အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
အခန်း ၉၁ - နည်းနည်းလောက်ထပ်ပြေးကြဦး
မြို့စားကြီးဆမ်၏မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး အာဝင်သည်လည်း မြို့စားကြီးဆမ်၏ဘေးနားတွင်ရပ်နေကာ သူ့အဖေကဲ့သို့ဖြူဖျော့နေသော မျက်နှာအမူအရာကိုဖော်ပြနေခဲ့သည်။
အာဝင်သည် ရှောင်ယုတစ်ယောက် ဂုဏ်ယူနေသောလေသံဖြင့် ပြောခဲ့သောစကားများကို သတိရလိုက်သည်။
"ငါက အဖေ့ဆီက ထူးချွန်တဲ့သွေးသားအမွေကို ဆက်ခံထားခဲ့တာမလို့ စစ်တပ်ကိုကွပ်ကဲတဲ့နေရာမှာ သာမန်လူတွေထက်ပိုပြီးထူးချွန်တယ်..."
ရှောင်ယုသည် ထိုစကားကိုပြောချိန်တွင် အလွန်ရူးမိုက်နေပုံရပေသည်။သို့သော်လည် ယခုအချိန်တွင် ရှောင်ယုသည်လူတိုင်းထက် သာလွန်နေသည်ဟု အာဝင်ခံစားနေရသည်။ရှောင်ယုသည်ကား ဝပ်တွားနေသော ကျားတစ်ကောင်ဖြစ်သည်မှာ ထင်ရှားနေသည်။
ရှောင်ယု၏စွမ်းရည်များသည် သာမန်တပ်မှူးများထက် သာလွန်နေသည်။ယခုအချိန်တွင် သူသည်အရူးတစ်ယောက်လိုပြုမူနေသော်လည်း ရှောင်ယုကိုကြည့်ရသည်မှာ မဟာစစ်ဗိုလ်ချုပ်ကြီးတစ်ယောက်နှင့်တူညီနေပေသည်။
အာဝင်သည် ဤအလောင်းအစား၌အနိုင်ရစေရန် အောစ့်များကိုနှေးကွေးစေရန်အတွက် ဆေးများကိုအသုံးပြုခဲ့သည်။ဤနည်းအားဖြင့် သေမင်းရိတ်သိမ်းသူများသည် သေဘေးမှလွတ်မြောက်နိုင်မှာဖြစ်သည်။ထို့နောက် မြို့စားကြီးဆမ်သည် ဤတိုက်ပွဲအားအဆုံးသတ်ရန်အတွက် အကြောင်းပြချက်ကောင်းကောင်းတစ်ခု ထုတ်ပြနိုင်မှာဖြစ်သည်။
တိုက်ပွဲပြီးဆုံးသွားပြီးနောက်တွင် ရှောင်ယုထံမှလျှို့ဝှက်ချက်များကို ရရှိရန်အတွက် ဖြေးဖြေးချင်းထပ်မံကြိုးပမ်းလာမှာဖြစ်သည်။
"ဆေးက ပြဿနာရှိလို့လား..."
မြို့စားကြီးဆမ်က တိုးညင်းသောလေသံဖြင့် မေးမြန်းလိုက်သည်။
အာဝင်ကပြုံးလိုက်ပြီး အာမခံလိုက်သည်။
"စိတ်မပူပါနဲ့ အဖေ..ဆေးအတွက်က ဆရာကြီးရေမွန်ကိုအကူအညီတောင်းထားပါတယ်...အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ ပြဿနာမရှိပါဘူး"
မြို့စားကြီးဆမ်သည် ခေါင်းညိတ်ပြလိုက်သည်။သေမင်းရိတ်သိမ်းသူများသာ စိတ်ဆင်းရဲစွာမရှုံးသရွေ တိုက်ပွဲရလဒ်ကို သူကြေငြာနိုင်မှာဖြစ်သည်။
သို့သော် အောစ့်များ၏စွမ်းအားသည် ၇၀ရာခိုင်နှုန်းထိလျော့နည်းသွားသော်လည်း သေမင်းရိတ်သိမ်းသူများက လိုက်မှီနိုင်စွမ်းမရှိဘဲ အပေါ့စားမြင်းတပ်များနှင့်ခြေလျင်တပ်သားများကလည်း အောစ့်များကိုအနိုင်မယူနိုင်လောက်ပေ။
တစ်ခုတည်းသောအကြောင်းပြချက်မှာ ရှောင်ယုထံ၌ အောစ့်၅၀၀အထိပိုင်ဆိုင်နေသောကြောင့်ဖြစ်သည်။ထို့ပြင် ရှောင်ယုသည် တက်ကြွနေသေးသည့်အတွက် မြို့စားကြီးဆမ်သည် ရှောင်ယုတစ်ယောက် မည်သည့်လှည့်ကွက်များလျှိုထားသည်ကို မသိရသေးပေ။ရှောင်ယုသည် ခြံစည်းရိုးကိုဖြိုဖျက်ကာ လက်နက်များကိုထုတ်ဖော်နိုင်သောကြောင့် ရိုးရှင်းသူတစ်ဦးမဟုတ်ကြောင်း မြို့စားဆမ်နားလည်ပေသည်။
သို့သော် ရှောင်ယုက အောစ့်၁၀၀အား ရှေ့ထွက်လာရန် အမိန့်ပေးခဲ့သောအချိန်တွင် မြို့စားဆမ်၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။
"ဆေးကအဆင်ပြေတာ သေချာလို့လား..."
မြို့စားဆမ်သည် အကြောင်းပြချက်မရှိဘဲ စိတ်မသက်မသာဖြစ်နေခဲ့သည်။
အာဝင်သည် ရှောင်ယုတစ်ယောက် သူတို့အားလှည့်စားရန် သရုပ်ဆောင်ထားသည်ဟု ခံစားနေရသည်။
"ဘာဖြစ်တာလဲ...အောစ့်တွေရဲ့အစားအသောက်တွေမှာ ဆေးတွေရောထားတာကိုငါကိုယ်တိုင် စစ်ဆေးခဲ့တာပဲ...သူတို့ရဲ့ခွန်အားကထက်ဝက်လောက်လျော့ကျသွားသင့် တယ်လေ...ဘယ်လိုဖြစ်ပြီး တိုက်ခိုက်နိုင်ရတာလဲ..."
ရှောင်ယုသည် သူ၏လှည့်ကွက်များကို ဖောက်ထွင်းမြင်နေခဲ့ကြောင်း အာဝင်ယခုအချိန်မှ နားလည်လာခဲ့သည်။ထို့ပြင် ရှောင်ယုသည်သူတို့၏နောက်ကွယ်မှ တိတ်ဆိတ်စွာလှုပ်ရှားနေခဲ့သည်။ထိုလုပ်ရပ်မှတဆင့် ရှောင်ယု၏တုံ့ပြန်မှုသည် အလွန်ပင်ကြောက်စရာကောင်းကြောင်း အာဝင်ခံစားမိလာခဲ့သည်။
..
...
ရှောင်ယုသည် အောစ့်များကိုဦးဆောင်ကာ ဖွဲ့စည်းပုံ၏ဘေးနှစ်ဖက်ထံ ပြေးဝင်သွားခဲ့သည်။ရှောင်ယုသည် သေမင်းရိတ်သိမ်းသူများကိုတိုက်ခိုက်ရန်မရည်ရွယ်ထားဘဲ ၎င်းတို့ကိုကာကွယ်ပေးနေသော ခြေလျင်တပ်နှင့်မြင်းတပ်ကိုသာ တိုက်ခိုက်ရန်ကြံစည်ထားသည်။
ထို့ပြင်ရှောင်ယုသည် ထိုတပ်ဖွဲ့များကို ထိပ်တိုက်ရင်ဆိုင်ခိုင်းမည်မဟုတ်ဘဲ ဆုံးရှုံးမှုပမာဏကိုတတ်နိုင်သမျှ လျော့နည်းစေရန်အတွက် သစ်လုံးရှည်များကိုသာ အသုံးပြုမည်ဖြစ်သည်။
"တိုက်ခိုက်ကြ"
ထိုအချိန်တွင် ရှောင်ယုကအော်ဟစ်အမိန့်ပေးလိုက်သည်။
အောစ့်များသည် ၅မီတာမှ ၆မီတာခန့်အရှည်ရှိသော သစ်လုံးများကိုသယ်ဆောင်လာကာ အပေါ့စားမြင်းတပ်နှင့်ခြေလျင်တပ်သားများကို တိုက်ခိုက်လိုက်သည်။
ရှောင်ယုသည် သစ်လုံးများကိုသယ်ဆောင်လာသော အောစ့်များကို ၃ကြိမ်တိတိသာတိုက်ခိုက်စေခဲ့သည်။ပထမဦးစွာ အပေါ်မှအောက်သို့ဆွဲချတိုက်ခိုက်စေပြီး ဒုတိယအကြိမ်တွင် ဘေးတိုက်ဝှေ့ယမ်းခိုင်းကာ တတိယအကြိမ်တွင်မူ သစ်လုံးက်ိုတိုက်ရိုက်ထိုးသွင်းစေခဲ့သည်။
သစ်လုံးများသည် ခွန်အားကြီးမားသောအောစ့်များအတွက်ပင် အလွန်လေးလံလှပေသည်။ထို့ကြောင့် သူတို့လုပ်ဆောင်နိုင်သော လှုပ်ရှားမှုများသည် အကန့်အသတ်ဖြင့်ရှိနေသည့်အတွက်ကြောင့် ရှောင်ယုသည် ကျင်းယုံ၏နည်းလမ်းကို နောက်ထပ်တစ်ကြိမ်အသုံးပြုခဲ့ရသည်။ယခုတစ်ကြိမ်တွင် ရှောင်ယုသည် တိုက်ပွဲအားအနိုင်ရရှိရန် အကြွင်းမဲ့ခွန်အားကိုအသုံးပြုနေခဲ့သည်။
ယခုအချိန်တွင် အောစ့်များသည် ပထမဆုံးတိုက်ခိုက်မှုအား စတင်ခဲ့ပြီဖြစ်သည်။
အောစ့်များသည် ၅မီတာမှ၆မီတာခန့်ထိရှည်သော သစ်လုံးများကိုကိုင်ဆောင်ကာ အမြင့်မှနေ၍ စီးမိုးရိုက်ချလိုက်ပါက လူတစ်ဦးကိုအသားပြားဖြစ်သည်ထိ ရိုက်ချနိုင်ပေသည်။အပေါ့စားမြင်းတပ်များနှင့် ခြေလျင်တပ်သားများအတွက် တစ်ခုတည်းသောလုပ်ဆောင်ချက်မှာ သေမင်းရိတ်သိမ်းသူများကို ဘေးမှဝန်းရံ၍ သူတို့၏ဦးတည်ရာကိုချိန်ညှိနိုင်ရန် ကူညီပေးခြင်းဖြစ်သည်။
သေမင်းရိတ်သိမ်းသူများသာ သူတို့၏ဖွဲ့စည်းပုံအား ပြန်လည်ချိန်ညှိရန်အချိန်ရရှိနေသရွေ့ သူတို့သည်အောစ့်များကို ကြောက်ရွံ့နေမှာမဟုတ်ပေ။အမာခံခြေလျင်တပ်များ၏ ထူထဲသောဒ်ိုင်းများသည် အောစ့်များသယ်ဆောင်လာသည့် သစ်လုံးများ၏ရိုက်ခတ်မှုဒဏ်မှ ခြေလျင်တပ်သားများကို အကာအကွယ်ပေးနိုင်ပေသည်။
ထို့ပြင် သေမင်းရိတ်သိမ်းသူများသာ လုံလုံလောက်လောက်အချိန်ရလာပါက သူတို့၏လှံရှည်များကိုပင် အသုံးပြုလာနိုင်မှာဖြစ်သည်။သို့ဖြစ်ရာ သေမင်းရိတ်သိမ်းသူများက သူတို့၏ဖွဲ့စည်းပုံအား ပြန်လည်ဖွဲ့စည်းရန်အချိန်ဆွဲနိုင်သရွေ့ သူတို့သည်အောစ့်များ၏တိုက်ခိုက်မှုအား တွန်းလှန်နိုင်မှာဖြစ်သည်။
ဘန်း....ဘန်း...ဘန်း
ရှုပ်ယှက်ခတ်နေသောအသံများသည် ကိုလိုဆီယမ်တခွင် ပဲ့တင်ထပ်သွားခဲ့သည်။ရှောင်ယုသည် သူတို့အား၃ချက်သာတိုက်ခိုက်ရန် အမိန့်ပေးခဲ့သလို တိုက်ခိုက်မှုများအားသပ်သပ်ရပ်ရပ် အဆုံးသတ်ရန်ညွန်ကြားထားခဲ့သည်။အောစ့်များသည် သစ်လုံးများအား တစ်ချိန်တည်းတွင်စုပြုံ၍ အောက်သို့ရိုက်ချလိုက်ရာ ရန်သူသည်ရှောင်တိမ်းရန်နေရာမရှိတော့ပေ။
"၂-၁-၂..."ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ရှောင်ယုသည် ၁ဟုခေါ်လိုက်ချိန်တွင် အောစ့်များသည်သစ်ပင်ကို မြောက်တင်လိုက်ပြီး ၂ဟုအော်ချိန်တွင် သစ်လုံးကိုအောက်သို့ရိုက်ချလိုက်သည်။
ဖုန်း...ဖုန်း....
ပထမဆုံးတိုက်ခိုက်မှုတွင်ပါ ပေါက်ကွဲသံများထွက်ပေါ်လာပြီး နာကျင်စွာအော်ဟစ်သံများက တဆက်တည်းထွက်ပေါ်လာခဲ့သည်။အပေါ့စားမြင်းတပ်နှင့်ခြေလျင်တပ်သားများသည် အောစ့်များ၏တိုက်ခိုက်မှုကို မရပ်တန့်နိုင်ခဲ့သည့်အပြင် သစ်လုံးဖြင့်ရိုက်ခတ်မိပါကလည်း အသားပြားများအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။
ထို့ပြင် သူတို့ထံ၌ အောစ့်များကိုပြန်လည်တိုက်ခိုက်ရန်အတွက် အခွင့်အရေးမရခဲ့ပေ။သစ်လုံးများသည် အလွန်ရှည်လျားသည့်အတွက်ကြောင့် အပေါ့စားမြင်းတပ်နှင့်ခြေလျင်တပ်က ပြန်လည်တိုက်ခိုက်လိုလျင်တောင်မှ အောစ့်များထံမရောက်နိုင်ခဲ့ပေ။ထို့ပြင် သူတို့၏ဆုတ်ခွာရာလမ်းကြောင်းကိုလည်း သေမင်းရိတ်သိမ်းသူများက ပိတ်ဆို့ထားခဲ့သည်။
ဤသို့ဖြင့် ကန်းနိုင်ငံ၏လက်ရွေးစင်တပ်သားများအဖြစ် ကျော်ကြားသောစစ်သည်တော်များသည် ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ခံခဲ့ရသည်။
ထိုအခိုက်အတန့်တွင် အရိပ်အနည်းငယ်သည် အောစ့်များထံခုန်ထွက်လာခဲ့သည်။ရှောင်ယုက ထိုအရိပ်များသည် သူရဲကောင်းများဖြစ်ကြောင်း နားလည်ရန်အတွက်စဉ်းစားနေရန်ပင် မလိုလိုက်ပေ။ထို့ပြင် သူရဲကောင်းများအားလုံးသည် ဒုတိယအဆင့်စစ်သည်တော်များ ဖြစ်သည်။
အစောကတည်းက အာဝင်သည် သေမင်းရိတ်သိမ်းသူများအကြား၌ သူရဲကောင်းအချို့ကို ရောနှောထားကြောင်းရှောင်ယုသဘောပေါက်ပေသည်။
"ဂရင်း...တိုင်ရန်ဒီ..."
ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဂရင်းသည် အမြန်ဆုံးပြေးထွက်လာခဲ့ပြီး သူရဲကောင်းများကိုသတ်ဖြတ်ရန် အပြေးအလွှားသွားနေချိန်တွင် သူသည်အောစ့်များ၏ စစ်ပွဲအလံတော်ကို သယ်ဆောင်ထားခဲ့သည်။သူသည် လေပေါ်သို့ခုန်တက်လိုက်ချိန်တွင် ပြင်းထန်သောအန္တိမခုတ်ပိုင်းချက်ကို ထုတ်ဖော်ကာ သူရဲကောင်းတစ်ယောက်ကို ထက်ဝက်ပိုင်းဖြတ်လိုက်သည်။
ဂရင်းသည် ဘန်ဂါဇီမြို့တော်၌ သူ့၏မျိုးနွယ်ဝင်များ ဒုက္ခရောက်နေသည်ကို တွေ့မြင်လိုက်ရ၍ ဒေါသအလွန်ထွက်နေခဲ့သည်။ထို့ကြောင့် သူ၏တိုက်ခိုက်မှုများသည် ဒေါသကြောင့်ပိုမိုပြင်းထန်နေခဲ့သည်။ထိုအချိန်တွင် တိုင်ရန်ဒီ၏မြှားတစ်စင်းက လေထဲ၌ရှိနေသော သူရဲကောင်းကိုထိမှန်သွားခဲ့သည်။ကျန်မြှားများကလည်း သူရဲကောင်းများကို ကပ်သီးလေးထိမှန်ကာ မြေပေါ်လဲကျသွားစေခဲ့သည်။
ထိုအခွင့်အရေးကို သတိထားမိချိန်တွင် ရှောင်ယုကအမိန့်ပေးလိုက်သည်။
"သူတို့ကိုရိုက်ချိုးပစ်..."
အောစ့်များသည် သစ်တုံးကြီးများကို တဖန်ထပ်မြောက်ကာ လဲကျနေသောသူရဲကောင်းများကို ရိုက်ချလိုက်သည်။သူရဲကောင်းများသည် ပုံမှန်ထက်ပိုမိုသွက်လက်သည့်အတွက်ကြောင့် ထိုသစ်လုံးများအား အမြန်ဆုံးရှောင်တိမ်းလိုက်သော်လည်း ရှောင်ယုက အောစ့်များကိုတစ်ညီတညာတည်းတိုက်ခိုက်ရန် အမိန့်ပေးထားလေရာ လက်ရှိအခြေအနေသည် ထမင်းစေ့ကိုဝိုင်းဝန်းကိုက်ဖြတ်နေသော ကြွက်တစ်ကောင်နှင့်တူညီနေခဲ့သည်။တိုင်ရန်ဒီသည် သူရဲကောင်းများကို သူမ၏မြှားများဖြင့် ပိတ်ဆို့ထားခဲ့ရာ သူတို့သည်အောစ့်များကို အနီးကပ်မတိုက်နိုင်ခဲ့ပေ။
အဆုံးသတ်တွင် သူရဲကောင်းများသည် အစွမ်းထက်ကြသော်လည်း T1ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသောဂရင်းကို မဖြတ်ကျော်နိုင်ဘဲ အသားပြားများအဖြစ်ရိုက်ချခံလိုက်ရသည်။လက်ရှိအချိန်၌ သာမန်ဒုတိယအဆင့် စစ်သည်တစ်ယောက်သည် ဂရင်း၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။ဂရင်းသည် စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်ပါက ဒုတိယအဆင့်သူရဲကောင်း ၂ယောက်မှ ၃ယောက်အားတပြိုင်တည်း တိုက်ခိုက်သတ်ဖြတ်နိုင်ပေသည်။
ထိုအချိန်တွင် သေမင်းရိတ်သိမ်းသူများသည် ဖွဲ့စည်းပုံအားပြန်လည်ချိန်ညှိပြီးပြီဖြစ်ကြောင်း ရှောင်ယုတွေ့မြင်လိုက်ရကာ ခဏတာအတွင်း တန်ပြန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ရှောင်ယုသတိထားမိလိုက်သည်။
"ညီအစ်ကိုတို့ ပြန်ဆုတ်ကြ..."
အချို့သောအောစ့်များသည် ရှောင်ယု၏အမိန့်ကိုကြားကြားချင်း တုံ့ဆိုင်းနေခဲ့သော်လည်း ဂရင်း၏ဟောက်သံကိုကြားချိန်တွင် ရှောင်ယုနောက်သို့လိုက်ပါသွားကြသည်။ရှောင်ယုသည် သူတို့်အားဦးဆောင်၍ အဝေးသို့ထွက်ပြေးခဲ့ရာ သေမင်းရိတ်သိမ်းသူများသည် သူတို့အားတိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ပေ။
ယခုအချိန်တွင် အပေါ့စားခြေလျင်တပ်သားများနှင့် မြင်းတပ်များသည်အိပ်မက်ဆိုးမက်နေသည်ဟု ခံစားနေရသည်။သူတို့သည် သစ်လုံးကြီးများရိုက်ချသည့်ဒဏ်မှ သူတို့ကိုယ်သူတို့မကာကွယ်နိုင်ခဲ့ပေ။ဤနေရာတွင် သူတို့၏ကျွမ်းကျင်သော နည်းစနစ်များနှင့်အစွမ်းများသည် ခွန်အားနှင့်ယှည်လျင်အသုံးမဝင်ခဲ့ပေ။
အချို့လိမ္မာပါးနပ်သော တပ်သားများသည် အောစ့်များ၏ဘေးနှစ်ဖက်နှစ်ချက်မှ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အဆုံးသတ်တွင် အောစ့်များသည်သူတို့၏လက်များကို အသုံးပြုကာ ၎င်းတို့အားဖမ်းယူသတ်ဖြတ်ပစ်ခဲ့သည်။
သေမင်းရိတ်သိမ်းသူများ၏ တပ်မှူးသည် သူတို့၏ဖွဲ့စည်းပုံအားပြန်လည်ချိန်ညှိပြီးချိန်တွင် အောစ့်များထွက်ပြေးသွားသည်ကိုတွေ့လိုက်ရ၍ သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။
အောစ့်များသည် ထွက်ပြေးနေချိန်တွင် ရန်သူများနှင့်မရင်ဆိုင်ခဲ့ပေ။အမာခံခြေလျင်တပ်များက အောစ့်များကိုလိုက်မမှီချိန်တွင် အပေါ့စားမြင်းတပ်နှင့်ခြေလျင်တပ်များက သူတို့အားမလိုက်ဝံ့ပေ။
ရှောင်ယုသည် သေမင်းရိတ်သိမ်းသူများ၏ အခြားတစ်ဖက်သို့သွားရောက်ကာ လှည့်ပတ်တိုက်ခိုက်ခဲ့သည်။သူသည် ခြေလျင်တပ်နှင့်အပေါ့စားမြင်းတပ်များကို စက္ကန့်၃၀ခန့်တိုက်ခိုက်ပြီးနောက် ဆက်လက်မတိုက်ခိုက်ဘဲ နောက်ထပ်တစ်ကြိမ်ထွက်ပြေးလိုက်သည်။ဤနည်းဖြင့် ရှောင်ယုသည် သေမင်းရိတ်သိမ်းသူများ၏ ဖွဲ့စည်းပုံအားအပေါက်အပြဲဖြစ်အောင်ပြုလုပ်ကာ အပေါ့စားမြင်းတပ်နှင့်ခြေလျင်တပ်များ၏အသက်ကိုနှုတ်ယူနေခဲ့သည်။
ရှောင်ယုသည် သူ၏နည်းစနစ်အတိုင်း အတိအကျလိုက်နာကာ ဦးတည်ချက်များကို လိုအပ်သလိုပြောင်းလဲတိုက်ခိုက်နေသောကြောင့် ခြေလျင်တပ်နှင့်အပေါ့စားမြင်းတပ်သား ၂၀၀ကိုသတ်ဖြတ်ရန် အချိန်အတော်ကြာယူခဲ့ရသည်။
အစောပိုင်းတွင် ပရိတ်သတ်များက ရှောင်ယုကိုအားနည်းသည်ဟု ယူဆကာလှောင်ပြောင်ထားခဲ့သော်လည်း ယခုအခါမျက်မမြင်တစ်ယောက်သည်ပင် တိုက်ပွဲ၏ချိန်ခွင်လျှာသည် ရှောင်ယုဘက်သို့ယိမ်းထိုးလာကြောင်း တွေ့မြင်လိုက်သည်။
မြို့စားဆမ်သည် သူ၏ကိုယ်ပိုင်အခန်းထဲတွင် တိုက်ပွဲအခြေအနေကိုစောင့်ကြည့်ရင်း သူ၏မျက်နှာအမူအရာသည် တဖြည်းဖြည်းဆိုးရွားလာခဲ့သည်။
"ရှောင်ကျန်းထျန် မင်းဆီမှာ အရည်အချင်းရှိတဲ့သားတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ...ဟိုတုံးကငါမင်းကိုတော်တော်လျော့တွက်ခဲ့မိတာပဲ"
မြို့စားဆမ်သည် တိုးတိုးလေးရေရွတ်လိုက်ပြီး အခန်းတွင်းမှထွက်ခွာသွားခဲ့သည်။မြို့စားဆမ်သည် တိုက်ပွဲအဆုံးထိကြည့်နေစရာမလိုပေ။သူ့လိုအတွေ့အကြုံရှိသူတစ်ဦးအနေ ဖြင့် တိုက်ပွဲ၏ရလဒ်ကိုသိရှိရန် အဆုံးထိကြည့်နေစရာမလိုအပ်ပေ။
အခန်း ၉၂ - စစ်မှန်သောသူရဲကောင်းများ၏ ဂုဏ်ကျက်သရေ
ရှောင်ယုသည် အပေါ့စားခြေလျင်တပ်များနှင့်မြင်းတပ်များကို သတ်ဖြတ်ရှင်းလင်းပြီးသည့်နောက်တွင် ထပ်မံတိုက်ခိုက်ခြင်းမပြုခဲ့ပေ။ထို့အစား သူသည်အောစ့်များကို ကွင်းပြင်၏အစွန်း၌ ခဏနားခိုင်းလိုက်သည်။သူတို့သည် အစွမ်းထက်သောအောစ့်များဖြစ်သော်လည်း ကြီးမားသောသစ်လုံးကြီးများကို သယ်ဆောင်ရသည်မှာ ပင်ပန်းနေကြပြီဖြစ်သည်။
သေမင်းရိတ်သိမ်းသူများ၏ တပ်မှူးဖြစ်သူသည် ခြေလျင်တပ်သားများနှင့်မြင်းတပ်များကိုကြည့်ရင်း မျက်လုံးများနီရဲလာခဲ့ကြသည်။ယခုမူ ထိုကိစ္စ၏တရားခံသည် အေးအေးဆေးဆေး အနားယူနေပေသည်။
ရှောင်ယုသည် ယခုအချိန်၌ ကြောက်စရာအကြောင်းရှိမနေကြောင်း တပ်မှူးဖြစ်သူသိပေသည်။အမာခံခြေလျင်တပ်သားများတဖြစ်လည်း သေမင်းရိတ်သိမ်းသူများများသည် ရှောင်ယုအားခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ သေမင်းရိတ်သိမ်းသူများသာ အောစ့်များကိုလိုက်ပါက အောစ့်များက ထွက်ပြေးမည်ဖြစ်သည်။အဆုံးသတ်တွင် သေမင်းရိတ်သိမ်းသူများ၏ ခံနိုင်ရည်သည်တဖြေးဖြေးလျော့နည်းလာပြီး အောစ့်များကပြန်လည်တိုက်ခိုက်လာမှာဖြစ်သည်။
ယခုအချိန်တွင် သေမင်းရိတ်သိမ်းသူများသည် စဉ်းနှီတုံးပေါ်ရှိ အသားတစ်ပိုင်းရှိပေသည်။ရှောင်ယုက သူတို့ကိုသတ်ဖြတ်ရန် အချိန်တစ်ခုသာလိုအပ်ပေသည်။
သေမင်းရိတ်သိမ်းသူများ၏ တပ်မှူးသည် ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်ရင်း သူတို့၏ပတ်ပတ်လည်တွင် သွေးစွန်းသောမြေကြီးကိုသတိထားမိလိုက်သည်။ထို့နောက် သူသည်ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။
သေမင်းရိတ်သိမ်းသူများကို စတင်ဖွဲ့စည်းစဉ်ကတည်းက မအောင်မြင်သောတိုက်ပွဲဟူသည် မရှိခဲ့ပေ။သူတို့သည် သူတို့ကိုယ်သူတို့ လူသားမျိုးနွယ်၏သူရဲကောင်းများအဖြစ် ဂုဏ်ယူဝင့်ကြွားနေခဲ့ကြသည်။
သူတို့သည် ရှံးနိမ့်မှုအားလက်ခံရန် ဆန္ဒမရှိကြပေ။
တပ်မှူးဖြစ်သူသည် သူ၏တပ်သားများကိုလှည့်ကြည့်လိုက်ချိန်တွင် သူတို့၏မျက်လုံးများ၌ အလားတူခံစားချက်များကို တွေ့လိုက်ရသည်။
တပ်မှူးသည် လေသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်ကာ သူ့လူများကိုကြည့်၍ ပြုံးလိုက်မိသည်။
"မင်းတို့နဲ့အတူ တိုက်ပွဲဝင်ရတာတကယ်ကိုဂုဏ်ယူစရာပါဘဲ....ခုတော့ဒီတိုက်ပွဲကို ရှံးနိမ့်ခဲ့ရတာငါ့ရဲ့တာဝန်အများကြီးပါတယ်...ငါတို့ဟာအောင်ပွဲရနိုင်တဲ့ အခြေအနေမှာမရှိတော့ဘူး...ခုတော့ငါတို့မှာရွေးချယ်စရာ၂ခုရှိတယ်...လက်မြောက်အရှံးပေးပြီးတော့ မင်းတို့ရဲ့အသက်ကိုကယ်တင်ဖို့ ရွေးချယ်မလား...ဒါမှမဟုတ် မင်းတို့ရဲ့အသက်ကိုစွန့်လွှတ်လိုက်...မင်းတို့ရဲ့ဒိုင်းတွေကိုအဝေးကိုလွှင့်ပစ်လိုက်ပြီးတော့ မင်းတို့ရဲ့ခန္ဓာကိုယ်ကနောက်ဆုံးသွေးတစ်စက်ကျန်တဲ့အချိန်အထိ တိုက်ခိုက်ပြီးတော့ ငါတို့ရဲ့ဂုဏ်ကျက်သရေအတွက် တိုက်ပွဲဝင်ရအောင်...ခုနေထွက်သွားချင်တဲ့သူရှိရင်ပြောပါ...ငါသူတို့ကိုအပြစ်မတင်ပါဘူး...ငါတို့ရဲ့ဂုဏ်ကျက်သရေကို ကာကွယ်လိုတဲ့သူတွေက မင်းတို့ရဲ့ဒိုင်းတွေကို လွှင့်ပစ်လိုက်ပြီး ဓားရှည်တွေကိုကောက်ကိုင်လိုက်ပါ...ဒါကငါတို့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပြီးတော့ သေမင်းရိတ်သိမ်းသူတွေရဲ့ မာနနဲ့ဂုဏ်ကျက်သရေကို နောက်ဆုံးအချိန်ထိထိန်းသိမ်းလိုက်ကြ..."
တပ်မှုးဖြစ်သူသည် ထိုစကားများကို ပြောနေချိန်၌ သူ၏မျက်နှာပေါ်တွင် လေးနက်တည်ကြည်သောအမူအရာကို ဖော်ဆောင်ထားခဲ့ကာ လှံတစ်စင်းလို့ဖြောင့်မတ်စွာရပ်နေခဲ့သည်။ဤကမ္ဘာပေါ်တွင် မည်သည့်အရာကမှ သူ့အားနိမ့်ချနိုင်ပုံမရပေ။
သေမင်းရိတ်သိမ်းသူများ၏အမြင်တွင် ဝမ်းနည်းမှု၊ကြောက်ရွှံမှု၊နောက်ဆိုလိုစိတ် မရှိတော့ပေ။သူတို့သည် အသက်ကိုပင်ပဓာနမထားတော့ဘဲ သူတို့၏ဂုဏ်ကျက်သရေက်ိုသာထိန်းသိမ်းရန် ရွေးချယ်ခဲ့ကြသည်။သူတို့၏ဂုဏ်သိက္ခာသာဆုံးရှံးသွားပါက အရာအားလုံးကိုဆုံးရှံးသွားပြီဟု ဆိုလိုပေသည်။
"သေမင်းရိတ်သိမ်းသူတွေရဲ့ ဂုဏ်ကျက်သရေကို ငါတို့လက်ထဲမှ မကျဆင်းစေရဘူး..."
သေမင်းရိတ်သိမ်းသူများအားလုံးသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။သူတို့သည် လေးလံသောဒိုင်းများကို လွှတ်ချလိုက်ကြပြီး သူတို့၏အမှတ်အသားများဖြစ်ကြသော အနက်ရောင်ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်။
သေမင်းရိတ်သိမ်းသူများသည် တစ်ယောက်မှထွက်ခွာမသွားကြပေ။သူတို့သည် သူရဲဘောကြောင်ခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်းလုံးဝမရှိခဲ့ပေ။သူတို့သည် လုံးဝအရှုံးမပေးကြသလို သူတို့၏အဘိဓာန်များ၌ ပျက်စီးခြင်းဟူသော စကားလုံးကိုရှာမတွေ့ခဲ့ပေ။သူတို့သည် ကြမ်းတမ်းသော သေမင်းရိတ်သိမ်းသူများဖြစ်ကြသည်။
ပရိတ်သတ်များနှင့်အော့စ်များသည်ပင် သူတို့၏ရှေ့၌မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် မတ်တပ်ရပ်လိုက်ကြသည်။
"မြို့စားရှောင်ယု...စစ်သူကြီးတစ်ယောက်အနေနဲ့ ဒီတိုက်ပွဲကိုရှံးနိမ့်ခဲ့တာ ငါဝန်ခံတယ်....မင်းငါ့ကိုအရှက်မဲ့တယ်လို့ ဘယ်လောက်ပဲပြောပြော စစ်သည်တော်တွေအနေနဲ့ ငါတို့ကလက်နက်ချမှာမဟုတ်ဘူး...ခုငါမင်းကိုစိန်ခေါ်ချင်တယ်...ငါတို့ဟာ ငါတို့ရဲ့ဒိုင်းတွေကိုစွန့်လွှတ်ပြီးတော့ မင်းရဲ့အောစ့်တွေကိုမျက်နှာချင်းဆိုင်တိုက်ခိုက်မယ်...မင်းငါစိန်ခေါ်တာကို လက်ခံဝံ့လား"
တပ်မှူးဖြစ်သူသည် မြင်းပေါ်မှနေ၍ ရှောင်ယုအားစိန်ခေါ်လိုက်သည်။
ရှောင်ယုသည် ထိုသူရဲကောင်းကိုကြည့်ပြီး သူ့နှလုံးသားထဲ၌ လေးစားမှုအပြည့်ရှိနေခဲ့ပြီး သူသည်အစစ်အမှန်သူရဲကောင်းကို မြင်တွေ့နေရသည်ဟု ယုံကြည်လိုက်သည်။ဤကမ္ဘာကြီး၌ သူရဲကောင်းတစ်ယောက်၏ စစ်မှန်သောနှလုံးသားကိုပိုင်ဆိုင်သူများ လုံးဝကင်းမဲ့သွားခြင်းမရှိသေးပေ။သူတို့သည်ရန်သူများဖြစ်သော်လည်း သူတိူ့အချင်းချင်းလေးစားမှုမရှိဟု မဆိုလိုပေ။
"မင်းရဲ့စိန်ခေါ်မှုကိုငါလက်ခံတယ်...နောက်ဆုံးတိုက်ပွဲမတိုင်ခင် မင်းရဲ့နာမည်ကိုငါသိခွင့်ရှိမလား..."
ရှောင်ယုသည် ဤတိုက်ပွဲအပြီးတွင် ထိုသူရဲကောင်းသေဆုံးမည်ကိုသိရှိ၍ နောက်ဆုံးအကြိမ်မေးမြန်းလိုက်သည်။ထိုသူရဲကောင်းသည် သူ၏ရှံးနိမ့်မှုကိုဆေးကြောရန်အတွက် သူ၏သွေးကိုအသုံးပြုရန် အဆင်သင့်ဖြစ်နေခဲ့သည်။
"ငါ့နာမည်က လန်စီလော့ပါ...ငါကကန်းတိုင်းပြည်ရဲ့ သူရဲကောင်းပဲ"
တပ်မှူးက လေးနက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။သူသည် ဤကိစ္စအတွက် သူကိုယ်တိုင်နှင့်သူ့မိသားစုအပေါ် ဂုဏ်ယူမှုအပြည့်ရှိပေသည်။
"လန်စီလော့...ငါမင်းနာမည်ကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး...ငါမင်းကိုတကယ်လေးစားတယ်...ဒီနေရာမှာအောစ့်ပဲဖြစ်ဖြစ် သေမင်းရိတ်သိမ်းသူပဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး....မင်းကဒီနေ့ခတ်မှာ ရှားပါးနေတဲ့သူရဲကောင်းတစ်ယောက်ပဲ...အနည်းဆုံးတော့ စက်ဆုပ်ရွှံရှာဖွယ်ကောင်းစွာ အသက်ရှင်နေမယ့်အစား စစ်သည်တော်တွေရဲ့လက်ထဲမှာ သေရလိမ့်မယ်....ငါမင်းရဲ့ဆန္ဒက်ိုလေးစားပါတယ်"
ရှောင်ယုသည် သူ၏ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်လိုက်ကာ လန်စီလော့ဆီ ဦးညွတ်လိုက်သည်။ယင်းမှာ မြို့စားတစ်ဦး၏အမြင့်ဆုံးသော ဂုဏ်ပြူချီးမြောက်မှုဖြစ်ပေသည်။
လန်စီလော့သည် ရှောင်ယုအားလေးစားသည့်အနေဖြင့် အနည်းငယ်ခေါင်းငုံ့ပြလိုက်သည်။
ရှောင်ယု၏နောက်တွင်ရပ်နေသော အောစ့်များသည်လည်း လန်စီလော့နှင့်သေမင်းရိတ်သိမ်းသူများအပေါ် လေးစားသောအမူအရာဖြင့် ကြည့်လိုက်ကြသည်။
အောစ့်များသည် ဂုဏ်ကျက်သရေနှင့်ရဲရင့်မှုတို့အပေါ် အာရုံစိုက်တတ်သောလူမျိုးများဖြစ်ကြသည်။ယခုအခါ သေမင်းရိတ်သိမ်းသူများသည် ရဲရင့်သောရွေးချယ်မှုကိုပြုလုပ်ခဲ့ကာ သူတို့၏နှလုံးသားများကို အနိုင်ယူခဲ့ပေသည်။အမှန်တော့ ရှောင်ယုသည် ဤတိုက်ပွဲအားအနိုင်ရရှိရန်အတွက် နည်းလမ်းများစွာကိုစီစဉ်ထားခဲ့ပြီး မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်ပေသည်။သို့သော်လည်း ရှောင်ယုသည်အဆုံးသတ်၌ စစ်သည်တော်တစ်ယောက်၏ လမ်းကြောင်းကိုရွေးချယ်ခဲ့သည်။
"သေမင်းရိတ်သိမ်းသူတွေ...မင်းတို့ရဲ့ဓားရှည်တွေကို ဆွဲထုတ်လိုက်ကြ...မင်းတို့ဟာဘယ်တုံးကမှ မရှံးနိမ့်ဖူးတဲ့ခြေလျင်တပ်သားတွေပဲ...ဒီနေ့ဟာမင်းတို့ရဲ့ပထမဆုံးနဲ့နောက်ဆုံးရှုံးနိမ့်တဲ့တိုက်ပွဲဖြစ်လာလိမ့်မယ်...မင်းတို့ရဲ့အသွေးအသားကိုလောင်မြိုက်ပြီး ငါနဲ့အတူတိုက်ခိုက်ကြ...."
လန်စီလော့သည် သူ့ဓားကိုလေပေါ်မြောက်ကာ အော်ဟစ်လိုက်သည်။
"အောစ့်တွေဟာ ဒီတ်ိုက်ကြီးရဲ့ ထာဝရအစိတ်အပိုင်းဖြစ်လာမယ့် သူရဲကောင်းတွေဖြစ်တယ်...မင်းတို့ဟာအမွန်မြတ်ဆုံးသောသူရဲကောင်းတွေ ဖြစ်ပေမဲ့ ပြိုင်ဘက်တွေဟာလည်း လေးစားဖို့ကောင်းတဲ့သူရဲကောင်းတွေဖြစ်ကြတယ်....ဒါကတကယ့်စစ်သူရဲတွေအကြားက ရန်ပွဲဖြစ်ပြီးတော့...မင်းတို့ရဲ့သွေးတွေဟာ ကမ္ဘာမြေပေါ်သို့ဖိတ်စင်ကျသွားလိမ့်မယ်...ကဲချီတက်ကြ... အောစ့်တွေအတွက် ၊ တိုတမ်အတွက် ၊ သရောလ်အတွက် မင်းတို့ရဲ့ကိုယ်ပိုင်ဂုဏ်ကျက်သရေအတွက် တိုက်ကြစို့"
ရှောင်ယုသည် သူ၏ဓားကိုဝှေ့ယမ်းလိုက်ပြီး အောစ့်များကိုရှေ့တက်ရန်အမိန့်ပေးလိုက်သည်။
ဤအရာသည် စစ်မှန်သောနှစ်ဦးချင်းတိုက်ပွဲဖြစ်သည်။
နှစ်ဖက်လုံးကို တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်လေးစားမှုရှိခဲ့ပေသည်။ရှောင်ယုသည် လိမ္မာပါးနပ်သောစစ်သူကြီးဖြစ်ကာ အောစ့်များသည် ရဲရင့်ကြသလို သေမင်းရိတ်သိမ်းသူများကိုလည်း အသိအမှတ်ပြုကြရသည်။တစ်ချိန်တည်းမှာပင် သေမင်းရိတ်သိမ်းသူများသည် အသက်နှင့်လဲလှယ်၍ ဂုဏ်ကျက်သရေကိုထိန်းသိမ်းထားခဲ့သောကြောင့် သူတို့သည်အောစ့်များ၏ လေးစားမှုကိုရရှိခဲ့သည်။
နှစ်ဖက်လုံး၏အော်ဟစ်မာန်သွင်းသံများကြောင့် ပရိတ်သတ်များသည် စိတ်ထိခိုက်သွားခဲ့ရသည်။မည်သူကမှ လက်ခုပ်တီးပြီး ဆူညံနေခြင်းမရှိပေ။သူတို့၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ဒိုင်းလွှာများက်ိုဖယ်ထုတ်၍ အနက်ရောင်ဓားရှည်များကို ကိုင်ဆောင်ထားသော သေမင်းရိတ်သိမ်းသူများကိုကြည့်ရင်း ပရိတ်သတ်များက ငြိမ်သက်စွာရပ်နေကြသည်။
မြေပြင်သည် စစ်သူရဲများ၏သွေးဖြင့် နီရဲနေခဲ့သည်။ရှောင်ယုသည် အသေအပျောက်အလွန်နည်းပါးစွာဖြင့် တိုက်ပွဲကိုပြီးဆုံးအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း အစစ်အမှန်စစ်သူရဲတစ်ဦးအဖြစ် တိုက်ခိုက်ရန်သာရွေးချယ်ခဲ့သည်။
ရှောင်ယုသည် သာမန်အချိန်များတွင် အရူးတစ်ယောက်လို ပြုမူတတ်ပေသည်။သို့သော်လည်း နည်းစနစ်များနှင့်ကောင်းမွန်သောနည်းဗျူဟာများက အကောင်းမွန်ဆုံးသောတပ်ဖွဲ့က်ိုဖြစ်ပေါ်စေမည်မဟုတ်ပေ။စစ်မြေပြင်တွင် သွေးအစစ်ဖြင့်လွှမ်းခြုံ၍ အောင်ပွဲကိုဆင်နွဲနိုင်သူများကသာ ရဲရင့်သောစစ်သည်တော်များကို မွေးဖွားလာစေမှာဖြစ်သည်။
...
...
ကြယ်တံခွန်၂စင်း အပြန်အလှန်တိုက်ခိုက်မိသလိုမျိုး နှစ်ဖက်လုံးသည် ပြင်းထန်စွာတိုက်မိသွားကြသည်။သေမင်းရိတ်သိမ်းသူများသည် သူတို့၏ထူထဲသောဒိုင်းများ၏ အကာအကွယ်မပါရှိသည့်အတွက်ကြောင့် ဧရာမသစ်လုံးများဖြင့် ထိမှန်ခံရချိန်တွင် လွှင့်ထွက်သွားခဲ့ကြသည်။
အောစ့်များသည် သူတို့၏လက်များကို အသုံးပြုကာ ဓားရှည်များကိုအသုံးပြုနေကြသော သေမင်းရိတ်သိမ်းသူများကို အကြောက်အလန့်မရှိ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။သေမင်းရိတ်သိမ်းသူများသည် သူတို့နှင့်အကွာအဝေးတစ်ခုခြားနေချိန်တွင် တစ်ဖက်မှသူတို့အားမတိုက်ခိုက်နိုင်၍ အောစ့်များသည်သိသာသောအားသာချက်ကိုပိုင်ဆိုင်ထားခဲ့သည်။သို့သော် သေမင်းရိတ်သိမ်းသူများသာ သူတို့နှင့်နီးကပ်လာခဲ့ပါက အောစ့်များထံ၌လက်ဗလာဖြင့်တိုက်ခိုက်ရ၍ သူတို့ထံ၌ အားသာချက်ပိုမိုရရှိလာသည်။
သေမင်းရိတ်သိမ်းသူများသည် သူတို့၏လေးလံသောချပ်ဝတ်တန်ဆာများက ဧရာမသစ်လုံးကြီးများ၏ ရိုက်ခတ်မှုကိုတောင့်ခံနိုင်ကြောင်း သိရှိထားကြ၍ သူတို့သည်ကြောက်ရွံ့ခြင်း ၊နောင်တရခြင်း အနည်းငယ်မျှပင်မရှိဘဲ ရှေ့သို့တန်းတန်းမတ်မတ်ချီတက်ကာ သူတို့၏ဓားရှည်များကို မလွတ်တမ်းဆုပ်ကိုင်ထားကြသည်။
ဤအရာသည် ကြေကွဲဖွယ်တိုက်ပွဲတစ်ခုဖြစ်ကာ သွေးစက်များအချိန်ပြည့် ပြန့်ကျဲနေပြီး တစ်ယောက်ပြီးတစ်ယောက်လဲကျသွားခဲ့သည်။အောစ့်များနှင့်သေမင်းရိတ် သိမ်းသူများသည် အသေအပျောက်များရှိလာကြသည်။
ဤတိုက်ပွဲသည် ပေါ့ပေါ့ပါးပါးတိုက်ပွဲတစ်ခုမှ အောစ့်၅၀၀ကျော်နှင့်သေမင်းရိတ်သိမ်းသူ ၅၀၀ပါဝင်တိုက်ခိုက်နေသည့် တိုက်ပွဲတစ်ခုဖြစ်လာခဲ့သည်။အောစ့်များကို ဤတိုက်ကြီးပေါ်ရှိ အကောင်းဆုံးစစ်သည်တော်များအဖြစ် သတ်မှတ်ထားကြသလို သေမင်းရိတ်သိမ်းသူများသည်လည်း မရှုံးနိမ့်နိုင်သော အမာခံခြေလျင်တပ်များအဖြစ်ကျော်ကြားပေသည်။
နှစ်ဖက်လုံးသည် အသက်ကိုပဓာနမထားဘဲ ရက်စက်ကြမ်းကြုတ်စွာဖြင့် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြသည်။
သေမင်းရိတ်သိမ်းသူများသည် သူတို့၏ဖွဲ့စည်းပုံနှင့်ဒိုင်းများကို စွန့်လွှတ်လိုက်ပါက အောစ့်များ၏ပြိုင်ဘက်ဖြစ်လာနိုင်စရာ အကြောင်းမရှိကြောင်း နားလည်ထားသော်လည်း သူတို့သည်ရှေ့ဆက်တိုးရန်ရွေးချယ်ထားခြင်းဖြစ်သည်။
သေမင်းရိတ်သိမ်းသူများသည် အောစ့်များကိုကျော်လွှားနိုင်ခြင်းမရှိပေ။အောစ့်များသည် သေမင်းရိတ်သိမ်းသူများ၏ ဓားရှည်များကိုထိန်းချုပ်ရန်အတွက် သစ်လုံးများကိုအသုံးပြုခဲ့သည်။အောစ့်များသည် သစ်လုံးများကိုအောက်သို့ဆွဲရိုက်ခြင်း ဘေးတိုက်ဝှေ့ယမ်းခြင်းတို့ကိုပြုလုပ်၍ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲစတင်စဉ်ကပင် သေမင်းရိတ်သိမ်းသူများသည် ကြေကွဲဖွယ်အဆုံးသတ်နှင့်ရင်ဆိုင်ခဲ့ရသည်။သို့သော်လည်း သူတို့သည် ဂုဏ်ယူစွာဖြင့်သေခြင်းတရားကို ရင်ဆိုင်ခဲ့ကြသည်။သူတို့၏ခန္ဓာကိုယ်မှ စီးကျလာသည့်သွေးများကသာ သူတို့၏ဂုဏ်ကျက်သရေကို ထင်ရှားအောင်ပြုလုပ်နိုင်ပေသည်။ဤသည်မှာ သူတို့ရရှိထားသော အရှက်တရားကိုဆေးကြောရန်ဖြစ်သည်။
...
...
အချိန်တစ်ခုကြာပြီးနောက် သေမင်းရိတ်သိမ်းသူ ၅၀ခန့်သာကျန်ရှိခဲ့သည်။သို့သော်လည်း သူတို့သည်ဓားရှည်များကိုဝှေ့ယမ်းနေဆဲဖြစ်ကာ နောက်ဆုံးတစ်ယောက်ကျန်သည်ထိ တိုက်ခိုက်ရန်စိတ်ပိုင်းဖြတ်ထားခဲ့သည်။
သူတို့သည် အောစ့်များ၏လက်ချက်ကြောင့် အသေအဆုံးများပြားခဲ့သော်လည်း သူတို့သည် ပြိုင်ဘက်များအပေါ်လေးစားမှုအပြည့်ရှိကြသည်။တပ်မှူးလန်စီလော့သည်ပင် အောစ့်များ၏လက်ချက်ကြောင့် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ယခုအခါ သေမင်းရိတ်သိမ်းသူများသည် အရေအတွက်အနည်းငယ်သာကျန်ရှိတော့သည်။အောစ့်များသည် ဧရာမသစ်လုံးများကိုဝှေ့ယမ်းခြင်း သို့မဟုတ် မြေပေါ်ပြုတ်ကျနေသောဓားရှည်များကိုကောက်ကိုင်၍ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြသည်။
အဆုံးသတ်တွင် သေမင်းရိတ်သိမ်းသူများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့ကြသည်။ဧရာမသစ်လုံးကြီးဖြင့် ရိုက်ချခံလိုက်ရသော နောက်ဆုံးသေမင်းရိတ်သိမ်းသူသည် မြေပေါ်လဲကျသွားရင်း သူ၏မျက်လုံးများသည် ကောင်းကင်ပေါ်သ်ို့မော့ကြည့်နေရင်း သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ရှောင်ယုသည် ထိုစစ်သူရဲပျော်ရွှင်နေကြောင်း နားလည်ပေသည် ထိုသေမင်းရိတ်သိမ်းသူသည် သူ၏ဂုဏ်သိက္ခာကိုနောက်ဆုံးအချိန်ထိ ကာကွယ်နိုင်ခဲ့၍ အလွန်ပျော်ရွှင်နေခဲ့သည်။
ဤကြေကွဲဖွယ်တိုက်ပွဲ အဆုံးသတ်ပြီးသည့်နောက်တွင် ရှောင်ယုသည်ပျော်ရွှင်ခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အခန်း ၉၃ - စာတစ်စောင်၏ထိရောက်မှု
ရှောင်ယုသည် တိုက်ပွဲအပြီးတွင် အောစ့်များအားလုံးက်ို ဟိုတယ်သို့ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ဟိုတယ်ပိုင်ရှင်သည် သားရဲများကိုပိတ်ဆို့ရန်အတွက် ကြိုးစားခဲ့သော်လည်း ရှောင်ယုသည် ဟိုတယ်ပိုင်ရှင်ရှေ့တွင် ဓားကိုဆွဲထုတ်ပြလိုက်သောအခါ ဟိုတယ်ပိုင်ရှင်သည် တိတ်တိတ်လေးနောက်ပြန်ဆုတ်သွားခဲ့သည်။
ဟိုတယ်ပိုင်ရှင်သည် ကိုလိုဆီယမ်ရှိ သွေးထွက်သံယိုတိုက်ပွဲကို သတိပြုမိထားရာ လက်ရှိအချိန်၌ ရှောင်ယု၏စိတ်အခြေအနေသည် ကောင်းမွန်ခြင်းမရှိကြောင်း သတိထားမိပေသည်။လက်ရှိအချိန်တွင် ရှောင်ယုသည် ဘာလုပ်မည်ကိုသူမသိရှိပေ။
သေမင်းရိတ်သိမ်းသူအားလုံးသည် တစ်ယောက်မကျန်သေဆုံးသွားခဲ့ကာ ရှောင်ယုဘက်မှ အောစ့်၅၀ခန့်ကျဆုံးခဲ့ပြီး ၂၀၀ကျော်ခန့်ဒဏ်ရာရရှိခဲ့သည်။သို့သော် အောစ့်များသာ အသက်ရှင်နေသရွေ့ သူတို့အားကယ်တင်ရန် ဒဏ်ရာကျက်ဆေးများကို အသုံးပြုနိုင်ပေသည်။တိုက်ပွဲအပြီးတွင် အောစ့်များသည် ရှောင်ယုအပေါ် ယခင်ကလောက်မလိုလားခြင်းမရှိတော့ပေ။
ရှောင်ယုသည် သူတို့အားအောင်ပွဲဆီသို့ ပို့ဆောင်ပေးခဲ့ပြီး လွတ်လပ်မှုကိုပြန်လည်ရရှိခဲ့သည်။ထို့ပြင် သူသည်အောစ့်များ အလေးစားဆုံးဖြစ်သည့် ဂုဏ်ကျက်သရေ၊ရဲစွမ်းသတ္တိတို့နှင့် ပြည့်စုံသူတစ်ဦးဖြစ်သည်။ဤသို့ဖြင့် ရှောင်ယုသည် သူတို့၏မျိုးနွယ်အား သူတို့မျိုးနွယ်၏ဘုန်းကျက်သရေ အထွတ်အထိပ်ရောက်ရှိခဲ့သောကာလသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟူသော ဂရင်း၏စကားကိုစတင်ယုံကြည်လာကြသည်။
ရှောင်ယုသည် သေဆုံးသွားသော အောစ့်များ၏အလောင်းကို မီးသဂြိုလ်ကာ ရရှိလာသောပြာမှုန်များအား သိမ်းဆည်း၍ အခြေစိုက်စခန်းသို့ပြန်လည်ရောက်ရှိချိန်တွင် မုန်တိုင်းပလ္လင်၌ ယဇ်ပူဇော်ပေးရန် ကြံရွယ်ထားခဲ့သည်။
ရှောင်ယုသည် သခင်ကြီးသီအိုဒေါထံမှ သတင်းမရမချင်း ဟိုတယ်အတွင်းမှ မည်သူမှအပြင်သို့မထွက်ခွာရန် လူတိုင်းအားအချိန်ပြည့်သတိရှိနေရန် အမိန့်ပေးထားခဲ့သည်။
ရှောင်ယုသည် ယခုအချိန်တွင် ဘန်ဂါဇီမြို့တော်မှ ထွက်ခွာရန်အစီအစဉ်မရှိခဲ့ပေ။အာဝင်သည် ဤမျှထိစက်ဆုပ်ဖွယ်ကောင်းသော လှည့်ကွက်များစွာကို အသုံးပြုနိုင်သည့်အတွက် တိုက်ပွဲပြီးဆုံးပြီးနောက်တွင်ပင် ရှောင်ယုကိုဒုက္ခပေးရန်အတွက် ဉာဏ်နီညဏ်နက်များကိုအသုံးပြုလာမည်မှာသေချာပေသည်။
ရှောင်ယုထံတွင် အောစ့်များပိုင်ဆ်ိုင်ထားသော်လည်း ရန်သူ၏အိမ်ကွင်း၌ သူတို့အားအန်ိုင်မယူနိုင်မည်မှာ သေချာပေသည်။
...
...
နောက်တစ်နေ့တွင် မြို့စားကြီးဆမ်၏ မွေးနေ့ပွဲကိုကျင်းပခဲ့သည်။ဤမွေးနေ့ပြီးလျှင် မှူးမတ်အများစုသည် ပြန်လည်ထွက်ခွာသွားကြမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။ထို့ပြင် ရှောင်ယုသည် နတ်မြင်းဖြူ၈ကောင်ဆွဲယူသောဇိမ်ခံရထားလုံးနှင့် အောစ့်အမြောက်အများကိုပိုင်ဆိုင်ထားရာ သူ၏အသွင်အပြင်ကို ဘန်ဂါဇီမြို့တော်မှလူတိုင်း သတိထားမိကြသည်။
တိုက်ပွဲအပြီးတွင် ဘန်ဂါဇီမြို့တော်၌ ရှောင်ယုအားသတိမပြုမိသူ တစ်ယောက်မှမရှိတော့ပေ။ထို့ကြောင့် မြို့စားကြီးဆမ်သည် ရှောင်ယုအားပေါ်တင်ဆန့်ကျင်ရန် မပြုလုပ်ဝံ့ခဲ့ပေ။
ထို့ပြင် အင်ပါယာတစ်ဦး၏ မြို့စားဖြစ်သူအား လူမြင်ကွင်း၌လုပ်ကြံခြင်းသည် ကြီးလေးသောရာဇဝတ်မှုပင်ဖြစ်သည်။အိမ်နီးချင်းနယ်မြေအမြောက်အများ သည် မြို့စားကြီးဆမ်ကိုတိုက်ခိုက်ရန်အတွက် ထိုရာဇဝတ်မှုအား အကြောင်းပြချက်အဖြစ်အသုံးပြုနိုင်သောကြောင့် ရှောင်ယုအားလုပ်ကြံလိုလျှင်ပင် တိတ်တဆိတ်လုပ်ဆောင်ရမည်ဖြစ်သည်။
...
...
လောင်းကြေးကိုအနိုင်ရရှိခဲ့သောကြောင့် ရှောင်ယုသည် ရွှေပြား၈သန်းတိတိရရှိလာခဲ့သည်။သူသည် လောင်းကြေးအနိုင်ရငွေကိုထုတ်ယူကာ ဟိုတယ်၏အနောက်ဘက်၌သိမ်းဆည်း၍ အောစ့်များကိုစောင့်ကြပ်ခိုင်းလိုက်သည်။အောစ့်များ၏စောင့်ရှောက်မှုဖြင့်သာဆိုပါက သူ၏ရွှေပြားများကို လုယက်ဝံ့သူမရှိဟု သူယုံကြည်ခဲ့သည်။
ဝမ်ထျန်းဟူသည် ရှောင်ယုအား တစ်ကြိမ်ခန့်သွားရောက်တွေ့ဆုံခဲ့ကာ ရှောင်ယုနှင့်ဝမ်မိသားစုအကြားတွင် အပြုသဘောဆောင်သော ဆက်ဆံရေးအား ထူထောင်ရန်လိုလားခဲ့သည်။
ဝမ်ထျန်းဟူသည် ဘန်ဂါဇီမြို့တော်သို့ရောက်ရှိစဉ်ကပင် ရှောင်ယုနှင့် အာဝင်တို့အကြား ဆက်ဆံရေးအခြေအနေကိုတွေ့မြင်လို၍ ရှောင်ယုကိုတမင်ရှောင်တိမ်းနေခဲ့သည်။အာဝင်သည်သာ စစ်ဝမ်အားသဘောကျသွား၍ အတင်းအကြပ်လက်ထပ်ယူရန် ကြံစည်ခဲ့လျှင်ပင် ထိုကိစ္စထဲဝင်မပါရန်ဆုံးဖြတ်ခဲ့သည်။အဆုံးသတ်တွင် သူသည်ဤကိစ္စနှင့်ပတ်သက်၍ နိုင်နိုင်ရှံးရှံး အကျိုးကျေးဇူးများရရှိမည်ဖြစ်ရာ မသိသလိုဟန်ဆောင်နေခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နောက်ဆုံးရလဒ်ကိုမူ မမျှော်လင့်ထားခဲ့ပေ။
ဝမ်ထျန်းဟူသည် ကိုလိုဆီယမ်အတွင်း၌ ရှောင်ယု၏စွမ်းဆောင်မှုအား တွေ့မြင်ပြီးနောက်တွင် ရှောင်ယုအားမထီမဲ့မြင်မပြုလုပ်ဝံ့တော့ပေ။ရှောင်ယုသည် ဘန်ဂါဇီမြို့တော်မှနေ၍ ခြင်္သေ့မြို့သို့ပြန်သွားရန် မည်သို့စီစဉ်ထားသည်ကို သူမသိသော်လည်း ရှောင်ယုထံ၌နည်းလမ်းတစ်ခုခုရှိနေမည်လို့ သူယုံကြည်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူသည်ရှောင်ယု၏လုပ်ဆောင်ချက်များကို မှန်းဆ၍မရနိုင်တော့ပေ။ထို့ကြောင့် ဝမ်ထျန်းဟူသည် ယခုအချိန်မှစ၍ ရှောင်ယုအပေါ်၌ မကောင်းသောလုပ်ရပ်မှန်သမျှကို ရှောင်ရှားရန် ဆုံးဖြတ်လိုက်သည်။
...
...
ဘန်ဂါဇီမြို့သို့အလည်လာကြသော မင်းမျိုးမင်းနွယ်အားလုံးသည် မြို့စားကြီးဆမ်၏ မွေးနေ့ပါတီသို့တက်ရောက်ခဲ့ကြသည်။ရှောင်ယုသည်လည်း လက်ဆောင်တစ်ခုကိုပြင်ဆင်ကာ မွေးနေ့ပွဲသို့လူကိုယ်တိုင်တက်ရောက်လာခဲ့သည်။
မြို့စားကြီးဆမ်သည် ရှောင်ယုအားတွေ့မြင်သည်နှင့်အခြားသောအရေးကြီးဧည့်သည်များကို ထားရစ်ခဲ့ကာ ရှောင်ယုကိုကြိုဆိုခဲ့သည်။
"ကျားတစ်ကောင်မှာ ခွေးလ်ိုသားတစ်ကောင်မရှိဘူးဆိုတာ တကယ်မှန်နေတာပဲ..."
မြေခွေးအိုကြီးသည် အလွန်ယဉ်ကျေးသိမ်မွေ့နေသည်ကို မြင်သောအခါတွင် ရှောင်ယုကပြုံးလိုက်မိသည်။
"သခင်ကြီးဆမ်အတွက် ဂုဏ်ပြုပါတယ်...သက်တော်ရာကျော်ရှည်ပြီး နောင်မျိုးဆက်ထောင်ပေါင်းများစွာ ကြီးပွားချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်"
ရှောင်ယုသည် သူ၏ဘဝဟောင်းမှ စကားစုနှစ်ခုကိုသာ ထပ်မံသုံးစွဲခဲ့သည်။ထိုစကားစုများသည် သူ့ယခင်ဘဝတွင် လူများကိုကောင်းချီးပေးရန်အသုံးပြုခဲ့သော်လည်း ယခုမူရှောင်ယုသည် မြို့စားဆမ်ကိုကျိန်ဆဲရန် အသုံးပြုနေခြင်းဖြစ်သည်။
"မြို့စားယုက ယဉ်ကျေးလွန်းနေပါပြီ...မင်းကိုဧည့်သည်အဖြစ်လက်ခံရတာက ငါ့အတွက်ဂုဏ်ယူစရာပါဘဲ..ဟားဟား"
သခင်ကြီးဆမ်နှင့် ရှောင်ယုတို့နှစ်ဦးလုံးသည် ကြောင်သူတော်ပုံစံဖြင့် တစ်ယောက်ကိုတစ်ယောက် အဆက်မပြတ်ချီးကျူးနေကြသည်။သူတိူ့နှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် အတွင်းစိတ်ကိုထိုးဖောက်မြင်နေကြသည်။
သခင်ကြီးဆမ်သည် သေမင်းရိတ်သိမ်းသူများအား ရှောင်ယုအနိုင်ရခဲ့သည့်အကြောင်းကို မပြောဘဲ အခြားသောအကြောင်းအရာများကိုသာ အဆက်မပြတ်ထုတ်ဖော်ဆွေးနွေးရင်း ရှောင်ယုကိုချီးမွမ်းနေခဲ့သည်။
သခင်ကြီးဆမ်သည် အခြားသောဧည့်သည်များကို နှုတ်ဆက်ရန်ထွက်ခွာသွားစဉ် အာဝင်ရောက်လာပြီး ရှောင်ယုကိုထွက်ပေါက်သို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ထိုအချိန်တွင် အာဝင်၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသော်လည်း ထိုလူယုတ်မာသည် သူ့အားအခွင့်အရေးရပါက အရှင်လတ်လတ်အရေခွံဆုတ်လိုနေကြောင်း ရှောင်ယုနားလည်ပေသည်။
...
...
သခင်ကြီးဆမ်သည် ပွဲအပြီးတွင် သူ၏စာဖတ်ခန်းအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။သူသည် အရက်နာကျခြင်းအား သက်သာစေရန်အတွက် လက်ဖက်ရည်တစ်ခွက်ကိုသောက်နေစဉ် စားပွဲကိုတစ်ချက်လှမ်းကြည့်လိုက်ချိန်တွင် ထိတ်လန့်သွားခဲ့ရသည်။
ထိုစားပွဲပေါ်တွင် မည်သည့်အချိန်ကမှန်းမသိရောက်နေသော စာတစ်စောင်ရှိနေခဲ့သည်။ထိုစာပေါ်၌ စာကြောင်းအနည်းငယ်သာပါသော်လည်း အဓိပ္ပါယ်မှာ အလွန်ရိုးရှင်းပေသည်။မြို့စားကြီးဆမ်သည် ထိုစာကိုဖတ်ပြီးချိန်၌ စာသည်ပြာများအဖြစ်လောင်ကျွမ်းသွားခဲ့ကာ သူ၏မျက်နှာသည်လည်း ညိုမှိုင်းသွားခဲ့သည်။
...
...
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် ဟိုတယ်ခန်းအတွင်းသို့ ပြန်ရောက်နေခဲ့ပြီး သူသည်လည်း ကောက်ကျစ်သောအဘိုးကြီးသီအိုဒေါထံမှ စာတစ်စောင်ကိုလက်ခံရရှိထားပေသည်။
"ဒီကောက်ကျစ်တဲ့အဘိုးကြီးက သူ့ဘာသာသူမလာဘဲ စာတစ်စောင်ဘဲ ပို့ခဲ့တာလား..."
ရှောင်ယုသည် မီးလောင်နေသောစာကိုကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
သို့သော်လည်း ထိုစာကို မြို့စားဆမ်သည်လည်း လက်ခံရရှိလိမ့်မည်ဟု ရှောင်ယုနားလည်ပေသည်။ဤသို့ဖြင့် မြို့စားဆမ်သည် သူ့အားဒုက္ခပေးဝံ့တော့မည်မဟုတ်ပေ။
ထို့ပြင် မြို့စားဆမ်သည် ကန်းနိုင်ငံအတွင်း၌ ရှိနေစဉ်အတွင်း သူ့အားတိုက်ခိုက်ရန်မည်သူ့ကိုမှ စေလွှတ်မည်မဟုတ်ပေ။နောက်ပိုင်းတွင် ရှောင်ယုအားတိုက်ခိုက်ရန် တစ်စုံတစ်ဦးကိုစေလွှတ်ပါကလည်း ကန်းနိုင်ငံ၏ပြင်ပ၌သာ ဖြစ်ပေလိမ့်မည်။ထို့ပြင် စေလွှတ်မည့်သူများသည် သူတို့၏အထောက်အထားများကို ဖုံးကွယ်ထားမှာဖြစ်သည်။အကယ်၍ သီအိုဒေါကသာ ထိုလူများနှင့်ကန်းနိုင်ငံတို့ဆက်စပ်နေကြောင်း အထောက်အထားများကိုရှာဖွေတွေ့ရှိပါက သူသည်မြို့စားဆမ်ကိုဒုက္ခပေးရန် သေချပေါက်အရောက်လာမည်ဖြစ်သည်။
ရှောင်ယုသည် သူ့အားတိုက်ခိုက်ရန်အတွက် မြို့စားဆမ်သည် ကြေးစားစစ်သားများ သို့မဟုတ် ပြင်ပအင်အားစုတစ်ခုကိုသာ စေလွှတ်မည်ဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်သည်။
"သူ့ငါ့ကိုလောလောဆယ်ဘာမှမလုပ်နိုင်တော့ဘူးဆိုတော့ ခြင်္သေ့မြို့ကိုပြန်ဖို့ စီစဉ်ရတော့မှာပဲ.."
ရှောင်ယုသည် သူ၏အခက်အခဲများကို တွေးတောရင်း ဟိုတယ်ခန်းထဲမှ အလျင်အမြန်ပြေးထွက်လာခဲ့သည်။