← Chapters

အခန်း (၁၁၄-၁၁၆)

Vol. 8 Ch. 114-116

အခန်း (၁၁၄-၁၁၆)

Vol. 8 Ch. 114-116

အခန်း ၁၁၄ - သွေးထိုးလှုံဆော်ခြင်း

ညစာစားချိန်၌လေထုသည် အလွန်ပင်နှစ်လိုဖွယ်ကောင်းနေခဲ့သည်။ဤနေရာရှိခေါင်းဆောင်အများစုသည် ရှောင်ယုအပေါ်အထင်ကောင်းရှိခဲ့ကြသည်။ယနေ့တွင် ရှောင်ယုသည် အမာခံမြင်းတပ်သား၄၅၀ကို ခေါ်ဆောင်လာခဲ့သည်။အလယ်အလတ်ဓားပြအုပ်စုခေါင်းဆောင်၏လက်အောက်တွင် ထောင်သောင်းနှင့်ချီသောဓားပြများရှိနေခဲ့သည်။ရှောင်ယု၏အမာခံမြင်းတပ်သားများနှင့်သူ၏အဆင့်အတန်းတို့ကြောင့် ဤနေရာတွင်ဓားပြအုပ်စုငယ်တစ်ခု၏ ခေါင်းဆောင်အဖြစ်သတ်မှတ်နိုင်ပေသည်။သို့သော် အမာခံမြင်းတပ်သားများကြောင့် သူ၏အဆင့်အတန်းက အနည်းငယ် မြင့်မားပေသည်။သို့သော် ရှောင်ယုကမူ ဤဓားပြများနှင့်ပူးပေါင်းရန် ဆန္ဒမရှိ၍ ထိုကိစ္စကို စိတ်မပူခဲ့ပေ။

ထို့ကြောင့် ရှောင်ယုသည် လင်းယုန်ဓားပြစခန်း၌သာ ဆက်လက်နေထိုင်ခဲ့ပြီး လုပ်စရာမရှိသောအချိန်များတွင် မြင်းတပ်သားများအားလေ့ကျင့်ပေးလေ့ရှိသည်။ရှောင်ယုသည် ထိုသို့လေ့ကျင့်ပေးနေရင်း စခန်းတစ်ခုလုံး၏အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ဓားပြစခန်း၏အားနည်းချက်များကို ဆက်လက်ရှာဖွေရန်ကြိုးပမ်းခဲ့သည်။

သို့သော် ဤဓားပြစခန်း၏တံတိုင်းအမြင့်နှင့်အထူသည် ခြင်္သေ့မြို့နှင့်နှိုင်းယှဉ်ပါက များစွာပိုမိုအားကောင်းကြောင်း တွေ့ရှိခဲ့ရ၍ ရှောင်ယုအံ့အားသင့်ခဲ့ရသည်။အကယ်၍ ဓားပြစခန်းကိုတိုက်ခိုက်ရန် အံ့အားသင့်ဖွယ်နည်းလမ်းတစ်ခု မရှာဖွေနိုင်ခဲ့ပါက ဓားပြစခန်း၏ရှေ့မျက်နှာကိုရင်ဆိုင်တိုက်ခိုက်ရန် တပ်သား၅၀၀၀၀ခန့်လိုအပ်မှာဖြစ်သည်။

ထုံးစံအတိုင်း ဤဓားပြစခန်းကို စုဘာရူကိုယ်တိုင်တည်ဆောက်ထားခြင်းမဟုတ်ပေ။ဤစခန်းကိုတည်ဆောက်ခဲ့သော ယခင်ခေါင်းဆောင်ဖြစ်သူသည် အသက်ကြီး၌သေဆုံးသွားပြီဖြစ်သည်။စုဘာရူသည် ရာဇပလ္လင်ဆီသွားရာလမ်းတွင် သူ၏ပြိုင်ဘက်များကို ဖယ်ရှားကာ ခေါင်းဆောင်နေရာကိုအရယူခဲ့သည်။

ရှောင်ယုသည် ဒုတိယအစီအစဉ်ဖြင့် ဆက်လက်လုပ်ဆောင်ရန်ရွေးချယ်လိုက်သည်။သူသည် အခြားဓားပြအုပ်စုများ၏ခေါင်းဆောင်များနှင့် စတင်ပြောဆိုလာခဲ့သည်။

အပေါ်ယံတွင် ထိုသို့ပြောဆ်ိုဆက်ဆံခြင်းသည် ရိုးသားသည်ဟုထင်ရသော်လည်း ရှောင်ယုသည် လျှပ်စီးပေဟုခေါ်သော ခေါင်းဆောင်တစ်ယောက်ကို အလေးပေးချည်းကပ်ခဲ့သည်။ထိုလူ၏လက်အောက်တွင် ဓားပြ၁၀၀၀၀ကျော်ရှိကာ ပုန်ကန်တတ်သောစရိုက်ရှိပြီး စုဘာရူကိုလည်းမကျေနပ်ပုံရပေသည်။ရှောင်ယုသည် ညစာစားပွဲ၌ လျှပ်စီးပေး၏ စုဘာရူအပေါ်မကျေနပ်ချက်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသည်။

"တောင်းပန်ပါတယ်...တကယ်တောင်းပန်ပါတယ်...ခေါင်းဆောင်ပေရဲ့ အဝတ်အစားတွေဟာ ရွှေပြားထောင်ချီတန်ဖိုးရှိလောက်တယ်...ခေါင်းဆောင်ပေဘက်က ငါ့ကိုခွင့်လွှတ်ပေးနိုင်ဖို့အတွက် ငါ့ဘက်ကရွှေပြား၂၀၀၀၀လက်ဆောင်ပေးပါမယ်"

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။

လျှပ်စီးပေသည် ပြီးခဲ့သောညစာစားပွဲတွင် စုဘာရူနှင့်အလွန်ရင်းနှီးနေသည်ကို တွေ့မြင်ပြီးစဉ်ကတည်းက ရှောင်ယုအပေါ်အမြင်မကြည်ခြင်းဖြစ်သော်လည်း ယခုရှောင်ယု၏စကားကလည်း သူ့ရင်ထဲရှိဒေါသမီးကို အတန်ငယ်လျော့နည်းစေခဲ့သည်။

"လမ်းလျှောက်တဲ့အခါ သတိထားပါ...အခြားအဖွဲ့ကလူရမ်းကားတွေနဲ့တွေ့ရင် မင်းရဲ့အသက်ကိုတောင်အာမမခံန်ိုင်ဘူး..."

လျှပ်စီးပေသည် ရှောင်ယုအားစိုက်ကြည့်ကာ သတိပေးလိုက်သည်။

ရှောင်ယုက အလျင်အမြန်ပြန်ပြောလိုက်သည်။

"အမှန်ပဲ...ဒီညီငယ်လေးက ခေါင်းဆောင်ပေရဲ့သွန်သင်ဆုံးမမှုတွေကို မှတ်ထားပါမယ်...ကျနော်ကအသစ်ဆိုတော့ ခေါင်းဆောင်ပေတို့ထုတ်ပြန်ထားတဲ့ စည်းကမ်းအများစုကိုနားမလည်သေးဘူး...အနာဂတ်မှာခေါင်းဆောင်ပေက ကျနော့်ကိုဂရုစိုက်ပေးဖို့မျှော်လင့်ပါတယ်"

လျှပ်စီးပေသည် ရှောင်ယုအား သံသယစိတ်ဖြင့်စိုက်ကြည့်လိုက်သည်။

"မင်းကစုဘာရူနောက်ကိုလိုက်နေတာမဟုတ်လား....ဘာလ်ို့ငါ့ကဂရုစ်ိုက်ပေးရတာလဲ..."

ရှောင်ယုကပြုံးပြီး အဖြေပေးလိုက်သည်။

"ခေါင်းဆောင်ပေက ဒီကိစ္စကိုအလေးအနက်မထားဖို့ ငါမျှော်လင့်ပါတယ်...စုဘာရူကငါ့လိုလူမျိုးကို ဘယ်လိုဖြစ်ပြီးအာရုံစိုက်နေမှာလဲ...သူကသာအတင်းအကျပ်ဖိတ်ခေါ်တာ မဟုတ်ရင် ငါဒီကိုရောက်မလာဘူး..."

ရှောင်ယုသည် လျှပ်စီးပေ၏နှလုံးသားထဲရှိ အကြိတ်အခဲကိုဖော်ထုတ်လိုက်သည်။ထိုသို့မဟုတ်ပါက ယခုလိုလာရောက်တွေ့ဆုံမှာမဟုတ်ပေ။

လျှပ်စီးပေသည် ရှောင်ယု၏မျက်လုံးများရှိ အလင်းရောင်ကို သတိမထားမိလိုက်ပေ။

"ငါတို့ရဲ့အဓိကရည်ရွယ်ချက်က ခြင်္သေ့နယ်မြေကိုဖျက်ဆီးဖို့ဆိုပြီး စုဘာရူကအမြဲပြောပြောနေတယ်...ဒါပေမဲ့ ခုချိန်ထိသူ့ကတိကိုရှောင်ရှားဖို့ အကြောင်းပြချက်အမျိုးမျိုးကို အသုံးပြုနေခဲ့တာပဲ...ငါတို့ကခုထိခြင်္သေ့မြို့ကိုမတိုက်ရသေးဘူး...သူကအဖွဲ့ ငယ်လေးတွေ အများကြီးကိုဝါးမြိုပြီးနေပြီ"

ရှောင်ယုသည် သူ့စိတ်ထဲတွင်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒါကငါလိုချင်တာပဲ...ဟားဟား....နတ်ဘုရားတွေကိုကျေးဇူးတင်တယ်"

"ခေါင်းဆောင်ပေ....ငါကအဖွဲ့လေးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လို့ ခုလိုဖရိုဖရဲဖြစ်နေတဲ့ကာလမှာ ခိုလုံဖို့အတွက် အမှီအခိုကောင်းတစ်ခုကိုလိုက်ရှာနေရတာပေါ့...ဒါပေမဲ့မင်းလိုသူရဲကောင်းကိုတော့ ထပ်ပြီးတွေ့မြင်ရမှာမဟုတ်တော့ဘူး...ဒါ့အပြင် စုဘာရူရဲ့အဖွဲ့ဟာ တခြားအဖွဲ့တွေထက်ပိုပြီးအားကောင်းနေပြီ...စုဘာရူကမဟာမိတ်ထဲမှာရှိနေတဲ့ ဓားပြအဖွဲ့တွေအားလုံးက်ို တစ်ခါတည်းဝါးမြိုဖို့ အကြောင်းပြချက်တစ်ခုကိုရှာနေတာပဲ...သူကအနောက်မြေရိုင်းဒေသရဲ့ဘုရင်ဖြစ်ချင်နေတာထင်တယ်"

ရှောင်ယု၏မှတ်ချက်သည် ပေါင်မုန့်အားထောပတ်သုတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

လျှပ်စီးပေသည် အနီးပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ကာ မည်သူမှမတွေ့လိုက်မှ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

"မင်းပြောတာအမှန်ပဲ....ဒါပေမဲ့သူကဘယ်တော့မှ ငါတို့ရဲ့စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်လာမှာမဟုတ်ဘူး...သူကဒီနေရာကို အရင်အဖွဲ့ခေါင်းဆောင်ဆီက ဆက်ခံရရှိခဲ့တာပဲ....ငါတို့ကတော့ အောက်ခြေကနေပြီးအထက်ကိုရောက်အောင် သေလုနီးပါးကြိုးစားခဲ့ရတယ်...သူကဘယ်လိုဖြစ်ပြီး ငါတို့ထက်သာလွန်ချင်နေရတာလဲ"

ရှောင်ယုသည် သူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသော အမူအရာအားဖော်ဆောင်လိုက်ကာ သက်ပြင်းချလိုက်သည်။

"ကံမကောင်းစွာဘဲ....ငါဒီနေရာကိုရောက်လာကတည်းက ထွက်လမ်းမရှိတော့ဘူး...အရင်ကတော့စုဘာရူက ငါ့ကိုကတိတွေပေးခဲ့ပေမဲ့ ခုချိန်မှာတော့ အဲ့ကတိတွေကလေတိုက်သလိုဖြစ်သွားခဲ့ပြီ"

လျှပ်စီးပေသည် အေးစက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။

"ဒါမျိုးကိုငါတို့ဆက်အဖြစ်မခံန်ိုင်ဘူး...ဒါပေမဲ့ ဒီလိုဆုံးဖြတ်ချက်ကိုချမှတ်ဖို့အတွက် ငါတစ်ယောက်တည်းမဖြစ်နိုင်ဘူး...အခြားခေါင်းဆောင်တွေနဲ့လက်တွဲလိုက် မယ်ဆိုရင်တော့ ငါတို့လိုချင်တာကိုရဖို့ ယုံကြည်မှုရှိတယ်"

ရှောင်ယုသည် ခေါင်းခါလိုက်ကာ ဖျောင်းဖြလိုက်သည်။

"အစ်ကိုကြီး...မင်းကိုငါအစ်ကိုကြီးပေလို့ပဲခေါ်လိုက်တော့မယ်...အစ်ကိုကြီးပေရဲ့နှလုံးသားက စုဘာရူရဲ့ကောက်ကျစ်တဲ့အကြံတွေကို နားမလည်န်ိုင်လောက်အောင် သန့်ရှင်းလွန်းနေတာပဲ...ငါဒီကိုရောက်နေတာ ရက်အတော်ကြာပြီမလို့ အဖွဲ့ငယ်လေးတွေဘယ်လိုဖြစ်နေတယ်ဆိုတာ ငါသိထားပြီးပြီ...အပေါ်ယံမှာတော့ သူတို့ကတပ်ဖွဲ့က်ိုချဲ့ထွင်တယ်လို့အမည်တပ်ပြီး ငါ့ရဲ့တပ်သားတွေကို မတူတဲ့အဖွဲ့တွေဆီခွဲဝေပေးလိုက်တယ်...ငါတို့ကဓားပြတွေဆိုတော့ ဒီတပ်သားတွေဘယ်သူ့နောက်ကိုလိုက်သလဲဆိုတာ ဂရုမစိုက်ဘူး...သူတို့ကလည်းသူတို့ကို ကောင်းကောင်းဆက်ဆံတဲ့သူကိုမှ လိုက်ရှာကြလိမ့်မယ်....စုဘာရူလိုလူက အကြံတော်တော်ကြီးတာဆိုတော့ မကြာခင်မှာပဲ ငါ့ရဲ့တပ်သားတွေကငါ့အမိန့်ကို နာခံတော့မှာမဟုတ်ဘူး..."

ထိုစကားကိုကြားချိန်တွင် လျှပ်စီးပေကဒေါသထွက်သွားခဲ့သည်။

"သေစမ်း စုဘာရူ...ငါ့အမိန့်အောက်ကခေါင်းဆောင်အနည်းငယ်ကိုသူလျှို့ဝှက်ဆက် သွယ်ကတည်းက ငါရိပ်မိသင့်တာ..."

ရှောင်ယုသည် လျှပ်စီးပေ၏ပုခုံးကိုပုတ်လိုက်သည်။

"အစ်ကိုကြီးပေ...ဒီမဟာမိတ်အဖွဲ့ကိုဝင်ခဲ့မိတာ ငါ့ရဲ့တစ်ခုတည်းသောနောင်တပဲ...အစ်ကိုသာဒီကနေထွက်ဖို့ နည်းလမ်းရခဲ့ပြီဆိုရင် ဒီညီလေးကိုခေါ်သွားဖို့မမေ့ပါနဲ့...ငါဒီမှာမနေချင်ပေမဲ့ ငါ့ရဲ့ခွန်အားကဒီနေရာကရုန်းထွက်ဖို့မလုံလောက်ဘူး...ငါ့ရဲ့တပ်တွေကိုအားကိုးပြီး ဒီကနေထွက်ပြေးဖို့ကြိုးစားရင် အစ်ကိုကြီးပေကညီလေးရဲ့အလောင်းကိုပဲ တွေ့မြင်ရလိမ့်မယ်"

လျှပ်စီးပေသည် တံတွေးထွက်လုမတတ် ကျိန်ဆဲလိုက်သည်။

"ငါသိနေတယ်...မကြာသေးခင်က ခေါင်းဆောင်ကောဘ်ဂ့်က အဖွဲ့ကနေထွက်သွားပြီး နောက်တစ်နေ့မှာ ခြင်္သေ့မြို့ကတပ်တွေက သူ့ကိုသတ်ခဲ့တဲ့သတင်းငါကြားခဲ့သေးတယ်....စဉ်းစားကြည့်ရင် ခြင်္သေ့မြို့ကတပ်တွေက ဒီလောက်ဝေးဝေးထိရောက်လာစရာ အကြောင်းမရှိဘူး....သေချာတာကတော့ စုဘာရူကသူ့ကိုသတ်ဖို့ လူတွေစေလွှတ်ခဲ့တာပဲ...သူ့ရဲ့အုပ်ချုပ်မှုကိုမကျေနပ်တဲ့လူတွေကို သတိပေးဖို့အတွက် ခုလိုလုပ်ခဲ့တာပဲဖြစ်ရမယ်"

ရှောင်ယုသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း သူ၏မျက်နှာပေါ်တွင် တည်ငြိမ်သောအမူအရာကို ဖော်ဆောင်ထားခဲ့သည်။

"အစ်ကိုပေ စိတ်ဆိုးမနေပါနဲ့တော့...ဒီအကြောင်းကိုတခြားလူကြားသွားရင် ငါတို့နှစ်ယောက်လုံးအဆုံးသတ်သွားလိမ့်မယ်....ဒါကစုဘာရူရဲ့စခန်းဖြစ်သလို ငါတို့ရဲ့တပ်ဖွဲ့တွေဘယ်လောက်များများ သူ့ရဲ့ထိန်းချုပ်မှုအောက် ရောက်နေလဲမသိနိုင်ဘူး...ငါတို့သာစိတ်ထင်ရာလျှောက်လုပ်ရင် ငါတို့ပဲအရင်ဒုက္ခရောက်သွားလိမ့်မယ်"

လျှပ်စီးပေသည် ရှောင်ယု၏စကားများမှန်ကန်ကြောင်း နားလည်ထား၍ သူ၏ဒေါသကိုမြိုသိပ်လိုက်သည်။ယခင်ကသူသည် သူ၏အုပ်စုတွင် အကြွင်းမဲ့အာဏာကိုချုပ်ကိုင်ထားသော ဘုရင်ငယ်တစ်ပါးဖြစ်သော်လည်း ဤနေရာ၌မူအသုံးမဝင်သူဖြစ်ခဲ့ရသည်။

"စုဘာရူက ငါ့ရဲ့တပ်သားတွေကို ဝါးမြိုနိုင်မှာမဟုတ်ဘူး...ငါသေသွားမယ်ဆိုရင်တောင်မှ သူ့ကိုလွယ်လွယ်နဲ့ဝါးမြိုခွင့်မပေးဘူး.."

လျှပ်စီးပေက ခါးသီးသောလေသံဖြင့်ပြောလိုက်သည်။

ရှောင်ယုသည် လျှပ်စီးပေ၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။

"အစ်ကိုပေ...စိတ်ကိုထိန်း...အစ်ကိုပေသာဒီနေရာကထွက်သွားချင်ရင် ငါ့ဆီမှာနည်းလမ်းတော့ရှိတယ်...အစ်ကိုပေယုံပါမလား..."

လက်ရှိအချိန်တွင် ရှောင်ယုအပေါ်၌ လျှပ်စီးပေ၏မုန်းတီးမှုသည် လျော့နည်းသွားကာ စာနာစိတ်ဝင်လာခဲ့သည်။

"ပြောလေညီလေး..."

ရှောင်ယုသည် ပတ်ပတ်လည်ကိုတစ်ချက်စစ်ဆေးလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

"ငါ့မှာအစီအစဉ်လေးတစ်ခုတော့ရှိတယ်...စုဘာရူရဲ့လူတွေကို ပြန်ပြီးတွန်းလှန်နိုင်အောင် အကူအညီလေးတွေစုဆောင်းဖို့ အခွင့်အလမ်းရှာဖွေရမယ်...ငါတို့သာခုချိန်မှာတိုက်ခိုက်ရင် ရှံးနိမ့်မှာအသေအချာပဲ...ငါတို့က ငါတို့ရဲ့အစောပိုင်းအချိန်တွေကလို ဘာမှမရှိတာကနေပြန်စရလိမ့်မယ်"

လျှပ်စီးပေက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"စုဘာရူကိုငါတို့အနိုင်ရခဲ့ရင်တောင်မှ ငါတို့ကြီးကြီးမားမားဆုံးရှံးရမှာပဲ...ငါတို့ကမှန်ကန်တဲ့နည်းလမ်းတစ်ခုလိုတယ်..."

ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။

"ခုချိန်မှာ ငါစိတ်ကူးကောင်းကောင်းမရသေးဘူး...ဒါပေမဲ့ ဒီညငါတို့စားသောက်ပွဲတစ်ခုဆင်နွဲမယ်ဆိုရင် သင့်တော်တဲ့အစီအစဉ်တစ်ခုဆွဲနိုင်မှာပါ...ငါတို့က ငါတို့ရဲ့အစီအစဉ်မှာအခြားသူတွေကို ပါဝင်ပူးပေါင်းဖို့ဆွေးနွေးနိုင်မယ်ဆိုရင် ငါတို့ရဲ့အစီအစဉ်အောင်မြင်ဖို့ ပိုပြီးနီးကပ်လာလိမ့်မယ်...ဒီလိုအခြေအနေမျိုးမှာ စုဘာရူကငါတို့ကိုတားဆီးနိုင်မှာမဟုတ်ဘူး..."

လျှပ်စီးပေသည် ရှောင်ယုအားချက်ချင်းချီးကျူးလိုက်သည်။

"ညီလေးက ပညာရှိပဲ...ငါတကယ်လေးစားမိတယ်"

ရှောင်ယုက ကောက်ကျစ်စွာပြုံးလိုက်သည်။

"ငါကအစ်ကိုကြီးရဲ့အကူအညီကို တကယ်အားကိုးရမယ်...မင်းအတွက်ကြောင့်သာမဟုတ်ရင် ငါဒီလိုအစီအစဉ်ဆွဲမှာမဟုတ်ဘူး..."

ရှောင်ယုနှင့်လျှပ်စီးပေတို့သည် ထို့နေ့ညတွင် အရက်တူတူသောက်ခဲ့ကြကာ အချို့သောအကြောင်းအရာများကို အတူတကွဆွေးနွေးခဲ့ကြသည်။

အခန်း ၁၁၅ - အစားထိုးရန်

ရှောင်ယုသည် ထိုနေ့ညတွင် အရက်သောက်ရန်အတွက် လျှပ်စီးပေကိုလာတွေ့ရင်း ရွှေပြား၂၀၀၀၀ကိုယူဆောင်လာခဲ့သည်။လျှပ်စီးပေက ထိုငွေကြေးကိုယဉ်ကျေးစွာငြင်းဆိုသော်လည်း ရှောင်ယုကညီငယ်တစ်ယောက်၏ လေးစားမှုကိုပြသသောအခမ်းအနားဖြစ်သည်ဟုပြောကာ ထိုငွေအားလက်ခံရန် တောင်းဆိုခဲ့သည်။

ထိုအခိုက်အတန့်တွင် ရှောင်ယုနှင့်ပိုမိုနီးစပ်လာသည်ဟု ခံစားမိလိုက်၍ လျှပ်စီးပေကရယ်မောလိုက်သည်။

ရှောင်ယုသည် အခန်းထဲရှိလူများကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"အစ်ကိုကြီး ဒီလူတွေက..."

လျှပ်စီးပေသည် လူတိုင်းကိုတစ်ချက်ကြည့်လိုက်ကာ အဖြေပေးလိုက်သည်။

"ဒါကငါတို့ရဲ့လူယုံတွေဆိုတော့ ပြဿနာမရှိနိုင်ဘူး...သူတို့ကိုစိတ်ချလို့ရတယ်"

ရှောင်ယုသည်ခေါင်းညိတ်လိုက်သော်လည်း လျှပ်စီးပေအားသတိပေးလိုက်သည်။

"ဒါပေမဲ့ အစ်ကိုပေဒီကိစ္စကလုံးဝလျှို့ဝှက်ထားမှရမယ်နော်...မဟုတ်ရင်ငါတို့ နှစ်ယောက်လုံး သချိုင်းကုန်းဆီအလည်သွားရလိမ့်မယ်"

လျှပ်စီးပေသည် ဤကိစ္စ၏လေးနက်မှုကို နားလည်သဘောပေါက်သောကြောင့် ခေါင်းညိတ်သဘောတူလိုက်သည်။ထို့နောက် သူသည်မည်သူတစ်ယောက်မှ အနားမကပ်ရလေအောင် ကင်းလှည့်ရန်အတွက်ယုံကြည်ရသောအစောင့်များကို စေလွှတ်ခဲ့သည်။

"ညီလေး...ဒီပြသနာကိုဘယ်လိုဖြေရှင်းချင်လဲ..."

လျှပ်စီးပေသည် လှည့်ကင်းများကိုစီစဉ်ပြီးနောက် ရှောင်ယုကိုချက်ချင်းမေးမြန်းလိုက်သည်။

ရှောင်ယုသည် ခဏလောက်စဉ်းစားဟန်ဆောင်ကာ အဖြေပေးလိုက်သည်။

"တကယ်တော့ငါ့မှာအကြံ၂ခုရှိတယ်...ပထမဆုံးအကြံကတော့ စုဘာရူကိုမကျေမနပ်ဖြစ်နေတဲ့ ခေါင်းဆောင်တွေအားလုံးကိုစုပြီးတော့ သင့်တော်တဲ့အချိန်ကျရင် ဒီနေရာကအတူတကွထွက်ခွာဖို့ဘဲ...အဲလိုလုပ်ချင်ရင် စုဘာရူတစ်ယောက်သတိမထားမိတဲ့ချိန် အငိုက်ဖမ်းရမယ်...ဒါ့ပြင်ငါတို့ရဲ့ခွန်အားကသာ ကြီးမားမယ်ဆိုရင် စုဘာရူကတောင်အလေးအနက်ထားဆက်ဆံရလိမ့်မယ်...သူကငါတို့ကိုတားဆီးဖို့ကြိုးစားနိုင်ပေမဲ့ ငါတို့ဘက်ကကြီးမားတဲ့အင်အားကိုစုဆောင်းနိုင်ရင် သူကငါတို့ကိုအလျော့ပေးရမှာပဲ..."

လျှပ်စီးပေက ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဒုတိယအကြံကကော ဘယ်လိုလဲ..."

ရှောင်ယု၏ မျက်လုံးများသည် ထိုအမေးကိုကြားချိန်တွင် တလက်လက်တောက်ပလာခဲ့သည်။

"ဒုတိယအကြံကတော့ တော်တော်လေးရိုးရှင်းပါတယ်....စုဘာရူနေရာမှအစားထိုးဖို့ အစ်ကိုကြီးပေကိုအကြံပြုပါတယ်...အစ်ကိုကြီးကဒီမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အနောက်မြေရိုင်းဒေသရဲ့ဘုရင်ဖြစ်လာလိမ့်မယ်"

ရှောင်ယု၏စကားကိုကြားသောအခါ လျှပ်စီးပေ၏နှလုံးသားသည် ခုန်ပေါက်လာခဲ့သည်။သူ၏ထိန်းချုပ်မှုအောက်တွင် ဓားပြ၁၀၀၀၀ကျော်ရှိနေလေရာ သူသည်ခေါင်းဆောင်ဖြစ်နိင်ကြောင်း အမြဲခံစားနေရသည်။ယခုရှောင်ယု၏အဆိုပြုချက်ကလည်း သူ၏နှလုံးသားကို ဖရိုဖရဲဖြစ်စေခဲ့သည်။

"ညီလေး...ဘာကိုပြောချင်တာလဲ..."

လျှပ်စီးပေသည် အကြောင်းရင်းကိုမသိဟန်ဆောင်ကာ မေးမြန်းလိုက်သည်။

ရှောင်ယုသည် ဘေးပတ်လည်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လျှပ်စီးပေအား အာရုံစ်ိုက်လိုက်သည်။

"အစ်ကိုကြီး စုဘာရူကဒီထိုင်ခုံကို အခြားတယောက်ဆီကနေ လုယူထားတယ်လို့ မင်းမခံစားမိဘူးလား...ဒါဆိုရင်ငါတို့ကကော သူ့ဆီကနေဘာလို့မလုယက်နိုင်ရမှာလဲ...ငါတို့သာ သေသေချာချာအစီအစဉ်ဆွဲနိုင်သရွေ့ စုဘာရူကိုသတ်ဖြတ်နိုင်မှာပါ...အဲ့ဒီအချိန်ကျရင်မဟာမိတ်က အစ်ကိုကြီးပေရဲ့လက်ထဲရောက်လာလိမ့်မယ်...မင်းအရင်စခန်းထက်စာရင် ဒီစခန်းကပိုကြီးတယ်လေ...မင်းတကယ်မလိုချင်ဘူးလား"

လျှပ်စီးပေ၏မျက်နှာပေါ်၌ တုံ့ဆိုင်းနေသောအမူအရာများ ဖြစ်ပေါ်နေသော်လည်း ရှောင်ယု၏အဆိုပြုချက်က သူ့အားသွေးဆောင်ခဲ့သည်။သူသည် ဤစခန်းအားသိမ်းပိုက်ရန် အခွင့်အရေးရှိနေသည်ဟု သူယူဆမိသည်။

ခေါင်းဆောင်အမြောက်အများသည် စုဘာရူအပေါ် မကျေနပ်ချက်များရှိခဲ့ကြသည်။အကယ်၍ သူတို့သာ ထိုလူများကိုခေါ်ယူပေါင်းစည်းနိုင်ပါက စုဘာရူအားသတ်ဖြတ်ရန် အခွင့်အရေးရလာမှာဖြစ်သည်။နောက်ပိုင်းတွင် အရာအားလုံးသည် သူ၏လက်ထဲ၌ရောက်ရှိလာမည်ဖြစ်သည်။

လျှပ်စီးပေ၏အမူအရာမှတဆင့် ထိုလူသည်သူ၏သွေးဆောင်မှုကိုခံလိုက်ရကြောင်း ရှောင်ယုနားလည်လိုက်သည်။လျှပ်စီးပေ၏လက်အောက်ငယ်သားများနှင့် အခြားရင်းနှီးသောခေါင်းဆောင်များကလည်း စိတ်လှုပ်ရှားနေကြသည်။လျှပ်စီးပေသာ စုဘာရူနေရာတွင်အစားဝင်လာပါက သူတို့၏အကျိုးခံစားခွင့်များလည်း မြင့်တက်လာမည်ဖြစ်သည်။

ခဏအကြာတွင် လျှပ်စီးပေကဖြေးညင်းစွာ ပြောလာခဲ့သည်။

"ညီလေး...ဒါကတော်တော်ကြီးမားတဲ့အဆိုပြုချက်ပဲ...ငါသေချာစဉ်းစားဖို့လိုတယ်"

ရှောင်ယုသည် အပြုံးမပျက်ဘဲ ဆက်လက်တိုက်တွန်းလိုက်သည်။

"စဉ်းစားတာက အကျိုးမယုတ်ပေမဲ့ ငါ့အတွေးတွေကိုအစ်ကိုကြီးသိအောင်လို့ ပြောပြရဦးမယ်...ငါ့မှာတပ်သား၅၀၀ထက်နည်းတာကြောင့် ဒီစခန်းမှာဆိုရင် တတိယအဆင့်အင်အားစုဖြစ်ဖို့ အရည်အချင်းမပြည့်မှီဘူး...ငါကသာမန်ခေါင်းဆောင်လေးတစ်ယောက်ပါဘဲ...ခုလိုခေတ်ကာလမှာ အသက်ရှင်ဖို့အတွက်ဆိုရင် ပိုပြီးအဆင့်မြင့်မြင့်တက်လှမ်းချင်ရင် အစ်ကိုကြီးရဲ့အင်္ကျီလက်စကို မလွတ်တမ်းဆုပ်ကိုင်ထားရမှာပဲ...မင်းရဲ့ဆုံးဖြတ်ချက်က ငါ့ရဲ့ဆုံးဖြတ်ချက်ပဲ"

လျှပ်စီးပေသည် မတ်တပ်ထရပ်လိုက်ကာ အခန်းတွင်း၌လျှောက်ပတ်နေခဲ့သည်။သူသည် စိတ်လှုပ်ရှားပြီး စိုးရိမ်နေပုံရကာ သူ၏မျက်နှာပေါ်၌ ရှုပ်ထွေးသောအမူအရာတစ်ခုရှိနေခဲ့သည်။

သူသာအောင်မြင်ခဲ့ပါက သူ၏ထိန်းချုပ်မှုအောက်တွင် ဓားပြ၁၀၀၀၀၀ လောက်ရှိနေမှာဖြစ်ပြီး မအောင်မြင်ပါကသေလမ်းသို့အရောက်လှမ်းရမှာဖြစ်သည်။အစောပိုင်းတွင် ပထမအကြံပြုချက်က ပိုကောင်းသည်ဟုယူဆရပြီး သူသည်သင့်တင့်သောအုပ်စုတစ်ခု၏ အုပ်စိုးသူဖြစ်လာနိုင်သည်။

သို့သော်လည်း သူသာဤအခွင့်အရေးကို လက်လွတ်သွားခဲ့ပါက နောက်ထပ်အခွင့်အရေးမရနိုင်တော့သည်ကို သူသိရှိပေသည်။

လျှပ်စီးပေသည် ရဲ့ရင့်သောခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ထိုသို့မဟုတ်ပါက သူသည်ဤမျှကြီးမားသောစွမ်းအားကို ပိုင်ဆိုင်မည်မဟုတ်ပေ။

ရှောင်ယုကိုကြည့်ရင်း လျှပ်စီးပေ၏အကြည့်များတွင် တင်းမာမှုများပြည့်နှက်နေခဲ့သည်။

"ညီလေး...ငါတို့သာစုဘာရူကိုသတ်နိုင်ရင် ဒီစခန်းကိုငါတို့ထိန်းချုပ်နိုင်မယ်လို့ မင်းထင်လား"

ရှောင်ယုသည် ခဏလောက်စဉ်းစားပြီး အဖြေပြန်ပေးလိုက်သည်။

"အစ်ကိုပေ ဒီကိစ္စကငါနဲ့မဆိုင်တော့ဘူး...အဲ့ဒါကမင်းရဲ့အရည်အချင်းတွေအပေါ်မူတည် တယ်...မင်းရဲ့တပ်က စုဘာရူပြီးရင် စခန်းမှာအကြီးဆုံးပဲ...ငါတို့ကနာခံမှုမရှိတဲ့ခေါင်းဆောင်တွေကို အရင်ဆုံးဖယ်ရှားဖို့လိုအပ်တယ်....အဲလိုဆိုရင်အစ်ကိုရဲ့မဟာမိတ်ရဲ့အကြွင်းမဲ့အုပ်စိုးသူဖြစ်လာလိမ့်မယ်...ငါတို့ကဒီအစီအစဉ်ကို ဂရုတစိုက်လုပ်ရမှာဆိုတော့ ပူးပေါင်းလာမယ့်ခေါင်းဆောင်တွေကို ကတိကဝတ်တွေပေးဖို့လိုတယ်...စုဘာရူကိုငါတို့ဖယ်ရှားပြီးရင် မင်းကသူတို့ကိုလည်းဖြေးဖြေးချင်းဖယ်ရှားပစ်ရမယ်...အဆုံးသတ်မှာမင်းနေရာကိုခြိမ်းခြောက်မယ့်သူမရှိဘဲ အစ်ကိုကြီးကဘုရင်ဖြစ်လာလိမ့်မယ်"

လျှပ်စီးပေက စိတ်တင်းကာဆုံးဖြတ်လိုက်သည်။

"ငါတို့အဲ့ဒီအစီအစဉ်ကိုလုပ်ရအောင်....အောင်မြင်လာရင်စခန်းကိုအတူတူ ထိန်းချုပ်ကြတာပေါ့"

ရှောင်ယုက သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"အစ်ကိုပေ ငါကလောဘကြီးတဲ့သူတစ်ယောက်မဟုတ်ဘူး...အစ်ကိုကသာဘုရင်ဖြစ်လာ ရင် ငါကလက်ထောက်ပဲဖြစ်ချင်တယ်"

ထိုစကားကိုကြားချိန်တွင် လျှပ်စီးပေကပိုမိုပျော်ရွှင်သွားခဲ့သည်။

"ဟားဟား...မင်းနဲ့အတူအလုပ်လုပ်ရတာ ဂုဏ်ယူစရာကောင်းတယ်"

ရှောင်ယုက အပြုံးမပျက်ခဲ့ပေ။

"တကယ်တော့ အစ်ကိုကြီးနဲ့တွေ့ပြီး လူချင်းစကားပြောပြီးတဲ့နောက်မှာ ဒီအကြံညဏ်ကိုရခဲ့တာပဲ"

လျှပ်စီးပေက ခေါင်းညိတ်ပြလိုက်သည်။

"နောင်တစ်ချိန်မှာ ငါ့ညီလေးကိုဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူး..."

ထို့နောက် ရှောင်ယုနှင့်လျှပ်စီးပေတို့သည် အခြားသူများနှင့်ဆွေးနွေးရန် အစီအစဉ်ဆွဲခဲ့ကြသည်။ညသန်းခေါင်ကျော်ပြီးနောက် ရှောင်ယုသည်အစီအစဉ်တစ်ခုအား သဘောတူလိုက်၍ ထွက်ခွာလာခဲ့သည်။

...

...

လျှပ်စီးပေသည် စိတ်လှုပ်ရှားမှုကြောင့် အိပ်မပျော်ဘဲ အိပ်ရာပေါ်၌လူးလိမ့်နေခဲ့သည်။

...

...

အမှန်တော့ ရှောင်ယုသည်လည်း မအိပ်စက်သေးပေ။သူသည် လေလမ်းလျှောက်ခြင်းကိုထုတ်ဖော်ကာ ကိုယ်ပျောက်ပုံစံအားအသက်သွင်း၍ လျှပ်စီးပေ၏စခန်းအပြင်ဘက်၌ စောင့်နေခဲ့သည်။နာရီအနည်းငယ်ခန့်ကြာအောင် စောင့်ဆိုင်းပြီးနောက် မိုးလင်းခါနီးအချိန်တွင် လူတစ်ယောက်သည်စခန်းတွင်းမှ ပြေးထွက်လာခဲ့သည်။

အမှောင်ထုကြီးစိုးနေသော်လည်း ရှောင်ယု၏အမြင်အာရုံကကောင်းမွန်နေဆဲဖြစ်ကာ ထိုလူနောက်သို့ထပ်ကြပ်မကွာလိုက်သွားခဲ့သည်။

ကင်းလှည့်သူများကို စခန်းအပြင်ဘက်၌ တင်းတင်းကြပ်ကြပ် ကင်းလှည့်စေသော်လည်း အတွင်းပိုင်းတွင်မူ မကြာခဏစစ်ဆေးမှုများ မရှိခဲ့ပေ။ယခုအချိန်တွင် လူတိုင်းအိပ်စက်နေ၍ ပတ်ဝန်းကျင်သည်တိတ်ဆိတ်နေခဲ့သည်။

ရှောင်ယုသည် ထိုလူနောက်သ်ု့ိလိုက်သွားခဲ့ရာ ထိုလူသည်စုဘာရူ၏နေအိမ်သို့ ဦးတည်နေကြောင်း တွေ့မြင်လိုက်ရသည်။

ရှောင်ယုသည် မျက်မှောင်ကြုတ်လိုက်ကာ တည်နေရာရွေ့ပြောင်းလိုက်ပြီး ထိုလူ၏နောက်တွင်ရုတ်တရက်ထွက်ပေါ်လာသည်။ထို့နောက် ဓားမြှောင်ကိုဆွဲထုတ်ကာ ထိုလူ၏လည်ပင်းကိုလှီးဖြတ်လိုက်သည်။

ယခုအခါ ရှောင်ယုသည်အစွမ်းထက်သော ဒုတိယအဆင့်သူရဲကောင်းဖြစ်သည်။ယခုလိုသာမန်ဓားပြများကိုအသာထား နောက်ထပ်ဒုတိယအဆင့် ကျွမ်းကျင်သူရဲကောင်းတစ်ဦးသည်ပင် သူ၏လုပ်ကြံမှုမှ လွတ်မြောက်ရန် ခက်ခဲမှာဖြစ်သည်။ဤသို့ဖြင့် ရှောင်ယုသည်ခိုးကြောင်ခိုးဝှက်လုပ်ကြံသတ်ဖြတ်ခဲ့ကာ အခက်အခဲမရှိသတ်ဖြတ်နိုင်ခဲ့သည်။

ရှောင်ယုသည် ထိုလူ၏ခန္ဓာကိုယ်နှင့်ဦးခေါင်းကိုကောက်ယူကာ လျှပ်စီးပေ၏တန်းလျားထံပြန်လာခဲ့ပြီး လျှပ်စီးပေ၏နေအိမ်တံခါးကို အဆက်မပြတ်ခေါက်လိုက်သည်။

"အဲ့ဒီမှာဘယ်သူလဲ..."

လျှပ်စီးပေကမေးမြန်းလိုက်သည်။

"အကိုကြီး ...ငါပါ"

ရှောင်ယုက တိုးတိုးလေးပြန်ဖြေလိုက်သည်။

"ညီလေး...မင်းဘာလို့အချိန်မတော် တံခါးလာခေါက်နေရတာလဲ"

လျှပ်စီးပေက တံခါးဖွင့်ပေးလိုက်ကာ မေးမြန်းလိုက်သည်။

ရှောင်ယုက သူသတ်ဖြတ်ခဲ့သော လူ၏ခေါင်းက်ိုမြောက်ပြလိုက်သည်။

"အစ်ကိုပေ...မင်းရဲ့လူတွေထဲကတစ်ယောက်ကို ငါသတ်ခဲ့တယ်"

လျှပ်စီးပေသည် ထိုလူ၏ဦးခေါင်းကိုမြင်သောအခါ အံ့သြတကြီးမေးမြန်းလိုက်သည်။

"မင်းဘာလို့သူ့က်ိုသတ်လိုက်တာလဲ..."

လျှပ်စီးပေသည် ယခုလိုဖြစ်ရပ်မျိုးစုံကိုတွေ့ကြုံဖူးရာ ကျယ်လောင်စွာအော်ဟစ်မေးမြန်းခြင်းသည် အဓိပ္ပါယ်မရှိကြောင်း နားလည်ပေသည်။

"အစ်ကိုကြီး ငါသူ့ကိုဘယ်နေရာမှာ သတ်ခဲ့တာလဲဆိုတာ မင်းသိလား"

ရှောင်ယုက ပြောလိုက်သည်။

"ဘယ်နေရာမှာလဲ..."

လျှပ်စီးပေက မျက်မှောင်ကြုတ်မိလိုက်သည်။

"စုဘာရူရဲ့နေအိမ်နဲ့ မီတာရာဂဏန်းလောက်ပဲရှိတဲ့ နေရာမှာပဲ"

ရှောင်ယု၏အဖြေကြောင့် လျှပ်စီးပေ၏မျက်နှာအမူအရာသည် လေးနက်တည်ကြည်သွားခဲ့သည်။

"အစ်ကိုကြီး...စုဘာရူကလူတွေကို စည်းရုံသိမ်းသွင်းတဲ့နေရာမှာ တကယ်တော်တယ်...ငါ့ရဲ့လက်အောက်ကလူအနည်းငယ်တောင် သူနဲ့တော်တော်ရင်းနှီးနေပြီ...အစ်ကိုကလူတိုင်းကိုယုံကြည်တယ်ဆိုပေမဲ့ စုဘာရူကိုဒီသတင်းရောင်းစားမယ့်သူကတော့ ရှိနေမှာပဲ...အဲ့ဒါကြောင့်ငါကဆွေးနွေးပွဲအပြီးမှာ ထွက်မသွားသေးဘဲ မင်းရဲ့တန်းလျားကိုမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့တာ...ငါမျှော်လင့်ထားတဲ့အတိုင်းပဲ ဒီလူကတန်းလျားကထွက်တာနဲ့ စုဘာရူဆီတန်းသွားတော့တာပဲ...အစ်ကိုကြီးမကြာသေးခင်က ဒီလိုအဖြစ်အပျက်မျိုးကို သတိထားမိသေးလား"

လျှပ်စီးပေက ဖြေးညင်းစွာပြောလိုက်သည်။

"သူကထူးဆန်းတယ်လို့ ထင်ပေမဲ့ ငါ့အတွက်နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့သူမလို့ ငါ့အပေါ်သစ္စာဖောက်လိမ့်မယ်လို့ ငါမထင်ထားဘူး..."

ရှောင်ယုကလေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး မင်းသာအောင်မြင်ရင် ဘုရင်ဖြစ်လာမှာနော်...ဒါပေမဲ့တစ်ခုခုမှားယွင်းသွားရင်တော့ ငါတို့နှစ်ယောက်လုံးသေရလိမ့်မယ်....အဲဒီတော့တတ်နိုင်သမျှ သတိထားတာအကောင်းဆုံးပဲ...ငါတို့ရဲ့အစီအစဉ်ကိုသိတဲ့သူနည်းလေလေ ငါတို့အတွက်ပိုကောင်းလေပဲ"

လျှပ်စီးပေက ခေါင်းညိတ်ပြလိုက်သည်။

"ညီလေး မင်းကသူရဲကောင်းနွယ်ဖွားတစ်ယောက်ဖြစ်ထိုက်ပါပေတယ်...မင်းကငါထက်စာရင် စဉ်းစားဉာဏ်ပိုရှိတာပဲ"

ရှောင်ယုကသက်ပြင်းချရင်း ပြောလိုက်သည်။

"ငါကခုလိုနောက်ကျောကဓားထိုးခံရတာတွေ အများကြီးခံရဖူးတယ်...ငါသာသတိမထားမိရင် ငါသေရလိမ့်မယ်"

လျှပ်စီးပေက သူ၏ပုခုံးကိုပုတ်ရင်း နှစ်သိမ့်လိုက်သည်။

"မင်းနဲ့အတူအလုပ်လုပ်ရတာ တကယ်ဂုဏ်ယူစရာပါညီလေး...ငါသာမဟာမိတ်ခေါင်းဆောင်ဖြစ်လာရင် မင်းကငါအယုံကြည်ရဆုံးလက်ထောက်ဖြစ်လာလိမ့်မယ်"

"အစ်ကိုကြီးက ငါ့ကိုမေ့ထားမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်"

ရှောင်ယုက အပြုံးမပျက်ပြောလိုက်သည်။

အခန်း ၁၁၆ - အမျှော်အမြင်ရှိသော လုပ်ဆောင်မှု

ရှောင်ယုသည် အလောင်းကိုဖယ်ရှားကာ သူ၏ကိုယ်ပိုင်တန်းလျားကိုပြန်သွားခဲ့သည်။လင်းယုန်စခန်းသို့ရောက်ရှိလာသူတိုင်းသည် တန်းလျားအသစ်များ၌နေထိုင်ခွင့် ရရှိခဲ့သည်။အမှန်တော့ သူတို့၏ခမ်းနားသောသမိုင်းကြောင်းကြောင့် လင်းယုန်စခန်းတွင် မဟာမိတ်အဖွဲ့၌ပါဝင်သည့် ဓားပြအားလုံးက်ိုထားရှိရန်အတွက် လုံလောက်သောတန်းလျားများတည်ဆောက်ထားပေသည်။

အမှန်တကယ်တွင် လင်းယုန်စခန်းသည် ခြင်္သေ့မြို့ထက်ပင် ပိုမိုကြီးမားပေသည်။လင်းယုန်အခြေစိုက်စခန်းသည် ခြင်္သေ့နယ်မြေအတွက် လျှို့ဝှက် အန္တာရယ်တစ်ခုဖြစ်ကြောင်း ရှောင်ယုသတိပြုမိပေသည်။

လင်းယုန်စခန်း၌သိမ်းဆည်းထားသော အရင်းအမြစ်များသည် ခြင်္သေ့မြို့ထက် များစွာကြွယ်ဝပေသည်။မူလက လင်းယန်ဓားပြများသည် ခြင်္သေ့နယ်မြေ၏အကြီးဆုံးဓားပြအဖွဲ့ဖြစ်သည်။ယခင်ခေါင်းဆောင်ဖြစ်သူ၏ ရည်မှန်းချက်သည်လည်း အလွန်ကြီးမားခဲ့သည်။ယခုအခါ စုဘာရူသည်ရှေ့သ်ို့ ခြေတလှမ်းတိုးကာ အနောက်မြေရိုင်းဒေသကိုပေါင်းစည်း၍ ဘုရင်တစ်ပါးကဲ့သို့အုပ်ချုပ်ရန် စီစဉ်နေခဲ့သည်။သို့သော်လည်း ထိုအစီအစဉ်တွင် လျှို့ဝှက်စွာပေါက်ကြားမှုအချို့ရှိနေခဲ့ရာ ရှောင်ယုသည်ဤဓားပြပြသနာကိုဖြေရှင်းရန် အခွင့်အရေးရရှိခဲ့သည်။

စုဘာရူအတွက် ဖုံးကွယ်ထားသည့်အန္တာရယ်များမှာ အခြားသောဓားပြခေါင်းဆောင်များ၏ ကြောက်ရွှံမှုနှင့်ခုခံမှုပင်ဖြစ်သည်။သူတို့သည် သူတို့၏ကိုယ်ပိုင်အုပ်စုများက စုဘာရူ၏လက်အောက်သို့တဖြည်းဖြည်းကျရောက်သွားမည်ကို ထိုင်ပြီးစောင့်ကြည့်နေမည်မဟုတ်ပေ။အနောက်မြေရိုင်းဒေသသည် နှစ်ပေါင်းများစွာကြာသည်ထိပရမ်းပတာဖြစ်နေခဲ့ပြီး အနောက်မြေရ်ိုင်းဒေသ၏ ဘုရင်တစ်ပါးဖြစ်လာချင်သော စုဘာရူ၏ရည်မှန်းချက်သည် လွယ်ကူသောလုပ်ဆောင်ချက်မဟုတ်ပေ။

စုဘာရူသည် သူ၏ကန့်သတ်ချက်ကို သတိပြုမိခဲ့ရာ ရှောင်ယုအားအလျင်စလ်ိုတိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ဘဲ သူ၏လက်အောက်တွင်ဓားပြမဟာမိတ်တစ်ခုလုံးက်ို စုစည်းရန်အတွက် အချိန်ယူလုပ်ဆောင်ခဲ့ရသည်။

စုဘာရူသည် ညဏ်ရည်ထက်မြက်ကာ အရည်အချင်းရှိသူဖြစ်သော်လည်း ကံမကောင်းစွာဖြင့်ရှောင်ယုထက် ခြေတစ်လှမ်းနောက်ကျနေခဲ့သည်။

...

ရှောင်ယုနှင့်လျှပ်စီးပေတို့သည် ငြင်းခုံကြရင်း နောက်တစ်နေ့တွင် စတင်၍ကတောက်ကဆဖြစ်ကြတော့သည်။လျှပ်စီးပေသည် ရှောင်ယုအားသတ်ဖြတ်ပစ်မည်ဟု လူအများရှေ့တွက်အကြိမ်များစွာ ခြိမ်းခြောက်ခဲ့သည်။

ရှောင်ယုသည် လျှပ်စီးပေ၏အဝတ်အစားများကို ညစ်ညမ်းအောင်ပြုလုပ်ခဲ့ကြောင်း ကောလဟာလများထွက်ပေါ်လာခဲ့သည်။သ်ို့သော်လည်း ရှောင်ယုပေးသောလျော်ကြေးကို လျှပ်စီးပေကမကျေနပ်ပေ။သို့ဖြစ်ရာ ထိုသို့အကြောင်းပြချက်သေးသေးလေးကြောင့် လျှပ်စီးပေနှင့်ရှောင်ယုတို့သည် ရန်သူများဖြစ်လာခဲ့ကြသည်။

စုဘာရူသည် ဤကိစ္စကိုကိုယ်တိုင်ဝင်ရောက်စွက်ဖက်ရန်အတွက် လူမြင်ကွင်းသို့ထွက်လာခဲ့ရသည်။ထိုအခါ လျှပ်စီးပေက ရှောင်ယုသည်သူ၏သားကိုသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ရှောင်ယုကမူ ထိုစွပ်စွဲချက်ကိုငြင်းဆန်ခဲ့သည်။လင်းယုန်စခန်းအတွင်း၌ တစ်စုံတစ်ယောက်သည်ထိုသို့သတ်ဖြတ်မှုမျိုးကို မကျူးလွန်ဝံ့ဟု ပြတ်ပြတ်သားသားပြောလာခဲ့သည်။

ခေါင်းဆောင်အများစုသည် ရှောင်ယုနှင့်လျှပ်စီးပေတို့ရန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ရှောင်ယုသည် လျှပ်စီးပေနှင့်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် တတိယမြင်းတပ်၏လက်အောက်မှ သူ၏အမာခံမြင်းတပ်သား၄၅၀ကို တောင်းဆိုခဲ့သည်။မူလကစုဘာရူသည် ရှောင်ယုအား တတိယမြင်းတပ်၏တပ်မှူးအဖြစ်ခန့်အပ်ကာ သူ၏မြင်းတပ်သားများကို အဖွဲ့အသီးသီးသို့မျှဝေပေးခဲ့သည်။ယခုမူ ရှောင်ယုကသူ၏လူများကို ပြန်လည်စုစည်းလိုသောအခါ အငြင်းအခုံဖြစ်လာခဲ့သည်။

ရှောင်ယု၏အမြင်တွင် သူ၏လက်အောက်ငယ်သားများမဟုတ်ပါက တိုက်ပွဲအတွင်း၌ သူ၏အမိန့်ကိုနာခံရန်ငြင်းဆိုလာကြမည်ဖြစ်သည်။ထို့ပြင် လျှပ်စီးပေသည်အလွန်အင်အားကြီးသောကြောင့် သူ၏လူများကို သူ့လက်အောက်သို့ပြန်လည်သွတ်သွင်းပေးရန် စုဘာရူအားတောင်းဆိုခဲ့သည်။ထိုမှသာ သူသည်လျှပ်စီးပေ၏တပ်များကို အတုံးအရုံးသတ်ဖြတ်နိုင်မှာဖြစ်သည်။

စုဘာရူသည် လျှပ်စီးပေနှင့်လည်း ဆွေးနွေးခဲ့သည်။သို့သော်လည်း လျှပ်စီးပေသည် အလွန်သွေးပူနေပြီး စုဘာရူသာမရှိခဲ့ပါက ရှောင်ယုအားချက်ချင်းသတ်ဖြတ်ပစ်မည်ဟု ကြိမ်းမောင်းပြောဆိုခဲ့သည်။

ခေါင်းဆောင်များ၏အမြင်တွင် ဤအရာသည်သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။စခန်းတွင်းရှိ ခေါင်းဆောင်အချင်းချင်းတိုက်ခိုက်ခြင်းက ပုံမှန်သာဖြစ်သည်။အဆုံးသတ်တွင် သူတို့သည်ယခင်ကတစ်ကိုယ်တော်ဝံပုလွေများဖြစ်ကြပြီး ယခုအခါမူ လှောင်ခြိုင့်တစ်ခုအတွင်း၌ ပြွတ်သိပ်နေထိုင်နေရသည်။ထို့ပြင် အချို့သောဓားပြအုပ်စုခေါင်းဆောင်များသည် ယခင်ကတည်းက အခြားသူများကိုမျက်နှာသာမပေးတတ်ပေ။ထို့ကြောင့် ယခုလိုပဋိပက္ခဖြစ်လာသည်မှာ ပုံမှန်သာဖြစ်သည်။စုဘာရူသည် ဓားပြမဟာမိတ်တစ်ခုလုံးကို သူ့လက်အောက်သို့သွတ်သွင်းလိုပါက ယခုလိုပြသနာများကိုဖြေရှင်းရမည်ကို နားလည်ထားသည်။ဤအရာသည် သူ့အတွက်စမ်းသပ်မှုတစ်ခုပင်ဖြစ်သည်။

အဆုံးသတ်တွင် စုဘာရူသည် လက်ရှိမဟာမိတ်၏ခေါင်းဆောင်ဖြစ်ပေရာ ဤဓားပြများကိုထိန်းသိမ်းရန်အတွက် တုတ်နှင့်မုန်လာဥနီနည်းလမ်းကို အသုံးပြုရန်လိုအပ်ပေသည်။

စုဘာရူ၏ဖြန်ဖြေမှုအပြီးတွင် လျှပ်စီးပေနှင့်ရှောင်ယုတို့အကြား ဆက်ဆံရေးသည်တည်ငြိမ်သွားပုံရသော်လည်း သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်မိတိုင်း ဒေါသနှင့်သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်တတ်ကြသည်။

ထုံးစံအတိုင်း ထိုလုပ်ရပ်သည် ရှောင်ယု၏အစီအစဉ်တစိတ်တပိုင်းသာဖြစ်သည်။ရှောင်ယုသည် လင်းယုန်စခန်းအတွင်း၌ အလတ်စားဓားပြအုပ်စုအနည်းငယ်ရှိကြောင်း သူသိရှိထားသည်။သူသည် လျှပ်စီးပေအား စည်းရုံးနိုင်လျှင်ပင် အခြားသူအားလုံးက်ို တိုက်ခိုက်နိုင်မှာမဟုတ်ပေ။ထို့ကြောင့် သူသည်အတွင်းပိုင်းမှနေ၍ သွေးခွဲရန်ကြံစည်ခဲ့သည်။ရှောင်ယုနှင့်လျှပ်စီးပေတို့သည် သူတို့၏အကြံအစည်အား မီးနှင့်ရေအဖြစ်ခွဲခြားလုပ်ဆောင်ရန် ကြံစည်ခဲ့သည်။လျှပ်စီးပေသည် သူတို့၏မဟာမိတ်၌ပါဝင်လိုသောခေါင်းဆောင်များကို စည်းရုံးနေစဉ် ရှောင်ယုသည် စုဘာရူဘက်မှ ဟန်ဆောင်ပူးပေါင်းနေမည်ဖြစ်သည်။သူသည် စုဘာရူ၏အမြင်တွင် ပိုမိုမြင့်မားသောရာထူးတစ်ခုအား ရယူလိုခဲ့သည်။

ဤသို့ဖြင့် ရှောင်ယု၏အကြံအစည်သည် အောင်မြင်ခဲ့သည်။သူတို့၏အကြံအစည်အောင်မြင်ခဲ့ရုံသာမက စုဘာရူသည်လည်း ရှောင်ယုအားပိုမိုယုံကြည်လာခဲ့သည်။ရှောင်ယုသည် လူသစ်တစ်ယောက်မဟုတ်ပေ။ထို့ကြောင့် စုဘာရူ၏အရှေ့တွင် လျှပ်စီးပေအကြောင်း မကောင်းကြောင်းများကိုအများကြီးပြောခဲ့သည်။အဆုံးသတ်တွင် ရှောင်ယု၏အကြံအစည်တစ်ခုလုံးတွင် တတိယအဆင့်ကိုအောင်မြင်စွာအပြီးသတ်နိုင်ခဲ့သည်။

အစီအစဉ်၏ ပထမဆုံးအဆင့်မှာ ဓားပြအဖြစ်ဟန်ဆောင်၍ စုဘာရူ၏မဟာမိတ်အတွင်းသို့ဝင်ရောက်ရန်ဖြစ်သည်။ဒုတိယအဆင့်မှာ အခြားသောခေါင်းဆောင်တစ်ဦးနှင့်ပူးပေါင်းလုပ်ဆောင်ပြီး စုဘာရူအပေါ်မကျေနပ်ချက်ရှိသော ခေါင်းဆောင်များအားလုံးကိုစုစည်းရန်ဖြစ်သည်။တတိယအဆင့်မှာ စုဘာရူ၏ယုံကြည်မှုကိုအရယူပြီး ရှောင်ယုအား သူ၏ယုံကြည်ရသောလက်အောက်ငယ်သားတစ်ယောက်အဖြစ် ထင်မြင်ယူဆစေရန်ဖြစ်သည်။

ရှောင်ယုသည် နေ့တိုင်းလိုလိုပင် ကိုယ်ပျောက်ပုံစံက်ိုအသုံးချကာ သူတို့၏အစီအစဉ်အကြောင်း တိုးတက်မှုများကိုဆွေးနွေးညှိနှိုင်းရန် လျှပ်စီးပေထံရောက်လာတတ်သည်။ဤသို့ဖြင့် ရှောင်ယုသည် စုဘာရူအပြင် လျှပ်စီးပေ၏ယုံကြည်မှုကိုရရှိခဲ့သည်။သူတို့သည် စုဘာရူအပေါ် မကျေနပ်ချက်ရှိသည့်ခေါင်းဆောင်များကို ဖြည်းဖြည်းချင်းစုဆောင်းနိုင်ခဲ့ကာ အစီအစဉ်ကိုရှေ့ဆက်နေခဲ့သည်။ရှောင်ယုသည် စုဘာရူသေဆုံးပြီးနောက်တွင် ခေါင်းဆောင်များအား အခွင့်အာဏာတချို့ပေးအပ်မည်ဟု ဟန်ဆောင်ကတိပေးရန် လျှပ်စီးပေအားတိုက်တွန်းခဲ့သည်။သို့မှသာ သူတို့သည်လင်းယုန်စခန်းအားထိန်းချုပ်ရန် ပိုမိုလွယ်ကူလာမှာဖြစ်သည်။

စုဘာရူသည် ထိုအရာအားလုံးကို အမှောင်ထဲ၌တိတ်တဆိတ်လှုပ်ရှားခွင့်ပြုခဲ့သည်။အမှန်တော့ စုဘာရူသည် ဓားပြခေါင်းဆောင်အားလုံးကို ပုန်ကန်တတ်သောစရိုက်ရှိသည့် လူရမ်းကားများအဖြစ်တွေးထင်ထားခဲ့သည်။ထိုလူရမ်းကားများပေါင်းစည်းထားသော စွမ်းအားတစ်ခုသည် သူ့အားခေါင်းဆောင်နေရာမှ ဖြုတ်ချနိုင်လိမ့်မည်ဟု စုဘာရူမထင်ထားခဲ့ပေ။သူစီစဉ်ထားသည်မှာ ထိုဓားပြအုပ်စုများကိုဖြေးဖြေးချင်းဝါးမြိုရန်ဖြစ်သည်။ထို့ပြင် စုဘာရူသည် ဓားပြများကရှောင်ယုအား ကြောက်လန့်နေသည်ဟု တွေးထင်ထားခဲ့သည်။ထိုဓားပြများသည် သူ၏ယုံကြည်ရသောလက်အောက်ငယ်သားဖြစ်သူ ရှောင်ယု၏ဖြိုခွဲမှုကိုခံရမယ့် ပစ်မှတ်များဖြစ်ကြသည်။အကယ်၍ သူတို့သာမဟာမိတ်မှ ထွက်ပြေးလိုပါကလည်း ရှောင်ယုသည်ထွက်ပြေးသူများအား တစ်ယောက်ပြီးတစ်ယောက် လိုက်လံဖမ်းဆီးနိုင်မှာဖြစ်သည်။

သူသည် ဓားပြခေါင်းဆောင်များ၏ အကျင့်စရိုက်များကိုသိရှိထားသော်လည်း စုဘာရူသည်ရှောင်ယုအား အလွန်လျော့တွက်ထားခဲ့သည်။သူကဲ့သို့ကြီးမားသော ရည်မှန်းချက်ရှိသူတစ်ဦးသည် မဟာမိတ်အတွင်းရှိ ဓားပြအုပ်စုများကိုဝါးမြိုရန် ခက်ခက်ခဲခဲကြိုးပမ်းနေရသည့်အတွက် အခြားတစ်ဦးကအလွယ်တကူ မလုပ်ဆောင်နိုင်သင့်ပေ။ထို့ပြင် ရှောင်ယုသည် သူ့အားဆန့်ကျင်သည့်ဓားပြခေါင်းဆောင်များကို ပေါင်းစည်းပေးသည့်အဓိကကျသူဖြစ်ကြောင်း မရိပ်မိခဲ့ပေ။

ထို့ပြင် ရှောင်ယုကဲ့သို့သော ဓားပြအဖွဲ့ငယ်တစ်ဦး၏ခေါင်းဆောင်သည် သူ့အားဆန့်ကျင်ဝံ့မည်မဟုတ်ဟု စုဘာရူကယုံကြည်ထားခဲ့သည်။လျှပ်စီးပေကဲ့သို့ အလယ်အလတ်ဓားပြခေါင်းဆောင်များကသာ ထိုသို့လုပ်ဆောင်ဝံ့မည်ဟု ယူဆထား၍ရှောင်ယုအား အပြည့်အဝယုံကြည်ထားခဲ့သည်။

လျှပ်စီးပေသည်ကား ရှောင်ယု၏အကြောင်းကိုသိပ်ပြီး မစဉ်းစားခဲ့ပေ။ရှောင်ယု၏ခွန်အားသည် သူ့ကိုဆန့်ကျင်ရန် သို့မဟုတ် စုဘာရူအားဖယ်ရှားပြီးနောက် သူ့လက်ထဲရှိစွမ်းအားကိုလုယူရန် အလွန်အားနည်းလွန်းသည်ဟု သူယုံကြည်နေခဲ့သည်။ရှောင်ယုသည် ဤအစီအစဉ်တွင် အကျိုးအမြတ်အချို့ရရှိလို၍သာ ပါဝင်ခြင်းဖြစ်သည်ဟု လျှပ်စီးပေကယူဆခဲ့သည်။ထို့ကြောင့် ရှောင်ယု၏အမြင့်ဆုံးရည်ရွယ်ချက်မှာ မဟာမိတ်ခေါင်းဆောင်ဖြစ်သူ၏ ယုံကြည်ရသောလက်ထောက်ဖြစ်လာရန်ဟု လျှပ်စီးပေကကောက်ချက်ချလိုက်သည်။

အမှန်တော့ ရှောင်ယုသာ ခြင်္သေ့နယ်မြေ၏အရှင်သခင်မဟုတ်ဘဲ မည်သည့်ကျော်ကြားမှုကိုမှ မပိုင်ဆိုင်ထားသော သာမန်ဓားပြတစ်ဦးသာဆိုပါက ယခုလိုအကြံအစည်မျိုးအတိုင်း လုပ်ဆောင်ရန်စိတ်အားထက်သန်နေမှာဖြစ်သည်။

ဤသို့ဖြင့် အရာရာတိုင်း အစီအစဉ်တကျရှေ့တိုးနေခဲ့သည်။လျှပ်စီးပေသည် သူ၏မဟာမိတ်များကိုစုဆောင်းနေချိန်တွင် စုဘာရူသည်ခြင်္သေ့မြို့အား တိုက်ခိုက်မှုတစ်ခုပြုလုပ်ကာ သူ့အပေါ်မကျေနပ်သောခေါင်းဆောင်ဖြစ်သူတို့၏ ခွန်အားကိုလျော့နည်းသွားစေရန် ကြံရွယ်ခဲ့သည်။

All Chapters