← Chapters

သခွားသီးရဲ့ အစွမ်းသတ္တိ

Vol. 15 Ch. 219

သခွားသီးရဲ့ အစွမ်းသတ္တိ

Vol. 15 Ch. 219

"ဒဏ္ဍာရီထဲက နတ်ဆရာကျုံးကွေဆိုတာ ခင်ဗျားကိုး"ယွီဟွေးဖေးက ကြားတာနဲ့ ချက်ချင်း အရိုအသေပေးလိုက်၏။

ကျုံးကွေက ဟားတိုက်ရယ်ပြီး "ဒဏ္ဍာရီထဲကလို့တော့ မဟုတ်ပါဘူး၊ ကိုယ်လုပ်သင့်တာလေးတွေ လုပ်ခဲ့တာပါပဲ။ ညီလေးယွီရဲ့အကြောင်းကိုတော့ ငါအခြေခံအားဖြင့် အကုန်သိပြီးသားပါ။ အပေါ်ကိုမတက်ဖြစ်ပေမဲ့ ငါနဲ့ အဘိုးကြီးချွေ့က ဆက်သွယ်လို့ရတယ်လေ... ကိုယ့်ညီအစ်ကိုအရင်းတွေပဲ၊ အားမနာပါနဲ့"

ယွီဟွေးဖေးက ချက်ချင်းပဲ စိတ်သက်သာရာရသွားတယ်။ အားမနာရရင်ပြီးရော၊ သူက အားနာရမှာကို အကြောက်ဆုံးပဲ။

"ကျုံး..."

"အစ်ကိုကြီးလို့ပဲခေါ်ပါ"

"အစ်ကိုကြီးကျုံး... ဒါဆို ညီလေးအခု ဘယ်ဆက်သွားရမှာလဲ"

ကျုံးကွေက ရယ်ပြီး "မင်းက နတ်ဘုရားတစ်ပါးပဲ၊ လူ့လောကရဲ့နည်းလမ်းတွေနဲ့ မင်းကို သတ်လို့မရသင့်ဘူး။ မင်းရဲ့နာမည်က သေမင်းစာရင်းထဲမှာမရှိဘူး၊ ဝိညာဉ်ကလည်း ရှိနေသေးတော့ သေကိုမသေသင့်ဘူး"

ယွီဟွေးဖေးက ခေါင်းကုတ်ပြီး "ဒါပေမဲ့ ကျွန်တော်... သေသွားပြီလေ"

"မင်းသေသွားတာမှန်တယ်၊ ဒါပေမဲ့ ယမမင်းက မင်းကိုမသေစေချင်ရင် လူ့လောကမှာ ဘယ်သူက မင်းကို သေစေနိုင်မှာလဲ။ ငါအခုပဲ နကျယ်ကောင်ကို မင်းကိုပြန်ပို့ခိုင်းလိုက်မယ်။ မင်းက နတ်ဘုရားပဲလေ ဝိညာဉ်သာ နေရာမှန်ပြန်ရောက်သွားရင် ခန္ဓာကိုယ်က အလိုလိုပြန်ကောင်းသွားလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" ယွီဟွေးဖေး ကြားတာနဲ့ မျက်လုံးတွေ ချက်ချင်းတောက်ပသွားသည်။

"သွားစို့... ငါမင်းကို ပြန်ပို့ပေးမယ်"

နကျယ်ကောင် ဖြတ်ပြောလိုက်တော့မှ ယွီဟွေးဖေးက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး "အစ်ကိုကြီးကျုံးကို တစ်ခုလောက်မေးချင်လို့။ ကျွန်တော်သေတာ ဒီလောက်ကြာသွားပြီ၊ ပြန်ရောက်သွားရင် အပြင်မှာ နှစ်တွေအများကြီး ကြာသွားပြီလား။ ကျွန်တော့်ခန္ဓာကိုယ်ကြီး ပြာဖြစ်သွားလောက်ပြီလားမသိဘူး"

ကျုံးကွေက ဟားတိုက်ရယ်ပြီး "နတ်ဘုရားဆိုတာဘာလဲ။ လောကသုံးပါးအပြင်ဘက်ကို ခုန်ထွက်သွားတယ်ဆိုတာဘာလဲ။ မင်းက လောကသုံးပါးကို ကောင်းကင်ဘုံ၊ လူ့ပြည်၊ ငရဲပြည်လို့ ထင်နေတာလား"

ထိုအခါမှ ယွီဟွေးဖေးက ချွေ့ကျွယ်ရဲ့စကားကို ရုတ်တရက် ပြန်သတိရသွား၏။ နတ်ဘုရားဆိုတာ သုံးဘက်မြင်ကမ္ဘာအထက်မှာ ရှိတဲ့တည်ရှိမှုတစ်ခုဖြစ်ပြီး အချိန်ရဲ့မြစ်ပြင်ကျယ်ထဲမှာ လွတ်လပ်စွာ သွားလာနိုင်တဲ့သူတွေပဲ။

"ငါမင်းကို မင်းခုမှသေတဲ့အချိန်ကို ပြန်ပို့ပေးမှာပါ... စိတ်ချ၊ အလုပ်ပျက်စေရဘူး"

"ဒါနဲ့... ဒီလိုလုပ်တာ အပြစ်ပေးခံရမှာမဟုတ်ဘူးမလား"

ကောင်းကင်ဘုံမှာ ကြီးကြပ်ရေးအဖွဲ့အစည်းရှိဆို၍ ချွေ့ကျွယ်တစ်ခါပြောဖူး၏။ နတ်ဘုရားတွေကို အချိန်ခရီးသွားပြီး အတိတ် ဒါမှမဟုတ် အနာဂတ်ကို ပြောင်းလဲခွင့်မပေးချေ။

နကျယ်ကောင်က ခေါင်းခါပြီး "မင်းသေတာက မဖြစ်သင့်တဲ့အမှားတစ်ခုပဲ။ ငါတို့က မင်းကိုပြန်ပို့ပေးတာက အမှားပြင်ဆင်တာ၊ ဒါက အပြစ်ပေးခံရမှာမဟုတ်ဘူး"

ယွီဟွေးဖေးက ချက်ချင်းပဲ စိတ်အေးသွားပြီး သူ့မြေးမနှစ်ယောက်ကို ကြည့်လိုက်၏။ သူက သူများကို ဒုက္ခပေးတာ များနေပြီ၊ ထပ်ပြောရင် သူကိုယ်တိုင်တောင် ရှက်လာတော့မယ်။

"ဒါ..."

ကျုံးကွေက ရယ်ပြီး "မင်းရဲ့သေဆုံးမှုက အမှားတစ်ခုပဲ။ မင်းရဲ့သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ တခြားလူတွေရဲ့သေဆုံးမှုကိုလည်း ပြန်လည်ပြင်ဆင်ရမှာပဲ။ သူတို့ကိုလည်း မူလအချိန်ကို ပြန်ပို့ပေးလိမ့်မယ်။ ဒါပေါ့... မင်းသာ သူတို့ကို မကာကွယ်နိုင်လို့ သူတို့ထပ်သေသွားရင်တော့ သူတို့ဒီကို ပြန်လာရမှာပဲ။ မင်းသာ သူတို့ကို ကယ်နိုင်ခဲ့ရင်တော့ သူတို့က အလိုက်သင့် အသက်ဆက်ရှင်သွားမှာပဲ"

"တော်ပြီ... မြန်မြန်သွားစို့။ ငါပြန်ပြီး အဲ့ခွေးမသားတွေကို သွားချရမယ်"ယွီဟွေးဖေးက ခေါင်းညိတ်ပြီး နားလည်ကြောင်းပြလိုက်သည်။

ဘဏ်ထဲမှာ၊ ယွီဟွေးဖေး အသက်ထွက်သွားတဲ့ အဲ့တစ်ခဏမှာပဲ ဘယ်သူမှမမြင်နိုင်တဲ့ သရဲတံခါးတစ်ခုပွင့်လာပြီး ယွီဟွေးဖေး ထွက်လာခဲ့သည်။

နကျယ်ကောင်က မြေပြင်ပေါ်က ယွီဟွေးဖေးကို ကြည့်ပြီး သူ့ရင်ဘတ်ကအပေါက်ကို ကြည့်ကာ "ဟမ့်... သေနတ်ပစ်တာ မတော်ဘူးပဲ၊ နည်းနည်းလွဲသွားသေးတယ်"

"စကားများမနေနဲ့တော့... မြန်မြန်ငါ့ကို အသက်ပြန်ရှင်ခိုင်းတော့။ အကြာကြီးသေပြီးမှ မျက်လုံးပြန်ဖွင့်ရင် ကြောက်စရာကြီး"

နကျယ်ကောင်က ရယ်ပြီး လုပ်မလို့ရှိသေးတယ် ယွီဟွေးဖေးက "ဟေး... ခဏနေဦး။ ခဏနေ ငါအသက်ပြန်ရှင်လာရင် မင်းအမြန်မပြန်နဲ့ဦးနော်..."

"ရတယ်" နကျယ်ကောင် ကြောင်သွားပြီး ယွီဟွေးဖေးရဲ့ဆိုလိုရင်းကို နားလည်ကာ ခေါင်းညိတ်လိုက်၏။

...

အဲ့ဒီအချိန်မှာပဲ ဓားပြခေါင်းဆောင်က "ငိုနေစရာလား၊ ထပ်ငိုရင် မင်းတို့ကို သတ်ပစ်မယ်"

စုန့်ချင်းက မုရှောင်ကျိုရဲ့ပါးစပ်ကို ပိတ်လိုက်သည်။ အခုအချိန်မှာ ထပ်ငိုလို့မဖြစ်တော့ဘူးဆိုတာ သူသိ၏။ မဟုတ်ရင် အလကားနေရင်း အသေဆိုးနဲ့ သေရလိမ့်မည်။

"နံပါတ်သုံး... မင်းအလောင်းကို ရှင်းလိုက်။ ဒီမှာ မျက်စိနောက်တယ်"

"ဟုတ်ကဲ့ ခေါင်းဆောင်"

သုံးကောင်က လျှောက်သွားပြီး စုန့်ချင်းကို တွန်းဖယ်ကာ ယွီဟွေးဖေးရဲ့ခြေထောက်တစ်ဖက်ကိုဆွဲပြီး အဝေးကို တရွတ်တိုက်ဆွဲသွားတော့၏။ လမ်းတစ်လျှောက်မှာ သွေးတွေက အရှည်ကြီး စွန်းထင်းကျန်ခဲ့သည်က မြင်ရတာ တော်တော်ကို ထိတ်လန့်စရာကောင်းသည်။

"ငါ့လခွီး... ခဏနေဦးကွ။ ငါနေရာမှန်တောင်မရောက်သေးဘူး" ယွီဟွေးဖေးက မကျေမနပ်ဖြစ်သွားပြီး ပြောရင်းဆိုရင်း နောက်ကနေ လိုက်သွား၏။

သုံးက ယွီဟွေးဖေးကို ဘေးကအခန်းတစ်ခန်းထဲကို ဆွဲခေါ်သွားပြီး ပစ်ထည့်လိုက်ကာ "ခွေးမသား သေတာတောင် နည်းသေးတယ်။ ငါ့ကို သခွားသီးလာကျွေးရဲသေးတယ်လား။ ထွီး..."

"ရူးနေလို့ အချစ်သူရဲကောင်းလုပ်တာ။ မင်းအခုသေပြီမလား။ မင်းရဲ့မိန်းမက တခြားယောက်ျားနဲ့ လက်ထပ်ပြီး ကလေးမွေးမှာပဲ မဟုတ်လား။ ဆယ်နှစ်ကြာရင် ဘယ်ခွေးမသားက မင်းကို မှတ်မိနေမှာလဲ။ ဒါပေမဲ့ မင်းစိတ်ချပါ... ခဏနေ ငါသူ့ကို လုပ်လိုက်မယ်။ မွေးလာရင်လည်း ငါ့ကလေးပဲ။ ဟားဟားဟား..."

ပြောပြီးတော့ သုံးက သခွားသီးကို သတိရသွားပြီး ယွီဟွေးဖေး အရင်ကပေးခဲ့တဲ့ သခွားသီးကို ထုတ်စားရင်း ဆဲဆိုနေပြန်သေး။ သုံးကောင်က ရိုင်းစိုင်းစွာရယ်မောနေရင်း ရယ်နေရင်းနဲ့ သူ့မျက်နှာအမူအရာက တောင့်တင်းသွားပြီး နောက်ဆုံးမှာတော့ လိမ်ကောက်၊ ထူးဆန်း၊ ကြောက်လန့်စရာပုံစံဖြစ်သွား၏။

အကြောင်းက မြေပြင်ပေါ်မှာ လဲလျောင်းနေသင့်တဲ့အလောင်းဟာ ဖြည်းဖြည်းချင်း ထထိုင်လာပြီးတော့ တစ်မီတာလောက်ရှည်တဲ့ ဘိုးကြီးသခွားသီးမျိုးကြီးတစ်လုံးကို ထုတ်လိုက်တာကြောင့်ပင်။

အဘိုးကြီးသခွားသီးမျိုးက သာမန်သခွားသီးနုနုနဲ့မတူဘူး၊ ဒီအရာက အခွံက ဖရုံသီးလိုပဲ တော်တော်ထူတယ်။ အရှေ့မြောက်ဒေသမှာတော့ အခွံနွှာပြီး အပြားလိုက်လှီးကာ အသုပ်ထဲထည့်စားကြတယ်။ ဒီအဘိုးကြီးသခွားသီးမျိုးစေ့က တော်တော်ကို မာတာ။ ဓားမသုံးရင် လက်ဗလာနဲ့ ချိုးဖို့ဆိုတာ တော်တော်မလွယ်ဘူး။

အခု ယွီဟွေးဖေးထုတ်လိုက်တာက ဒီအရာပဲ။ ဒါပေမဲ့ ဒီအဘိုးကြီးသခွားသီးမျိုးက ယွီဟွေးဖေးဖန်တီးထားတာမို့လို့ အဖူးအပွင့်နဲ့ ဆူးတွေပါ ပါသေး။ တစ်မီတာလောက်ရှည်ပြီး လက်မောင်းလောက်တုတ်တဲ့ အဘိုးကြီးသခွားသီးမျိုးပေါ်က ဆူးတွေက ဘယ်လောက်ကြီးမလဲဆိုတာ ပြောစရာမလိုတော့ဘူး။ ဘာပဲဖြစ်ဖြစ် ယွီဟွေးဖေးတောင် နာလွန်းလို့ မျက်ရည်တွေထွက်လာနေပြီလေ။

"မင်း... မင်း... မင်းက ဘာကောင်လဲ" သုံးက နေရာမှာတင် ကြောက်လွန်းလို့ သေးထွက်ကျသွား၏။

ရင်ဘတ်အပေါက်ဖြစ်၊ သွေးတွေတစ်တောက်တောက်ကျပြီး အသက်မရှိတော့တဲ့လူတစ်ယောက် ပြန်ထလာတာက အရမ်းထူးဆန်းသလို အရမ်းကြောက်စရာကောင်းတာကိုး။ ယွီဟွေးဖေးက သူ့ရှေ့မှာ မတ်တပ်ရပ်ပြီး ဖြူဖွေးတဲ့သွားတန်းကြီးကိုဖြဲကာ သူ့ကို ပြုံးပြနေ၏။

"ညီလေး... သခွားသီးစားမလား"

"အမလေး"

သုံးရဲ့ဆံပင်တွေက အဲ့တစ်ခဏမှာ ချက်ချင်းထောင်တက်သွား၏။ သူ့မျက်လုံးတွေက ပြူးကျယ်ထွက်နေပြီး မသိစိတ်နဲ့ အော်ချင်စိတ်ပေါက်လာပေမဲ့ အဲ့သခွားသီးအကြီးကြီးက သူ့မျက်နှာတည့်တည့်ကို ပျံဝင်လာလေသည်။

ဖြောင်း...

သခွားသီးကျိုးသွားပြီး သုံးကောင်က မြေပေါ်ကို လန်ကျသွား၏။ ပြန်မထနိုင်ခင်မှာပဲ ယွီဟွေးဖေးရဲ့ ဒုတိယသခွားသီးက ထွက်လာပြီး သုံးကောင်ကို နောက်တစ်ချက်ရိုက်ချလိုက်သည်။ ဒီသခွားသီးက တော်တော်ကို မာတာမို့လို့ တစ်ချက်ရိုက်ချလိုက်တော့ သခွားသီးကျိုးသွားတာနဲ့အတူ သုံးက နာလွန်းလို့ ပါးစပ်အကျယ်ကြီးဟပြီး အော်တော့မလိုဖြစ်သွားချိန် ယွီဟွေးဖေးက အလိုက်သင့်နဲ့ သူ့လက်ထဲက သခွားသီးတစ်ပိုင်းကို သူ့ပါးစပ်ထဲ တန်းထိုးထည့်လိုက်၏။

"မင်းအော်လေ... မင်းအော်လေ"

ယွီဟွေးဖေးက ပြောရင်းဆိုရင်း သခွားသီးတွေကို သူ့ပါးစပ်ထဲ အဆက်မပြတ်ထိုးထည့်နေတော့ နံပါတ်သုံး ရူးတော့မလိုဖြစ်သွားသည်။

လူသေတစ်ယောက်က ရုတ်တရက် ပြန်ရှင်လာပြီးတော့ သူ့ဘောင်းဘီအိတ်ကပ်ထဲကနေ အဖူးအပွင့်နဲ့ ဆူးတွေပါတဲ့ သခွားသီးအကြီးကြီးတွေကို တစ်လုံးပြီးတစ်လုံး ထုတ်နေတယ်လား... ဒါက ဘာကောင်ကြီးတုန်း...။

သခွားသီးက ပါးစပ်ထဲရောက်တော့ သုံးကောင်ရဲ့အသက်ရှူလမ်းကြောင်းကို ပိတ်သွားပြီး ယွီဟွေးဖေးရဲ့ သခွားသီးနဲ့ အားရပါးရ အရိုက်ခံရတော့ သုံးရဲ့ခေါင်းက ငါးခေါင်းကြီးလို ဖောင်းကားလာ၏။ ဒီကောင်က မကြာခင်မှာပဲ မျက်လုံးတွေ လန်တက်သွားသည်။

ယွီဟွေးဖေးက အခြေအနေကောင်းပြီဆိုတာနဲ့ သခွားသီးကို ဆွဲထုတ်လိုက်၏။ ထိုအချိန် သုံးက မသိစိတ်နဲ့ အသက်ပြင်းပြင်းရှူပြီး နိုးလာတော့မယ့်ပုံဖြစ်လာတာကြောင့် လက်မြှောက်ပြီး သခွားသီးနဲ့ ရိုက်ချလိုက်ပြန်သည်။

ဖြောင်း...။

ချက်ချင်းဘဲ သုံးက မော့ပြီး လဲကျသွားကာ လုံးဝသတိလစ်သွားတော့သည်။

ယွီဟွေးဖေးက သူ့လက်ထဲက သခွားသီးတစ်ပိုင်းကို ကြည့်ပြီး "အရင်ကတည်းက ပြောသားပဲ၊ မင်းငါ့သခွားသီးကို ကြိုက်သွားမှာပါလို့"

လက်ထဲက သခွားသီးကို လွှင့်ပစ်လိုက်ပြီး ယွီဟွေးဖေးက သုံးရဲ့အဝတ်တွေကို ချွတ်ကာ သူ့ဝတ်ရုံကို ပျောက်ကွယ်သွားအောင်လုပ်ပြီးတော့ သူ့ကိုယ်ပေါ်မှာ ဝတ်လိုက်၏။ အထူးသဖြင့် အဲ့မျက်နှာဖုံးစွပ်ကို ခေါင်းပေါ်စွပ်လိုက်တော့ သေချာမကြည့်ရင် သူနဲ့သုံးကောင်ကို ခွဲလို့မရဘူး။

ယွီဟွေးဖေးက သုံးရဲ့ကိုယ်ပေါ်မှာ ရှာဖွေကြည့်တော့ သူ့ကို စိတ်ပျက်သွားစေတာက ကိုယ်ပေါ်မှာ သေနတ်မရှိဘဲ ဓားမြှောင်တစ်ချောင်းပဲရှိနေတာပဲ။

"ခွေးမသား... ဒါက လာနောက်နေတာလား"

ယွီဟွေးဖေး မဆဲဘဲမနေနိုင်တော့ဘူး။ ဒါပေမဲ့ သူလည်းသိတယ်၊ သူတို့ဒီမှာ သေနတ်တစ်လက်ရှာဖို့က တော်တော်ခက်တယ်လေ။ ဒီသုံးယောက်က သေနတ်နှစ်လက်ရထားတာကိုပဲ တော်တော်တော်နေပြီ။

အဲ့ဓားမြှောင်ကို အိတ်ကပ်ထဲထိုးထည့်ပြီး ယွီဟွေးဖေးက အသက်ပြင်းပြင်းရှူကာ တံခါးဖွင့်ပြီး ထွက်သွားလိုက်သည်။

"နံပါတ်သုံး... နံပါတ်သုံး မင်းဘာတွေ အချိန်ဖြုန်းနေတာလဲ" ဟိုနှစ်ကောင်က အော်နေပြီ။

ယွီဟွေးဖေးက ချောင်းတစ်ချက်ဆိုးပြီး ထွက်သွားကာ လက်ဝှေ့ယမ်းပြပြီး ဘာမှမဖြစ်ကြောင်း အချက်ပြလိုက်ရာ နံပါတ်နှစ်က ခေါင်းညိတ်ပြီး ယွီဟွေးဖေးကို သေချာမကြည့်ဘဲ ဘဏ်ဖောက်သည်တွေကို စိုက်ကြည့်ကာ အော်လိုက်သည်။

"မင်းတို့အားလုံး မလှုပ်နဲ့၊ မဟုတ်ရင် သတ်ပစ်မယ်"

သူတို့က ဓားပြတွေလူသတ်တာကို မြင်ထားတော့ ဘယ်သူက လှုပ်ရဲမှာလဲ။ တစ်ယောက်ချင်းစီ တုန်တုန်ယင်ယင်နဲ့ ကြုံ့ဝင်နေကြသည်။ စုန့်ချင်းက ခေါင်းငုံ့ပြီး မုရှောင်ကျိုကို ပွေ့ဖက်ထား၏။ သူ့မျက်တောင်ရှည်တွေက တစ်ချက်တစ်ချက်လှုပ်ခါနေပြီး မျက်လုံးတွေက ချွန်ထက်ထက် မုန်းတီးမှုအလင်းရောင်တွေနဲ့ ပြည့်နေသည်။ စုန့်ချင်းက စိတ်ထဲမှာ မငြိမ်မသက်ဖြစ်နေပြီး တစ်ခုခုလုပ်ချင်နေပုံပဲ...။ ချူယွီကတော့ ကြောက်လန့်ပြီး ငုံ့ထိုင်နေကာ လုံးဝမလှုပ်ရဲတော့ဘူး။

ခေါင်းဆောင်က ပြတင်းပေါက်ကို အဆက်မပြတ်ခေါက်နေရင်း "မြန်မြန်၊ မြန်မြန်၊ မြန်မြန်"

အဲ့ဒီအချိန်မှာ အပြင်ကနေ တစ်ယောက်ယောက်ဝင်လာမလို့လုပ်ပေမဲ့ ဓားပြတွေနဲ့ မြေပြင်ပေါ်ကသွေးတွေကို မြင်ပြီး လှည့်ပြေးသွားရာ နှစ်ကောင်က ဆဲဆိုလိုက်၏။

"သောက်ကျိုးတော့နည်းပြီဟ.... ခေါင်းဆောင်၊ ခေါင်းဆောင်၊ ငါရဲကားဥသြသံကြားတယ်"

ခေါင်းဆောင်က ဒေါသတကြီးနဲ့ "ပိုက်ဆံပေး၊ မြန်မြန်ငါ့ကိုပေး"

ဘဏ်ထဲကလူတွေလည်း စကားများမနေရဲဘူး၊ ဘဏ်မန်နေဂျာက သွားကြိတ်ပြီး ကိုယ်တိုင်ပိုက်ဆံအိတ်ကိုကိုင်ကာ တံခါးဖွင့်ထွက်လာပြီးတော့ လုံခြုံရေးတံခါးကို ပိတ်လိုက်သည်။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်းဆောင်နဲ့ နှစ်ကောင်က ဝင်လာပြီး ဝန်ထမ်းတွေကို ထိခိုက်မှာစိုးလို့။

"တော်တော်မာတဲ့ကောင်ပဲ"

ခေါင်းဆောင်က ပါးစပ်ဖြဲပြီး ပြောရင်းဆိုရင်း တစ်ချက်ကန်ထည့်လိုက်တော့ ဘဏ်မန်နေဂျာ မြေပေါ်လဲကျသွားပြီးနောက် မြေပေါ်က ပိုက်ဆံအိတ်ကိုကောက်ပြီး နှစ်နဲ့ သုံးကို "သွားစို့" လို့ အော်ခေါ်လိုက်သည်။

"ခေါင်းဆောင်၊ ဒီလိုပဲသွားမှာလား။ လမ်းမှာ ပိတ်မိမှာစိုးရိမ်ရတယ်။ ဒါကြောင့် ဓားစာခံတစ်ယောက်လောက်ဖမ်းသွားရအောင်"

နှစ် အော်လိုက်ရာ ခေါင်းဆောင်က ခဏတုံ့ဆိုင်းသွားချိန် ယွီဟွေးဖေးက "မဖြစ်ဘူး" လို့ ပြောချင်စိတ်ပေါက်သွား၏။

ကံဆိုးစွာနဲ့ပဲ နှစ်ယောက်က သေနတ်နှစ်လက်နဲ့ ရပ်နေတာကလည်း ခွဲနေသည်။ သူ့မှာ အခွင့်အရေးလည်း မရှိချေ။ အတင်းဝင်လုပ်လို့ နှစ်ယောက်ထဲက တစ်ယောက်က သေနတ်ပစ်လိုက်ရင် သူလုပ်သမျှအလကားပဲ၊ ဒေါသထွက်သွားလို့ ရမ်းကားလိုက်ရင် ဒီမှာ လူတွေထပ်သေသွားနိုင်၏။ ထို့ကြောင့် သူက ဒီနှစ်ယောက်ကို အမြန်အပြင်ထွက်သွားပြီး လူမရှိတဲ့နေရာရောက်မှ သူတို့နဲ့ ရှင်းချင်နေခြင်းပင်။

ခေါင်းဆောင်က ခေါင်းညိတ်ပြီး "မင်းပြောတာမှန်တယ်၊ မင်းတို့နှစ်ယောက် ငါတို့နဲ့လိုက်ခဲ့"

ခေါင်းဆောင် ညွှန်ပြလိုက်တာက စုန့်ချင်းနဲ့ မုရှောင်ကျိုပဲ၊ သူလည်း မိန်းကလေးနှစ်ယောက်ဆိုတော့ ဖမ်းသွားရတာ စိတ်ချရတယ်လို့ ထင်ပုံရသည်။ မုရှောင်ကျိုက ကြောက်လွန်းလို့ ဝူးဝူးဝါးဝါးငိုနေလေပြီ။

"မလိုက်ဘူး... ကျွန်မမလိုက်ဘူး"

ခေါင်းဆောင်ဒေါသထွက်သွားတာကိုမြင်တော့ စုန့်ချင်းက "ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့မယ်၊ သူ့ကိုမခေါ်သွားပါနဲ့၊ သူက ကလေးပဲရှိသေးတယ်"

စုန့်ချင်းက ခေါင်းမော့လိုက်တော့ နှစ်ရဲ့မျက်လုံးတွေ တောက်ပသွား၏။ ခေါင်းဆောင်တောင်မှ မျက်ခွံနည်းနည်းလှုပ်သွားပေမဲ့ ခေါင်းဆောင်က မိန်းမစိတ်မဝင်စားဘူးထင်ပါ့ မျက်နှာအမူအရာသိပ်မပြောင်းလဲဘူး။ ဒါပေမဲ့ ခေါင်းညိတ်ပြီး "သူ့ကိုခေါ်သွား၊ မင်းတို့အတွက် မိန်းမရှာပေးတာပေါ့"

ထိုစကားကြောင့် နှစ်က ရယ်လိုက်၏။ ယွီဟွေးဖေးရဲ့သရုပ်ဆောင်ပညာကလည်း မဆိုးလှ၊ တောက်ပတဲ့လူယုတ်မာအပြုံးကို ပြလိုက်သည်။ အဲ့ဒီအချိန်မှာ နှစ်ကောင်က လူဖမ်းမလို့သွားတော့ သူ့မျက်လုံးထဲကအပြုံးက အဆုံးမရှိတဲ့ယုတ်မာမှုတွေနဲ့ ပြည့်နေ၏။

ယွီဟွေးဖေးကကော စုန့်ချင်းကို ထိခွင့်ပေးမှာလား။ ဒီကောင်က မရိုးမသားနဲ့ အခွင့်အရေးယူမှာကို ဘယ်သူသိနိုင်မလဲ။ ဒါကြောင့် ယွီဟွေးဖေးက အရင်ပြေးတက်သွားပြီး စုန့်ချင်းကို တစ်ချက်ဖမ်းကာ ဟီးဟီးရယ်ပြီး မပီမသနဲ့ ပြောလိုက်သည်။

"ငါလာမယ်"

အချက်ပေးသံက ဆက်မြည်နေတုန်းပဲ၊ ယွီဟွေးဖေးရဲ့အသံက မပီမသဖြစ်နေတော့ ခေါင်းဆောင်နဲ့ နှစ်ကောင်က သေချာမကြားလိုက်ဘူး။ နှစ်ယောက်လုံးက သုံးကောင်က သုံးကောင်ပဲလို့ မသိစိတ်နဲ့ ထင်လိုက်ကြတယ်။

ဘာပဲဖြစ်ဖြစ် သုံးဆွဲခေါ်သွားတာက ရင်ဘတ်ကျည်ဆံထိထားတဲ့လူသေပဲ၊ မသေရင်တောင် ဒီလောက်သွက်လက်စွာနဲ့ ဒီမှာ သူတို့နဲ့အတူ သရုပ်ဆောင်နေနိုင်မှာမဟုတ်ဘူး။

ဒါပေမဲ့ ယွီဟွေးဖေးနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ စုန့်ချင်းကတော့ ယွီဟွေးဖေးကို သံသယမျက်လုံးနဲ့ ကြည့်လိုက်တယ်၊ ယွီဟွေးဖေးက အသံကိုနှိမ့်ပြီး "ငါ့ကိုမကြည့်နဲ့၊ ပေါက်ကြားသွားရင် ဒုက္ခရောက်ကုန်မယ်"

စုန့်ချင်းရဲ့မျက်လုံးထဲမှာ မယုံနိုင်တဲ့အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် တောက်ပလာကာ ခေါင်းငုံ့ပြီး ဘေးက ပြေးတက်လာမယ့် မုရှောင်ကျိုကို "ရှောင်ကျို ငြိမ်ငြိမ်နေ။ ငါပြန်လာတာကို စောင့်..."

မုရှောင်ကျိုက တကယ်ကို ကြောက်လန့်နေပြီး ဦးနှောက်တောင် အလုပ်မလုပ်တော့ဘူး။ စုန့်ချင်းဒီလိုပြောတာကိုကြားတော့ သူက မသိစိတ်နဲ့ ရပ်တန့်သွားတယ်။

စုန့်ချင်းက ချူယွီကို မျက်စောင်းထိုးလိုက်ရင်း "ချူယွီ... နင်သာ ယောက်ျားတစ်ယောက်ဆိုရင် ငါ့အတွက် ရှောင်ကျိုကို ကြည့်ထား"

ချူယွီက တုန်သွားပြီး သတိပြန်ဝင်လာသလိုနဲ့ မုရှောင်ကျိုကို တစ်ချက်ဖမ်းကာ အတင်းဆွဲထားလိုက်၏။ ယွီဟွေးဖေးကတော့ အခွင့်အရေးယူပြီး စုန့်ချင်းကို ဆွဲကာ အပြင်ကိုထွက်သွားနှင့်လိုက်ပြီ။

ဟိုဘက်မှာ ခေါင်းဆောင်နဲ့ နံပါတ်နှစ်ကလည်း ပိုက်ဆံအိတ်ကိုကိုင်ပြီး အပြင်ကိုဆုတ်ခွာနေပြီ။ ဘဏ်တံခါးအပြင်ဘက်ကို ရောက်တော့ နှစ်ကောင်က ချက်ချင်းပဲ စုတ်ပြတ်နေတဲ့ စန်တာနာကားတစ်စီးပေါ် ခုန်တက်ပြီး "ကားပေါ်တက်" လို့ အော်လိုက်၏။

အဲ့ခေါင်းဆောင်က တစ်ခုခုကို သတိထားမိလို့လား ဒါမှမဟုတ် တကယ်ပဲ သုံးကို စိတ်ပူလို့လားမသိ၊ ယွီဟွေးဖေးကို တည့်တည့်ကြည့်ကာ "မင်းရှေ့ခန်းမှာထိုင်၊ ငါသူ့ကို ကြည့်ထားမယ်" လို့ ပြောလိုက်သည်။

ယွီဟွေးဖေးကလည်း သုံးရဲ့စိတ်ဓာတ်က တော်တော်ပျော့ညံ့တာကိုသိ၏။ ဒါကြောင့် တစ်ထောင့်နှစ်ဆယ်ရာခိုင်နှုန်း မကျေမနပ်ဖြစ်နေပေမဲ့ ခေါင်းဆောင်နဲ့ ငြင်းခုံမှာမဟုတ်ဘူး။ ဘေးမှာ နှစ်ကလည်း သေနတ်ကိုင်ထားသေးသည်။ ခေါင်းဆောင်ရဲ့သေနတ်ကလည်း လက်ထဲမှာဆိုတေ့ာလည်း ယွီဟွေးဖေးက ခေါင်းညိတ်ပြီး ရှေ့ခန်းမှာ ထိုင်လိုက်ရုံပင်။

ခေါင်းဆောင်ကတော့ စုန့်ချင်းကို ကားထဲထိုးထည့်ပြီး ပိုက်ဆံအိတ်ကို စုန့်ချင်းကိုယ်ပေါ်မှာ တင်ထားကာ သူ့သေနတ်ပြောင်းဝနဲ့ စုန့်ချင်းရဲ့နားထင်ကို ထောက်ထားသည်။ ဆိုလိုရင်းက ရှင်းရှင်းလေး မင်းလှုပ်လိုက်တာနဲ့ ငါမင်းကို သတ်ပစ်မယ်။

စုန့်ချင်းက ငြိမ်ငြိမ်လေးထိုင်နေပေမဲ့ သူ့မျက်လုံးထောင့်က အကြည့်ကတော့ ယွီဟွေးဖေးကိုယ်ပေါ်မှာ၊ မျက်လုံးထဲမှာ အဆုံးမရှိတဲ့မေးခွန်းတွေနဲ့ ပြည့်နေ၏။

အဲ့ဒီအချိန်မှာ နှစ်က ခေါင်းစွပ်ကို ချွတ်လိုက်သည်။ သူက နှုတ်ခမ်းမွေးလေးနဲ့ ခေါင်းပြောင်တစ်ယောက်ပဲ။

"ဟားဟား... ဒီတစ်ခါတော့ ပိုက်ဆံရှိပြီ၊ ဟားဟား..."

ခေါင်းဆောင်လည်း ခေါင်းစွပ်ကို ဆွဲချွတ်လိုက်သည်။ သူက လေးထောင့်မျက်နှာနဲ့ ယောက်ျားတစ်ယောက်။ သူ့မျက်လုံးတွေက တော်တော်ကို ချွန်ထက်ပြီး အေးစက်တဲ့အရိပ်အယောင်တွေနဲ့။ ကြည့်လိုက်တာနဲ့ ဒါက လူကောင်းမဟုတ်ဘူး၊ တကယ့်လူကြမ်းတစ်ယောက်ဆိုတာ သိသာ၏။

"နံပါတ်သုံး... မင်းခေါင်းစွပ်ချွတ်လို့ရပြီ"

နှစ်ကောင်က အော်လိုက်ချိန် ယွီဟွေးဖေးက စိတ်ထဲမှာလည်း အော်ဟစ်နေလေပြီ။ ‘ငါ့လခွီး.... ခေါင်းစွပ်ချွတ်ရမယ်တဲ့လား။ ချွတ်လိုက်ရင် တိုင်ပတ်ကုန်မှာပေါ့’

ဒါကြောင့် ယွီဟွေးဖေးက မှီပြီး မလှုပ်မယှက်နေလိုက်သည်။ နှစ်က တစ်ချက်ကြည့်ပြီး "ဒီကောင်ကို မနေ့က အိပ်လို့ ပြောတာကို မရဘူး၊ အခုတော့ ကားပေါ်ရောက်တာနဲ့ အိပ်ပျော်သွားပြီ"

All Chapters