အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အခန်း ၁၀၉ - ထောင်ဖောက်ခြင်း
အကျဉ်းခန်းတစ်ခုအတွင်း၌ မူလီ၏လက်များကို အကျဉ်းခန်း၏မျက်နှာကျက်ဖြင့်တွဲချိတ်ထားသော သံကြိုးများနှင့်ချုပ်နှောင်ထားခဲ့သည်။တစ်ချိန်ကသူရဲကောင်းဖြစ်ဖူးခဲ့သော ဤလူသည် ယခုအချိန်၌ သနားစရာကောင်းသော ရာဇဝတ်ကောင်နှင့်တူပေသည်။
"မူလီ...မင်းဆီကိုဘယ်သူအလည်လာလဲ သိချင်လား..."
ရှုချီသည် အချုပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် မောက်မာသောပုံစံဖြင့် ရယ်မောလိုက်သည်။ရှုချီ၏ဖခင်သည် မူလီသေဆုံးသွားပြီးနောက်တွင် သူ၏သြဇာအာဏာနှင့်အဆင့်အတန်းသည် များစွာတိုးတက်လာမှာဖြစ်သည်။မူလီဖယ်ရှားခံရပြီးနောက်တွင် ဝေပြည်နယ်၌ သူ၏အဖေနှင့်အဆင့်တူသော စစ်ဗိုလ်ချုပ်မရှိတော့ပေ။
ထိုအခိုက်အတန့်တွင် မူလီက ရှုချီကိုကြည့်ရင်း ပြောလိုက်သည်။
"ရှုချီ မင်းငါ့ကိုချောက်တွန်းလိုက်တာလား..."
ရှုချီက မူလီကိုစိုက်ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။
"ချောက်တွန်းတယ်ဆိုတဲ့ စကားလုံးကိုမသုံးပါနဲ့...နယ်မြေသခင်ကိုယ်တိုင်က မင်းကိုဖယ်ရှားဖို့အတွက် အခွင့်အရေးကောင်းကိုရှာနေတာကြာလှပြီ...အဲ့ဒါကိုမေ့ထားလိုက်ဦး...အရေးကြီးတာက မင်းရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းပြီး မင်းရဲ့မိသားစုကိုကျွန်အဖြစ်ရောင်းစားခံရမယ်...မင်းရဲ့သမီးလေးကိုလည်း ကျီရှောင်ကစားဖို့အတွက် ငါပေးလိုက်ပြီ..."
ရှုချီ၏ သရော်လှောင်ပြောင်သောစကားကို ကြားလိုက်ရသောအခါ မူလီ၏မျက်လုံးများသည် သွေးများယိုစီးမတတ်နီရဲလာပြီး ရှုချီအားလည်ပင်းညစ်သတ်ရန် အတင်းရုန်းကန်လိုက်သည်။
"မင်းလူယုတ်မာ...ငါ့မိသားစုကို မင်းဘယ်လိုလုပ်ဝံ့တာလဲ...ငါမင်းကိုသတ်မယ်"
မူလီက ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းရဲ့မိသားစုကို ငါဘာမှမလုပ်ရသေးဘူးလေ...ဒီကိစ္စတွေအကုန်လုံးက မြို့စားရှောင်နဲ့ကျီရှောင်တို့အပေါ်မှာဘဲ မူတည်နေတယ်...ဒါပေမဲ့ခုချိန်မှာ မြို့စားရှောင်ရဲ့အမည်ကကျော်ကြားနေတာဆိုတော့ မင်းမိသားစုရဲ့ကံကြမ္မာကို ငါကြိုမြင်ယောင်နေမိပြီ...ကျီရှောင်ကမိန်းကလေးတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာ မင်းကလူတိုင်းထက်ပိုသိမှာပါ...မင်းရဲ့သမီးလေးအတွက်လည်း မင်းရဲ့စိတ်ကူးထားတဲ့အတိုင်းဖြစ်လာမယ်လို့ ငါယုံကြည်ထားတယ်"
ရှုချီသည် မူလီအားလှောင်ပြောင်သရော်ရန်အတွက် သူတတ်နိုင်သမျှအကောင်းဆုံးကြိုးစားနေခဲ့သည်။
ယခင်က သူနှင့်သူ့အဖေနှစ်ယောက်လုံးသည် မူလီအားမုန်းတီးနေခဲ့သော်လည်း ယခုအခါသူတို့၏ပြိုင်ဘက်သည် အနိုင်ယူခံရပြီး မကြာမှီကွပ်မျက်ခံရတော့မည်ဖြစ်သည်။မူလီသည် ဤပြသနာကိုလုံးဝဖြတ်ကျော်နိုင်မည်မဟုတ်တော့ပေ။
"ရှုချီ...မင်းနဲ့မင်းအဖေလည်း တစ်နေ့ငါ့လိုအဆုံးသတ်မျိုးကြုံရလိမ့်မယ်...ငါကဝေမင်းဆက်အပေါ် တစ်သက်လုံးသစ္စာစောင့်သိခဲ့ပေမဲ့ ခုလိုအဆုံးသတ်ခဲ့ရတာပဲ"
မူလီသည် သူပြောသည့်အတိုင်း ဝေမင်းဆက်အပေါ် အပြည့်အဝသစ္စာစောင့်သိခဲ့သည်၊သို့သော်လည်း ရှေးယခင်ကတည်းက သစ္စာစောင့်သိသူများသည် သူတို့၏ဘဝကို သနားစရာကောင်းလောက်သော အဖြစ်အပျက်များဖြင့်အဆုံးသတ်ခဲ့ရသည်။
ရှောင်ယုသည် ထိုမြင်ကွင်းကိုရပ်ကြည့်ကာ ပြုံးလိုက်မိကာ သူ့စိတ်ထဲ၌ လျှို့ဝှက်စွာရေရွတ်မိလိုက်သည်။
"ဒီလူမိုက်က မူလီကိုပိုပြီးလှောင်ပြောင်လေလေ အခြေအနေတွေက ငါ့ဘက်ကိုပိုပြီးအရေးသာလေလေဖြစ်လာလိမ့်မယ်...ငါကအကျဉ်းခန်းရဲ့တည်ဆောက်ပုံကိုလေ့လာဖို့ ဒီကိုရောက်လာခဲ့ပေမဲ့ လိုအပ်တာထက်ပိုတဲ့အချက်အလက်တွေကို ရခဲ့တာပဲ"
"မင်းက ငါ့ကိုဓားရောင်းတဲ့လူမဟုတ်လား..."
မူလီသည် ရှောင်ယုကို မှတ်မိသွားခဲ့သည်။
ရှောင်ယုက ပြုံးကာရှင်းပြလိုက်သည်။
"ဟုတ်တယ်...အဲဒါငါပဲ...ဒါပေမဲ့ဗိုလ်ချုပ်လီက ငါ့ကိုအပြစ်မတင်သင့်ဘူး...ငါကအခုမင်းမိသားစုကိုထိန်းသိမ်းထားပြီး မင်းဘဝလိုမျိုးအဆုံးမသတ်ရအောင်လုပ်ပေးနိုင်တယ်...မင်းအဲ့ဒါက်ိုရှင်းရှင်း လင်းလင်းသိထားသင့်တယ်...ဒါ့ပြင်ငါသာဒီလိုမလုပ်ခဲ့ဘူးဆိုရင်တောင်မှ မင်းဟာအနှေးနဲ့အမြန်ခုလိုအဆုံးသတ်လာရမှာပဲ...အဲ့ဒါကြောင့်အကျိုးအမြတ်တချို့ရဖို့ ဒီလမ်းကိုရွေးချယ်ခဲ့တာပါ"
ရှောင်ယုသည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ယခုကတည်းကကြိုတင်လမ်းခင်းနေပြီဖြစ်သည်။သို့သော်လည်း မူလီသည် ရှောင်ယု၏အစီအစဉ်ကို သိရှိနားလည်ခြင်းမရှိခဲ့ပေ။ရှောင်ယုသည် သူ့အားဆွဲဆောင်ရန်အတွက် ယခုလိုရက်စက်သောအစီအစဉ်တစ်ခုကို ချမှတ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ဤသို့ဖြင့် ရှုချီနှင့်ရှောင်ယုတို့သည် မူလီအားဆက်လက်စော်ကား လှောင်ပြောင်နေခဲ့ကြသည်။သူတို့ထွက်ခွာသွားချိန်တွင် မူလီ၏မျက်လုံးများသည် အရောင်ကင်းမဲ့နေခဲ့ပြီး မျှော်လင့်ချက်ရောင်ခြည်မျှင်ပင်မရှိတော့ဘဲ စိတ်ပျက်အားငယ်နေခဲ့သည်။
သူ၏သေဆုံးခြင်းသည် ပြဿနာမဖြစ်သော်လည်း သူ၏မိသားစုကို ယခုလိုကြေကွဲဖွယ်အဆုံးသတ်မျိုးဖြင့် မြင်တွေ့လိုခြင်းရှိခဲ့ပေ။
ရှောင်ယုသည် မူမိသားစုမှလူအားလုံးကို ခြင်္သေ့မြို့သို့ညတွင်းချင်း ပြန်လည်ခေါ်ဆောင်သွားရန် စီစဉ်ခဲ့သည်။ရှောင်ယုသည် ဟ်ိုတယ်သို့ပြန်ရောက်လာသောအခါ လီအာသည်အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။ထိုအချိန်တွင် မူဟန်သည် ကုတင်ပေါ်၌လဲလျောင်းနေခဲ့ပြီး မျက်ရည်များကသူမ၏ပါးပေါ်သို့ စီးကျလာခဲ့သည်။
ရှောင်ယုသည် ထိုကောင်မလေးကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချမိလိုက်သည်။
"သူမကတကယ့်ကိုမိန်းမလှလေးတစ်ယောက်ပဲ...နှစ်အနည်းငယ်ကြာရင် ဒီထက်ပိုလှလာလိမ့်မယ်...ကျီရှောင်စွဲလမ်းနေတာ အံ့သြစရာမဟုတ်တော့ဘူး"
ရှောင်ယုသည် လီအာကိုကြည့်ရင်း မေးမြန်းလိုက်သည်။
"ကျီရှောင်ကကော ဘယ်လိုလဲ"
လီအာသည် ပြန်လည်ဖြေကြားခြင်းမရှိဘဲ လည်ပင်းကိုဖြတ်သည့်ဟန် ပြုလုပ်ပြလိုက်သည်။
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်သည်။ကျီရှောင်လိုလူမျိုးသည် အကြိမ်၁၀၀၀၀ကျော်သတ်ဖြတ်ခံရလျှင်တောင်မှ သူမည်သို့မှခံစားရမည်မဟုတ်ပေ။ထိုလူယုတ်မာသည် ကာရီနှင့်လည်းပူးပေါင်းခဲ့သေးသည်။သူသည် အစီအစဉ်တစ်ခုလုံးကို ချုပ်ကိုင်သူမဟုတ်သော်လည်း သူ၏လုပ်ရပ်များကို ခွင့်မလွှတ်နိုင်ပေ။ထို့ပြင် ကျီရှောင်သည် စစ်ဝမ်အားသူနှင့်အတူ မျှဝေခွင့်ပြုရန် ကာရီအားတောင်းဆိုခဲ့ကြောင်း ရှောင်ယုသတင်းရထားပေသည်။
ရှောင်ယုသည် မူဟန်၏ဘေးတွင်ရပ်လိုက်ကာ မြေခွေးတစ်ကောင်လိုပြုံးလိုက်မိသည်။
"မကြောက်နဲ့ မိန်းကလေး....ငါမင်းကိုခုကယ်တင်ပေးမယ် ဒါမှအနာဂတ်မှာ မင်းကငါ့နောက်လိုက်ဖြစ်လာလိမ့်မယ်"
ယခုအချိန်တွင် ရှောင်ယုသည် ရိုးအသောကလေးတစ်ယောက်ကို လှည့်ဖြားရန်ကြိုးပမ်းနေသည့် မာရ်နတ်တစ်ယောက်နှင့်တူကြောင်း ခံစားနေရသည်။ယခုအခါ မူဟန်၏ပါးစပ်ကိုအဝတ်စဖြင့်ပိတ်ဆို့ထား၍ သူမသည်စကားမပြောနိုင်ဘဲ သူမ၏မျက်ဝန်းမှ မျက်ရည်များသာစီးကျလာခဲ့သည်။
ရှောင်ယုသည် ယနေ့ညတွင်ထောင်ဖောက်ရန် စီစဉ်ထားသောကြောင့် မူဟန်ကိုဂရုစိုက်ရန် လီအာကိုတောင်းဆိုခဲ့သည်။
...
...
အဆုံးသတ်တွင် ရှောင်ယု၊ဂရင်းနှင့်လီအာတို့သည် ထောင်ဖောက်ရန်ဆုံးဖြတ်လိုက်ကာ တိုင်ရန်ဒီအား မူဟန်ကိုစောင့်ရှောက်ရန်ချန်ထားခဲ့သည်။သူတို့ ၃ယောက်လုံးသည် အရိပ်ကိုအကာအကွယ်ယူ၍ ပုန်းအောင်းလှုပ်ရှားနိုင်ပြီး တိုင်ရန်ဒီသည်ကား ထိုသို့မလုပ်ဆောင်နိုင်၍ သူမအားခေါ်ဆောင်သွားခြင်းမရှိခဲ့ပေ။
ရှောင်ယုနှင့်အခြား၂ယောက်တို့သည် အကျဉ်းထောင်သို့ရောက်ရှိလာချိန်တွင် တစ်နေရာမှာတစ်နေရာသို့ လိုက်လျောညီထွေဖြစ်အောင် ဂရုတစိုက်သွားလာခဲ့ကြသည်။ယခင်ကဆိုလျှင် ရှောင်ယုသည်ယခုလိုသွက်သွက်လက်လက်သွားလာလှုပ်ရှားနိုင်ခြင်းမရှိသော်လည်း သူရဲကောင်းဆန်စွာခုန်လွှားခြင်းနှင့်တည်နေရာရွေ့ပြောင်းခြင်းတို့အား သင်ယူပြီးနောက်တွင် မြေပြင်ပေါ်၌ရုတ်တရက်ပျောက်ကွယ်ပြီး မီတာအနည်းငယ်မြင့်သောနံရံတစ်ခုပေါ်၌ ရုတ်တရက်ပေါ်လာနိုင်စေရန် လုပ်ဆောင်နိုင်ပြီဖြစ်သည်။ရှောင်ယုသည် ထိုကဲ့သို့သောနည်းစနစ်ကို သင်ယူတတ်မြောက်ထားကြောင်း သူမမသိရှိထား၍ လီအာအံ့သြသွားရသည်။
ရှောင်ယုသည် ဤနေရာသို့ရောက်လာစဉ်က လမ်းကြောင်းများကိုသေချာမှတ်သားထား၍ မူလီရှိရာအကျဉ်းခန်းသို့ လျင်မြန်စွာရောက်ရှိလာခဲ့သည်။ရှုချီသည် ထောင်အစောင့်များကို အားကောင်းသောစစ်သားများနှင့်လှဲလှယ်ထားခဲ့သော်လည်း မှော်အစွမ်းကိုအသုံးပြုထားသော မမြင်တွေ့နိုင်သည့်အဖွဲ့က်ို မတားဆီးနိုင်ခဲ့ပေ။
မူလီ၏အကျဉ်းခန်းရှေ့တွင် မီးတိုင်များကိုကိုင်ဆောင်ထားသော အစောင့်အကြပ် ၂၀ခန့်ရှိနေသေးသည်။ရှောင်ယုသည် လက်ဟန်ပြလိုက်သည်နှင့် သူတို့၃ယောက်လုံးသည် ကျားသစ်နက်တစ်ကောင်ကဲ့သို့ လျင်မြန်ပေါ့ပါးစွာပြေးထွက်လာခဲ့ကြသည်။ဂရင်းသည် လေပွေက်ိုအသုံးပြုကာ ရန်သူပေါင်းတစ်ဒါဇင်ကျော်အား တစ်ဝက်တိတိဖြတ်တောက်လ်ိုက်သည်။ရှောင်ယုသည် လေပွေကိုအသုံးမပြုနိင်သော်လည်း ပြင်းထန်သောအန္တိမခုတ်ပိုင်းချက်ကို အသုံးပြုနိုင်ကာ ရန်သူများအား အသီးအရွက်ခုတ်ပိုင်းသလို ပိုင်းဖြတ်ပစ်ခဲ့သည်။လီအာသည်ကား သူမ၏သားကောင်များကို အသံမထွက်စေဘဲ အရိပ်တစ်ခုလိုရွေ့လျားသတ်ဖြတ်ခဲ့သည်။စစ်သားအနည်းငယ်သည် ကျယ်လောင်စွာအော်ဟစ်ခဲ့ပေမယ့် သူတို့သည်လည်း သတ်ဖြတ်ခံခဲ့ရသည်။
ရှောင်ယုနှင့်ဂရင်းတို့သည် အချုပ်ခန်း၏သံတိုင်များကို ဖြတ်တောက်ရန်အတွက် ဓားများကိုဝှေ့ယမ်းလိုက်ကြသည်။ရှောင်ယုသည် အကျဉ်းခန်း၏မျက်နှာကျက်နှင့် မူလီ၏လက်များကိုတွဲချည်ထားသော သံကြိုးများအား ဖြတ်တောက်လိုက်ချိန်တွင် မူလီသည်သတိမရသေးပေ။
ဂရင်းသည် မူလီကိုဖမ်းကိုင်ကာ သူ၏ပုခုံးပေါ်တင်ထားလိုက်သည်။ယခင်အစောင့်၏အော်ဟစ်သံကြောင့် အစောင့်အနည်းငယ်သည် ဤနေရာသို့ရောက်ရှိလာကြသည်။
ရှောင်ယုသည် လေလမ်းလျှောက်ခြင်းနှင့်တည်နေရာရွေ့ပြောင်းခြင်းကို အသုံးပြုကာ လက်ထဲ၌ဆွဲကိုင်ထားသော ဓားကိုဝှေ့ယမ်းလိုက်ပြီး ရောက်ရှိလာသည့်အစောင့်များ၏ အသက်ကိုနှုတ်ယူလိုက်သည်။ရှောင်ယုသည် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူမဟုတ်သော်လည်း သူရင်ဆိုင်ခဲ့ရသော အဆက်မပြတ်တိုက်ခိုက်မှုများကို ဖြတ်ကျော်ပြီး တိုးတက်မှုများစွာရှိခဲ့ကာ စစ်သားအနည်းငယ်၏အသက်ကို ထောပတ်လှီးသကဲ့သို့ နုတ်ယူနိုင်ပြီဖြစ်သည်။
ထို့နောက် ရှောင်ယုသည် အခြားအကျဉ်းခန်းများ၏ သံတိုင်များကိုခွဲထုတ်ကာ အော်ဟစ်လိုက်သည်။
"မင်းတို့ရဲ့အသက်ကိုနှမြောရင် ပြေးကြ"
ဤနေရာ၌ချုပ်နှောင်ထားသော အကျဉ်းသားများသည် လူကောင်းများမဟုတ်ကြပေ။သူတို့သည်အသက်ရှင်သန်ရန် အခွင့်အရေးကိုတွေ့မြင်သောအခါ လူတိုင်းသည်ဝမ်းသာအားရအော်ဟစ်၍ ထွက်ပြေးကြသည်။ရှောင်ယုသည် အခြေအနေတစ်ခုလုံးက်ို ဖရိုဖရဲဖြစ်နေစေရန်အတွက် အကျဉ်းခန်း၏နေရာတိုင်းအား စတင်မီးရှိ့ခဲ့သည်။ရှုချီသည် အကျဉ်းခန်း၏လုံခြုံရေးကိုကာကွယ်ရန်အတွက် အစောင့်အရေအတွက်ကိုအမှန်တကယ်တိုးမြင့်ထားသော်လည်း မူလီကိုလာရောက်ကယ်တင်သူများက ယခုလိုပုံစံဖြင့်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ထို့ကြောင့် အကျဉ်းထောင်၏ပြင်ပအကာအကွယ်ကို ပိုမိုအာရုံစိုက်ထားခဲ့သည်။
အကျဉ်းသားများသည် ထွက်ပြေးရန်ကြိုးစားနေစဉ် အကျဉ်းထောင်လည်းမီးလောင်နေရာ ပရမ်းပတာဖြစ်ရပ်များကြောင့် အစောင့်များသည် မူလီအားရှာမတွေ့ခဲ့ပေ။
ဂရင်းသည် မူလီအားသူ၏ရင်ခွင်အောက်၌ ဝှက်ထားခဲ့ကာ လေလမ်းလျှောက်ခြင်းကိုအသုံးပြု၍ အစောင့်များမမြင်တွေ့နိုင်စေရန် အလျင်မြန်ဆုံးပြေးထွက်ခဲ့သည်။
ရှောင်ယုနှင့်အခြား၂ယောက်သည် အခက်အခဲမရှိဘဲ ဟ်ိုတယ်ထံသို့ပြန်ရောက်လာခဲ့သည်။
မူလီသည် ဟိုတယ်သို့ရောက်ရှိလာစဉ် အစောင့်များသည် ထောင်အတွင်း၌ အားသွန်ခွန်စိုက်ရှာဖွေနေကြဆဲဖြစ်သည်။
ရှောင်ယုသည် မူလီအား လှည်းပေါ်သို့အမြန်ဆုံးတင်စေရန် ဂရင်းအားအမိန့်ပေးခဲ့သည်။ထို့နောက် မူဟန်ကိုလည်း လှည်းပေါ်သို့တင်ရန် လီအာကိုတောင်းဆိုခဲ့သည်။အစောင့်များသည် သူ၏ရထားပေါ်၌ မည်သူ့ကိုမှ လာရောက်ရှာဖွေဝံ့မည်မဟုတ်ပေ အထူးသဖြင့် ဗိုလ်ချုပ်လီအားချောက်တွန်းခဲ့သော ရှောင်ယုသည် ဗိုလ်ချုပ်လီအားပြန်လည်ကယ်တင်လိမ့်မည်ဟု မည်သူကမှမထင်ထားခဲ့ပေ။
ထို့ကြောင့် ရှောင်ယုသည် ကောင်းမွန်စွာအိပ်စက်ရန်အတွက် အခန်းထဲသို့ပြန်သွားခဲ့ပြီး မနက်စောစောအိပ်ရာမှထကာ ရှုချီကိုတွေ့ဆုံခဲ့သည်။
"ဒါကအမှန်ပဲလား...တစ်ယောက်ယောက်က ထောင်ဖောက်ပြီးမူလီကို ကယ်ခဲ့တယ်လို့ငါသတင်းကြားထားတယ်"
ရှောင်ယုသည် ကြောက်ရွှံနေသောလေသံဖြင့် ပြောလိုက်သည်။
ရှုချီကိုယ်တိုင်လည်း ထိုသတင်းကိုကြားချိန်တွင် အံ့သြသွားရသည်။မူလီ၏ကယ်ဆယ်ရေးသမားများသည် ထိုသို့စွမ်းဆောင်နိုင်ရန် အနိမ့်ဆုံးတတိယအဆင့် သူရဲကောင်းနှင့်လုပ်ကြံသူအဆင့်သို့ ရောက်ရှိရမှာဖြစ်သည်။သို့သော်လည်း မူလီထံတွင်ထိုကဲ့သို့ အကူအညီမျိုးရှိသည်ဟု သူတစ်ခါမှမကြားဖူးပေ။
"ညီလေးသတိထားသင့်တယ်...သူတို့ကကျီရှောင်ကိုတောင် သတ်ရဲတာဆိုတော့ မင်းကိုလည်းအလွတ်မပေးလောက်ဘူး"
"တကယ်လား....ကျီရှောင်ကိုတောင်သတ်ခဲ့တာလား...ငါကနောက်ပစ်မှတ်ဖြစ်သွားနိုင်တာပဲ...ငါခြင်္သေ့မြို့ကိုချက်ချင်းပြန်သွားရမယ်...ရှုချီ မင်းလည်းသတိထားရမယ်...မူလီကမင်းကိုလည်းမုန်းတီးနေတာပဲ"
ရှောင်ယုကထိတ်လန့်နေသော လေသံဖြင့်ပြောလိုက်သည်။
"အစောင့်တွေအများကြီးရှိနေတာတောင်မှ သူတို့ကလီကိုဘယ်လိုကယ်တင်သွားတာလဲဆိုတာ ဘယ်သူမှမမြင်ခဲ့ကြဘူး...ဒါ့ပြင်သူတို့ရဲ့လုပ်ဆောင်ချက်တွေက အရမ်းကိုမြန်လွန်းတယ်...သူတို့ကမူလီကိုဖမ်းမိပြီး နေ့တောင်မကူးဘဲ ညတွင်းချက်ထောင်ဖောက်ကယ်တင်ခဲ့ကြတယ်...အဲလိုလုပ်ဖို့အတွက် သူတို့ကရက်အနည်းငယ်ကြိုတင်ပြင်ဆင်ထားရလိမ့်မယ်"
ရှောင်ယုသည် ရှုချီအားနောက်ကျောပေးလိုက်ချိန်တွင် သစ္စာမဲ့သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်၌ ထွက်ပေါ်လာခဲ့သည်။သူသည် ဇိမ်ခံရထားပေါ်၌ထိုင်လိုက်ကာ ခြင်္သေ့မြို့သို့ပြန်လာခဲ့သည်။ယခုအချိန်တွင် ဟွေ့မြို့၏ဂိတ်တံခါး၌ အစစ်အဆေးတင်းကျပ်ထားကာ မည်သူမှထွက်ခွာခွင့်မပြုထားပေ။သို့သော် ရှောင်ယုသည် ရှုချီထံမှခွင့်ပြုချက်ရထားရာ ချောချောမွေ့မွေ့ထွက်ခွာနိုင်ခဲ့သည်။
မူလီအားချောက်တွန်းသောသူသည် မူလီကိုပြန်လည်ကယ်တင်လိမ့်မည်ဟု မည်သူကမှမထင်ထားခဲ့ပေ။
အခန်း ၁၁၀ - မူလီအားသိမ်းသွင်းခြင်း
မူလီ၏မျက်နှာကို အစမှအဆုံးတိုင်အောင် အဝတ်မည်းဖြင့်အုပ်မိုးထား၍ မူးဝေနေခဲ့သည်။မူလီသည် သူ့အားကယ်တင်ခဲ့သော မျက်နှာဖုံးစွပ်၃ယောက်၏ မျက်နှာကိုမတွေ့ခဲ့ရပေ။သို့သော် သူ့သမီးဖြစ်သူ၏ ညည်းတွားသံအချို့ကို ခဏခဏကြားနေရသည်။သူ၏သမီးဖြစ်သူကိုလည်း ကြိုးတုပ်ထားကာ ပါးစပ်က်ိုအဝတ်စဖြင့်ပိတ်ဆို့ထားပုံရသည်။မူလီသည် သူ့အားကယ်တင်လာသူများ၏ ရည်ရွယ်ချက်ကိုနားမလည်၍ ပိုမိုစိတ်ရှုပ်ထွေးသွားခဲ့သည်။
ထိုအခြေအနေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည့်အတွက် မူလီသည် တစ်ညလုံးအိပ်မပျော်ခဲ့ပေ။မူလီ နားလည်သဘောပေါက်သည့်အချက်မှာ သူ့အားကယ်တင်လာသည့်လူများအနက် တစ်ယောက်သည် အလွန်အားကောင်းကာ ထွားကြိုင်းသန်မာသောယောကျ်ားတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ရထားလုံး၏နောက်တွင်ရှိသောအမျိုးသမီးဖြစ်သည်။
သူတို့ကဘယ်သူတွေလဲ...သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ...သူတို့ကဘာလို့ငါ့ကိုထောင်ထဲက ကယ်ထုတ်လာရတာလဲ...
မနက်မိုးလင်းလာချိန်တွင် သူ၏နှလုံးသားတစ်ခုလုံးသည် ဖရိုဖရဲအသံများဖြင့် ပဲ့တင်ထပ်လာခဲ့သည်။သူသည် ရထားလုံး၏ရွေ့လျားမှုကို ခံစားနိုင်သဖြင့် ရထားရပ်တန့်သွားသည်ကို နားလည်လိုက်သည်။ခဏအကြာတွင် တံခါးပွင့်သံထွက်ပေါ်လာကာ ရထားကိုစောင့်ရှောက်သောစစ်သားများက မြို့စားဟု ရိုရိုသေသေနှုတ်ဆက်သံကိုကြားလိုက်ရသည်။
မူလီသည် ဟွေ့မြို့တော်မှထွက်ခွာပြီးနောက် ပိုမိုစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။သူနှင့်သူ့သမီးဖြစ်သူတို့၏ကံကြမ္မာသည် မည်သို့ဖြစ်လာမည်မှန်းမသိသေးပေ။သူတစ်ယောက်တည်းဆိုလျှင် ပြဿနာမရှိနိုင်သော်လည်း သူ၏သမီးငယ်သည် သူ့နံဘေး၌ရှိနေပေသည်။
"ဒါက ကျီရှောင်ရဲ့လက်ချက်လား...ဒါကိုသူဘယ်လိုလုပ်နိုင်မှာလဲ...ကျီရှောင်နဲ့ရထားပိုင်ရှင်ကြား ဘယ်လိုဆက်ဆံရေးမျိုးရှိနိုင်မလဲ"
မူလီသည် အဆက်မပြတ်တွက်ချက်မှန်းဆနေခဲ့သည်။သို့သော်လည်း တိကျသောခန့်မှန်းမှုကိုမရနိုင်သောကြောင့် သူ၏စိတ်သည်ပိုမို၍ရှုပ်ထွေးလာခဲ့သည်။
ထက်မြက်ပါသည်ဟူသော စစ်ဗိုလ်ချုပ်ဖြစ်သူ မူလီသည်ပင်လျှင် ရှောင်ယုကသူ့အား ထောင်ထဲမှကယ်ထုတ်ရန် ပြင်ဆင်ထားလိမ့်မည်ဟု မခန့်မှန်းနိုင်ခဲ့ပေ။ရထားသည် တစ်နာရီကျော်ကြာ ခရီးဆက်ပြီးနောက်တွင် ရပ်တန့်သွားခဲ့သည်။
ထို့နောက် ရထားတံခါးပွင့်လာပြီး မူလီ၏မျက်နှာကိုဖုံးအုပ်ထားသော အဝတ်မဲကိုချွတ်ပစ်လိုက်သည်။ထိုအခါ မူလီသည် သူ့ကိုမနေ့ကလှောင်ပြောင်နေခဲ့သော ရှောင်ယုကိုတွေ့လိုက်ရသည်။
"မြို့စားရှောင်...သူကရှောင်ကျန်းထျန်ရဲ့သားမဟုတ်ဘူးလား..."
မူလီသည် ရှောင်ယု၏လက္ခဏာကို ချက်ချင်းသိလိုက်ရသည်။ဟွေ့မြို့တော်နှင့်အနီးတဝိုက်တွင် ရှောင်မျိုးရိုးအမည်ဖြင့် မြို့စားတစ်ယောက်သာရှိပေသည်။
မူလီသည် ရှောင်ယု၏ရည်ရွယ်ချက်ကို နားမလည်နိုင်သေးသောကြောင့် သူ၏သမီးဖြစ်သူကို စိုးရိမ်တကြီးကြည့်လိုက်မိသည်။ထို့နောက် ရှောင်ယုသည် လက်ကိုဝှေ့ယမ်းကာ ဂရင်းကိုအမိန့်ပေးလိုက်ပြီး မူလီနှင့်မူဟန်အားချည်နှောင်ထားသည့် ကြိုးများကိုဖြတ်တောက်စေလိုက်သည်။
မူလီသည် သူ၏ပါးစပ်ကိုပိတ်ဆို့ထားသော အဝတ်စကိုဆွဲထုတ်လိုက်ပြီး ရှောင်ယုအားစိုက်ကြည့်လိုက်သည်။
"မြို့စားရှောင် မင်းဘာလုပ်ဖို့ကြံစည်နေတာလဲ..."
ရှောင်ယု၏အမြင်တွင် သူ၏စဉ်းနှီတုံးပေါ်တွင် တင်ထားသောငါးတစ်ကောင်လိုဖြစ်နေကြောင်း မူလီသိရှိထားသည့်အတွက်ကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။ယခုအချိန်တွင် သူနှင့်မူလီတို့၏အနာဂတ်လမ်းကြောင်းသည် ရှောင်ယု၏လက်ထဲ၌ရှိနေခဲ့သည်။
ရှောင်ယုသည် မူလီ၏စိုးရိမ်ပူပန်မှုကို သတိထားမိ၍ပြုံးလိုက်မိသည်။
"ဗိုဘ်ချုပ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျနေခဲ့တာ အတော်ကြာနေပြီ...ဒီတစ်ခါဟွေ့မြို့တော်ကိုရောက်လာတဲ့ အဓိကရည်ရွယ်ချက်က ဗိုလ်ချုပ်ကိုခြင်္သေ့မြို့ဆီဖိတ်ခေါ်ဖို့ဘဲ...မထင်မှတ်ဘဲ ရှုပ်ထွေးမှုတွေအများကြီးကို ဖြတ်သန်းခဲ့ရတယ်"
မူလီ၏စိတ်ထဲတွင် သံသယစိတ်များရှိနေသော်လည်း အရာအားလုံးသည်ရှောင်ယု၏လက်ချက်ဖြစ်သည်ဟု မထင်ထားခဲ့ပေ။ဤကိစ္စ၏နောက်ကွယ်တွင် ရှုမိသားစုကအဓိကလက်မဲကြီးအဖြစ်ရှိနေခဲ့ပြီး ရှောင်ယုကိုယ်တိုင်က ကူညီထောက်ပံ့သူအဖြစ်သာ ရှိနေခဲ့သည်ဟုယူဆခဲ့သည်။သို့သော် ရထားပေါ်မှဖြည်းညင်းစွာဆင်းလာပြီးနောက် သူမြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် အံ့သြသွားခဲ့ရသည်။
သူတို့နှင့်မနီးမဝေးတွင် ရထားလုံးများစွာရှိနေပြီး သူ၏မိသားစုမှလူကြီးလူငယ်များစွာ ရှိနေကြပေသည်။
"ဒါ...ဒါက"
မူလီသည် စိတ်မထိန်းနိုင်ဘဲ ညည်းညူမိလိုက်သည်။
ထိုအချိန်တွင် မူဟန်သည် သူ၏အမေကိုရှာဖွေရန် အမြန်ထွက်ခွာသွားပြီဖြစ်သည်။
"ဒါ...ဒါက"
မူလီသည် ပြောစရာစကားပျောက်ဆုံးနေပြီး အဖြေတောင်းဟန်ဖြင့်ရှောင်ယုအား လှည့်ကြည့်မိလိုက်သည်။
ရှောင်ယုသည် အပြုံးတစ်ခုကိုတပ်ဆင်ကာ ထပ်မံဖိတ်ကြားလိုက်သည်။
"ငါ့ရဲ့ဖိတ်ကြားချက်က တော်တော်လေးရိုးသားပါတယ်....ထုံးစံအတိုင်း မင်းရဲ့မိသားစုကို ငါလျစ်လျူရှုဖို့မဖြစ်နိုင်ဘူး"
မူလီသည် သူ၏မိသားစုကို တလျှောက်လုံးစိတ်ပူနေခဲ့ရာမှ ယခုအဖြစ်အပျက်က သူ့အားအိပ်မက်မက်နေသလို ဖြစ်ပေါ်စေခဲ့သည်။
"ဗိုလ်ချုပ်...ခြင်္သေ့မြို့ကိုသွားရအောင်...လမ်းမှာအသေးစိတ်အချက်အလက်တွေကို ဆွေးနွေးသွားကြမယ်..."
ရှောင်ယုက ပြောလိုက်သည်။
မူလီကခေါင်းညိတ်ကာ သဘောတူလိုက်သည်။သူ၏မိသားစုသည် ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်ဘဲ ရှိနေသည်ကိုမြင်လိုက်ရသည့်အတွက်ကြောင့် သူသည်ရှောင်ယုအပေါ်အမှန်တကယ်ကျေးဇူးတင်နေမိသည်။အကယ်၍ ကျီရှောင်သို့မဟုတ် အခြားလူဆိုးများလက်ထဲကျရောက်သွားပါက သူ၏မိသားစုဝင်များ မည်သို့အဆုံးသတ်သွားမည်ကို သူသိထားပေသည်။
အဆိုပါ ရထားတွဲများသည် ဟွေ့မြို့တော်မှထွက်ခွာလာစဉ်ကပင် ရှောင်ယုသည် ရှုချီထည့်ပေးလိုက်သောလူများကို အစားထိုးလိုက်ပြီဖြစ်သည်။ထို့ကြောင့် လက်ရှိအချိန်တွင် သူတို့၏ဦးတည်ရာအား မည်သူကမှ မသိရှိခဲ့ကြပေ။
ထို့ပြင် ရှောင်ယုသည် မူလီ၏တည်ရှိမှုအား အကြာကြီးဖုံးကွယ်ရန် မကြံစည်ထားခဲ့ပေ။သူသည် ဝေပြည်ထောင်အား မသိမ်းပိုက်မှီ သူ၏ခွန်အားများတိုးတက်လာစေရန် စောင့်ဆိုင်းနေခဲ့သည်။
ရှောင်ယုသည် သူ၏နယ်မြေနှင့်နီးစပ်သော နယ်မြေအားလုံးကို သိမ်းပိုက်တော့မည်ဖြစ်၍ ထိုနယ်မြေသခင်များနှင့်ရန်သူဖြစ်ရန် အချိန်တစ်ခုသာလိုအပ်မည်ဖြစ်သည်။
ရှောင်ယုသည် ရထားတွဲပေါ်၌ မူလီအားအရာအားလုံးကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့သည်။အချိန်အတော်ကြာဆွေးနွေးပြီးနောက် မူလီသည်ဒေါသမထွက်ဘဲ သက်ပြင်းတစ်ချက်ကိုညင်သာစွာချလိုက်မိသည်။
"မြို့စားရှောင်ပြောတာအမှန်ပဲ...ဝေဟောင်ရဲ့စရိုက်အရဆိုရင် ငါကဒီအကြံအစည်မှာ မပါဘူးဆိုရင်တောင် ငါ့ကိုရာထူးကဖယ်ရှားဖို့ နည်းလမ်းရှာလိမ့်မယ်...ပုံမှန်ဆိုရင် ခြင်္သေ့နယ်မြေရဲ့အရွယ်အစားကြောင့် ငါဒီလမ်းကိုရွေးချယ်မှာမဟုတ်ပေမဲ့ ခုတော့မြို့စားရှောင်က ငါ့မိသားစုရဲ့ကယ်တင်ရှင်ဖြစ်လာတာဆိုတော့ ငါကမြို့စားရှောင်အပေါ်သစ္စာရှိပါမယ်"
မူလီသည် ငတုံးမဟုတ်ပေ။လက်ရှိအချိန်တွင် ရှောင်ယုအားရန်ငြိုးထားခြင်းက သူ့အတွက်အကျိုးမရှိကြောင်း သူနားလည်ထားသည်။ထို့ပြင် ရှောင်ယုသည်သူ့အားခြင်္သေ့နယ်မြေသို့ ဝင်ရောက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိစေရန် ဖြတ်တောက်ထားခဲ့သည်။သူသည် အခြားတစ်နေရာသို့သွားရောက်ရန် ရွေးချယ်နိုင်သော်လည်း အစောင့်အကြပ်မပါရှိသောသူ့အား လုပ်ကြံရန်အတွက် ဝေဟောင်သည်လုံးဝတွန့်ဆုတ်နေမည်မဟုတ်ပေ။
ထို့ပြင် အခြားနယ်မြေများနှင့်နယ်မြေသခင်များက သူ့အားလာရောက်ပူးပေါင်းခွင့်ပြုမည်မဟုတ်ပေ။သူသည် ဝေပြည်နယ်၏ကျော်ကြားသောဗိုလ်ချုပ်တစ်ယောက်ဖြစ်ရာ အခြားနယ်မြေသခင်များသည် ဝေပြည်နယ်နှင့်ရန်ဘက်အဖြစ်ခံကာ သူ့အားလက်ခံရလောက်အောင် သူ၏တန်ဖိုးကမကြီးသေးပေ။
ရှောင်ယု၏လုပ်ရပ်က သူ့အားဝေပြည်နယ်လက်ထဲမှ လုယူရန်မည်မျှထိအားစိုက်ကာ ပမာဏတစ်ခုအထိပေးဆပ်ထားကြောင်း သိသာပေသည်။ခြင်္သေ့နယ်မြေသည် သေးငယ်သော်လည်း မြို့စားသည်မြို့စားသာဖြစ်သည်။ရှောင်ယုသည် ခြင်္သေ့မြို့တော်ကိုဖွံ့ဖြိုးတိုးတက်အောင် ထူထောင်နိုင်ခဲ့ပေရာ အနာဂတ်တွင် ခြင်္သေ့နယ်မြေ၏ဖွံ့ဖြိုးတိုးတက်မှုသည် ဝေပြည်နယ်ထက်နိမ့်ကျနေမည်မဟုတ်ပေ။
ထို့ပြင် ရှောင်ယုသည် ကာရီကိုအနိုင်ယူခဲ့ကြောင်း မူလီကသတင်းရရှိထားပေသည်။သူသည် စစ်သူကြီးတစ်ယောက်အနေဖြင့် လူပေါင်း၂၀၀၀ခန့်ကရန်သူ ၂၀၀၀၀ခန့်အားအနိုင်ယူရန် မဖြစ်နိုင်သောအနေအထားအထိ ခက်ခဲကြောင်း အခြားမည်သူထက်မဆိုနားလည်ပေသည်။လူတိုင်းက ထိုတိုက်ပွဲသည်ကောလဟာလတစ်ခုသာဖြစ်နိုင်ကြောင်း ပြောဆိုနေကြသော်လည်း ထိုကောလဟာလများကပင် ခြင်္သေ့မြို့၏စွမ်းအားနှင့်ပုံရိပ်ကို မြင့်တက်လာစေခဲ့သည်။
ဝေဟောင်နှင့်နှိုင်းယှည်လိုက်ပါက ရှောင်ယုသည် မူလီ၏အမြင်တွင် စိတ်သဘောထားနိမ့်ကျသူမဟုတ်ပေ။ရှောင်ယုသည် မူလီအားသူ၏အုပ်ချုပ်မှုအောက်သို့ ဆွဲဆောင်ရန်အတွက် ဤသို့နည်းလမ်းမျိုးအားအသုံးပြုခဲ့ပေရာ ရှောင်ယုသည်အရည်အချင်းမရှိသူတစ်ယောက် လုံးဝမဖြစ်နိုင်ပေ။
မူလီသည် အတန်ကြာအောင်စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
လီအာ၊တိုင်ရန်ဒီနှင့်နဂါးလေးတို့သည် မူလီ၏ဇနီးနှင့် မူဟန်တို့နှင့်အတူ အခြားရထားတွဲတစ်ခု၌ လိုက်ပါလာခဲ့သည်။မူဟန်သည် နဂါးလေးကိုမြင်မြင်ချင်း ချစ်မိသွားခဲ့သည်။သူမလိုလူတစ်ယောက်သည် နဂါးလေး၏တန်ဖိုးအား ဤနေရာရှိလူတိုင်းထက် ပိုမိုသိရှိထားပေသည်။
တိုင်ရန်ဒီသည် သူမ၏မျက်နှာကိုမဖုံးကွယ်ထားပေ။ထို့ကြောင့် မူဟန်နှင့်သူမ၏မိခင်တို့သည် သူမ၏အလှကိုတွေ့မြင်လိုက်ချိန်တွင် အံ့သြသွားခဲ့ရသည်။
မြို့စားရှောင်က ဘယ်လိုလူလဲ...သူ့ဆီမှာဘာလို့ အောစ့်နဲ့နတ်သူငယ်အစောင့်တွေရှိနေရတာလဲ...
မျိုးသုဉ်းလုနီးပါးဖြစ်နေသော အောစ့်များနှင့်နတ်သူငယ်များသည် ခြင်္သေ့မြို့နှင့်ပတ်သက်နေသည်ဟူသော ကောလဟာလများကို သူတို့နားနှင့်မဆန့်ကြားနေခဲ့ရသည်။သို့သော်ထိုအချိန်က ထိုကောလဟာလများကို မည်သူကမှမယုံကြည်ခဲ့ကြပေ။
ရှောင်ယုသည် မူလီ၏ဇနီးအား အဖိုးတန်လက်ဝတ်ရတနာများစွာ ပေးအပ်ထားခဲ့ပြီး မူဟန်ကိုမူမှော်လည်ဆွဲတစ်ခုပေးအပ်ခဲ့သည်။ထိုမှော်လည်ဆွဲသည် အန်တိုနီဒက်စ်အသုံးပြုသော မှော်လည်ဆွဲလောက်မကောင်းမွန်သော်လည်း မှော်ဆန်သောပစ္စည်းတစ်ခုဖြစ်နေဆဲဖြစ်သည်။
ရှောင်ယုသည် သူ၏နယ်မြေကိုဖွံ့ဖြိုးတိုးတက်ရန်အတွက် အစီအစဉ်ဆွဲနေပြီး မှော်ဆရာများကိုလိုအပ်ကြောင်း သိရှိထားသည်။ထို့ကြောင့် သူသည်မူဟန်၏အကြောင်းကို သိရှိထားချိန်ကပင် သူမအားပြုစုပျိုးထောင်ပေးရန် စီစဉ်ထားခဲ့သည်။သူ၏နယ်မြေ၌ အန်တိုနီဒက်စ်တစ်ယောက်တည်းရှိနေခြင်းက မလုံလောက်ပေ။
ခြောက်နာရီကြာ ခရီးနှင်ပြီးနောက်တွင် သူတို့သည်ခြင်္သေ့နယ်မြေသို့ရောက်ရှိလာခဲ့သည်။
ယာဉ်တန်းသည် ခြင်္သေ့မြို့နှင့်မိုင်၂၀ခန့်အကွာသို့ရောက်ရှိလာချိန်တွင် ရပ်တန်သွားခဲ့ကာ ရှောင်ယု၊မူလီနှင့်မူအိမ်တော်မှ လူများသည် ရထားပေါ်မှဆင်းလာခဲ့သည်။ရထားပေါ်မှဆင်းသည်နှင့် မူလီသည်သူတို့အားစောင့်နေသည့် စစ်သား၁၀၀၀၀ကျော်ကို တွေ့မြင်လိုက်ရ၍ အံ့သြသင့်သွားခဲ့သည်။သူအားပို၍ အံ့သြစေသောအရာမှာ လူသားစစ်သည်များအကြားတွင် အောစ့်များနှင့်နတ်သူငယ်များ၊လူပုစစ်သားများကို တွေ့မြင်လိုက်ရ၍ဖြစ်သည်။
ယခုအချိန်တွင် ရှောင်ယုထံ၌အောစ့်များနတ်သူငယ်များ ပါဝင်ဖွဲ့စည်းထားသည့် တပ်ဖွဲ့တစ်ခုရှိနေကြောင်း ကောလဟာလများသည် မှန်ကန်ကြောင်း နားလည်လိုက်သည်။
ထိုအခိုက်အတန့်တွင် မူလီသည်မတွေးတောဘဲ မနေနိုင်တော့ပေ။
"သူက ရန်သူ၂၀၀၀၀ကိုအနိုင်ယူခဲ့တယ်ဆိုတာ တကယ်မှန်နေတာပဲ...ခုလိုအင်အားနဲ့ဆိုရင်ဘာမဆိုဖြစ်နိုင်တာပဲ"
ရှေ့ဆုံးတန်း၌ရပ်နေသော စစ်သည်တစ်စုသည် ကြီးမားသောနဖူးစည်းစာတန်းကြီးတစ်ခုကို ခိုင်မာစွာလွှင့်ထူထားခဲ့သည်။
"ဗိုလ်ချုပ်မှူးကြီးမူလီကို ခြင်္သေ့မြို့ကနေ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်"
ထိုအခိုက်အတန့်တွင် မူလီသည် ရှောင်ယုဘက်သို့လှည့်ကာ ဒူးထောက်၍အရိုအသေပေးလိုက်သည်။
"ဒီဗိုလ်ချုပ်က သခင့်အပေါ်ကိုထာဝရသစ္စာရှိမှာပါ"
မူလီ၏သစ္စာခံမှုကိုရရှိချိန်တွင် ရှောင်ယု၏မျက်နှာပေါ်၌ ကျေနပ်နေသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
အခန်း ၁၁၁ - သူကမလာရင် ငါကသွားရှာရမှာပေါ့...
မူလီသည် ဤနေရာတွင် ရက်အနည်းငယ်ကြာအောင်နေထိုင်ပြီးနောက်တွင် ခြင်္သေ့မြို့၏အခြေအနေကို ပိုမိုနားလည်လာခဲ့သည်။ခြင်္သေ့နယ်မြေသည် တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာသောကြောင့် သူ၏ပါးစပ်သည် ပွင့်ဟလုမတတ် ဆွံ့အနေခဲ့သည်။
မူလီသည် ရှောင်ယု၏အောင်ပွဲများနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှောင်ယုအကောင်အထည်ဖော်ခဲ့သော မူဝါဒအမျိုးမျိုးကို လေ့လာခဲ့သည်။ထိုသို့လေ့လာနိုင်သည်နှင့်အမျှ ခြင်္သေ့နယ်မြေ၏အနာဂတ်သည် အကန့်အသတ်မရှိနိုင်ဟု မူလီခံစားနေရသည်။
သေချာနှိုင်းယှဉ်ကြည့်ပါက ဝေပြည်နယ်သခင်ဖြစ်သူ ဝေဟောင်သည် သောက်စားမူးယစ်ခြင်းမှလွဲ၍ နယ်မြေအရေးအား စိတ်မဝင်စားခဲ့ပေ။
တစ်ဖက်တွင် ရှောင်ယုသည် လယ်သမားများနှင့်စစ်သားများကို တတ်နိုင်သမျှအားပေးခဲ့သည်။ဤနည်းအတိုင်းဆိုပါက ခြင်္သေ့နယ်မြေ၏ကြီးပွားတိုးတက်မည့်အရေးသည် အနှေးနှင့်အမြန်ရောက်ရှိလာလိမ့်မည်ဟု မူလီ သတိပြုမိလာခဲ့သည်။
ထိုသို့နယ်မြေချဲ့ထွင်ရာတွင် ခိုင်မာသောအခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားခြင်းမရှိပါက နောက်ပိုင်းတွင်တဖြည်းဖြည်းဆုတ်ယုတ်လာမည်ဖြစ်ကြောင်း နားလည်ထားပေသည်။
အရာအားလုံးက်ို နားလည်ပြီးနောက် မူလီသည်ရှောင်ယုအား ယခင်ကထက်ပိုမိုသစ္စာရှိရန် စိတ်ပိုင်းဖြတ်လိုက်သည်။ထက်မြက်သောဗိုလ်ချုပ်တစ်ယောက်အနေဖြင့် ရှောင်ယုအကောင်အထည်ဖော်နေသော မူဝါဒများသည်အလွန်အစွမ်းထက်ကြောင်း သိရှိထားပေသည်။ထိုမူဝါဒများသည် လူသန်းပေါင်းများစွာကို ခြင်္သေ့နယ်မြေသို့ဆွဲဆောင်ရန်လုံလောက်စေပြီး စစ်တပ်၏အရေအတွက်ကိုလည်း တိုးလာစေမှာဖြစ်သည်။
မူလီသည် ဝေဟောင်၊ရှုချီနှင့် ရှုမိသားစုတစ်ခုလုံးအား လက်တုံ့ပြန်နိုင်မယ့်နေ့ရက် စောင့်မျှော်နေပြီဖြစ်သည်။
မူလီပြုလုပ်ထားသော ပထမဆုံးအရာမှာ သူ၏သားဖြစ်သူ မူလင်းထံသို့စာတစ်စောင်ရေးသားခြင်းဖြစ်သည်။ထိုစာထဲတွင် မူလင်းအား သူရဲကောင်းကျောင်းတော်မှနေ၍ ဝေပြည်နယ်ဆီမပြန်ဘဲ ခြင်္သေ့နယ်မြေဆီသို့ပြန်လာရန် အမိန့်ပေးခဲ့သည်။ထို့နောက် ခြင်္သေ့မြို့၌သူ၏ကိုယ်ပိုင်အိမ်တော်ကို တည်ဆောက်ခဲ့သည်။ထို့ပြင် သူ၏သမီးဖြစ်သူမူဟန်အား မှော်အကယ်ဒမီသို့စေလွှတ်ရန် စီစဉ်ခဲ့သည်။
ပုံမှန်အားဖြင့်ဆိုပါက မှော်ပညာက်ိုလေ့လာသင်ယူရန်အတွက် အထူးအဖွဲ့အစည်းများ ရှိမနေပေ။မြို့စားကြီးအနည်းငယ်သည်သာ ကောင်းကင်ခြင်္သေ့မင်းဆက်၏ သီးခြားနေရာများ၌ ထိုသို့သောသင်တန်းကျောင်းများကို ဖွင့်လှစ်ထားလေ့ရှိသည်။မှော်ကျောင်းတော်နှင့်ယှဉ်လျင် သူရဲကောင်းကျောင်းတော်များကို တည်ထောင်ရန်လိုအပ်ချက်သည် များစွာနိမ့်ပါးပေသည်။သို့ဖြစ်ရာ ကြီးမားသောနယ်မြေများတွင် သူရဲကောင်းကျောင်းတော်များကို တွေ့ရတတ်သည်။
ခြင်္သေ့မြို့နှင့်အနီးဆုံးသော မှော်ကျောင်းတော်သည် လန်ကာစတာပြည်နယ်၏ မြို့တော်ဖြစ်သောရှိုင်းယားတွင်တည်ရှိပေသည်။မူဟန်သည် ထိုမှော်ကျောင်းတော်၌ ပညာသင်ယူရမည်ဖြစ်သည်။
ရှောင်ယုသည် မူမိသားစုအား အိမ်တော်ကြီးတစ်ခုတည်ဆောက်ရန် အထူးခွင့်ပြုချက်ပေးခဲ့သည်။မူမိသားစုဝင်များသည် အနည်းငယ်များပြားလေရာ သူတို့အားလုံးနေထိုင်ရန် အိမ်တော်အားလိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ခဲ့ရသည်။သို့သော် ထိုအချိန်၌ ခြင်္သေ့မြို့နှင့်ဟွေ့မြို့အကြား ခြားနားမှုကိုတွေ့မြင်ခဲ့ရသည်။ရှောင်ယု၏ကိုယ်ပ်ိုင်အိမ်တော်သည်ပင် အလွန်ရိုးရှင်းလှပြီး သူ၏အိမ်သည်ဝေဟောင်၏အိမ်မဆိုနှင့် အခြားအဆင့်မြင့်သူဌေးသူကြွယ်များ၏ အိမ်ဖြင့်ပင်နှိုင်းယှဉ်၍မရပေ။
သို့သော်လည်း သူတို့သည်ခက်ခဲသောကာလကို ကြုံတွေ့နေရသောကြောင့် ရှောင်ယုသည် ကြီးမားသောဆောက်လုပ်ရေးလုပ်ငန်းများအား ခေတ္တရွေ့ဆိုင်းထားခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ မူလီသည် ထိုကိစ္စအတွက် ရှောင်ယုအားအလွန်ကျေးဇူးတင်နေခဲ့သည်။ရှောင်ယုသည် ဤအိမ်ကြီးအားဆောက်လုပ်ရန် သူ့အားအထူးခွင့်ပြုချက်ပေးခဲ့ပေရာ ရှောင်ယုသည်သူ့အတွက် စဉ်းစားပေးခဲ့ကြောင်း မူလီနားလည်ပေသည်။
ကပ္ပတိန်ဟွေ့သည် မူလီရောက်ရှိလာရသည့်အတွက်ကြောင့် အလွန်ပျော်ရွှင်ခဲ့ရသည်။အဆုံးသတ်တွင် သူတို့အားကူညီရန် တစ်စုံတစ်ယောက်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထို့ပြင် မူလီရောက်ရှိလာမှုကြောင့် ကပ္ပတိန်ဟွေ့၏ရာထူးကို ခြိမ်းခြောက်မှုမဖြစ်ပေါ်စေနိုင်ပေ။ပထမဆုံးအချက်မှာ ကပ္ပတိန်ဟွေ့သည် တပ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး ရှောင်မိသားစုအပေါ် နှစ်ပေါင်းများစွာကြာအောင်သစ္စာစောင့်သိခဲ့သည်။မူလီသည် ကပ္ပတိန်ဟွေ့၏နေရာတွင်အစားထိုးရန် လုံးဝမဖြစ်နိုင်ပေ။ဤနေရာတွင် သူသည် ကပ္ပတိန်ဟွေ့နှင့်မယှဉ်နိုင်ကြောင်း မူလီသတိပြုမိပေသည်။
...
မူဟန်သည် နေ့တိုင်းလိုလိုပင် နဂါးလေးနှင့်ဆော့ကစားရန် ရောက်ရှိလာလေ့ရှိသည်။ထိုသို့မဟုတ်လျှင် လီအာသို့မဟုတ် တိုင်ရန်ဒီနှင့်ရှိနေလေ့ရှိသည်။ထို့ပြင် သူမသည်အောစ့်များကို အလွန်စိတ်ဝင်စားသောကြောင့် သူမသည် ဂရင်း၏ပတ်ပတ်လည်တွင် သွားလာနေခဲ့ပြီး ဂရင်းအားအမြဲလိုလိုလေ့လာဆန်းစစ်နေခဲ့သည်။ဂရင်းသည် မျက်မှောင်ကြုတ်ထားပြီး သူမကိုစကားပြန်မပြောခဲ့ပေ။
ရက်အနည်းငယ်ကြာပြီးနောက်တွင် မူဟန်သည် မှော်အကယ်ဒမီသို့ပြန်သွားခဲ့သည်။ရှောင်ယုသည် လီအာနှင့်မြင်းတပ်အစောင့်၅၀တို့အား မူဟန်ကိုကာကွယ်ပြီး အကယ်ဒမီသို့စေလွှတ်ပေးခဲ့သည်။ထို့ပြင် အကယ်ဒမီ၌သုံးစွဲရန်အတွက် မူဟန်အားငွေကြေးများစွာပေးအပ်ခဲ့သည်။သူမသာငွေကြေးလုံလုံလောက်လောက်မရှိပါက အကယ်ဒမီ၌ခက်ခဲမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ထားပေသည်။
ထို့ကြောင့် မူဟန်သည် ရှောင်ယုအားအလွန်အထင်ကြီးခဲ့သည်။သူသည် သူမအားကယ်တင်ခဲ့ပြီး ဖခင်ဖြစ်သူထက်သာလွန်သော အရာများစွာကိုပေးအပ်ခဲ့သည်။
ရှောင်ယုသည် သူ၏နယ်မြေအတွက် သင့်လျော်သောမှော်ဆရာများစွာကို ပြုစုပျိုးထောင်ရန် စီစဉ်နေခြင်းဖြစ်သည်။သူသည် ထိုအတွက်ငွေကြေးအမြောက်အများသုံးစွဲရမည်ဖြစ်ကြောင်း နားလည်ပေသည်။ဝေဟောင်နှင့်အခြားသူများသည် မှော်ဆရာများကိုဆွဲဆောင်ရန် ငွေအမြောက်အများသုံးစွဲခဲ့သော်လည်း ရှောင်ယုထံတွင်မတူညီသောအမြင်ရှိကာ ငယ်ရွယ်စဉ်ကတည်းကပင် မှော်ဆရာများကိုပြုစုပျိုးထောင်ရန် စိတ်ကူးရှိခဲ့သည်။
ရှောင်ယုသည် သူ၏ကမ္ဘာဟောင်းမှ လူငယ်ဘောလုံးအကယ်ဒမီများကို သတိရမိသွားခဲ့သည်။သူသာ ရော်နယ်ဒိုအဆင့်ရှိသော တစ်စုံတစ်ယောက်ကိုပြုစုပျိုးထောင်နိုင်ခဲ့ပါက အလွန်ကြီးကျယ်ခမ်းနားသွားမှာဖြစ်သည်။
ထို့ပြင် ရှောင်ယုသည် ခရီးထွက်ခွာခါနီးတွင် မူဟန်အားနှုတ်ဆက်ရန် ကိုယ်တိုင်လာရောက်ခဲ့သည်။အကယ်၍တစ်စုံတစ်ယောက်ကသာ သူမကိုအနိုင်ကျင့်ခဲ့ပါက ချက်ချင်းစာရေးအကြောင်းကြားရန် မှာကြားခဲ့သည်။ထိုသို့ဖြစ်ခဲ့ပါက ရှောင်ယုသည်သူမကိုကူညီရန် လူများကိုစေလွှတ်ရမည်ဖြစ်သည်။ထိုနောက် မူဟန်သည်ရှောင်ယု၏ပါးကို ရုတ်တရက်နမ်းရှိုက်လိုက်သည်။
ရှောင်ယုသည် အံ့အားသင့်သွားပြီး အကြာကြီးရပ်နေခဲ့သည်။ထိုအနမ်းသည် အပျိုစင်လေးတစ်ဦး၏ ပထမဆုံးအနမ်းဖြစ်သည်။သူသည် ယခင်ဘဝက တက္ကသိုလ်ကျောင်းသားတစ်ဦးသာဖြစ်ကာ ဂိမ်းကစားခြင်းနှင့်သာပျော်မွေ့နေသူဖြစ်သည်။သူ၏အချိန်အများစုအား ဂိမ်းကစားခြင်းနှင့်အခြားအရာများတွင် ဖြုန်းတီးခဲ့ရာ သူ့ထံ၌ချစ်သူကောင်မလေးမရှိခဲ့ပေ။
"ဒါက ရင်းနှီးမြုပ်နှံမှုတစ်ခုပါဘဲ"
ရှောင်ယုသည် မူဟန်အားစတင်ချည်းကပ်စဉ်တွင် ကောက်ကျစ်ယုတ်မာသော အကြံအစည်များမရှိကြောင်း နတ်ဘုရားများထံတွင်သက်သေခံနိုင်ပေသည်။အဆုံးသတ်တွင် သူမသည်အလွန်ငယ်ရွယ်သေးပြီး အဆော့မက်သည့်ကလေးတစ်ဦးသာဖြစ်သည်။ဤနေရာတွင် ရှောင်ယုသည် မူဟန်ကိုညီမလေးတစ်ယောက်လိုသဘောထားသော်လည်း သူသည်ထိုလိုလီမလေး၏အနမ်းကို ရရှိလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။
ဘယ်သူကလိုလီတစ်ယောက်ရဲ့ အနမ်းကိုမလိုချင်ဘဲနေမလဲ....သို့သော် ရှောင်ယု၏ကိုယ့်ကျင့်တရားက သူ့အားစိတ်တိုင်းကျ ပြုမူခွင့်မပေးခဲ့ပေ...
ရှောင်ယုသည် မူဟန်အားလိုက်ပို့ပြီးနောက် သူ၏ပုံမှန်အလုပ်ခွင်သို့ ပြန်သွားခဲ့သည်။ခြင်္သေ့နယ်မြေသည် တိုးတက်နေသော်လည်း နယ်မြေအားအုပ်ချုပ်ရာတွင် အသုံးပြုရန်အရည်အချင်းရှိသူများနှင့်ငွေကြေးပိုင်းဆိုင်ရာ ပြဿနာများရှိနေပေသေးသည်။
ရှောင်ယုသည် ဝေပြည်နယ်၌ အရည်အချင်းရှိသော အုပ်ချုပ်သူများရှိမရှိ...မူလီအားမေးမြန်းခဲ့သည်။
မူလီသည် ခဏလောက်စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
"လူကနည်းနည်းပဲရှိတော့ ခြင်္သေ့နယ်မြေကို အထောက်အပံ့ပေးမှာမဟုတ်ဘူး"
ရှောင်ယုသည် သစ္စာမဲ့သောမြေခွေးတစ်ကောင်လိုပြုံးလိုက်မိသည်။
"ဝေပြည်နယ်ရဲ့ အဆင့်မြင့်ရာထူးဂုဏ်ခံပုဂ္ဂိုလ်တွေကလွဲပြီး အခြားသူတွေကိုဆွဲဆောင်ဖို့ နည်းလမ်းရှာရမယ်"
ရှောင်ယုသည် အရည်အချင်းရှိသူများအား ဆွဲဆောင်ခေါ်ယူခြင်းကို စွဲလမ်းနေပြီဖြစ်သည်။အဓိကပြသနာမှာ နယ်မြေကိုစီမံခန့်ခွဲရန်အတွက် ဝန်ထမ်းများမရှိခြင်းဖြစ်သည်။ရှောင်ကျန်းထျန်သည် အနောက်မြေရိုင်းဒေသသို့ရောက်ရှိချိန်တွင် လူပေါင်းများစွာကိုခေါ်ဆောင်လာခဲ့သော်လည်း အများစုမှာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ခက်ခဲသောကာလကိုဖြတ်ကျော်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ရှောင်ယုသည် လူသစ်စုဆောင်းခြင်းအပြင် နယ်မြေ၏ဘဏ္ဍာရေးအခြေအနေကိုလည်း တွေးတောနေခဲ့သည်။လောလောဆယ်တွင် နယ်မြေ၏အဓိကဝင်ငွေသည် အခွန်များပေါ်၌ မူတည်ခြင်းမရှိပေ။
သူသည် ရွှေပြား ၈သန်းကျော်ကိုပိုင်ဆ်ိုင်ထားသော်လည်း တပ်ဖွဲ့ဝင်၁၀၀၀၀အား လက်နက်အပြည့်အစုံတပ်ဆင်ရန် ငွေကြေးအားလုံးနီးပါးကိုသုံးစွဲခဲ့ရသည်။ကာရီ၏တပ်ဖွဲ့ကို ဖျက်ဆီးခဲ့သောနောက်ဆုံးတိုက်ပွဲအပြီးတွင် ချပ်ဝတ်တန်ဆာအမြောက်အများကို ရရှိခဲ့သော်လည်း မလုံလောက်နေသေးပေ။သို့ဖြစ်ရာ ရှောင်ယုသည်လူသားစခန်းရှိ ပန်းပဲဆရာထံမှ ချပ်ဝတ်တန်ဆာများစွာဝယ်ယူခဲ့ရသည်။စစ်သားများ၏ ရဲစွမ်းသတ္တိသည်ကောင်းမွန်သောလက္ခဏာတစ်ခုဖြစ်သော်လည်း လက်နက်ချပ်ဝတ်ကောင်းများကလည်း အရေးပါသောအခန်းကဏ္ဍမှပါဝင်ပေသည်။
အကယ်၍ရှောင်ယုကသာ အဆင့်၂ချပ်ဝတ်တန်ဆာနှင့်လက်နက်များကို ဝယ်ယူရန်ကြိုးစားပါက များစွာကုန်ကျမည်ဖြစ်သောကြောင့် သူ၏စစ်သားများအတွက် အဆင့်၁ပစ္စည်းများကိုသာ ဝယ်ယူပေးနိုင်ခဲ့သည်။ထို့နောက် နယ်မြေ၏ဖွံဖြိုးတိုးတက်ရေးအတွက် ငွေကြေးများစွာလိုအပ်နေသေးသည်။
"ဓားပြတွေဆီကလုယက်ရတာ အရမ်းခက်တယ်...ခုသူတို့ကတစ်စုတစ်စည်းတည်းပေါင်းစည်းလိုက်ကြပြီဆိုတော့ သူတို့ရဲ့ကြွယ်ဝမှုကလည်း အံ့မခန်းဖြစ်နေမှာဘဲ...ငါဘာဆက်လုပ်သင့်လဲ"
ရှောင်ယုသည် ဧရာမဓားပြအုပ်စုကို ဖြိုခွဲရန်စတင်စဉ်းစားနေပြီဖြစ်သည်။
သူသာဓားပြများကိုရှင်းလင်း၍ နယ်မြေ၏အခြေအနေကိုတည်ငြိမ်အောင် ပြုလုပ်န်ိုင်ခဲ့ပါက အနောက်တိမ်တိုက်အင်ပါယာမှလာသော ကုန်သည်များထံမှ အခွန်များကောက်ခံနိုင်မှာဖြစ်သည်။
သို့သော် ထိုကဲ့သို့တည်ငြိမ်သောကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို ဖန်တီးရန်အတွက် ဓားပြများ၏ရန်စွယ်ကိုအမြစ်ဖြုတ်သုတ်သင်ရမည်ဖြစ်သည်။
ဓားပြများသည် ခြင်္သေ့မြို့ကိုတိုက်ခိုက်ခြင်းမရှိသေးဘဲ အခြေအနေတစ်ခုခုကြောင့် ပူးပေါင်းလုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းများအရ သိရပေသည်။ရှောင်ယုသည် သူ၏ခွန်အားနိမ့်ကျနေသေးသည့်အတွက် ဓားပြစခန်းအားဝင်ရောက်စီးနင်းရန် မဖြစ်နိုင်ကြောင်းနားလည်ထားသည်။သူတို့လုပ်ဆောင်နိုင်သည်မှာ တစ်ဖက်မှတိုက်ခိုက်လာရန် ရည်ရွယ်ချက်ရှိရှိဆွဲဆောင်ကာ ခြင်္သေ့မြို့မှခုခံရမည်ဖြစ်သည်။
ဓားပြမဟာမိတ်အဖွဲ့၏ခေါင်းဆောင်မှာ စုဘာရူဟုခေါ်သော အရည်အချင်းအနည်းငယ်ရှိသည့် လူတစ်ဦးဖြစ်သည်။အနိမ့်ဆုံးအနေဖြင့် သူသည်ဓားပြများ၏ခေါင်းဆောင်ဖြစ်လာရန် ကြီးမားသောခွန်အားကိုပိုင်ဆိုင်ထားလောက်သည်အထိ ထက်မြက်သူဖြစ်ရပေမည်။
ထိုသို့သောလူများသည် အကြောင်းပြချက်မရှိဘဲ ရှောင်ယုအားပြဿနာရှာရန် ရောက်လာမှာမဟုတ်ပေ။
"သူကမလာရင် ငါကသွားရှာရမှာပေါ့..."
ရှောင်ယု၏မျက်လုံးများတွင် အေးစက်သောအလင်းတစ်ချက်ဖြတ်ပြေးသွားကာ တိုးတိုးလေးပြောလိုက်သည်။