အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
အခန်း ၇၆ - ဝမ်မိသားစု၏ ဒုတိယမြောက်သခင်မလေး
"ဟေ့ နင်ကြားပြီးပြီလား...သခင်မလေးစစ်ဝမ်ပြန်ရောက်နေပြီ သူမကလက်ဆောင်တွေ အများကြီးကိုယူလာခဲ့တယ်...ငါ့ရဲ့လည်ဆွဲကိုကြည့်စမ်း...ဒါကရွှေပြားထောင်ချီတန်တဲ့လည်ဆွဲပဲလေ...၄ယောက်မြောက်သခင်မလေးက ငါ့ကိုဒီတိုင်းပေးလိုက်တာပဲ"
"ဟုတ်တယ်....ငါ့က်ိုလည်းရွှေပြားထောင်ချီတန်တဲ့ လက်ကောက်တစ်ခုကို မျက်နှာတစ်ချက်မပျက်ဘဲ ပေးလိုက်တယ်...၄ယောက်မြောက်သခင်မလေးက အရမ်းသဘောကောင်းတာပဲ"
...
...
"သူမကတကယ်ပြန်လာတာလား....ခြင်္သေ့မြို့က ဆုတ်ယုတ်ကျဆင်းနေပြီလို့ သတင်းတွေထွက်နေတာမလား...ဘာလို့ဒီလောက်အဖိုးတန်လက်ဆောင်တွေ ပြန်ယူလာရတာလဲ"
"ခြင်္သေ့မြို့က ကျဆင်းနေတာလား...သူတို့ရဲ့နယ်မြေကိုရွှေတွေနဲ့ လုပ်ထားတာလားတော့ ငါလည်းမသိဘူး...ဒါပေမဲ့ငါကြားရသလောက်ဆိုရင် ခြင်္သေ့မြို့သခင်က အရမ်းကိုချမ်းသာပြီး သခင်မလေးစစ်ဝမ်ရဲ့ အိပ်ရာကိုရွှေအတိနဲ့ ပြုလုပ်ထားတယ်လို့ပြောတယ်"
"ဟုတ်တယ်...ပြီးတော့ ခြင်္သေ့မြို့သခင်မှာ နတ်သူငယ်တွေနဲ့ အောစ့်အစောင့်တွေရှိတယ်လို့ သူတို့ပြောကြတယ်...ပြီးတော့နဂါးတစ်ကောင်လည်းရှိတယ်တဲ့...အဲ့ကောင်လေးက သေးသေးလေးနဲ့အရမ်းချစ်စရာကောင်းတယ်လို့ ပြောနေကြတယ်"
...
...
၄ယောက်မြောက်သခင်မလေး ပြန်ရောက်လာပြီး အဖိုးတန်လက်ဆောင်ပစ္စည်းများ ယူဆောင်လာကြောင်းကို ဝမ်မိသားစုတစ်ခုလုံး သိရှိသွားခဲ့ကြသည်။ထိုသတင်းကိုကြားသိသူတိုင်းက ခြံဝင်းလေးထံသို့ အပြေးသွားရောက်နေကြသည်။
...
...
"ဘာတွေဖြစ်နေတာလဲ"
သေးငယ်သော ခြံဝင်းလေးအတွင်း၌ ထိုင်နေသော အမျိုးသမီးသည် ဘေးနားရှိ အိမ်အကူအားမေးမြန်းလိုက်သည်။
"၄ယောက်မြောက်သခင်မလေးပြန်ရောက်လာပြီးတော့ အဖိုးတန်လက်ဆောင်တွေ ဝေမျှပေးနေတယ်လို့သိရပါတယ် ဒုတိယသခင်မလေး"
ဘေးနားတွင်ရှိနေသော အိမ်ဖော်ကပြောလိုက်သည်။
"သူမကဘာတွေတွေးနေတာလဲ...ဝမ်မိသားစုအတွက် အကျိုးကျေးဇူးတွေရရှိဖို့ သူမကိုနောက်အိမ်ထောင်ပြုပေးဖို့ စီစဉ်နေတာလေ...ဒါပေမဲ့သူမက..."
ဝမ်မိသားစု၏ ဒုတိယမြောက်သခင်မလေး စစ်ဟောင်သည် အိမ်ဖော်ဖြစ်သူပြောသော စကားကိုကြားလိုက်ရချိန်တွင် အလွန်ပင်မနာလိုဖြစ်သွားခဲ့သည်။၄ယောက်မြောက်သခင်မလေးသည် ဝမ်မိသားစုအတွင်း အငယ်ဆုံးဖြစ်ကာ သူမအမြဲတမ်းအနိုင်ကျင့်နေကျဖြစ်သည်။
ဒုတိယမြောက်သခင်မလေး စစ်ဟောင်သည်သည် ဝမ်မိသားစုအချစ်တော်ဖြစ်သည်။သူမသည် ဝမ်ထျန်းဟူအား တိုက်တွန်းကာ စစ်ဝမ်အားဝေးလံခေါင်သီသော အရပ်၌လက်ထပ်ဖြစ်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။သို့သော်လည်း သူမသည် စစ်ဝမ်ပြန်လာသည်ကိုလက်မခံနိုင်ပေ။
"သူမကိုတွေ့ဖို့ ခေါ်သွားစမ်း..."
စစ်ဟောင်သည် သူမ၏မေးစေ့ကိုပင့်မြောက်ကာ မောက်မာသောပုံစံဖြင့်ပြောလိုက်သည်။
"သူမကိုမတွေ့ရတာ နှစ်အတော်ကြာနေပြီ"
...
...
ဒုတိယသခင်မလေးသည် သူမ၏အိမ်ဖော်နှင့်အတူ ခြံဝင်းငယ်လေးဆီ ရောက်ရှိလာခဲ့သည်။ထိုအချိန်တွင် စစ်ဟောင်သည် ခြံဝင်းငယ်လေးအတွင်းမှ အိမ်အကူများစွာထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။သူမတို့အားလုံးသည် အဖိုးတန်လက်ဝတ်ရတနာများ ၊ အလှကုန်များ ၊ ရေမွှေးများနှင့် အဝတ်အထည်များကိုကိုင်ဆောင်၍ ပြုံးရွှင်စွာထွက်ခွာလာခဲ့ကြသည်။စစ်ဟောင်သည် ဝမ်နယ်မြေအနီးအနားရှိ ဂုဏ်သိက္ခာကြီးမားသော မိသားစုတစ်ခုနှင့်လက်ထပ်ပေါင်းစည်းခဲ့သည့်အတွက်ကြောင့် ဧည့်ခံပွဲများစွာကိုတက်ရောက်ခဲ့ဖူးကာ ကုန်စည်များ၏အရည်အသွေးနှင့်တန်ဖိုးအား သိရှိထားပေသည်။
သူမသည် အိမ်ဖော်များလက်ထဲကိုင်ဆောင်လာသည့် ပစ္စည်းများကိုမြင်သောအခါ မျက်ခုံးပင့်မိလိုက်သည်။သူမ၏အတွေ့အကြုံမှတဆင့် အိမ်ဖော်များယူဆောင်လာသည့် လက်ဆောင်များသည် အတုမဟုတ်ကြောင်းသူမနားလည်လိုက်သည်။
ယခုခေတ်တွင် အတုအယောင်ပြုလုပ်မှု အလွန်နည်းပါးပေသည်။သို့သော်လည်း အတုများသည် ထုတ်လုပ်မှုအရည်အသွေး အလွန်နိမ့်ကျသောကြောင့် ထုတ်ကုန်အတုအစစ်အား အကြည့်တစ်ချက်တည်းဖြင့် ဆုံးဖြတ်နိုင်ပေသည်။
"ဒုတိယမြောက်သခင်မလေး..."
အိမ်အကူများသည် စစ်ဟောင်အားသတိထားမိလိုက်ချိန်တွင် တလေးတစားနှုတ်ဆက်လိုက်ကြသည်။
"၄ယောက်မြောက်သခင်မလေးက မင်းတို့အတွက်လက်ဆောင်တွေ ယူလာပေးတာလား"
စစ်ဟောင်သည် အိမ်ဖော်များကိုကြည့်၍မေးခွန်းထုတ်လိုက်သည်။
အိမ်အကူတစ်ယောက်က ချက်ချင်းပြန်ဖြေလိုက်သည်။
"အမှန်ပဲ ဒုတိယသခင်မလေး...၄ယောက်မြောက်သခင်မလေးက သူပြန်လာတော့ လက်ဆောင်တွေအများကြီးယူလာခဲ့တယ်...မင်းအတွက် အထူးလက်ဆောင်တစ်ခုတောင် ပြင်ဆင်ထားတယ်လို့ ငါကြားတယ်"
"ငါမမြင်ဖူးတဲ့ အဖိုးတန်ပစ္စည်းရှိမယ်ထင်လား...သူကငါ့အတွက် ဘယ်လိုထူးခြားတဲ့ လက်ဆောင်မျိုးကိုပြင်ဆင်ထားတာလဲ...အတုအယောင်လက်ဆောင်တွေကို ရလို့မင်းတို့အရမ်းပျော်နေကြတာလား..."
စစ်ဟောင်သည် အိမ်ဖော်၏စကားကြောင့် ချက်ချင်းမျက်နှာအမူအရာ ပျက်ယွင်းသွားခဲ့သည်။
စစ်ဟောင်သည် မနာလိုဝန်တိုတတ်သောမိန်းမဖြစ်သည်။သူမသည် ညီမဖြစ်သူကို အနိုင်ကျင့်ခြင်းနှင့်လှောင်ပြောင်ရခြင်းတို့အား နှစ်သက်သူတစ်ဦးဖြစ်သည်။ယခုအခါ သူမတစ်ချိန်လုံး အနိုင်ကျင့်နေခဲ့သောမိန်းကလေးသည် ယခုလိုပြန်လာနိုင်သည်ကို မြင်သောအခါ သူမ၏မာနကိုအလွန်ထိခိုက်စေခဲ့ပြီး ဒေါသထွက်ကာ မနာလိုစိတ်များဖြစ်ပေါ်လာခဲ့သည်၊ယခုအချိန်တွင် သမုဒ္ဒရာတစ်ခုလုံးရှိ ရေများကိုလောင်းချလျှင်တောင်မှ တောက်လောင်နေသောမီးတောက်က ငြိမ်းသွားမှာမဟုတ်ပေ။
ဒုတိယသခင်မလေး ဒေါသထွက်နေသည်ကိုမြင်သောအခါ အိမ်ဖော်ဖြစ်သူသည် တိတ်တဆိတ်ရှောင်ထွက်သွားခဲ့သည်။
ဝမ်မိသားစု၏အိမ်ဖော်များသည် ထိုခြံဝင်းအတွင်း၌ အဖိုးတန်ပစ္စည်းများစွာကို တွေ့မြင်ခဲ့ရသည်။ဒုတိယမြောက်သခင်မလေးသည် ထိုလက်ဆောင်ပစ္စည်းများအား အတုအဖြစ်တံဆိပ်ကပ်ရန် ကြိုးပမ်းခဲ့သော်လည်း ထိုအရာများသည် အစစ်အမှန်ဖြစ်ကြောင်း သူမတို့နားလည်ထားကြသည်။
ဒုတိယသခင်မလေးသည် မနာလိုစိတ်များသူဖြစ်ကြောင်း နားလည်ထားကြသည့်အတွက်ကြောင့် ယခုလိုအချိန်မျိုးတွင် သူမနှင့်ဆက်ဆံမယ့်အစား ပညာညဏ်ရှိစွာဖြင့် တိတ်တဆိတ်ထွက်ခွာသွားခဲ့ကြသည်။
"အဲ့ဒါ ငါအမြဲလိုချင်နေတဲ့ ရေမွှေးမဟုတ်ဘူးလား...အဲဒါကရွှေပြား၅၀၀၀ကျော်ပေးရတာလေ..."
စစ်ဟောင်သည် အိမ်အကူတစ်ယောက်၏ လက်ထဲတွင်ကိုင်ဆောင်လာသော ရေမွှေးပုလင်းက်ိုမြင်သောအခါ ရေမွှေး၏အနံ့ပါးပါးလေးက်ို ရလိုက်ရုံဖြင့် အမှတ်တံဆိပ်ကို ချက်ချင်းမှတ်မိလိုက်သည်။
အိမ်ဖော်တစ်ယောက်က ဘာလို့အဖိုးတန်ရေမွှေးကို သုံးရမှာလဲ...
"ရပ်လိုက်စမ်း..."
စစ်ဟောင်သည် ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ဒုတိယသခင်မလေး..."
ဟန့်တားခံလိုက်ရသည့် အိမ်ဖော်သည် အလွန်ပင်ကြောက်ရွှံသွားခဲ့သည်။
"ဒီလိုရေမွှေးအတုကို အသုံးပြုတာက ဝမ်မိသားစုရဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်ဆောင်နေသလိုပဲ...အဲ့ဒီရေမွှေးပုလင်းငါ့ကိုပေး...ငါလွှင့်ပစ်ပေးမယ်"
စစ်ဟောင်သည် ပြောပြောဆိုဆိုဖြင့် ရေမွှေးပုလင်းကို လုယူလိုက်သည်။
"ဒု...ဒုတိယသခင်မလေး..."
အိမ်အကူမလေးသည် ငိုယိုမတတ်ဖြစ်သွားသော်လည်း ဒုတိယသခင်မလေးလက်ထဲရောက်သွားသည့် ရေမွှေးပုလင်းအား ပြန်လည်လုယရန်အတွက် သူမထံ၌သတ္တိမရှိပေ။
"ဘာကြည့်နေတာလဲ...သွားတော့"
စစ်ဝမ်သည် အလိုမကျသောလေသံဖြင့် အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့..."
အိမ်ဖော်မလေးသည် မတတ်သာသည့်ပုံစံဖြင့် ထွက်ခွာသွားခဲ့ရသည်။အခြားအိမ်ဖော်များကလည်း ဒုတိယမြောက်သခင်မလေးသည် သူမတို့၏လက်ဆောင်များကိုလည်း လုယူသွားမည်ကိုစိုးရိမ်၍ အလျင်အမြန်ထွက်ခွာသွားကြသည်။
"သေစမ်း..."
စစ်ဟောင်သည် ရေမွှေးပုလင်းအား အနံ့တစ်ချက်ခံလိုက်ပြီးနောက် ခြံဝင်းငယ်လေးထံ လှမ်းကြည့်လိုက်သည်။
"စစ်ဝမ်က ဘယ်လိုဖြစ်ပြီး ဒီလိုလက်ဆောင်မျိုးတွေပေးနိုင်ရတာလဲ..ခြင်္သေ့မြို့ကကော ဒီလိုအဖိုးတန်ပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးနိုင်လောက်တဲ့အထိ ချမ်းသာနေတာလား...ငါကြားဖူးသလောက်ဆိုရင် ခြင်္သေ့မြို့ကဆင်းရဲလွန်းလို့ ကုနိးကောက်စရာကြေးပြားတောင် မရှိဘူးဆိုပဲ"
စစ်ဝမ်သည် သံသယစိတ်အပြည့်ဖြင့် ဝင်းခြံငယ်လေးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ခြံဝင်းထဲတွင်ရှိသော အိမ်အကူသည် စစ်ဟောင်ဝင်လာသည်ကိုမြင်သောအခါ စစ်ဝမ်အားချက်ချင်းအသိပေးလိုက်သည်။
စစ်ဝမ်သည် ငယ်စဉ်ကတည်းက စစ်ဟောင်အပေါ် ကြောက်ရွှံစိတ်ရှိသောကြောင့် ချက်ချင်းထရပ်ကာနှုတ်ဆက်လိုက်သည်။
"အစ်မကို နုတ်ဆက်ပါတယ်..."
စစ်ဝမ်သည် စစ်ဟောင်ကိုနှုတ်ဆက်ချိန်တွင် အတတ်နိုင်ဆုံးကိုယ်ကို ညွတ်ချထားခဲ့သည်။
စစ်ဝမ်ဝတ်ဆင်ထားသော အဝတ်အစားများသည် အင်ပါယာမိဖုရား၏ အဝတ်အစားများကဲ့သို့ တင့်တယ်လှပလေရာ စစ်ဟောင်သည် စစ်ဝမ်အားမနာလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်မိသည်။
စစ်ဟောင်၏နှလုံးသားထဲ၌ ဖြစ်ပေါ်နေသော မနာလိုမှုမီးတောက်ကသာ အပြင်သို့ပျံ့နှံ့သွားပါက ဝမ်နယ်မြေတစ်ခုလုံးကို လောင်ကျွမ်းသွားစေရန် လုံလောက်ပေသည်။
"စစ်ဝမ်မင်းက တော်တော်အတင့်ရဲလာတာပဲ....မင်းပြန်လာတာတောင်မှ မင်းရဲ့အစ်မ၂ကို လာပြီးနှုတ်မဆက်ဘူးပေါ့"
စစ်ဟောင်သည် စစ်ဝမ်အား ခပ်တင်းတင်းလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
"အမေ့အိမ်ကိုခဏဝင်ပြီးတာနဲ့ အစ်မ၂ဆီဝင်တွေ့ဖို့ စီစဉ်ထားခဲ့တာပါ...အမ၂စိတ်မရှိပါနဲ့"
စစ်ဝမ်သည် စိုးရိမ်တကြီးပြန်လည်တုံ့ပြန်လိုက်သည်။
စစ်ဟောင်သည် ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး သူမ၏ရှေ့တွင်ရှိသော စားပွဲပေါ်က်ိုတစ်ချက်ကြည့်လိုက်ရာ အဖိုးတန်လက်ဝတ်ရတနာများနှင့် အလှကုန်ပစ္စည်းများ ပြည့်နှက်နေသည်ကိုသတိထားမိလိုက်သည်။
"မင်းပြန်လာလည်း ပြန်လာတာပေါ့...မင်းလက်ဆောင်တွေပေးနေတာ ငါကြားမိတယ်"
စစ်ဟောင်သည် ခါးသီးသောလေသံဖြင့် ပြောချလိုက်သည်။
"အစ်မ၂အတွက် အရမ်းကောင်းတဲ့ လက်ဆောင်တစ်ခု ငါစီစဉ်ထားတယ်...အစ်မ၂ ခဏလောက်စောင့်ပါ"
စစ်ဝမ်သည် အလောတကြီးလေသံဖြင့် ပြောလိုက်သည်။
စစ်ဝမ်သည် ပန်းကနုတ်များဖြင့် ဖော်ဆောင်ထားသည့် သေတ္တာတစ်ခုကိုယူဆောင်ကာ စစ်ဟောင်အားရိုရိုသေသေပေးကမ်းလိုက်သည်။
စစ်ဟောင်သည် ထိုသေတ္တာကိုဖွင့်လိုက်သည်နှင့် အလင်းတန်းတစ်ခုထွက်ပေါ်လာကာ သူမ၏မျက်နှာကိုရောင်ပြန်ဟပ်လာခဲ့သည်။ထိုရတနာသည် ဖောစ့်အလုပ်ရုံမှထုတ်လုပ်ထားသည့် လက်ဝတ်ရတနာဖြစ်ကာ အရေအတွက်၁၀၀ခန့်သာပြုလုပ်ခဲ့သည်။ထိုရတနာအား ထုတ်လုပ်ရာတွင် အကောင်းဆုံးအရည်အသွေးရှိသည့် ကျောက်မျက်ရတနာများကိုအသုံးပြုထားခဲ့သည်။
စစ်ဟောင်သည် ထိုရတနာကိုကြည့်ရင်း "ပင်လယ်နှလုံးသား"ဟုတီးတိုးရွတ်ဆိုမိလိုက်ကာ သူမ၏လက်များတုန်ခါသွားခဲ့ရသည်။
စစ်ဟောင်၏ရင်ဘတ်သည် ဖားဖိုတစ်ခုကဲ့သို့ အရှိန်ပြင်းစွာ တက်လိုက်ဆင်းလိုက်ဖြစ်နေခဲ့ပြီး ခဏအကြာတွင်ငြိမ်သက်သွားခဲ့သည်။သို့သော် သူ၏မျက်နှာပေါ်၌ပျော်ရွှင်နေသော အမူအရာတစ်စက်မှမရှိဘဲ စားပွဲပေါ်တင်ထားသော သေတ္တာကိုဒေါသတကြီးလွှင့်ပစ်လိုက်သည်။
"ငါ့ကို အမှိုက်ပစ္စည်းတွေနဲ့ လှည့်စားဖို့ကြိုးစားနေတာလား...ငါကဒီလိုရတနာမျိုးကို တစ်ခါမှမမြင်ဖူးဘူးလို့ထင်နေတာလား...မင်းအမြင်မှာ ငါကအရူးတစ်ယောက်ပေါ့...မင်းကိုကြည့်ရတာအတောင်ပံတွေပေါက်နေတာ နှစ်အနည်းငယ်ရှိပြီဆိုတော့ ငါ့ကိုအာခံချင်စိတ်တွေဖြစ်လာပြီပေါ့"
ပင်လယ်နှလုံးသား ရတနာသည် အစစ်အမှန်ဖြစ်နေသောကြောင့် စစ်ဟောင်သည် စကားပြောနေရင်း ပိုမိုဒေါသထွက်လာခဲ့သည်။အမှန်တော့ သူမ၏ဘဝတစ်လျှောက်လုံးတွင် ယခုလိုရတနာမျိုးအား ဝတ်ဆင်ခွင့်ရရန် အိပ်မက်ထဲပင်ထည့်မမက်ခဲ့ဖူးပေ။ယခုအခါ စစ်ဝမ်သည် သူမကိုယ်တိုင် ငွေကြေးမတတ်နိုင်၍ မဝတ်ဆင်နိုင်သောရတနာတစ်ခုအား လက်ဆောင်ပေးလာရာ ဒေါသပေါက်ကွဲသွားခြင်းဖြစ်သည်။
မနာလိုဖြစ်တယ်ဆိုတာ ဘာလဲ...
စစ်ဟောင်သည် ဒေါသကိုမထိန်းနိုင်တော့သောကြောင့် ရှေ့သို့လျှောက်လာပြီး စစ်ဝမ်အားပါးရိုက်ရန် ကြိုးစားလိုက်သည်။
စစ်ဝမ်သည် မည်သည့်တုံ့ပြန်မှုမျိုးမှ မပြသနိုင်ပေ စစ်ဟောင်ကိုသာစိုက်ကြည့်နေခဲ့သည်။သူမသည် ရှောင်တိမ်းရန်ပင်သတ္တိမရှိခဲ့ပေ။သူမသည် ငယ်စဉ်ကတည်းက စစ်ဟောင်၏အနိုင်ကျင့်မှုကိုခံခဲ့ရ၍ သူမအားမတွန်းလှန်ဝံ့ခြင်းသည် ထုံးစံလိုဖြစ်နေခဲ့ပြီဖြစ်သည်။သူမကိုယ်တိုင်ကလည်း စစ်ဟောင်အားရင်ဆိုင်ရန် အရည်အချင်းမရှိသလို သူမအဖေကိုယ်တိုင်ကလည်း စစ်ဟောင်ကိုသာအလွန်အရေးပေးခဲ့သည်။
ထိုကြောင့် စစ်ဝမ်သည်မျက်စိစုံမှိတ်ကာ ရင်ဆိုင်ရန်အသင့်ပြင်လိုက်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ စစ်ဟောင်၏ပါးရိုက်ချက်သည် စစ်ဝမ်၏မျက်နှာပေါ် ကျဆင်းမလာခဲ့ပေ။စစ်ဟောင်၏လက်ကောက်ဝတ်အား သွယ်လျသောလက်တစ်စုံက ပြုတ်တူတစ်ချောင်းလို့ ခိုင်မြဲစွာဆုပ်ကိုင်ထားလာခဲ့သည်။စစ်ဟောင်သည် သူမ၏လက်ကိုသံကြိုးဖြင့် ချုပ်နှောင်ထားသလို ခံစားလိုက်ရကာ လှုပ်ရှားဥမရတော့ပေ။
စစ်ဟောင်သည် လက်ပိုင်ရှင်အားလှည့်ကြည့်လိုက်ရာ တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ထားသော အမျိုးသမီးတစ်ဦးကိုသာတွေ့လိုက်ရသည်။သူမသည် မျက်လုံးများကိုသာ ဖော်ထုတ်နိုင်ခဲ့သည်။
"မင်းကဘယ်သူလဲ...မင်းကငါ့ကိုတားဖို့သတ္တိရှိတယ်ပေါ့...ခဏနေကျ မင်းရဲ့ခြေထောက်နှစ်ဖက်လုံး ကျိုးသွားအောင်ငါလုပ်ပြမယ်"
စစ်ဝမ်အား ပါးရိုက်ရန်ပြင်ဆင်နေချိန်တွင် တစ်စုံတစ်ဦး၏ဟန့်တားမှုကိုခံလိုက်ရ၍ စစ်ဟောင်သည် ပို၍ပင်ဒေါသထွက်သွားခဲ့သည်။
ဖန်း...
သို့သော် စစ်ဟောင်သည် ပြန်လည်တုံ့ပြန်မှုအနေဖြင့် ပါးတစ်ချက်အရိုက်ခံလိုက်ရသည်။
ပါးရိုက်ခံရမှုသည် အလွန်ပြင်းထန်လှသည့်အတွက်ကြောင့် စစ်ဟောင်သည် နောက်သို့လှန်ကျလာပြီး စားပွဲနှင့်ဆောင့်မိသွားခဲ့သည်။
စစ်ဟောင်သည် စားပွဲအားဝင်ဆောင့်မိသောကြောင့် အသက်ရှုကျပ်လာသလို ခံစားလိုက်ရကာ အချိန်အတော်ကြာအောင် စကားမပြောနိုင်ခဲ့ပေ။သို့သော် သူမအသိစိတ်ပြန်ဝင်လာချိန်၌ သူ၏ဆံပင်များထောင်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။
မြှားတစ်စင်းသည် သူမအားတည့်မတ်စွာချိန်ရွယ်ထားခဲ့သည်။
အကယ်၍ ထိုအမျိုးသမီးကသာ သူမ၏လက်များကိုဖြေလျော့လိုက်ပါက နောက်အခိုက်အတန့်၌သူမသည် ငရဲသို့သွားမယ့်ခရီးစဉ်အတွက် လက်မှတ်ဖြတ်ထားရတော့မှာဖြစ်သည်။
ထိုအမျိုးသမီး၏မျက်လုံးများတွင် ခံစားချက်ကင်းမဲ့နေပြီး မြှားတံအားပစ်လွှတ်ရန် ပြင်ဆင်နေချိန်တွင် စစ်ဝမ်၏ဟန့်တားသံက ထွက်ပေါ်လာခဲ့သည်။
"မလုပ်ပါနဲ့..."
ရုတ်တရက်ထွက်ပေါ်လာသည့် စစ်ဝမ်၏ဟန့်တားမှုကြောင့်သာမဟုတ်ပါက စစ်ဟောင်၏ဘဝသည် ချက်ချင်းအဆုံးသတ်သွားတော့မှာဖြစ်သည်။
စစ်ဟောင်၏ ခန္ဓာကိုယ်သည်တောင့်တင်းနေပြီး လုံးဝမလှုပ်ရှားဝံ့ပေ။ယခုအချိန်တွင် အသေးငယ်ဆုံးသောအမှားလေးတစ်ခုက သူမ၏အသက်ကိုနှုတ်ယူသွားနိုင်ကြောင်း နားလည်ခဲ့သည်။
ယခုအချိန်တွင် သူမသည် စစ်ဝမ်၏အကူအညီကိုသာ အားကိုးနိုင်ပေသည်။
"စစ်..စစ်ဝမ် ညီမလေး...ငါတို့ကမောင်နှမတွေလေ သူ့ကိုမြှားကြီးအောက်ချခိုင်းလိုက်ပါနော်"
စစ်ဟောင်သည် တုန်ယင်နေသောလေသံဖြင့် တောင်းပန်လိုက်သည်။
"တိုင်ရန်ဒီ...မလုပ်ပါနဲ့ သူ့ကိုမသတ်ပါနဲ့ မြှားကိုအောက်ချလိုက်ပါ"
စစ်ဝမ်သည် ကူကယ်ရာမဲ့စွာဖြင့် တိုင်ရန်ဒီ၏လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။
တိုင်ရန်ဒီက စစ်ဝမ်အားကြည့်၍ပြောလိုက်သည်။
"သူမကိုမသတ်ရဘူးဆိုတာ သေချာလား...မင်းကိုအန္တာရယ်ပေးမယ့်လူတိုင်းရဲ့လက်ကနေ ကာကွယ်ဖို့အတွက် သခင်ကငါ့ကိုအမိန့်ပေးထားတယ်...မင်းကိုအန္တာရယ်ပေးဖို့ကြိုးစားလာသူတိုင်းကို သတ်ပစ်ရမယ်"
"သူမကငါ့ကိုထိခိုက်အောင် လုပ်မှာမဟုတ်ပါဘူး...သူမကိုမသတ်ပါနဲ့...ရှောင်ယုကငါ့ကိုကာကွယ်ဖို့ဘဲ အမိန့်ပေးခဲ့တာလေ...မလိုအပ်ဘဲလူသတ်ဖို့ မပြောခဲ့ဘူး"
စစ်ဝမ်သည် တိုင်ရန်ဒီအားဖြောင်းဖျပြောဆိုလိုက်သည်။
စစ်ဝမ်၏စကားကို နားထောင်နေသော စစ်ဟောင်သည် အလွန်ပင်အံ့သြတုန်လှုပ်သွားခဲ့သည်။ထိုလေးနှင့်မြှားကိုကိုင်ဆောင်ထားသော အမျိုးသမီးသည် မည်သူနည်း...ထိုအမျိုးသမီးအားအမိန့်ပေးနိုင်သော သခင်ဖြစ်သူသည် မည်မျှထိစွမ်းအားကြီးမားနိုင်သနည်း...
တိုင်ရန်ဒီသည် သူ၏မြှားကိုဖြေးညင်းစွာ ပြန်လည်ဆွဲယူလိုက်ပြီးနောက် စစ်ဝမ်အားဦးညွတ်ကာ စစ်ဟောင်အား အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"စစ်ဝမ်ရဲ့အနားကိုခြေဆယ်လှမ်းအကွာထိ နောက်ထပ်ရောက်လာခဲ့ရင် ငါ့ရဲ့မြှားကမင်းရဲ့ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်သွားလိမ့်မယ်"
စစ်ဟောင်သည် အစာကောက်နေသောကြက်တစ်ကောင်လို့ အဆက်မပြတ်ခေါင်းညိတ်ပြလိုက်သည်။သူမသည် မတ်တပ်ရပ်ရန်ကြိုးစားခဲ့သော်လည်း ကြောက်ရွံ့မှုကြောင့် အဆင်မပြေခဲ့ပေ။
စစ်ဟောင်သည် သူမကိုယ်တိုင်အားကိုး၍ မတ်တပ်မရပ်နိုင်ဟု ခံစားနေရသည့်အတွက်ကြောင့် သူမအားကူညီပေးရန်အတွက် စစ်ဝမ်ကအိမ်အကူတစ်ယောက်အား အမိန့်ပေးလိုက်ရသည်။
စစ်ဟောင်သည် တိုင်ရန်ဒီ၏အေးစက်သော မျက်လုံးများကိုရင်ဆိုင်နိုင်စွမ်းမရှိတော့၍ ခြံဝင်းထဲတွင် ခဏလေးတောင်နေချင်စိတ်မရှိတော့ပေ။
"၄ယောက်မြောက်ညီမလေး...ငါအခုသွားတော့မယ်"
စစ်ဟောင်သည် ခြံဝင်းအတွင်းမှ လျင်မြန်စွာထွက်ခွာသွားခဲ့သည်။သူမသည် စစ်ဝမ်ပေးထားသည့်လက်ဆောင်ကို ယူဆောင်ရန်ကြိုးစားခဲ့သော်လည်း ဓားမြောင်တစ်ချောင်းသည် သေတ္တာကိုလှမ်းယူရန်ပြင်ဆင်နေသော သူမ၏လက်နှင့်ကပ်လျက်မြေပြင်၌ စိုက်ကျသွားခဲ့သည်။
စစ်ဟောင်သည် အပေါ်သို့ခေါင်းမော့ကြည့်လိုက်ရာ လီအာသည်နဂါးလေးကိုပွေ့ဖက်၍ သူမအားအေးစက်စွာစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။ထို့ကြောင့် စစ်ဟောင်သည် အိမ်အကူ၏လက်ကိုဆွဲကာ ခြံဝင်းအတွင်းမှထွက်ခွာလာခဲ့သည်။
...
...
စစ်ဟောင်သည် သူမ၏ခြံဝင်းအတွင်းသို့ မပြန်ခဲ့ဘဲ သူမ၏အဖေကိုသွားရောက်တွေ့ဆုံခဲ့သည်။
"အဖေ...အဖေ ကျေးဇူးပြုပြီးတော့ သမီးကိုကူညီပါ"
ဝမ်ထျန်းဟူနှင့်အိမ်တော်ထိန်းမိုတို့ စကားစမြည်ပြောနေချိန်တွင် စစ်ဟောင်၏အသံက ပဲ့တင်ထပ်လာခဲ့သည်။
ဝမ်ထျန်းဟူသည် မျက်ခုံးပင့်မိလိုက်ကာ စစ်ဟောင်ကိုဝင်ခွင့်ပြုလိုက်သည်။
"သူမကိုဝင်ခွင့်ပြုလိုက်"
စစ်ဟောင်သည် တံခါးကိုဆွဲဖွင့်လိုက်ကာ ဝမ်ထျန်းဟူ၏ရင်ခွင်ထဲပြေးဝင်၍ ငိုကြွေးတိုင်တန်းလိုက်သည်။
"အဖေ...တစ်ယောက်ယောက်ကသမီးကို သတ်ချင်နေတယ်"
"အဲ့ဒါဘယ်သူလဲ....ဘယ်သူကဝမ်စံအိမ်မှာ မင်းကိုသတ်ချင်တာလဲ...ဘယ်သူကအဲလောက်ထိသတ္တိရှိနေတာလဲ...အစောင့်တွေလူသတ်သမားကိုဖမ်းဖို့အသင့်ပြင်ထားကြ"
ဝမ်ထျန်းဟူသည် ဒေါသတကြီးအော်ဟစ်အမိန့်ပေးလိုက်သည်။
"အဲဒါ ၄ယောက်မြောက်ညီမလေးပဲ...ငါက သူမ်ဝမ်အိမ်ကိုပြန်ရောက်နေတယ်ကြားလို့ ဖော်ဖော်ရွှေရွှေနဲ့ သွားပြီးနှုတ်ဆက်ခဲ့တာလေ...ဒါပေမဲ့ သူ့ရဲ့အိမ်ဖော်ကငါ့ကိုသတ်ဖြတ်ချင်ခဲ့တယ်...သူမကငါ့ကိုပါးတောင်ရိုက်ခဲ့သေးတယ်...ပြီးတော့ငါ့ကိုမြှားနဲ့ချိန်ပြီး သတ်ဖြတ်ဖို့ကြိုးစားခဲ့တယ်..."
စစ်ဟောင်သည် သူမ၏မျက်နှာကိုထိုးပြကာ အော်ဟစ်ငိုယိုခဲ့သည်။
"အဖေ ၄ယောက်မြောက်ညီမလေးက မာနအရမ်းကြီးလွန်းတယ်..ငါ့ကိုကြည့်စမ်းပါ...ကျေးဇူးပြုပြီးတော့ သူမကိုအပြစ်ပေးပြီး တရားမျှတအောင်ဆောင်ရွက်ပေးပါ"
ဝမ်ထျန်းဟူသည် အလွန်ဒေါသထွက်နေသော်လည်း စစ်ဟောင်၏စကားကိုကြားလိုက်ရချိန်တွင် သူ၏ထိုင်ခုံပေါ်သို့ဖြေးညင်းစွာ ပြန်လည်ထိုင်ချလိုက်သည်။အစောင့်များက အခန်းထဲသို့ဝင်လာချိန်၌လည်း လက်ဖြန့်ဟန့်တားလိုက်သည်။
"အကုန်အဆင်ပြေသွားပြီ..ထွက်သွားကြတော့"
"အဖေ...အဖေ အကုန်လုံးအဆင်ပြေသွားပြီဆိုတာ ဘာကိုဆိုလိုချင်တာလဲ...သူကငါ့ကိုသတ်ချင်နေတာလေ...မင်းကဘာလို့ ဂရုမစိုက်ရတာလဲ..."
စစ်ဟောင်သည် ဝမ်ထျန်းဟူ၏မျက်နှာကိုကြည့်ကာ အံ့သြတကြီးမေးမြန်းလိုက်မိသည်။သူမသည် စစ်ဝမ်အားအမြဲလိုလိုအနိုင်ကျင့်ခဲ့စဉ်ကလည်း သူမ၏အဖေသည်သူမဘက်မှ အမြဲပါကာစစ်ဝမ်အား အပြစ်ပေးလေ့ရှိသည်။
ခုကောဘာဖြစ်သွားတာလဲ...စစ်ဝမ်ရဲ့အိမ်အကူကငါ့ကိုသတ်ဖို့ကြိုးစားခဲ့တာလေ...ဘာလို့အဖေကဘာမှမလှုပ်ရှားတာလဲ...
ဝမ်ထျန်းဟူသည် စစ်ဝမ်အားကြည့်ကာ အေးအေးဆေးဆေး ဖျောင်းဖြနားချလိုက်သည်။
"မင်းအခုချိန်ကစပြီး စစ်ဝမ်ကိုရန်သွားမရှာနဲ့တော့"
အခန်း ၇၇ - ဧည့်ခံပွဲစတင်ခြင်း
နောက်တစ်နေ့မနက်တွင် လူတစ်ယောက်သည် ရှောင်ယုအား ဧည့်ခံပွဲတက်ရောက်ရန် ဖိတ်ကြားလာခဲ့သည်။
သာမန်အားဖြင့်ဆိုလျှင် ဝမ်ထျန်းဟူသည် ရှောင်ယုကဲ့သို့သော ကျဆင်းနေသည့်နယ်မြေတစ်ခု၏ အရှင်သခင်အတွက် ထူးခြားသည့်ဧည့်ခံပွဲအား ကျင်းပပေးမည်မဟုတ်ပေ။သို့သော်လည်း ဝမ်ထျန်းဟူသည် ရှောင်ယုအား စမ်းသပ်ရန်အတွက် ဤဧည့်ခံပွဲအား တမင်တကာပြုလုပ်ခဲ့သည်။
ယနေ့ဧည့်ခံပွဲသည် ယခင်အကြိမ်ကလို ရ်ိုးရှင်းပြီး အစားအသောက်များဖြင့်သာ ကန့်သတ်ထားမည်မဟုတ်ကြောင်း ရှောင်ယုသတိပြုမိသည့်အတွက်ကြောင့် အပြည့်အဝစတင်ပြင်ဆင်ခဲ့သည်။သူသည် အန်တိုနီဒက်စ်နှင့် ဂရင်းအပြင် အောစ့်စစ်သည်များကိုလည်း သူနှင့်အတူခေါ်ဆောင်လာခဲ့သည်။အောစ့်စစ်သည်များသည် ယခုအခါ ဝတ်ရုံနက်များကိုမဝတ်ဆင်ထားတော့ဘဲ ချပ်ဝတ်တန်ဆာများကိုအပြည့်အစုံဆင်ယင်ထားခဲ့ကြသည်။သူတို့သည် ဧည့်ခံပွဲကျင်းပရာနေရာသို့ သူတို့၏ပုဆိန်ကြီးများကိုပင် သယ်ဆောင်လာခဲ့ကြသည်။
ဝမ်ထျန်းဟူသည် ဧည့်ခံပွဲကျင်းပမယ့်နေရာအား ဝမ်အိမ်တော်အစား မြို့တော်အုပ်ချုပ်ရေးခန်းမကို ရွေးချယ်ခဲ့သည်။ထိုသို့စီစဉ်ရခြင်းမှာ သူသည်ရှောင်ယုအား သူ၏နယ်မြေအခြေအနေတိုးတက်ကြီးပွားနေကြောင်း ဖော်ပြလို၍ဖြစ်သည်။သို့သော် ရှောင်ယုမနေ့ကပြောခဲ့သော စကားများအရ ဝမ်ထျန်းဟူသည် မြို့စားကြီးဘွဲ့ကိုရရှိထားသော ရှောင်ယုအားကောင်းကောင်းမွန်မွန်ဆက်ဆံပေးရန် ဆုံးဖြတ်ခဲ့သည်။
သာမန်လူများသည် မင်းမျိုးမင်းနွယ်များနှင့် ဘွဲ့ထူးခံလူတန်းစားများအပေါ် ရိုသေလေးစားမှုပြသရသည်။ထို့ကြောင့် မင်းမျိုးမင်းနွယ်ဝင်များသည် မည်မျှပင်ကျဆင်းနေကာမူ သူတို့၏ဂုဏ်သိက္ခာအားထိန်းသိမ်းထားခဲ့သည်။
မြို့တော်အုပ်ချုပ်ရေးခန်းမသည် ရှောင်ယုနေထိုင်ရာအဆောက်အဦးနှင့် အနည်းငယ်ဝေးကွာပေသည်။ထို့ကြောင့် ရှောင်ယုသည် ဇိမ်ခံရထားလုံးကိုစီးကာ ဧည့်ခံပွဲဆီ သွားရောက်ရန်ဆုံးဖြတ်ခဲ့သည်။
ဤဇိမ်ခံရထားလုံးသည် အင်ပါယာအချို့၏ ဧကရာဇ်မင်းမြတ်များအတွက် ရည်ရွယ်တည်ဆောက်ခဲ့ကြောင်း ဓားပြများကရှောင်ယုကို ပြောကြားခဲ့သည်။ထိုစကားသည် အမှန်ဟုတ်မဟုတ်မသိရသော်လည်း သာမန်မှူးမတ်များသည် ဤရထားလုံးက်ိုစီးနင်းရန် မတတ်နိုင်ဟု ရှောင်ယုယုံကြည်ပေသည်။
နတ်မြင်းဖြူ ၈ကောင်သည် ရထားလုံးက်ိုဆွဲယူ၍ ထွက်ခွာလာစဉ် ဂရင်းနှင့်အန်တိုနီဒက်စ်တို့က ရထားလုံး၏တစ်ဖက်တစ်ချက်စီမှ လိုက်ပါလာခဲ့ကြသည်။ထိုအရာသည် အလွန်ပင်စွဲမက်ဖွယ်ကောင်းသည့် မြင်ကွင်းဖြစ်သည်။
ရှောင်ယု၏ ရထားလုံးသည် မြို့လမ်းမအပေါ် ဖြတ်သန်းသွားလာနေစဉ် တွေ့မြင်လိုက်သူများက ကောင်းကင်ခြင်္သေ့မင်းဆက်၏ ဧကရာဇ်သည် ဖန်းယန်မြို့သို့အလည်အပတ်ရောက်လာသည်ဟု အထင်မှားကုန်ကြသည်။
ဝမ်ထျန်းဟူသည် အင်ပါယာ၏ချီးမြောက်ခံ ခမ်းနားသောမြို့စားကြီး၏အဆင့်အတန်းကို လေးစားသောအားဖြင့် ရှောင်ယုအား တံခါးဝထိလာရောက်ကာ ကိုယ်တိုင်လာရောက်ကြိုဆိုခဲ့သည်။
ဝမ်ထျန်းဟူသည် အိမ်တော်ထိန်းမိုပြောသည့်အတိုင်း မြင်တွေ့လိုက်ရသည့်အတွက်ကြောင့် အလွန်ပင်အံ့သြသွားခဲ့သည်။သူများပြောသည်ကို နားထောင်ရခြင်းနှင့် သူကိုယ်တိုင်မြင်တွေ့ရခြင်းတို့မှာ မတူညီသောအရာတစ်ခုဖြစ်သည်။
အထူးသဖြင့် နတ်မြင်းဖြူ၈ကောင်ကို တွေ့မြင်လိုက်ချိန်တွင် ဝမ်ထျန်းဟူသည် အလွန်ပင်မနာလိုဖြစ်သွားခဲ့သည်။ဝမ်ထျန်းဟူသည် ထိုနတ်မြင်းဖြူများကိုရရှိရန်အတွက် သူ၏အဆက်အသွယ်များကိုအသုံးပြုနိုင်သော်လည်း နတ်မြင်းဖြူများဆွဲယူသော ဇိမ်ခံရထားလုံးသည် အဆင့်အတန်းကိုဖော်ပြသော သင်္ကေတကိုဖော်ပြကြောင်း သူနားလည်ပေသည်။
"ဟားဟား...ဦးလေးဝမ်က အရမ်းကိုယဉ်ကျေးလွန်းနေပါပြီ...ငါ့ကိုကြိုဆိုဖို့ တံခါးဝထိလာဖို့မလိုပါဘူး...ငါ့နောက်ဆုံးပြောခဲ့တဲ့စကားက်ို အဲလောက်ထိစိတ်ထဲမထားပါနဲ့...ဦးလေးက်ိုဒီလိုတွေ့ရတာ ငါတကယ်အားနာမိတယ်"
ရှောင်ယုသည် ရထားပေါ်မှဆင်းလာစဉ် ယဉ်ကျေးစွာပြောဆိုပြုမူလိုက်သည်။
ဝမ်ထျန်းဟူကလည်း ပြုံးရွှင်စွာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
"တူလေးယုက မင်းအဖေရဲ့ဘွဲ့က်ိုအမွေဆက်ခံထားတာပဲလေ...အဲ့ဒါကြောင့်မင်းက်ိုတွေ့ဆုံရတာဟာ ရှောင်ကျန်းထျန်ကိုတွေ့ရတာနဲ့အတူတူပဲ"
ဝမ်ထျန်းဟူသည် ထိုသို့ပြောဆိုလိုက်သော်လည်း အတွင်းစိတ်ထဲ၌ ကျိန်ဆဲနေခဲ့သည်။
"မင်းသာမနေ့ကလိုမျိုး ရုန်းရင်းဆန်ခတ်မလုပ်ခဲ့ရင် ငါမင်းကိုဂိတ်ပေါက်ဝထိ တကူးတကလာရောက်ကြိုဆိုမယ်လို့ မင်းထင်နေတာလား...ဒါ့အပြင်ငါက မင်းအဖေကိုလေးစားလို့ ဒီလိုလာရောက်ကြိုဆိုရတာပဲ"
ဝမ်ထျန်းဟူသည် ရှောင်ယု၏နံဘေးတွင် လိုက်ပါလာသည့် အောစ့်စစ်သည်တစ်ဦးဖြစ်သော ဂရင်းကိုကြည့်ကာ စိုးရိမ်စိတ်ဝင်လာခဲ့သည်။ရှောင်ယုထံတွင် အောစ့်အစောင့်များရှိသည်ဟု အိမ်တော်ထိန်းမိုက သူ့ကိုပြောခဲ့သော်လည်း ယခုလိုတွေ့မြင်ရချိန်တွင် အံ့သြနေရဆဲဖြစ်သည်။ထို့ပြင် ဂရင်းသည် ရက်စက်သောအောစ့်စစ်သည်တစ်ဦးနှင့်မတူဘဲ ခေါင်းဆောင်တစ်ဦးနှင့်တူညီသောအသွင်ကိုဖော်ဆောင်နေခဲ့သည်။
"ရှောင်ယုက ဒီလောက်အောစ့်တွေ အများကြီးကိုဘယ်ကရခဲ့တာလဲ...ဒီကောင့်ဆီမှာကိုယ်ရံတော်တစ်ယောက်အဖြစ် အောစ့်ခေါင်းဆောင်တစ်ဦးကိုရထားတာ ငါတွေ့နေရတာပဲ...အောစ့်တွေနဲ့လူသားတွေအကြားက ဆက်ဆံရေးကမကောင်းဘူးလေ...ဘာလို့ဒီကောင့်ရဲ့က်ိုယ်ရံတော်ဖြစ်ဖို့ သူကသဘောတူရတာလဲ..."
ဝမ်ထျန်းဟူသည် အံ့သြနေခဲ့သော်လည်း ရှောင်ယုအား ထိုအကြောင်းကိုမေးမြန်းရန်အတွက် နောင်တွင် အခွင့်အရေးရရှိလာမည်ဖြစ်သည့်အတွက် အလျင်မလိုခဲ့ပေ။
ရှောင်ယုသည် ဂရင်းနှင့်အန်တိုနီဒက်စ်နှင့်အတူ ခန်းမအတွင်းသို့ဝင်ရောက်လာချိန်တွင် အောစ့်စစ်သည်များသည် ရထားလုံးက်ိုစောင့်ဆိုင်း၍ အပြင်ဘက်၌စောင့်ဆိုင်းနေခဲ့သည်။
လူများစွာသည် မြို့တော်ခန်းမသို့လာကာ ဇိမ်ခံရထားလုံးနှင့် ၎င်းကိုစောင့်ကြပ်နေသော အောစ့်စစ်သည်များကို လာရောက်ကြည့်ရှုလာခဲ့သည်။ထိုထဲမှအများစုမှာ မိမိတို့၏နယ်မြေသို့ အလည်အပတ်လာရောက်သော သခင်ဖြစ်သူ၏အမည်ကိုမေးမြန်းခဲ့သည်။
ရှောင်ယုသည် ဝမ်ထျန်းဟူနှင့်အတူ ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ယနေ့ရှောင်ယုအတွက် ပြုလုပ်ပေးသော ဧည့်ခံပွဲအား တက်ရောက်သူများ၌ သြဇာအာဏာရှိသူ အမြောက်အများပါဝင်ပေသည်။
သို့သော် သူတို့အားလုံးသည် မြို့စားကြီးဘွဲ့ခံ ရှောင်ယုအား အရိုအသေပေး၍ နှုတ်ဆက်ကြရပေသည်။ရှောင်ယု၏ ရာထူးအဆင့်အတန်းဖြင့်ဆိုပါက ကောင်းးကင်ခြင်္သေ့မင်းဆက်၌ ရှောင်ယုဦးညွတ်ရမယ့်သူ အနည်းငယ်သာရှိသည်။
ဝမ်ထျန်းဟူသည် သူ့အားအခြားသူများနှင့်မိတ်ဆက်ပေးသောအခါ ရှောင်ယုသည် ပြုံးရွှင်စွာဖြင့် ပြန်လည်နှုတ်ဆက်ခဲ့သည်။သူသည်ကျင့်ဝတ်များနှင့် စံနှုန်းများကိုလိုက်နာခဲ့ကာ အရူးတစ်ယောက်လိုပြုမူခြင်းမရှိခဲ့ပေ။
ဝမ်ထျန်းဟူသည် ဤဧည့်ခံပွဲအား သြဇာအာဏာကြီးမားသူများကို တမင်တကာရွေးချယ်ဖိတ်ကြားထားသည်အား သတိထားမိလိုက်သောကြောင့် ရှောင်ယုသည် သူ့နှလုံးသားထဲ၌ တီးတိုးရေရွတ်လိုက်သည်။
"သူတို့အားလုံးက ငါ့ကိုနှုတ်ဆက်ဖို့အတွက်နဲ့ ဒီကိုရောက်လာတယ်လို့ ငါတော့မထင်ဘူး...ဒီမြေခွေးအိုကြီးကတော်တော်အကြံအစည်များတာပဲ...သူဘာလို့ဒီလောက်လူအများကြီးကို ဖိတ်ထားရတာလဲ"
ထိုလူအများစုသည် ကျဆင်းနေပြီဖြစ်သော ခြင်္သေ့မြို့အပေါ် အထင်သေးကြသော်လည်း ရှောင်ယုသည် မြို့စားကြီးဖြစ်၍ ဦးညွတ်ခဲ့ရပေသည်။ထို့ပြင် သူတို့သည်ရှောင်ယု၏အဖေဖြစ်သော အင်ပါယာ၏သူရဲကောင်းဖြစ်သူ ရှောင်ကျန်းထျန်အားလည်း လေးစားမှုရှိခဲ့ကြသည်။
ထို့ပြင် သူတို့သည် ရှောင်ယု၏သင့်တင့်လျှောက်ပတ်သော တုံပြန်မှုကိုသတိထားမိကြရာ ရှောင်မိသားစုသည် တဖြည်းဖြည်းဆုတ်ယုတ်လာသော်လည်း ရှောင်ယုလက်ထက်တွင် ပြန်လည်ဦးမော့လာနိုင်သည်ဟု ခန့်မှန်းလိုက်ကြသည်။
အထူးသဖြင့် ဧည့်ခံပွဲသို့လာရောက်သည့် ဧည့်သည်များသည် ရှောင်ယု၏အနားတွင်ရပ်နေသော ဂရင်းအကြောင်းကို အလွန်ပင်သိချင်နေခဲ့ကြသည်။ယခုခေတ်တွင် အောစ့်များသည် အလွန်ရှားပါးလေရာ ယခုလိုအောစ့်သက်တော်စောင့်တစ်ယောက်အား တွေ့ရခဲပေသည်။
ရှောင်ယုသည် ဧည့်ခံပွဲအတွင်း၌ သူနှင့်ကတောက်ကဆဖြစ်ခဲ့သော မှူးမတ်ယွမ်နှင့်သခင်လေးဟွေ့တို့ကို တွေ့လိုက်ရသည်။သို့သော် မှူးမတ်ယွမ်သည် ရှောင်ယုအားတွေ့မြင်လိုက်ချိန်တွင် နှုတ်ဆက်သည့်သဘောဖြင့်ပြုံးပြလိုက်ကာ မနေ့ကဖြစ်ရပ်များအား လုံးဝမေ့လျောပစ်ပုံရသည်။ရှောင်ယုသည် နိုင်ငံရေးသမားများ၏ မျက်နှာအရေထူပုံအား အံ့သြမှင်သက်ဖြစ်သွားခဲ့သည်။
ထို့ပြင် သခင်လေးဟွေ့သည် စစ်ဝမ်၏ဒုတိယမြောက်အစ်မဖြစ်သူ၏ ခင်ပွန်းဖြစ်ကြောင်း ရှောင်ယုနားလည်သွားခဲ့သည်။သခင်လေးဟွေ့သည်ကား မှူးမတ်ယွမ်ကဲ့သို့မဟုတ်ပေ။သခင်လေးဟွေ့သည် သူ၏မိန်းမဖြစ်သူအား ရှောင်ယု၏အစောင့်အမျိုးသမီးက ပါးရိုက်လိုက်ကြောင်း သတင်းရရှိချိန်တွင် အလွန်ဒေါသထွက်သွားကာ ရှောင်ယုအားတိုက်ခိုက်ချင်ခဲ့သော်လည်း ဝမ်ထျန်းဟူကတားဆီးခဲ့ရသည်။
ဧည့်ခံပွဲ၌ခင်းကျင်းထားသော ထိုင်ခုံများတွင် ဝမ်ထျန်းဟူသည် အမြင့်ဆုံးထိုင်ခုံ၌နေရာယူထားခဲ့ပြီး ရှောင်ယုသည်ကား ဝမ်ထျန်းဟူ၏အောက်ထိုင်ခုံ၌ နေရာယူထားပေသည်။ဧည့်ခံပွဲရှိ လူတိုင်းသည်ရှောင်ယုကို အာရုံမစိုက်နေကြဘဲ အချင်းချင်းစကားစမြည်ပြောဆိုနေကြသည်။သို့သော်လည်း လူတိုင်းသည် ဂရင်းကိုတစ်ချက်တစ်ချက်လှမ်းကြည့်နေကြပြီး ရှောင်ယုသည် ထိုအောစ့်ကိုယ်ရံတော်အား မည်သို့မည်ပုံရရှိခဲ့ကြောင်း တွေးတောနေကြသည်။
သူတို့သည် ရှောင်ယုအားအာရုံမစိုက်ကြသလို ရှောင်ယုကလည်းသူတို့နှင့်ပတ်သက်ရန် အလွန်ပျင်းရိနေခဲ့ကြသည်။ရှောင်ယုသည် ဝမ်ထျန်းဟူနှင့်အတူ ရောက်တတ်ရာရာအကြောင်းအရာများကို ဆွေးနွေးရင်း အချိန်ကုန်နေခဲ့သည်။
သို့သော် ဧည့်ခံပွဲစတင်ပြီး မကြာမှီမှာပင် လူတိုင်း၏လှုပ်ရှားမှုသည် တဖြည်းဖြည်း သွက်လက်လာခဲ့ကာ အချို့သည် ရှောင်ယုထံရောက်လာ၍ ခွက်ချင်းတိုက်ခြင်း ၊ ယဉ်ကျေးစွာနှုတ်ဆက်ခြင်းများ ပြုလုပ်လာခဲ့ကြသည်။
ထိုအချိန်တွင် ဝမ်ထျန်းဟူသည် လူများကိုငြိမ်သက်စေရန်အတွက် လက်ကိုတစ်ချက်ဝှေ့ယမ်းပြလိုက်ကာ ရှောင်ယုအားမိတ်ဆက်ပြလိုက်သည်။
"ဒီနေ့တော့ ငါ့ရဲ့ဝမ်မိသားစုဟာ ငါ့ရဲ့အစ်ကိုကြီးလည်းဖြစ် အင်ပါယာရဲ့ဗိုလ်ချုပ်လည်းဖြစ် မြို့စားကြီးတစ်ယောက်လည်းဖြစ်တဲ့ ရှောင်ကျန်းထျန်ရဲ့ ခြောက်ယောက်မြောက်သားဖြစ်သူ ရှောင်ယုအတွက်ရည်ရွယ်ပြီး ဧည့်ခံပွဲပြုလုပ်ခဲ့တာပဲ....အားလုံးပဲရှောင်မိသားစုကို လေးစားမှုပြဖို့အတွက် မင်းတို့ရဲ့ခွက်ကိုမြောက်လိုက်ပါ"
ဝမ်ထျန်းဟူ၏ စကားအပြီးတွင် လူတိုင်းသည် သူတို့၏ခွက်များကိုမြောက်လိုက်ကြသည်။ဝမ်ထျန်းဟူ၏စကားလုံးများသည် လုံးဝမှန်ကန်ပေသည်။ရှောင်ကျန်းထျန်သည် နိုင်ငံရေးပူးပေါင်းကြံစည်မှုများကြောင့်သာမဟုတ်ပါက ဤကဲ့သို့ဝေးလံခေါင်သီသောဒေသတွင် အဆုံးသတ်သွားမည်မဟုတ်ပေ။
လူတိုင်းသည် သူရဲကောင်းများကို ကိုးကွယ်ကြပြီး ရှောင်ကျန်းထျန်သည်လည်း မကြာသေးမှီအချိန်များအတွင်းက အကောင်းဆုံးသူရဲကောင်းဖြစ်ခဲ့သည်။
ဝမ်ထျန်းဟူသည် ရှောင်ယုကိုတစ်ချက်ကြည့်လိုက်သည်။
"ရှောင်ကျန်းထျန်က သူရဲကောင်းတစ်ယောက်ဆိုတာ ငါတို့အားလုံးသိထားကြတယ်...တူလေးယုကိုယ်တ်ိုင်ကလည်း ကြီးကျယ်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်...ခြင်္သေ့မြို့က သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ ကောင်းမွန်စွာတိုးတက်လာခဲ့ပြီ...ငါတောင်သူနဲ့တိုင်ပင်ပြီး အုပ်ချုပ်မှုအကြောင်းကို ဆွေးနွေးချင်မိတယ်"
ရှောင်ယုသည် သူ၏နှလုံးသားထဲတွင် တိုးတိုးလေးရေရွတ်လိုက်မိသည်။
"ကဲ အဲမှာစလာခဲ့ပီ"
ရှောင်ယုက ပြုံးလိုက်ပြီး နှိမ့်ချပြောဆိုလိုက်သည်။
"ဦးလေးဝမ်က တအားယဉ်ကျေးလွန်းနေပါပြီ...ငါကဦးလေးဝမ်နဲ့ဘယ်လိုယှဉ်လို့ရမှာလဲ...ဝမ်နယ်မြေမှာ သန်းနဲ့ချီတဲ့လူတွေမှီတင်းနေထိုင်ကြတယ်...မြေသြဇာကလည်းအရမ်းကောင်းတယ်...ငါ့နယ်မြေကတော့ မြုံနေတဲ့မြေတွေသာရှိတယ်..တောင်တွေဝိုင်းရံထားတဲ့အတွက် ငါတို့ဟာအမဲလိုက်ပြီး လုပ်ကိုင်စားသောက်ဖို့ပဲတတ်နိုင်တယ်"
ဝမ်ထျန်းဟူသည် ရှောင်ယု၏စကားကို နားထောင်ပြီး မေးမြန်းလိုက်သည်။
"တူလေးယုက တအားနှိမ့်ချလွန်းနေပါပြီ...အင်ပါယာရဲ့ဧကရာဇ်တွေတောင်မှ အောစ့်တွေနဲ့နတ်သူငယ်ကိုယ်ရံတော်တွေကို မပိုင်ဆိုင်ထားခဲ့ကြဘူး...ဖြစ်နိုင်ရင် တူလေးယုက ဒီအောစ့်တွေနဲ့နတ်သူငယ်တွေကို ရရှိခဲ့တဲ့ အကြံညဏ်တွေ ၊ လျှို့ဝှက်ချက်တွေကို ငါ့ဆီဝေမျှပေးနိုင်မလား...ဒါမှမဟုတ်ငါတို့ကို အောစ့်အချို့ဝယ်ယူဖို့အတွက် နည်းလမ်းပေးနိုင်မလား"
ရှောင်ယုက ချက်ချင်းပြန်ဖြေလိုက်သည်။
"ခြင်္သေ့မြို့ကဝေးလံခေါင်သီတဲ့အရပ်မှာရှိတယ်...ဒါပေမဲ့ ဧကရာဇ်ကသနားညာတာပြီး ငါတို့ရှောင်မိသားစုကို အန်ကာဂန်တောင်တန်းပါဝင်တဲ့ နယ်မြေတစ်ခုကို အပိုင်စားပေးအပ်ခဲ့တယ်...ငါအပိုင်စားရထားတဲ့နယ်မြေက မြုံနေပေမဲ့ အန်ကာဂန်တောင်တန်းတွေမှာဆိုရင် နတ်ဆိုးသားရဲတွေ ၊ မှင်စာတွေ ၊ နတ်သူငယ်တွေနဲ့ အောစ့်တွေရှိကြတယ်...တစ်နေ့မှာ ငါဟာအန်ကာဂန်တောင်တန်းမှာ အမဲလိုက်နေရင်း ရုတ်တရက်ဆိုသလိုပဲ အောစ့်နဲ့နတ်သူငယ်နတ်ဘုရားတွေက ငါ့ကိုကိုယ်ထင်ပြလာခဲ့တယ်...ပြီးတော့ ငါ့ကို အောစ့်နဲ့နတ်သူငယ်မျိုးနွယ်စုတွေကို ကယ်တင်ပေးမယ့် သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ တာဝန်ပေးထားခဲ့ပြီး အောစ့်တွေနဲ့နတ်သူငယ်တွေကို ငါ့ဆီအပ်နှံခဲ့တယ်...ငါသမိုင်းမှတ်တမ်းတွေကို လေ့လာပြီးတဲ့နောက်မှာ အောစ့်တွေနဲ့နတ်သူငယ်တွေဟာ တစ်ချိန်ကခမ်းနားကြီးကျယ်ခဲ့တဲ့ခေတ်ကာလကနေ ခုလ်ိုမျိုးနိမ့်ကျတဲ့အခြေအနေကို ရောက်ရှိသွားခဲ့တဲ့အတွက် ငါ့ရဲ့နှလုံးသားဟာ ဝမ်းနည်းစိတ်တွေဖြစ်လာခဲ့တယ်...အဲ့ဒါကြောင့်ငါဟာ နတ်ဘုရားတွေရဲ့တောင်းဆိုမှုကိုလိုက်နာပြီး သူတို့ရဲ့ဘုရင်အဖြစ်လက်ခံခဲ့တယ်"
ရှောင်ယုသည် သူပြင်ဆင်ထားသည့်စကားကို ပြောချလိုက်သော်လည်း မည်သူကမှယုံကြည်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ။သူတို့သည် အခြားသောရှင်းပြချက်များကို တောင်းဆိုကြလျှင်ပင် ရှောင်ယုကဂရုစိုက်မည်မဟုတ်ပေ။အကယ်၍ အခြားရှင်းပြချက်များကိုမတောင်းဆိုလာပါက သူသည်ယနေ့ခေတ်၏ အကြီးကျယ်ဆုံးသောသူရဲကောင်းဖြစ်လာမည်ဟု သက်သေပြလိုက်ခြင်းဖြစ်သည်။
ယခုလည်းရှောင်ယု၏စကားကိုနားထောင်ပြီးနောက် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။
ထို့အပြင် သူတို့ထံ၌ နတ်သူငယ်များနှင့်အောစ့်စစ်သည်များကိုမပိုင်ဆိုင်ထားပေရာ ရှောင်ယု၏အဆိုကို အတည်မပြုနိုင်ကြပေ။
အခန်း ၇၈ - ပြသနာရှာသူအား ဖြေရှင်းခြင်း
ထုံးစံအတိုင်း ရှောင်ယု၏စကားကို မည်သူကမှ မယုံကြည်ကြပေ။
မင်းက ဒီခေတ်ရဲ့အကြီးကျယ်ဆုံးသော သူရဲကောင်းတစ်ယောက်ဆိုပြီးတော့ အောစ့်တွေနဲ့နတ်သူငယ်နတ်ဘုရားတွေက သတ်မှတ်ပေးခဲ့တယ်...ဟုတ်လား...ငါတို့ကမင်းပြောတဲ့ ဇာတ်လမ်းကိုယုံမယ့် ကလေးတွေလို့ထင်နေတာလား....
မည်သို့ပင်ဆိုစေ အောစ့်များနှင့်နတ်သူငယ်များသည် ရှောင်ယု၏အမိန့်အား နာခံနေသည်ကိုမြင်တွေ့ရသည်မှာ အလွန်ထူးဆန်းပေသည်။
"အောစ့်အစောင့်တွေကို မြင်တွေ့ရတာအရမ်းရှားတယ်ဆိုပေမဲ့ ငါတို့မြင်တွေ့ဖူးခဲ့ပြီ...ခုမင်းရဲ့ နတ်သူငယ်ကိုယ်ရံတော်ကိုပြပြီး ငါတို့ရဲ့အမြင်ကိုဖွင့်ပေးနိုင်မလား..."
ဝမ်ထျန်းဟူသည် အခြားသောသခင်များ၏ စိတ်ဝင်စားမှုကိုရရှိစေရန်အတွက် ဆွဲဆောင်ပြောဆိုလိုက်သည်။
အောစ့်များသည် အလွန်အစွမ်းထက်သော်လည်း နတ်သူငယ်များသည် သူတို့၏မြင့်မြတ်သောဟန်ပန်ကြောင့် ကျော်ကြားပေသည်။မင်းမျိုးမင်းနွယ်ဝင်များနှင့် အထက်တန်းစားများသည် နတ်သူငယ်အမျိုးသားဖြစ်စေ အမျိုးသမီးကိုဖြစ်စေ သီးသန့်အိမ်မွှေးတိရစ္ဆာန်တစ်ယောက်အဖြစ် အလိုရှိကြပေသည်။
ရှောင်ယုသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်သည်။
"ငါက သူတို့ရဲ့သခင်တစ်ယောက်ဖြစ်ပေမဲ့...ငါကသူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေကို အလေးထားရမယ်...မဟုတ်ရင်သူတို့ကငါ့ကိုပုန်ကန်လိမ့်မယ်...တစ်ခါတစ်ရံကျရင် ငါ့ရဲ့အမိန့်က သူတို့ရဲ့အောက်ခြေမျည်းကိုကျော်လွန်သွားရင် သူတို့ကငါ့ကိုစွန့်ခွာသွားလိမ့်မယ်
သခင်များအားလုံးသည် ရှောင်ယု၏စကားကို နားထောင်ရင်း ခေါင်းညိတ်မိလိုက်ကြသည်။နတ်သူငယ်များသည် ဒေါသထွက်လွယ်ကာ အမိန့်တိုင်းကို မနာခံတတ်ကြောင်း သူတို့ကြားဖူးကြသည်။နတ်သူငယ်များအား သူတို့ငယ်ရွယ်စဉ်ကပင် အစေခံအဖြစ် စနစ်တကျလေ့ကျင့်သင်ကြားပေးမှသာ သူတို့၏သဘောသဘာဝများပြောင်းလဲသွားလေ့ရှိသည်။ထိုသို့မဟုတ်ပါက သူတို့အား အကျည်းသားတစ်ယောက် သို့မဟုတ် သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားခဲ့လျှင်တောင်မှ သူတို့၏မာနအား ဆက်လက်ထိန်းသိမ်းထားမှာဖြစ်သည်။
"မြို့စားရှောင်ယုက ငါ့ဆီကို နတ်သူငယ်ကျွန်အချို့ကို ရောင်းချပေးဖို့စဉ်းစားထားသေးလား...ငါအဲ့အတွက်စျေးကြီးပေးမှာပါ"
နောက်ထပ်သခင်တစ်ယောက်က မေးမြန်းလိုက်သည်။မင်းမျိုးမင်းနွယ်များအကြားတွင် သူတို့အချင်းချင်းကြား ကျွန်များအရောင်းအဝယ်လုပ်ခြင်းမှာ သာမန်အကြောင်းအရာတစ်ခုဖြစ်သည်။
ရှောင်ယုသည် ထိုအပြုအမူအား ရွှံရှာသော်လည်း ဖွင့်ဟမပြောခဲ့ပေ။
"အဲ့ဒါကိုတော့ ငါတကယ်မကူညီနိုင်ဘူး...ငါသာအဲလိုလုပ်ဆောင်လိုက်ရင် နတ်သူငယ်တွေအကြားမှာ ငါ့ရဲ့ဂုဏ်သတင်းက အတော်လေးကျဆင်းသွားလိမ့်မယ်...ဒါ့အပြင် သူတို့ဟာငါ့ကိုရန်သူအဖြစ် သတ်မှတ်ရင် သတ်မှတ်သွားနိုင်တယ်...ငါ့ဆီမှာ ရေရှည်အကျိုးအမြတ်အဖြစ် နတ်သူငယ်အစောင့်တွေရှိနေမှတော့ ရေတိုအကျိုးအတွက် သူတို့ကိုမရောင်းချနိုင်ဘူး"
ရှောင်ယု၏စကားကိုနားထောင်ရင်း အချို့သောသခင်များက ခေါင်းညိတ်ပြလိုက်ကြသည်။သို့သော် နတ်သူငယ်များအားဖမ်းယူရန်အတွက် အခြားသောနည်းလမ်းများကို တွေးတောနေသူများလည်းရှိနေခဲ့သည်။
မင်းကသူတို့ကို မရောင်းချင်ဘူးလား...ကောင်းပြီလေ သူတို့ကိုဖမ်းဆီးပြီးတော့ ကျွန်အဖြစ်စေခိုင်းဖို့ ငါ့လူအချို့ကိုစေလွှတ်လိုက်မယ်
ရှောင်ယုသည် သူ၏နယ်မြေအတွင်း၌ အောစ့်များနှင့်နတ်သူငယ်များ ထွက်ပေါ်လာကတည်းက ဤပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းရမယ့်နည်းလမ်းကို ကြိုတင်စဉ်းစားထားပြီးဖြစ်သည်။ထိုထဲတွင် နတ်သူငယ်များကို လာရောက်ဖမ်းဆီမယ့် သေခြင်းနှင့်ဖမ်းဆီးခံရမည်ကို မကြောက်ရွှံသော စွန့်စားသူများလည်းပါဝင်ပေသည်။
ထိုပြဿနာအားဖြေရှင်းရန်အတွက် ရှောင်ယုသည် သူ၏နယ်မြေ၌အခြေစိုက်စခန်းငယ်များ ပြုလုပ်ထားခြင်း မျှော်စင်ငယ်များတည်ဆောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ထို့ပြင် မုဆိုးများအားနယ်မြေအနှံ့ ကင်းလှည့်စေခဲ့သည့်အတွက် သာမန်စွန့်စားသူတစ်ဦးဆိုလျှင် နယ်မြေထဲသို့ ကီလိုမီတာအနည်းငယ်ဝင်ရောက်မိသည်နှင့် ရှာဖွေတွေ့ရှိမှာဖြစ်သည်။
ထို့ပြင် နတ်သူငယ်များနှင့် အောစ့်များကိုဖမ်းဆီးရန် ကြိုးပမ်းလာသူများအား ချက်ချင်းသတ်ဖြတ်ပစ်ရန် ရှောင်ယုကတင်းကျပ်စွာ အမိန့်ပေးထားခဲ့သည်။အချိန်ကြာလာသည်နှင့်အမျှ နတ်သူငယ်များနှင့်အောစ့်များ၏ ခွန်အားသည် တဖြည်းဖြည်းတိုးမြင့်လာမည်ဖြစ်ကာ ထိုအချိန်သို့ရောက်လာပါက သာမန်စွန့်စားသူများသည် သူတို့၏ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ပေ။ရှောင်ယုသည် ယခုအချိန်၌ အောစ့်များနှင့်နတ်သူငယ်များအား တစ်ယောက်တည်းအပြင်မထွက်ရန် အမိန့်ပေးခဲ့သည်။ထို့ကြောင့် သူရဲကောင်းတစ်ဦးသည်ပင် သူတို့နှင့်ရင်ဆိုင်တွေ့ပါက သတ်ဖြတ်ခံရမည်ဖြစ်သည်။
ထို့ပြင် ရှောင်ယုထံ၌ အစွမ်းထက်သော သူရဲကောင်းများကိုပင် ဖြတ်တောက်ရန်အတွက် လမင်းပစ်ခတ်သူများနှင့် ဖြိုဖျက်သူများ ရှိပေသည်။
ရှောင်ယုသည် တိုက်ပွဲအတွင်း၌ လမင်းပစ်ခတ်သူများကို အလွယ်တကူအသုံးပြုစေနိုင်ရန် အောစ့်များကိုသင်ကြားပေးထားခဲ့ရာ စိုးရိမ်ပူပန်စိတ်မရှိခဲ့ပေ။
ဧည့်ခံပွဲသို့တက်ရောက်လာသော ဧည့်သည်အများစုသည် အောစ့်များနှင့်နတ်သူငယ်များကို ဝယ်ယူရန်စိတ်ဝင်စားကြသော်လည်း ရှောင်ယုကမူ ရိုးရှင်းသောနည်းလမ်းဖြင့် ငြင်းဆိုခဲ့သည်။
ရှောင်ယုက သူနှင့် အောစ့်များ ၊ နတ်သူငယ်များအကြား ဆက်ဆံရေးသည် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံထားကြောင်း ထောက်ပြပြောဆိုခဲ့သည်။ဧည့်သည်များထဲမှ တစ်ယောက်ယောက်သည် သူ၏အမိန့်မပါဘဲ အောစ့်များနှင့်နတ်သူငယ်များကို နှောင့်ယှက်ရန်ကြိုးစားပါက သူတို့၏ဆိုးရွားသောအဆုံးသတ်အတွက် သူ့အားအပြစ်မတင်သင့်ပေ။
ထို့ပြင် သခင်များစွာတို့သည် ရှောင်ယု၏အမူအကျင့် ၊ စကားပြောဟန်နှင့် လုပ်ပုံကိုင်ပုံတို့သည် သူတို့၏အမြင်တွင်ဆန်းကြယ်နေသည့်အတွက် ရှောင်ယုအားစတင်၍ အာရုံစိုက်လာခဲ့ကြသည်။
သို့သော် ဝမ်ထျန်းဟူဖိတ်ခေါ်ထားသော သခင်အများစုသည် ဝမ်ထျန်းဟူ၏ဘက်တော်သားများဖြစ်၍ ရှောင်ယုကသတိထား၍ဆက်ဆံခဲ့သည်။
ရုတ်ချည်းဆိုသလိုပဲ ဆိုးရွားသောအသံတစ်ခုက ခန်းမထဲပဲ့တင်ထပ်လာခဲ့သည်။
"သခင်ရှောင်...မင်းကငါတို့ကိုမျက်နှာသာမပေးဘူးလား...နတ်သူငယ်ကျွန် ၁ယောက် ၂ယောက်ကဘယ်လောက်တန်ဖိုးရှိလို့လဲ...မင်းကဘာလို့တွန့်တိုနေတာလဲ....ဒါမှမဟုတ် ငါတို့ကိုအထင်သေးတာလား"
ရှောင်ယုသည် အသံလာရာဘက်လှည့်ကြည့်လိုက်ချိန်တွင် လူဝကြီးတစ်ယောက်က သူ့အားစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
ရှောင်ယုသည် ထိုဝဖြိုးနေသောသခင်ကို ကြည့်ကာမေးခွန်းမေးလိုက်သည်။
"မင်းရဲ့အမေက ဘယ်သူလဲဆိုတာ ငါ့ကိုပြောပေးနိုင်မလား"
သခင်ဖြစ်သူသည် သူ့အမေဖြစ်သူနာမည်အား ရှောင်ယုကမည်သည့်အတွက်ကြောင့် မေးမြန်းကြောင်းမသိသော်လည်း ရှောင်ယုကသူ့အားကျိန်ဆဲနေကြောင်း နားလည်လိုက်သည်။
"မင်းကငါနဲ့လာကစားဖို့သတ္တိရှိနေတာပေါ့...မင်းကိုယ်မင်းတအားမြင့်မြတ်လှပြီလို့ ထင်နေတာလား...မင်းမှာမြို့စားကြီးဘွဲ့ရှိနေလို့ ငါကကြောက်မယ်ထင်နေတာလား...မင်းရဲ့နတ်သူငယ်တွေနဲအောစ့်တွေကို ငါဝယ်ချင်တယ်...မင်းငါ့ကိုမရောင်းရင် ငါ့ကိုအဆိုးမဆိုနဲ့...ငါကိုယ်တိုင်ချောမောလှပတဲ့ နတ်သူငယ်ပြည့်တန်ဆာတစ်ယောက်ကို ဖန်တီးပေးပြီး ဒီမှာရှိတဲ့လူတွေအားလုံးနဲ့မျှဝေလိုက်မယ်"
လူဝကြီးက ဒေါသတကြီးပြောဆိုလိုက်သည်။
ရှောင်ယုသည် သူ့အားဒေါသတကြီးအော်ဟစ်နေသော လူအားတည်ငြိမ်စွာစိုက်ကြည့်လိုက်သည်။ထိုလူသည် သရုပ်ဆောင်နေခြင်းမဟုတ်သော်လည်း ဤကိစ္စ၏နောက်ကွယ်တွင် ကြိုးဆွဲနေသည့်လက်တစ်ဖက်ရှိကြောင်း ရိပ်မိပေသည်။
ရှောင်ယု၏အကြည့်များသည် သခင်လေးဟွေ့ပေါ်သို့ ကျရောက်လာချိန်တွင် သခင်လေးဟွေ့၏မျက်နှာပေါ်၌ ဂုဏ်ယူနေသောအပြုံးတစ်ခုရှိနေသည်က်ို သတိထားမိလိုက်သည်။ရှောင်ယုသည် သခင်လေးဟွေ့၏အပြုံးကြောင့် ဤလူဝကြီးသည် အဘယ်ကြောင့်ဤမျှမောက်မာရသည့်အကြောင်းကို ချက်ချင်းနားလည်လိုက်သည်။
ဝမ်ထျန်းဟူသည် စစ်ဝမ်အားလက်ထပ်ပေးမယ့်ကိစ္စကို လက်လျော့မယ့်ပုံမပေါ်ဘဲ အခြားသူများ၏အင်အားကို အသုံးပြုရန်စီစဉ်နေပုံရသည်။
"မင်းက အရှက်မရှိငြိမ်နေဖို့ ကြိုးစားနေတာပဲ...မနေ့ကတော့ မင်းကိုငါနောက်ဆုတ်ဖို့ သတိပေးခဲ့ပေမယ့် မင်းကစစ်ဝမ်ကိုလက်ထက်ပေးဖို့ ကြိုးစားနေတုံးပဲလား...အဲ့ဒါဆိုရင်လည်း ဒီသခင်လေးကိုအပြစ်မတင်ပါနဲ့"
ရှောင်ယုသည် အနည်းငယ်ဒေါသပေါက်ကွဲသွားကာ တိုးတိုးလေးရေရွတ်ပြောဆိုလ်ိုက်သည်။
"မင်းက ငါ့ရဲ့အောစ့်တွေကိုဝယ်ချင်တာပေါ့...ရတယ်လေ..မင်းသာတတ်နိုင်ရင် ဝယ်သွား"
ရှောင်ယုသည် ဝိုင်ကိုမော့သောက်ရင်း ပြောလိုက်သည်။
"ငါကမင်းရဲ့ ရိုင်းစိုင်းတဲ့အောစ့်တွေကိုမလိုချင်ဘူး...အဲ့အစား အိမ်ဖော်တစ်ယောက်အဖြစ် ခိုင်းစေဖို့နာခံမှုအရှိဆုံး နတ်သူငယ်ကျွန်တစ်ယောက်လိုချင်တယ်"
လူဝကြီးက ဂုဏ်ယူနေသောအမူအရာဖြင့်ပြောလိုက်သည်။
"မင်းကြိုက်တဲ့စျေးပြောလိုက်...ငါကဒီနေရာမှာ အချမ်းသာဆုံးပဲ"
လူဝကြီးသည် မတ်တပ်ထရပ်လိုက်ကာ ရှောင်ယုအားဂုဏ်ယူနေသော အကြည့်ဖြင့်စိုက်ကြည့်လိုက်သည်။
"ခုချိန်မှာ ရွှေပြားတွေကပြသနာမဟုတ်ဘူး...စျေးနှုန်းကတော့နည်းနည်းကြီးလိမ့်မယ်"
ရှောင်ယုက လှောင်ပြောင်သရော်သောလေသံဖြင့် ပြောလိုက်သည်။
"ပြသနာက ဘာလဲ...ငါဝယ်ဖို့မတတ်နိုင်တဲ့အရာတစ်ခုမှမရှိဘူး..."
ထိုလူက ခပ်မာမာလေသံဖြင့် ဆက်ပြောလိုက်သည်။
"အများကြီးတော့မဟုတ်ပါဘူး...ငါ့ရဲ့အောစ့်အစောင့်တွေက မင်းနဲ့ဝိုင်းကစားလိမ့်မယ်...မင်းသာအကြိမ်၁၀၀အတွင်း မရှံးနိမ့်ခဲ့ဘူးဆိုရင် အဲ့ဒီအောစ့်ကမင်းအတွက်ပဲ...အလားတူပဲ ငါ့ရဲ့အောစ့်အစောင့်တွေကိုဝယ်ယူလိုသူတွေက ရှေ့ထွက်လာနိုင်တယ်...မင်းတို့သာငါပြောသလ်ိုလုပ်နိုင်ရင် မင်းတို့အကုန်အောစ့်အစောင့်တွေကို ပိုင်ဆိုင်လိမ့်မယ်"
ရှောင်ယုသည် စကားပြောရင်း ဂရင်းကိုတစ်ချက်ကြည့်လိုက်သည်။
ဂရင်းသည် ရှောင်ယု၏နောက်သို့ အချိန်ကြာမြင့်စွာ လိုက်ပါခဲ့သောကြောင့် ရှောင်ယု၏အမူအရာမှန်သမျှကို နားလည်ပေသည်။
ယခုလည်း ဂရင်းသည် ရှောင်ယု၏နံဘေးမှ ရုတ်တရက်ခုန်ထွက်လာခဲ့ကာ လူဝကြီးအားဖမ်းဆုပ်လိုက်သောကြောင့် လူဝကြီးသည်တုံ့ပြန်ရန်အချိန်မရခဲ့ပေ။ခဏအကြာတွင် ပေါင်ရာဂဏန်းခန့်ရှိသော အမျိုးသားတစ်ဦးသည် ကြက်တစ်ကောင်ကဲ့သို့ လေပေါ်မြောက်တက်လာခဲ့သည်။
လူဝကြီးသည် လေပေါ်မှပြုတ်ကျလာချိန်တွင် ဂရင်းသည်လူဝကြီးအား ဆွဲဖမ်း၍မြေပေါ်ဖိချလိုက်သည်။ထို့နောက် ဂရင်း၏လက်သီးချင်များက ထိုဖက်တီးပေါ်သို့ အဆက်မပြတ်ကျရောက်လာခဲ့သည်။
အား...အား
ဂရင်း၏လက်သီးချက်များသည် သူ့အပေါ်ကျရောက်လာချိန်၌ ထိုလူသည်ကျယ်လောင်စွာ ငြီးတွားလိုက်သည်။
ဂရင်း၏လက်သီးချက်များသည် အလွန်ပင်အစွမ်းထက်ကာ ထိုသို့ထိုးနှက်မှုအား လူသားအမြောက်အများတောင့်မခံနိုင်ကြပေ။
ဝုန်း...ဝုန်း...ဘန်း
ဂရင်းသည် ဦးခေါင်း ၊ ရင်ဘတ်နှင့်အခြားသော အသက်အန္တာရယ်ရှိနိုင်သည့် အစိတ်အပိုင်းများကို အာရုံမစိုက်ဘဲ အဆီပေါသောခြေလက်အင်္ဂါများကိုသာ အာရုံစိုက်ထိုးနှက်ခဲ့သည်။
အား...အား....အား
လူဝကြီး၏ ဝက်တစ်ကောင်လိုအော်ဟစ်ငြီးတွားသံသည် ခန်းမတစ်ခုလုံးအနှံ့ပဲ့တင်ထပ်လာခဲ့သည့်အတွက် လူတိုင်းတုန်လှုပ်သွားကြသည်။မြို့တော်အုပ်ချုပ်ရေးခန်းမ၌ ဝမ်မိသားစုမှကျင်းပပေးသော ဧည့်ခံပွဲတွင် ရှောင်ယုသည် တစ်စုံတစ်ဦးအားနာကျင်စေသည်ထိ သတ္တိကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝမ်ထျန်းဟူသည်လည်း ထိုမြင်ကွင်းကိုကြည့်ကာ ထိတ်လန့်သွားခဲ့သည်။ရှောင်ယုသည် အရူးတစ်ယောက်လိုပြုမူကာ သာမန်အသိတရားနှင့်တိုင်းတာ၍မရသော လူတစ်ယောက်ဖြစ်ကြောင်း သူနားလည်ပေသည်။သို့သော်လည်း ရှောင်ယုသည် အခြားသူများရှေ့မှောက်တွင် သူ၏ဧည့်သည်အားနာကျင်အောင်လုပ်ဝံ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝမ်ထျန်းဟူသည် ဤဖြစ်ရပ်မှတဆင့် ရှောင်ယု၏မောက်မာမှုအား ဖိနှိပ်နိုင်ရန် မျှော်လင့်ထားခဲ့သည်။သူသည် အောစ့်သို့မဟုတ် နတ်သူငယ်အမြောက်အများကို ပိုင်ဆိုင်ထားလျင်ပင် ရှောင်ယုသည်အခြေအနေအရပ်ရပ်အား ပြောင်းလဲနိုင်မည်မဟုတ်ဟု နားလည်စေလိုခဲ့သည်။လက်ရှိအချိန်တွင် ခြင်္သေ့မြို့သည် အစစအရာရာကျဆင်းနေခဲ့ပြီဖြစ်သည်။
သို့သော်လည်း ဝမ်ထျန်းဟူသည်ကား ထိုကဲ့သို့မြင်ကွင်းမျိုးအား တွေ့မြင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။