← Chapters

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း ၉၇ - ပျံသန်းနေသောပုဆိန်များ

ရှောင်ယုသည် ဝိုင်နီကိုအေးဆေးမော့သောက်ရင်း နဂါးလေးနှင့်အတူဆော့ကစားနေပြီး တစ်ဖက်မှရန်သူစစ်တပ်အလာက်ို စောင့်ဆိုင်းနေခဲ့သည်။သူ့ကိုကြည့်ရသည်မှာ နောင်လာမယ့်တိုက်ပွဲအား ဂရုစိုက်နေပုံမရပေ။နဂါးလေးသည် အရွယ်အစားအနည်းငယ်ကြီးမားလာပြီး သူ၏အတောင်ပံများသည် ပိုမိုမာကျောကာ သူ့အားအရှိန်ပြင်းပြင်းဖြင့်ပျံသန်းနိုင်ရန်ကူညီပေးသည်။ထို့ပြင် နဂါးလေးမှုတ်ထုတ်လိုက်သော မီးတောက်သည်လည်း ယခင်ကထက်ပိုမိုပြင်းထန်လာပြီး လူတစ်ဦးကိုပင်လောင်ကျွမ်းစေနိုင်ပေသည်။ရှောင်ယုသည် နဂါးသူရဲကောင်းအဖြစ် စိတ်ကူးယဉ်ရင်း နဂါးလေးအား ကြည့်လိုက်သည်။

ရှောင်ယုသည် နဂါးလေးအားကြက်ကင်ကဲ့သို့ သာမန်အစားအစာများကို ကျွေးနေပါက၎င်း၏ အရိုင်းစိတ်အားဆုံးရှံးရလိမ့်မည်ဟု လီအာကသတိပေးခဲ့သည်။ထို့ကြောင့် ရှောင်ယုသည်တီတိုမြို့၌ရှိစဉ်က အသားစိမ်းများစွာကိုဝယ်ယူခဲ့သည်။နဂါးလေးသည် အစောပ်ိုင်းတွင် သွေးစွန်းနေသော အသားကိုမစားချင်သော်လည်း ရှောင်ယုကအတင်းတွန်းအားပေးခဲ့သည်။နဂါးလေးသည် ထိုအသားစိမ်းတစ်ပိုင်းကို အတင်းမြိုချကာ မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် ရှောင်ယုအားမော့ကြည့်လိုက်သည်။

ရှောင်ယုသည် ဂရုမစိုက်မိသည့်အခါမျိုးတွင် စစ်ဝမ်သည် နဂါးလေးအားအဆာပြေမုန့်များ ခိုးကျွေးလေ့ရှိသည်။ရှောင်ယုသည် ထိုအရာကိုသတိထားမိသော်လည်း အသေးအဖွဲ့သာဖြစ်၍ မျက်လုံးမှိတ်ထားလိုက်သည်။သူသည် နဂါးလေးအားသင်ကြားပေးရာ၌ လွန်စွာမတင်းကျပ်လိုပေ။

ထို့နောက် မကြာမှီတိုက်ပွဲတစ်ခုရှိလာနိုင်ကြောင်း အောစ့်များကိုအသိပေးခဲ့သည်။သူတို့သည် လူသားများအပေါ် မုန်းတီးမှုကိုအခြေခံကာ တိုက်ခိုက်ရန်အသင့်ဖြစ်နေခဲ့ကြသည်။ရှောင်ယုကိုယ်တိုင်သည်ပင် အောစ့်တို့၏အမုန်းတရားသည် အနာဂတ်၌ဖြစ်လာန်ိုင်မယ့် အန္တာရယ်တစ်ခုဖြစ်ကြောင်း ခံစားမိသည်။ထို့ကြောင့် အချိန်ရပါက အောစ့်တို့အား လူသားတို့၏ကောင်းကွက်များကို ဖြည်းဖြည်းချင်းသင်ကြားပေးရန် စီစဉ်ခဲ့သည်။ထိုသို့မဟုတ်ပါက အတိတ်သမိုင်းတွင်ဖြစ်ပျက်ခဲ့သော ပဋိပက္ခများသည် အေဇာရောဂ့်တိုက်ကြီးတွင် တဖန်ဖြစ်ပေါ်လာမည်ဖြစ်သည်။

သို့သော် လက်ရှိအချိန်၌ လူသားများသည် အောစ့်များကို သူတို့နှင့်တန်းတူမသတ်မှတ်ဘဲ အဆင့်နိမ့်သားရဲမျိုးနွယ်တစ်ခုအဖြစ် ရှုမြင်ထားကြသည်။

ရှောင်ယုသည် အနာဂတ်၌ ထိုကွဲလွဲမှုများအား ဖြေရှင်းရန်စီစဉ်ထားခဲ့သည်။သူသည် ခြင်္သေ့မြို့သို့ပြန်ရောက်ပြီးနောက်တွင် လူမျိုးရေးဆိုင်ရာတန်းတူအယူအဆကို ဖော်ထုတ်ရန်ကြံရွယ်ထားခဲ့သည်။ထိုအယူအဆမှတဆင့် ခြင်္သေ့မြို့မှလူများသည် အခြားမျိုးနွယ်စုများအပေါ်ရန်စခွင့်မရှိဘဲ အချင်းချင်းသာတူညီမျှပူးပေါင်းနေထိုင်ရန် ခွင့်ပြုပေးလာမှာဖြစ်သည်။

အောစ့်များသည် လှံပစ်စက်များအား အသုံးပြုရာတွင်မကျွမ်းကျင်သော်လည်း အချိန်တစ်ခုကြာလေ့ကျင့်ပြီးနောက် ပန်းတိုင်သို့အရောက်လှမ်းနိုင်ခဲ့သည်။

တိုင်ရန်ဒီသည် သူ၏ကျားဖြူကိုစီးနင်းကာ ရန်သူ့အခြေအနေကိုစောင့်ကြည့်၍ အချိန်တိုင်းလိုလိုသတင်းပို့နေခဲ့သည်။ရှောင်ယုသည် သူမတင်ပြသောအစီရင်ခံစာမှတဆင့် ရန်သူသည်တပ်သား၃၀၀၀ကိုစုဆောင်းထားကြောင်း နားလည်ခဲ့သည်။ထို့ပြင်ရန်သူတပ်သားများသည် အပေါ့စားမြင်းတပ်သားများဖြစ်ကြသည်။

အမာခံမြင်းတပ်သားများသည် ခုခံနိုင်စွမ်းအလွန်ကောင်းကာ စစ်မြေပြင်၏ဘုရင်တစ်ပါးဖြစ်သော်လည်း အပေါ့စားမြင်းတပ်သားများနှင့်နှိုင်းယှဉ်ပါက အလွန်နှေးကွေးပေသည်။အပေါ့စားမြင်းတပ်သားသည် ခြုံခိုတိုက်ခိုက်ခြင်းနှင့်လျှပ်တပြက်တိုက်ခိုက်ရာတွင် အကောင်းဆုံးဖြစ်သည်။

မည်သို့ပင်ဆိုစေ စခန်းချရာနေရာတဝိုက်၌ ရှောင်ယုပြင်ဆင်ထားသော အတားအဆီးများသည် အပေါ့စားမြင်းတပ်သားများ၏ အားသာချက်ကိုလျော့ကျစေသည်။သို့ဖြစ်ရာ ရှောင်ယုသည်တိုက်ပွဲတွင်အနိုင်ရရန် အကြွင်းမဲ့ယုံကြည်မှုရှိပေသည်။

ရန်သူသည် တစ်နာရီခန့်ကြာအောင် ဆန့်ကျင်ဘက်အရပ်၌ရှိနေသော်လည်း စတင်မတိုက်ခိုက်ခဲ့ပေ။သူတို့သည် ကင်းထောက်များအဖြစ်စေလွှတ်ရန် အပေါ့စားမြင်းတပ်သားအနည်းငယ်ကို စေလွှတ်ခဲ့သော်လည်း ရှောင်ယု၏အတားအဆီးများကို ဖြတ်ကျော်ရန်အလွန်ခက်ခဲကြောင်း တွေ့ရှိခဲ့သည်။သူတို့သာ ထိုအတားအဆီးများကို မဖြတ်ကျော်နိုင်ခဲ့လျှင် သူတို့၏ချီတက်နှုန်းအရှိန်သည် အလွန်နှေးကွေးသွားမည်ဖြစ်သည်။

ရှောင်ယုသည် ဤတိုက်ပွဲအတွက် ရွန်းမဲလ်၏နည်းဗျူဟာများကို အတိအကျလိုက်နာခဲ့သည်။ထိုနည်းဗျူဟာများအရ စစ်သည်များသည် အနားယူရန် ခံတပ်များကိုအမြန်ဆုံးတည်ဆောက်ရပေမည်။ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ခိုင်ခံ့သောခံတပ်များက အသေအပျောက်များကို လျော့ချပေးနိုင်ပေသည်။

ရှောင်ယုသည် စစ်ရေးနည်းဗျူဟာရှင်မဟုတ်သော်လည်း ခံတပ်များကိုတည်ဆောက်ခြင်းက သူတို့၏ခုခံမှုကိုထောင်တက်သွားစေမည်ဟု ယုံကြည်မှုအပြည့်ရှိပေသည်။

ထို့ကြောင့် ရှောင်ယုသည် အောစ့်များကိုသစ်ခုတ်ရန် အမိန့်ပေးခဲ့ကာ ထိုသစ်လုံးများအား အတန်းလိုက်ပူးတွဲချည်နှောင်ထားရန် အမိန့်ပေးခဲ့သည်။ထိုသစ်လုံးအတားအဆီးများအား မြေပြင်နှင့်တောင်စောင်းထိစပ်နေသောနေရာ၌ တည်ဆောက်မှာဖြစ်သည်။

ရှောင်ယုသည် ဤနေရာတွင်ပထမကမ္ဘာစစ်မှ တိုက်ခိုက်ရေးသီအိုရီကို အသုံးချခဲ့သည်။သူ၏ဗျူဟာမှာ ရန်သူကိုအသာစီးရရှိရန် ကတုတ်ကျင်းများ ပြုလုပ်ခြင်းအပေါ် အခြေခံပေသည်။ယခုရန်သူများသည် ထိုသို့သောနည်းဗျူဟာများနှင့်သီအီုရီများအပေါ် ရင်းနှီးမှုမရှိသေးပေ။

မြင်းတပ်များကိုတားဆီးရန် ခံတပ်အတားအဆီးများအား ဖော်ဆောင်ခြင်းသည် ၎င်းတို့၏တိုက်ပွဲစွမ်းအားတစ်ဝက်ကို ဆုံးရှံးစေမှာဖြစ်သည်။ထိုသို့မဟုတ်ပါက ရှောင်ယုသည်ဤနေရာ၌စခန်းချမှာမဟုတ်ပေ။

မူလက ရန်သူများသည် ရှောင်ယုထွက်ပြေးခြင်းမှတားဆီးရန် စီစဉ်ထား၍ အပေါ့စားမြင်းတပ်သားများကို ယူဆောင်လာခဲ့သည်။သို့သော် ပြောင်းလဲသွားသော အခြေအနေအနေများကြောင့် အပေါ့စားမြင်းတပ်သားများသည် အသုံးမဝင်တော့ပေ။

လူအများစုသည် ဘက်ပေါင်းစုံမှ ရန်သူများဖြင့် ဝိုင်းရံခံရပါက သက်တောင့်သက်သာရှိစေရန် သူတို့၏နယ်မြေသို့သာအမြန်ဆုံးရောက်ရှိအောင် ကြိုးစားကြမှာဖြစ်သည်။သို့သော် ရှောင်ယုသည်ကား ခြင်္သေ့မြို့သို့ပြန်မည့်အစား စခန်းချနေထိုင်ရန်ဆုံးဖြတ်ခဲ့ရာ ရန်သူများ၏ခြုံခိုတိုက်ခိုက်မှုအစီအစဉ် မအောင်မြင်တော့ပေ။

ရန်သူ့တပ်မှူးသည် ရှောင်ယုရွေးချယ်ထားသော မြေနေရာအနေအထားနှင့် ခံတပ်အတားအဆီးများကြောင့် သင့်တော်သောတိုက်ခိုက်ရေးအစီအစဉ်အား မဖော်ဆောင်နိုင်တော့ပေ။အပေါ့စားမြင်းတပ်သားများသည် လက်နက်ကြီးများကို မသယ်ဆောင်နိုင်ရာ ရှောင်ယုတို့အား တာဝေးပစ်လက်နက်ကြီးများဖြင့် မတိုက်ခိုက်နိုင်ပေ။

"လူ၅၀၀ကိုရွေးပြီး ရှေ့တန်းကိုပို့လိုက်...သူတို့ကအဲ့အတားအဆီးတွေကိုဖျက်ဆီးဖို့ ရှေ့ကိုပြေးတက်ရလိမ့်မယ်"

ရန်သူတပ်မှူးက အော်ဟစ်အမိန့်ပေးလိုက်သည်။

ထိုအတားအဆီးများသည် မြင်းတပ်၏လှုပ်ရှားမှုကို အနှောင့်အယှက်ပေးနိုင်သောကြောင့် ရန်သူတပ်မှူးသည် ထိုအတားအဆီးများကို ချေဖျက်ရန် မကြိုးစားပါက လူမိုက်တစ်ယောက်ဖြစ်ပေလိမ့်မည်။

အပေါ့စားမြင်းတပ်သား ၅၀၀သည် သူတို့၏မြင်းများမှဆင်းလာကြသည်။ထို့နောက် သူတို့အားလုံးသည် ဒ်ိုင်းငယ်များနှင့်ဓားမြောင်များကို ကိုင်ဆောင်ကာ ကျန်မြင်းတပ်သားများ လွတ်လွတ်လပ်လပ်ချီတက်နိုင်ရန် အတားအဆီးများကိုဖယ်ထုတ်ရှင်းလင်းရန် ပြေးဝင်သွားခဲ့သည်။

ရှောင်ယုသည် ရထားလုံးပေါ်မှနေ၍ ရန်သူများ၏လှုပ်ရှားမှုကို စောင့်ကြည့်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။

ထိုတပ်သား၅၀၀သည် အတားအဆီးများနှင့် မီတာ၂၀၀အကွာသို့ ရောက်ရှိလာသောအခါ ရှောင်ယုအားအမိန့်ပေးခဲ့သည်။

"အောစ့်တွေအားလုံး အသင့်ပြင်ကြ...အတားအဆီးတွေကိုသေချာကြည့်ထား ရန်သူကို မင်းတို့ရဲ့လက်ထဲကပုဆိန် ၁၀ခုလုံးကုန်အောင် ပစ်လွှတ်လိုက်ကြ....လက်ထဲကပုဆိန်ကိုမပစ်လွှတ်တဲ့သူတွေက ဒီညစာငတ်မယ်..တောင်စောင်းကိုအလျင်စလိုဆင်းတဲ့သူတွေကလည်း ပြစ်ဒဏ်ချခံရမယ်"

ရှောင်ယုသည် အမိန့်ပေးပြီးနောက် နဂါးလေးနှင့်အတူ ဆက်ကစားနေခဲ့သည်။

ဂရင်းသည်ကား တောင်စောင်း၏ထိပ်၌ရပ်နေကာ ဤတိုက်ပွဲအား တာဝန်ယူကြီးကြပ်ခဲ့သည်။ရှောင်ယုသည် ဂရင်းအား လူသတ်စက်တစ်ခုသက်သက်မဟုတ်ဘဲ စွမ်းရည်ရှိသော ခေါင်းဆောင်တစ်ဦးအဖြစ် ပြုစုပျိုးထောင်လိုခဲ့သည်။

မြင်းတပ်သားများသည် သူတို့၏ဒိုင်းများကိုမြောက်ကာ မြှားများဖြင့်ပစ်ခတ်လာမှုကို ကာကွယ်ရန်ကြံရွယ်ထားကြသော်လည်း မည်သည့်တိုက်ခိုက်မှုမျိုးမှ မကြုံတွေ့ခဲ့ရ၍ အံ့အားသင့်ခဲ့ရသည်။ထို့ပြင် သူတို့သည် အတားအဆီးများကို ရိုးရှင်းစွာဖျက်ဆီးမရသောကြောင့် တုန်လှုပ်သွားခဲ့ရသည်။အတားအဆီးတစ်ခုစီတိုင်းအား ကြီးမားသောသစ်လုံးပေါင်း ဒါဇင်ချီကိုအသုံးပြုကာ တည်ဆောက်ထားခြင်းဖြစ်သည်။

အောစ့်များသည်ပင် သစ်လုံးများကိုအကြိမ်ကြိမ်အခါခါသယ်ဆောင်ကာ ချည်နှောင်တည်ဆောက်ခဲ့ရသည်။

ဂရင်းသည် တောင်စောင်းထိပ်တွင်ရပ်နေလျက် အခြေအနေကိုပြုံးပြုံးကြီးစောင့်ကြည့်နေကာ တိုက်ခိုက်ရန်အမိန့်မထုတ်သေးပေ။

ဂရင်းသည် ရှောင်ယု၏နောက်သို့ အချိန်အတော်ကြာလိုက်ပါခဲ့ရာ ရှောင်ယုသည် နည်းဗျူဟာများကိုမည်ကဲ့သို့မှန်မှန်ကန်ကန် အသုံးချကြောင်း နားလည်ထားခဲ့သည်။သို့ဖြစ်ရာ ရန်သူသည်သစ်လုံးများကို မရွေ့နိုင်သရွေ့ အဆောတလျင်တိုက်ခိုက်ရန် စိုးရိမ်နေစရာမလိုပေ။

အချိန်ခဏအကြာတွင် သစ်လုံးများကိုချည်နှောင်ထားသော ကြိုးများကိုဖြတ်တောက်ရန် ရန်သူများသည်အထဲသို့တိုးဝင်လာကြပြီး သစ်လုံးအတားအဆီးကို ဖျက်ဆီးလိုခဲ့ကြသည်။

ထိုအချိန်တွင် ဂရင်းက စတင်အမိန့်ပေးလိုက်သည်။

"တိုက်ခိုက်ကြ..."

ချက်ချင်းဆိုသလိုပင် အောစ့်များ၏လက်ထဲရှိပုဆိန်သည် လေပေါ်မြှောက်တက်သွားခဲ့ကာ ပုဆိန်မိုးရွားသွန်းသကဲ့သို့ ရန်သူများအပေါ် အဆက်မပြတ်ကျဆင်းလာခဲ့သည်။

ထို့နောက် ဒုတိယအသုတ်ပုဆိန်များကို ထပ်မံပစ်လွှတ်လိုက်ရာ ရန်သူများကတုံ့ပြန်ရန် အခတျိန်မရတော့ပေ။

ရွှီးးး... ရွှီးးး.... ရွှီးးး... ရွှီးးး

စစ်သားများစွာသည် ပုဆိန်များဖြင့်ထိမှန်ခံလိုက်ရသည်။အချို့သည် ပုဆိန်များကိုကာကွယ်ရန် ဒိုင်းငယ်များကိုအသုံးပြုလိုက်သော်လည်း ဒိုင်းငယ်များ၏ကာကွယ်မှုဧရိယာသည် သေးငယ်ပေသည်။ထို့ပြင် သူတို့သည်ပျံသန်းနေသောပုဆိန်များ၏ ဦးတည်ရာလမ်းကြောင်းကို မခန့်မှန်းနိုင်ကြပေ။

ထက်မြက်သောစစ်သားအနည်းငယ်သည်သာ သူတို့၏အသက်ကိုကာကွယ်ရန်အတွက် သစ်လုံးအတားအဆီးများအောက်၌ ပုန်းခိုလိုက်ကြသည်။ဤသို့ဖြင့် စစ်သားအများစုသည် ၅ကြိမ်မြောက်တိုက်ခိုက်မှုအောက်၌ အသက်ပေးခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ အောစ့်များသည် ရှောင်ယု၏အမိန့်ကိုအတိအကျလိုက်နာကာ ပုဆိန် ၁၀ခုလုံးကိုပစ်လွှတ်ခဲ့ကြသည်။

သစ်လုံးအတားအဆီးများအောက် ပုန်းအောင်းနေသောစစ်သားများသည် ပုဆိန်များကျဆင်းလာတိုင်း သူတို့၏ရဲဘော်များ၏အလောင်း သို့မဟုတ် မြေပြင်အားထိုးဖောက်လိုက်တိုင်း သူတို့၏တိုက်ခိုက်လိုစိတ်ကိုဆုံးရှံးသွားရသည်။သူတို့သည် ယခုလိုပြင်းထန်သောတိုက်ခိုက်မှုမျိုးကို တစ်ခါမှမကြုံတွေ့ဖူးပေ။

ရွန်းမဲလ်ကိုယ်တိုင်က သူရရှိခဲ့သောအောင်ပွဲများ၏ အဓိကသော့ချက်မှာ ပြင်းထန်သောတိုက်ခိုက်မှုဖြစ်သည်ဟု ဆိုခဲ့သည်။ရှောင်ယုသည်လည်း ထိုသော့ချက်ကိုအမိအရဖမ်းဆုပ်ကာ အကောင်အထည်ဖော်ခဲ့သည်။

အောစ့်များသည် ပုဆိန်၁၀ခုလုံးက်ိုပစ်ခတ်ပြီးနောက် လှုပ်ရှားမှုမရှိ ငြိမ်သက်နေကြသည်။

သို့သော်လည်း သူတို့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့ပြီး သူတို့၏သွေးများသည်ဆူပွက်နေခဲ့သည်။ရှောင်ယု၏နည်းဗျူဟာသည် သူတို့အားအလွယ်တကူအောင်ပွဲဆင်စေခဲ့ရာ ရှောင်ယုအပေါ်၌ ယုံကြည်မှုများစွာတိုးပွားလာခဲ့သည်။ယခင်က သူတို့သည်လူသားများနှင့်ရင်ဆိုင်ရာတွင် ခွန်အားမှလွဲ၍ အားနည်းချက်များရှိခဲ့သော်လည်း သူတို့သာရှောင်ယုနောက်သို့လိုက်နေသမျှ မည်သည့်အခါမှ အရှံးနှင့်ရင်ဆိုင်ရမည်မဟုတ်ဟု ယုံကြည်မှုရှိခဲ့ပေသည်။

ရှောင်ယုသည် ဤရလဒ်အားအလွန်ကျေနပ်နေခဲ့သည်။သူ၏ဦးဆောင်မှုအောက်၌ တပ်သားတိုင်းသည် တင်းကျပ်သောစည်းမျည်းကိုလိုက်နာရမည်ဟု မှတ်ယူထားခဲ့သည်။ထိုသို့မဟုတ်ပါက အောစ့်များသည် စစ်မြေပြင်သို့အပြေးအလွှားသွားချိန်တွင် လူစုကွဲကာ ရန်သူ၏သတ်ဖြတ်မှုကိုခံရမည်ဖြစ်သည်။

နှစ်ဖက်လုံးသည် အချိန်အတော်ကြာအောင်ငြိမ်သက်နေခဲ့ကြကာ မြက်ပင်များလေတိုးသံကသာ သူတို့၏နားထဲ၌ ထွက်ပေါ်နေခဲ့သည်။

ရှောင်ယုသည် အောစ့်များကိုတိုက်ခိုက်ရန် အမိန့်မပေးခဲ့သလို ရန်သူ့မြင်းတပ်သည်လည်း မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကိုမသိ၍ ငြိမ်သက်နေခဲ့သည်။

"မင်းရဲ့ပုဆိန်တွေကို ကောက်ယူလိုက်...ရန်သူကတိုက်ခိုက်တာကိုတွေ့ရင် နောက်ကိုပြန်ဆုတ်ခဲ့...မင်းတို့ကသူတို့နဲ့တိုက်ခိုက်လို့မရဘူး"

ရှောင်ယုက အမိန့်ပေးလိုက်သည်။

အောစ့်များသည် သူတို့၏လက်ပစ်ပုဆိန်များကို ပြန်လည်ကောက်ယူရန် ပြေးဆင်းလာခဲ့ကြသော်လည်း အတားအဆီးများအောက်၌ ပုန်းအောင်းနေသော စစ်သားများသည်အပြင်သို့မထွက်ရဲကြပေ။ထို့ကြောင့် သူတို့သည် ပုဆိန်ကိုလာရောက်ကောက်ယူသော အောစ့်များ၏သတ်ဖြတ်မှုကိုခံလိုက်ရသည်။

တိုက်ပွဲစတင်ချိန်မှစ၍ နှစ်ဖက်လုံးထိပ်တ်ိုက်မတွေ့ရသေးသော်လည်း ရှောင်ယုသည် ရန်သူတပ်သား၅၀၀ကို လွယ်ကူစွာသတ်ဖြတ်ပြခဲ့သည်။ထိုသို့သောမှတ်တမ်းသည် ယခင်ကမည်သည့်နေရာမှာမှ မရှိခဲ့ပေ။

အခန်း ၉၈ - ချိုးဖျက်ခြင်း

အောစ့်များသည် ပုဆိန်များကို ကောက်ယူပြီးနောက်တွင် တောင်စောင်းထိပ်သို့ပြန်ပြေးသွားခဲ့ကာ ရှောင်ယု၏အမိန့်ကို စောင့်မျှော်နေခဲ့ကြသည်။

ရန်သူ့တပ်မှူး၏မျက်နှာသည် အလွန်ဆိုးရွားနေခဲ့သည်။သူသည် ဘန်ဂါဇီမြို့တော်ရှိ ကိုလိုဆီယမ်အတွင်းမှ ရှောင်ယု၏တိုက်ပွဲအကြောင်းကို နားလည်ထားပေသည်။သို့သော်လည်း ထိုအရာသည် တိုက်တိုက်ဆိုင်ဆိုင်အောင်ပွဲတစ်ခုဟုသာ မှတ်ယူထားခဲ့ပြီး ထိုအောစ့်၅၀၀သည် အပေါ့စားမြင်းတပ်သား ၃၀၀၀ကိုအနိုင်ယူနိုင်မည်ဟု မထင်ထားခဲ့ပေ။

ထို့ပြင် ရှောင်ယု၏အဖွဲ့အား သူရှာတွေ့ချိန်တွင် လှည့်ကွက်များနှင့်ခံစစ်များရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ကံမကောင်းစွာဖြင့် ရှောင်ယု၏တည်နေရာအား နောက်ဆုံး၌ရှာဖွေတွေ့ရှိချိန်တွင် တိုက်ခိုက်ရန်နည်းလမ်းရှာမတွေ့တော့၍ တပ်မှူးဖြစ်သူသည် အလွန်ပင်စိတ်ရှုပ်ထွေးသွားရသည်။

"ဒီလိုပုံစံနဲ့ဆို ငါတို့ကအဲခံစစ်ကိုထိုးဖောက်နိုင်မှာမဟုတ်ဘူး တပ်မှူး"

တပ်မှူးအနားတွင်ရပ်နေသော လက်ထောက်ဖြစ်သူကပြောလိုက်သည်။

တပ်မှူးကအေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"မင်းစိတ်ထဲမှာ ဘယ်လိုအကြံညဏ်တွေရှိလို့လဲ"

လက်ထောက်ဖြစ်သူက သူ့ရှေ့၌ရှိသော ခံတပ်က်ိုတစ်ချက်ကြည့်လိုက်သည်။

"အဲ့ဒီအတားအဆီးတွေက ငါတို့မြင်းတပ်ရဲ့ အားသာချက်တွေကို လုံးဝကန့်သတ်ထားတယ်...ခုချိန်မှာအကောင်းဆုံးရွေးချယ်မှုက မြင်းတွေကိုစွန့်လွှတ်ပြီးတော့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆယ်ယောက်တစ်ဖွဲ့ အဖွဲ့ငယ်တွေဖြတ်လိုက်ဖို့ဘဲ...အဲလိုဆိုရင် ငါတ်ို့ဟာအောစ့်၁ကောင်ကို ၁၀ယောက်၁ယောက်တိုက်ခိုက်နိုင်မှာပဲ...ဒါ့အပြင် မြင်းတွေကိုစွန့်လွှတ်လိုက်တာက လက်ပစ်ပုဆိန်တွေကို ကာကွယ်ဖို့အတွက် ဒိုင်းငယ်တွေနဲ့ သစ်လုံးအတားအဆီးတွေကို သုံးနိုင်တယ်...အဲ့ဒီသစ်လုံးတွေက ခံတပ်အတွက်အတားအဆီးလည်းဖြစ်သလို ငါတို့အတွက်အကာအကွယ်အဖြစ်လည်း အသုံးချနိုင်တယ်...ငါတို့စစ်သားတွေအားလုံးကလည်း လက်ရွေးစင်တွေဖြစ်တယ်ဆိုတော့ အောစ့်၅၀၀လောက်ကိုကြောက်စရာမလိုတော့ဘူးလို့ ငါထင်တယ်"

တပ်မှူးသည် ထိုအကြံညဏ်အားနားထောင်လိုက်ပြီးနောက် ခေါင်းညိတ်မိလိုက်သည်။ဤမြေအနေအထားဖြင့် မြင်းတပ်ကိုအသုံးချရန် မဖြစ်နိုင်ကြောင်း သူနားလည်ပေသည်။ မြင်းတပ်သားများအဖို့ မြင်းကိုစွန့်လွှတ်ခြင်းက သူတို့၏တိုက်ခိုက်ရေးစွမ်းအားကို ကျဆင်းစေကြောင်း နားလည်ထားသော်လည်း သူ၏တပ်သားများသည် လက်ရွေးစင်များဖြစ်သည့်အတွက်ကြောင့် ခြေလျင်တပ်သားများနည်းတူ တိုက်ပွဲဝင်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

သူတို့သည် ကနဦးတွင်တပ်သား၅၀၀က်ို ဆုံးရှံးထားခဲ့ရသော်လည်း သူ့ထံတွင်တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော နောက်ထပ်တပ်သား၂၅၀၀အသင့်ရှိနေပေသည်။ရန်သူဘက်တွင်အောစ့်၅၀၀သာရှိရာ လက်ရွေးစင်တပ်သား၅ဦးသည် အောစ့်၁ကောင်ကို အနိုင်ယူနိုင်မည်ဟု တပ်မှူးဖြစ်သူက ယုံကြည်ခဲ့သည်။

ထို့ပြင် အဖွဲ့ငယ်တစ်ခု၌ ပါဝင်သောတပ်သား၁၀ယောက်သည် သေးငယ်သောဖွဲ့စည်းမှုတစ်ခုအား ဖော်ဆောင်နိုင်ကာ အောစ့်များကိုအနှောင့်အယှက်ပေးနိုင်မည်ဖြစ်သည်။

ရန်သူတပ်မှူးသည် ဤနေရာတွင်အချိန်တစ်ခုအထိ စောင့်ဆိုင်းကာ ရှောင်ယု၏ရိက္ခာများ ကုန်ခမ်းသွားသည်အထိ စောင့်ဆိုင်းဝန်းရံရန် စဉ်းစားခဲ့သေးသည်။သို့သော်လည်း သူသာတောင်ကုန်းအား ဝိုင်းရံထားပါက ရှောင်ယုထံ၌လည်း ထိုပြသနာအားဖြေရှင်းရန် နည်းလမ်းများစွာရှိနေလိမ့်မည်ဟု ရိပ်စားမိပေသည်။ထို့ကြောင့် တပ်မှူးဖြစ်သူသည် မြင်းတပ်သားအားလုံးကို မြင်းပေါ်မှဆင်းခိုင်းကာ ဒိုင်းများ၊လှံများနှင့်ဓားမြှောင်များကို ကိုင်ဆောင်စေ၍အောစ့်များကို တိုက်ခိုက်ရန်အသုံးပြုစေခဲ့သည်။

အောစ့်များတွင် လက်ပစ်ပုဆိန်များရှိလျှင် သူတို့ထံ၌လည်း လှံတိုများရှိပေသည်။

ရှောင်ယုသည် ရန်သူတပ်သားများ မြင်းပေါ်မှဆင်းလာသည်ကို မြင်သောအခါ မျက်လုံးမှိတ်ထားလိုက်သည်။

"ဒါက ထိပ်တိုက်တိုက်ခိုက်ရတော့မှာပဲ...လှံပစ်စက်တွေကို အသင့်ပြင်"

ဤသို့ဖြင့် မြင်းတပ်များသည် ခြေလျင်တပ်အဖြစ်ကူးပြောင်းသွားခဲ့သည်။သူတို့၏ဘယ်ဘက်လက်၌ ဒိုင်းများကိုကိုင်ဆောင်ကာ ညာဘက်လက်၌ လှံများကိုကိုင်ဆောင်၍ ဓားမြှောင်များကိုခါးမှတွဲလောင်းချထားပေသည်။သူတို့သည် အကွာအဝေးတစ်ခုအထိ နီးကပ်လာခဲ့ပါက အောစ့်များကိုသတ်ဖြတ်ရန် လှံတိုများကိုပစ်လွှတ်နိုင်ပြီး အနီးကပ်တိုက်ပွဲ၌အသာရရှိနိုင်ပေသည်။

နောက်ဆုံးအတွေ့အကြုံကြောင့် ခြေလျင်တပ်များသည် ဖြန့်ကျက်ကာချီတက်လာကြသည်။သူတို့သည် ဂရုတစိုက်တပ်ဖြန့်ချီတက်လာကြပြီး နောက်ဆုံးကြိမ်ကလို မဖြစ်စေရန် အာရုံစိုက်ထားခဲ့ကြသည်။

ထိုသို့အစစအရာရာပြင်ဆင်ပြီးနောက် သူတို့သည်ခံတပ်ဆီသို့ စတင်ချီတက်ခဲ့ကြသည်။အကယ်၍ အောစ့်များကသာ ပုဆိန်များကိုပစ်ချလိုက်ပါက သစ်လုံးအတားအဆီးများအား အကာအကွယ်ယူရန် အသုံးပြုကြပေမည်။

ခြေလျင်တပ်သားများ၏ ပထမဆုံးတပ်ဖွဲ့သည် ခံတပ်အနီးသို့ရောက်ရှိလာခဲ့ကာ သစ်လုံးအတားအဆီးများကို အကာအကွယ်ယူလိုက်ကြသည်။

ရန်သူများသည် အောစ့်များကပုဆိန်များဖြင့် ပစ်ခတ်လာမည်ကို စောင့်မျှော်နေကြသော်လည်း အောစ့်များဆုတ်ခွာသွားသည်ကို တွေ့လိုက်ရ၍ အနည်းငယ်တုံ့ဆိုင်းသွားခဲ့ကာ ဆက်လက်ချီတက်လာခဲ့သည်။များမကြာမှီတွင် သူတို့သည် ကြီးမားသောလှံပစ်စက်များကို သယ်ဆောင်လာသော အောစ့်များသည် တောင်စောင်းထိပ်၌ အတန်းလိုက်ထွက်ပေါ်လာသည်ကိုတွေ့မြင်လိုက်ရသည်။

နောက်အခိုက်အတန့်တွင် ဧရာမလှံတံများသည် လှံပစ်စက်များမှနေ၍ တဟုန်ထိုးပြေးထွက်လာခဲ့သည်။ထို့နောက် လှံတံများသည် လေထုကိုထိုးခွင်း၍ ရန်သူများထံကျရောက်လာခဲ့သည်။

ရှူး...ရွှီး...ရှူး...ရွှီး...

လှံပစ်စက်များမှ ပစ်ထုတ်လိုက်သော ထူထဲသောလှံတံရှည်များသည် ပထမအသုတ်မှ စစ်သားများ၏ခန္ဓာကိုယ်အား ဖြတ်ကျော်ပြီးနောက် ရပ်တန့်သွားခြင်းမရှိဘဲ နောက်ထပ်စစ်သားအနည်းငယ်ကို ထပ်မံထိမှန်သွားခဲ့သည်။လှံတံတစ်ချောင်းသည် တစ်ကြိမ်တည်းဖြင့် စစ်သားဒါဇင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့သည်။

"အကာအကွယ်ယူကြ...အဲ့ဒီလှံတံတွေကို မရှောင်နိုင်ရင် ငါတို့အားလုံးသေကုန်လိမ့်မယ်...."

ပထမအသုတ် တပ်သား၁၀၀ကျော်က အော်ဟစ်လိုက်သည်။အမှန်တော့ သူတို့သာထိုလှံပစ်စက်များကို မဖြေရှင်းနိုင်ပါက သူတို့အားလုံးသေဆုံးရမည်ဖြစ်သည်။ထို့ပြင် သူတို့သာအောစ့်များနှင့် အကွာအဝေးနီးကပ်လာပါက လှံပစ်စက်များကိုပစ်ခတ်နေသော အောစ့်များကိုတားဆီးနိုင်မည်ဖြစ်သည်။

သို့သော်လည်း အောစ့်များ၏ပစ်ခတ်မှု အရှိန်နှုန်းသည် သူတို့ထင်ထားသည်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။

အောစ့်များ၏ ပထမဆုံးအတန်းသည် ဧရာမလှံပစ်စက်များကို ကိုင်ဆောင်ကာ နောက်ဘက်သို့ရွေ့သွားချိန်တွင် ဒုတိယအတန်းမှ အောစ့်များသည် လှံပစ်စက်တစ်သုတ်ကို ထပ်မံသယ်ဆောင်လာကာ ရှေ့သို့ထွက်လာခဲ့ကြသည်။

ရှူး...ရွှီး...ရှူး...ရွှီး...

ခြေလျင်တပ်သားများ၏ ဒိုင်းများသည် လှံပစ်စက်များမှ ပစ်ထုတ်လိုက်သော လှံများ၏ထိုးဖောက်မှုအား တောင့်မခံနိုင်ပေ။သစ်လုံးအတားအဆီးများအောက်တွင် ပုန်းကွယ်နေသောလိမ္မာပါးနပ်သည့် ရန်သူတပ်သားအချို့ရှိသော်လည်း အောစ့်များက၎င်းတို့အား ဂရုမစိုက်ပေ။သူတို့သည် တိကျသောပန်းတိုင်ကိုမရရှိသေးပေ။အောစ့်များသည် အကြီးမားဆုံးထိခိုက်မှုကိုရရှိစေရန်အတွက် ရှောင်ယု၏အမိန့်ကိုလိုက်နာခဲ့ကြကာ လှံတံကိုပစ်ပြီးသည်နှင့် လှံပစ်စက်ကိုနောက်ဆုတ်ကာ နောက်ထပ်တစ်ကြိမ်ထပ်ပစ်ရန် ပြင်ဆင်လိုက်သည်။

သာမန်လှံပစ်စက်များသည် ထိုသို့ရွေ့လျားရန် အလွန်ခက်ခဲသော်လည်း ရှေ့သို့တွန်းပို့ရန် အောစ့်၂ကောင်ကိုလိုအပ်ပေသည်။ဤလှံပစ်စက်များကိုမူ ပြောင်းလဲပြင်လွယ်ရှိစေရန်နှင့် ရွေ့လျားနိုင်စွမ်းမြင့်မားစေရန် ပြင်ဆင်ထားခဲ့ရာ အောစ့်များသည် ဧရာမလှံပစ်စက်ကို သယ်ဆောင်၍ အလွယ်တကူဖြုတ်ထုတ်တပ်ဆင်နိုင်သည်။

ရှောင်ယုသည် ပစ်ခတ်ရလွယ်ကူစေရန်အတွက် အတန်းတစ်ခုစီတွင် လှံပစ်စက်၁၀ခုပါဝင်သော အတန်း၅ခုကို ပြုလုပ်ထားခဲ့သည်။ ဒုတိယအတန်းသည် စတင်ပစ်ခတ်နေချိန်တွင် ပထမအတန်းသည် နောက်ထပ်တစ်ကြိမ်ပစ်ခတ်ရန် ကျည်ဖြည့်နေပြီဖြစ်သည်။ဒုတိယအတန်းသည် ပစ်ခတ်ပြီးချိန်တွင် တတိယအတန်းနှင့်စတုတ္ထအတန်းတို့သည် ရှေ့တက်လာမည်ဖြစ်ပြီး အဆုံးသတ်တွင် ပထမအတန်းက ရှေ့သို့ပြန်လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သူတို့၏ပစ်ခတ်မှုသည် တိကျမှုနိမ့်ပါးသော်လည်း လှံပစ်စက်၅၀သည် အချိန်တိုင်းလိုလိုပင် အလှည့်ကျပစ်ခတ်နေရာ ရန်သူဒါဇင်ချီသည် စက္ကန့်တိုင်းလိုလို လှံတံများဖြင့်ထိုးဖောက်ခံရ၍ သေဆုံးနေကြရသည်။

"သေစမ်း...သူတို့မှာ လှံပစ်စက်ဘယ်နှစ်ခုတောင်ရှိနေတာလဲ..."

ရန်သူတပ်သားများသည် အလွန်ပင်ထိတ်လန့်နေခဲ့ကြသည်။သူတို့သည် အတားအဆီးများအောက်၌ အသက်လုပုန်းကွယ်နေကြကာ တောင်စောင်းမှ ဆုတ်ခွာရန်ကြိုးစားလာကြသည်။

ရန်သူစစ်သားများ၏ စိတ်ဓာတ်အခြေအနေသည် တဖန်ပြိုလဲကျသွားခဲ့သည်။ဤလှံပစ်စက်များသည် လက်ပစ်ပုဆိန်များထက် ပိုမိုထိရောက်ပေသည်။

လှံတံများသည် အစောပိုင်းတွင် တဖြည်းဖြည်းနှေးကွေးနေရာမှ နောက်ပိုင်းတွင် ပိုမိုမြန်ဆန်စွာကျဆင်းလာခဲ့သည်။ထို့ကြောင့် ထွက်ပြေးနေသောရန်သူများသည် ပိုမိုပင်သေကျေပျက်စီးလာရသည်။ဤသို့ဖြင့် ရန်သူတပ်သား ၅၀၀ခန့်သည် လှံများ၏ပစ်ခတ်မှုအကွာအဝေးအတွင်းသို့မဝင်ရောက်မှီပင် သေဆုံးသွားခဲ့ရသည်။တစ်ချိန်တည်းမှာပင် ရှောင်ယုသည် သစ်လုံးအတားအဆီးအောက်၌ ပုန်းအောင်းနေသောသူများကို သတ်ဖြတ်ရန်အတွက် အောစ့်များကိုအောက်ဆင်းကာ တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။

ထို့ကြောင့် ရန်သူတပ်သားများသည် နောက်ထပ်တစ်ကြိမ် အတုံးအရုံးကျရှံးသွားရသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် လှိုင်းလုံးကြီးသဖွယ် တိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်လာကာ ထိုလှိုင်းလုံးကြီးဖြတ်ကျော်ပြီးချိန်တွင် ရန်သူတပ်သား ၁၀၀၀ကျော်သေဆုံးခဲ့ရသည်။ဤသို့တူညီသောတိုက်ခိုက်မှုမျိုးအား နောက်ထပ်နှစ်ကြိမ်ခန့်ထပ်မံလုပ်ဆောင်လိုက်ပါက ရန်သူများအားလုံးသေဆုံးသွားတော့မှာဖြစ်သည်။

အခန်း ၉၉ - နောက်ဆုံးတိုက်ပွဲ

"ဒါဘယ်လိုဖြစ်ရတာလဲ...သူတို့ဆီမှာ အောစ့်၅၀၀ပဲရှိတာမလား...သူတို့ကဘယ်လိုဖြစ်ပြီး လှံပစ်စက်တွေအများကြီးရသွားတာလဲ..ဘာလို့ဒီလောက် ပြင်းထန်တဲ့ပစ်ခတ်မှုကိုဖော်ထုတ်နိုင်ရတာလဲ"

ရန်သူ့တပ်မှူးသည် စိတ်ခြောက်ခြားစွာတွေးမိလိုက်သည်။

လွန်ခဲ့သောအခိုက်အတန့်က ဧရာမလှံပစ်စက်များ၏ ပြင်းထန်သောလှံမိုးရွာသွန်းမှုကို သူတွေ့မြင်ခဲ့ရပေသည်။ရှောင်ယုသည် ထိုကဲ့သို့ပြင်းထန်သောပစ်ခတ်နိုင်စွမ်းကို ဖန်တီးရန်အတွက်အနည်းဆုံးရာနှင့်ချီသော လှံပစ်စက်များလိုအပ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။သို့သော်လည်း ရှောင်ယုထံတွင် အောစ့်၅၀၀သာရှိသည့်အတွက်ကြောင့် ထိုကဲ့သို့ပြင်းထန်သောပစ်ခတ်အားကို မည်သို့မည်ပုံဖန်တီးခဲ့ကြောင်း သူနားမလည်နိုင်ခဲ့ပေ။

မူလကသူသည် ၁၀ယောက်၁ဖွဲ့ ဖွဲ့စည်းထားသော လက်ရွေးစင်တပ်သားများ၏ အကူအညီဖြင့်အောစ့်များအားလုံးက်ို အနိုင်ယူသတ်ဖြတ်နိုင်မည်ဟု ယူဆခဲ့သည်။သို့သော်လည်း ယခုလိုဆိုးဆိုးရွားရွား အပြတ်သတ်ချေမှုန်းခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သတင်းကွန်ရက်အားနည်းသောကြောင့် ရှောင်ယုသည် တီတိုမြို့၌ လှံပစ်စက်များအား ဝယ်ယူခဲ့သည့်သတင်းကို သူတို့ယခုထိတိုင်သိရှိခြင်းမရှိသေးပေ။ထို့ပြင် ဝယ်ယူထားခဲ့သောလှံပစ်စက်များကိုလည်း အဝတ်စများနှင့်ဖုံးအုပ်ထားခဲ့ရာ လူအများစုသည် ထိုလှံပစ်စက်များ၏တည်ရှိမှုကို မသိရှိခဲ့ပေ။ထို့ပြင် ကင်းထောက်များ၊သူလျှိုများနှင့်လုပ်ကြံသူများသည်လည်း လီအာနှင့်တိုင်ရန်ဒီတို့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ထို့ကြောင့် သူတို့ထံတွင် ရှောင်ယုဝယ်ယူခဲ့သော လှံပစ်စက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမှ မရရှိခဲ့ပေ။

ရှောင်ယုသည် ဘန်ဂါဇီမြို့တော်၌ စစ်ပွဲတူကုမ္ပဏီထံမှ လှံပစ်စက်များကို ဝယ်ယူခဲ့သော်လည်း ၎င်းတို့ကို ခြင်္သေ့မြို့၌အသုံးပြုရန် စီစဉ်နေသည်ဟုသာ ယူဆခဲ့ကြသည်။ရှောင်ယုသည် ရန်သူကိုတိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် ၎င်းတို့က်ိုထုတ်ဖော်အသုံးချလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။လက်ရှိခေတ်တွင် အလွန်အစွမ်းထက်သောမှော်မန္တန်များသည်သာ ဤကဲ့သို့သောတိုက်ပွဲမျိုးကို လွှမ်းမိုးခြယ်လှယ်နိုင်မည်ဖြစ်သည်။ဤလှံပစ်စက်များသည် အခြားသူများလက်ထဲတွင်ရှိပါက ရှောင်ယုကဲ့သို့နည်းလမ်းကျကျအသုံးမချလျှင် အသုံးဝင်မည်မဟုတ်ပေ။ပထမဦးစွာ ယခုလိုအပြင်းအထန်ပစ်ခတ်တိုက်ခိုက်နိုင်ရန် ရှောင်ယုကအလှည့်ကျပစ်ခတ်ခြင်း နည်းစနစ်ကိုအသုံးပြုခဲ့ကာ ဤလှံပစ်စက်များကို ပြုပြင်ပြီးနောက် သာမန်လှံပစ်စက်များထက်ပိုမိုကောင်းမွန်လာပြီး အောစ့်များကဲ့သို့အစွမ်းထက်စစ်သည်တော်များက လွယ်ကူစွာအသုံးချလာနိုင်မှာဖြစ်သည်။

ထို့ပြင် သာမန်လှံပစ်စက်တစ်ခုသည် တစ်ချိန်တည်းတွင် လှံတံ၃ချောင်းကိုသာ အများဆုံးပစ်ခတ်နိုင်ပြီး ပိုမိုကောင်းမွန်သော တိကျမှုကိုရရှိစေရန်ပြင်ဆင်ထားခဲ့သည်။သို့သော်လည်း ရှောင်ယုသည် ထိုလှံပစ်စက်များအား တစ်ချိန်တည်း၌ လှံတံ၅ချောင်းကိုပစ်ခတ်နိုင်အောင် ပြုပြင်ခိုင်းခဲ့ကာ တိကျမှုအပိုင်းအားအလေးမထားခဲ့ပေ။သို့သော်ထိုသို့ပြုလုပ်ခြင်းက တိုက်ခိုက်မှုနယ်ပယ်ကိုပိုမိုကျယ်ပြန့်သွားစေပြီး ထိုအယူအဆများသည် ဤတိုက်ကြီးရှိ လူသားများ၏စစ်ရေးနည်းဗျူဟာများထက် သာလွန်နေပြီဖြစ်သည်။

ပထမကမ္ဘာစစ်တွင် မက်စ်ရှင်းနှင့်ဂတ်တလင်းတို့သည် စက်သေနတ်အားတီထွင်ခဲ့သည်။ထိုအချိန်က မက်စ်ရှင်းသည် စမ်းသပ်ထုတ်ကုန်တစ်ခုအနေဖြင့် ပြုလုပ်ခဲ့သော်လည်း စက်သေနတ်သည်ပထမကမ္ဘာစစ်၏ အကြီးမားဆုံးလူသတ်လက်နက်ဖြစ်လာခဲ့သည်။လူသန်းပေါင်းများစွာသည် စက်သေနတ်၏လက်အောက်၌ သေဆုံးသွားခဲ့ရကာ ကမ္ဘာ့သမိုင်းတွင် မည်သည့်အခါကမှမကြုံတွေ့ခဲ့ဖူးသော သတ်ဖြတ်မှုဖြစ်ခဲ့သည်။

ထိုခေတ်က လူသားများသည် စက်သေနတ်၏အရေးပါပုံအား နားမလည်ခဲ့ကြသလို ယခုအေဇာရောဂ့်တိုက်မှလူများသည်လည်း လှံတံ၅စင်းကိုပစ်လွှတ်နိုင်သော လှံပစ်စက်၏အရေးပါပုံက်ို နားမလည်ကြသေးပေ။

ရှောင်ယုသည် အောစ့်များအား လှံပစ်စက်မှပစ်လွှတ်လိုက်သော လှံတံများကို ပြန်ယူခိုင်းခဲ့သည်။မူလကလှံပစ်စက်တွင် အသုံးပြုရန်လှံတံအလုံအလောက် သယ်ယူခဲ့သော်လည်း ထိုလှံတံများကိုမဖြုန်းတီးလိုပေ။အောစ့်များသည် လှံတံများအားကောက်ယူရန် ပြေးဝင်လာချိန်၌ ရန်သူများသည်မည်သူ့ကိုမှ မစေလွှတ်ဝံ့ခဲ့ပေ။သူတို့သည်ရှောင်ယု၏လှည့်ကွက်ကြောင့် ထိတ်လန့်နေကြပြီဖြစ်သည်။

လက်ပစ်ပုဆိန်များကို ကြုံတွေ့ပြီးချိန်တွင် ရန်သူများသည် တူညီသောအမှားမျိုးကို ထပ်မံမပြုလုပ်မိစေအောင် ကာကွယ်ခဲ့ကြသော်လည်း ကျရှံးမှုကိုသာထပ်မံရင်ဆိုင်ရကာ နောက်ထပ်တစ်ကြိမ်နောက်ဆုတ်ခဲ့ရပြန်သည်။

...

...

ရှောင်ယုသည် အောစ့်အချို့အား လှည့်ကင်းအဖြစ်နေရန် အမိန့်ပေးထားခဲ့ပြီး ကျန်လူများအား အိပ်စက်အနားယူရန်အမိန့်ပေးလိုက်သည်။ထိုသို့မဟုတ်ပါက ပင်ပန်းနွမ်းနယ်မှုကြောင့် သူ၏တပ်သားများသည် မတ်တပ်ပင်ရပ်နိုင်မည်မဟုတ်ပေ။

ကင်းလှည့်နေသောအောစ့်များသည် ရယ်ရယ်မောမောဖြင့် စကားပြောနေသည်ကိုမြင်သောအခါ ရန်သူ့တပ်မှူးဖြစ်သူသည် စော်ကားခံရမှုကြောင့် သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။

သို့သော်လည်း ထိုသို့စော်ကားခံရမှုကြောင့် သူလုပ်ဆောင်နိုင်သောအရာမရှိပေ။သူသာထပ်မံတိုက်ခိုက်ပါက ဆိုးရွားသောရှံးနိမ့်မှုကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။

ယခုအခါ သူတို့သည် ကန်းနိုင်ငံတွင်ရှိနေခြင်းမဟုတ်ပေရာ စစ်တပ်အား လွတ်လွတ်လပ်လပ်မစည်းရုံးနိုင်ပေ။သူတို့သည် ကြီးမားသောအန္တာရယ်ကိုဖြစ်ပေါ်စေမယ့် တစ်စုံတစ်ယောက်၏နယ်မြေ၌ လျှို့ဝှက်လှုပ်ရှားနေရခြင်းဖြစ်သည်။ထိုနယ်မြေသခင်သာ သူတို့၏တည်ရှိမှုအကြောင်းသိသွားသည်နှင့် တပြိုင်နက် နယ်မြေ ၂ခုအကြားတွင် ပဋိပက္ခများဖြစ်ပေါ်လာမည်ဖြစ်သည်။သူတို့သည် အလံများ၊နဖူးစည်းများကို အသုံးမပြုဘဲ ဓားပြများအဖြစ်ဟန်ဆောင်ထားကြသော်လည်း သူတို့အားလုံးသည် လက်ရွေးစင်တပ်သားများဖြစ်ကြောင်း လူတိုင်းသိမြင်နိုင်ပေသည်။ထိုသို့လက်ရွေးစင်ဓားပြများသည် တည်ရှိနေနိုင်စရာ အကြောင်းမရှိပေ။

ထို့ပြင် စစ်တပ်အားအကြီးစားစုစည်းမှုပြုလုပ်ပါက ပြည်သူများသည်ပင် ရှာဖွေတွေ့ရှိသွားမှာဖြစ်သည်။

ပြန်လည်ဆုတ်ခွာခြင်းသည်လည်း ရွေးချယ်စရာတစ်ခုမဟုတ်ခဲ့ပေ။မြို့စားဆမ်သည် သူ၏စစ်တပ်အပေါ်၌ တင်းကျပ်သောစည်းမျည်းများဖြင့်အုပ်ချုပ်ထား၍ သူတို့သာပြန်လည်ဆုတ်ခွာသွားပါက သူတို့၏မိသားစုများသည်ပင် သေဆုံးကြရမည်ဖြစ်သည်။သူတို့သည်စစ်မြေပြင်၌သာသေဆုံးနိုင်ပြီး အရှံးသမားများအဖြစ်ပြန်လာခွင့်မရှိပေ။ဤသည်မှာ မြို့စားဆမ်၏အမိန့်ဖြစ်သည်။

တိုက်ပွဲကို အချိန်ဆွဲရန်လည်း မဖြစ်နိုင်ပေ။သူတို့သည် အခြားသူတစ်ဦး၏နယ်မြေ၌ ရှိနေခြင်းဖြစ်ရာ တိုက်ပွဲအားအချိန်ဆွဲထားလေလေ ပြဿနာပိုမိုများပြားလေလေဖြစ်သည်။ထို့ပြင် စားနပ်ရိက္ခာပြသနာကြောင့် ရက်အနည်းငယ်ကြာလျှင် သူတို့သည်တီတိုမြို့သို့ ပြန်သွားရမည်ဖြစ်သည်။ရှောင်ယုသည်ကား နယ်မြေသခင်တစ်ဦးဖြစ်ရာ အခြားနယ်မြေတစ်ခု၌ ပေါ်ပေါ်တင်တင်စခန်းချနိုင်ကာ အချိန်လုံလုံလောက်လောက် အနားယူနိုင်သည်။သူတို့သည်ကား ရှာတွေ့သွားပါက ချက်ချင်းတိုက်ခိုက်ခံရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်သူကြီးသည် ရွေးချယ်ရခက်ခဲနေခဲ့သည်။ဤတာဝန်ကို စတင်လက်ခံစဉ်က သူ၏ကွပ်ကဲမှုစွမ်းရည်နှင့် ရဲစွမ်းသတ္တိကိုပြသနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။ထို့ပြင် သူ၏မိသားစုနေအိမ်ရှိနံရံများ၌ အောစ့်များ၏ဦးခေါင်းများကို အလှဆင်ပစ္စည်းအဖြစ် အသုံးပြုရန်ကြံရွယ်ထားခဲ့သည်။

သို့သော်လည်း သူ၏လက်ရွေးစင်တပ်သားများသည် သူတို့၏ခွန်အားကိုပြသခွင့်မရရှိခဲ့ကြပေ။ရှောင်ယု၏လှည့်ကွက်များနှင့် အကြံအစည်များက သူတို့အားပိတ်ဆို့ထားခဲ့ပေသည်။သူတို့သည် မြေပြန့်၌တိုက်ခိုက်နေခြင်းမဟုတ်ပေရာ မြင်းများကိုအသုံးပြုတိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ပေ။

ထိုအရာကို ပြိုင်ဘက်ကင်းနည်းဗျူဟာဟုခေါ်ပေသည်။

ယခုအချိန်တွင် တပ်မှူးဖြစ်သူသည် သေမင်းရိတ်သိမ်းသူများ၏ တပ်မှူးဖြစ်သူလန်စီလေ့ာ ခံစားခဲ့ရသော ခံစားချက်ကိုနားလည်သွားခဲ့သည်။

"ခြင်္သေ့နယ်မြေရဲ့ မြို့စားကြီးဟာ တကယ့်ကိုညဏ်ကြီးရှင်ပဲ...သူရဲ့အစွမ်းက ငါတို့ကိုတစ်ချိန်လုံးငုံ့ကြည့်နေနိုင်တယ်"

ရန်သူတပ်မှူးသည် တိုးတိုးလေးညည်းညူလိုက်သော်လည်း သူသည်အသက်မရှင်နိုင်တော့ကြောင်း နားလည်ထား၍ စိတ်တည်ငြိမ်သွားခဲ့သည်။သူ၏အဆုံးသတ်သည် သေခြင်းတရားဖြစ်နေ၍ မည်သည့်အရာကိုမှ ကြောက်စရာမလိုတော့ပေ။

သေမင်းရိတ်သိမ်းသူများသည်လည်း အလားတူအခြေအနေမျိုးကို ဖြတ်သန်းခဲ့ဖူးပေသည်။

"ညနက်တဲ့အထိစောင့်...အဲ့အချိန်ကျရင်ငါတို့ရဲ့နောက်ဆုံးတိုက်ခိုက်မှုကိုစတင်မယ်...သေမင်းရိတ်သိမ်းသူတွေက သူတို့ရဲ့သေဆုံးမှုကြောင့် ဂုဏ်သိက္ခာမကျဆင်းခဲ့ရသလို ငါတို့ကလည်း ဒီနေ့ညမှာထိပ်တန်းလက်ရွေးစင်တွေအဖြစ် သက်သေပြပြီး ငါတို့ရဲ့ဂုဏ်သိက္ခာကို သေဆုံးချိန်အထိစောင့်ထိန်းကြမယ်"

တပ်မှူးဖြစ်သူက အော်ဟစ်ကြွေးကြော်လိုက်သည်။

တပ်မှူး၏စကားကို ကြားလိုက်ရသော တပ်သားများသည်လည်း လွတ်မြောက်ရန်လမ်းစမရှိတော့ကြောင်း နားလည်လိုက်သည်။သူတို့ထံတွင် ဂုဏ်သိက္ခာရှိစွာဖြင့်သေဆုံးရန်ဟူသည့် အခွင့်အရေးတစ်ခုသာကျန်ရှိတော့သည်။

ရန်သူသည် ချက်ချင်းတိုက်ခိုက်မည်မဟုတ်ကြောင်း နားလည်လိုက်သောရှောင်ယုသည် ရန်သူ၏အတွေးများကို ချက်ချင်းရိပ်မိလိုက်သည်။သူသည် ယခုအချိန်တွင် ကင်းလှည့်ရန်အတွက် အောစ့်အနည်းငယ်ကိုစေခိုင်းကာ ကျန်အောစ့်များအားလုံးကိုအိပ်စက်အနားယူစေခဲ့သည်။

လီအာနှင့်တိုင်ရန်ဒီတို့သည်လည်း အောစ့်များနှင့်အတူ ကင်းလှည့်နေခဲ့ကြသည်။ဤနေရာတွင် တိုင်ရန်ဒီ၏လင်းယုန်မျက်လုံးအစွမ်းသည် ကြီးမားသောအခန်းကဏ္ဍ၌ပါဝင်ခဲ့ကာ ညအချိန်၌ မြင်ကွင်းများကို ရှင်းလင်းပြတ်သားစွာဖြင့် အကွာအဝေးတစ်ခုအထိ နေနိုင်ပေသည်။ရန်သူများ၏လှုပ်ရှားမှုမှန်သမျှသည် သူမ၏မြင်ကွင်းမှမလွတ်မြောက်ခဲ့ပေ။ရှောင်ယုသည် စစ်ဝမ်နှင့်အတူစစ်တုရင်ကစားရန် အခန်းထဲဝင်သွားခဲ့သည်။ယခင်က စစ်ဝမ်သည် ရှောင်ယုအားတတ်နိုင်သမျှရှောင်တိမ်းခဲ့သော်လည်း နောက်ဆုံးအဖြစ်အပျက်ပြီးနောက်တွင် ရှောင်ယုအပေါ်ထားရှိသော သူမ၏သဘောထားသည် များစွာပြောင်းလဲသွားခဲ့သည်။စစ်ဝမ်သည် အလွန်ထက်မြက်သော်လည်း သူမ၏ကြီးပြင်းမှုတလျှောက်တွင် ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကြောင့် မိမိကိုယ်ကိုယုံကြည်မှုအားနည်းပေသည်။

ယခုလည်း စစ်ဝမ်သည် ကစားပွဲကိုအာရုံစိုက်နေခဲ့သည်။ရှောင်ယုသည် စစ်ဝမ်၏ပေါင်တံများကို မကြာခဏချောင်းကြည့်ရင်း စစ်တုရင်ကစားနေလေရာ အဆက်မပြတ်ရှံးနိမ့်နေခဲ့သည်။

ရန်သူသည်တစ်စုံတစ်ရာကို စောင့်ဆိုင်းနေကြောင်း ဖော်ပြသည့်အနေဖြင့် ညအမှောင်လွှမ်းမိုးလာချိန်တွင် စတင်မတိုက်ခိုက်သေးပေ။ရှောင်ယုသည် ရန်သူသည်သူတို့အားတိုက်ခိုက်ရန် အမှောင်မိုက်ဆုံးအချိန်ကိုရွေးချယ်မည်ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။အာရုဏ်မတက်မှီ နာရီအနည်းငယ်အလိုတွင် ရန်သူသည်စတင်တိုက်ခိုက်မည်ဖြစ်ကြောင်း ရန်သူတပ်မှူးအပေါ် ရှောင်ယု၏နားလည်ချက်အရသိရှိနိုင်ပေသည်။ရန်သူတပ်မှုးသည် တုံးအခြင်းမရှိသော်လည်း ရှောင်ယုကိုယ်တိုင်သည်လည်း ထိုကဲ့သို့နည်းဗျူဟာမျိုးဖြင့် လှည့်စားရနိုင်သူမဟုတ်ပေ။

အာရုဏ်မတက်မှီ နာရီပိုင်းအလိုတွင် ပတ်ဝန်းကျင်တစ်ခုလုံးအား ညအမှောင်ကန့်လန့်ကာကလွှမ်းခြုံသွားခဲ့သည်။ရှောင်ယုသည် ရထားလုံးပေါ်၌သတိအပြည့်ဖြင့်ရှိနေစဉ် စစ်ဝမ်ကရထားပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

ထိုအချိန်တွင် တိုင်ရန်ဒီသည် ရထားပေါ်တက်လာကာ ရှောင်ယုအားအသိပေးလိုက်သည်။

"သူတို့လာနေကြပြီ"

တိုင်ရန်ဒီ သည် ရထားပေါ်သို့ရောက်လာပြီး ရှောင်ယု ကိုကြည့်ကာ ပြောလိုက်သည်။

"သူတို့လာနေပြီ"

All Chapters