← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း ၁၁၂ - အတွင်းပိုင်းသို့ထိုးဖောက်စိမ့်ဝင်ခြင်း

"လှည်းတွေကိုရပ်လိုက်စမ်း..."

မုတ်ဆိတ်မွှေးနှင့်လူတစ်ဦးသည် ဓားကိုဆွဲထုတ်လိုက်ကာ လှည်းယာဉ်တန်းအား ညွန်ပြလိုက်သည်။

"ဆရာ...ငါတို့ကကုန်သည်အဖွဲ့ငယ်လေးတွေပါ...မင်းသာငါတို့ကိုဆက်သွားခွင့်ပေးရင် အခကြေးငွေပေးဆောင်ပါမယ်...ငါတို့တစ်ဖွဲ့လုံးက အကျိုးအမြတ်နည်းနည်းရဖို့ ဒီခရီးကိုအားကိုးနေရတာပဲ..."

ကုန်သည်အဖွဲ့၏ခေါင်းဆောင်သည် ရာနှင့်ချီသောအမာခံမြင်းတပ်များ သပ်သပ်ရပ်ရပ်တန်းစီနေသည်ကို မြင်တွေ့လိုက်ရသောအခါ သူ့စိတ်ထဲရှိခုခံလိုစိတ်များ တစမကျန်လွှင့်မျောပျောက်ကွယ်သွားခဲ့သည်။ထိုဓားပြများသာ တိုက်ခိုက်လာခဲ့ပါက သူ၏အစောင့်များအားလုံးသည် သေဆုံးသွားရတော့မှာဖြစ်သည်။

"ဒီမှာ ဓားပြတွေရှိနေတယ်ဆိုတာ သိထားတာတောင်မှ မင်းကဒီလမ်းကြောင်းကိုဖြတ်ကျော်ဖို့ သတ္တိရှိနေတုံးလား...မင်းကတကယ်သေချင်နေတာလား..."

မုတ်ဆိတ်မွှေးနှင့်လူက သူ၏မေးစေ့ကိုပင့်မြောက်ကာ အေးစက်သောလေသံဖြင့် မေးမြန်းလိုက်သည်။

"ငါတို့ဒီအကြောင်းကို သိထားပေမဲ့ ငါတို့မှာရွေးချယ်စရာအခြားလမ်းကြောင်းမရှိခဲ့ဘူး...ငါတို့ကပိုက်ဆံနည်းနည်းလောက်ရဖို့အတွက် ဒီစွန့်စားခရီးကိုထွက်ဖို့ လူအနည်းငယ်ကိုစုဆောင်းထားတာပါ"

ကုန်သည်အဖွဲ့ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။

ကုန်သည်အဖွဲ့ခေါင်းဆောင်သည် ယခုလ်ိုဝေးလံခေါင်သီသောအရပ်၌ ယခုလ်ိုအင်အားကြီးမားသောဓားပြအုပ်စုနှင့်တွေ့ဆုံရန် အမှန်တကယ်မမျှော်လင့်ထားခဲ့သည့်အတွက် သူ၏နှလုံးသားသည်နစ်မြုပ်သွားခဲ့ရသည်။သူသည် ဓားပြ၂၀၀မှ၃၀၀ခန့်သာပါဝင်သည့် ဓားပြအုပ်စုနှင့်ရင်ဆိုင်ရပါက ရင်ဆိုင်တိုက်ပွဲဝင်မှာဖြစ်ပြီး သူ၏အစောင့်အချို့သေဆုံးသွားလျှင်တောင် သူ၏အမြတ်များတိုးပွားလာမည်ဖြစ်သည်။သို့သော်လည်း သူ့ရှေ့ရှိလူများကမူ သူရင်ဆိုင်၍မရနိုင်သော အခြေအနေတွင်ရှိသည်။

မုတ်ဆိတ်မွှေးနှင့်လူသည် ကုန်သည်အဖွဲ့ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။

"အနောက်တိမ်တိုက်အင်ပါယာမှာ စီးပွားရေးတော်တော်ကောင်းမွန်နေပုံရတယ်...ဖြစ်နိုင်ရင်ငါ့ရဲ့အလုပ်ဖြစ်တဲ့ ဓားပြတစ်ယောက်အဖြစ်ကစွန့်လွှတ်ပြီးတော့ အရောင်းအဝယ်လုပ်သင့်တယ်ထင်တယ်"

"ဆရာက ညဏ်ပညာကြီးမြင့်ပါပေတယ်"

လှည်းတန်းခေါင်းဆောင်ဖြစ်သူက ချက်ချင်းမြောက်ပင့်လိုက်သည်။

"သွားစမ်းပါ...ဒီရက်ပိုင်းလုယက်ရတာတော်တော်ကောင်းတယ်...ခရီးရှည်သွားစရာတောင်မလိုဘူး...လေနဲ့မိုးကိုဖြတ်ကျော်စရာမလိုဘူး...ဘယ်သူ့ကိုလုယက်ရမယ်ဆိုတာ ခေါင်းရှုပ်ခံနေစရာမလိုဘူး...ခိုးယူလုယက်တာက အရောင်းအဝယ်လုပ်ခြင်းထက်များစွာသာလွန်တယ်...ဒါကအလားအလာကောင်းတဲ့လုပ်ငန်းတစ်ခုပဲ...ဒီနေ့တော့မင်းကံကောင်းတယ်...ငါ့ကိုအခွန်ပေးပြီးတော့ ငါ့ရှေ့ကထွက်သွားတော့...ငါ့နေရာမှာအခြားတစ်ယောက်ဆိုရင် မင်းရဲ့သနားစရာကောင်းတဲ့ အသက်လေးကပျောက်ကွယ်သွားလိမ့်မယ်"

မုတ်ဆိတ်မွှေးနှင့်လူသည် ကုန်သည်အဖွဲ့ခေါင်းဆောင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ခေါင်းဆောင်ဖြစ်သူသည် ချက်ချင်းခေါင်းညိတ်ပြလိုက်ကာ မုတ်ဆိတ်မွှေးနှင့်လူအတွက် ကုန်ပစ္စည်းကောင်းများယူဆောင်လာပေးခဲ့သည်။ထို့ပြင်သူသည် မုတ်ဆိတ်မွှေးနှင့်လူအား အရိုအသေပေးခဲ့သည်။ထို မုတ်ဆိတ်မွှေးနှင့်လူသည် သူတို့အားမသတ်ဖြတ်ခဲ့ရာ ကံကောင်းသည်ဟုဆိုနိုင်ပေသည်။အဆုံးသတ်တွင် ထိုလူသည် သူတို့တစ်ဖွဲ့လုံးအားသတ်ဖြတ်ကာ အရာအားလုံးကိုယူဆောင်သွားနိုင်ပေသည်။

မုတ်ဆိတ်မွှေးနှင့်လူသည် သူ၏မြင်ကွင်းမှတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သော ကုန်သည်အုပ်စုကိုကြည့်ကာ ကျိန်ဆဲမိလိုက်သည်။

"သေစမ်း...ငါလုယက်နေတာအတော်ကြာနေပြီ...စုဘာရူကငါ့အကြောင်းမသိသေးဘူးလား"

မုတ်ဆိတ်မွှေးနှင့်လူမှာ ဓားပြအဖြစ်အသွင်ယူ ဟန်ဆောင်ထားသောရှောင်ယုသာဖြစ်သည်။သူသည် စုဘာရူအားကိုင်တွယ်ရန်နည်းလမ်းများစွာကို စဉ်းစားခဲ့ပြီးနောက်တွင် အဆုံးသတ်၌ဓားပြအဖြစ်အသွင်ယူ၍ ဓားပြမဟာမိတ်အဖွဲ့ထဲပေါင်းစပ်သတင်းရယူရန် ဆုံးဖြတ်ခဲ့သည်။ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဓားပြမဟာမိတ်၏အလုပ်လုပ်ပုံအား သိရှိနိုင်သလို စုဘာရူအားသတ်ဖြတ်ရန်အခွင့်အရေးပင် ရရှိနိုင်သည်။

ယင်းအတွက်ကြောင့် ရှောင်ယုသည် သူ့ကိုယ်သူအထောက်အထားတစ်ခုတင်ပြရန်လိုအပ်လာသည်။သူသည် မူလီ၏သြဇာအာဏာအောက်၌အမှုထမ်းနေသော လူအားလုံးက်ိုဝယ်ယူရန် ရှုချီနှင့်ဆက်သွယ်ခဲ့သည်။ဝေဟောင်သည် ရှောင်ယု၏ကမ်းလှမ်းမှုအပေါ် ကျေနပ်အားရစွာဖြင့်သဘောတူညီခဲ့သည်။ဝေပြည်နယ်မှ ခြင်္သေ့မြို့ထံသို့စေလွှတ်ခံရသော လူများအနက်တစ်ဦးမှာ ကျန်းရှန်ဟုခေါ်သော အမာခံမြင်းတပ်ဗိုလ်မှူးတစ်ဦးဖြစ်သည်။သို့သော်လည်း ထိုဗိုလ်မှူးသည် ခြင်္သေ့နယ်မြေသို့လာရာလမ်းတလျှောက်တွင် သူ၏တပ်သားများနှင့်အတူပျောက်ကွယ်သွားခဲ့သည်။ရှောင်ယုသည် ထိုအကြောင်းပြချက်ကိုအသုံးပြုကာ ဓားပြအုပ်စုတစ်ခုကိုဖန်တီးခဲ့သည်။တစ်ချိန်တည်းမှာပင် စုဘာရူသည် သူတို့၏အကြောင်းကိုသိရှိပြီးသည်နှင့် အဖွဲ့ထဲသို့ဆွဲသွင်းမည်ဖြစ်ပြီး ရှောင်ယု၏ရည်မှန်းချက်သည်လည်းအောင်မြင်မှာဖြစ်သည်။

ကျန်းရှန်ထံတွင် မုတ်ဆိတ်မွှေးရှိသည့်အတွက် ရှောင်ယုသည်မုတ်ဆိတ်မွှေးအတုကို ဝတ်ဆင်ထားပေသည်။ထို့နောက်တောင်တန်းတစ်နေရာကို သိမ်းပိုက်အခြေစိုက်ကာ ဓားပြများအဖြစ်လုယက်တိုက်ခိုက်ခဲ့သည်။

ကျန်းရှန်သည် သိုသိုသိပ်သိပ်နေသူတစ်ဦးဖြစ်ပြီး ဟွေ့မြို့တော်၌ပင် သူ့အကြောင်းကို လူပေါင်းများစွာမသိရှိခဲ့ကြပေ။ထိုကြောင့် ရှောင်ယုသည်ကျန်းရှန်၏အသွင်ကိုရယူခြင်းမှာ အကောင်းဆုံးဖြစ်သည်။

ရှောင်ယုသည် ဤနယ်မြေတလျှောက်၌ ပေါ့ပေါ့ပါးပါးဖြတ်သန်းသွားလာကာ ကုန်သည်အုပ်စုများ၏ တည်နေရာကို ရှာဖွေသတင်းပို့ရန် မုဆိုးများအားအမိန့်ပေးခဲ့ပြီး တစ်လတာအချိန်ကုန်ခဲ့သည်။ကုန်သည်များအား လုယက်ရာတွင် ရှောင်ယုသည်အတတ်နိုင်ဆုံး လူမသတ်မိစေရန်ကြိုးစားခဲ့သည်။ရံဖန်ရံခါတွင် သူသည်ပိုက်ဆံကိုသာအဓိကလုယက်ကာ မိန်းကလေးအချို့ကို အဓမ္မပြုကျင့်ခဲ့သည်။

ဤအတောအတွင်း ကုန်သည်များကိုလုယက်ခြင်းဖြင့် သူသည်ရွှေပြား၁၀၀၀၀ကျော်ရရှိခဲ့ရာ ဤအလုပ်ကိုပင် စတင်စွဲလမ်းစပြုလာခဲ့သည်။

အမှန်တော့ ရှောင်ယုသည် ဓားပြများကိုမဖြေရှင်းရသေးချိန် သူ့နယ်မြေ၏ဝင်ငွေတိုးစေရန်အတွက် ကုန်သည်များကိုလုယက်မည့်အထူးအဖွဲ့ငယ်တစ်ခုဖွဲ့စည်းရန်ပင် ကြံရွယ်ထားခဲ့သည်။

ရှောင်ယုသည် ကုန်သည်များအားလုယက်အပြီးတွင် သူ၏စခန်းသို့ပြန်လာခဲ့သည်။သူရွေးချယ်ထားသောနေရာသည် စုဘာရူ၏တည်နေရာနှင့် မဝေးလှပေ။စုဘာရူသည် ယခုအချိန်တွင် သူရောက်ရှိနေသည်ကို သတိပြုမိလိမ့်မည်ဟု ယုံကြည်ခဲ့သည်။သူလုပ်ဆောင်ရမည်မှာ စုဘာရူ၏ဖိတ်ခေါ်မှုကို စိတ်ရှည်စွာစောင့်ဆိုင်းရန်ဖြစ်သည်။ထို့ကြောင့် ရှောင်ယုသည် စုဘာရူအားသွားရောက်တွေ့ဆုံခြင်းမပြုခဲ့ပေ။ရည်မှန်းချက်ကြီးသော ဓားပြတစ်ဦးအနေဖြင့် စုဘာရူသည်လက်ရွေးစင်အမာခံမြင်းတပ်သားများအား သူ၏ဘေးနား၌ခေါ်ထားနိုင်မည့် အခွင့်အရေးကိုလက်လွတ်ခံမည်မဟုတ်ဟု ရှောင်ယုတွက်ချက်ထားသည်။

များမကြာမှီ လှပသောအဝတ်အစားကိုဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် သူတို့၏စခန်းသို့ရောက်ရှိလာသည်ကို ရှောင်ယုသတိထားမိလိုက်သည်။ထိုလူက သူသည်စုဘာရူ၏ အကြံပေးဖြစ်သည်ဟုမိတ်ဆက်ခဲ့သည်။

ရှောင်ယုသည် အစောပိုင်းတွင် ထိုအကြံပေး၏ကမ်းလှမ်းချက်ကို သဘောမတူသော်လည်း စဉ်းစားလိုဟန်ဖြင့် လက်ဖက်ရည်သောက်ရန်ဖိတ်ခေါ်လိုက်သည်။

"ခုလိုတကူးတက ခရီးထွက်လာတဲ့အကြံပေးရဲ့ စေတနာကိုအသိအမှတ်ပြုပေမဲ့ လောလောဆယ်ဘယ်သူနဲ့မှမပူးပေါင်းလ်ိုသေးဘူး...ငါကဝေပြည်နယ်သခင်အပေါ် သစ္စာစောင့်သိလာတာကြာပြီ...ဒါပေမဲ့ခုငါကဘယ်လိုအခြေအနေရောက်နေလဲ ကြည့်ပါဦး....ခုချိန်မှာတော့ငါကလွတ်လပ်တဲ့ လူတစ်ယောက်အဖြစ်ပျော်ရွှင်နေတယ်"

ရှောင်ယုသည် အကြံပေး၏ကမ်းလှမ်းချက်ကို ယဉ်ကျေးစွာငြင်းပယ်ခဲ့သည်။

"ငါအဲဒါကို နားလည်ပါတယ်...ဝေဟောင်ကတကယ့်ကိုအရည်အချင်းမရှိတဲ့ လူတစ်ယောက်ပဲ....ဒါပေမဲ့ ခုလိုဖရိုဖရဲအချိန်ကာလမှာ သင့်လိုသူရဲကောင်းတစ်ယောက်ဟာ အခြေချနေထိုင်ဖို့ နေရာတစ်ခုရှာဖွေသင့်တယ်...စစ်သေနာပတိကျန်းဟာ အမာခံမြင်းတပ်ရဲ့ထူးချွန်တဲ့ဗိုလ်မှူးတစ်ယောက်ပဲ...မင်းကသာမန်ဓားပြတစ်ယောက်မဟုတ်ဘူး...ခုလိုအခြေအနေမျိူးမှာ နေထိုင်ရတာကတကယ်ရှက်စရာကောင်းပါတယ်"

အကြံပေးဖြစ်သူသည် လက်ဖက်ရည်ကိုမော့သောက်ရင်း ပြုံးလိုက်သည်။

ရှောင်ယုကပြုံးပြလိုက်ပြီး မကျေနပ်သောလေသံဖြင့် ပြောလိုက်သည်။

"အဲတော့စုဘာရူကို သစ္စာခံပြီး ငါ့ကိုဓားပြအလုပ်ကရုန်းထွက်လို့မရအောင် လုပ်စေချင်တာလား"

အကြံပေးဖြစ်သူက လက်ကိုဝှေ့ယမ်းကာ ချက်ချင်းငြင်းဆန်လိုက်သည်။

"စစ်သူကြီးကျန်းကိုကြည့်ရတာ ဒီကမ္ဘာကြီးရဲ့လက်ရှိအခြေအနေကိုကောင်းကောင်းနားလည်သဘောပေါက်မှာပါ...ခုလိုစည်းမဲ့ကမ်းမဲ့ခေတ်ကာလမှာဆိုရင် ပိုမိုအားကောင်းတဲ့လက်သီးကိုပိုင်ဆိုင်တဲ့သူက ဘုရင်ဆိုတာ မင်းသိမှာပါ...မင်းမျိုးမင်းနွယ်ဖြစ်သူတွေက ငါတို့ကိုအုပ်ချုပ်ဖို့ ဘယ်သူ့ကိုတာဝန်ပေးထားတာလဲ...ဒီနေရာကိုအုပ်စိုးတဲ့သူက ဝေပြည်နယ်သခင်လိုမဟုတ်ဘဲ ခြင်္သေ့နယ်မြေရဲ့အရှင်သခင်ရှောင်ယုဖြစ်နေတယ်...သူကငါတို့အားလုံးက်ို လိုက်လံသတ်ဖြတ်နေတယ်...ဒါပေမဲ့ ကောင်းကင်ခြင်္သေ့မင်းဆက်ဟာဆိုရင် အနောင်မြေရိုင်းဒေသကိုအုပ်စိုးဖို့ လုံလောက်တဲ့ခွန်အားမရှိဘူး...ဒါကြောင့်ငါတို့သာ အနောက်မြေရိုင်းဒေသရဲ့ သခင်ဖြစ်လာခဲ့ပြီဆိုရင် မင်းလည်းအကန့်အသတ်မရှိတဲ့အနာဂတ်ခရီးလမ်းကို ပျော်ပျော်ရွှင်ရွှင်လျှောက်လမ်းနိုင်လိမ့်မယ်"

ရှောင်ယုသည် အကြံပေးကိုစိုက်ကြည့်ရင်း သူ့နှလုံးသားထဲ၌ ကျိန်ဆဲမိလိုက်သည်။

"မင်းအမေ...မင်းကငါ့ရဲ့နေရာကိုအစားထိုးဖို့ ကြိုးစားနေတာလား...မင်းတို့လိုအနုတ်စုတ်ဂုတ်စုတ်ဓားပြတွေက ငါ့ကိုသတ်ပြီးတော့ အနောက်မြေရိုင်းဒေသရဲ့ဘုရင်တွေ ဖြစ်လာချင်တာလား...မင်းတို့အကုန်လုံးကိုမသတ်နိုင်ရင် ငါ့နာမည်ကရှောင်မဟုတ်တော့ဘူး"

ရှောင်ယု၏မျက်နှာပေါ်တွင် ဆုံးဖြတ်ရခက်နေသော အမူအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ဒီမှာ ငါ့ရဲ့အခြေအနေကသိပ်မဆိုးဘူးဆိုတာ မင်းသိလောက်မှာပါ...ငါသာစုဘာရူကိုသစ္စာခံလိုက်မယ်ဆိုရင် ငါကတပ်မှူးလေးတစ်ယောက်ကလွဲပြီး ဘာဖြစ်လာမှာလဲ"

ရှောင်ယုသည် ငါးစာကိုစတင်ပစ်ချလိုက်သည်။

ထိုလှည့်ကွက်ကြောင့် ရှောင်ယုသည် သူတို့ဘက်သို့ဝင်ရောက်လာမယ့် အခြေအနေတွင်ရှိနေကြောင်း အကြံပေးအရာရှိနားလည်မိလ်ိုက်သည်။

"မင်းရဲ့တပ်သား၄၀၀သာ ငါတို့နဲ့အတူပူးပေါင်းလာမယ်ဆ်ိုရင် စစ်သူကြီးကျန်းဟာ တတိယမြောက်အမာခံမြင်းတပ်ရဲ့ တပ်မှူးဖြစ်လာမှာပါ...တတိယမြောက်အမာခံမြင်းတပ်မှာ အမာခံမြင်းတပ်သား ၁၀၀၀ကျော်ရှိတယ်"

အကြံပေးဖြစ်သူက မက်လုံးပေးဆွဲဆောင်လိုက်သည်။

"တတိယမြောက် အမာခံမြင်းတပ်ရဲ့တပ်မှူး"

ရှောင်ယုသည် ထိုမက်လုံးကြောင့် မျက်မှောင်ကြုတ်မိလိုက်သည်။

အကြံပေးဖြစ်သူသည် ချက်ချင်းပင်ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်...သခင်စုဘာရူဟာ တပ်ဖွဲ့ဝင်၁၀၀၀ပါဝင်တဲ့ အမာခံမြင်းတပ်နှစ်ခုကိုဖွဲ့စည်းထားခဲ့တယ်...စစ်သူကြီးကျန်းလည်း မြို့စားရှောင်ရဲ့အင်အားကိုသတိပြုမိမှာပါ...ရှောင်ယုကသူ့အတွက်တိုက်ပွဲဝင်ဖို့အတွက် နတ်သူငယ်တွေနဲ့အောစ့်တွေကိုစုစည်းနိုင်ခဲ့တယ်....စစ်သူကြီးကျန်းသာ ခုလ်ိုဆက်နေရင် အခြားအုပ်စုတွေရဲ့ဝါးမျိုမှု့ခံရတာ မဟုတ်ရင်ရှောင်ယုရဲ့သုတ်သင်တာကိုခံရမှာပဲ...မင်းရဲ့အဖွဲ့က်ို လက်ရွေးစင်တပ်သားတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာ ငါသိပါတယ်...ဒါပေမဲ့မင်းကသူတို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်တာ သေချာတယ်"

စုဘာရူထံတွင် အမာခံမြင်းတပ်သား၂၀၀၀ကျော်စုစည်းထားသည်ဟု မထင်မှတ်ထားသည့်အတွက် ရှောင်ယုအံ့အားသင့်ရသွားသည်။စုဘာရူ၏လက်ရှိအင်အားသည် ကာရီ၏နောက်ဆုံးအကြိမ်ထိုးစစ်ဆင်မှုထက် ပိုမ်ိုအားကောင်းသည်ဟု ရှောင်ယု ယုံကြည်ခဲ့သည်။စုဘာရူသည် ခြင်္သေ့နယ်မြေအတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်ရာ တတ်နိုင်သမျှမြန်မြန်လေးဖယ်ရှားပစ်ရမည်ဖြစ်သည်။

ရှောင်ယုသည် တိတ်ဆိတ်နေသည်ကိုမြင်သောအခါတွင် အကြံပေးအရာရှိဖြစ်သူကဆက်လက်စည်းရုံးလိုက်သည်။

"ငါတို့ရဲ့သခင်ဖြစ်သူဟာ သူရဲ့လက်အောက်ငယ်သားဖြစ်သူတွေကို အမြဲလိုလိုကောင်းကောင်းမွန်မွန်ဆက်ဆံမယ်ဆိုတာ စစ်သူကြီးကျန်းကိုယုံကြည်သင့်ပါတယ်...မင်းရဲ့အခြေအနေဟာ ဝေပြည်နယ်မှာအမှုထမ်းစဉ်ကထက် အများကြီးပိုကောင်းလိမ့်မယ်"

"မင်းနဲ့ပူးပေါင်းပြီးရင် ငါ့ရဲ့မြင်းတပ်သားတွေက စုဘာရူရဲ့လက်အောက်ကိုရောက်သွားမှာမလား...အဲ့ဒါဆိုငါသူတို့ကို အမိန့်ပေးလို့မရတော့ဘူး..."

ရှောင်ယုသည် အဓိကကျသောမေးခွန်းကို မေးမြန်းလိုက်သည်။

အကြံပေးသူသည် သူတို့နှင့်ပူးပေါင်းလာသော ဓားပြခေါင်းဆောင်တိုင်း ထိုသို့စိုးရိမ်ပူပန်မှုဖြစ်သည်ကို သတိထားမိပေသည်။

အကြံပေးဖြစ်သူသည် အလားတူဖြစ်ရပ်မျိုးကို ကြုံတွေ့ရပေါင်းများနေ၍ ရယ်ရယ်မောမောကတိပေးလိုက်သည်။

"ဒီလိုကိစ္စအတွက် မင်းစိတ်ပူနေစရာမလိုပါဘူး...မင်းရဲ့လူတွေဟာတိုက်ပွဲအတွင်းမှာ မင်းရဲ့အမိန့်အောက်မှာပဲရှိနေမှာပါ..."

ရှောင်ယုသည် ခဏလောက်စဉ်းစားဟန်ဆောင်ကာ ထပ်မေးလိုက်သည်။

"သူတို့အကုန်လုံးက ငါ့အမိန့်အောက်မှာပဲရှိမှာပေါ့..."

"သူတို့တင်မကဘူး....နောက်ထပ်အမာခံမြင်းတပ်သားတွေက်ိုပါ မင်းရဲ့လက်အောက်ကိုထည့်သွင်းပေးမယ်...တိုက်ပွဲအတွင်းမှာ လုံလောက်တဲ့စွမ်းဆောင်ရည်ကိုပြသနိုင်သရွေ့ စစ်သူကြီးကျန်းရဲ့အနာဂတ်ဟာ အကန့်အသတ်မရှိတောက်ပနေမှာ ငါမြင်ယောင်နေတယ်...စစ်သူကြီးကျန်းကသူရဲကောင်းတစ်ယောက်ဆိုတော့ ငါတို့ရဲ့ခေါင်းဆောင်က မင်းကိုပိုပြီးတန်ဖိုးထားလိမ့်မယ်"

အကြံပေးဖြစ်သူသည် ရှောင်ယု၏ပုခုံးက်ိုပုတ်ကာ အာမခံလိုက်သည်။

ရှောင်ယုနှင့်အကြံပေးတို့သည် အချိန်အတော်ကြာအောင် အပြန်အပြန်အလှန်လှန်ပြောဆိုဆွေးနွေးပြီးနောက်တွင် ရှောင်ယုသည်စုဘာရူ၏နောက်သို့လိုက်ရန် တွန့်ဆုတ်စွာသဘောတူခဲ့သည်။

အကြံပေးဖြစ်သူသည် ကျန်းရှန်၏စစ်အင်အားအကြောင်းက်ို ကောင်းစွာသိရှိထား၍ ညှိနှိုင်းမှုအောင်မြင်သည်နှင့် အလွန်ပျော်ရွှင်သွားခဲ့သည်။သူသည် ထိုအကြောင်းကိုစုဘာရူအား အလျင်အမြန်သတင်းပေးခဲ့သည်။ရှောင်ယုသည် အဝေးသို့ထွက်ခွာသွားသည့် အကြံပေးဖြစ်သူ၏နောက်ကျောကို လှမ်းကြည့်လိုက်သည်။

"မျောက်ဘုရင်က မင်းသမီးဖန်းရဲ့ဝမ်းဗိုက်ထဲရောက်နေသလိုပါဘဲလား..."

ရှောင်ယုသည် ကောက်ကျစ်စွာပြုံးလ်ိုက်ကာ ရေရွတ်မိလိုက်သည်။

အခန်း ၁၁၃ - ဓားပြမဟာမိတ်ထဲ တိုးဝင်ခြင်း

ရှောင်ယုသည် သူ၏အမာခံမြင်းတပ်သား ၄၅၀ကိုခေါ်ဆောင်ကာ စုဘာရူ၏စခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အခြေစိုက်စခန်းမှ ဆင့်ခေါ်ထားခဲ့သော အမာခံမြင်းတပ်သားများသည် လက်ရှိခေတ်၏အမာခံမြင်းတပ်သားများနှင့် လုံးဝကွဲပြားသောအဆင့်တစ်ခုတွင်ရှိသည်။ပုံမှန်အားဖြင့် အမာခံမြင်းတပ်သားများသည် ပင်မလက်နက်အဖြစ် အားကောင်းသောလှံရှည်က်ိုအသုံးပြုကြပြီး အရန်လက်နက်အဖြစ် ဒိုင်းငယ်တစ်ခုနှင့်ဓားမြှောင်တစ်လက်ပါဝင်ပေသည်။

လူသားစခန်းမှ ဆင့်ခေါ်ထားသော အမာခံမြင်းတပ်သားများသည်ကား သာမန်မြင်းတပ်သားများအသုံးပြုသည့် လှံများနှင့်နှိုင်းယှဉ်လျင်ပင် အလေးချိန်မနည်းသောဓားကြီးများကို အသုံးပြုခဲ့ကြသည်။ထို့ပြင် ထိုဓားရှည်ကြီးများသည် အသွားတုံးနေလျှင်ပင် သာမန်ခြေလျင်တပ်သားတစ်ဦးကို ခုတ်ထစ်သတ်ဖြတ်နိုင်သည်။

ထို့ပြင်အဆိုပါ ဆင့်ခေါ်တပ်သားများ၏ မြင်းများသည် သာမန်အမာခံမြင်းတပ်သားများ အသုံးပြုသည့်မြင်းများထက် များစွာပိုမိုသန်မာပေသည်။ဆင့်ခေါ်ထားသည့် အမာခံမြင်းတပ်သားများသည် သူတို့၏ခေါ်ယူအပြီးတွင် လေ့ကျင့်ပေးစရာမလိုဘဲ ချက်ချင်းတိုက်ခိုက်နိုင်သောကြောင့် သူတို့၏စီးနင်းမှုစွမ်းရည်နှင့် မြင်းများ၏အရည်အသွေးသည် ပိုမိုကောင်းမွန်ပေသည်။

ထို့ပြင် အမာခံမြင်းတပ်သားများက လေးလံသောဓားများကို အသုံးပြုခြင်းသည် ယခုခေတ်ရှိလူများသင်ယူနိုင်ခြင်း သို့မဟုတ် လိုက်လျောညီထွေဖြစ်နိုင်သော အရာမဟုတ်ပေ။လေးလံသောဓားများသည် ပေါင်၁၀၀ကျော်အလေးချိန်ရှိသောကြောင့် အမာခံမြင်းတပ်သားများသည် ၎င်းတို့ကိုဓားများကဲ့သို့အသုံးပြုကာ ခုတ်နိုင်ထစ်နိုင်သလို ဓားဦးဖြင့်ထိုးသွင်း၍၎င်း တိုက်ခိုက်နိုင်ပေသည်။ထိုကဲ့သို့သော အမာခံမြင်းတပ်သားများသည် အုပ်စုဖွဲ့တိုက်ခိုက်လျင်ပင် သူတို့၏ပျော့ပျောင်းမှုရှိသော တိုက်ခိုက်ရေးပုံစံကြောင့် သူတို့၏တိုက်ခိုက်မှုသည် ကြောက်စရာကောင်းလာမည်ဖြစ်သည်။

ထို့ပြင် သူရဲကောင်းများနှင့်၎င်းတို့၏မြင်းများသည် တစ်သားတည်းဖြစ်နေပုံရပေသည်။၎င်းတို့သည် ကိုယ့်ခြေထောက်ကိုအသုံးပြုခြင်းထက် မြင်းများပေါ်၌ပို၍အချိန်ကုန်တတ်ကြသည်။သူတို့သည် မြင်းပေါ်ရှိနေစဉ် ဆမ်ဘာအက ကခုန်နေသလိုလှုပ်ရှားနိုင်ကာ အလွယ်တကူဆုတ်ခွာနိုင်သည်။ထိုသို့သော အမာခံမြင်းတပ်သားများသည် လက်ရွေးစင်ခြေလျင်တပ်သားများထက် များစွာသာလွန်ပေသည်။

သို့သော်လည်း ဤသူရဲကောင်းများသည် သူတို့၏မြင်းများပေါ်မှပြုတ်ကျချိန်တွင် အသုံးမဝင်တော့ပေ။သူတို့၏လှုပ်ရှားမှုများသည် ရှုပ်ထွေးကုန်ကာ မည်သို့ရှေ့တိုးနောက်ဆုတ်ရမည်ကိုပင် မသိကြတော့ပေ။

ဤနေရာတွင် စနစ်၏အားသာချက်ကအရေးပါလာခဲ့သည်။

ရှောင်ယုသည် ထိုချို့ယွင်းချက်ကိုဖုံးကွယ်ရန်အတွင် သူတို့အားမြင်းမပါဘဲ သီးသန့်လေ့ကျင့်ပေးခဲ့သည်။ထိုသိုလေ့ကျင့်ရာတွင် ရိုးရှင်းသောအရွေ့၃ခုကိုသာ အသုံးပြုခဲ့သည်။ပထမအရွေ့မှာ ရှေ့သို့တိုးကာမျည်းစောင်းပုံစံ ဓားကိုဝှေ့ယမ်းကာခုတ်ထစ်လိုက်ခြင်းဖြစ်သည်။ဒုတိယအရွေ့မှာ နောက်သို့ဆုတ်ခွာချိန် ဓားကိုပြောင်းပြန်ဝှေ့ယမ်းကာ ရန်သူ၏တိုက်ခိုက်မှုကိုခုခံရန်ဖြစ်သည်။တတိယအရွေ့မှာ ဓားက်ိုအလှည့်အပြောင်းတစ်ခုဖြင့် မျည်းစောင်းနှစ်ခုကြက်ခြေခတ်ပုံစံ ဝှေ့ယမ်းစေခြင်းဖြစ်သည်။

မြင်းများမပါချိန်တွင် သူတို့၏တိုက်ခိုက်မှုသည် အားမကောင်းသော်လည်း စနစ်မှဆင့်ခေါ်ထားသည့် တပ်သားများဖြစ်ပေရာ အံဝင်ခွင်ကျဖြစ်စေရန်အချိန်သိပ်မကြာလိုက်ပေ။သူတို့သည် လေးလံသောဓားရှည်များကိုအသုံးပြုကာ မြင်းပေါ်မရှိချိန်၌ ရန်သူများအားကောင်းစွာတိုက်ခိုက်နိုင်ပြီဖြစ်သည်။

ခိုင်ခံ့သောချပ်ဝတ်တန်ဆာများက ရန်သူများ၏တိုက်ခိုက်မှုအားတွန်းလှန်နိုင်မှာဖြစ်ပြီး လေးလံသောဓားများ၏ ပြင်းထန်သောတိုက်ခိုက်မှုက ရန်သူများ၏ပြင်းထန်သောတိုက်ခိုက်မှုများအား ချေမှုန်းအနိုင်ယူနိုင်မှာဖြစ်သည်။

ရှောင်ယုသည် ပုံသဏ္ဍာန်ကင်းမဲ့သောဓားကွက်များကိုပင် အတုယူရန်ကြိုးပမ်းခဲ့သည်။

သူဆင့်ခေါ်ထားသောစစ်သည်များသည် အချို့သောကဏ္ဍများ၌ အလွန်ပင်အစွမ်းထက်ပေသည်။သို့သော် အချို့နေရာများ၌သုံးစား၍ပင်မရပေ။

ရှောင်ယုနောက်သို့အချိန်အတော်ကြာအောင် လိုက်ပါလာခဲ့သောအောစ့်စစ်သည်များသည် များစွာသင်ယူနိုင်ခဲ့သည်။ယခုအခါ သူတို့သည်ရှောင်ယု၏တွေးခေါ်ပုံကိုပင် အတုယူနိုင်ပြီဖြစ်သည်။

သို့သော်လည်း အမာခံမြင်းတပ်သားများအား ဆင့်ခေါ်ထားသည်မှာ မကြာမြင့်သေးသည့်အတွက်ကြောင့် သူတို့၏ညဏ်ရည်သည် မြင့်မားခြင်းမရှိသေးပေ။ရလဒ်အနေဖြင့် ရှောင်ယုသင်ပေးသော လေ့ကျင့်ခန်းများကိုလိုက်နာရန် သူတို့ကအနည်းငယ်အားစိုက်ကြိုးပမ်းခဲ့ရသည်။မည်သို့ပင်ဆိုစေ သူတို့သည်ရှောင်ယု၏လေ့ကျင့်ခန်းများကို ကောင်းစွာသင်ယူနိုင်ခဲ့သည်။မည်သို့ပင်ဆိုစေ အသက်၃နှစ်အရွယ်ရှိသော ကလေးတစ်ယောက်သည်ပင် ဤလှုပ်ရှားမှုများကိုသင်ယူနိုင်ပေရာ နေ့ရောညပါလေ့ကျင့်နိုင်သည့် အမာခံမြင်းတပ်သားများအတွက် အခက်အခဲမရှိခဲ့ပေ။

ထို့ပြင် အမာခံမြင်းတပ်သားများသည် အဆင့်တက်သောအခါတွင် သူတို့၏ခွန်အား၊သွက်လက်မှုနှင့် အခြားသောဂုဏ်သတ္တိများကို အဆင့်မြင့်ပေးသွားမှာဖြစ်သည်။အဆင့်၃သို့ရောက်သောအခါတွင် သူတို့သည် အရှိန်မြင့်ဟုခေါ်သည့် ကျွမ်းကျင်မှုအားသင်ယူနိုင်မှာဖြစ်သည်။ထိုကျွမ်းကျင်မှုသည် မြင်းများကို တာတိုအကွာအဝေးတစ်ခုအား တဟုန်ထိုးပြေးဝင်စေမှာဖြစ်ကာ ရန်သူအားအရှိန်အဟုန်ဖြင့်တိုက်ခိုက်နိုင်မည်ဖြစ်သည်။အဆင့်၆သို့ရောက်ချိန်တွင် ဓားရှည်များကိုခုတ်ထစ်ခြင်းဖြင့် ရန်သူများကိုမူးဝေစေမယ့်ကျွမ်းကျင်မှုတစ်ခုအား သင်ယူနိုင်မှာဖြစ်သည်။အဆင့်၁၀တွင်မူ သူတို့သည်ပြိုင်ဘက်ကင်းဟုခေါ်သည့် ကျွမ်းကျင်မှုအားသင်ယူနိုင်မှာဖြစ်ပေသည်။ထိုကျွမ်းကျင်မှုသည် မြင်းနှင့်မြင်းစီးသူရဲတို့အား တသားတည်းဖြစ်တည်စေမှာဖြစ်ကာ ထိုသို့ဖြစ်တည်မှုကြောင့် မြင်းစီးသူရဲများသည် မြင်းကိုသူ၏ခြေလက်များကဲ့သို့သတ်မှတ်ကာ ပြင်းထန်သောတိုက်ခိုက်မှုအား ထုတ်ဖော်နိုင်မည်ဖြစ်သည်။

ထိုကျွမ်းကျင်မှုများအားလုံးသည် အစွမ်းထက်ကြပေသည်။အမာခံမြင်းတပ်သားများသည် တာတိုအကွာအဝေး၌ အရှိန်မြင့်နိုင်စွမ်းမရှိကြပေ။မြင်းစီးသူရဲများသည် မြင်းများတွင်တပ်ဆင်ထားသည့် လေးလံသောချပ်ဝတ်တန်ဆာများကြောင့် အရှိန်မြင့်ရန်အကွာအဝေးတစ်ခုအထိ လိုအပ်ပေသည်။အမာခံမြင်းတပ်သားများသည် သူတို့၏မြင်းများကိုတာတိုအကွာအဝေး၌ အရှိန်မြင့်လိုပါက မြင်း၏ကြံ့ခိုင်မှုနှင့်စီးနင်းသူ၏ အတွေ့အကြုံကိုအလွန်မြင့်မြင့်မားမားလိုအပ်ပေသည်။ဤကျွမ်းကျင်မှုကြောင့် အမာခံမြင်းတပ်သားများသည် အဖွဲ့လိုက်တိုက်ခိုက်ရာတွင်သာမက တစ်ဦးချင်းတိုက်ခိုက်ရာ၌လည်း ကောင်းစွာစွမ်းဆောင်နိုင်မည်ဖြစ်သည်။

ဒုတိယကျွမ်းကျင်မှုကြောင့် သူတို့သည် မြင်းနှင့်အတူပြေးလွှားရင်း ရန်သူများကိုခုတ်ထစ်ကာ မူးဝေအောင်ပြုလုပ်ပြီး သူတို့၏အသက်များကိုအလွယ်တကူနှုတ်ယူနိုင်ပေသည်။ဤကမ္ဘာကြီး၌ လူသားသူရဲကောင်းများသည်ပင် ထိုသို့သောတိုက်ခိုက်မှုအား ခုခံရန်ခက်ခဲမှာဖြစ်သည်။

ထိုသို့သောကျွမ်းကျင်မှုကြောင့် အမာခံမြင်းတပ်သား၅ဦးပူးပေါင်းတိုက်ခိုက်ပါက တတိယအဆင့်သူရဲကောင်းတစ်ဦးသည်ပင် သေဆုံးရလိမ့်မည်ဟုရှောင်ယုယုံကြည်ပေသည်။

သို့သော် သူတို့၏ညဏ်ရည်သည်နိမ့်ကျနေပေရာ သူတို့သည်ရှောင်ယုတွေးထားသကဲ့သို့ တိုက်ခိုက်ရန်မဖြစ်နိင်ပေ။မည်သို့ပင်ဆိုစေ သူတို့သာအဆင့်၁၀သို့ရောက်ရှိလာခဲ့ပါက ရှောင်ယု၏အစွမ်းထက်သောဝှက်ဖဲတစ်ခုဖြစ်လာရမည်ဟု ယုံကြည်မှုရှိခဲ့သည်။

ထိုသို့သောစစ်သည်များ၏ခွန်အားကြောင့် ဂိမ်းစနစ်ကဆင့်ခေါ်န်ိုင်သော စစ်သည်အရေအတွက်အား ကန့်သတ်ထားခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက ရှောင်ယုသည်စစ်သည်အမြောက်အများကို ဆင့်ခေါ်ကာတစ်ကမ္ဘာလုံးက်ို အုပ်စိုးသိမ်းပိုက်နိုင်မှာဖြစ်သည်။

အမာခံမြင်းတပ်သားများသည် တိုက်ပွဲများများစားစား ဖြတ်သန်းခဲ့ရခြင်းမရှိပေ။ထို့ပြင် သူတို့သည် တိုက်ပွဲအကြီးစားများကို ဖြတ်သန်းခဲ့ရခြင်းမရှိပေရာ တပ်ဖွဲ့ဝင်အနည်းငယ်သည်သာ အဆင့်၃သို့ရောက်ရှိခဲ့သည်။မည်သို့ပင်ဆိုစေကာမူ သူတို့သည်အလွန်အစွမ်းထက်ကြပေသည်။ရှောင်ယုထံတွင် အမာခံမြင်းတပ်သားအရေအတွက် နည်းပါးသော်လည်း ကျိုးကြောင်းဆီလျော်သောနည်းဗျူဟာကြောင့် ကောင်းကောင်းမွန်မွန်တိုက်ပွဲဝင်နိုင်ပေသည်။

ရှောင်ယုသည် သူ၏အမာခံမြင်းတပ်သား၄၅၀ဖြင့် ရန်သူများအားထိပ်တိုက်ရင်ဆိုင်ရန် မစဉ်းစားထားပေ။သူသည် လှည့်ကွက်များကိုအသုံးပြုကာ သူ၏တပ်သားများကို အရန်လက်နက်အဖြစ်အသုံးပြုစေခဲ့သည်။

စုဘာရူသည် စခန်း၏တံခါးဝသို့ ကိုယ်တ်ိုင်ထွက်စောင့်ကာ ရှောင်ယု၏ပူးပေါင်းမှုအား ကြိုဆိုခဲ့သည်။ရှောင်ယု၏ အမာခံမြင်းတပ်သားများသည် သူ့အတွက် ကြီးမားသောအကူအညီပင်ဖြစ်သည်။ဓားပြများသည် ဓားပြများသာဖြစ်သည်။သူတို့အားပုံမှန်လေ့ကျင့်ထားသော စစ်တပ်တစ်ခုနှင့်နှိုင်းယှည်ရန် မသင့်တော်ပေ။သူတို့အကြားတွင် တိကျသောကွာဟချက်တစ်ခုရှိနေခဲ့သည်။ထိုဓားပြများ၌ ပိုမိုကောင်းမွန်သောကိရိယာများ ရှိနေနိုင်သော်လည်း တိုက်ပွဲဝင်ရာတွင်နိမ့်ကျပေသည်။

"ဟားဟား...စစ်သူကြီးကျန်းရဲ့နာမည်ကို ကြားဖူးနေတာအတော်ကြာပြီ...ဒီနေ့မင်းကိုလူကိုယ်တ်ိုင်မြင်တွေ့ခွင့်ရတာ စိတ်လှုပ်ရှားစရာပဲ..."

စုဘာရူသည် ရှောင်ယုအားပွေ့ဖက်ရင်း ဝမ်းသာစွာရယ်မောလိုက်သည်။

ရှောင်ယုသည် စုဘာရူထံတွင် ဂုဏ်သိက္ခာနှင့်ထွားကြိုင်းသောခန္ဓာကိုယ်အားပိုင်ဆ်ိုင်ထားကြောင်း သတိပြုမိပေသည်။ထို့ပြင် သူ၏အပြုအမူနှင့်နုတ်ထွက်စကားများ၌ ပြင်းထန်သောယုံကြည်မှုကိုထုတ်ပြခဲ့သည်။ထိုသို့သောခေါင်းဆောင်မျိုးသည် ပါရမီပြည့်ဝပြီး လူအများကသူရဲကောင်းအဖြစ် ချီးမြောက်ကြမည်ဖြစ်သည်။စုဘာရူသည် လူပေါင်းများစွာကိုစုစည်းနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ရှောင်ယုကပြုံးကာ ပြန်ပြောလိုက်သည်။

"ခေါင်းဆောင်ရဲ့နာမည်ကိုလည်း ကြားဖူးနေတာကြာပါပြီ...မင်းကဂုဏ်သတင်းထွက်နေသလိုမျိုး ထိုက်တန်လှပါတယ်....အနာဂတ်မှာမင်းရဲ့အစီအစဉ်တွေကိုချမှတ်တဲ့အခါကျ ရင် ငါကအသုံးတည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

စုဘာရူသည် စခန်းအတွင်းသို့ဝင်လာလာချင်း ရှောင်ယုကသူ့နံဘေး၌လိုက်ပါလာခဲ့သည်။

"ငါ့ရဲ့ဘေးမှာ စစ်သူကြီးကျန်းပါလာသရွေ့ အနောက်မြေရိုင်းဒေသကိုသိမ်းပိုက်အုပ်စိုးဖို့ဆိုတာက မကြာခင်ဖြစ်လာမယ်လို့ငါယုံကြည်တယ်...ငါတို့ကိုဘယ်သူကမှတားဆီးန်ိုင်မှာ မဟုတ်ဘူး"

ရှောင်ယုသည် အရပ်ရှည်သော်လည်း သူသည်စုဘာရူနှင့်ယှဉ်လျင် အနည်းငယ်နိမ့်ကျနေပေသည်။

သူတို့နှစ်ယောက်သည် အချင်းချင်းစကားပြောနေစဉ် စခန်းအတွင်းသို့တဖြည်းဖြည်းဝင်လာကြသည်။စုဘာရူသည် ရှောင်ယုအားကြိုဆိုရန် ညစာစားပွဲတစ်ခုပြုလုပ်ခဲ့သည်။ရှောင်ယုသည် စုဘာရူနှင့်အတူ တွဲလုပ်ရင်း အခြားသောခေါင်းဆောင်များ၏အကြောင်းက်ိုသိရှိရန် အခွင့်အလမ်းရယူခဲ့သည်။

စုဘာရူသည် သူ၏အုပ်ချုပ်မှုအောက်ရှိ ဓားပြစခန်းငယ်များကို ဖြိုခွဲရန်အတွက် မုန်လာဥနှင့်တုတ်နည်းလမ်းကို အသုံးပြုကာ ခြင်္သေ့နယ်မြေရှိစစ်ပွဲကိုအသုံးပြုခဲ့သည်။ထို့နောက် သူတို့အားလုံးက်ို သူ၏သိမ်းငှက်ဓားပြအဖွဲ့ထံပါဝင်စေခဲ့သည်။သို့သော်လည်း အလယ်အလတ်ဓားပြအုပ်စုများသည် စုဘာရူ၏အုပ်ချုပ်မှုကိုလက်ခံရန် ဆန္ဒမရှိခဲ့ပေ။သူတို့သည် သူတို့၏ကိုယ်ပိုင်နယ်မြေတွင် အာဏာရှင်တစ်ပါးဖြစ်ပေရာ အခြားသူတစ်ယောက်၏လက်အောက်၌ တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိပေ။

သို့သော်လည်း ရှောင်ယု၏ပြင်းထန်သော တိုက်ခိုက်မှုများသည် ခပ်စိတ်စိတ်ဖြစ်ပေါ်လာသည့်အတွက်ကြောင့် အလယ်အလတ်ဓားပြစခန်းများသည် မခုခံနိုင်တော့ပေ။ထို့ပြင် ရှောင်ယုသည် လမင်းပစ်ခတ်သူများနှင့်ဖြိုဖျက်သူများကို ထိုတိုက်ပွဲများတွင် အသုံးပြုခဲ့ပေသည်။ထို့ကြောင့် အဆိုပါအလယ်အလတ်ဓားပြစခန်းများသည် အချင်းချင်းစုစည်းရန်သို့မဟုတ် ရှောင်ယုအားတန်ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုကာလအတွင်း ရှောင်ယုသည် အလယ်အလတ်ဓားပြစခန်း ၂၀ကျော်နှင့်မရေမတွက်နိုင်သော အုပ်စုငယ်များစွာကိုလုယူခဲ့ကာ သူတို့၏ရတနာများစွာကို ရရှိခဲ့သည်။

အလယ်အလတ်ဓားပြစခန်းများသည် နှစ်ပေါင်းများစွာတည်ရှိလာခဲ့ခြင်းဖြစ်ကာ သူတို့၏သိုလှောင်ရုံများတွင် မရေမတွက်နိုင်သောစည်းစိမ်ဥစ္စာများ လုယူစုဆောင်းထားခဲ့သည်။သို့သော်လည်း ထိုစုဆောင်းမှုသည် ရှောင်ယုအတွက်သာဖြစ်သွားခဲ့ရသည်။ယခုအခါ ခြင်္သေ့မြို့၏ဂိုဒေါင်များ၌ ရှေးဟောင်းပစ္စည်းများ၊အလှကုန်များ၊လက်ဝတ်ရတနာများနှင့်အခြားအဖိုး တန်ပစ္စည်းများ အမြောက်အများသိမ်းဆည်းထားပြီးဖြစ်သည်။

ခြင်္သေ့မြို့အား ရှောင်ကျန်းထျန်မတည်ထောင်မှီက စုဘာရူတို့ကဲ့သို့ ဓားပြအုပ်စုအမြောက်အများရှိခဲ့ပေသည်။သူတို့စုဆောင်းထားသော ရတနာများ၏ကြွယ်ဝမှုသည် သာမန်အုပ်စုများထက် များစွာသာလွန်ပေသည်။

အနောက်မြေရိုင်းဒေသသည် ရှုပ်ထွေးသောနေရာတစ်ခုဖြစ်ပေသည်။ထိုနယ်မြေသည် အနောက်တိမ်တိုက်အင်ပါယာနှင့် ကြားခံနေရာတစ်ခုဖြစ်ရာ နိုင်ငံရေး၊စီးပွားရေးရှုထောင့်မှကြည့်လျင် အလွန်ဗျူဟာမြောက်သောနယ်မြေဖြစ်သည်။သို့သော် အတိုချုပ်ပြောရမည်ဆိုပါက အနောက်မြေရိုင်းဒေသသည် လွယ်လွယ်ကူကူပေါင်းစည်း၍မရသော နယ်မြေဖြစ်သည်။

အစောပိုင်းတွင် ရှောင်ကျန်းထျန်သည် အနောက်မြေရိုင်းဒေသကို ပေါင်းစည်းပြီး ခိုင်မာသောအုပ်ချုပ်ခံပြည်နယ်တစ်ခုအား ထူထောင်လိုသည့် ရည်မှန်းချက်အပြည့်ရှိခဲ့သည်။သို့သော်လည်း သူသည်ပြသနာများစွာကြုံတွေ့ခဲ့ရသည်။ခြင်္သေ့နယ်မြေသည် မြုံနေပြီး စစ်သားအလုံအလောက်မစုဆောင်းနိုင်ခဲ့ပေ။စစ်သားများစုဆောင်းနိုင်သည့်အချိန်တွင်လည်း ၎င်းတို့အားကျွေးမွေးရန် အရင်းအမြစ်များ အကန့်အသတ်ရှိခဲ့ပေသည်။

ထိုအချိန်တွင် စုဘာရူတို့ဦးဆောင်သော ဓားပြအုပ်စုကြီးအနည်းငယ်သည် ရှောင်ကျန်းထျန်အား ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြသည်။ထိုရှံးနိမ့်မှုကြောင့် ရှောင်ကျန်းထျန်သည် စိတ်ဓာတ်ကျသွားခဲ့ကာ နောက်ဆုံးတွင်သေဆုံးသွားခဲ့ရသည်။

၎င်းတို့သည် ဓားပြများသာဖြစ်သော်လည်း အရေအတွက်အားဖြင့်ဆိုပါက ရှောင်ကျန်းထျန်၏တပ်များထက် အဆအနည်းငယ်ပိုများပေသည်။ထို့ကြောင့် သူတို့သည် ထိပ်တန်းစစ်ရေးနည်းဗျူဟာများကို အသုံးမပြုနိုင်သော်လည်း လူပင်လယ်လယ်နည်းဖြင့် တိုက်ခိုက်ခဲ့သည်။ထို့ပြင် ရှောင်ကျန်းထျန်၏တပ်ကိုယာယီတပ်သားများဖြင့် ဖွဲ့စည်းထားကာ သင့်လျော်သောလေ့ကျင့်မှုမရသေး၍ ရှောင်ကျန်းထျန်သည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ ထိပ်တန်းစစ်သူကြီးဖြစ်လျှင်ပင် အရေးမသာခဲ့ပေ။

ဓားပြများသည် ရှောင်ကျန်းထျန်အားသတ်ဖြတ်ကာ နယ်မြေကိုသိမ်းပိုက်စိုးမိုးရန်ပင် ကြိုးစားခဲ့သည်။သို့သော်လည်း အင်ပါယာတစ်ခု၏ မြို့စားကြီးကိုသတ်ဖြတ်ခြင်းက သူတို့အပေါ် ခရူးဆိတ်စစ်ပွဲဆင်နွဲလာစေရန် ကောင်းကင်ခြင်္သေ့မင်းဆက်အား တွန်းအားပေးမိမည်ကိုစိုးရိမ်ခဲ့သည်။ထို့ပြင် ခြင်္သေ့မြို့သည် အနောက်မြောက်ပိုင်းအစွန်းတွင်ရှိ၍ သူတို့အတွက်ခြိမ်းခြောက်မှုများစွာမရှိလေရာ ထိုအကြံအစည်အားစွန့်လွှတ်ခဲ့သည်။

သို့သော် အဖေဖြစ်သူသေဆုံးပြီးနောက် သားဖြစ်သူရှောင်ယုက အလားတူလုပ်ဆောင်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

...

...

ရှောင်ယုသည် စုဘာရူအားမကျေမနပ်ဖြစ်နေပုံရသော အခြားခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ဤဓားပြမဟာမိတ်သည် အပြင်ပိုင်းတွင်အလွန်ခိုင်မာနေပုံရသော်လည်း အတွင်းပိုင်းတွင်မူ အလွန်ပင်မတည်မငြိမ်ဖြစ်နေခဲ့သည်။ထိုဓားပြမဟာမိတ်ကိုဖြိုခွဲရန်အတွက် အတွင်းပိုင်း၌ အနည်းငယ်သွေးထိုးပေးရန်သာလိုကြောင်း ရှောင်ယုနားလည်ပေသည်။

"သူတို့ရဲ့ရည်ရွယ်ချက်ကို နားမလည်ဘူးဆ်ိုရင် အရင်ဘဝကငါတက္ကသိုလ်တက်ခဲ့တာတွေ အလကားဖြစ်ကုန်မှာပေါ့..."

အခန်း ၁၁၄ - သွေးထိုးလှုံဆော်ခြင်း

ညစာစားချိန်၌လေထုသည် အလွန်ပင်နှစ်လိုဖွယ်ကောင်းနေခဲ့သည်။ဤနေရာရှိခေါင်းဆောင်အများစုသည် ရှောင်ယုအပေါ်အထင်ကောင်းရှိခဲ့ကြသည်။ယနေ့တွင် ရှောင်ယုသည် အမာခံမြင်းတပ်သား၄၅၀ကို ခေါ်ဆောင်လာခဲ့သည်။အလယ်အလတ်ဓားပြအုပ်စုခေါင်းဆောင်၏လက်အောက်တွင် ထောင်သောင်းနှင့်ချီသောဓားပြများရှိနေခဲ့သည်။ရှောင်ယု၏အမာခံမြင်းတပ်သားများနှင့်သူ၏အဆင့်အတန်းတို့ကြောင့် ဤနေရာတွင်ဓားပြအုပ်စုငယ်တစ်ခု၏ ခေါင်းဆောင်အဖြစ်သတ်မှတ်နိုင်ပေသည်။သို့သော် အမာခံမြင်းတပ်သားများကြောင့် သူ၏အဆင့်အတန်းက အနည်းငယ် မြင့်မားပေသည်။သို့သော် ရှောင်ယုကမူ ဤဓားပြများနှင့်ပူးပေါင်းရန် ဆန္ဒမရှိ၍ ထိုကိစ္စကို စိတ်မပူခဲ့ပေ။

ထို့ကြောင့် ရှောင်ယုသည် လင်းယုန်ဓားပြစခန်း၌သာ ဆက်လက်နေထိုင်ခဲ့ပြီး လုပ်စရာမရှိသောအချိန်များတွင် မြင်းတပ်သားများအားလေ့ကျင့်ပေးလေ့ရှိသည်။ရှောင်ယုသည် ထိုသို့လေ့ကျင့်ပေးနေရင်း စခန်းတစ်ခုလုံး၏အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ဓားပြစခန်း၏အားနည်းချက်များကို ဆက်လက်ရှာဖွေရန်ကြိုးပမ်းခဲ့သည်။

သို့သော် ဤဓားပြစခန်း၏တံတိုင်းအမြင့်နှင့်အထူသည် ခြင်္သေ့မြို့နှင့်နှိုင်းယှဉ်ပါက များစွာပိုမိုအားကောင်းကြောင်း တွေ့ရှိခဲ့ရ၍ ရှောင်ယုအံ့အားသင့်ခဲ့ရသည်။အကယ်၍ ဓားပြစခန်းကိုတိုက်ခိုက်ရန် အံ့အားသင့်ဖွယ်နည်းလမ်းတစ်ခု မရှာဖွေနိုင်ခဲ့ပါက ဓားပြစခန်း၏ရှေ့မျက်နှာကိုရင်ဆိုင်တိုက်ခိုက်ရန် တပ်သား၅၀၀၀၀ခန့်လိုအပ်မှာဖြစ်သည်။

ထုံးစံအတိုင်း ဤဓားပြစခန်းကို စုဘာရူကိုယ်တိုင်တည်ဆောက်ထားခြင်းမဟုတ်ပေ။ဤစခန်းကိုတည်ဆောက်ခဲ့သော ယခင်ခေါင်းဆောင်ဖြစ်သူသည် အသက်ကြီး၌သေဆုံးသွားပြီဖြစ်သည်။စုဘာရူသည် ရာဇပလ္လင်ဆီသွားရာလမ်းတွင် သူ၏ပြိုင်ဘက်များကို ဖယ်ရှားကာ ခေါင်းဆောင်နေရာကိုအရယူခဲ့သည်။

ရှောင်ယုသည် ဒုတိယအစီအစဉ်ဖြင့် ဆက်လက်လုပ်ဆောင်ရန်ရွေးချယ်လိုက်သည်။သူသည် အခြားဓားပြအုပ်စုများ၏ခေါင်းဆောင်များနှင့် စတင်ပြောဆိုလာခဲ့သည်။

အပေါ်ယံတွင် ထိုသို့ပြောဆ်ိုဆက်ဆံခြင်းသည် ရိုးသားသည်ဟုထင်ရသော်လည်း ရှောင်ယုသည် လျှပ်စီးပေဟုခေါ်သော ခေါင်းဆောင်တစ်ယောက်ကို အလေးပေးချည်းကပ်ခဲ့သည်။ထိုလူ၏လက်အောက်တွင် ဓားပြ၁၀၀၀၀ကျော်ရှိကာ ပုန်ကန်တတ်သောစရိုက်ရှိပြီး စုဘာရူကိုလည်းမကျေနပ်ပုံရပေသည်။ရှောင်ယုသည် ညစာစားပွဲ၌ လျှပ်စီးပေး၏ စုဘာရူအပေါ်မကျေနပ်ချက်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသည်။

"တောင်းပန်ပါတယ်...တကယ်တောင်းပန်ပါတယ်...ခေါင်းဆောင်ပေရဲ့ အဝတ်အစားတွေဟာ ရွှေပြားထောင်ချီတန်ဖိုးရှိလောက်တယ်...ခေါင်းဆောင်ပေဘက်က ငါ့ကိုခွင့်လွှတ်ပေးနိုင်ဖို့အတွက် ငါ့ဘက်ကရွှေပြား၂၀၀၀၀လက်ဆောင်ပေးပါမယ်"

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။

လျှပ်စီးပေသည် ပြီးခဲ့သောညစာစားပွဲတွင် စုဘာရူနှင့်အလွန်ရင်းနှီးနေသည်ကို တွေ့မြင်ပြီးစဉ်ကတည်းက ရှောင်ယုအပေါ်အမြင်မကြည်ခြင်းဖြစ်သော်လည်း ယခုရှောင်ယု၏စကားကလည်း သူ့ရင်ထဲရှိဒေါသမီးကို အတန်ငယ်လျော့နည်းစေခဲ့သည်။

"လမ်းလျှောက်တဲ့အခါ သတိထားပါ...အခြားအဖွဲ့ကလူရမ်းကားတွေနဲ့တွေ့ရင် မင်းရဲ့အသက်ကိုတောင်အာမမခံန်ိုင်ဘူး..."

လျှပ်စီးပေသည် ရှောင်ယုအားစိုက်ကြည့်ကာ သတိပေးလိုက်သည်။

ရှောင်ယုက အလျင်အမြန်ပြန်ပြောလိုက်သည်။

"အမှန်ပဲ...ဒီညီငယ်လေးက ခေါင်းဆောင်ပေရဲ့သွန်သင်ဆုံးမမှုတွေကို မှတ်ထားပါမယ်...ကျနော်ကအသစ်ဆိုတော့ ခေါင်းဆောင်ပေတို့ထုတ်ပြန်ထားတဲ့ စည်းကမ်းအများစုကိုနားမလည်သေးဘူး...အနာဂတ်မှာခေါင်းဆောင်ပေက ကျနော့်ကိုဂရုစိုက်ပေးဖို့မျှော်လင့်ပါတယ်"

လျှပ်စီးပေသည် ရှောင်ယုအား သံသယစိတ်ဖြင့်စိုက်ကြည့်လိုက်သည်။

"မင်းကစုဘာရူနောက်ကိုလိုက်နေတာမဟုတ်လား....ဘာလ်ို့ငါ့ကဂရုစ်ိုက်ပေးရတာလဲ..."

ရှောင်ယုကပြုံးပြီး အဖြေပေးလိုက်သည်။

"ခေါင်းဆောင်ပေက ဒီကိစ္စကိုအလေးအနက်မထားဖို့ ငါမျှော်လင့်ပါတယ်...စုဘာရူကငါ့လိုလူမျိုးကို ဘယ်လိုဖြစ်ပြီးအာရုံစိုက်နေမှာလဲ...သူကသာအတင်းအကျပ်ဖိတ်ခေါ်တာ မဟုတ်ရင် ငါဒီကိုရောက်မလာဘူး..."

ရှောင်ယုသည် လျှပ်စီးပေ၏နှလုံးသားထဲရှိ အကြိတ်အခဲကိုဖော်ထုတ်လိုက်သည်။ထိုသို့မဟုတ်ပါက ယခုလိုလာရောက်တွေ့ဆုံမှာမဟုတ်ပေ။

လျှပ်စီးပေသည် ရှောင်ယု၏မျက်လုံးများရှိ အလင်းရောင်ကို သတိမထားမိလိုက်ပေ။

"ငါတို့ရဲ့အဓိကရည်ရွယ်ချက်က ခြင်္သေ့နယ်မြေကိုဖျက်ဆီးဖို့ဆိုပြီး စုဘာရူကအမြဲပြောပြောနေတယ်...ဒါပေမဲ့ ခုချိန်ထိသူ့ကတိကိုရှောင်ရှားဖို့ အကြောင်းပြချက်အမျိုးမျိုးကို အသုံးပြုနေခဲ့တာပဲ...ငါတို့ကခုထိခြင်္သေ့မြို့ကိုမတိုက်ရသေးဘူး...သူကအဖွဲ့ ငယ်လေးတွေ အများကြီးကိုဝါးမြိုပြီးနေပြီ"

ရှောင်ယုသည် သူ့စိတ်ထဲတွင်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒါကငါလိုချင်တာပဲ...ဟားဟား....နတ်ဘုရားတွေကိုကျေးဇူးတင်တယ်"

"ခေါင်းဆောင်ပေ....ငါကအဖွဲ့လေးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လို့ ခုလိုဖရိုဖရဲဖြစ်နေတဲ့ကာလမှာ ခိုလုံဖို့အတွက် အမှီအခိုကောင်းတစ်ခုကိုလိုက်ရှာနေရတာပေါ့...ဒါပေမဲ့မင်းလိုသူရဲကောင်းကိုတော့ ထပ်ပြီးတွေ့မြင်ရမှာမဟုတ်တော့ဘူး...ဒါ့အပြင် စုဘာရူရဲ့အဖွဲ့ဟာ တခြားအဖွဲ့တွေထက်ပိုပြီးအားကောင်းနေပြီ...စုဘာရူကမဟာမိတ်ထဲမှာရှိနေတဲ့ ဓားပြအဖွဲ့တွေအားလုံးက်ို တစ်ခါတည်းဝါးမြိုဖို့ အကြောင်းပြချက်တစ်ခုကိုရှာနေတာပဲ...သူကအနောက်မြေရိုင်းဒေသရဲ့ဘုရင်ဖြစ်ချင်နေတာထင်တယ်"

ရှောင်ယု၏မှတ်ချက်သည် ပေါင်မုန့်အားထောပတ်သုတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

လျှပ်စီးပေသည် အနီးပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ကာ မည်သူမှမတွေ့လိုက်မှ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

"မင်းပြောတာအမှန်ပဲ....ဒါပေမဲ့သူကဘယ်တော့မှ ငါတို့ရဲ့စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်လာမှာမဟုတ်ဘူး...သူကဒီနေရာကို အရင်အဖွဲ့ခေါင်းဆောင်ဆီက ဆက်ခံရရှိခဲ့တာပဲ....ငါတို့ကတော့ အောက်ခြေကနေပြီးအထက်ကိုရောက်အောင် သေလုနီးပါးကြိုးစားခဲ့ရတယ်...သူကဘယ်လိုဖြစ်ပြီး ငါတို့ထက်သာလွန်ချင်နေရတာလဲ"

ရှောင်ယုသည် သူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသော အမူအရာအားဖော်ဆောင်လိုက်ကာ သက်ပြင်းချလိုက်သည်။

"ကံမကောင်းစွာဘဲ....ငါဒီနေရာကိုရောက်လာကတည်းက ထွက်လမ်းမရှိတော့ဘူး...အရင်ကတော့စုဘာရူက ငါ့ကိုကတိတွေပေးခဲ့ပေမဲ့ ခုချိန်မှာတော့ အဲ့ကတိတွေကလေတိုက်သလိုဖြစ်သွားခဲ့ပြီ"

လျှပ်စီးပေသည် အေးစက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။

"ဒါမျိုးကိုငါတို့ဆက်အဖြစ်မခံန်ိုင်ဘူး...ဒါပေမဲ့ ဒီလိုဆုံးဖြတ်ချက်ကိုချမှတ်ဖို့အတွက် ငါတစ်ယောက်တည်းမဖြစ်နိုင်ဘူး...အခြားခေါင်းဆောင်တွေနဲ့လက်တွဲလိုက် မယ်ဆိုရင်တော့ ငါတို့လိုချင်တာကိုရဖို့ ယုံကြည်မှုရှိတယ်"

ရှောင်ယုသည် ခေါင်းခါလိုက်ကာ ဖျောင်းဖြလိုက်သည်။

"အစ်ကိုကြီး...မင်းကိုငါအစ်ကိုကြီးပေလို့ပဲခေါ်လိုက်တော့မယ်...အစ်ကိုကြီးပေရဲ့နှလုံးသားက စုဘာရူရဲ့ကောက်ကျစ်တဲ့အကြံတွေကို နားမလည်န်ိုင်လောက်အောင် သန့်ရှင်းလွန်းနေတာပဲ...ငါဒီကိုရောက်နေတာ ရက်အတော်ကြာပြီမလို့ အဖွဲ့ငယ်လေးတွေဘယ်လိုဖြစ်နေတယ်ဆိုတာ ငါသိထားပြီးပြီ...အပေါ်ယံမှာတော့ သူတို့ကတပ်ဖွဲ့က်ိုချဲ့ထွင်တယ်လို့အမည်တပ်ပြီး ငါ့ရဲ့တပ်သားတွေကို မတူတဲ့အဖွဲ့တွေဆီခွဲဝေပေးလိုက်တယ်...ငါတို့ကဓားပြတွေဆိုတော့ ဒီတပ်သားတွေဘယ်သူ့နောက်ကိုလိုက်သလဲဆိုတာ ဂရုမစိုက်ဘူး...သူတို့ကလည်းသူတို့ကို ကောင်းကောင်းဆက်ဆံတဲ့သူကိုမှ လိုက်ရှာကြလိမ့်မယ်....စုဘာရူလိုလူက အကြံတော်တော်ကြီးတာဆိုတော့ မကြာခင်မှာပဲ ငါ့ရဲ့တပ်သားတွေကငါ့အမိန့်ကို နာခံတော့မှာမဟုတ်ဘူး..."

ထိုစကားကိုကြားချိန်တွင် လျှပ်စီးပေကဒေါသထွက်သွားခဲ့သည်။

"သေစမ်း စုဘာရူ...ငါ့အမိန့်အောက်ကခေါင်းဆောင်အနည်းငယ်ကိုသူလျှို့ဝှက်ဆက် သွယ်ကတည်းက ငါရိပ်မိသင့်တာ..."

ရှောင်ယုသည် လျှပ်စီးပေ၏ပုခုံးကိုပုတ်လိုက်သည်။

"အစ်ကိုကြီးပေ...ဒီမဟာမိတ်အဖွဲ့ကိုဝင်ခဲ့မိတာ ငါ့ရဲ့တစ်ခုတည်းသောနောင်တပဲ...အစ်ကိုသာဒီကနေထွက်ဖို့ နည်းလမ်းရခဲ့ပြီဆိုရင် ဒီညီလေးကိုခေါ်သွားဖို့မမေ့ပါနဲ့...ငါဒီမှာမနေချင်ပေမဲ့ ငါ့ရဲ့ခွန်အားကဒီနေရာကရုန်းထွက်ဖို့မလုံလောက်ဘူး...ငါ့ရဲ့တပ်တွေကိုအားကိုးပြီး ဒီကနေထွက်ပြေးဖို့ကြိုးစားရင် အစ်ကိုကြီးပေကညီလေးရဲ့အလောင်းကိုပဲ တွေ့မြင်ရလိမ့်မယ်"

လျှပ်စီးပေသည် တံတွေးထွက်လုမတတ် ကျိန်ဆဲလိုက်သည်။

"ငါသိနေတယ်...မကြာသေးခင်က ခေါင်းဆောင်ကောဘ်ဂ့်က အဖွဲ့ကနေထွက်သွားပြီး နောက်တစ်နေ့မှာ ခြင်္သေ့မြို့ကတပ်တွေက သူ့ကိုသတ်ခဲ့တဲ့သတင်းငါကြားခဲ့သေးတယ်....စဉ်းစားကြည့်ရင် ခြင်္သေ့မြို့ကတပ်တွေက ဒီလောက်ဝေးဝေးထိရောက်လာစရာ အကြောင်းမရှိဘူး....သေချာတာကတော့ စုဘာရူကသူ့ကိုသတ်ဖို့ လူတွေစေလွှတ်ခဲ့တာပဲ...သူ့ရဲ့အုပ်ချုပ်မှုကိုမကျေနပ်တဲ့လူတွေကို သတိပေးဖို့အတွက် ခုလိုလုပ်ခဲ့တာပဲဖြစ်ရမယ်"

ရှောင်ယုသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း သူ၏မျက်နှာပေါ်တွင် တည်ငြိမ်သောအမူအရာကို ဖော်ဆောင်ထားခဲ့သည်။

"အစ်ကိုပေ စိတ်ဆိုးမနေပါနဲ့တော့...ဒီအကြောင်းကိုတခြားလူကြားသွားရင် ငါတို့နှစ်ယောက်လုံးအဆုံးသတ်သွားလိမ့်မယ်....ဒါကစုဘာရူရဲ့စခန်းဖြစ်သလို ငါတို့ရဲ့တပ်ဖွဲ့တွေဘယ်လောက်များများ သူ့ရဲ့ထိန်းချုပ်မှုအောက် ရောက်နေလဲမသိနိုင်ဘူး...ငါတို့သာစိတ်ထင်ရာလျှောက်လုပ်ရင် ငါတို့ပဲအရင်ဒုက္ခရောက်သွားလိမ့်မယ်"

လျှပ်စီးပေသည် ရှောင်ယု၏စကားများမှန်ကန်ကြောင်း နားလည်ထား၍ သူ၏ဒေါသကိုမြိုသိပ်လိုက်သည်။ယခင်ကသူသည် သူ၏အုပ်စုတွင် အကြွင်းမဲ့အာဏာကိုချုပ်ကိုင်ထားသော ဘုရင်ငယ်တစ်ပါးဖြစ်သော်လည်း ဤနေရာ၌မူအသုံးမဝင်သူဖြစ်ခဲ့ရသည်။

"စုဘာရူက ငါ့ရဲ့တပ်သားတွေကို ဝါးမြိုနိုင်မှာမဟုတ်ဘူး...ငါသေသွားမယ်ဆိုရင်တောင်မှ သူ့ကိုလွယ်လွယ်နဲ့ဝါးမြိုခွင့်မပေးဘူး.."

လျှပ်စီးပေက ခါးသီးသောလေသံဖြင့်ပြောလိုက်သည်။

ရှောင်ယုသည် လျှပ်စီးပေ၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။

"အစ်ကိုပေ...စိတ်ကိုထိန်း...အစ်ကိုပေသာဒီနေရာကထွက်သွားချင်ရင် ငါ့ဆီမှာနည်းလမ်းတော့ရှိတယ်...အစ်ကိုပေယုံပါမလား..."

လက်ရှိအချိန်တွင် ရှောင်ယုအပေါ်၌ လျှပ်စီးပေ၏မုန်းတီးမှုသည် လျော့နည်းသွားကာ စာနာစိတ်ဝင်လာခဲ့သည်။

"ပြောလေညီလေး..."

ရှောင်ယုသည် ပတ်ပတ်လည်ကိုတစ်ချက်စစ်ဆေးလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

"ငါ့မှာအစီအစဉ်လေးတစ်ခုတော့ရှိတယ်...စုဘာရူရဲ့လူတွေကို ပြန်ပြီးတွန်းလှန်နိုင်အောင် အကူအညီလေးတွေစုဆောင်းဖို့ အခွင့်အလမ်းရှာဖွေရမယ်...ငါတို့သာခုချိန်မှာတိုက်ခိုက်ရင် ရှံးနိမ့်မှာအသေအချာပဲ...ငါတို့က ငါတို့ရဲ့အစောပိုင်းအချိန်တွေကလို ဘာမှမရှိတာကနေပြန်စရလိမ့်မယ်"

လျှပ်စီးပေက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"စုဘာရူကိုငါတို့အနိုင်ရခဲ့ရင်တောင်မှ ငါတို့ကြီးကြီးမားမားဆုံးရှံးရမှာပဲ...ငါတို့ကမှန်ကန်တဲ့နည်းလမ်းတစ်ခုလိုတယ်..."

ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။

"ခုချိန်မှာ ငါစိတ်ကူးကောင်းကောင်းမရသေးဘူး...ဒါပေမဲ့ ဒီညငါတို့စားသောက်ပွဲတစ်ခုဆင်နွဲမယ်ဆိုရင် သင့်တော်တဲ့အစီအစဉ်တစ်ခုဆွဲနိုင်မှာပါ...ငါတို့က ငါတို့ရဲ့အစီအစဉ်မှာအခြားသူတွေကို ပါဝင်ပူးပေါင်းဖို့ဆွေးနွေးနိုင်မယ်ဆိုရင် ငါတို့ရဲ့အစီအစဉ်အောင်မြင်ဖို့ ပိုပြီးနီးကပ်လာလိမ့်မယ်...ဒီလိုအခြေအနေမျိုးမှာ စုဘာရူကငါတို့ကိုတားဆီးနိုင်မှာမဟုတ်ဘူး..."

လျှပ်စီးပေသည် ရှောင်ယုအားချက်ချင်းချီးကျူးလိုက်သည်။

"ညီလေးက ပညာရှိပဲ...ငါတကယ်လေးစားမိတယ်"

ရှောင်ယုက ကောက်ကျစ်စွာပြုံးလိုက်သည်။

"ငါကအစ်ကိုကြီးရဲ့အကူအညီကို တကယ်အားကိုးရမယ်...မင်းအတွက်ကြောင့်သာမဟုတ်ရင် ငါဒီလိုအစီအစဉ်ဆွဲမှာမဟုတ်ဘူး..."

ရှောင်ယုနှင့်လျှပ်စီးပေတို့သည် ထို့နေ့ညတွင် အရက်တူတူသောက်ခဲ့ကြကာ အချို့သောအကြောင်းအရာများကို အတူတကွဆွေးနွေးခဲ့ကြသည်။

All Chapters