အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အခန်း ၉၄ - လက်နက်များဝယ်ယူခြင်း
မှူးမတ်အချို့သည် မြို့စားကြီးဆမ်၏မွေးနေ့ပွဲပြီးနောက် ချက်ချင်းထွက်ခွာသွားခြင်းမရှိဘဲ ပန်းတစ်ရာပွဲတော်ကို နောက်ထပ်၄ရက်မှ ရက်ကြာပါဝင်ဆင်နွဲခဲ့ကြသည်။
ရှောင်ယုသည်လည်း အလှတရား၃ခုနှင့်အတူ နေရာအနှံ့လျှောက်သွားနေခဲ့သည်။သူ့ထံတွင် ငွေကြေးပေါများနေရာ ရသည့်အချိန်လေးတွင် ပျော်ပျော်ရွှင်ရွှင်နေထိုင်ရမည်ဖြစ်သည်။သူသည် ရွှေပြား၈သန်းအားရရှိချိန်မှစ၍ အလွန်ချမ်းသာသောလူတစ်ယောက်လိုခံစားလိုက်ရသည်။သူသည် မိန်းကလေးများလိုချင်သော အရာမှန်သမျှကိုဝယ်ယူခဲ့ကြသည်။သို့သော် စျေးအကြီးဆုံးသောပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူနေသော လီအာကိုမူ ရှောင်ယုသဘောမတွေ့ပေ။
"မင်းသာ ဒီထက်ဝယ်ချင်ရင် ဒီသခင်လေးကို ကုတင်ပေါ်မှာပြုစုပေးမှရမယ်"
ရှောင်ယုသည် လီအာကိုကြည့်လိုက်ပြီး သူ၏လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်ကိုခါယမ်းပြလိုက်သည်။
"မင်းဘယ်သူ့ကိုခြိမ်းခြောက်ဖို့ ကြိုးစားနေရတာလဲ...မင်းညဘက်တွေမှာ ရုတ်တရက်ပျောက်ဆုံးသွားမှာကို မစိုးရိမ်ဘူးလား...ဘာပဲဖြစ်ဖြစ်ငါက ငါ့ရဲ့အခန်းတံခါးကို သော့မခတ်ထားဘူး...မင်းအချိန်မရွေးလာလို့ရနိုင်တယ်"
ရှောင်ယုသည် အပိုးမကျိုးသောလီအာကိုကြည့်ပြီး ကျွန်ဆွဲသီး၏အသုံးပြုပုံအား လေ့လာမည်ဟုကတိပြုခဲ့သည်။သူမသည် ကျွန်တစ်ယောက်ဖြစ်သော်လည်း သခင်တစ်ယောက်လိုပြုမူနေခဲ့သည်။
ပန်းတစ်ရာပွဲတော်ကြောင့် ဘန်ဂါဇီမြို့တော်၌ ကုန်သည်များခြေရှုပ်နေခဲ့သည်။မြို့ထဲ၌ မှူးမတ်အများအပြားရှိနေ၍ ကုန်စည်ပစ္စည်းများနှင့် စီးပွားရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းနေကြောင်း လူတိုင်းသိရှိကြသည်။ရှောင်ယုသည် မိန်းကလေး၃ဦးအတွက် များစွာဝယ်ယူပေးပြီးနောက်တွင် လက်နက်များရောင်းချသည့်စျေးသို့သွားရောက်ခဲ့သည်။လက်နက်ရောင်းချမှုသည် မည်သည့်နယ်မြေတွင်မဆို မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ရှောင်ယုသည် ခံ့ညားသောပုံစံဖြင့် လက်နက်စျေးထဲဝင်ရောက်လာကာ သားရဲ၁နှင့်သားရဲ၂အား ရှေ့မှလမ်းဖွင့်ပေးရန် အမိန့်ပေးခဲ့သည်။နောက်ဆုံးတိုက်ပွဲအပြီးတွင် ရှောင်ယု၏ဂုဏ်သိက္ခာသည် အလွန်မြင့်မားလာပြီး ဘန်ဂါဇီမြို့တော်၏ အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့သည်။သူသည် အောစ့်များအားလုံးကိုအနိုင်ရရှိခဲ့ပြီးနောက်တွင် လူတိုင်းသည်အောစ့်အစောင့်များနှင့်တွဲ၍ သူ့အားမှတ်မိလာကြသည်။
ခြင်္သေ့မြို့သည် ကျဆင်းနေပြီဖြစ်ကြောင်း မှူးမတ်အချို့ကြားသိထားသော်လည်း မည်သည့်အဆင့်အထိကျဆင်းနေကြောင်း နားမလည်နိုင်ဖြစ်နေသေးသည်။ထို့ပြင် ရှောင်ယုထံ၌အောစ့်အစောင့်များ ၊ ဇိမ်ခံရထားများနှင့် အခြားသောအဖိုးတန်ပစ္စည်းများပိုင်ဆိုင်ထားသေးသည်။သို့ဖြစ်ရာ ခြင်္သေ့မြို့သည်ကျဆင်းနေလျှင်ပင် ၎င်းသည်ရှောင်ကျန်းထျန်အုပ်ချုပ်စဉ်ကာလထက်ပင် ပိုမိုကြီးပွားနေပုံရပေသည်။
ဤကမ္ဘာတွင် သန်မာသောလူကို လူတိုင်းကလေးစားကြသည့်အတွက်ကြောင့် ရှောင်ယုသည် သူ၏စွမ်းအားကိုတမင်တကာထုတ်ဖော်ပြသခဲ့သည်။သို့သော် ထိုလူများသည် ရှောင်ယုတစ်ယောက်သူတို့အား လှည့်စားနေသည်ကို မသိခဲ့ကြပေ။ခြင်္သေ့မြို့သည် ဘန်ဂါဇီမြို့တော်သို့အလည်လာသော မှူးမတ်များ၏ နယ်မြေအများစုထက် များစွာအင်အားနိမ့်ကျပေသည်။
...
...
ရှောင်ယုသည် လက်နက်စျေးကွက်အတွင်း အချိန်အတော်ကြာအောင် သွားလာခဲ့သော်လည်း သူကျေနပ်သည့်လက်နက်ကို ရှာမတွေ့ခဲ့သေးပေ။
အဆုံးတွင် သူသည်ဆက်လက်သည်းမခံနိုင်တော့ဘဲ သားရဲ၁ကိုအော်ဟစ်ခိုင်းလိုက်သည်။
"အကြီးဆုံးလက်နက်ကုမ္ပဏီကနေပြီး လက်နက်တွေဝယ်ချင်တယ်"
သားရဲ၁ အသံသည် လက်နက်စျေးကွက်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေခဲ့သည်။
လူတိုင်းသည် ရှောင်ယုအား ထူးဆန်းသောပုံစံနှင့် ဝိုင်းကြည့်လိုက်ကြသည်။မှူးမတ်များသည် သာမန်အားဖြင့် သိမ်မွေ့နှိမ့်ချစွာနေထိုင်ကြသည်။သို့သော်လည်း ဤမြို့စားကြီးတွင် ထိုသို့သောသွင်ပြင်လက္ခဏာများမရှိခဲ့ပေ။ထို့ပြင် ရှောင်ယု၏လုပ်ရပ်များသည် လူအများကြားတွင် သူ၏လက္ခဏာကို ထင်ထင်ရှားရှားပြသသလိုဖြစ်သွားသောကြောင့် လူတိုင်းသည်အနည်းငယ်အံ့သြသွားခဲ့ကြသည်။
သို့သော်လည်း ဤနည်းလမ်းသည်. အံ့အားသင့်ဖွယ်ကောင်းလောက် ထိရောက်မှုရှိပေသည်။မြေခွေးတစ်ကောင်လို မုတ်ဆိတ်မွှေးကိုပိုင်ဆိုင်ထားသည့် လူတစ်ယောက်သည် ရှောင်ယုထံသို့ချက်ချင်းရောက်ရှိလာခဲ့သည်။
"တွေ့ရတာဝမ်းသာပါတယ် မြို့စားကြီး...သင်အလိုရှိတဲ့အမှာစာတွေကို မတူညီတဲ့နေရာတွေကနေ ငါတို့ဖြည်းဖြည်းချင်း ရရှိအောင်လုပ်ဆောင်ပေးနိုင်ပါတယ်...မြို့စားကြီးရှောင်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ငါအာမခံပါတယ်"
ရှောင်ယုသည် သူ၏လက်ကိုချက်ချင်းဝှေ့ယမ်းပြလိုက်သည်။
"ငါ့ကိုလမ်းပြ..."
မောရစ်သည် ဦးညွတ်လိုက်ပြီး ဦးတည်ရာတစ်ခုကိုညွန်ပြကာ ရှောင်ယုအား သီးသန့်လက်ဖက်ရည်ဆိုင်တစ်ခုသို့ ခေါ်သွားခဲ့သည်။
ထို့နောက် ရှောင်ယုတို့သည် သီးသန့်အခန်းတစ်ခုထဲဝင်လာကာ လက်ဖက်ရည်သောက်ရင်း ဆွေးနွေးနေကြသည်။ထိုအချိန်တွင် မောရစ်က မျက်လုံးမှိတ်ကာ မေးမြန်းလိုက်သည်။
"မြို့စားက ဘယ်လိုလက်နက်မျိုးနဲ့အရေအတွက်ဘယ်လောက်ထိ လိုချင်တာလဲဆိုတာ သိခွင့်ရှိမလား"
ရှောင်ယုသည် လက်ဖက်ရည်သောက်ရင်း ရှင်းပြလိုက်သည်။
"အများကြီးတော့မလိုပေမဲ့ ငါ့ရဲ့အောစ့်အစောင့်တွေကို လက်နက်ကောင်းကောင်းတပ်ဆင်ပေးချင်တယ်..မင်းမှာအရည်အသွေး ကောင်းတဲ့လက်နက်တွေရှိရင် ငါအများကြီးဝယ်ချင်တယ်...ငါတို့ခြင်္သေ့မြို့တဝိုက်မှာ ဓားပြအုပ်စုတွေအများကြီးရှိတော့ ငါကလက်နက်တွေအများကြီးလိုအပ်နေတယ်"
ရှောင်ယု၏စကားကြောင့် မောရစ်၏မျက်လုံးများသည် တောက်ပလာခဲ့သည်။
"စစ်ပွဲတူကုမ္ပဏီက သင့်ကိုမျှတတဲ့စျေးနှုန်းနဲ့ အရည်အသွေးကောင်းမွန်တဲ့လက်နက်တွေကို ပေးဆောင်လိုပါတယ်...ဒါ့အပြင် မင်းနဲ့မြို့စားဆမ်အကြားက ဆက်ဆံရေးကြောင့် မင်းကိုတော်တော်များများကလက်နက်မရောင်းဝံ့ကြဘူး...ဒါပေမဲ့ စစ်ပွဲတူကုမ္ပဏီက အဲ့ဒါကိုဂရုမစိုက်ဘူး...ငါ့တို့က်ိုပိုက်ဆံပေးသရွေ့ ငါတို့ကရောင်းခွင့်ရှိတယ်"
"အိုး..."
ရှောင်ယုသည် မောရစ်အားစို်က်ကြည့်လိုက်သည်။
"မင်းတို့ရဲ့အလုပ်လုပ်ပုံကို ငါသဘောကျတယ်...မင်းတို့ကအဲလိုအာမခံနေပြီဆိုတော့ ငါဘက်ကလည်းတွန့်ဆုတ်နေစရာအကြောင်းမရှိတော့ဘူး...ငါ့ရဲ့အောစ့်တွေအတွက်ပုဆိန်တွေလိုချင်တယ်...မင်းမှာဘယ်လိုပုဆိန်တွေရှိလဲ...အဲ့ဒီပုဆိန်တွေက ငါ့အောစ့်တွေနဲ့အတိအကျကိုက်ညီနေစရာတော့မလိုဘူး...သူတို့ရဲ့အရွယ် အစားကကြီးမားနေရမယ်...သူတို့ကချွန်ထက်နေစရာမလိုဘူး...ဒါပေမဲ့အလေးချိန်ကကြီးမားနေရမယ်"
မောရစ်သည် သားရဲ၁၏လက်ထဲမှ ပုဆိန်အားတစ်ချက်ကြည့်လိုက်သည်။
"ငါတို့ဆီမှာ သိမ်းငှက်ပုဆိန်တွေရှိတယ်...သူတို့ကအရွယ်အစားမကြီးမားပေမဲ့ သေချာထုလုပ်ထားတာကြောင့် အလေးချိန်၁၀၀ကီလိုဂရမ်ရှိတယ်...ကောင်းမွန်တဲ့သံမဏိနဲ့ထုလုပ်ထားတာကြောင့် ခိုင်ခံ့မှုကမေးခွန်းထုတ်စရာမလိုဘူး..မြို့စားရှောင်က ဘယ်လောက်ထိဝယ်ချင်လို့လဲ"
"၅၀၀..ငါ၅၀၀လိုချင်တယ်"
ရှောင်ယုက ချက်ချင်းပြန်ဖြေလိုက်သည်။
မောရစ်သည် ခဏလောက်စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်သည်။
"အရေအတွက် ၅၀၀သာဆိုရင်တော့ ငါကချက်ချင်းရောင်းချပေးနိုင်ပါတယ်"
ရှောင်ယုက ခေါင်းညိတ်ပြလိုက်သည်။
"မင်းမှာအောစ့်တွေနဲ့ သင့်တော်တဲ့ချပ်ဝတ်တန်ဆာတွေ ရှိသေးလား"
မောရစ်သည် သားရဲ၁အား တစ်ချက်ကြည့်လိုက်ကာ ခေါင်းယမ်းပြလိုက်သည်။
"ဒီအောစ့်ရဲ့ပုံစံအတိုင်း ချပ်ဝတ်တန်ဆာတွေကို ငါတို့ထုလုပ်ပေးနိုင်ပါတယ်....ဒါပေမဲ့ဒီအောစ့်ရဲ့အရွယ်အစားက ကြီးမားတဲ့အတွက် သူတို့နဲ့သင့်တော်မယ့် ချပ်ဝတ်တန်ဆာတွေကို သီးသန့်ဖန်တီးပေးဖို့ အချိန်တစ်ခုစောင့်ရဦးမယ်"
ရှောင်ယုသည် ဆက်ပြောလိုက်သည်။
"ချပ်ဝတ်တန်ဆာအပြည့်အစုံကို ငါမလိုချင်ဘူး...အောစ့်တွေရဲ့ခန္ဓာကိုယ်က အဓိကအစိတ်အပိုင်းတွေကို ကာကွယ်ပေးနိုင်တဲ့ချပ်ဝတ်တန်ဆာတွေဆို အဆင်ပြေပါတယ်"
မောရစ်က ခေါင်းညိတ်ပြလိုက်သည်။
"အဲလ်ိုဆိုရင်တော့ ပြသနာမရှိပါဘူး...အစုံ၅၀၀ကိုချက်ချင်းထုတ်ပေးနိုင်တယ်"
ရှောင်ယုသည် စိတ်ကျေနပ်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ငါဝယ်ထားတဲ့ပုဆိန်တွေနဲ့ရိုးရှင်းတဲ့ချပ်ဝတ်တန်ဆာတွေကို ငါတည်းခိုထားတဲ့ဟိုတယ်ဆီပို့ပေးပါ...ပစ္စည်းရောက်တာနဲ့ ငါချက်ချင်းငွေချေပေးမယ်...ရွှေပြား၁ပြားတောင်မလိုစေရဘူး"
မောရစ်သည် ပြုံးရွှင်နေသောလေသံဖြင့်ပြောလိုက်သည်။
"မြို့စားရှောင်ယုက တဲ့တိုးဆန်တဲ့လူတစ်ယောက်ပဲ...မင်းနဲ့စီးပွားရေးလုပ်ရတာ ငါ့အတွက်အတော်အဆင်ပြေတယ်...ငါတို့ရဲ့ထုတ်ကုန်တွေကိုမင်းစိတ်ကျေနပ်စေရမယ်လို့ ငါအာမခံတယ်"
ရှောင်ယုသည် ခဏလောက်စဉ်းစားလိုက်ပြီးနောက် မောရစ်ကိုမေးခွန်းတစ်ခုမေးလိုက်သည်။
"မင်းတို့ရဲ့ဆိုင်ခွဲတွေက တခြားမြို့တွေမှာကောရှိလို့လား"
ရှောင်ယု၏စကားမှတဆင့် ရှောင်ယုသည် သူတို့နှင့်ရေရှည်စီးပွားရေးလုပ်ချင်ကြောင်း မောရစ်ယုံကြည်သွားခဲ့သည်။
"ခြင်္သေ့မြို့နဲ့ အနီးဆုံးဌာနခွဲက ဝေပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ဟွေ့မှာရှိတယ်...မြို့စားရှောင်ယု အလိုရှိတိုင်းငါတို့ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်"
ရှောင်ယုသည် ချက်ချင်းခေါင်းခါပြလိုက်သည်။
"ငါအဲ့ဒါကိုလောလောဆယ်မသိချင်သေးဘူး...ကန်းနိုင်ငံနဲ့အနီးစပ်ဆုံးမြို့မှာ ဘယ်ဆိုင်ခွဲတွေရှိလဲ...အဲဒါကအနောက်ပိုင်းမှာရှိရင် ပိုအဆင်ပြေတယ်"
မောရစ်သည် ရှောင်ယု၏ရည်ရွယ်ချက်ကို ချက်ချင်းရိပ်မိသွားခဲ့သည်။
"မင်းက ကန်းနိုင်ငံရဲ့အနောက်ဘက်ကိုသွားမယ်ဆိုရင် တီတိုမြို့ကိုဖြတ်သွားရလိမ့်မယ်...အဲ့ဒီမှာငါတို့ရဲ့ဆိုင်ခွဲတစ်ခုရှိတယ်..."
ရှောင်ယုကချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါအကောင်းဆုံးပဲ...မင်းမှာလှံပစ်စက်တွေရှိသေးလား..."
မောရစ်သည် ရှောင်ယု၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားခဲ့သည်။
"ဟုတ်တယ်...ငါတို့ဆီမှာ အမျိုးအစားတွေအများကြီးရှိတယ်...မြို့စားရှောင်ယုကြိုက်တဲ့ဟာကို ရွေးလိုရတယ်"
"ငါက လှံပစ်စက်အခု၅၀လောက် ဝယ်ချင်ပေမဲ့ အဲ့ဒါတွေကိုတီတိုမြို့မှာ ငါယူချင်တယ်...ငါကအဲ့ဒီအချင်အလက်တွေကို အခြားသူတွေမသိအောင် လျှို့ဝှက်ထားချင်တယ်...ငါကအောစ့်တွေအတွက် လက်နက်တွေဝယ်ထားတယ်လို့ပဲ အခြားသူတွေသိထားပါစေ"
မောရစ်သည် ရှောင်ယုအားကတိပေးလိုက်သည်။
"မြို့စားရှောင်ယုစိတ်ချလို့ရပါတယ်...ငါတို့စစ်ပွဲတူကုမ္ပဏီက လုပ်ငန်းသဘောတူညီချက်တွေကိုအမြဲတမ်း လျှို့ဝှက်ထားတယ်ဆိုတာလူတိုင်းသိပါတယ်...ဒါကငါတို့လုပ်ငန်းစုရဲအခြေခံအကျဆုံး စည်းမျည်းပဲ"
ရှောင်ယုက မျက်မှောင်ကြုတ်ကာ ထပ်မံမေးမြန်းလိုက်သည်။
"မင်းဆီမှာ ပုဆိန်သေးသေးလေးတွေကောရှိလား"
"ငါတို့ဆီမှာ အဲလိုလက်နက်အမျိုးအစားတွေ နည်းနည်းတော့ရှိတယ်...ခါးမှာချိတ်ထားနိုင်တဲ့ဓားမြှောင်တွေ ပြီးတော့အခြားလက်နက်တွေလည်းရှိတာပဲ...မြို့စားယုပြောတဲ့ပုဆိန်လေးတွေလည်းရှိတယ်"
မောရစ်က ချက်ချင်းတုံ့ုပြန်ခဲ့သည်။
ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ...ငါ၂၅၀၀ယူမယ်...သွားရအောင်...ငါအဲ့ပုဆိန်တွေရဲ့အရွယ်အစားကို စစ်ဆေးချင်သေးတယ်..."
မောရစ်ကခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပြ၍..."
ထို့နောက်သူတို့၂ဦးလုံးသည် နမူနာများကိုစစ်ဆေးရန်အတွက် စစ်ပွဲတူကုမ္ပဏီ၏ ဂိုဒေါင်ထဲသို့သွားရောက်ခဲ့သည်။ရှောင်ယုသည် အမျိုးအစားများစွာကို လေ့လာပြီးနောက် ကျေနပ်စွာခေါင်းညိတ်ပြလိုက်ကာ အသေးငယ်ဆုံးအမျိုးအစားမှ လှံပစ်စက်၅၀ကိုရွေးချယ်မှာယူလိုက်သည်။သို့သော်ရှောင်ယုသည် အသေးဆုံးအမျိုးအစား လှံပစ်စက်ကိုသာရွေးချယ်ဝယ်ယူသည်ကိုမြင်သောအခါ မောရစ်သည်မျက်မှောင်ကြုတ်မိလိုက်သည်။ပုံမှန်အားဖြင့်ဆိုပါက နယ်မြေအသေးများသည်သာ ထိုကဲ့သို့သောလှံပစ်စက်များကို ဝယ်ယူကြသောကြောင့် ရှောင်ယု၏လုပ်ရပ်ကို နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
သို့သော်လည်း ရှောင်ယု၏လိုအပ်ချက်များကို နားထောင်ပြီးနောက်တွင် ရှောင်ယု၏ရည်ရွယ်ချက်ကို အသေးစိတ်နားလည်သွားခဲ့သည်။ရှောင်ယုသည် ထိုလှံပစ်စက်များကို တပ်ဆင်ရန်မရည်ရွယ်ဘဲ အောစ့်များမှ သယ်ဆောင်စေလိုခဲ့သည်။
မောရစ်သည် အချိန်မရွေးလှည့်ပတ်ပစ်ခတ်နိုင်သော လှံပစ်စက်များကို မြင်ယောင်မိသောအခါတွင် ကျောရိုးမှနေ၍ အေးစက်သောချွေးစက်များ စီးကျလာခဲ့သည်။
ရှောင်ယုနှင့်မြို့စားဆမ်အကြားမှ ပြသနာကိုလူအများသိရှိထားကြပြီဖြစ်ရာ ရှောင်ယု၏ဝယ်ယူမှုရည်ရွယ်ချက်များကို မောရစ်နားလည်ပေသည်။မောရစ်သည် ရှောင်ယု၏လက်ရှိအခြေအနေအား အကောင်းမြင်ဖို့မရှိပေ။ရှောင်ယုသည် ကန်းနိုင်ငံမှထွက်ခွာသွားချိန်တွင် မြို့စားဆမ်သည် ရှောင်ယုအားသတ်ဖြတ်ရန်အတွက် တစ်စုံတစ်ဦးကိုရှာဖွေမှာဖြစ်သည်။
သို့သော်လည်း မောရစ်သည် ရှောင်ယုမှလှံပစ်စက်များကို ဝယ်ယူရသည့်ရည်မှန်းချက်များကို နားလည်သွားပြီးနောက်တွင် မြို့စားဆမ်သည် သူ၏အစီအစဉ်များကို အတိအကျအကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း ရေးတေးတေးနားလည်လာခဲ့သည်။
အခန်း ၉၅ - ဘန်ဂါဇီမြို့တော်မှထွက်ခွာခြင်း
မောရစ်၏လူများသည် ချပ်ဝတ်တန်ဆာများနှင့် ပုဆိန်များကို နောက်တစ်နေ့နံနက်စောစောတွင် ယူဆောင်လာခဲ့သည်။ရှောင်ယုသည် ထိုလက်နက်များ၏ အရည်အသွေးများကို အလွန်ကျေနပ်နေခဲ့သည်။ထိုလက်နက်များသည် ပန်းပဲဆိုင်မှထုတ်လုပ်သော လက်နက်နှင့်ချပ်ဝတ်တန်ဆာများ၏ အရည်အသွေးလောက်မကောင်းသော်လည်း အတော်အသင့်ကောင်းမွန်ပေသည်။မောရစ်ကြွားဝါထားသည့်အတိုင်း စစ်ပွဲတူကုမ္ပဏီ၏ ထုတ်ကုန်များသည် အမှန်ပင်ကောင်းမွန်လှပေသည်။
ဤလက်နက်များသည် ပေါ့ပါးပြီး အမြောက်အများထုတ်လုပ်နိုင်သောကြောင့် ငွေကြေးအကုန်အကျများပြားခြင်းမရှိပေ။သို့သော်လည်း လှံပစ်စက်များသည်ကား အလွန်စျေးကြီးပေသည်။
လှံပစ်စက်များသည် ပုံမှန်အားဖြင့် အမြောက်အများထုတ်လုပ်သည့် လက်နက်များမဟုတ်ပေ။ထိုသို့လက်နက်များကိုထုတ်လုပ်ရန် ကုမ္ပဏီ၏ လက်မှုပညာရှင်များလိုအပ်ပေသည်။အခြားတစ်ဖက်တွင် လှံပစ်စက်၏အထူးအစိတ်အပိုင်းများကို သက်ဆိုင်ရာပညာရှင်များက အထူးပြုလုပ်ရသောကြောင့် စျေးနှုန်းများမြောက်တက်သွားရခြင်းဖြစ်သည်။ထို့အပြင်ရှောင်ယုသည် အထူးတောင်းဆိုချက်အချို့ကိုပြုလုပ်ပြီး လှံပစ်စက်အားအပြောင်းအလဲပြုလုပ်ခဲ့ရာ အဆုံးသတ်တွင်သေးငယ်သောလှံပစ်စက်တစ်ခု၏တန်ဖိုးသည် ရွှေပြား၅၀၀၀ထိ ရောက်ရှိသွားခဲ့သည်။
ဤအရာသည် သေးငယ်သောလှံပစ်စက်တစ်ခုသာဖြစ်သည်။ခြေလှမ်းပေါင်းရာချီ၍ ပစ်ခတ်နိုင်ပြီးမြို့သိမ်းရာ၌ အသုံးပြုသော လှံပစ်စက်များကိုဝယ်ယူလိုပါက ရွှေပြားသောင်းနှင့်ချီ၍ကုန်ကျမည်ဖြစ်သည်။
ခြင်္သေ့မြို့အားဝိုင်းရံရန် ကာရီအသုံးပြုထားသော လှံပစ်စက်များနှင့် လောက်လွဲစင်များသည် အလွန်ကုန်ကျစရိတ်များပေသည်။ရှောင်ယုသည် ဖြိုဖျက်သူများကိုအသုံးပြုကာ ထိုလက်နက်ကြီးများကို မဖျက်ဆီးခဲ့ပါက ခြင်္သေ့မြို့သည်ဆုံးရှံးမှု အလွန်ကြီးမားသွားမှာဖြစ်သည်။
ထို့ပြင် ပိုမိုကောင်းမွန်သောတိကျမှု ၊ ပိုမိုအကွာအဝေးထိရောက်မှုနှင့် ပိုမိုမြန်ဆန်စွာပစ်လွှတ်နိုင်စေရန်အတွက် လေမှော်အခင်းအကျင်းပါရှိသော လှံပစ်စက်အချို့ရှိပေသည်။၎င်းတို့အား ချမ်းသာသောနယ်မြေများပင် မဝယ်ယူနိုင်သေးပေ။
ထိုလှံပစ်စက်များသည် စစ်လက်နက်တစ်ခုစာမက အဆင့်မြင့်မှော်လက်နက်များသာဖြစ်သည်။ထိုမှော်လှံပစ်စက်များသည် သေးငယ်သောဒုံးကျည်ပစ်စက်များနှင့်တူညီပေသည်။
မှော်အခင်းအကျင်းကို ရေးဆွဲထားသော မှော်လှံများကိုပစ်လွှတ်နိုင်သည့် အဆင့်မြင့်လှံပစ်စက်များသည် မြို့တစ်ခု၏တံတိုင်းသို့်ဟုတ် ဂိတ်တံခါးကို တစ်ချက်တည်းဖြင့်ကွဲထွက်သွားစေမှာဖြစ်သည်။
သို့သော် ထိုလှံပစ်စက်တစ်ခုအား ထုတ်လုပ်ရန် အလွန်အစွမ်းထက်သောမှော်ဆရာများနှင့် လက်မှုပညာရှင်များ ပူးပေါင်းလုပ်ဆောင်ရကာ စျေးနှုန်းသည်အလွန်မြင့်မားပြီး လူတိုင်းမဝယ်ယူနိုင်ပေ။
ရှောင်ယုသည် ဤအပေါ့စားလှံပစ်စက်၅၀ကို ဝယ်ယူရန်ရွှေပြား၂၅၀၀၀၀ ကုန်ကျခဲ့သော်လည်း လောင်းကြေးငွေမြောက်များစွာရှိနေသောကြောင့် ကုန်ကျစရိတ်ကိုဂရုမစိုက်ပေ။ထို့ကြောင့် စာချုပ်အရ ငွေတစ်ဝက်ကိုစပေါ်ငွေအဖြစ် ပေးချေမှာဖြစ်ကာ ကျန်တစ်ဝက်အားပစ္စည်းလက်ခံချိန်တွင် တီတိုမြို့၌ပေးဆောင်မှာဖြစ်သည်။
ရှောင်ယုသည် လက်ပစ်ပုဆိန်များကို အလွန်ကျေနပ်အားရပေသည်။သူသည် အောစ့်တစ်ကောင်စီအတွက် ပုဆိန်၁၀ခုစီပြင်ဆင်ထားပြီး စုစုပေါင်း၂၅၀၀ပြင်ဆင်ထားခဲ့သည်။(ဤနေရာတွင် အမျိုးသမီးအောစ့်များမပါဝင်ပေ)
သူသည် အောစ့်များကို အနီးကပ်တိုက်ခိုက်ရာတွင် လက်ပစ်ပုဆိန်များကို အသုံးပြုခွင့်မပေးခဲ့ဘဲ ရန်သူများကိုပစ်ခတ်ရာတွင် အသုံးပြုရန်စီစဉ်ခဲ့သည်။ဤအနီးကပ်တိုက်ပွဲတွင် အောစ့်များ၏အကောင်းဆုံးလက်နက်မှာ သူတို့၏လက်သီးများပင်ဖြစ်သည်။
"ဟုတ်တယ်...အဲဒါကိုပိုပြီးအသုံးချတတ်အောင် များများလေ့ကျင့်ကြ...မင်းနားလည်လား...ဘာကြောင့်သူတို့ကိုချွေတာဖို့ ကြိုးစားနေသေးတာလဲ...ငါကကြိုက်သလောက်သုံးလို့ရအောင် များများဝယ်ထားတာလေ...ငါကခုဆယ်ယောက်တစ်ဖွဲ့စီဖွဲ့ပေးပြီး ခေါင်းဆောင်တစ်ယောက်စီခန့်အပ်ပေးမယ်...အခြားသူတွေက ပစ်ခတ်နေချိန်မှာ ခေါင်းဆောင်ကအလယ်မှာရှိနေရမယ်..."
ရှောင်ယုသည် အောစ့်များကို အသေးစိတ်သင်ကြားပေးခဲ့သည်။
အောစ့်များသည် သန်မာကြသော်လည်း သူတို့သည် အတွေးအခေါ်ပိုင်းတွင်ကောင်းမွန်သူများ မဟုတ်ကြပေ။ရှောင်ယုသည် ထိုအကြောင်းကိုစဉ်းစားမိချိန်တွင် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းချမိလိုက်သည်။ရှောင်ယုသည် အောစ့်များကတစ်ခုခုကိုသင်ကြားရာတွင် မကျွမ်းကျင်ကြောင်း နားလည်လိုက်သည်။သူတို့သည် တစ်ခုခုကိုသင်ကြားရန် အချိန်အတော်ကြာမြင့်သဖြင့် ရှောင်ယုသည်တစ်ခါတစ်ရံတွင် ဒေါသထွက်ကာခြေထောက်များဖြင့် ကန်ကျောက်လိုက်သော်လည်း အတတ်နိုင်ဆုံးစိတ်ထိန်းထားခဲ့သည်။
အဆုံးသတ်တွင် ရှောင်ယုသည် အချိန်ယူကာဖြေးဖြေးချင်း သင်ကြားပေးရန် ဆုံးဖြတ်ခဲ့သည်။နတ်ဘုရားများသည် အရာအားလုံးကိုဖန်ဆင်းရာတွင် တရားမျှတမှုအပြည့်ရှိခဲ့သည်။အောစ့်များသည် အားကောင်းသော်လည်း သူတို့၏တွေးခေါ်နိုင်စွမ်းမှာ အတန်ငယ်အားနည်းပေသည်။
လူသားစစ်သည်တော်တစ်ဦးဆိုလျှင် အကြိမ်ပေါင်းများစွာလေ့ကျင့်ပြီးနောက် ပုဆိန်ဖြင့်ပစ်ပေါက်ခြင်းအား ရင်းနှီးနေမှာဖြစ်သည်။သို့သော်လည်း လူသားတစ်ဦးသည် ပုဆိန်အားပစ်ပေါက်ခြင်းဖြင့် ကြီးမားသောအဖျက်စွမ်းအားကို မထုတ်လုပ်နိုင်ပေ။အောစ့်များသည် ပုဆိန်အားပစ်ပေါက်ခြင်းဖြင့် အထူ၁၀စင်တီမီတာရှိသော တံခါးအားဖောက်ထွက်သွားစေနိုင်သည်။
ဆိုလိုသည်မှာ အောစ့်များသည်ပုဆိန်ကိုပစ်ပေါက်ခြင်းဖြင့် သံချပ်ကာအားဖောက်ထွင်းစေနိုင်သည်။ထိုအရာသည် တိုက်ပွဲစွမ်းအင်ကို လေ့ကျင့်ထားသော လူသားစစ်သည်တော်များကို ကြီးမားသောအန္တာရယ်ဖြစ်ပေါ်စေမှာဖြစ်သည်။ရှောင်ယုသည် သူ့အားကိုင်တွယ်ရန်အတွက် မြို့စားဆမ်က သန်မာသောသူရဲကောင်းများအား စေလွှတ်လာမည်ကိုကြိုတင်မျှော်လင့်ထားခဲ့သည်။အောစ့်များသည် သတ္တိရှိသော်လည်း လိုက်လျောညီထွေရှိသော ခန္ဓာကိုယ်နှင့် ထူးချွန်သောကိုယ်ခံပညာရှိသော စစ်သည်တော်များကိုရင်ဆိုင်နိုင်စွမ်းမရှိပေ။သို့သော်လည်း သူရဲကောင်းများသည် ထိုမျှလောက်သော စွမ်းအားဖြင့် လက်ပစ်ပုဆိန်များ၏ပစ်ခတ်မှုအောက်မှ ပုန်းအောင်းမနေနိုင်ပေ။
ထို့ပြင် ဤခရီးစဉ်အတွက် ရှောင်ယုထံ၌နတ်သူငယ်လေးပစ်သမားများ မရှိသည့်အတွက်ကြောင့် တာဝေးပစ်တိုက်ခိုက်မှုပြဿနာအား ဖြေရှင်းရန်အတွက် လက်ပစ်ပုဆိန်များကို အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။
သို့သော် လှံပစ်စက်များကို ထိုတိုက်ခိုက်ရေးစွမ်းအားထဲ၌ ထည့်မတွက်ထားသေးပေ။၎င်းတို့၅၀ကို တပြိုင်တည်းအသုံးပြုလိုက်ပါက လှံပစ်စက်များ၏စွမ်းအားသည် အလွန်အံ့သြဖွယ်ကောင်းမှာဖြစ်သည်။
သို့သော်လည်း သူသည်အောစ့်များကို ထိုလှံပစ်စက်မျာအားချိန်တွယ် ပစ်ခတ်ရန်အတွက် အချိန်တစ်ခုယူကာ လေ့ကျင်ပေးခဲ့ရသေးသည်။
နှစ်ရက်ခန့်ကြာမြင့်ပြီးနောက် ပန်းတစ်ရာပွဲတော်လည်း အဆုံးသတ်သွားပြီဖြစ်ကာ မှူးမတ်များနှင့်အတူ ရှောင်ယုသည်လည်း ထွက်ခွာရန်ဆုံးဖြတ်ခဲ့သည်။မြို့စားကြီးဆမ်သည် ရှောင်ယုအားနှုတ်ဆက်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျလာရောက်ခဲ့ကာ အဖိုးတန်လက်ဆောင်များပေးအပ်ခဲ့သည်။ရှောင်ယုသည် သူ၏မျက်နှာပေါ်၌ အပြုံးကိုတပ်ဆင်ကာ မြေခွေးအိုကြီးအား ကျေးဇူးတင်စကားဆိုခဲ့သည်။
ရှောင်ယုသည် ဝမ်ထျန်းဟူအား စစ်ဝမ်၏အမေကို သူတို့နှင့်အတူ ခြင်္သေ့မြို့သို့ ပြန်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ဝမ်ထျန်းဟူသည် အစောပိုင်းတွင်တုံ့ဆိုင်းနေခဲ့သော်လည်း အဆုံးသတ်၌ထိုအဆိုပြုချက်ကို သဘောတူခဲ့သည်။သူသည်ယခုအချိန်၌ ရှောင်ယုအားသွားမရှုပ်လိုသည့်အပြင် ရှောင်ယု၏အနာဂတ်သည် အကန့်အသတ်မရှိကြောင်း ယုံကြည်ထား၍ စစ်ဝမ်၏အမေအား ခြင်္သေ့မြို့သို့ပြန်ခေါ်သွားခွင့်ပြုခဲ့သည်။
ရှောင်ယုသည် ရထားနှင့်အောစ့်အစောင့်အကြပ်များစွာဖြင့် ဘန်ဂါဇီမြို့တော်မှ ထွက်ခွာလာခဲ့သည်။ရှောင်ယုသည် ဘန်ဂါဇိမြို့မှထွက်ခွာချိန် အာဝင်သည်ထိုနေရာ၌ရှိနေခဲ့သည်။ရှောင်ယုသည် သူ၏မျက်လုံးများ၌ ဆိုးယုတ်သောအရိပ်အယောင်များကို တွေ့မြင်လိုက်ရသောကြောင့် အာဝင်သည်သူ့ကိုဖယ်ရှားရန် ခြုံခိုတိုက်ခိုက်မှုများစွာကို စီစဉ်ထားကြောင်း ယုံကြည်ထားခဲ့သည်။
ရှောင်ယုသည် သူ၏ယာဉ်တန်းအတွက် ပုံမှန်အမြန်နှုန်းအတိုင်းသာ ခရီးထွက်ရန်ရွေးချယ်ခဲ့သည်။တစ်ဖက်ရန်သူသည် သူ့အားအနှေးနှင့်အမြန်ရှာတွေ့လိမ့်မည်ဟု ယုံကြည်သည့်အတွက်ကြောင့် မြန်မြန်ဆန်ဆန်ရွေ့လျားခြင်းသည် အဓိပ္ပါယ်မရှိကြောင်း နားလည်ခဲ့သည်။ဤနည်းဖြင့်သူသည် အောစ့်များ၏ခံနိုင်ရည်အား လျော့နည်းခြင်းကိုကာကွယ်ပေးသွားမှာဖြစ်သည်။
စစ်ဝမ်သည်ကား လူတိုင်းထဲတွင် အပျော်ဆုံးဖြစ်သည်။ယခုမူ သူမ၏အမေကို ခြင်္သေ့မြို့သို့ပြန်ခေါ်သွားနိုင်ပြီဖြစ်သည်။ထို့ပြင် သူမ၏အစ်မများသည်လည်း ခြင်္သေ့မြို့၌စောင့်နေပြီဖြစ်သည်။အာဝင်ကဲ့သို့ မင်းမျိုးမင်းနွယ်တစ်ယောက်နှင့် လက်ထပ်ပါက သူမ၏အနာဂတ်ကံကြမ္မာသည် ကောင်းမွန်တော့မည်မဟုတ်ကြောင်း သူမနားလည်ပေသည်။သူမသည် ခြင်္သေ့မြို့၌ အခြားသောအစ်မများနှင့်အတူ ဂရုစိုက်မှုခံယူ၍ နေထိုင်ရပေသည်။ထို့ပြင် သူမ၏လွတ်လပ်မှုကို ကိုယ်ပိုင်အသွေးအသားနှင့်အတူ ဂုဏ်ယူစွာကာကွယ်ပေးမယ့်သူများလည်း ရှိနေသေးသည်။
ယခင်က စစ်ဝမ်သည် ရှောင်ယု၏အပြုအမူအား အလွန်ပင်ရွံရှာစက်ဆုပ်ခဲ့သည်။သို့သော်လည်း ကိစ္စများစွာကြုံတွေ့ပြီးနောက် ရှောင်ယုသည်ယုတ်မာသော်လည်း သူမထင်သလောက်မဆိုးဘူးဆိုတာ သူမသိလိုက်ရသည်။
ရှောင်ယုသည် ညစ်ညမ်းသောစကားလုံးများကို အမြဲလိုလိုသုံးသော်လည်း သူ့ထံတွင်တပ်မက်စိတ်အနည်းငယ်သာရှိပေသည်။ထို့ပြင် သူ့ထံ၌ကြင်နာတတ်သောစရိုက်ရှိကာ အာဝင်ကဲ့သို့ကြောင်သူတော်တစ်ယောက်မဟုတ်ပေ။
ရှောင်ယုသည် မည်သည့်အရာကိုမှ အလွန်အကျွံလုပ်ဆောင်ရန် ဆန္ဒရှိသူမဟုတ်ပေ။ရံဖန်ရံခါ သူသည်ရေချိုးခန်းထဲသို့ ကြည့်တတ်ပြီး သူမတို့ရေချိုးသည်ကိုချောင်းကြည့်လေ့ရှိသည်။အခြားသောမိသားစုသာဆို လျှင် ရှောင်ယုကဲ့သို့သခင်မျိုးသည် သူတို့အားတစ်စုံတစ်ခု အတင်းအကျပ်လုပ်ဆောင်ရန်စေခိုင်းမည်ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။
ထို့ပြင် ရှောင်ယုထံ၌ထူးချွန်ထက်မြက်သော အရည်အချင်းများရှိပြီး ထူးခြားသောဆွဲဆောင်မှုလည်းရှိကာ အောစ့်များကိုကျွန်အဖြစ်မှ ကယ်တင်ခဲ့သည်။
ရှောင်ယုသည် သူမကိုတိတ်တဆိတ်ချောင်းကြည့်ချိန်တွင် သူမသည်စိတ်မဝင်စားဟန်ဆောင်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ တိတ်တဆိတ်ပျော်ရွှင်နေခဲ့သည်။
ရှောင်ယုသည် လမ်းခရီးတလျှောက် ရှုခင်းများကိုကြည့်လိုက် သောက်လိုက်စားလိုက်ဖြင့် အချိန်ကုန်လွန်ခဲ့သည်။သူတို့သည် ရက်အနည်းငယ်ကြာအောင် ခရီးဆက်ပြီးနောက်မြို့ငယ်တစ်ခု၌ ရပ်လိုက်ကြသည်။
ရှောင်ယုသည် အားလပ်ချိန်များတွင် အောစ့်များကိုပုဆိန်အသုံးပြုနည်းသင်ကြားပေးပြီး ရံဖန်ရံခါတွင် အောစ့်၁၀ယောက်က်ို တစ်ဖွဲ့ဖွဲ့ပေး၍ ကျန်အချိန်များတွင်မူ အောစ့်၁၀၀မှ အောစ့်၅၀၀ခန့်အားအတူတူလေ့ကျင့်ပေးလေ့ရှိသည်။အောစ့်ရာချီသည် လက်ပစ်ပုဆိန်များကို တပြိုင်တည်းပစ်လွှတ်ချိန်တွင် ပုဆိန်များ၏လေခွင်းသံသည် နေရာတိုင်း၌ပဲ့တင်ထပ်နေခဲ့သည်။
လီအာသည် ရှောင်ယု၏လေ့ကျင့်မှုပုံစံအား တစ်ချက်ခန့်ပြန်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ရှောင်ယုသည် သူရဲကောင်းများနှင့်ရင်ဆိုင်ရာ၌ အသုံးပြုရန် ဤသို့အသုံးပြုနေကြောင်း သူမရှင်းရှင်းလင်းလင်းသိထားပေသည်။ဤနေရာတွင် တတိယအဆင့်သူရဲကောင်းတစ်ယောက်သည်ပင် ဤတိုက်ခိုက်မှုကိုရှောင်နိုင်မည်မဟုတ်ပေ။သူမသည် ပုဆိန်များစွာဖြင့် ပစ်ချခံလိုက်ပါက သူမသေဆုံးသွားမည်ကိုသိရှိထားပေသည်။
ရှောင်ယုသည် ရံဖန်ရံခါတွင် အရှက်မရှိသော အရူးတစ်ယောက်လိုပြုမူကြောင်း သူမသိရှိထားသည်။သူသည်အရက်သေစာသောက်စားကာ ရိုင်းစိုင်းသောစကားများကို သုံးစွဲတတ်သော်လည်း ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ၏ရိုးတွင်းခြင်ဆီထဲ၌ သိုဝှက်ထားသော သူရဲကောင်းတစ်ယောက်၏စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားပေသည်။
ရှောင်ယုသည် သေမင်းရိတ်သိမ်းသူများကို အနိုင်ယူချိန်မှစ၍ အောစ့်များကိုလေ့ကျင့်ပေးချိန်အထိ စစ်ဘက်ဆိုင်ရာ၌ သူ၏ထူးချွန်သောအရည်အချင်းကိုပြသလေ့ရှိပေသည်။
ထို့အပြင် ဤမျိုးနွယ်ခြားအောစ့်များကိုလည်း ရှောင်ယုသည် သူ၏ကိုယ်ပိုင်မိသားစုဝင်အဖြစ် သတ်မှတ်ထားခဲ့ပေသည်။သူသည် ၎င်းတို့အားသိမ်းသွင်းရန်အတွက် အလွန်ရိုးရှင်းသောနည်းလမ်းတစ်ခုကို အသုံးပြုခဲ့ပေသည်။ဤအရာသည် အလွန်နည်းပါးသောလူနည်းစုသာ လုပ်ဆောင်နိုင်သောအရာဖြစ်သည်။
အခန်း ၉၆ - စောင့်ဆိုင်းခြင်း
ရှောင်ယုတို့အဖွဲ့သည် ရက်ဒါဇင်ခန့်အကြာ ခရီးသွားပြီးနောက်တွင် ကန်းနိုင်ငံ၏နယ်စပ်သို့ရောက်ရှိလာခဲ့သည်။
သူမျှော်လင့်ထားခဲ့သည့်အတိုင်း ကန်းနိုင်ငံအတွင်းသွားလာနေစဉ်အတွင်း သူတို့အဖွဲ့သည် လုံခြုံနေခဲ့သည်။မြို့စားဆမ်သည် ကန်းနိုင်ငံအတွင်း၌ သူ့အားလာမထိခဲ့ပေ။
ရှောင်ယုသည် ကန်းနိုင်ငံနှင့်တစ်ရက်ခွဲခန့် ခရီးအကွာအဝေးရှိသော တီတိုမြို့သို့ ခရီးပြင်းနှင်ခဲ့သည်။တိုင်ရန်ဒီသည် ယာဉ်တန်း၏ရှေ့ဆုံးမှနေ၍ ကျားဖြူကိုစီးကာ ကင်းထောက်နေခဲ့ပြီး သူတို့အဖွဲ့အားချောင်းမြောင်းနေသောရန်သူများရှိမရှိ ထောက်လှမ်းခဲ့သည်။ဤနေရာတွင် တိုင်ရန်ဒီ၏လင်းယုန်မျက်လုံးကျွမ်းကျင်မှုသည် များစွာအရေးပါပေသည်။
ရှောင်ယုသာ တီတိုမြို့သို့ရောက်ရှိပြီး လှံပစ်စက်များကိုရယူန်ိုင်ခဲ့ပါက သူသည်မည်သူ့ကိုမှ မကြောက်ရွံ့တော့ပေ။
ထိုလှံပစ်စက်အခု၅၀သည် ရှောင်ယုကြုံတွေ့လာမယ့် ပြသနာများစွာကို ဖြေရှင်းနိုင်မည်သာဖြစ်သည်။ထိုလက်နက်များကို စစ်တပ်တစ်ခုအားဖယ်ရှားရန်အတွက်ပင် အသုံးပြုနိုင်ပေသည်။ကန်းနိုင်ငံ၏နယ်စပ်မှ တီတိုမြို့သို့သွားရာခရီးလမ်းသည် လွင်ပြင်ကျယ်ကြီးဖြစ်ရာ ခြုံခိုတ်ိုက်ခိုက်နိုင်သည့်အခြေအနေတွင်မရှိ၍ ရှောင်ယုသည်အလွန်ပေါ့ပါးနေခဲ့သည်။
ရှောင်ယုတို့အဖွဲ့သည် တိတိုမြို့သို့လုံခြုံစွာရောက်ရှိလာသည်နှင့် စစ်ပွဲတူကုမ္ပဏီသို့ ချက်ချင်းသွားရောက်ခဲ့သည်။ရှောင်ယု၏အောစ့်အစောင့်များသည် မြို့ထဲသို့ဝင်ရောက်လာသည်နှင့် အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သော်လည်း ရှောင်မိသားစု၏အလံကိုအသုံးပြုနေသောကြောင့် မြို့စောင့်တပ်များက သူတို့၏လမ်းကြောင်းကိုမပိတ်ဆို့ခဲပေ။
စစ်ပွဲတူကုမ္ပဏီ၏ အဓိကကိုယ်စားလှယ်ဖြစ်သူသည် ရှောင်ယုအားကိုယ်တိုင်ကိုယ်ကျနှုတ်ဆက်ခဲ့သည်။ရှောင်ယုသည် အချိန်မဖြုန်းတော့ဘဲ လှံပစ်စက်၅၀ကို တောင်းယူခဲ့သည်။ရှောင်ယုသည် လှံပစ်စက်များကို လက်ခံရရှိပြီးနောက်တွင် အသေအချာစစ်ဆေးကာ လှံပစ်စက်တွင်ထည့်သွင်းပစ်ခတ်ရန် လှံများကိုအလုံအလောက် ဝယ်ယူကာ ရထားများပေါ်တင်ထားလိုက်သည်။သူသည် တီတိုမြို့၌တစ်ညနားနေရန် စီစဉ်ထားခဲ့ကာ နောက်တစ်နေ့၌ခြင်္သေ့မြို့သို့ပြန်ရန် စီစဉ်ခဲ့သည်။
ရှောင်ယုသည် ညဘက်အချိန်များ၌ မည်သည့်အရာကိုမှပေါ့ပေါ့တန်တန်မလုပ်ဆောင်ရဲခဲ့ပေ။သူသည် တိုင်ရန်ဒီအား ညအချိန်၌သတိရှိရှိနေရန်နှင့် ရန်သူများ၏တိုက်ခိုက်မှုအား တားဆီးရန်အမိန့်ပေးခဲ့သည်။နတ်သူငယ်များ၏ အမြင်အာရုံသည် ညဘက်အချိန်တွင် အခြားသူများထက် ပိုမိုကောင်းမွန်သောသောကြောင့် ညဘက်၌ကင်းလှည့်ရန်သင့်တော်ပေသည်။
သို့သော်လည်း ညဘက်အချိန်၌ သေးငယ်သောသူခိုးအနည်းငယ်က သူတို့၏ရွှေပြားများကို ခိုးယူရန်ကြိုးစားသည်မှလွဲ၍ မည်သည့်ကြီးကြီးမားမားအဖြစ်အပျက်မှ မရှိခဲ့ပေ။ရှောင်ယုသည် ဤခရီးစဉ်၌ ရွှေပြားများစွာအနိုင်ရခဲ့သည့်အပြင် သူ၏ဇိမ်ခံရထားသည် တီတိုမြို့ထဲသို့ဝင်လာချိန်၌ လူများစွာ၏အာရုံစိုက်မှုကိုရရှိခဲ့သည်။မည်သို့ပင်ဆိုစေ တိုင်ရန်ဒီက ထိုသူခိုးအားလုံးကိုသတ်ဖြတ်ခဲ့သည်။
ထို့ပြင် တိုင်ရန်ဒီသည် သူတို့အားလျှို့ဝှက်စုံစမ်းထောက်လှမ်းရန်အတွက် ကင်းထောက်များရောက်ရှိလာကြောင်း တွေ့ရှိခဲ့သည်။လီအာသည် ထိုလုပ်ကြံသူ၄ယောက်အား အခက်အခဲမရှိဖမ်းဆီးကာ ရှောင်ယုကိုကူညီပေးခဲ့သည်။သေချာသည်မှာ သူမသည်ထိပ်တန်းလုပ်ကြံသူတစ်ယောက်ဖြစ်သည်။
ရှောင်ယုသည် သူ့အားသတ်ဖြတ်ရန် တစ်စုံတစ်ယောက်မှ ကြိုးစားမလာသရွေ့ သူ့အားလာမနိုးရန် အမိန့်ထုတ်ထားခဲ့သည်။နောက်တစ်နေ့နံနက်ခင်းတွင် ရှောင်ယုနိုးလာပြီးနောက် လုပ်ကြံသူများကိုစစ်ဆေးမေးမြန်းရာ ပထမတစ်ယောက်က ခေါင်းမာစွာဖြင့် ရေငုံနှုတ်ပိတ်နေခဲ့သည်။ထို့ကြောင့် ရှောင်ယုသည် ထိုလုပ်ကြံသူအားခေါင်းဖြတ်၍ ခွေးစာကျွေးပစ်ရန် သားရဲ၁ကိုအမိန့်ပေးခဲ့သည်။
အခြားသောလုပ်ကြံသူများသည် ပထမတစ်ယောက်၏ အဖြစ်ဆိုးကိုတွေ့မြင်ပြီးနောက် မည်သည့်အရာကိုမှဖုံးကွယ်ထားဝံ့ခြင်းမရှိတော့ဘဲ မစ်ရှင်၏အသေးစိတ်အချက်အလက်များနှင့် သူတို့ရရှိမယ့်ဆုငွေနှင့်ပတ်သက်၍ အရာအားလုံးကိုပြောပြခဲ့သည်။ရှောင်ယုသည် လုပ်ကြံသူများထံမှ ရရှိလာသောသတင်းအချက်အလက်များကို စီစစ်၍ ရန်သူတပ်ဖွဲ့၏ အရေအတွက်ကို ခန့်မှန်းခဲ့သည်။
ရန်သူသည် သူအားအမှီလိုက်နိုင်ရန် ငွေအမြောက်အများသုံးစွဲခဲ့ပုံရသည်။ရှောင်ယုသည် စစ်ဆေးမေးမြန်းပြီးနောက်တွင် ကျန်လုပ်ကြံသူ၃ယောက်အား သတ်ပစ်ရန် အမိန့်ပေးလိုက်သည်။ထို့နောက် အခြားသောလုပ်ကြံသူများအား သတိပေးစေရန်အတွက် သူတို့၏ခေါင်းပြတ်များကို ယာဉ်တန်းရှေ့၌ ချိတ်ဆွဲခဲ့သည်။
ရှောင်ယုသည် ယခုလိုကြမ်းတမ်းပြီး ဖရိုဖရဲဖြစ်နေသောခေတ်၌ နူးညံ့သိမ်မွေ့စွာ ပြုမူရန်မဖြစ်နိုင်ကြောင်း နားလည်ထားသည်။
ယာဉ်တန်းသည် တီတိုမြို့မှ ထွက်ခွာသွားပြီးနောက်တွင် ဖြေးညင်းစွာသာခရီးဆက်ခဲ့သည်။မွန်းလွဲချိန်သို့ရောက်သောအခါ ရှောင်ယုသည် စခန်းချရန်အတွက်ကောင်းမွန်သော မြေပြင်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အောစ့်များအား စတင်လေ့ကျင့်ပေးခဲ့သည်။
လှံကိုယ်ထည်အား ခိုင်ခံ့သောသစ်မာသားဖြင့်တည်ဆောက်ထားကာ ဧရာမအောက်ခံတစ်ခုအား တပ်ဆင်ထားခဲ့သည်။ထိုသို့မဟုတ်ပါက လူများသည် သူတို့ဆန္ဒအလျောက် ထိုလှံပစ်စက်များကိုရွေ့လျားနိုင်မည်မဟုတ်ပေ။သို့သော်လည်း ရှောင်ယုသည် ထိုအောက်ခံကိုယ်ထည်နှင့်ဧရာမလှံပစ်စက်ကိုခွဲခြားရန် ပြုလုပ်ခဲ့သည်။ဤနည်းဖြင့် အောစ့်များသည် ဧရာမလှံပစ်စက်ကြီးကို အလိုရှိသလိုရွေ့ပြောင်းနိုင်ကာ ပစ်ခတ်ရာလမ်းကြောင်းကိုချိန်ညှိပေးနိုင်မှာဖြစ်သည်။၎င်းသည် လှံပစ်စက်၏ရွေ့လျားမှုကို သိသိသာသာတိုးတက်စေသည်။
အောစ့်များသည် လှံပစ်စက်များကို သယ်ဆောင်ရာတွင် ပြသနာမရှိခဲ့ပေ။သို့သော်လည်း သူတို့၏လက်ကြီးများကြောင့် လှံများကိုပစ်ခတ်ရန် ထည့်သွင်းရာတွင် အလွန်နှေးကွေးကာ သူတို့၏ရည်ရွယ်ချက်များကလည်း အတော်ညံ့ဖျင်းပေသည်။
ရှောင်ယုသည် သူတို့အားဦးတည်ချက်တစ်ခုစီတည့်မတ်ကာ ပစ်ခတ်နိုင်စေရန် လေ့ကျင့်ပေးထားခဲ့သည်။သူတို့သည် တိကျသောပစ်မှတ်တစ်ခုစီ ပစ်ခတ်နိုင်အောင် လေ့ကျင့်ပေးနိုင်မည်ဟု ယုံကြည်ပေသည်။သူသည် နာရီနည်းလမ်းကိုအသုံးပြုကာ ဦးတည်ချက်ကိုချိန်ညှိပေးသော နည်းလမ်းအားသင်ကြားပေးရန် ကြိုးစားခဲ့သည်။သို့သော်လည်း အောစ့်များသည်ထိုသို့ရိုးရှင်းသောနည်းလမ်းကိုပင် မဖမ်းဆုပ်နိုင်ကြောင်း သူသိရှိလိုက်ရသည်။ရှောင်ယုသည် အဆက်မပြတ်သင်ကြားပေးသော်လည်း ထိုအောစ့်များသည်လမ်းညွန်ချက်များကို မမှတ်မိပေ။
ရှောင်ယုသည် ဤနေရာတွင် အချိန်တစ်ခုကြာသည်အထိ စခန်းချနေထိုင်ကာ အောစ့်များအား နည်းစနစ်များကိုအသေးစိတ်သင်ကြားပေးရန်မှလွဲ၍ ရွေးစရာမရှိခဲ့ပေ။
ရှောင်ယုသည် ဤနေရာမှရွေ့ပြောင်းရန် ဆန္ဒမရှိကြောင်းတွေ့မြင်လိုက်ချိန်တွင် လီအာသည်အလွန်ထူးဆန်းစွာ ခံစားလိုက်ရသည်။ယခုအခါ ရန်သူများသည်အချိန်မရွေးလိုက်ဖမ်းနိုင်သောကြောင့် ခြင်္သေ့မြို့သို့အမြန်ဆုံးပြန်သွားနိုင်ပြီဖြစ်သည်။
"ခုချိန်မှာ သူတို့ကအရိပ်ထဲရောက်နေတာဆိုတော့ သူတို့ကဘယ်အချိန် ဘယ်နေရာမှာချောင်းမြောင်းတိုက်ခိုက်မလဲဆိုတာ ငါမသိဘူး...အဲ့အစား ငါတို့ကစိတ်ရှည်ရှည်ထားပြီး သူတို့ကိုစောင့်ဆိုင်းရမယ်...သူတို့ကငါတို့ဆီကို သဘာဝကျကျရောက်လာလိမ့်မယ်..."
ရှောင်ယုကရှင်းပြလိုက်သည်။
ရှောင်ယုက ရန်သူများသည် အချိန်ဆွဲနေမည်မဟုတ်ကြောင်း ယုံကြည်ခဲ့သည်။သူသာ ဤနေရာ၌မရွေ့လျားဘဲ စခန်းချနေပါက သူတို့အားတိုက်ခိုက်လာမှာဖြစ်သည်။
ရှောင်ယုသည် အောစ့်များကို သစ်ပင်ခုတ်ခိုင်းကာ စခန်းချရာနေရာတဝိုက်၌ အတားအဆီးများလုပ်ခိုင်းခဲ့သည်။ထိုအတားအဆီးများသည် ရန်သူများကိုတားဆီးနိုင်မည်ဖြစ်သည်။ရှောင်ယုသည် ဤသို့ပြဿနာကိုဖြေရှင်းရန်အတွက် နှစ်လကျော်ကြာအသက်ရှင်နေထိုင်နိုင်မည့် အစားအသောက်များကို လုံလောက်စွာဝယ်ယူခဲ့သည်။
ရှောင်ယုသည် ယခုလ်ိုတိုက်ပွဲမျိုးကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း နားလည်ထားပါက ကင်းမျှော်စင်အားတည်ဆောက်ရန် အလုပ်သမားသို့မဟုတ် လယ်သမားများကိုခေါ်လာမည်ဖြစ်သည်။
ရှောင်ယုသည် ထိုကင်းမျှော်စင်များအား ခြင်္သေ့မြို့ရိုးထိပ်၌ ထားရှိလိုခဲ့သည်။သို့သော်လည်း ထိုစနစ်သည် ကင်းမျှော်စင်များအား နံရံထိပ်၌တည်ဆောက်ခွင့်မပြုကြောင်း တွေ့ရှိခဲ့သည်။မည်သို့ပင်ဆိုစေ အခြေစိုက်စခန်း၃ခုအနီးတွင် ကင်းမျှော်စင်များကို ထောက်တိုင်များအဖြစ်တည်ဆောက်ထားခဲ့ကာ တိုက်ခိုက်လာသူများကို ခုခံကာကွယ်ရန် ခံစစ်မျည်းအဖြစ်တည်ဆောက်ထားခဲ့သည်။
...
...
ရှောင်ယု၏ခန့်မှန်းချက်သည် မမှားယွင်းခဲ့ပေ။ရန်သူများသည် ရက်အတော်ကြာသည်အထိ ရှောင်ယုထံမှ သတင်းအချက်အလက်မရရှိခဲ့သောကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်လာခဲ့သည်။
ထို့ကြောင့် ရှောင်ယုသည်အခြားလမ်းကြောင်းတစ်ခုမှထွက်ခွာသွားခြင်း သို့မဟုတ် သူတို့ထက်မြန်ဆန်သူတစ်ဦးမှဝင်ရောက်လုယက်သွားခြင်းစသည်တို့ကို တွေးမိလာခဲ့ကြသည်။
အဆုံးသတ်တွင် ရန်သူများသည်အခြေအနေစုံစမ်းရန် ကင်းထောက်များစေလွှတ်ခဲ့သော်လည်း တိုင်ရန်ဒီက ထိုကင်းထောက်အားလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။ဤနေရာတွင် ကျားဖြူထက်ပိုမိုမြန်ဆန်သောလူသားမရှိခဲ့ပေ။
ရန်သူများ၏အဓိကတာဝန်မှာ ရှောင်ယုကိုသတ်ဖြတ်၍ အောစ့်များကိုဖမ်းဆီးရန်ဖြစ်သည်။သို့သော်လည်း ရှောင်ယုတို့အဖွဲ့သည် လုံးဝသတင်းအစအနပျောက်ဆုံးနေခဲ့ရာ ရန်သူများသည် မူလကပြင်ဆင်ထားသည့်တိုက်ခိုက်ရေး အစီအစဉ်များကိုစွန့်လွှတ်၍ ရှောင်ယုကိုရှာဖွေခဲ့ကြသည်။ထို့နောက် အချိန်အတော်ကြာရှာဖွေပြီးနောက်တွင် ရှောင်ယု၏နေရာကိုရှာတွေ့ခဲ့ကြပြီး ရှောင်ယုသည်စခန်းတစ်ခုပြုလုပ်ကာ အချိန်အတော်ကြာအောင်စခန်းချနေထိုင်ရန် ပြင်ဆင်နေကြောင်း ရိပ်မိလိုက်ကြသည်။
ရှောင်ယုသည် သာမန်အသိအမြင်များမှခွဲထွက်ကာ ရူးမိုက်သောလုပ်ရပ်တစ်ခုကိုအစပြုခဲ့သည်ဟု ရန်သူတပ်မှူးကယူဆလိုက်သည်။
တပ်မှူးဖြစ်သူသည် ခြုံခိုတိုက်ခိုက်မှုအား မပြုလုပ်မှီ ကြီးမားသောဖိအားအောက်၌ကျရောက်နေခဲ့သည်။ယခုတစ်ကြိမ်တွင် စိတ်ပိုင်းဆိုင်ရာအခြေအနေကိုအောင်နိုင်သူက တိုက်ပွဲကိုအနိုင်ရမှာဖြစ်သည်။
ဂျာမန်တို့သည် ခရောစ့်မြို့အား ဆိုဗီယက်တို့လက်မှ လုယူတိုက်ခိုက်ချိန်၌ အလားတူအခြေအနေမျိုးဖြစ်ပျက်ခဲ့သည်။ဆိုဗီယက်တို့သည် ခံစစ်မျည်းကြောင်းများကို အထပ်အထပ်ပြုလုပ်ထားခဲ့သော်လည်း ရန်သူများကမတိုက်ခိုက်ခဲ့ကြပေ။ထို့ကြောင့် ဆိုဗီယက်တပ်မှူးသည် ဂျာမန်ဘက်မှ ၃ရက်အတွင်းမတိုက်ခိုက်ပါက သူတို့ဘက်ကမှစတင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။အဆုံးသတ်တွင် ကံကောင်းစွာဖြင့်ဂျာမန်တို့က စတင်တိုက်ခိုက်လာကာ ဆိုဗီယက်တို့က ထိုတိုက်ပွဲ၌အောင်ပွဲခံခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း ရှောင်ယုသည်ဤစိတ်ပိုင်းဆိုင်ရာတိုက်ပွဲအား အနိုင်ရရှိရန်ကြံရွယ်ထားခဲ့သည်။
ရှောင်ယုသည် သူ့တပ်သားများ၏တပ်မှူးဖြစ်ကာ အရာရာတိုင်းကိုတာဝန်ယူခဲ့သည်။သို့သော်လည်း ရန်သူ၏တပ်မှူးသည် ဖိအားများအောက်တွင် အထက်အရာရှိကိုတင်ပြရပေသည်။သူသည် ဤတိုက်ပွဲအားရှံးနိမ့်၍လုံးဝမရပေ။
ထို့ပြင် သူတို့သည် အခြားနယ်မြေ၌ရှိနေသောကြောင့် ဤနယ်မြေတွင်အချိန်အတော်ကြာ မနေနိုင်ကြပေ။အခြားသူများသည် သူတို့၏နယ်မြေ၌ ကြီးမားသောတပ်ဖွဲ့ကြီးတစ်ခုပေါ်ထွက်လာသည်ကိုမြင်ပါက ငြိမ်ငြိမ်နေကြမှာမဟုတ်ပေ။
ထို့ကြောင့် ရန်သူတပ်မှူးသည်ရှောင်ယု၏တည်နေရာကို ရှာတွေ့ပြီးနောက် စတင်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။သူသည် အကြိမ်ပေါင်းများစွာတိုက်စစ်ဆင်ပါက ဤခံစစ်ကိုအောင်နိုင်မည်ဟု ယုံကြည်ပေသည်။
အကယ်၍ ရှောင်ယုကသာ ခြင်္သေ့မြို့အား အင်အားကြီးရန်သူလက်ထဲမှ ၂ကြိမ်တိုင်တိုင်အောင်မြင်စွာခုခံနိုင်ကြောင်း သိရှိသွားခဲ့ပါက သူသည် ယခုလိုပြတ်ပြတ်သားသားဆုံးဖြတ်မိမှာမဟုတ်ပေ။