အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အခန်း ၇၀ - ကံကြမ္မာ
သီအိုဒိုးသည် သူထင်ထားသည်ထက်ပင် ပိုမို၍လျှို့ဝှက်ဆန်းကြယ်ကြောင်း ရှောင်ယုသဘောပေါက်လိုက်မိသည်။ထိုသို့သောလူမျိုးသည် စကားကိုပေါ့ပေါ့တန်တန်မပြောတတ်ပေ။ထို့ပြင် သီအိုဒေါသည် အန်တိုနီဒက်စ် ၊ တိုင်ရန်ဒီနှင့် အခြားသောသူရဲကောင်းများအကြောင်းကို မသိမသာလေးပြောပြခဲ့သည်။ထိုအဘိုးကြီးက ဤသူရဲကောင်းများပြန်လည်ထွက်ပေါ်လာရခြင်းသည် ရှောင်ယုနှင့်တိုက်ရိုက်သက်ဆိုင်သည်ဟု မပြောရုံတမယ်သာရှိတော့သည်။ဆိုလိုသည်မှာ သီအိုဒေါသည် ရှောင်ယုတစ်ယောက် ဤမြို့သို့လာရောက်မယ့်အကြောင်းကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်၍ ထိုအဖိုးကြီးသည် အလွန်ပင် ထူးခြားဆန်းကြယ်လှသော မှော်ဆရာသခင် ဖြစ်ပေသည်။
ဆဌမအဆင့်သူရဲကောင်းတိုင်းမှာ ဒီလိုအံ့သြစရာကောင်းတဲ့ အစွမ်းတွေပိုင်ဆိုင်ထားခဲ့သည်လား။ထို့ပြင် သီအိုဒေါပြောခဲ့သော အကြောင်းအရာများသည် ရှောင်ယုသို့မဟုတ် သူ၏သူရဲကောင်းများနှင့်သက်ဆိုင်မှုရှိနေပေသည်။သီအိုဒေါသည် အနာဂတ်၌ပတ်သက်၍ အရိပ်အမြွက်အနည်းငယ်ကို ပြောပြနေသည်ကို ရှောင်ယုနားလည်သော်လည်း ထိုအဘိုးကြီး၏ အစစ်အမှန်ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ။
ရှောင်ယုသည် ထိုအဘိုးကြီးနှင့် နောက်ထပ်တစ်ကြိမ် တွေ့ဆုံသင့်သည်ဟု ခံစားမိလာခဲ့သည်။ဤအရာများသည် သူကိုယ်တိုင်နှင့်သူ၏သူရဲကောင်းများ၏ ကံကြမ္မာနှင့်တိုက်ရိုက်သက်ဆောင်သောကြောင့် ထိုအဘိုးကြီး၏စကားများကို သူအာရုံစိုက်ရမည်ဖြစ်သည်။
ထိုအဘိုးကြီးသည် သူနှင့်လာရောက်ပတ်သက်လာခြင်းမှာ လီအာ၏လည်ပင်းပေါ်ရှိ ကျွန်ဆွဲသီးနှင့်မသက်ဆိုင်ဘဲ သူ၏အနာဂတ်နှင့်သာ သက်ဆိုင်ကြောင်း ရှောင်ယုနားလည်ခဲ့သည်။
သို့သော် ထိုအဘိုးကြီးသည် ဖြစ်ပျက်လာမည့်အရာများကို သိရှိထားသောကြောင့် အရာအားလုံးသည် တဖြေးဖြေးလျှို့ဝှက်ဆန်းကြယ်လာခဲ့သည်။
"ငါ့အကြောင်းကို သူဘယ်လိုသိလဲဆိုတာ သူ့ကိုမေးဖြစ်အောင်မေးရမယ်"
အဘိုးကြီးက အန်တိုနီဒက်စ် ပြန်ပြီးပေါ်ထွက်လာရတဲ့ အကြောင်းကိုသူဘယ်လိုသိသွားတာလဲ။
ရှောင်ယုသည် ထိုအကြောင်းကိုတွေးရင်း လီအာကိုစိုက်ကြည့်လိုက်သည်။
"လီအာ...ကောက်ကျစ်တဲ့အဘိုးကြီးက ငါ့ရဲ့အကောင်းဆုံးဝိုင်ပုလင်းတွေထဲက အချို့ကိုခိုးယူသွားခဲ့တယ်...အဲ့ဒါကိုငါပြန်ယူချင်တယ်...ဖြစ်နိုင်ရင် ငါ့ကိုသူ့နေရာဆီခေါ်သွားပေးပါလား...ပြီးတော့ကျွန်ဆွဲသီးကို ဘယ်လိုနည်းနဲ့ချွတ်ရမလဲဆိုတာ မေးကြည့်ရမယ်.."
အကယ်၍ သူကသာ လီအာအားအမှန်အတိုင်းပြောခဲ့ပါက ထိုကောင်မလေးသည် သူ့ကိုသီအိုဒေါ၏ နေအိမ်သို့ ခေါ်ဆောင်သွားမည်မဟုတ်ပေ။သို့သော်လည်း ဤသို့လုပ်ဆောင်ခြင်းမှတဆင့် သူမအတွက်အကျိုးအမြတ်ရခဲ့လျှင် သူမသည်ထိုကိစ္စကိုလုပ်ဆောင်ရန် စိတ်ဝင်စားလာမည်ဖြစ်သည်။
လီအာသည် ရှောင်ယု၏စကားကြောင့် အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း ကူညီရန်ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ ငါမင်းကိုခေါ်သွားပေမယ်...ဒါပေမဲ့မင်းကလည်း ဒီမှော်ဆွဲသီးကိုဖယ်ရှားတဲ့နေရာမှာ ငါ့ကိုကူညီပေးရမယ်"
ရှောင်ယုသည် ပျော်ရွှင်စွာပြုံးလိုက်မိသည်။
"အဲ့ဒါက ငါတို့နှစ်ယောက်လုံးလိုချင်တာပဲမလား....စိတ်ချပါ ဒီ၃နှစ်တာကာလအတွင်း ဒီမှော်ဆွဲသီးကိုဖယ်ထုတ်ဖို့ ငါအကောင်းဆုံးကြိုးစားပါမယ်"
...
...
လီအာသည် ရှောင်ယုအား သီအိုဒေါ၏အိမ်သို့ ခေါ်ဆောင်လာချိန်တွင် အိမ်သည် အလွတ်ဖြစ်နေကြောင်း သတိထားမိလိုက်ကြသည်။သီအိုဒေါသည် သူ၏အဝတ်အစားများကိုယူဆောင်ကာ ဤနေရာမှထွက်သွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း စားပွဲပေါ်၌ စာတစ်စောင်ကို ချန်ထားရစ်ခဲသည်။ထိုစာ၏အပေါ်တွင် နာမည်သို့မဟုတ် တံဆိပ်များရေးထားခြင်းမရှိခဲ့ပေ။ရှောင်ယုသည် ထိုစာကိုလိုချင်သော်လည်း လီအာကသူ့ထက်အများကြီးမြန်ဆန်ပေသည်။သို့သော် လီအာသည် စာကြောင်းအနည်းငယ်ကိုဖတ်ရှုပြီးနောက် ရှောင်ယုဆီသို့ စာကိုထိုးထည့်လိုက်သည်။
"ဒါက မင်းအတွက်ပဲ"
ရှောင်ယုသည် လီအာပေးလာသည့်စာကို ဖြန့်ချလိုက်ကာ ပထမဆုံးစာကြောင်းက်ို ဖတ်ကြည့်လိုက်သည်။
"ချစ်လှစွာသောလီအာ...ဒီစာဟာရယ်စရာကောင်းတဲ့ လူငယ်လေးအတွက် ငါရည်ရွယ်ထားတယ်...မင်းကိုဂရုစိုက်ပေးဖို့အတွက် ငါသူ့ကိုနည်းနည်းပါးပါးတော့ပြောပြထားပြီးပြီ...အဲ့ကောင်လေးက ငါ့ကိုလာရှာမယ်ဆိုတာကိုလည်း ငါနားလည်ထားတယ်"
ရှောင်ယုသည် ထိုစာကြောင်းကိုဖတ်ကြည့်ပြီးနောက် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
ဒီအဘိုးကြီးက ဘယ်သူလဲ...ငါနဲ့လီအာက သူ့ကိုလာရှာမယ်ဆိုတာကို သူကြိုပြီးတော့ခန့်မှန်းနိုင်ခဲ့တယ်..ဒါ့အပြင် လီအာက ဒီစာကိုပထမဆုံးဖတ်ကြည့်မယ်ဆ်ိုတာ သူသိထားတဲ့အတွက် ဒီစာကငါ့အတွက်ရည်ရွယ်တယ်ဆိုပြီး ရေးထားခဲ့တာပဲ
ရှောင်ယုသည် တအံ့တသြဖြင့် စာကိုဆက်ဖတ်လိုက်သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀က ဒဏ္ဍာရီတွေ ရှင်သန်ထမြောက်လာတာကို ငါဘာလို့သိနေရသလဲဆိုတာ မမေးပါနဲ့...မင်းဟာ ဒီကမ္ဘာကြီးရဲ့စွမ်းအားကိုနားလည်ဖို့ လုံလုံလောက်လောက်အစွမ်းမထက်သေးတာကြောင့် ငါမင်းကိုပြောဖို့အချိန်မတန်သေးဘူး...ဒီကမ္ဘာကြီးပေါ်မှာ ဒဏ္ဍာရီတွေနဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေတယ်...မင်းကဒီအကြောင်းတွေကို ခုချိန်မှာအများကြီးနားလည်ထားဦးမှာမဟုတ်ဘူး...ငါဟာအချိန်အကြာကြီး အသက်ရှင်နေထိုင်ခဲ့ပြီးမှ ငါခုသိရှိထားတဲ့ကြီးကျယ်တဲ့ အနာဂတ်ဟောကိန်းကို ရှာဖွေတွေ့ရှိခဲ့တာပဲ...အဲ့ဒီဟောကိန်းဟာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဒဏ္ဍာရီတွေကဖြစ်ပေါ်လာတဲ့ လှုံဆော်မှုတွေအပေါ်မှာ အဓိကအခြေခံထားတယ်...ဒါပေမဲ့ အနာဂတ်ကိုတွေ့မြင်ဖို့အတွက် ဒီဟောကိန်းမန္တန်ကိုအသုံးပြုရတာဟာ ငါ့ရဲ့သက်တမ်းကိုဆုတ်ယုတ်စေတဲ့အတွက် ငါကဒီမန္တန်ကိုမသုံးဖြစ်တော့ဘူး...ငါဟာအသက်ကြီးလာတာနဲ့အမျှ ကံကြမ္မာကိုပိုပြီးတော့ယုံကြည်လာခဲ့တယ်"
"လူသားတွေဟာ ကံကြမ္မာဆိုတဲ့ ဝဲဂယက်ကြီးကနေ လွတ်မြောက်နိုင်စွမ်းမရှိကြဘူး...အချိန် ၊ ဟင်းလင်းပြင်နဲ့စကြဝဠာဟာ အမြဲတမ်းသူ့အလိုလိုပြောင်းလဲနေပြီး အဲလိုပြောင်းလဲမှုက နောက်တစ်ကြိမ်ထပ်ဖြစ်တော့မယ်...ဘယ်လိုဖြစ်လာလဲ ဘယ်ချိန်ဖြစ်မှာလဲ ငါအတိအကျမသိပေမဲ့ မဝေးလှတဲ့အနာဂတ်မှာဖြစ်လာမှာသေချာတယ်..ဒါ့အပြင် အနာဂတ်မှာဖြစ်လာမယ့် အရာအားလုံးက်ို အတိအကျသိရှိနေရင် ဒီကမ္ဘာပေါ်မှာ ငါဆိုတဲ့ဖြစ်တည်မှုကတည်ရှိနေမှာမဟုတ်တော့ဘူး...ကောင်းကင်ဘုံဟာ ကမ္ဘာကြီးရဲ့လျှို့ဝှက်ချက်တွေအားလုံးကို သိရှိထားတဲ့လူတစ်ဦးကို အသက်ရှင်ခွင့်မပေးဘူး...ဒါပေမဲ့ ဘေးဒုက္ခကနေကယ်တင်ဖို့ လူသားတွေကိုတော့ အခွင့်အရေးပေးလေ့ရှိတယ်...ငါတို့ဟာ အဲ့ဒီအခွင့်အရေးတွေနဲ့ အကြံညဏ်တွေကိုလိုက်လံရှာဖွေနိုင်တယ်..."
"အမှန်တော့ အဲ့ဒီအခွင့်အရေးတွေဟာ သမိုင်းတလျှောက်မှာ ပျံ့နှံ့တည်ရှိနေခဲ့တယ်...ငါတို့သာ အများကြီးသင်ယူကြိုးစားနိုင်ရင် ကြိုးစားရင်ကြိုးစားသလောက် ကံကြမ္မာကိုနားလည်လာလိမ့်မယ်...ဒါပေမဲ့ ငါအကြံပေးချင်တာကတော့ မင်းမှာရှိတဲ့အရာမှန်သမျှကို မြတ်နိုးပြီး ကံကြမ္မာအတွက်စိုးရိမ်ပူပန်မနေပါနဲ့...မင်းရဲ့ဘဝကို စီမံခန့်ခွဲဖို့မကြိုးစားပါနဲ့...မင်းရဲ့ကံကြမ္မာကိုရှာဖွေဖို့ မကြိုးစားပါနဲ့....အချိန်တန်ရင် မင်းလျှောက်လှမ်းရမယ့်လမ်းကို မင်းကိုယ်တိုင်နားလည်လာလိမ့်မယ်"
မှတ်ချက် - သီအိုဒေါ ၊ နှိမ့်ချတတ်သောမှော်ဆရာ
ရှောင်ယုသည် ထိုစာကိုဖတ်ပြီးနောက် ခဏတာငြိမ်သက်သွားခဲ့သည်။ထိုစာထဲတွင် သူနားမလည်နိုင်သော လျှို့ဝှက်သည့်စကားစုများစွာ ပါဝင်နေခဲ့သည်။ကံကြမ္မာဟူသည် အလွန်နက်နဲသောအကြောင်းအရာတစ်ခုဖြစ်သည်။ရှေးခေတ်ဒဿနိကဆရာများတောင်မှ ကံကြမ္မာဟူသောစကား၏ အဓိပ္ပါယ်ကိုမဖော်ထုတ်နိုင်ပေ။
ခဏအကြာတွင် ရှောင်ယုသည် ထိုစာအားစားပွဲပေါ် ပစ်တင်လိုက်သည်။
"ငါက ကံကြမ္မာဆိုတဲ့အရာကို ဂရုမစိုက်ပါဘူး...ငါ့ရဲ့ရည်မှန်းချက်က အသက်ရှင်နေထိုင်ပြီး ပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းမယ်...ကိုယ့်ကိုကိုယ်အထင်ကြီးပြီး ရူးမိုက်တဲ့လူတစ်ယောက်အနေနဲ့ ငါ့ရဲ့ဘဝဟာ ကောင်းမွန်တဲ့အစားအသောက်တွေ ၊ ဝိုင်တွေ ၊ မိန်းမလှတွေနဲ့ပတ်သက်နေရမယ်...ငါ့က်ိုမနှစ်သက်တဲ့သူတွေကို ငါ့ဘဝထဲကနေ ဖယ်ထုတ်ပစ်မယ်"
ရှောင်ယုသည် သီအိုဒေါရေးထားသည့် နောက်ဆုံးစာကြောင်းအပေါ် သူ၏ကိုယ်ပိုင်နားလည်မှုရှိသည်။သူသည် သူ၏ကိုယ်ပိုင်ကံကြမ္မာကို လိုက်လံရှာဖွေ၍မရနိုင်ပေ။သူသည် ဘဝကိုပျော်ရွှင်စွာဖြတ်သန်းရင်း ဖြစ်သင့်ဖြစ်ထိုက်သည့်အရာများက အလိုအလျောက်ဖြစ်ပျက်လာမှာဖြစ်သည်။
ရှောင်ယုသည် ထိုစာကိုဖျက်ဆီးပစ်ချင်လာခဲ့သည်။အဆုံးသတ်တွင် ထိုစာထဲ၌ သူနှင့်ပတ်သက်သော လျှို့ဝှက်ချက်များပါရှိကာ အခြားသူများမမြင်တွေ့ရပေ။သို့သော် ခဏအကြာတွင် ထိုစာသည် တဖြည်းဖြည်းလောင်ကျွမ်းစပြုလာခဲ့သည်။
"ဒီအဘိုးကြီးက တော်တော်စွမ်းအားကြီးတာပဲ...တစ်နေ့နေ့မှာတော့ ငါလဲအဲလိုမျိုးစွမ်းအားကြီးလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"
ရှောင်ယုသည် သီအိုဒေါ၏ ညဏ်အမြော်အမြင်နှင့် မှော်စွမ်းရည်အပေါ် စတင်၍မနာလိုဖြစ်လာခဲ့သည်။
...
...
လီအာနှင့်အတူ တည်းခိုခန်းသို့ပြန်လည်ရောက်ရှိလာချိန်တွင် ရှောင်ယု၏ စိတ်အခြေအနေသည် အလွန်ပင်ကောင်းမွန်နေခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏ငါးယောက်မြောက်မရီးစစ်ဝမ်သည် နဂါးလေးအား အစာကျွေးနေသည်ကိုတွေ့လိုက်ရ၍ လှမ်းနှုတ်ဆက်လိုက်သည်။
"ဟေး...မင်းတို့တွေအဆင်ပြေကြလား"
နဂါးလေးသည် ရှောင်ယုကိုမြင်သည်နှင့် သူ့ထံချက်ချင်းရောက်ရှိလာပြီး ရှောင်ယုအား သူ၏ကိုယ်ပိုင်ဘာသာစကားဖြင့် အသံများထုတ်ဖော်ကာ တုံ့ပြန်ရန်ကြိုးစားလိုက်သည်။
"ကောင်းတယ်...မင်းခုလိုကောင်းကောင်းဆက်လုပ်ပြီး မင်းအမေရဲ့စကားတွေကို သေချာနားထောင်ပါ"
ရှောင်ယုက ပြုံး၍ပြောလိုက်သည်။
ဘရူး...ဘရူး...
နဂါးလေးသည် ထူးဆန်းသောအသံများကိုထုတ်ဖော်ကာ ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။
"သူ့အမေကဘယ်သူလဲ..."
စစ်ဝမ်သည် သိလိုစိတ်အပြည့်ဖြင့် မေးမြန်းလိုက်သည်။
ရှောင်ယုသည် စနောက်လိုစိတ်အပြည့်ဖြင့် ပြုံးလိုက်မိသည်။
"သူ့ကိုအစာကျွေးတဲ့သူက သူ့အမေပဲလေ...ခုသူ့ကိုအစာကျွေးနေတာဘယ်သူလဲ"
စစ်ဝမ်၏ ပါးပြင်များသည် ချက်ချင်းနီရဲသွားကာ ရှောင်ယုအားအော်ငေါက်လိုက်သည်။
"မဟုတ်တာတွေ လျှောက်မပြောနဲ့"
ရှောင်ယုသည် သူ၏လက်က်ိုဝှေ့ယမ်းလိုက်ကာ မေးခွန်းတစ်ခုမေးလိုက်သည်။
"ကောင်းပြီ...ငါမင်းကိုမေးခွန်းတစ်ခုလောက်မေးချင်တယ်"
"ဘာမေးမှာလဲ.."
စစ်ဝမ်က တွေဝေနေသောလေသံဖြင့်ပြောလိုက်သည်။
"မရီး...မင်းရှောင်မိသားစုမှာ နေရတာတကယ်ပျော်လား..."
ရှောင်ယုသည် သူမအားယခုလိုမေးမြန်းလာရသည့် အဓိကအကြောင်းရင်းကို မသိရှိသည့်အတွက်ကြောင့် စစ်ဝမ်သည် ခဏလောက်အံ့သြသွားခဲ့ရသည်။
"ငါပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ဘာများအရေးပါလို့လဲ"
သို့သော် ရှောင်ယုက မကျေနပ်သေး၍ ထပ်မံမေးမြန်းလိုက်သည်။
"ငါက မရီးရဲ့ခက်ခဲကြမ်းတမ်းတဲ့ ဘဝအကြောင်းကိုမမေးပါဘူး...ငါမေးချင်တာက မရီးရှောင်အိမ်မှာနေရတာပျော်လားဆိုတာပဲ"
စစ်ဝမ်သည် ဖြေးညင်းစွာအဖြေပြန်ပေးလိုက်သည်။
"ငါ့ဘဝရဲ့အပျော်ဆုံးနေ့ရက်တွေက ရှောင်အိမ်မှာနေရတဲ့အချိန်တွေပဲ"
"အဲ့ဒါဆိုရင် မင်းတတ်နိုင်သလောက်မြန်မြန် ခြင်္သေ့မြို့ဆီပြန်သွားရမယ်..အဲ့ဒီမှာ မင်းရဲ့အစ်မတွေက မင်းကိုစောင့်နေကြတယ်"
စစ်ဝမ်သည် ရှောင်ယု၏စကားကိုနားထောင်ပြီးနောက် ခေါင်းခါပြလိုက်သည်။
"ရှောင်ယုမင်းက ငါ့ကိုခြင်္သေ့မြို့ဆီပြန်ခေါ်သွားချင်မှန်း ငါသိပေမဲ့ မင်းကခုလက်ရှိဖြစ်နေတဲ့ အခြေအနေကိုသတိမထားမိဘူးလား...ငါကဝမ်အိမ်တော်ဆီကိုရောက်သွားခဲ့ ရင် အဲ့ကနေပြန်လာဖို့ အရမ်းခက်ခဲသွားလိမ့်မယ်...ခြင်္သေ့မြို့ဟာဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ပြီး မင်းလည်းအလုပ်ကောင်းကောင်းလုပ်နိုင်တယ်...ဒါကြောင့် အနာဂတ်မှာ ငါ့ရဲ့အစ်မတွေကို ပိုပြီးပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်စေဖို့အတွက် လက်ရှိဖွံဖြိုးနေတဲ့ အရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းထားပါ...ဒါကိုမပျက်စီးပါစေနဲ့...ငါကတော့ ငါ့ရဲ့ကံကြမ္မာကသတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားမယ်"
ရှောင်ယုသည် စစ်ဝမ်၏အဖြေကြောင့် မျက်ခုံးပင့်လိုက်မိသည်။
"ဘယ်လိုကံတရားလဲ...မင်းရဲ့ကံကြမ္မာဟာ ရှောင်မိသားစုနဲ့ဆက်စပ်နေခဲ့ပြီ...မင်းဟာရှောင်မိသားစုထံဝင်ရောက်လာကတည်းက ဝမ်မိသားစုနဲ့မသက်ဆိုင်တော့ဘူး...မင်းဟာငါ့ရဲ့မရီးအဖြစ် တစ်သက်လုံးနေရလိမ့်မယ်...ဒါပေမဲ့ ငါ့ရဲ့အစ်ကိုဟာ သေဆုံးသွားပြီမလို့ မင်းရဲ့ကံကြမ္မာဟာရှောင်မိသားစုနဲ့ မသက်ဆိုင်တော့ဘူး...ဒါကြောင့် မင်းရဲ့ကံကြမ္မာဟာ မင်းရဲ့ကိုယ်တိုင်ရွေးချယ်မှုအပေါ်မှာ မူတည်နေခဲ့ပြီ...မင်းရဲ့နှစ်သက်တဲ့အရာကို ရရှိမယ့်လမ်းကြောင်းကို မင်းကိုယ်တိုင်ရွေးချယ်ပြီးလျှောက်လှမ်းပါ...မင်းလျှောက်မယ့်လမ်းမှာ တားဆီးနေတဲ့သူမှန်သမျှကို ငါအကုန်ရှင်းလင်းပေးမယ်...ရှောင်မိသားစုဟာ မင်းနဲ့မသက်ဆိုင်တော့ပေမဲ့ မင်းဟာငါတို့ရဲ့မိသားစုဝင်တစ်ယောက်ဖြစ်နေသရွေ့ ငါတို့ကမင်းကိုအမြဲတမ်းထောက်ပံ့ပေးနေမယ်...ငါဒီမှာအချိန်အများကြီး မဖြုန်းချင်ဘူး...မင်းလုပ်စရာတစ်ခုခုရှိရင် သွားလုပ်လိုက်တော့"
ထိုစကားကိုပြောပြီးနောက် ရှောင်ယုသည် စစ်ဝမ်အားလျစ်လျူရှုကာ အခန်းထဲသို့ပြန်ဝင်သွားခဲ့သည်။
စစ်ဝမ်သည် နဂါးလေးကိုကိုင်ကာ အခန်းထဲ၌မတ်တပ်ရပ်လျက်သား ကျန်နေခဲ့ပြီး ခဏအကြာတွင် သူမ၏မျက်လုံးများမှ မျက်ရည်များစီးကျလာခဲ့သည်။သူမသည် ယခုအချိန်ထိ သူမအားကာကွယ်စောင့်ရှောက်ပေးမယ့်သူကို ရှာမတွေ့ခဲ့ပေ။သူမသည် ဝမ်မိသားစုအတွက် အလျော့အတင်းပြုလုပ်နိုင်မယ့် လဲလှယ်ခံကုန်ပစ္စည်းတစ်ခုသာသာဖြစ်သည်။သူမ၏ကံကြမ္မာသည် သူမ၏လက်တွင်း၌ မည်သည့်အခါကမှ ရှိမနေခဲ့ပေ။ယခုမူ သူမ၏ကံကြမ္မာကို ကူညီဖေးမလိုသော အားကိုးအားထားပြုနိုင်သော ယောကျ်ားတစ်ယောက်ရှိနေသည်ကို သူမသတိထားမိလိုက်သည်။
ဤကမ္ဘာပေါ်၌ အမျိုးသမီးများ အလိုချင်ဆုံးသောအရာမှာ သူမ၏ကံကြမ္မာကို ကိုယ်တိုင်စိုးမိုးခြယ်လှယ်ရန်ဖြစ်သည်။
အခန်း ၇၁ - ဝမ်အိမ်တော်သို့ ရောက်ရှိခြင်း
ခရီးသွားယာဉ်တန်းသည် နောက်တစ်နေ့နံနက်တွင် စတင်ထွက်ခွာလာခဲ့သည်။ရက်အနည်းငယ်ကြာ ဆေးကုသမှုခံယူပြီးနောက် ဝမ်မိသားစု၏သူရဲကောင်းများ၏ အခြေအနေသည် အလွန်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။သို့သော် ဒဏ်ရာအရှင်းမပျောက်သေး၍ မြင်းမစီးနိုင်သော သူရဲကောင်းများစွာရှိနေသေးသည်။သူတို့သည် ရှောင်ယုအား မကျေမနပ်ဖြစ်နေသောအကြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။
ရှောင်ယုသည် သူ့အားမုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေကြသော ထိုလူများကို လုံးဝခေါင်းထဲမထည့်ခဲ့ပေ။ရှောင်ယုသည် ကျယ်ဝန်းသောရထားလုံးအတွင်း၌ ဝိုင်သောက်၍ဇိမ်ခံအနားယူနေကာ နဂါးလေးနှင့်ကစားနေခဲ့သည်။နဂါးလေး၏ စိတ်ပိုင်းဆိုင်ရာအခြေအနေသည်ကား တိုးတက်လာခြင်းမရှိဘဲ ပိုမိုဆိုးရွားလာခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ရှောင်ယုနှင့်တစ်ပုံစံတည်းဖြစ်လာခဲ့သည်။
ထို့ပြင် နဂါးလေးသည် မီးတောက်များအား စတင်မှုတ်ထုတ်လာနိုင်ခဲ့သည်။ထိုမီးတောက်များသည် ကြီးမားခြင်းမရှိသော်လည်း ယုန်ကဲ့သို့အကောင်ငယ်လေးများအား ချက်စားရန်လုံလောက်ပေသည်။လီအာ၏ ခိုးယူမှုခံလိုက်ရချိန်မှစ၍ နဂါးလေးသည် မီးတောက်များအားစတင်မှုတ်ထုတ်လာနိုင်သောကြောင့် ရှောင်ယုသည် လီအာအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
လီအာသည် မြင်းစီးရသည်ကိုမနှစ်သက်သည့်အတွက်ကြောင့် ရှောင်ယုနှင့်အတူ ရထားလုံးအတွင်းမှ လိုက်ပါလာခဲ့သည်။သူမသည် ရှောင်ယု၏အဖိုးတန်ဝိုင်များကိုသောက်သုံးကာ ရှုခင်းကြည့်လိုက် နဂါးလေးကိုကြည့်လိုက်ဖြင့် လိုက်ပါလာခဲ့သည်။သူမကိုကြည့်ရသည်မှာ ရှောင်ယု၏အိမ်အကူထက် အခန်းပိုင်ရှင်နှင့်ပိုတူပေသည်။
ရှောင်ယုသည် သူ၏လက်ကောက်၌ပတ်ထားသော လက်ပတ်ကိုထိတွေ့လိုက်ကာ မည်သို့မည်ပုံအသုံးပြုရမည်ကို သိချင်နေမိသည်။သူ့ထံတွင် အလွန်ကောင်းမွန်သော မှော်ပစ္စည်းတစ်ခုရှိနေသော်လည်း ဤမှော်ဆွဲသီးကိုအသက်မသွင်းနိုင်ခဲ့ပေ။သူသည် လီအာအား မဖွယ်မရာကိစ္စများကို မလုပ်ခိုင်းပါဟု သီအိုဒေါအားကတိပေးခဲ့သော်လည်း သူမအားနည်းနည်းပါးပါးမနှောင့်ယှက်ပါဟု မဆိုလိုပေ။ရှောင်ယုက သူသည် လီအာအားကစားစရာတစ်ခုအဖြစ် မဆက်ဆံသရွေ့ သီအိုဒေါသည် သူ၏ကတိကိုတည်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ထို့ပြင် ထိုသို့နှောင့်ယှက်ခြင်းသည် လီအာအားစနောက်ခြင်းထက် မပိုခဲ့ပေ။
ထို့ပြင် ရှောင်ယုသည် အန်တိုနီဒက်စ်အား ဤကျွန်ဆွဲသီးကိုပြသခဲ့သော်လည်း အန်တိုနီဒက်စ်ကိုယ်တ်ိုင်က ထိုဆွဲသီးနှင့်ပတ်သက်၍ ပြတ်ပြတ်သားသား အဖြေမပေးနိုင်ခဲ့ပေ။အန်တိုနီဒက်စ်သည် ထိုဆွဲသီးအား ပထမဆုံးအကြိမ်တွေ့မြင်ရသလိုဖြစ်နေခဲ့သည်။ထိုသို့သော ပြဿနာများကြောင့် ရှောင်ယုသည် တိုးတိုးလေးရေရွတ်လိုက်မိသည်။
"ရှေးခေတ်တုံးကတော့ အန်တိုနီဒက်စ်က ကျွန်ဆွဲသီးရဲ့ကျိန်စာကို ချေဖျက်ပေးနိုင်တယ်လို့ပြောခဲ့တယ်...ဒါပေမဲ့ ခုချိန်မှာတော့ အန်တိုနီဒက်စ်က ဒါကိုမြင်ဖူးပုံတောင်မရဘူး...ဒါပေမဲ့ အန်တိုနီဒက်စ်ကသာ သူ့ရဲ့ခွန်အားတွေကိုအကုန်ပြန်ရခဲ့ရင် အကြီးကျယ်ဆုံးမှော်သခင်တစ်ပါးဖြစ်လာလိမ့်မယ်..အဲ့ဒီအချိန်ကျရင်တော့ သူကငါ့ကိုကူညီပေးနိုင်လိမ့်မယ်"
ဤသို့ဖြင့် သူတို့၏ခရီးသွားအဖွဲ့သည် မြို့ငယ်လေးများကိုသာမက စည်ကားသိုက်မြိုက်သော မြို့ကြီးများကိုပင် ဖြတ်သန်းခဲ့ကြသည်။ခြင်္သေ့မြို့သည် ထိုမြို့ကြီးများနှင့် နှိုင်းယှဉ်ပါက အိမ်သေးသေးလေးတစ်ခု၏ နောက်ဖေးခြံဝင်းဖြင့်တူညီပေသည်။ရှောင်ယုသည် ထိုမြို့ကြီးများတွင် မတူညီသောလမ်းမကျယ်ကြီးများ ၊ စားသောက်ဆိုင်များ ၊ ဖျော်ဖြေရေးနေရာများ ၊ လေလံအိမ်များ ၊ စစ်သည်တော်များနှင့်မှော်ဆရာများကို သင်ကြားပေသည့်ကျောင်းတော်များနှင့် အခြားမြို့ကြီးများမှ သူ့အားမနာလိုဖြစ်စေသော စျေးဆိုင်ကြီးများကိုတွေ့မြင်ခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် ခြင်္သေ့မြို့၏ အနာဂတ်ကိုစတင်စဉ်းစားခဲ့သည်။ယခင်က ရှောင်ယုသတိထားမိသည့် အကြီးမားဆုံးမြို့တော်ကြီးမှာ ဝေမြို့စားအုပ်ချုပ်ရာနယ်မြေ၏ မြို့တော်ဖြစ်သောဟွေ့မြို့တော်ဖြစ်သည်။ရှောင်ယုသည် ဟွေ့မြို့တော်သို့ ရံဖန်ရံခါလာရောက်ပြီး လောင်းကစားဝိုင်းများ၌ ပျော်ပါးလေ့ရှိသည်။ သို့သော် သူတို့လမ်းခရီးတလျှောက်ဖြတ်သန်းလာခဲ့ရသော မြို့တော်တိုင်းသည် ဟွေ့မြို့တော်ထက်၁၀ဆ ပိုမ်ိုကြီးမားပေသည်။
"ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ မြို့တော်ကို ငါတွေ့ဖူးချင်လိုက်တာ...ငါ့မှာအခွင့်အရေးရှိရင် တစ်ချက်သွားကြည့်ရမယ်"
ရှောင်ယုသည် အဆိုပါမြို့တော်ကြီးများတွင် ရက်အနည်းငယ်ခန့် အချိန်ဖြုန်းလည်ပတ်လိုသော်လည်း အိမ်တော်ထိန်းမိုသည် ရှောင်ယု၏အကြံကိုပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပေသည်။သူ၏ပြောပုံအရဆိုလျှင် ဝမ်မိသားစု၏ အဓိကမြို့တော်သည် ရှောင်ယုမြင်ဖူးသမျှ မြို့တော်တိုင်းထက် ပိုမိုကြီးမားပေသည်။
အိမ်တော်ထိန်းမိုနှင့် ရှောင်ယုတို့သည် အချင်းးချင်းဆွေးနွေးလိုက်ကြပြီးနောက် ဝမ်မိသားစုနှင့်စစ်ဝမ်အကြားရှိ ကိစ္စရပ်များကိုအမြန်ဆုံးအဆုံးသတ်ကာ ခြင်္သေ့မြို့သို့ပြန်ရန် စီစဉ်ခဲ့သည်။ရှောင်ယုသည် ခြင်္သေ့မြို့၌ယခုထိတိုင် မပြီးသတ်သေးသော လုပ်ငန်းများစွာရှိနေကြောင်း သတိထားမိပေသည်။
"တစ်နေ့တော့ ခြင်္သေ့မြို့ရဲ့စွမ်းအားဟာ ပင့်ကူအိမ်လိုမျိုး တိုက်ကြီးတစ်ခုလုံးအနှံ့လွှမ်းခြုံသွားနိုင်လိမ့်မယ်"
ရှောင်ယုသည် ရဲဝံ့စွာဖြင့် ခိုင်ခိုင်မာမာကျိန်ဆိုလိုက်သည်။
.....
.....
ရက်အတော်ကြာခရီးနှင်ပြီးနောက်တွင် မြို့တစ်မြို့၏ရှေ့၌ ဝမ်မိသားစု၏ ဆိုင်းဘုတ်ကိုတွေ့မြင်လိုက်ရသည်။သူတို့သည် တစ်လကျော်ကြာခရီးနှင်ပြီးနောက်တွင် ဝမ်နယ်မြေသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ဝမ်မိသားစုတွင် စစ်ဝမ်၏အဆင့်အတန်းသည် အနည်းငယ်နိမ့်ကျပုံရသည့်အတွက်ကြောင့် ဝမ်မိသားစုသည် သူတို့၏ ၄ယောက်မြောက်သခင်မလေးအား ကြိုဆိုရန်မည်သူ့ကိုမှ မစေလွှတ်ခဲ့ပေ။ရှောင်ယုသည် စစ်ဝမ်မပျင်းရစေရန်အတွက် လီအာကိုနဂါးလေးနှင့်အတူ သူမနောက်သို့လိုက်သွားစေခဲ့သည်။
အိမ်တော်ထိန်းမိုနှင့်သူရဲကောင်းများသည် ဝမ်နယ်မြေသို့ရောက်ရှိပြီးနောက် ပို၍မောက်မာလာခဲ့ပေသည်။သူတို့သည် ရှောင်ယုနှင့်အောစ့်စစ်သည်များအား စဉ်းနှီတုံးပေါ်တွင်ရောက်နေသော ငါးများကဲ့သို့သဘောထား၍ ကြည့်နေကြသည်။
"ဒီအရူးကောင်တွေက ဒီသခင်လေးကိုငါးတစ်ကောင်လို့ထင်နေကြတာလား...အရူးတွေ ငါကငါးတစ်ကောင်ဆိုရင်တောင် လူသားစားတဲ့ငါးတစ်ကောင်ပဲ"
ရှောင်ယုသည် တိုးတိုးလေးရေရွတ်လိုက်ကာ အိမ်တော်ထိန်းမိုအား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။
ဝမ်နယ်မြေအတွင်း၌ မြို့အများအပြားတည်ရှိနေပြီး သူတို့မြင်တွေ့လိုက်ရသောမြို့သည် ပထမဆုံးမြို့တစ်ခုဖြစ်သည်။နယ်မြေအတွင်းတည်ရှိသည့် မြို့များအားလုံးကို ပင်မမြို့နှင့်ဆက်သွယ်ထားသည့် လမ်းတစ်ခုရှိပေသည်။
ရှောင်ယုသည် လမ်းတစ်လျှောက်၌ သူမြင်တွေ့ခဲ့ရသော လယ်ယာများ ၊ အလုပ်သမားများနှင့် အခြားအရာများကိုစစ်ဆေးရင်း သူ၏မျက်လုံးများ၌ မနာလိုမှုများပေါက်ဖွားလာခဲ့သည်။ခြင်္သေ့မြို့၌ မြို့နေလူဦးရေ နည်းပါးသည့်အပြင် စိုက်ပျိုးရာ၌ အောင်မြင်ခြင်းမရှိသောကြောင့် ဝမ်နယ်မြေ၏ သဘာဝအခြေအနေသည် ခြင်္သေ့မြို့ထက်အများကြီး ပိုကောင်းပေသည်။ဝမ်နယ်မြေတစ်ခုလုံးတွင် မြေသြဇာကောင်းမွန်သော လယ်မြေအမြောက်အများရှိကာ သူတို့၏နယ်မြေသည် ဓားပြများ၏ဘေးရန်ကိုကြောက်စရာမလိုခဲ့ပေ။ထို့ပြင် အနောက်တိမ်တိုက်အင်ပါယာနှင့်ထိစပ်နေသော ရှောင်ယု၏နယ်မြေနှင့်မတူဘဲ ဝမ်နယ်မြေ၏ဘေးပတ်လည်တွင် အားနည်းသောနယ်မြေများကသာ ဝန်းရံထားပေသည်။
မည်သို့ပင်ဆိုစေကာမူ သူချမှတ်ခဲ့သည့်မူဝါဒအသစ်များဖြင့်ဆိုပါက သူ၏နယ်မြေသည် အချိန်တစ်ခုကြာမြင့်ပြီးနောက် ဖွံ့ဖြို့တိုးတက်လာလိမ့်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။
တစ်ရက်ကြာခရီးဆက်ပြီးနောက် သူတို့သည် ဝမ်နယ်မြေ၏မြို့တော်ဖြစ်သော ဖန်းယန်မြို့သို့ရောက်ရှိလာခဲ့သည်။
ဖန်းယန်မြို့ကိုစတင်တွေ့မြင်ချိန်တွင် ထိုမြို့သည် ခြင်္သေ့မြို့ထက်များစွာကြီးမားကြောင်း ရှောင်ယုတွေ့မြင်လိုက်ရသည်။သို့သော် ဖန်းယန်မြို့၏မြို့တံခါး၌ ရှောင်ယုနှင့်စီဝမ်အားကြိုဆိုရန် မည်သူမှရောက်မလာခဲ့ပေ။ဤမြင်ကွင်းအရ စစ်ဝမ်သည် ဝမ်မိသားစုသို့ပြန်လာသော သာမန်ကျွန်တစ်ဦးသဖွယ်ဖြစ်ပေသည်။
...
ထိုအခိုက်အတန့်တွင် လီအာသည် ရှောင်ယုက်ိုကြည့်ကာ လှောင်ရယ်လိုက်သည်။
"မင်းကမြို့စားမဟုတ်ဘူးလား...ဘာလို့မင်းကိုကြိုဆိုဖို့ဘယ်သူမှ ရောက်မလာတာလဲ"
"ဒီမြို့စားကသူတို့ဆီ လာလည်မယ်ဆိုတာ သိထားရင် သူတို့ကလက်ဆောင်တွေအပြည့်နဲ့ ငါ့ကိုကြိုဆိုကြလိမ့်မယ်...ပြီးတော့ငါက လွန်လွန်ကဲကဲအပြုအမူတွေကို မကြိုက်ဘူး"
ရှောင်ယုသည် သဘောထားကြီးဟန်ဖြင့် တုံ့ပြန်လိုက်သည်။
လီအာကမူ ပြန်လည်ခွန်းတုံ့မပြန်တော့ဘဲ ရှောင်ယုကို မထီမဲ့မြင်အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
...
...
အိမ်တော်ထိန်းမိုသည် ရှောင်ယုအား မြို့အတွင်း၌ရှိသော သီးခြားခြံဝင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ရှောင်ယုသည် အိမ်တော်ထိန်းမို၏ ရည်ရွယ်ချက်အမှန်ကို ချက်ချင်းသိမြင်လိုက်သည်။
"ဦးလေးဝမ်က်ိုမတွေ့ရတာ အတော်ကြာပြီ..ငါသူ့ကိုတွေ့ချင်တယ်"
ရှောင်ယု၏တောင်းဆိုချက်ကြောင့် အိမ်တော်ထိန်းမိုက ချက်ချင်းခေါင်းမော့ထားလိုက်သည်။
"မြို့စားယုကို ဖိတ်ခေါ်လာတဲ့အခါ သခင့်ကိုသွားတွေ့နိုင်ပါတယ်...ဒါပေမဲ့ခုတော့မဟုတ်သေးဘူး"
ရှောင်ယုသည် မသိဟန်ဆောင်၍ ဆက်ပြောလိုက်သည်။
"အိမ်တော်ထိန်းမို ဒုက္ခမခံပါနဲ့...ငါတို့မိသားစုနှစ်ခုက ခမည်းခမက်မိသားစုတွေလေ...တစ်ယောက်ယောက်ကိုတွေ့ဖို့ ဘယ်တုံးကဖိတ်ခေါ်ဖို့လိုသွားတာလဲ...ဒါ့အပြင် သခင်ကြီးဝမ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ငါ့အဖေရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲ...ငါသူ့ကိုအချိန်မရွေးသွားရောက်တွေ့ဆုံ ပ်ိုင်ခွင့်ရှိတယ်"
ရှောင်ယု၏အပြုအမူကြောင့် အိမ်တော်ထိန်းမို၏လေသံသည် ချက်ချင်းအေးစက်သွားခဲ့သည်။
"မြို့စားယု...ငါတို့ကအခု ဝမ်မိသားစုအုပ်ချုပ်တဲ့နယ်မြေကို ရောက်နေတာပဲ...မြို့စားယုက ဝမ်မိသားစုခေါင်းဆောင်ကိုတွေ့ချင်တဲ့အချိန်တိုင်း တွေ့လို့မရပါဘူး...သင့်အတွက် သင့်တော်တဲ့အချိန်တစ်ခုကို ငါစီစဉ်ပေးပါမယ်...ကျေးဇူးပြုပြီး တွန်းအားမပေးပါနဲ့"
ရှောင်ယုသည် ဒေါသတကြီးဖြင့် အိမ်တော်ထိန်းမို၏ အင်္ကျီကော်လလံစကို လှမ်းဆွဲလိုက်သည်။
"မင်းအမေဘဲ...ငါနဲ့လာပြီး စကားလုံးဂိမ်းတွေကစားဖို့မကြိုးစားနဲ့...ငါကမင်းရဲ့သခင်နဲ့တွေ့ချင်တယ်လို့ပြောရင် တကယ်တွေ့မှာပဲ...တကယ်လို့မင်းဘက်ကဆက်ပြီးတော့ ငြင်းဆန်နေမယ်ဆိုရင် ငါ့ကိုအဆိုးမဆိုနဲ့တော့"
အိမ်တော်ထိန်းမိုသည် ယခုအချိန်၌ ဝမ်နယ်မြေသို့ရောက်ရှိနေပြီဖြစ်ရာ ရှောင်ယုအားယဉ်ကျေးစွာ ဆက်ဆံရန်မလိုအပ်ဟု ထင်မှတ်ခဲ့သည်။သို့သော်ရှောင်ယုသည် အကြောက်အလန့်မရှိဘဲ သူတို့၏ပိုင်နက်အတွင်း၌ပင် လူဆိုးတစ်ယောက်ကဲ့သို့ပြုမူနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ထို့ပြင် ရှောင်ယုသည် ဝမ်သခင်ကြီးအားတွေ့ဆုံရန်တောင်းဆိုရာ၌ လုံးဝလေးစားခြင်းမရှိခဲ့ပေ။ဤနေရာတွင် ကောင်းကင်ခြင်္သေ့မင်းဆက်၏ ဧကရာဇ်ဆိုပါကလည်း ရှောင်ယုကဲ့သို့ပြုမူမှာမဟုတ်ပေ။
ထိုအချိန်တွင် အိမ်တော်ထိန်းမိုက တုန်တုန်ယင်ယင်ဖြင့်ခြိမ်းခြောက်လိုက်သည်။
"မင်း...မင်းကအခု ငါတို့ရဲ့မိသားစုပိုင်နက်ကိုရောက်နေတာနော်...မင်းသာသတ္တိရှိရင် ငါ့ကိုထိ...ထိ"
"ဘယ်သူလာလာကွာ...ငါအဲ့ကောင်ကိုနှစ်ခြမ်းခြမ်းပစ်မယ်..."
ရှောင်ယုသည် သူ၏ဓားကိုချက်ချင်းဆွဲထုတ်လိုက်ကာ အိမ်တော်ထိန်းမို၏ လည်ပင်း၌တင်ထားလိုက်သည်။တစ်ချိန်တည်းမှာပင် အောစ့်စစ်သည်များက အိမ်တော်ထိန်းမိုအား ဝိုင်းရံလိုက်ကြသည်။
ဂရင်းသည် ရက်စက်သောအော်ရာများကို ထုတ်လွှတ်လိုက်ကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ လှည့်ပတ်ကြည့်ရှုနေသာကြောင့် ဝမ်မိသားစုမှ အစောင့်များသည် လှုပ်ရှားရန်မဝံ့ရဲကြပေ။
"မင်းက ဝမ်နယ်မြေမှာ စိတ်ရှိသလိုရမ်းကားနေတာပဲ...ငါဒီအကြောင်းကို သခင့်ထံတင်ပြရလိမ့်မယ်"
အိမ်တော်ထိန်းမိုသည် သူ့စိတ်ထဲတွင် ကျယ်လောင်စွာရေရွတ်လိုက်သော်လည်း ထိုအကြောင်းကိုအပြင်သို့ထုတ်မပြောခဲ့ပေ။သူသာစကားတစ်ခွန်းမှားသွားပါက သူ့ရှေ့ရှိလူယုတ်မာသည် သူ၏အသက်ကိုနှုတ်ယူသွားမှာဖြစ်သည်။
"ရှောင်ယု...မင်းအဲလိုမလုပ်နဲ့...ငါနောက်ကျရင်အဖေနဲ့အမေကိုတွေ့ဖို့ အိမ်ကိုအလည်သွားမှာလေ...မင်းအဲကျရင်လိုက်ခဲ့လို့ရတယ်"
စစ်ဝမ်သည် ရှောင်ယုအား ဖျောင်းဖြလိုက်သည်။ရှောင်ယုသည် သူမ၏အဖေကဲ့သို့ ဂုဏ်အရှိန်အဝါကြီးမားလှသော ဝမ်သခင်ကြီးအား မျက်လုံးထဲမထည့်ထားသည့်အတွက် စိုးရိမ်မိသော်လည်း တစ်ချိန်တည်းမှာပင် အလွန်ပျော်ရွှင်သွားခဲ့သည်။ရှောင်ယုသည် ယခုကတည်းက ထိုကဲ့သို့တင်းမာသောသဘောထားကို ပြသနေခြင်းမှာ သူမအားခြင်္သေ့မြို့ထံပြန်လည်ခေါ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထား၍ဖြစ်သည်။
သူမ၏ကံကြမ္မာကို သူမကိုယ်တိုင်ဆုံးဖြတ်နိုင်စေရမယ်ဟူသော ရှောင်ယု၏နောက်ဆုံးစကားသည် သူမအားအလွန်ပင်တုန်လှုပ်သွားစေခဲ့သည်။စစ်ဝမ်သည် နဂိုကပင် မည်သူကိုမှ မှီခိုအားထား၍မရခဲ့ပဲ အမြစ်မရှိသောပေါင်းပင်တစ်ခုကဲ့သို့ သူမကိုယ်သူမခံစားခဲ့ရသည်။သို့သော်လည်း ရှောင်ယု၏ မကြာသေးမှီကလုပ်ဆောင်မှုများက သူမအားကာကွယ်ပေးနေသော အမျိုးသားတစ်ယောက်ရှိကြောင်း သူမက်ိုပြသခဲ့ကာ လုံခြုံနွေးထွေးမှုအားခံစားလာခဲ့ရသည်။ယခုလို ခက်ခဲကြမ်းတမ်းသောကမ္ဘာကြီးတွင် သူမအားဂရုစိုက်မယ့်သူတစ်ယောက်ရှိနေခြင်းက သူမကိုမျှော်လင့်ချက်ပေးစွမ်းခဲ့သည်။
"ငါက အိမ်တော်ထိန်းမိုကိုစနောက်နေတာပါ...မရီးစိတ်ပူစရာမလိုပါဘူး...ငါကဦးလေးဝမ်နဲ့မတွေ့ရတာကြာပြီမလို့ သူကိုလွမ်းနေတာလေ...ငါကသူ့ကိုအမြန်ဆုံးတွေ့ချင်နေပြီ...ငါမင်းကိုအားကိုးလို့ရတယ်မလား အိမ်တော်ထိန်းမို"
ရှောင်ယုသည် အန္တာရယ်ပေးစွမ်းနိုင်စွမ်းမရှိသည့် ကြောင်လေးတစ်ကောင်အလား စစ်ဝမ်ကိုနှစ်သိမ့်လိုက်သည်။
"အခု...ငါဝမ်မိသားစုသခင်ကြီးနဲ့ တွေ့လို့ရပြီလား"
သို့သော်လည်း အိမ်တော်ထိန်းမိုကိုပြန်ကြည့်လိုက်ချိန်တွင် သူ၏မျက်နှာအမူအရာသည် ငရဲမှနတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
"ငါမင်းကို ကူညီပေးမယ်...သခင်ကြီးကလည်း ရှောင်မိသားစုရဲ့မျိုးဆက်သစ်ကိုတွေ့ချင်နေမှာသေချာတယ်"
အိမ်တော်ထိန်းမိုသည် ယခုအချိန်တွင် သူအလျော့ပေးရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။သူသည် သူ့ရှေ့တွင်ရှိနေသော အရူးတစ်ယောက်နှင့် သူ၏အသက်ကိုလောင်းကြေးမထပ်လိုပေ။ရှောင်ယုသည် မည်သည့်အရာကိုမဆို လုပ်ဆောင်ဝံ့သောအရူးတစ်ယောက်ဖြစ်သည်ဟု သူယုံကြည်ပေသည်။
"မင်းက မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့တာပဲ...ခုငါ့ရဲ့အပြုအမူတွေက တော်တော်ရှက်စရာကောင်းတာပဲ...မြင့်မြတ်တဲ့မြို့စားတစ်ယောက်အနေနဲ့ အဖေကငါ့ကို လူကြီးလူကောင်းတစ်ယောက်လို နေထိုင်ပြုမူဖို့အမြဲသင်ပေးခဲ့တာပဲ...ငါလည်းအဖေ့စကားကိုသေချာနားထောင်မှာပါ"
ရှောင်ယုသည် အိမ်တော်ထိန်းမို၏ အင်္ကျီကော်လံစကိုလွတ်ပေးလိုက်ကာ ပြန်လည်တည့်မတ်ပေးလိုက်သည်။ထို့နောက် သူသည်သားရဲ၁အား လှည့်ကြည့်ကာအမိန့်ပေးလိုက်သည်။
"ဦးလေးဝမ်အတွက် ငါပြင်ဆင်ပေးထားတဲ့ လက်ဆောင်ကိုသွားယူလာခဲ့"
သားရဲ၁သည် ရှောင်ယု၏အမိန့်ကိုလက်ခံရရှိသည်နှင့် ရထားလုံးထံပြန်ပြေးသွားကာ ပြင်ဆင်ထားသောလက်ဆောင်ကို ရှောင်ယုထံယူဆောင်လာခဲ့သည်။
အိမ်တော်ထိန်းမိုသည် ရှောင်ယု၏စကားကြောင့် သူ့စိတ်ထဲတွင် ကျိန်ဆဲမိလိုက်သည်။
"လူကြီးလူကောင်းဟုတ်လား...မင်းလိုအရူးတစ်ယောက်က ဘယ်အချိန်ကစပြီး လူကြီးလူကောင်းတစ်ယောက်လိုပြုမူတတ်သွားတာလဲ...မင်းကလူယုတ်မာပဲ...မင်းတို့တစ်မျိုးတစ်ဆွေလုံးက လူယုတ်မာတွေပဲ"
အိမ်တော်ထိန်းမိုသည် ရှောင်ယု၏ဘိုးဘေးဘီဘင် ၁၈ဆက်လုံးအား ကြိမ်းမောင်းကျိန်ဆဲလိုက်သည်။
ရှောင်ယုသည် စစ်ဝမ်၏ဖခင်အတွက် ပြင်ဆင်ထားသည့် လက်ဆောင်များကိုယူဆောင်ကာ အိမ်တော်ထိန်းမိုနှင့်အတူ လိုက်ပါသွားခဲ့သည်။လီအာ၊ဂရင်း၊တိုင်ရန်ဒီနှင့်အခြားသူများသည်လည်း ရှောင်ယုနှင့်အတူ လိုက်ပါလာခဲ့ကြသည်။
အခန်း ၇၂- စည်းမျည်းကိုမလိုက်နာတာဘယ်သူလဲ
ရှောင်ယုသည် နဂါးလေးအား အန်တိုနီဒက်စ်နှင့်အတူ ထားခဲ့ချင်သော်လည်း တိုင်ရန်ဒီ၊စစ်ဝမ်နှင့်လီအာတို့သည် သူနှင့်အတူလ်ိုက်ပါလာချိန်၌ ထိုကောင်လေးသည် အငြိမ်မနေတော့ပေ။ထို့ကြောင့် ရှောင်ယုသည် နဂါးလေးကိုလီအာနှင့်အတူ လိုက်ပါခွင့်ပေးလိုက်ရသည်။
ခဏအကြာတွင် ရှောင်ယုတို့အုပ်စုသည် ခမ်းနားထည်ဝါသော အိမ်တော်ကြီးတစ်ခုရှေ့သို့ရောက်ရှိလာခဲ့သည်။ထိုအိမ်တံခါးဝ၌ ၃မီတာခန့်မြင့်သော ခြင်္သေ့ရုပ်တုနှစ်ခုအား ထားရှိခဲ့သည်။ထိုခြင်္သေ့ရုပ်တုများအား အလွန်ကောင်းမွန်စွာထုဆစ်ထားပုံရကာ ၎င်းတို့သည်အသက်ဝင်နေသကဲ့သို့ လက်ရာမြောက်လှပေသည်။ရှောင်ယုသည် ထိုခြင်္သေ့ရုပ်များကိုကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
"ငါ့ရဲ့ခြင်္သေ့မြို့က ဖန်းယန်မြို့နဲ့ယှဉ်ရင် တော်တော်နိမ့်ကျနေတာပဲ...အိမ်တော်ထိန်းမိုက ငါ့ကိုမတူသလိုမတန်သလိုဆက်ဆံခဲ့တာ မအံ့သြတော့ပါဘူး..."
အိမ်တော်ထိန်းမိုသည် အထဲသို့ချက်ချင်းဝင်ရောက်သွားပြီး ဂိတ်စောင့်များကလည်း အလွန်ရိုသေလေးစားသည့် အမူအရာဖြင့် အိမ်တော်ထိန်းမိုကို ဦးညွတ်လိုက်ကြသည်။သို့သော် စစ်ဝမ်ကိုမူသူစိမ်းတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ကြသည်။
အိမ်တော်ထိန်းမိုသည် ရှောင်ယုတို့ကိုဦးဆောင်၍ ခေါ်လာခဲ့သည်။ဤအိမ်တော်ကြီး၌ ဧည့်သည်များကိုနေရာအနှံ့ဆီ ခေါ်ဆောင်သွားနိုင်သော လမ်းကြောင်းများစွာရှိပေသည်။
အိမ်တော်ထိန်းမိုသည် ရှေ့မှဦးဆောင်သွားနေသော်လည်း နောက်သို့လုံးဝလှည့်မကြည့်ခဲ့ပေ။ယခုအချိန်တွင် အိမ်တော်ထိန်းမိုသည် ရှောင်ယုနှင့်ဆွေးနွေးရန်မလိုတော့၍ ရှောင်ယုအား ဂရုမစိုက်တော့ပေ။ထို့အစား ရှောင်ယုနှင့်ပတ်သက်၍ ဆိုးရွားသောအပြစ်များကို သူ၏သခင်ရှေ့တွင် ပြောဆိုရန်စိတ်အားထက်သန်နေခဲ့သည်။
သေချာကြည့်ရလျှင် ရှောင်ယုသည် ဝမ်အိမ်တော်အတွင်းသို့ရောက်ရှိနေသည့် ခရီးသွားတစ်ဦးနှင့်တူညီပေသည်။သူသည် နေရာတိုင်းလိုလိုပင် ရပ်တန့်ခဲ့ကာ ရှေးဟောင်းမြို့ပျက်တစ်ခုအား စစ်ဆေးနေသကဲ့သို့ ကြည့်ရှုနေခဲ့သည်။
အိမ်တော်ထိန်းမိုသည် ရှောင်ယုအားကြည့်ကာ စိတ်ထဲမှရေရွတ်လိုက်သည်။
"ခဏနေရင် မင်းတို့ကောင်တွေဒီလိုဖြစ်နေမလား ငါကြည့်နေမယ်"
သူတို့အဖွဲ့သည် စင်္ကြလမ်းပေါင်းများစွာကို ဖြတ်ကျော်လာပြီးနောက် သေးငယ်ပြီး တိတ်ဆိတ်သောခြံဝင်းလေးတစ်ခုထံ ရောက်ရှိလာခဲ့သည်။သို့သော် ထိုခြံဝင်းလေးက်ို ထူးခြားသောပုံစံဖြင့်တည်ဆောက်ထားပြီး ရေတံခွန်လေးတစ်ခုတောင်ပါရှိသောကြောင့် အဆင့်အတန်းမြင့်မားလှပေသည်။
"နေရာကောင်းတစ်ခုပဲ.."
ရှောင်ယုသည် ခြံဝင်းလေးအားကြည့်ကာ အိမ်တော်ထိန်းမိုကိုချီးကျူးလိုက်သည်။
အိမ်တော်ထိန်းမိုသည် ထိုခြံဝင်းအတွင်းသို့ တိုက်ရိုက်မဝင်ခဲ့ပေ။ထို့အစားသူသည် ခြံဝင်းအစောင့်အားတစ်ခုခုပြောကြားလိုက်သည်။
ထိုခြံဝင်းလေးထဲတွင် ပန်းဥယာဉ်လေးတစ်ခုရှိကာ ပန်းပေါင်းမျိုးစုံပွင့်လန်းနေသည်ကို ရှောင်ယုသတိထားမိလိုက်သည်။ရှောင်ယုသည် အကြံတစ်ခုရလာကာ ထိုပန်းများကိုစတင်ခူးဆွတ်ခဲ့သည်။နဂါးလေးသည် ရှောင်ယု၏လုပ်ရပ်ကိုတွေ့မြင်လိုက်ချိန်တွင် လီအာ၏ရင်ခွင်ထဲမှခုန်ထွက်လာကာ ရှောင်ယုနှင့်အတူပူးပေါင်း၍ အလှပဆုံးနှင့်အစိမ်းလန်းဆုံး ပန်းများအားစတင်ရွေးချယ်ခူးဆွတ်လိုက်သည်။
ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသော အိမ်တော်ထိန်းမို၏ မျက်နှာအမူအရာသည် ချက်ချင်းမဲမှောင်သွားခဲ့သည်။
မင်း...မင်း
အိမ်တော်ထိန်းမိုသည် ထိုစကားလုံး ၂ခုကိုသာပြောနိုင်ခဲ့ပြီး နောက်ထပ်မည်သည့်စကားလုံးမှ ထွက်မလာခဲ့တော့ပေ။ထိုဥယာဉ်သည် ဝမ်သခင်ကြီးနှစ်သက်သော ပန်းဥယာဉ်ဖြစ်သည်။ဝမ်သခင်ကြီးသည် ထိုဥယာဉ်ကိုပျိုးထောင်ရန်အတွက် ရှားပါးပန်းမျိုးစိတ်များနှင့် အထူးဥယာဉ်မှူးများကိုငှါးရမ်းကါ ရွှေပြားသိန်းပေါင်းများစွာ အကုန်ကျခံခဲ့သည်။ထိုဥယာဉ်တွင်းမှ ပန်းတစ်ပွင့်အား ခူးဆွတ်ဝံ့သူတိုင်းသည် ချက်ချင်းခေါင်းဖြတ်ခံရမှာဖြစ်သည်။
သို့သော် ထိုလူမိုက်သည် သူနှင့်မသက်ဆိုင်သောအရာကို တမင်ရွေးချယ်လုပ်ဆောင်ခဲ့ပေသည်။
ထိုအခိုက်အတန့်တွင် အထဲမှအစောင့်တစ်ယောက်ရောက်လာကာ အိမ်တော်ထိန်းမိုကို တစ်စုံတစ်ခုပြောဆိုလိုက်သည်။
အိမ်တော်ထိန်းမိုသည် ခေါင်းညိတ်ပြလိုက်ကာ သူ၏စိတ်ထဲမှဒေါသကိုမြိုသိပ်၍ ရှောင်ယုဘက်သို့လှည့်ကြည့်လိုက်သည်။
"သခင်ယု...သခင်ကြီးကငါတို့ကိုစောင့်နေပြီ"
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"ခဏလောက်စောင့်ပါ....နောက်ထပ်လှပတဲ့ပန်းတွေအများကြီးကို ငါရွေးချယ်ရဦးမယ်...အဲလိုမှမဟုတ်ရင် ငါတော်တော်လေးစိတ်မကောင်းဖြစ်သွားလိမ့်မယ်"
"မင်း..."
အိမ်တော်ထိန်းမို၏ လက်များသည် ချက်ချင်းတုန်ခါသွားခဲ့သည်။ထိုလူယုတ်မာသည် သခင်၏အမိန့်ကိုရရှိထားသော်လည်း လျစ်လျူရှုကာ သခင်၏အနှစ်သက်ဆုံးပန်းဥယာဉ်အား ဆက်လက်ဖျက်ဆီးနေခဲ့သည်။
"ရှောင်ယု...ငါတို့အဖေ့ကိုမစောင့်ခိုင်းသင့်ဘူး..."
ရှောင်ယု၏ လျစ်လျူရှုသောအပြုအမူကို မြင်သောအခါ စစ်ဝမ်ကမနေသာစွာ ဝင်ပြောလိုက်သည်။
ရှောင်ယုသည် စစ်ဝမ်၏စကားကြောင့် ပန်းဥယာဉ်မှတုံ့ဆိုင်းစွာထွက်ခွာလာခဲ့သည်။နဂါးလေးသည်လည်း ပန်းများကိုကိုက်ယူကာ ရှောင်ယုနှင့်အတူလိုက်ပါလာခဲ့ပြီး ထိုပန်းများကို တိုင်ရန်ဒီ၊လီအာနှင့်စစ်ဝမ်တို့အားပေးအပ်ခဲ့သည်။စစ်ဝမ်သည် ထိုပန်းများကိုမယူရဲသော်လည်း လီအာနှင့်တိုင်ရန်ဒီသည်ကား ဂရုပင်မစိုက်ဘဲ သူတို့၏ခေါင်းပေါ်၌ပန်ဆင်ထားလိုက်သည်။
ဤသို့ဖြင့် သူတို့အဖွဲ့သည် တံခါးကိုဖြတ်ကျော်ကာ ခန်းမတစ်ခုရှေ့သို့ရောက်ရှိသွားခဲ့ကြသည်။ထိုခန်းမအား ဥရောပပုံစံ သို့မဟုတ် တရုတ်ဗိသုကာပုံစံဖြင့် တည်ဆောက်ထားခြင်းဟုတ် မဟုတ် ရှောင်ယုမသိသော်လည်း အလွန်ပင်အံဝင်ခွင်ကျဖြစ်နေပေသည်။
"သခင်ကြီး...၄ယောက်မြောက်သခင်မလေး ရောက်လာပါပြီ"
အိမ်တော်ထိန်းမိုသည် တံခါးအပြင်ဘက်၌ရပ်နေကော တင်ပြလိုက်သည်။
"စစ်ဝမ်က အဖေ့ကိုနှုတ်ဆက်ပါတယ်"
တံခါးအား တင်းကျပ်စွာစေ့ထားသော်လည်း စစ်ဝမ်သည်သူမအဖေအား ရိုသေစွာနှုတ်ဆက်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ခန်းမအတွင်းမှအသံတစ်ခုပဲ့တင်ထပ်လာခဲ့သည်။
"မင်းပြန်လာတာ ကောင်းတယ်"
ထိုစကားအပြီးတွင် မည်သည့်အသံမှ ထပ်ထွက်မလာခဲ့ပေ။
ရှောင်ယုသည် စိတ်မထိန်းနိုင်ဘဲ အေးစက်သောအကြည့်ဖြင့် အခန်းတံခါးကိုစိုက်ကြည့်မိလိုက်သည်။အကယ်၍ တစ်ဖက်လူကသာ စစ်ဝမ်၏အဖေမဟုတ်ပါက သူသည်တံခါးကိုတွန်းဖွင့်ကာ ထိုနေရာသို့ဝင်ရောက်သွားမည်ဖြစ်သည်။
"သခင်ကြီး...ခြင်္သေ့မြို့သခင်ဖြစ်တဲ့ ရှောင်ယုက မင်းဆီကို လူကိုယ်တိုင်အလည်လာပါတယ်"
အိမ်တော်ထိန်းမိုက နောက်ထပ်တစ်ကြိမ်လျှောက်တင်လိုက်သည်။
"အိုး...တူလေးယုရောက်လာတာလား...ငါကမြို့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့ မင်းကိုတွေ့ဖို့မလာနိုင်တာ အားတော့နာပါတယ်"
ထိုအချိန်တွင် ခန်းမတံခါးပွင့်လာခဲ့ကာ စစ်ဝမ်၏အဖေထိုင်နေသော ထိုင်ခုံကို တွေ့မြင်လိုက်ရသည်။
စစ်ဝမ်၏အဖေနာမည်မှာ ဝမ်ထျန်းဟူဖြစ်သည်။သူသည်လည်း ကောင်းကင်ခြင်္သေ့မင်းဆက်၏ ကျော်ကြားသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။သူသည် လွန်ခဲ့သောနှစ်များက ရှောင်ကျန်းထျန်နှင့်အတူတိုက်ပွဲဝင်ခဲ့ကာ အောင်ပွဲများစွာကို ရယူပိုင်ဆိုင်ခဲ့သည်။ထို့ကြောင့် အင်ပါယာက ဝမ်ထျန်းဟူအား မြို့စားဘွဲ့အပ်နှင်း၍ နယ်မြေအပိုင်စားပေးအပ်ခဲ့သည်။
ထိုအချိန်တွင် အိမ်တော်ထိန်းမိုသည် ရှောင်ယုကိုဦးစွာဝင်ရန် မပြောခဲ့ဘဲ သူသာအခန်းတွင်းသို့ ဝင်သွားခဲ့သည်။
ထို့ကြောင့် ရှောင်ယုသည် နဂါးလေးအား မျက်လုံးတစ်ချက်မှိတ်ပြလိုက်ကာ အိမ်တော်ထိန်းမိုအား ကြည့်လိုက်သည်။
ဤအတောအတွင်း နဂါးလေး၏မီးတောက်သည် ပိုမိုပြင်းထန်လာခဲ့ကာ သစ်ပင်အကိုင်းအခက်များကိုပင် မီးရှို့နိုင်ပြီဖြစ်သည်။
ထို့ကြောင့် အိမ်တော်ထိန်းမို၏ အဝတ်စသည် ချက်ချင်းမီးလောင်သွားခဲ့ရာ အိမ်တော်ထိန်းမိုသည် ကျယ်လောင်စွာအော်ဟစ်၍ သွေးရူးသွေးတမ်းလျှောက်ပြေးနေခဲ့သည်။နဂါးလေးသည် မီးလောင်၍ပြေးလွှားနေသော အိမ်တော်ထိန်းမိုကိုကြည့်ရင်း ပျော်ရွှင်နေခဲ့သည်။
တိတ်ဆိတ်နေသောလေထုသည် ချက်ချင်းဖရိုဖရဲဖြစ်သွားခဲ့ပြီး အိမ်တော်ထိန်းမိုသည် ကျယ်လောင်စွာအော်ဟစ်ကာ အခန်းထဲ၌ပြေးလွှားနေခဲ့သည်။
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ သဘောကျစွာရယ်မောလိုက်သည်။
"အိမ်တော်ထိန်းမိုက အဲ့လောက်ထိမြန်မြန်ပြေးနိင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ဝမ်ထျန်းဟူသည် ပင်မထိုင်ခုံ၌ထိုင်ကာ ဧည့်သည်များနှင့် စကားစမြည်ပြောဆိုနေခဲ့သည်။သို့သော် အိမ်တော်ထိန်းမို၏ ကျယ်လောင်စွာအော်ဟစ်သံကြောင့် အခန်းတစ်ခုလုံးရှုပ်ယှက်ခတ်သွားခဲ့ပြီး ဆပ်ကပ်ပွဲတစ်ခုကိုကြည့်နေရသလို ဖြစ်စေခဲ့သည်။
ထိုအခိုက်အတန့်တွင် အိမ်တော်ထိန်းမို၏ ပတ်ပတ်လည်၌ အေးစက်နေသော လေပွေတစ်ခုဖြစ်ပေါ်လာခဲ့ကာ မီးတောက်ကိုချက်ချင်းငြိမ်းသတ်လိုက်သည်။
ရှောင်ယုလှည့်ကြည့်လိုက်ချိန်တွင် မှော်ဆရာဝတ်စုံက်ို ဝတ်ဆင်ထားသောလူတစ်ယောက်သည် သူ၏လက်ကိုဝှေ့ယမ်း၍ တစ်စုံတစ်ခုအား ရွတ်ဆိုနေသည်ကို သတိထားမိလိုက်သည်။
"မှော်ဆရာ.."
ရှောင်ယုသည် ထိုလူကိုကြည့်ရင်း အခြေအနေတစ်ခုလုံးကို နားလည်သဘောပေါက်သွားခဲ့သည်။
"သူက တတိယအဆင့်မှော်ဆရာတစ်ယောက်ပဲ...ဝမ်မိသားစုက ဒီအဆင့်မှာရှိနေတဲ့ မှော်ဆရာတစ်ယောက်က်ိုတောင် သိမ်းသွင်းန်ိုင်တဲ့သြဇာရှိတာပဲ"
ရှောင်ယုသည် သူ့နှလုံးသားထဲ၌ တိတ်တဆိတ်တွေးလိုက်မိသည်။
"ကျေးဇူးတင်ပါတယ် ဆရာလု"
ဝမ်ထျန်းဟူက ပြောလိုက်သည်။
ရှောင်ယုသည် ပင်မထိုင်ခုံရှိရာသို့ လှည့်ကြည့်လိုက်ရာ ထူထဲသောမျက်ခုံးမွှေးနှင့် ထွားကြိုင်းသောခန္ဓာကိုယ်ရှိသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ထိုထိုင်ခုံ၌ထိုင်နေသည်ကို တွေ့လိုက်ရသည်။ထိုကျားမျက်လုံးပိုင်ရှင်ကား ဝမ်ထျန်းဟူပင်ဖြစ်သည်။
"ငါ့ကို ကူညီပေးခဲ့တဲ့အတွက် သခင်လုက်ိုကျေးဇူးတင်ပါတယ်...သခင်ကြီး ဒီကျွန်အတွက် တရားမျှတမှုကိုရှာဖွေပေးပါ...."
အိမ်တော်ထိန်းမိုသည် ယခုလိုလူအများရှေ့တွင် မျက်နှာပျက်စေရန် ပြုလုပ်ခဲ့သော ရှောင်ယုအား အပြစ်ပေးရန်အတွက် ဝမ်ထျန်းဟူကိုတောင်းဆိုခဲ့သည်။
ဝမ်ထျန်းဟူသည် ရှောင်ယုအား တစ်ချက်ကြည့်လိုက်ကာ အိမ်တော်ထိန်းမိုအား အမိန့်ပေးလိုက်သည်။
"အိမ်တော်ထိန်းမို...မင်းခရီးထွက်နေတာကြာလှပြီ...အနားယူလိုက်တော့"
ထိုအခိုက်အတန့်တွင် ဝမ်ထျန်းဟူ၏မျက်လုံးများ၌ အေးစက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
စစ်ဝမ်သည်ကား ကြောက်ရွံ့စိတ်ကြောင့် အသက်ပင်ရဲရဲမရှုဝံ့တော့ပေ။သူမသည် ငယ်စဉ်ကတည်းက သူမ၏အဖေအားကြောက်ရွံ့နေခဲ့သောကြောင့် ဖခင်၏မေတ္တာကို မခံစားခဲ့ရပေ။
ရှောင်ယုသည် နဂါးလေး၏ခေါင်းကိုပုတ်လိုက်ကာ ဝမ်ထျန်းဟူအား မျက်နှာမူ၍ ရယ်မောလိုက်သည်။
"ဦးလေးဝမ်ကိုတောင်းပန်ပါတယ်...ငါ့ရဲ့အိမ်မွေးတိရစ္ဆာန်က တော်တော်ကိုဆိုးရွားလွန်းတယ်...ငါပြန်သွားရင် သူ့ကိုကောင်းကောင်းလေ့ကျင့်ပေးမှာပါ"
ရှောင်ယုသည် ထိုသို့တောင်းပန်လိုက်သော်လည်း သူ၏ပုံစံသည် လေးစားမှုအနည်းငယ်တောင် မရှိခဲ့ပေ။
"မင်းရဲ့ အိမ်မွေးတိရစ္ဆာန်က ဝမ်မိသားစုရဲ့အိမ်တော်ထိန်းကိုတောင် မီးရှို့ဖို့ ကြိုးစားခဲ့တာလေ...ပြီးတော့မင်းက သခင်ကြီးဝမ်ထက် ငယ်ရွယ်တာတောင်မှ သခင်ကြီးဝမ်ကိုတောင်းပန်ဖို့ ဒူးတောင်မထောက်ခဲ့ဘူး...မင်းအဖေက မင်းကိုဘာမှမသင်ပေးခဲ့ဘူးလား..."
ထိုအခိုက်အတန့်တွင် ထိုင်ခုံ၌ထိုင်နေသော မြင့်မြတ်သည့်ဟန်ပန်ရှိသည့် လူငယ်လေးက အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
ရှောင်ယုသည် ထိုလူငယ်အားလှည့်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"မင်းအမေရဲ့ နာမည်ကိုဘာခေါ်လဲ..."
"မင်း...ငါနဲ့တိုက်ခိုက်ဝံ့လား"
မင်းသားလေးသည် ရှောင်ယု၏စကားကြောင့် ဒေါသထွက်သွားကာ အော်ဟစ်စိန်ခေါ်လိုက်သည်။
ထိုမင်းသားလေးသည် သူ့အားတိုက်ခိုက်ရန် တောင်းဆိုလာသောအခါ ရှောင်ယု၏မျက်နှာအမူအရာသည် ချက်ချင်းလေးနက်တည်ကြည်သွားခဲ့သည်။
"မင်းက ငါ့ရဲ့ဦးလေးဝမ် ခွင့်ပြုချက်မပါဘဲ ဝမ်အိမ်တော်ရဲ့ခန်းမမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ရဲတာလား...မင်းကိုခုလိုစိန်ခေါ်ခွင့်ပြုဖို့ ဘယ်သူကခွင့်ပြုပေးတာလဲ...ဒါကမြင့်မြတ်တဲ့သူတစ်ယောက်ရဲ့ အလုပ်လုပ်ပုံလား....မင်းကအသက်ကြီးပေမဲ့ ဘာမှနားမလည်ပါလား...မင်းအဖေကမင်းကို ဘာမှမသင်ပေးလိုက်ဘူးလား"
ရှောင်ယုသည် လူငယ်၏စကားအတိုင်း ပြန်လည်ထိုးနှက်လိုက်သည်။
"မင်း..."
လူငယ်သည် အလွန်ဒေါသထွက်သွားခဲ့ကာ သူ့ခါးမှဓားကိုချက်ချင်းဆွဲထုတ်လိုက်သည်။
"ဦးလေးဝမ်...မင်းကပညာမတတ်တဲ့လူမိုက်တွေနဲ့ စကားပြောနေတာထက် သူတို့ကိုလျစ်လျူရှုလိုက်တာ ပိုကောင်းမယ်ထင်တယ်"
ရှောင်ယုသည် ဝမ်ထျန်းဟူအား အကြံပေးသလိုပြောလိုက်သည်။သို့သော် သူ၏လေသံအရ ဝမ်ထျန်းဟူအား အကြီးအကဲတစ်ယောက်ထက် သူငယ်ချင်းတစ်ယောက်ကဲ့သို့ ပြောဆိုဆက်ဆံနေပုံရသည်။
ဝမ်ထျန်းဟူသည် လူရွှင်တော်တစ်ယောက်လိုပြုမူနေသော ရှောင်ယုအားအားကြည့်ကာ မျက်မှောင်ကြုတ်၍ ဖြေးညင်းစွာပြောလိုက်သည်။
"ဟွေ့...မင်းရဲ့ဓားကိုပြန်သိမ်းလိုက်ပါ...ငါ့ရှေ့မှာသာဓားကိုဆွဲထုတ်တယ်ဆိုတာ မင်းအဖေသိသွားရင် မင်းအပြစ်ပေးခံရလိမ့်မယ်"
ဟွေ့ဟုခေါ်သောလူငယ်သည် သူ၏ရိုင်းစိုင်းသောလုပ်ရပ်အား သတိပြုမိကာ ဓားကိုဖယ်ရှားလိုက်သည်။သို့သော်လည်း သူသည်ဒေါသမပြေသေးဘဲ ရှောင်ယုအားစိန်ခေါ်လိုက်သည်။
"မင်းသာယောကျ်ားတစ်ယောက်ဆိုရင် ငါတို့ဝမ်အိမ်တော်ကထွက်ခွာပြီးတာနဲ့ ငါ့ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပါ"
ရှောင်ယုသည် လူငယ်၏စိန်ခေါ်မှုကိုကြားလိုက်ချိန်တွင် မျက်လုံးမှိတ်ထားလိုက်သည်။
"မင်းကဘယ်သူလဲ...မင်းကဘာမို့လို့ မင်းရဲ့စိန်ခေါ်မှုကို ငါလက်ခံရမှာလဲ"
ရှောင်ယုသည် ဟွေ့ဟုခေါ်သောလူငယ်၏ စိန်ခေါ်မှုကိုလက်မခံလ်ိုကြောင်း တွေ့မြင်လိုက်ရချိန်တွင် ဝမ်ထျန်းဟူက လက်ဝှေ့ယမ်းပြလိုက်သည်။
"တူလေးယု...မင်းငါ့ဆီကိုအလည်လာတာ တော်တော်ရှားတယ်...မင်းငယ်ငယ်လေးကတည်းက မင်းကိုငါမတွေ့ဖူးတော့တာပဲ...မင်းခုလိုလူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"
ဝမ်ထျန်းဟူသည် သူ့အားရွှဲ့ပြောနေကြောင်း သတိထားမိသဖြင့် ရှောင်ယုကပြုံးလိုက်မိသည်။
"အဖေက ဦးလေးဝမ်ရဲ့ရဲစွမ်းသတ္တိအကြောင်းကို မကြာခဏပြောဖူးတယ်...ငါကငယ်ငယ်လေးကတည်းက မင်းကိုအရမ်းလေးစားခဲ့တာ...ငါ့အမြင်မှာတော့ ဦးလေးဝမ်က သူရဲကောင်းတစ်ယောက်ပဲ"
ဝမ်ထျန်းဟူသည် ရှောင်ယု၏စကားကြောင့် နှိမ့်ချပြောဆိုလိုက်သည်။
"တူလေးယုက ချဲ့ကားလွန်းနေပါပြီ...မင်းအဖေနဲ့ငါကတိုက်ပွဲတွေအများကြီးအတူတိုက်ဖူး တယ်....သူကတကယ့်ကိုငါလေးစားရတဲ့ သူရဲကောင်းတစ်ယောက်ပါ"
"အဖေက သူရဲကောင်းတစ်ယောက်ဖြစ်ပေမဲ့...သူကိုယ်တိုင်ကတော့ ဦးလေးဝမ်ထက်သာလွန်တယ်လို့ ဘယ်တော့ကမှမခံစားခဲ့ရဘူးလို့ ငါ့ကိုပြောဖူးတယ်"
ရှောင်ယုကပြုံးပြုံးလေး ပြန်လည်တုံ့ပြန်လိုက်သည်။
ရှောင်ယုသည် ဝမ်ထျန်းဟူဆက်ပြောမယ့်စကားကို မစောင့်တော့ဘဲ ရှေ့တက်သွားခဲ့ကာ လွတ်နေသောခုံတစ်ခုပေါ်၌ ထိုင်ချလိုက်သည်။
ဂရင်း ၊ တိုင်ရန်ဒီနှင့်လီအာတို့သည်လည်း ရှောင်ယု၏နောက်မှမခွာတမ်းလိုက်ပါလာခဲ့ကြသည်။စစ်ဝမ်သည်ကား သူမ၏အဖေကိုကြောက်ရွံ့သောကြောင့် တံခါးအပြင်ဘက်၌ ရပ်နေခဲ့သည်။
"ရွာကကောင်လေး...အစောင့်တွေကိုဒီနေရာထိ မခေါ်လာရဘူးဆိုတာမင်းနားမလည်ဘူးလား..."
ဇိမ်ခံအဝတ်အစားက်ို ဝတ်ဆင်ထားသော ဆူဖြိုးနေသည့် သက်လတ်ပိုင်းအရွယ်လူသည် မရိုမသေပြုမူလာသည့် ရှောင်ယုကိုမြင်သောအခါ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
ရှောင်ယုသည် ဆူဖြိုးနေသည့် သက်လတ်ပိုင်းအရွယ်လူအား ငုံကြည့်ကာ မေးလိုက်သည်။
"မင်းကဘယ်သူလဲ မင်းနာမည်ဘယ်လိုခေါ်လဲ"
ရှောင်ယု၏မေးခွန်းကိုကြားသောအခါ လူဝကြီးကရယ်မောလိုက်သည်။
"မင်းကငါ့နာမည်ကိုသိဖို့ အရည်အချင်းမပြည့်မှီဘူး..."
ထိုအခိုက်အတန့်တွင် ဝမ်ထျန်းဟူက လူဝကြီးအားမိတ်ဆက်ပေးလိုက်သည်။
"တူလေးယုမသိသေးဘူးထင်တယ်...သူကငါ့ရဲ့သူငယ်ချင်းပါ...သူက ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ အနောက်တောင်ပိုင်းမှာ နယ်မြေပိုင်ဆိုင်ထားတဲ့ သူကောင်းဘွဲ့ခံမှူးမတ်ယွမ်ဖြစ်တယ်...သူကကျော်ကြားပြီး လေးစားစရာကောင်းတဲ့သူပါ"
ရှောင်ယုသည် သူ၏ပါးစပ်ကိုဖွင့်ကာ လှောင်ပြောင်လိုက်သည်။
"အိုးတောင်ဘက်ပိုင်းကလာတဲ့ မှူးမတ်ယွမ်ဖြစ်နေတာကို ဒါပေမဲ့မှူးမတ်ယွမ်က ဘာလို့တိမ်တွေလို မပြုမူရတာလဲ..."
(တရုတ်မှာဆိုရင် ယွမ်ဆိုတာကတိမ်လို့အဓိပ္ပါယ်ရပါတယ်)
မှူးမတ်ယွမ်က ချက်ချင်းတုံ့ပြန်လိုက်သည်။
"အဓိပ္ပါယ်မရှိဘူး.."
"မင်းအမေကော အဆင်ပြေလို့လား"
ရှောင်ယုက ဆက်လက်လှောင်ပြောင်လိုက်သည်။
ရှောင်ယု၏စကားကြောင့် မှူးမတ်ယွမ်၏အမူအရာသည် ချက်ချင်းတောင့်တင်းသွားကာ ရှောင်ယုဘက်သို့လက်ညိုးထိုးရင်း ဆွံ့အနေခဲ့သည်။
"မင်း...မင်း"
ရှောင်ယုက အလေးမထားဟန်ဖြင့် ပြောလိုက်သည်။
"စိတ်မလှုပ်ရှားပါနဲ့...ငါကမွေးကတည်းကယဉ်ကျေးတဲ့သူတစ်ယောက်ပါ...အဖေကတခြားသူတွေအပေါ် နှိမ့်နှိမ့်ချချပြုမူဆက်ဆံဖို့အတွက် သင်ကြားပေးထားခဲ့လို့ ငါကကျင့်သားရနေပါပြီ"
"မြို့စားယွမ်...အဲ့ကောင်ကဘယ်သူလဲ...ကျင့်ဝတ်တွေကိုမလိုက်နာတတ်တဲ့ ဒီကောင်ကဘယ်ကောင်လဲ"
မှူးမတ်ယွမ်သည် သူ၏ဆူဖြိုးနေသော ဝမ်းဗိုက်ကြီးအား ဘယ်ညာယိမ်းထိုးသည်ထိ ဒေါသတကြီးဖြင့်အော်ဟစ်မေးခွန်းထုတ်လိုက်သည်။
ရှောင်ယုသည် ထိုလူ၏ဒေါသတကြီးအော်ဟစ်သံကို ကြားလ်ိုက်ရချိန်တွင် အံ့သြသွားခဲ့ပြီး အေးစက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
"မင်းပြောခဲ့တဲ့လူယုတ်မာက ဘယ်ကောင်လဲ....ဘယ်ကောင်ကကျင့်ဝတ်တွေကို မလိုက်နာတတ်တာလဲ"
စစ်ပွဲများစွာကို ရင်ဆိုင်တိုက်ခိုက်အပြီးတွင် ရှောင်ယု၏မျက်လုံးများ၌ သတ်ဖြတ်လိုသောရည်ရွယ်ချက်များကို တွေ့မြင်လာခဲ့ရသည်။ဤနေရာတွင် ရှောင်ယုနှင့်နှိုင်းယှဉ်ပါက မှူးမတ်ယွမ်သည် သာမန်အရပ်သားတစ်ဦးနှင့်ပင်ဆင်တူပေသည်။
မည်သို့ပင်ဆိုစေကာမူ မှူးမတ်ယွမ်သည် ဤနေရာ၌ ရှောင်ယုတစ်ယောက် ရူးရူးမိုက်မိုက်ပြုမူဝံ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"မင်းကအိမ်ရှင်ရဲ့ခွင့်ပြုချက်ကို မရသေးဘဲ မင်းထိုင်ချင်တဲ့နေရာမှာထိုင်ပြီး မင်းရဲ့ကိုယ်ရံတော်တွေကိုမင်းနဲ့အတူ ခေါ်ဆောင်လာခဲ့တယ်...ငယ်ငယ်ကတည်းက စည်းကမ်းတွေကိုမလိုက်နာခဲ့တဲ့သူက ခုချိန်မှာ ဘယ်သူကလူယုတ်မာလဲဆိုတာ ငါ့ကိုမေးခွန်းထုတ်ရဲတယ်ပေါ့"
ရှောင်ယု၏မျက်လုံးများတွင် အေးစက်သောအရိပ်အယောင်များ ချက်ချင်းလွှမ်းမိုးသွားခဲ့သည်။
"ငါကစည်းမျည်းတွေကို မလိုက်နာဘူးပေါ့...မင်းကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ အဖွဲ့ဝင်တစ်ယောက်မဟုတ်ဘူးလား..."
မှူးမတ်ယွမ်သည် ချက်ချင်းပင်တုံ့ုပြန်လိုက်သည်။
"မင်းရဲ့ အသုံးအနှုန်းတွေကို သတိထားပါ"
ရှောင်ယုက အေးစက်စွာပြောလိုက်သည်။
"ငါထပ်ပြောမယ်....ဒီကလူတွေအားလုံးက ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ အစိတ်အပိုင်းမဟုတ်ဘူးလား"
"ဟုတ်တယ်လေ...ငါတို့ကအင်ပါယာရဲ့အစိတ်အပိုင်းတွေပဲ...မင်းဘာဖြစ်ချင်နေတာလဲ မင်းပုန်ကန်ချင်တာလား..."
ရှောင်ယုသည် မှူးမတ်ယွမ်အားကြည့်ကာ စတင်ကြိမ်းမောင်းလိုက်သည်။
"မင်းတို့ငါတို့အားလုံးက ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့ မင်းပြောခဲ့တယ်နော်...အဲ့ဒါဆိုရင် မင်းဆက်ရဲ့စည်းမျည်းတွေကို လိုက်မနာတာကဘယ်သူဖြစ်နေတာလဲ...မင်းဆက်တစ်ခုမှာ အကြီးမားဆုံးစည်းမျည်းကဘာလဲဆိုတာ မင်းသိလား...အရပ်သားတွေက မှူးမတ်တွေကိုလေးစားရမယ်...မှူးမတ်တွေက မြို့စားတွေကိုလေးစားရမယ်...မြို့စားတွေက နယ်စားလို့တောင်ပြောလို့တဲ့ အင်ပါယာရဲ့ချီးမြောက်ခံမြို့စားကြီးတွေကို လေးစားရမယ်...အဲ့ဒါကဘယ်သူမှမဖောက်ဖျက်နိုင်တဲ့စည်းမျည်းပဲ.."
"ခုလည်း မြို့စားကြီးတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါမှာ မင်းကစည်းမျည်းတွေအရ မတ်တပ်ရပ်ပြီးတော့ ရိုသေလေးစားကြောင်းမပြသခဲ့ဘူး...မင်းကမှူးမတ်တစ်ယောက်ဖြစ်ပြီး ငါကအင်ပါယာရဲ့မြို့စားကြီးတစ်ယောက်ပဲ....ဘယ်သူကပိုပြီးရာထူးမြင့်သလဲ...မင်းကဘာလို့ငါ့ကိုမနှုတ်ဆက်ရတာလဲ....ခုတော့မင်းကစည်းမျည်းတွေကို လိုက်နာဖို့ ငါ့ကိုပြောပြနေတယ်...ကောင်းကင်ခြင်္သေ့မင်းဆက်က ပေးအပ်ထားတဲ့အဆင့်အတန်းတွေအရ မင်းလိုအဆီပြန်နေတဲ့ဝက်တစ်ကောင်က ငါ့ကိုကြိမ်းမောင်းရဲတယ်ပေါ့...အင်ပါယာရဲ့စည်းမျည်းတွေက မင်းရဲ့မျက်လုံးထဲမှာ ဘာမှမဟုတ်တော့ဘူးလား"