အခန်း ၁၄၅-၁၄၇
Vol. 10 Ch. 145-147
အခန်း ၁၄၅ - ကျွန်ဆွဲသီးအား အသုံးပြုနည်းလမ်းညွန်
မြို့စားအလံကိုလွှင့်ထူထားသော ရှောင်ယု၏ ဇိမ်ခံရထားလုံးသည် အော့စ်စစ်သည် ၅၀၊မုဆိုး ၅၀နှင့် ခြေလျင်တပ်သား ၁၀၀ တို့ဝိုင်းရံလျက် ရှိုင်းယားမြို့အတွင်းသို့ ဝင်ရောက်လာသည်က ရုတ်ရုတ်သဲသဲ စတင်ဖြစ်ပျက်လာခဲ့သည်။ထိုအရာသည် ရှေးခေါတ်က မှူးမတ်များ အသုံးပြုသော ပုံစံဖြစ်သည်။ယခုခေါတ်ကာလတွင် ထိုကဲ့သို ရှားပါးသော မြင်ကွင်းမျိုးကို ပြန်လည်မြင်တွေ့လိုက်ရသည့် သက်ကြီးရွယ်အိုများသည် ထိုနေရာ၌ပင် ချက်ချင်း ငိုကြွေးကြကုန်သည်။တချို့ကမူ ရှေးခေါတ်သည် တဖန်ပြန်လည် အသက်ဝင်လာပြီဟု ဆိုကြလေသည်။
အောစ့် ၊ နတ်သူငယ် ၊ လူပုနှင့် အခြားသောမျိုးနွယ်စုများသည် တိုက်ကြီးပေါ်မှ စတင်ပျောက်ကွယ်လာပြီးနောက် လူသားမျိုးနွယ်သည်ကမောက်ကမအခြေအနေသို့ စတင်ရောက်ရှိလာခဲ့သည်။နယ်မြေစစ်ပွဲများ ဖြစ်ပွားလာသည်နှင့်အမျှ အခွန်ကောက်ခံမှုလည်း တိုးမြင့်လာခဲ့သည်။လူတိုင်းသည် ခါးသီးသောအခြေအနေသို့ကျရောက်နေကြကာ သာယာစည်ပင်ခဲ့သည့်ရှေးခေတ်အချိန်ကာလကို ပြန်၍တွေးတောလွမ်းဆွတ်နေကြသည်။
ရှောင်ယု၏ယာဉ်တန်းသည် လင်းမိသားစုထံသို့ သွားရောက်လည်ပတ်နိုင်ရန်အတွက် ရှိုင်းယားမြို့တွင်ရှိသည့် အကြီးမားဆုံးဟိုတယ်၌ တည်းခိုခဲ့သည်။
ရှောင်ယုသည် သူနှင့်စေ့စပ်ထားသူကို ပထမဆုံးအကြိမ်တွေ့ရတော့မည်ဖြစ်၍ အနည်းငယ်ကြောက်ရွံ့နေခဲ့သည်။ထိုအရာသည် ခေတ်သစ်မှရောက်လာသည့် လူပျိုတစ်ယောက်အဖို့ အလွန်ထူးဆန်းသောခံစားချက်ဖြစ်သည်။သို့သော်လည်း ဤလောကတွင်မူ ထိုကဲ့သို့သောအဖြစ်မျိုးကို မကြာခဏကြုံတွေ့ရတတ်သည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် လူအများရှေ့တွင် သီအိုဒေါအား သိုလှောင်လက်စွပ်များပေးအပ်မည့် အစီအစဉ်တစ်ခုအား ဖန်တီးရန်စဉ်းစားနေခဲ့သည်။ထိုသို့သောအခြေအနေသည် အရိပ်နှင့်လျှို့ဝှက်ဆန်းကြယ်အင်အားစု၏နားသို့ ကျရောက်သွားခဲ့လျှင် သူတို့သည် လက်စွပ်ပိုင်ရှင်အသစ်ဖြစ်လာမယ့် သီအိုဒေါအား မျက်နှာချင်းပင်ဆိုင်ရဲမှာမဟုတ်ပေ။
...
...
ရှောင်ယုသည် ရှိုင်းယားမြို့သို့ရောက်ရောက်ချင်း သီအိုဒေါ၏အခြေအနေနှင့်ပတ်သက်၍ လီအာအားမေးမြန်းခဲ့သည်။သို့သော်လည်း လီအာသည်ပုခုံးသာတွန့်ပြခဲ့ကာ ဘာမှမသိသေးဟု အကြောင်းပြန်ခဲ့သည်။ရှောင်ယုသည် လီအာပြသခဲ့သောလျစ်လျူရှုသည့် သဘောထားကိုတွေ့မြင်လိုက်ချိန်တွင် သူ၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ချက် လင်းလက်သွားခဲ့သည်။ရှောင်ယုသည် သူ၏ညာဘက်လက်ကောက်ဝတ်ရှိ လက်ပတ်ကိုညင်သာစွာပွတ်သပ်လိုက်ရာ လီအာသည်မတူညီသောလူတစ်ယောက်အဖြစ် ချက်ချင်းရောက်ရှိသွားခဲ့သည်။
သူမသည် တင်ပါးကို ဆက်စီဆန်ဆန်လှုပ်ခါရင်း ရှောင်ယုဆီသို့လျှောက်လာခဲ့ကာ ဒူးထောက်ခစားလိုက်သည်။
"သခင်...ဒီညအတွက်ငါ့ကိုလိုအပ်သေးလား..."
ထို့နောက် လီအာသည်သူမဝတ်ဆင်ထားသော သားရေအဝတ်အစားများကို ချွတ်ချလိုက်ကာ သူမ၏ဖြူဖွေးသောအသားအရည်နှင့် သူ၏ကိုယ်လုံးအလှကိုပေါ်လွင်စေမယ့် ကိုယ်ကျပ်အင်္ကျီက ပေါ်လွင်လာစေခဲ့သည်။ထို့နောက် သူ၏နူးညံ့သောအသားအရည်ကိုပိုမိုပေါ်လွင်စေရန်အတွက် သူမဝတ်ဆင်ထားသည့် ကိုယ်ကျပ်အင်္ကျီကို ဖြေးဖြေးချင်းဆွဲချလိုက်သည်။
ရှောင်ယုသည် သူ၏နှုတ်ခမ်းများကို ပွတ်သပ်လိုက်ကာ ယုတ်မာစွာပြုံးလိုက်သည်။
"ငါ့မှာ အံ့သြစရာကောင်းတဲ့အိမ်ဖော်လေးတစ်ယောက်ရှိနေတာပဲ...အင်းငါတို့အတူတူအိပ်ရာတစ်ခုကို မျှဝေသင့်တယ်ထင်လား"
လီအာသည် ခေါင်းညိတ်ကာပြုံးပြလိုက်သည်။
"သခင်...ဆန္ဒရှိမယ်ဆိုရင်..."
လီအာသည် ရှောင်ယု၏အဝတ်အစားများကို ပွတ်သပ်လိုက်သည်။သူမသည် ပြုံးနေသော်လည်း သူမ၏မျက်လုံးများ၌သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
လီအာသည် ရှောင်ယု၏အင်္ကျီကို ဖြည်းညင်းစွာချွတ်နေသည့်အချိန်တွင် ရှောင်ယုသည် သူ၏လက်ကောက်ဝတ်ရှိလက်ပတ်ကို နောက်တဖန်ပွတ်သပ်လိုက်သည်။ထိုအခါ ရှောင်ယု၏အင်္ကျီကိုချွတ်၍ စိတ်ဆန္ဒပြင်းပျနေသော လီအာ၏ခန္ဓာကိုယ်သည် ရုပ်သေးရုပ်တစ်ခုကဲ့သို့ မြေပေါ်လဲပြိုကျသွားခဲ့သည်။
မကြာခင်မှာပဲ လီအာသည် မြေပြင်ပေါ်မှ ချက်ချင်းခုန်တက်လာကာ ရှောင်ယုထံသို့တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
"ရှောင်ယု...ငါမင်းကိုသတ်မယ်"
ရှောင်ယုသည် အဝေးသို့ချက်ချင်း တည်နေရာရွေ့ပြောင်းလိုက်သော်လည်း သူ၏ရယ်သံသည် အခန်းထဲ၌ပဲ့တင်ထပ်နေခဲ့သည်။
"မင်းကဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ...ဒီသင်ခန်းစာကမင်းအတွက် မလုံလောက်သေးဘူးလား...မင်းဆက်လုပ်နေမယ်ဆိုရင် ဒီထက်ကောင်းတဲ့အရာလေးတွေပေးဖို့ ငါစိတ်မရှိဘူးနော်"
လီအာသည် ချက်ချင်းရပ်တန့်သွားပြီး သူမ၏လည်ပင်းပေါ်ရှိ လည်ပတ်ကိုထိမိလိုက်သည်။သူမ၏လက်ချောင်းများသည် ကျွန်ဆွဲသီးအားထိမိလိုက်သည်နှင့်တပြိုင်နက် သူမ၏အမူအရာသည် အလွန်ဆိုးရွားသွားခဲ့သည်။သူမသည် ရှောင်ယု၏အမိန့်ကို အချိန်အတော်ကြာသည်အထိ သူမ၏ဆန္ဒမပါဘဲလုပ်ဆောင်ခဲ့ရသည်။သူမ၏ဝိညာဉ်သည် သူမ၏ခန္ဓာကိုယ်အတွင်းရှိနေသော်လည်း ကျွန်ဆွဲသီးသည် သူမ၏ခန္ဓာကိုယ်အား လွှမ်းမိုးခြယ်လှယ်ထားသည့် အခြားဝိညာဉ်တစ်ခုနှင့်တူပေသည်။
ဤအရာသည် အလွန်ကြောက်စရာကောင်းသောခံစားမှုဖြစ်သည်။သူမသည် ထိုခံစားချက်ကို သူမ၏မျက်နှာပေါ်၌ဖော်ပြရန်ပင် မလုပ်ဆောင်နိုင်သည်အထိ အခြေအနေဆိုးရွားခဲ့သည်။ရှောင်ယုသည် သူမ၏သဘောဆန္ဒမပါဘဲ သူမကိုရယ်မောစေကာ သူမအားချစ်စရာကောင်းသောအမူအရာလုပ်ပြအောင် ထိန်းချုပ်ထားခဲ့သည်။သူမ၏မျက်လုံးတစ်စုံသည်သာ သူမနှလုံးသားထဲရှိ အတွေးများကိုထင်ဟပ်စေခဲ့သည်။
...
...
ရှောင်ယုသည် ကျွန်ဆွဲသီးအားအသုံးပြုရန်နည်းလမ်းကို အချိန်အတော်ကြာအောင် ရှာမတွေ့ခဲ့ကြပေ။သို့သော်လည်း လွန်ခဲ့သောရက်အနည်းငယ်ခန့်က လီအာသည် သိုလှောင်လက်စွပ်ကို အသုံးပြုနည်းကိုသင်ကြားပေးခဲ့သည်။အသုံးပြုနည်းမှာ အလွန်ရိုးရှင်းလှပြီး သူလုပ်ဆောင်ရမယ့်တစ်ခုတည်းသောအချက်မှာ သူ၏အတွေးကို သိုလှောင်လက်စွပ်အတွင်းရှိ နေရာလွတ်အား လွတ်လွတ်လပ်လပ်ထိန်းချုပ်နိုင်အောင် ကြိုးပမ်းရန်ဖြစ်သည်။သိုလှောင်လက်စွပ်ကဲ့သို့သော မှော်ဆန်သောပစ္စည်းများအတွက် ခလုတ်များသို့မဟုတ် အခြားသောအရာများကို မလိုအပ်ခဲ့ပေ။ကျွန်ဆွဲသီး၏ အလုပ်လုပ်ပုံမှာလည်း သိုလှောင်လက်စွပ်များနှင့်အတူတူပင်ဖြစ်သည်။ကျွန်လက်ပတ်ကိုဝတ်ဆင်ထားသူသည် အမိန့်ပေးလိုက်ရုံသာဖြစ်ပြီး ကျွန်ဆွဲသီးကို ဝတ်ဆင်ထားသူက အမိန့်အတိုင်းလိုက်နာဆောင်ရွက်မည်ဖြစ်သည်။
"မင်း...မင်းငါ့ကိုဒဏ်ခတ်ဖို့အတွက် ကျွန်ဆွဲသီးကိုသုံးဝံ့တယ်ပေါ့...သီအိုဒေါနဲ့ မင်းရဲ့သဘောတူညီချက်ကို မင်းမေ့နေတာလား"
လီအာသည် အခန်းထောင့်၌ရှိနေသော ရှောင်ယုကိုစိုက်ကြည့်ကာ ခြိမ်းခြောက်သည့်ပုံစံဖြင့်ပြောလိုက်သည်။
ရှောင်ယုသည် သူ့လက်ကောက်ဝတ်ပေါ်ရှိ လက်ပတ်ကိုထိတွေ့လိုက်ပြီး ပြုံးလိုက်သည်။
"ဒါကအရမ်းကောင်းတဲ့ပစ္စည်းတစ်ခုပဲ...အံ့သြစရာကောင်းလိုက်တာ... သီအိုဒေါက ဒီကျွန်ဆွဲသီးကိုသုံးပြီး မင်းအပေါ်မဟုတ်တာမလုပ်ဖို့ဘဲ ကတိတောင်းခဲ့တာလေ...ကျွန်ဆွဲသီးကိုမသုံးရဘူးလို့ မပြောခဲ့ဘူး...ငါမင်းကိုမစော်ကားနိုင်ပေမဲ့ အိမ်သာဆေးဖို့ ဒါမှမဟုတ် အခြားအရာတစ်ခုခုကိုလုပ်ပေးဖို့ ငါအမိန့်ပေးနိုင်တယ်...ဒါကသဘောတူညီချက်ကို မချိုးဖျက်မိဘူးဆိုတာ ငါယုံကြည်တယ်"
"မင်းတကယ်သေချင်နေတာပဲ...."
လီအာသည် စားပွဲပေါ်ရှိပန်းအိုးကိုကောက်မကာ ရှောင်ယုဆီသို့ဒေါသတကြီးဖြင့် ပစ်ပေါက်လိုက်သည်။
ရှောင်ယုသည် ပန်းအိုးကိုရှောင်တိမ်းရင်း ရယ်မောလိုက်သည်။
"မင်းငါ့ကိုစိတ်ဆိုးနေစရာမလိုပါဘူး...ငါက မင်းရဲ့သခင်ဆိုတာမမေ့နဲ့ မင်းငါ့ကိုမရိုမသေမလုပ်သရွေ့ မင်းငါ့ကိုရွံရှာနေစရာမလိုပါဘူး...မင်းသာတကယ်စိတ်ပါရင် အိပ်ရာထဲပျော်စရာလေးတွေဖန်တီးလို့ရတယ်...ငါတကယ်ဗွေမယူပါဘူး"
ရှောင်ယုသည် လီအာ၏မာနကြီးသောစရိုက်ကို ကြည့်မရသည်မှာကြာမြင့်နေပြီဖြစ်သည်။အကယ်၍ သူမသာမနာခံသောအရိပ်အယောင်ပြပါက သူမအားပညာပေးရန်အတွက် ဤကျွန်ဆွဲသီးအားအသုံးပြုနိုင်ပြီဖြစ်သည်။
"မင်း တကယ်လုပ်ရဲလား..."
လီအာသည် သူမ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကွယ်ယှက်ထားလိုက်ကာ အံကိုတင်းတင်းကြိတ်ထားလိုက်သည်။
ရှောင်ယု၏မျက်လုံးများသည် သူမ၏အမွှာတောင်ထိပ်များအပေါ် အာရုံစိုက်နေခဲ့သည်။
"ငါတို့ဘာလို့ မကြိုးစားကြည့်ရတာလဲ..."
လီအာသည် သူမ၏အဝတ်အစားများကို မြန်ဆန်စွာဝတ်စားလိုက်ကာ ရှောင်ယုအားဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"မင်းသာအရမ်းရိုင်းစိုင်းလာရင် ငါသီအိုဒေါကို ပြန်ပြောရလိမ့်မယ်"
"မင်းက ငါ့ကိုမရိုမသေလုပ်နေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ...အိမ်ဖော်တစ်ယောက်က သူလုပ်ရမယ့်တာဝန်ကိုမေ့နေတာလား"
ရှောင်ယုက လီအာအားစိုက်ကြည့်ကာ ပြန်လည်ခြိမ်းခြောက်လိုက်သည်။
အမှန်တော့ရှောင်ယုသည် လီအာကိုရိုးရိုးရှင်းရှင်း သင်ခန်းစာလေးတစ်ခုပေးချင်ရုံသာဖြစ်သည်။သူသည် ကျွန်ဆွဲသီးကို အသုံးပြုနိုင်ပြီဖြစ်သော်လည်း လီအာအား သူမ၏ဆန္ဒမပါဘဲမည်သည့်အခါမှ ကျုးလွန်မည်မဟုတ်ပေ။လီအာဘက်ကလည်း ထိုကဲ့သို့ဆန္ဒ မျိုးဖြစ်ပေါ်ရန် အလှမ်းဝေးနေသေးသည်။
လီအာသည် ရှောင်ယု၏စကားကြောင့် ဒေါသတကြီးအခန်းထဲမှ ထွက်သွားခဲ့သည်။
ရှောင်ယုသည် သူမ၏အပြုအမူက်ိုတွေ့မြင်လိုက်ချိန်တွင် လီအာသည် ပဝါအဖြူကိုထောင်ပြကာ အရှုံပေးလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။သူသည် အိပ်ရာပေါ်တွင်လဲလျောင်းနေရင်း ခရီးပန်းလာသည့်အရှိန်ကြောင့် အိပ်ပျော်သွားခဲ့ကာ လီအာကိုလှည့်စားခဲ့သည့်အကြောင်းအား အိပ်မက်မက်နေခဲ့သည်။
အခန်း ၁၄၆ - လင်းအောင်ထျန်း
ရှောင်ယုသည် တစ်ညလုံးကောင်းမွန်စွာအိပ်စက်အနားယူခဲ့သည်။သူ့အားလုပ်ကြံရန် မည်သူမှမလာခဲ့ကြပေ။ထိုသို့ဖြစ်ရခြင်းမှာ သူသည် လုံးဝလုံခြုံစိတ်ချနေရခြင်းမဟုတ်ဘဲ ရန်သူများက ကျရှုံးမှုမရှိစေရန် သေချာတိုက်ခိုက်ဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။နောက်တစ်နေ့နံနက်စောစောတွင် ရှောင်ယုသည်အိပ်ရာမှစောစောထ၍ လင်းမိသာစုစံအိမ်သို့ သွားရောက်ခဲ့သည်။
အောစ့်နှင့်နတ်သူငယ်တို့သည် ရှောင်ယု၏ယာဉ်တန်းကိုကာကွယ်စောင့်ရှောက်ထားရာ လူအများ၏အာရုံစိုက်မှုကို ရရှိခဲ့သည်။သူတို့သည် ယာဉ်တန်းကိုကာကွယ်နေသော အစောင့်များအားလက်ညိုးထိုးကာ တီးတိုးပြောဆိုနေကြသည်။ထိုအရာသည် ဆပ်ကပ်ပွဲအားလူအများကြည့်ရှုနေသလ်ိုဖြစ်နေသောကြောင့် ရှောင်ယုသည် စိတ်မသက်မသာခံစားရသော်လည်း အခြားနည်းလမ်းမရှိပေ။ရှောင်ယုသည် လင်းစံအိမ်သို့ရောက်ရှိလာချိန်တွင် ကြည့်ရှုသူများ၏ဝိုင်းရံခြင်းကို ခံနေရပြီဖြစ်သည်။
ရှောင်ယုသည် ရှိုင်းယားမြို့သို့ရောက်ရှိလာပြီးနောက် သူသည်လင်းမိသားစုသို့ အလည်အပတ်လာမည်ဖြစ်ကြောင်း လင်းမိသားစုထံသတင်းပို့ရန် လူများစေလွှတ်ထားခဲ့သည်။ရှောင်ယုသည် လက်ထပ်စာချုပ်နှင့်ပတ်သက်၍ ကွဲလွဲသောခံစားချက်များရှိနေသော်လည်း လင်းမိသားစုအပေါ် ရိုင်းရိုင်းစိုင်းစိုင်းမလုပ်ဆောင်ချင်ပေ။ဝမ်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ဝမ်ထျန်းဟူကဲ့သို့ ပြုမူဆက်ဆံလာမည်ဆိုပါက ရှောင်ယုသည် လက်ထပ်စာချုပ်ကိုဖျက်သိမ်းရန် အကြောင်းပြချက်ရလာမှာဖြစ်သည်။အမှန်တော့ရှောင်ယုသည် သူ၏အဖေဖြစ်သူစီစဉ်ထားသော အိမ်ထောင်ရေးပြသနာကိုရှင်းရှင်းလင်းလင်းဖြစ်စေရန် ဗီလိန်နေရာမှဝင်ရောက်သရုပ်ဆောင်ဖို့ စိတ်ကူးထားခဲ့သည်။
သို့သော်လည်း အခြေအနေများက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။လင်းမိသားစုသည် သူ့အားအနည်းငယ်မျှသော မလေးစားမှုကိုပင် မပြသခဲ့ဘဲ အခမ်းနားဆုံးသောဓလေ့ထုံးစံဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့၍ ရှောင်ယုပင်စိတ်ပြောင်းသွားခဲ့ရသည်။ခုလိုအချိန်မျိုးတွင် သူသာရိုင်းစိုင်းစွာပြုမူခဲ့ပါက သူ၏အပြုအမူသည်အလွန်ပင်နိမ့်ကျသွားမှာဖြစ်သည်။မည်သို့ပင်ဆိုစေ လင်းမိသားစုမှပြသခဲ့သော အခမ်းအနားအရ လင်းမိသားစုခေါင်းဆောင်သည် သူ့အားနှိမ့်ချဆက်ဆံခြင်းမရှိကြောင်း နားလည်လိုက်သည်။
ရှောင်ယုအား နှုတ်ဆက်နေသောလူများ၏အလယ်တွင် ဆံပင်များဖြူဖွေးနေသည့် အမျိုးသားတစ်ဦးရပ်နေပေသည်။သူ့အားကြည့်ရသည်မှာ ဆက်ဆံရလွယ်ကူသည့်ပုံစံပေါ်နေပြီး ကြင်နာသနားတတ်သည့်အဘိုးအိုတစ်ယောက်နှင့်တူပေသည်။
"တွေ့ရတာဝမ်းသာပါတယ် မြို့စားရှောင် ငါတို့ဆီကိုလာရောက်လည်ပတ်တဲ့အတွက် ငါတို့ဂုဏ်ယူရပါတယ်"
အဘိုးအိုသည် ရှေ့သို့တိုးလာကာ ရှောင်ယုအားနှုတ်ဆက်လိုက်သည်။
ရှောင်ယုသည် အနည်းငယ်ဦးညွတ်၍ ပြန်လည်နှုတ်ဆက်လိုက်သည်။
"ဦးလေးလင်းလို အလုပ်များတဲ့လူတစ်ယောက်က ငါ့ကိုလူချင်းလာတွေ့လာတာ အားနာစရာတော့ဖြစ်ကုန်ပြီ"
ရှောင်ယု၏ဆောင်ပုဒ်မှာ " လူတစ်ယောက်က ငါ့ကိုလေးစားမှုပြရင် ငါကအဲ့လူအပေါ် ၁၀ဆပိုပြီးလေးစားမယ်....ဒါမှမဟုတ် လူတွေကငါ့ကိုကဲ့ရဲ့ကြမယ်ဆိုရင် ငါပိုမိုအားကောင်းလာအောင်ကြိုးစားပြီး သူတို့ရဲ့ပါးစပ်ပေါက်တွေကို ပိတ်ဆို့ပစ်မယ်"
ရှောင်ယု၏ဆောင်ပုဒ်အတိုင်း တစ်ဖက်လူသည် သူ့အားလေးလေးစားစားဆက်ဆံနေလေရာ သူကလည်းပြန်လည်လေးစားရပေမည်။ယခင်က ဝမ်ထျန်းဟူနှင့်တွေ့ဆုံရာတွင် သူ၏မျက်လုံးများ၌ မထီမဲ့မြင်ပြုမှုများပြည့်နှက်နေသော်လည်း ဤအဘိုးအို၏အကြည့်များတွင်မူ ရိုးသားမှုများပါဝင်နေခဲ့သည်။
ထိုအဘိုးအိုမှာ လင်းမိသားစု၏ခေါင်းဆောင်ဖြစ်သော လင်းအောင်ထျန်းဖြစ်သည်။
ရှောင်ယုသည် လင်းမိသားစုခေါင်းဆောင်အား ယခင်ကမတွေ့ဖူးသော်လည်း မိသားစုဝင်များအကြားတွင် သူ၏ရပ်တည်မှုအရ ရှောင်ယုသည်သူ၏အမည်ကို အလွယ်တကူခန့်မှန်းနိုင်ခဲ့သည်။
လင်းအောင်ထျန်းသည် သူ့နှလုံးသားထဲတွင် တိုးတိုးလေးရေရွတ်လိုက်သည်။
"သူ့ရဲ့ပုန်ကန်တတ်တဲ့ အကျင့်ဆိုးနဲ့ပတ်သက်ပြီးတော့ ကောလဟာလတွေမျိုးစုံထွက်နေပေမဲ့ သူ့ကိုကြည့်ရသလောက်တော့ အရမ်းကိုယဉ်ကျေးပြီး မြင့်မြတ်တဲ့အမူအရာအပြည့်ရှိတယ်...အဲ့ဒီကောလဟာလတွေဟာ အခြေအမြစ်မရှိတဲ့ပြောဆိုမှုတွေပဲ ဖြစ်ရမယ်...ရှောင်ကျန်းထျန်မှာ ဒီလောက်ဆိုးတဲ့သားတစ်ယောက်မရှိနိုင်ဘူး..."
"တူလေး...အထဲဝင်ပြီးစကားပြောရအောင်"
လင်းအောင်ထျန်းသည် ရင်းနှီးသောပုံစံဖြင့် ရှောင်ယု၏လက်ကိုဆွဲကိုင်လိုက်သည်။
ရှောင်ယုသည်လည်း ထိုလူဆွဲခေါ်ရာနောက်သို့ လိုက်လာခဲ့သည်။လင်းအောင်ထျန်းသည် သူ့အားကောင်းကောင်းဆက်ဆံရန် မမျှော်လင့်ထားပေ။ယခင်ရှောင်ယု၏ဂုဏ်သတင်းသည် အလွန်ဆိုးရွားပေရာ အခြေအနေတစ်ခုလုံး ချောမွေ့နေလိမ့်မည်ဟု ရှောင်ယုမမျှော်လင့်ထားခဲ့ပေ။
လင်းအောင်ထျန်းသည် ရှောင်ယုကိုဆွဲခေါ်သွားစဉ် လင်းမိသားစု၏အစေခံများသည် တိုင်ရန်ဒီ၊ဂရင်းနှင့်အန်တိုနီဒက်စ်တို့ဦးဆောင်သော အောစ့်များ၊မုဆိုးများနှင့်ခြေလျင်တပ်သားများကို အနားယူရန်အတွက် တစ်နေရာသို့ခေါ်ဆောင်သွားခဲ့သည်။လီအာသည်ကား ဒေါသထွက်နေ၌ ဤနေ့လိုက်ပါလာခြင်းမရှိပေ။
ရှောင်ယုသည် သူမအားမည်သို့ပင်ပြောပြော သူမသည်သီအိုဒေါကိုဆက်သွယ်န်ိုင်မယ့် တစ်ဦးတည်းသောသူဖြစ်သည်။သီအိုဒေါသည် ရှောင်ယုရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းပေးမယ့်ပြဿနာ၏သော့ချက်ဖြစ်သည်။အဘိုးအိုသည် တစ်နေ့နောက်ကျရောက်လာသရွေ့ ရှောင်ယုသည်လုပ်ကြံသူများ၏ပြဿနာကို တစ်နေ့ရင်ဆိုင်နေရမှာဖြစ်သည်။
ရှောင်ယုသည် လင်းမိသားစုဝင်များစုဝေးနေရာ ဧည့်ခန်းအတွင်းသို့ဝင်ရောက်လာခဲ့သည်။လင်းအောင်ထျန်းသည် ရှောင်ယုအပေါ်သဘောထားကောင်းသော်လည်း ကျန်မိသားစုဝင်များကမူ ရှောင်ယုအားသံသယအမြင်များဖြင့် ကြည့်ရှုနေကြသည်။ရှောင်ယုသည် သူတို့၏အတွေးများကို ဂရုစိုက်ခြင်းမရှိပေ။လင်းအောင်ထျန်းသည် သူ့အပေါ်ဆိုးရွားသောအမြင်မရှိကြောင်း သူသိလိုက်ပြီဖြစ်ရာ နောက်တစ်ချက်အနေဖြင့် လင်းမူရွယ်၏သူ့အပေါ်ထားရှ်ိသောအမြင်ကို သိခွင့်ရရန်လိုအပ်ပေသည်။ရှောင်ယုသည် လင်းမူရွယ်အပေါ် သဘောမကျပါက ဤအိမ်ထောင်ရေးကိုငြင်းပယ်ရန်စီစဉ်ထားသည်။တစ်ဖက်ကောင်မလေးသည်လည်း သူ၏ခင်ပွန်းဖြစ်လာသည့် သူစိမ်းတစ်ယောက်နှင့်တွေ့ဆုံချိန်တွင် အိမ်ထောင်ပြုခြင်းအား ဆန့်ကျင်နိုင်ခြေရှိသည်။
လင်းအောင်ထျန်းသည် ဧည့်ခန်းသို့ရောက်လာပြီးနောက် ရှောင်ယုကိုကြည့်ကာပြောလိုက်သည်။
"မူရွယ်ကိုအကြောင်းကြားဖို့ ငါလူအချို့ကိုစေလွှတ်ပြီးပြီ...ဒီနေ့တူလေးရောက်လာမယ်လို့ ငါတို့မထင်ထားတာကြောင့် ကြိုပြီးတော့အကြောင်းမကြားဖြစ်ခဲ့ဘူး...မကြာသေးခင်က သူမဟာမှော်အကယ်ဒမီမှာ တော်တော်လေးအလုပ်များနေခဲ့တာ"
ရှောင်ယုသည် လင်းအောင်ထျန်း၏စကားကို အပြုံးဖြင့်ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျနော်က ရှိုင်းယားမြို့မှာရက်အနည်းငယ်နေဦးမှာ မလို့အဆင်ပြေပါတယ်"
"မင်းကိုဧည့်ခံနိုင်မယ့်အခွင့်အရေးက အရမ်းရှားပါးတဲ့အတွက် မင်းရက်အနည်းငယ်လောက်တည်းခ်ိုနိုင်ရင် ပိုကောင်းတာပေါ့...မင်းအဖေကငါတွေ့ဖူးသမျှ လူတွေထဲမှာ တန်ဖိုးအရှိဆုံးယောက်ျားတစ်ယောက်ပဲ...သူငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားတာ နှမြောစရာကောင်းတယ်"
လင်းအောင်ထျန်းသည် နှမြောတသဖြစ်နေသော လေသံဖြင့်ပြောလိုက်သည်။
ထိုစကားကြောင့် ရှောင်ယု၏အမူအရာသည် ချက်ချင်းဝမ်းနည်းသွားခဲ့သည်။
"ဟုတ်တယ်...အဖေကကြီးကျယ်ခမ်းနားတဲ့လူတစ်ယောက်ဖြစ်ပေမဲ့ သူ့သားဖြစ်တဲ့ငါက အဖေ့က်ိုလိုက်မမှီဘူး...ငါ့မှာသာသူ့အစွမ်းတစ်ဝက်လောက်ပိုင်ဆိုင်ရင် အနောက်မြေရိုင်းဒေသကို လွှမ်းမိုးခဲ့တာကြာပြီ"
လင်းအောင်ထျန်းသည် ရှောင်ယု၏မျက်နှာပေါ်ရှိ နှိမ့်ချသောအမူအရာကို မြင်ပြီးချက်ချင်းအားပေးစကားဆိုလိုက်သည်။
"တူလေးက ဒီကိစ္စအတွက် ကိုယ့်ကိုကိုယ်အပြစ်မတင်သင့်ဘူး...ညီအစ်ကိုရှောင်ကျန်းထျန်ဟာ နှစ်ရာပေါင်းများစွာအတွင်း ပေါ်ထွက်လာဖို့ခဲ့ယဉ်းတဲ့လူစွမ်းကောင်းတစ်ယောက်ပဲ...စကားမစပ် လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်လောက်တုံးက ခြင်္သေ့နယ်မြေဟာ အနောက်မြေရိုင်းဒေသမှာရှိတဲ့ ဓားပြအုပ်စုတွေအားလုံးက်ို သုတ်သင်ရှင်းလင်းခဲ့ပြီး နယ်မြေလူဦးရေကလည်း ၁သန်းကျော်သွားပြီဆိုတဲ့ စာတစ်စောင်ကိုလက်ခံရရှိခဲ့တယ်...ခြင်္သေ့နယ်မြေရဲ့တည်နေရာမှာ ဖြစ်ထွန်းမှုမရှိတဲ့အတွက် အဲနေရာမှာဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲတယ်လေ...အဲ့ဒါကတူလေးရဲ့အစွမ်းတွေကြောင့်ပဲမလား"
ရှောင်ယုက ကျိုးနွံသောပုံစံဖြင့်သာ ပြန်ဖြေခဲ့သည်။
"အိမ်တော်ထိန်းဟောင်ကချဲ့ကားလွန်းနေတာပဲ...ငါတို့ကဓားပြအုပ်စုအနည်းငယ်ကိုပဲချေမှုန်းနိုင်ခဲ့တာပါ...ဓားပြအုပ်စုတွေဆိုတာ အနောက်မြေရိုင်းဒေသကနွားတွေလိုပဲ အရာအားလုံးကိုဖယ်ရှားဖို့အချိန်ယူရလိမ့်မယ်"
လင်းအောင်ထျန်းသည် ရှောင်ယု၏ရိုးသားပြီး ကျိုးနွံသောတုံ့ပြန်မှုကိုမြင်လိုက်ရချိန်တွင် သဘောကျသွားခဲ့သည်။အမှန်တော့ လင်းအောင်ထျန်းက ရှောင်ယုသည်တိုက်ပွဲ၂ကြိမ်တည်းဖြင့် အနောက်မြေရိုင်းဒေသ၏ ဓားပြပြဿနာအားဖြေရှင်းခဲ့သည်ဟု မယုံကြည်ခဲ့ပေ။အနောက်မြေရိုင်းဒေသ၏အခြေအနေကို ရှင်းရှင်းလင်းလင်းမသိသူမရှိပေ။ရှောင်ကျန်းထျန်သည် အချိန်များစွာကုန်ကျခံ၍ အားထုတ်ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်တွင် ဓားပြများ၏လက်ချက်ကြောင့်သေဆုံးသွားခဲ့ရသည်။ဤသို့သောလူငယ်လေးတစ်ဦးသည် ကမ္ဘာကျော်စစ်ဗိုလ်ချုပ်ကြီးပင် မဖြေရှင်းနိုင်ခဲ့သောပြသနာအား မည်သို့အချိန်တိုတိုအတွင်း ဖြေရှင်းနိုင်မည်နည်။
ရှောင်ယုသည် နတ်သူငယ်များ ၊အောစ့်များနှင့်လူပုများ၏အကူအညီကို ရရှိခဲ့သည်ဟု အိမ်တော်ထိန်းဟောင်က စာထဲတွင်ရေးသားထားသော်လည်း လင်းအောင်ထျန်းသည် ထိုကိစ္စကိုမယုံကြည်သေးပေ။ရှောင်ယုသည် ဓားပြပြဿနာကိုဖြေရှင်းရန် နတ်သူငယ်မည်မျှ ၊ အောစ့်မည်မျှထိလိုအပ်မည်နည်း...
လင်းအောင်ထျန်းသည် လင်းမိသားစုမှ ရှောင်ယုအားနှိမ့်ချဆက်ဆံမည်ကိုစိုးရိမ်သည့်အတွက်ကြောင့် အိမ်တော်ထိန်းဟောင်က ယခုလိုအကြောင်းအရာမျိုးစုံကို များစွာချဲ့ကားရေးသားထားခြင်းဖြစ်ကြောင်း နားလည်လိုက်ကာ ခဏလောက်စကားစမြည်ဆက်ပြောခဲ့ကြသည်။
လင်းအောင်ထျန်းသည် ဂရင်းနှင့်တိုင်ရန်ဒီအား စိတ်ဝင်တစားရှိနေခဲ့သည်။
"တူလေးရှောင်ယုက ဘယ်လိုဖြစ်ပြီးတော့ အန်ကာဂန်တောင်တန်းက အောစ့်တွေနဲ့နတ်သူငယ်တွေရဲ့အကူအညီကို ရရှိခဲ့တာလဲ...ဦးလေးကြားရတဲ့ကောလဟာလတွေအရဆိုရင် သူတို့ကအောစ့်တွေနဲနတ်သူငယ်တွေရဲ့ ဘိုးဘေးတွေလည်းဖြစ်တယ်ဆို"
ရှောင်ယုက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...သူတို့နှစ်ယောက်လုံးက အောစ့်နဲ့နတ်သူငယ်မျိုးနွယ်တွေရဲ့ ဘိုးဘေးတွေပဲ...ငါကကံတရားရဲ့ဖေးမမှုကြောင့် သူတို့နှစ်ယောက်ကိုအန်ကာဂန်တောင်တန်းရဲ့ အနက်ပိုင်းမှာရှာတွေ့ခဲ့တယ်...အစောပိုင်းမှာသူတို့က ငါ့ကိုသတ်ဖြတ်ချင်ပေမဲ့ ငါ့အဖေဟာတစ်ချိန်က သူတို့ကိုကူညီပေးခဲ့တဲ့အတွက် သူကငါ့ရဲ့အသက်ကိုချမ်းသာပေးရုံတင်မကဘဲ အဖေ့ရဲ့ကျေးဇူးတွေကြောင့် ငါ့ကိုကူညီဖို့လိုလိုလားလားဆန္ဒုပြုခဲ့ကြတယ်"
ရှောင်ယုလက်ရှိပြင်ဆင်ထားသော အကြောင်းပြချက်များသည် ပိုမိုပြည့်စုံကာ လူအများကပိုမိုလက်ခံယုံကြည်ကြသည်။လက်ရှိအချိန်တွင် အရာအားလုံးကို သူတစ်ယောက်တည်းအပေါ်ပုံချခြင်းထက် ကြီးမြတ်သောသူရဲကောင်းဖြစ်သည့် ဖခင်ဖြစ်သူ၏ဂုဏ်သတင်းကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်သည်။ရှောင်ကျန်းထျန်သည် ငယ်ရွယ်စဉ်အခါက တိုက်ကြီးတစ်ခုလုံးရှိရှေးဟောင်းနေရာများကို စူးစမ်းလေ့လာရန်အတွက် တိုက်ကြီးတစ်ခုလုံးအနှံ့ ခရီးထွက်စွန့်စားခဲ့သည်။
"အစ်ကိုကျန်းထျန်က တကယ့်သူရဲကောင်းတစ်ယောက်ပါ...သူကအောစ့်နဲ့နတ်သူငယ်တွေကိုတောင် ကျေးဇူးကြွေးတင်ခဲ့သေးတာပဲ"
လင်းအောင်ထျန်းက အထင်ကြီးလေးစားနေသည့်လေသံဖြင့်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ချိုမြိန်သောအသံတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"အဖေ...."
ရှောင်ယုသည် ထိုအသံကိုကြားလိုက်ရချိန်တွင် အသံလာရာဘက်သို့ ချက်ချင်းလှည့်ကြည့်မိလိုက်သည်။
အခန်း ၁၄၇ - ငါ့ရဲ့ဇနီးလောင်းက နတ်သမီးများလား
ရှောင်ယု၏စူးရှသောအကြည့်များက ကောင်မလေး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေခဲ့သည်။သူသည် အလှတရားများစွာကို တွေ့မြင်ဖူးကာ သူ၏မရီးများသည်လည်း အလှမယ်များသာဖြစ်သည်။လီအာနှင့်တိုင်ရန်ဒီတို့သည်လည်း ရှားပါးသောမိန်းမလှလေးများဖြစ်သည်။သို့သော်လည်း ဤကောင်မလေးသည် ပြီးပြည့်စုံသောအလှတရားဖြစ်သည်။နတ်ဘုရားများသည် ဤကဲ့သို့ပြီးပြည့်စုံသော မိန်းမလှလေးတစ်ဦးအား မည်သို့ဖန်တီးခဲ့သည်ကို ရှောင်ယုမသိရှိပေ။
ရှောင်ယုသည် ထိုမိန်းကလေးအားဖော်ပြရန်အတွက် ပြီးပြည့်စုံသည်ဟူသော စကားလုံးကိုသာအသုံးပြုနိုင်ပေသည်။သူမသည် ကျက်သရေရှိကာ မွန်မြတ်သောစိတ်ထားပိုင်ရှင်ဖြစ်သည်။သူမ၏မျက်နှာပေါ်တွင် အပြစ်အနာမဆာမရှိသည့်အပြင် ဖြူဖွေးနေသောသွားများကိုပိုင်ဆိုင်ထားပြီး ဂီတာပုံစံခန္ဓာကိုယ်လေးအား အပြာနက်ရောင်ဝတ်စုံဖြင့် ဆင်ယင်ထားသည်။သူမသည် ရေနတ်ဘုရားမတစ်ပါးဟုထင်မှတ်ရလောက်အောင် ကျက်သရေရှိသည့်မိန်းမလှလေးဖြစ်သည်။
တိုင်ရန်ဒီသည် နတ်သူငယ်တို့၏နတ်ဘုရားမဖြစ်သည့်အပြင် ဤကမ္ဘာ၏နတ်ဘုရားများနှင့်တူညီပေသည်။သူမ၏မြင့်မြတ်သောစိတ်နေစိတ်ထားနှင့် သူမ၏ထူးခြားသောနတ်သူငယ်သွင်ပြင်ကြောင့် ဤကမ္ဘာကြီးနှင့်သက်ဆိုင်မှုမရှိသကဲ့သို့ ဖြစ်နေခဲ့သည်။ထို့ကြောင့် သူမသည်မျက်နှာဖုံးကို မကြာခဏဝတ်ဆင်ထားရသည်။ထိုသို့မဟုတ်ပါက သူမသွားလေရာနေရာတိုင်းတွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်မှာဖြစ်သည်။သို့သော် တိုင်ရန်ဒီကဲ့သို့လှပသော လူသားမိန်းကလေးတစ်ယောက်အား စိတ်ကူးယဉ်ကြည့်ရန် အလွန်ခက်ခဲပေသည်။သူမတို့နှစ်ယောက်ကိုနှိုင်းယှည်ကြည့်ပါက လင်းမူရွယ်အား လူသားလောက၏ပြီးပြည့်စုံသော အလှတရားဟုသတ်မှတ်နိုင်သည်။
"သူမက ငါရဲ့ဇနီးလောင်းလား...ငါ့ဘဝကဘယ်တုံးကအဲလောက်ကောင်းလာရတာလဲ..."
ရှောင်ယုသည် သူ့နှလုံးသားထဲ၌ တိုးတိုးလေးရေရွတ်မိလိုက်သည် သူနှင့်စေ့စပ်ထားသော ဇနီးလောင်းသည်နတ်သမီးတစ်ပါးလို လှပနေမည်ဟု ရှောင်ယုမထင်ထားခဲ့ပေ။
သူနှင့်စေ့စပ်ထားသူသည် အနည်းဆုံးစစ်ဝမ်နှင့်တန်းတူရှိရမည်ဟု မျှော်လင့်ထားသော်လည်း မူရွယ်၏အလှသည် စစ်ဝမ်ထက်သာလွန်ပေသည်။
ရှောင်ယု၏အံ့သြသွားသောအကြည့်ကို တွေ့မြင်လိုက်သောအခါတွင် လင်းအောင်ထျန်းက ရယ်မောမိလိုက်သည်။
"မူရွယ်...ဒီကိုလာပါဦး...သူ့နာမည်ကရှောင်ယုဖြစ်ပြီး မြင့်မြတ်တဲ့စစ်ဗိုလ်ချုပ်ဖြစ်တဲ့ ရှောင်ကျန်းထျန်ရဲ့သားပဲ....သူကခြင်္သေ့နယ်မြေရဲ့အရှင်သခင်လည်းဖြစ်ပြီး မြို့စားကြီးဘွဲ့က်ိုလည်းဆက်ခံထားခဲ့တယ်"
လင်းမူရွယ်သည် ရှောင်ယုအားတွေ့မြင်ဖူးပြီးဖြစ်သော်လည်း မြင့်မြတ်သောအမျိုးသမီးတစ်ဦးအနေဖြင့် သူ့ကိုခဏလေးစိုက်ကြည့်ပြီးနောက် မျက်နှာနီရဲသွားခဲ့ကာ သူမ၏အဖေကိုလှည့်ကြည့်လိုက်သည်။အဖေဖြစ်သူ၏ မိတ်ဆက်စကားကိုနားထောင်ပြီးနောက် သူမ၏မျက်နှာသည်ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။သို့သော်လည်း အဖေဖြစ်သူ၏စကားများက သူမ၏နှလုံးသားက်ို အတိုင်းအတာတစ်ခုအထိတင်းမာစေခဲ့သည်။လင်းမူရွယ်သည် ထိုကိစ္စနှင့်ပတ်သက်၍ စကားပြောချင်သော်လည်း အသံတစ်ခုကသူမအား အနှောင့်အယှက်ပေးလာခဲ့သည်။
"အစ်ကိုယု...မင်းဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ"
အသံနှင့်အတူ ရှောင်ယုထံသို့ မိန်းကလေးတစ်ယောက်ပြေးဝင်လာခဲ့၍ ရှောင်ယုအံ့သြသွားရသည်။သူသည် လင်းမူရွယ်အားနှုတ်ဆက်တော့မည့်အချိန်တွင် သေးငယ်သောပုံရိပ်လေးတစ်ခုက သူ၏ရင်ခွင်အတွင်းသို့ပြေးဝင်လာခဲ့သည်။
"ဟမ်...မင်းဒီမှာဘာလုပ်နေတာလဲ..."
ရှောင်ယုမေးမြန်းလိုက်သည်။ထိုကောင်မလေးသည် မူဟန်ပင်ဖြစ်သည်။မူလက ရှောင်ယုသည် မူဟန်အားရှာဖွေရန်အတွက် မှော်အကယ်ဒမီသို့သွားရန် စီစဉ်ထားခဲ့သော်လည်း သူမကိုဤနေရာ၌တွေ့ရဖို့ မမျှော်လင့်ထားခဲ့ပေ။
"ဟီးဟီး...ငါတို့နှစ်ယောက်လုံးက မှော်အကယ်ဒမီရဲ့ကျောင်းသားတွေဖြစ်ပြီး နှစ်ယောက်လုံးကရေဓာတ်မှော်ပညာကို လေ့ကျင့်နေကြတာဖြစ်လို့ လင်းမူရွယ်နဲ့ငါက အတန်းဖော်သူငယ်ချင်းကောင်းတွေဖြစ်နေတာပဲ.."
မူဟန်သည် ရှောင်ယုအားတွေ့မြင်ရ၍ အလွန်စိတ်လှုပ်ရှားနေပုံရသည်။သူမသည် ချစ်စဖွယ်ကောင်းသည့်ပုံစံဖြင့် ရှောင်ယု၏လက်ကိုတွဲဖက်ထားလေသည်။
ရှောင်ယုသည် အနာဂတ်၏သေချာသောရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်သည့် မူဟန်အား ရက်ရက်ရောရောပြုစုဆက်ဆံခဲ့သည်။အနာဂတ်တွင် သူမသည်ခြင်္သေ့မြို့၏ အဓိကမှော်ဆရာတစ်ယောက်ဖြစ်လာရန် ရှောင်ယုကပြုစုပျိုးထောင်ပေးလိုသည်။
မူဟန်သည် လင်းမူရွယ်ကိုတစ်ချက်ကြည့်လိုက်ပြီး ရှောင်ယုကိုစိုက်ကြည့်ကာ တခစ်ခစ်ရယ်မောလိုက်သည်။
"ဒါက မူရွယ်ရဲ့ခင်ပွန်းလောင်းဖြစ်တဲ့ အစ်ကိုယုပေါ့...အဲ့ဒါဆိုမူရွယ်က ငါ့ရဲ့မရီးဖြစ်လာမှာပေါ့"
လင်းမူရွယ်သည် မူဟန်ကိုစိုက်ကြည့်ရင်း မျက်နှာနီရဲသွားခဲ့သည်။မူဟန်အမြဲပြောပြောနေသော အစ်ကိုကြီးဆိုသူသည် သူမစေ့စပ်ထားသူဖြစ်လိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
မူဟန်က ဆက်လက်၍ တတွတ်တွတ်ပြောဆိုနေခဲ့သည်။
"အစ်မမူရွယ်က ဘယ်သူနဲ့လက်ထပ်ရမယ်ဆိုတာ ငါမသိခဲ့ဘူး...တကယ်လို့အဲလူကထူးဆန်းတဲ့ လူတစ်ယောက်ဆိုရင် ငါကသူ့ကိုမူရွယ်နဲ့ရင်းနှီးအောင်လုပ်ပေးဖို့ ငါစီစဉ်ထားခဲ့တာ...ဒါပေမဲ့အစ်ကိုယုက စေ့စပ်ထားတဲ့သူလို့ ငါမထင်ထားခဲ့ဘူး...အစ်မမူရွယ်ကအရမ်းတော်တာနော်"
မူဟန်သည် သာလိကာမလေးနှင့်တူပေသည်။မည်သို့ပင်ဆိုစေ သူမသည် အခန်းတွင်းရှိ ရှက်စရာကောင်းသောလေထုအခြေအနေကို ဖြေလျော့ပေးနိုင်ခဲ့သည်။
ရှောင်ယုသည် လင်းမူရွယ်၏မျက်လုံးများထဲတွင် သူ့အားမထီမဲ့မြင်ပြုခြင်း သို့မဟုတ် အထင်အမြင်သေးသည့်အရိပ်အယောင်များ မရှိသည်ကိုတွေ့မြင်လိုက်ရသည်။သူမသည် မြင့်မြတ်သောမိသားစုမှ မိမိကိုယ်ကိုအသားလွတ်မာနကြီးနေသည် သခင်မလေးများနှင့်မတူပေ။
အမှန်တော့ ရှောင်ယုသည် အိမ်ထောင်မပြုလိုသေးသည့်အတွက်ကြောင့် လူတိုင်း၏ရှေ့တွင်အရူးတစ်ယောက်လို ပြုမူရန်စီစဉ်ခဲ့သည်။သို့သော်လည်း ရှောင်ယုသည်အခြေအနေကိုနားမလည်သော လူတစ်ယောက်မဟုတ်ပေ။ထို့ပြင် လင်းအိမ်တော်သည် ဝမ်အိမ်တော်နှင့်လုံးဝကွဲပြားပေသည်။လင်းအောင်ထျန်းသည် ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာက ရှောင်ကျန်းထျန်နှင့်သဘောတူခဲ့သော စေ့စပ်ပွဲကို ယခုထိတိုင်သဘောတူညီနေပြီး ရှောင်မိသားစုကျဆင်းနေသည်ကိုလည်း မျက်ကွယ်ပြုထားခဲ့သည်။
ရှောင်ယုသည် မူလကစောစောစီးစီး အိမ်ထောင်မပြုလိုသည့်အတွက် သူ၏စိတ်ကိုတင်းခံထားခဲ့သည်။သို့သော်လည်း လင်းအောင်ထျန်း၏ ယဉ်ကျေးပြူငှါစွာဆက်ဆံမှုနှင့်လှပသော လင်းမူရွယ်၏အသွင်အပြင်တို့ကြောင့် သူ၏စိတ်တင်းထားမှုသည် တဖြည်းဖြည်းပြေလျော့လာခဲ့သည်။လင်းမူရွယ်နှင့်မူဟန်တို့သည် ထိုင်လိုက်ကြပြီးနောက် လင်းအောင်ထျန်းသည် ရှောင်ယု၏အကြောင်းများကို စတင်ပြောကြားခဲ့သည်။ရှောင်ယု၏ အနောက်မြေရိုင်းဒေသရှိ ဓားပြများကိုရှင်းလင်းသည့်အကြောင်း၊သူ၏ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် နယ်မြေဖွံ့ဖြိုးတိုးတက်မှုအကြောင်း ၊ အောစ့်များနှင့်နတ်သူငယ်တို့၏အုပ်ချုပ်သူဖြစ်လာသည့်အကြောင်း အစရှိသည်တို့ကိုပြောဆိုခဲ့သည်။အတိုချုပ်ပြောရမည်ဆိုပါက လင်းအောင်ထျန်းသည် ရှောင်ယုအားချီးကျူးနေခြင်းဖြစ်သည်။
ဤအပြုအမူမှတဆင့် လင်းအောင်ထျန်းသည် ရှောင်နှင့်လင်းမိသားစုအကြားဆက်ဆံရေးကို အသိအမှတ်ပြုကြောင်း ပြသနေခဲ့သည်။လင်းမူရွယ်သည် ထိုအကြောင်းများကိုတိတ်ဆိတ်စွာနားထောင်နေရင်း ရှောင်ယုကို ရံဖန်ရံခါလှမ်းကြည့်နေခဲ့သည်။
လင်းအောင်ထျန်းက သူတို့နှစ်ယောက်လုံးသည် အိမ်ထောင်ပြုမယ့်အကြောင်းကို မဆန့်ကျင်ကြောင်းတွေ့မြင်လိုက်၍ ရှေ့ဆက်တိုးလိုက်သည်။
"တူလေး...တည်းခိုခန်းကိုပြန်မနေပါနဲ့တော့ ငါတို့အိမ်မှာဘာလို့လာမတည်းရတာလဲ...မူရွယ်ကမင်းကို ရှိုင်းယားမြို့အနှံ့လိုက်ပြလို့ရအောင် သူမကိုမှော်အကယ်ဒမီကနေ ရက်နည်းနည်းလောက်ခွင့်ယူခိုင်းလိုက်မယ်လေ"
ရှောင်ယုသည် ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"တူလေးကအဆင်ပြေပေမဲ့ ရက်ပိုင်းအတွင်းသူငယ်ချင်းတစ်ယောက်က ကျနော်ဆီအလည်ရောက်လာလိမ့်မယ်...ကျနော်ကသူ့ကိုဧည့်ခံပြီး လက်ဆောင်တွေပေးဖို့ပြင်ဆင်ထားတယ်...အဲ့ဒါပြီးမှလင်းအိမ်ကို ကျွန်တော်လာရောက်ပါ့မယ်"
လင်းအောင်ထျန်းသည် စိတ်မထိန်းနိုင်ဘဲ မေးမြန်းမိလိုက်သည်။
"အိုး....ဘယ်ကသူငယ်ချင်းလဲ...သူ့ကိုလည်းလင်းအိမ်တော်ကို လာခိုင်းလိုက်လေ"
လင်းအောင်ထျန်းသည် ရှောင်ယုနှင်အတူနေ့တစ်ဝက်ခန့် အချိန်ဖြုန်းပြီးနောက်တွင် ရှောင်ယုအားသူ၏သားမက်အဖြစ် သတ်မှတ်ထားခဲ့ပြီဖြစ်သည်။ရှောင်ယုသည်လည်း လင်းမူရွယ်၏ရှေ့တွင် တတ်နိုင်သမျှနှိမ့်ချနေထိုင်ရန် ကြိုးစားခဲ့သည်။
သို့သော် လင်းအောင်ထျန်းက သူ့အားဖိတ်ကြားလာချိန်တွင် လင်းအိမ်တော်၌ သူတည်းခိုရန်မဖြစ်နိုင်ကြောင်းနားလည်ပေသည်။အကယ်၍ အရိပ်ကသာသူ့အားလုပ်ကြံရန် ကြိုးစားလာပါက လင်းအိမ်တော်ကိုပါဒုက္ခရောက်စေနိုင်၍ ရှောင်ယုငြင်းဆန်လိုခြင်းဖြစ်သည်။
"ကျွန်တော့်သူငယ်ချင်းက သီအိုဒေါလို့ခေါ်တဲ့ မှော်ဆရာတစ်ယောက်ပါ...ရက်အနည်းငယ်အတွင်း သူကရှိုင်းယားမြို့တော်ကိုရောက်လာလိမ့်မယ်...ငါကသူနဲ့စကားအနည်းငယ်ပြောပြီး သူ့ကိုကျေးဇူးတင်ကြောင်းဖော်ပြဖို့ လက်ဆောင်တွေပေးရလိမ့်မယ်"
သီအိုဒေါဟူသော အမည်ကိုကြားလိုက်ရချိန်တွင် လူတိုင်းအံ့သြသွားခဲ့ကြသည်။ရှောင်ယု၏နံဘေးတွင်ထိုင်နေသော မူဟန်ကစိတ်မထိန်းနိုင်ဘဲ မေးမြန်းမိလိုက်သည်။
"အစ်ကိုယု မင်းပြောတဲ့တစ်ယောက်က ဆဌမအဆင့်မှော်သခင် သီအိုဒေါကိုပြောတာလား"
မူဟန်သည် လင်းမူရွယ်၏အနာဂတ်ခင်ပွန်းဖြစ်သူ ရှောင်ယု၏နံဘေး၌နီးကပ်စွာထိုင်နေခဲ့သည်။
ရှောင်ယုက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...အမှန်ပဲ"
ရှောင်ယု၏ရိုးရှင်းသောအဖြေတစ်ခုက လူတိုင်းကိုအံ့သြသင့်စေခဲ့သည်။သီအိုဒိုးသည် မည်ကဲ့သို့သောဇာတ်ကောင်ဖြစ်ကြောင်း ဤနေရာရှိလူတိုင်းနားလည်ကြပေသည်။သီအိုဒိုး၏အမည်နာမသည် တိုက်ကြီးတစ်ခုလုံးကို ဖြတ်သန်းသွားသည့်မိုးခြိမ်းသံနှင့်တူပေသည်။
ဤတိုက်ကြီးတွင် ဆဌမအဆင့်မှော်သခင်အနည်းငယ်သာရှိပြီး သီအိုဒိုးသည် စွမ်းအားနှင့်ဂုဏ်သတင်းအရာတွင် ဤတိုက်ကြီး၏ထိပ်ဆုံး ၃ယောက်၌ကျိန်းသေပေါက်ရပ်တည်နိုင်သည်။ထိုသို့သောမှော်သခင်မျိုးနှင့်တွေ့ခွင့်ရသူတိုင်းသည် ကံကောင်းခြင်းနှင့်ဂုဏ်ကျက်သရေကို ရရှိပိုင်ဆိုင်ကြသည်။ယခုအခါ ရှောင်ယုကသူသည် သခင်သီအိုဒိုးနှင့် သူငယ်ချင်းဖြစ်ကြောင်း ပေါ့ပေါ့ပါးပါးပြောနေခဲ့သောကြောင့် လူတိုင်းမယုံကြည်နိုင်ဖြစ်နေခဲ့ရသည်။