← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း ၁၃၀ - စစ်ပွဲအပြီး အသေးစိတ်ရှင်းလင်းမှု

ရှောင်ယုသည် လင်းနို့စီးနင်းသူများ အသုံးပြုထားသော မီးတောက်ဆီဗုံးများကို အဆင့်၅သို့မြင့်တင်ရန်အတွက် အောစ့်အခြေစိုက်စခန်းသို့ ပြန်သွားခဲ့သည်။ဤညတိုက်ပွဲတွင် ရှောင်ယုသည် ကမ္မကုသိုလ်မှတ် ၁၀၀၀၀၀ကျော်က်ို ရရှိခဲ့သည်။

ထို့ပြင် သူသည်အဆင့်၂ဆင့်တက်သွားခဲ့ပြီး အဆင့်၁၄သို့ရောက်ရှိသွားခဲ့ပြီး နောက်ထပ်ကျွမ်းကျင်မှတ် ၄ခုကိုရရှိခဲ့သည်။သူသည် အလင်း၏ကောင်းချီးကို အဆင့်၃သို့မြင့်တင်ခဲ့သောကြောင့် သူ၏တိုက်ခိုက်နိုင်စွမ်းသည် ၆၀ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ထို့ပြင် သူသည်လေပွေကျွမ်းကျင်မှုအား အဆင့်၃သို့ရောက်အောင် မြင့်တင်ခဲ့သည်။ယခုလိုစစ်ပွဲကြီးများတွင် သူသည်သူရဲကောင်းဆန်စွာခုန်ကျော်ခြင်းကိုအသုံးပြုကာ ရန်သူများကိုသတ်ဖြတ်ရန် လေပွေကျွမ်းကျင်မှုကိုအသုံးပြုပြီးနောက် တည်နေရာရွေ့ပြောင်းခြင်းကိုသုံးကာ ဘေးကင်းရာသို့ပြန်လည်ရွေ့လျားနိုင်သည်။

ထိုသို့မြင့်တင်ပြီးနောက်တွင် ရှောင်ယုထံ၌ အသုံးပြုရန်ကျွမ်းကျင်မှတ် ၂မှတ်သာကျန်ရှိတော့သည်။သူသည် သန့်ရှင်းသောအလင်းနှင့် ဘုရားကျောင်းအကာအကွယ်တို့ထံတွင် ကျွမ်းကျင်မှတ်၁မှတ်စီ အသီးသီးပေါင်းထည့်ပေးခဲ့သည်။ဤသို့ဖြင့် အူသာသာသူတို့အနီးမရှိပါက ဒဏ်ရာရရှိထားသူများအား ကုသရန်သူကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ဘုရားကျောင်းအကာအကွယ်သည် သူ၏ခုခံအားကိုတိုးမြင့်စေပြီး သူ၏အသက်အတွက် အာမခံချက်ပိုတိုးစေသည်။ထိုသို့မြင့်တင်ပြီးနောက် သူ၏တိုက်စစ်နှင့်ခံစစ်တို့သည် မျှတကောင်းမွန်သောအခြေအနေသို့ ရောက်ရှိခဲ့သည်။လက်ရှိအချိန်တွင် ရှောင်ယုသည် မည်သည့်အဆင့်တူသူရဲကောင်းကိုမဆို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိပေသည်။

ရှောင်ယုသည် ကျွမ်းကျင်မှတ်များကို မျှဝေပေးပြီးနောက်တွင် အဆင့်၅မီးတောက်ဆီဗုံးများ၏ အစွမ်းကိုစစ်ဆေးခဲ့သည်။ထိုမီးတောက်ဆီများသည် လေးလံသောချပ်ဝတ်တန်ဆာများကို ဖျက်ဆီးရန်မလုံလောက်သော်လည်း သာမန်ရန်သူများကို ထိခိုက်စေရန်လုံလောက်ပေသည်။ထို့ပြင် ဤမီးတောက်ဆီပုလင်းများသည် ရန်သူများ၏ဦးခေါင်းကိုထိမှန်ပါက သတ်ဖြတ်နိုင်စွမ်းရှိပေသည်။ရှောင်ယုသည် ထွက်ပေါ်လာသောရလဒ်ကို အလွန်ပင်ကျေနပ်မှုရှိပေသည်။

အအေးလက်နက်များ၏ခေတ်ဖြစ်သော အချိန်၌ပင် ဤမီးတောက်ဆီဗုံးများသည် ဒုတိယကမ္ဘာစစ်၏အစွမ်းထက်လက်နက်တစ်ခုဖြစ်သည်။အကယ်၍ မီးတောက်ဆီဗုံးများကသာ အဆင့်၁၂သို့ရောက်ရှိသွားပါက ဗုံးကြဲလေယာဉ်များမှကြဲချသော အပေါ့စားဗုံးများနှင့်ယှဉ်နိုင်မည်ဖြစ်ကြောင်း ရှောင်ယုနားလည်ထားသည်။

ခြင်္သေ့မြို့မှစစ်သားများသည် စစ်မြေပြင်အား ရှင်းလင်းရန်အတွက် တစ်နေကုန်အသုံးပြုခဲ့ရသည်။စုဘာရူသည် ဓားပြများကိုဆုချရန်အတွက် ရွှေပြားများစွာယူဆောင်လာခဲ့ရာ ဓားပြများကြောက်လန့်တကြားထွက်ပြေးချိန်တွင် ထိုရွှေပြားများကိုမသယ်ဆောင်နိုင်ဘဲ ပစ်ထားခဲ့သည်။ထိုရွှေပြားများကို ပြန်လာယူရန်မည်သည့်ဓားပြကမှ ပြန်မလာခဲ့ကြပေ။

စုဘာရူသည် စစ်မြေပြင်သို့ ရွှေပြား၃သန်းကိုသာ ယူဆောင်လာခဲ့သော်လည်း ခြင်္သေ့မြို့၏ငွေကြေးပြဿနာများကို ယာယီဖြေရှင်းရန် လုံလောက်မှုရှိပေသည်။ရှောင်ယုသည် ရရှိလာသည့်ငွေကြေးများကို လက်နက်များ၊ချပ်ဝတ်တန်ဆာများ၊ရှေးဟောင်းကာကွယ်သူများနှင့်ကင်းမျှော်စင်များ အစရှိသည်တို့ကိုဝယ်ယူရမည်ဖြစ်သည်။ထိုအရာအားလုံးကိုဝယ်ယူရန် ပိုက်ဆံလိုအပ်ပေသည်။

သို့သော်ခြင်္သေ့မြို့သည် ဓားပြများကိုအနိုင်ယူရန် အလွန်ကြီးမားသောအဖိုးအခကိုပေးချေခဲ့ရသည်။သူတို့အသစ်စုဆောင်းထားခဲ့သော တပ်သားသစ် ၁၀၀၀၀တွင် ၄၀၀၀ခန့်သာကျန်ရစ်ခဲ့သည်။

ဤတိုက်ပွဲတွင် အောစ့်အခြေစိုက်စခန်းမှ အောစ့်၆၇ကောင်သေဆုံးခဲ့ရသည်။သူတို့သည် ရှေ့တန်း၌ရှိနေသောကြောင့် ပျက်စီးဆုံးရှံးမှုများနှင့် ဒဏ်ရာများကရရှိကြသည်မှာ ပုံမှန်သာဖြစ်သည်။ထို့ပြင် အောစ့်များသည်ရူးသွပ်စွာတိုက်ခိုက်တတ်ကြကာ သူတို့သတ်ဖြတ်ခံရခြင်းမရှိသေးခင်အထိ တိုက်ခိုက်တတ်ကြသောကြောင့် ယခုလိုသေဆုံးမှုမျိုးဖြစ်ပွားရခြင်းဖြစ်သည်။

ခြေလျင်တပ်သား ၁၀ဦးကျရှံးခဲ့ရသည်။သူတို့၏ခုခံကာကွယ်မှုသည် အလွန်အားကောင်းသည့်အတွက်ကြောင့် ဓားပြများ၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိရန် ခဲယဉ်းပေသည်။ခြေလျင်တပ်သားများသေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ဓားပြများကနံရံပေါ်မှပြုတ်ကျစဉ် ဆွဲခေါ်သွားခြင်း သို့မဟုတ် ဒူးလေးစင်များ၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားရခြင်းတို့ဖြစ်သည်။

နတ်သူငယ်လေးသမား ၁၀ဦးလည်းကျရှုံးခဲ့ရသည်။သူတို့ သေဆုံးရသည့်အဓိကအကြောင်းရင်းမှာ ဒူးလေးကိုင်ဆောင်သည့်ဓားပြများက သူတို့ကိုအဓိကသတ်ဖြတ်ခဲ့၍ဖြစ်သည်။ထို့ပြင် ဓားပြများနောက်သို့လိုက်လံတိုက်ခိုက်ခဲ့ချိန်၌လည်း နတ်သူငယ်လေးသမားအနည်းငယ်သေဆုံးခဲ့ရသည်။ထိုသို့ဖြစ်ရခြင်းမှာ နတ်သူငယ်လေးသမားများ၏ အနီးကပ်တိုက်ခိုက်နိုင်စွမ်းသည် အလွန်အားနည်း၍ဖြစ်ကြောင်း ရှောင်ယုသိထားပေသည်။

ရိုင်ဖယ်တပ်သားကမူ ၂ဦးသာကျရှံးခဲ့သည်။သူတို့၏အရပ်သည် အလွန်တိုသောကြောင့် သူတို့သေဆုံးရန်မှာ အလွန်ပင်ခဲယဉ်းပေသည်။သေဆုံးရသည့်အကြောင်းရင်းမှာလည်း လူပုရိုင်ဖယ်သမားတစ်ဦးသည် ဓားပြများကိုလိုက်ရှာစဉ်အဓိကတပ်ဖွဲ့နှင့်ကွဲထွက်သွား၍ဖြစ်ပြီး ကျန်တစ်ဦးမှာ ဓားပြများပစ်ခတ်လိုက်သော ကျောက်တုံးများကြောင့်သေဆုံးသွားရခြင်းဖြစ်သည်။

ချင်ချဲသည် ဖြိုဖျက်သူ၅၀အား မည်သို့အသုံးပြုရမည်ကို ကျွမ်းကျင်သည့်အတွက်ကြောင့် ရန်သူ၏လောက်လွဲစင်များနှင့်လှံပစ်စက်များကြောင့် ထိခိုက်မှုမရှိခဲ့ပေ။ထို့ကြောင့် ၎င်းတို့သည်တိုက်ပွဲအတွင်း ဆုံးရှံးမှုမရှိခဲ့သောယူနစ်ဖြစ်သည်။ထို့ပြင် ရန်သူများ၏လောက်လွဲစင်နှင့်လှံပစ်စက်များသည် အောက်မှနေ၍အပေါ်သို့ပစ်ခတ်ရသောကြောင့် တိကျမှုအလွန်အားနည်းပေသည်။

ကိုဒိုသားရဲ ၁ကောင်နှင့်အောစ့်စီးနင်းသူ၁၀ဦးသည်လည်း သေဆုံးခဲ့ရသည်။အောစ့်စီးနင်းသူများသည် ဓားပြများကိုအဝေးဆုံးအကွာအဝေးထိရောက်အောင် လိုက်လံတိုက်ခိုက်ရ၍ သူတို့သည်ထိခိုက်သေဆုံးမှုဒဏ်အား မလွဲမသေခံစားရမည်ဖြစ်သည်။

မုဆိုး၅ဦးသေဆုံးခဲ့ရသည်။မုဆိုး၂ဦးသည် ဒူးလေးကိုင်ဓားပြများ၏လက်ချက်ကြောင့် သေဆုံးခဲ့ရသလို ကျန်၃ဦးမှာလည်း အနီးကပ်တိုက်ခိုက်ရေးစွမ်းအားနိမ့်ပါးသည့်အတွက်ကြောင့် ဓားပြများအားလိုက်လံတိုက်ခိုက်နေစဉ်သေဆုံးသွားခဲ့ရသည်။

လင်းနို့စီးနင်းသူများသည် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။ရှောင်ယုသည် လင်းနို့ပစ်ခတ်သူများအား တတ်နိုင်သမျှအမြင့်ဆုံးပျံသန်းရန် အမိန့်ပေးထားခဲ့သည်။သူတို့သည် တိုက်ခိုက်မှုထက် လုံခြုံရေးကိုဦးစားပေးရမည်ဖြစ်သည်။ပယောဂဆရာများနှင့်နတ်ဆရာများ သည်လည်း ထိခိုက်မှုမရှိခဲ့ပေ။

အဆုံးသတ်တွင် ရှောင်ယုသည် ဤမျှလောက်သောဆုံးရှံးမှုဖြင့် အောင်ပွဲရခဲ့သည်မှာ ကြီးမားသောထိုက်တန်မှုရှိသည်။အောင်ပွဲခံရသည့် အဓိကအကြောင်းရင်းမှာ ဆင့်ခေါ်တပ်သားများဝတ်ဆင်ထားသည့် ပစ္စည်းများ၏အရည်အသွေးမြင့်မားသောကြောင့်ဖြစ်သည်။ထို့ပြင် တပ်သားတိုင်းလိုလိုပင် သူရဲကောင်းများ၏ကောင်းချီးပေးမှုကိုရရှိခဲ့ပြီး သူတို့၏စွမ်းအားများတိုးတက်နေခဲ့သည်။ထိုသို့စွမ်းအားတိုးလာပြီးနောက် အောစ့်၁ကောင်သည် သာမန်ဓားပြ၄၀မှ ၅၀ထိကိုရင်ဆိုင်တိုက်ခိုက်နိုင်လာခဲ့သည်။

နတ်သူငယ်လေးသမားများ ပစ်ခတ်လိုက်သည့် မြှားတိုင်းလိုလ်ိုပင် ဓားပြများ၏အသက်ကိုနှုတ်ယူနိုင်ခဲ့သည်။ဤတိုက်ကြီးတွင် ထိုသို့သောအဆင့်မြင့်လေးသမား၃၀၀အား မည်သူကမှမစုဆောင်းနိုင်ပေ။သူတို့၏အနီးကပ်တိုက်ခိုက်ရေးစွမ်းအားသည် နိမ့်ပါးသော်လည်း စစ်မှန်သောပစ်ခတ်မှုအော်ရာ၏ အကူအညီကြောင့် သူတို့သည်စက်များကဲ့သို့ အဆက်မပြတ်ပစ်ခတ်နိုင်ခဲ့သည်။ခြေလျင်တပ်သားများ၏ ချပ်ဝတ်တန်ဆာများသည်ပင် ဓားပြများ၏အသက်ကို မကယ်တင်နိုင်ခဲ့ပေ။

ထို့ပြင် ရှောင်ယုသည်တိုက်ပွဲတလျှောက်လုံးကို ခံစစ်ကောင်းကောင်းရယူကာ ဓားပြများ၏ခွန်အားကိုလျော့နည်းစေမယ့် မြေအနေအထားအားသာချက်ကို ဆုပ်ကိုင်ထားခဲ့သည်။ထို့ပြင် တံခါးဝများ၌ဓားပြများကို အဆက်မပြတ်သတ်ဖြတ်နေသော ရှေးဟောင်းစောင့်ရှောက်သူများလည်းရှိနေခဲ့သည်။ရှောင်ယုသည် ပထမဆုံးအကြိမ်အကြီးစားလေကြောင်းတိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့ရာ ရန်သူများ၏စိတ်ဓာတ်ကို ပျက်ပြားစေခဲ့သည်။ထို့ပြင် စုဘာရူ၏တပ်သားအများစုသည် လက်ရွေးစင်များမဟုတ်ဘဲ သာမန်ဓားပြများသာဖြစ်သည်။

ရှောင်ယုထံ၌ ဆုံးရှံးမှုအချို့ရှိနေသော်လည်း ရလဒ်ပိုင်းအလွန်အားကောင်းခဲ့သည်။ကြမ်းတမ်းသောတိုက်ပွဲအပြီးတွင် သူ၏သူရဲကောင်းများအားလုံးအဆင့်တက်သွားခဲ့ကြသည်။

ရှောင်ယု - အဆင့်(၁၄)

- လေလမ်းလျှောက်ခြင်း အဆင့်(၃) ၊ နှစ်ထပ်ခုတ်ပိုင်းချက် အဆင့်(၂) ၊ အန္တိမခုတ်ပိုင်းချက် အဆင့် (၅) ၊ လေပွေ အဆင့်(၃) ၊ သူရဲကောင်းဆန်စွာခုန်လွှားခြင်း အဆင့်(၃) ၊ တာတိုရွေ့ပြောင်းမှု အဆင့် (၂) ၊ အလင်း၏ကောင်းချီး အဆင့် (၃) ၊ ဘုရားကျောင်းအကာအကွယ် အဆင့် (၁) ၊ သန့်ရှင်းသောအလင်း အဆင့် (၁)

အန်တိုနီဒက်စ်ထံတွင် သောက်သုံးရန်အတွက် အကန့်အသတ်မရှိသောမှော်စွမ်းအင်ဖြည့်တင်းဆေးများ ပါရှိသောကြောင့် ဓားပြများကိုသတ်ဖြတ်ရန်သူ၏မှော်မန္တန်များကို အဆက်မပြတ်အသုံးပြုနိုင်ပေသည်။ထို့ကြောင့် သူသည်အဆင့်၁၈ထိရောက်ရှိသွားခဲ့သည်။ရှောင်ယုသည် မတူညီသောကျွမ်းကျင်မှတ်၂ခု၌ ကျွမ်းကျင်မှတ် ၄ခုထည့်ပေါင်းပေးခဲ့သည်။

အန်တိုနီဒက်စ် - အဆင့် (၁၈)

- နှင်းဘောလုံး အဆင့်(၃)၊ အာတိတ်နှင်းစွမ်းအား အဆင့်(၃)၊ ရေခဲဆူးချွန် အဆင့်(၃) ၊ ရေဒြပ်စင် အဆင့်(၃)၊ နှင်းခဲကြယ် အဆင့်(၂)၊တည်နေရာရွေ့ပြောင်းခြင်း အဆင့်(၁) ၊ အဆင့်မြင့်ရေဒြပ်စင် အဆင့်(၃) ၊ ရေခဲအတားအဆီး အဆင့်(၂)

ဂရင်းသည် ဓားပြများအား အဆက်မပြတ်တိုက်ခိုက်သတ်ဖြတ်ပြီးနောက် အဆင့်၁၇သို့ရောက်ရှိသွားခဲ့သည်။ရှောင်ယုသည် လေပွေအားအမြင့်ဆုံးအဆင့်သို့ တိုးမြင့်ပေးခဲ့ကာ ခြိမ်းခြောက်အော်ဟစ်ခြင်း၌ ကျွမ်းကျင်မှတ်များပေါင်းထည့်ပေးခဲ့သည်။

ဂရင်း - အဆင့် (၁၇)

- လေလမ်းလျှောက်ခြင်း အဆင့်(၂)၊ထပ်ဆင့်ခုတ်ပိုင်းချက် အဆင့်(၃)၊ အန္တိမခုတ်ပိုင်းချက် အဆင့်(၅)၊ လေပွေ အဆင့်(၃)၊သူရဲကောင်းဆန်စွာကျော်လွှားခြင်း အဆင့်(၂)၊တာတိုရွေ့ပြောင်းခြင်း အဆင့်(၁)၊ ခြိမ်းခြောက်အော်ဟစ်ခြင်း အဆင့်(၁)

တိုင်ရန်ဒီသည် အဆင့်၁၇သို့ရောက်ရှိပြီးနောက် ရှောင်ယုသည် လင်းယုန်ပစ်ချက်နှင့် အဆက်မပြတ်ပစ်ချက်တို့အား မြင့်တင်ခဲ့သည်။

တိုင်ရန်ဒီ - အဆင့်(၁၇)

- လောက်မြိုက်မြှား အဆင့်(၃) ၊ သားရဲဝိညာဉ် အဆင့်(၁) ၊ စစ်မှန်သောပစ်ခတ်မှုအော်ရာ အဆင့်(၅) ၊ လင်းယုန်ပစ်ချက် အဆင့်(၃) ၊ လင်းယုန်မျက်လုံး အဆင့်(၂) ၊ ခွဲထွက်မြှားတံ အဆင့်(၂) ၊ အဆက်မပြတ်ပစ်ချက် အဆင့်(၁)

သရောလ်၏အဆင့်သည်လည်း အဆင့်၃သို့တိုးမြင့်လာခဲ့ပြီး အဆင့်၁၅သို့ရောက်ရှိသွားခဲ့သည်။ရှောင်ယုသည် မြေကမ္ဘာဒိုင်းနှင့်ကွင်းဆက်လျှပ်စီးကြောင်းတို့အား ဦးစားပေးမြင့်တင်ခဲ့သည်။

သရောလ် - အဆင့် (၁၅)

- ကွင်းဆက်လျှပ်စီးကြောင်း အဆင့်(၃)၊ မြေကမ္ဘာတိုတမ် အဆင့်(၃)၊ ကျောက်တုံးအရေပြားတိုတမ် အဆင့်(၃)၊ မြေကမ္ဘာဒြပ်စင် အဆင့်(၂) ၊ နတ်ဆရာ၏သြဇာ အဆင့်(၁) ၊ မြေကမ္ဘာဒိုင်း အဆင့်(၂)

အူသာသည် အဆင့်၄ဆင့်တက်လာခဲ့ပြီး အဆင့်၁၆ထိရောက်ရှိခဲ့သည်။သာမန်စစ်သားများ ရရှိလာသောရမှတ်များကိုလည်း အူသာအတွက်ထည့်သွင်းတွက်ချက်ထားပေရာ အဆင့်တက်မှုမြန်ဆန်ပေသည်။ရှောင်ယုသည် သူ၏တိုက်ခိုက်ရေးစွမ်းအားကိုမြင့်တင်ရန်နှင့်အူသာ၏ဘေးကင်းမှုကို အာမခံပေးနိုင်ရန်အတွက် ဘုရားကျောင်းအကာအကွယ်အား အဆင့်၃သို့မြင့်တင်ပေးခဲ့ကာ ခရူးဆိတ်ရိုက်ချက်ထံ၌ ကျွမ်းကျင်မှတ်များထည့်ပေါင်းခဲ့သည်။ရှောင်ယုသည် အနာဂတ်တွင်မကောင်းသောစွမ်းအင်များ၏တိုက်ခိုက်မှုကို ဖယ်ရှားချေဖျက်ရန်အတွက် မြင့်မြတ်သောသန့်ရှင်းစင်ကြယ်ခြင်းကိုသင်ယူရန် အူသာအားညွန်ကြားခဲ့သည်။

အူသာ - အဆင့် (၁၆)

- သန့်ရှင်းသောအလင်း အဆင့်(၃)၊ ခရူးဆိတ်ရိုက်ချက် အဆင့်(၂)၊ ဘုရားကျောင်းအကာအကွယ် အဆင့်(၃)၊ အလင်း၏ကောင်းချီး အဆင့်(၃)၊ ကာကွယ်မှုအော်ရာ အဆင့်(၃)၊တရားစီရင်ခြင်း အဆင့်(၁)၊မြင့်မြတ်သောသန့်ရှင်းစင်ကြယ်ခြင်း အဆင့်(၁)

ခိုင်ရင်းသည်လည်း ရန်သူအမြောက်အများကိုသတ်ဖြတ်ခဲ့ကာ အဆင့်၁၄သို့ရောက်ရှိလာခဲ့သည်။ရှောင်ယုသည် ခုတ်ပိုင်းခြင်းသို့ ကျွမ်းကျင်မှတ်၂မှတ်ပေါင်းထည့်ပေးခဲ့ကာ လက်နက်အထူးပြုခြင်း၌ ကျွမ်းကျင်မှတ်၁မှတ်ပေါင်းထည့်ပေးခဲ့သည်။

ခိုင်ရင်း (သွေးဟောဖ့်) - အဆင့် (၁၄)

- တုန်ခါမှုလှိုင်း အဆင့်(၃)၊ စစ်ပွဲခြေလှမ်း အဆင့်(၃)၊ တိုက်ပွဲဟိန်းသံအဆင့်(၃)၊ ကြားဖြတ်ခြင်း အဆင့်(၁)၊ ပိုင်းဖြတ်ခြင်း အဆင့်(၃)၊ လက်နက်အထူးပြုခြင်း အဆင့်(၁)

သူရဲကောင်းများအပြင် တပ်သားအများအပြားသည်လည်း စတင်အဆင့်တက်ခဲ့ကြသည်။အထူးသဖြင့် အောစ့်စစ်သည်အချို့သည် အဆင့်၁၀သို့ရောက်ရှိသွားခဲ့သောကြောင့် နောက်ထပ်တိုက်ပွဲအနည်းငယ်ဖြတ်ကျော်ပြီးပါက အဆင့်၁၁သို့ဖြတ်ကျော်ကာ သာမန်တပ်သားဟူသောကန့်သတ်ချက်ကိုချိုးဖောက်၍ သူရဲကောင်းတစ်ယောက်ဖြစ်လာမှာဖြစ်သည်။ရှောင်ယုသည် ထိုအခိုက်အတန့်အား အလွန်ပင်စောင့်မျှော်နေမိသည်။ယခုအခါ အောစ့်စစ်သည်အများစုသည် အဆင့်၈သို့ရောက်ရှိနေကြပြီး သူတို့၏ခွန်အားသည် ပထမအဆင့်လူသားသူရဲကောင်းအများစုထက် သာလွန်နေပြီဖြစ်သည်။ပထမအဆင့်လူသားသူရဲကောင်း ထောင်ချီဖြင့်ဖွဲ့စည်းထားသော စစ်တပ်တစ်ခုသည် စိတ်ကူးယဉ်ကြည့်ရုံဖြင့် ကြက်သီးထစရာကောင်းလှပေသည်။

နတ်သူငယ်အချို့သည် အဆင့်၁၀သို့ရောက်ရှိနေကြပြီး အများစုမှာအဆင့်၉သို့ရောက်ရှိနေကြပြီဖြစ်သည်။သူတို့ထံတွင် တိကျသောပစ်ခတ်မှုနှင့် အခြားကျွမ်းကျင်မှုများရှိကြကာ နတ်ဘုရားအဆင့်လေးသမားများအဖြစ် ပုံဖော်နိုင်ပြီဖြစ်သည်။သူတို့ပစ်လွှတ်လိုက်သောမြှားတံများ၏စွမ်းအားသည် သေးငယ်သောလှံပစ်စက်များနှင့်နှိုင်းယှဉ်နိုင်ပေသည်။

ခြေလျင်တပ်သားများသည် အဆင့်၆သို့ရောက်ရှိနေကြပြီး သူတို့၏ခံစစ်သည် အလွန်ပင်အစွမ်းထက်ပေသည်။သို့သော်လည်း သူတို့၏တိုက်ခိုက်မှုများသည် အောစ့်များသို့မဟုတ် နတ်သူငယ်များလောက်မကောင်းမွန်ပေ။မည်သို့ပင်ရှိစေ သူတို့သည်ရှောင်ယု၏တပ်ဖွဲ့အတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းဖြစ်သည်။သူတို့သည် ရန်သူများ၏တိုက်ခိုက်မှုကိုတားဆီးရန်နှင့် တာဝေးပစ်တပ်များကို ကာကွယ်ပေးရန် ရှေ့တန်း၌ရပ်တည်နိုင်ကြသည်။သူတို့ထံတွင် ဒိုင်းအကာအကွယ်၊ဒိုင်းတိုက်ခိုက်မှုနှင့်ဒိုင်းနံရံဟူသော ကျွမ်းကျင်မှု၃ခုရှိပေသည်။

ခြေလျင်တပ်သားများသည် တပ်ဖွဲ့၏နံရံဖြစ်လျင် အောစ့်များကလှံတံထိပ်ဖျားပင်ဖြစ်သည်။

ရိုင်ဖယ်တပ်သားများသည် အဆင့်တက်လာသည်နှင့်အမျှ သူတို့၏တိကျမှုအဆင့်သည် မြင့်တက်လာခဲ့သော်လည်း ပစ်မှတ်ကိုလွဲချော်နိုင်ခြေရှိနေဆဲဖြစ်သည် ။ယခုအချိန်တွင် သာမန်ရိုင်ဖယ်တပ်သားတစ်ယောက်သည်ပင် အဆင့်၆သို့ရောက်ရှိလာခဲ့သည်။သို့သော် ရိုင်ဖယ်တပ်သားများသည် အဆင့်၁၀သို့ရောက်ရှိချိန်တွင် သူတို့၏စွမ်းဆောင်မှုကိုအဆပေါင်းများစွာတိုးမြင့်ပေးမယ့် နေရာခွဲဖြန့်ပစ်ခတ်ခြင်းဟူသော ကျွမ်းကျင်မှုကိုရရှိမည်ဖြစ်၍ ရှောင်ယုစိတ်မပူခဲ့ပေ။

ရိုင်ဖယ်တပ်သားများ၏ ပထမဆုံးသောကျွမ်းကျင်မှုမှာ တိကျသောပစ်ခတ်မှု (သူတို့ပစ်ခတ်သောအကွာအဝေးကိုလိုက်၍ တိကျမှူကိုတိုးမြင့်ပေးသည်) နှင့် ကျောက်အရေပြား(သူတို့၏ခန္ဓာကိုယ်အား ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသည်...သူတို့၏အမြန်နှုန်းသည်လျော့ကျသွားသော်လည်း သူတို့၏အနီးကပ်တိုက်ခိုက်မှုအစွမ်းကို များစွာတိုးတက်လာစေကာ ရန်သူများကိုပင်သတ်ဖြတ်နိုင်သည်)တို့ဖြစ်သည်။

မုဆိုးများသည်လည်း ရန်သူများစွာကို သတ်ဖြတ်ခဲ့ပြီး အများစုသည်အဆင့်၇ထိရောက်ရှိခဲ့သလို အချို့မှာအဆင့်၆တွင်ကျန်ရစ်ခဲ့သည်။သူတို့၏ပထမဆုံးကျွမ်းကျင်မှုသည် သူတို့၏ဓားများကို ဓားစက်ျာအဖြစ်ပြောင်းလဲအသုံးပြုနိုင်သည်။သူတို့၏ဒုတိယကျွမ်းကျင်မှုဖြစ်သော သားရဲဝိညာဉ်သည် သူတို့၏စီးနင်းကောင်ဖြစ်သော ကျားသစ်နှင့်သူတို့အကြားချိတ်ဆက်မှု့ကို ပိုမိုတိုးတက်စေသည်။သူတို့၏တတိယကျွမ်းကျင်မှုကိုမူ အစောင့်စစ်သားဟုခေါ်သည်။သူတို့သည် မတူညီသောနေရာများ၌ ကင်းစောင့်စစ်သားများကိုထားရှိခဲ့ကာ သတ်မှတ်အကွာဝေးအတွင်းသို့ ရန်သူရောက်ရှိလာပါက ထိုကင်းစောင့်စစ်သားများသည် ရန်သူကိုထောက်လှမ်းနိုင်ပေသည်။ရှောင်ယုသည် သူတို့အား အဆင့်၁၀သို့ရောက်ရှိရန် မျှော်လင့်နေမိသည်။ထိုအဆင့်သို့ရောက်ရှိပါက မုဆိုး၁၀ယောက်ပါသောအဖွဲ့တစ်ခုသည် ကျယ်ပြောသောနယ်မြေတစ်ခုကို ကင်းထောက်လှမ်းနိုင်မည်ဖြစ်သည်။

လင်းနို့စီးနင်းသူများ၊နတ်ဆရာများ၊ကိုဒိုသားရဲများသည်ကား အဆင့်၃သို့ရောက်ရှိသွားခဲ့သည်။ပထမအဆင့်၃ဆင့်အား ဖြတ်ကျော်ရန်ရမှတ်များစွာ မလိုအပ်ပေရာ ကြီးမားသောတိုက်ပွဲတစ်ခုက သူတို့ကိုအဆင့်၃သို့တိုက်ရိုက်ရောက်စေခဲ့သည်။

အောစ့်စီးနင်းသူများ၏ ကျွမ်းကျင်မှုများမှာ ထောင်ချောက်ဆင်ခြင်း ၊ ဟက်တက်ခွဲခြင်းနှင့် ဝံပုလွေနှင့်တသားတည်းဖြစ်တည်ခြင်းတို့ဖြစ်သည်။

နတ်ဆရာ၏ကျွမ်းကျင်မှုများမှာ - သွေးဆာခြင်း ၊ လျှပ်စီးကြောင်းဒိုင်းနှင့်သန့်စင်ခြင်းတို့ဖြစ်သည်။

နတ်ဆရာများသည် အောစ့်များ၏ခွန်အားကိုမြင့်တင်ရန်အတွက် သွေးဆာခြင်းကိုအသုံးပြုနိုင်ပေသည်။

ကိုဒိုသားရဲများ၏ ကျွမ်းကျင်မှုများမှာ - တက်နင်းခြင်း ၊ ပြေးဝင်ခြင်း ၊ ကိုက်စားခြင်းတို့ဖြစ်သည်။

ပယောဂဆရာများတွင် ကုသခြင်း ၊ထောင်ချောက်နှင့်ကင်းစောင့်ခြင်းအစရှိသည့် ကျွမ်းကျင်မှုများရှိသော်လည်း ရှောင်ယုကမူ သူတို့အားအောစ့်များကို ကုသရာ၌အသုံးပြုခဲ့သည်။

ရှောင်ယုသည် အမျိုးအစားမတူသောယူနစ်များစွာကို သူတို့၏အားသာချက်များကို အကောင်းဆုံးအသုံးချကာ ပေါင်းစပ်တိုက်ပွဲဝင်ခဲ့၍ ရန်သူ၁၀၀၀၀၀ကျော်ကို အသေအပျောက်အနည်းဆုံးဖြင့် အနိုင်ယူရန် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။သူသာ ယခုထက်ပိုမိုကောင်းမွန်သောနည်းဗျူဟာကို တီထွင်ဖန်တီးနိုင်ခဲ့ပါက သူ၏ဆင့်ခေါ်တပ်သား၄၀၀၀ဖြင့်ပင် ဓားပြများကိုကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။

အခန်း ၁၃၁ - လင်းယုန်စခန်းသို့ပြန်ခြင်း

စစ်မြေပြင်ကိုအပြီးသတ်ရှင်းလင်းပြီးချိန်တွင် ခြင်္သေ့မြို့မှလူတိုင်း၏ မျက်နှာပေါ်၌ အပြုံးများဖြင့်ဖုံးလွှမ်းသွားခဲ့သည်။ခြင်္သေ့မြို့၏တပ်သား၁၀၀၀၀ကျော်သည် ရန်သူဓားပြ၁၀၀၀၀၀ကျော်ကို အနိုင်ယူခဲ့ခြင်းမှာ ယုံနိုင်ဖွယ်မရှိသောမှတ်တမ်းတစ်ခုပင်ဖြစ်သည်။

ဓားပြများသည် မြို့အားဝိုင်းရံထားချိန်တွင် အသစ်ရွေ့ပြောင်းနေထိုင်လာကြသူ အမြောက်အများသည် ခြင်္သေ့မြို့မှထွက်ခွာရန် စဉ်းစားခဲ့ကြသည်။သို့သော် ခြင်္သေ့နယ်မြေသည် သူတို့သခင်ဖြစ်သူ၏ခေါင်းဆောင်မှုအောက်တွင် ဓားပြများကိုအောင်ပွဲခံပြီးနောက် သူတို့၏အနာဂတ်ကိုတည်ဆောက်နိုင်မည်ဟု သူတို့ယုံကြည်လာခဲ့ကြသည်။

သို့သော်လည်း ရှောင်ယုသည်စစ်မြေပြင်၌ ကျရှုံးခဲ့ရသော စစ်သားများအတွက် ဝမ်းနည်းစပြုလာခဲ့သည်။ခြင်္သေ့မြို့၏ မြို့လယ်ခေါင်တွင် တည်ဆောက်ထားသော သူရဲကောင်းအထိမ်းအမှတ်ကျောက်တိုင်၌ တိုက်ပွဲတွင်ကျရှုံးခဲ့ရသော စစ်သားတိုင်း၏အမည်ကိုရေးထိုးထား၍ မြို့နေလူထုသည် အလွန်အံ့သြခဲ့ရသည်။လက်ရှိခေတ်တွင် မှူးမတ်နှင့်ဂုဏ်သိက္ခာမြင့်မားသော ဗိုလ်ချုပ်များသေဆုံးချိန်ရောက်မှသာ သူတို့၏အမည်များကို သမိုင်းစာမျက်နှာများထက်၌ ရေးထွင်းလေ့ရှိကြသည်။သို့သော် သာမန်စစ်သားများကိုဂုဏ်ပြုရန် မည်သူကမှအထိမ်းအမှတ်မပြုလုပ်ခဲ့ကြပေ။

ကျဆုံးသွားသည့် စစ်သားအများစုတွင် မျိုးရိုးအမည်ပင်မရှိခဲ့ပေ။ထို့ကြောင့် အနာဂတ်တွင် စစ်သားတိုင်းကိုမျိုးရိုးအမည် ဆက်ခံထားရန်ရှောင်ယုကိုယ်တိုင် အမိန့်ပေးခဲ့သည်။ဤသို့ဖြင့် အထိမ်းအမှတ်ကျောက်တိုင်၌ ရေးထွင်းထားသော သူတို့၏သားဖြစ်သူ၊ညီအစ်ကို၊အဖေ ၊ ဆွေမျိုးသားချင်းများ၏အမည်တို့ကို နောင်လာနောင်သားများက ဂုဏ်ယူစွာပြောပြနိုင်မည်ဖြစ်သည်၊

ထိုအရာသည် ခြင်္သေ့မြို့မကျရှုံးသရွေ့ အစဉ်ထာဝရတည်ရှိနေမည်ဖြစ်သည်။ထို့နောက် ရှောင်ယုသည် သူပေးထားခဲ့သောကတိကိုလိုက်နာကာ ကျဆုံးတပ်သားများ၏ မိသားစုများကို အခွန်မဆောင်စေဘဲ နှစ်အနည်းငယ်ကြာလုပ်ကိုင်စားသောက်နိုင်ရန် လယ်ယာမြေများပေးအပ်ခဲ့သည်။

ထိုလှုပ်ရှားမှုကြောင့် ရက်အနည်းငယ်အတွင်း လူပေါင်း၃၀၀၀၀ကျော် သည် ရူးသွပ်နေသကဲ့သို့ စစ်တပ်ထဲသို့ အမှုထမ်းရန်ဝင်ရောက်လာခဲ့ကြသည်။သို့သော်လည်း ခြင်္သေ့မြို့သည် သူတို့၏စစ်သားတိုင်းကို ကောင်းမွန်သောလက်နက်ချပ်ဝတ်များကိုသာတပ်ဆင်ပေးရာ စစ်သားများစွာကိုတပြိုင်တည်း လက်မခံနိုင်သေးပေ။

မည်သို့ပင်ဆိုစေ တပ်သား၂၀၀၀၀သည် အရန်တပ်ဖွဲ့ဝင်များအဖြစ် စာရင်းသွင်းခဲ့ကြသည်။သူတို့သည် လယ်သမားများဖြစ်ကြသော်လည်း ရံဖံရံခါတွင် စစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်ကြရမည်ဖြစ်သည်။အရေးပေါ်အချိန်များတွင် သူတို့သည်ရန်သူအားတိုက်ခိုက်ရန် ရှေ့တန်းသို့ရောက်ရှိလာရမည်ဖြစ်သည်။ထို့ပြင် သေဆုံးသွားသောဓားပြများ၏အလောင်းများထံမှ ကောင်းမွန်သောလက်နက်ချပ်ဝတ်များကိုလည်း ယူဆောင်ခဲ့ကြသည်။ရှောင်ယုသည် သူ၏ခေတ်မှီအတွေးအခေါ်များကို အသုံးပြုကာ အရန်တပ်များထားရှိရန်အကြံအစည်အား အကောင်အထည်ဖော်ခဲ့ပေသည်။ခြင်္သေ့နယ်မြေသည် တဖြည်ဖြည်းကြီးထွားလာသည်နှင့်အမျှ အဆိုပါအရန်တပ်များကို စစ်တပ်၏အစိတ်အပိုင်းအဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု ရှောင်ယု ယုံကြည်ထားခဲ့သည်။

အမျိုးသားများသည် သူတို့သေဆုံးပြီးနောက်တွင်ပင် သူတို့မိသားစုကအကျိုးခံစားခွင့်များ ရရှိကြမည်ဖြစ်ရာ သေဆုံးရမည်ကိုမကြောက်ရွံ့ခဲ့ကြပေ။

ရှောင်ယုသည် ရှန်းယန်လုပ်ဆောင်ခဲ့သော နည်းလမ်းများအတိုင်း စနစ်တကျလုပ်ဆောင်ခြင်းဖြင့် ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ကို စောင့်မျှော်နေခဲ့သည်။အဆိုပါပြောင်းလဲမှုများ၏ အကျိုးဆက်သည် အနာဂတ်တွင်သိသာထင်ရှားလာမည်ဖြစ်သည်။သူသည် ကမ္ဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်ရန်အတွက် သူဆင့်ခေါ်ထားသောတပ်သားများကိုအသုံးမပြုဘဲ သူကျင့်သုံးသောမူဝါဒများအလိုက် လူတိုင်းကျင့်သုံးလိမ့်မည်ဟု ယုံကြည်ထားသည်။ထိုမူဝါဒများကိုအသုံးပြုပြီး အကျိုးကျေးဇူးကိုရရှိသွားကြသူများသည် ဤကမ္ဘာကြီးကိုအုပ်ချုပ်ရန် သူ့အားဝိုင်းဝန်းထောက်ပံ့ကြလိမ့်မည်ဟု ရှောင်ယုလက်ခံထားသည်။

ထို့နောက်ရှောင်ယုသည် သူဆင့်ခေါ်ထားသောတပ်သားများ၏ အလောင်းကို မီးသဂြိုလ်စေကာ သူတို့၏အရိုးပြာများကို သက်ဆိုင်ရာယဇ်ပလ္လင်အသီးသီး၌ ထည့်သွင်းဂုဏ်ပြုပေးခဲ့သည်။ထို့နောက် စစ်အောင်ပွဲအတွက် ပွဲလမ်းသဘင်ခင်းကျင်းရန် လူတိုင်းကိုအမိန့်ပေးခဲ့သည်။

ရှောင်ယုသည် အခမ်းအနားအပြီးတွင် သူ၏ဗိုလ်ချုပ်များနှင့်တွေ့ဆုံခဲ့ကာ လင်းယုန်စခန်းအားချေမှုန်းရန်အတွက် လာမယ့်စစ်ပွဲတွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြရမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ထို့နောက် လင်းယုန်စခန်းသို့ပြန်သွားရန်အတွက် သူ၏အမာခံမြင်းတပ်ဖွဲ့နှင့်ပူးပေါင်းရန် တောင်ပေါ်သို့ပြန်သွားခဲ့သည်။

ယခင်က သူ့လူများသည် ဓားပြအားလုံးကိုချေမှုန်းရန် ယုံကြည်မှုမရှိကြောင်း ရှောင်ယုပြောနိုင်ပေသည်။သို့သော်လည်း ယခုအခါလူတိုင်းလိုလိုပင် ယုံကြည်မှုရှိနေကြပြီဖြစ်သည်။

"သေစမ်း...ငါပြန်ရောက်လာပြီ..."

ရှောင်ယုသည် အမာခံမြင်းတပ်ကိုတွေ့တွေ့ချင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"တပ်မှူး...ငါတို့ မီးတောက်အကြီးကြီးနဲ့ ပေါက်ကွဲသံတွေကိုကြားလိုက်ရတယ်...ဘာတွေဖြစ်ခဲ့တာလဲ..."

ရှောင်ယုကိုတွေ့မြင်သည်နှင့် အမာခံမြင်းတပ်သားများက မေးမြန်းလိုက်ကြသည်။

ထိုမေးခွန်းကိုကြားချိန်တွင် ရှောင်ယု၏မျက်နှာပေါ်၌ မှုန်ကုပ်နေသောအမူအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ဟင်း...အဲ့ဒါကတားမြစ်မှော်ပညာတစ်ခုပဲ...အဲလိုမှော်ပညာတစ်ခုကို ငါတို့ကဘယ်လိုဖြစ်ပြီး တွန်းလှန်နိုင်မှာလဲ...ငါတို့ကအဲ့ဒါကိုရင်ဆိုင်ရချိန်မှာ တုန်လှုပ်သွားကြပြီး ထွက်ပြေးရုံကလွဲလို့ ရွေးချယ်စရာမရှိဘူး...ငါတို့သာအမြန်မပြေးရင်သေရမယ်ဆိုတာ သေချာတယ်...ငါတောင်ခြေဦးတည့်ရာလျှောက်ပြေးရင်း တောထဲလမ်းပျောက်နိုင်ခဲ့တာ ခုတော့မင်းတို့ကို အသက်ရှင်လျက်ပြန်တွေ့ရတာ ငါတကယ်ဝမ်းသာတယ်"

ရှောင်ယုသည် ဓားပြများအား ထိုအကြောင်းကိုပြောနေချိန်တွင် တားမြစ်မှော်ပညာအကြောင်းကို မကြာခဏထည့်ပြောခဲ့သည်။ခြင်္သေ့မြို့ရှိလူအများစုသည်တောင်မှ လင်းနို့စီးနင်းသူများသည် အကြီးစားတားမြစ်မှော်ပညာဟုယုံကြည်နေကြဆဲဖြစ်ရာ ဓားပြများအထင်မှားချင်စရာပင်ဖြစ်သည်။

ညအမှောင်ကြီးစိုးနေချိန်ဖြစ်၍ လူတိုင်းသည်ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမမြင်နိုင်ကြပေ။အချို့သောလူများက ကောင်းကင်ပေါ်မှနေ၍ မီးတောက်များပြုတ်ကျလာသည်ဟု ထင်ခဲ့ကြသည်။

"လူတိုင်းသေကုန်ပြီလား...ငါတို့တပ်တွေအကုန်လုံးလား...."

အမာခံမြင်းတပ်သားများသည် ထိုသတင်းကိုကြားကြားချင်း တုန်လှုပ်သွားခဲ့ကြသည်။

"ငါထွက်ပြေးနိုင်ခဲ့တာ တော်တော်ကံကောင်းလို့ပဲ...ဒီလိုတားမြစ်မှော်ပညာတစ်ခုကနေ လူနည်းနည်းလောက်သာအသက်ရှင်လျက် ထွက်ပြေးနိုင်လိမ့်မယ်"

ရှောင်ယုက ထိုအကြောင်းကိုတွေးမိတိုင်း ယခုတိုင်တုန်လှုပ်နေသောလေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့..."

ရှောင်ယုက သူ့လက်ထဲရှိအိတ်ကို မြှောက်ပြလိုက်ကာ သူ၏မျက်နှာပေါ်၌ ဂုဏ်ယူနေသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ခြင်္သေ့မြို့က စစ်သား၅၁ယောက်ကို ငါသတ်နိုင်ခဲ့တယ်...ငါအခွင့်အရေးရတာနဲ့ သူတို့ရဲ့နားရွက်တွေကိုဖြတ်တောက်ခဲ့တယ်..."

ထိုမြင်ကွင်းကြောင့် အမာခံမြင်းတပ်သားများ၏ မျက်လုံးများတွင် ကိုးကွယ်လိုသော အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။ရှောင်ယုသည် အမှန်တကယ်ပင်သတ္တိရှိကာ သူထွက်ပြေးနေချိန်မှာပင် ရန်သူအားပြန်လည်သတ်ဖြတ်ခဲ့သည်။ဆိုလိုသည်မှာ သူတို့၏တပ်မှုးသည် သန်မာသောသူရဲကောင်းတစ်ယောက်ဖြစ်သည်။

ထိုမြင်းတပ်သားများသည် ရှောင်ယုပြန်မလာသေးသည့်အတွက် စခန်းသို့မပြန်ဝံ့ကြသေးပေ။သို့သော် ယခုအခါရှောင်ယုပြန်လာပြီဖြစ်၍ လင်းယုန်စခန်းသို့ပြန်သွားကြမည်ဖြစ်သည်။

ဓားပြများသည် လင်းယုန်စခန်းသို့ဝင်ဝင်ချင်း ရုတ်ရူတ်သဲသဲဖြစ်သွားခဲ့သည်။စုဘာရူသည် ဓားပြ၅၀၀၀ခန့်ဖြင့်သာ ပြန်လာနိုင်ခဲ့ပြီး ထိုဓားပြများသည် မှော်ဗုံးဖောက်ခွဲမှုနှင့်ပတ်သက်၍ ကောလဟာလများ ဖြန့်ကျက်ခဲ့ကြသည်။ဓားပြအများစုကမူ ထိုအရာသည်တားမြစ်မှော်ပညာတစ်ခုဖြစ်ကြောင်း ယုံကြည်ခဲ့ကြသည်။ထိုသို့သော အကြီးစားတားမြစ်မှော်ပညာတစ်ခုသည်သာ ကြီးမားသောအကျိုးသက်ရောက်မှုကိုပေးစွမ်းနိုင်စွမ်းရှိသည်။

အချို့ကမူ လက်ရှိမှော်ပညာ၏အစွမ်းသည် ဒဏ္ဍာရီများထဲက မြို့များကိုပင်တစ်ချက်တည်းဖျက်ဆီးနိုင်သော ကျိန်စာမှော်မန္တန်များကဲ့သို့ အစွမ်းမထက်ဟုဆိုကြသည်။အချို့ကမူ ကောင်းကင်ပေါ်၌ပျံသန်းနေသော သားရဲများစွာကိုတွေ့မြင်ခဲ့ရသည်ဟု ဆိုခဲ့သည်။ဤအရာသည် တားမြစ်မှော်ပညာမဖြစ်နိုင်ဟု ငြင်းဆိုခဲ့သူအချို့ရှိနေသော်လည်း မီးလုံးများက ကောင်းကင်ပေါ်မှမည်သို့ကျဆင်းလာသည်ကို သူတို့မရှင်းပြတတ်ကြပေ။

စုဘာရူသည်လည်း စခန်းသို့ပြန်ရောက်စဉ်ကတည်းက ထိုပြဿနာကိုဖြေရှင်းရန် တွေးတောနေခဲ့သည်။မူလအစီအစဉ်အတိုင်းသာဆိုလျှင် ခြင်္သေ့မြို့အားတိုက်ခိုက်နေစဉ် သူ၏ဓားပြများသည်ဘေးသို့ရှောင်ထွက်နေကာ ကျန်ဓားပြများက ခြင်္သေ့မြို့ကိုတိုက်ခိုက်ရင်း သေဆုံးကြရမှာဖြစ်သည်။ယခုအခါ သူ၏ဓားပြ၃၀၀၀၀သည်ပင် ပြန်မလာနိုင်ခဲ့ဘဲ စစ်မြေပြင်၌အသက်ပေးခဲ့ရသည်။ထိုအရာသည် သူ၏အစီအစဉ်အားလုံးကိုပြောင်းလဲစေခဲ့သည်။အကယ်၍ သူသာရှောင်ယုအားဆုံးရှံးမှုကြီးကြီးမားမားခံစားရအောင် ပြုလုပ်နိုင်ခဲ့ပါက ကိစ္စမရှိသော်လည်း ယခုအခါဖိအားများသည် သူ၏ခေါင်းပေါ်သို့ကျရောက်လာခဲ့ပြီဖြစ်သည်။

စုဘာရူသည် ထိုအကြောင်းကိုစိုးရိမ်နေခြင်းမဟုတ်ပေ။သူစိုးရိမ်နေသည်မှာ ရှောင်ယုသည်ထိုမျှအစွမ်းထက်သောစစ်သည်များနှင့် လက်နက်များကို မည်သို့ရရှိလာခဲ့သည်ကို သူမသိရှိ၍ဖြစ်သည်။သူသည် အခြားဓားပြအုပ်စုအားလုံးကို မြိုချခဲ့လျှင်ပင် ရှောင်ယုအားအနိုင်ယူရန်မသေချာတော့ပေ။အကယ်၍ ရှောင်ယုသာသူတို့အားအနိုင်ရရန် တစ်ခါတည်းရှေးဟောင်းမှော်စာလိပ်ကိုအသုံးပြုခဲ့ပါက သူ့ထံတွင်အနိုင်ရရန်အခွင့်အရေးရှိနေသေးသည်။

သို့သော်လည်း အခြားအရာတစ်ခုသာဆိုလျှင်....စုဘာရူသည် အလျင်စလိုထွက်ပြေးခဲ့သော်လည်း ကောင်းကင်ပေါ်၌သူတွေ့လိုက်ရသော အစက်အပြောက်များသည် သက်ရှိများဖြစ်ကြောင်းယုံကြည်ခဲ့သည်။ထိုသို့ဆိုလျှင် အခြေအနေများက ကောင်းလာစရာမရှိတော့ပေ။

ရှောင်ယုသည် လင်းယုန်စခန်းသို့ရောက်ရောက်ချင်း စုဘာရူကိုသွားရောက်တွေ့ဆုံခဲ့သည်။စုဘာရူသည် ရှောင်ယုနှင့်တွေ့ဆုံပြီးနောက် အမာခံမြင်းတပ်သား၁၀၀၀သည် မည်သည့်ထိခိုက်မှုမှမခံစားခဲ့ရကြောင်း သိရှိလိုက်သည်။

ရှောင်ယုသည် သူကြန့်ကြာနေရသည့်အကြောင်းရင်းက်ို သူရှင်းပြခဲ့သည်။သူသည် စစ်မြေပြင်မှထွက်ပြေးလာစဉ် လမ်းပျောက်သွားပြီး ရန်သူအချို့အားသတ်ဖြတ်ပြီးမှ ထွက်လမ်းကိုရှာတွေ့ခဲ့ကြောင်း ပြောခဲ့သည်။စုဘာရူသည် ရှောင်ယုတစ်ယောက် စစ်မြေပြင်မှထွက်ပြေးလာသည်ကိုအပြစ်မတင်ခဲ့ပေ။ထို့ပြင် စုဘာရူသည် ရှောင်ယုကိုအားပေးနှစ်သိမ့်ခဲ့သည်။စုဘာရူသည် သူ၏အနာဂတ်အစီအစဉ်များကို ရှင်းပြရန်အတွက် ဓားပြခေါင်းဆောင်များနှင့်တွေ့ဆုံရမည်ဖြစ်၍ ရှောင်ယုအားအနားယူရန် ပြောခဲ့သည်။

ရှောင်ယု၏လုပ်ရပ်များသည် စုဘာရူ၏အကြံအစည်အား ဆိုးဆိုးရွားရွားထိခိုက်စေခဲ့သော်လည်း စုဘာရူသည်ကျရှုံးမှုမှတဆင့် အခွင့်အရေးကိုတွေ့မြင်နိုင်သည့် အရည်အချင်းကိုရှိသူတစ်ဦးဖြစ်သည်။ခြင်္သေ့နယ်မြေ၏အင်အားသည် အလွန်အားကောင်းကြောင်း စုဘာရူသိရှိလိုက်ပြီဖြစ်သည်။ထိုအကြောင်းကြောင့် စုဘာရူသည် ဤအခွင့်အရေးကိုအခွင့်ကောင်းယူကာ သူ့လက်အောက်သို့ဓားပြအားလုံးကိုစုရုံးရန် စီစဉ်ခဲ့သည်။

အခန်း ၁၃၂ - စုဘာရူ၏အကြံအစည်

"ဒီကျရှုံးမှုအတွက် ငါအပြည့်အဝတာဝန်ယူတယ်..."

စုဘာရူပြောသော ပထမဆုံးစကားမှာ သူတို့ကြီးကြီးမားမားဆုံးရှံးခဲ့ရသည့်ဖြစ်ရပ်အတွက် အရာအားလုံးကို သူ့အမှားဖြစ်သည်ဟု တာဝန်ခံလိုက်ခြင်းဖြစ်သည်။ထိုဝန်ခံချက်သည် ရှောင်ယုအပါအဝင် အခန်းတွင်းရှိ ခေါင်းဆောင်များအားလုံးကို မယုံကြည်နိုင်သောအကြည့်များဖြင့် လှမ်းကြည့်မိစေခဲ့သည်။

"ဒီလူက တော်တော်အရည်အချင်းရှိတာပဲ...ငါတို့အချင်းချင်းရန်သူတွေသာမဟုတ်ခဲ့ရင် ငါတို့ကမိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်တယ်"

ရှောင်ယုက သူ့စိတ်ထဲတွင်တိုးတိုးလေးရေရွတ်လိုက်သည်။

ခြင်္သေ့မြို့သည် လွန်စွာမှအစွမ်းထက်လှသောကြောင့် စုဘာရူသည် ဤကျရှုံးမှု၏တာဝန်အားလုံးကို လက်ခံယူခြင်းမှာ မမျှတဟုလူတိုင်း၏စိတ်ထဲတွင် စတင်၍ယူဆလာခဲ့ကြသည်။ထို့ပြင် လင်းနို့စီးနင်းသူများ၏ ဗုံးကြဲတိုက်ခိုက်မှုသည် မည်သူမှစိတ်ကူးယဉ်နိုင်သောအရာမဟုတ်ပေ။ညဏ်ပညာထက်မြက်လှပါသည်ဟူသော တပ်မှူးများသည်ပင် တားမြစ်မှော်ပညာများ၊အစွမ်းထက်အဏုမြူဗုံးများနှင့် ရင်ဆိုင်ရပါက မည်သို့မှလုပ်ဆောင်နိုင်မည်မဟုတ်ပေ။

စုဘာရူ၏လုပ်ရပ်သည် ဤအစည်းအဝေးတွင် သူ့အားဆန့်ကျင်မယ့်သူများ၏ အစီအမံများကို အနှောင့်အယှက်ပေးနိုင်ခဲ့သည်။သူတို့သည် အချိန်တိုအတွင်း တန်ပြန်တိုက်စစ်အား မည်သ်ို့မှလုပ်ဆောင်နိုင်စွမ်းမရှိပေ။တိုတိုပြောရလျှင် စုဘာရူသည် သူ၏ကိုယ်ပိုင်အမှားကိုလက်ခံလိုက်၍ သူတို့အားပိတ်ဆို့ထားနိုင်ခဲ့သည်။

"ဒါ ငါ့ရဲ့အမှားပဲ...ငါတို့အားလုံးကိုဒီလောက်ထိဆုံးရှုံးအောင်ဖြစ်စေခဲ့တာက ငါ့ရဲ့ဆုံးဖြတ်ချက်အမှားကြောင့်ပဲ..."

စုဘာရူက ရိုးသားသောလေသံဖြင့် ပြောလိုက်သည်။

"မင်းတို့ငါ့ကိုမယုံကြည်တော့ဘဲ မဟာမိတ်အဖွဲ့ကနေထွက်သွားချင်တယ်ဆိုရင်လည်း ငါဘယ့်သူကိုမှအပြစ်မတင်ချင်ပါဘူး...ထွက်သွားမယ့်သူတွေကို ရွှေပြားတွေနဲ့လျှော်ကြေးပေးမယ်...တကယ်တော့ခြင်္သေ့မြို့ကိုယ်တိုင်က အရမ်းအစွမ်းထက်လွန်းတဲ့အတွက် ရှောင်ယုဆီမှာလက်နက်ချချင်တဲ့သူတွေကိုလည်း ငါခွင့်ပြုပေးမယ်....အဲလိုလုပ်လိုက်လို့ မင်းတို့ရဲ့လွတ်လပ်မှုတွေဆုံးရှံးသွားမယ်ဆိုပေမဲ့ ရှောင်ယုကမင်းတို့ကိုသတ်မှာမဟုတ်ဘူးလို့ ငါအာမမခံနိုင်ဘူး....ဒါပေမဲ့မင်းတို့ကသာ ပထမဆုံးလက်နက်ချအရှုံးပေးမယ်ဆိုရင် မင်းတို့ရဲ့ကံကြမ္မာက ထင်ထားသလောက်ဆိုးရွားမှာမဟုတ်ဘူး...ဒါပေမဲ့ ငါစုဘာရူက အနောက်မြေရိုင်းဒေသက အကြီးဆုံးဓားပြအဖွဲ့ရဲ့ခေါင်းဆောင်ပဲ...ငါတို့မှာနှစ်ပေါင်းရာချီတဲ့ သမိုင်းကြောင်းတွေရှိတယ်...ငါသာလက်နက်ချလိုက်မယ်ဆိုရင် တမလွန်မှာရှိတဲ့ ငါ့ရဲ့ဘိုးဘေးတွေကို ငါဘယ်လိုမျက်နှာပြရမလဲ...ငါကိုယ်တိုင်ဆုံးဖြတ်ရမယ်ဆိုရင် နောက်ဆုံးသွေးတစ်စက်ကျန်တဲ့အထိ ခြင်္သေ့မြို့ကိုရင်ဆိုင်တိုက်ခိုက်သွားမယ်"

ရှောင်ယုသည် စုဘာရူမှသူ၏မိန့်ခွန်းပထမအပိုင်းကို အဆုံးသတ်လိုက်ချိန်တွင် အထင်တကြီးလှမ်းကြည့်မိလိုက်သည်။

စုဘာရူသည် စကားတစ်ခွန်းဖြင့် ဓားပြခေါင်းဆောင်အားလုံးကို ချုပ်နှောင်ထားနိုင်ခဲ့သည်။သူသည် ပထမဆုံးရွေးချယ်မှုအနေဖြင့် ရှောင်ယုအားလက်နက်ချရန် ခွင့်ပြုပေးခဲ့သည်။သို့သော် ရှောင်ယုက ခြင်္သေ့မြို့သို့လက်နက်ချလာသောသူတို့အား အသက်ချမ်းသာခွင့်ပေးမည်ကို သူအာမမခံကြောင်းပြော၍ခြိမ်းခြောက်ခဲ့သည်။

ဒုတိယအချက်အနေဖြင့် သူသည်အနောက်မြေရိုင်းဒေသ၏ ဘုရင်ဖြစ်ရန်ကြိုးစားမှုတွင် ပူးပေါင်းပါဝင်ပြီး ရှောင်ယုအားသေဆုံးသည်အထိ တိုက်ပွဲဝင်ကြရန်ဖြစ်သည်။တတိယရွေးချယ်မှုမှာ လက်ရှိအဖွဲ့ထဲမှထွက်ခွာသွားရန်ဖြစ်ကာ ထိုသို့လုပ်ဆောင်ရန်ရွေးချယ်သူများသည်လည်း အနည်းနှင့်အမြန်ရှောင်ယု၏လက်ထဲ၌ သေဆုံးသွားရမည်ဖြစ်သည်။

ရှောင်ယု၏အမြင်အရ ယခုစုဘာရူပြောလိုက်သောစကားကြောင့် ထိုဓားပြခေါင်းဆောင်များသည် ခြင်္သေ့မြို့ကိုလက်နက်ချရန်ရွေးချယ်မည်မဟုတ်ကြောင်း သေချာနေခဲ့သည်။သူတို့သည် စုဘာရူ၏တောင်ပံအောက်သို့ခိုဝင်ကာ အတူတကွအလုပ်လုပ်ရန်သာ ရွေးချယ်နိုင်တော့သည်။

ဤတိုက်ပွဲတွင် ဓားပြ၁၀၀၀၀ဝကျော်သေဆုံးသွားခဲ့ရာ သူတို့အသက်ဆက်ရှင်ရန်အတွက် ရှောင်ယုအားတွန်းလှန်ရန် စုဘာရူနှင့်အတူလက်တွဲလုပ်ဆောင်ရန်သာ ရှိပေတော့သည်။သူတို့သာအောင်ပွဲခံပြီးမှ ကိုယ့်လမ်းကိုယ်ပြန်သွားနိုင်ပေမည်။

ဓားပြခေါင်းဆောင်များအားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး စုဘာရူအားအပြစ်တင်ရန် ကြံစည်နေကြသည့်သူများသည်လည်း နှုတ်ဆိတ်သွားကြသည်။လက်ရှိအချိန်တွင် သူတို့ရင်ဆိုင်ရမည့်အကြီးဆုံးပြဿနာမှာ ရှောင်ယုသာဖြစ်သည်။

သူတို့အများစုသည် ရှောင်ယု၏တားမြစ်မှော်ပညာကို ကြောက်ရွံ့ကြသည်။ထို့ကြောင့် လင်းယုန်စခန်းမှထွက်ခွာခြင်းသည် ပိုကောင်းသောရွေးချယ်မှုဖြစ်နိုင်သည်ဟု သူတို့တွေးခဲ့ကြသည်။သူတို့ထံတွင် လုယက်ထားသည့်ရတနာများစွာရှိနေပေရာ ဘဝကိုသုညမှနေ၍ ပြန်လည်အစပြုရန် နေရာတစ်ခုအားရှာဖွေရသည်မှာ လွယ်ကူပေသည်။

ထိုအခိုက်အတန့်တွင် စုဘာရူသည် တိတ်ဆိတ်နေသောလေထုကို ဖြိုခွဲလိုက်သည်။

"ငါတို့ဒီတစ်ကြိမ်ရှံးနိမ့်ရတာက သူတို့ရဲ့လက်နက်တွေကြောင့်ပဲ...အများစုကတော့ ဒီဟာကတားမြစ်မှော်ပညာလို့ယူဆကြပေမဲ့ ငါကတော့အဲလိုမထင်ဘူး...မင်းတို့ပဲစဉ်းစားကြည့်ကြ...အဲဒါကသာတားမြစ်မှော်ပညာဆိုရင် ငါတို့အကုန်အသက်ရှင်ပါမလား...အဲ့ဒီမီးလုံးတွေနဲ့ထိမိတဲ့သူတွေဆို ပိုသိလောက်တယ်...သူတို့ကမီးလောင်ဒဏ်ရာအနည်းအကျည်းပဲရခဲ့ပြီး အသက်ရှင်လျက်ပြန်ပြေးနိုင်ခဲ့တယ်...ငါပြောချင်တာက အဲ့ဒီမှော်ပညာကအရမ်းအစွမ်းထက်နေတာမဟုတ်ဘူး...ငါတို့က အဲဒါက တားမြစ်မှော်ပညာမဟုတ်ဘူးဆိုတဲ့အတွက် ငါတို့ကအဲ့ဒါကိုပြန်တိုက်ဖို့ နည်းလမ်းရှာရလိမ့်မယ်"

ခေါင်းဆောင်များသည် စုဘာရူပြောသောစကားများနှင့်ပတ်သက်၍ စတင်စဉ်းစားလာခဲ့ကြသည်။သူတို့ထဲမှအများစုသည် ထိုဗုံးကြဲမှုနှင့်ရင်ဆိုင်ခဲ့ရသော်လည်း အသက်ရှင်လျက်ထွက်ပြေးနိုင်ခဲ့သည်။သူတို့ထဲတွင် အရေပြားလောင်ကျွမ်းဒဏ်ရာ အနည်းငယ်ရရှိခဲ့သူများပင်ပါဝင်နေသည်။တားမြစ်မှော်ပညာများ၏အစွမ်းသည် ထိုမျှအားနည်းခြင်းမရှိနိုင်ပေ။ထို့ကြောင့် ရှောင်ယုအသုံးပြုသောမှော်ပညာသည် သူတို့ထင်ထားသလောက် အစွမ်းမထက်ဟုတညီတညာတည်းဆုံးဖြတ်ခဲ့ကြသည်။

စုဘာရူသည် သူ၏စကားများအလုပ်ဖြစ်သည်ကို သတိထားမိလိုက်၍ စိတ်သက်သာရာရသွားကြသည်။ရှောင်ယုသည်သာ တားမြစ်မှော်ပညာကို အမှန်တကယ်အသုံးပြုနိုင်သည်ဟု ဓားပြခေါင်းဆောင်များယူဆထားပါက ဓားပြများသည်ဆက်လက်တိုက်ခိုက်လိုစိတ်ရှိတော့မှာမဟုတ်ပေ။

စုဘာရူက ဆက်လက်အားပေးလိုက်သည်။

"ဒီအဖြစ်အပျက်ပြီးနောက် ငါကအရာအားလုံးကို ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာခဲ့တယ်...ငါတို့ဟာရုတ်တရက်အလစ်ဝင်တိုက်ခံရတာကြောင့် ခုလိုအဆုံးအရှုံးကြီးမားခဲ့ရတာပဲ...သူတို့ကတားမြစ်မှော်ပညာကို အမှန်တကယ်အသုံးပြုနိင်ရင် သူတို့တပ်တွေကိုစေလွှတ်ဖို့မလိုဘူးလေ...ဒါကငါ့ရဲ့ခန့်မှန်းချက်မှန်တယ်ဆိုတာကို သက်သေပြနေတာပဲ...ဒါကြောင့် သူတို့ရဲ့လှည့်ကွက်ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုကို ရှာဖွေရမယ်လို့ငါအကြံပေးချင်တယ်...ငါတို့နောက်ဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရတာက ဂရုမစိုက်မိတာရယ်..ထိတ်လန့်တုန်လှုပ်တာတွေပေါင်းစုသွားလို့ပဲ...ရန်သူတွေရဲ့တပ်သားတွေဟာ မီးရဲ့အကူအညီကိုရယူပြီး ငါတို့ကိုတိုက်ခိုက်ရှင်းလင်းခဲ့တာပဲ"

လူတိုင်းသည် စုဘာရူအားလှမ်းကြည့်လိုက်ကြကာ ခေါင်းညိတ်၍သဘောတူလိုက်သည်။ရှောင်ယုသည် စုဘာရူအား စိတ်ထဲမှနေ၍ ချီးကျူးမိလိုက်သည်။

စုဘာရူသည် အခန်းတွင်းရှိလူများအားလုံးကို တစ်ချက်လှမ်းကြည့်လိုက်ကာ ထပ်မံသတိပေးလိုက်သည်။

"မင်းတို့အခုထွက်သွားချင်ရင် ထွက်သွားလို့ရတယ်...ငါဘယ်သူ့ကိုမှခက်ခဲအောင်လုပ်မှာမဟုတ်ဘူး...မင်းတို့သာဆက်နေချင်သေးတယ်ဆိုရင်တော့ ငါတို့ရဲ့ကျဆုံးသွားတဲ့ညီအစ်ကိုတွေအတွက် လက်စားပြန်ချေမယ်လို့ ငါကတိပေးတယ်"

ဓားပြခေါင်းဆောင်များသည် သူတို့ထံ၌ယခုအချိန်၌ ထွက်သွားရန်မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်ပြီး ရှောင်ယုအားသတ်ဖြတ်မည်ဟု ကတိသစ္စာပြုလိုက်ကြသည်။ထိုအခိုက်အတန့်တွင် စုဘာရူ၏မျက်လုံးများသည် ချက်ချင်းတောက်ပသွားခဲ့သည်။အဆုံးသတ်၌ သူသည်ဓားပြခေါင်းဆောင်များကို သူ၏ထိန်းချုပ်မှုအောက်သို့စုစည်းနိုင်ခဲ့ပြီဖြစ်သည်။ထို့နောက် သူတို့သည်တိုက်ပွဲအနှစ်ချုပ်ကို ဆက်လက်၍ဆွေးနွေးခဲ့ကြသည်။သူတို့သည် အောစ့်စစ်သည်များ၊နတ်သူငယ်များနှင့်ရှေးဟောင်းကာကွယ်သူများအကြောင်းကို အဓိကထားဆွေးနွေးခဲ့သည်။နောက်တစ်ကြိမ်တိုက်ခိုက်ပါက သူတို့သည်ရှေးဟောင်းကာကွယ်သူများအပေါ် မီးလောင်တိုက်သွင်းနိုင်မည်ဟု ယုံကြည်နေကြသည်။သို့သော်လည်း ရှေးဟောင်းကာကွယ်သူများအား မီးရှို့ရန်လွယ်ကူမည်မဟုတ်ကြောင်း သူတို့မသိခဲ့ကြပေ။ထို့ပြင် သစ်သားခြောက်များအား မီးရှို့ရန်လွယ်ကူသော်လည်း သက်ရှိသစ်ပင်တစ်ခုအားမီးရှို့ရသည်မှာ မီးတောက်မည်မျှထိလိုအပ်မည်နည်း။ထို့ပြင် ရှောင်ယုသည် ဓားပြများကထိုသို့တိုက်ခိုက်လိုက်ပါက တန်ပြန်တိုက်ခိုက်ရန် သင့်တော်သောအစီအမံများကို ချမှတ်ထားပြီဖြစ်သည်။

သူတို့သည် အချိန်အတော်ကြာဆွေးနွေးခဲ့ကြသော်လည်း နောင်လာမယ့်တိုက်ခိုက်ရေးအစီအစဉ်နှင့်ပတ်သက်၍ တိကျသောအဖြေမရခဲ့ပေ။သို့သော်လည်း အစည်းအဝေးပြီးဆုံးပြီးနောက် စုဘာရူ၏လွှမ်းမိုးနိုင်စွမ်းသည် သိသိသာသာတိုးတက်လာခဲ့သည်။

စုဘာရူသည် သူ၏ဓားပြ၃၀၀၀၀ကိုဆုံးရှုံးခဲ့ရသော်လည်း အဆုံးသတ်၌ ဓားပြခေါင်းဆောင်များကို တင်းကျပ်စွာထိန်းချုပ်နိုင်ခဲ့သည်။အစည်းအဝေးပြီးနောက် ရှောင်ယုသည်သူ၏ကိုယ်ပိုင်တန်းလျားထံ ပြန်သွားခဲ့ပြီး ညဘက်တွင်လျှပ်စီးပေအား လျှို့ဝှက်စွာသွားတွေ့ခဲ့သည်။ယခုအခါ စုဘာရူသည် အခြေအနေနှင့်အချိန်အခါကိုလိုက်၍ မတူညီသောအစီအစဉ်များ ချမှတ်နိုင်သောကြောင့် သူ့အားဖြေရှင်းရန်ပိုမိုခက်ခဲလာကြောင်း ရှောင်ယုနားလည်လိုက်သည်။

ရှောင်ယုသည် အခြေအနေတစ်ခုလုံးအား လျှပ်စီးပေကိုရှင်းပြခဲ့သည်။ဤအခြေအနေ၏ စစ်မှန်သောရည်ရွယ်ချက်မှာ စုဘာရူ၏လက်ထဲတွင် စွမ်းအားကိုဗဟိုပြုစုစည်းရန်ဖြစ်ကာ သူချမှတ်ထားသောအစီအစဉ်အတိုင်းလိုက်နာသူများသည် ကောင်းမွန်သောအကျိုးကိုခံစားရမည်ဟု ယုံကြည်လာစေရန် ပြုလုပ်ခြင်းဖြစ်သည်။ထို့နောက် စုဘာရူသည်ဓားပြခေါင်းဆောင်များကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းလိမ့်မည်ဟု လျှပ်စီးပေကို ရှောင်ယုကရှင်းပြခဲ့သည်။

ရှောင်ယုသည် လျှပ်စီးပေအား ထိုလှည့်ကွက်၌မကျရောက်စေရန်အတွက် အခြားခေါင်းဆောင်များကို သတိပေးရန်တောင်းဆိုခဲ့သည်။သူတို့သာ အခွင့်အခါသင့်ပါက စုဘာရူကိုတိုက်ခိုက်ကြမည်ဖြစ်သည်။စုဘာရူသည် ညဏ်ရည်ထက်မြက်သောခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း အမှားပြုလုပ်မည်မဟုတ်ဟု ရှောင်ယုမယုံကြည်ပေ။

စုဘာရူသည် ဓားပြအုပ်စုအားလုံးကို စနစ်တကျဝါးမြိုရန် ဂရုတစိုက်ဆောင်ရွက်နေခဲ့သည်။ယခုအခါတွင် ရှောင်ယုက စုဘာရူသည် လုံးဝခြားနားသောအရာများကို လုပ်ဆောင်ရန်စီစဉ်နေကြောင်း သက်သေပြရန်အတွက် အချက်အလက်များကို ရှာဖွေရတော့မည်ဖြစ်သည်။

ထို့ကြောင့် ရှောင်ယုသည် လင်းယုန်စခန်း၌နေမြဲနေထိုင်ခဲ့ကာ တိုင်ရန်ဒီအား ခြင်္သေ့မြို့သို့အချိန်ပြည့်သတင်းပို့နေစေခဲ့သည်။ထို့ပြင် အိမ်တော်ထိန်းဟောင်၊ကပ္ပတိန်ဟွေ့နှင့်မူလီတို့သည် ပြသနာအားလုံးကို ဖြေရှင်းနိုင်လိုက်ပြီဖြစ်သည့်အတွက်ကြောင့် နယ်မြေနှင့်ပတ်သက်လာလျှင် စိတ်ပူနေစရာမလိုတော့ပေ။

စုဘာရူသည် ဓားပြများကိုဝါးမြိုရန် ဦးစားပေးနေသောကြောင့် ယခုအချိန်၌ ခြင်္သေ့မြို့အားတိုက်ခိုက်မည်မဟုတ်ပေ။ထို့နောက်မှ ခြင်္သေ့မြို့အားတိုက်ခိုက်ရန် ရွေးချယ်မှာဖြစ်သည်။

ရှောင်ယုသည်လည်း မည်သို့မှမလုပ်ဘဲ ထိုင်မနေခဲ့ချေ။ရှောင်ယုသည် စုဘာရူ၏ အနီးကပ်လူယုံတော်တစ်ယောက်ဖြစ်ရန် ကြိုးစားလာခဲ့ကာ စုဘာရူ၏ယုံကြည်မှုကိုရရှိရန်ပြင်ဆင်လာခဲ့သည်။

All Chapters