိမ်တကြီးမေးမြန်းလိုက်သည်။

အဘိုးကြီးသည် လီအာအား စိတ်တည်ငြိမ်စေရန် လက်ဟန်ပြလိုက်သည်။

"ငါ့ကလေးလေး လီအာ...ဒါကမင်းအတွက်အခွင့်အရေးတစ်ခုပဲ"

လီအာသည် အဘိုးကြီး၏စကားကိုမယုံကြည်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"အခွင့်အရေးဟုတ်လား...ဘာအခွင့်အရေးလဲ"

အဘိုးကြီးသည် ပြုံးလိုက်ပြီး လီအာကိုနှစ်သိမ့်လိုက်သည်။

"ဒါက မင်းအတွက်အခွင့်အရေးကောင်းတစ်ခုပဲ..မင်းကစွန့်စားသူတစ်ယောက်အဖြစ်နဲ့ ပိုမိုမြင့်မားတဲ့အဆင့်ကိုမရောက်ချင်ဘူးလား...ရှေးခေတ်ဒဏ္ဍာရီတွေကို မစူးစမ်းချင်ဘူးလား...ခုမင်းမှာ အခွင့်အရေးရှိလာခဲ့ပြီ...မင်းသာသူ့နောက်ကိုလိုက်နေသရွေ့ မင်းလိုချင်သမျှအကုန်လုံးကိုမင်းရလာလိမ့်မယ်"

ထို့နောက် အဘိုးကြီးသည် ရှောင်ယုကိုတစ်ချက်ကြည့်လိုက်သည်။

လီအာသည် ချက်ချင်းဆိုသလို ပို၍ပင်ဒေါသထွက်သွားခဲ့သည်။

"မင်းက ငါ့ကိုထာဝရကျွန်ခံစေချင်တာလား"

ရှောင်ယုသည် ထိုအဘိုးကြီး၏စကားကိုနားထောင်ပြီးနောက် ထိတ်လန့်သွားခဲ့ကာ လေသံတိုးတ်ိုးလေးဖြင့် ရေရွတ်လိုက်သည်။

"ဒီအဘိုးကြီးကိုကြည့်ရတာ ထင်သလောက်မရိုးရှင်းဘူး...ငါကရှေးခတ်ဒဏ္ဍာရီတွေကို အဖြေရှာနေတယ်ဆိုတာ သူဘယ်လိုသိသွားတာလဲ...ငါကတိုင်ရန်ဒီနဲ့ သရောလ်တ်ို့ရဲ့အကြောင်းကိုသိရဖို့အတွက် အဲ့ဒီဒဏ္ဍာရီတွေကို ခြေရာခံရှာဖွေနေခဲ့တာပဲ...ငါကအောစ့်တွေနဲ့နတ်သူငယ်တွေကို အမှောင်ထုထဲကနေ ပြန်လည်ထွန်းတောက်ချင်တယ်ဆိုရင် အဲ့ဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်အဖြေရှာမှပဲရလိမ့်မယ်...ဒါပေမဲ့ ဒီအဘိုးကြီးက အဲ့အကြောင်းကိုဘယ်လိုသိသွားခဲ့တာလဲ"

အဘိုးကြီးသည် ကြင်နာစွာပြုံးလိုက်ပြီး လီအာအားဆက်လက်နှစ်သိမ့်ပေးလိုက်သည်။

"လီအာ...မင်းသူ့နောက်ကိုလိုက်ရမယ်ဆိုတာက သူ့ရဲ့ကျွန်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ဘူး..ဒါကမင်းတို့နှစ်ယောက်လုံးအတွက် အကျိုးရှိမယ့်ဖြေရှင်းချက်တစ်ခုပဲ"

"ဒီလိုဖြေရှင်းနည်းက ဘယ်မှာသင့်တော်လို့လဲ...အဲ့ကောင်က အကျင့်ယုတ်ပြီးတော့ ကျွန်ဆွဲသီးဝတ်ထားတဲ့ငါ့ကို မဟုတ်တာတွေလျှောက်ခိုင်းလာနိုင်တာပဲ"

လီအာသည် ထိုသို့ပြောပြီးနောက် ရှောင်ယုအား စူးစိုက်ကြည့်ရှုလိုက်သည်။

အဘိုးကြီးသည် လီအာ၏စိုးရိမ်ပူပန်မှုအား ရိပ်စားမိလိုက်၍ ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့...အဲ့ကောင်လေးမင်းအပေါ်က်ို မဟုတ်တာမလုပ်ခိုင်းရအောင် ငါဆွဲဆောင်လိုက်မယ်"

ထို့နောက်အဘိုးကြီးသည် ရှောင်ယုဘက်သို့လှည့်ကာ တောင်းဆိုလိုက်သည်။

"မင်းကိုယ်တ်ိုင်ကလည်း လီအာကိုကျွန်အဖြစ်မလိုချင်ဘူးဆိုတာ ငါနားလည်တယ်...ဒါပေမဲ့ ဖြစ်ပြီးသွားတာတွေက ပြန်ပြင်လို့မရတော့သလို လောလောဆယ်ဘယ်သူကမှ ဒီဆွဲသီးကိုဖြုတ်ဖို့ မစွမ်းဆောင်နိုင်ဘူး...ဒါပေမဲ့နောက်ဆိုရင် ရှိလာနိုင်တယ်...အဲ့ဒီအချိန်ကျရင် မင်းကလီအာရဲ့လွတ်လပ်မှုကို ပြန်ပေးဖို့ဆန္ဒရှိမှာလား..."

ရှောင်ယုသည် လီအာကိုစိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"၃နှစ်ကြာပြီးရင် သူကအဘွားကြီးဖြစ်သွားလိမ့်မယ်...အဲ့ကျရင်သူ့ကိုဘယ်သူက လိုချင်မှာလဲ..."

"မင်းဘာပြောလိုက်တာလဲ..."

လီအာက ချက်ချင်းပင် ဒေါသတကြီးတုန့်ပြန်လိုက်သည်။

ထိုအချိန်တွင် အဘိုးကြီးက ဝင်ရောက်ဖြန်ဖြေလိုက်သည်။

"မင်းတို့နှစ်ယောက်လုံးက ဒီလည်ပတ်နဲ့လက်ပတ်ကို ဖြုတ်ချင်နေတာမဟုတ်ဘူးလား..."

လီအာနှင့်ရှောင်ယုတို့က တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

လီအာကိုယ်တိုင်က သူမအားလိုသလိုစေခိုင်းနိုင်မယ့် ဤလည်ပတ်အား ချွတ်ရန် အလွန်စိတ်ဆန္ဒပြင်းပြနေခဲ့သည်။ရှောင်ယုသည် ယခင်က လှပသော ကျွန်တစ်ဦးကို အမြဲလိုချင်နေခဲ့သော်လည်း ယခုအခါ သူ့အတွက်အနှောင်အဖွဲ့တစ်ခုဟု ယူဆလာခဲ့သည့်အတွက်ကြောင့် သူ့အားထိန်းချုပ်လာမယ့်အရာကို မလိုချင်ခဲ့ပေ။

သူတို့နှစ်ဦး၏အမူအရာကြောင့် အဘိုးကြီးကပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ မင်းတို့နှစ်ယောက်သာ ငါ့ရဲ့အကြံညဏ်ကိုလိုက်နာမယ်လို့ ကတိပေးရင် အဲ့ဒါက်ိုဖြုတ်ထုတ်နိုင်မယ်လို့ ငါအာမခံတယ်"

လီအာက မျက်မှောင်ကြုတ်ကာ အဘိုးကြီးအားမေးမြန်းလိုက်သည်။

"မင်းက ငါ့ကိုဘယ်လိုအာမခံချက်ပေးမှာလဲ"

အဘိုးကြီးသည် လီအာကိုကြည့်ကာ ရှင်းပြလိုက်သည်၊

"လီအာလေး...မင်းသာသူ့နောက်ကို ၃နှစ်တိတိလိုက်သွားမယ်လို့ ငါကိုကတိပေးခဲ့...အဲ့လိုသာဆိုရင် ၃နှစ်အကြာမှာ မင်းရဲ့လွတ်လပ်မှုကို မင်းပြန်ရလိမ့်မယ်"

"ဘာ...ငါက သူ့အတွက် ၃နှစ်တောင်တိုက်ပွဲဝင်ပေးရမှာလား..."

လီအာသည် သူမလိုက်နာရမည့်အချက်ကို သိရှိသွားပြီးနောက် စိတ်ရှုပ်ထွေးသွားခဲ့သည်။

အဘိုးအိုသည် လီအာကိုဆက်လက်နှစ်သိမ့်လိုက်သည်။

"လီအာ...မင်းကငါ့ရဲ့မြေးမလေးလ်ိုပါဘဲ...ဒီနှစ်တွေအတွင်းမှာ မင်းကိုငါဘယ်လောက်ကူညီပေးခဲ့သလဲ...ငါမင်းကိုဒုက္ခပေးဖူးတာမျိုးရှိလို့လား...မင်းသာသူ့အတွက်တိုက်ပွဲမဝင်ပေးဘဲ သူနဲ့အတူ ၃နှစ်လောက်ရှိနေရင်တောင်မှ မင်းရဲ့လည်ပင်းကဟာကို ဖြုတ်နိုင်မှာမဟုတ်ဘူး...တကယ်တော့သူ့အတွက်တိုက်ပွဲဝင်ပေးရတာ မင်းအတွက်ဆိုးရွားတဲ့ကိစ္စမဟုတ်ပါဘူး... "

လီအာသည် ခဏလောက်ငြိမ်သက်သွားခဲ့သည်။အဘ်ိုးကြီးသည် ဆိုးရွားပုံပေါ်သော်လည်း သူမအားမည်သည့်အခါကမှ ဒုက္ခမပေးခဲ့ဘူးပေ။သ်ို့သော် သူမကရှောင်ယုအတွက် ၃နှစ်ကြာတိုက်ပွဲဝင်ပေးရမယ့်အချက်ကို သူမနားမလည်ခဲ့ပေ။

အဘိုးကြီးသည် လီအာတိတ်ဆိတ်နေသည်ကိုမြင်သောအခါ ရှောင်ယုဘက်သို့လှည့်ကြည့်၍ တောင်းဆိုလိုက်သည်။

"လူငယ်လေး မင်းမြင်တဲ့အတိုင်းပဲ လီအာကမင်းကို ၃နှစ်တိတိကူညီပေးလိမ့်မယ်...ဒါပေမဲ့မင်းငါ့ကို ကတိတစ်ခုလောက်တော့ပေးရမယ်"

အဘိုးကြီးသည် သူယခင်ကထင်ထားသလို ရိုးရှင်းမှုမရှိကြောင်း ရှောက်ယုသတိပြုမိလိုက်သည်။

"ဘယ်လိုကတိမျိုးလဲ..."

အဘိုးကြီးသည် လီအာကိုတစ်ချက်ကြည့်လိုက်ကာ ရှောင်ယုဘက်လှည့်လာခဲ့သည်။

"သူမမလုပ်ချင်တဲ့အရာတွေကို လီအာကိုအတင်းအကျပ်လုပ်ခိုင်းဖို့အတွက် ကျွန်လည်ဆွဲရဲ့စွမ်းအားကို အသုံးမပြုပါနဲ့..."

အချိန်ခဏလောက်စဉ်းစားပြီးနောက်တွင် လုပ်ကြံသူတစ်ယောက်အား သူ၏သက်တော်စောင့်အဖြစ်ထားရှိခြင်းသည် မဆိုးလှသောအရာဖြစ်ကြောင်း ရှောင်ယုမှတ်ယူလိုက်သည်။ထို့ပြင် အဘိုးကြီးတောင်းဆိုသော ကတိကိုလည်း သူ့ဘက်မှဖြည့်ဆည်းပေးရန် မခက်ခဲလှပေ။

"အဲ့ဒီကတိကိုဖြည့်ဆည်းပေးဖို့မခက်ပါဘူး...ငါကမြင့်မြတ်တဲ့မြို့စား တစ်ယောက်ပါ...ငါ့ကိုတစ်မျိုးမမြင်ပါနဲ့"

ရှောင်ယု၏စကားများကြောင့် လီအာ၏နှလုံးသားသည် ဒေါသမီးတောက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ရှောင်ယုသည် လွန်ခဲ့သောနာရီအနည်းငယ်ခန့်က သူမအားခြိမ်းခြောက်ချိန်တွင် မြင့်မြတ်သူတစ်ဦး၏ ဟန်ပန်အမူအရာလုံးဝမရှိခဲ့ပေ။

အဘိုးကြီးသည် အဆင်ပြေအောင် ညှိနှိုင်းလိုက်နိုင်သောကြောင့် ခေါင်းညိတ်မိလိုက်သည်။

"ကောင်းပြီ ငါသိရသလောက်ဆိုရင် ရှေး‌ခေတ်အချိန်တုံးက နတ်သမင်အစည်းအရုံးလို့ခေါ်တဲ့ မှော်ဆရာအဖွဲ့တစ်ခုရှိခဲ့တယ်...အဲ့ဒီမှော်ဆရာအဖွဲ့ရဲ့ ခေါင်းဆောင်ကိုတော့ အန်တိုနီဒက်စ်လို့ခေါ်တယ်...မင်းသာသူ့ကိုတွေ့ခဲ့မယ်ဆိုရင် သူကဒီမှော်လည်ဆွဲကို ချိုးဖျက်နိုင်လိမ့်မယ်"

အဘိုးကြီး၏စကားကြောင့် ရှောင်ယုသည် သောက်လက်စဝိုင်နီအား ချက်ချင်းထွေးထုတ်မတတ်ဖြစ်သွားခဲ့သည်။

"အန်တိုနီဒက်စ်က ဒီမှော်လည်ဆွဲကိုဖယ်ရှားပေးနိုင်တာ သေချာလား..."

ရှောင်ယုသည် အလွန်ပင်အံ့သြနေခဲ့သည်။ထိုအဘိုးကြီးသည် အန်တိုနီဒက်စ်ဤနေရာတွင် ရှိနေကြောင်း သိရှိနေသလားလို့သံသယဖြစ်မိသွားသည်။ထိုအဘိုးကြီးသည် အမှန်ပင်အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါသလား...

လီအာသည် အဘိုးကြီးကိုယ်စား သူ၏သံသယက်ိုဖြေရှင်းပေးလိုက်သည်။

"မင်းက ဘာတွေအရူးထနေတာလဲ...အန်တိုနီဒက်စ်က လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းချီက ရှိခဲ့တဲ့မဟာမှော်ကဝေတစ်ယောက်ပဲ...ခုချိန်မှာဆိုရင် သူ့ကိုအသက်ရှင်လျက်တွေ့ဖို့မပြောနဲ့ သူရဲ့အရိုးပြာကိုတောင် ငါတို့ရှာတွေ့မှာမဟုတ်ဘူး"

ထိုအချိန်တွင် အဘိုးကြီးကနှေးကွေးစွာ စကားဆိုလိုက်သည်။

"အနည်းဆုံးနှစ်ပေါင်း၁၀၀၀၀ကုန်လွန်သွားခဲ့ပြီ...အချိန် ၊ ဟင်းလင်းပြင်နဲ့စကြာဝဠာတို့ဟာ အချိန်တိုင်းပြောင်းလဲနေတယ်...အရာအားလုံးကလည်း တကျော့ပြန်ပြီးဖြစ်တည်လာခဲ့တယ်...လီအာ ဘယ်သူကမှအနာဂတ်ကိုကြိုမပြောနိုင်ဘူး..မင်းကသမိုင်းမှာအကြီးမြတ်ဆုံးမှော်ဆရာဖြစ်တဲ့ အန်တိုနီဒက်စ်ကို အနာဂတ်မှာ တွေ့ရင်တွေ့နိုင်မှာပေါ့"

လီအာသည် အဘိုးကြီး၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"အဲ့ဒီဒဏ္ဍာရီတွေက တစ်ကျော့ပြန်ဖြစ်လာလိမ့်မယ်လို့ အဘိုးဆိုလိုချင်တာလား..."

အဘိုးအိုသည် လီအာအားစိုက်ကြည့်ကာ လေးနက်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"အဲ့ဒီဒဏ္ဍာရီတွေက နောက်တစ်ခါထပ်ဖြစ်လာမှာတောင်မဟုတ်ဘူး...မင်းပါအဲ့ဒီထဲပါဝင်ရလိမ့်မယ်...အဲ့ဒါမင်းရဲ့ကံကြမ္မာပဲ အချစ်လေးလီအာ"

အခန်း ၆၉ - သီအိုဒေါ၏ ဂုဏ်သတင်း

ထိုအခိုက်အတန့်တွင် ရှောင်ယုသည် အဘိုးကြီး၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သောအော်ရာများကို ခံစားမိလိုက်ရသည်။ဤနေရာသို့လာရောက်ရသည့် ထိုအဘိုးကြီး၏အဓိကရည်ရွယ်ချက်မှာ လီအာအတွက် လက်စားချေရန်မဟုတ်လောက်ပေ။

ရှောင်ယုသည် ထိုအဘိုးကြီး၏စွမ်းအား အတိအကျကို မသိခဲ့ပေ။သို့သော်လည်း လီအာသည် သူမ၏ပြဿနာကိုဖြေရှင်းရန်အတွက် ထိုအဘိုးကြီးအား သတ္တိရှိရှိဖိတ်ခေါ်ခဲ့သည့်အတွက်ကြောင့် ထိုအဘိုးကြီး၏အစွမ်းအစသည် မနိမ့်လောက်ပေ။

တစ်ချိန်တည်းမှာပင် စားသောက်ဆိုင်ပိုင်ရှင်အား လျော်ကြေးပေးဆောင်ပြီးသော အိမ်တော်ထိန်းမိုသည် ရောက်ရှိလာခဲ့သည်။သို့သော် ထိုအဘိုးကြီးကို တွေ့မြင်လိုက်ရသည့်အခိုက်အတန့်တွင် အိမ်တော်ထိန်းမို၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။

"တွေ့ရတာဝမ်းသာပါတယ်...သခင်သီအိုဒေါ"

ရှောင်ယုသည် အိမ်တော်ထိန်းမိုက သခင်သီအိုဒေါဟုခေါ်သည့် အဘိုးကြီး၏အဆင့်အတန်းကို စဉ်းစားမိကာ အံ့သြသွားခဲ့သည်။သို့သော် အိမ်တော်ထိန်းမိုအား ခေါင်းငုံ့ကာနှုတ်ဆက်နိုင်စေသော ထိုအဘိုးကြီးသည် နှယ်နှယ်ရရမဟုတ်ကြောင်း တွေးမိလိုက်၍ ရှောင်ယုမျက်ခုံးပင့်လိုက်မိသည်။

အဘိုးအို သီအိုဒေါသည် အိမ်တော်ထိန်းမိုအား သူ့ဘေးနား၌မရှိသလိုမျိုး လျစ်လျူရှုလိုက်ကာ ရှောင်ယုအားဆက်ပြောလိုက်သည်။

"လူငယ်လေး...ငါတော့ပြောစရာရှိတာအကုန်ပြောပြီးပြီ...ကျန်တဲ့ဆုံးဖြတ် ချက်ကတော့ မင်းလက်ထဲမှာပဲ...လီအာကို မင်းကောင်းကောင်းဂရုစိုက်နိုင်မယ်လို့ ငါယုံကြည်တဲ့အတွက် ငါ့ရဲ့လီအာလေးကို မင်းလက်ထဲအပ်ထားခဲ့မယ်...ငါ့ကိုစိတ်မပျက်စေနဲ့..."

ရှောင်ယုက ချက်ချင်းကန့်ကွက်လိုက်သည်။

"မင်းဘာကိုပြောချင်တာလဲ...ငါကသူ့အဘိုးမဟုတ်ဘူးလေ...ငါကဘာလို့ သူ့ကိုဂရုစိုက်ရမှာလဲ...သူကငါ့ရဲ့အိမ်ဖော်တစ်ယောက်ပဲလေ...သူကပဲငါ့ကိုဂရုစိုက်သင့်တာ မဟုတ်ဘူးလား..."

သီအိုဒေါသည် မတတ်သာဟန်ဖြင့် ပြုံးလိုက်မိသည်။

"ဘာပဲဖြစ်ဖြစ်...မင်းတို့နှစ်ယောက်ကြားမှာ အဆင်ပြေနေရင်ရပြီ...နှစ်ယောက်လုံး ငါ့ကိုစိတ်မပျက်စေနဲ့..."

သီအိုဒေါသည် ရှောင်ယု၏ရှေ့တွင်ချထားသော ဝိုင်နီပုလင်းကို ကောက်ကိုင်လိုက်ကာ အိမ်တော်ထိန်းမိုကို မကြည့်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။

လီအာသည် သီအိုဒေါ၏ကျောပြင်ကိုကြည့်ရင်း ဝမ်းနည်းစွာပြောလိုက်သည်၊

"အဘိုးကြီး...မင်းငါ့ကိုတကယ်ထားရစ်ခဲ့ပြီပေါ့..."

သီအိုဒေါသည် နောက်ပြန်လှည့်မကြည့်လာသော်လည်း သူ၏အသံကပဲ့တင်ထပ်လာခဲ့သည်။

"မင်းကို သူ့နောက်အတင်းလိုက်သွားအောင် ငါဖိအားပေးခဲ့တာမဟုတ်ဘူး...ဒါကမင်းရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲ...ငါ့ရဲ့လီအာလေး....ကံကြမ္မာကိုယုံကြည်ဖို့မမေ့နဲ့"

လီအာသည် ရှောင်ယုအား ခါးသီးသောအကြည့်ဖြင့်စိုက်ကြည့်ကာ သူမ၏နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။

ရှောင်ယုသည် လီအာ၏အကြည့်ကြောင့် မျက်ခုံးပင့်လိုက်ကာ ထိုကောင်မလေးအား ခြိမ်းခြောက်ရန်ပြင်ဆင်လိုက်သည်။

ရှောင်ယုသည် လီအာအား လည်ပတ်အတွင်းရှိ အပ်တံများကိုအသုံးပြုကာ ခြိမ်းခြောက်ရန်ပြင်ဆင်လိုက်သော်လည်း သူမက ထိုအကြောင်းကိုသိရှိထားပြီးဖြစ်ရာ သူမအားခြိမ်းခြောက်ရန် မှန်ကန်သောစကားလုံးကို ရှာမတွေ့ခဲ့ပေ။

ထို့နောက် ရှောင်ယု၏အကြည့်များသည် သီအိုဒေါထွက်သွားရာဘက်သို့ ဦးတည်၍ ဦးညွတ်နေသော အိမ်တော်ထိန်းမိုပေါ်သို့ကျရောက်သွားခဲ့သည်။ရှောင်ယုသည် အိမ်တော်ထိန်းမိုအားကြည့်ကာ သူ၏သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။

"အိမ်တော်ထိန်းမို မင်းကဘာလို့ခုချိန်ထိ သစ်သားချောင်းတစ်ခုလို ရပ်နေရတာလဲ"

အိမ်တော်ထိန်းမိုသည် ခေါင်းကိုဖြေးညင်းစွာပင့်မြောက်လိုက်ပြီးနောက် သီအိုဒေါထွက်သွားကြောင်း သတိထားမိလိုက်သည်။

"မင်းက သခင်သီအိုဒေါက်ိုတောင် မလေးမစားဆက်ဆံဝံ့တယ်ပေါ့...မင်းယုံသည်ဖြစ်ဖြစ် မယုံသည်ဖြစ်ဖြစ် ဒီသတင်းကသာပျံ့နှံ့သွားခဲ့ရင် မင်းက်ိုသတ်ဖြတ်ဖို့အတွက် အနည်းဆုံးလူပေါင်း၁၀၀၀၀လောက်က ချက်ချင်းပြေးလာကြလိမ့်မယ်"

ရှောင်ယုသည် သိချင်စိတ်ဖြင့် အိမ်တော်ထိန်းမိုအားမေးမြန်းလိုက်သည်။

"ငါကသူ့ကိုဘာလို့လေးစားရမှာလဲ...သူကငါ့ကိုအကြံပေးဖို့ လာခဲ့တယ်...ပြီးတော့ငါ့ရဲ့ဝိုင်၂ပုလင်းကိုလည်း လုယက်သွားခဲ့တယ်...ငါ့က်ိုသတ်ချင်တဲ့သူရှိရင် ကြိုက်တဲ့သူခေါ်လိုက်...ငါဘယ်သူ့ကိုမှမကြောက်ဘူး...."

အိမ်တော်ထိန်းမိုသည် ရှောင်ယုအား ပျက်ရယ်ပြုသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"အဲဒါဘယ်သူလဲဆိုတာ မင်းသိလား..."

"ခုနလေးကတင်ပဲ မင်းကသခင်သီအိုဒေါလို့ ခေါ်လိုက်တာပဲမလား..."

ရှောင်ယုက အလေးမထားဟန်ဖြင့် ပြန်ပြောလိုက်သည်။

"သီအိုဒေါကဘယ်သူလဲဆိုတာကော မင်းသိလား..."

အိမ်တော်ထိန်းမိုက ထပ်မံမေးမြန်းလိုက်သည်။

"သူကဘယ်သူဆိုတာ ငါဘယ်လိုသိရမှာလဲ"

ရှောင်ယု၏ အထွေထွေဗဟုသုတချို့တဲ့နေသည်ကို သတိထားမိလိုက်သောကြောင့် အိမ်တော်ထိန်းမိုသည် ရှောင်ယုအားအရူးတစ်ကောင်လိုကြည့်လိုက်ပြီး ညည်းညူမိလိုက်သည်။

"သခင် သီအိုဒေါက ဆဌမအဆင့် မှော်သခင်တစ်ပါးပဲ"

"ငါ့ဝိုင်တွေကို အလကားလာပြီးဂုန်းဆင်းသွားတဲ့ အဘိုးကြီးက ဆဌမအဆင့်မှော်သခင်တစ်ပါးလို့ ပြောချင်တာလား.."

ရှောင်ယုသည် လွန်ခဲ့သောမိနစ်အနည်းငယ်ခန့်က သူ၏ပါးစပ်ထဲသို့ မုန့်များကို အတင်းထိုးထည့်နေသော အဘိုးကြီးကိုတွေးမိကာ ရင်ကြပ်သွားခဲ့ရသည်။

ရှောင်ယုသည် ဆဌမအဆင့် မှော်သခင်တစ်ပါးက ဘာကိုဆိုလိုကြောင်း ရှင်းရှင်းလင်းလင်းနားလည်ပေသည်။ထိုသူများသည် ဤတိုက်ကြီး၌ စွမ်းအားပိရမစ်၏ထိပ်ဆုံးတွင် ရပ်တည်နေကြသူများဖြစ်ကြသည်၊

ရှောင်ယု ၊ တိုင်ရန်ဒီ ၊ ဂရင်း ၊ အန်တိုနီဒက်စ်နှင့် အောစ့်စစ်သည်၁၀ယောက်တို့ပူးပေါင်းလိုက်ပါက ဝမ်မိသားစု၏မြင်းတပ်သားများကို အလွယ်တကူသတ်ဖြတ်နိုင်သော်လည်း သီအိုဒေါ၏အင်္ကျီစကိုမူ ထိတွေ့နိုင်မည်မဟုတ်ပေ။အတိုချုပ်ပြောရလျှင် ဆဌမအဆင့် မှော်သခင်တစ်ဦးသည် ရှောင်ယု၏ယခင်ကမ္ဘာ၌ နျူးကလီးယားဗုံးတစ်လုံးနှင့် ဆင်တူပေသည်။

ထိုသို့သော မှော်သခင်တစ်ပါးသည် အချင်းကီလိုမီတာ ထောင်ပေါင်းများစွာကို လွှမ်းခြုံနိုင်သော မှော်မန္တန်အား ရွတ်ဖတ်နိုင်ပေသည်။မှော်သခင်များသည် မြို့ပြများ ၊တိုင်းနိုင်ငံများကို လုံးလုံးလျားလျားဖျက်ဆီးပစ်နိုင်သည်။မည်သည့်အင်အားကြီးနိုင်ငံမဆို အင်ပါယာမဆို သူတို့၏အကူအညီအဖြစ် ဆဌမအဆင့် မှော်သခင်တစ်ဦးကို လိုချပ်တပ်မက်ကြသည်။ဧကရာဇ်များသည် အလွန်များပြားလှသော စည်းစိမ်ဥစ္စာတို့အား မှော်သခင်ထံပေးဆောင်ကာ သူတို့၏ရန်သူများကို ဖြေရှင်းလိုစိတ်ရှိကြပေသည်။

အိမ်တော်ထိန်းမိုသည် သူကသီအိုဒေါကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့၍ သူ့အားသတ်ဖြတ်လိုသူ သောင်းနှင့်ချီရှိနေမည်ကို ပြောဆိုခဲ့ခြင်းမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

ရှောင်ယုသည် သူ၏နှာခေါင်းကို တစ်ချက်ပွတ်သပ်လိုက်ပြီးနောက် လီအာက အဘယ်ကြောင့်သူ့အားခြိမ်းခြောက်ဝံ့သည်ကို ယခုအချိန်မှနားလည်သွားခဲ့သည်။သူမတွင် ယခုလိုကြီးမားသောနောက်ခံရှိသည့်အပြင် သူမကိုယ်တိုင်က သီအိုဒေါအား ကောက်ကျစ်သောအဘိုးကြီးဟု သတ္တိရှိရှိခေါ်ဆိုဝံ့ခြင်းကြောင့် သူမနှင့်သီအိုဒေါအကြား ဆက်ဆံရေးကောင်းမွန်ကြောင်း နားလည်နိုင်သည်။

"ကံကောင်းပေလို့...ဒီအဘိုးကြီးကဒေါသမကြီးပေလို့ပဲ...မဟုတ်ရင် ငါသေသွားလိမ့်မယ်"

ရှောင်ယုသည် ယခုမှ သူမည်မျှကံကောင်းသည်ကို သတိပြုမိလိုက်၍ အေးစက်သောချွေးများသည် သူ၏နောက်ကျောမှစီးကျလာခဲ့သည်။

အမှန်တော့ သီအိုဒေါသည် ယခုလိုအသေးအမွှားကိစ္စများကြောင့် ဒေါသမထွက်တတ်တော့ပေ။သီအိုဒေါသည် သူပြုလုပ်ခဲ့သည့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် ယခုလိုသီးသန့်နေထိုင်ရန် ရွေးချယ်ခဲ့ကြောင်း ရှောင်ယုမသိသေးပေ။

"ငါ့ရဲ့သူရဲကောင်းတွေက ဒီကမ္ဘာက ဆဌမအဆင့်သူရဲကောင်းနဲ့နှိုင်းယှည်နိုင်တဲ့အဆင့်ကို ဘယ်တော့ရောက်လာမလဲမသိဘူး...အထူးသဖြင့် ဒုတိယအဆင့်ကိုရောက်ပြီးတဲ့နောက် သူတို့ရဲ့အဆင့်တွေကိုမြင့်တင်ဖို့ ပိုပြီးခက်ခဲလာတယ်...ဒါပေမဲ သူတို့သာအဆင့် ၅၀ /၆၀ထိရောက်လာခဲ့ရင် သီအိုဒေါနဲ့ယှဉ်နိုင်တဲ့အစွမ်းကို ပိုင်ဆိုင်လာလိမ့်မယ်"

ရှောင်ယုသည် ထိုအကြောင်းကိုစဉ်းစားရင်း သူ၏သူရဲကောင်းများအကြောင်းကို တွေးမိသွားခဲ့သည်။သူတို့သည် မြင့်မားသောအဆင့်များသို့ တစ်ကြိမ်တည်းမတက်လှမ်းနိုင်သော်လည်း သူတို့၏အဆင့်ကိုတိုးမြင့်ရန်အတွက် များပြားလှသည့်ရမှတ်များကိုလိုအပ်ပေသည်။

"စိတ်မပူပါနဲ့ အိမ်တော်ထိန်းမို...သူကငါတို့နဲ့ဆက်ဆံရေးကောင်းမွန်လို့ ငါတို့နဲ့ပြဿနာဖြစ်မှာမဟုတ်ဘူး..ဒါ့အပြင်သူပြောပုံအရဆို သူကငါ့ကိုကျေးဇူးတောင်တင်သွားတဲ့ပုံစံပဲ"

ရှောင်ယုသည် လီအာ၏မျက်လုံးများကို ချက်ချင်းစိုက်ကြည့်လိုက်သည်။

"မင်းသာငါ့ကိုကောင်းကောင်းဆက်ဆံသရွေ့ အဲ့ကောက်ကျစ်တဲ့အဘိုးကြီးက မင်းကိုမျက်နှာသာပေးလိမ့်မယ်"

လီအာသည် သူမ၏မျက်လုံးများကို လှန်ပြကာပြောဆိုလိုက်သည်။

"အိမ်တော်ထိန်းမို မင်းသူမပြောတာကြားတယ်မလား...မှော်သခင်သီအိုဒေါက ငါ့ကိုတစ်ခါကူညီမယ်လို့ ကတိပေးထားခဲ့တယ်"

"လောလောဆယ် ဒီနေရာကမြန်မြန်ထွက်ဖို့ပြင်ဆင်ပါ...ငါဒီမှာနေရတာငြီးငွေ့နေပြီ....ဝမ်အိမ်တော်ဆီ မြန်မြန်ခရီးဆက်ရအောင်"

ရှောင်ယုသည် ထိုသို့ပြောပြီးနောက်တွင် သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။ရှောင်ယုက သူ့အားသီအိုဒေါက မျက်နှာသာတစ်ခုပေးခဲ့ကြောင်း အိမ်တော်ထိန်းမိုကို တမင်တကာပြောပြခဲ့ကာ အိမ်တော်ထိန်းမိုကိုခြိမ်းခြောက်လိုက်သည်။ဝမ်မိသားစုသည် အလွန်အင်အားကြီးသော်လည်း ဆဌမအဆင့်မှော်သခင်တစ်ဦး၏ ရှေ့မှောက်တွင် ဘာမှမဟုတ်တော့ပေ။

အိမ်တော်ထိန်းမိုသည် ရှောင်ယု၏စကားကြောင့် အံ့သြသွားခဲ့ရသည်။

"သခင်ကြီး သီအိုဒေါက မင်းကိုမျက်နှာသာပေးဖို့ သဘောတူလိုက်တယ်ပေါ့..."

ဆဌမအဆင့်သူရဲကောင်းတစ်ဦးထံမှ မျက်နှာသာပေးမှုကို ရရှိရန်မှာ ငွေကြေးဥစ္စာဖြင့်ဆွဲဆောင်၍မရနိုင်ကြောင်း အိမ်တော်ထိန်းမိုက နားလည်ထားပေသည်။

ရှောင်ယုသည် ဆက်လက်ဟန်ဆောင်၍ ချောင်းတစ်ချက်ဟန့်လိုက်သည်။

"ဟုတ်တယ်..သူကဘာလို့ ငါ့ရဲ့ဝိုင်ပုလင်းတွေကို ယူသောက်သွားတယ်လို့ထင်လဲ...သူကငါ့ကိုလောလောဆယ် မျက်နှာသာပေးမယ် အကူအညီတစ်ခုပေးမယ်လို့ ငါ့ဆီကတိချန်ထားခဲ့တယ်...ငါကသူပြောခဲ့တဲ့ကတိကို ဘယ်နေရာမှာအသုံးပြုရမလဲဆိုတာ စဉ်းစားရခက်နေခဲ့တယ်....မဝေးလှတဲ့အနာဂတ်မှာ ငါကိုယ်တိုင်အဆင်မပြေမှုတွေကြုံလာခဲ့ရင် အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ သူ့ကိုအကူအညီတောင်းရမယ်"

ရှောင်ယုသည် အိမ်တော်ထိန်းမိုအား ပြတ်ပြတ်သားသားခြိမ်းခြောက်လိုက်သည်။

ရှောင်ယုတစ်ယောက် ဝမ်နယ်မြေသို့ရောက်ရှိချိန်တွင် ရှောင်ယုအားအပြစ်ဒဏ်ပေးရန် တွေးထားခဲ့သည့် အိမ်တော်ထိန်းမိုသည် ယခုအချိန်၌ သူ၏ဆုံးဖြတ်ချက်ကို ချက်ချင်းပြန်ပြီးစဉ်းစားခဲ့ရသည်။

သို့သော် လက်ရှိအခြေအနေသည် ၁၈၀ဒီဂရီပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ဆဌမအဆင့်မှော်သခင်တစ်ဦး၏ ကျောထောက်နောက်ခံရှိသူအား ထိပါးမိခြင်း၏အကျိုးဆက်သည် အလွန်ပင်ပြင်းထန်ပေသည်။ထိုကဲ့သို့ လူတစ်ဦးအားထိပါးမိခြင်းကြောင့် လူအနည်းငယ်သို့မဟုတ် သောင်းနှင့်ချီသောလူများ သေဆုံးရခြင်းသည် ထူးဆန်းနေသည်တော့မဟုတ်ပေ။

All Chapters