အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အခန်း ၁၂၇ - ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်ပြီ
ခြင်္သေ့မြို့၏ခုခံကာကွယ်မှုသည် ရှေးဟောင်းစောင့်ရှောက်သူများ၏ အကူအညီကြောင့် စတင်တည်ငြိမ်လာခဲ့သည်။ရှေးဟောင်းစောင့်ရှောက်သူများ၏ အကြီးမားဆုံးအခန်းကဏ္ဍမှာ သူတို့၏ကြီးမားသောခန္ဓာက်ိုယ်သ်ု့ိမဟုတ် တိုက်ခိုက်ရေးစွမ်းအားမဟုတ်ပေ။သို့သော် သူတို့သည်ကျောက်တုံးကြီးများအား ကောက်ယူပစ်ခတ်နိုင်၍ သူတို့၏ကျောက်ခဲပစ်ခတ်နှုန်းသည် ဖြိုဖျက်သူများသို့မဟုတ် လောက်လွဲများထက်ပ်ို၍ အစွမ်းထက်သောအခြေအနေတွင်ရှိပေသည်။အဆင့်မြင့် ရှေးဟောင်းစောင့်ရှောက်သူများသည် လေကြောင်းယူနစ်များကို တိုက်ခိုက်ရန်အတွက် ကျောက်တုံးကြီးများကို အသုံးပြုနိုင်ပေသည်။
ရှောင်ယုသည် စစ်ပွဲမစတင်မှီကပင် ကျောက်တုံးကြီးများကို သယ်ဆောင်လာရန်အတွက် အလုပ်သမားများကိုအသုံးပြုခဲ့ပေရာ ရှေးဟောင်းစောင့်ရှောက်သူများနှင့် ဖြိုဖျက်သူများအသုံးပြုနိုင်ရန် ကျောက်တုံးများလုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ ဖြိုဖျက်သူ၅၀နှင့်ရှေးဟောင်းစောင့်ရှောက်သူ၅ဦးတို့၏ပေါင်းစပ်မှုက မရေမတွက်နိုင်သော ဓားပြများအားနှိမ်နင်းနိုင်ခဲ့သည်။
တိုက်ပွဲစတင်ချိန်မှစ၍ ဓားပြများသည် လူပေါင်း၄၀၀၀၀ကျော်က်ိုဆုံးရှံးခဲ့ရပြီဖြစ်သည်။ဓားပြအရေအတွက်သည် ၁၀၀၀၀၀ကျော်သော်လည်း ဤဆုံးရှံးမှုပမာဏသည် အလွန်ကြီးမားပေသည်။မည်သို့ပင်ဆိုစေ ၎င်းဆုံးရှံးမှုသည်စုဘာရူ၏ သည်းခံနိုင်စွမ်းအတွင်းရှိနေသေးသည်။သူ၏အဓိကရည်ရွယ်ချက်မှာ ဓားပြအုပ်စုအားလုံးက်ိုဝါးမြိုရန်ဖြစ်ပြီး ထိုဓားပြအုပ်စုများလူအများအပြားဆုံးရှံးနေချိန်တွင် သူ၏ဆုံးရှံးမှုပမာဏမှာ ၂၀ရာခိုင်နှုန်းအောက်သာဖြစ်သည်။ဤသို့ဖြင့် လင်းယုန်စခန်းသို့ပြန်ရောက်ချိန်၌ သူတို့၏အခြေအနေသည် လုံးဝကွဲပြားသွားမည်ဖြစ်သည်။
ထို့ပြင် သူသည်ဓားပြခေါင်းဆောင်အချို့အား တိတ်တဆိတ်လုပ်ကြံခဲ့ကာ ထိုအုပ်စုများအား ဝါးမြိုရန်ပိုမိုလွယ်ကူစေခဲ့သည်။
သို့သော် ယခုအခါပဿနာကြီးတစ်ခုရှိလာခဲ့သည်။အစောပိုင်းတွင် ခြင်္သေ့မြို့သည် အားနည်းသည်ဟု စုဘာရူယူဆခဲ့ပြီး ဓားပြများအားလုံးကိုသူ၏ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းပြီးနောက်တွင် ခြင်္သေ့မြို့အား အလွယ်တကူဖယ်ရှားနိင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ယခုအခါတွင်မူ ဓားပြများအားလုံးပေါင်းစည်းပြီးလျှင်တောင်မှ ခြင်္သေ့မြို့အားအနိုင်ယူရန် အလွန်ခက်ခဲမယ့်ပုံရသည်။
ထို့ကြောင့် စုဘာရူသည် တိုက်ခိုက်ရေးနည်းဗျူဟာများနှင့်ပတ်သက်သော သူ၏အကြံအစည်များအား အစမှနေ၍ပြန်လည်သုံးသပ်ခဲ့ရသည်။သူသည် ခြင်္သေ့မြို့အားပြင်းထန်စွာထိုးနှက်ခြင်းမပြုမှီ ခြင်္သေ့မြို့အား အလွန်အားနည်းသွားစေမယ့် အခြားသောနည်းဗျူဟာတစ်ခုအား တီထွင်ရမည်ဖြစ်သည်။သို့သော် အဓိကမေးခွန်းမှာ ခြင်္သေ့မြို့အားမဖယ်ရှားခင် ဓားပြများအားလုံးကိုသူ့လက်အောက်၌ စုစည်းရန်ဖြစ်သည်။
ဤသ်ို့ဖြင့် တိုက်ခိုက်မှုများသည် ရက်အနည်းငယ်ကြာသည်အထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။စုဘာရူသည် လင်းယုန်စခန်း၌ကျန်ရစ်ခဲ့သော တပ်ဖွဲ့ဝင်အသစ်များကို စစ်မြေပြင်သို့ခေါ်ယူရန် အစီအစဉ်မရှိသည့်အတွက်ကြောင့် ခြင်္သေ့မြို့အားယခုထက်ပိုမို၍ဖိအားပေးရန် မဖြစ်နိုင်သေးပေ။သို့သော် ထိုသို့လုပ်ဆောင်ခြင်းကပင် ရှောင်ယုအားတပ်သားအသစ်များမွေးထုတ်ခွင့်ပေးရန်အတွက် အခွင့်အရေးပေးနေခြင်းဖြစ်ကြောင်း စုဘာရူသတိမထားမိခဲ့ပေ။
ရှောင်ယုသည် တာဝေးပစ်တိုက်ခိုက်မှုများတွင် နတ်ဆရာများကို စတင်၍အသုံးပြုနေပြီဖြစ်သည်။နတ်ဆရာများသည် လက်ရှိအချိန်တွင် လျှပ်စီးကြောင်းများကိုသာ အသုံးပြုနိုင်သော်လည်း နတ်ဆရာ၃၀၀သည် လျှပ်စီးတိုက်ခိုက်မှုအား တစ်ချိန်တည်း၌အသုံးပြုသောအခါတွင် ၎င်းတို့၏တိုက်ခိုက်မှုသည် အလွန်ပင်ပြင်းထန်လှပေသည်။ထို့ပြင် နတ်ဆရာများသည် နတ်သူငယ်လေးသမားများ ခံစားနေရသည့်ဖိအားကို အတိုင်းအတာတစ်ခုအထိ ခွဲယူနိုင်ခဲ့သည်။
နတ်ဆရာများသည် လျှပ်စီးဒိုင်း၊သွေးတပ်မက်ခြင်း၊စင်ကြယ်ခြင်း အစရှိသည်တို့ကို အသုံးပြုနိုင်သော်လည်း သူတို့၏နိမ့်ကျနေသေးသောအဆင့်ကြောင့် လျှပ်စီးကြောင်းတိုက်ခိုက်မှုကိုသာ အသုံးပြုနိုင်ခဲ့သည်။
ပယောဂဆရာများကိုလည်း တပ်ထဲ၌ပေါင်းစပ်ဖွဲ့စည်းထားခဲ့သည်။သူတို့၏တိုက်ခိုက်မှုအင်အားသည် နိမ့်ပါးသော်လည်း ရက်စက်ကြမ်းကြုတ်သည့်အပြင် အောစ့်စစ်သည်များအား ကုသရာတွင်ထူးချွန်မှုရှိကြသည်။ပယောဂဆရာများ၏ ရိုးရှင်းလှသောကုသမှုနှင့် ကုသဆေးများကြောင့် အောစ့်များ၏အသက်သည် ပိုမိုလုံခြုံလာခဲ့သည်။
ပယောဂဆရာများနှင့်နတ်ဆရာများအား စတွေ့ချိန်တွင် သာမန်အောစ့်များသည် ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။လွန်ခဲ့သောထောင်စုနှစ်ပေါင်းများစွာက မျိုးသုဉ်းလုနီးပါးဖြစ်နေခဲ့သော အောစ့်များသည် ပြင်ပကမ္ဘာနှင့်အဆက်ပြတ်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။လက်ရှိအချိန်တွင် ပယောဂဆရာများနှင့်နတ်ဆရာများက ဤတိုက်ကြီး၌ရှားပါးနေပြီဖြစ်သည်။
အောစ့်အခြေစိုက်စခန်း၌ လင်းနို့စီးနင်းသူ၁၀၀၀သည် အသင့်ရှိနေပြီး တိုက်ပွဲ၌မပါဝင်သေးပေ။ရှောင်ယုက လေကြောင်းတပ်များကိုယခုအချိန်၌ အသုံးပြုခြင်းသည် ကြီးမားသောထိတ်လန့်မှုအားဖြစ်ပေါ်စေကာ ရန်သူဓားပြများကို စိတ်ဓာတ်ကျဆင်းစေမည်ဖြစ်ကြောင်း နားလည်ထားသည်။သို့သော်လည်း အကြိမ်အနည်းငယ်ခန့်အသုံးပြုပြီးပါက ရန်သူသည်ထိုသို့သောတိုက်ခိုက်မှုအား ပြန်လည်ခုခံရန်နည်းလမ်းရလာနိုင်သည်။ထို့ကြောင့် ရှောင်ယုသည် ရန်သူများအားအမြစ်ဖြုတ်ချေမှုန်းရာတွင် အသုံးပြုမည့်နောက်ဆုံးဝှက်ဖဲအဖြစ် လင်းနို့စီးနင်းသူများကိုချန်ထားခဲ့သည်။
ထို့ပြင် အောစ့်စီးနင်းသူများကလည်း အခြေစ်ိုက်စခန်း၌ အသင့်ရှိနေဆဲဖြစ်ကာ နောက်ဆုံးတိုက်ပွဲ၌ထွက်ပေါ်လာရန် စောင့်ဆိုင်းနေကြသည်။သူတို့သည် လေကဲ့သို့လျင်မြန်စွာလှုပ်ရှားကာ ဓားပြများ၏အသက်ကိုနှုတ်ယူကြမည်ဖြစ်သည်။
ယခုအချိန်ထိ စစ်မြေပြင်ပေါ်၌ ကိုဒိုသားရဲအကောင်၂၀သေဆုံးခဲ့ပြီဖြစ်သည်။သို့ရာတွင် ၎င်းတို့သည်တိုက်ပွဲအတွင်း၌ အောစ့်များအတွက် ကြီးမားသောထောက်ပံ့မှုတစ်ခုဖြစ်ခဲ့ပေသည်။
ကိုဒိုသားရဲများ၊တိုတမ်များနှင့်သူရဲကောင်းများ၏ တိုက်ပွဲခေါ်သံများကို အသုံးပြုခြင်းအားဖြင့် အောစ့်စစ်သည်များ၏ခွန်အားသည် မူလကထက်နှစ်ဆတိုးမြင့်လာခဲ့သည်။မူလကပင် ၎င်းတို့သည်အလွန်သန်မာနေပြီဖြစ်ရာ ယခုလိုခွန်အားတိုးလာခြင်းဖြင့် ဒုတိယအဆင့်သူရဲကောင်းများကိုပင် မှီလုနီးပါးဖြစ်လာခဲ့သည်။ဒုတိယအဆင့်သူရဲကောင်းခွန်အားပိုင်ဆိုင်သော အောစ့်စစ်သည်၁၀၀၀သည် မည်သည်ကိုဆိုလိုသနည်း။
ဓားပြများ၏အလောင်းများသည် မြို့ပတ်ပတ်လည်၌ တဖြည်းဖြည်းစုပုံလာခဲ့သည်။
ခိုင်ရင်းသည်လည်း အဆင့်၁၁သို့ရောက်ရှိသွားခဲ့ပြီး ရှောင်ယုသည် ခိုင်ရင်းအား အဆင့်၁ချပ်ဝတ်တန်ဆာအား ပေးအပ်ခဲ့သည်။ခိုင်ရင်းသည် စစ်မြေပြင်၌ မဖြိုဖျက်နိုင်သောခံတပ်နှင့်တူကာ ရန်သူတပ်ဖွဲ့တစ်ခုလုံးအား ဖျက်ဆီးန်ိုင်ပေသည်။
အမှန်တော့ခိုင်ရင်းသည် အစောပိုင်းတွင် ဂရင်းနှင့်ရှေးဟောင်းကာကွယ်သူနှစ်ဦးနှင့်အတူ တံခါးဝကိုစောင့်ကြပ်နေခဲ့သည်။သို့သော်လည်း ရံဖံရံခါတွင် ခိုင်ရင်းသည် တုန်ခါမှုလှိုင်းနှင့်စစ်ပွဲခြေလှမ်းတို့ကို အသက်သွင်းလိုက်ကာ ရန်သူများကိုသတ်ဖြတ်ရန် သူ၏ပုဆိန်ကြီးကိုဝှေ့ယမ်းလိုက်မှာဖြစ်သည်။ထို့နောက် ခိုင်ရင်းသည်ရန်သူများအား ဆုတ်ခွာသွားအောင်တိုက်ခိုက်ပြီးနောက် ရှေးဟောင်းစောင့်ရှောက်သူနှစ်ဦးနှင့်အတူ တံခါးဝကိုပြန်လည်စောင့်ကြပ်ခဲ့သည်။
ဂရင်း၏တိုက်ခိုက်ရေးပုံစံနှင့် နှိုင်းယှဉ်ပါက ခိုင်ရင်း၏တိုက်ခိုက်မှုပုံစံသည် ပိုမိုကြမ်းတမ်းခက်ထန်ပေသည်။
ခိုင်ရင်းသည် အဆင့်၁၀သို့ရောက်ရှိပြီးနောက် နောက်ထပ်ကျွမ်းကျင်မှု၃ခုအား သင်ယူနိုင်ခဲ့သည်။
ခုတ်ပိုင်းခြင်း (အဆင့် ၃ ထိမြင့်တင်နိုင်သည်)
- နွားလားသူရဲကောင်းသည် သူ၏လက်နက်ကို ရန်သူထံသို့အလျားလိုက်လွဲချလိုက်မှာဖြစ်ကာ အဆင့်တစ်ခုတက်တိုင်း ထိခိုက်ပျက်စီးမှု၂၀ရာခိုင်နှုန်း တိုးမြင့်လာမှာဖြစ်သည်။
ကြားဖြတ်ခြင်း (အဆင့်၂ထိမြင့်တင်နိုင်သည်)
- နွားလားသူရဲကောင်းသည် ရန်သူအားလျင်မြန်စွာတိုက်ခိုက်မှာဖြစ်သည်။ထိုသို့တိုက်ခိုက်ခံလိုက်ရသော ရန်သူသည် မူးဝေသွားပြီး ထိခိုက်ဒဏ်ရာရသွားမှာဖြစ်သည်။ထိုသို့အဆင့်မြင့်တင်ခြင်းတစ်ခုစီတွင် အကွာအဝေးနှင့်ထိခိုက်ပျက်စီးမှုအား ၂၀ရာခိုင်နှုန်းတိုးမြင့်လာစေမှာဖြစ်သည်။
လက်နက်အထူးပြုခြင်း (အဆင့် ၅ထိမြင့်တင်နိုင်သည်)
- နွားလားသူရဲကောင်း၏လက်နက်တိုက်ခိုက်မှုများတွင် ပျက်စီးမှုနှင့်ပြောင်းလွယ်ပြင်လွယ်ရှိမှုသည် အဆင့်တစ်ခုတက်တိုင်း၂၀ရာခိုင်နှုန်း တိုးမြင့်လာမည်ဖြစ်သည်။
နွားလားသူရဲကောင်း၏ အသစ်ကျွမ်းကျင်မှုများမှာ အနီးကပ်တိုက်ခိုက်ရေးကျွမ်းကျင်မှုများ ဖြစ်ကြသည်။
ယခုအခါ ခိုင်ရင်းသင်ယူထားသောကျွမ်းကျင်မှုများမှာ တုန်ခါမှုလှိုင်း (အဆင့်၃ ) ၊ စစ်ပွဲခြေလှမ်း(အဆင့်၃ )၊ တိုက်ပွဲဟိန်းသံ (အဆင့်၃ ) ၊ ကြားဖြတ်ခြင်း (အဆင့်၁) ၊ ခုတ်ပိုင်းခြင်း (အဆင့်၁)တို့ဖြစ်သည်။
...
...
ရှောင်ယုသည် ရံဖန်ရံခါတွင် ဓားပြအဖြစ်အသွင်ပြောင်းကာ ရန်သူစခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။သူသည် လျှပ်စီးပေကိုရှာဖွေကာ စုဘာရူနှင့်ပတ်သက်၍ သတိပေးခဲ့သည်။တိုက်ပွဲ၌လည်း ကိုယ်တ်ိုင်ကိုယ်ကျဝင်ရောက်မတိုက်ခိုက်ရန်အတွက် အကြိမ်ကြိမ်ပြောခဲ့သည်။ထိုသို့မဟုတ်ပါက စုဘာရူသည်သူ့အားသတ်ဖြတ်ရန် အခွင့်ကောင်းယူသွားနိုင်သည်။
ထို့နောက် စစ်မြေပြင်၌ ဓားပြအုပ်စုခေါင်းဆောင်အမြောက်အများ ကျဆုံးခဲ့ကြောင်း လျှပ်စီးပေကပြောပြခဲ့သည်။ထို့ပြင် သူတို့၏သေဆုံးမှုရလဒ်ကို မည်သူကမှအတိအကျမသိခဲ့ပေ။
လျှပ်စီးပေ၏လက်အောက်တွင် အလောင်းခွဲစိတ်ခြင်းကိုကျွမ်းကျင်သည့် ဓားပြတစ်ဦးရှိပေသည်။ထို့ကြောင့် လျှပ်စီးပေက ထိုဓားပြအားအလောင်းကို စစ်ဆေးရန်တိတ်တဆိတ်ညွန်ကြားခဲ့သည်။စစ်ဆေးမှုရလဒ်အရ ဓားပြခေါင်းဆောင်သည် ရှေ့မှလာသောတိုက်ခိုက်မှုကြောင့် သေဆုံးသွားရပုံမပေါ်ဘဲ နောက်မှချောင်းမြောင်းတိုက်ခိုက်ခံရကာ သေဆုံးသွားရပုံပေါ်သည်။
အကယ်၍ ဓားပြခေါင်းဆောင်အားလုံးသာ သေဆုံးသွားပါက စုဘာရူသည်ဓားပြအုပ်စုများကို မြန်မြန်ဆန်ဆန်ဝါးမြိုနိုင်မည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။ထိုအရာသည် သူ့အတွက်အဆင်မပြေပေရာ ရှောင်ယုသည်ထိုဓားပြခေါင်းဆောင်များကို အသက်ရှင်နေစေရန် လိုလားပေသည်။စုဘာရူကသာ ဓားပြအုပ်စုအားလုံးကို တစ်စုတစည်းတည်းဝါးမြိုနိုင်ခြင်းမရှိသရွေ့ ရှောင်ယုသည်အနိုင်ရရှိရန် အခွင့်အရေးရှိပေသည်။
ရှောင်ယုနှင့်စုဘာရူတို့သည် သူတို့၏သက်ဆိုင်ရာဂိမ်းများကို ကစားနေကြသည်ဟု ဆိုနိုင်ပေသည်။ရှောင်ယုသည် အမှောင်ထုထဲ၌ရှိနေချိန်တွင် စုဘာရူကမူ အလင်းဘက်၌ရှိနေပေသည်။
လျှပ်စီးပေသည် တိုက်ပွဲရလဒ်များနှင့်ပတ်သက်၍ သူနှင့်နီးစပ်သောခေါင်းဆောင်များကို သတိပေးခဲ့ကာ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် တတ်နိုင်သမျှဝေးဝေးနေရန် ပြောခဲ့သည်။တစ်ချိန်တည်းမှာပင် စုဘာရူသည် စစ်မြေပြင်ရှိဓားပြခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု လျှပ်စီးပေကကောလဟာလများ စတင်ပျံ့နှံစေခဲ့သည်။
ကောလဟာလများ၏ အစွမ်းသည်အလွန်ကြီးမားပေသည်။မကြာသေးမှီက ဓားပြခေါင်းဆောင်များသေဆုံးမှုကြောင့် ထိုကောလဟာလများသည် လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ထိုသို့ကောလဟာလများသည် စုဘာရူ၏နားထဲသို့ရောက်လာသောအခါတွင် အလွန်ဒေါသထွက်သွားခဲ့သည်။ သူ၏လျှို့ဝှက်ချက်များသည် အဘယ်ကြောင့်ထိုသို့ပျံ့နှံ့သွားခဲ့သည်ကို သူနားမလည်သေးပေ။
ဤသို့ဖြင့်တိုက်ပွဲသည် တစ်လခွဲကျော်ကြာမြင့်လာပြီး စုဘာရူသည်လည်း ဓားပြများကို နေ့စဉ်တိုက်ခိုက်စေရန် အမိန့်ပေးထားခဲ့သည်။နှစ်ဖက်လုံးမှ ခွန်အားမှကုန်ဆုံးသွားသည်မှာ သူ့အတွက်အကောင်းဆုံးဖြစ်သော်လည်း ယခုအခါဓားပြများ၏ထက်ဝက်နီးပါးသည် သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။
သို့သော်လည်း သူ့နည်းတူပင်ရှောင်ယု၏ခွန်အားများ လျော့နည်းလာမည်ဟု ယုံကြည်လာသည့်အတွက်ကြောင့် စုဘာရူသည်ဆုံးရှုံးမှုများကို စိတ်မဝင်စားခဲ့ပေ။သို့သော် ခြင်္သေ့မြို့အားသူရယူလိုပါက ဆုံးရှုံးမှုများစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း စုဘာရူနားလည်ပေသည်။သူသည် ခြင်္သေ့မြို့အား တစ်ကြိမ်တည်းဖြင့်ဖြိုချပြီးနောက်တွင် သူ၏လက်ရွေးစင်တပ်များအား ပြန်လည်စုစည်းနိုင်မည်ဖြစ်သည်။
အမှန်တော့ စုဘာရူ၏တွက်ချက်မှုများသည် မှားယွင်းခဲ့သည်။ခြင်္သေ့မြို့မှ စစ်သားအများအပြားကျဆုံးခဲ့သော်လည်း အများစုမှာတပ်သားသစ်များဖြစ်ကြပြီး ဆင့်ခေါ်ထားသောတပ်သားများမှာ နဂိုအတိုင်းရှိနေသေးသည်။ပယောဂဆရာများသည် ဒဏ်ရာရနေသောအောစ့်စစ်သည်များအား ကုသပေးကာ တိုတမ်များနှင့်အခြားအရာများကိုအသုံးပြုကာ ကောင်းချီးပေးထားခဲ့သောကြောင့် သေဆုံးမှုနှုန်းသည် အလွန်နိမ့်ကျနေခဲ့သည်။နတ်သူငယ်များသည်လည်း နောက်ဘက်၌ရှိနေသောကြောင့် သူတို့သည်ထိခိုက်ဒဏ်ရာရရှိခြင်း လုံးဝမရှိခဲ့ပေ။ခြေလျင်တပ်သားများသည် ဒိုင်းများကိုအသုံးပြုကာ ခုခံမှုအားအလေးပေးနေကြသောကြောင့် သူတို့၏သေဆုံးမှုနှုန်းသည်လည်း အလွန်လျော့နည်းနေခဲ့သည်။
ထို့ပြင် ဓားပြများသည် အခြားသေဆုံးနေသောဓားပြများ၏ ဦးခေါင်းများကိုဖြတ်ကာ စခန်းဆီပြန်ပို့ခဲ့ကြသည်။သူတို့သည် စုဘာရူ၏စာရင်းအချက်အလက်များကို လိမ်လည်ရန်ကြံစည်ခဲ့ကြသည်။စုဘာရူသည် ရန်သူဘက်မှ စစ်သားများ၏ဦးခေါင်းများကိုသာ ဆုပေးမည်ဟုတင်းတင်းကြပ်ကြပ်အမိန့်ထုတ်ထားသော်လည်း ပိုက်ဆံရရှိရန်စွန့်စားသောဓားပြများစွာ ရှိနေကြသည်။
ရှောင်ယုသည် လက်ရှိအခြေအနေများအားလုံးကို တွေးတောစဉ်းစားနေရင်း နောက်ဆုံးတန်ပြန်တိုက်စစ်ကိုစတင်ရန် စဉ်းစားနေခဲ့သည်။သူသည် ခြင်္သေ့မြို့၏လက်ရှိခွန်အားကိုသာ အားကိုးပါက ထိုကဲ့သို့တန်ပြန်တိုက်ခိုက်မည့်အတွေးကို တွေးတောမိမှာမဟုတ်ပေ။သို့သော်ယခုအချိန်၌မူ သူ့ထံ၌ လေကြောင်းချီတပ်သား၁၀၀၀ရှိရာ အခြေအနေများကလုံးဝကွဲပြားနေခဲ့သည်။ဤခေတ်ရှိလူများသည် လေကြောင်းတိုက်ခိုက်မှု၏အစွမ်းအစကို မမြင်တွေ့ဖူးပေရာ ဤတန်ပြန်တိုက်စစ်သည် အံ့သြဖွယ်ကောင်းမှာသေချာပေသည်။
အခန်း ၁၂၈ - တန်ပြန်တိုက်ခိုက်မှု
ခြင်္သေ့မြို့အား ဝိုင်းရံရန်ရောက်ရှိလာသော လက်ရှိဓားပြတပ်များသည် ခြင်္သေ့မြို့အားသိမ်းပိုက်အပြီးတွင် ၇၀ရာခိုင်နှုန်းထိဆုံးရှုံးလိမ့်မည်ဟု စုဘာရူတွက်ချက်ထားပေသည်။ထို့ကြောင့် တပ်ဖွဲ့ဝင်တစ်ဝက်ခန့် ဆုံးရှံးမှုအား သူမစိုးရိမ်ခဲ့ပေ။သို့သော်လည်း လက်ရှိအခြေအနေသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။
ပထမဦးစွာ သူသည်ခုခံမှုအား လက်လျော့ရန်အတွက် ဓားပြခေါင်းဆောင်အနည်းငယ်အား ဖယ်ရှားလိုခဲ့သည်။သို့သော်လည်း ရှောင်ယုနှင့်လျှပ်စီးပေတို့စကားပြောအပြီးတွင် ဓားပြခေါင်းဆောင်အများစုသည် အသက်ရှင်နေသေးသည့်အတွက်ကြောင့် သူ၏အစီအစဉ်ကို အပြည့်အဝအကောင်အထည်မဖော်နိုင်ခဲ့ပေ။အစောပိုင်းအစီအစဉ်များအရ သူသည် ကျန်တပ်များအားဦးဆောင်ရန် လင်းယုန်စခန်းသို့ပြန်သွားရမည်ဖြစ်သည်။ဒုတိယအချက်အနေဖြင့် စုဘာရူသည် ခြင်္သေ့မြို့အားပြင်းထန်စွာတိုက်ခိုက်ရန် ကြံစည်ထားခဲ့ကာ ၎င်းတို့အားပြိုကျလုနီးပါးဖြစ်သွားစေရန် စီမံထားခဲ့သည်။သို့သော်လည်း ခြင်္သေ့မြို့မှပြသလိုက်သောခွန်အားသည် သူ၏တွက်ချက်မှုထက်များစွာကျော်လွန်သွားခဲ့ပေသည်။အောစ့်များ၊ နတ်သူငယ်များ၊ရှေးဟောင်းစောင့်ရှောက်သူများနှင့် အခြားတပ်သားများသည် သူထင်ထားသည်ထက်များစွာပိုမိုအစွမ်းထက်ပေသည်။ယခုအခါ သူသည်လက်ကျန်ဓားပြအုပ်စုများကိုဝါးမြိုနိုင်ခဲ့လျှင်ပင် ခြင်္သေ့မြို့ကိုသိမ်းပိုက်နိုင်မည်ဟု အာမမခံရဲတော့ပေ။
ထို့ကြောင့် စုဘာရူသည် ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေခဲ့သည်။သူသည် ဓားပြများကိုဦးစွာဝါးမြိုသင့်သလား...သို့မဟုတ် အရေအတွက်ကိုအားကိုးကာ ခြင်္သေ့မြို့ကိုဆက်လက်တိုက်ခိုက်သင့်သလား...
ခြင်္သေ့မြို့၏ခုခံကာကွယ်မှုသည် သူမျှော်လင့်ထားသည်ထက် များစွာပိုမိုခက်ခဲသောကြောင့် သူ၏မူလအစီအစဉ်အား အပြောင်းအလဲတချို့လုပ်ဆောင်ရမည်ဖြစ်သည်။
"ဝိုင်းရံပြီး ပိတ်ဆို့ထားရမယ်...ငါတို့ကခြင်္သေ့မြို့ကို အချိန်အကြာကြီးဝိုင်းရံပိတ်ဆို့ထားပြီး တိုက်ခိုက်စရာမလိုဘူး...ဒီအနီးအနားမှာရှိတဲ့ လယ်သမားတွေနဲ့လူတွေက ခြင်္သေ့မြို့ဆီကိုပဲပြောင်းရွေ့လာတာကြောင့် ရေရှည်မှာ စားနပ်ရိက္ခာလုံလောက်တော့မှာမဟုတ်ဘူး...ငါတို့သာ၆လလောက် ဝိုင်းရံပိတ်ဆို့ထားရင် ခြင်္သေ့မြို့က ပြိုကျသွားလိမ့်မယ်..."
စုဘာရူသည် ဆုံးဖြတ်ချက်တစ်ခုအား ချမှတ်လိုက်သည်။
အဆုံးသတ်တွင် သူချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည်ကောင်းမွန်သော အဖြေတစ်ခုဖြစ်ပေသည်။ခြင်္သေ့မြို့အတွင်းရှိ စစ်သားအရေအတွက်သည် များပြားလှခြင်းမရှိပေရာ လက်ရှိအချိန်၌သူတို့အား တိုက်ခိုက်ရန်ထွက်လာမည်မဟုတ်ကြောင်း စုဘာရူနားလည်ထားသည်။ယခုအခါ ခြင်္သေ့မြို့သည် မြို့ရိုးကိုအကာအကွယ်ရယူကာ ဓားပြများအားပြန်လည်တိုက်ခိုက်ရာ၌ ဆုံးရှံးမှုများစွာကြုံတွေ့နေခဲ့ရသည်။ဒုတိယအချက်အနေဖြင့် ခြင်္သေ့မြို့တွင်သင့်တော်သောပြင်ဆင်မှုမရှိခဲ့ပေ။သူတို့သည် အနီးအနားရှိလူများကိုခေါ်ယူထားသော်လည်း သူတို့၏အစားအစာဂိုထောင်သည် လူပေါင်းများစွာ၏စားနပ်ရိက္ခာကို အချိန်အတော်ကြာသည်အထိဖြည့်ဆည်းပေးရန် မလုံလောက်ကြောင်း စုဘာရူယုံကြည်ထားပေသည်။
စုဘာရူထံတွင် ထက်မြက်သောမျက်လုံးများရှိသည်မှာ ငြင်းဆန်၍မရပေ။သူသည် ခြင်္သေ့မြို့၏အားနည်းနေသောနေရာကိုရှာဖွေနိုင်ခဲ့ပြီး တိုက်ခိုက်ရန်အသင့်တော်ဆုံးသော နည်းဗျူဟာကို ဖန်တီးနိုင်ခဲ့သည်။
ထို့အပြင် စုဘာရူသည် လင်းယုန်စခန်းမှ ထိပ်တန်းတပ်ဖွဲ့များက်ိုစုစည်းလိုက်ကာ အချိန်အတော်ဝ်ိုင်းရံပြီးနောက် ခြင်္သေ့မြို့အားတဟုန်ထိုး တိုက်ခိုက်ချေမှုန်းရန် ကြံရွယ်ထားသည်။မူလက သူသည်ခြင်္သေ့မြို့အားမျက်လုံးထဲမထည့်ထားသော်လည်း ယခုအခါဤပြသနာကို တတ်နိုင်သမျှမြန်မြန် ရှင်းထုတ်ရမည်ဖြစ်ကြောင်း သူသိထားပေသည်။
ထို့ကြောင့် စုဘာရူသည် ဓားပြများအားတိုက်ခိုက်သည်ကို ရပ်တန့်ခိုင်းကာ မြို့အားဝိုင်းရံထားရန်အမိန့်ပေးခဲ့သည်။
စုဘာရူသည် သူ၏နည်းဗျူဟာကို အကောင်အထည်ဖော်နေသည်ကို သတိထားမိလိုက်ချိန်တွင် ကပ္ပတိန်ဟွေ့နှင့်မူလီတို့၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။ခြင်္သေ့မြို့သည် ယခုလိုဝိုင်းရံပိတ်ဆို့မှုဒဏ်ကို ခံနိုင်ရည်မရှိကြောင်း သူတို့က စုဘာရူထက်ပို၍ရှင်းရှင်းလင်းလင်းသိထားပေသည်။မြို့အပြင်ဘက်တွင် လျှို့ဝှက်လမ်းကြောင်းများစွာရှိနေသော်လည်း ထိုလျှို့ဝှက်လမ်းကြောင်းများသည် မြို့တွင်းရှိလူများထံသို့ ထောက်ပံ့ပစ္စည်းအမြောက်အများ ယူဆောင်လာနိုင်စွမ်းမရှိပေ။
မြို့ထဲ၌လည်း သီးနှံစိုက်ပျိုးရန် သင့်တော်သောမြေနေရာမရှိပေ။ခြင်္သေ့မြို့သည် ရေရှည်တွင်မြို့တွင်းရှိ များပြားလှသောလူများကို စားနပ်ရိက္ခာမထောက်ပံ့နိုင်ပေ။ခြင်္သေ့မြို့သည် ဓားပြများတိုက်ခိုက်မှုမရှိမှီ သူတို့၏နယ်မြေကို ကျယ်ပြန့်အောင်လုပ်ဆောင်ခဲ့သော်လည်း ယခုအခါထိုအားသာချက်သည် စတင်၍ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီဖြစ်သည်။စိုးရိမ်စရာအကောင်းဆုံးသောအချက်မှာ ရွေ့ပြောင်းလာသူအများစုသည် ခြင်္သေ့မြို့၌လူသစ်များသဖွယ်ဖြစ်နေသည့်အတွက် စားနပ်ရိက္ခာမလုံလောက်ပါက ဖရိုဖရဲဖြစ်လာမှာ အသေအချာပင်ဖြစ်သည်။
ကပ္ပတိန်ဟွေ့နှင့်မူလီတို့သည် ဤပြဿနာကိုဖြေရှင်းရန် အဖြေရှာမရသည့်အတွက်ကြောင့် စိတ်တင်းကျပ်နေခဲ့သည်။ရှောင်ယုကမူ စိတ်အေးလက်အေးဖြစ်နေပြီး သူ၏မရီးဖြစ်သူများကို နှောင့်ယှက်နေသောအချိန်တွင် သူ၏ဗိုလ်ချုပ်များက စိုးရိမ်ပူပန်နေကြသည်။
သို့ဖြစ်ရာ ရှောင်ယုထံ၌ ဖုံးကွယ်ထားသောဝှက်ဖဲရှိနိုင်သေးကြောင်း သူတို့မစဉ်းစားမိကြပေ။
"သခင်...ငါတို့အခုဘာဆက်လုပ်ကြမလဲ..."
မူလီသည် စိုးရိမ်ပူပန်စွာဖြင့်မေးမြန်းလိုက်သည်။
ရှောင်ယုက ပျင်းရိနေသောလေသံဖြင့်ပြန်ဖြေလိုက်သည်။
"စိုးရိမ်နေစရာမလိုပါဘူး...ငါသူတို့ကိုဖယ်ရှားပစ်မှာပါ"
မူလီသည် မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။
"သခင်...ငါတို့ဆီမှာ သူတို့ကိုတန်ပြန်တိုက်ခိုက်ဖို့ အင်အားလုံလုံလောက်လောက်မရှိသေးဘူး...မင်းရဲ့အောစ့်စစ်သည်တော်တွေက သန်မာတယ်ဆိုပေမဲ့ ငါတို့ကခုချိန်ထိတပ်သား၄၀၀၀လောက်ဆုံးရှံးသွားခဲ့ပြီ....ဓားပြတွေကတော့ အနည်းဆုံးအရေအတွက်၆၀၀၀၀ကနေ ၇၀၀၀၀လောက်ထိကျန်နေသေးတယ်...သူတို့ကိုတိုက်ခိုက်ဖို့အတွက် တံတိုင်းတွေကိုအားမကိုးလို့မရဘူး"
ရှောင်ယုသည် သူ၏မျက်လုံးများကိုမှိတ်ကာ ပြောလိုက်သည်။
"ငါသူတို့ကိုအပြီးအတိုင်ဖယ်ရှားပစ်မယ်...မင်းငါနဲ့အလောင်းအစားလုပ်ချင်လား...မင်းရဲ့တစ်လစာကိုလောင်းကြေးထပ်ရမယ်"
မူလီသည် ရှောင်ယု၏စကားကြောင့် မချိပြုံးပြုံးလိုက်မိသည်။ခြင်္သေ့မြို့သာကျရှုံးသွားခဲ့ပါက သူ၏မိသားစုသည် လစာကိုပင်ရမည်မဟုတ်ဘဲ အသတ်ခံရမှာဖြစ်သည်။
"ကောင်းပြီလေ....လောင်းလိုက်ရအောင်"
"ဟားဟား...မင်းရှုံးဖို့အသင့်ပြင်ထား...စစ်သားတွေကို နှစ်ရက်လောက်ကောင်းကောင်းအနားယူခိုင်းလိုက်...သုံးရက်မြောက်နေ့ညမှာ ငါတို့တိုက်ခိုက်ကြမယ်...မင်းအံ့သြစရာအကြီးကြီးတွေ့ရလိမ့်မယ်"
ရှောင်ယုက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
ရှောင်ယုသည် စကားပြောနေရင်း သူ၏နံဘေးရှိ ကမ်မီလာကိုတစ်ချက်ငဲ့စောင်းကြည့်လိုက်သည်။ကမ်မီလာသည် နွေရာသီအဝတ်အစားကို ဝတ်ဆင်ထားပြီး ရှောင်ယုအားဒေါသတကြီးစိုက်ကြည့်လိုက်ကာ စိန်ခေါ်သည့်ပုံစံဖော်ပြလိုက်သည်။သူမ၏ပုံစံကြောင့် ရှောင်ယုသည်သွေးများပွက်ပွက်ဆူလာသလ်ို ခံစားလိုက်ရသည်။
မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် ရှောင်ယု၏လုပ်ရပ်ကိုမြင်တွေ့လိုက်ချိန်တွင် သူတို့၏စိတ်ထဲတွင် သံသယစိတ်များဖြင့်ပြည့်နှက်နေခဲ့သည်။သို့သော်လည်း သုံးရက်အကြာတွင် ရှောင်ယုသည်အံ့သြဖွယ်ရာတစ်ခုကို ပြုလုပ်နိုင်မည်ဟု ယုံကြည်ရန်ရွေးချယ်ခဲ့သည်။
မူလီသည် အောစ့်စစ်သည်များ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုပုံစံကို တွေ့မြင်ဖူးပေသည်။ဤကဲ့သို့သော စစ်တပ်တစ်ခုကိုပိုင်ဆိုင်သူသည် ကမ္ဘာကြီးကိုဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။
...
...
မျက်စိတစ်မှိတ်အတွင်း၌ နှစ်ရက်ကုန်ဆုံးသွားခဲ့သည်။စုဘာရူသည် ဓားပြများကို ခြင်္သေ့မြို့အနီးသို့ ချည်းကပ်ရန် အမိန့်ပေးခဲ့သည်။သူတို့သည် ခြင်္သေ့မြို့၏စစ်သားများကို မြို့ပြင်သို့ထွက်လာ၍တိုက်ခိုက်ရန် ရန်စစော်ကားနေခဲ့သည်။ရှောင်ယုသည် ထိုဓားပြများကိုလျစ်လျူရှုရန်အတွက် မြို့ရိုးပေါ်၌ကင်းလှည့်နေသော စစ်သားများကို အမိန့်ပေးထားခဲ့သည်။
ရှေးခေတ်စောင့်ရှောက်သူများသည် ၃ရက်မြောက်နေ့ညတွင် မြို့တံခါးများဆီသို့ ဖြေးညင်းစွာစတင်ရွေ့လျားလာကြသည်။စစ်သည်များသည်လည်း သပ်သပ်ရပ်ရပ်တန်းစီထားကြပြီး တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေကြသည်။ရှောင်ယုက သူတို့အားထောက်ပံ့ပေးမယ့် အားကောင်းသောတပ်ကူများရောက်လာမည်ဟု ကြိုပြောထားခဲ့သည်။ထိုတပ်ကူများသည် အလွန်ပင်အားကောင်းလှကာ ဓားပြများအားလုံးကိုတစ်ချက်တည်းဖြင့် သုတ်သင်နိုင်ရန် လုံလောက်ပေသည်။
ရှောင်ယု၏အဆက်မပြတ်အောင်ပွဲများကြောင့် စစ်သားများသည် သူတို့၏သခင်အပေါ် အလွန်ယုံကြည်ခဲ့ကြသည်။
"သခင့်ဆီမှာ အားကောင်းတဲ့တပ်ကူတွေရှိနေလို့ သူကစိတ်အေးလက်အေးနေနိုင်တာပဲ...အံ့သြစရာတော့မဟုတ်ဘူး"
အူသာသည် လူသားစစ်သည်အားလုံးကို ကောင်းချီးပေးခဲ့သည်။သရောလ်သည် အောစ့်စစ်သည်များကို ကောင်းချီးပေးခဲ့သည်။ကိုဒိုသားရဲများသည်လည်း အောစ့်များနှင့်အတူတန်းစီနေခဲ့သည်။ခိုင်ရင်းနှင့်ဂရင်းတို့သည် ရှေ့တန်းမှနေကာ တိုက်ခိုက်ရန်အသင့်ပြင်ထားကြသည်။
ခဏအကြာတွင် တပ်များသည်ခြင်္သေ့မြို့မှ ဖြည်းဖြည်းချင်းစတင်လှုပ်ရှားလာကြသည်။မုဆိုးများသည် ဓားပြများဘက်မှကင်းထောက်များကို ရှာဖွေကာ တစ်ယောက်ချင်းသတ်ဖြတ်၍ ရှေ့သို့ဖြည်းဖြည်းချင်းချီတက်လာကြသည်။ဓားပြများသည် သူတို့၏လှုပ်ရှားမှုများအား သတိမထားမိစေရန် တတ်နိုင်သမျှတိတ်ဆိတ်စွာ ချီတက်ခဲ့ကြသည်။
မုဆိုးများသည် ကျားသစ်များကိုစီးနင်းကြသော်လည်း သူတို့အားမမြင်တွေ့စေရန် အမှောင်ထုအားအသုံးပြုကြသည်။သာမန်ဓားပြကောင်းထောက်များသည် မုဆိုးများ၏ပြိုက်ဘက်မဟုတ်ပေ။ထို့ပြင် ရှောင်ယုသည် သူတို့အား စတင်တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်ထားခြင်းမရှိခဲ့ပေ။နောက်တစ်ချက်မှာ တပ်ဖွဲ့ဝင်အရေအတွက်ကွာဟချက် အလွန်ကြီးမားပေသည်။စုဘာရူနှင့်အခြားသောသူများသည် ခြင်္သေ့မြို့ကိုယခုချိန်တိုက်ခိုက်လျှင် သူတို့အသာစီးရလိမ့်မည်ဟု ယုံကြည်ထားကြသည်။
မြို့တွင်း၌စားနပ်ရိက္ခာမလုံလောက်တော့သည့်အချိန်တွင် ခြင်္သေ့မြို့သည်နောက်ဆုံးအကြိမ် တိုက်ခိုက်လိမ့်မည်ဟု စုဘာရူကယုံကြည်ခဲ့သည်။ရှောင်ယုက သုံးရက်အကြာတွင်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
တပ်သားများသည် ဓားပြစခန်းနှင့် ၂မိုင်ခန့်အကွာသို့ရောက်သောအခါ ရပ်တန့်လိုက်သည်။ကိုဒိုသားရဲများနှင့် သူတို့နှင့်အတူရောနှောနေသော အောစ့်စစ်သည်၁၀၀၀သည် ရှေ့တန်း၌ရှိနေကြသည်။ခြေလျင်တပ်သားများနှင့်သာမန်တပ်သား၆၀၀၀ကို နောက်ကျော၌ထားရှိခဲ့သည်။
နတ်သူငယ်လေးသမားများ ၊ လူပုရိုင်ဖယ်သမားများ နှင့် နတ်ဆရာများသည်ကား အောစ့်တပ်ဖွဲ့များနှင့်လူသားတပ်များ၏နောက်ကွယ်၌ တာဝေးပစ်တိုက်ခိုက်မှုဖြင့် ထောက်ပံ့ပေးမည်ဖြစ်သည်။မုဆိုးများသည်ကား လှည့်ပတ်သွားလာနေမည်ဖြစ်ကာ တာဝေးပစ်တပ်သားများကိုအကာအကွယ်ပေးနေမှာဖြစ်သည်။အောစ့်စိးနင်းသူများသည်ကား သူတို့၏နောက်၌ရှိနေခဲ့ကာ အောစ့်များဝင်ရောက်ပြီးနောက် ရန်သူများအားအသေအပျောက်များပြားစေရန် တဟုန်ထိုးဝင်ရောက်တိုက်ခိုက်ကြမည်ဖြစ်သည်။
လူတိုင်းသည် အဆင်သင့်ဖြစ်နေကြပြီး ရှောင်ယုကိုကြည့်ကာ သူ၏အမိန့်ကိုစောင့်နေကြသည်။ထိုအချိန်တွင် ရှောင်ယု၏မျက်နှာပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုရှိနေခဲ့သည်။
မကြာခင်မှာပဲ တပ်သားများသည် အဝေးကောင်းကင်ယံမှ လေတိုးသံများ ပဲ့တင်ထပ်လာသည်ကို ကြားလိုက်ရသည်။ထိုအသံသည် ပျားအုပ်စုများက သူတို့၏တောင်ပံများကိုဝှေ့ယမ်းနေသည်နှင့် တူပေသည်။
မကြာခင်မှာပဲ သူတို့၏ခေါင်းပေါ်၌ ဧရာမငှက်ကြီးများ ပျံသန်းနေသေည်ကိုတွေ့လိုက်ရသည်။တပ်သားများသည် ထိုထူးဆန်းသောငှက်များကိုတွေ့မြင်လိုက်ရချိန်၌ အံ့သြတုန်လှုပ်သွားကြသည်။
"အဲဒါတွေက ဘာတွေလဲ..."
လူသားများသည် သူတို့၏ပင်ကိုယ်ဗီဇအတိုင်း ထူးဆန်းသောအရာများအား မြင်တွေ့လိုက်ရချိန်တွင် သူတို့၏စိတ်ထဲ၌ ကြောက်ရွံ့မှုများ စတင်ပေါက်ကွဲထွက်လာခဲ့သည်။
ရှောင်ယုသည် သူ့လူများ၏ထိတ်လန့်မှုကိုမြင်သောအခါတွင် ထိုလင်းနို့များသည် ရန်သူများအပေါ်၌ မည်ကဲ့သို့သောထိတ်လန့်မှုမျိုးအား ပေးစွမ်းနိုင်မည်ကို စိတ်ကူးယဉ်ကြည့်မိသွားသည်။
ရှောင်ယုသည် စစ်မြေပြင်၌ ထိတ်လန့်ဖွယ်ကောင်းသော ဗုံးကြဲတိုက်ခိုက်မှုအား ပြုလုပ်ရန်အတွက် လင်းနို့စီးနင်းသူ၁၀၀၀အား ကြိုတင်ပြင်ဆင်သွားခဲ့သည်။
ကင်းလှည့်နေသောဓားပြများသည် သူတို့နှင့်အလွန်နီးကပ်လာချိန်ရောက်မှသာ လင်းနို့စီးနင်းသူများကို သတိထားမိလိုက်ကြသည်။သူတို့သည် ကျန်ဓားပြများကိုသတိပေးရန်အတွက် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသော်လည်း အချိန်နှောင်းနေခဲ့ပြီဖြစ်သည်။
အခန်း ၁၂၉ - မီးတောက်လောင်နေသောညတစ်ည
ကင်းလှည့်နေသောဓားပြများသည် ရုတ်တရက်ဖြစ်ပျက်သွားသည့် အခြေအနေကြောင့် ကြောင်အနေခဲ့သည်။သူတို့သည် ခြင်္သေ့မြို့ထံ၌ ဤမျှများပြားလှသော ပျံသန်းနိုင်သည့်သားရဲအုပ်စုရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤကမ္ဘာပေါ်တွင် ပျံသန်းနိုင်သောသားရဲများကို ထိန်းကျောင်းရန် အလွန်ခက်ခဲပေသည်။အထူးနည်းစနစ်များကိုအသုံးပြုခြင်း သို့မဟုတ် စွမ်းအားကြီးမားသောမိသားစုများကသာ သူတို့အားယဉ်ပါးစေနိုင်သည်။သို့သော်လည်း သူတို့သည်ပင် ပျံသန်းနိုင်သောသားရဲများကို ဒါဇင်နှင့်ချီ၍သာ ပိုင်ဆိုင်နိုင်ပေသည်။မရေမတွက်နိုင်သော ပျံသန်းနိုင်သည့်သားရဲများကို နောက်ဆုံးအကြိမ် တိုက်ပွဲများ၌အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။
ဓားပြများသည် အခြားသူများကို သတိပေးရန်အတွက် ခေါင်းလောင်းများကို စတင်တီးခတ်လိုက်ချိန်တွင် လင်းနို့စီးနင်းသူများသည် မီးတောက်ဆီပုလင်းများကို စတင်ပစ်ချခဲ့ကြသည်။
ဘုန်းးး..ဘုန်းးး...
ပေါက်ကွဲသံများက စတင်၍ပဲ့တင်ထပ်လာခဲ့သည်။ကျယ်ဝန်းသောနယ်မြေတစ်ခုအား လင်းနို့စီးနင်းသူထောင်ချီက ဗုံးကြဲနေသည်ကို တွေ့မြင်ရသည်မှာ အံ့မခန်းမြင်ကွင်းတစ်ခုပင်ဖြစ်သည်။သူတို့သည် ထိုဗုံးကြဲရာနေရာအား မီးတောက်လောင်စေရန် မှော်ပညာကိုအသုံးပြုထားပုံရပေသည်။
ရှောင်ယုသည် လင်းနို့စီးနင်းသူများကို တတ်နိုင်သမျှနေရာကျယ်ကျယ်ထား၍ ဗုံးကြဲရန်အမိန့်ပေးခဲ့သည်။ဤအခြေအနေအောက်တွင် အဓိကသော့ချက်မှာ တတ်နိုင်သမျှပေါက်ကွဲမှုဧရိယာကျယ်ပြန့်စေရန်နှင့် မီးတောက်များပိုမိုကြီးထွားစေရန်ဖြစ်သည်။သူတို့သည် သတ်ဖြတ်ခြင်း အပေါ်အာရုံစိုက်ထားရန်မလိုအပ်ပေ။မီးတောက်ဆီအား အသုံးပြုကာ လူများကိုသတ်ဖြတ်ရန်ကြိုးပမ်းမှုသည် လက်တွေ့မကျပေ။ရှောင်ယုသည် မီးတောက်ဆီပုလင်းများကို စမ်းသပ်ခဲ့ပြီးနောက်တွင် သူတို့၏စွမ်းအားသည် ထင်သလောက်မကောင်းကြောင်း တွေ့ရှိခဲ့သည်။
မီးတောက်ဆီ၏ အဓိကရည်ရွယ်ချက်မှာ သတ်မှတ်ထားသောဒေသတစ်ခုအား လောင်ကျွမ်းစေရန်ဖြစ်သည်။သူတို့သည် ယခင်ဘဝက ရှောင်ယုတွေ့ဖူးသော အဆင့်မြင့်မီးရှူးမီးပန်းများလိုဖြစ်သည်။မည်သို့ပင်ဆိုစေ ထိုမီးတောက်ဆီများသည် ယခုအခါ၌ရန်သူများကို သတ်ဖြတ်ရန်မလုံလောက်သေးပေ။ဤအဆင့်နိမ့် မီးတောက်ဆီသည် ရန်သူတစ်ယောက်က အဆင့်နိမ့်သံချပ်ကာကိုမဝတ်ထားလျှင်ပင် လူတစ်ယောက်ကိုအသေသတ်နိုင်စွမ်းမရှိပေ။အကောင်းဆုံးမှာ ရန်သူ၏အရေပြားကိုဒဏ်ရာရစေရုံလောက်သာဖြစ်သည်။ထို့ကြောင့် စမ်းသပ်မှု၏အစောပိုင်းရလဒ်က ရှောင်ယုအားစိတ်ဓာတ်ကျစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည် မီးတောက်ဆီပုလင်းများကို အဆင့်မြင့်တင်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ယခုအချိန်တွင် မီးတောက်ဆီများကို အခြေခံအကျဆုံးပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့်အတွက်ကြောင့် ၎င်းတို့၏စွမ်းအားသည်နိမ့်ပါးပေသည်။သို့သော်လည်း မီးတောက်ဆီပုလင်းများကို အဆင့်မြင့်တင်ထားသည့်အတွက်ကြောင့် များစွာပြောင်းလဲသွားမည်ဖြစ်သည်။ဤမီးတောက်ဆီပုလင်းများကို အဆင့်မြင့်တင်ပြီးနောက်တွင် ၎င်းတို့၏အသုံးဝင်မှုသည်ပိုမိုအသုံးဝင်လာမည်ဟု ယုံကြည်ခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် ၎င်းတို့အားအဆင့်မြင့်တင်ရန်အတွက် ရှောင်ယုသည် ကမ္မကုသိုလ်မှတ်အမြောက်အများကို အသုံးပြုခဲ့ရသည်။ရှောင်ယုသည် ပဥ္စမအဆင့်ရာထူးကိုပိုင်ဆိုင်ထားရာ မီးတောက်ဆီပုလင်းများကို အဆင့်၅အထိ မြင့်တင်နိုင်မည်ဖြစ်သည်။သို့သော်လည်း မီးတောက်ဆီပုလင်းများကို အဆင့်၁မှ အဆင့်၄ထိမြင့်တင်ရန်အတွက် အဆင့်တစ်ခုစီတိုင်းတွင် ကမ္မကုသိုလ်မှတ်၁၀၀၀၀လိုအပ်ပေသည်။အဆင့်၅မှ အဆင့်၈အထိ အဆင့်မြင့်တင်ရန်ကမ္မကုသိုလ်မှတ် ၂၀၀၀၀လိုအပ်ပြီး အဆင့်၉မှ အဆင့်၁၂ထိမြင့်တင်ရန် ကမ္မကုသိုလ်မှတ် ၄၀၀၀၀လိုအပ်ပေသည်။ယခုအချိန်တွင် ရှောင်ယုထံ၌ကမ္မကုသိုလ်မှတ် များများစားစားမရှိပေရာ မီးတောက်ဆီပုလင်းများကို အဆင့်၂သို့မြင့်တင်နိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည် ဤခေတ်၌ ပထမဆုံးအကြိမ်ဗုံးကြဲတိုက်ခိုက်မှုကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ဤှဗုံးကြဲတိုက်ခိုက်မှု၏ သက်ရောက်မှုသည် အမှန်တကယ်ပျက်စီးမှုထက် များစွာပိုမိုအကျိုးသက်ရောက်မှုရှိမှာဖြစ်သည်။ရန်သူများ၏ စိတ်ရှုပ်ထွေးမှုနှင့် စိတ်ဓာတ်ကျဆင်းမှုသည်ပင် သူ့အတွက်လုံလောက်ပေသည်။
ပြင်းထန်သောမီးတောက်များဖြစ်ပေါ်စေခြင်းနှင့် ပေါက်ကွဲသံများကျယ်လောင်စွာထွက်ပေါ်ခြင်းသည် လူသားများမဆိုနှင့် မည်သည့်သားရဲကိုမဆို ထိခိုက်စေနိုင်သည်။ထို့ပြင် ဤခေတ်ရှိလူသားများသည် ခေတ်သမိုင်းတလျှောက်၌ ထိုကဲ့သို့သောလက်နက်မျိုးအား မတွေ့မြင်ခဲ့ဖူးပေ။ထို့ပြင်ဗုံးကြဲတိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် ကြိုတင်တည်ဆောက်ထားသော ဗုံးခိုကျင်းများ၊ကတုတ်ကျင်းများမရှိပေရာ ဤစစ်ဆင်ရေး၌ ပြဿနာရှိလာမည်ကိုစိုးရိမ်နေစရာမလ်ိုခဲ့ပေ။ဓားပြများသည် သူတို့၏မြင်ကွင်းရှေ့ရှိ ငရဲသဖွယ်မြင်ကွင်းကိုတွေ့မြင်လိုက်ရချိန်တွင် တတ်နိုင်သမျှအမြန်ဆုံး ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားကြသည်။
အလွန်စွမ်းအားကြီးမားသည့် တားမြစ်မှော်မန္တန်များကသာ ဤမျှကြီးမားလှသော မီးတောက်များအား ကောင်းကင်ပေါ်မှနေ၍ လောင်ကျွမ်းစေနိုင်ကြောင်း ဓားပြများယူဆထားကြသည်။ထိုအရာမှလွဲ၍ သူတို့မည်သည်ကိုမှ စိတ်ကူးမယဉ်တတ်ကြပေ။
ရလဒ်အနေဖြင့် ရန်သူဘက်မှ တားမြစ်မှော်မန္တန်အား အသုံးပြုနေပြီဟု ယူဆသွားခဲ့ကြသော ဓားပြများသည် ထွက်ပြေးရန်စတင်ကြံစည်ခဲ့ကြသည်။သူတို့သည် ပြန်လည်တွန်းလှန်ခုခံလိုစိတ်ပင် မရှိကြတော့ပေ။အချို့သည် ကြောက်လန့်တုန်လှုပ်စွာဖြင့် တဲများအောက်တွင်ပုန်းအောင်းနေကြပြီး အချို့မှာစားပွဲ၊ထိုင်ခုံများအောက်ပုန်းအောင်းနေကြကာ ထွက်ပြေးရန်ပင်သတ္တိမရှိကြတော့ပေ။ဓားပြများသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန်ကြိုးပမ်းကြရင်း အချင်းချင်းနင်းခြေခြင်း သို့မဟုတ် တွန်းထုတ်ခြင်းခံခဲ့ရသည်။
စုဘာရူသည် မီးတောက်နှင့်ပေါက်ကွဲသံများကို ကြားလိုက်ရချိန်တွင် တုန်လှုပ်သွားခဲ့သည်။သူသည် ထူးချွန်ထက်မြက်သောတပ်မှူးတစ်ဦးဖြစ်သော်လည်း ယခုအချိန်၌ ဖြစ်ပျက်နေသည်တို့ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။သို့သော်လည်း မီးတောက်ဆီများကို အသုံးပြုပုံအား သူမည်သို့နားလည်နိုင်မည်နည်း။စုဘာရူသည် အခြားဓားပြများထက် သိသိသာသာသန်မာသော်လည်း ဤအချိန်၌ခုခံရန် ဆန္ဒမရှိကြပေ။သူသည် တိုက်ပွဲစွမ်းအင်ကိုလှည့်ပတ်လိုက်ကာ နောက်သို့အမြန်ဆုံးထွက်ပြေးခဲ့သည်။သူ၏အမြင်တွင် ရှောင်ယုသည်အဖျက်အမှောင့် နည်းပိရိယာယ်များကို အသုံးပြုနေသည့်အတွက်ကြောင့် ဤတားမြစ်မှော်မန္တန်သည် အလွန်ပင်ထူးခြားဆန်းကြယ်လှပေသည်။
ထို့ပြင် ဓားပြအများစုသည် အိပ်ပျော်နေစဉ်အတွင်း ညဘက်ဗုံးကြဲမှုဒဏ်ကို ခံစားလိုက်ရသောကြောင့် ရုတ်တရက်နိုးထလာသောအခါတွင် အိပ်မက်ဆိုးတစ်ခုမက်နေသလို ခံစားလိုက်ရသည်။
ရှောင်ယုသည် ဖရိုဖရဲဖြစ်နေသော ဓားပြစခန်းကိုကြည့်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။ဤဗုံးကြဲမှုသည် သူတွေးထားသလိုပင် အကျိုးသက်ရောက်မှုရှိပေသည်။
"အကုန်လုံးရှေ့တက်ပြီး သတ်ကြ..."
ပထမဆုံးအကြိမ် ဗုံးကြဲမှုပြီးဆုံးသွားပြီးနောက် ရှောင်ယုသည်အမိန့်ပေးလိုက်သည်။
လက်ရှိအချိန်တွင် ရန်သူများသည်ခုခံရန်သတ္တိလုံးဝမရှိတော့ဘဲ ထိမိသည်နှင့်ချက်ချင်းပြိုကျသွားမယ့် အဆောက်အဦးများနှင့်တူညီနေခဲ့သည်။ထို့ကြောင့် လက်ရှိအချိန်သည်တိုက်ခိုက်ရန် အကောင်းဆုံးဖြစ်သည်။
ဝေါင်း...
ခိုင်ရင်းနှင့်ဂရင်းတို့သည် ရှေ့ဆုံးမှပြေးဝင်သွားကြပြီး အောစ့်များကကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်ကြသည်။ယခင်ပြေးလွှားနေကြသောဓားပြများသည်လည်း သူတို့၏စခန်းတွင်းသို့ အောစ့်များဝင်ရောက်တိုက်ခိုက်နေသည်ကိုမြင်သောအခါ အလွန်ထိတ်လန့်သွားခဲ့သည်။ဤအရာသည် တိုက်ပွဲမဟုတ်တော့ဘဲ တစ်ဖက်သတ်သတ်ဖြတ်မှုပင်ဖြစ်သည်။ဓားပြများသည် တိုက်ခိုက်လိုစိတ်ကုန်ဆုံးနေကာ သူတို့၏ခေါင်းဆောင်သည်လည်း ပျောက်ဆုံးနေခဲ့သည်။သူတို့အတွက် ထွက်ပြေးခြင်းကသာ တစ်ခုတည်းသောရွေးချယ်မှုဖြစ်ခဲ့သည်။တိုက်ပွဲသည် ကြောင်နှင့်ကြွက်လိုက်တမ်းပြေးတမ်းကစားနေသလို ဖြစ်နေခဲ့ကာ နှေးကွေးသောဓားပြများသည်ကား သတ်ဖြတ်ခံရခြင်း ၊ အဖမ်းခံရခြင်းတို့ဖြစ်ပွားခဲ့သည်။
ဓားပြများစွာသည် ယခုအချိန်တွင် လက်နက်ချရန်ကိုသာ ဦးစားပေး၍ရွေးချယ်ခဲ့ကြသည်။
ရှောင်ယု၏တပ်များသည် ရန်သူတပ်များကို မိုင်ပေါင်းများစွာအကွာအဝေးထိ လိုက်လံတိုက်ခိုက်ခဲ့ကြသည်။သူတို့သည် မရေမတွက်နိုင်သောဓားပြများကိုသတ်ဖြတ်ခဲ့ကြသလို အများအပြားကိုလည်းကျွန်အဖြစ်ဖမ်းဆီးနိုင်ခဲ့သည်။ထိုအချိန်တွင် လင်းနို့စီးနင်းသူများသည် လက်နက်ခဲယမ်းများကို တဖန်ပြန်လည်သယ်ဆောင်ရန်အတွက် အခြေစိုက်စခန်းသို့ပြန်သွားခဲ့ကာ နောက်ထပ်တစ်ကြိမ်လာရောက် ဗုံးကြဲခဲ့သည်။
...
...
နောက်တစ်နေ့ နေထွက်ပြီးအလင်းရောင်ထွက်ပေါ်လာချိန်တွင် မရေမတွက်နိုင်သော ဓားပြများ၏အလောင်းသည် မိုင်ပေါင်းများစွာ၌ ပျံ့နှံ့နေခဲ့သည်။စုဘာရူသည် လက်ကျန်ဓားပြ၅၀၀၀ခန့်ဖြင့်သာ ထွက်ပြေးနိုင်ခဲ့သည်။
ဓားပြ၁၀၀၀၀၀ကျော်သည် ခြင်္သေ့မြို့အားတိုက်ခိုက်ခဲ့ကြသော်လည်း ၅၀၀၀သည်သာ အသက်ရှင်လျက်ထွက်ပြေးနိုင်ခဲ့ပေရာ အလွန်ကြီးမားသောအောင်ပွဲဖြစ်ခဲ့သည်။အောစ့်စီးနင်းသူများနှင့်မုဆိုးများ သည် တိုက်ပွဲအတွင်း၌ ကောင်းမွန်သောစွမ်းဆောင်ရည်အား ပြသနိုင်ခဲ့ပြီး သူတို့၏အမြင့်ဆုံးသောရွေ့လျားနိုင်စွမ်းကို ထုတ်ပြခဲ့သည်။ဤနေရာတွင် အောစ့်စီးနင်းသူများက ပိုမိုအစွမ်းပြခဲ့ပြီး ဓားပြများကိုတိုက်ခိုက်ချိန်တွင် သူတို့စီးနင်းထားသည့်ဝံပုလွေများသည် ကျယ်လောင်စွာအော်မြည်ခဲ့ကြရာ ဓားပြများသည်ကြောက်လန့်တကြားဖြစ်ပြီး တိုက်ခိုက်လိုစိတ်ကုန်ဆုံးခဲ့ရသည်။
ထို့ပြင် အောစ့်စီးနင်းသူများသည် ဓားပြများကိုလုံးဝမသတ်ဖြတ်ခဲ့ကြပေ။သူတို့သည် အခြားရန်သူတစ်ယောက်အား ဆက်လိုက်နိုင်နေသရွေ့ သူတို့တိုက်ခိုက်နေသောဓားပြဖြစ်သူအား သေလုမျောပါးဖြစ်အောင် ပြုလုပ်ပြီး အပြင်းအထန်ဒဏ်ရာရနေသောဓားပြများကို ကျန်တပ်ဖွဲ့များသတ်ဖြတ်နိုင်အောင် ချန်ထားပေးခဲ့သည်။
ရှောင်ယုသည် ဓားပြများကိုသတ်ဖြတ်ပြီးနောက် ထွက်ပြေးသွားသည့်ဓားပြခေါင်းဆောင်များနောက်သို့ဆက်မလိုက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဓားပြခေါင်းဆောင်အများစုသည် သူရဲကောင်းများဖြစ်ကြပြီး ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်၌ပင်အလွယ်တကူထွက်ပြေးနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
ခြင်္သေ့မြို့ရှိစစ်သားများသည် စစ်မြေပြင်အား သန့်ရှင်ရေးလုပ်နေကြသည်။အများစုမှာ ညဘက်တိုက်ခိုက်မှုတွင် သူတို့အားကူညီပေးခဲ့သော ပျံသန်းနေသောသားရဲများ၏ မူလအစကို သိချင်ခဲ့ကြသည်။ထို့ပြင် အဆိုပါပျံသန်းနေသောသားရဲများသည် မြေပြင်ပေါ်၌ မီးလောင်ပေါက်ကွဲစေတတ်သော အရာများကိုပစ်ချခဲ့ကြရာ သူတို့အားစူးစမ်းလိုစိတ် ကြီးကြီးမားမားဖြစ်ပေါ်လာစေခဲ့သည်။
သူတို့ကနဂါးတွေလား...ရှောင်ယုကဘယ်လိုဖြစ်ပြီး နဂါးတွေအများကြီးကိုရခဲ့တာလဲ....
ရှောင်ယုအသုံးပြုခဲ့သော ပျံသန်းနိုင်သည့်သားရဲများ၏ ဇာတ်မြစ်ကိုမသိရှိသောကြောင့် မူလီနှင့်ကပ္ပတိန်ဟွေ့သည်လည်း အံ့သြနေခဲ့ကြသည်။
ရှောင်ယုကသူတို့ထံတွင် တပ်သားထောင်သောင်းချီပါဝင်သည့် တပ်ကူများရှိနေသည်ဟု ဆိုခဲ့စဉ်က ရှောင်ယုလိမ်ညာနေသည်ဟု သူတို့ယူဆခဲ့သည်။သို့သော်လည်း ပျံသန်းနိုင်သောသားရဲများသည် သောင်းနှင့်ချီသောတပ်သားများထက် ပိုမိုအစွမ်းထက်သည်ကို သူတို့ငြင်းဆန်၍မရခဲ့ပေ။
ယခုအခါတွင် ရှောင်ယုသည် ခြင်္သေ့မြို့သို့ပြန်လည်ရောက်ရှိနေကာ ကပ္ပတိန်ဟွေ့နှင့် မူလီတို့သည် တပ်များကိုစုရုံးကာ စစ်မြေပြင်ရှိအကြွင်းအကျန်များကို ရှင်းလင်းနေကြသည်။