အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အခန်း ၁၃၃ - သွေးဆောင်ဖြားယောင်ခြင်း
"ဟားဟား...ကျန်းရှန် ငါမင်းရဲ့စေတနာနဲ့အလုပ်လုပ်ပုံကို အရမ်းကျေနပ်အားရတယ်..."
စုဘာရူက ရှောင်ယုအားကြည့်ကာ ချီးမွမ်းလိုက်သည်။
ရှောင်ယုက ဦးညွတ်ကာ ရိုသေလေးစားစွာပြန်ပြောလိုက်သည်။
"ငါကမင်းရဲ့တောင်ပံအောက်မှာ ခိုလှုံနေတာပဲ ခေါင်းဆောင်ကြီး...ဒီအတွက်ငါအတတ်နိုင်ဆုံးကြိုးစားရမှာပဲ...အဲလိုမှမဟုတ်ရင် မင်းအတွက်အလုပ်လုပ်ပေးရတာ ဘာထူးတော့မှာလဲ"
စုဘာရူသည် ခေါင်းညိတ်ပြလိုက်ကာ ကျေနပ်အားရစွာပြောလိုက်သည်။
"လူတိုင်းက မင်းလိုအတွေးမျိုးရှိရင် ဘယ်လောက်ထိကောင်းလိုက်မလဲ...ဒါပေမဲ့တော်တော်များများကတော့ အဲလိုမထင်ကြဘူး...အပေါ်ယံမှာသူတို့က ငါနဲ့အတူတူခြင်္သေ့မြို့ကိုတိုက်ခိုက်နေကြပေမဲ့...တကယ်တော့သူတို့ဆီမှာ ကိုယ်ပိုင်အစီအစဉ်တွေရှိနေကြတယ်....သူတို့ကမဟာမိတ်ကနေခွဲထွက်ပြီးတော့ အခြားနေရာဆီထွက်သွားချင်နေကြတာ"
ရှောင်ယုသည် ထိုစကားကိုကြားကြားချင်း မျက်ခုံးပင့်လိုက်မိသည်။
"အဲ့လူတွေကို သတ်ပစ်သင့်တယ်"
ရှောင်ယု၏မျက်နှာပေါ်ရှိ တင်းမာနေသောအမူအရာကို တွေ့မြင်လိုက်ရချိန်တွင် စုဘာရူ၏မျက်လုံးများသည် ချက်ချင်းတောက်ပလာခဲ့သည်။
"မင်းက တကယ်သူရဲကောင်းဆန်တာပဲ"
ထိုအချိန်တွင် ရှောင်ယုကစကားဆက်လိုက်သည်။
"မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိဘူးလို့ ခံစားရတဲ့အတွက် မင်းကိုခေါင်းဆောင်အနေနဲ့ ငါရွေးချယ်ခဲ့တာပဲ...မင်းကတခြားသူတွေလို တချိန်လုံးဓားပြတိုက်ဖို့ဘဲ စဉ်းစားနေတယ်ဆိုရင် ငါဒီက်ိုရောက်လာမှာမဟုတ်ဘူး...ခုတော့မင်းကအနောက်မြေရိုင်းဒေသကို ပေါင်းစည်းချင်တယ်ဆိုရင် မင်းသွားနေတဲ့လမ်းခရီးမှာပိတ်ပင်နေတဲ့ ဆူးညောင့်ခလုတ်တွေကို ဖြိုခွဲပစ်ရမယ်"
ရှောင်ယုသည် စုဘာရူ၏စိတ်ကိုနိုးဆော်ရန် ဤအခွင့်အရေးကို အသုံးချခဲ့သည်။သူသည် တစ်စုံတစ်ယောက်အားသွားရောက်သတ်ဖြတ်ရန်အတွက် စုဘာရူမှတာဝန်ပေးလာမည်ကို လိုလားနေခဲ့သည်။အမှန်တော့ စုဘာရူသည် ရှောင်ယုအားထိုတာဝန်ကိုပေးရန်ပြင်ဆင်နေသော်လည်း ယခုရှောင်ယုသည် သူ၏ဆန္ဒကိုနားလည်သူတစ်ယောက်ဖြစ်ကြောင်း ယုံကြည်သွားခဲ့သည်။
ယခုလည်း ရှောင်ယု၏စကားများကိုနားထောင်ပြီးနောက် စုဘာရူသည်ရှောင်ယုအား ပိုမိုယုံကြည်လာခဲ့သည်။ရှောင်ယုသည် သူခိုင်းစေဝည့်တာဝန်ကို ကျိန်းသေအောင်မြင်မည်ဟု ခံစားမိခဲ့သည်။
"မင်းပြောတာအမှန်ပဲ...ငါ့ရဲ့ရည်မှန်းချက်က သာမန်ဓားပြတစ်ယောက်အဖြစ် အဆုံးသတ်ဖို့မဟုတ်ဘူး...ငါကအနောက်မြေရိုင်းဒေသကိုပေါင်းစည်းပြီး ဘုရင်ဖြစ်လာချင်တယ်...ပြီးတော့ဝေပြည်နယ်နဲ့အခြားနယ်မြေတွေကို ဝါးမြိုပြီးတော့ ငါတို့ရဲ့ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်နက်ကို ဖန်တီးမယ်"
ရှောင်ယုကဦးညွတ်ကာ အရိုအသေပေးလိုက်သည်။
"ဒီလိုကိစ္စမျိုးအတွက် ငါပါဝင်ခွင့်ရတာ ဂုဏ်ယူမိပါတယ်"
"ဟားဟား...ကျန်းရှန်...ငါသာဘုရင်ဖြစ်လာခဲ့ရင် မင်းကစစ်သေနာပတိဖြစ်လာလိမ့်မယ်"
စုဘာရူက ဂုဏ်ယူစွာရယ်မောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်...ခေါင်းဆောင်"
ရှောင်ယု၏မျက်လုံးများတွင် သစ္စာမဲ့သောအလင်းတချက်ဖြတ်ပြေးသွားခဲ့ပြီး ထိုအရာကိုစုဘာရူမရိပ်မိစေရန် အလျင်အမြန်ထပ်မံဦးညွတ်လိုက်သည်။
"လောလောဆယ်...ငါ့မှာပြဿနာလေးတစ်ခုရှိတယ်...မင်းငါ့ကိုကူညီပေးဖို့ ဆန္ဒရှိလား ကျန်းရှန်"
စုဘာရူသည် ချက်ချင်းပင်ခေါင်းစဉ်ပြောင်းလိုက်သည်။
"ငါဘာလုပ်ပေးရမှာလဲ ခေါင်းဆောင်"
ရှောင်ယုက ချက်ချင်းမေးမြန်းလိုက်သည်။
စုဘာရူက ရှောင်ယုအားတိုးတိုးလေးပြောလိုက်သည်။
"ကျားဓားပြတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ဖေးဆိုတဲ့ကောင်ပဲ...သူကငါ့ကို လက်နက်မချချင်ဘူးဖြစ်နေတယ်...သူ့ရဲ့အုပ်စုကတော်တော်ကြီးပြီး သူ့ရဲ့လက်အောက်ငယ်သားတွေကလည်း သူ့အပေါ်သစ္စာရှိကြတယ်...မင်းသူ့ကိုပျောက်ကွယ်သွားအောင်လုပ်နိုင်လား..."
"အဲလိုဖြစ်လာခဲ့ရင် ငါသူ့ကိုသတ်ရမှာပေါ့..."
ရှောင်ယုက အေးစက်သောလေသံဖြင့်ပြန်ဖြေလိုက်သည်။
ရှောင်ယု၏မျက်နှာပေါ်ရှိ စိတ်ပိုင်းဖြတ်ထားသောအကြည့်က်ို သတိထားမိလိုက်သောအခါ စုဘာရူသည် အနည်းငယ်ဝမ်းသာသွားခဲ့သည်။
"မင်းကိုကူညီပေးမယ့် လူနှစ်ယောက်ထည့်ပေးလိုက်မယ်"
ရှောင်ယုက ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့...သူ့ကိုအသတ်ခံရတယ်လို့ ဘယ်သူကမှမထင်အောင် ငါကိုယ်တ်ိုင်ပြီးပြည့်စုံတဲ့လုပ်ကြံမှုတစ်ခုဖြစ်အောင် ဖန်တီးခဲ့မယ်"
ထို့နောက် စုဘာရူသည် ရှောင်ယုအားအစီအစဉ် အလုံးစုံကိုစတင်၍ရှင်းပြလာခဲ့သည်။
...
...
ရှောင်ယုသည် သူ၏တန်းလျားထံပြန်သွားခဲ့ပြီး ညဘက်သို့ရောက်ချိန်တွင် လျှပ်စီးပေ၏အိမ်သို့ခိုးဝင်၍ညအစီအစဉ်တစ်ခုလုံးအား ရှင်းပြခဲ့သည်။
"စုဘာရူက တကယ်ယုတ်မာတဲ့နတ်ဆိုးတစ်ကောင်ပဲ...ကံကောင်းလို့ ငါကညီလေးရှန်ရဲ့အကူအညီကိုရခဲ့တာပဲ...မဟုတ်ရင်ငါ့ရဲ့အဆုံးသတ်ကလည်း မကောင်းနိုင်ဘူး..."
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းကာ လျှပ်စီးပေကိုနှစ်သိမ့်လိုက်သည်။
"အစ်ကိုကြီးအရမ်းဒေါသထွက်မနေပါနဲ့...စုဘာရူသေဆုံးသွားရင် အစ်ကိုကြီးကပဲ သူ့နေရာကိုဆက်ခံရဖို့မျှော်လင့်ပါတယ်...အဲ့ဒီအခါကျရင်တော့ ငါ့ရဲ့အကျိုးဆောင်မှုတွေကို အစ်ကိုကြီးမေ့မသွားပါနဲ့"
လျှပ်စီးပေသည် ရှောင်ယုအားချက်ချင်းကတိပေးလိုက်သည်။
"မင်းက ဒုတိယခေါင်းဆောင်ဖြစ်လာလိမ့်မယ်..."
ရှောင်ယုသည် ထိုစကားကိုကြားချိန်တွင် ထူးဆန်းစွာပြုံးလိုက်ကာ ထွက်ခွာသွားခဲ့သည်။
...
...
ရက်အနည်းငယ်ခန့်ကြာပြီးနောက်တွင် ရှောင်ယုသည်ဖေးအား သွားရောက်တွေ့ဆုံခဲ့သည်။ရှောင်ယုသည် ဖေးအားလက်ဆောင်အချို့ပေးအပ်ကာ ဖေး၏တောင်ပံအောက်၌ခိုလှုံရန်ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ဖေးသည် ရှောင်ယု၏လက်ဆောင်များနှင့်ရည်ရွယ်ချက်အား မငြင်းဆိုခဲ့ပေ။နောက်ဆုံးတိုက်ပွဲအပြီးတွင် အားနည်းသောခေါင်းဆောင်များသည် သူတို့ကိုကာကွယ်ပေးနိုင်မယ့် လုံလောက်သောအင်အားရှိသော ခေါင်းဆောင်များထံခိုလှုံလာတတ်ကြောင်း ဖေးနားလည်ထားပြီဖြစ်သည်။
ရက်အနည်းငယ်ကြာအောင် အပြန်အလှန်ဆက်သွယ်မိပြီးနောက် ရှောင်ယုသည် ဖေးအားတွေ့ဆုံကာသူ၏အစီအစဉ်ကို စတင်ခဲ့သည်။
"အစ်ကိုဖေး...ပျော်စရာကောင်းတာလေးတစ်ခုရှာတွေ့ထားတယ်...အစ်ကိုဖေးရောပူးပေါင်းဖို့ ဆန္ဒရှိလား"
"ဘယ်လိုဟာမျိုးလဲ...."
ဖေးကပြုံးပြီး မေးမြန်းလိုက်သည်။
"အစ်ကိုဖေး...အရင်ရက်အနည်းငယ်က ကျနော့်ရဲ့ကောင်တွေဟာ မြင့်မြတ်တဲ့မိသားစုတစ်ခုက အလှလေး၅ယောက်ကိုဖမ်းမိခဲ့သည်။သူမတို့က အရမ်းကိုလှပတဲ့အတွက်ကြောင့် အစ်ကိုဖေးကိုပြုစုပေးဖို့ ကျနော်စီစဉ်ထားတယ်...အစ်ကိုဖေးကဒါကိုလျှို့ဝှက်ထားဖို့ မျှော်လင့်ပါတယ်"
ဖေး၏မျက်လုံးများတွင် ချက်ချင်းဆိုသလိုပင် ငတ်မြွတ်ခြင်းနှင့် ဆာလောင်နေသော အမူအရာများဖြစ်ပေါ်လာခဲ့သည်။
"မင်းက တကယ်အားကိုးရတဲ့ ညီအစ်က်ိုတစ်ယောက်ပဲ...သူတို့ကအခုဘယ်မှာလဲ...မင်းရဲ့တဲထဲမှာလား"
ရှောင်ယုသည် သူ့ခေါင်းကိုဖြေးညင်းစွာခါပြလိုက်သည်။
"သူတို့ကိုသာ လင်းယုန်စခန်းကိုခေါ်ခဲ့မယ်ဆိုရင် အခြားခေါင်းဆောင်တွေက လုယက်လာမှာကိုငါစိုးရိမ်လို့ သူတို့ကိုစခန်းအပြင်ဘက်မှာဘဲ ထားခဲ့သေးတယ်....သွားကြစို့ ငါတို့သာကစားလို့ဝသွားရင် သူတို့ကိုသတ်နိုင်သလို ကျွန်အဖြစ်စခန်းကို ပြန်ခေါ်လာလို့လည်းရတယ်"
ဖေးသည် မိန်းမများနှင့်တွေ့ဆုံရန် အလွန်ပင်စိတ်လောနေခဲ့ပြီဖြစ်သည်။
"ကောင်းတယ်...အရမ်းကောင်းတယ်...မင်းကတော်တော်စဉ်းစားတတ်တာပဲ...ခုသူတို့ကိုဘယ်မှာဝှက်ထားလဲ..."
ရှောင်ယုသည် ဖေးအနားကပ်ကာ တိုးတိုးလေးသတိပေးလိုက်သည်။
"အစ်ကို့ကိုကျနော်ခေါ်သွားပေးမယ်...ဒါပေမဲ့ဝံပုလွေတွေ အများကြီးရှိနေမယ်ဆိုရင် အသားကလောက်မှာမဟုတ်ဘူးနော်...ဒါကိုအစ်ကိုနားလည်မှာပါ..."
"ဒါပေါ့...ဒါကသဘာဝပဲလေ"
ဖေးက ကောက်ကျစ်စွာရယ်မော၍ပြောလိုက်သည်။
ထို့နောက် ဖေးသည်ရှောင်ယုနှင့်အတူ လင်းယုန်စခန်းမှထွက်လာစဉ်တွင် သူနှင့်အတူသက်တော်စောင့် ၃ယောက်ကိုသာခေါ်လာခဲ့သည်။
သူတို့အဖွဲ့သည် နာရီဝက်ခန့်ကြာအောင် မြင်းစီးပြီးနောက် တောအုပ်တစ်ခုသို့ ဝင်ရောက်လာကြသည်။
ဖေးသည် ရှောင်ယုကိုကြည့်ရင်း စိတ်မရှည်သောလေသံဖြင့်ပြောလိူက်သည်။
"ညီလေး...ငါတို့သွားနေတာကြာလှပြီ...ခုထိမရောက်သေးဘူးလား"
"ရှေ့နားလေးတင်ပဲ...ငါ့ကောင်တွေက ကုန်သည်လှည်းတန်းကိုဖြတ်လုပြီး အနီးအနားမှာဖမ်းချုပ်ထားခဲ့တာလေ...."
ဖေးသည် ရှောင်ယုနောက်သို့လိုက်လာရင်း ခေါင်းညိတ်ပြလိုက်သည်။အချိန်အတော်ကြာခရီးဆက်ပြီးနောက်တွင် သူတို့နှင့်အတူ ခရီးမဆက်နိုင်တော့သော မြင်းများကိုချန်ရစ်ထားခဲ့ရသည်။
ရှောင်ယုသည် ခဏအကြာတွင် တစ်နေရာကိုလက်ညိုးထိုးပြလိုက်သည်။
"အစ်ကိုဖေး...သူတို့ကအဲနေရာမှာပဲ...."
ဖေးသည် သူ၏ကိုယ်ရံတော်များနှင့်အတူ ဦးစွာဝင်ရောက်လာပြီး ရှောင်ယုအားခေါင်းညိတ်ပြလိုက်သည်။ရှောင်ယုသည် သူတို့အားလုံးဝင်ရောက်သွားပြီးချိန်တွင် ရှောင်ယုသည် လက်ကိုဝှေ့ယမ်းလိုက်ရာ လူဆယ်ယောက်ခန့်သည် ပုန်းအောင်းနေသောနေရာများမှ ထွက်လာခဲ့သည်။ ထိုလူများသည် သူတို့၏လက်ထဲ၌ လေးနှင့်မြှားများကို အသီးသီးကိုင်ဆောင်ထားခဲ့ကြသည်။
ဖေးသည် ရှောင်ယုအား အလန့်တကြားကြည့်ကာ မေးမြန်းလိုက်သည်။
"ကျန်းရှန်...မင်းအဲဒါဘာသဘောလဲ..."
ရှောင်ယုသည်ဖေးကို စိုက်ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။
"ငါကဘာလုပ်ချင်တာလဲဟုတ်လား....ငါကမင်းရဲ့လက်အောက်ကိုဝင်လာ တယ်ဆိုတာ ခေါင်းဆောင်စုဘာရူရဲ့အမိန့်ကြောင့်ပဲ...ငါကခေါင်းဆောင်စုဘာရူအတွက်ပဲ အလုပ်လုပ်တယ်...မင်းကခေါင်းဆောင်ရဲ့လက်အောက်ကို မခိုလှုံချင်ဘူးဆိုမှတော့ မင်းကိုဒီနေရာမှာပဲသတ်ရလိမ့်မယ်....ပြီးရင်မင်းရဲ့ကျားဓားပြတွေအကုန်လုံးက လင်းယုန်စခန်းထဲရောက်သွားမှာပဲ"
အခန်း ၁၃၄ - ပူးပေါင်းကြံစည်ခြင်း
ရှောင်ယု၏စကားကိုကြားသောအခါတွင် ဖေး၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွားခဲ့ပြီး လေးကိုင်ထားသောလူများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ထိုလူအုပ်ထဲတွင် ပထမအဆင့်နှင့်ဒုတိယအဆင့်သူရဲကောင်းများ ရောနှောပါဝင်နေခဲ့သည်။သူ့ထံ၌ကား ကိုယ်ရံတော်၃ယောက်သာပါရှိပေသည်။
"မင်း...မင်းတို့....လူယုတ်မာတွေ...စုဘာရူကဒီလိုလုပ်ရဲတယ်ပေါ့... အခြားခေါင်းဆောင်တွေက ပုန်ကန်မှာကိုမကြောက်ဘူးလား..."
ရှောင်ယုက သူ့အားဤနေရာသို့ခေါ်လာရခြင်း၏ အကြောင်းရင်းကိုနားလည်ပြီးနောက် ဖေးသည်သူအရူးလုပ်ခံရကြောင်း နားလည်သွားခဲ့သည်။ထို့ပြင် ရှောင်ယုသည် ဤကိစ္စကိုသူမရိပ်မိစေအောင် ပိပိရိရိလုပ်ဆောင်နိုင်ခဲ့သည်။
ထိုအချိန်တွင် ရှောင်ယုက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"မင်းရဲ့သေဆုံးခြင်းကို ကျန်တဲ့သူတွေက ဘယိလိုသိနိုင်မှာလဲ...ခေါင်းဆောင်စုဘာရူက အခြားအဖွဲ့တွေအားလုံးက်ို သူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်အောင် အနှေးနဲ့အမြန်လုပ်ဆောင်သွားလိမ့်မယ်...မင်းကအစောဆုံးတစ်ယောက်ပဲ..."
"ဟမ့်...မင်းကိုဘယ်သူက အဲလောက်ထိမာနထောင်လွှားရမယ်လို့ ပြောလဲ...ခုတော့မင်းသေချိန်ရောက်ပြီဖေး..."
လေးကိုင်ထားသော ဒုတိယအဆင့်သူရဲကောင်းတစ်ယောက်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။သူ၏နာမည်သည် ဟွာဖြစ်ကာ စုဘာရူ၏လူယုံတော်ဖြစ်သည်။ယခုလည်း ဟွာ၏လှောင်ပြောင်သံကိုကြားလိုက်ရချိန်တွင် ဖေးသည်အလွန်ဒေါသထွက်သွားသော်လည်း သူနှင့်သူ၏ကိုယ်ရံတော်၃ယောက်သည် အသက်ရှင်လျက်ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ကြောင်း နားလည်ထားခဲ့သည်။အကယ်၍ သူသာလွတ်မြောက်ခဲ့ပါက စုဘာရူ၏ယုတ်မာသောလုပ်ရပ်ကိုသတင်းဖြန့်ကာ စုဘာရူအားတွန်းလှန်ရန်အခြားခေါင်းဆောင်များနှင့် ပူးပေါင်းသွားမှာဖြစ်သည်။
သို့သော် လက်ရှိပြဿနာမှာ သူသည်ဤနေရာမှ အသက်ရှင်လျက်ထွက်ပြေး၍ အခြားခေါင်းဆောင်များကို ဤသတင်းအားပေးပို့နိုင်မည်လားဟူသည့် အချက်ဖြစ်သည်။
"အချိန်မဆွဲနဲ့...သတ်ကြ"
ထိုအချိန်တွင် ရှောင်ယုကအော်ဟစ်လိုက်သည်။
ထို့နောက် လေးသည်တော်များသည် ဖေးနှင့်သူ၏ကိုယ်ရံတော်တို့အား ချိန်ရွယ်လိုက်ကြသည်။ထိုခဏတွင် ချွန်ထက်သောမြှားတံထိပ်ဖျားတို့က သူတို့၏ခန္ဓာကိုယ်အားထိုးဖောက်၍ သူတို့၏အသက်ကို နှုတ်ယူတော့မည်ဖြစ်သည်။ဖေးသည် အလွန်ပင်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အေးစက်သောအရာတစ်ခုက သူ၏လည်ပင်းကိုဖောက်ဝင်သွားတော့မလ်ို ခံစားလိုက်ရ၍ ထိတ်လန့်တကြားအော်ဟစ်မိလိုက်ကာ နောက်ပြန်လှဲကျသွားခဲ့သည်။အခြားသူများကလည်း ထိုမြှားတံများကိုခုခံရန်မဖြစ်နိုင်၍ ထိတ်လန့်နေကြသည်။တစ်ချိန်တည်းမှာပင် ရှောင်ယုသည် သူ၏တန်ဓားကိုဆွဲထုတ်ကာ သူတို့အားတိုက်ခိုက်ရန်ပြေးဝင်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် မမျှော်လင့်ထားသောဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ဒါဇင်ပေါင်းများစွာသော ဓားပြများသည် တောအုပ်အတွင်းမှပြေးထွက်လာခဲ့ကာ ဒုတိယအဆင့်သူရဲကောင်းများပါဝင်သည့် လေးသည်တော်များကို တိုက်ခိုက်လိုက်ကြသည်။လေးသည်တော်များသည် အစွမ်းထက်သော်လည်း လက်နှစ်ချောင်းက လက်လေးချောင်းကိုအနိုင်ယူရန် မစွမ်းဆောင်နိုင်ပေ။ထိုအခိုက်အတန့်တွင် ဖေးသည်ဖြစ်ပျက်သွားသည်တို့ကို နားမလည်နိုင်၍ အံ့သြဆွံ့အနေခဲ့သည်။
ထိုအချိန်တွင် လျှပ်စီးပေသည် အနားသို့ရောက်လာပြီး ဖေး၏ပုခုံးက်ိုပုတ်လိုက်သည်။
"အစ်ကိုဖေး...မင်းခုချိန်ထိနားမလည်သေးဘူးလား...စုဘာရူကငါတို့အကုန်လုံးကိုသတ်ပြီးတော့ ငါတို့တပ်တွေကိုသိမ်းပိုက်ချင်နေတာပဲ...ငါတို့ကညီလေးရှန်ရဲ့အကူအညီကြောင့် စုဘာရူ၏မျက်နှာအစစ်အမှန်ကို ဖော်ထုတ်ဖို့အတွက် အစီအစဉ်ကောင်းတစ်ခုကိုတီထွင်နိုင်ခဲ့တယ်...မင်းစုဘာရူကိုဖြုတ်ချဖို့ ငါတို့နဲ့ပူးပေါင်းချင်လား"
ရှောင်ယုသည် လျှပ်စီးပေနှင့်အတူ အသေးစိတ်အချက်အလက်များကို ဆွေးနွေးကာ ဤအစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ရှောင်ယုသည် ဤနေရာကိုတမင်တကာစီစဥိခဲ့ပြီး လျှပ်စီးပေနှင့်ရှောင်ယုတို့သည် သူတို့အားကူညီရန်လူများကို လျှို့ဝှက်ခေါ်ဆောင်လာခဲ့သည်။အစောပိုင်းတွင် သူတို့၏စကားကို မည်သူမှမယုံကြည်ကြသော်လည်း ယခုအခါ သက်သေပြစရာဖြစ်ရပ်များကို ချပြနိုင်ခဲ့ပြီဖြစ်သည်။
"စုဘာရူ...ယုတ်မာလိုက်တဲ့ကောင်...ငါတို့က သူ့ကိုယုံကြည်လို့မရနိုင်ဘူးဆိုတာ ငါသိတာပေါ့...ငါတို့ကိုကူညီမယ့်ညီအစ်ကိုတွေရှိနေတာ တော်တော်ကံကောင်းတာပဲ...အဲလိုမှမဟုတ်ရင် ငါတို့အကုန်သေကုန်လိမ့်မယ်"
လျှပ်စီးပေနဲ့အတူ လိုက်ပါလာသော အခြားခေါင်းဆောင်များက ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။
အမှန်တော့ လျှပ်စီးပေသည် သူတို့အား မည်သည့်နေရာသို့ခေါ်သွားမည်ကို ကြိုမပြောခဲ့ပေ။သူသည် အခြားသောခေါင်းဆောင်များအား ပွဲကြီးပွဲကောင်းတစ်ခုရှိ၍ စောင့်ကြည့်ရန်လိုအပ်ကြောင်းပြောကာ ထိုနေရာသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ရှောင်ယုနှင့်ဟွေ့တို့သည် ဖေးအားစတင်ဖိနှိပ်လာသည့်အချိန်တွင် အခြားသောခေါင်းဆောင်များသည် စုဘာရူ၏အစီအစဉ်များကို သိရှိသွားခဲ့ကြသည်။
မူလက စုဘာရူသည် ရှောင်ယုက သူ့အားလှည့်စားရန်အတွက် ပြင်ဆင်နေသည်လားဟု သံသယစိတ်ရှိသည့်အတွက် သူ၏လူယုံများကိုတမင်တကာစေလွှတ်ခဲ့ခြင်းဖြစ်သည်။
"ခုချိန်မှာ ငါတို့ရွေးချယ်စရာလမ်းနှစ်ခုရှိတယ်...ပထမတစ်ခုကတော့ စုဘာရူကိုသတ်ဖြတ်ပြီး ခေါင်းဆောင်အသစ်ကိုရွေးရမယ်...ဒုတိယတချက်ကတော့ ငါတို့အကုန်နေမြဲအတိုင်းနေပြီး စုဘာရူဒါမှမဟုတ် ခြင်္သေ့မြို့ကငါတို့ကိုလာသတ်မယ့်အချိန်ကို စောင့်နေဖို့ပဲ...တတိယရွေးချယ်စရာလည်းရှိသေးတယ်...အဲဒါက စုဘာရူကိုလက်နက်ချလိုက်..."
ဤနေရာ၌ရှိနေကြသော ခေါင်းဆောင်များသည် စုဘာရူနှင့်ပူးပေါင်းလိုခြင်းမရှိကြပေ။ထို့ပြင် လျှပ်စီးပေ၏စကားကိုနားထောင်ပြီးနောက် သူတို့သည် စုဘာရူကိုသတ်ဖြတ်ရတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။
ထို့ပြင် လျှပ်စီးပေသည် စုဘာရူအားသတ်ဖြတ်ပြီးနောက် သူ၏စည်းစိမ်ဘဏ္ဍာများအားလုံးကို အညီအမျှခွဲဝေပေးမယ်ဖြစ်ကြောင်း ကတိပေးခဲ့သည်။စုဘာရူ၏ကျောထောက်နောက်ခံသည် သူတို့ထင်ထားသည်ထက် များစွာပိုမိုချမ်းသာကြောင်း သူတို့သိရှိထားသည်။လင်းယုန်စခန်းသည် နှစ်ပေါင်း၁၀၀ကျော် ကြွယ်ဝချမ်းသာမှုများအား စုစည်းလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့အားလုံးသည် စုဘာရူအားသတ်ဖြတ်မယ့် အစီအစဉ်ကိုစတင်ဆွေးနွေးနေကြပြီဖြစ်သည်။
...
...
ညမှောင်လာချိန်တွင် ရှောင်ယုသည် လင်းယုန်စခန်းသို့ပြန်သွားခဲ့သည်။သူသည် စုဘာရူ၏နေအိမ်သို့ ချက်ချင်းသွားခဲ့ကာ တံခါးက်ိုခေါက်၍ ပြောလိုက်သည်။
"ခေါင်းဆောင်...ငါ့ကိုအပြစ်ပေးပါ..."
စုဘာရူသည် သတင်းကောင်းကိုစောင့်မျှော်နေ၍ အိပ်စက်မရခဲ့ပေ။သို့သော်လည်း ရှောင်ယု၏စုတ်ပြတ်နေသော အဝတ်အစားများကိုသတိထားမိချိန်တွင် အံ့သြသွားခဲ့ရသည်။
"စစ်သူကြီးရှန်...မင်းဘာတွေဖြစ်လာတာလဲ"
ရှောင်ယုက သူ့ခေါင်းကိုခါလိုက်ပြီး ရှင်းပြလိုက်သည်။
"ငါက ဖေးကိုစီစဉ်ထားတဲ့နေရာဆီ ဖိတ်ခေါ်လိုက်ပေမဲ့ ငါတို့အဲနေရာကိုရောက်တဲ့အချိန်မှာ ခြင်္သေ့မြို့ကလေးပစ်သမားတွေက ငါတို့ကိုခြုံခိုတိုက်ခိုက်ခဲ့တယ်....ဒါ့အပြင်ဖေးကလည်း သူ့ကိုယ်သူအကာအကွယ်ပေးဖို့အတွက် မှော်စာလိပ်တစ်ခုကိုအသုံးပြုခဲ့တယ်...ငါခေါ်သွားတဲ့ညီအစ်ကို၂ယောက်သေဆုံးသွားခဲ့ပြီး ကျန်၂ယောက်ကလည်းလမ်းတစ်ဝက်မှာတင် ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် သေဆုံးသွားခဲ့ရတယ်...ငါကအခြားသူတွေသံသယဝင်မှာစိုးရိမ်တဲ့အတွက် သူတို့ရဲ့အလောင်းတွေကို ပြန်မယူလာခဲ့ဘူး"
စုဘာရူက သက်ပြင်းချကာမေးမြန်းလိုက်သည်။
"ဖေး...သေပီလား"
ရှောင်ယုသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဦးခေါင်းပြတ်တစ်ခုကို ထုတ်ပြလိုက်သည်။
"ခေါင်းဆောင် တစ်ချက်ကြည့်လိုက်"
စုဘာရူသည် ထိုမျက်နှာကိုအသေအချာစစ်ဆေးခဲ့သည်။ထိုမျက်နှာသည် ဖေးနှင့်ဆင်တူသော်လည်း မြှားများစွာဖြင့်ထိမှန်ခံထားရ၍ ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့သည်။
"သူသေပြီ..."
စုဘာရူသည် သံသယဖြစ်နေသေးသော်လည်း ရှောင်ယုသည်အရာရာတိုင်းကို စီမံနိုင်စွမ်းမရှိဟု ထင်မြင်ယူဆထားသည့်အပြင် ရှောင်ယုသည်မည်သည့်လှည်ကွက်ကိုမှ အသုံးပြုထားခြင်းမရှိဟု ယုံကြည်မိ၍ထိုကိစ္စကို ဆက်မတွေးတော့ပေ။
"မင်းမှာအစီအစဉ်ဘယ်လိုရှိလဲ..."
စုဘာရူသည် ရှောင်ယုအားစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
ရှောင်ယုသည် ခဏလောက်စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
"သူ့ရဲ့သေဆုံးခြင်းကို ခြင်္သေ့မြို့ဆီလွဲချလိုက်တာ ပိုကောင်းမယ်ထင်တယ်...အဲ့ဒီမှာနတ်သူငယ်လေးသမားတွေ အများကြီးရှိပြီးတော့ သူတို့ကအမာခံခြေလျင်တပ်သားတွေရဲ့ချပ်ဝတ်ကိုတောင် ဖောက်ထွင်းပစ်ခတ်နိုင်တယ်...ငါကဖေးနဲ့အတူအမဲလိုက်ဖို့ထွက်သွားနေတုံး ခြင်္သေ့မြို့ကလေးသမားတွေရဲ့ ချောင်းမြောင်းပစ်ခတ်တာကိုခံခဲ့ရပြီး ဖေးကနတ်သူငယ်တွေရဲ့သတ်ဖြတ်တာကို ခံခဲ့ရတယ်"
"ကောင်းပြီလေ...အဲအတိုင်းပဲပေါ့"
စုဘာရူသည် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် စုဘာရူသည် နတ်သူငယ် သို့မဟုတ် အခြားသောတပ်ဖွဲ့ဝင်များ၏ ခြေရာလက်ရာများကိုရှာဖွေရန် လူတစ်စုကိုစေလွှတ်ရန် စီစဉ်ခဲ့သည်။သူနှင့်ရှောင်ယုသည် အချိန်အတော်ကြာအောင်ဆွေးနွေးပြီးနောက် ရှောင်ယုကိုထွက်သွားခွင့်ပေးလိုက်သည်။စုဘာရူသည် ရှောင်ယုအားနှစ်သိမ့်ပေးလိုက်ကာ ကောင်းမွန်စွာလုပ်ဆောင်ခဲ့သည်ဟု အားပေးစကားဆိုခဲ့သည်။မည်သို့ပင်ဆိုစေ စုဘာရူသည်တစ်ညလုံးအိပ်မပျော်ခဲ့ပေ။သူသည် ရှောင်ယု၏စကားများကိုပြန်လည်တွေးတောနေခဲ့ပြီး ချို့ယွင်းချက်သို့မဟုတ် ဖုံးကွယ်ထားသည်များရှိနေမလားဟု အကြိမ်ကြိမ်တွေးတောနေခဲ့သည်။
စုဘာရူသည် အရာအားလုံးက်ိုဂရုတစိုက်တွေးတောနေသော်လည်း ရှောင်ယုကိုယ်တိုင်က စုဘာရူအား အခွင့်အရေးထပ်ပေးရန် အစီအစဉ်မရှိတော့ပေ။
မနက်အာရုံတက်ချိန်တွင် စုဘာရူသည် တံခါးခေါက်သံကိုကြားလိုက်ရသည်။
"အဲ့ဒီမှာ ဘယ်သူရှိလဲ"
စုဘာရူက မေးမြန်းလိုက်သည်။
"ခေါင်းဆောင် ငါကျန်းရှန်ပါ..ငါမင်းကိုအရေးတကြီး သတင်းပို့စရာရှိတယ်"
ရှောင်ယု၏အသံသည် တံခါးအပြင်ဘက်မှနေ၍ ပဲ့တင်ထပ်လာခဲ့သည်။
"ဘာဖြစ်တာလဲ...."
စုဘာရူသည် တံခါးနားသို့ချည်းကပ်ကာ မေးမြန်းလိုက်သည်။
ထိုအချိန်တွင် တံခါးနားသို့အရိပ်များ ချည်းကပ်လာသည်ကို သူတွေ့မြင်လိုက်ရသည်။
ရှောင်ယုသည် ထိတ်လန့်တုန်လှုပ်နေသောလေသံဖြင့် ပြောလိုက်သည်။
"ဖေး...သူမသေသေးဘူးထင်တယ်"
တစ်ချိန်တည်းမှာပင် စုဘာရူထံသို့ ဦးတည်လာနေသော အရိပ်များသည် တံခါးကိုဖောက်ထွင်းကာ ဒါဇင်နှင့်ချီသောလှံများကိုပစ်လွှတ်လိုက်ကြသည်။
အခန်း ၁၃၅ - ထိန်းချုပ်မှုလွတ်ကင်းသွားသည့် ဓားပြစခန်း
ရှောင်ယုသည် လက်ဟန်တစ်ချက်ပြလိုက်ရာ လှံပစ်စက်များသည် နောက်ထပ်လှံတံအနည်းငယ်အား အထဲသို့ပစ်ထည့်လိုက်သည်။သူသည် စုဘာရူသေဆုံးကြောင်း သေချာစေလိုသည့်အတွက်ကြောင့် ထိုသို့ပစ်ခတ်ပြီးပြီးချင်း လှုပ်ရှားမှုမရှိခဲ့ပေ။ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ တပ်သားအနည်းငယ်သည် တံခါးကိုကန်ဖွင့်ပြီး အထဲသို့ဝင်ရောက်သွားကြသည်။
သို့သော်လည်း အထဲသို့ဝင်ရောက်သွားသည့် တပ်သားများ၏အော်ဟစ်သံသည် ချက်ချင်းထွက်ပေါ်လာခဲ့ပြီး အလောင်းများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။စုဘာရူသည် ရှောင်ယု၊လျှပ်စီးပေနှင့်အခြားသူများကို တင်းမာစွာစိုက်ကြည့်နေပြီး သူ၏ခန္ဓာကိုယ်အားအနီရောင်တိုက်ပွဲစွမ်းအင်များက ဝိုင်းရံလျက်ရှိကာ ဓားတစ်ချောင်းကိုတင်းကျပ်စွာကိုင်စွဲထားခဲ့သည်။
"တိုက်ပွဲစွမ်းအင်အကာအကွယ်..."
စုဘာရူသည် စတုတ္ထအဆင့်သို့ရောက်ရှိရန် အလွန်နီးကပ်နေသော တတိယအဆင့်အထွတ်အထိပ် သူရဲကောင်းတစ်ဦးဖြစ်သည်။ထိုသို့မဟုတ်လျှင် စုဘာရူသည် လှံပစ်စက်များမှပစ်လွှတ်လိုက်သော လှံတံများကိုအောင်မြင်စွာရှောင်တိမ်းနိုင်မည်မဟုတ်ပေ။
ရှောင်ယုသည် ထိုကဲ့သို့သောအစွမ်းထက်သူရဲကောင်းတစ်ဦး၏ ပြိုင်ဘက်မဟုတ်သေးပေ။ထိုအချိန်တွင် သူတို့၏နောက်ကွယ်ရှိ လှံပစ်စက်များသည် နောက်ထပ်တစ်ကြိမ်ပစ်ခတ်လိုက်ကြသည်။လှံပစ်စက်ကိုအသုံးပြုနေကြသူများသည် လှံတံပစ်ခတ်ရာလမ်းကြောင်းကို အချိန်တိုအတွင်းပြောင်းလဲရာတွင် အောစ့်များလောက်အစွမ်းထက်ခြင်းမရှိကြပေ။ထို့ပြင် လှံတံများအားပြန်လည်ဖြည့်တင်းရန် အချိန်အတော်ယူရပေသည်။ထို့ပြင် သာမန်လှံပစ်စက်များဖြစ်သည့်အလျောက် တစ်ကြိမ်လျှင် လှံတံတစ်ချောင်းကိုသာပစ်လွှတ်နိုင်မည်ဖြစ်သည်။
စုဘာရူသည် ထိုလှံတံများကိုရှောင်တိမ်း၍ ၎င်းတို့အားရိုက်ထုတ်ရန် ဓားကို၎င်းအသုံးပြုခဲ့သည်။ထို့နောက် စုဘာရူသည် ရှောင်ယုနှင့်အခြားသူများကိုသတ်ဖြတ်ရန် အပြင်သို့ပြေးထွက်လာခဲ့သည်။ရှောင်ယု၊လျှပ်စီးပေနှင့် အခြားခေါင်းဆောင်များသည် စုဘာရူ၏ခွန်အားကိုသိရှိထားကြပေရာ ကြိုတင်ပြင်ဆင်လာကြသည်။သူတို့သည်လှံပစ်စက်များအပြင် ဒုတိယအဆင့်သူရဲကောင်းများစွာကို သူတို့နှင့်အတူယူဆောင်လာခဲ့သည်။သို့သော်လည်း စုဘာရူသည်သူတို့အားမတိုက်ခိုက်ဘဲ ရုတ်တရက်နောက်ပြန်လှည့်ကာ ခေါင်မိုးပေါ်သို့ခုန်တက်သွားခဲ့သည်။ရှောင်ယုတို့သည် ဤလှုပ်ရှားမှုအား မမျှော်လင့်ထားခဲ့ကြပေ။
အခြားသူများသည် အံ့သြနေကြသော်လည်း ရှောင်ယုကမူ စုဘာရူသည်သာမန်ဓားပြတစ်ယောက်မဟုတ်ကြောင်း နားလည်ထားခဲ့သည်။သူသည် ဒေါသအမျက်ထွက်နေသည့်အခြေအနေအောက်တွင်ပင် ညဏ်ရှိစွာရွေးချယ်ဆုံးဖြတ်နိုင်ခဲ့သည်။သူသည်ဒေါသကိုဖောက်ထုတ်မယ့်အစား ဝရုန်းသုန်းကားဖြစ်နေသော သူ၏စစ်တပ်က်ိုဦးစွာနေရာရွေ့ရမည်ဟု စုဘာရူနားလည်ထားပေသည်။
အကယ်၍သူသာ ဤနေရာတွင်တိုက်ခိုက်၍ အချိန်ကုန်ဆုံးသွားခဲ့ပါက သူ၏စစ်တပ်သည် ခေါင်းဆောင်ကင်းမဲ့နေမည်ဖြစ်ကြောင်း စုဘာရူသိရှိထားသည်။ထိုလူများသည် သူ့အားသတ်ဖြတ်ရန် လှံပစ်စက်များကိုယူဆောင်လာစဉ်ကတည်းက ဤပုန်ကန်မှု၌ခေါင်းဆောင်များစွာပါဝင်နေမည်ကို စုဘာရူသိရှိပေသည်။သူသည် ရှောင်ယုနှင့်လျှပ်စီးပေကိုသတ်ဖြတ်နိုင်လျှင်ပင် ဤပုန်ကန်မှုအားဖြေရှင်းနိုင်မည်မဟုတ်ပေ။
ထို့ပြင် ရှောင်ယုသည် အရာအားလုံးကို သူတစ်ယောက်တည်းစီစဉ်ခြင်းမပြုနိင်ကြောင်း စုဘာရူက ထိုစက္ကန့်ပိုင်းလေးအတွင်း သိရှိသွားခဲ့သည်။ရှောင်ယုသည် သူ၏ယုံကြည်မှုကိုရရှိရန် တိုးဝင်လာခဲ့သော သူလျိုတစ်ယောက်သာဖြစ်ကြောင်း သူနားလည်သွားသည်။မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည် ဓားပြများကိုဖျက်ဆီးရန်ရောက်ရှိလာသော ခြင်္သေ့နယ်မြေ၏ အရှင်သခင်ဖြစ်ကြောင်း မထင်ထားခဲ့ပေ။
သတ်...အကုန်သတ်ကြ....
စုဘာရူသည် ခေါင်မိုးပေါ်သို့ရောက်ရောက်ချင်း စခန်းတစ်ခုလုံးမီးလောင်နေပြီး နေရာအနှံ့တွင်ဓားပြများ၏ အော်ဟစ်သံများပဲ့တင်ထပ်နေသည်ကို သတိထားမိလိုက်သည်။ဓားပြများသည် ဤပုန်ကန်မှုကို အချိန်ယူပြင်ဆင်ထားကြပုံရသည်။စုဘာရူသည် ချက်ချင်းပင်သူ၏အပေါ့စားမြင်းတပ်ရင်းထံ ပြေးဝင်သွားခဲ့သည်။ထိုတပ်ဖွဲ့တွင် အပေါ့စားမြင်းတပ်သား၅၀၀၀၀ခန့်ရှိကာ သူသာထိုတပ်ဖွဲ့ကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပါက အခြားဓားပြအုပ်စုများကို အလွယ်တကူသတ်ဖြတ်နိုင်မည်ဖြစ်သည်။ထိုဓားပြများသည် ကောင်းစွာလေ့ကျင့်ထားသော သူ၏လက်ရွေးစင်တပ်သားများကို မည်သို့မှပြန်လည်တွန်းလှန်နိုင်မည်မဟုတ်ဟု စုဘာရူယုံကြည်ထားသည်။
သို့သော် ထိုတပ်ဖွဲ့ဆီသူရောက်လာချိန်တွင် တန်းလျားများအားလုံးမီးလောင်နေပြီး မြင်းများအားလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရူးသွပ်စွာထွက်ပြေးနေသည်ကိုသာ တွေ့လိုက်ရသည်။
"လူယုတ်မာတွေ....ဒီလိုစက်ဆုပ်စရာကောင်းတဲ့အရာတွေကိုတောင် လုပ်ရဲတယ်ပေါ့"
စုဘာရူသည် ထိုမြင်ကွင်းကိုမြင်မြင်ချင်း သွေးဆောင့်တက်မတတ် ဒေါသထွက်သွားခဲ့သည်။
မြင်းများမရှိပါက သူ့တပ်သားများ၏ တိုက်ခိုက်ရေးခွန်အားသည် တစ်ဝက်ခန့်လျော့ကျသွားမည်ဖြစ်သည်။ယခုအခါ ဦးတည်ရာမဲ့လျှောက်ပြေးနေသော မြင်းထောင်ချီသည် အရာအားလုံးကိုနင်းခြေဖျက်ဆီးနေခဲ့ကာ မြင်းတပ်သားများ၏ဖွဲ့စည်းပုံအားကြီးစွာအနှောင့်အယှက်ပေးနေခဲ့သည်။ဤပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းရန်အလွန်ခက်ခဲမှာဖြစ်သည်။
ပုံမှန်အားဖြင့် မြင်းတင်းကုပ်များကိုမီးရှို့ရန်အကြံအစည်သည် ရှောင်ယုထံမှ ထွက်လာခြင်းဖြစ်သည်။စုဘာရူသည် သူတို့အားတန်ပြန်တိုက်ခိုက်ရန် သူ၏အပေါ့စားလက်ရွေးစင်မြင်းတပ်သားများကို အားကိုးမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ထား၍ လျှပ်စီးပေအားလောင်စာဆီများပေးအပ်ကာ မြင်းတင်းကုပ်များအား အချိန်မှီမီးရှို့ပေးရန် တောင်းဆိုခဲ့သည်။ဤသို့ဖြင့် စုဘာရူ၏အဓိကအားသာချက်များအဖြစ် အသုံးပြုရန်ကြံစည်ထားခဲ့သော လက်ရွေးစင်မြင်းတပ်သားများသည် ယခုအချိန်တွင် စုဘာရူအတွက် ပြဿနာဖြစ်လာခဲ့သည်။
စုဘာရူ၏အဓိကတပ်ဖွဲ့မှာ မြင်းတပ်သားများသာဖြစ်ကြသည်။ခြေလျင်တပ်သားများကို ရံဖန်ရံခါအသုံးပြုသော်လည်း သူတို့အားအသုံးပြုရန်သင့်တော်သောဖွဲ့စည်းပုံလိုအပ်ပေသည်။
ယခုအခါ မရေမတွက်နိုင်သောဓားပြများသည် စုဘာရူ၏လူများကိုသတ်ဖြတ်ရန်အတွက် အရှိန်အဟုန်ဖြင့်ပြေးဝင်လာကြသည်။အများစုမှာ အိပ်မောကျနေပြီး ကြိုတင်ပြင်ဆင်ထားခြင်းမရှိပေရာ မထင်မှတ်ဘဲတိုက်ခိုက်ခံရမှုကြောင့် လက်ရွေးစင်တပ်သားများဖြစ်လျှင်ပင် သတ်ဖြတ်ခံခဲ့ရသည်။
ဓားပြများသည် အချင်းချင်းသတ်ဖြတ်ကြရင်း စခန်းတစ်ခုလုံးဖရိုဖရဲဖြစ်နေခဲ့သည်။သူတို့သည် အချင်းချင်းသတ်ဖြတ်နေကြပြီး မည်သူကမည်သူ့ကိုသတ်ဖြတ်နေသည်ကို မသိကြတော့ပေ။အချိန်ခဏအတွင်းမှာပင် လင်းယုန်စခန်းတစ်ခုလုံးအား မီးတောက်မီးလျှံများကဝိုင်းရံထားလိုက်ကြသည်။
ရှောင်ယု၏အမာခံမြင်းတပ်သား ၄၅၀သည်လည်း ထိုတိုက်ခိုက်မှု၌ပါဝင်နေခဲ့သည်။သူတို့၏ဓားရှည်ကြီးများသည် လူတိုင်းကိုဖရိုဖရဲဖြစ်စေကာ အသက်များကိုအဆက်မပြတ် နှုတ်ယူနေခဲ့သည်။စခန်းတစ်ခုလုံးသည် ပရမ်းပတာဖြစ်နေခဲ့ကာ စုဘာရူ၏ထက်မြက်သောညဏ်ပညာဖြင့်ပင် ဤအခြေအနေကိုထိန်းချုပ်ရန် နည်းလမ်းကောင်းရှာမရခဲ့ပေ။
စုဘာရူသည် အစွမ်းကုန်အားထုတ်ကြိုးပမ်းကာ တိုက်ခိုက်ခြင်းမခံရသေးသည့် သူ၏တပ်ဖွဲ့များကိုစုဆောင်းရန် ပြေးလွှားနေခဲ့သည်။စုဘာရူ၏ဓားပြများကို ကောင်းစွာလေ့ကျင့်ထားသည့်အတွက် စုဘာရူသည် ထိုတပ်ဖွဲ့များကိုပေါင်းစည်းပြီးနောက် စခန်းအသီးသီးမှပုန်ကန်နေသောဓားပြများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။သို့သော်လည်း အရေအတွက်သည် တစ်ဖက်စောင်းနင်းဖြစ်နေခဲ့သည့် အတွက်ကြောင့် စုဘာရူ၏လက်ရွေးစင်တပ်များသည် ကြီးမားသောပျက်စီးဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
ရှောင်ယုသည် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခြင်းမပြုသော်လည်း လျှပ်စီးပေတို့လိုဓားပြခေါင်းဆောင်များကို အမိန့်ပေးညွန်ကြားခြင်းဖြင့် တိုက်ပွဲကိုကွပ်ကဲနေခဲ့သည်။ထို့ပြင် စုဘာရူအားသတ်ဖြတ်ရန် အခွင့်အရေးကိုဖန်တီးနိုင်ရန်အတွက် ယခုထက်ပိုမိုဖရိုဖရဲဖြစ်အောင်တိုက်ခိုက်ရန် တိုက်တွန်းနိုးဆော်ခဲ့သည်။ဤသို့ဖြင့် နှစ်ဖက်လုံးသည်အချင်းချင်းပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြပြီး လင်းယုန်စခန်းတစ်ခုလုံးအား ဓားပြများ၏သွေးများစွန်းထင်းသွားခဲ့သည်။
စုဘာရူ၏ကွပ်ကဲမှုစွမ်းရည်သည် ကောင်းမွန်သော်လည်း ရှောင်ယုကိုယ်တိုင်က အသုံးမကျသောတပ်မှူးမဟုတ်ခဲ့ပေ။သူသည် လျှပ်စီးပေအား လှံပစ်စက်နှင့် လေးသမားတပ်ဖွဲ့တစ်ခုကို အဆင်သင့်ပြင်ထားစေခဲ့ပီး စုဘာရူသည် သူတို့အားတိုက်ခိုက်ရန် တပ်ဖွဲ့တစ်ခုအားစုစည်းနိုင်လိုက်ချိန်တွင် လှံပစ်စက်များနှင့်လေးသမားများကို ထိုစုစည်းလိုက်သောတပ်ဖွဲ့အား ထိခိုက်မှုအမြင့်ဆုံးဖြစ်အောင် တိုက်ခိုက်စေခဲ့သည်။
သို့ဖြစ်ရာ စုဘာရူသည် သူ့လူများကိုအဆောက်အဦးများနောက်ကွယ်၌သာ ပုန်းအောင်းနေရန် အမိန့်ပေးခဲ့ရသည်။စုဘာရူသည် သူတို့အားအလျင်စလိုစုရုံးထားရသောကြောင့် မြှားများနှင့်လှံတံများ၏ပစ်ခတ်မှုဒဏ်မှ သူတို့အားကာကွယ်ရန် နည်းလမ်းရှာမရခဲ့ပေ။
ရှောင်ယုသည် ပရမ်းပတာဖြစ်ကာ မီးလောင်ပျက်စီးနေသော ဓားပြစခန်းကိုကြည့်ရင်း သူ၏မျက်လုံးများ၌အလင်းရောင်တောက်ပလာခဲ့သည်။
Thank For Reading.