အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အခန်း ၁၀၀ - အိမ်ပြန်ရောက်ပြီ
နေထွက်ချိန်၌ မိုးကုပ်စက်ဝိုင်းသည် သွေးရောင်ဖြင့်နီရဲတောက်ပနေခဲ့သည်။အောစ့်များ၏ အစိမ်းရောင်အရေပြားသည် အာရုဏ်တက်လာချိန်တွင် သူတို့ဖြတ်သန်းခဲ့ရသော သွေးထွက်သံယိုသတ်ဖြတ်မှုကို ထင်ဟပ်နေစေခဲ့သည်။လတ်တလောတွင် အောစ့်များသည် သူတို့တိုက်ခိုက်ခဲ့သော ရန်သူစစ်သည်များ၏အလောင်းက်ို ကောက်ယူသိမ်းဆည်းခြင်းဖြင့် စစ်မြေပြင်အား သန့်ရှင်းရေးလုပ်နေခဲ့သည်။
ရန်သူစစ်သားများသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် တိုက်ခိုက်ကာ အစွမ်းကုန်အားထုတ်ကြိုးပမ်းခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရှောင်ယုအားမကျော်ဖြတ်နိုင်ခဲ့ပေ။တိုင်ရန်ဒီ၏ လင်းယုန်မျက်လုံးအစွမ်းသည် သူတို့၏လှုပ်ရှားမှုမှန်သမျှကို ကွင်းပြင်၌သွားလာနေသော ဆင်တစ်ကောင်သဖွယ်တွေ့မြင်နေရသည်။ညဘက်တွင် နတ်သူငယ်များ၏ အမြင်အာရုံကောင်းမွန်ကြောင်း ရန်သူများသိထားသော်လည်း သူတို့သည်တိုင်ရန်ဒီအား လျော့တွက်ထားမိကြသည်။
တိုက်ပွဲစတင်ချိန်တွင် သူတို့သည် တဟုန်ထိုးပြေးဝင်လာကြပြီး လက်ပစ်ပုဆိန်များနှင့် လှံတံများ၏ပစ်ခတ်လာမှုမှ ကာကွယ်ရန်အတွက် သစ်လုံးအတားအဆီးများကို အကာအကွယ်ယူရန်ကြိုးပမ်းလာကြသည်။သို့သော်လည်း ထိုအတားအဆီးများကို ညအမှောင်၌ အောစ့်များကဖယ်ရှားထားခဲ့ကြောင်း တွေ့ရှိလိုက်ရချိန်တွင် အံ့အားသင့်ခဲ့ရသည်။အမှန်တော့ ရှောင်ယုသည် ညအမှောင်ကိုအကာအကွယ်ယူလာသော ရန်သူများပုန်းကွယ်မနေနိုင်အောင် သစ်လုံးအတားအဆီးများကို ဖယ်ရှားရန် အောစ့်များကိုအမိန့်ပေးထားခဲ့ပြီးဖြစ်သည်။ထို့ကြောင့် ရန်သူများသည် တာဝေးပစ်လှံတံများ၏ခြိမ်းခြောက်မှုအောက်တွင် တောင်စောင်းအနီးသို့ပင် မကပ်နိုင်ခဲ့ပေ။
ထို့ကြောင့် အောစ့်များသည် ရှေ့တိုးလာခဲ့ကာ ရန်သူများအပေါ်သို့ ထောင်ချီသောလက်ပစ်ပုဆိန်များကို မိုးရွာသလိုရွာသွန်းပစ်ခတ်ခဲ့သည်။ရန်သူများသည် သူတို့၏ရှေ့မှလူများ အသားပြားများအဖြစ်ပြောင်းလဲသွားသည်ကိုကြည့်ပြီး နောက်ဆုတ်ရန်ရွေးချယ်နိုင်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့၏နောက်ဆုံးတိုက်ခိုက်မှုဖြစ်နေ၍ ရှေ့သို့သာအားတင်းချီတက်နေကြသည်။အဘယ်ကြောင့်ဆိုသော် သူတို့သည် လှံပစ်စက်များ၏တိုက်ခိုက်မှုကို ရင်ဆ်ိုင်လိုက်ရ၍ဖြစ်သည်။
ဤတစ်ကြိမ်တွင် ရှောင်ယုသည် လှံပစ်စက်များကို အလှည့်ကျပစ်ခတ်မယ့်အစား အစုလိုက်အပြုံလိုက်ပစ်ခတ်ရန်သာ အမိန့်ပေးခဲ့သည်။အဘယ်ကြောင့်ဆိုသော် ညအမှောင်၌ လှံပစ်စက်များအား လှံတံများကိုပြန်လည်ဖြည့်တင်းခြင်းသည် အရေးမပါ၍ဖြစ်သည်။တစ်ဖက်တွင် ရန်သူသည်အရှိန်အဟုန်ပြင်းစွာဖြင့် နောက်မဆုတ်စတမ်းချီတက်လာလေရာ ယခင်ကအသုံးပြုခဲ့သောနည်းဗျူဟာများသည် အသုံးမဝင်တော့ပေ။
နည်းဗျူဟာများနှင့်လှည့်ကွက်များသည် သင့်တော်သောအချိန်၌ထုတ်လွှတ်မှသာ ထိရောက်မှုရှိပေသည်။ဗျူဟာရှင်သည် မြေအနေအထားနှင့်အချိန်အခါကိုလိုက်၍ တူညီသောနည်းဗျူဟာကို မျက်စိမှိတ်သုံးနေ၍မရပေ။
ဤသို့ဖြင့် လက်ပစ်ပုဆိန်များနှင့်လှံပစ်စက်များကြောင့် ရန်သူတပ်သား၁၀၀၀ကျော်ထပ်မံသေဆုံးခဲ့ရကာ အရေအတွက် ၁၀၀အောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပေသည်။သို့သော်လည်း သူတို့သည်အကြောက်အလန့်မရှိရှေ့ဆက်တိုးနေဆဲဖြစ်သည်။ထိုအချိန်တွင် အောစ့်များကမမျှော်လင့်ထားသည့်လှုပ်ရှားမှုတစ်ခုအား ပြုလုပ်ခဲ့သည်။သူတ်ို့သည် လှံပစ်စက်များကို နောက်ပြန်ပို့စေကာ ဆုတ်ခွာသွားခဲ့ကြသည်။
ရန်သူများသည် အောစ့်များ၏ထူးဆန်းသောလုပ်ရပ်ကို စဉ်းစားရန်အချိန်မရှိသေးပေ။သူတို့အတွက် ထိုအရာသည် နောက်ဆုံးသောအခွင့်အရေးပင်ဖြစ်သည်။သို့သော်လည်း သူတို့သည်တောင်စောင်းပေါ်သို့ရောက်သောအခါတွင် ယခင်ဖယ်ရှားခဲ့သောအတားအဆီးများသည် အောစ့်များ၏ရှေ့တွင် ပြန်လည်ရောက်ရှိနေသည်ကို တွေ့ခဲ့ရသည်။ရန်သူသည် မူလက ၁၀ယောက်၁ဖွဲ့တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း အတားအဆီးများကြောင့် ၁ဦးချင်းသာရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။
...
...
ညအမှောင်ထု၏လွှမ်းမိုးမှုကြောင့် ရန်သူရောအောစ့်များသည်ပါ တစ်ယောက်ကိုတစ်ယောက် မမြင်တွေ့ခဲ့ကြပေ။မှုန်ဝါးနေသော အရိပ်များကြောင့်သာ သူတို့တိုက်ခိုက်နေသူသည် အောစ့်သို့မဟုတ် လူသားဖြစ်ကြောင်း နားလည်ကြခြင်းဖြစ်သည်။အောစ့်များသည် လူသားများထက်အရပ်မြင့်သောကြောင့် သူတို့ကိုယ်တိုင်တိုက်ခိုက်ရန် မကြောက်ကြပေ။သူတို့ရှေ့ရှိ မှုန်ဝါးဝါးပုံရိပ်များကိုကြည့်ပြီး အောစ့်များသည်ရူးသွပ်သွားခဲ့ကြသည်။အဆုံးသတ်တွင် ရန်သူများအားလုံးသေဆုံးသွားခဲ့ကာ အောစ့်များသာကျန်ရှိတော့သည်။အောစ့်များဘက်တွင် အပြင်းအထန်ဒဏ်ရာရသူအနည်းငယ်သာရှိသော်လည်း သေဆုံးသူမရှိခဲ့ပေ။
အောစ့်များသည် ယခုအောင်ပွဲပြီးနောက်တွင် ရှောင်ယုအားယခင်ကထက် ပိုမိုလေးစားလာခဲ့ကြသည်။
ဤတိုက်ပွဲသည် နှစ်ထောင်ပေါင်းများစွာကြာအောင် ရှုံးနိမ့်မှုကိုရင်ဆ်ိုင်ရပြီးနောက် သူတို့ရရှိခဲ့သော ပထမဆုံးအောင်ပွဲဖြစ်သည်။ရှောင်ယုအပေါ် ယုံကြည်မှုတိုးမြင့်လာသည်နှင့်အမျှ ရှောင်ယုသည်သူတို့၏စိတ်ထဲတွင် စစ်ပွဲနတ်ဘုရားတစ်ပါးအဖြစ် စတင်ပုံဖော်လာခဲ့သည်။
ထို့ပြင် ဂရင်းနှင့်ရှောင်ယုတို့အကြား ဆက်ဆံရေးကလည်း သူတို့၏အတွေးများကို ပိုမိုထင်ဟပ်စေခဲ့သည်။
ရှောင်ယုသည် စီးနင်းသူမရှိသောမြင်း၃၀၀၀ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။စစ်ပွဲဖြစ်ပွားရာတွင် အမှားနှင့်အမှန်ဟူသည် တည်ရှိမနေခဲ့ပေ။
နောင်လာမယ့်အနာဂတ်တွင် စစ်ပွဲများကိုယခုထက်ပိုမိုကြုံတွေ့ရဦးမည်ဖြစ်သည်။ယခုအချိန်တွင် ချင်တို့သည် စစ်ပွဲများစွာဆင်နွဲကာ တရုတ်ပြည်အားပေါင်းစပ်ခဲ့ရသည့်အကြောင်းရင်းကို ရှောင်ယုနားလည်လာခဲ့သည်။ထိုသို့ပေါင်းစည်းမှုက ငြိမ်းချမ်းရေးကိုဖော်ဆောင်လာစေခဲ့ကာ စည်းလုံးညီညွတ်မှုစွမ်းအားကြောင့် တည်ငြိမ်သောကမ္ဘာကြီးကိုပုံဖော်ရာ လမ်းခရီးတွင် အသွေးအသားများစွာကိုစတေးရမည်ဖြစ်သည်။
...
...
ရှောင်ယုသည် သူ့လူများအား ခြင်္သေ့မြို့သို့ မြန်နိုင်သမျှမြန်မြန်ခရီးဆက်ရန် အမိန့်ပေးလိုက်ပေသည်။
"ဘာလို့ရက်အနည်းငယ်လောက် ထပ်မနားရတာလဲ....မင်းဘာလို့အဲလောက်ထိမြန်မြန်ဆန်ဆန်လှုပ်ရှားဖို့ စိတ်ကူးရသွားတာလဲ...ငါတို့ရှေ့မှာ အခြားရန်သူတွေလည်းရှိနေမှာပဲ"
လီအာက နားမလည်နိုင်သော အမူအရာဖြင့်မေးခွန်းထုတ်လိုက်သည်။
"ရှေ့မှာ ရန်သူတွေစောင့်မျှော်နေမယ်ဆိုတာ ငါနားလည်တယ်...အဲ့ထဲမှာ မြို့စားဆမ်ရဲ့လူတွေတင်မကဘူး....ငါ့ရဲ့အောစ့်တွေ၊နတ်သူငယ်တွေနဲ့နဂါးလေးကို လိုချင်တဲ့အခြားသူတွေလည်းရှိနေမှာပဲ...ဒါပေမဲ့ ငါကဒီနေရာမှာ ရက်ပေါင်းများစွာအနားယူနေခဲ့တာကြောင့် သူတို့ရဲ့နည်းဗျူဟာတွေက ရပ်တန့်သွားခဲ့ရတယ်...အခုတော့ သူတို့မျှော်လင့်ထားတာထက် ကျော်လွန်ပြီး သတိမထားမိစေဖို့အတွက် တတ်န်ိုင်သမျှမြန်မြန်လှုပ်ရှားရမယ်...ဒါမှသူတို့ရဲ့တပ်ဖွဲ့တွေကိုဖြန့်ကျက်ဖို့ အချိန်အလုံအလောက်ရှိမှာမဟုတ်ဘူး"
ရှောင်ယု၏စကားကိုနားထောင်ပြီးနောက်တွင် လီအာသည်အချိန်အတော်ကြာသည်ထိ တိတ်ဆိတ်သွားခဲ့သည်။စစ်ရေးနည်းဗျူဟာတွင် သူမနှင့်ရှောင်ယုတို့်အကြားကွာဟချက်သည် ကောင်းကင်နှင့်မြေပြင်လိုဖြစ်နေကြောင်း သူမနားလည်သွားခဲ့သည်။
"ဒီလူမိုက်ကိုကြည့်ရတာ အရည်အချင်းတော့ရှိသားပဲ"
လီအာသည် သူမ၏စိတ်ထဲတွင် တိတ်တဆိတ်ဝန်ခံမိလိုက်သည်။
ဤသို့ဖြင့် သူတို့အဖွဲ့သည် အရှိန်အဟုန်ဖြင့် ခရီးဆက်လာသော်လည်း ရှောင်ယုသည်ကား မျက်လုံးမှိတ်ထားကာ လုံးဝမလှုပ်ရှားခဲ့ပေ။သူသည် ရန်သူများ၏ခြုံခိုတိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် တိုင်ရန်ဒီနှင့်လီအာတို့သည် ကင်းထောက်များအဖြစ်တပ်ဖွဲ့၏ ရှေ့မှကြိုတင်သွားရောက်စေခဲ့သည်။
တိုင်ရန်ဒီနှင့်လီအာတို့သည် ဤရက်များအတွင်း အလွန်ပင်ပန်းနေသော်လည်း သူမတို့သည် ဤတပ်ဖွဲ့တွင်အဓိကကျသူများဖြစ်ကြကာ နှစ်ယောက်လုံးသည် ကင်းထောက်ခြင်းနှင့်သတင်းအချက်အလက်စုဆောင်းခြင်းတို့တွင် အကောင်းဆုံးလုပ်ဆောင်ခဲ့ကြသည်။ထိုသို့်မဟုတ်ပါက ရှောင်ယုသည် ချောင်းမြောင်းသတ်ဖြတ်ခံရခြင်း ၊အဖမ်းခံရခြင်းစသည့် အခြေအနေဆိုးသို့ကျရောက်သွားနိုင်ပေသည်။
ရှောင်ယုခန့်မှန်းထားသည့်အတိုင်း လူတော်တော်များများသည် သူတို့၏အပြန်လမ်းတွင် ရှောင်ယုတို့အားချောင်းမြောင်းတိုက်ခိုက်ရန် ဆန္ဒရှိခဲ့ကြသည်။သို့သော်လည်း ရှောင်ယုသည် အချိန်မှန်ရောက်မလာသည့်အတွက် ရန်သူများသည်စိတ်မရှည်ဘဲ ပြန်လည်ဆုတ်ခွာလိုစိတ်များဖြစ်ပေါ်လာခဲ့ကြသည်။နှစ်ပတ်ခန့်စောင့်ဆိုင်းပြီးနောက်တွင် ရန်သူများသည်စိတ်ရှည်သည်းခံစိတ်ကုန်ဆုံးသွားကာ ရှောင်ယုက်ိုထောက်လှမ်းရန် ကင်းထောက်များစေလွှတ်ခဲ့သည်။သို့သော်လည်း ထိုကင်းထောက်များသည် တ်ိုင်ရန်ဒီ၏လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။
ထို့ပြင် ကင်းထောက်များ၏ ရှာဖွေရေးအကွာအဝေးကို ကန့်သတ်ထားနိုင်ခဲ့သည်။ရှောင်ယုသည် ယခင်နည်းလမ်းအတိုင်း ရက်အတော်ကြာအောင် အနားယူပုန်းအောင်းရန် လူသူတိတ်ဆိတ်သောနောက်ထပ်နေရာတစ်ခုအား ရွေးချယ်ခဲ့သည်။အကယ်၍သူတို့သာ မြို့သို့မဟုတ် လူစည်ကားသောနေရာတစ်ခု၌အနားယူပါက သူ၏အောစ့်များသည် လူထု၏အာရုံစိုက်မှုကို ဖမ်းစားနိုင်မှာဖြစ်သည်။ရှောင်ယုသည် ထိုကဲ့သို့အမှားမျိုးကို မကျူးလွန်လိုပေ။
ထို့ပြင် ရန်သူများသည် သူတို့၏တပ်ဖွဲ့များအား ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကျက်လိုက်သောအခါ ရှောင်ယုသည် သူတို့၏ပိတ်ဆို့မှုကိုဖြတ်ကျော်သွားပြီဖြစ်သည်။တစ်ချိန်တည်းမှာပင် အပေါ့စားမြင်းတပ်သား၃၀၀၀ သေဆုံးသွားသည့်သတင်းကလည်း လျင်မြန်စွာပျံ့နှံ့လာခဲ့သည်။ထိုမြင်းတပ်သည် သူတို့၏သရုပ်မှန်အားဖုံးကွယ်ရန် ဓားပြများအဖြစ်ဟန်ဆောင်ထားခဲ့သော်လည်း ၎င်းတို့အားမည်သူကစေလွှတ်လိုက်ကြောင်း လူတိုင်းမှန်းဆနိုင်ပေသည်။
...
...
ကင်းထောက်အနည်းငယ်သည် ရှောင်ယု၏အောစ့်များနှင့်မြင်းတပ်သားများအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တောင်စောင်းဆီသို့ ကြည့်ရှုစစ်ဆေးရန်ရောက်ရှိလာခဲ့သည်။
အောစ့်၅၀၀သည် အဆုံးအရှုံးမရှိဘဲ မြင်းတပ်သား၃၀၀၀အား သတ်ဖြတ်နိုင်ခဲ့သည်ကို မည်သူကမှမယုံကြည်ကြသေးပေ။ထို့ပြင် ရှောင်ယုသည် ဤနေရာတွင်အကြာကြီးစခန်းချ နေထိုင်သွားခြင်းက လူတိုင်းမမျှော်လင့်ထားသောလုပ်ရပ်ဖြစ်ခဲ့သည်။
အနက်ရောက်ဝတ်စုံကို ဝတ်ဆင်ထားသော ကင်းထောက်တစ်ဦးကတိုးတိုးလေးရေရွတ်လိုက်သည်။
"သူက ကြောက်စရာကောင်းတဲ့ရန်သူပဲ"
...
...
ရက်ပေါင်းများစွာကြာ မရပ်မနားခရီးဆက်မှုကြောင့် အောစ့်များသည်ပင် ပင်ပန်းနွမ်းနယ်လာခဲ့သည်။သို့သော်လည်း လက်ရှိအချိန်တွင် ရန်သူများသည် ရှောင်ယုကိုအမှီလိုက်ရန် အလွန်ခက်ခဲနေပြီဖြစ်သည်။
ယခုဆိုလျှင် သူတို့သည် ရှောင်ယုအားချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေးဆုံးရှံးသွားခဲ့ပြီဖြစ်ရာ ရှောင်ယုနောက်သို့လိုက်ရန်ကြိုးစားခြင်းသည် အမှတ်မရှိသောလုပ်ရပ်ဖြစ်သည်။
...
ရှောင်ယုသည် ခြင်္သေ့မြို့နှင့် ၂ရက်၃ရက်ခန့်ခရီးအကွာအဝေးသို့ ရောက်လာချိန်တွင် လူတိုင်းကိုအနားပေးခဲ့ကာ မနက်ဖြန်ခရီးဆက်ရန် အမိန့်ပေးလိုက်သည်။
အောစ့်များသည် ကြမ်းတမ်းသောစစ်သည်တော်များဖြစ်ရာ ခဏအနားယူလိုက်ပြီးနောက် သူတို့၏ခွန်အားကိုပြန်လည်ရရှိလာမည်ဖြစ်သည်။ရှောင်ယုသည် ရန်သူများကိုမကြောက်တော့ပေ။သူ့နောက်သို့လိုက်လာသူများ ရှိလျှင်ပင်အလွန်အရေအတွက် နည်းပါးနေမှာဖြစ်သည်။
ဤနေရာတွင် သာမန်စစ်သားများသည် သူ့နောက်သို့လိုက်လာမည်မဟုတ်ကြောင်း ရှောင်ယုနားလည်ပေသည်။အစွမ်းထက်သော သူရဲကောင်းအချို့နှင့်လုပ်ကြံသူများသည် အခွင့်အရေးရပါက သူ့အားသတ်ဖြတ်ရန် ကျိန်းသေပေါက်ကြိုးစားလာမှာဖြစ်သည်။
ညဘက်တွင် ရှောင်ယုသည် အောစ့်များအား စခန်းတစ်ခုလုံးရှိမီးများကို ငြိမ်းသတ်ထားရန်အမိန့်ပေးခဲ့သည်။ထို့ပြင် သူသည်အောစ့်များကို သူတို့ယခင်လုပ်ဆောင်ခဲ့သော လေ့ကျင့်ခန်းအတိုင်း တိုက်ခိုက်ရန်အသင့်ပြင်ထားရန် အမိန့်ပေးထားခဲ့သည်။အနီးကပ်တိုက်ခိုက်ရာတွင် အောစ့်များသည် အစွမ်းထက်သောသူရဲကောင်းများနှင့်လုပ်ကြံသူများကို ရင်မဆိုင်နိုင်ကြောင်း သူသိထားသော်လည်း လက်ပစ်ပုဆိန်များသည် ရန်သူများအား ဒုက္ခတွေ့သွားမှာဖြစ်သည်။
ထိုညတွင် စခန်းအားတိုက်ခိုက်ရန်အတွက် လုပ်ကြံသူများနှင့်သူရဲကောင်းများသည် အမြောက်အများရောက်ရှိလာခဲ့သည်။သူတို့၏ရည်ရွယ်ချက်မှာ ရှောင်ယုကိုသတ်ဖြတ်၍ နဂါးနှင့်တိုင်ရန်ဒီအား ခိုးယူရန်ဖြစ်သည်။ထိုလူတို့သည် ရိုင်းစိုင်းသောအောစ့်များနှင့်နှိုင်းယှဉ်ပါက နဂါးလေးနှင့်တိုင်ရန်ဒီတို့အား ပိုမိုလိုလားကြသည်။
သို့သော် ရှောင်ယုသည်ထိုသို့သောတိုက်ခိုက်မှုမျိုးအတွက် အဆင်သင့်ဖြစ်နေကြောင်း သူတို့မသိခဲ့ကြပေ။တိုင်ရန်ဒီသည် ရှောင်ယု၏ရထားပေါ်၌ ရှိနေစဉ်နဂါးလေးအား သူမ၏လက်ထဲတွင်ပွေ့ဖက်ထားခဲ့သည်။ထို့ကြောင့် ထိုညတွင် အောစ့်များ၏လက်ပစ်ပုဆိန်များလက်ချက်အောက်၌ လုပ်ကြံသူ ၅ဦးနှင့် သူရဲကောင်း၇ဦး သေဆုံးခဲ့ရသည်။ထိုထဲတွင် ဒုတိယအဆင့်လုပ်ကြံသူ၃ဦးနှင့် တတိယအဆင့်သူရဲကောင်း၁ဦး ပါဝင်ပေသည်။
သို့သော်လည်း ထိုရန်သူများသည် တစ်ဦးချင်းတိုက်ခိုက်ခြင်းမဟုတ်ဘဲ အစုလိုက်အပြုံလိုက် တိုက်ခိုက်ရန်ရွေးချယ်ခဲ့သည်။သို့ဖြစ်ရာ အောစ့်များ၏လက်ပစ်ပုဆိန်များသည် ပိုမိုအကျိုးသက်ရောက်မှုရှိခဲ့ပေသည်။ဤဖြစ်ရပ်မှတဆင့် ရှောင်ယု၏နည်းဗျူဟာဖြစ်သော လက်ပစ်ပုဆိန်ကိုအသုံးပြုခြင်းသည် အလွန်ထိရောက်ခြင်း သက်သေပြခဲ့သည်။
သူရဲကောင်းများသည် အဆင့်၄သို့မဟုတ် အဆင့်၅သို့ရောက်ရှိပါက ထိုလက်ပစ်ပုဆိန်များကို ခုခံရန်အတွက် တိုက်ပွဲစွမ်းအင်ကို အသုံးပြုနိုင်ပြီဖြစ်သည်။သို့သော်လည်း ထိုအဆင့်ရှိသည့်ရန်သူများသည် ရှောင်ယုအားလာရောက်တိုက်ခိုက်ခြင်းမရှိသေးပေ။
ထို့ပြင် စတုတ္ထအဆင့်သို့မဟုတ် ပဥ္စမအဆင့်သူရဲကောင်းများနှင့် ရင်ဆ်ိုင်ရပါက လှံပစ်စက်၅၀ကိုပင်အသုံးပြုရန် ရှောင်ယုစီစဉ်ထားခဲ့သည်။လက်ပစ်ပုဆိန်များအလုပ်မလုပ်တော့လျှင် လှံပစ်စက်များ၏ ထိုးဖောက်နိုင်စွမ်းကောင်းသော လှံတံများရှိနေသေးသည်။
နောက်တစ်နေ့ညတွင် တိုက်ခိုက်ရန်ကြိုးစားလာသော ရန်သူအရေအတွက်လျော့နည်းသွားသော်လည်း ၎င်းတို့၏စွမ်းအားသည် တိုးတက်လာခဲ့သည်။
နောက်ဆုံးတွင် စတုတ္ထအဆင့်သူရဲကောင်းတစ်ဦး ထွက်ပေါ်လာခဲ့သည်။
"ငါကအရမ်းတန်ဖိုးရှိနေတာပဲ..."
ရှောင်ယုက တိတ်တဆိတ်ညည်းညူမိလိုက်သည်။
ထိုစတုတ္ထအဆင့်သူရဲကောင်းသည် ရှောင်ယု၏ရထားပေါ်သ်ို့ချက်ချင်းခုန်တက်ရန်အတွက် သူ၏ပြင်းထန်သောတိုက်ပွဲစွမ်းအင်ကို အသုံးပြုကာ အရှိန်အဟုန်ကိုရယူခဲ့သည်။သူသည်ရှောင်ယုဆီသို့ ဦးတည်၍ဓားကိုထိုးသွင်းလိုက်သော်လည်း ရှောင်ယုသည်ရုတ်တရက်ပျောက်ကွယ်သွားကြောင်း သတိထားမိလိုက်သည်။
တည်နေရာရွေ့ပြောင်းတာလား....
စတုတ္ထအဆင့်သူရဲကောင်းသည် ရှောင်ယုတည်နေရာရွေ့ပြောင်းသွားသည်ကို မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
"ဒီကောင်ကဘယ်သူလဲ....ဘာလို့တည်နေရာရွေ့ပြောင်းတာကို အသုံးပြုနိုင်ရတာလဲ..."
ဂရင်းသည် ထိုသူရဲကောင်းကို တိုက်ခိုက်ခဲ့သော်လည်း သူသည်စတုတ္ထအဆင့်သူရဲကောင်း၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ရှောင်ယုပျောက်ကွယ်သွားပြီးနောက် ထိုသူရဲကောင်းသည် ရထားပေါ်၌ဆက်နေရန် စိတ်မဝင်စားတော့ပေ။သို့သော်လည်း သူရထားပေါ်မှဆင်းပြီးနောက်တွင် မည်သူကမှသူ့အားမတားဆီးတော့ဘဲ ထွက်ခွာရန်လမ်းကြောင်းတစ်ခုပင်ပြုလုပ်ထားခဲ့သည်။ထိုသူရဲကောင်းသည် အန္တာရယ်အငွေ့အသက်ကိုရရှိလိုက်၍ အချိန်မဆွဲဘဲ တတ်နိုင်သမျှမြန်မြန်ထွက်ပြေးခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏နောက်ကျောဘက်မှ လေတိုးသံများပဲ့တင်ထပ်နေကြောင်း သတိထားမိလိုက်သည်။
ထိုသူရဲကောင်းသည် ခေါင်းလှည့်ကြည့်လိုက်ရာ အနက်ရောင်အစက်အပြောက်များသည် ကောင်းကင်အားဖုံးလွှမ်းသွားသည်ကို တွေ့မြင်လိုက်ရ၍ သူ၏အဆုံးသတ်သို့ရောက်ရှိသွားသည်ကို လှည့်ကြည့်လိုက်သည်။
စတုတ္ထအဆင့်သူရဲကောင်းတစ်ဦးအနေဖြင့် လှံပစ်စက်၏လှံတံများကို မကြောက်ရွှံပေ။သို့သော်လည်း လှံတံ၁ခု၂ခုအား ရှောင်တိမ်းပြီးနောက် နောက်ထပ်လှံတံအနည်းငယ်ကိုဖယ်ရှားရန် သူ၏ဓားကိုအသုံးပြုခဲ့သည်။သို့သော်လည်း သူသည်ရာနှင့်ချီသောလှံတံများကို မရှောင်တိမ်းနိုင်တော့ပေ။
"သူ့ခေါင်းကိုဖြတ်ပြီး ငါ့ရဲ့ရထားရှေ့မှာဆွဲထားလိုက်ပါ...ငါ့ကိုလုပ်ကြံဖို့ဘယ်သူသတ္တိရှိလဲ ငါကြည့်ချင်သေးတယ်..."
ထိုသို့ခြိမ်းခြောက်မှုသည် ထိရောက်မှုအလွန်ရှိကြောင်း ရှောင်ယုနားလည်ပေသည်။စတုတ္ထအဆင့်သူရဲကောင်းသည် ဤတိုက်ကြီးတွင်မည်မျှအားကောင်းကြောင်း လူအများစုသိထားကြသည်။သူ၏လုပ်ရပ်ကြောင့် အခြားသောရန်သူများသည် ခြိမ်းခြောက်မှုကိုတွေ့မြင်ချိန်တွင် နောက်ဆုတ်သွားကြသည်။သူတို့ရရှိမယ့်ဆုလာဘ်သည် အလွန်ဆွဲဆောင်မှုရှိသော်လည်း သူတို့၏အသက်ကပိုမိုအဖိုးတန်ပေသည်။
နှစ်ရက်ကြာအောင် ခရီးနှင်ပြီးနောက်တွင် သူတို့သည်ခြင်္သေ့မြို့၏အသွင်ကို စတင်မြင်တွေ့လာကြရသည်။
"နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီပဲ"
အခန်း ၁၀၁ - ခြင်္သေ့မြို့၏ အဓိကခြိမ်းခြောက်မှု
ခြင်္သေ့မြို့နှင့်မိုင်၂၀ခန့်အကွာသို့ ရှောင်ယုရောက်ရှိလာချိန်တွင် ကင်းထောက်များက စတင်သတိထားမိလာကြသည်။သူတို့သည် ခြင်္သေ့မြို့တံခါးဝ၌ စောင့်ကြိုနေသော အိမ်တော်ထိန်းဟောင်နှင့်ကပ္ပတိန်ဟွေ့တို့အား ထိုအကြောင်းကို ပြန်လည်တင်ပြလိုက်သည်။
သူတို့သည် ရှောင်ယုအစား စစ်ဝမ်ကိုဦးစွာလိုက်လံရှာဖွေခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူမသည်ဤခရီးစဉ်၏အဓိကသော့ချက်တစ်ခုဖြစ်နေ၍ဖြစ်သည်။ရှောင်ယု၏ အဓိကရည်ရွယ်ချက်မှာလည်း သူမကိုဘေးကင်းစွာပြန်လည်ခေါ်ယူလာရန်ဖြစ်သည်။ယခုလည်း စစ်ဝမ်နှင့်ရှောင်ယုတို့သည် ရထားပေါ်မှဆင်းလာသည်ကိုမြင်သောအခါ အိမ်တော်ထိန်းဟောင်၊ကပ္ပတိန်ဟွေ့အပြင် ကျန်မရီးများသည်အလွန်ပျော်ရွှင်သွားခဲ့ကြသည်။ခြင်္သေ့မြို့သည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပီး ဝမ်မိသားစုနယ်မြေမှ စစ်ဝမ်အားပြန်လည်ခေါ်ယူနိုင်ခဲ့သဖြင့် မည်သူ့ကိုမှခေါင်းငုံ့နေစရာမလိုတော့ပေ။
ရှောင်ယုသည် သူတို့ထံပြေးလာသော မရီးများကိုဆီးကြိုပွေ့ဖက်ရန် ပြင်ဆင်လိုက်သော်လည်း သူမတို့သည်ရှောင်ယုအားဖြတ်ကျော်ကာ စစ်ဝမ်ထံရောက်သွားသောကြောင့် သူတစ်ယောက်တည်းခါးသီးစွာ မတ်တပ်ရပ်နေခဲ့ရသည်။ရှောင်ယုသည် လက်နှစ်ဖက်ကိုမြှောက်လျက် အရူးတစ်ယောက်လိုမျိုး ရူးမိုက်စွာပြုံးမိလိုက်သည်။
"မင်းသူ့ကို ပြန်ခေါ်လာတာ တကယ်ကောင်းတယ်"
ကမ်မီလာသည် ရုတ်ချည်းဆိုသလိုပင် ရှောင်ယု၏ပါးကို နမ်း၍ဆုကြေးပေးလိုက်သည်။
"မင်းက တကယ်အစွမ်းရှိတာပဲ"
ဒုတိယမရီးကလည်း ရှောင်ယုအားတိုးတိုးလေးပြောလိုက်သည်။
"မင်းက စစ်ဝမ်ကိုဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့တာဆိုတော့ အရင်ကမကျေနပ်ချက်တွေကို ငါမေ့ထားလိုက်မယ်"
ဆုရှာက တိုးတိုးလေးပြောလိုက်သည်။သူမပြောသည့် မကျေနပ်ချက်များတွင် ရှောင်ယုယခင်ကပြုလုပ်ခဲ့သည့် အရှက်ကင်းမဲ့သောလုပ်ရပ်ကိုရည်ညွန်းပေသည်။
"ရှောင်ယု မင်းကတကယ့်ကိုစစ်ဝမ်ကိုပြန်ခေါ်နိုင်ခဲ့တာပဲ...မင်းကရှောင်မိသားစုရဲ့ဆက်ခံသူပီသပါပေတယ်"
ပထမဆုံးမရီးဖြစ်သူ ချီဝမ်ကလည်း ရှောင်ယုအားပွေ့ဖက်လိုက်သည်။ဤနေရာတွင် ရှောင်ယုသည် သူ့ကိုယ်သူဒဏ်ရာအနည်းငယ်ရရှိဟန်ဆောင်နိုင်ရန် လှည့်ကွက်လေးအချို့ကို ဖန်တီးထားခဲ့သည်။
...
...
ရှောင်ယု၏ရထားလုံးသည် မြို့ထဲသို့ဝင်လာချိန်တွင် မြို့နေလူထုကနွေးထွေးစွာကြိုဆိုခဲ့ကြပြီး ရှောင်ယုကလည်းသူတို့အား လက်ပြနှုတ်ဆက်ခဲ့ကြသည်။ရှောင်ယုသည် ခြင်္သေ့မြို့၏အပြောင်းအလဲများကို စတင်၍ သတိထားစောင့်ကြည့်လာခဲ့သည်။
သူထွက်ခွာသွားစဉ်က ခြင်္သေ့မြို့၌ လူသိပ်မရှိသေးပေ။သို့သော်လည်း ယခုအခါတွင် မြို့တွင်း၌သူ့အားလာရောက်စောင့်ကြပ်ပေးသော တပ်သား၁၀၀၀ကိုပင် တွေ့လိုက်ရသည့်အတွက်ကြောင့် ခြင်္သေ့မြို့သည်အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရဟန်ရှိသည်။
...
...
ရှောင်ယုသည် အိမ်သို့ပြန်ရောက်သောအခါ စစ်ဝမ်အားအခြားသော မရီးများနှင့်အတူ အချိန်ဖြုန်းရန်လွတ်ပေးလိုက်ပြီး သူသည်ကားခြင်္သေ့မြို့၏တိုးတက်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အိမ်တော်ထိန်းဟောင်နှင့်ကပ္ပတိန်ဟွေ့တို့တင်ပြသော အစီရင်ခံစာများကိုနားထောင်လိုက်သည်။
ခြင်္သေ့မြို့၏ ကြီးမားသောပြောင်းလဲမှုများက အလွန်ကောင်းမွန်သောကြောင့် အိမ်တော်ထိန်းဟောင်နှင့်ကပ္ပတိန်ဟွေ့တို့နှစ်ဦး အလွန်ပင်ပျော်ရွှင်ခဲ့ကြရသည်။
ယခုအခါ ခြင်္သေ့မြို့၌ လူဦးရေ၁၅၀၀၀၀ကျော် နေထိုင်လျက်ရှိကာ စစ်သားဦးရေ ၁၀၀၀၀ခန့်စုဆောင်းထားနိုင်ပြီဖြစ်သည်။ကပ္ပတိန်ဟွေ့သည် တပ်သားများကိုထပ်မံစုဆောင်းလိုသော်လည်း ၎င်းတို့အားအုပ်ချုပ်နိုင်မယ့် အရည်အချင်းပြည့်မှီသော ဗိုလ်ချုပ်တစ်ဦးမရှိသောကြောင့် ထိုကိစ္စကိုရပ်နားထားခဲ့ရသည်။ရှောင်ယု၏မူဝါဒများကို အကောင်အထည်ဖော်လာသည်နှင့်အမျှ အမျိုးသားအများအပြားသည် သူတို့၏မိသားစုအတွက် ဂုဏ်ကျက်သရေနှင့်စည်းစိမ်ဥစ္စာများကို ရယူလိုသည့်အတွက် စစ်တပ်ထဲသို့ဝင်ရောက်ခဲ့ကြသည်။သူတို့သည် တိုက်ပွဲ၌ကျဆုံးခဲ့လျှင်ပင် သူတို့၏မိသားစုအတွက် စိုးရိမ်စရာမလိုခဲ့ပေ။
ခြင်္သေ့နယ်မြေသည် အခြားသောနယ်မြေများထက် စစ်မှုထမ်းများနှင့်လယ်သမားများအတွက် ပိုမိုကောင်းမွန်ပေသည်။အရာရှိများသည် အခွန်ကောက်ရန်အတွက် နေ့စဉ်နေ့တိုင်း ပြည်သူများ၏အိမ်တံခါးဝသို့ ရောက်ရှိလာမည်မဟုတ်ပေ။ထို့ပြင် မြေငှါးရမ်းခအတွက်လည်း စိတ်ပူစရာမလိုတော့ပေ။လယ်သမားများသည် လုပ်အားဖြင့်သာ နယ်မြေကိုထောက်ပံ့ပေးပြီး စားနပ်ရိက္ခာဖြင့် တပ်များကိုရောင်းချနိုင်သည်။ထို့ပြင် လယ်သမားတစ်ဦးသည် အသုံးမပြုဘဲစွန့်ပစ်ထားသော လယ်မြေများကို အခွန်မဆောင်ဘဲအသုံးပြုနိုင်ပေသည်။ရွေ့ပြောင်းနေထိုင်သူအသစ်များသည် သူတို့၏ရွာဟောင်းများနှင့်နှိုင်းယှည်ပါက ခြင်္သေ့နယ်မြေ၌ ပိုမိုကောင်းမွန်သောနေထိုင်မှုပုံစံကိုရရှိကြသည်။
အစောပိုင်းတွင် အိမ်တော်ထိန်းဟောင်သည် အလွန်ခေါင်းမာပြီး ထိုမူဝါဒများကို အကောင်အထည်ဖော်ရန်အတွက် ဆန့်ကျင်ခဲ့သည်။သို့သော်လည်း ခြင်္သေ့နယ်မြေသည် ထိုမူဝါဒများကိုလိုက်နာ၍ မြန်မြန်ဆန်ဆန်တိုးတက်အောင်မြင်ခဲ့သည့်အတွက်ကြောင့် စိတ်သက်သာရာရသွားခဲ့သည်။သူ့စိတ်ထဲတွင် နှစ်အနည်းငယ်ကြာမြင့်ပြီးနောက် မြေယာများကိုပြန်လည်ရရှိမည်ဖြစ်သည့်အတွက် အခွန်အခမကောက်ခံခြင်းသည် သူတို့အားများစွာမထိခိုက်ပေ။ထို့ပြင် သူ၏အမြင်၌ ဤအရာသည် ရေရှည်ရင်းနှီးမြုပ်နှံခြင်းပင်ဖြစ်သည်။
ရှောင်ယုသည် သူ၏နယ်မြေပိုမိုကြီးထွားလာပါက လယ်သမားတိုင်းကို လယ်ယာမြေပိုင်ဆိုင်ခွင့်ပေးရန် အစီအစဉ်မရှိခဲ့ပေ။
လတ်တလောတွင် ထိုလယ်သမားများကို အခွန်ကင်းလွတ်ခွင့်ရအောင် လုပ်ဆောင်ပေးရုံသာဖြစ်သည်။ရှောင်ယုသည် စစ်သားများအား ၎င်းတို့၏စစ်ရေးစွမ်းဆောင်မှုအရ ဆုချမယ့်အခြားသောမူဝါဒတစ်ခုကို ထည့်သွင်းရန်စီစဉ်နေခဲ့သည်။စစ်သားများသည် တိုက်ပွဲအတွင်းကောင်းစွာစွမ်းဆောင်နိုင်ခဲ့ပါက အခွန်မဆောင်ဘဲ ငါးနှစ်မှဆယ်နှစ်အထိ အသုံးပြုခွင့်ရရှိမှာဖြစ်သည်။သူသည် ခြင်္သေ့မြို့၏တပ်ဖွဲ့များကို စစ်ပွဲကာလက ချင်ပြည်နယ်၏တပ်များနှင့် တူညီစေရန်ပြုလုပ်မှာဖြစ်သည်။
ရှန်းယန်သည် စစ်မှုထမ်းခြင်းဆိုင်ရာ ဆုပေးခြင်းစနစ်ကို အကောင်အထည်ဖော်လိုက်ပြီးနောက် ချင်စစ်သားများသည် သွေးဆာနေသောစစ်သားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤစနစ်ကို စစ်သားများသာမက လယ်သမားများအတွက်ပါ အကျုံးဝင်စေလိုက်ပါက သူသည်ကြီးမားသောအောင်မြင်မှုရရှိမည်ကို ရှောင်ယုနားလည်ပေသည်။ထိုလယ်သမားများနှင့်စစ်သားများသည် သူတို့၏မြေနှင့်မိသားစုကို စောင့်ရှောက်နိုင်ရန် လိုလိုလားလားအသက်ပေးနိုင်ပေသည်။ထိုအရာသည် ပိုကောင်းသောကမ္ဘာ၏ အတွေးအခေါ်များပင်ဖြစ်သည်။
ထို့အပြင် ရှောင်ယုသည် ကာရီ၏အဖေပိုင်နက်ရှိ အခြေအနေများကိုမေးမြန်းခဲ့သည်။ဆိုလိုမွန်း၏ နယ်မြေသည် ယခုထိတိုင်တည်ငြိမ်မှုမရှိနိုင်ကြောင်း ရှောင်ယုယုံကြည်ခဲ့သည်။နောက်ဆုံးအကြိမ်တိုက်ပွဲတွင် တပ်သား ၂၀၀၀၀နီးပါးဆုံးရှံးခဲ့ရပြီးနောက်တွင် ဆိုလိုမွန်း၏တပ်များသည် ဆိုးဆိုးရွားရွားထိခိုက်မှုခံစားခဲ့ရသည်။မဝေးလှသောအနာဂတ်တွင် ဆိုလိုမွန်းသည် ကြီးမားသောတိုက်ပွဲကြီးတစ်ခုအား ပြန်လည်စတင်ရန်အခက်အခဲရှိမှာဖြစ်သည်။ထို့ပြင် ဆိုလိုမွန်း၏နယ်မြေသည် ကန်းနိုင်ငံလောက်မကျယ်ပြန့်ပေ။သူတို့သည် နိုင်ငံတစ်ခုမဟုတ်ဘဲနယ်မြေတစ်ခုသာဖြစ်သည်။
ယခုအချိန်တွင် ရှောင်ယုက ဆိုလိုမွန်း၏တပ်သားအများစုသည် ယာယီတပ်သား သို့မဟုတ် ကြေးစားတပ်သားများသာဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ထို့ကြောင့် ရှောင်ယုသည်ကာရီနောက်တစ်ကြိမ် တိုက်ခိုက်လာမည်ကို မစိုးရိမ်ခဲ့ပေ။
ထို့ပြင် ရှောင်ယုသည် သူတို့အားနှောင့်ယှက်ရန်အတွက် အားသက်စ်ကိုစေလွှတ်ထားခဲ့သည်။
မကြာသေးမှီက ဆိုလိုမွန်း၏ပိုင်နက်နယ်မြေအတွင်း၌ ဖုတ်ကောင်များနှင့်လူသေများ ဆက်တိုက်နှောင့်ယှက်နေကြောင်း ကပ္ပတိန်ဟွေ့က အစီရင်ခံခဲ့သည်။ထိုဖြစ်ရပ်ကြောင့် လူအများအပြားထွက်ပြေးခဲ့ကြပြီး ပရမ်းပတာဖြစ်ခဲ့ရသောကြောင့် ရှောင်ယုသည် အားသက်စ်အား တိတ်တဆိတ်ချီးကျူးမိလိုက်သည်။
ကပ္ပတိန်ဟွေ့သည် စိုးရိမ်နေသောလေသံဖြင့် ပြောလိုက်သည်။
"ဆိုလိုမွန်းရဲ့နယ်မြေက ငါတို့အတွက်ကြီးမားတဲ့ခြိမ်းခြောက်မှုမဟုတ်ပေမဲ့...တကယ့်အစစ်အမှန်ခြိမ်းခြောက်မှုက ဓားပြတွေပဲ...သူတို့ကမကြာခင်မှာဘဲ ခြင်္သေ့မြို့အတွက်ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်လာတော့မှာပဲ"
ရှောင်ယုသည် သတင်းအချက်အလက် အပြည့်အစုံကို ချက်ချင်းမေးမြန်းလိုက်သည်။
ရှောင်ယုသည် သူထွက်ခွာသွားပြီးနောက်တွင် သရောလ်အားတပ်များကိုဦးဆောင်၍ ဓားပြစခန်းများကိုသုတ်သင်ရန် အမိန့်ပေးခဲ့သည်။အောစ့်များ၏တိုက်ခိုက်မှုသည် အဆက်မပြတ်ဖြစ်ပွားနေခဲ့သောကြောင့် အဆိုပါဓားပြစခန်းငယ်များသည် ခြင်္သေ့မြို့အားတိုက်ခိုက်ရန် အတူတကွပေါင်းစည်းခဲ့ကြသည်။ဓားပြခေါင်းဆောင်များထဲမှ တစ်ဦးမှာ အရည်အချင်းရှိသောခေါင်းဆောင်တစ်ဦးဖြစ်ကာ စုဘာရူဟုအမည်ရပေသည်။သူ၏ခေါင်းဆောင်မှုကြောင့် ဓားပြအုပ်စုများစွာသည် တစုတစည်းတည်းဖြစ်လာခဲ့ကာ သူ့လက်အောက်တွင် ဓားပြရ၀၀၀၀မှ ၈၀၀၀၀ခန့်အထိစုစည်းနိုင်ခဲ့သည်။
ရှောင်ယုထံတွင် ကိုယ်ပိုင်တပ်ဖွဲ့ဝင် ၂၀၀၀နှင့် ခြင်္သေ့မြို့၏တပ်သား၁၀၀၀၀ခန့်သာ ရှိပေသည်။ထို့ပြင် ခြင်္သေ့မြို့၏တပ်သားအများစုသည် တပ်သားသစ်များဖြစ်သည့်အတွက်ကြောင့် တိုက်ပွဲအတွင်း၌ ထိရောက်မှုအားနည်းနိုင်သည်။ထို့ကြောင့် ဓားပြမဟာမိတ်၏ ဓားပြရ၀၀၀၀သည် သူတို့အတွက်ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့သည်။
ထို့ပြင် ကာရီနှင့်သူ၏အဖေဖြစ်သော ဆိုလိုမွန်းတို့သည် ဓားပြများနှင့်ဆက်သွယ်ရန်အတွက် လူများကိုစေလွှတ်ခဲ့ပြီး ခြင်္သေ့မြို့အား ကိုင်တွယ်ရန် သူတို့နှင့်ညှိနှိုင်းခဲ့ကြောင်း သတင်းရထားခဲ့သည်။
ရှောင်ယုသည် မတော်တဆအခြေအနေမျိုးတွင် အခြားသူများ၏ အကူအညီကိုရလိမ့်မည် မမျှော်လင့်ထားပေ။သို့သော်လည်း လက်ရှိအခြေအနေသည် အများကြီးပိုကောင်းပေသည်။ဓားပြများသည် အနောက်မြေရိုင်းဒေသ၌ ယခင်လိုအုပ်စုငယ်များဖြန့်ကျက်နေမည့်အစား ယခုလိုတစ်စုတစ်စည်းတည်းဖြစ်သွားခြင်းက သူတို့အားကိုင်တွယ်ရန်ပိုမိုလွယ်ကူသွားစေခဲ့သည်။ဓားပြရ၀၀၀၀မှ ၈၀၀၀၀ခန့်ထိပါဝင်သော ဓားပြမဟာမိတ်ကို ကိုင်တွယ်ရန်ခက်ခဲသော်လည်း နည်းဗျူဟာကျကျကိုင်တွယ်ဖြေရှင်းပါက သူတို့အားကျော်ဖြတ်နိုင်မည်ဖြစ်သည်။
"တစ်နှစ်အတွင်း ဓားပြတွေအကုန်လုံးကိုရှင်းလင်းမယ်...နှစ်နှစ်အတွင်းမှာ အနောက်မြေရိုင်းဒေသတစ်ခုလုံးက်ို ပေါင်းစည်းမယ်"
ရှောင်ယုသည် သူ့အတွက်ရည်မှန်းချက်အသစ်တစ်ခုအား ချမှတ်ခဲ့သည်။
ဖရိုဖရဲအချိန်ကာလများ ကျရောက်လာတော့မည်ကို သိရှိထားသည့်အတွက် သူသည်ဤလောကတွင် အခိုင်အမာခြေကုပ်ရယူထားရမည်ဖြစ်သည်။ထို့ကြောင့် သူသည်အခြားနယ်မြေများကို မသိမ်းပိုက်မှီ အနောက်မြေရိုင်းဒေသက်ို ဦးစွာပေါင်းစည်းရမည်ဖြစ်သည်။
ခြင်္သေ့မြို့သည် တဖန်မြင့်တက်လာသော်လည်း ကန်းနိုင်ငံကဲ့သို့သော အင်အားစုများကို ပြိုင်ဘက်အဖြစ် မသတ်မှတ်နိုင်သေးပေ။သူတို့သည် ခြင်္သေ့နယ်မြေတစ်ခုလုံးကို ဖျက်ဆီးရန်အတွက် တပ်သား၁၀၀၀၀၀ကို တပြိုင်နက်တည်းစေလွှတ်နိုင်ပေသည်။
ထို့ပြင် ထိုကဲ့သို့အင်အားတောင့်တင်းသောနေရာများ၌ မှော်အသုံးအဆောင်များ ၊ အဆင့်မြင့်လက်နက်ကြီးများစသည့် ဆိုလိုမွန်းတို့မပိုင်ဆိုင်နိုင်သော အရာများစွာရှိပေသည်။
အခန်း ၁၀၂ - အဆင့်တက်ခြင်းနှင့်ကျွမ်းကျင်မှုအသစ်များ
ရှောင်ယုသည် သူ၏နယ်မြေကိုပြန်သွားပြီးနောက် အခြေစိုက်စခန်းလေးခုလုံးကို စစ်ဆေးရန်ပြန်သွားခဲ့သည်။ကပ္ပတိန်ဟွေ့၏ အစီရင်ခံစာများအရ သရောလ်နှင့်အူသာတို့သည် သူတို့၏အလုပ်ကိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟုသိခဲ့ရသည်။
ရှောင်ယုသည် သူကယ်တင်ခဲ့သော အောစ့်များနှင့်အတူ အောစ့်အခြေစိုက်စခန်းသို့ ရောက်လာသောအခါ စခန်းထဲရှိအောစ့်များသည် သံပြိုင်ဟစ်ကြွေးလိုက်ကြသည်။ရှောင်ယုကယ်တင်ခဲ့သော အောစ့်များသည် စခန်းအတွင်းရှိ မဟာခန်းမနှင့်မြေတွင်းများကို တွေ့မြင်လိုက်သောအခါ အိပ်မက်ထဲ၌ရှိနေသည်ဟု တွေးမိလိုက်သည်။ဤအခြေစိုက်စခန်းသည် ရှေးခေတ်အောစ့်မျိုးနွယ်သို့ ရောက်ရှိသွားသလိုခံစားလိုက်ရကာ ထိုခေတ်ကထက်ပင် ပိုမိုကြွယ်ဝချမ်းသာနေဟန်ရသည်။အခြေစိုက်စခန်းတွင် မျိုးနွယ်စုအဆောက်အဦးများစွာ ရှိနေခဲ့ကာ အထူးသဖြင့် မုန်တိုင်းယဇ်ပလ္လင်က သူတို့၏အထွတ်အမြတ်အဆောက်အဦးဖြစ်သည်။
သရောလ်ထွက်ပေါ်လာချိန်တွင် အောစ့်များအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။အသစ်ရောက်ရှိလာသော အောစ့်များသည် သရောလ်၏ကောင်းချီးပေးမှုကို ရရှိချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်ကျလာခဲ့သည်။
အောစ့်များမျက်ရည်ကျသည်မှာ အလွန်ရှားပါးသည့်အတွက်ကြောင့် ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
"ငါ့ကလေးတွေလာခဲ့ကြ...မင်းတို့တွေဟာ နောက်ထပ်နာကျင်စရာတွေ ဝမ်းနည်းစရာတွေကိုထပ်ပြီးတော့ ခံစားရတော့မှာမဟုတ်ဘူး...ငါတို့ရဲ့အောစ့်တွေကို သူတို့ရဲ့အထွတ်အထိပ်ဘုန်းကျက်သရေကို ပြန်ရစေရမယ်လို့ ငါကတိပေးတယ်..."
သရောလ်က ကျယ်လောင်စွာကတိပေးလိုက်သည်။အောစ့်၏ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည်သူ၏မျိုးနွယ်စုအား အထွတ်အထိပ်သို့ ပြန်လည်ပို့ဆောင်ရန် တာဝန်အပြည့်ရှိပေသည်။
"သခင့်ရဲ့ကရုဏာကို ထာဝရအမှတ်ရနေမှာပါ...သခင့်ရဲ့လက်ဆောင်အတွက် ငါဘာမှပြန်ပေးနိုင်မှာမဟုတ်ဘူး...ဒါပေမဲ့ မင်းအပေါ်မှာထာဝရသစ္စာရှိနေဖို့ ကတိပေးပါတယ်"
သရောလ်သည် ရှောင်ယု၏ရှေ့မှောက်တွင် ဒူးထောက်ထိုင်ချလိုက်ကာ သစ္စာခံယူကြောင်းကျိန်ဆိုလိုက်သည်။
ထိုအပြုအမူမှတဆင့် အောစ့်များ၏သစ္စာစောင့်သိမှုသည် အမှတ်ရ၀ထိ တိုးမြင့်လာကြောင်း ရှောင်ယုကိုစနစ်က သတိပေးလာခဲ့သည်။
"သရောလ်...မင်းကအောစ့်တွေရဲ့ခေါင်းဆောင်လေ...အောစ့်တွေကို သူတို့ရဲ့အထွတ်အထိပ်ဂုဏ်ကျက်သရေကို ပြန်ရဖို့အတွက်ဆို သွားရမယ့်ခရီးလမ်းက အရှည်ကြီးရှိနေသေးတယ်....ငါမင်းကိုကျွန်တစ်ယောက်လို ဘယ်တုံးကမှမဆက်ဆံခဲ့ဖူးဘူး...မင်းတို့အားလုံးကငါ့ရဲ့ညီအစ်ကိုတွေပဲ...ငါ့ရဲ့အဓိကရည်ရွယ်ချက်က လူမျိုးအားလုံးငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်မယ့် ဘုန်းတန်ခိုးကြီးမားတဲ့ခေတ်ကာလကို ဖန်တီးဖို့ပဲ"
ရှောင်ယုသည် သရောလ်ကိုဖေးမလိုက်ပြီး စိတ်အားထက်သန်နေသောလေသံဖြင့်ပြောလိုက်သည်။
"ငါတို့အားလုံး သခင့်အပေါ်ကို ထာဝရသစ္စာစောင့်သိပါမယ်"
ရှောင်ယုကယ်တင်လာခဲ့သော အောစ့်များသည်ပင် သူ့အပေါ်၌ စတင်၍သစ္စာခံယူလာခဲ့ကြသည်။
ထို့နောက် ရှောင်ယုခရီးထွက်နေချိန်တွင် သရောလ်နှင့်အခြားသူများက သူတို့လုပ်ဆောင်ချက်များကို ပြောပြခဲ့ကြသည်။ထို့နောက် သူသည် အောစ့်များအကြား ပျော်ရွှင်စွာဆွေးနွေးနိုင်ရန်အတွက် လူသားနှင့်နတ်သူငယ် အခြေစိုက်စခန်းများသို့ သွားရောက်ခဲ့သည်။
သရောလ်နှင့်အူသာတို့သည် ဓားပြများကိုအချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးနောက်တွင် သူတို့၏အဆင့်များတိုးမြင့်လာခဲ့ကာ အဆင့်၁၁သို့ရောက်ရှိသွားခဲ့သည်။သို့သော် ရှောင်ယုမရှိသောကြောင့် သူတို့၏ကျွမ်းကျင်မှတ်များကို အသုံးပြုရခြင်းမရှိသေးပေ။
သရောလ်နှင့်အူသာတို့သည် အဆင့်၁၀က်ိုဖြတ်ကျော်ပြီးနောက် ကျွမ်းကျင်မှုအသစ်များကို သင်ယူနိုင်ပြီဖြစ်သည်။သရောလ်သင်ယူနိုင်သော ကျွမ်းကျင်မှုအသစ်များမှာ...
ကွင်းဆက်လျှပ်စီးကြောင်း (အဆင့်၃ထိမြင့်တင်နိင်သည်)
- သရောလ်သည် ရန်သူအားလျှပ်စီးကြောင်းများ ပစ်လွှတ်၍တိုက်ခိုက်နိုင်သည်။အဆင့်၁တွင် ရန်သူ၁၀ယောက် ၊ အဆင့် ၂တွင် ရန်သူအယောက်၂၀ ၊ အဆင့်၃တွင် ၃၀အထိရန်သူများအား လျှပ်စီးကြောင်းများပစ်လွှတ်နိုင်သည်။
နတ်ဆရာ၏သြဇာ(အဆင့်၁)
- သရောလ်သည် တိုက်ပွဲအတွင်း အောစ့်များ၏တိုက်ခိုက်လိုစိတ်ကို မြင့်တင်ပေးနိုင်သည်။
ကမ္ဘာမြေဒိုင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)
- သရောလ်သည် သူ၏ခန္ဓာကိုယ်အား မြေကမ္ဘာဒ်ိုင်းဖြင့် ဖုံးလွှမ်းသွားမှာဖြစ်ကာ အနီးကပ်လက်နက်များဖြင့် တိုက်ခိုက်ခံရ၍ ရရှိလာသောထိခိုက်မှုအား လျော့ချပေးနိုင်သည်။အဆင့် ၁တွင် ၃ဆ ၊ အဆင့်၂တွင် ၆ဆနှင့် အဆင့်၃တွင် ၁၀ဆအထိ ထိရောက်မှုရှိမှာဖြစ်သည်။
(ဤကျွမ်းကျင်မှုနှင့်ပတ်သက်သည့် အသုံးပြုပုံကိုရှင်းလင်းမှုမရှိပါ...အသုံးပြုသူကိုယ်တိုင် ထုတ်ဖော်သောအခါမှ ထိုပိုနားလည်လွယ်သောရှင်းလင်းချက်ကိုထုတ်ပြန်နိုင်မည်)
အဝေးမြင်ကွင်း - သရောလ်သည် သတ်မှတ်ထားသောတည်နေရာတစ်ခု၌ အခြေအနေကိုစောင့်ကြည့်နိုင်သည်။
အူသာအတွက် ရရှိနိုင်သောအစွမ်းအသစ်များမှာ
ခရူးဆိတ်ရိုက်ချက် (အဆင့်၃ထိမြင့်တင်နိုင်သည်)
- ပါလာဒင်သည် အဆင့်၁တွင် ရန်သူအား ထိခိုက်မှု ၁၅၀ရာခိုင်နှုန်း ၊ အဆင့်၂တွင် ထိခိုက်မှု ၂၀၀ရာခိုင်နှုန်းနှင့် အဆင့်၃တွင် ထိခိုက်မှု ၂၅၀ ရာခိုင်နှုန်းကို ဖြစ်ပေါ်စေမယ့် တိုက်ခိုက်မှုတစ်ခုအား ချက်ချင်းပြုလုပ်နိုင်မှာဖြစ်သည်။
ဘုရားကျောင်း၏အကာအကွယ်(အဆင့်၃ထိ မြင့်တင်နိုင်သည်)
- ပါလာဒင်၏ကိုယ်ထည်အား တိုက်ခိုက်ခံရခြင်းမှရရှိလာသော ထိခိုက်မှုဒဏ်ကို လျော့ချရန်အတွက် သန့်ရှင်းသောအလင်းရောင်ဖြင့် ပေါင်းစပ်ထားသော အကာအရံဖြင့်ဖုံးလွှမ်းသွားမှာဖြစ်သည်။အဆင့်၁ခုတက်သွားတိုင်းတွင် ဒိုင်း၏စွမ်းအားကို ၂၀ရာခိုင်နှုန်းမြင့်တင်ပေးသွားမှာဖြစ်သည်။
တုံ့ပြန်မှုချိတ်တံဆိပ် (အဆင့်၃ထိမြင့်တင်နိုင်သည်)
- ပါလာဒင်သည် သူ၏တိုက်ခိုက်မှုများ၌ ခွန်အားတိုးမြင့်စေရန်အတွက် ချိတ်တံဆိပ်အားအသုံးပြုနိုင်သည်။အဆင့်၁ခုတက်သွားတိုင်း ချိတ်တံဆိပ်၏စွမ်းအားသည် ၂၀ရာခိုင်နှုန်းတိုးမြင့်လာမှာဖြစ်သည်။
မြင့်မြတ်သောသန့်ရှင်းစင်ကြယ်ခြင်း (အဆင့်၂ထိမြင့်တင်နိုင်သည်)
- ပါလာဒင်သည် မကောင်းဆိုးရွားကျိန်စာများနှင့် မှော်နက်ကျိန်စာများကို ဖျက်ဆီးရန်အတွက် အလင်း၏စွမ်းအားကိုအသုံးပြုနိုင်သည်။
ရှောင်ယုသည် သရောလ်၏ကမ္ဘာမြေဒြပ်စင်များကို အဆင့်၃ထိမြင့်တင်ပေးခဲ့ကာ အသစ်ကျွမ်းကျင်မှုများအဖြစ် ကွင်းဆက်လျှပ်စီးကြောင်းနှင့် နတ်ဆရာ၏သြဇာတို့ကိုသင်ယူစေခဲ့သည်။
ရှောင်ယုသည် အူသာ၏မြင့်မြတ်သောအလင်းကျွမ်းကျင်မှု၌ ကျွမ်းကျင်မှတ်များကို ပေါင်းထည့်ပေးခဲ့ကာ အဆင့်၃သို့ရောက်ရှိစေခဲ့သည်။ထို့ပြင် အူသာသည် ဘုရားကျောင်း၏အကာအကွယ်နှင့် တရားစီရင်မှုတို့အား သင်ယူစေခဲ့သည်။
သူသည် ပါလာဒင်များ၏ အထင်ရှားဆုံးတိုက်ကွက်ဖြစ်သော တရားစီရင်ခြင်းကို ရွေးချယ်ခဲ့သည်။
ဘုရားကျောင်းအကာအကွယ်သည် အူသာအတွက် အသက်ကယ်ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။အူသာ၏အဓိကအခန်းကဏ္ဍမှာ လူသားစစ်တပ်အား ကောင်းချီးပေးကာ လမ်းပြရန်ဖြစ်သည်။ထို့ကြောင့် သူ၏အသက်အာမခံချက်သည် ရှောင်ယုအတွက် အရေးအကြီးဆုံးကိစ္စဖြစ်သည်။
ဂရင်းနှင့်တိုင်ရန်ဒီတို့သည် ဘန်ဂါဇီမြို့တော်ရှိ ကိုလိုဆီယမ်တိုက်ပွဲအပြီးတွင် အဆင့်၁၄ထိရောက်ရှိလာခဲ့သည်။ထို့ကြောင့် ရှောင်ယုသည်ဂရင်း၏လေပွေအစွမ်းကို အဆင့်၃ထိမြင့်တင်ပေးခဲ့သလို တိုင်ရန်ဒီ၏စစ်မှန်သောပစ်ခတ်မှုအော်ရာအား အဆင့်၅သို့မြင့်တင်ခဲ့သည်။
ရှောင်ယုကိုယ်တိုင်ကမူ အဆင့်၁၂သို့ရောက်ရှိလာခဲ့ပြီး နောက်ထပ်ကျွမ်းကျင်မှတ်၂ခုအား ရရှိခဲ့သည်။ရှောင်ယုသည် အူသာ၏အစွမ်းတစ်ခုအား ရွေးချယ်ရာတွင်သေချာစဉ်းစားခဲ့ပြီးနောက် အဆုံးသတ်တွင် တပ်သားများ၏တိုက်ခိုက်ရေးစွမ်းအားကို ၄၀ရာခိုင်နှုန်းတိုးမြင့်ပေးစေမည့် အလင်း၏ကောင်းချီးကိုရွေးချယ်ခဲ့သည်။သူ့ထံတွင် တိုက်ခိုက်ရေးအစွမ်း အမြောက်အများရှိနေပြီဖြစ်၍ ဤအစွမ်းသည်သူ၏ထောက်ပံ့နိုင်စွမ်းကိုတိုးမြင့်ပေးမှာဖြစ်သည်။ အန်တိုနီဒက်စ်သည်ကား အဆင့်၁၃၌သာရှိနေဆဲဖြစ်ကာ အဆင့်မတက်သေးပေ။
သရောလ်သည် တပ်ဖွဲ့အားလုံး၏ခေါင်းဆောင်တစ်ယောက်ဖြစ်၍ အစဉ်အမြဲတိုက်ခိုက်နေရာ လူသားနှင့်နတ်သူငယ်အခြေစိုက်စခန်းမှ စစ်သည်တော်များသည် အဆင့်တိုးမြင့်လာကြောင်း ရှောင်ယုတွေ့မြင်လိုက်ရသည်။သရောလ်၏ ခေါင်းဆောင်မှုစွမ်းရည်ကြောင့် သူတို့၏သေဆုံးနှုန်းသည် အလွန်ပင်နိမ့်ကျလှပေသည်။ရှောင်ယုသည် ထိုစခန်း ၃ခုအားစစ်ဆေးပြီးနောက် အားသက်စ်အားစစ်ဆေးရန် ဂူထဲသို့ခရီးဆက်ခဲ့သည်။
အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့၏အဆိုအရ အားသက်စ်သည် ဆိုလိုမွန်း၏နယ်မြေအတွင်း၌ ထိရောက်သောခြိမ်းခြောက်မှုအား လုပ်ဆောင်ခဲ့ကြောင်းနားလည်ထားခဲ့သည်။
ရှောင်ယုသည် ဂူထဲဝင်ရောက်လိုက်သည်နှင့် ဖုတ်ကောင်များသည်အရွယ်အစားပိုမိုကြီးမားလာကြောင်း သူတို့တွေ့ရှိခဲ့သည်။သူတို့၏အဆင့်များသည် အလွန်တိုးတက်လာကြောင်း ထင်ရှားသော်လည်း ထိုဖုတ်ကောင်များသည်ရှောင်ယု၏နံဘေး၌ လေးလေးစားစားရပ်နေခဲ့ကြသည်။
ရှောင်ယုသည် ထိုဖုတ်ကောင်များကိုကြည့်ရသည်မှာ အဆင်မပြေလှသော်လည်း ၎င်းတို့သည်ရှောင်ယုအပေါ်၌ အလွန်ပင်သစ္စာစောင့်သိကြပေသည်။သူတို့သည် အောစ့်များကဲ့သို့သစ္စာစောင့်သိခြင်းမရှိသော်လည်း ရှောင်ယု၏အမိန့်ကိုမဆိုင်းမတွနာခံကြသည်။
ရှောင်ယုသည် မသေမျိုးများနှင့်ဆက်ဆံရာတွင် အနည်းငယ်စိုးရိမ်စိတ်ရှိခဲ့သည်။သူသည် ၎င်းတို့၏သစ္စာစောင့်သိမှုကို မည်သည့်နည်းလမ်းဖြင့် မြင့်တင်ရမည်ကိုမသိသေးပေ။
အားသက်စ်သည် မြင်းကိုစီးကာ ရှောင်ယုထံရောက်ရှိလာပြီး အလေးပြုလိုက်သည်။
ရှောင်ယုသည် အားသက်စ်တစ်ယောက် အဆင့်၉သို့ရောက်ရှိသွားသည်ကို တွေ့မြင်လိုက်ရသောကြောင့် ကျေနပ်နေခဲ့သည်။ထို့နောက်သူသည် အားသက်စ်ရရှိထားသော ကျွမ်းကျင်မှတ်များကိုဖြန့်ဝေပေးခဲ့သည်။ပထမဦးစွာ မရဏစာချုပ်ကိုအဆင့်၃သို့တ်ိုးမြင့်လိုက်ပြီး မရဏရစ်ပတ်ခြင်းကိုလည်း အဆင့်၃ထိတိုးမြင့်လိုက်ကာ မရဏဆင့်ခေါ်ခြင်းကိုမူ အဆင့်၂သို့မြင့်တင်လိုက်သည်။
ထို့နောက် ရှောင်ယုသည် ဆိုလိုမွန်း၏နယ်မြေအား နှောင့်ယှက်သည့်အကြောင်းရင်းကို စတင်မေးမြန်းခဲ့သည်။အားသက်စ်သည် ထိုအခြေအနေနှင့်ပတ်သက်၍ ညည်းညူရင်းခေါင်းယမ်းပြလိုက်သည်။အစောပိုင်းတွင် သူတို့၏အစီအစဉ်သည် ထိရောက်မှုရှိခဲ့သော်လည်း ဆိုလိုမွမ်းသည် ဘုရားကျောင်းမှတဆင့် ဘုန်းတော်ကြီးနှင့်ပါလာဒင်၁၀ယောက်အား ဖိတ်ကြားခဲ့သည်။ထို့ကြောင့် သူတို့သည်တိုက်ခိုက်ရန်အခွင့်အရေးများစွာမရရှိခဲ့ပေ။
ရှောင်ယုသည် အားသက်စ်အား အချိန်အတော်ကြာအောင် အပြင်မထွက်ရန်အမိန့်ပေးလိုက်သည်။သူတို့သည် ဆိုလိုမွန်းအား အချိန်တစ်ခုထိအနားပေးကာ ၎င်းတို့စိတ်အေးလက်အေးဖြစ်ချိန်မှ ထပ်မံနှောင့်ယှက်ရန်စီစဉ်ခဲ့သည်။
ရှောင်ယုသည် အခြေစိုက်စခန်းများကို စစ်ဆေးပြီးနောက်တွင် သူ၏စစ်သည်တော်များ၏ ချပ်ဝတ်တန်ဆာများနှင့်လက်နက်များကို တိုးမြင့်ပေးရန်အတွက် ရွှေပြားများစွာကိုအသုံးပြုခဲ့သည်။ထိုလက်နက်ချပ်ဝတ်ကောင်းများသည် သူ့တပ်များ၏တိုက်ခိုက်ရေးက်ို သီသိသာသာအားကောင်းလာစေကာ အသေအပျောက်က်ိုတတ်နိုင်သမျှ လျော့ချပေးလာမည်ဟု ဆိုလိုပေသည်။ရှောင်ယုသည် သရောလ်နှင့်အူသာတို့အတွက် T1ချပ်ဝတ်တန်ဆာများကို ဝယ်ယူပေးခဲ့သလို လီအာအတွက်လည်း T1 လုပ်ကြံသူချပ်ဝတ်တန်ဆာကို ဝယ်ယူခဲ့သည်။
ယခုအချိန်၌ သူ့ထံတွင် ပိုက်ဆံမှလွဲ၍ မည်သည့်အရာမှမရှိသောကြောင့် ဓားပြများ၏ပြဿနာကို ဦးစွာဖြေရှင်းရန် လက်နက်ချပ်ဝတ်များကို အဆင့်မြင့်တင်ရမည်ဖြစ်သည်။