အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အခန်း ၁၂၄ - ဒုတိယအဆင့်အခြေစိုက်စခန်း
ရှောင်ယုသည် မည်သည့်အခြေစိုက်စခန်းအား ဒုတိယအဆင့်သို့ အမြန်ဆုံး မြင့်တင်ရမည်ကို အချိန်အတော်ကြာအောင်စဉ်းစားနေခဲ့သည်။ခေတ်သစ်မှလာသော လူတစ်ယောက်အနေဖြင့် စစ်ပွဲတစ်ခု၏အရေးအကြီးဆုံးသောအစိတ်အပိုင်းမှာ လေကြောင်းစ်ိုးမိုးမှုဖြစ်ကြောင်း နားလည်ထားခဲ့သည်။လေတပ်ကိုပိုင်ဆိုင်သူသည် စစ်မြေပြင်၏ဘုရင်ဖြစ်ပေသည်။
သူ၏ပင်မအခြေစိုက်စခန်းလေးခုလုံးတွင် လေတပ်ယူနစ်များရှိနေကြောင်း သူသိရှိထားပေသည်။အဓိကပြဿနာမှာ ဤတိုက်ပွဲအတွက်မည်သည့်လေကြောင်းယူနစ်က အသင့်တော်ဆုံးဖြစ်နိုင်ကြောင်း ရှောင်ယုစဉ်းစားရခက်နေခြင်းဖြစ်သည်။လေကြောင်းစိုးမိုးမှုသည် လေကြောင်းတပ်များ၏ ဗုံးကြဲနိုင်စွမ်းအပေါ်မူတည်ပေသည်။ပထမကမ္ဘာစစ်အပြီးတွင် စစ်ပွဲရလဒ်ကိုထိန်းချုပ်ချင်သူသည် လေကြောင်းကိုလွှမ်းမိုးရမည်ဖြစ်ကြောင်း လက်ခံယုံကြည်သူအမြောက်အများရှိလာခဲ့သည်။ကြီးမားသောဗုံးကြဲမှုတစ်ခုက ရန်သူ၏ခုခံမှုအမြောက်အများကို ဖျက်ဆီးနိုင်ခဲ့ပြီး ခြေလျင်တပ်များ၏ထိခိုက်ဆုံးရှုံးမှုအား အနည်းဆုံးဖြစ်လာစေရန် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
ပထမကမ္ဘာစစ်က လေကြောင်းယူနစ်များကို အကြီးစားစစ်ဆင်ရေးများ၌အသုံးမပြုနိုင်ခဲ့ဘဲ အကောင်းဆုံးအနေဖြင့် သူတို့အားကင်းထောက်များအဖြစ်သာ အသုံးပြုနိုင်ခဲ့သည်။ဒုတိယကမ္ဘာစစ်တွင် ပိုမိုကောင်းမွန်သောလေကြောင်းယူနစ်များကို တီထွင်နိုင်ခဲ့ကာ လေယာဉ်များသည် ပိုမိုလေးလံကာအဖျက်စွမ်းအားကြီးမားသော ဗုံးများကိုသယ်ဆောင်လာနိုင်ခဲ့သည်။
အခြေစိုက်စခန်းလေးခုလုံးတွင် လေကြောင်းယူနစ်များရှိနေသော်လည်း အကြီးစားတိုက်ခိုက်မှုကို ပြုလုပ်နိုင်သည့်အခြေအနေ အနည်းငယ်သာရှိပေသည်။ဂရစ်ဖင်များသည် ကောင်းမွန်သောလေကြောင်းယူနစ်များဖြစ်သော်လည်း ပေါက်ကွဲနိုင်သည့်ဗုံးများကို အများအပြားမသယ်ဆောင်နိုင်ပေ။ရှောင်ယုကြုံတွေ့နေရသောပြဿနာမှာ ဤကမ္ဘာပေါ်၌ ဗုံးများမရှိခြင်းဖြစ်သည်။
သို့ဖြစ်ရာ သူ၏အကြံအစည်ကိုဆောင်ရွက်နိုင်မယ့် လေကြောင်းယူနစ်များ များများစားစားရှိမနေဟု ဆိုလိုခြင်းဖြစ်သည်။သူသည် ဗုံးကိစ္စနှင့်ပတ်သက်၍ အချိန်အတော်ကြာအောင်စဉ်းစားပြီးနောက် လင်းနို့စီးနင်းသူများကို အကြံရခဲ့သည်။အောစ့်များ၏လင်းနို့စီးနင်းသူများသည် ဗုံးအစားထိုးအသုံးပြုနိုင်သော မီးတောက်ဆီများကို သယ်ဆောင်နိုင်သည်။ရှောင်ယုသည် သူ၏ကိုယ်ပိုင်ဗုံးကိုတီထွင်လိုပါက ပြဿနာများစွာဖြင့်ရင်ဆိုင်ရမည်ဖြစ်သည်။အစောပိုင်းတွင် သူ့ထံ၌မည်သည့်လမ်းညွန်ချက်မှ ရှိမနေသလို ဤကမ္ဘာပေါ်၌ဗုံးပြုလုပ်ရန်အတွက် လိုအပ်နေသည့်ပစ္စည်းများ ရှိ/မရှိသူမသိသေးပေ။
ထို့အပြင် သူယခုရရှိနိုင်သောလေကြောင်းယူနစ်များ၌ နဂါးသိမ်းငှက်များ၊ဂရစ်ဖင်များနှင့်ဖယ်ရီနဂါးများပါဝင်ပေသည်။အကယ်၍ ရန်သူကသာဤသို့သောတိုက်ခိုက်မှုမျိုးကို ကြိုတင်ပြင်ဆင်ခုခံခြင်းမရှိပါက အလွန်ကြီးမားသောဆုံးရှုံးမှုကို တွေ့ကြုံခံစားရမည်ဖြစ်သည်။သို့သော်လည်း ဤကမ္ဘာပေါ်၌လှံပစ်စက်များရှိနေပေရာ ရှောင်ယုက၎င်းတို့သည် လေကြောင်းယူနစ်များ၏ အဓိကပြဿနာဖြစ်လာနိုင်ကြောင်း ယုံကြည်ခဲ့သည်။အကယ်၍ လေကြောင်းယူနစ်များသာ အမြင့်ဆုံးပျံသန်းနေပါက မြေပြင်ပေါ်ရှိပစ်မှတ်ကို ထိမှန်မှာမဟုတ်ပေ။
ရှောင်ယုသည် အားနည်းချက်များနှင့်အားသာချက်များကို သုံးသပ်ပြီးနောက်တွင် အောစ့်အခြေစိုက်စခန်းကို အဆင့်မြင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။သူသည် သားရဲမွေးမြူရေးစခန်းကိုတည်ဆောက်ခဲ့ကာ လင်းနို့စီးနင်းသူများကို စတင်ထုတ်လုပ်ခဲ့သည်။
ရှောင်ယုက လင်းနို့စီးနင်းသူများ အသုံးပြုကြမယ့် မီးတောက်အဆီများ၏အစွမ်းသည် ခြေလျင်တပ်များကို ကြီးကြီမားမားထိရောက်စွာ နာကျင်စေမည်မဟုတ်ဟု သံသယရှိခဲ့သည်။မည်သို့ပင်ဆိုစေ ရှောင်ယုသည် အောစ့်အခြေစိုက်စခန်းကို အဆင့်မြင့်တင်ရန် စနစ်အားအမိန့်ပေးခဲ့သည်။
...
...
နောင်တချိန်တွင် ရန်သူများသည် သူ၏အခြေစိုက်စခန်းများကို တိုက်ခိုက်ရန်နည်းလမ်းရှာလာနိုင်ကြောင်း ရှောင်ယုနားလည်ထားသည်။ထို့ကြောင့် စခန်းများ၏ပတ်ပတ်လည်တွင် ကင်းမျှော်စင်များတည်ဆောက်ထားခဲ့သည်။ထို့ပြင် ထိုနေရာများအနက်တစ်ခုတွင် တိုက်ပွဲဖြစ်ပွားလာပါက တပ်များကိုအလျင်အမြန်ရွေ့ပြောင်းနိုင်စေရန်အတွက် အခြေစိုက်စခန်းများနှင့်ခြင်္သေ့မြို့အကြား နီးကပ်သောချိတ်ဆက်ရေးလမ်းကြောင်းကိုဖောက်လုပ်ခဲ့သည်။သူသည် အခြေစိုက်စခန်းများ၏အစွန်အဖျားတွင် ကင်းမျှော်စင်များတည်ဆောက်ရန် ငွေကြေးများစွာသုံးစွဲခဲ့သည်။သူသည် ကင်းမျှော်စင်တစ်ခုတည်းအတွက် ရွှေပြား၁၅၀၀၀၀ကိုသုံးစွဲခဲ့သည်။သူသည် လောင်းကြေးအနိုင်ရငွေကြောင့်သာမဟုတ်ပါက ဤအရာအားလုံးကိုတည်ဆောက်နိုင်မည်မဟုတ်ပေ။အကယ်၍ ရန်သူတပ်များကသာ အခြေစိုက်စခန်းကိုအကြီးစားတိုက်ခိုက်မှုပြုလုပ်လိုပါက တောတွင်းကိုဖြတ်သန်းရမည်ဖြစ်သည်။ကင်းမျှော်စင်များသည် တောတွင်းကိုဖြန့်ကျက်နေသော စစ်တပ်ကြီးများပြန့်ကျဲသွားသည်နှင့်တပြိုင်နက် အခြေအနေကိုသတင်းပို့ရန် အဓိကအခန်းကဏ္ဍမှပါဝင်ပေသည်။
ကင်းမျှော်စင်များတွင် ရန်သူများကိုပစ်ခတ်နိုင်သော လှံပစ်စက်များတပ်ဆင်ထားသလို သူတို့၏ခုခံကာကွယ်ရေးသည်လည်း အလွန်ပင်ကောင်းမွန်လှပေသည်။အောစ့်များနှင့်နတ်သူငယ်များကိုဖမ်းဆီးရန်အတွက် စွန့်စားလာကြသော စွန့်စားသူများသည် ဤကင်းမျှော်စင်များကြောင့်သတ်ဖြတ်ခံခဲ့ရသည်။
ရှောင်ယုသည် မြို့ကိုကာကွယ်ရန်အတွက် ဤကင်းမျှော်စင်များကို တည်ဆောက်လိုသော်လည်း ခြင်္သေ့မြို့ရိုးပေါ်၌ ၎င်းတို့အားတည်ဆောက်နိုင်ခြင်းမရှိပေ။ထို့ပြင် လှံပစ်စက်အနည်းငယ်နှင့်လေးသမားတစ်ဒါဇင်တို့ပေါင်းစည်းမှုက ဤကင်းမျှော်စင်ကဲ့သို့အစွမ်းထက်ပေသည်။သို့သော် အခြေစိုက်စခန်းကိုကာကွယ်ရန် တံတိုင်းများမရှိချိန်တွင် ကင်းမျှော်စင်များက အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ခြင်္သေ့မြို့ကိုမူ ခိုင်ခံ့သောမြို့ရိုးနံရံက ကာကွယ်ပေးထားရာ ကင်းမျှော်စင်များ၏အဓိကအသုံးဝင်မှုသည် ပျောက်ဆုံးသွားခဲ့ရသည်။
ဂိမ်းထဲတွင် ကင်းမျှော်စင်များသည် အလွန်အားကောင်းသော်လည်း လက်တွေ့ဘဝတွင်မူ ၎င်းတို့သည်သာမန်လှံပစ်စက်များကဲ့သို့ ပစ်ခတ်နိုင်စွမ်းသာရှိပေသည်။ကင်းမျှော်စင်များကို ပိုမိုမြင့်မားသောအဆင့်သို့ မြင့်တင်နိုင်ပါက မြို့အဆင့်၌တည်ဆောက်နိုင်မည်ဖြစ်သည်။
ရှောင်ယုသည် အခြေစိုက်စခန်းကို အဆင့်မြင့်တင်ရန် ၃နာရီကြာအချိန်ယူခဲ့ရ၍ အနည်းငယ်စိုးရိမ်နေခဲ့သည်။သို့သော် အောစ့်အခြေစိုက်စခန်းသည် ဒုတိယအဆင့်သို့ရောက်ရှိသွားချိန်တွင် သူပျော်ရွှင်သွားခဲ့ကာ သားရဲမွေးမြူရေးခြံ၅ခုက်ို တည်ဆောက်ရန်အမိန့်ပေးခဲ့သည်။အကယ်၍ သူသာ သားရဲမွေးမြူရေးခြံ၁ခုကိုသာတည်ဆောက်ခဲ့ပါက လင်းနို့များကိုထုတ်လုပ်နှုန်းသည် အလွန်နိမ့်ပါးနေမှာဖြစ်သည်။
သူသည် တပ်ကြပ်ကြီးအဆင့်သို့ရောက်လာသောအခါ စစ်သည်၄၀၀၀အထိ ကြီးကြပ်နိုင်ပြီဖြစ်သည်။သူသည် စစ်သည်တော်အရေအတွက်ကိုလိုက်၍ သင့်တော်မှန်ကန်သောအမျိုးအစားများကို ရွေးချယ်ထုတ်လုပ်ခဲ့ပါက များစွာအကျိုးအမြတ်ရရှိမှာဖြစ်သည်။
ထို့ပြင် သူသည်ဖြိုဖျက်သူအရေအတွက်ကို အများဆုံး၅၀အထိတိုးမြင့်နိုင်ကြောင်း တွေ့ရှိခဲ့ရသောကြောင့် နောက်ထပ်ဖြိုဖျက်သူ၄၀ကို တည်ဆောက်ရန်အမိန့်ပေးခဲ့သည်။ယခုအခါ သူသည်တပ်သား၂၀၀၀ကိုထပ်မံဆင့်ခေါ်နိုင်ပြီဖြစ်ကာ မည်သည့်အမျိုးအစားကိုဆင့်ခေါ်ရမည်ဖြစ်ကြောင်း စဉ်းစားရကြပ်နေခဲ့သည်။ရှောင်ယုသည် အကြီးစားလေကြောင်းတိုက်ခိုက်မှုကိုလုပ်ဆောင်ရန်အတွက် လင်းနို့စီးနင်းသူ၁၀၀၀ကိုဆင့်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။လေကြောင်းယူနစ်အတိုင်းအတာ နည်းပါးနေပါက တိုက်ခိုက်မှုသည်များစွာထိရောက်မည်မဟုတ်ပေ။
ထို့နောက်ကျန်ရှိနေသော နေရာလပ်များကို အောစ့်စီးနင်းသူများ၊ကိုဒ်ိုသားရဲများ၊ပယောဂဆရာများနှင့်နတ်ဆရာများကို ထုတ်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။အောစ့်စီးနင်းသူများသည် ဝံပုလွေများကိုစီးနင်းကြသည့် အမြန်နှုန်းတပ်ဖွဲ့များဖြစ်သည်။ထို့ပြင် ဝံပုလွေများသည်ရန်သူတပ်များ၏ မြင်းများကိုထိတ်လန့်စေမှာဖြစ်သည်။အထူးသဖြင့် ဝံပုလွေစီးနင်းသူများသည် သာမန်အောစ့်စစ်သည်၂ဦးနှင့်ညီမျှသည်။သူတို့သည် နတ်သူငယ်မုဆိုးများနှင့်ညီမျှသော်လည်း ပြင်းထန်သောတိုက်ခိုက်နိုင်စွမ်းပိုင်ဆိုင်ထားသည်။ရှောင်ယုသည် အမာခံမြင်းတပ်သားများကိုဆက်လက်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း သူတို့သည်အောစ့်စီးနင်းသူများလောက် မစွမ်းဆောင်နိုင်ဟုဆုံးဖြတ်ခဲ့သည်။
ရှောင်ယုသည် ပထမဆုံးသောသားရဲမွေးမြူရေးခြံအား တည်ဆောက်ပြီးသည်ကိုမြင်သောအခါ လင်းနို့များကိုစတင်ထုတ်လုပ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။သို့သော်လည်း ထိုအခိုက်အတန့်တွင် ရှောင်ယုနောက်တစ်ကြိမ်အံ့သြသွားခဲ့ရသည်။သူသည် သားရဲမွေးမြူရေးခြံတစ်ခုကိုတည်ဆောက်ရန်အတွက် ကမ္မကုသိုလ်မှတ်၁၀၀၀၀စီပေးချေရန်လိုအပ်လာခဲ့သည်။
ထို့ကြောင့်ရှောင်ယုသည် အနည်းငယ်ဒေါသထွက်သွားခဲ့ရသည်။
သောက်ကျင့်ယုတ်တဲ့စနစ်...အနည်းဆုံးတစ်ကြိမ်လောက်တော့ငါ့ကိုချောချောမွေ့မွေ့ ခွင့်မပြုနိင်ဘူးလား...ဘာလို့အရာရာတိုင်းကို ကမ္မကုသိုလ်မှတ်တွေတောင်းနေတာလဲ...
ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည် သားရဲမွေးမြူရေးခြံ၅ခုကိုသာ တည်ဆောက်ထားခဲ့သောကြောင့် ကမ္မကုသိုလ်မှတ်၅၀၀၀၀သာ ကုန်ကျစေခဲ့သည်။ထို့နောက် ရှောင်ယုသည် လင်းနို့စီးနင်းသူများ၊က်ိုဒ်ိုသားရဲများနှင့်အောစ့်စီးနင်းသူများကို ထုတ်လုပ်န်ိုင်သည့် အခွင့်အရေးများကို ရရှိစေရန်အတွက် ကမ္မကုသိုလ်မှတ်၃၀၀၀၀ကို တွန့်ဆုတ်ခြင်းမရှိအသုံးပြုခဲ့သည်။ထို့နောက် သူသည်ဝိညာဉ်ခြံဝင်းကိုတည်ဆောက်ရန်အတွက် အခြားကမ္မကုသိုလ်မှတ်၂၀၀၀၀ကို ထပ်မံသုံးစွဲခဲ့သည်။
ထို့နောက် ရှောင်ယုသည် ကိုဒိုသားရဲ၁၀၀နှင့် အောစ့်စီးနင်းသူ၅၀၀က်ို ထုတ်လုပ်ခဲ့ကာ ပယောဂဆရာ၁၀၀နှင့် နတ်ဆရာ၃၀၀က်ိုထပ်မံဆင့်ခေါ်ခဲ့သည်။
ဤသို့ဖြင့် ရှောင်ယုသည်သူရရှိလာသော နေရာလပ်၂၀၀၀အား လင်းနို့စီးနင်းသူ၁၀၀၀နှင့် ကိုဒိုသားရဲများ၊အောစ့်စီးနင်းသူများအစရှိသည်တို့ကို ထုတ်လုပ်ခဲ့သည်။
လင်းနို့စီးနင်းသူ၁ကောင်ကို ထုတ်လုပ်ရန်အတွက် နာရီဝက်ကြာမြင့်ခဲ့ပြီး တစ်ရက်အတွင်း လင်းနို့စီးနင်းသူ၄၈ကောင်ကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။သို့ဖြစ်ရာ သားရဲမွေးမြူရေးခြံ၅ခုသည် တစ်ရက်လျှင် လင်းနို့စီးနင်းသူ၂၄၀ကို ထုတ်လုပ်ပေးနိုင်မှာဖြစ်သည်။ထို့ကြောင့် အတိုချုပ်ပြောရပါက လင်းနို့စီးနင်းသူ၁၀၀၀ကိုထုတ်လုပ်ရန် ၄ရက်ကြာမှာဖြစ်သည်။
ရှောင်ယုသည် ဝိညာဉ်ခြံဝင်းတစ်ခုက်ိုသာ တည်ဆောက်ခဲ့ပြီး နတ်ဆရာများနှင့်ပယောဂဆရာများက်ို အလိုအလျောက်ထုတ်လုပ်နိုင်စေရန်အတွက် ရွှေပြားထောင်ချီအားပေးချေရန်သာ လိုအပ်ခဲ့သည်။
"အခုတော့ ငါ့မှာဒုတိယအဆင့်အခြေစိုက်စခန်းကို ပိုင်ဆ်ိုင်ထားပြီ...စုဘာရူငါမင်းကိုဘယ်လိုသတ်ဖြတ်မလဲဆိုတာ စောင့်နေလိုက်စမ်းပါ"
ထိုခဏတွင် ရှောင်ယု၏အကြည့်များသည် အေးစက်သောအလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။
အခန်း ၁၂၅ - နွားလားသူရဲကောင်း၏အစွမ်း
ရှောင်ယုသည် အခြေစိုက်စခန်းကိုအဆင့်မြင့်တင်ခြင်းဖြင့် စစ်သားအမျိုးအစားအသစ်များအား ခေါ်ယူနိုင်ခဲ့ရုံသာမက သူရဲကောင်းအသစ်တစ်ယောက်ကိုလည်း ဆင့်ခေါ်နိုင်ခဲ့သည်။အောစ့်များထံတွင် ဂရင်းနှင့်သရောလ်တို့ရှိနေသည့်အတွက် ရှောင်ယုသည် နွားလားသူရဲကောင်းသို့မဟုတ် အရိပ်မုဆိုးကိုသာခေါ်ယူနိုင်မည်ဖြစ်သည်။အရိပ်မုဆိုးသည် ပြန်လည်ကုသမှုအပိုင်းတွင် အလွန်ကောင်းမွန်သော်လည်း တိုက်ခိုက်ရာတွင်အားနည်းပေသည်။ထို့ပြင် သူ့ထံ၌ကုသဆေးများ၊ပယောဂဆရာများရှိနေသောကြောင့် အရိပ်မုဆိုးအား ခေါ်ယူရန်အစီအစဉ်ကို ခေတ္တလက်လျော့ထားခဲ့သည်။ထို့ကြောင့် ရှောင်ယုသည် နွားလား သူရဲကောင်းကိုသာ ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။
ရှောင်ယုသည် အခြေစိုက်စခန်းအတွင်းရှိ အခြားသောအဆောက်အဦးများကို စစ်ဆေးနေစဉ်အတွင်း နွားလားသူရဲကောင်းကို မုန်တိုင်းပလ္လင်မှ ဆင့်ခေါ်ရန် စနစ်အားအမိန့်ပေးခဲ့သည်။
ခဏအကြာတွင် မုန်တိုင်းယဇ်ပလ္လင်မှ ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာခဲ့ပြီးနောက် ဧရာမနွားလားကြီးတစ်ကောင်သည် ရှောင်ယု၏နံဘေးသို့ခုန်ဆင်းလာကာ အရိုအသေပေးလိုက်သည်။
"ခိုင်ရင်း (သွေးဟောဖ့်)က သခင့်ကိုနှုတ်ဆက်ပါတယ်"
ခိုင်ရင်း၏အရပ်သည် ဂရင်းထက်များစွာမြင့်မားပေသည်။သူမြေပေါ်ခုန်ဆင်းလာချိန်တွင် မြေပြင်တစ်ခုလုံးခေတ္တတုန်ခါသွားခဲ့သဖြင့် ရှောင်ယုပင် အနည်းငယ်အံ့သြသွားခဲ့ရသည်။
"ကောင်းလိုက်တာ...ဟားဟားဟား....နောက်ဆုံးတော့ မင်းဒီကိုရောက်လာခဲ့ပြီဘဲ"
ရှောင်ယုသည် ခိုင်ရင်း၏ပုခုံးက်ိုပုတ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ခန္ဓာကိုယ်အား တတ်နိုင်သမျှမြင့်မြင့်ထားလျှင်တောင်မှ ခိုင်ရင်း၏ခန္ဓာကိုယ်အား မမှီကြောင်းနားလည်လိုက်သည်။
ရှောင်ယုသည် အချိန်ကုန်မခံတော့ဘဲ ကျွမ်းကျင်မှုများကို စတင်စစ်ဆေးခဲ့သည်။
နွားလားသူရဲကောင်း၏ ကျွမ်းကျင်မှုများမှာ...
တုန်ခါမှုလှိုင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)
- နွားလားသူရဲကောင်း၏ခန္ဓာကိုယ်မှ လှိုင်းများထွက်ပေါ်လာကာ ရန်သူအားထိခိုက်ပျက်စီးစေသည်။ပထမအဆင့်တွင် ထိခိုက်မှု ၅၅ ၊ ဒုတိယအဆင့်တွင် ၁၀၅နှင့် တတိယအဆင့်တွင် နွားလားသူရဲကောင်း၏တိုက်ခိုက်မှုစွမ်းအားကို ၁၈၅မှတ်ထိတိုးမြင့်စေသည်။
စစ်ပွဲခြေလှမ်း (အဆင့်၃ထိမြင့်တင်နိုင်သည်)
- နွားလားသူရဲကောင်းသည် အနီးအနားရှိရန်သူများအား ထိခ်ိုက်ပျက်စီးစေရန်အတွက် မြေပြင်ကိုအားအင်အပြည့်ဖြင့် ထုချမည်ဖြစ်သည်။ပထမအဆင့်တွင် ရန်သူအားထိခိုက်မှု ၃၀ဖြစ်ပေါ်စေကာ ၁စက္ကန့်ခန့်မူးဝေနေမှာဖြစ်သည်။ဒုတိယအဆင့်တွင် ထိခိုက်မှု၆၀နှင့်မူးဝေချိန်၂စက္ကန့် ၊ တတိယအဆင့်တွင် ထိခိုက်မှု၁၀၀နှင့်မူးဝေချိန် ၃စက္ကန့်ကိုအသီးသီးဖြစ်ပေါ်စေမှာဖြစ်သည်။
သွေးဆာခြင်းဒေါသ (အဆင့်၃ထိမြင့်တင်နိုင်သည်)
- နွားလားသူရဲကောင်းသည် ရူးကြောင်ကြောင်ဖြစ်သွားကာ သူ၏တိုက်ခိုက်မှုစွမ်းအားကို စက္ကန့်၆၀ကြာသည်ထိ ၁၅ရာခိုင်နှုန်းတိုးမြင့်လာစေမှာဖြစ်သည်။ဒုတိယအဆင့်တွင် စက္ကန့်၁၈၀ကြာသည်ထိ ၃၀ရာခိုင်နှုန်း ၊ တတိယအဆင့်တွင်စက္ကန့်၃၀၀ကြာသည်အထိ ၄၅ရာခိုင်နှုန်းတိုးမြင့်လာစေမှာဖြစ်သည်။သို့သော် အဆင့်တစ်ခုစီတိုင်း၌ နွားလားသူရဲကောင်းသည် ထိခိုက်မှု ၅ ၊ ၁၀ ၊ ၁၅ရာခိုင်နှုန်းတန်ပြန်ဒဏ်ထိမှာဖြစ်သည်။
ပြန်လည်အသုံးပြုရန်ကြာချိန် - ၅မိနစ်
တိုက်ပွဲဟိန်းသံ (အဆင့်၃ထိမြင့်တင်နိုင်သည်)
- နွားလားသူရဲကောင်းသည် ပထမအဆင့်တွင် ၁၀ရာခိုင်နှုန်း ၊ ဒုတိယအဆင့်တွင် ၂၀ရာခိုင်နှုန်းနှင့် တတိယအဆင့်တွင် ၃၀ရာခိုင်နှုန်းစသည်ဖြင့် သူ၏တိုက်ခိုက်ရေးစွမ်းအားကို မြင့်တင်ပေးနိုင်မည့်ကြွေးကြော်သံကို ထုတ်ပြန်ပေးမှာဖြစ်သည်။
ရှောင်ယုသည် နွားလားသူရဲကောင်း၏ ကျွမ်းကျင်မှုများကိုစစ်ဆေးပြီးနောက် လေအေးတစ်ချက်ရှုသွင်းလိုက်မိသည်။ထို့နောက် ရှောင်ယုသည် ခိုင်ရင်းအား တုန်ခါမှုလှိုင်းကိုသင်ယူရန် အမိန့်ပေးခဲ့သည်။ထိုကျွမ်းကျင်မှုဖြင့်ဆိုပါက ခိုင်ရင်းသည် လာမည့်စစ်ပွဲတွင် ပိုမိုကောင်းမွန်စွာတိုက်ခိုက်န်ိုင်မည်ဖြစ်ကာ လျင်မြန်စွာအဆင့်မြင့်တင်နိုင်မည်ဖြစ်သည်။
ရှောင်ယုသည် လမ်းလျှောက်စစ်ဆေးပြီးနောက် ခိုင်ရင်းကိုမြို့ထဲသို့ပြန်ခေါ်လာခဲ့သည်။ရှောင်ယုသည် ခံစစ်တိုက်ပွဲတွင် ရဲဝံ့စွာခုခံတိုက်ခိုက်ခဲ့သော စစ်သားများကိုစစ်ဆေးအားပေးခဲ့သည်။သူတို့သည် စစ်ပွဲ၏သွေးထွက်သံယိုမြင်ကွင်းများကို မြင်တွေ့ရပြီးနောက် ပိုမိုရင့်ကျက်လာခဲ့သည်။
ရှောင်ယုက စုဘာရူသည်ညဘက်၌ တိုက်ခိုက်မှုပြုလုပ်လိမ့်မည်ဟု ကျိန်းသေသိနေခဲ့သည်။ညဘက်တိုက်ခိုက်မှုများသည် ဝိုင်းရံစစ်ဆင်ရေးများအတွက် အကောင်းဆုံးဖြစ်ပေသည်။တစ်ချိန်တည်းမှာပင် စုဘာရူသည် ခြင်္သေ့မြို့၏စွမ်းရည်နှင့် ညတိုက်ပွဲများကို ရှောင်ယုကမည်သို့မည်ပုံရင်ဆိုင်မည်ဟူသည့်အကြောင်းကို နားလည်ရန်အစွမ်းကုန်ကြိုးစားနေခဲ့သည်။
စုဘာရူသည် ဓားပြအုပ်စုအားလုံးကို ဝါးမြိုပြီးနောက်တွင် ခြင်္သေ့မြို့အားဖျက်ဆီးရန် ကြိုးစားမည်မှာသေချာပေသည်။ထို့ကြောင့် စုဘာရူသည် ခြင်္သေ့မြို့၏ခွန်အားကိုစစ်ဆေးရန်အတွက် တိုက်ပွဲအမျိုးအစားအားလုံးကို ထုတ်ဖော်ပြီးစောင့်ကြည့်ရန် အခွင့်အရေးယူနေခြင်းဖြစ်သည်။
စုဘာရူသည် ညဘက်၌တိုက်ခိုက်လာမည် ဖြစ်သည့်အတွက်ကြောင့် ရှောင်ယုက စစ်သားများကိုကောင်းစွာအနားယူရန် အမိန့်ပေးထားကာ ညတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်စေခဲ့သည်။
ယခင်တိုက်ပွဲတွင် အသစ်စုဆောင်းထားသောစစ်သား ၁၀၀၀ကျော်ဆုံးရှံးခဲ့သော်လည်း ထိခိုက်မှုကြီးကြီးမားမားမရရှိခဲ့ပေ။နောက်ဆုံးတွင် ရန်သူသည်ဓားပြ၁၄၀၀၀ကျော်ကိုဆုံးရှုံးခဲ့ရသည်။ထိုဓားပြများကို အသစ်စုဆောင်းထားသောစစ်သားများက မသတ်ဖြတ်ခဲ့ဘဲ ဆင့်ခေါ်တပ်သားများကသာသတ်ဖြတ်ခဲ့ရသည်။မည်သို့ပင်ဆိုစေ သူတို့သည် အလွန်ကောင်းမွန်သောလက်နက်နှင့်ချပ်ဝတ်တန်ဆာများကြောင့် သာမန်စစ်သားတစ်ဦးသည်ပင် ဓားပြ၄ယောက်မှ၅ယောက်ခန့်ကို သတ်ဖြတ်နိုင်ပေသည်။သူတို့၏ပထမဆုံးစစ်ပွဲ၌ ၁:၄အထိရရှိခြင်းသည် အလွန်ကောင်းမွန်သောရလဒ်ဖြစ်သည်။
ရှောင်ယုသည် ဤတစ်ကြိမ်ခုခံမှုတွင် စစ်သားအသစ်များကို ပထမဆုံးကာကွယ်ရေးလိုင်း၌ အသုံးပြုရန်မစီစဉ်ထားခဲ့ပေ။သူသည် ပိုမိုကောင်းမွန်သောရလဒ်များကို ရရှိစေရန်အတွက် ခြေလျင်တပ်သာများ၊အောစ့်များနှင့် မုဆိုးများကိုရှေ့တန်း၌ထားရှိခဲ့ပြီး ညအချိန်တိုက်ခိုက်လာမယ့် ဓားပြများကိုကောင်းစွာကိုင်တွယ်ဖြေရှင်းခိုင်းခဲ့ပေသည်။
ယခုအချိန်တွင် သူဆင့်ခေါ်ထားသော အောစ့်စစ်သည်များနှင့်ခြေလျင်တပ်သားများသည် အနိမ့်ဆုံးအဆင့်၆သို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ထို့ကြောင့် ပထမအဆင့်သူရဲကောင်းများကို တိုက်ခိုက်ရခြင်းက သူတို့အတွက် ပြဿနာမဟုတ်ခဲ့ပေ။စုဘာရူသည် သူတို့်အားတိုက်ခိုက်ရန်အတွက် ဒုတိယအဆင့်သူရဲကောင်းများကို စေလွှတ်မည်မဟုတ်ဟု ရှောင်ယုယုံကြည်ခဲ့သည်။
...
တိုက်ပွဲအပြီးတွင် သူရဲကောင်းများ၏ အဆင့်သည်လည်း တိုးမြင့်လာခဲ့သည်။မနေ့ကတိုက်ပွဲအပြီးတွင် အန်တိုနီဒက်စ်သည် အဆင့် ၂ဆင့်တက်လာခဲ့ပြီး အခြားသောသူရဲကောင်းများသည်ကား အဆင့်၁ဆင့်တက်လာခဲ့သည်။အန်တိုနီဒက်စ်သည် ယခုလိုခုခံစစ်ပွဲမျိုးတွင် အလွန်ထိရောက်သောစစ်လက်နက်ဖြစ်သည်။ထို့ပြင် သူ့ထံ၌ကုန်ဆုံးသွားသည့် မှော်စွမ်းအင်များကိုပြန်လည်ဖြည့်တင်းပေးနိုင်သော မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ ရှိနေရာ တိုက်ခိုက်မှုများကို အဆက်မပြတ်ပြုလုပ်နိုင်ခဲ့သည်။
အဆင့်မြင့်လာပြီးနောက် ရေဒြပ်စင်များ၏ တိုက်ခိုက်ရေးစွမ်းအားသည် ပိုမိုမြင့်တက်လာခဲ့ပြီး ရံဖံရံခါတွင် ဓားပြများ၏အသက်ကိုနှုတ်ယူရန်အတွက် မှော်ကျည်ဆန်များကို ပစ်ခတ်တတ်ကြသည်။ထိုမှော်ကျည်ဆန်များ၏ တိုက်ခိုက်မှုသည် မြှားများထက်များစွာပိုအစွမ်းထက်ပေသည်။
ရှောင်ယုကိုယ်တိုင်လည်း အဆင့်၂ဆင့်တက်သွားခဲ့ပြီး သူ၏လေပွေကျွမ်းကျင်မှု၌ ကျွမ်းကျင်မှတ်၂ခုကိုပေါင်းထည့်ပေးခဲ့သည်။ထိုကျွမ်းကျင်မှုသည် အုပ်စုဖွဲ့တိုက်ခိုက်ရာတွင် အလွန်အသုံးဝင်ပေသည်။ရှောင်ယုသည် ယခုအချိန်ထိထိုးစစ်ဆင်သော မှော်မန္တန်အား သင်ယူရန်အစီအစဉ်မရှိသေးပေ။အရန်ကျွမ်းကျင်မှုတစ်ခုအနေဖြင့် တည်နေရာရွေ့ပြောင်းခြင်းသည်သာ ကောင်းမွန်သည်ဟု သူထင်မြင်ယူဆနေဆဲဖြစ်သည်။ထို့ပြင် သူ၏မှော်စွမ်းအင်အရည်အချင်းသည် မြင့်မားခြင်းမရှိပေရာ အဆင့်မြင့်မှော်မန္တန်များကို လေ့လာခြင်းသည်အဓိပ္ပါယ်မရှိပေ။သူ၏ အရည်အချင်းများတိုးတက်လာပြီးမှ မှော်ပညာကိုလေ့လာလိုလျှင်ပင် များစွာနောက်မကျသေးပေ။
ရှောင်ယုသည် အန်တိုနီဒက်စ်၏ အဆင့်မြင့်ရေဒြပ်စင်ကျွမ်းကျင်မှုတွင် ကျွမ်းကျင်မှတ်၂ခုကိုပေါင်းထည့်ခဲ့ကာ ဂရင်းအတွက်မူ သူရဲကောင်းဆန်စွာခုန်လွှားခြင်း၌ တစ်မှတ်ပေါင်းထည့်ပေးခဲ့သည်။တိုင်ရန်ဒီအတွက်မူ လင်းယုန်ပစ်ချက်၊ အူသာအတွက် ခရူးဆိတ်ရိုက်ချက် ၊ သရောလ်အတွက်မူ ကမ္ဘာမြေဒိုင်း အစရှိသည်တို့၌ ကျွမ်းကျင်မှုများပေါင်းထည့်ပေးခဲ့သည်။ခိုင်ရင်းသည်ကား သူ၏အဆင့်များကို လျင်မြန်စွာမြင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသောကြောင့် ရှောင်ယုသည်ညတိုက်ပွဲကို စောင့်မျှော်နေခဲ့သည်။
ရှောင်ယုသည် ယာယီတိုက်ပွဲရပ်တန့်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ မုတ်ဆိတ်မွှေးအတုကိုဝတ်ဆင်၍ ဓားပြစခန်းဆီ ပြန်ပြေးသွားခဲ့သည်။သူသည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ သတင်းများစုဆောင်းရန် အတွင်းထဲ၌ပုန်းအောင်းနေထိုင်ခဲ့သည်။တစ်ခါတရံတွင် သူသည်ကျန်းရှန်၏အမည်ကို ထုတ်ဖော်ပြောဆို၍ တစ်ခါတစ်ရံမူ လျှိ့ဝှက်ထားခဲ့သည်။အမှန်တော့ ရှောင်ယုသည် ကျန်းရှန်၏အနေအထားနှင့်ပတ်သက်၍ လူအများအမြင်မလွဲရစေအောင် ဖန်တီးနေခြင်းဖြစ်သည်။လက်ရှိအခြေအနေသည် စုဘာရူ၏နားထဲသို့ ကျိန်းသေပေါက်ရောက်သွားမည်ဟု သူယုံကြည်ထားပေသည်။ထို့ပြင် ဤနည်းအားဖြင့် သူသည်သူ၏ကိုယ်ပိုင်အမာခံမြင်းတပ်နှင့် အဝေးရောက်နေရသည့်အကြောင်းကို ရှင်းပြနိုင်ရန်ကောင်းမွန်သော အခွင့်အရေးများကိုရရှိလိမ့်မည်ဟု ယုံကြည်ထားပေသည်။
ထိုသို့စုံစမ်းပြီးနောက်တွင် စုဘာရူသည် သူမျှော်လင့်ထားသည့်အတိုင်း ညလယ်ဘက်တွင်တိုက်ခိုက်လိမ့်မည်ဟု ရှောင်ယုသိလိုက်ရသည်။သူသည် ခြင်္သေ့မြို့သို့ပြန်သွားရန်အတွက် လေလမ်းလျှောက်ခြင်းကိုထုတ်ဖော်ကာ ကိုယ်ပျောက်ပုံစံကို အသက်သွင်းခဲ့သည်။
...
...
ဓားပြများသည် ညအချိန်တိုက်ခိုက်ရာတွင် မီးတုတ်များကိုမသုံးခဲ့ပေ။သူတို့သည် ခြင်္သေ့မြို့ဆီသို့ ဂရုတစိုက်ချီတက်လာရင်း မြို့သိမ်းလှေကားများကို ထမ်းလာကြသည်။သို့သော် တိုင်ရန်ဒီကမူ သူတို့၏သိမ်မွေ့သောခိုးကြောင်ခိုးဝှက်လုပ်ရပ်ကို အတိုင်းသားတွေ့မြင်နေရသည်။ရှောင်ယုသည် စုဘာရူ၏ရည်ရွယ်ချက်များအကြောင်းကို ပြောပြထားရာ တိုင်ရန်ဒီသည် အချိန်ပြည့်ကင်းလှည့်နေခဲ့သည်။
ရှောင်ယုသည် ကင်းလှည့်ရန်အတွက် တပ်သားအနည်းငယ်ကိုချန်ထားရစ်ခဲ့ကာ ကျန်လူများအားလုံးက်ို အားအင်ပြည့်ဝနေစေရန်အတွက် အနားယူအိပ်စက်စေခဲ့သည်။
တိုင်ရန်ဒီသည် သူမ၏လင်းယုန်မျက်လုံးကျွမ်းကျင်မှုကြောင့် ဓားပြများကိုအဝေးမှတွေ့မြင်နိုင်ခဲ့သည်။သို့သော်လည်း သူမသည်သတိပေးခြင်းမရှိဘဲ ရှောင်ယုညွန်ကြားထားသည့်အတိုင်း လူတိုင်းကိုတိတ်ဆိတ်စွာလိုက်နိုးလိုက်သည်။
ဓားပြများသည် သူတို့၏ပစ်ခတ်မှုအကွာအဝေးသ်ို့ ရောက်ရှိလာသည့်အချိန်တွင် ဖြိုဖျက်သူဒါဇင်ကျော်သည် စတင်တိုက်ခိုက်ခဲ့ကြသည်။သူတို့သည် သာမန်ကျောက်တုံးကြီးများကိုအသုံးမပြုတော့ဘဲ မီးတောက်နိုင်သောဆီများသုတ်လိမ်းထားသည့် ကျောက်တုံးများကို အသုံးပြုခဲ့ကြသည်။
မကြာမှီ မရေမတွက်နိုင်သော မီးတောက်များသည် ဓားပြအုပ်စုအလယ်သို့ ပြိုကျလာခဲ့ကာ သူတို့၏လှုပ်ရှားမှုများကို ထုတ်ဖော်လိုက်သည်။ထို့နောက် တာဝေးပစ်လက်နက်အားလုံးက ဓားပြများကိုစတင်တိုက်ခိုက်ခဲ့ကြကာ စစ်ပွဲသည်နောက်ထပ်တဖန်စတင်ခဲ့သည်။
အခန်း ၁၂၆ - ရှေးဟောင်းစောင့်ရှောက်သူများ
ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့် ဓားပြများအငိုက်မိသွားခဲ့ကြသည်။တာဝေးပစ်လက်နက်များ၏ တိုက်ခိုက်မှုသည် ဓားပြများအလွယ်တကူမဆုတ်ခွာနိုင်စေရန်အတွက် ပြုလုပ်ခဲ့သည်။ရှောင်ယုသည် ပထမခံစစ်မျည်းကြောင်းတွင် အောစ့်စစ်သည်များနှင့်ခြေလျင်တပ်သားများကို နေရာချထားခဲ့ရာ ဓားပြများသည်မြို့ရ်ိုးနံရံပေါ်၌ ခြေကုပ်နေရာတစ်ခုရယူရန် လုံးဝမဖြစ်နိုင်ခဲ့ပေ။ထောင်ပေါင်းများစွာသောဓားပြများကျရှံးပြီးနောက်တွင် ဓားပြများသည်ပြန်လည်နောက်ဆုတ်ခဲ့ရသည်။
ခိုင်ရင်းသည် သူရဲကောင်းဆန်သော စွမ်းဆောင်မှုကိုပြသခဲ့ပြီး သူ့ထံတွင်ဓားပြများကို ကြောက်လန့်စေသည့် အံ့ဖွယ်သန်မာသောခန္ဓာကိုယ်တစ်ခုရှိပေသည်။သူ၏ဧရာမပုဆိန်သည် လှိုင်းတစ်ခုတည်းဖြင့်ပင် ရန်သူများကိုသတ်ဖြတ်နိုင်ခဲ့သည်။ခိုင်ရင်းသည် ညပိုင်းတိုက်ခိုက်မှုအပြီးတွင် အဆင့်၅သ်ို့ရောက်ရှိသွားခဲ့သည်။ဤသို့သောတိုက်ပွဲတစ်ခုတွင် အဆင့်မြင့်တင်ခြင်းသည် သာမန်ထက်ပိုမိုလွယ်ကူပေသည်။ရှောင်ယုသည် ဓားပြစခန်းများကိုတိုက်ခိုက်စဉ်တုန်းက အခြေအနေနှင့်မတူခဲ့ပေ။ထိုအချိန်က စခန်းများတွင်ဓားပြရာဂဏန်းခန့်သာရှိပြီး ယခုအချိန်တွင် နေရာအနှံ့ဓားပြများပျံ့ကျဲနေခဲ့သည်။
ရှောင်ယုသည် ခိုင်ရင်းရရှိလာသော ကျွမ်းကျင်မှတ်များအား တုန်ခါမှုလှိုင်းကို အမြင့်ဆုံးသ်ို့မြင့်တင်စေကာ စစ်ပွဲခြေလှမ်းကျွမ်းကျင်မှုအား နှစ်မှတ်ပေါင်းထည့်ပေးခဲ့သည်။ဤကျွမ်းကျင်မှုနှစ်ခုနှင့်အတူ ကြီးမားလှသောစစ်မြေပြင်၌ ထူးခြားသောစွမ်းဆောင်ရည်ကို ပြသနိုင်မည်ဖြစ်သည်။
စုဘာရူသည် ထိုတိုက်ပွဲရှံးနိမ့်မှုကြောင့် များစွာအံ့သြသွားပုံမရဘဲ ဓားပြများကိုစနစ်တကျဆုတ်ခွာစေခဲ့သည်။သူ၏ရည်ရွယ်ချက်မှာ ဓားပြခေါင်းဆောင်များ၏ ခွန်အားကိုလျော့နည်းစေရန်ဖြစ်ပြီး ခြင်္သေ့မြို့အားချက်ချင်းသိမ်းပိုက်နိုင်ရန်မဟုတ်ပေ။
ဝိုင်းရံတိုက်ခိုက်မှုနှစ်ကြိမ်ကျရှုံးပြီးနောက် ကြီးကြီးမားမားထိခိုက်ခံလိုက်ရသော ဓားပြခေါင်းဆောင်များကို စုဘာရူကလျော်ကြေးငွေများ စတင်ပေးအပ်ခဲ့သည်။သူသည် ဓားပြခေါင်းဆောင်များကို လောဘတက်စေသည်အထိ ရွှေပြားသန်းပေါင်းများစွာ သုံးစွဲခဲ့သည့်အတွက် သူတို့၏သွေးများပင် ပွက်ပွက်ဆူလာခဲ့သည်။အချို့သောခေါင်းဆောင်များသည် သူတို့၏လက်ကျန်တပ်များကို လင်းယုန်စခန်းမှဆွဲထုတ်ကာ တိုက်ပွဲဝင်လိုစိတ်ဖြစ်ပေါ်လာခဲ့သည်။ယခုဆုံးရှုံးသွားသည့် လူများကို အနာဂတ်၌ပြန်လည်ဖြည့်တင်းနိုင်လိမ့်မည်ဟု သူတို့ယုံကြည်ထားကြသော်လည်း သူတို့၏လူများသေဆုံးပြီးနောက် သူတို့၏စည်းစိမ်ဥစ္စာများကို ကာကွယ်နိုင်စွမ်းမရှိဟူသော အချက်အားသူတို့မေ့လျောနေခဲ့ကြသည်။
ရန်သူဦးခေါင်းကိုဖြတ်တောက်နိုင်ခဲ့သော ဓားပြများသည်ပို၍ပင် အကျိုးကျေးဇူးပိုမိုရရှိခဲ့သည်။စုဘာရူသည် ခြင်္သေ့မြို့အားသိမ်းပိုက်နိုင်မည်မဟုတ်ကြောင်း သိထားသော်လည်း စခန်းအားလုံးကို သူကိုယ်တိုင်ဝါးမြိုနိုင်လောက်သော အခြေအနေထိရောက်ရှိလာအောင် တတ်န်ိုင်သမျှအားနည်းစေချင်ခဲ့သည်။ဓားပြများသည် ခြင်္သေ့မြို့မှစစ်သား၁ယောက်ကိုသတ်နိုင်ရန် ငါးယောက်ရင်းရန်အသင့်ရှိနေခဲ့သည်။ထို့ကြောင့် ခြင်္သေ့မြို့မှစစ်သားများ၏ ဦးခေါင်းအားဖြတ်တောက်နိုင်သည့် မည်သူ့ကိုမဆို စုဘာရူ၏သူရဲကောင်းများအဖြစ် သတ်မှတ်ခဲ့ကြသည်။
လျော်ကြေးငွေများနှင့်ဆုကြေးများသည် ဓားပြခေါင်းဆောင်များနှင့်သတို့၏လက်အောက်ငယ်သားများကို လှုံဆော်ပေးနိုင်ခဲ့ကာ နောက်တစ်နေ့မနက်၌ တိုက်ခိုက်ရန်အသင့်ဖြစ်နေခဲ့သည်။
စုဘာရူသည် တိုက်ခိုက်မည့်ဗျူဟာအကြောင်း ဆွေးနွေးရန်အတွက် ခေါင်းဆောင်အားလုံးကို အစည်းအဝေးခေါ်ယူခဲ့ကာ ခြင်္သေ့မြို့သည် အလွန်ခိုင်ခံ့ကြောင်း ပြောပြခဲ့သည်။သူတို့သည် အောင်ပွဲရယူလိုပါက နေ့ရောညပါ ဓားပြအုပ်စုများကိုအလှည့်ကျနေရာချ၍ မုန်တိုင်းတိုက်သလိုတိုက်ခိုက်ရမည်ဟု အမိန့်ပေးခဲ့သည်။သူတို့သည် ခြင်္သေ့မြို့အားအနားယူခွင့် လုံးဝမပေးနိုင်ပေ။ခြင်္သေ့မြို့၏စစ်သားများသာ ပင်ပန်းနွမ်းနယ်နေသည်ဟု သူတို့ယုံကြည်ခဲ့သည်။
ဓားပြခေါင်းဆောင်များသည် ခြင်္သေ့မြို့၏စစ်သားများအကြားတွင် အလွန်ကောင်းမွန်သော လက်နက်ချပ်ဝတ်များရှိကြောင်း တွေ့မြင်ထားကြသည်။သို့သော်လည်း စုဘာရူ၏အကြံအစည်သည် မှန်ကန်ပေသည်။ခြင်္သေ့မြို့ကိုသာ အနားယူခွင့်မပေးဘဲ နေ့ရောညပါအဆက်မပြတ်တိုက်ခိုက်နေပါက ရေရှည်တွင်ခြင်္သေ့မြို့သည် ကျိန်းသေပြိုလဲကျသွားမှာဖြစ်သည်။မည်သို့ပင်ဆိုစေ ဓားပြများထံ၌ အရေအတွက်အားသာချက်ကိုပိုင်ဆိုင်ထားပေသည်။
စုဘာရူသည် အဖွဲ့များကိုတာဝန်ပေးအပ်အပြီး နောက်တစ်နေ့နံနက်တွင် စတင်တိုက်ခိုက်ခဲ့သည်။
စုဘာရူသည် ညဏ်ကောင်းပြီး မိမိနှစ်သက်ရာအရေအတွက်ကို အသုံးပြုကာ စိတ်ကြိုက်နေရာများမှ ထိုးဖောက်တိုက်ခိုက်နေခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် စုဘာရူ၏လှည့်ကွက်ကိုမကြာမှီ ထိုးဖောက်တွေ့မြင်သွားခဲ့သည်။စုဘာရူသည် သူ့တပ်သားများ၏သက်လုံက်ို လောင်ကျွမ်းရန်ကြံစည်နေကြောင်း သူနားလည်လိုက်သည်။
ထို့ကြောင့် ရှောင်ယုသည်လည် သူ့တပ်က်ိုအုပ်စုများစွာ ပိုင်းခြားလိုက်သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် အဖွဲ့တစ်ခုကပင်ပန်းလာချိန်တွင် အခြားအဖွဲ့တစ်ခုက ကြားဝင်အစားထိုးခုခံခြင်းဖြင့် ကောင်းမွန်သောတန်ပြန်ဗျူဟာကိုပြင်ဆင်နိုင်ခဲ့သည်။အလွန်သန်မာသော ကိုယ်လုံးကိုယ်ပေါက်ကိုပိုင်ဆိုင်ထားသည့် အောစ့်များသည်တောင်မှ ရက်ပေါင်းများစွာဆက်တိုက်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိကြပေ။
ထို့ပြင်ရှောင်ယုသည် ရန်သူများကိုသတ်ဖြတ်ရန်အတွက် တာဝေးပစ်လက်နက်များကို အဆက်မပြတ်အသုံးပြုနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည်နောက်ထပ် ဖြိုဖျက်သူ၄၀အား အချိန်မှီဖြည့်တင်းထားနိုင်ခဲ့သည်။
ဓားပြများ၏တိုက်ခိုက်မှုသည် အဆုံးမရှိသည်ကိုတွေ့မြင်ပြီးနောက် ရှောင်ယုက အမိန့်ပေးလိုက်သည်။
"တံခါးဖွင့်လိုက်..."
ရှောင်ယုသည် မြို့တံတိုင်းပေါ်ရှိဖိအားများကို လျော့ပါးစေရန်အတွက် ဓားပြများကို မြို့တံခါးများဆီ လမ်းကြောင်းပြောင်းရန် ကြိုးပမ်းခဲ့သည်။မြို့တံခါးများသည် အတော်လေးကျည်းမြောင်းသွားသောကြောင့် ထိုနေရာ၌ခုခံရန် ပိုမိုလွယ်ကူပေသည်။
"မြို့တံခါးပွင့်သွားပြီ...မြို့တံခါးကကျိုးပျက်နေပြီ..."
ဓားပြများသည် မြို့တံခါးဖွင့်ထားသည်ကိုမြင်သောအခါ အော်ဟစ်လိုက်ကြသည်။ဤအရာသည် သူတို့၏အခွင့်အရေးဟု ယုံကြည်မိကြသည့်အတွက်ကြောင့် အများစုသည် မြို့တံခါးထံသို့စုပြုံတိုက်ခိုက်လာကြသည်။
ယခုတစ်ကြိမ်တွင်မူ ရန်သူများသည် လမင်းပစ်ခတ်သူများနှင့် တွေ့ဆုံရခြင်းမရှိခဲ့သော်လည်း ဧရာမသစ်ပင်ကြီးနှစ်ပင်သည် တံခါးဝအနီးတွင် နှစ်ရှည်သစ်ပင်ကြီးများကဲ့သို့ ထီးထီးမားမားရပ်တည်နေသည့်အတွက်ကြောင့် ဓားပြများသည် အနည်းငယ်ထိတ်လန့်သွားကြသည်။နောက်အခိုက်အတန့်လေးတွင် ထိုဧရာမသစ်ပင်ကြီးနှစ်ပင်သည် ကြီးမားသောကျောက်တုံးကြီးများကို ဖမ်းဆုပ်ကာ ဓားပြများထံသို့ပစ်ပေါက်လိုက်ကြသည်။
"သေစမ်း...အဲဒါတွေက ဘယ်ကောင်တွေလဲ..."
ဓားပြများသည် ထိတ်လန့်တကြားအော်ဟစ်လိုက်သော်လည်း နောက်မဆုတ်ကြသေးပေ။ထိုသစ်ပင်များသည် သန်မာပုံရသော်လည်း ကြောက်စရာကောင်းပုံမပေါ်ပေ။
ရှေးဟောင်းစောင့်ရှောက်သူများ...
အမှန်တော့ ရှောင်ယုသည် ဤရှေးဟောင်းသစ်ပင်များကို ထုတ်လုပ်ရန်အတွက် ကမ္မကုသိုလ်မှတ်များကို ပေးဆောင်ရန်မလိုအပ်ခဲ့ပေ။ရှေးဟောင်းစောင့်ရှောက်သူများ၏ ခုခံကာကွယ်မှုသည် အလွန်မာကျောသော်လည်း သူတို့၏လှုပ်ရှားမှုနှုန်းသည် အလွန်ပင်နှေးကွေးပေသည်။ထို့ကြောင့် ယခုအချိန်ထိသူတို့သည် မည်သည့်တိုက်ခိုက်မှုတွင်မှ မပါဝင်ခဲ့သေးပေ။
ရှောင်ယုထံ၌ ငွေကြေးအမြောက်အများရှိမနေသောကြောင့် ရှေးဟောင်းစောင့်ရှောက်သူ၅ယောက်ကို ဝယ်ယူရန်အတွက် သူ၏လောင်းကြေးအနိုင်ရငွေဖြစ်သော ရွှေပြား၈သန်းကို ထုတ်သုံးခဲ့ရသည်။
ရှေးဟောင်းစောင့်ရှောက်သူ တစ်ဦးစီသည် ရွှေပြား၅၀၀၀၀၀ကျော်ကုန်ကျသည့်အတွက် သူတို့၅ယောက်က်ိုဝယ်ယူရန်အတွက် ရွှေပြား ၂.၅သန်းကုန်ကျခဲ့သည်။အမှန်တော့ ဤတလောတွင် ရှောင်ယုသည်ရွှေပြား၈သန်းထက် ပိုမ်ိုသုံးစွဲခဲ့သည်။သူသည် ဓားပြများထံမှလုယက်ထားခဲ့သော ရှေးဟောင်းပစ္စည်းအချို့အား အပိုဝင်ငွေရရှိစေရန်ရောင်းချခဲ့သေးသည်။
ကာရီ၏တပ်ကိုဖျက်ဆီးပြီးနောက် ကြီးမားသောစစ်ပွဲများ မရှိတော့သည့်အတွက်ကြောင့် ရှောင်ယုသည် ရှေးဟောင်းစောင့်ရှောက်သူ၅ဦးအား နတ်သူငယ်အခြေစိုက်စခန်း၌ထားရှိခဲ့သည်။အကယ်၍ စွန့်စားသူများသည် နတ်သူငယ်တစ်ယောက်ကို ခိုးယူလိုပါက ရှေးဟောင်းစောင့်ရှောက်သူများ၏အမျက်ဒေါသကို ခံယူရမည်ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ရှောင်ယုသည် ရှေးဟောင်းစောင့်ရှောက်သူများကို ခြင်္သေ့မြို့သို့ယူဆောင်လာခဲ့ပြီဖြစ်သည်။သူသည် ၎င်းတို့အားမြို့ကာကွယ်ရေး၌ ပါဝင်စေလိုခဲ့သည်။ရှေးဟောင်းစောင့်ရှောက်သူများ၏ စျေးနှုန်းသည်အလွန်အမင်းမြင့်မားနေသော်လည်း ထိုမျှသောငွေပမာဏသည် သူတို့၏လုပ်ဆောင်ချက်များနှင့်နှိုင်းယှဉ်ပါက အသုံးမဝင်တော့ပေ။
ယခုလည်း ရှေးဟောင်းစောင့်ရှောက်သူနှစ်ယောက်သည် မြို့တံခါးကိုလုံးဝပိတ်ဆို့ထားန်ိုင်ခဲ့သည်။သူတို့အကြား၌ ကွာဟချက်အချို့ရှိနေသော်လည်း ထိုနေရာမှဖြတ်သွားသည့် မည်သည့်ဓားပြမဆို သတ်ဖြတ်ခံခဲ့ရသည်။ထို့ပြင် လမင်းပစ်ခတ်သူများကို သစ်ပင်များ၏နောက်၌ထားရှိခဲ့ကာ အဆက်မပြတ်ပစ်ခတ်နေစေခဲ့သည်။
ရှောင်ယုသည် တိုက်ပွဲအစောပိုင်းတွင် ရှေးဟောင်းစောင့်ရှောက်သူများအား အသုံးမပြုခဲ့ရသည့်အကြောင်းရင်းမှာ ဤသို့သောစစ်ပွဲမျိူးတွင် အရံတပ်များထားရှိရန်လိုအပ်သောကြောင့်ဖြစ်သည်။ထိုအရံတပ်များသည် အရေးကြီးသောအခိုက်အတန့်များ၌ ထုတ်သုံးပါကလွန်စွာထိရောက်စေ၍ဖြစ်သည်။
ဥပမာအားဖြင့် စစ်သားအသစ်များသည် ရက်ပေါင်းများစွာကြာအောင် တိုက်ပွဲဝင်အပြီးတွင် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ထိုအချိန်မျိုးတွင် အင်အားတောင့်တင်းသောအရန်တပ်များကို ထုတ်ဖော်ခြင်းသည် သူတို့၏စိတ်ဓာတ်က်ိုသိသိသာသာမြင့်တင်ပေးပြီး ယုံကြည်မှုကိုပြန်လည်ဖြည့်ဆည်းပေးမည်ဖြစ်သည်။တပ်သားသစ်များသည် နဂိုကတည်းကစိတ်ဓာတ်ခိုင်မာသူများမဟုတ်ကြပေရာ ရက်အတော်ကြာတိုက်ခိုက်အပြီးတွင် စိတ်ဓာတ်ကျနေကြသော်လည်း ယခုလိုစွမ်းအားကြီးသော အရံတပ်များကသူတို့၏အတွေးအမြင်ကို ပြောင်းလဲစေခဲ့သည်။
ရှေးဟောင်းစောင့်ရှောက်သူများ၏ စျေးနှုန်းသည် အောစ့်အုပ်စုတစ်ခုနှင့်တူညီပေသည်။သို့သော်လည်း ရှေးဟောင်းစောင့်ရှောက်သူများသည် ကာကွယ်ရေးပိုင်း၌ပိုမိုအားသာပေသည်။သူတို့၏ကြီးမားသောခန္ဓာကိုယ်သည် ဓားလှံတိုးမပေါက်ပေ။အကောင်းဆုံးမှာ သူတို့၏အကိုင်းအခက်များကို ဖြတ်တောက်လိုက်ပါက ရက်အနည်းငယ်အကြာတွင် ပြန်ပေါက်ထွက်လာမည်ဖြစ်သည်။လမင်းပစ်ခတ်သူများ၏အပြင်းအထန် ပစ်ခတ်မှုကသာသူတို့၏ ပင်စည်များကိုဖြတ်တောက်နိုင်သော်လည်း ဓားပြများထံ၌ထိုသို့သော လက်နက်များရှိမနေခဲ့ပေ။
ရှေးဟောင်းစောင့်ရှောက်သူ ၂ဦးသည် ဂိတ်တံခါးဝ၌ရှိနေစဉ် ရန်သူများ၏တိုက်ခိုက်မှုကို လုံးဝပိတ်ဆို့ထားနိုင်ခဲ့သည်။
ရှေးဟောင်းစောင့်ရှောက်သူများသည် လက်များကိုတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဓားပြများစွာကိုခုခံနိုင်စွမ်းမရှိဘဲ နောက်သို့လွှင့်ထွက်သွားစေခဲ့သည်။ဤသို့ဖြင့် ရှောင်ယုသည် ခြေလျင်တပ်သားအနည်းငယ်ခန့်ဖြင့် မြို့ရိုးနံရံများကို ခုခံထိန်းသိမ်းထားနိုင်ပြီး ကျန်လူများအနားယူရန် အချိန်ယူရမှာဖြစ်သည်။
စုဘာရူသည် ရှေးဟောင်းစောင့်ရှောက်သူများကိုကြည့်ရင်း သူ၏မျက်လုံးများ ကျည်းမြောင်းသွားခဲ့ရသည်။
"ဒီရှောင်ယုက ဘယ်ကကောင်လဲဟ...သူ့ဆီမှာသူရဲကောင်းတွေဘယ်လောက်ထိရှိနေတာလဲ...နတ်သူငယ်တွေ၊အောစ့်တွေနဲ့ လူပုတွေတောင်မှ သူ့လက်ထဲမှာရှိနေသေးတယ်...ငါသာသူတို့အားလုံးက်ိုလက်ဝယ်ပိုင်ဆိုင်နိုင်မယ်ဆိုရင် ငါ့ရဲ့အုပ်စိုးမှုကို အနောက်မြေရိုင်းဒေသမှာတင်မဟုတ်ဘဲ တိုက်ကြီးတစ်တိုက်လုံးအနှံ့ဖြန့်ကျက်နိုင်လိမ့်မယ်"