အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အခန်း ၁၀၆ - ချင်ချဲ
ရှောင်ယုသည် ဂရင်းနှင့်လီအာတို့အား သူ့နောက်သို့လိုက်လာရန် လက်ဟန်ပြလိုက်ပြီး ရှေ့မှဦးဆောင်လိုက်သည်။လမ်းတစ်ဝက်သို့ရောက်သောအခါ လီအာကရုတ်တရက်ပြောလိုက်သည်။
"ငါတို့ ၅၀/၅၀စီခွဲရအောင်"
"သဘောတူတယ်...."ရှောင်ယုက ချက်ချင်းပြောလိုက်သည်။
"ငါတို့ခုဘာဆက်လုပ်ကြမလဲ..."လီအာက မေးခွန်းထုတ်လိုက်သည်။
လီအာသည် မူဟွာလီ၏အကြောင်းက်ို မေးမြန်းနေခြင်းဖြစ်ကြောင်း ရှောင်ယုသိရှိထား၍ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်...ဒါပေမဲ့ ငါအရင်ကရထားတဲ့ဒဏ်ရာတွေနဲ့ပတ်သက်ပြီး စာရင်းအရင်ရှင်းရမယ်...ငါကသူတို့ကိုလွယ်လွယ်နဲ့အလွတ်ပေးမယ်ထင်နေလား...သူတို့ကိုမိသားစုပြိုကွဲပြီး အိုးအိမ်မဲ့အောင် ငါအရင်လုပ်ဦးမယ်"
မည်သို့ပင်ဆိုစေ ရှောင်ယုသည် သူလုပ်ဆောင်မယ့်အစီအစဉ်တစ်ခုလုံးအား ချမှတ်ထားပြီဖြစ်ကြောင်း လီအာနားလည်လိုက်ပေသည်။
...
...
နောက်တစ်နေ့တွင် ရှောင်ယုနှင့်လီအာတို့သည် လမ်းမပေါ်၌လျှောက်သွားရင်း အချိန်ဖြုန်းနေခဲ့သည်။ရှောင်ယုသည် လှပသောမိန်းကလေးတစ်ယောက်ကိုမြင်တိုင်း တစ်ကိုယ်လုံးတုန်ခါသည်ထိ ပျော်ရွှင်ကြည်နူးနေတတ်ပြီး သူ၏အမူအရာသည် အရူးတစ်ယောက်လိုဖြစ်နေခဲ့သည်။
ရှောင်ယု၏လုပ်ရပ်ကို လီအာသည်သာအသိဆုံးဖြစ်သည်။ထိုကောင်သည် သူ့အစီအစဉ်အောင်မြင်ရန်အတွက် အခြားလူများအထင်လွဲစေရန် ယခုလိုအားစိုက်ကာ သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူမနားလည်ပေသည်။
တစ်ချိန်တည်းမှာပင် ကလေးတစ်ယောက်က သူတို့ဆီပြေးဝင်လာခဲ့သည်။အကယ်၍ သူသာလမ်းမဖယ်ပေးပါက ထိုကောင်လေးသည်သူ့အား ဝင်တိုက်တော့မည်ဖြစ်၍ ရှောင်ယုသည်မသိစိတ်မှလမ်းဖယ်ပေးလိုက်သည်။
"သူကဘာလို့အဲလောက်ထိ မြန်မြန်ပြေးနေရတာလဲ..."
ရှောင်ယုသည်ကလေးကိုကြည့်ရင်း ရေရွတ်မိလိုက်သည်။ထို့ကြောင့် အလေးအနက်ထား၍ သေရချာကြည့်လိုက်ရာ ထိုကလေးနောက်သို့ပြေးလိုက်နေသောလူတစ်ယောက်ကို တွေ့လိုက်ရသည်။
"သူခိုးကိုဖမ်း...အဲ့ကလေးကိုဖမ်းကြ...သူကငါ့မုန်ု့ကိုခိုးသွားတယ်..."
မုတ်ဆိတ်မွေးကားကားဖြင့် လူတစ်ယောက်သည် ထိုကလေးနောက်သို့ပြေးလိုက်နေရင်း အော်ဟစ်လိုက်သည်။ထိုမြင်ကွင်းကိုသတိထားမိချိန်တွင် ရှောင်ယုသည်မျက်မှောင်ကြုတ်လိုက်မိသည်။
ကလေးသည် အလွန်အားနည်းနေခဲ့သည်....ယခုလည်း မုတ်ဆိတ်မွှေးနှင့်လူ၏အော်ဟစ်သံကြောင့် တုန်လှုပ်သွားကာ မြေပေါ်ဟန်ချက်ပျက်လဲကျသွားခဲ့သည်။
ထိုမုတ်ဆိတ်မွှေးနှင့်လူသည် ကလေးကိုစက္ကန့်ပိုင်းလေးအတွင်း မြေပေါ်တွန်းချလိုက်ကာရိုက်နှက်ရန် အားယူလိုက်သည်။
"ငါ့မုန့်ကိုခိုးစားရဲတယ်ပေါ့...မင်းသေဖို့သာပြင်ထား"
ကလေးငယ်သည် မုတ်ဆိတ်မွှေးနှင့်လူ၏ရိုက်နှက်မှုကိုခံရသော်လည်း သူ၏မျက်လုံးထဲတွင်ဒေါသဖြစ်မှု သို့မဟုတ် ကြောက်ရွံ့မှုလုံးဝမရှိပေ။သူသည်ဗိုက်ပြည့်ရန်အတွက် မုန့်ကိုသာပါးစပ်ထဲထိုးထည့်လိုက်သည်။လူအုပ်ကြီးသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း ဝိုင်းအုံလာကြသော်လည်း မည်သူကမှတားဆီးရန် ရှေ့တ်ိုးမလာခဲ့ပေ။သူခိုးများကိုအပြစ်ပေးခြင်းသည် ကောင်းမွန်သောလုပ်ရပ်ဖြစ်၍ ထိုလုပ်ရပ်အားချီးကျူးဂုဏ်ပြုသူ အနည်းငယ်ပင်ရှိခဲ့သည်။
ရှောင်ယုသည် ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရချိန်တွင် ဒေါသပေါက်ကွဲသွားခဲ့ပြီး အမြန်ဆုံးပြေးထွက်သွားခဲ့ကာ မုတ်ဆိတ်မွှေးနှင့်လူအား တတ်နိုင်သလောက်ပြင်းပြင်းထန်ထန်ကန်ကျောက်ခဲ့သည်။
"မင်းကဘာလို့ ဒီကလေးအပေါ် အဲလောက်ထိရက်စက်ရတာလဲ...."
ရှောင်ယုသည် နံရံနှင့်ထိကပ်နေသော မုတ်ဆိတ်မွှေးနှင့်လူအား လှည့်ကြည့်ကာ ကျိန်ဆဲလိုက်သည်။ထိုမုတ်ဆိတ်မွှေးနှင့်လူသည် နာကျင်မှုကိုအံကြိတ်ခံကာ ရှောင်ယုကိုကျိန်ဆဲရန် ပြင်ဆင်လိုက်သော်လည်း ရှောင်ယု၏အဝတ်အစားပေါ်ရှိ တံဆိပ်အားတွေ့မြင်လိုက်ချိန်တွင် သူ၏ပါးစပ်က်ိုပိတ်ထားလိုက်ရသည်။
မုတ်ဆိတ်မွှေးနှင့်လူသည် ရှောင်ယုအားအပြစ်မတင်ဝံ့ဘဲ ရှင်းပြလိုက်သည်။
"သခင်ကြီး...သူကငါ့မုန့်ကိုခိုးသွားလို့ ငါကသူ့ကိုအပြစ်ပေးနေတာပါ"
ရှောင်ယုသည် ထိုမုတ်ဆိတ်မွှေးနှင့်လူအား ဒေါသတကြီးစိုက်ကြည့်လိုက်ကာ အပြစ်တင်လိုက်သည်။
"မုန့်ခိုးလို့ လူတစ်ယောက်ကိုသေတဲ့အထိရိုက်စရာလား...ပြီးတော့သူကကလေးတစ်ယောက်ပဲ...သူအသက်ရှင်ဖို့အတွက် မုန့်ခိုးတာပဲလေ...ကောင်းကင်နဲ့မြေကြီးရဲ့ဥပဒေအတိုင်းဆိုရင် ရာဇဝတ်မှုအဖြစ်မယူဆသင့်ဘူး"
ထိုလူသည် ရှောင်ယု၏စကားကို သူ့စိတ်ထဲတွင် သဘောမတူသော်လည်း သူ၏မြင့်မြတ်သောနောက်ခံကြောင့် ရှောင်ယုအား ပြန်လည်တွန်းလှန်ရန် သတ္တိမရှိပေ။
ရှောင်ယုသည် ရွှေပြားအနည်းငယ်ကို မုတ်ဆိတ်မွှေးနှင့်လူထံ ပစ်ချပေးလိုက်သည်။
"လိမ့်လိုက်တော့..."
မုတ်ဆိတ်မွှေးနှင့်လူသည် ရွှေပြားများကိုကောက်ကိုင်လိုက်ပြီး အပြုံးကြီးပြုံးလိုက်ကာ ခေါင်းညိတ်ကာထွက်ခွာလိုက်သည်။
ကောင်လေးသည် မြေပေါ်၌ခွေခွေလေးလှဲနေရင်း သူခိုးယူထားသော ပေါင်မုန့်တစ်ဖဲ့အား တိတ်တိတ်လေးမြိုချလိုက်သည်။ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ပြီး သူ့နှလုံးသားသည် တဆစ်ဆစ်နာကျင်လာခဲ့သည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ..."
ရှောင်ယုသည် ကောင်လေးရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး ညင်သာစွာမေးခွန်းထုတ်လိုက်သည်။
"ငါ့နာမည်က ချင်ချဲပါ..."
ကောင်လေးကပြန်ဖြေလိုက်သည်။
"မင်းဗိုက်ဆာနေလား..."
ရှောင်ယု၏မေးခွန်းကို ချင်ချဲကခေါင်းညိတ်ကာ အဖြေပေးလိုက်သည်။
"ငါနဲ့တူတူလိုက်ခဲ့မလား...."
ရှောင်ယုက တည်ငြိမ်သောလေသံဖြင့် မေးမြန်းလိုက်သည်။
ချင်ချဲသည် ရှောင်ယုအား စက္ကန့်အနည်းငယ်ခန့်ကြာအောင် စိုက်ကြည့်နေပြီးနောက်တွင် ခေါင်းညိတ်၍သဘောတူလိုက်သည်။
ထို့နောက် ရှောင်ယုတို့သည် စားသောက်ဆိုင်တစ်ခုသို့ရောက်သွားခဲ့ပြီး ချင်ချဲတစ်ယောက် စိတ်ရှိလက်ရှိစားသောက်နိုင်ရန် အစားအစာများကို စိတ်ကြိုက်မှာယူစေခဲ့သည်။
ချင်ချဲသည် အစားအစာများအပြည့်တင်ထားသော စားပွဲကိုစိုက်ကြည့်နေသော်လည်း သူ့ဘက်မှစတင်စားသောက်ခြင်းမရှိပေ။သူသည် ရှောင်ယုအားတစ်ချက်စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဒီလောက်အစားအစာတွေ အများကြီးကို ဘာလို့ဝယ်ခဲ့တာလဲ"
"ငါပျင်းနေလို့လေ..."
ရှောင်ယုက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
ချင်ချဲကမူ မျက်မှောင်ကြုတ်လိုက်ပြီး ထိုအစားအသောက်များကို လုံးဝမထိတွေ့ခဲ့ပေ။
"ကိုယ့်ကိုအစားအစာကျွေးတဲ့သူအတွက် အလုပ်လုပ်ပေးရမယ်လို့အမေကပြောခဲ့တယ်...မင်းတို့ငါ့ကိုဘာလုပ်စေချင်တာလဲ"
ရှောင်ယုသည် ချင်ချဲ၏စကားကြောင့် အံ့သြသွားခဲ့ရသည်။သာမန်အားဖြင့် ဗိုက်ဆာနေသောကလေးတစ်ယောက်သည် အစားအသောက်ကိုမြင်သည်နှင့် ချက်ချင်းစားသောက်ကြမည်ဖြစ်သော်လည်း ဤကလေးသည်ကား အလွန်တည်ငြိမ်လှပေသည်။
"မင်းငါ့အတွက် ဘာမှလုပ်ပေးနေစရာမလိုပါဘူး..."
ရှောင်ယုက ခေါင်းခါပြလိုက်သည်။
"ဒါပေမဲ့ ငါသာတစ်ခုခုပြန်ပြီး မပေးဆပ်နိုင်ရင် ဘာလို့ဒါကိုစားရမှာလဲ"
ချင်ချဲကအလျော့မပေးဘဲ ဆက်လက်မေးမြန်းလိုက်သည်။
ရှောင်ယုသည် ငယ်ရွယ်သော်လည်း ညဏ်ရည်မြင့်မားသောကလေးကိုကြည့်ရင်း ငြိမ်သက်နေခဲ့သည်။ချင်ချဲသည် ရှားပါးသောကလေးတစ်ယောက်ဖြစ်ကာ သူ့အားသေချာပြုစုပျိုးထောင်ပေးပါက အနာဂတ်တွင် များစွာအောင်မြင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ထို့ပြင် သူ၏အမေဖြစ်သူသည်လည်း သာမန်လူတစ်ယောက်မဖြစ်နိုင်ပေ။သူမသည် ကလေးအား ယခုလိုအမူအကျင့်များကို သင်ကြားပေးသည်မှာ အလွန်ပင်ရှားပါးလှပေသည်။
ရှောင်ယုသည် သက်ပြင်းချလိုက်ပြီး ချင်ချဲအားရှင်းပြလိုက်သည်။
"အနှေးနဲ့အမြန်ဆိုသလို ငတ်မွတ်ခေါင်းပါးနေတဲ့ အစာမရှာနိုင်တဲ့ကလေးငယ်တွေကို ငါပြုစုပေးမယ်...ဒီကမ္ဘာကြီးမှာငတ်မွတ်နေတဲ ကလေးတွေကို မမြင်ချင်ဘူး"
ရှောင်ယုသည် ထိုသို့သောစိတ်ကူးယဉ်ရည်မှန်းချက်ကို အမှန်တကယ်ချမှတ်ထားခဲ့သည်။သူသည် အအေးဒဏ်၊အပူဒဏ်၊မိုးဒဏ်တို့မှ အကူအညီလိုအပ်နေသူအားလုံးကို ခိုနားစေချင်ခဲ့သည်။သူသည် ဤတိုက်ကြီးတစ်ခုလုံးအား ပေါင်းစည်းကာ သူတို့၏စားဝတ်နေရေးနှင့်အဝတ်အစားပြဿနာတို့အား ကောင်းမွန်စွာဖြေရှင်းပေးလိုခဲ့သည်။ထိုအရာသည် စိတ်ကူးယဉ်ဆန်ပြီး မဖြစ်နိုင်လုနီးပါးခက်ခဲသော ရည်မှန်းချက်ဖြစ်သည်။အခြားသူများသာ ဤအကြောင်းကိုသိပါက ရှောင်ယု၏ဦးနှောက်တွင် ဒဏ်ရာရရှိထားသည်ဟု အခြားသူများက ထင်မှတ်ကြမှာဖြစ်သည်။
ချင်ချဲသည် ရှောင်ယုအားထိတ်လန့်တကြား စိုက်ကြည့်လိုက်ကာ ဖြေးညင်းစွာပြောလိုက်သည်။
"ငါအဲ့ဒါကို ကူညီနိုင်မလား"
"သေချာတာပေါ့"
ရှောင်ယုကပြုံးပြီးပြန်ဖြေလိုက်သည်။
ချင်ချဲသည် ခေါင်းညိတ်ပြလိုက်ပြီး မှာယူထားသောအစားအသောက်များကို စတင်စားသုံးလိုက်သည်။သူသည် ထိုသို့မစားသောက်မှီ ရှောင်ယုနှင့်လီအာတို့ကိုအရိုအသေပေးခဲ့ရာ ထိုကောင်လေး၏နောက်ခံသည် နိမ့်ကျမှုမရှိနိုင်ကြောင်း သက်သေပြခဲ့သည်။
ထို့ပြင် ချင်ချဲသည်အလွန်ဆာလောင်နေသော်လည်း အရူးတစ်ယောက်လိုမမြိုချခဲ့ပေ။သူသည် စနစ်တကျစားသောက်နေခဲ့ပြီး ရှောင်ယု၏ရှေ့တွင် သူအလွန်ဗိုက်ဆာနေခဲ့လျှင်တောင် ထိုသို့အလောတကြီးမစားသောက်သင့်ဟု ယုံကြည်ခဲ့သည်။ရှောင်ယုသည်သာ ချင်ချဲနေရာတွင်ဆိုပါက သူ၏ပါးစပ်ကိုတတ်နိုင်သလောက် ဖြည့်သွင်းမှာဖြစ်သည်။ချင်ချဲသည် စားသောက်နေစဉ်အတွင်း စကားတစ်ခွန်းမှမပြောခဲ့ပေ။
မိနစ်၂၀ကြာပြီးနောက်တွင် ချင်ချဲသည်ပါးစပ်ကို သုတ်လိုက်ကာကျေူးဇူးတင်စကားဆိုခဲ့သည်။
"ငါဗိုက်ဝပြီ...အစားအသောက်အတွက်ကျေးဇူးတင်ပါတယ်"
ရှောင်ယုသည် ချင်ချဲအားကြည့်ကာ မေးမြန်းလိုက်သည်။
"မင်းတော်တော်လေးဗိုက်ဆာနေတာ ငါသိပါတယ်...အခြားကလေးတွေဆိုရင် ခုလိုဗိုက်ဆာနေရင်တတ်နိုင်သမျှ များများစားမှာပဲ...မင်းကဘာလို့ပိုမစားတာလဲ"
ချင်ချဲသည် ရှောင်ယု၏မျက်လုံးများကို စိုက်ကြည့်ကာပြန်ဖြေလိုက်သည်။
"လူတွေရဲ့သဘောထားဟာ ပျော့ပျောင်းနေရပြီး သူတို့ရဲ့ဆန္ဒတွေကိုထိန်းချုပ်ထားရမယ်လို့ အမေကပြောခဲ့တယ်...လိုအင်ဆန္ဒများပြားနေတာက မကောင်းဘူး...ငါတို့သာလိုအင်ဆန္ဒတွေကို တတ်နိုင်သလောက်ထိန်းသိမ်းထားနိုင်ခဲ့တယ်ဆိုရင် ထာဝရသာယာတဲ့အချိန်ကာလကို ဖန်တီးထိန်းသိမ်းနိုင်လိမ့်မယ်"
ရှောင်ယုသည် ထိုစကားကိုကြားချိန်တွင် ထိတ်လန့်သွားခဲ့ရသည်။သူသည်ပင် ထိုသို့အတွေးမျိုးမတွေးဖူးပေ။ထိုဆယ်ကျော်သက်ကောင်လေးအား မည်သည့်မိခင်က သင်ကြားပေးခဲ့သနည်း။
ရှောင်ယုသည် ချင်ချဲအားကြည့်ကာ မေးမြန်းလိုက်သည်။
"မင်းရဲ့အမေကခုဘယ်မှာလဲ...သူမကောစားပြီးပြီလား...မင်းအမေအတွက်အစားအသောက်တွေ သွားပို့ချင်လား"
ထိုမေးခွန်းကိုကြားချိန်တွင် ချင်ချဲ၏မျက်လုံးများသည် အရောင်မှိန်သွားပြီး မျက်ရည်များစီးကျလာခဲ့သည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က အမေဆုံးသွားခဲ့ပြီ"
ရှောင်ယုသည် ထိုစကားကိုကြားချိန်တွင် အနည်းငယ်ဝမ်းနည်းသွားခဲ့သည်။အကယ်၍ သူသာချင်ချဲကို လွန်ခဲ့သောရက်အနည်းငယ်ခန့်က တွေ့ဆုံခဲ့ပါက ထိုကဲ့သို့သောကိစ္စမျိုးဖြစ်ပေါ်လာမည်မဟုတ်ပေ။သာမန်အားဖြင့်ဆိုလျှင် ရှောင်ယုသည် မည်သည့်အသက်ကိုမဆို သူတို့သေဆုံးမှုအတွက် ဝမ်းနည်းမှုကိုခံစားရပေသည်။ခေတ်မှီလောကတွင်ကြီးပြင်းလာသူ တစ်ယောက်အနေဖြင့် သူသည်အသက်တိုင်းကိုလေးစားပေသည်။ဘဝ၏အဓိပ္ပါယ်ကို ဤလောကတွင်သူ့ထက်မည်သူကမှ ပိုမိုနားလည်နိုင်မည်မဟုတ်ပေ။
ရှောင်ယုသည် အလွန်မြင့်မြတ်သောစိတ်ထားကို ပိုင်ဆိုင်သူတစ်ဦးမဟုတ်သော်လည်း ယဉ်ကျေးမှုထွန်းကားသောခေတ်ကာလမှ ရောက်လာသူဖြစ်ရာ ထိုခေတ်၏အတွေးအခေါ်များသည် သူ့စိတ်ထဲ၌အမြစ်တွယ်နေခဲ့သည်။
ချင်ချဲသည် ရှောင်ယု၏မျက်နှာပေါ်ရှိ အမူအရာကိုကြည့်ကာ မေးမြန်းလိုက်သည်။
"ဘာလို့အရမ်းဝမ်းနည်းနေရတာလဲ...ငါ့အမေကိုမင်းတွေ့ဖူးလို့လား"
"ဘယ်သူတွေသေတယ်ဆိုတာ အရေးမကြီးပါဘူး...ရန်သူတွေကလွဲရင် အခြားသူတွေသေဆုံးတာကြားရင် ငါဝမ်းနည်းရတယ်...ငါတို့ရဲ့အကြီးမားဆုံးလက်ဆောင်က ငါတို့ရဲ့အသက်ပဲ...မင်းဘယ်နေရာမှာပဲရောက်နေရောက်နေ မင်းရဲ့အသက်ကိုတန်ဖိုးထား လေးစားသရွေ့မင်းဟာကြီးမြတ်သူတစ်ဦးဖြစ်လာလိမ့်မယ်"
ချင်ချဲသည် အချိန်အတော်ကြာအောင်တိတ်ဆိတ်နေခဲ့ပြီးမှ စကားတစ်ခွန်းပြန်ပြောလိုက်သည်။
"မင်းနဲ့ငါ့အမေနဲ့က စကားပြောတာတော်တော်တူတယ်"
ရှောင်ယုသည် အဝေးသို့လှမ်းကြည့်ရင်း ပြန်ပြောလိုက်သည်။
"ငါသူမကို တစ်ခါမှမတွေ့ဖူးဘူးဆိုပေမဲ့ သူမဟာဒီကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးမိခင်တစ်ယောက်ဖြစ်ရမယ်လို့ ငါယုံကြည်ပါတယ်...သူမလိုအမေမျိုးရှိတာက မင်းအတွက်ကံကောင်းတာပဲ...သူမရဲ့အုတ်ဂူကဘယ်နားမှာလဲ...ငါသူမကိုသွားတွေ့ပြီး ဂါရဝပြုချင်ပါတယ်"
အခန်း ၁၀၇ - လျှိ့ဝှက်ပူးပေါင်းကြံစည်မှု
(ဒီအပိုင်းမှာ မူဟွာမိသားစုကို မူမိသားစုဆိုပြီး ပြန်ပြောင်းသုံးထားပါတယ်)
ချင်ချဲ၏မိခင်ဖြစ်သူအား မြုပ်နှံထားသောအုတ်ဂူသည် တောင်ကမူတစ်ခုလိုဖြစ်မနေဘဲ သေးငယ်သောမြေပြင်လေးတစ်ခုလ်ို ပေါင်းစပ်ဖြစ်တည်နေကြောင်း တွေ့လိုက်ရ၍ရှောင်ယု အံ့သြသွားခဲ့သည်။
"မင်းက အမေ့ကိုကိုယ်တိုင်မြုပ်နှံခဲ့တာလား..."
ရှောင်ယုကမေးမြန်းလိုက်သည်။
ချင်ချဲကခေါင်းညိတ်ပြလိုက်သည်။
ရှောင်ယုသည် သက်ပြင်းချလိုက်ကာ ချင်ချဲအားစည်းရုံးလိုက်သည်။
"ငါ့ရဲ့နယ်မြေကို လိုက်ခဲ့ဖို့စိတ်ကူးရှိလား"
ချင်ချဲသည် ရှောင်ယုအားကြည့်ကာ အာမခံလိုက်သည်။
"တစ်စုံတစ်ယောက်က ရေလေးတစ်စက်ပေးလာခဲ့ရင်တောင် ပြန်ပြီးပေးဆပ်ရမယ်လို့ ငါ့အမေကငါ့ကိုဆုံးမပေးခဲ့တယ်...မင်းကငါ့ကို အရသာရှိတဲ့အစားအစာတွေ အများကြီးကျွေးခဲ့တော့ ငါကမင်းရဲ့သစ္စာရှိကျွန်တစ်ယောက် ဖြစ်လာစေရမယ်"
ရှောင်ယုသည် သူ့ခေါင်းကိုခါလိုက်ကာ ပြန်ဖြေလိုက်သည်။
"ငါကကျွန်တစ်ယောက်မလိုချင်ဘူး...မင်းသာသွားစရာနေရာမရှိရင် ငါ့နယ်မြေကိုလာခဲ့ပါ...မင်းလေ့လာသင်ယူပြီး ကြီးပြင်းလာရင် ငါ့နယ်မြေကိုပြန်ပြီးအကျိုးပြုနိုင်တယ်"
ချင်ချဲကခေါင်းညိတ်ပြလိုက်ကာ ကတိပြုလိုက်သည်။
"ငါသေချာပေါက် ပါဝင်မှာပါ"
ရှောင်ယုသည် အုတ်ဂုကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"အဲလိုဆိုရင် မင်းအမေရဲ့အုတ်ဂူကို ငါတို့ခြင်္သေ့မြို့ဆီရွေ့ရမှာပဲ...မဟုတ်ရင် မင်းသူမဆီတစ်ခေါက်လာတွေ့ဖို့ အချိန်အကြာကြီးယူနေရလိမ့်မယ်"
ချင်ချဲသည် ထိုအကြောင်းပြချက်ကို မငြင်းဆန်ခဲ့ပေ။
ထို့နောက် အုတ်ဂူကိုရွေ့ရန် စတင်ပြင်ဆင်ခဲ့သည်။သို့သော်လည်း အုတ်ဂူကိုစတင်ဖွင့်လှစ်လိုက်ချိန်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုစတင်ဖြစ်ပျက်ခဲ့သည်။ချင်ချဲမိခင်ဖြစ်သူ၏ အလောင်းကိုစုတ်ပြတ်နေသော ဖျာတစ်ချပ်ဖြင့်ဖုံးအုပ်ထားသော်လည်း အုတ်ဂူအတွင်း၌ မိခင်ဖြစ်သူ၏အလောင်းအစား ကျူးလစ်ပန်းများကိုသာတွေ့မြင်လိုက်ရသည်။ရှောင်ယု ဤမျှကြီးမားလှသောကျူးလစ်ပန်းကို တစ်ခါမှမတွေ့ဖူးပေ။ဤကျူးလစ်ပန်းသည် လူသားတစ်ယောက်နီးပါးကြီးမားပေသည်။
"သူမက မင်းအမေပဲလား..."
ရှောင်ယုသည် သူ၏ဆံပင်များကို ကုတ်လိုက်ပြီး ရယ်စရာကောင်းသောမေးခွန်းတစ်ခုအား မေးမြန်းမိလိုက်သည်။ချင်ချဲသည်လည်း စစ်ဆေးရန်ရှေ့တိုးလာရင်း ကျူးလစ်ပန်းအားတွေ့ချိန်တွင် ထိတ်လန့်သွားခဲ့ရသည်။
"ဘယ်လိုဖြစ်ရတာလဲ....ငါ့အမေကိုဒီမှာမြုပ်နှံခဲ့တာ သေချာပါတယ်...ဒီမြေကြီးပေါ်မှာ ငါ့ရဲ့လက်ဗွေတွေရှိတယ်...သူမအလောင်းကိုဘယ်သူကမှမရွေ့ခဲ့ဘူး...ဒါဘယ်လိုဖြစ်ရတာလဲ"
လီအာသည် အုတ်ဂူကိုကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
"သူမကသေဆုံးပြီးတဲ့နောက်မှာ ကျူးလစ်ပန်းအဖြစ်ကိုပြောင်းသွားတဲ့ ဒဏ္ဍာရီလာနတ်ဘုရားမတစ်ပါးလား"
အလောင်းကိုခိုးယူပြီးနောက် ကျူးလစ်ပန်းအား ဤနေရာ၌အစားထိုးထားရလောက်သည်အထိ မည်သူကမှတုံးအနေမှာမဟုတ်ပေ။နောက်ပြီး သူတို့သည်ကလေးအားလှည့်စားရန် အစီအစဉ်လည်းမရှိပေ...ထိုသို့ဆိုလျှင် ဤအခြေအနေသည် မည်သို့ဖြစ်လာရသနည်း
"ဘာတွေဖြစ်နေတာလဲ..."
ရှောင်ယုသည် သူ၏နှာခေါင်းကိုထိတွေ့လိုက်ပြီး ညည်းညူမိလိုက်သည်။ရှောင်ယုသည် ယုတ္တိဗေဒအရရှင်းပြ၍မရသော သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့လိုက်ရကြောင်း နားလည်လိုက်သည်။
ထိုအခိုက်အတန့်တွင် ချင်ချဲသည် သူ့အမေဖြစ်သူ၏အလောင်းကို ရှာမတွေ့၍ စိုးရိမ်တကြီးငိုကြွေးလိုက်သည်။
"ချင်ချဲ မင်းအမေကသေမျိုးမဟုတ်ဘူး...သူမကနတ်ဘုရားမတစ်ပါးဘဲ...မင်းဟာနတ်ဘုရားသားတော်ပဲ...မင်းကိုယ်မင်းဂုဏ်ယူသင့်တယ်...ဒီကျူးလစ်ပန်းတွေကို သဂြိုလ်ဖို့အတွက် ခြင်္သေ့မြို့ကိုပြန်ရွေ့လိုက်မယ်"
ရှောင်ယုသည် ချင်ချဲ၏နာကျင်မှုကို သက်သာစေရန်အတွက် လိမ်ညာစကားဆိုလိုက်သည်။သူသည်လည်း လက်ရှိအခြေအနေအား မည်ကဲ့သို့ရှင်းပြရမည်ကို မသိသေးပေ။
ချင်ချဲသည် မမျှော်လင့်ထားသည့် အခြေအနေကြောင့် ငိုကြွေးနေသော်လည်း အဖြစ်အပျက်ကိုလျင်မြန်စွာလက်ခံခဲ့သည်။ထို့နောက်သူသည် ကျူးလစ်ပန်းများကိုကောက်ယူကာ ခေါင်းတလားထဲထည့်ထားလိုက်သည်။
ရှောင်ယုသည် ဟိုတယ်သို့ပြန်သွားပြီးနောက်တွင် ချင်ချဲအားဝတ်စုံအသစ်လဲပေးရန် လီအာကိုခွင့်ပြုပေးလိုက်သည်။တစ်ချိန်တည်းမှာပင် ကျီရှောင်သည် သူ့ထံသို့အလည်ရောက်လာခဲ့သည်။
"ရှောင်ယုအခြေအနေဘယ်လိုရှိလဲ...ငါတို့သာမူလီကိုဖယ်ရှားချင်တယ်ဆိုရင် မင်းဆီမှာအစီအစဉ်ကောင်းတစ်ခုရှိရမယ်"
ကျီရှောင်သည် ရှောင်ယုအားကြည့်ကာ မေးမြန်းလိုက်သည်။
ရှောင်ယုသည် ဝိုင်ကိုအေးဆေးမော့သောက်နေရင်း တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေ...ငါ့ဆီမှာအစီအစဉ်ရှိတယ်...အစီအစဉ်မရှိရင် ဘာလို့ဒီကိုရောက်လာရမှာလဲ"
ကျီရှောင်းသည် သူ့နံဘေးတွင်ထိုင်ချလိုက်သည်။
"အဲ့ဒါဆိုရင် ငါတို့ဘယ်ချိန်စကြမလဲ...ဘယ်လိုပဲဖြစ်ဖြစ်အစီအစဉ်အောင်မြင်သွားရင် မူမိသားစုရဲ့သမီးက ငါ့လက်ထဲရောက်လာမှာနော်"
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ စိတ်ရှုပ်နေသောလေသံဖြင့်ပြောလိုက်သည်။
"ငါသိတယ်...ငါသိတယ်...အဲကောင်မလေးကဘာဖြစ်လို့ မင်းကအဲလောက်ထိစိတ်မရှည်ဖြစ်နေရတာလဲ"
ကျီရှောင်သည် သူ၏ပါးစပ်မှစီးကျလာသော သွားရည်များကိုသုတ်ရန် သူ၏လက်ကိုအသုံးပြုလိုက်ပြီး အငမ်းမရလေသံဖြင့်ပြောလိုက်သည်။
"မင်းက သူမကိုမမြင်ဖူးသေးလို့ အဲ့စကားကိုပြောနေတာပဲ...သူမကိုကြည့်ရတာနတ်သမီးလေးနဲ့အတူတူပဲ...အဲ့ဒီဖြူဖွေးနေတဲ့ကိုယ်လုံးလေး...ငါသူမအကြောင်းကိုအိပ်မက်မက်နေတာကြာပြီ...တကယ်လို့သူမရဲ့အဖေက မူလီသာမဟုတ်ခဲ့ဘူးဆိုရင် ဟိုးအရင်ကတည်းက သူမကိုပြန်ပေးဆွဲဖို့အတွက် လူတစ်ယောက်က်ိုလွှတ်လိုက်တာကြာပြီ..."
ရှောင်ယုသည် ကျီရှောင်ကိုကြည့်ရင်း မျက်လုံးပြူးလိုက်သည်။
"စိတ်မပူပါနဲ့...အစီအစဉ်အောင်မြင်သွားရင် မူဟန်ကမင်းအပိုင်ဖြစ်လာလိမ့်မယ်...ငါကတော့ မူလီနဲ့သူ့ရဲ့မိသားစုဝင်တွေကိုလက်စားချေမယ်...ရတနာတွေကိုတော့မင်းအတွက် ချန်ပေးခဲ့မယ်"
ကျီရှောင်သည် ပြုံးပြုံးလေးရေရွတ်လိုက်သည်။
"မင်းမျက်လုံးကအရမ်းကိုကောင်းတာပဲ...မူမိသားစုထဲကမိန်းမတွေရဲ့အလှက ထိပ်တန်းအဆင့်မှာရှိတယ်...မင်းကသူတို့အားလုံးကို ကျွန်အဖြစ်လိုချင်နေတာဆိုတော့ ငါလည်းခဏခဏလာဆော့ရလိမ့်မယ်"
ရှောင်ယုအကြံတူနေဟန်ဖြင့် မျက်စောင်းထိုးကြည့်လိုက်သည်။
"ဒါက အဲလိုပါဘဲ..."
ဤသို့ဖြင့် နှစ်ယောက်လုံးသည် မူလီကိုဖယ်ရှားရန်အတွက် အစီအစဉ်များကို စတင်လုပ်ဆောင်ခဲ့ကြသည်။
မကြာခင်မှာဘဲ ရှောင်ယုသည် သူတို့လုပ်ဆောင်မယ့်အစီအစဉ်အကြောင်းကို ဆွေးနွေးရင်း အသေးစိတ်ခွဲခြမ်းစိတ်ဖြာရင်း စကားဝိုင်းကိုအဆုံးသတ်လိုက်ကြသည်။
"မူလီလို့ခေါ်တဲ့ စွမ်းအားကြီးမားတဲ့သူရဲကောင်းဗိုလ်ချုပ်တစ်ယောက် ဒီမှာရှိနေတယ်လို့ ငါသတင်းရထားတယ်...ငါကသူ့ကို ငါတို့မိသားစုရဲ့အမွေခံရတနာဖြစ်တဲ့ လေနဲ့မီးမှော်ဓားကို ပေးအပ်ဖို့ရောက်လာတာပဲ...ငါသူ့ကိုမှော်ဓားရောင်းချင်တယ်...ဗိုလ်ချုပ်က ဝယ်ယူဖို့စိတ်ဝင်စားသလား..."
မုတ်ဆိတ်မွှေးနှင့်လူတစ်ယောက်သည် မှူးမတ်လီ၏အိမ်ရှေ့သို့ရောက်လာခဲ့ပြီး မှော်ဓားတစ်ချောင်းကိုက်ိုင်ဆောင်ကာ အော်ဟစ်နေခဲ့သည်။
ထိုမြင်ကွင်းသည် လမ်းသွားလမ်းလာလူများ၏ အာရုံကိုစွဲဝင်ဖမ်းယူသွားခဲ့သည်။အမှန်တော့ ဤကမ္ဘာတစ်ဝှမ်းလုံးတွင် မှော်လက်နက်များသည် အလွန်ပင်အဖိုးတန်လှပေသည်။မူမိသားစု၏ကျွန်များသည် ထိုအကြောင်းကို မူလီအားချက်ချင်းအကြောင်းကြားလိုက်ကြသည်။
ခဏအကြာတွင် ပေါ့ပေါ့ပါးပါးအဝတ်အစားများကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်နှင့်လူတစ်ယောက်ထွက်လာပြီး ဓားကိုစစ်ဆေးလိုက်သည်။
"ဓားကိုရောင်းချင်တာသေချာလား.."
မုတ်ဆိတ်မွှေးနှင့်ယောက်ျားက ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်...ဒါကငါတို့ဘိုးဘေးတွေရဲ့ဓားဆိုပေမဲ့ ငါတို့မိသားစုကခက်ခဲတဲ့ကာလကိုရောက်နေပြီ...ငါတို့ကဒီဓားကိုရောင်းချင် တယ်ဆိုရင်တောင် သူရဲကောင်းတစ်ယောက်ကိုပဲရောင်းဖို့ဆုံးဖြတ်ထားတယ်...ဒါကြောင့်ငါက လေလံပွဲကိုမသွားဘဲ စျေးကောင်းပေးဝယ်နိုင်တဲ့ ဗိုလ်ချုပ်လီရဲ့အိမ်ကိုရောက်လာတာပဲ"
မူလီသည် ဓားကိုစစ်ဆေးကြည့်လိုက်ရာ ဓားထံမှမီးတောက်များနှင့်လေပြင်းများထွက်ပေါ်လာခဲ့သည်။
"ဒီဓားအတွက်ဘယ်လောက်လိုချင်လဲ..."
မူလီသည် သူ၏မျက်နှာပေါ်၌ ဓားကိုလိုချင်နေသောအမူအရာကို ဖုံးကွယ်ထားခြင်းမရှိပေ။
"ရွှေပြား ၅၀၀၀၀၀"မုတ်ဆိတ်မွှေးနှင့်လူက တုံ့ဆိုင်းမှုမရှိပြန်ဖြေလိုက်သည်။
"ရွှေပြား၅၀၀၀၀၀ စျေးကနည်းနည်းတော့စျေးကြီးပေမဲ့ ထိုက်တန်ပါတယ်"
မူလီသည် ခဏလောက်စဉ်းစားလိုက်ပြီး အဆုံးသတ်တွင် ဓားကိုဝယ်ရန်ဆုံးဖြတ်လိုက်သည်။
"ငါတို့မိသားစုရဲ့စည်းမျည်းကြောင့် ဘိုးဘေးတွေရဲ့အမည်ကို မပြောပြနိုင်တာခွင့်လွှတ်ပါ....ဒါပေမဲ့ သူတို့ဟာဒီဓားကိုကိုင်ဆောင်ပြီး ကမ္ဘာကိုတုန်လှုပ်စေခဲ့ကြတယ်"
မုတ်ဆိတ်မွှေးနှင့်လူက သက်ပြင်းချလိုက်သည်။
မူဟွာလီသည် ခေါင်းညိတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"မင်းတို့ရဲ့ဘိုးဘေးတွေက သူရဲကောင်းတွေဆိုတာ ငါလက်ခံတယ်...ဒါကဓားကောင်းတစ်လက်မလို့ ငါဝယ်လိုက်မယ်..လာပါ အခမ်းအနားအတွက်တစ်ခွက်လောက် သောက်ရအောင်"
"ဗိုလ်ချုပ်က ညဏ်ပညာထက်မြက်ပါပေတယ်"
နှစ်ယောက်လုံးသည် စကားတပြောပြောဖြင့် အိမ်ထဲဝင်သွားခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက်တွင် မုတ်ဆိတ်မွှေးနှင့်လူသည် အိတ်ကြီးတစ်လုံးနှင့်အတူ အိမ်ထဲမှထွက်လာခဲ့သည်။ထို့နောက် သူ၏ခန္ဓာကိုယ်သည် အရိပ်တစ်ခုလို လှုပ်ရှားလာကာ အဝေးလမ်းကြား၌ထွက်ပေါ်လာခဲ့သည်။သို့သော်လည်း သူသည်ထူးဆန်းသောလှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ကာ သူ့မျက်နှာပေါ်ရှိ မုတ်ဆိတ်မွှေးများကို ဆွဲချလိုက်သည်။ထို့နောက် သူ၏မျက်နှာကိုပွတ်သပ်လိုက်ကာ မျက်နှာအသွင်အပြင်သည် ပြောင်းလဲသွားကာ ရှောင်ယု၏ရုပ်သွင်ကအံ့သြဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ရှောင်ယုသည် ရယ်ရယ်မောမောဖြင့် လမ်းကြားထဲမှထွက်လာခဲ့သည်။
...
...
မူလီသည် မှော်ဓားတစ်ချောင်းအား ဝယ်ယူလ်ိုက်သည့်သတင်းက ဟွေ့မြို့အတွင်း လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။အချို့သောလူများက မှော်ဓားအားကြည့်ရန် သူ့အိမ်ဆီအလည်လာခဲ့ကြသည်။မူလီသည် သူဝယ်ယူထားသော ဓားသွားကို ဧည့်သည်များထံပြကာ ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။မှော်ဓားမှထုတ်လွှတ်လိုက်သော မီးတောက်များသည် စစ်မြေပြင်၌ကြီးမားသော အခန်းကဏ္ဍမှပါဝင်နိုင်သည်။
ထိုအခိုက်အတန့်တွင် ဝေမြို့တော်၏သခင်ဝေဟောင်သည် ဓားကိုကိုယ်တိုင်တွေ့မြင်ချင်ကြောင်း လူတစ်ယောက်ကအကြောင်းကြားလာခဲ့သည်။မူလီသည် သူ၏သခင်ဖြစ်သူအား ဓားသွားပြရမည့်သတင်းရလိုက်သည်နှင့် ဓားကိုဆွဲကိုင်၍ မြင်းကိုအပြင်းစီးကာ သခင်ဖြစ်သူထံသွားရောက်လိုက်သည်။
မူလီသည် သူ၏အိမ်မှထွက်ခွာလာစဉ် ရှောင်ယု၏ခေါင်းသည် လမ်းကြားထဲမှ ခိုးထွက်လာခဲ့သည်။
"ကျားသစ်က ကျားဖြူရဲ့ခံတွင်းထဲဝင်ရောက်နေချိန်မှာ ဘုန်းကြီးကပိုလာဝိုင်ကို ခိုးဖို့ကြံစည်နေတယ်"
အခန်း ၁၀၈ - ချောက်တွန်းခြင်း
ယခင်ဘဝက ရှောင်ယုသည်အနီရောင်ဝတ္ထုများစွာကို ဖတ်ရှုခဲ့ဖူးပြီး တီဗီစီးရီးများစွာကို ကြည့်ရှုခဲ့ဖူးသည်။ထိုဝတ္ထုများနှင့်တီဗီစီးရီးများသည် သစ္စာဖောက်ခြင်းနှင့်ပတ်သက်၍ ကွက်ကွက်ကွင်းကွင်းဖော်ပြထားရာ အခြားသူများကိုချောက်တွန်းရန် သူ့အားသင်ပြပေးခဲ့သည်။သို့သော်လည်း ရှောင်ယုသည်ကြေကွဲဖွယ်အကောင်းဆုံးသော နည်းလမ်းကိုအသုံးပြုချင်ခဲ့သည်။
ရှောင်ယုသည် နဂါးလေးကိုကျီစယ်ရင်း ဟိုတယ်သို့ပြန်၍ ဝိုင်နီကိုသောက်ကာ သတင်းကောင်းကိုစောင့်မျှော်နေခဲ့သည်။
"အလုပ်သွားလုပ်တော့မှာလား..."
လီအာသည် ရှောင်ယု၏ပုခုံးကို နောက်မှနေ၍လှမ်းဆွဲရင်း မေးမြန်းလိုက်သည်။လီအာသည် အပြင်လူများမရှိလျှင် ရှောင်ယု၏အစေခံတစ်ယောက်အဖြစ် မည်သည့်အခါမှ ပြုမူနေမည်မဟုတ်သော်လည်း အပြင်လူများရှိနေချိန်တွင် သူမသည်ရှောင်ယုအား မျက်နှာသာအချို့ပေးမှာဖြစ်သည်။ရှောင်ယုသည် လက်ရှိအချိန်တွင် လီအာ၏အပြုအမူများကို စိတ်ထဲမထားခဲ့ပေ။ထိုသို့လုပ်ဆောင်နေရခြင်းမှာ သူသည်လီအာဝတ်ဆင်ထားသောကျွန်လည်ဆွဲကို မည်သို့ထိန်းချုပ်ရမည်ကို မသိသေး၍ဖြစ်သည်။
ရှောင်ယုသည် ဝိုင်ကိုအရသာခံသောက်သုံးရင်း မျက်လုံးမှိတ်ထားလိုက်သည်။
"ဝေဟောင်က မူလီကိုဖယ်ရှားချင်နေတာတော်တော်ကြာနေပြီဆိုပေမဲ့ သူကအခွင့်အရေးမရခဲ့ဘူး...ခုတော့ငါကသူ့ကိုအခွင့်အရေးတစ်ခုပေးခဲ့ပြီ သူကအဲ့ဒီအခွင့်အရေးကိုလက်လွတ်ခံမယ်လို့ထင်လား"
"မင်းကတော်တော်ဆိုးတာပဲ..."
လီအာသည် ရှောင်ယုအားအပြစ်တင်လိုက်သည်။
ရှောင်ယုသည် လီအာအား မျက်လုံးပြုးပြလိုက်သည်။
"မင်းဘာတွေပြောနေတာလဲ...ငါကသူ့က်ိုဘောင်ခတ်ပြီးမှ ပြန်လည်ကယ်တင်မှာလေ...အခြားတစ်ယောက်ကသာ မူလီကိုဖမ်းဆီးလိုက်ပြီဆိုရင် သူ့ရဲ့မိသားစုကိုအနာဂတ်မှာ ပြန်ပြီးကယ်တင်နိုင်ဖို့အခွင့်အရေးမရဘူး...ခုတော့ငါစီစဉ်ထားသလိုဖြစ်လာခဲ့ပီ"
ခဏကြာစဉ်းစားပြီးနောက် လီအာကပြောလိုက်သည်။
"မင်းရဲ့ယုံကြည်ချက်တွေက မှားယွင်းနေခဲ့ပြီ"
ရှောင်ယုကမူ ဂုဏ်ယူနေသောအမူအရာဖြင့် ပြန်လည်ချေပလိုက်သည်။
"ငါ့ရဲ့လှည့်စားမှုက အပြစ်လုံးဝကင်းတယ်"
ရှောင်ယုမျှော်မှန်းထားသည့်အတိုင်း အရာအားလုံးသည် သူစီစဉ်ထားသလိုဖြစ်လာရန် အချိန်မကြာလိုက်ပေ။မူလီအား နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင်ဖမ်းဆီးခဲ့ကာ သူ၏ပိုင်ဆိုင်မှုများနှင့်မိသားစုဝင်များကို ဖမ်းဆီးထိန်းသိမ်းရန်တပ်ဖွဲ့များကိုစေလွှတ်ခဲ့သည်။ထိုတပ်ဖွဲ့များကို ဦးဆောင်လာသူကား ရှုချီဆိုသောလူဖြစ်သည်။
ရှောင်ယုသည် သူ၏တပ်သား၁၀၀ကိုစုစည်းလိုက်ပြီး မူစံအိမ်ရှိ ယောကျ်ားမိန်းမများကိုဖမ်းဆီးရန် အပြေးအလွှားသွားရောက်ခဲ့သည်။သူသည် ကျီရှောင်တို့အား အဖိုးတန်ပစ္စည်းများအားလုံးကို ယူဆောင်ခွင့်ပေးနိုင်သော်လည်း လူများကိုအရယူရမည်ဖြစ်သည်။အကယ်၍ သူ့ထံ၌လူ၁ယောက်လျော့သွားပါက မူလီကိုဆွဲဆောင်ရန်ပိုမိုခက်ခဲလာမှာဖြစ်သည်။
ရှောင်ယုကိုတွေ့မြင်လိုက်ချိန်တွင် ရှုချီပြုံးလိုက်မိသည်။မူလီကျဆုံးသွားခဲ့ပါက သူ၏အဖေသည် ဝေပြည်နယ်၏ပထမဆုံးဗိုလ်ချုပ်ဖြစ်လာတော့မည်ဖြစ်သည်။
"မင်းရဲ့အစီအစဉ်အတွက် ကျေးဇူးတင်ပါတယ်ရှောင်ယု...မင်းကြောင့်သာမဟုတ်ရင် မူလီကိုရာထူးကနေထုတ်ပယ်ဖို့မလွယ်ဘူး..."
ရှုချီက ရှောင်ယုအနားတိုးကပ်၍ တိုးတိုးလေးပြောလိုက်သည်။
ရှောင်ယုသည် သူ၏မျက်လုံးများကို မှိတ်လိုက်ကာပြန်ဖြေလိုက်သည်။
"မင်းကယဉ်ကျေးလွန်းနေပါပြီ...နောက်ဆုံးအကြိမ်တုံးက သူ့သားဟာလူမိုက်တစ်ယောက်လိုပြုမူပြီး ငါ့ကိုရိုက်နှက်ခဲ့တယ်...ဒီတစ်ခါတော့ငါက သူ့ရဲ့မိသားစုတစ်ခုလုံးကို ပိုင်ဆိုင်တော့မှာလေ"
ရှောင်ယု၏စကားကိုကြားချိန်တွင် ရှုချီလည်းဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ဒီကိစ္စမှာ မင်းကအဓိကပါဝင်ပတ်သက်သူပဲ...သူ့ရဲ့မိသားစုအတွက်ငါတို့ဘက်က ဘာမှပြောစရာမရှိဘူး...မင်းသာမယူရင်မကြာခင်မှာဘဲသူတို့ကို ကျွန်အဖြစ်ရောင်းချရတော့မယ်...ငါကသူတို့ပိုင်တဲ့ငွေတွေအကုန်လုံးကိုယူပြီး မူမိသားစုကကျွန်တွေကို မင်းအကုန်ဝယ်သွားတယ်လို့ အဖေကိုငါတင်ပြပေးမယ်"
ရှောင်ယုသည် ခေါင်းညိတ်ကာရေရွတ်လိုက်သည်။
"ငါ့ဆီမှာနယ်မြေတစ်ခုရှိပေမဲ့ လူအင်အားနည်းပါးနေသေးတယ်....ခုအခြေအနေကကောဘယ်လိုလဲ"
"ငါ့ရဲ့တပ်သားတွေက အဲ့နေရာကိုဝိုင်းထားတယ်...ဘယ်သူကမှထွက်ပြေးနိုင်မှာမဟုတ်ဘူး"
"သူ့ရဲ့မိသားစုဝင်တွေကို ဖမ်းတဲ့နေရာမှာကူညီဖို့ ငါ့ရဲ့အစောင့်တချို့ကိုခေါ်လာခဲ့တယ်...ခုခံသူတွေကိုဒဏ်ရာရအောင် ပြုလုပ်နိုင်ပေမဲ့ မသတ်ပါနဲ့...တစ်ယောက်သေရင်ကိုမင်းလျော်ကြေးပေးရမယ်"
"ဒါဆိုရင် မင်းရဲ့လူတွေကိုရှေ့တက်ခိုင်းလိုက်ပါ"
ရှုချီသည် တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။
ရှောင်ယုသည် ခွင့်ပြုချက်ရသည်နှင့် ခေါင်းညိတ်ပြလိုက်ကာ ဂရင်း၊တိုင်ရန်ဒီနှင့်တပ်သား၁၀၀ကို ရှေ့တက်ရန်အမိန့်ပေးလိုက်သည်။
ရှောင်ယုသည် မည်သူ့ကိုမှမသတ်ဖြတ်မိစေရန် ကြိုတင်မှာကြားထားပြီး ခုခံသူများ၏ပေါင်ကိုမြှားဖြင့် ထိုးဖောက်ရန်အတွက် တိုင်ရန်ဒီအားဦးစွာအမိန့်ပေးခဲ့ပေသည်။
တိုင်ရန်ဒီသည် မည်သူမှထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန် သူမ၏လင်းယုန်မျက်လုံးကျွမ်းကျင်မှုဖြင့် နေရာတိုင်းအားစောင့်ကြည့်နေခဲ့သည်။တစ်ချိန်တည်းမှာပင် မြင်းစီးသူရဲများနှင့်ရှုချီ၏စစ်သားများက အိမ်တွင်းရှိလူများကိုစတင်ဖမ်းဆီးခဲ့သည်။
"ဟေး...ရှောင်ယု...မူဟန်ကိုငါ့လက်ထဲအပ်မယ်လို့ မင်းငါ့ကိုကတိပေးထားတယ်မဟုတ်လား"
ထိုအခိုက်အတန့်တွင် ကျီရှောင်းသည်သူ၏အဆီတွဲတွဲခန္ဓာကိုယ်အား သယ်မ၍ရောက်ရှိလာခဲ့သည်။
ရှောင်ယုသည် ကျီရှောင်း၏စကားကြောင့်ပြုံးလိုက်မိသည်။
"စိတ်မပူပါနဲ့...ငါ့စကားကိုပြန်ပြင်ပြီး မပြောတတ်ပါဘူး...မင်းရဲ့လှည်းကအဆင်သင့်ဖြစ်ပြီလား...အကုန်လုံးက်ိုဖမ်းဆီးပြီးရင် ကောင်မလေးကိုမင်းဆီပို့ပေးလိုက်မယ်"
ကျီရှောင်းသည် ရှောင်ယု၏စကားကြောင့် ပါးစပ်ကနားရွက်ကိုချိတ်တက်မတတ် ပြုံးလိုက်မိသည်။
"ကျေးဇူးပဲ..."
ရှောင်ယု၏တပ်သားများသည် လူများကိုအထဲမှ မောင်းထုတ်နေချိန် ရှုချီ၏လူများက ဖမ်းဆီးရန်တာဝန်ယူခဲ့သည်။
မူမိသားစုက သူတို့သည်သစ္စာဖောက်များအဖြစ် စွပ်စွဲခံရလိမ့်မည်ဟု လုံးယူဆထားခြင်းမရှိခဲ့ပေ။ထို့ပြင် နာရီအနည်းငယ်အတွင်း အရာအားလုံးပြောင်းလဲသွားသည်ကို သူတို့ခံနိုင်ရည်မရှိခဲ့ပေ။မူလီသည် နံနက်အစောပိုင်းတွင် အိမ်မှထွက်ခွာသွားပြီး နေ့လည်ပိုင်းတွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုခံလိုက်ရသည်။ဤနေရာတွင် အစောင့်အကြပ်များပေါ်လာသော်လည်း သူတို့အားအမိန့်ပေးမည့်သူမရှိပေ။
ထို့ပြင် ဤအဖြစ်အပျက်သည် နားလည်မှုလွဲမှားခြင်းတစ်ခုသာဖြစ်ပြီး မူလီကဤပြဿနာကို အချိန်တိုတိုအတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ဝေပြည်နယ်၏သခင်ကိုယ်တိုင်က မူလီအားသတ်ဖြတ်ချင်နေလိမ့်မည်ဟု မည်သူကမှထင်မထားခဲ့ကြပေ။
ကျီရှောင်၏စကားအရဆိုလျှင် မူဟန်သည် အသက်၁၄နှစ်အရွယ်ခန့်သာရှိမည်ဟု ရှောင်ယုခန့်မှန်းနိုင်ခဲ့သည်။ယခုအခိုက်အတန့်တွင် ဖခင်ဖြစ်သူသည် ပုန်ကန်လိမ့်မည်ဟုမယုံကြည်သောကြောင့် သူမသည်အခြားသူများကို ဇွတ်အတင်းစိုက်ကြည့်နေခဲ့သည်။
"သူမကရေသူမနဲ့တူတယ်လို့ ငါမပြောခဲ့ဘူးလား...သူ့ဘေးနားမှာရပ်နေတဲ့အမျိုးသမီးက သူမရဲ့အမေပဲ...သူမကလည်းရှားပါးတဲ့ အလှတရားတစ်ခုပဲ"
ကျီရှောင်သည် တစ်နေရာကိုညွန်ပြကာ ရှောင်ယု၏နောက်ကျောကို ပုတ်ခတ်လိုက်သည်။
"ခဏကြာရင် သူတို့ကိုမင်းဆီးပို့ပေးလိုက်မယ်...."
ရှောင်ယုသည် ကျီရှောင်အားအမှန်တကယ်စက်ဆုပ်ရွံရှာနေသော်လည်း ထုတ်ဖော်မပြောဆိုခဲ့ပေ။
မင်းလိုကောင်က အရွယ်ရောက်ပြီးတဲ့မိန်းမတွေကို ကြိုက်တာငါမပြောလိုပေမဲ့ ခုလိုအသက်မပြည့်သေးတဲ့မိန်းမငယ်လေးတွေကို ကြိုက်တာတော့ တော်တော်လွန်သွားပြီ....
"ကောင်းတယ်....အရမ်းကောင်းတယ်...သူတို့ကိုမြန်မြန်ဖမ်းပြီး ငါ့ရထားပေါ်တင်ထားလိုက်..."
ကျီရှောင်သည်အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး သူသည်ကောင်မလေး၏ခန္ဓာကိုယ်အား မည်သို့မည်ပုံပျော်မွေ့မည့်အကြောင်း စိတ်ကူးယဉ်နေခဲ့သည်။
"စိတ်မပူပါနဲ့...အကုန်လုံးကိုစိတ်ချအောင် လုပ်ပြီးသွားပြီဆိုရင် သူမတို့ကိုငါကိုယ်တိုင် မင်းရဲ့ရထားလုံးပေါ်အရောက်ပို့ပေးလိုက်မယ်"
ရှောင်ယုက ထပ်မံအာမခံလိုက်သည်။
ခဏအကြာတွင် သူတို့သည်ဖမ်းမိထားသူများကို ရထားပေါ်သ်ို့တင်ဆောင်ခဲ့ကြသည်။ရှုချီသည် ရှောင်ယုအားကူညီရန်အတွက် ဖမ်းဆီးလာသူများကို သယ်ယူရန်ရထားဒါဇင်ပေါင်းများစွာကို ကြိုတင်စီစဉ်ထားခဲ့သည်။အစောင့်အနည်းငယ်သည်ကား မူဟန်က်ိုကျီရှောင်း၏ရထားလုံးပေါ် ဆွဲတင်သွားခဲ့သည်။မိခင်ဖြစ်သူသည် အော်ဟစ်တောင်းပန်နေသော်လည်း မည်သူကမှမတုံ့ပြန်ခဲ့ပေ။
မူဟန်သည် သူ၏ရထားလုံးပေါ်ရောက်ရှိလာသည်ကို မြင်သောအခါ ကျီရှောင်သည်ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။သို့သော်လည်း လီအာခိုးဝင်သွားသည်ကို သူမသိလိုက်ပေ။
ရှောင်ယုသည် မူမိသားစုမှလူများကို ခြင်္သေ့မြို့သို့ပို့ဆောင်ရန်အတွက် ရထားလုံးများကို အမိန့်ပေးလိုက်ပြီး ရှုချီသည်မူမိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းလုယက်ခဲ့သည်။
"အစ်ကိုချီ ငါတို့မူလီကိုဘယ်ချိန်ကွပ်မျက်ကြမလဲ...သူကအခုဘယ်မှာလဲ"
ရှောင်ယုက ရုတ်တရက်မေးမြန်းလိုက်သည်။
"ငါတို့အချိန်ဆွဲနေမှာမဟုတ်ဘူး...ငါတို့မှာအထောက်အထားခိုင်ခိုင်လုံလုံရှိနေတာမလို့ အရာအားလုံးကိုအစီအစဉ်အတိုင်း အမြန်ဆုံးလုပ်ဆောင်ဖို့ သခင်ကငါတို့ကိုမိန့်ထားတယ်....ခုချိန်မှာမူလီရဲ့အုတ်ဂူဟာ သူ့ခေါင်းရှေ့ကိုရောက်နေပြီ သူထွက်ပြေးနိုင်မှာမဟုတ်ဘူး..."
ရှုချီသည် ရယ်ရယ်မောမောဖြင့် လှောင်ပြောင်လိုက်သည်။
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ကာ စိုးရိမ်နေဟန်ဖြင့်ပြောလိုက်သည်။
"တစ်စုံတစ်ယောက်က သူ့ကိုထောင်ထဲကနေကယ်ထုတ်သွားမှာကို ငါစိုးရိမ်နေသေးတယ်...သူကဟွေ့မြို့တော်မှာ နေထိုင်တာအတော်ကြာပြီဆိုတော့ သူ့ဆီမှာသူငယ်ချင်းတွေအများကြီး ရှိနေမှာအမှန်ပဲ...ပြီးတော့သူ့သားကလည်းသူရဲကောင်းတက္ကသ်ိုလ်မှာရှိနေတုံးပဲ"
"သူ့ဆီမှာ အဆက်အသွယ်တွေ အများကြီးရှိနေတာကအမှန်ပဲ....သူထောင်ကနေထွက်ပြေးလို့မရအောင် အစောင့်တွေကိုပိုပြီးတင်းကြပ်ထားလိမ့်မယ်"
ရှုချီသည် တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"မူလီကိုသေဒဏ်မပေးခင် သူ့ကိုတွေ့ဖို့ခေါ်သွားပေးလို့ရမလား...ဘယ်သူကသူ့ကိုဒီလိုအခြေအနေရောက်အောင် လုပ်ခဲ့တာလဲဆိုတာ သိအောင် ပြောပြရမှာပေါ့...သူ့သားသာငါ့ကိုမရိုက်နှက်ခဲ့ရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူးလေ"
"မင်းမှာ အခွင့်အရေးရလာမှာပါ...သူမသေခင် အရှက်တရားကြောင့် သူ့မျက်နှာတစ်ခုလုံး ထိတ်လန့်သွားတာကို ငါတွေ့ချင်သေးတယ် နောက်ဆိုရင် အခွင့်အရေးရမှာမဟုတ်တော့ဘူး"
"အဲ့ဒါဆိုလည်း အစ်ကိုချီကိုပဲ ဒုက္ခပေးရတော့မယ်"
ရှောင်ယုကပြုံးပြီးပြောလိုက်သည်။