အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အခန်း ၁၄၂ - စစ်ဆေးမေးမြန်းခြင်း
မြို့စောင့်တပ်များ ရောက်လာချိန်တွင် အဖွဲ့အစည်း၏အဆောက်အဦးများသည် မီးလောင်ပြာကျသွားပြီဖြစ်သည်။ထိုအဆောက်အဦးထဲတွင် သေဆုံးနေသောအလောင်းအများအပြား မီးလောင်ကျွမ်းနေခဲ့သည်။တစ်ချိန်တည်းမှာပင် ရှောင်ယုသည် တည်းခိုခန်း၌စစ်ဆေးမေးမြန်းရန်အတွက် လုပ်ကြံသူအနည်းငယ်အား ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
...
...
"ငါ့ကိုလုပ်ကြံဖို့ ဘယ်သူအမိန့်ပေးတာလဲ...."
ရှောင်ယုသည် လက်ပြတ်နေသောအဘိုးအိုကိုမေးမြန်းလိုက်သည်။သူသာ ဤလုပ်ကြံသူများကိုသနားညှာတာနေပါက ထိုလူများသည် မနက်ဖြန်တွင်သူ့အားသတ်ဖြတ်ရန်အတွက် ထပ်မံကြိုးပမ်းကြမှာဖြစ်သည်။ထို့ကြောင့် သူတို့သာခေါင်းမာနေပါက သတ်ဖြတ်ရန်အတွက် ရှောင်ယုစိတ်မရှိပေ။
.
အဘိုးအိုသည် ပြန်မဖြေဘဲ အံကိုတင်းတင်းကြိတ်ထားလိုက်သည်။သူသည် ပြင်းထန်သောဒဏ်ရာကြောင့် မျက်နှာဖြူဖျော့နေသော်လည်း သူ၏မျက်နှာသည်အေးစက်တင်းမာနေခဲ့သည်။
"သခင်က မင်းကိုမေးခွန်းမေးနေတယ်လေ...မင်းမှာနားမပါဘူးလား"
သားရဲ၁သည် ထိုအဘိုးအိုအားပါးရိုက်လိုက်သော်လည်း နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေဆဲပင်ဖြစ်သည်။
"ကောင်းတယ်....မင်းရဲ့နှုတ်လုံမှုကို ငါတကယ်လေးစားပါတယ်...ဒါပေမဲ့ စစ်ကြောရေးလုပ်တဲ့အခါကျရင်တော့ ငါကအခြားနည်းလမ်းတွေကိုအသုံးမပြုနိုင်ဘူးလို့ မဆိုလိုဘူး...ကြွက်တွေကိုဒီကိုယူလာခဲ့"
ရှောင်ယုသည် ယခုလိုကိစ္စအသေးအမွှားလေးအား အောစ့်များနှင့်နတ်သူငယ်များကို ခိုင်းစေရန်မရည်ရွယ်သည့်အတွက် လုပ်ရကိုင်ရအဆင်ပြေစေရန် ကျွန်များကိုခေါ်ဆောင်ထားခဲ့သည်။မြေခွေးသည် လိမ္မာပါးနပ်ကာ သတ္တိရှိသည့်အတွက် ရှောင်ယုသည် သူ့ကိုခေါ်ဆောင်လာခဲ့သည်။
ရှောင်ယု၏အမိန့်ကို ကြားလိုက်ရသောအချိန်တွင် မြေခွေးသည်ချက်ချင်းထွက်သွားခဲ့သည်။ဤနေရာမျိုး၌ သူသည်ခြေသွက်လက်သွက်အရှိဆုံးဖြစ်သည်။
မြေခွေးသည် ကြွက်အနည်းငယ်ကို သယ်ဆောင်၍ပြန်ရောက်လာရန်အချိန်အနည်းငယ်သာ ကြာခဲ့သဖြင့် ရှောင်ယုသည် ထိုကောင်အားသဘောကျလာခဲ့သည်။ထို့နောက် မှုန်ကုပ်ကုပ်မျက်နှာပေးဖြင့် အဘိုးအိုအားလှည့်ကြည့်လိုက်သည်။ရှောင်ယုသည် အဘိုးအို၏လက်ကိုညွန်ပြလိုက်ရာ မြေခွေးသည်ကြွက်များကို ထိုလက်ပေါ်တက်ပေးလိုက်ပြီး ကြွက်များကလက်မောင်းကို ကိုက်နိုင်အောင်ကူညီပေးရန်အတွက် အဝတ်တစ်ထည်ကိုအသုံးပြုကာ ဖုံးအုပ်ထားခဲ့သည်။
အား....
အဘိုးအို၏အော်ညဉ်းသံသည် တည်းခိုခန်းတစ်ခုလုံးအား ပဲ့တင်ထပ်သွားစေခဲ့သည်။ရှောင်ယုသည် သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုကို စောင့်ကြည့်နေရသကဲ့သို့ တုန်လှုပ်သွားခဲ့သည်။
"ကြောက်စရာကောင်းလိုက်တာ..."
ရှောင်ယုသည် သူ၏အကြည့်များကို ရှောင်လွဲထားရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။သူသည် ယခင်ဘဝကပင် သွေးထွက်သံယိုများသည့် ထိတ်လန့်ဖွယ်ရုပ်ရှင်ကားများကို မကြိုက်နှစ်သက်ပေရာ သူ့မျက်စိရှေ့မှမြင်ကွင်းသည် လွှစက်ကိုင်ထားသောစိတ္တဇလူသတ်သမားကို ပြန်လည်မြင်ယောင်လာစေခဲ့သည်။
အဘိုးအိုသည် နာကျင်စွာအော်ဟစ်နေသော်လည်း ရှောင်ယုအားစိုက်ကြည့်၍ ဒေါသတကြီးခြိမ်းခြောက်နေသေးသည်။
"ငါဘယ်သူလဲဆိုတာ မင်းသိလား....ငါက အရိပ်ဌာနရဲ့ ဌာနခွဲခေါင်းဆောင်ပဲ...ငါသေရင် အရိပ်ကငါ့အတွက် လက်စားချေပေးလိမ့်မယ်"
"အိုး...အရိပ်အဖွဲ့အစည်းအကြောင်းကို ကြားဖူးလား လီအာ"
ရှောင်ယုသည် လီအာကိုလှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
လီအာက ချက်ချင်းအဖြေပြန်ပေးလိုက်သည်။
"သူတို့ရဲ့ဂုဏ်သတင်းက တိုက်ကြီးမှာကျော်ကြားတယ်လို့ ယူဆနိုင်ပေမဲ့ ကြီးမားတဲ့အဖွဲ့အစည်းတော့မဟုတ်ဘူး"
အဘိုးအိုသည် လီအာကို အမှတ်တမဲ့ လှမ်းကြည့်မိလိုက်သည်။
"အိုး...မင်းကအရိပ်တွေရဲ့အကြောင်းကိုတောင်သိနေတာပေါ့...မင်းက ဘယ်ဌာနခွဲကလဲ"
သို့သော်လည်း နောက်အခိုက်အတန့်တွင် အဘိုးအိုသည် လီအာ၏ရင်ဘတ်ပေါ်ရှိတံဆိပ်ကိုကြည့်လိုက်ကာ ရုတ်တရက်အော်ဟစ်မိလိုက်သည်။
"မင်း...မင်းက"
လီအာသည် အဘိုးအိုအား ချက်ချင်းကြိမ်းမောင်းလိုက်သည်။
"တိတ်စမ်း...ရိုင်းစိုင်းတဲ့စကားတွေထုတ်မပြောနဲ့"
ရှောင်ယုသည် သူ၏နှလုံးသားထဲ၌ တိုးတိုးလေးရေရွတ်မိလိုက်သည်။
"သူမရဲ့နောက်ခံက ပေါ့သေးသေးတော့မဟုတ်ဘူး...အဘိုးကြီးသီအိုဒေါက သူမကိုဂရုစိုက်တာ အံ့သြစရာတော့မဟုတ်တော့ဘူး...ကံမကောင်းစွာနဲ့ အဘိုးကြီးကသူမရဲ့နောက်ခံကိုထုတ်မပြောခဲ့ဘူး"
"အဘိုးကြီး...မင်းကိုငါနောက်ဆုံးအခွင့်အရေးပေးမယ်...မင်းကိုဘယ်သူခိုင်းတာလဲ"
ရှောင်ယုက မေးမြန်းလိုက်သည်။
အဘိုးအို၏မျက်လုံးများသည် ရူးသွပ်သကဲ့သို့ နီရဲသွားခဲ့ပြီး ရူးသွပ်စွာရယ်မောလိုက်သည်။
"မင်းငါ့ကိုသတ်ရင်တောင်မှ ငါ့ပါးစပ်ကနေပြီးတော့ စကားတစ်ခွန်းမှမထွက်စေရဘူး...ငါတို့လိုအကိုင်းအခက်လေးတစ်ခုပျက်စီးသွားတာက ပုံမှန်ဆိုရင် ဌာနချုပ်ကိုလှုံဆော်ဖို့မဖြစ်နိုင်ပေမဲ့ ငါကတော့သူတို့နဲ့မတူဘူး...အရိပ်တစ်ယောက်အနေနဲ့ ငါ့မှာအရေးတကြီးလုပ်ဆောင်ရမယ့်တာဝန်ရှိတယ်....မင်းသာငါ့ကိုသတ်လိုက်ရင် သူတို့ကမင်းနောက်ကိုအဆုံးစွန်ထိလိုက်လာလိမ့်မယ်"
"အဲ့ဒါက ဘာတာဝန်လဲ..."
ရှောင်ယုသည် အဘိုးအိုပြောသည့်စကားများထဲမှ တာဝန်ဟူသည့်စကားစုကို စိတ်ဝင်စားသွားခဲ့သည်။
သို့သော်လည်း အဘိုးအိုသည် အံကိုတင်းတင်းကြိတ်ထားပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။
ရှောင်ယုသည် အဘိုးအိုကိုကြည့်ရင်း ခေါင်းခါပြလိုက်သည်။
"အိုး...တချို့လူတွေကခက်ခဲတဲ့လမ်းကိုပဲ ရွေးချယ်ချင်ကြတာပဲ...မြေခွေး အဲ့ဒီကြွက်တွေကိုဖယ်ထားလိုက်ဦး...ခုနေသူ့က်ိုသတ်လိုက်ရင် သူကအမှိုက်တစ်ခုထက်မပိုဘူးဖြစ်သွားလိမ့်မယ်"
ထို့နောက် ရှောင်ယုသည် မနေ့ကသူ့အားလုပ်ကြံရန်ကြိုးစားခဲ့သော သူတောင်းစားအိုထံ လှည့်ကြည့်လိုက်သည်။အမှန်တော့ ထိုလူသည် သူ၏အသက်အရွယ်ကိုဖုံးကွယ်ထားရန် ပြင်ဆင်မှုများပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။သူသည် အသက်၄၀ထက် အနည်းငယ်ပိုကြီးပြီး ပိန်လှီသောခန္ဓာကိုယ်ရှိပေသည်။ကံမကောင်းစွာဖြင့် သူ၏ဝမ်းဗိုက်အောက်ပိုင်းကို လှံပစ်စက်မှ လှံတံဖြင့်ထိုးစိုက်ခံထားရသည်။
ထိုအခိုက်အတန့်တွင် ရှောင်ယု၏မျက်လုံးများသည် သူ့အားအာရုံစိုက်လာသည်ကိုမြင်သောအခါ သူတောင်းစားအဘိုးအိုက ထိတ်လန့်သွားခဲ့သည်။
"ငါ့ရဲ့ကိုယ်ခံပညာကျွမ်းကျင်မှုကြောင့်သာ မနေ့ညက သေဘေးကနေ ကပ်သီးလေးလွတ်မြောက်ခဲ့တာပဲ...ဒီကိစ္စကို မျက်ကွယ်ပြုထားလို့မရဘူး...မြေခွေး ပတ်တီးတွေကိုထုတ်ပြီး ကြွက်တွေကိုသူ့ဗိုက်ပေါ်မှာ ချုပ်ထားပေးလိုက်..."
ရှောင်ယုသည် ထိုလူအထိတ်တလန့်ဖြစ်နေသည်ကိုမြင်သောအခါ ထိုလူ၏အကြောက်တရားကိုအသုံးချရန်အတွက် အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်း နားလည်လိုက်သည်။သူတောင်းစားသည် ကြိုးစားရုန်းကန်နေသော်လည်း ကြိုးများဖြင့်တင်းကျပ်စွာချည်နှောင်ထား၍ ထွက်မပြေးနိုင်ဘဲ သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ရီနေခဲ့သည်။
"မင်းဘာတွေလုပ်နေတာလဲ...မင်းကနတ်ဆိုးတစ်ကောင်ပဲ..."
သူတောင်းစားက ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
"ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်...ငါကတကယ့်မာရ်နတ်တစ်ယောက်ပဲ...မင်းရဲ့ပတ်တီးကိုမပြုတ်ကျစေဖို့သတိထား...အဲ့ဒါဆိုရင်ကြွက်တွေက မင်းဗိုက်ထဲထိထိုးဖောက်ပြီး အကျိုးသက်ရောက်မှုပိုကောင်းလိမ့်မယ်"
ရှောင်ယု၏မျက်နှာပေါ်၌ ဆိုးညစ်သောအပြုံးတစ်ခုဖြစ်ပေါ်လာကာ ခြိမ်းခြောက်လိုက်သည်။
"ဟင့်အင်း...မဟုတ်ဘူး....ငါပြောပြမယ်...ငါ့ကိုမသတ်နဲ့..."
သူတောင်းစားအဘိုးအိုသည် အခြားလုပ်ကြံသူတစ်ယောက်၏ဗိုက်အား ကြွက်များကထိုးဖောက်နေသည်ကိုကြည့်ရင်း သူကိုယ်တိုင်လည်းထိုသို့ကြုံတွေ့လာရမည်ကို တွေးမိကာအလွန်စိုးရိမ်ကြောက်လန့်သွားခဲ့သည်။
"မင်း....မင်းကသစ္စာဖောက်ပဲ...မင်းကိုလုပ်ကြံသူတစ်ယောက်လိုခေါ်ဖို့ မသင့်တော်ဘူး"
ခေါင်းဆောင်ဖြစ်သူအဘိုးအိုက လေသံပျော့ပျော့ဖြင့်ပြောလိုက်သော်လည်း သူ၏မျက်လုံး၌ဒေါသစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
"ငွေ...မင်းကအရိပ်ဌာနခွဲရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမဲ့...ငါကဒီဌာနခွဲမှာ ယာယီအလုပ်လုပ်နေတဲ့အလုပ်သမားတစ်ယောက်ပဲ...မင်းရဲ့လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားဖို့အတွက် ငါမသေချင်သေးဘူး...ငါအသက်ရှင်ဖို့အတွက် သူတို့သာငါ့ကိုလွှတ်ပေးရင် ငါသိထားသမျှ အကုန်ပြောလိုက်မယ်"
သူတောင်းစားအဘိုးအိုက ပြန်လည်အော်ဟစ်လိုက်သည်။
ရှောင်ယုသည် သူတို့နှစ်ယောက်ငြင်းခုံနေသည်ကိုကြည့်ပြီး ကျေနပ်စွာခေါင်းညိတ်မိလိုက်သည်။
"ကောင်းပြီလေ...ငါကလည်းကိုယ့်ဘဝကိုယ်တန်ဖိုးထားတတ်တဲ့သူတွေကိုပဲ သဘောကျတယ်...လာကြသူ့ကိုကြိုးဖြည်ပေးလိုက်...."
အခန်း ၁၄၃ - သိုလှောင်လက်စွပ်များ
ပါဟုခေါ်သည့် သူတောင်းစားအဘိုးအိုသည် အောစ့်များကသူ့ကိုကြိုးဖြည်ပေးလိုက်ချိန်တွင် စိတ်သက်သာရာရစွာပြုံးလိုက်မိသည်။ရှောင်ယုသည် သူတောင်းစားထိုင်ရန်အတွက် ကုလားထိုင်တစ်ခုချပေးလိုက်ကာ ဝိုင်နီတစ်ခွက်ကိုငှဲ့ပေးလိုက်သည်။ရှောင်ယုသည် လင်းယုန်စခန်းကိုသိမ်းပိုက်ပြီးနောက် သူ၏ဝိုင်သိုလှောင်မှုသည် ပိုမိုတိုးပွားလာခဲ့သည်။
သူတောင်းစားအဘိုးအိုသည် ဘေးပတ်လည်က်ိုလှည့်ကြည့်လိုက်ရာ အောစ့်စစ်သည်များစွာသည် လက်ပစ်ပုဆိန်များကို အသင့်ကိုင်ကာ သူ့အားစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။အကယ်၍ သူသာထွက်ပြေးဝံ့ပါက မရေမတွက်နိုင်သောပုဆိန်များနှင့် ပစ်ခတ်ခံရ၍ သေဆုံးသွားမည်မှာသေချာပေသည်။ယခင်ကဆိုလျှင် သူထွက်ပြေးလွတ်မြောက်ကောင်းလွတ်မြောက်နိုင်သော်လည်း ယခုအခါဒဏ်ရာရရှိထား၍ အခွင့်အရေးသည်သုညနီးပါးဖြစ်သည်။ထို့ပြင် တိုင်ရန်ဒီသည် ညနတ်သူငယ်တစ်ယောက်ဖြစ်ကာ သူတို့လိုလုပ်ကြံသူများ၏အိပ်မက်ဆိုးဖြစ်ကြောင်း ပါကသိရှိထားသည်။
"မစ္စတာပါ...ဘယ်သူကငါ့ကိုလုပ်ကြံဖို့ စေခိုင်းခဲ့တာလဲ ငါ့ကိုပြော"
ရှောင်ယုသည် မျက်လုံးမှိတ်ကာ ဝိုင်ကိုအရသာခံနေရင်း မေးလိုက်သည်။
ပါသည် ငွေကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ယုဘက်သို့လှည့်ကြည့်လိုက်သည်။
"ဒီမယ်သခင်လေး...ငါက ငါသိသမျှကိုတစ်ခုမကျန်ပြောပေးမယ်...ငါ့ရဲ့လုံခြုံရေးကို မင်းအာမခံချက်ပေးနိုင်မလား"
ရှောင်ယုသည် ကုလားထိုင်ကိုမှီလိုက်ကာ အလေးမထားဟန်ဖြင့်ပြောလိုက်သည်။
"ငါတို့လို့ မှူးမတ်မျိုးနွယ်တွေက ကတိစကားတစ်ခွန်းက်ို အရမ်းအလေးထားတယ်ဆိုတာ မင်းသိပါတယ်...နေက ကောင်းကင်ပေါ်ကနေပြုတ်မကျသရွေ့ မင်းကိုငါကိုယ်တိုင်မသတ်ဘူးဆိုတာကို ငါတို့မိသားစုရဲ့ဂုဏ်သိက္ခာနဲ့ရင်းပြီး အာမခံပေးနိုင်တယ်"
ပါသည် ခဏလောက်ငြိမ်သက်သွားခဲ့သည်။
"မင်းကို လုပ်ကြံဖို့စီစဉ်ခဲ့တာက ကာရီလို့ခေါ်တဲ့လူတစ်ယောက်ပဲ...သူကအနောက်အရပ်က နယ်မြေသခင်တစ်ယောက်ရဲ့သားပဲ"
ရရှိလာသောအဖြေသည် သူမျှော်လင့်ထားသည့်အခြေအနေတွင်ရှိနေခဲ့သည်။သို့သော်လည်း သူပြန်ရောက်ပြီးနောက်တွင် ဤပြဿနာကိုဖြေရှင်းရန် စီစဉ်ထားသောကြောင့် ဒေါသမထွက်ခဲ့ပေ။
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်သော်လည်း သိပ်ပြီးမကျေနပ်သေးပေ။
"ဒီအချက်လောက်နဲ့ မင်းရဲ့အသက်ကိုဝယ်ဖို့ မလုံလောက်သေးဘူး"
ရှောင်ယုသည် ဝိုင်ထည့်ထားသောဖန်ခွက်ကို အနည်းငယ်လှုပ်ယမ်းလိုက်သည်။
"ခုနကတော့ မင်းတို့ရဲ့အဖွဲ့အစည်းခေါင်းဆောင်က သူ့ကိုတာဝန်တစ်ခုပေးလာတယ်လို့ ပြောခဲ့တယ်...အဲ့ဒါကဘာတာဝန်လဲဆိုတာ မင်းသိလား"
ရှောင်ယု၏မေးခွန်းကိုကြားသောအခါ တချိန်လုံးတိတ်ဆိတ်နေသောငွေက ဝင်ရောက်ပြောဆိုလိုက်သည်။
"မင်းသာအဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်မိပြီဆိုရင် အရိပ်တွေကမင်းနောက်ကိုတစ်ချိန်လုံး လိုက်လာလိမ့်မယ်ဆိုတာ မင်းသိတယ်မလား"
"ခုနေ သူထုတ်မပြောရင် ချက်ချင်း သေရလိမ့်မယ်"
ရှောင်ယုက တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
ပါသည် အရိပ်၏လက်စားချေမှုကို ကြောက်ရွံ့နေသော်လည်း ယခုနေသူသာစကားမပြောခဲ့ပါက ချက်ချင်းသတ်ဖြတ်ခံရမည်ဖြစ်ကြောင်း သူသိထားပေသည်။
ထို့ကြောင့် ပါသည်မအီမသာမျက်နှာထားဖြင့် စတင်ရှင်းပြလိုက်သည်။
"ဒါကတော်တော်လျှို့ဝှက်ထားတဲ့ ကိစ္စတစ်ခုဆိုပေမဲ့ ငါအမှတ်မထင်နည်းနည်းလေးကြားလိုက်တာတော့ရှိတယ်...ငါတို့ရဲ့ဌာနချုပ်ဟာ ရှေးခေတ်အမွေအနှစ်တွေကို တူးဖော်ဖို့အတွက် တစ်စုံတစ်ယောက်ရဲ့တာဝန်ပေးခြင်းကို ခံထားရတယ်....ငါတို့ကိုတာဝန်ပေးခဲ့တဲ့အင်အားစုဟာ သူတို့ရဲ့အင်အားကြီးမားတဲ့ရန်သူတွေကြောင့် သူတို့ရဲ့ဘဏ္ဍာတွေကို လျှို့ဝှက်လမ်းကြောင်းပြောင်းပေးဖို့ ငါတို့အဖွဲ့ကိုတာဝန်ပေးခဲ့တယ်...မူလကတော့ အမွေအနှစ်ရဲ့အနီးဆုံးနေရာမှာ ငါတို့ရဲ့ဌာနခွဲတစ်ခုပဲရှိပြီး ငွေရဲ့ခွန်အားကလည်း ဒီတာဝန်ကိုပြီးမြောက်ဖို့ လုံလောက်တဲ့အထိ မြင့်မားပါတယ်... "
ပါ၏ရှင်းပြမှ ကို ကြားလိုက်ရသောအခါ ရှောင်ယုကမျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် ရှောင်ယုသည် ငွေကိုလှည့်ကြည့်လိုက်ပြီး ရှက်ရွှံစွာပြုံးလိုက်မိသည်။
"မစ္စတာငွေ...လူတိုင်းအတွက်အဆင်ပြေတဲ့လမ်းကိုပဲ ရွေးကြရအောင်...မဟုတ်ရင်ငါက မင်းရဲ့ဗိုက်ကိုအပေါက်ဖောက်ပြီးတော့ ကြွက်တွေကိုမင်းရဲ့ခန္ဓာကိုယ်ထဲ မောင်းသွင်းပေးလိုက်မယ်...မင်းရဲ့ဗိုက်ကိုက်ဖောက်ခံရတဲ့ ခံစားချက်ကိုမင်းမခံစားချင်ဘူးဆိုတာ ငါယုံကြည်တယ်"
ငွေသည် အချိန်ခဏကြာတုံ့ဆိုင်းသွားပြီးနောက် တည်ငြိမ်စွာပြုံးလိုက်မိသည်။
"ကောင်းပြီ...ငါအကုန်လုံးကိုပြောပြမယ့်အပြင် ရတနာကိုလည်း မင်းလက်ထဲငါအပ်လိုက်မယ်....ဒါပေမဲ့လျှို့ဝှက်ဆန်းကြယ်တဲ့အင်အားစုနဲ့ အရိပ်က မင်းကိုလွယ်လွယ်နဲ့အလွတ်ပေးမှာမဟုတ်ဘူး...မင်းကသူတို့ရဲ့ဆန့်ကျင်ဘက်မှာရပ်တည်လိုက်ကတည်းက မင်းရဲ့ဘေးဒုက္ခကိုရှောင်တိမ်းလို့မရတော့ဘူး...ဟားဟား"
"မင်းရဲ့လက်ရှိအခြေအနေကို ပိုပြီးကောင်းမွန်လာအောင်လုပ်ပြီးမှ ငါ့ကိုခြိမ်းခြောက်သင့်တယ်...မင်းရဲ့ပုံစံက ငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်...အသက်ကိုဝဝရှုစမ်း"
ငွေသည် သူ၏လက်ကိုမြှောက်ကာ တစ်စုံတစ်ခုကို ပြသလိုက်သည်။
"ဒါက ရတနာပဲ..."
ရှောင်ယုသည် ထိုရတနာကိုကြည့်ပြီး နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
"လက်စွပ်...မင်းရဲ့ရတနာက လက်စွပ်တစ်ခုလား"
"ငတုံးကောင်...အဲ့ဒါကသာမန်လက်စွပ်တစ်ခုမဟုတ်ဘူး...အဲ့ဒါက သိုလှောင်လက်စွပ်ပဲ...အဲ့အထဲမှာ အဖိုးတန်ရတနာပစ္စည်းတွေကို အများကြီးသိမ်းဆည်းထားလို့ရတယ်...အဲလိုမှော်လက်စွပ်မျိုးကို အဆင့်မြင့်မှော်သခင်တွေကသာဖန်တီးနိုင်တယ်...ဒါပေမဲ့ အဲ့မှော်သခင်အများစုက ရှေးခေတ်အချိန်တွေမှာ ကျန်ရစ်ခဲ့ပြီ"
"အိုး...ဟုတ်လား"
ရှောင်ယုသည် သူ၏အရေပြားအလွန်ထူသည်ဟု ခံစားမိသော်လည်း ယခုအခါ ရှက်ရွံ့မှုကြောင့်နားရွက်ဖျားများပင် နီရဲသွားခဲ့သည်။
ရှောင်ယုသည် သိုလှောင်လက်စွပ်အား လီအာထံလက်ဆင့်ကမ်းပေးလိုက်သည်။သူသည် သိုလှောင်လက်စွပ်နှင့်ကျွန်ဆွဲသီးတို့အား မည်သို့အသုံးပြုရမည်မှန်း မသိထားသည့်အတွက် လီအာကိုပေးဖွင့်ခိုင်းသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။လီအာသည် လက်စွပ်အားအနည်းငယ်လှည့်ပတ်ကစားခဲ့ရာ အဖြူရောင်အလင်းတန်းများထွက်ပေါ်လာခဲ့သည်။ထို့နောက် သစ်သားသေတ္တာငယ်လေးတစ်ခုသည် လေဟာနယ်အတွင်းမှ ရုတ်တရက်ထွက်ပေါ်လာ၍ ရှောင်ယု၏မျက်လုံးများတွင် လောဘကြီးသောအရိပ်အယောင်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
လီအာသည် ထင်ရှားသောမိသားစုမှ ဆင်းသက်လာသူဖြစ်သော်လည်း သိုလှောင်လက်စွပ်များသည် အလွန်ရှားပါးသည့်အတွက်ကြောင့် လီအာသည် သ်ိုလှောင်လက်စွပ်အား လက်ခံရရှိသည်နှင့်သူမ၏လက်ချောင်းပေါ်၌ ချက်ချင်းဝတ်ဆင်လို်က်သည်။
သို့သော်လည်း ရှောင်ယုသည် သစ်သားသေတ္တာငယ်ကိုဖွင့်လိုက်ချိန်တွငိ လီအာသည်အံ့သြသွားခဲ့ကာ သူမ၏လက်ညိုးပေါ်၌ဝတ်ဆင်ထားသော သိုလှောင်လက်စွပ်ကို ချက်ချင်းချွတ်လိုက်သည်။အဘယ်ကြောင့်ဆိုသော် ထိုသေတ္တာငယ်အတွင်း၌ သိုလှောင်လက်စွပ်များနှင့်ပြည့်နှက်နေ၍ဖြစ်သည်။
"အိုး...ဘုရားသခင်"
လီအာသည် အံ့သြတကြီးရေရွတ်မိလိုက်သည်။
ရှောင်ယုသည် လီအာ၏အံ့သြတကြီးရေရွတ်သံကိုကြားလိုက်ရချိန်တွင် ထိုရတနာ၏အရေးပါပုံကို သိလိုက်ရသည်။
လီအာသည် ထိုအကြောင်းကိုရှင်းမပြမှီအထိ ရှောင်ယုသည် သိုလှောင်လက်စွပ်များ၏ အရေးပါပုံကိုနားမလည်သေးပေ။သို့သော် သိုလှောင်လက်စွပ်များနှင့်ပြည့်နေသော သေတ္တာငယ်တစ်ခုသည် မည်မျှထိအဖိုးတန်ကြောင်း ရှောင်ယုလိုငတုံးပင်ခံစားမိပေသည်။သိုလှောင်လက်စွပ်များသည် ရှားပါးသောရတနာများဖြစ်ပေရာ ယခုလိုများများစားစားရှာတွေ့ရန် မမျှော်လင့်ထားခဲ့ပေ။
အမှန်တော့ ရှောင်ယုတစ်ယောက်တည်းသာမက ကျန်သူများသည်ပင် ဤမျှများပြားလှသော သိုလှောင်လက်စွပ်များကို တွေ့မြင်ရမည်ဟု မည်သူကမှမထင်ထားခဲ့ပေ။ဤမြင်ကွင်းကြောင့် ရှောင်ယုနှင့်လီအာတို့သည်သာမက ငွေနှင့်ပါတို့သည်ပင် ထိတ်လန့်သွားခဲ့ရသည်။သိုလှောင်လက်စွပ်အတွင်းရှိ ရတနာများသည် အဖိုးမဖြတ်နိုင်ကြောင်း သူသိထားသော်လည်း ထိုထဲ၌မည်သည့်ရတနာများရှိနေသည်ကို သူတို့မသိကြပေ။
ယခုမှ ထိုသေတ္တာငယ်သည် အဘယ်ကြောင့်အဖိုးမဖြတ်နိုင်မှန်း သူတို့နားလည်လာခြင်းဖြစ်သည်။သူတို့သည် စျေးကွက်အတွင်း အစွမ်းကုန်ရှာဖွေလျှင်တောင်မှ သိုလှောင်လက်စွပ်တစ်ကွင်းကို ရှာတွေ့ရန်မလွယ်ကူသော်လည်း ယခုမူသေတ္တာငယ်အတွင်း၌ ရာနှင့်ချီ၍ရှိနေလေသည်။
"ဟားဟား...ငါကချမ်းသာပြီ....ခုချိန်မှာငါကစောက်ရမ်းချမ်းသာတဲ့သူဌေးတစ်ယောက်ဖြစ်သွားပြီ..."
ရှောင်ယုက အသံကျယ်ကျယ်ဖြင့်ရယ်မောလိုက်သည်။
လီအာသည် သေတ္တာထဲမှ သိုလှောင်လက်စွပ်အနည်းငယ်ကို ချက်ချင်းဆွဲယူလိုက်သည်။
"တစ်ခု...မဟုတ်ဘူး...နှစ်ခု... ငါးခု...ငါသိုလှောင်လက်စွပ်၁၀ကွင်းထိယူမယ်"
ယခုအချိန်တွင် လီအာသည် သိုလှောင်လက်စွပ်များကို အရူးအမူးကောက်ယူနေပြီး သူမ၏သိမ်မွေ့သော အမူအကျင့်ကိုပင် မထိန်းသိမ်းနိုင်ေတော့ပေ။သူမရွေးချယ်ထားသော ဖက်ရှင်ပုံစံနှင့်လိုက်ဖက်ညီစေရန်အတွက် လှပသောသိုလှောင်လက်စွပ်များကို စတင်ဝတ်ဆင်ကြည့်ခဲ့သည်။
ထိုအခိုက်အတန့်တွင် လီအာသည် ချမ်းသာလှပါပေ့ဟူသော အထက်တန်းစားမိသားစုများ၏ သခင်မလေးတစ်ယောက်ပမာ သိုလှောင်လက်စွပ်များ၏အရောင်နှင့်ပုံစံကိုစတင်ရွေးချယ်နေခဲ့သည်။
"မင်းသာ အဲ့လောက်များပြားတဲ့သ်ိုလှောင်လက်စွပ်တွေကို ဆုပ်ကိုင်ထားတယ်ဆိုတာသိသွားရင် လျှို့ဝှက်ဆန်းကြယ်တဲ့အင်အားစုနဲ့ အရိပ်တင်မက အခြားအင်အားစုတွေအများကြီးကပါ မင်းနောက်ကိုလိုက်လာလိမ့်မယ်...မင်းအတွက်သေခြင်းကလွဲပြီး အခြားရွေးချယ်စရာမရှိဘူး"
ငွေသည် အေးစက်သောလေသံဖြင့် ရှောင်ယုအားကျိန်ဆဲလိုက်သည်။
အခန်း ၁၄၄ - ရှိင်းယားမြို့တော်သို့ရောက်ရှိခြင်း
ရှောင်ယုသည် သိုလှောင်လက်စွပ်များကို ချက်ချင်းသိမ်းဆည်းလိုက်သည်။
"ငါ့အတွက်စိတ်ပူနေစရာမလိုပါဘူး...ငါ့မှာကိုယ်ပိုင်နည်းလမ်းတွေအများကြီးရှိတယ်...လောလောဆယ်တော့ မင်းတို့ကိုသံလှောင်အိမ်ထဲ သော့ခတ်ထားမှရမယ်"
ရှောင်ယု၏ စကားကိုကြားသောအခါ ပါသည်အလွန်အံ့သြသွားခဲ့သည်။
"မင်းငါ့ကိုမသတ်ဘူးလို့ ကတိပေးခဲ့တာမဟုတ်ဘူးလား"
"ဟုတ်တယ်...ငါမင်းကိုသတ်မှာမဟုတ်ဘူး...ဒါပေမဲ့ မင်းကိုလွှတ်ပေးဖို့ ဒါမှမဟုတ် အခြားသူတွေလက်ကနေကယ်တင်ပေးမယ်လို့ ငါကတိမပေးခဲ့ဘူး...ငါသာမင်းကိုလွှတ်ပေးလိုက်ရင် ဒီရတနာလေးတွေအကြောင်းက ချက်ချင်းသတင်းပေါက်ကြားသွားလိ့မ်မယ်"
ရှောင်ယုက တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"သူငါ့ကိုသေချာပေါက်သတ်လိမ့်မယ်...ငါ့ကိုသူနဲ့အတူတူ တစ်နေရာတည်းမှာ ချုပ်နှောင်မထားပါနဲ့"
ပါသည် ငွေကိုသစ္စာဖောက်ခဲ့ပြီးနောက် ရှောင်ယုသည် သူတို့အားလှောင်အိမ်တစ်ခုအတွင်း၌ အတူတူချုပ်နှောင်ထားရန်စီစဉ်ခဲ့သည်။ထိုသို့ဆိုပါက ငွေသည် နောက်တစ်နေ့နံနက်ရောက်သည်ထိ အသက်ရှင်ခွင့်ပေးမည်မဟုတ်ပေ။သာမန်အားဖြင့် သူသည်ငွေ၏ပြိုင်ဘက်မဟုတ်သလို ယခုအခါဒဏ်ရာများစွာရရှိထား၍ အခြေအနေပိုမိုဆိုးရွားနေခဲ့သည်။ငွေ၏လက်တစ်ဖက်သည် ဖြတ်တောက်ခံထားရသော်လည်း အဆုံးသတ်ရလဒ်သည် မည်သို့ဖြစ်မည်ကို ပါသိရှိထားသည်။
ရှောင်ယုသည် အလေးမထားသည့် အမူအရာဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"စိတ်မကောင်းပါဘူး...ဒါပေမဲ့မင်းရဲ့တောင်းဆိုချက်ကို ငါမလိုက်လျောနိုင်ဘူး"
ရှောင်ယု၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်နှင့် ပါသည်ကြိုးစားရုန်းကန်အော်ဟစ်ခဲ့သည်။သို့သော်လည်း သူ့အားအောစ့်များက ဝိုင်းဝန်းချုပ်နှောင်ကာ လှောင်အိမ်အတွင်းသို့ခေါ်ဆောင်သွား၍ သူ့ထံ၌အခွင့်အရေးမရခဲ့ပေ။
ပါနှင့်ငွေတို့ကို ဖယ်ထုတ်ပြီးနောက်တွင် ရှောင်ယုသည် မတူညီသောသိုလှောင်လက်စွပ်များကို တစ်ခုပြီးတစ်ခုရွေးချယ်စစ်ဆေးနေသော လီအာကိုတစ်ချက်ကြည့်လိုက်သည်။
"ဒီအကျပ်အတည်းကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာရမှာပေါ့...ဒီသိုလှောင်လက်စွပ်တွေက ပစ္စည်းကောင်းတွေဆိုပေမဲ့ သူတို့ကိုထိန်းသိမ်းဖို့အရမ်းခက်ခဲတယ်"
လီအာသည် နောက်ဆုံးလက်စွပ်တစ်ခုကို ကောက်ယူလိုက်ကာ အခြားလက်စွပ်များအားလုံးက်ို သေတ္တာထဲထည့်သိမ်းလိုက်သည်။
"ကြောက်နေတာလား..."
လီအာသည် ရှောင်ယုကိုကြည့်ရင်း လှောင်ရယ်လိုက်သည်။
ရှောင်ယုက သူ၏မျက်လုံးများကိုမှိတ်၍ ပြောလိုက်သည်။
"ငါကဘာက်ိုကြောက်ရမှာလဲ....ဘာပဲဖြစ်ဖြစ်ငါတို့ ကြောက်ရမယ့်ပြဿနာဆိုတာမရှိသေးဘူး...ဒါပေမဲ့ငါတို့ကိုတစ်ချိန်လုံး စိတ်အနှောင့်အယှက်ပေးနေမယ့် လူတွေရှိနေတာမကောင်းဘူး"
လီအာသည် သူမ၏လက်ချောင်းများ၌ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်၁၀ခုကို တစ်ချက်ကြည့်လိုက်သည်။
"မင်းခုဘာလုပ်ဖို့စီစဉ်နေတာလဲ...သူတို့ကိုပြန်ပေးမှာလား...ငါမင်းကိုတစ်ခုပြောလိုက်မယ်...မင်းပြန်ပေးချင်ရင် မင်းရဲ့ဝေစုထဲကဟာကိုပဲပေးရမယ်...ငါ့ဝေစုကိုတော့လာမထိနဲ့"
ရှောင်ယုက အားရပါးရရယ်မော၍ ပြောလိုက်သည်။
"ဒါတွေအကုန်လုံးကငါ့ဟာတွေပဲ...ဝံပုလွေရဲ့ပါးစပ်ထဲရောက်သွားတဲ့အသားကို ပြန်ပေးရ်ိုးထုံးစံရှိလို့လား..အဘိုးကြီးသီအိုဒေါကိုသတင်းပို့လိုက်...."
လီအာသည် သီအိုဒေါ၏အမည်ကိုကြားသောအခါ ရှောင်ယုကိုလှည့်ကြည့်လိုက်သည်။
"သီအိုဒေါက မင်းကိုတစ်ခါတည်းကူညီမယ်လို့ကတိပေးခဲ့တာနော်...မင်းရဲ့အသက်ကို အကြိမ်ကြိမ်ကယ်တင်မယ်လို့ မပြောခဲ့ဘူး...မင်းနဲ့လျှို့ဝှက်အင်အားစုအကြားက ပြဿနာကိုပြေလည်အောင်သူကူညီပေးလိမ့်မယ်...ဒါပေမဲ့ မင်းပိုင်တဲ့လက်စွပ်တွေထဲက တချို့တဝက်ကို အဲ့အင်အားစုဆီပြန်ပေးရလိမ့်မယ်"
ရှောင်ယုသည် လီအာကိုအရူးတစ်ယောက်လို စိုက်ကြည့်လိုက်သည်။
"ငါ့ကိုယ်ငါမကာကွယ်နိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား...အဘိုးကြီးသီအိုဒေါကို ငါ့အသက်ကိုကာကွယ်ပေးမယ့်အခွင့်အရေးကို ငါခုမတောင်းဆိုသေးပါဘူး...ငါ့မှာသူ့အတွက်လက်ဆောင်တွေရှိတယ်...ရှိုင်းယားမြို့မှာငါ့ကိုလာတွေ့ဖို့ သတင်းပို့လိုက်"
ရှောင်ယု၏စကားအဆုံးတွင် လီအာ၏မျက်လုံးများသည် တောက်ပလာခဲ့ကာ ရှောင်ယုအားမျက်စောင်းထိုးကြည့်လိုက်သည်။
"မင်းက အရှက်မရှိတဲ့လူယုတ်မာပဲ..."
"အရှက်မရှိတဲ့ နယ်မြေသခင်လို့ပြောပါ"
ရှောင်ယုက သူ၏မေးစေ့ကိုမြောက်၍ ပြန်ပြင်ပြောလိုက်သည်။
...
...
ရှောင်ယုသည် နောက်တစ်နေ့နံနက်စောစောတွင် သံလှောင်အိမ်အားသွားရောက်စစ်ဆေးခဲ့သည်။သူမျှော်လင့်ထားသည့်အတိုင်း ပါသည်သေဆုံးသွားခဲ့ပြီဖြစ်ကာ ငွေသည်လည်းလည်ပင်းလိမ်ချိုးခံထားရ၍ ရှောင်ယုသည် သားရဲ၁အားမျက်စိမှိတ်ပြလိုက်သည်။ဤသို့ဖြင့် ရှောင်ယုထံတွင် ရတနာများရှိနေသည်ကို အပြင်လူများမသိတော့ပေ။သို့သော်လည်း ၎င်းတို့အားပြန်လည်ရယူရန် ကြိုးစားမယ့်အဖွဲ့၂ခုရှိနေခဲ့သည်။
ပထမအဖွဲ့မှာ အရိပ်ဖြစ်သည်။သူတို့၏ ဌာနခွဲသည် ပျက်စီးသွားခဲ့ကာ ဌာနခွဲခေါင်းဆောင်ဖြစ်သူငွေအား အရေးကြီးတာဝန်တစ်ခုအပ်နှံထားခဲ့၍ သူ့နောက်သို့ကျိန်းသေပေါက်လိုက်လာမှာဖြစ်သည်။ဒုတိယအဖွဲ့မှာ အရိပ်အားတာဝန်ပေးအပ်ထားသည့် လျှို့ဝှက်အင်အားစုဖြစ်ကာ ရှောင်ယုအားခြေရာခံရန် အရာအားလုံးက်ိုထုတ်သုံးဖို့ တွန့်ဆုတ်နေမည်မဟုတ်ပေ။ထို့ကြောင့် အလုံခြုံဆုံးနေရာဖြစ်သော ရှိုင်းယားမြို့ထံရွေ့ပြောင်းရန် အမြန်ဆုံးခရီးနှင်ရမည်ဖြစ်သည်။
ဤတာဝန်ကိုရယူထားသည့် အရိပ်ဌာနခွဲမှလုပ်ကြံသူများသည်ပင် အရိပ်နှင့်လျှို့ဝှက်အင်အားစု၏ သတင်းတင်းကြပ်မှုကြောင့် သူတို့ကာကွယ်ရမယ့် အဖိုးတန်ရတနာအကြောင်းကိုမသိကြပေ။ထို့ကြောင့် အခြားသောအင်အားစုများသည် ရှောင်ယုက သိုလှောင်လက်စွပ်များကိုရရှိသွားသည်အား မသိရှိကြသေးပေ။ထို့ကြောင့် ရှောင်ယုထံတွင်ဂရုစိုက်ရမယ့် ရန်သူ၂ဖွဲ့သာရှိခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် မျက်ကန်းတစ်ယောက်သာဖြစ်သည်။သူသည် အရိပ်သို့မဟုတ် လျှို့ဝှက်အင်အားစု၏နောက်ကွယ်ရှိ စွမ်းအားများကိုတိုက်ခိုက်ရန်အတွက် လတ်တလောတွင် လုံလောက်သောအင်အားကို မပိုင်ဆိုင်သေးပေ။သူသည် ခြင်္သေ့မြို့၌ရှိနေပါက ကြောက်ရွံ့နေမည်မဟုတ်သော်လည်း ယခုအခါသူသည် နယ်မြေအပြင်ဘက်၌ရှိနေပေသည်။ထိုသို့သော တန်ဖိုးကြီးရတနာများကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြင့် ရန်သူမှလာရောက်မတိုက်ခိုက်ဝံ့သည်ထိ ဂုဏ်သတင်းကျော်ဇော်သူမှာ သီအိုဒေါကဲ့သို့ မဟာမှော်သခင်များဖြစ်သည်။
ရှောင်ယုသည် ထိုသိုလှောင်လက်စွပ်များကို လက်ဆောင်ပေးလိုက်ခြင်းဖြင့် လျှို့ဝှက်ဆန်းကြယ်အင်အားစု သို့်မဟုတ် အရိပ်သည် သီအိုဒေါနှင့်ဆွေးနွေးညှိနှိုင်းရုံသာ တတ်နိုင်တော့မည်ဖြစ်သည်။
ရှောင်ယုသည် သီအိုဒေါအား လက်စွပ်တချို့တဝက်က်ိုသာပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။သူသည် လက်စွပ်အားလုံးကိုပေးအပ်မှာမဟုတ်ပေ ဒါဇင်အနည်းငယ်သာ ပေးအပ်သွားမည်ဖြစ်သည်။သို့သော်လည်း သိုလှောင်လက်စွပ်ဒါဇင်ချီသည် တိုက်ကြီးတစ်ခုလုံးကိုပင် လှုပ်ခါသွားစေနိင်သည်။
အသေအချာရေတွက်ကြည့်ပြီးနောက်တွင် သေတ္တာအတွင်း၌ သ်ိုလှောင်လက်စွပ်၅၀၀ကျော်ရှိပေသည်။
ထို့ကြောင့် ရှောင်ယုသည် လာမယ့်ရက်အနည်းငယ်အတွင်း သူ၏အဖွဲ့ကို အရှိန်အဟုန်ဖြင့်ခရီးဆက်ရန် အမိန့်ပေးခဲ့ကာ ရှိုင်းယားမြို့သို့မြန်နိုင်သမျှ မြန်မြန်ခရီးဆက်ရန်အတွက် ဆုံးဖြတ်ခဲ့သည်။ရှိုင်းယားမြို့သည် လန်ကာစတာပြည်နယ် မဟာမြို့စား၏အစိတ်အပိုင်းဖြစ်ပေရာ အများစုသည် သူ့ကိုရန်ရှာဝံ့ကြမှာမဟုတ်ပေ။လက်ရှိအချိန်တွင် ရန်သူအရေအတွက်နည်းလေလေ ရှောင်ယုသည်မိမိကိုယ်ကို ပိုမိုကာကွယ်နိုင်လေဖြစ်သည်။
တတိယအဆင့်လုပ်ကြံသူ ၃ဦးသည် ရှိုင်းယားမြို့နှင့်တစ်ရက်ခရီးအကွာအဝေးတွင် ရှောင်ယုအားလုပ်ကြံရန် ကြိုးစားခဲ့ကြသည်။ရှောင်ယုသည် ထိုလုပ်ကြံသူများကိုတွန်းလှန်ကာ သူတို့ထဲမှတစ်ယောက်ကိုသတ်ဖြတ်နိုင်ခဲ့သည်။တတိယအဆင့်လုပ်ကြံသူ အရေအတွက်သည်နည်းပါးသည့်အတွက်ကြောင့် အရိပ်သည်ထိုအဆင့်လုပ်ကြံသူ၃ယောက်ကို တပြိုင်နက်တည်းစေလွှတ်ခြင်းဖြင့် ဤကိစ္စ၏အရေးပါပုံကိုသက်သေပြခဲ့သည်။သူတို့သည် အခြားအင်အားစုများ၏ အာရုံကိုမဖမ်းစားနိုင်စေရန်အတွက် လုပ်ကြံသူအမြောက်အများကို မစေလွှတ်ခဲ့ပေ။
ရှောင်ယုသည် အရိပ်၏စွမ်းအားအကြောင်းကို လီအာအားမေးမြန်းကြည့်ခဲ့သည်။အရိပ်တွင် စတုတ္ထအဆင့်လုပ်ကြံသူ ၇ဦးမှ ၈ဦးအထိရှိနေနိုင်ပြီး ပဥ္စမအဆင့်လုပ်ကြံသူသည် အရိပ်၏ခေါင်းဆောင်ဖြစ်ကြောင်း လီအာကရှောင်ယုကိုရှင်းပြခဲ့သည်။
ရှောင်ယုသည် တတိယအဆင့်လုပ်ကြံသူများအား ဂရုမစိုက်သော်လည်း စတုတ္ထအဆင့်လုပ်ကြံသူများသည် သူ့အတွက်အလွန်ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။သို့သော်လည်း ပုံမှန်အခြေအနေအောက်တွင် စတုတ္ထအဆင့် လုပ်ကြံသူများကို စေလွှတ်နေမှာမဟုတ်ပေ။ဤတိုက်ကြီးပေါ်တွင် ပဥ္စမအဆင့်လုပ်ကြံသူများကို စေလွှတ်နိုင်မယ့်လူအနည်းငယ်သာရှိပေသည်။
ထို့နောက် တတိယအဆင့်လုပ်ကြံသူများ ဆက်လက်ရောက်ရှိလာကြသော်လည်း သူတို့သည်ဆက်လက်တိုက်ခိုက်မှု မပြုလုပ်ကြတော့ပေ။သူတို့သည် ရှောင်ယု၏ခွန်အားကိုနားလည်ပြီးနောက် အမှားမလုပ်လိုတော့သည်မှာ ထင်ရှားပေသည်။
တိုင်ရန်ဒီသည် လင်းယုန်မျက်လုံးကျွမ်းကျင်မှုကိုအသုံးပြုကာ ထိုလုပ်ကြံသူများကို အလွယ်တကူရှာတွေ့ခဲ့သည်။အောစ့်များသည် ထိုလုပ်ကြံသူများကို လက်ပစ်ပုဆိန်များဖြင့် ပစ်ခတ်ခဲ့သည်။ဂရင်းသည် လုပ်ကြံသူများကိုဖြေရှင်းရန် အားကောင်းသောအနီးကပ်တိုက်ခိုက်မှုများကို ထုတ်ဖော်နေစဉ် အန်တိုနီဒက်စ်သည် လုပ်ကြံသူများမခုခံနိုင်သည့် ရေခဲစိုင်များကိုထုတ်ဖော်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ရှောင်ယုသည် သူတို့၏ဓားစက်ြာများကို အသုံးပြုစေနိုင်ရန်အတွက် မုဆိုးများကိုလေ့ကျင့်ပေးနေခဲ့သည်။ဤသို့ဖြင့် သူတို့သည် ထိုဓားစက်ြာများကို အသုံးပြုနိုင်သော အဆင့်သို့ရောက်ရှိခဲ့သည်။မုဆိုးအများစုသည် သူတို့၏ဓားစင်္ကြများကို တစ်ချိန်တည်းတွင်ပစ်လွှတ်လိုက်ပါက တတိယအဆင့်လုပ်ကြံသူသည်ပင် သူတို့ပြိုင်ဘက်မဟုတ်ခဲ့ပေ။
ရှောင်ယုသည် သူတို့၏ပစ်ချက်များကို ရန်သူများမရှောင်တိမ်းနိုင်သည်အထိ လေ့ကျင့်ရန်အမိန့်ပေးခဲ့သည်။လုပ်ကြံသူများသည် ကိုယ်ယောင်ဖျောက်ကာ ရန်သူများကိုလုပ်ကြံကြသော်လည်း သူတို့၏ခန္ဓာကိုယ်သည် လုံးဝပျောက်ကွယ်သွားသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။သို့ဖြစ်ရာ ယခုလိုပြင်းထန်သောတိုက်ခိုက်မှုများက သူတို့အားကြီးကြီးမားမားထိခိုက်စေမှာဖြစ်သည်။
မုဆိုးများအား လေ့ကျင့်ပေးခြင်းသည် ခက်ခဲမည်ဟု အစောပိုင်းတွင်ယူဆထားခဲ့သော်လည်း အမှန်တကယ်လေ့ကျင့်ချိန်တွင် လွယ်ကူနေခဲ့သည်။မုဆိုးများသည် ရှောင်ယုသင်ကြားပေးသည့်အတိုင်း ဓားစက်ြာကိုအသုံးပြုခြင်း၌ ကျွမ်းကျင်နေကြပြီဖြစ်သည်။ယခုအခါ သူတို့သည် သစ်ပင်တစ်ခုကိုဦးတည်ပစ်ခတ်လိုက်သည်နှင့် ဓားစက်ြာသည်လေပေါ်ဝဲနေကာ သစ်ပင်ကိုထိမှန်ပြီးနောက် သူတို့ထံသို့ပြန်လည်ပျံသန်းလာစေရန် ပစ်ခတ်နိုင်သည်အထိ ကျွမ်းကျင်နေပြီဖြစ်သည်။
ရှောင်ယုသည် မုဆိုးများ၏အစွမ်းကြောင့် အံ့သြကျေနပ်သွားခဲ့ကာ သူ့လက်ထဲတွင် အပ်ိုဝှက်ဖဲတစ်ချပ်ကို ဆုပ်ကိုင်မိခဲ့ပြီဖြစ်သည်။
...
...
အဆုံးသတ်တွင် ရှောင်ယုတို့အဖွဲ့သည် ရှိုင်းယားမြို့သို့ရောက်လာခဲ့သည်။ရှောင်ယုသည် ရှိုင်းယားမြို့၏မြင့်မားလှသော မြို့နံရံတံတိုင်းကြီးကိုကြည့်ရင်း ပြုံးလိုက်မိသည်။
ငါ့ရဲ့ဇနီးလောင်းလေးရေ...ငါမင်းကိုလာတွေ့ပြီ