အခန်း (၁၁၇-၁၂၀)
Vol. 8 Ch. 117-120
အခန်း ၁၁၇ - စုဘာရူ၏လျှိ့ဝှက်အကြံအစည်
တစ်နေ့တွင် စုဘာရူသည်ဓားပြခေါင်းဆောင်အားလုံးကို ခန်းမတစ်ခုအတွင်းစုဝေးခဲ့သည်။သူတို့သည် လင်းယုန်စခန်း၌ လာရောက်ပူးပေါင်းရသည့်အဓိကအကြောင်းရင်းမှာ ခြင်္သေ့မြို့အားတိုက်ခိုက်ရန်ဖြစ်သည်။စုဘာရူသည် မဟာမိတ်အတွင်းရှိခေါင်းဆောင်များအကြားတွင် အတိုက်အခံများရှိနေသည်ကိုသတိပြုမိ၍ ၎င်းတို့၏အင်အားစုများကိုအားပျော့သွားစေရန်အတွက် ဤအခွင့်အရေးကိုအသုံးချရန် ကြံစည်ထားခြင်းဖြစ်သည်။
"ခြင်္သေ့မြို့ရဲ့ခြိမ်းခြောက်မှုကိုဖြေရှင်းဖို့အတွက် လူတိုင်းကိုလင်းယုန်စခန်းမှာ လာရောက်ပူးပေါင်းခိုင်းထားတယ်ဆိုတာ အကုန်လုံးသိကြမှာပါ...လွန်ခဲ့တဲ့နှစ်၂၀လောက်ကဆိုရင် ရှောင်ကျန်းထျန်က ငါတို့ကိုပြတ်ပြတ်သားသားနှိမ်နင်းချင်ခဲ့တယ်...ဒါပေမဲ့ငါတို့ကပဲ သူတို့ကိုသင်ခန်းစာတစ်ခုပေးနိုင်ခဲ့တယ်..ခုလည်းသူ့ရဲ့သားဖြစ်တဲ့ ရှောင်ယုကငါတို့အားလုံးကို ဖျက်ဆီးဖို့ကြိုးစားလာခဲ့ပြီ...ငါတို့ကဒီအတိုင်းငြိမ်ခံနေရမှာလား....အဖြေကတော့လုံးဝမဟုတ်ဘူး....လွန်ခဲ့တဲ့နှစ်၂၀ကငါတို့လုပ်ခဲ့တဲ့အတိုင်း သူတို့ကိုအနိုင်ယူပစ်မယ်...ဒါပေမဲ့ဒီတစ်ကြိမ်တော့ ခြင်္သေ့မြို့တစ်ခုလုံးကိုဖျက်ဆီးပစ်ရမယ်...ငါတို့ဟာအနောက်မြေရိုင်းဒေသရဲ့ အရှင်သခင်တွေဆိုတာ အလုပ်နဲ့ပဲသက်သေပြရမယ်"
စုဘာရူ၏ကြေငြာချက်သည် ခန်းမအတွင်း၌ရှိနေသော ဓားပြခေါင်းဆောင်များကိုတုန်လှုပ်သွားစေခဲ့သည်။ရှောင်ကျန်းထျန်အား အနိုင်ယူခဲ့သော တိုက်ပွဲအကြောင်းကို စုဘာရူမှအားကြိုးမာန်တက်ပြောနေချိန်တွင် သူတို့၏သွေးများဆူပွက်လာခဲ့ရသည်။ယခုလည်း သူတို့သည်ရှောင်ယုအားပြန်လည်ပေးဆပ်ရအောင် ပြုလုပ်ချိန်ရောက်ပြီဖြစ်သည်။သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူတို့သည်ခြင်္သေ့မြို့အား လုံးဝဖျက်ဆီးပစ်ရမည်ဖြစ်သည်။
အမှန်တော့ ခန်းမတွင်းရှိလူအများစုသည် ခြင်္သေ့မြို့အားဖျက်ဆီးပြီးပါက သူတို့၏ယခင်နေရာသို့ပြန်သွားနိုင်လိမ့်မည်ဟု တွေးထင်ထားကြသည်။
သို့သော်လည်း စုဘာရူသည် လွန်ခဲ့သောနှစ်၂၀က ခေါင်းဆောင်နှင့်မတူညီတော့ပေ။သူသည် ရည်မှန်းချက်ကြီးမားပြီး ညဏ်ရည်ထက်မြက်ကာ အနောက်မြေရိုင်းဒေသကိုပေါင်းစည်းရန် စတင်လုပ်ဆောင်လိုခဲ့သည်။သူ့ထံတွင် ပြီးပြည့်စုံသောအစီအစဉ်တစ်ခုရှိသော်လည်း ယခုအချိန်အထိ ၎င်းအစီအစဉ်ကိုစတင်ရန် အခွင့်အရေးမရရှိသေးပေ။
ရှောင်ယု၏ရုတ်တရက်ထွက်ပေါ်လာမှုသည် စုဘာရူစောင့်ဆိုင်းနေသော အခွင့်အရေးဖြစ်ပေသည်။ထိုအခွင့်အရေးကို လက်လွှတ်ခံလိုက်ပါက သူသည်တစ်သက်လုံးနောင်တရနေမှာ အသေအချာပင်ဖြစ်သည်။
"ငါစဉ်းစားနေတာ အတော်ကြာပြီ...ဆုလာဘ်မရှိရင်တိုက်ပွဲဝင်လိုစိတ်မရှိနိုင်ဘူး...အဲ့ဒါကြောင့် ခြင်္သေ့မြို့ကိုဖျက်ဆီးမယ့်တိုက်ပွဲမှာ ငါတို့ရဲ့တပ်တွေကို အားပေးဖို့အတွက် ဆုလာဘ်ပေးဆောင်တဲ့စနစ်ကိုအကောင်အထည်ဖော်ဖို့ ငါဆုံးဖြတ်လိုက်တယ်....လူတိုင်းကရန်ပုံငွေထည့်ရမယ်...တိုက်ပွဲအတွင်းမှာ ကောင်းစွာစွမ်းဆောင်နိုင်ခဲ့တဲ့ စစ်သည်တော်တွေဟာ သူတို့ဖြတ်တောက်နိုင်ခဲ့တဲ့ရန်သူတွေရဲ့ဦးခေါင်းအရေအတွက်အလိုက် ဆုလာဘ်တွေရရှိမှာဖြစ်တယ်....ဒီမဟာမိတ်ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရန်ပုံငွေကိုအများဆုံး ငါကစိုက်ထုတ်သွားမှာဖြစ်တယ်....ဒါပေမဲ့ ငါ့ရဲ့တပ်သားတွေကစစ်မြေပြင်မှာ အရဲရင့်ဆုံး အစွမ်းဆောင်နိုင်ဆုံးဖြစ်နေရင်တောင် ငါကဆုလာဘ်ကိုမယူဘူး...ဆုလာဘ်တွေကိုအခြားစွမ်းဆောင်နိုင်တဲ့ သူနဲ့သူ့ရဲ့တပ်သားတွေအတွက် မျှဝေပေးသွားမှာဖြစ်တယ်...အားလုံးကျေနပ်ကြလား"
စုဘာရူသည် ဓားပြများ၏တိုက်ခိုက်လိုစိတ်နှင့် ၎င်းတို့၏တိုက်ခိုက်ရေးအစွမ်းကို မြင့်တင်ပေးနိုင်ရန် ဆုကြေးပေးသည့်အစီအစဉ်ကိုစတင်ခဲ့သည်။
ထိုစကားကိုကြားချိန်တွင် အခြားသောခေါင်းဆောင်များက စုဘာရူအားသူတော်စင်တစ်ယောက်လို ရှုမြင်ကြပေသည်။စုဘာရူသည် ရန်ပုံငွေများထဲမှ တပြားတချပ်မှမယူဆောင်သလို သူ့ဘက်ကလည်းအများဆုံးစ်ိုက်ထုတ်ပေးသွားမှာဖြစ်သည်။ရှင်းရှင်းလင်းလင်းပြောရလျှင် ဤတိုက်ပွဲသည်သူတို့အတွက် ဝင်ငွေရရှိမယ့်အခွင့်အလမ်းဖြစ်သည်။
လူတိုင်းနီးပါးသည် လျှို့ဝှက်စွာခေါင်းညိတ်မိလိုက်ကြသည်။ထိုသို့မဟုတ်ပါက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခွန်အားချွေတာနေသောကြောင့် တိုက်ခိုက်ရာတွင်အစွမ်းကုန်မထုတ်နိုင်ဘဲ အဆုံးသတ်၌ ခြင်္သေ့မြို့အားဖျက်ဆီးမယ့်အစီအစဉ်သည် ကျရှံးရမှာဖြစ်သည်။သို့သော်လည်း စုဘာရူ၏အဆိုပြုချက်ကြောင့် နောက်ကွယ်၌ကျန်ရစ်သူများသည် တပြားတချပ်မှရရှိမှာမဟုတ်ပေ။
ထိုအဆိုပြုချက်သည် တရားမျှတကာ ကျိုးကြောင်းဆီလျော်မှုရှိပေသည်။ဓားပြများသည် ဆုလာဘ်များကို ပိုမိုရရှိရန်အစွမ်းကုန်တိုက်ခိုက်ကြမှာဖြစ်၍ အင်အားကိုချွေတာကြမယ့်သူများသည် လက်ဗလာဖြင့်အိမ်ပြန်ရမည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယုသည် အခြားသောဓားပြအုပ်စုများကို အားနည်းသွားအောင်ပြုလုပ်မယ့် စုဘာရူ၏အစီအစဉ်အား ဖောက်မြင်နိုင်ခဲ့သည်။
အပေါ်ယံတွင် စုဘာရူ၏လုပ်ရပ်သည် အလွန်ပင်ကိုယ်ကျိုးမဖက်သည့်ပုံပေါ်ပြီး ဆုလာဘ်များကိုလက်ဖျားဖြင့်ပင် မထိခဲ့ပေ။သို့သော်လည်း အဆုံးသတ်တွင် စုဘာရူသည်အရာအားလုံးကို ရယူနိုင်မှာဖြစ်ပြီး အနှေးနှင့်အမြန်ဆိုသလိုပင် ထိုရန်ပုံငွေများအားလုံးသည် သူ၏အပိုင်ဖြစ်လာမှာဖြစ်သည်။
စုဘာရူတွင် တပ်ဖွဲ့ဝင်အရေအတွက် အများဆုံးပိုင်ဆိုင်ထား၍ သူ၏တိုက်ပွဲစွမ်းဆောင်မှုသည် အားလုံး၏ရှေ့တွင်ရောက်ရှိနေမှာဖြစ်သည်။ထို့ကြောင့် အခြားသူများသာ တိုက်ပွဲစွမ်းဆောင်မှုပိုမိုရချင်လေလေ တိုက်ပွဲ၌သေရန်အခွင့်အလမ်းပိုများလေဖြစ်သည်။စုဘာရူသည် သဘောထားကြီးဟန်ဖြင့် ဤတိုက်ပွဲတွင်တပ်သားအများစုကို မပို့ဆောင်ခဲ့လျှင် စုဘာရူသည်ဤအခွင့်အရေးကို အသုံးပြုကဓားပြခေါင်းဆောင်များ၏ခွန်အားကို လျော့ချရန်စီစဉ်နေကြောင်း ရှောင်ယုသတိပြုမိမှာဖြစ်သည်။
ထို့ပြင် ရှောင်ယုသည် အလွန်သန်မာကြောင်း စုဘာရူကကြိုတင်သတင်းရရှိထားသည်။ထိုသို့မဟုတ်ပါက တပ်သား၂၀၀၀၀ပါဝင်သော ကာရီ၏တပ်များကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ထို့ကြောင့် ရှောင်ယု၏အင်အားကိုလျော့ချရန် သူ့ဘက်မှတပ်သားများစွာ စတေးရမည်ဖြစ်ကြောင်း စုဘာရူနားလည်ထားသည်။ထို့ကြောင့် သူ့အားဆန့်ကျင်သည့်ဓားပြခေါင်းဆောင်များကို ရှောင်ယုအားတိုက်ခိုက်စေကာ တစ်ချိန်တည်းတွင်အားနည်းသွားစေရန်အတွက် အသုံးချသွားမှာဖြစ်သည်။
တိုက်ပွဲအပြီးတွင် တိုက်ပွဲရလဒ်မည်သို့ပင်ဖြစ်စေ စုဘာရူသည်သူ၏အာဏာကိုဆက်လက်ထိန်းသိမ်းထားမှာဖြစ်ကာ အခြားအုပ်စုများသည်ကား အားနည်းသွားမည်ဖြစ်သည်။တစ်ချိန်တည်းမှာပင် သူသည်ရှောင်ယု၏အင်အားကိုလျော့နည်းစေကာ ရှောင်ယုကိုသတ်ဖြတ်ရန်ဓားပြများကိုအသုံးပြုမှာဖြစ်သည်။ဤအရာမှာ ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်သောနည်းလမ်းဖြစ်သည်။
ရှောင်ယုအပြင် စုဘာရူ၏ရည်ရွယ်ချက်ကိုမြင်သော ဓားပြခေါင်းဆောင်တစ်ယောက်မှမရှိခဲ့ပေ။စုဘာရူသည် ရှောင်ယုအားအကုန်အကျခံကာ ဖျက်ဆီးရန်ပြင်ဆင်နေသည်ဟု သူတို့ယူဆထားခဲ့ကြသည်။ဤအရာသည် ငါးမျှားချိတ်တစ်ခုဖြစ်ကြောင်း ခံစားမိသူအနည်းငယ်သာရှိသော်လည်း အသေးစိတ်အချက်အလက်များကို ဖောက်ထွက်းမမြင်နိုင်ကြပေ။စုဘာရူသည် အကြီးမားဆုံးငွေကြေးထောက်ပံ့သူဖြစ်သည့်အပြင် စစ်မြေပြင်၌လည်း သူ၏တပ်သားများသာအများဆုံးရှိနေမည်ဖြစ်၍ ပြဿနာရှိမည့်ပုံမပေါ်ပေ။
ဓားပြခေါင်းဆောင်များသည် သူ၏အဆိုပြုချက်အား ထောက်ခံလာသည်ကိုမြင်သောအခါ စုဘာရူ၏မျက်နှာပေါ်၌ လေးနက်သောအမူအရာများ စတင်ဖြစ်ပေါ်လာခဲ့သည်။
"ငါကအခြားဓားပြအုပ်စုတွေကို အမြောက်စာအနေနဲ့အသုံးပြုလိမ့်မယ်လို့ ထင်နေတဲ့သူတွေရှိကောင်းရှိနိုင်တယ်...ဒါကြောင့်ငါကနောက်ထပ်အဆိုပြု ချက်တစ်ခုကိုတင်သွင်းမယ်...ခုတစ်ကြိမ်ခြင်္သေ့မြို့ကိုတိုက်ခိုက်မယ့် ဘယ်အဖွဲ့မဆိုသူတို့ရဲ့တပ်သားတစ်ဝက်ကို စခန်းကိုကာကွယ်ဖို့အတွက်ချန်ထားရစ်ရမယ်...တိုက်ပွဲအပြီးမှာ မင်းတို့အားလုံးအင်အားတောင့်နေရမယ်...ငါတို့ရဲ့အိမ်တွေကိုကာကွယ်ဖို့လုံလောက်တဲ့ခွန်အားကို ပိုင်ဆိုင်ရမယ်...ဒါ့အပြင်ရှေ့ဆုံးကဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားချင်တဲ့သူတွေကို ဆုအကြီးကြီးချသွားမှာဖြစ်တယ်....မင်းတို့ရဲ့အဖွဲ့တွေမှာ အထောက်အပံ့ကြီးကြီးမားမားမရှိရင်တောင်မှ မင်းတ်ို့ရဲ့ဆုံးရှံးမှုကိုကာမိအောင်လို့ ငါကဆုချီးမြင့်ပေးမယ်...မကြာသေးခင်ကတော့ ဓားပြအုပ်စုအသေးလေးတွေက ငါတို့ရဲ့လင်းယုန်စခန်းကိုပူးပေါင်းခဲ့တယ်...သူတို့သာမြို့သိမ်းတိုက်ပွဲမှာမပါချင်ရင် ငါအတင်းအကြပ်မစေခိုင်းဘူး...."
စုဘာရူ၏ချိုမြိန်သောကတိစကားများက သူ့အားသံသယဝင်နေဆဲဖြစ်နေသော ခေါင်းဆောင်များထံမှလွတ်မြောက်ရန် ကူညီပေးခဲ့သည်။
လင်းယုန်စခန်းကိုကာကွယ်ရန် သူတို့၏တပ်ဖွဲ့တစ်ဝက်ကို ထားရှိခွင့်ရမယ့်အပြင် တိုက်ပွဲ၌ကျဆုံးခဲ့ပါကလည်း သူတို့၏တပ်သားများအတွက် စုဘာရူကထိုက်သင့်သော လျော်ကြေးငွေအားပေးဆောင်မှာဖြစ်သည်။ထိုထက်ကောင်းမွန်သော အရာမရှိတော့ပေ။
ခေါင်းဆောင်အများစုသည် စုဘာရူအား ခြင်္သေ့မြို့ကိုဖျက်ဆီးကာ ကမ္ဘာ့မြေပုံပေါ်မှ ဖယ်ရှားရန်ကြိုးစားလိမ့်မည်ဟု ယူဆခဲ့ကြသည်။လျှပ်စီးပေနှင့်လက်တွဲခဲ့ကြသော လူများသည်ပင် အနည်းငယ်သံသယစိတ်ဝင်လာခဲ့ကြသည်။စုဘာရူသည် သူတို့၏တပ်များကိုဝါးမြိုလိုသည်မဟုတ်ပါလား...သူ၏အကြံအစည်များကို ခေတ္တမြိုသိပ်ထားသည်လား...စုဘာရူသည် ခြင်္သေ့မြို့အားကိုင်တွယ်ပြီးမှ သူတို့အားကိုင်တွယ်လိုသည်လား...ထိုသို့ဆိုလျှင် သူတို့သည်စုဘာရူအားသတ်ဖြတ်ရန်လိုအပ်ပါသလား....
ရှောင်ယုသည် စုဘာရူ၏စကားကိုနားထောင်ရင်း ရယ်မောမိလိုက်သည်။
ခြင်္သေ့မြို့ကိုတိုက်ခိုက်မယ့် အခြားသူများသည် သူတို့၏တပ်ဖွဲ့တစ်ဝက်ကို လင်းယုန်စခန်း၌ချန်ထားရစ်ခဲ့ရသည်မှာ စုဘာရူဝါးမြိုရန်အတွက်ပင်ဖြစ်သည်။
စုဘာရူသည် ဓားပြအုပ်စုများကိုခွဲထုတ်ခြင်းဖြင့် သူတို့၏ကိုယ်ပိုင်အင်အားကို အားနည်းသွားစေမှာဖြစ်သည်။ခြင်္သေ့မြို့အား တိုက်ခိုက်ပြီးပြန်လာကြသော ဓားပြအဖွဲ့များသည် စခန်းသို့ပြန်လာပါက သူသည်ထိုအဖွဲ့များအပေါ် အသာစီးရနိုင်မှာဖြစ်ကာ အမိန့်မနာခံသူများကို အမြစ်ဖြုတ်သုတ်သင်မှာဖြစ်သည်။အခြားသောအဖွဲ့များသည် သူ့အတွက်ကြီးမားသောခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေမည်ကို စုဘာရူကလုံးဝမလိုလား၍ ခြင်္သေ့မြို့အားတိုက်ခိုက်မယ့်အစီအစဉ်ကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ရှောင်ယုသည် တိုက်ပွဲအတွင်း၌ စုဘာရူကအခြားသောခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် အခွင့်ကောင်းရှာဖွေလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။အဆုံးသတ်တွင် စစ်မြေပြင်ဟူသည် သေဆုံးန်ိုင်ခြေအလွန်မြင့််မားသော နေရာဖြစ်ရာ ထိုနေရာရှိသေဆုံးခြင်းတိုင်း၌ စုဘာရူကပါဝင်ပတ်သက်နေမည်မဟုတ်သော်လည်း အထိုက်အလျောက်ပါဝင်နေမှာဖြစ်သည်။ထို့ပြင် ခေါင်းဆောင်ဆုံးရှံးသွားသောအဖွဲ့များ၏ စခန်း၌စောင့်ကျန်ရစ်ခဲ့သော တပ်သားတစ်ဝက်သည် စုဘာရူ၏လက်အောက်သို့ ရောက်သွားမှာဖြစ်သည်။
ထို့ပြင် ဆုလာဘ်များပေးအပ်ရသည့် အဓိကအကြောင်းရင်းမှာ ဓားပြများ၏တိုက်ခိုက်လိုစိတ်ကို သိသိသာသာတိုးမြင့်ပေးစေရန်ဖြစ်သည်။သူတို့၏တပ်သားများဆုံးရှံးခဲ့ရလျှင်တောင်မှ စုဘာရူကလျော်ကြေးပေးမည်ဟု ကတိပေးထားခဲ့၍ ဓားပြအဖွဲ့ခေါင်းဆောင်များသည် ခြင်္သေ့မြို့အား အစွမ်းကုန်တိုက်ခိုက်မည်ဟု အာမခံထားခဲ့ကြသည်။သို့သော်မည်သည့်ခေါင်းဆောင်ကမှ စုဘာရူအားရှေ့ဆုံးမှနေ၍ ခြင်္သေ့မြို့အားတိုက်ခိုက်ရန် မတိုက်တွန်းဝံ့ကြပေ။
ဓားပြခေါင်းဆောင်များ၏လောဘဇောကို ဖြည့်ဆည်းရန်အတွက် ရွှေများကိုအသုံးပြုခြင်းသည် စုဘာရူ၏အစီအစဉ်တစ်ခုလုံးအား ပြီးပြည့်စုံစေခဲ့သည်။ရှောင်ယုသည် ထိုကိစ္စနှင့်ပတ်သက်၍စုဘာရူအား အမှန်တကယ်ချီးကျုးမိခဲ့သည်။ခေါင်းဆောင်ဖြစ်သူများသည် တိုက်ပွဲအားအမြန်ဆုံးဖြစ်မြောက်ရန်အတွက် အစွမ်းကုန်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေကြသည်။
ထိုဆွေးနွေးမှုအပြီးတွင် ဓားပြမဟာမိတ်သည် ခြင်္သေ့မြို့အားတိုက်ခိုက်ရန်အတွက် ဓားပြ၃၀၀၀၀ကိုအသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။စုဘာရူသည် ရန်ပုံငွေထဲသို့ ရွှေပြား၂သန်းကျော်ပေါင်းထည့်ပေးခဲ့ကာ အခြားကြီးမားသည့်ဓားပြအဖွဲ့များက ရွှေပြား၅သိန်းထည့်ဝင်ခဲ့ကြသည်။ထို့နောက် အလယ်အလတ်ဓားပြအဖွဲ့များက ရွှေပြား၂၀၀၀၀၀ ၊ အသေးစားဓားပြအဖွဲ့များက ရွှေပြား၁၀၀၀၀၀အသီးသီးထည့်ဝင်ခဲ့ကြသည်။
ဓားပြအုပ်စုငယ်များသည် သူတို့၏ကြွယ်ဝချမ်းသာမှုအားလုံးကို ရန်ပုံငွေထဲပစ်ထည့်ခဲ့ကြသည်။သို့သော် သူတို့စိုက်ထုတ်ထားသည်ထက် အဆအနည်းငယ်ပြန်ရနိုင်ခြေရှိ၍ စွန့်စားရန်ဆုံးဖြတ်ခဲ့ကြသည်။
လူအနည်းစုကမူ သူတို့၏စည်းစိမ်ဥစ္စာအားလုံးကို ပေးချေရန်စောဒကတက်ခဲ့ကြသော်လည်း အချို့ကမူ ငြင်းဆိုရန်ထွက်လာခဲ့ကြသည်။သို့သော် စစ်မြေပြင်၌ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုအားပြသနိုင်ပါက ဆုလာဘ်ပိုမိုရရှိမှာဖြစ်၍ စစ်မတိုက်လိုဘဲရန်ပုံငွေမထည့်လိုသူများက ဓားပြစခန်းမှထွက်ခွာရပေသည်။
ထိုဆုပေးစနစ်သည် ဓားပြများ၏လောဘကိုနှိုးဆော်ပေးသည့် လောင်းကစားတစ်ခုဖြစ်ပေသည်။ထိုအရာသည် သူတို့၏ပိုင်ဆိုင်မှုအားလုံးကို ခြင်းတောင်းတစ်ခုထဲသို့ ထည့်သိမ်းထားလိုက်ခြင်းဖြစ်သည်။အဆုံးသတ်တွင် အသက်ရှင်နေသူကသာ အကုန်သိမ်းပိုက်နိုင်မှာဖြစ်သည်။ထို့ပြင် ငွေကြေးကိုအလွန်မက်မောသည့် အလွန်လောဘကြီးကာ စိတ်အားထက်သန်နေသော ခေါင်းဆောင်များစွာရှိခဲ့သည်။အသေးစားသို့မဟုတ် အလတ်စားဓားပြအဖွဲ့ပေါင်းများစွာသည် သူတို့၏ကိုယ်ပိုင်ငွေကြေးများစွာကို ပြန်လည်ရရှိနိုင်ကာ တိုက်ပွဲ၌စွမ်းဆောင်နိုင်ပါက ရွှေပြားသန်းပေါင်းများစွာကို ရရှိနိုင်ခြေရှိပေသည်။
စုဘာရူသည် သူ၏အကြံအစည်အောင်မြင်နေသည်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ရှောင်ယုသည် ရန်ပုံငွေအားလုံး စုဘာရူ၏အိပ်ကပ်ထဲရောက်သွားသည်ကိုကြည့်ပြီး တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။
အခန်း ၁၁၈ - စုဘာရူ၏နောက်ခံ
အစည်းအဝေးပြီးဆုံးပြီးနောက် ဓားပြခေါင်းဆောင်အားလုံး၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားနေသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။သူတို့သည် တိုက်ပွဲအတွင်း၌သူတို့ရရှိနိုင်သော ငွေပမာဏကိုတွက်ချက်ချိန်ညှိနေကြသည်။ဓားပြအဖွဲ့များစွာသည် ရန်ပုံငွေထဲထည့်ဝင်ကြပေရာ စုစုပေါင်းရွှေပြား၁၀သန်းကျော်ခန့် စုဆောင်းမိမည်ဟု ခန့်မှန်းနိုင်ခြင်းဖြစ်သည်။
သန်းပေါင်းများစွာသောရွှေပြားများသည် ကြီးမားသောအရင်းအနှီးတစ်ခုပြုလုပ်ထားသောလုပ်ငန်းတစ်ခု၏ နှစ်စဉ်ဝင်ငွေထက် ပိုမိုမြင့်မားပေသည်။ထိုကဲ့သို့သော မြို့စားများသည် သူတို့၏မြို့များကိုတည်မြဲနေစေရန်အတွက် ငွေအမြောက်အများသုံးစွဲမည်မှာသေချာပေသည်။ဓားပြခေါင်းဆောင်များ၏အဆိုအရ သူတို့ယခင်ဓားပြအုပ်စုများသည် ရှောင်ကျန်းထျန်အား အနိုင်ယူခဲ့ပြီးဖြစ်ရာ ရှောင်ယုသည်လည်း အလားတူကံကြမ္မာမျိုးအား ရင်ဆိုင်ရမည်ဖြစ်သည်။
အမှန်တော့ ခြင်္သေ့နယ်မြေသည် မြို့စားအုပ်ချုပ်ခံနယ်မြေဖြစ်သော်လည်း နယ်မြေ၏အဆင့်အတန်းသည် မင်းဆက်အတွင်း၌အလွန်နိမ့်ပါးနေပေသည်။ဝမ်မိသားစုသည် သူတို့၏တောင့်တင်းသောအခြေခံအုတ်မြစ်ကြောင့် မှော်လက်နက်များကိုဝယ်ယူအသုံးပြုနိုင်သော်လည်း ခြင်္သေ့မြို့တွင်ထိုကဲ့သို့ ဝယ်ယူအသုံးပြုရန်လုံလောက်သောငွေကြေးကို မပိုင်ဆိုင်ထားပေ။ထို့ပြင် ခြင်္သေ့မြို့သည် သူတို့၏စစ်သည်များအား လက်နက်ချပ်ဝတ်များထောက်ပံ့ပေးနိုင်ရန် စစ်အောင်ပစ္စည်းများနှင့် ဓားပြစခန်းအားလုယက်ရာမှရရှိလာသည်တို့အား အသုံးပြုခဲ့ရသည်။ထို့ကြောင့် ရှောင်ယု၏ခြင်္သေ့မြို့တွင် ရွှေပြား၁သန်းမှ၂သန်းခန့်သာ အများဆုံးရှိနိုင်ကြောင်း သူတို့ယူဆခဲ့သည်။
နှစ်စဉ်ဝင်ငွေရွှေပြား၁၀သန်း ပမာဏရှိသော ကန်းနိုင်ငံ၏အုပ်ချုပ်သူဖြစ်သည့် မြို့စားကြီးပင်လျှင် ထိုကဲ့သို့သောကြီးမားလှသည့် စစ်တပ်ကြီးတစ်ခု၏အသုံးစရိတ်အား ထောက်ပံ့နိုင်ရန်အစွမ်းရှိပေသည်။ခြင်္သေ့မြို့သည်ကား ထိုသို့မဟုတ်ပေ။
ရှောင်ယုသည် မှော်သခင်သီအိုဒေါ၏အကူအညီအား မရရှိခဲ့ပါက ကန်းနိုင်ငံကဲ့သို့ ဧရာမနိုင်ငံကြီးအား ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ဝေပြည်နယ်၏နှစ်စဉ်ဝင်ငွေသည်လည်း ရွှေပြားသန်းအနည်းငယ်ရှိသော်လည်း ဝေဟောင်၏နိမ့်ကျသောလုပ်ပုံကိုင်ပုံနှင့် သူတို့၏စစ်အင်အားကိုတိုးမြင့်လိုသော ဆန္ဒမရှိသည့်အတွက်ကြောင့် အခြားသူများထက်ပိုမိုဆိုးရွားခဲ့သည်။ထို့ကြောင့် ဝေဟောင်သည် မူလီအတွက်ရှောင်ယုအားတိုက်ခိုက်ရန်ဆုံးဖြတ်လာမည်ကို ရှောင်ယုလုံးဝမကြောက်ရွှံခြင်းဖြစ်သည်။
...
...
ရှောင်ယုသည် စုဘာရူ၏အစီအစဉ်အသေးစိတ်အား ရှင်းပြရန်အတွက် လျှပ်စီးပေအားရှာဖွေရန် ထွက်ခွာလာခဲ့သည်။ထိုသို့်မဟုတ်ပါက ရှောင်ယုသည် စုဘာရူ၏ရည်ရွယ်ချက်အမှန်ကို လျှပ်စီးပေမှမမြင်တွေ့နိုင်မည်ကို စိုးရိမ်နေမိသည်။အခွင့်အရေးကြုံပါက လျှပ်စီးပေလိုလူမျိုးသည် ရှောင်ယုအားရောင်းစားရန်ကြိုးစားမိမှာဖြစ်သည်။ရှောင်ယုသည်လည်း လျှပ်စီးပေအားအစ်ကိုဟုခေါ်နေရခြင်းမှာ စိတ်ရင်းအမှန်မဟုတ်ပေ။ထိုအရာသည် အပြန်အလှန်အကျိုးသက်ရောက်မှုသာဖြစ်သည်။
အမှန်တော့ လျှပ်စီးပေသည် စုဘာရူ၏စကားကြောင့် စိတ်ပြောင်းသွားခဲ့ရပြီး စုဘာရူသည်သူတို့အား ဝါးမြိုရန်ကြံစည်တော့မည်မဟုတ်ကြောင်း ယုံကြည်ခဲ့သည်။
ရှောင်ယုက ထိုဓားပြများသည် သူတို့ရင်ဆိုင်ရမည့်အနာဂတ်နှင့်ပတ်သက်၍ ထိုးထွင်းသိမြင်နိုင်စွမ်းမရှိဟု ယုံကြည်ခဲ့သည်။သူတို့လုပ်ဆောင်နိုင်သည်မှာ လုယက်သတ်ဖြတ်ရန်သာဖြစ်သည်။
ရှောင်ယုသည် စုဘာရူ၏လုပ်ရှားမှုနောက်ကွယ်မှ အစစ်အမှန်ရည်ရွယ်ချက်အား လျှပ်စီးပေကိုရှင်းပြခဲ့သည်။
"ငါပြောတာ သေချာစဉ်းစားကြည့်အစ်ကိုကြီး...စုဘာရူမှာသာရည်မှန်းချက်မရှိရင် သူကဘာလို့အဲလောက်ထိကုန်ကျခံမှာလဲ..."
လျှပ်စီးပေသည် ရှောင်ယု၏ရှင်းပြချက်ကိုနားထောင်နေရင်း ရှောင်ယုသည်အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း နားလည်လာခဲ့သည်။မဟာမိတ်တစ်ခုလုံးအား မျက်နှာသာပေးပုံရသည့် စုဘာရူ၏ကိုယ်ကျိုးမဖက်သောလုပ်ရပ်သည် စုဘာကူမှကွယ်ဝှက်ထားသောလှည့်ကွက်သာဖြစ်သည်။
"စုဘာရူက တကယ်ရက်စက်လွန်းတာပဲ..."
လျှပ်စီးပေ၏မျက်လုံးများသည် တလက်လက်တောက်ပလာခဲ့သည်။
ရှောင်ယုသည် စုဘာရူအား နှစ်သိမ့်အားပေးလိုက်သည်။
"အစ်ကိုကြီး ခုချိန်မှာစိတ်ကိုထိန်းထားဖို့လိုတယ်...စုဘာရူကငါတို့ထင်ထားတာထက် ပိုရက်စက်တယ်...ငါတို့က သူ့ကိုသတ်ဖို့အစီအစဉ်ကောင်းတစ်ခုရေးဆွဲဖို့လိုတယ်...အဲလိုမှမဟုတ်ရင် ဒီတိုက်ပွဲအပြီးမှာ ငါတို့ရှိတော့မှာမဟုတ်ဘူး...ငါတို့ကစုဘာရူရဲ့ဆိုးယုတ်တဲ့ရည်ရွယ်ချက်တွေကို အခြားခေါင်းဆောင်တွေကိုအသိပေးပြီးတော့ တိုက်ပွဲအတွင်းအလွန်အကျွံထုတ်မသုံးမိစေအောင် သတိပေးရမယ်...စုဘာရူကသူ့ရဲ့ဆိုးယုတ်တဲ့သဘာဝက်ိုဖော်ပြလာချိန်မှာ လက်တုံ့ပြန်ဖို့လုံလောက်တဲ့ခွန်အားကိုချန်ထားရမယ်...ဒီတစ်ကြိမ်မှာတော့ ငါတို့ရဲ့အစီအစဉ်ကိုနားလည်ပြီး ပူးပေါင်းပါဝင်မယ့်သူတွေပိုများလာဖို့မျှော်လင့်ပါတယ်...အဲကျမှငါတို့စုဘာရူကိုတစ်ကြိမ်တည်းနဲ့ အမြစ်ဖြုတ်နိုင်မှာပဲ"
စုဘာရူသည် ဓားပြခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ညဏ်နီညဏ်နက်များကာ နည်းဗျူဟာများကိုချမှတ်တတ်သူဖြစ်သည်။သို့သော်လည်း ထိုအရာသည်ပင်ရှောင်ယုအတွက် ရွှေရောင်အခွင့်အရေးဖြစ်သည်။သူသာဓားပြခေါင်းဆောင်များကို လှည့်စားနိုင်သရွေ့ စုဘာရူအားအလွယ်လေးရှင်းထုတ်နိုင်သည်။
သို့သော်လည်း ယခုအခါရှောင်ယုထံ၌ နောက်ထပ်ပြသနာတစ်ခုရှိနေပေသည်။သူသည် မြို့ကိုခုခံကာကွယ်ရန်အတွက် တိုက်ပွဲကိုဦးဆောင်ရန် ခြင်္သေ့မြို့ကိုတိုက်ခိုက်မယ့်အဖွဲ့၌ ပါဝင်ရန်အကြောင်းပြချက်ရှာရမည်ဖြစ်သည်။
အဆုံးသတ်တွင် ခြင်္သေ့မြို့အားတိုက်ခိုက်မယ့် ဓားပြအရေအတွက်သည် အလွန်များပြားနေခဲ့သည်။ဓားပြမဟာမိတ်သည် အရေအတွက်၁သိန်းကျော်ရှိရာ သူတို့၏ထက်ဝက်ကိုစေလွှတ်ခဲ့လျှင်ပင် ခြင်္သေ့မြို့အတွက်ဖိအားများနေပြီဖြစ်သည်။
ကပ္ပတိန်ဟွေ့စုဆောင်းထားသော ထောက်လှမ်းရေးအချက်အလက်များအရ ဓားပြမဟာမိတ်တစ်ခုလုံးတွင် ဓားပြအရေအတွက်၁သိန်းကျော်ရှိကြောင်း သိထားရသည်။သို့သော်လည်း စုဘာရူတစ်ယောက်တည်း၏ထိန်းချုပ်မှုအောက်တွင် ဓားပြ၁၀၀၀၀၀ခန့်ရှိနေကာ အခြားဓားပြခေါင်းဆောင်များ၏ကိုယ်ပိုင်တပ်ဖွဲ့များကို ပေါင်းထည့်လိုက်ပါက အရေအတွက်ပိုမိုများပြားလာမည်ဖြစ်သည်။
သူတို့သည်ဓားပြများဖြစ်ကြသော်လည်း လက်ရွေးစင်စစ်သားများမဟုတ်ကြပေ။သို့သော်လည်း အရေအတွက်များပြားလွန်းသောကြောင့် သူတို့၏ခွန်အားကိုလျော့မတွက်သင့်ပေ။ရှောင်ယုသည် ဤဓားပြမဟာမိတ်အားနောက်ကွယ်မှထောက်ပံ့ပေးသူရှိနေမည်ဟု ခံစားမိပေသည်။ထိုသို့မဟုတ်ပါက စုဘာရူသည် ယခုလိုကြီးမားသောတပ်ဖွဲ့တစ်ခုအား ကိုယ်ပိုင်ခွန်အားဖြင့်ရယူရန် မဖြစ်နိုင်ပေ။
စုဘာရူအား ထောက်ပံ့ပေးနေသောအင်အားစုသည် အနောက်တိမ်တိုက်အင်ပါယာမှဖြစ်ရမည်ဟု ရှောင်ယုခန့်မှန်းမိပေသည်။စုဘာရူ၏လက်အောက်တွင် အမာခံမြင်းတပ်သားများအပြင် အပေါ့စားမြင်းတပ်သား၄၀၀၀၀ခန့်ပိုင်ဆိုင်ထားပေသည်။အနောက်တိမ်တိုက်အင်ပါယာသည် အပေါ့စားမြင်းတပ်သားများကိုလေ့ကျင့်ပေးရာတွင် ကျော်ကြားပြီး ၎င်းတို့၏လျင်မြန်သောတိုက်ခိုက်မှုကြောင့် ဗျူဟာများချမှတ်ရာတွင် အလေးသာပေသည်။
သို့ဖြစ်ရာ အနောက်တိမ်တိုက်အင်ပါယာ၏ကျောထောက်နောက်ခံမရှိပါက စုဘာရူသည် အပေါ့စားမြင်းတပ်သား၄၀၀၀၀အား စုဆောင်းရန်မဖြစ်နိုင်ပေ။ထိုသို့စုဆောင်းရန်ပင်အသာထား မြင်းကောင်ရေ၄၀၀၀၀ကို ဝယ်ယူရန်မဖြစ်နိုင်ပေ။အနောက်တိမ်တိုက်အင်ပါယာမှ ကုန်သည်များပင်လျှင် ထိုသို့မြင်းကောင်ရေအမြောက်အများကို ရောင်းချရန်မတတ်နိုင်ပေ။
ခြင်္သေ့နယ်မြေသည် ကောင်းကင်ခြင်္သေ့မင်းဆက်နှင့်အနောက်တိမ်တိုက်အင်ပါယာအကြား ကြားခံနယ်မြေတစ်ခုဖြစ်ပေသည်။ခြင်္သေ့နယ်မြေကိုအုပ်စိုးခြင်းဖြင့် အနောက်တိမ်တိုက်အင်ပါယာသည် အလယ်ပိုင်းလွင်ပြင်ကို အလွယ်တကူဝင်ရောက်နိုင်ကာ အတွင်းပိုင်းရန်ပွဲများကြောင့် မငြိမ်မသက်ဖြစ်နေသော ကောင်းကင်ခြင်္သေ့မင်းဆက်၏ ချမ်းသာသောနယ်မြေများအား သိမ်းပိုက်နိုင်မည်ဖြစ်သည်။ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၏ဘုရင်ဖြစ်ခဲ့လျှင် ထိုသို့ပြုလုပ်မှာဖြစ်သည်။
အနောက်တိမ်တိုက်အင်ပါယာသည် ဓားပြအုပ်စုငယ်များကို ထောက်ပံ့ပေးနေကြောင်း ရှောင်ယုသိရှိထားသော်လည်း ၎င်းအင်ပါယာသည် ကြီးမားသောဓားပြအုပ်စုများကိုလည်း ကျောထောက်နောက်ခံပြုထားပုံရပေသည်။
ရှောင်ယုသည် စုဘာရူအားရှာဖွေရန်သွားနေစဉ် စုဘာရူ၏ဆိုးယုတ်သောရည်ရွယ်ချက်များကို အခြားသူများသိရှိနိုင်အောင် ရှင်းပြရန်အတွက် လျှပ်စီးပေအားတောင်းဆိုခဲ့သည်။သူသည် ဓားပြများ၏တိုက်ခိုက်မှုအား တွန်းလှန်ရန်အတွက် ခြင်္သေ့မြို့သို့ယာယီပြန်လည်ရောက်ရှိရန် အကြောင်းပြချက်တစ်ခုအား ရှာဖွေရမည်ဖြစ်သည်။
...
...
ရှောင်ယုသည် ခန်းမအတွင်းသို့ဝင်ဝင်ချင်း စုဘာရူကိုတောင်းဆိုလိုက်သည်။
"ခေါင်းဆောင်...ခြင်္သေ့မြို့ကိုတိုက်ခိုက်မယ့်တိုက်ပွဲမှာ ငါ့ရဲ့အမာခံမြင်းတပ်သားတွေလည်းပါဝင်ချင်တယ်...စစ်မြေပြင်မှာကြီးကျယ်တဲ့ဂုဏ်ကျက်သရေကိုထိန်းသိမ်းဖို့ ငါ့ကိုခွင့်ပြုပေးပါ"
"စစ်သူကြီးကျန်းက ငါ့အပေါ်သစ္စာစောင့်သိတာဟာ ငါ့အတွက်ကောင်းချီးတစ်ခုပါဘဲ...ဒါပေမဲ့ငါတို့ဆီမှာ အမာခံမြင်းတပ်သားအရေအတွက်ရှားပါးနေလို့ သူတို့ကိုအဆုံးရှံးမခံနိုင်ဘူး...ငါကအမာခံမြင်းတပ်သားတွေကို ငါ့ရဲ့ကလေးတွေသဖွယ်ဆက်ဆံထားတာပဲ...ဒါ့အပြင်ငါတို့ကမြို့သိမ်းတိုက်ပွဲတစ်ခုကို ဆင်နွဲမှာဆိုတော့ အမာခံမြင်းတပ်တွေကိုအသုံးပြုဖို့အခွင့်အရေးရမှာမဟုတ်ဘူး...."
စုဘာရူသည် ရှောင်ယုအားဖျောင်းဖြနှစ်သိမ့်လိုက်သည်။
ရှောင်ယုသည် ထိုသို့သောအဖြေမျိုးအား ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ယခုအချိန်တွင်သူသည် လင်းယုန်စခန်းရှိ တတိယမြောက်အမာခံမြင်းတပ်၏တပ်မှူးဖြစ်ပေရာ စုဘာရူသည်သဘာဝကျစွာပင် သူတို့်အားအထိအခိုက်အဖြစ်ခံမည်မဟုတ်ပေ။
စုဘာရူသည် လာမယ့်တိုက်ပွဲတွင် လူ၃၀၀၀၀ကိုအသုံးပြုရန် စီစဉ်နေခဲ့သည်။ထို့အပြင် သူသည်ထိုတိုက်ပွဲ၌ စခန်းတွင်အသုံးမဝင်သောလူများကိုသာ စေလွှတ်သွားမည်ဖြစ်သည်။စုဘာရူကဲ့သို့ ထက်မြက်သောခေါင်းဆောင်တစ်ဦးသည် သူ၏ချစ်လှစွာသောအမာခံမြင်းတပ်များကို ဤသို့သောတိုက်ပွဲသို့စေလွှတ်ရန် မဖြစ်နိုင်ပေ။သူသည် အပေါ့စားမြင်းတပ်ကိုအဓိကထားအုပ်ချုပ်သော်လည်း အချို့သောတိုက်ပွဲများ၌အမာခံမြင်းတပ်၏အရေးပါပုံက်ို နားလည်ထားပေသည်။
ရှောင်ယုသည် စုဘာရူ၏အဖြေကိုမကျေနပ်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါ့ရဲ့တပ်သားတွေကို ရန်သူ့ရဲ့သွေးကိုသတ်ဖို့စိတ်အားထက်သန်နေတယ်...ငါတို့ရဲ့ညီအစ်ကိုတွေစစ်တိုက်နေချိန်မှာ ငါတို့ထိုင်မနေနိုင်ဘူး...ငါတို့ရဲ့တန်ဖိုးကိုသက်သေပြဖို့အတွက် အံ့အားသင့်ဖွယ်အကျိုးသက်ရောက်မှုကိုရရှိဖို့ ရန်သူကိုအကြီးအကျယ်ထိုးနှက်နိုင်ဖို့ ဒီအခွင့်အရေးကိုငါတို့လက်လွှတ်မခံနိုင်ဘူး"
စုဘာရူသည် ရှောင်ယု၏ပုခုံးကိုပုတ်လိုက်ပြီး ရယ်မောလိုက်သည်။
"စစ်သူကြီးကျန်း...မင်းရဲ့ခံစားချက်တွေကို ငါနားလည်ပါတယ်...ဒါပေမဲ့ဒီတစ်ခေါက်တော့ အမာခံမြင်းတပ်သားတွေကို အသုံးပြုဖို့မရည်ရွယ်ထားဘူး...နောက်လာမယ့်စစ်ပွဲတွေမှာ မင်းရဲ့အကူအညီကိုလိုအပ်လာမယ့်အခိုက်အတန့်တွေရှိလာလိမ့်မယ်...မင်းရဲ့အရည်အချင်းတွေကိုထုတ်ပြနိုင်မယ့် အခြေအနေတွေအများကြီးရှိလာမှာပါ"
ရှောင်ယုသည် သူ၏မျက်နှာပေါ်၌ စိတ်ပျက်နေသောအမူအရာအား ထုတ်ဖော်လိုက်သည်။
"အနည်းဆုံးတော့ငါ့ရဲ့လူတွေကို တိုက်ပွဲကိုအဝေးကနေကြည့်ရှုဖို့ ခွင့်ပြုပေးပါ....ငါ့ရဲ့အမာခံမြင်းတပ်သားတွေကိုစစ်ပွဲဆိုတာ ဘာလဲဆိုတာမြင်စေချင်တယ်....မင်းရဲ့အမိန့်မပါဘဲ တိုက်ပွဲမှာငါတို့ပါဝင်မှာမဟုတ်ဘူး..."
"ကောင်းပြီ...မင်းရဲ့လူတွေကိုခေါ်သွားပြီး တိုက်ပွဲကိုစောင့်ကြည့်လိုက်ပါ...ဒါပေမဲ့ကျန်တဲ့အင်အားစုတွေနဲ့အတူ အပြင်မထွက်ပါနဲ့....မင်းရဲ့ထွက်ခွာခြင်းကိုအခြားသူတွေသတိမထားမိအောင်နေပါ...မဟုတ်ရင်ငါကငါ့ရဲ့အင်အားစုတွေကို ဦးစားပေးနေတယ်ဆိုပြီး အပြောခံရလိမ့်မယ်....တိုက်ပွဲအခြေအနေကိုမျက်ကွယ်တစ်နေရာကစောင့်ကြည့်ပါ...မင်းရဲ့အကူအညီကိုလိုအပ်လာရင် သင့်တော်တဲ့အချက်ပြမှုကို ငါပေးပို့ပါမယ်....ငါ့အမိန့်မပါဘဲတိုက်ပွဲထဲလုံးဝမဝင်နဲ့"
အဆုံးသတ်တွင် စုဘာရူသည်ရှောင်ယုအား ခွင့်ပြုချက်ပေးလိုက်သည်။
ရှောင်ယုသည် စုဘာရူအားချက်ချင်းဦးညွတ်လိုက်သည်။
"ဟုတ်ကဲ့ပါအရှင်...ခေါင်းဆောင်ရဲ့အမိန့်ကိုမနာခံတဲစစ်သားဟာ သူရဲကောင်းတစ်ယောက်မဟုတ်ဘူး..."
ရှောင်ယု၏စကားကိုနားထောင်လိုက်ရချိန်တွင် စုဘာရူသည်သူ့ကိုယ်သူအလွန်မြင့်မြတ်သလိုခံစားလိုက်ရသည်။
"စစ်သေနာပတိကျန်နဲ့ပူးပေါင်းရတာဟာ ငါ့အတွက်အလွန်ပညာညဏ်ရှိတဲ့ဆုံးဖြတ်ချက်တစ်ခုပါဘဲ....ဒါကတကယ့်စစ်သားနဲ့ဓားပြတွေကြားကကွာဟချက်ပဲ"
ရှောင်ယုသည် ခေါင်းငုံ့နေသော်လည်း သူ၏မျက်လုံးများ၌အေးစက်သော အလင်းရောင်များတောက်ပနေခဲ့သည်။
အခန်း ၁၁၉ - ဆင်ခြေပေးခြင်း
ဤရက်ပိုင်းအတွင်း လင်းယုန်စခန်းရှိဓားပြများသည် ခြင်္သေ့မြို့ကိုတိုက်ခိုက်မယ့်တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို အတူတကွပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ဓားပြများသည် မြက်ခင်းပြင်ပေါ်၌ အစာစားလေ့မရှိသောကုလားအုတ်များနှင့်ဆင်တူပေရာ ယခုကဲ့သို့အကြီးစားတိုက်ပွဲတစ်ခုအတွက် ထောက်ပံ့ပို့ဆောင်ရေးသည် အလွန်ကြီးမားပေသည်။
အမေရိကန်တပ်သားများသည် ဒုတိယကမ္ဘာစစ်အား အဆုံးသတ်ပေးနိုင်ခဲ့သည့်ကိစ္စတွင် သူတို့၏ကောင်းမွန်သော လက်နက်ကိရိယာများကြောင့်သာမက သူတို့၏ကောင်းမွန်သောစီမံခန့်ခွဲမှုသည်လည်း အရေးပါသောနေရာ၌ ပါဝင်နေပေသည်။အမေရိကန်စစ်သေနာပတိဖြစ်သူ အိုက်စင်ဟောင်ဝါသည် နော်မန်ဒီကမ်းတက်တိုက်ပွဲအား ဆင်နွဲရန်အတွက်ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီး အရင်းအမြစ်များစွာထောက်ပံ့ပေးခဲ့သောကြောင့် မဟာမိတ်တပ်ပေါင်းစု၏ အကြီးအကဲဖြစ်လာခဲ့သည်။
ရှောင်ယုသည် ဤစစ်ပွဲ၏အခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ ခြင်္သေ့မြို့ကိုကြိုတင်သတိပေးထားပြီးဖြစ်သည်။သူသည် ခြင်္သေ့မြို့မှသူလျှိုများကို ယုံကြည်နိုင်စွမ်းနိမ့်ပါးနေရာ သူတို့၏သတင်းစုဆောင်းခြင်းကို သူခွင့်မပြုခဲ့ပေ။
သူသည် တိုင်ရန်ဒီအား လင်းယုန်စခန်းဆီသို့ ညတိုင်းလာရောက်စေခဲ့သည်။သူမသည် သူမ၏ကျားဖြူနှင့်အတူ အရိပ်ထဲ၌မမြင်တွေ့နိုင်ပေ။အတိုချုပ်ပြောရမည်ဆိုလျှင် သူမသည်ဤလုပ်ငန်းအတွက် အသင့်တော်ဆုံးသောသူဖြစ်သည်။ရှောင်ယုထံ၌လည်း လေလမ်းလျှောက်ခြင်းနှင့်သူရဲကောင်းဆန်စွာခုန်ကျော်ခြင်းတို့ကိုပိုင်ဆိုင်ထားရာ ညစဉ်ညတိုင်းလင်းယုန်စခန်းမှ ခိုးထွက်ရန်ကိစ္စမရှိပေ။
ခြင်္သေ့မြို့သည်လည်း လက်ရှိအခြေအနေကို သတိပြုမိနေပြီဖြစ်၍ တိုက်ပွဲအတွက်ပြင်ဆင်ရန် သူတို့၏တပ်သားများကို လက်နက်ရိက္ခာအပြည့်အစုံ စတင်ထောက်ပံ့ထားပြီဖြစ်သည်။
ဓားပြများသည် အရေအတွက်၁သိန်းကျော်သော်လည်း ခြင်္သေ့မြို့သည် ယခင်ကခြင်္သေ့မြို့မဟုတ်တော့ပေ။ရှောင်ယုထံတွင် သူရဲကောင်းများပိုင်ဆိုင်ထားပြီဖြစ်သလ်ို ဆင့်ခေါ်ထားသောတပ်သားများ အသုံးပြုသည့်လက်နက်ချပ်ဝတ်များကို အဆင့်မြင့်တင်ထားပြီးဖြစ်သည်။အောစ့်စစ်သည်များအနက် အစွမ်းအထက်ဆုံးသည်အဆင့်၈သို့ရောက်ရှိနေကြပြီး သူဆင့်ခေါ်ထားသောစစ်သည်များအားလုံးသည် အနည်းဆုံးကျွမ်းကျင်မှု ၂ခုကိုသင်ယူထားပြီးဖြစ်သည်။ရှောင်ယုသည် သူတို့အတွက်အဆင့်၂လက်နက်ချပ်ဝတ်များတပ်ဆင်ပေးခဲ့သလို သူကယ်တင်ခဲ့သောအောစ့်၅၀၀အတွက်လည်း လက်နက်များပြင်ဆင်ပေးခဲ့သည်။
ထို့အပြင် ခြင်္သေ့မြို့၏ပုံမှန်စစ်တပ်ကို တပ်သား၁၀၀၀၀ဖြင့်ဖွဲ့စည်းထားခဲ့သည်။သူတို့သည် လက်ရွေးစင်စစ်သားများမဟုတ်ကြသော်လည်း ရှောင်ယုချမှတ်ထားသောမူဝါဒများကြောင့် သူတို့၏စိတ်ဓာတ်သည် အမြင့်ဆုံးသို့ရောက်ရှိနေခဲ့သည်။သူတို့သည် ဆုကြေးငွေရရှိရန်စိတ်အားထက်သန်နေသော ကျားများနှင့်ဆင်တူပေသည်။
သူတို့သည် စစ်ပွဲ၌ကျရှံးခဲ့လျှင်ပင် ကျနယ်ရစ်ခဲ့မယ့်သူတို့မိသားစုအတွက် ပြုစုစောင့်ရှောက်ပေးမယ့်သူကိုစိုးရိမ်နေစရာမလိုပေ။ရှောင်ယုသာ ဤတိုက်ပွဲကိုနည်းစနစ်တကျအမိန့်ပေးနိုင်ပါက အနိုင်ရရှိရန်အခွင့်အရေး ၇၀ရာခိုင်နှုန်းထိရှိကြောင်း နားလည်ထားသည်။ကပ္ပတိန်ဟွေ့နှင့်ဗိုလ်ချုပ်မူလီတို့သည် ဓားပြများ၏တိုက်ခိုက်လာမှုကို အဆုံးစွန်ထိတောင့်ခံရန်ပြင်ဆင်နေချိန် ရှောင်ယုကမူ ဓားပြ၁သိန်းကျော်လုံးကိုအမြစ်ဖြုတ်သတ်ဖြန်ရန် ကြံစည်နေခဲ့သည်။ထိုသို့လုပ်ဆောင်ခြင်းဖြင့် ရှောင်ယုသည်အလွန်များပြားသော ကမ္မကုသိုလ်မှတ်များကိုရရှိမည်ဖြစ်ကာ ဂိမ်းစနစ်မှသတ်မှတ်ပေးထားသည့် မြင့်မားသည့်ရာထူးတစ်ခုအား ပိုင်ဆ်ိုင်မှာဖြစ်သည်။သို့မှသာ သူသည်အခြေစိုက်စခန်းများကို အဆင့်မြင့်တင်ကာ ပိုမိုအဆင့်မြင့်သောတပ်သားများကို ရရှိမှာဖြစ်သည်။
အမှန်တော့ ရှောင်ယုသည် ဤတိုက်ခိုက်မှုကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါက သူ၏ရာထူးကိုအဆင့်မြင့်တင်ကာ နောက်တစ်ဆင့်သို့တက်လှမ်းနိုင်မည်ဟု ယုံကြည်မှုအနည်းငယ်ရှိပေသည်။
အဆုံးသတ်တွင် တစ်လခန့်ပြင်ဆင်မှုများ ပြုလုပ်အပြီး၌ ဓားပြများသည်ခြင်္သေ့မြို့သို့စတင်ချီတက်လာခဲ့ကြသည်။
စုဘာရူ၏အားပေးမှုကြောင့် ရွှေပြားများနှင့်ပတ်သက်၍ စိတ်ကူးယဉ်နေကြသော ဓားပြခေါင်းဆောင်များသည် စစ်ပွဲသို့ချီတက်ရန်အတွက် စိတ်ဓာတ်တက်ကြွနေကြသည်။မကြာသေးမှီက စုဘာရူသည်ဆုလာဘ်များနှင့်ပတ်သက်၍ တိကျသောပမာဏတစ်ခုအား ထုတ်ပြန်ခဲ့သည်။စုဘာရူသည် ရန်သူတပ်သားတစ်ဦးစီ၏ဦးခေါင်းအတွက် ရရှိမယ့်ရွှေပြားပမာဏနှင့် ဆုံးရှံးသွားသည့်ကိုယ်ပိုင်တပ်သားတစ်ဦးစီတိုင်းအတွက် ရရှိမယ့်ရွှေပြားအရေအတွက်တို့အား ထုတ်ပြန်ခဲ့သည်။
ထိုသို့အတိအကျ ထုတ်ပြန်ပြီးနောက် ဓားပြများသည်အလွန်စိတ်လှုပ်ရှားသွားခဲ့ကြသည်။အချို့သည် ရွှေပြားအနည်းငယ်အတွက် မိမိတို့နှင့်ခင်မင်ရင်းနှီးသော သူငယ်ချင်းမိတ်ဆွေများ၏ ဦးခေါင်းကိုပင်ပိုင်းဖြတ်ရန် ဆန္ဒရှိသူများဖြစ်ကြသည်။
လျှပ်စီးပေထံမှ သတင်းအချက်အလက်များကို ရရှိထားသည့်ဓားပြခေါင်းဆောင်များသည်သာ စုဘာရူသည်ဤအရှုပ်အထွေးမှ နောက်ဆုံးအမြတ်ထွက်မည့်သူဖြစ်ကြောင်း နားလည်လိုက်ကြသည်။
သို့သော်လည်း ထိုလူများသည် လောဘက်ိုထိန်းချုပ်နိုင်ခြင်းမရှိပေ။သူတို့သည် လျှပ်စီးပေထံမှအသေးစိတ်သတင်းအချက်အလက်များကို ရရှိထားသော်လည်း အစာရှာရင်းသေရသည့်ငှက်များပမာဖြစ်နေခဲ့ကြသည်။
ထိုရွှေပြားများသည် ထောင်ချောက်များဖြစ်ကြောင်း သူတို့သိထားကြသော်လည်း မျှော်လင့်နေကြဆဲဖြစ်သည်။
ဓားပြခေါင်းဆောင်များသည် အမြင်ကျည်းမြောင်းကြပြီး စုဘာရူနှင့်မဆက်ဆံချင်သော်လည်း ငွေကြေးနှင့်ပတ်သက်လာလျှင် အရာအားလုံးကဒုတိယသာဖြစ်သည်။
ရှောင်ယုသည် ဓားပြများ ခြင်္သေ့မြို့သို့ချီတက်သွားပြီးနောက် အမာခံမြင်းတပ်သား၁၀၀၀ကိုဦးဆောင်၍ လင်းယုန်စခန်းမှထွက်ခွာလာခဲ့သည်။အမာခံမြင်းတပ်သား၁၀၀၀တွင် ၄၅၀သည် သူ၏ကိုယ်ပိုင်တပ်သားများဖြစ်ကာ ၅၅၀သည်စုဘာရူ၏တပ်သားများဖြစ်ကြသည်။
အစောပိုင်းတွင် စုဘာရူသည် ရှောင်ယု၏တပ်သားများကို အုပ်စုခွဲကာအခြားတပ်ဖွဲ့များထံပို့ဆောင်ခဲ့သည်။သို့သော် ရှောင်ယုနှင့်လျှပ်စီးပေတို့အကြားရန်ပွဲကြောင့် ထိုကိစ္စကိုဖျက်သိမ်းခဲ့ရသည်။စုဘာရူသည် ထိုကိစ္စနှင့်ပတ်သက်၍ ရှောင်ယုနှင့်အကြိမ်ပေါင်းများစွာဆွေးနွေးခဲ့သော်လည်း ရှောင်ယုကအလျော့မပေးခဲ့ပေ။
နောက်ပိုင်းတွင် စုဘာရူသည်ထိုကိစ္စကို လုံးဝစွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ရှောင်ယုသာ သူ၏တပ်သားများကို မတူညီသောအဖွဲ့များ၌ခွဲဝေတာဝန်ချပေးလိုက်ပါက အခြားသူများကသူ့အား သံသယဝင်လာမည်ကိုသူစိုးရိမ်နေသည်။ထို့ပြင် ရှောင်ယုထံ၌ အမာခံမြင်းတပ်သား၄၅၀သာရှိရာ ရှောင်ယုသည်သူ့အတွက်ခြိမ်းခြောက်မှုဖြစ်မလာနိုင်ဟုယူဆခဲ့သည်။ရှောင်ယုထံ၌ ဓားပြထောင်ချီရှိနေပါက စုဘာရူသည်ဤသို့ခွင့်ပြုပေးမည်မဟုတ်ပေ။
မြင်းတပ်များသည် ခြေလျင်တပ်များထက် များစွာမြန်ဆန်သောကြောင့် ရှောင်ယုသည်ဓားပြများ၏ အဓိကတပ်များကို အချိန်တိုအတွင်းကျော်လွှားနိုင်ခဲ့သည်။ဓားပြများသည် မြို့သိမ်းရန်ပြင်ဆင်နေကြသော်ကြောင့် သူတို့နှင့်အတူမြို့သိမ်းလက်နက်များ သယ်ဆောင်လာခဲ့ကြရာ အမာခံမြင်းတပ်၏အရှိန်ထက် အလွန်နှေးကွေးနေခဲ့သည်။ရှောင်ယုထံ၌မူ စုဘာရူ၏ခွင့်ပြုချက်ရထား၍ ပြသနာမရှိခဲ့ပေ။
...
ရှောင်ယု၏တပ်များသည် ခြင်္သေ့မြို့နှင့်မိုင်ပေါင်း ၃၀အကွာခန့်သို့ရောက်ရှိလာခဲ့သည်။
ရှောင်ယုသည် မြေမျက်နှာသွင်ပြင်ကိုတစ်ချက်စစ်ဆေးကာ အမိန့်ပေးလိုက်သည်။
"ဒီတောင်ကုန်းကခြင်္သေ့မြို့နဲ့သိပ်မဝေးဘူး....ပြီးတော့ငါတို့ရောက်နေတာက တောင်ရဲ့အပေါ်ပ်ိုင်းဆိုတော့ တိုက်ပွဲအခြေအနေကို ပုန်းအောင်းစောင့်ကြည့်ဖို့ အကောင်းဆုံးနေရာပဲ"
ရှောင်ယုသည် စုဘာရူ၏ အမာခံမြင်းတပ်သား၅၅၀အား အလေးပေးပြောဆိုခဲ့သည်။သူသည် ခြင်္သေ့မြို့အားတိုက်ခိုက်လိုကြောင်း သူတို့အားယုံကြည်စေခဲ့သည်။
စုဘာရူသည် ရှောင်ယုနှင့်အတူ သူ၏အမာခံမြင်းတပ်သား၅၅၀အား ထည့်ပေးလိုက်၍ ရှောင်ယုမှလှည့်ကွက်အသုံးပြုလာမည်ကို စိတ်ပူပန်နေခြင်းမရှိပေ။
ရှောင်ယုသည် ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ရင်း တောင်ကုန်းပေါ်၌ရပ်လိုက်သည်။ခြင်္သေ့မြို့သည်သာလျှင် လွင်ပြင်ကျယ်အတွင်း၌ ထီးထီးမားမားတည်ရှိနေသည်။အနောက်မြေရိုင်းဒေသသည် အလွန်ရှုပ်ထွေးပေရာ ရှောင်ကျန်းထျန်သည်ခြင်္သေ့မြို့အားတည်ဆောက်ရန်အတွက် ဤနေရာအားအထူးရွေးချယ်ခဲ့သည်။
ရှောင်ယုသည် ပတ်ဝန်းကျင်အခြေအနေအား စူးစမ်းလေ့လာရန်ထွက်ခွာသွားစဉ် အမာခံမြင်းတပ်သားများကို အနားယူထားရန်အမိန့်ပေးခဲ့သည်။
သူတို့သည် ဤတိုက်ပွဲ၌ပါဝင်ရန် အခြေအနေမရှိပေရာ အပေါ့စားချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခဲ့သည်။
ရှောင်ယုသည် စစ်သေနာပတိတစ်ယောက်အနေဖြင့် ဗျူဟာမြောက်နည်းဗျူဟာများချမှတ်ရန် မြေမျက်နှာသွင်ပြင်ကို ကိုယ်တိုင်စူးစမ်းလေ့လာမည်ဟု ပြောထားခဲ့သည်။
ရှောင်ယုသည် စစ်သူကြီးတစ်ယောက်က တိုက်ပွဲတွင်အခြေအနေကိုသိရှိနိုင်ရန် တိုက်ပွဲဖြစ်ပွားမယ့်မြေမျက်နှာသွင်ပြင်ကို ကြိုတင်စစ်ဆေးရမည်ဟူသော နာမည်ကျော်ဗိုလ်ချုပ်ရွန်းမဲလ်၏ သီအိုရီကိုအသုံးပြုခဲ့ခြင်းဖြစ်ပေသည်။
ယခုအခါ ရှောင်ယုသည် ထိုသီအိုရီအား လက်တွေ့အသုံးပြုနေခဲ့သည်။
ရှောင်ယုသည် ဤကာကွယ်ရေးတိုက်ပွဲတွင် ဆင့်ခေါ်ထားသောမြင်းတပ်သားများကို အသုံးမပြုနိုင်၍ ၎င်းတို့အားများစွာဂရုစိုက်ခြင်းမရှိခဲ့ပေ။သို့သော် ရှောင်ယုသည် ကာကွယ်ရေးကိုဦးစီးဆောင်ရွက်ရန် ခြင်္သေ့မြို့သို့လူကိုယ်တိုင်ပြန်သွားရမည်ဖြစ်သည်။ရှောင်ယုသည် သူ၏တပ်သားတိုင်းအသက်ရှင်လျက်ပြန်လာရန် မျှော်လင့်ထားပေသည်။
ရှောင်ယုသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် တိုက်ပွဲစည်သံများ စတင်ထွက်ပေါ်လာခဲ့သည်။
အခန်း ၁၂၀ - စိတ်ဓာတ်ရေးရာပြသနာ
ရှောင်ယုသည် သူ၏မြင်းကိုတောထဲ၌ချည်နှောင်လိုက်ပြီး ခြင်္သေ့မြို့သို့ပြန်ရန်အတွက် လေလမ်းလျှောက်ခြင်းကို အသုံးပြုခဲ့သည်။
ခြင်္သေ့မြို့အတွင်းရှိ ခန်းမအတွင်း၌ တိုက်ပွဲမစတင်မှီ နောက်ဆုံးအကြိမ်တပ်ဖြန့်မှုပြုလုပ်ရန်အတွက် လူတိုင်းအသင့်ဖြစ်နေကြသည်။ထိုခန်းမထဲ၌ ဂရင်း၊တိုင်ရန်ဒီ၊သရောလ်နှင့် အခြားသူများရှိနေကြသည်။
ရှောင်ယုသည် ခန်းမအတွင်းသိုဝင်ရောက်လာသောအခါ လူတိုင်းမတ်တပ်ထရပ်လိုက်ကြသည်။ကပ္ပတိန်ဟွေ့နှင့်ဗိုလ်ချုပ်လီတို့သည် သတင်းထောက်လှမ်းရေးအတွက် ရှောင်ယုကိုယ်တိုင် လင်းယုန်စခန်းသို့ခိုးဝင်မယ့်အစီအစဉ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။ရှောင်ယုသည် နယ်မြေအရှင်သခင်ဖြစ်ရာ ထိုသို့ပြုလုပ်ခြင်းသည် အလွန်အန္တာရယ်များလှပေသည်။သို့သော် ထိုအချိန်က ရှောင်ယုသည်စကားတစ်ခွန်းကိုသာ ပြောခဲ့သည်။
"ငါဘာလုပ်နေတာလဲ ငါသိတယ်...."
ရှောင်ယုသည် ဓားပြများသည် ခြင်္သေ့မြို့အတွက် အဓိကပြသနာကြီးဖြစ်ပြီး ယခုအခါသူတို့အားလုံးသည် လင်းယုန်စခန်း၌စုရုံးရောက်ရှိနေပြီဖြစ်ရာ နှစ်ခါမရနိုင်သောအခွင့်ကောင်းဖြစ်ပေသည်။သူတို့သာဓားပြပြဿနာကို ကောင်းစွာဖြေရှင်းလိုပါက ဤအခွင့်အရေးကိုလုံးဝလက်မလွှတ်သင့်ပေ။
ဤအခြေအနေတွင် အခြားသောသင့်လျော်သည့် ကိုယ်စားလှယ်များရှိနေပါက ရှောင်ယုသည်ဤသို့အန္တာရယ်များသော အခြေအနေ၌ကိုယ်တိုင်ပါဝင်လှုပ်ရှားမည်မဟုတ်ပေ။သို့သော် ခြင်္သေ့မြို့တစ်ခုလုံးက်ို မြေလှန်ရှာဖွေသည်တောင်မှ မည်သူ့ကိုမှရှာမတွေ့ခဲ့ပေ။
ရှောင်ယုထံတွင် လေလမ်းလျှောက်ခြင်း၊တည်နေရာရွေ့ပြောင်းခြင်း၊သူရဲကောင်းဆန်စွာခုန်လွှားခြင်းနှင့် အခြားအစွမ်းထက်ကျွမ်းကျင်မှုများစွာပိုင်ဆိုင်ထားသည့်အတွက်ကြောင့် လင်းယုန်စခန်း၌ အန္တာရယ်နှင့်ရင်ဆိုင်ရပါက ပြဿနာမရှိဘဲထွက်ပြေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။
မည်သို့ပင်ဆိုစေ ရှောင်ယု၏အစီအစဉ်သည် အောင်မြင်ခဲ့ကာ လင်းယုန်စခန်းအတွင်းသို့ ခိုးဝင်နိုင်ခဲ့သည်။ထို့နောက် သူသည်ဓားပြများ၏အရေးပါသော သတင်းအချက်အလက်များစွာကို စုဆောင်းနိုင်ခဲ့သည်။
ထိုဓားပြမဟာမိတ်ကိုသာ ဖျက်ဆီးနိုင်ခဲ့လျှင် အခြားသောဓားပြစခန်းငယ်များသည် သူတို့အားတွန်းလှန်ရန်မဖြစ်နိုင်တော့ပေ။
ဓားပြပြဿနာကိုဖြေရှင်းပြီးပါက လူဦးရေပိုမိုတိုးပွားလာမည်ဖြစ်ကာ နယ်မြေအတွင်း လူဦးရေအလုံအလောက်ရှိလာပါက မဟာမြို့စားပြည်နယ်တစ်ခုကို တည်ထောင်နိုင်မည်ဖြစ်သည်။
"ထိုင်ကြ...အဲလောက်ထိယဉ်ကျေးနေစရာမလိုဘူး...ငါသတင်းကောင်းတွေအများကြီးယူလာခဲ့တယ်....လင်းယုန်စခန်းကအရမ်းကို ချမ်းသာပြီးတော့ ဒီတစ်ခေါက်ရန်ပုံငွေကိုတောင် ရွှေပြား၁၀သန်းကျော်ပြင်ဆင်ထားတယ်...ငါတို့သာအဲ့ဒါက်ိုရရင် ငွေကြေးပြဿနာကိုတွေးပူနေစရာမလိုတော့ဘူး..."
ရှောင်ယုက ပြုံး၍ပြောလိုက်သည်။
သို့သော် ရှောင်ယု၏စကားသည် မည်သည့်ပျော်ရွှင်မှုကိုမှ မဖြစ်ပေါ်စေခဲ့ပေ။ဂိမ်းစနစ်မှဆင့်ခေါ်ထားသော သူရဲကောင်းများအနေဖြင့် သူတို့သည် စစ်ပွဲအကြောင်းကိုသာစဉ်းစားနေကြသည်။သူတို့သည် ရှောင်ယုနောက်သို့ အမြဲတမ်းလိုက်ပါက သေဆုံးသည်အထိ ပျော်ရွှင်စွာတိုက်ခိုက်ကြမည်ဖြစ်သည်။
သို့သော်လည်း ကပ္ပတိန်ဟွေ့နှင့်ဗိုလ်ချုပ်မူလီတို့အပေါ် ကြီးမားသောဖိအားကျရောက်လာခဲ့သည်။
"မင်းတို့ကိုယ်ပြန်ကြည့်စမ်း...ပေါ့ပေါ့ပါးပါးနေပါလို့ ငါဘယ်နှစ်ခါပြောရမလဲ...ဝိုင်အရင်သောက်ကြရအောင်...ပြီးတော့ငါမရှိတဲ့အတောအတွင်း စစ်တပ်နဲ့အုပ်ချုပ်ရေးကိစ္စကလွဲလို့ ခြင်္သေ့နယ်မြေမှာဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားစရာအကြောင်းတွေပြောပြကြ..."
ထို့နောက် ရှောင်ယုသည် ဟာသများကိုစပြောလာခဲ့သည်။သူသည် စစ်ကမ္ဘာမှ အောစ့်များ၊နတ်သူငယ်များနှင့်အခြားသောမျိုးနွယ်စုများအကြောင်း ဟာသများကိုပြောပြခဲ့သော်လည်း မည်သူကမှမရယ်မော၍ ရှက်ရွံ့သွားခဲ့သည်။
"ဘယ်လောက်တောင်ပျင်းစရာကောင်းလိုက်တဲ့ လူအုပ်ကြီးလဲ...ကောင်းပြီ မနက်ဖြန်စစ်ပွဲမစခင်ငါပြန်လာခဲ့မယ်...ခုတော့ငါသွားပြီ"
ရှောင်ယုသည် စကားဝိုင်းကိုအဆုံးသတ်ကာ မတ်တပ်ရပ်၍ထွက်ခွာသွားခဲ့သည်။
ရှောင်ယုထွက်သွားသည်ကိုမြင်သောအခါ မူလီသည်ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
"သခင်...ငါတို့ကဘာအစီအစဉ်ကိုမှ မဆွေးနွေးရသေးဘူး"
"အဲ့ကိစ္စတွေအတွက် မင်းကိုယ်တိုင်သေချာစီစဉ်ပါ...မနက်ဖြန်မှတွေ့မယ်"
ရှောင်ယုသည် နောက်သို့လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။
မူလီသည် ရှောင်ယု၏တာဝန်မဲ့လုပ်ရပ်ကြောင့် အံ့သြသွားခဲ့ရသည်။မူလီသည် ရှောင်ယုနှင့်အတူ စစ်ပွဲ၌ရှိမနေဖူး၍ ရှောင်ယု၏တုံ့ပြန်မှုများသည် သူ့အတွက်ထူးဆန်းနေခဲ့သည်။ထိုသို့သောသခင်မျိုးသည် အလွန်ရူးသွပ်နေခြင်း သို့မဟုတ် အောင်ပွဲကိုသူ့လက်ထဲ၌ ကျိန်းသေပေါက်ဆုပ်ကိုင်ထားနိုင်သော ညဏ်ကြီးရှင်မျိုးဖြစ်သည်။
မူလီသည် နောက်ဆုံးအဖြစ်အပျက်များကို တွေးတောပြီးနောက် ရှောင်ယုသည် အရူးတစ်ယောက်မဟုတ်ဘဲ ကိစ္စတိုင်းကိုအသေးစိတ်စီစဉ်ထားသော ညဏ်ပညာရှိသူတစ်ယောက်ဟု ယုံကြည်ခဲ့သည်။
ရှောင်ယုသည် စစ်ပွဲကိုအနိင်ရရှိရန် မှော်ပညာကိုအသုံးပြုခဲ့လျှင်ပင် သူဂရုမစိုက်ပေ။ သို့သော် ရှောင်ယုက ကာရီအားအနိုင်ရရှိခဲ့သည့် စစ်ပွဲတွင် အထူးလက်နက်အချို့ကိုအသုံးပြုခဲ့သည်ဟု မူလီကသံသယရှိခဲ့သည်။
မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် မြို့တော်ကာကွယ်ရေးအတွက် တွေးတောနေချိန်တွင် ကျန်လူများအားလုံးသည် ခန်းမထဲမှထွက်ခွာသွားကြသည်။အခြေစိုက်စခန်းမှတပ်များသည် ရှောင်ယု၏ထိန်းချုပ်မှုအောက်၌ရှိနေလေရာ မူလီသည်သူတို့အားမထိန်းချုပ်နိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ရှောင်ယုနှင့်တွေ့ဆုံပြီးနောက်တွင် မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် အနည်းငယ်စိတ်သက်သာရာရသွားခဲ့ကြသည်။ရှောင်ယုသည် ပေါ့ပေါ့ပါးပါးအခြေအနေတွင်ရှိနေ၍ သူ၏လက်အောက်တွင်လှည့်ကွက်များရှိနေလိမ့်မည်ဟု သူတို့ယုံကြည်သွားခဲ့ကြသည်။
ရှောင်ယု၏လုပ်ရပ်သည် သူ့လူများ၏စိတ်ဓာတ်ကို မြင့်တင်ပေးခဲ့သည်။
ရှောင်ယုသည် တိုက်ပွဲတိုင်းလိုလိုပင် အလားတူလှုပ်ရှားမှုတစ်ခုအား ပြုလုပ်ခဲ့သည်။ဥပမာအားဖြင့် သူသည်စစ်သားများကို သက်တောင့်သက်သာဖြစ်စေရန်အတွက် မြို့ရိုးနံရံပေါ်၌ ဝိုင်သောက်ကာတိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေတတ်ပြီး သာမန်တပ်သားများ၏ ဖိအားကို ဖယ်ရှားရန် စစ်တုရင်ကစားရင်း အော်ဟစ်နေလေ့ရှိသည်။
တစ်ခါတစ်ရံတွင် တပ်သားများ၏စိတ်ဓာတ်သည် သူတို့ကိုင်ဆောင်ထားသောလက်နက်များထက် ပိုမိုအရေးကြီးပေသည်။တပ်ဖွဲ့တစ်ခု၏ခွန်အားသည် အားကောင်းသော်လည်း သူတို့၏စိတ်ဓာတ်သာနိမ့်ကျနေပါက ကျရှုံးရန်အခွင့်အလမ်းများပြားပေသည်။
ဒုတိယကမ္ဘာစစ်အတွင်းက အာဖရိကမြောက်ပိုင်းစစ်မြေပြင်တွင် ရွန်းမဲလ်၏တပ်အင်အားသည် ဗြိတိသျှစစ်တပ်၏တပ်အင်အားထက် ၂ဆပိုများပေသည်။ထိုအချိန်က ရွန်းမဲလ်သည်အလုံးစုံထိုးစစ်ဆင်နေပြီး ဗြိတိသျှတို့က အဆက်မပြတ်ဆုတ်ခွာပေးနေရသည်။သို့သော် မောင့်ဂိုမာရီရောက်ရှိလာပြီးနောက် အခြေအနေအလုံးစုံကပြောင်းလဲသွားခဲ့သည်။
နံနက်ပိုင်းတွင် တပ်သားများသည် မောင့်ဂိုမာရီ၏တဲထဲသို့ ပြေးဝင်လာခဲ့သည်။
"ဗိုလ်ချုပ်...ရန်သူတင့်ကားတွေက စတင်ပြီးထိုးစစ်ဆင်နေပြီ"
မောင့်ဂိုမာရီက ထိုတပ်သားများကိုမေးလိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ..."
"မနက်လေးနာရီပါ...ဗိုလ်ချုပ်"
မောင့်ဂိုမာရီက ထပ်မေးလိုက်သည်။
"ငါ့ကိုဘယ်ချိန်မှာလာနိုးဖို့ မင်းကိုငါသတိပေးခဲ့လဲ..."
"မနက် ငါးနာရီမှာဗိုလ်ချုပ်...."
လက်ထောက်က ချက်ချင်းပြန်ဖြေလိုက်သည်။
"ဒါဆို မင်းကခုငါ့ဆီဘာလာလုပ်တာလဲ..."
မောင့်ဂိုမာရီက တည်ငြိမ်စွာမေးမြန်းလိုက်သည်။
အစောင့်တပ်သားများသည် ခဏလောက်တောင့်တင်းသွားခဲ့သည်။
"ဒါပေမဲ့...သူတို့က..."
မောင့်ဂိုမာရီက သူ့အားစိုက်ကြည့်လိုက်သည်။
"ဒါပေမဲ့...ဘာလဲ...ခုထွက်သွားလိုက် ပြီးတော့မနက်စာအတွက် ကြက်ဥနှစ်လုံးကြော်ဖို့ မီးဖိုချောင်ကိုပြောလိုက်"
အမှန်တော့ မောင့်ကိုမာရီသည် ညတုံးကလုံးဝအိပ်စက်ခြင်းမရှိခဲ့ပေ။ဗြိတိန်ထောက်လှမ်းရေးများသည် ရွန်းမဲလ်၏တိကျသောတိုက်ခိုက်မှုအချိန်ကို ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။ထို့နေ့နံနက်တွင် မောင့်ဂိုမာရီသည် နံနက်စာအဖြစ်ကြက်ဥနှစ်လုံးကိုစားကာ တိုက်ပွဲတွင်အနိုင်ရရှိခဲ့သည်။
ရှောင်ယုသည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။သူသည်ရန်သူ၏ အကြံအစည်များကို သိရှိထားပြီဖြစ်သည်။ထို့ကြောင့် သူသည်ဟာသများကိုပြောပြရန် ကြိုးစားလာခဲ့ပြီး သူ့လူများက တိုက်ပွဲအားဂရုမစိုက်ဘဲ အလွယ်တကူအနိုင်ယူသွားသလို ခံစားလာရအောင်ပြုလုပ်ခဲ့သည်။သို့သော်လည်း စစ်ပွဲအားအနိုင်ရရင် ဗျူဟာနှင့်နည်းပရိယာယ်များချမှတ်ရန် လိုအပ်လာခဲ့သည်။
အကယ်၍သူသာ မငြိမ်မသက်ဖြစ်နေပါက စစ်ပွဲကိုအစပင်မပြုရသေးဘဲ ရှံးနိမ့်သွားရမှာဖြစ်သည်။
သူသည် အမာခံမြင်းတပ်သားများကို ဝှက်ထားသောတောင်ကုန်းပေါ်သို့ပြန်သွားခဲ့သည်။ရှောင်ယုသည် သူတို့၏မျက်နှာပေါ်ရှိ လေးနက်သောအမူအရာများကို သတိထားမိ၍ရယ်မောလိုက်သည်။
"မင်းတို့ဘာလို့ ဒီလောက်တောင်လေးနက်နေရတာလဲ....ငါတို့ကစစ်တိုက်မှာမဟုတ်ဘူးလေ...လှည့်ကင်းနည်းနည်းလောက်လွှတ်ပြီး အခြားသူတွေကကောင်းကောင်းအနားယူကြ...."
ထို့နောက်ရှောင်ယုသည်လည်း ချက်ချင်းအိပ်ပျော်သွားခဲ့သည်။
Thank For Reading.