အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
အခန်း ၁၃၉ - စေ့စပ်ထားသူ
ရှောင်ယုသည် ရန်သူအားတိုက်ခိုက်မယ့် အစီအစဉ်များကိုဆွေးနွေးနေသည့်အချိန်တွင် အိမ်တော်ထိန်းဟောင်သည် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုကိုတပ်ဆင်လျက် အခန်းထဲဝင်လာသည်ကို သတိထားမိလိုက်သည်။
"သခင်လေး...မင်းအသက်၁၈နှစ်ကိုတောင်ရောက်လာခဲ့ပြီ...မင်းအမြန်ဆုံးလုပ်ဆောင်ရမယ့်ကိစ္စတစ်ခုရှိသေးတယ်"
ရှောင်ယုသည် ကြောင်အသွားကာ မေးခွန်းထုတ်လိုက်သည်။
"ဘာကိစ္စလဲ...ဦးလေးဟောင်"
"သခင်လေးက ဘာလို့အဲ့ကိစ္စက်ိုမေ့နေရတာလဲ...ဟိုးအရင်တုန်းက သခင်လေးရဲ့အဖေက သခင်လေးရဲ့အိမ်ထောင်ရေးကိစ္စက်ိုပြုလုပ်ခဲ့တယ်လေ...မကြာခင်မှာသခင်လေးက အသက်၁၈နှစ်ပြည့်တော့မှာလေ...နယ်မြေကလည်းတည်ငြိမ်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီဆိုတော့ လက်ထပ်ဖို့အချိန်ရောက်ပြီ"
အိမ်တော်ထိန်းဟောင်က အပြုံးမပျက်ပြောလိုက်သည်။
"ဘာ...ဘာပြောတာလဲ"
ရှောင်ယုသည် အလန့်တကြားဖြစ်ကာ ထိုင်ခုံပေါ်မှခုန်ထလိုက်သည်။သူသည် ယခင်ရှောင်ယု၏မှတ်ညဏ်များကို ဂရုတစိုက်စစ်ဆေးကြည့်လိုက်ရာ စေ့စပ်ထားသူတစ်ယောက်ရှိကြောင်း သတိရလိုက်သည်။
ယနေ့ခေတ်တွင် လူများသည် သူတို့၏သားသမီးများငယ်ရွယ်စဉ်ကပင် လက်ထပ်ထိမ်းမြှားရန် သဘောတူခဲ့ကြသည်။သူတို့သားသမီးများသည် ကြီးပြင်းလာစဉ်တွင် မည်သို့ရုပ်ရည်ရှိမည်ကိုပင် ဂရုမစိုက်ခဲ့ကြပေ။ရှောင်ကျန်းထျန်သည် ယခင်က ဤကမ္ဘာကြီး၌ပင်လူသိများသော သူရဲကောင်းတစ်ယောက်ဖြစ်သည်။ထိုအချိန်ကလူတိုင်းသည် သူ၏သားဖြစ်သူများကို သားမက်အဖြစ်အလိုရှိခဲ့ကြသည်။
ရှောင်ယု၏အစ်ကိုများသည် စောစောစီးစီးအိမ်ထောင်ကျကာ သေဆုံးသွားခဲ့၍ အိမ်တွင်မုဆိုးမများသာကျန်ရစ်ခဲ့သည်။ရှောင်ယုသည် မိသားစုတွင်အငယ်ဆုံးဖြစ်ကာ ယခုမှ အသက်၁၈နှစ်ပြည့်မည်ဖြစ်၍ အိမ်တော်ထိန်းဟောင်က ထုတ်ပြောခြင်းဖြစ်သည်။
"ငါ...ငါကဓားပြတွေကို ဖျက်ဆီးထားတာမကြာသေးဘူး...ပြီးတော့ငါကငယ်ငယ်လေးပဲရှိသေးတာ အိမ်ထောင်ပြည့်ဖို့စိတ်မကူးသေးဘူး...ကာရီနဲ့သူ့အဖေကိုမသတ်ရသေးခင်တော့ အိမ်ထောင်ပြုဖို့စိတ်ကူးမရှိသေးဘူး..."
ရှောင်ယုသည် အိမ်ထောင်ရေးနှင့်ပတ်သက်လာလျှင် နှလုံးသားထဲ၌တုန်လှုပ်နေခဲ့သည်။သူသည် သူနှင့်သင့်တော်မယ့်ကောင်မလေးကို သူကိုယ်တိုင်ရှာဖွေလိုခဲ့သည်။
အိမ်တော်ထိန်းဟောင်သည် ရှောင်ယုကိုစတင်ဖျောင်းဖြလိုက်သည်။
"ဒီကိစ္စကို ငါနှောင့်နှေးနေလို့မရဘူး...ငါတို့ကတခြားကိစ္စတွေကိုလျစ်လျူရှုထားလို့ရပေမဲ့ ရှောင်မိသားစုမှဆက်ခံသူမရှိသေးဘူး...မင်းကဒီကိစ္စကိုဂရုမစိုက်ဘဲနေလို့မရဘူး...ရက်ပိုင်းအတွင်းမင်းအလည်လာမယ်လို့ သခင်လင်းကိုငါအကြောင်းကြားထားပြီ...မင်းမသွားရင် အဲ့နှစ်တွေတုန်းက ပေးထားတဲ့ကတိတွေလည်း ကျိုးပျက်သွားပြီး နာမည်ကျော်စစ်ဗိုလ်ချုပ်ကြီးရဲ့စကားက်ို လူတိုင်းအယုံအကြည်ပျက်သွားလိမ့်မယ်"
ရှောင်ယုသည် သူ၏အနာဂတ်ဇနီးလောင်းကို တွေ့ဆုံရန်အတွက် အိမ်တော်ထိန်းဟောင်သည် မရေမတွက်နိုင်သော အကြောင်းပြချက်များကို ပေးအပ်ခဲ့သည်။ရှောင်ယုသည် ထိုအကြောင်းပြချက်များအောက်တွင် နစ်မြုပ်နေခဲ့ရသည်။သို့သော်လည်း ရှောင်ယုသည် အိမ်တော်ထိန်းဟောင်ကိုစိတ်မဆိုးခဲ့ပေ။သူသည် အိမ်တော်ထိန်းဟောင်၏စကားများကို စိတ်ရှည်သည်းခံစွာနားထောင်ပေးသည်။ထိုအဘိုးကြီးသည် သူ့အတွက်အဖေတစ်ယောက်လိုပင်ဖြစ်ပြီး အိမ်တော်ထိန်းဟောင်သည် ခြင်္သေ့နယ်မြေ၏ကောင်းကျိုးအတွက် ထိုသို့ပြုလုပ်ခဲ့သည်ကို ငြင်းဆန်၍မရပေ။
ရှောင်ယုသည် ဤအကျပ်အတည်းမှရုန်းထွက်နိုင်ရန်အတွက် မူလီနှင့်အခြားသူများနှင့်အတူ တိုက်ခိုက်ရေးအစီအစဉ်များ ရေးဆွဲရန်ရှိသေးသည်ဟု အကြောင်းပြခဲ့သည်။သို့သော်လည်း အိမ်တော်ထိန်းဟောင်သည် အိမ်ထောင်ရေးအကြောင်းပြောလာချိန်တွင် သူတို့အားလုံးသည် ဆွေးနွေးမှုများအားခဏရပ်လိုက်ကာ အိမ်တော်ထိန်းဟောင်၏ဆုံးဖြတ်ချက်ကို တညီတညာတည်းထောက်ခံကြောင်း သဘောတူညီခဲ့ကြပြီး ရှောင်ယုကိုလက်ထပ်ရန်အချိန်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းခဲ့ကြသည်။ရှောင်ယုသည် ဤကိစ္စနှင့်ပတ်သက်၍ ဘာမှမတတ်နိုင်သောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ထိုအချိန်တွင် သူ၏မရီးများကပင်ပါဝင်လာကာ ရှောင်ယုကိုဝင်ရောက်တိုက်တွန်းသည့်အတွက် ရှောင်ယုသည်အထီးကျန်ဝံပုလွေတစ်ကောင်လို ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည်သူနှင့်စေ့စပ်ထားသူဖြစ်သော လင်းမူရွယ်၏ အသွင်အပြင်ကိုကြည့်ရှုရန်အတွက် လင်းမိသားစုထံသို့သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် ငြိမ်ခံနေရန်ဆန္ဒမရှိပေ။သူသည် ကာရီ၏ဖခင်ဖြစ်သူနယ်မြေကို နှောင့်ယှက်ရန်အတွက် အမျိုးမျိုးသောတပ်ဖွဲ့များကို အသုံးပြုရန်စီစဉ်ခဲ့သည်။
သူသည် အားသက်စ်ဦးဆောင်သော ဖုတ်ကောင်များကို အခြားသူများသံသယမဝင်စေရန်အတွက် များစွာမလှုပ်ရှားခိုင်းခဲ့ပေ။သူသည် သွက်လက်မြန်ဆန်ပြီး လျင်မြန်စွာလှုပ်ရှားနိုင်သော တပ်ဖွဲ့များဖြစ်သည့် အောစ့်စီးနင်းသူများနှင့်မုဆိုးများကို အသုံးပြုကာနှောင့်ယှက်ရန်ဆုံးဖြတ်ခဲ့သည်။
ရှောင်ယုသွားရောက်ရန်ပြင်ဆင်နေသော လင်းမိသားစုအိမ်တော်သည် လန်ကန်စတာပြည်နယ်၏မြို့တော်ဖြစ်သော ရှိင်းယားတွင်တည်ရှိပေသည်။
လင်းမိသားစုခေါင်းဆောင် လင်းဝေဟောင်သည် မဟာမြို့စားများအကြားတွင်ပင် အလွန်ထင်ရှားသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။လင်းမူရွယ်သည် မှော်ကျောင်းတော်၌ပညာသင်ယူနေသူဖြစ်ရာ သူသည်ထိုနေရာသို့ရောက်ပါက မူဟန်ကိုပင်တွေ့နိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။မူလီသည် ရှောင်ယုအားမူဟန်ထံသို့ ပစ္စည်းအနည်းငယ်ထည့်ပေးလိုက်သလို ရှောင်ယုကလည်း ထိုလိုလီမလေးအတွက် လက်ဆောင်ပစ္စည်းများစွာကိုပြင်ဆင်လိုက်ရသည်။
ထို့နောက် လူတိုင်း၏တိုက်တွန်းမှုအောက်တွင် ရှောင်ယုသည် ရှိုင်းယားမြို့သို့သွားရာ လမ်းခရီးသို့ရောက်ရှိခဲ့သည်။
ရှောင်ယုသည် နတ်မြင်းဖြူ၈ကောင်ဆွဲသော ဇိမ်ခံရထားလုံးအား အသုံးပြုနေဆဲဖြစ်သည်။ရှောင်ယုသည် ဤခရီးစဉ်အတွက် အောစ့်၅၀၊မုဆိုး၅၀နှင့် ခြေလျင်တပ်သား၁၀၀ကိုသာယူဆောင်ခဲ့သည်။ထို့နောက်သူသည် လီအာ၊နဂါးလေးနှင့်ဂရင်း၊တိုင်ရန်ဒီ၊အန်တိုနီဒက်စ်တို့အား သူနှင့်အတူခေါ်ယူခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်ခန့်အတွင်း နဂါးလေး၏အရွယ်အစားသည် အလွန်ကြီးထွားလာခဲ့ကာ အရွယ်ရောက်ပြီးသောဝံပုလွေတစ်ကောင်၏အရွယ်ထိ ကြီးထွားလာခဲ့သည်။သို့သော်သူသည် လီအာ၏လက်မောင်းအတွင်းလှဲအိပ်နိုင်ရန် သူ၏အရွယ်အစားကိုအပြောင်းအလဲလုပ်နိုင်ပေသည်။နဂါးလေးသည် အရွယ်အစားကြီးလာသည်နှင့်အမျှ ခွန်အားပိုမိုတိုးတက်လာခဲ့သည်။ရှောင်ယုသည် နဂါးလေးအားဖန်လုံအိမ်အတွင်းရှိ ပန်းတစ်ပွင့်လိုမဖြစ်စေလို၍ များစွာလေ့ကျင့်ပေးခဲ့သည်။သူသည် နဂါးလေးနှင့်တိုက်ခိုက်ရန်အတွက် သားရဲများစွာကိုဖမ်းဆီးခဲ့ပြီး ကစားကွင်းငယ်လေးတစ်ခုတွင်း ပစ်ထည့်ကာတိုက်ခိုက်စေခဲ့သည်။တစ်ခါတရံတွင် သူတို့ထဲမှအနည်းငယ်သည် နဂါးလေးကိုပင်တန်ပြန်တိုက်ခိုက်နိုင်ပေသည်။
ရှောင်ယုထံတွင် ကုသဆေးအလုံအလောက်ရှိ၍ နဂါးလေးအသတ်ခံရမည်ကို မစိုးရိမ်ပေ။သူသည် နဂါးလေးဒဏ်ရာရလာတိုင်း ၎င်းတို့ကိုအသုံးပြုကာ ချက်ချင်းကုသပေးခဲ့သည်။ထို့နောက် နဂါးလေးအားချက်ချင်းပြန်လည်တိုက်ခိုက်စေခဲ့သည်။လီအာနှင့်ရှောင်ယု တို့သည် ထိုကိစ္စနှင့်ပတ်သက်၍ ခဏခဏငြင်းခုံခဲ့ရသော်လည်း ရှောင်ယုကမူ အိမ်မွှေးတိရစ္ဆာန်တစ်ကောင်မဟုတ်သော အစစ်အမှန်နဂါးတစ်ကောင်ကိုသာ လိုချင်သည်ဟု ပြောဖူးခဲ့သည်။
ထိုကဲ့သို့ရက်စက်ကြမ်းကြုတ်စွာ လေ့ကျင့်ပေးမှုကြောင့် နဂါးလေး၏ခွန်အားသည် လျင်မြန်စွာတိုးတက်လာခဲ့ပြီး ဒုတိယအဆင့်သားရဲတစ်ကောင်သည်ပင် သူ၏ပြိုင်ဘက်မဟုတ်တော့ပေ။ရှောင်ယုသည် ထိုရလဒ်အပေါ်ကျေနပ်မှုရှိပေသည်။ထိုသို့အစွမ်းမရှိပါက အဘယ်ကြောင့်နဂါးဟုခေါ်ဆိုနေမည်နည်း...
ရှောင်ယုသည် လမ်းခရီးတလျှောက်တွင် လီအာသို့မဟုတ် တိုင်ရန်ဒီနှင့်အတူ စစ်တုရင်ကစားရင်း နေ့ရက်များကိုအဆင်ပြေစွာ ဖြတ်သန်းနေခဲ့သည်။
သို့သော် ပထမဆုံးညမှာပင် လုပ်ကြံ့သူအမြောက်အများသည် ရှောင်ယုအားသတ်ဖြတ်ရန် ရောက်ရှိလာကြသည်။မုဆိုးများသည် ထိုလုပ်ကြံသူများကို လျင်မြန်စွာရှာတွေ့ခဲ့ကြပြီး အောစ့်များ၏လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။ရှောင်ယုနှင့်အတူ လိုက်ပါလာသောအောစ့်၅၀လုံးသည် အဆင့်၁၀သို့ရောက်ရှိနေသောကြောင့် ဒုတိယအဆင့်သူရဲကောင်းနှင့်တန်းတူဖြစ်ကာ သာမန်လူသားများသည် သူတို့ပြိုင်ဘက်များမဟုတ်ကြပေ။
လင်းယုန်စခန်းရှိ နောက်ဆုံးတိုက်ပွဲအပြီးတွင် အောစ့်စစ်သည် ၈၀ကျော်သည် အဆင့်၁၀သို့ရောက်ရှိသွားခဲ့သည်။နတ်သူငယ်လေးသမားတစ်ဝက်ကျော်သည်ပင် အဆင့်၁၀သို့ရောက်ရှိသွားသော်လည်း အဆင့်၁၁အား ဖြတ်ကျော်နိုင်ရန်အလွန်ပင်ခက်ခဲလှပေသည်။သူတို့သာထိုအဆင့်ကိုဖြတ်ကျော်နိုင်ပါက စစ်မှန်သောသူရဲကောင်းဖြစ်လာမည်ဖြစ်၍ အဆင့်၁၀၌ အချိန်အကြာကြီးစောင့်နေစရာမလိုပေ။
ရှောင်ယုသည် ဖမ်းဆီးရရှိသော လုပ်ကြံသူအားလုံးကို နှိပ်စက်ညဉ်းပန်းကာ စစ်ဆေးမေးမြန်းခဲ့သည်။သို့သော်လည်း လုပ်ကြံသူအားလုံးသည် သူတို့်အားအဖွဲ့အစည်းကတာဝန်ပေးအပ်ခဲ့ကာ သူတို့အားမည်သူကငှါးရမ်းထားသည်ကို မသိရှိကြောင်း တညီတညာတည်းဖြေဆိုကြသည်။သို့သော်လည်း ရှောင်ယုသည်စစ်ဆေးမေးမြန်းခြင်းမပြုမှီကပင် ထိုလုပ်ကြံသူများကို မည်သူကစေလွှတ်ကြောင်း ခန့်မှန်းနိုင်ပေသည်။သူ့ထံတွင်ရန်သူအကန့်အသတ်သာရှိပြီး ကာရီ၊စုဘာရူနှင့်မြို့စားဆမ်တို့သာဖြစ်သည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် မည်သည့်အရာကိုမှကြောက်ရွံ့နေခြင်းမရှိပေ။သူ့ထံတွင် အစွမ်းထက်သောသူရဲကောင်းများဖြစ်သည့် ကိုယ်ရံတော်၃ယောက်ရှိပေသည်။ရန်သူသည် အလွန်အစွမ်းထက်သောလုပ်ကြံသူ သို့မဟုတ် စစ်သည်တော်ကိုမစေလွှတ်ပါက သူသည်လုံးဝဂရုစိုက်မည်မဟုတ်ပေ။
လင်းယုန်စခန်းရှိ နောက်ဆုံးသောတိုက်ပွဲအပြီးတွင် ရှောင်ယုသည်အဆင့်၁၆သို့ရောက်ရှိခဲ့သည်။ရှောင်ယုသည် အဆင့်တက်၍ရရှိလာသော ကျွမ်းကျင်မှုများကို ဘုရားကျောင်းအကာအကွယ်၊တည်နေရာရွေ့ပြောင်းခြင်း ၊ သူရဲကောင်းဆန်စွာခုန်လွှားခြင်းနှင့်လေလမ်းလျှောက်ခြင်းတို့၌ အညီအမျှခွဲဝေပေးခဲ့သည်။ရှောင်ယုအပြင် ဂရင်းသည်အဆင့်၁၈သို့ရောက်ရှိခဲ့ကာ တိုင်ရန်ဒီသည်လည်း အဆင့်၁၈သို့ရောက်ရှိခဲ့သည်။အန်တိုနီဒက်စ်သည်ကား အဆင့်၁၉ထိရောက်ရှိနေခဲ့ကာ အမြင့်ဆုံးဖြစ်သည်။ရှောင်ယုသည် သူတို့ရလာသောကျွမ်းကျင်မှတ်များကို လေလမ်းလျှောက်ခြင်း၊အဆက်မပြတ်ပစ်ခတ်ခြင်းနှင့်တည်နေရာ ရွေ့ပြောင်းခြင်းတို့၌ ပေါင်းထည့်ပေးခဲ့သည်။
လီအာသည်လည်း နောက်ဆုံးတိုက်ပွဲအပြီးတွင် ဓားပြခေါင်းဆောင်များစွာကို သတ်ဖြတ်ခဲ့ဖူးသောကြောင့် သူမ၏ကြံ့ခိုင်မှုသည် အဆက်မပြတ်တိုးတက်လာခဲ့သည်။
ထို့ပြင်ရှောင်ယုသည် အကောင်းစားလှံပစ်စက်၅၀ကို သူနှင့်အတူယူဆောင်လာခဲ့သည်။သို့ဖြစ်ရာ စတုတ္ထအဆင့်သူရဲကောင်းတစ်ဦးသည်တောင်မှ သူတို့အတွက်ခြိမ်းခြောက်မှုတစ်ခုမဟုတ်ခဲ့ပေ။
"ဆက်သွားရအောင်..."
ရှောင်ယုသည် နံနက်အာရုဏ်တက်အလင်းရောင်ကျလာချိန်၌ ခရီးဆက်ရန်လက်ဝှေ့ယမ်းလိုက်သည်။ရှောင်ယုသည် သူ့ကိုယ်သူဖော်ပြရန်မလိုလားသော်လည်း ဤလုပ်ကြံသူအနည်းငယ်ကိုကြောက်ရွံ့နေပါက အိမ်ပြန်ခဲ့သည်မှာကြာမြင့်နေပြီဖြစ်သည်။
အခန်း ၁၄၀ - လုပ်ကြံသူအဖွဲ့အစည်း
ဤသို့ဖြင့် ရှောင်ယုတို့လူစုသည် ရှိင်းယားမြို့သို့ တဖြည်းဖြည်းခရီးဆက်လာကြသည်။လမ်းခရီးတွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု၂ကြိမ်ရှိခဲ့သော်လည်း လုပ်ကြံသူအားလုံးက်ိုခြွင်းချက်မရှိ သတ်ဖြတ်ခဲ့သည်။ရှောင်ယုက သူ့အားလုပ်ကြံရန်ရောက်လာသူများသည် တတိယအဆင့်ပင်မရှိကြောင်း တွေ့မြင်လိုက်ရသည်။မြို့စားဆမ်သည် ဤသို့အဆင့်နိမ့်လုပ်ကြံသူများအား စေလွှတ်ကာ သူ့အားလုပ်ကြံမယ့်သူမျိုးမဟုတ်ပေ။မြို့စားဆမ်သည် ရိုးရှင်းလွယ်ကူစွာဖြင့် အဆင့်မြင့်လုပ်ကြံသူတစ်ယောက်ကို ငှားရမ်းကာ သူ့အားလုပ်ကြံခိုင်းမည်ဖြစ်သည်။စုဘာရူ ဆိုလျှင်ပင် သူ့အား လုပ်ကြံရန်အတွက် အဆင့်မြင့် လုပ်ကြံသူတစ်ယောက်အား ငှားရမ်းရန် ငွေကြေးအလုံအလောက် ရှိမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက သူကိုယ်တိုင် လုပ်ကြံလာမည်ဖြစ်သည်။
"ကာရီ...ကာရီ ငါကမင်းကိုဒုက္ခမပေးသေးဘူးဆိုပေမဲ့ မင်းကလုံးဝကိုအသိတရားမဝင်ဘူးပဲ...ငါပြန်ရောက်တဲ့အခါကျရင် မင်းဘာဖြစ်သွားမလဲဆိုတာ မင်းကိုယ်တိုင်စဉ်းစားထားသင့်တယ်"
ရှောင်ယုသည် အချိန်ခဏမျှ ခွဲခြမ်းစိတ်ဖြာပြီးနောက် သာမန်အဖြေတစ်ခုက်ိုရရှိခဲ့သည်။
ရှောင်ယုသည် သူ၏အနာဂတ်ဇနီးလောင်းဖြစ်သူနှင့် မူဟန်တို့အတွက် လက်ဆောင်များကိုဝယ်ယူရန် လမ်းတလျှောက်တွင်ရှိသော မြို့ကြီးများစွာ၌ ရပ်တန့်ခဲ့သည်။
...
...
သူတို့သည် ချင်ပြည်နယ်၏အုပ်ချုပ်မှုအတွင်း၌ရှိနေသော ဖူဟုခေါ်သည့် စည်းကားသိုက်မြိုက်သောမြို့တော်ကိုဖြတ်သွားခဲ့သည်။ရှောင်ယုသည် သူ့နောက်သို့်လိုက်လာသော နောက်ထပ်လုပ်ကြံသူရှိမရှိသိရှိလိုသောကြောင့် ဤနေရာ၌ရက်အနည်းငယ်နေထိုင်ကာ သူတို့၏အရင်းအမြစ်ကို ရှာဖွေရန်ဆုံးဖြတ်ခဲ့သည်။
ဤခရီးစဉ်အတွင်း၌ လီအာသည် အလွန်အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ထိပ်တန်းလုပ်ကြံသူတစ်ယောက်အနေဖြင့် သူမသည် ရှောင်ယုအားလုပ်ကြံရန်လာသော လုပ်ကြံသူများအားလုံးက်ို ခြေရာခံန်ိုင်ခဲ့ကာ သူတို့မလှုပ်ရှားနိုင်မှီ ဦးစွာသတ်ဖြတ်နိုင်ခဲ့သည်။
ရှောင်ယုသည် ယခင်လို ကလေကချေမဟုတ်တော့ကြောင်း လီအာကောင်းစွာနားလည်ပေသည်။သူ့ထံတွင် ဖွံ့ဖြိုးတိုးတက်သောနယ်မြေနှင့်ဝင်ငွေအမြောက်အများရှိကာ အားကောင်းသောစစ်တပ်တစ်ခုပိုင်ဆိုင်ထား၍ သူ၏အနာဂတ်သည် အလွန်တောက်ပနေခဲ့သည်။
...
...
နံနက်ခင်းအချိန်တွင် ရှောင်ယု ၊ ဂရင်းနှင့် တိုင်ရန်ဒီတို့သည် စည်ကားသောလမ်းမပေါ်၌ လမ်းလျှောက်နေကြသည်။ထိုအချိန်တွင် သူတောင်းစားအဘိုးကြီးတစ်ယောက်သည် ရှောင်ယုတို့အနားကပ်လာကာ သူ၏တုန်ရီနေသောလက်များကို မြောက်လိုက်သည်။
"သခင်လေး...ငါ့ကိုပိုက်ဆံနည်းနည်းလောက်စွန့်ကြဲပါ...ငါအစာမစားရတာ နှစ်ရက်တောင်ရှိပြီ"
ရှောင်ယုသည် ထိုကဲ့သို့သူတောင်းစားများအပေါ် အလွန်ရက်ရောပေသည်။ထိုသို့သောလူများသည် ဆန်ဝယ်ရန်ပိုက်ဆံအနည်းငယ်လောက်ရနိုင်ဖို့ နေ့ရောညပါတောင်းရမ်းနေရသည်။ဤကမ္ဘာကြီး၏လူမူဖွဲ့စည်းပုံသည် နေ့စဉ်နှင့်အမျှငတ်မွတ်ခေါင်းပါး၍ သေဆုံးနေရသည့်အခြေအနေတွင်ရှိပေသည်။ရှောင်ယုသည် သူ့အိတ်ကပ်အတွင်းရှိရွှေပြား၁၀ပြားကိုထုတ်ယူကာ သူတောင်းစားအားပစ်ပေးလိုက်သည်။သူသည် ထိုသို့သောလူစားမျိုးကို မနှစ်သက်သော်လည်း ကိုယ်ချင်းစာစိတ်ရှိပေသည်။
သို့သော်လည်း ရှောင်ယု၏ကြင်နာမှုသည် ကောင်းကျိုးမဖြစ်ခဲ့ပေ။အဘိုးအို၏မျက်လုံးများသည် ချက်ချင်းအေးစက်လာခဲ့ကာ သူ၏တုန်ရီနေသောလက်များသည် ဓားမြောင်တချောင်းကို ရုတ်တရက်ဆွဲထုတ်လိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည်ရှောင်ယုအား ရုတ်တရက်ဓားဖြင့်ထိုးသွင်းလိုက်သည်။ရှောင်ယုသည် အဆင့်၁၆သို့ရောက်ရှိနေပြီး သွေးဖြင့်မရင်းနှီးသူတစ်ယောက်မဟုတ်ပေရာ အေးစက်မှုကိုခံစားမိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည်ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ထိုအခိုက်အတန့်တွင် သူဓားမြှောင်ဖြင့်ထိုးလိုက်သောပစ်မှတ်သည် ပျောက်ကွယ်သွား၍ သူတောင်းစားအဘိုးအိုသည် အံ့သြသွားခဲ့ရသည်။
ရှောင်ယုသည် တည်နေရာရွေ့ပြောင်းခြင်းကို အကြိမ်ပေါင်းများစွာလေ့ကျင့်ထားခဲ့သည်။သူသည် အချိန်တိုလေးအတွင်း လက်ရွေးစင်စစ်သည်တစ်ယောက်၏ တိုက်ပွဲအတွေ့အကြုံကို ပိုင်ဆိုင်ရန်အလွန်ခက်ခဲကြောင်းနားလည်ထားပေသည်။ထိုအဆင့်စစ်သည်များသည် အခြေအနေကိုလိုက်၍ မြန်မြန်ဆန်ဆန်တုံ့ပြန်ရန် နှစ်ပေါင်းဒါဇင်နှင့်ချီ၍ လေ့ကျင့်အားထုတ်ခဲ့ရသည်။သူ့ထံတွင် အလွန်အစွမ်းထက်သော အရည်အချင်းများပိုင်ဆိုင်ထားသော်လည်း သူ၏အသိစိတ်သည် အချိန်မှီမတုံ့ပြန်နိုပေ။ထို့ကြောင့် ဆိုးရွားသောအခြေအနေများ၌ သူ၏အသက်ကိုကယ်တင်ရန်အတွက် ကျွမ်းကျင်မှုအနည်းငယ်ကိုသာ အာရုံစိုက်လေ့ကျင့်ခဲ့သည်။
သူသည် အထူးသဖြင့် တည်နေရာရွေ့ပြောင်းခြင်းကို အာရုံစိုက်လေ့ကျင့်ခဲ့သည်။
ထိုကျွမ်းကျင်မှုသည် သူ၏အသက်အာမခံချက်ကို တိုးမြင့်ပေးသည့်အတွက်ကြောင့် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိချိန်တွင် တည်နေရာရွေ့ပြောင်းန်ိုင်ရန်အတွက် မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့သည်။ဤသို့ဖြင့် သူ၏တုံ့ပြန်မှုအမြန်နှုန်းနှင့် ကျွမ်းကျင်မှုကိုအသုံးပြုချိန်သည် အလွန်မြန်ဆန်လာခဲ့သည်။
လက်ရှိအချိန်တွင်လည်း ရှောင်ယုသည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိလာပြီး သူ့ထံသို့ဓားမြှောင်တစ်ချောင်းတိုးဝင်လာသည်ကိုမြင်သောအခါတွင် အသက်ဘေးမှလွတ်မြောက်ရန်အတွက် တည်နေရာရွေ့ပြောင်းရန်အတွက် မသိစိတ်မှအသက်သွင်းလိုက်ခြင်းဖြစ်သည်။
အမှန်တော့ သူတောင်းစားအဘိုးအိုသည် အလွန်ပင်သန်မာလှပြီး သူ၏ဓားမြှောင်ထိုးသွင်းမှု အရှိန်နှုန်းကြောင့်သူသည် အနည်းဆုံးတတိယအဆင့်လုပ်ကြံသူတစ်ယောက်ဖြစ်ကြောင်း ပြသခဲ့သည်။ရှောင်ယုသည် အချိန်မှီတည်နေရာရွေ့ပြောင်းန်ိုင်၍သာ ကံကောင်းသွားခဲ့ခြင်းဖြစ်သည်။
အမှန်တော့ ဓားမြှောင်သည် ရှောင်ယု၏အဆင့်၁ချပ်ဝတ်တန်ဆာကို ခြစ်မိသွားခဲ့သည်။သို့သော်လည်း ဓားမြှောင်သည်ချပ်ဝတ်တန်ဆာကို မထိုးဖောက်နိုင်ဘဲ ခြစ်ရာသာထင်စေခဲ့သည်။သူ့ထံတွင်သာ ရွှေပြားအလုံအလောက်ရှိနေသရွေ့ အဆင့်၁အစုံတန်ဆာကိုဝယ်ယူနိုင်မည်ဖြစ်သည်။ထို့ကြောင့်ရှောင်ယုသည် သူကိုယ်တိုင်နှင့်အခြားသူများအတွက် အဆင့်၁ချပ်ဝတ်တန်ဆာများကို ဝယ်ယူထားပြီးဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျင် သူသည်တိုက်ပွဲဝင်နေစဉ်အတွင်း စစ်သည်အမျိုးအစားအဆင့်၁ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လေ့ရှိသော်လည်း နေ့စဉ်ဘဝတွင်မူ လုပ်ကြံသူအမျိုးအစားအဆင့်၁ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလေ့ရှိသည်။ထိုချပ်ဝတ်တန်ဆာသည် ပေါ့ပါးကာသက်တောင့်သက်သာရှိပြီး သွက်လက်မှုအားအထူးပြုသည့်လုပ်ကြံသူများအဖို့ အလွန်ပင်အသုံးဝင်ပေသည်။
သူတောင်းစားအိုကြီးသည် တည်နေရာရွေ့ပြောင်းခြင်းကို မျှော်လင့်ထားခြင်းမရှိ၍ အချိန်ခဏကြာအံ့သြမှင်သက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂရင်းသည် ကျယ်လောင်စွာဟိန်းဟောက်ကာ အန္တိမခုတ်ပိုင်းချက်ကို ထုတ်ဖော်လိုက်သည်။ထိုသူတောင်းစားအိုသည် မျည်းစောင်းခုတ်ချက်မှလွတ်မြောက်ရန်အတွက် တိုက်ပွဲစွမ်းအင်ကိုအသုံးပြုကာ မြေပေါ်လူးလိမ့်လိုက်သည်။တိုင်ရန်ဒီသည် မြှားတစ်စင်းကို လျင်မြန်စွာပစ်လွှတ်လိုက်သော်လည်း သူတောင်းစားအိုသည် မျောက်တစ်ကောင်ကဲ့သို့ခေါင်မိုးပေါ်သ်ို့ ညင်သာစွာခုန်တက်သွားခဲ့ကာ ချက်ချင်းထွက်ပြေးသွားခဲ့သည်။
ရှောင်ယု၊ဂရင်းနှင့်တိုင်ရန်ဒီတို့သည် ချက်ချင်းခုန်တက်လာကာ ထိုလုပ်ကြံသူကိုလိုက်ရှာခဲ့ကြသည်။
သူတောင်းစားအိုသည် သူတို့အားမျက်ခြေဖြတ်ရန်အတွက် လူစုလူဝေးထဲ တိုးဝင်၍၎င်း ရံဖန်ရံခါတွင်ခေါင်မိုးများပေါ်သို့ ခုန်တက်၍၎င်းထွက်ပြေးနေခဲ့သည်။သူ့ကိုကြည့်ရသည်မှာ ရေထဲသို့ရောက်သွားသည့် ငါးတစ်ကောင်သဖွယ်ဖြစ်နေခဲ့သည်။ထို့ပြင် သူတောင်းစားအိုသည် မျက်စိတစ်မှတ်အတွင်း အဝတ်အစားများကိုပြောင်းလဲခဲ့သည်။ရှောင်ယုနှင့်အခြားသူများက သူ့အားတွေ့မြင်ချိန်တွင် သူသည်နောက်ထပ်အဝတ်အစားတစ်စုံက်ိုပြောင်းလဲထားခဲ့ပြီး ခဏလောက်မျက်ခြေပြတ်ချိန်တွင် နောက်ထပ်တစ်စုံကိုပြောင်းလဲထားခဲ့သည်။ဤသ်ို့ဖြင့် သူတောင်းစားအိုသည် လုံးဝမျက်ခြေမဖြတ်နိုင်မှီ သူ၏အသွင်အပြင်နှင့်အဝတ်အစားကို အကြိမ်အနည်းငယ်ခန့် ပြောင်းလဲသွားခဲ့သည်။
"တတိယအဆင့်လုပ်ကြံသူတွေက တကယ်အစွမ်းထက်တာပဲ...ပြန်ကြရအောင်..."
ရှောင်ယုသည် ဆက်မလိုက်တော့ဘဲ ဂရင်းနှင့်တိုင်ရန်ဒီတို့အား သူတို့တည်းခိုသော တည်းခိုခန်းဆီပြန်ရန် အမိန့်ပေးခဲ့သည်။
...
...
လီအာသည် ညနေပိုင်းတွင် ဂုဏ်ယူဝင့်ကြွားနေသောအမူအရာဖြင့် တည်းခိုခန်းဆီပြန်လာခဲ့သည်။
"မင်းသူ့ကိုရှာတွေ့ခဲ့လား..."
ရှောင်ယုက သူမကိုလှမ်းကြည့်ရင်းမေးမြန်းလိုက်သည်။
လီအာသည် အောင်မြင်ခဲ့ခြင်းမရှိပါက သူမ၏မျက်နှာပေါ်၌ ယခုလိုမာနကြီးသောအမူအရာကိုဖော်ထုတ်ပြသရန် မဖြစ်နိုင်ပေ။
"ငါက တတိယအဆင့်လုပ်ကြံသူအဖြစ်ကို မကြာခင်အဆင့်တိုးတော့မှာဆိုတော့ သူ့က်ိုကောင်းကောင်းကိုင်တွယ်နိုင်မှာပါ"
"မင်းသာ တတိယအဆင့်ကိုရောက်သွားရင် မင်းကိုအဆင့်၂ချပ်ဝတ်တန်ဆာတစ်ခု လက်ဆောင်ပေးမယ်"
ရှောင်ယုသည် လီအာကို မက်လုံးပေးလိုက်သည်။
လီအာသည် ထူးဆန်းသောပုံစံဖြင့် မေးမြန်းလိုက်သည်။
"အဆင့်၂ချပ်ဝတ်တန်ဆာဆိုတာက ဘာလဲ"
"ဒါကပိုကောင်းတဲ့ချပ်ဝတ်တန်ဆာလို့ မှတ်ထားရင်ရပြီ"
ရှောင်ယုက အပြုံးမပျက်အဖြေပေးလိုက်သည်။
လီအာ၏မျက်လုံးများသည် ထိုစကားကိုကြားကြားချင်း တောက်ပလာခဲ့သည်။အစပိုင်းတွင် ရှောင်ယုသည် ဒဏ္ဍာရီများ၌သာကြားဖူးသော လုပ်ကြံသူများ၏ချပ်ဝတ်တန်ဆာကိုပေးမည်ဟု ကတိပေးခဲ့စဉ်က သူမသံသယဖြစ်မိသော်လည်း ရှောင်ယုကအမှန်တကယ်ပေးအပ်ခဲ့သည်။ယခုအခါ ရှောင်ယုသည်သူမအား ပိုမိုကောင်းမွန်သည့်ချပ်ဝတ်တန်ဆာကိုပေးမည်ဟု ကတိပေးလာခဲ့သည့်အတွက် လီအာသည်သူမကိုယ်သူမ ချမ်းသာသောမျိုးဆက်တစ်ဦးဟု ခံစားလာရသည်။
ထို့နောက် ရှောင်ယုနှင့်အခြားသူများသည် ထိုလုပ်ကြံသူသူတောင်းစားအိုကြီးအခြေချနေထိုင်ရာ စခန်းဆီသွားရောက်စုံစမ်းခဲ့သည်။
"ဒီနေရာကဘာလဲ...ဘာကြောင့်ခုလိုထူးဆန်းတဲ့ ဗိသုကာလက်ရာတွေရှိနေရတာလဲ..."
ရှောင်ယုကထူးဆန်းသောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဒါက လုပ်ကြံသူအဖွဲ့အစည်းပဲ...ဒါကအဓိကဌာနတည်နေရာမဟုတ်ပေမဲ့ သီးသန့်ဌာနခွဲတစ်ခုလို့ ပြောနိုင်တယ်...တကယ့်လုပ်ကြံသူအဖွဲ့အစည်းက ဒီထက်အများကြီးပိုခမ်းနားတယ်...ငါကမင်းကိုအဲ့နေရာဆီခေါ်သွားပေးလို့မရဘူး...အမှန်တော့ ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ ဧကရာဇ်ရောက်လာမယ်ဆိုရင်တောင် အဲနေရာကိုလွတ်လွတ်လပ်လပ်ဝင်ရောက်နိုင်တဲ့အခွင့်အာဏာကို မပိုင်ဆိုင်ဘူး"
"ကောင်းပြီလေ..."
ရှောင်ယုသည် ထိုအကြောင်းကိုဂရုမစိုက်ပေ။အမှန်တော့ ကောင်းကင်ခြင်္သေ့မင်းဆက်၏ ဧကရာဇ်သည် အစစ်အမှန်လုပ်ကြံသူအဖွဲ့အစည်းကို အဘယ်ကြောင့်ဝင်ရောက်ခွင့်မရသည်ကို သူနားလည်ထားပြီဖြစ်သည်။
"ဒါက ဌာနခွဲတစ်ခုပဲလား..."
ရှောင်ယုက မေးမြန်းလိုက်သည်။
"ဘာများထူးဆန်းလို့လဲ...မှော်ပညာအဖွဲ့အစည်းနဲ့သူရဲကောင်းအဖွဲ့အစည်းတွေမှာတောင် ကိုယ်ပိုင်ဌာနခွဲတွေရှိတယ်...ရှေးခေတ်အချိန်ကာလတွေတုံးကတောင် စွမ်းအားကြီးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေက သူတို့ရဲ့အာဏာကိုဖြန့်ကျက်ဖို့ ဌာနခွဲတွေအများကြီးကို ဖြန့်ကျက်ထားခဲ့တယ်...ဒါပေမဲ့ဒီဌာနခွဲတွေဟာ ဌာနချုပ်ရဲ့အမိန့်ကိုလိုက်နာရတယ်...ဒါ့အပြင် ဌာနခွဲတွေသာ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရရင်တောင်မှ တစ်စုံတစ်ခုအကြောင်းပြချက်မရှိရင် ဌာနချုပ်ကဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး...ဆရာကြီးသီအိုဒေါကမှော်ပညာအဖွဲ့အစည်းကလူဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ကသာ ဌာနချုပ်ကိုတိုက်ခိုက်လာရင် သူကအဲတိုက်ခိုက်သူကို သတ်ဖြတ်ဖို့ဘာမဆိုလှုပ်ရှားလိမ့်မယ်...သူ့လိုလူမျိုးတွေလည်း အများကြီးရှိသေးတယ်"
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ကာ လီအာကို မေးမြန်းလိုက်သည်။
"မင်းကကော လုပ်ကြံသူအဖွဲ့အစည်းရဲ့အဖွဲ့ဝင်လား..."
"ဟုတ်တယ်...ငါကလုပ်ကြံသူအဖွဲ့အစည်းဌာနချုပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ"
လီအာကဂုဏ်ယူဝင့်ကြွားနေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
ရှောင်ယုသည် အဆောက်အဦးကိုစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
"ငါတို့သာ ဒီသစ်ကိုင်းကိုသစ်ပင်ကနေ ဖြတ်ထုတ်လိုက်မယ်ဆိုရင် သစ်ပင်ကငါတို့ကိုပြသနာရှာမယ်လို့ထင်လား..."
လီအာသည် ခဏလောက်စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"ဒီဌာနခွဲကို ဌာနချုပ်ကကိုယ်တိုင်အမိန့်မပေးတဲ့အတွက် အသေးအဖွဲ့ကိစ္စတစ်ခုပါဘဲ...သူတို့ကဌာနခွဲအများစုကို ဂရုမစိုက်တာများတယ်"
"ဒါကစိတ်သက်သာရာရစေတဲ့အဖြေဘဲ..."
ရှောင်ယု၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာကာ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
အခန်း ၁၄၁ - ဌာနခွဲအားဖျက်ဆီးခြင်း
ရှောင်ယုသည် ညအချိန်တွင် လုပ်ကြံသူများကို ကိုင်တွယ်ရန်အလွန်ခက်ခဲကြောင်း သတိပြုမိလိုက်သည်။သို့သော်လည်း သူ့ထံတွင်အားသာချက်တစ်ခုရှိသည်။
ကိုယ်ယောင်ဖျောက်ကာ လှုပ်ရှားနိုင်သော လုပ်ကြံသူများကို နတ်သူငယ်မုဆိုးများက ရှာဖွေတွေ့ရှိနိုင်သည်။ထို့ပြင် လုပ်ကြံသူများသည် သူတို့နှင့်နီးကပ်လာချိန်တွင် သူတို့သည်ပိုမိုလွယ်ကူစွာ အာရုံခံစားမိမှာဖြစ်သည်။တိုင်ရန်ဒီ၏ လင်းယုန်မျက်လုံးကျွမ်းကျင်မှုသည် ထိုလုပ်ကြံသူများကိုရှာဖွေရန် အကောင်းဆုံးဖြစ်သည်။
ယနေ့တွင် ရှောင်ယုသည် သူတောင်းစားအိုကို တမင်တကာလွှတ်ပေးလိုက်ခြင်းမဟုတ်ပါက တိုင်ရန်ဒီဆီမှ ထွက်ပြေးရန်မဖြစ်နိုင်ပေ။လင်းယုန်မျက်လုံးသည် အစွမ်းထက်သောကျွမ်းကျင်မှုမဟုတ်သော်လည်း ကိစ္စများစွာတွင်ကြီးမားသော အခန်းကဏ္ဍမှပါဝင်ခဲ့သည်။
ရှောင်ယုသည် အနီးတွင်ရှိသော သားရဲ၁ကို မျက်စိမှိတ်ပြလိုက်သည်။
သားရဲ၁သည် အခြားအောစ့်စစ်သည်များနှင့်အတူ မောင်းတုံးကိုမတင်လိုက်ကာ အစည်းအရုံး၏အဝင်တံခါးကို မျက်နှာမူရင်းခေါင်းညိတ်ပြလိုက်သည်။
ဘန်း...ဘန်း...
မှောင်မ်ိုက်သောညတွင် တံခါးကိုသံတူကြီးက ရိုက်ချိုးလိုက်သံသည် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။
အဆင့်၁၀သို့ရောက်ရှိလာသည်နှင့်အမျှ အောစ့်စစ်သည်များသည် အလွန်ပင်ခွန်အားကြီးမားလာခဲ့သည်။ထို့ပြင် လုပ်ကြံသူဂိုဏ်းမှ တစ်စုံတစ်ဦးသည် သူတို့၏အစည်းအရုံးတံခါးကို တစ်စုံတစ်ယောက်က ပြောင်ပြောင်တင်းတင်းချိုးဖျက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။အစည်းအရုံးတံခါးသည် အလှဆင်ရုံသက်သက်တပ်ဆင်ထားခြင်းဖြစ်ကာ ခုခံကာကွယ်ရန်မဖြစ်နိုင်ပေ။
အဆောက်အဦးကိုကာကွယ်ရန်အတွက် အစည်းအရုံးမှ တာဝန်ပေးထားသော လှည့်ကင်းများကို ရှောင်ယု၏တပ်သားများက သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ရှောင်ယု၊ဂရင်းနှင့် တိုင်ရန်ဒီတို့သည် ကိုယ်ယောင်ဖျောက်လိုက်ကြပြီး လီအာသည်ကား အလွန်သွေးအေးသောလုပ်ကြံသူအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။တိုင်ရန်ဒီနှင့်လီအာတို့သည် လှည့်ကင်းများ၏ နောက်သို့တိတ်တိတ်လေးချည်းကပ်သွားကာ လုပ်ကြံသတ်ဖြတ်ခဲ့သည်။
တံခါးကိုဖောက်ထွင်းပြီးနောက် ရှောင်ယုသည်အောစ့်စစ်သည်များနှင့်အတူ အစည်းအရုံးထဲဝင်ရောက်လာခဲ့သည်။
"မင်းက ဘယ်သူလဲ...."
လုပ်ကြံသူများသည် အလွန်လျင်မြန်စွာတုံ့ပြန်ခဲ့ကြသည်။မည်သူကမှ လုပ်ကြံသူအစည်းအရုံးအား တစ်ခါကမှဤလောက် ပြောင်ပြောင်တင်းတင်းမတိုက်ခိုက်ဖူးခဲ့ပေ။ထို့ကြောင့် သူတို့၏တံခါးဝကိုရိုက်ချိုးခံရခြင်းသည် အလွန်အရှက်ရဖွယ်ကောင်းသည်။အဖွဲ့ဝင်အားလုံးနီးပါးသည် သင့်တော်သောအခွင့်အရေးကိုစောင့်မျှော်နေကြပြီး အချို့မှာကိုယ်ပျောက်ပုံစံ၌ရှိနေခဲ့ကာ တိုက်ခိုက်ရန်အသင့်ဖြစ်နေကြပြီဖြစ်သည်။
ခပ်ပိန်ပိန်အဘိုးကြီးတစ်ယောက်သည် သူတို့အားဦးဆောင်နေခဲ့သည်။သို့သော်လည်း သူ၏မျက်လုံးများသည် တောက်ပနေခဲ့ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။ထိုသတ်ဖြတ်လိုစိတ်များသည် ကာလကြာရှည်စွာသတ်ဖြတ်လာခဲ့၍ စုစည်းနေခြင်းဖြစ်သည်။သာမန်လူတစ်ယောက်သာဖြစ်လျှင် အကြည့်ဖြင့်ပင်ဒူးထောက်နေပြီဖြစ်သည်။
ထိုအဘိုးအိုသည် အဖွဲ့အစည်းအတွင်းရှိ လုပ်ကြံသူများအားလုံးအနက် အစွမ်းအထက်ဆုံးဖြစ်ကြောင်း ရှောင်ယုခံစားမိပေသည်။ရှောင်ယု၏ခွန်အား တိုးလာသည်နှင့်အမျှ ရန်သူ၏စစ်မှန်သောစွမ်းအားက်ို ရိပ်မိလာခဲ့ပြီဖြစ်သည်။
လုပ်ကြံသူများသည် ကျွမ်းကျင်မှုတစ်ခုအား အသုံးပြုကာ သူတို့၏ခွန်အားနှင့်အသက်ရှုလမ်းကြောင်း၊အော်ရာအစရှိသည်တို့ကို ဖုံးကွယ်ထားနိုင်ပေသည်။သို့ဖြစ်ရာ အဆောက်အဦးထဲတွင် သူယခုတွေ့မြင်နေရသည့်အဘိုးကြီးထက်သန်မာသော နောက်ထပ်လုပ်ကြံသူတစ်ဦး ရှိကောင်းရှိနိုင်ပေသည်။
ရှောင်ယုသည် တန်ဓားကိုသူ့လက်ထဲတွင် စွဲကိုင်ထားပြီး ခြေလှမ်းအနည်းငယ်ရှေ့တိုးလိုက်သည်။သူသည် အဘိုးအိုကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒီနေ့ မင်းရဲ့ဂိုဏ်းက ငါ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ရောက်လာခဲ့တယ်...ငါဒီကိုစကားပြောဖို့လာတာဆိုတော့ တိုက်ခိုက်ဖို့ကိစ္စကိုစိတ်မဝင်စားဘူး"
အဘိုးကြီးက ရှောင်ယုကိုစိုက်ကြည့်ရင်း မေးလိုက်သည်။
"ဘာကိုဆိုလိုတာလဲ..."
ရှောင်ယုသည် ထိုလူ၏မျက်လုံးများကို စိုက်ကြည့်ကာ ရှင်းပြလိုက်သည်။
"ပထမအနေနဲ့ အဲ့ဒီလုပ်ကြံသူကို ငါတို့ဆီလက်လွဲပေးလိုက်....ဒုတိယအနေနဲ့ အဲလုပ်ကြံသူကိုငှါးရမ်းတဲ့သူနာမည်ကိုပြောပြ"
အဘိုးအိုသည် ရှောင်ယုအားစိုက်ကြည့်၍ လှောင်ပြောင်ရယ်မောလိုက်သည်။
"မင်းမေးခွန်းမေးနေတဲ့နေရာက လုပ်ကြံသူအဖွဲ့အစည်းဆိုတာကောသိလား...ငါတို့ကမှန်ကန်တဲ့စျေးနှုန်းကိုပေးဆောင်နေသရွေ့ မည်သူ့ကိုမဆိုသတ်ဖြတ်ဖို့ လက်ခံနိုင်တယ်...ဒါ့အပြင်အဖွဲ့အစည်းက လုပ်ကြံသူကို လူတိုင်းထံကနေကာကွယ်ရမယ်...သူ့ကိုဘယ်သူကမှလုပ်ကြံခွင့်မပေးနိုင်ဘူး...ဒါ့အပြင်ငါတို့က အလုပ်အပ်သူရဲ့နာမည်ကိုဘယ်တော့မှထုတ်မပြောဘူး...မင်းကခုငါတို့ရဲ့အဖွဲ့အစည်းကိုထိုးဖောက်ဝင်ရောက်လာတဲ့အတွက် ပြန်လည်ပေးဆပ်ရမယ်"
"မင်း ဘာတွေပြောနေတာလဲ"
ရှောင်ယုသည် အဘိုးအိုအားကြားဖြတ်နှောင့်ယှက်လိုက်သည်။
"မင်းပြောပုံအရဆိုရင် မင်းတို့ရဲ့ခေါင်းဆောင်က ဘယ်သူ့ကိုမဆိုသတ်ဖြတ်နိုင်ပြီးတော့ မင်းတို့ကအဲ့သတ်ဖြတ်မှုအတွက် တာဝန်မယူဘူးပေါ့...မင်းကိုယ်မင်းဘာထင်နေတာလဲ...မင်းတို့လာပြီးလုပ်ကြံ ရင် ငါကဘာမှမလုပ်ဘဲငြိမ်ခံနေရမှာလား..."
ရှောင်ယုသည် ထိုသို့အဆီမငေါ်မတည့်သော စကားမျိုးကို ယခုအခါမှပထမဆုံးကြားဖူးခြင်းဖြစ်သည်။
ထိုအဘိုးအိုသည်လည်း အချိန်အတော်ကြာအောင် အသက်ရှင်နေထိုင်လာသည့်သက်တမ်းတလျှောက် ယခုလိုတစ်စုံတစ်ယောက်ထံမှ ကြိမ်းမောင်းခံရခြင်းသည် ပထဆုံးအကြိမ်ဖြစ်၍အံ့သြသွားခဲ့သည်။
ရှောင်ယုသည် အဘိုးကြီး၏မျက်လုံးများကို စိုက်ကြည့်ရင်း သတိပေးလိုက်သည်။
"ငါအခု ၃အထိရေတွက်လိုက်မယ်...မင်းလုပ်ကြံသူကိုထုတ်ပေးမလား...ငါကိုယ်တိုင် ဝင်ပြီးရှာရမလား...စကားမစပ် ငါ့ရဲ့စစ်ဆေးရေးနဲ့စုံစမ်းရေးနည်းလမ်းတွေက အရမ်းကောင်းတယ်လို့ငါဂုဏ်ဖော်ပါရစေ...ငါကတော်တော်ရက်စက်တဲ့ လူတစ်ယောက်ပဲ...နောက်မှငါ့ကိုအပြစ်မတင်နဲ့"
အဘိုးအိုသည် ရှောင်ယုအားစိုက်ကြည့်ကာ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"ဘယ်သူကမှ ငါ့ကိုခြိမ်းခြောက်လို့မရဘူး..."
ရှောင်ယုသည် အဘိုးအို၏စကားကြောင့် အပြုံးမပျက်ခဲ့ပေ။
"လှံပစ်စက်တွေ...."
ရှောင်ယုအမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် လှံပစ်စက်များကို အောစ့်များကချက်ချင်းအသင့်ပြင်လိုက်ကြသည်။တိုင်ရန်ဒီသည် ကိုယ်ယောင်ဖျောက်နေသော လုပ်ကြံသူများ၏တည်နေရာကို ကြိုတင်ရှာဖွေထားခဲ့သည်။သူသည် လှံတံအားလုံးကို တပြိုင်တည်းပစ်ခတ်စေကာ ကြီးမားသောဧရိယာကိုလွှမ်းခြုံစေခဲ့သည်။လုပ်ကြံသူများသည် ရှောင်တိမ်းနိုင်စွမ်းမြင့်မားသော်လည်း သူတို့၏ရှောင်တိမ်းနိုင်စွမ်းသည် သေးငယ်သောဧရိယာအတွင်း၌သာ အကန့်အသတ်ရှိပေသည်။သို့ဖြစ်ရာ လှံပစ်စက်များမှပစ်လွှတ်လိုက်သော လှံတံများ၏လွှမ်းခြုံမှုသည် ကျယ်ပြောသည့်အတွက် ရှောင်တိမ်းရန်အလွန်ခက်ခဲခဲ့သည်။
လုပ်ကြံသူများသည် အများကြီးမလှုပ်ရှားနိုင်ခဲ့ပေ။သူတို့သည် ရန်သူများက သူတို့အားမမြင်တွေ့နိုင်သောကြောင့် သူတို့၏တည်နေရာကိုမဖော်ထုတ်နိုင်ဟု ထင်ခဲ့ကြသည်။
အဘိုးအိုသည် အလွန်သတိရှိပြီး ချက်ချင်းရှောင်တိမ်းသွားခဲ့သော်လည်း ရှောင်ယုနှင့်ဂရင်းတို့သည် အဘိုးအိုအားအတူတူတိုက်ခိုက်ခဲ့ကြသည်။အဘိုးအိုသည် ဤအဖွဲ့အစည်း၏ခေါင်းဆောင်ဖြစ်ပြီး သူ၏သေဆုံးခြင်းသို့မဟုတ် ပြင်းထန်စွာဒဏ်ရာရခြင်းသည် ကောင်းမွန်သောလက္ခဏာမဟုတ်ပေ။
ရှောင်ယုသည် လီအာထံမှဤဌာနခွဲရှိ လုပ်ကြံသူများ၏အင်အားကို ကြိုတင်မေးမြန်းခဲ့သည်။ဌာနခွဲတွင် တတိယအဆင့်လုပ်ကြံသူအနည်းငယ်သာရှိသည်ဟု လီအာကပြန်လည်ဖြေကြားခဲ့သည်။ဤတိုက်ကြီး၌ပင် စတုတ္ထအဆင့်လုပ်ကြံသူကို ရှာဖွေတွေ့ရှိရန်အလွန်ခက်ခဲပေသည်။စတုတ္ထအဆင့်လုပ်ကြံသူများသည် အလွန်များပြားသော်လည်း လုပ်ကြံသူများ၏အချိုးသည်နိမ့်ကျပေသည်။ထိုအဘိုးအိုသည် တတိယအဆင့်လုပ်ကြံသူဖြစ်ပေရာ ရှောင်ယုသည်သူ၏အဆင့်ကြောင့် အဘိုးအိုအားမကြောက်ခဲ့ပေ။
ဂရင်းနှင့်တိုင်ရန်ဒီတို့သည် အခြေခံအားဖြင့် ဒုတိယအဆင့်သူရဲကောင်းများဖြစ်ကြပြီး သူတို့သာအဆင့်၂၀သို့ရောက်ရှိလာခဲ့ပါက တတိယအဆင့်သူရဲကောင်းများအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။ထို့ပြင် ရှေးခေတ်သူရဲကောင်းများအနေဖြင့် သူတို့ထံတွင် အလွန်အစွမ်းထက်သောကျွမ်းကျင်မှုများရှိကြပေသည်။ထို့ပြင် သူတို့ထံ၌သူတို့၏အခြေခံအချက်အလက်များကို မြင့်တင်ပေးနိုင်သည့် အဆင့်၁ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပေသည်။
ထို့ကြောင့် ဂရင်းသည် တတိယအဆင့်သူရဲကောင်းတစ်ဦးကို သူတစ်ယောက်တည်းဖြင့် သတ်ဖြတ်နိုင်ပေသည်။
လုပ်ကြံသတ်ဖြတ်သူများ၏နည်းလမ်းမှာ ရန်သူအားတစ်ချက်တည်းဖြင့်သတ်ဖြတ်၍ ထွက်ပြေးလွတ်မြောက်ရန်ဖြစ်သည်။
အဘိုးအိုသည် တစ်စုံတစ်ယောက်က လုပ်ကြံသူအဖွဲ့အစည်းအား ယခုလ်ိုပြောင်ပြောင်တင်းတင်းတိုက်ခိုက်မည်ဟု တစ်ခါမှမထင်ထားခဲ့ပေ။ထိုလူသည် အစောပိုင်း၌ထွက်ပြေးကာ နောက်မှပြန်လာ၍လုပ်ကြံသတ်ဖြတ်လိုခြင်းဖြစ်သည်။သို့သော်လည်း ရှောင်ယုသည် သူ့ကိုအခွင့်အရေးမပေးလိုပေ။ထို့ကြောင့် အဘိုးအိုကိုအမှီလိုက်ရန်အတွက် သူရဲကောင်းဆန်စွာခုန်လွှားခြင်း ၊ တည်နေရာရွေ့ပြောင်းခြင်းနှင့် တာတိုရွေ့ပြောင်းခြင်းတို့အား အသုံးပြုခဲ့သည်။
ဂရင်းသည်လည်း လှံပစ်စက်များပစ်ခတ်ပြီးနောက် တာတိုရွေ့ပြောင်းခြင်းကိုအသုံးပြုကာ အဘိုးအိုကိုစတင်တိုက်ခိုက်ခဲ့သည်။အဘိုးအိုသည် လှံပစ်စက်နှင့်ဂရင်း၏တိုက်ခိုက်မှုနှစ်ခုလုံးအား ရှောင်ရှားခဲ့သော်လည်း ရှောင်ယုကအလစ်အငိုက်ဖမ်း၍ တိုက်ခိုက်လာခဲ့သည်။အဘိုးအိုသည် နောက်ထပ်တစ်ကြိမ် ရှောင်တိမ်းန်ိုင်ခဲ့သော်လည်း သူ့ထက်အဆင့်နိမ့်သောသူများ၏တိုက်ခိုက်မှုကြောင့် ယခုလိုခုခံနေရသည်ကို အလွန်ရှက်ရွံ့နေခဲ့သည်။တစ်ချိန်တည်းမှာပင် မြှားတစ်စင်းသည် လေထုကိုထိုးခွင်း၍ သူ၏ပေါင်ကိုထိုးဖောက်လာခဲ့သည်။
အဘိုးအိုသည် ဂရင်း၊ရှောင်ယုနှင့်တိုင်ရန်ဒီတို့ ၃ယောက်ပေါင်းတိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။သူသည် သန်မာသော်လည်း ရှောင်ယု၊ဂရင်းနှင့်တိုင်ရန်ဒီတို့သည်လည်း ပျော့ညံ့သောသူရဲကောင်းများမဟုတ်ပေရာ သူ့အားအလွယ်တကူချုပ်နှောင်နိုင်ခဲ့သည်။
လုပ်ကြံသူများသည် မှော်ဆရာများ၏အိပ်မက်ဆိုးများဖြစ်သောကြောင့် ရှောင်ယုသည်အန်တိုနီဒက်စ်အား ဤတိုက်ခိုက်မှု၌ပါဝင်ရန် ခွင့်မပြုခဲ့ပေ။
ထိုအချိန်တွင် အဘိုးအို၏မျက်လုံးများပေါ်၌ ကြောက်လန့်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။မြှားတံသည် သူ၏ပေါင်ကိုထိုးဖောက်သွားပြီးနောက်တွင် ဤအရာသည်အဆုံးသတ်ဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။လုပ်ကြံသူများသည် သူတို့၏ကိုယ်ယောင်ဖျောက်နိုင်စွမ်းနှင့် လျင်မြန်သောအရှိန်အဟုန်ကြောင့် ဂုဏ်ယူဝင့်ကြွားကြပေသည်။
အောစ့်စစ်သည်များသည်လည်း ငြိမ်သက်နေခြင်းမရှိပေ။သူတို့သည် လှံပစ်စက်များ၏ ပစ်ခတ်မှုပြီးဆုံးပြီးနောက် သူတို့၏လက်ပစ်ပုဆိန်ငယ်များကို စတင်ပစ်ခတ်ကြတော့သည်။သူတို့သည် ၁၀စက္ကန့်အတွင်း လက်ပစ်ပုဆိန်ပေါင်း ၅၀၀ကိုပစ်ချနိုင်ခဲ့သည်။
သူတို့သည် တိကျမှုကိုမမျှော်မှန်းဘဲ ပစ်ခတ်မှုဧရိယာကျယ်ပြောမှုကိုသာ အာရုံစိုက်ခဲ့ကြသည်။မုဆိုးများသည်လည်း လုပ်ကြံသူများနောက်သို့ ပြေးလိုက်သွားကြသည်။မုဆိုးများသည် ညအမှောင်တွင်လိုက်လျောညီထွေရှိကာ သူတို့၏ကျားသစ်များကြောင့် တိုက်ခိုက်နိုင်စွမ်းပိုကောင်းလာခဲ့သည်။
တာဝေးပစ်တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်အပြီးတွင် လုပ်ကြံသူအားလုံးနီးပါးသေဆုံးသွားခဲ့ရသည်။မုဆိုးများသည် သူတို့အလွယ်တကူသတ်ဖြတ်နိုင်သော ကျန်လုပ်ကြံသူများကိုလိုက်ရှာရန် ပူးပေါင်းခဲ့ကြသည်။
တိုင်ရန်ဒီ၏ပစ်ခတ်ခြင်းခံရပြီးနောက် အဘိုးအို၏အရှိန်သည် အလွန်ပင်လျော့ကျသွားခဲ့သည်။ဂရင်းသည် အဘိုးအိုအား အန္တိမခုတ်ပိုင်းချက်ကိုအသုံးပြု၍ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။ရှောင်ယုသည် ဝင်ရောက်မတိုက်ခိုက်တော့ဘဲ ဘေးမှနေ၍ရပ်ကြည့်နေခဲ့သည်။သူသည် အခွင့်အရေးရရှိသည်နှင့် အဘိုးအို၏နောက်ကျောကို ရုတ်တရက်ရောက်လာပြီး အဘိုးအို၏လက်ကိုခုတ်ပိုင်းခဲ့သည်။
ရှောင်ယုတို့သည် အဘိုးအိုအား အနိုင်ယူပြီးနောက်တွင် ကြိုးဖြင့်ချည်တုပ်လိုက်သည်။ထို့နောက် လုပ်ကြံသူများအားတစ်ယောက်မကျန် သတ်ဖြတ်ရန်အတွက် ဂိုဏ်းကိုမြေလှန်ခဲ့သည်။
နေ့ခင်းဘက်တွင် ရှောင်ယုအားလုပ်ကြံခဲ့သည့် သူတောင်းစားအဘိုးအိုသည် လှံပစ်စက်မှပစ်လွှတ်လိုက်သော လှံတံနှစ်ချောင်းဖြင့် ထိမှန်သတိလစ်နေခဲ့သည်။လှံတံများအနက်တစ်စင်းသည် သူ၏ဝမ်းဗိုက်အောက်ပိုင်းကို ထိုးဖောက်ခဲ့ပြီး နံရံ၌သံမှိုတစ်ချောင်းလို ထိုးစိုက်နေစေခဲ့သည်။တိုက်ပွဲစတင်ပြီး ဆယ်မိနစ်မပြည့်သေးမှီမှာပင် ရှောင်ယုသည် လုပ်ကြံသူအဖွဲ့အစည်းတစ်ခုလုံးရှိ ရတနာများနှင့်အဖိုးတန်ပစ္စည်းများအားလုံးကို လုယက်သိမ်းဆည်းနိုင်ခဲ့သည်။
ယင်းနောက် မီးရှုးတိုင်တစ်ခုကို ထွန်းညှိလိုက်ကာ အကျဉ်းသားအနည်းငယ်ကို သူတို့တည်းခိုရာတည်းခိုခန်းသို့ ဖမ်းခေါ်သွားပြီး အဆောက်အဦးကိုမီးရှို့ခဲ့ကြသည်။