← Chapters

ပခုံးပေါ်က ပစ်ချကွက်

Vol. 15 Ch. 223

ပခုံးပေါ်က ပစ်ချကွက်

Vol. 15 Ch. 223

စုန့်ချင်းရဲ့မျက်နှာလေး နီရဲသွားပြီး "ငါက သူတို့အဲ့လိုကြွားဝါနေတဲ့ပုံစံကို ကြည့်မရတာ။ နိုင်ငံခြားသားတစ်ယောက်တွဲတာ ဘာများထူးဆန်းနေလို့လဲ"

ယွီဟွေးဖေးကတော့ အကျိုးကျေးဇူးခံစားရသူအနေနဲ့ အသေအလဲခေါင်းညိတ်ပြီး "ဟုတ်တယ်... သူတို့ကို အဲ့လိုအကျင့်ပေးထားလို့မဖြစ်ဘူး"

စုန့်ချင်းက ယွီဟွေးဖေးရဲ့ မျက်နှာပြောင်တိုက်နေတဲ့ပုံစံကို ကြည့်ပြီး စကားမပြောနိုင်တော့ဘဲ မသိစိတ်နဲ့ နည်းနည်းဘေးရွှေ့လိုက်တယ်။ ငါလည်းမင်းကို စိတ်ပျက်တယ်ဆိုတဲ့သဘောမျိုးနဲ့ပေါ့။

ယွီဟွေးဖေးကတော့ ဂရုမစိုက်ဘဲ ချန်ယိုတောက်ကို အရက်သောက်ဖို့ ခေါ်လိုက်တယ်။ တစ်ဖက်က လူလေးယောက်ကတော့ မငြိမ်မသက်နဲ့ စကားပြောသံကလည်း မသေးဘူး။

သူတို့စကားပြောသံတွေထဲကနေ ယွီဟွေးဖေးသိလိုက်ရတာက သူတို့က နိုင်ငံခြားသားခရီးသွားတွေမဟုတ်ဘဲ ထိုက်ကျိုးမြို့မှာ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေဖြစ်ပြီး မိန်းကလေးနှစ်ယောက်ကတော့ အဖော်ကျောင်းသူကနေ ရည်းစားဖြစ်သွားပုံပဲ။

စကားပြောသံတွေထဲကနေ ကြည့်ရရင် လူလေးယောက်ထဲမှာ လူမည်းနှစ်ယောက်က အဓိကဖြစ်ပြီး မိန်းကလေးနှစ်ယောက်ကတော့ လုံးဝ... အင်း... အရံပဲ။

ဒါပေမဲ့ သူတို့သုံးယောက်ကလည်း သူများလျှို့ဝှက်ချက်ကို နားထောင်ချင်စိတ်မရှိတာနဲ့ ဘေးလှည့်ပြီး ကိုယ့်ဘာသာကိုယ် စကားပြောနေလိုက်တော့တယ်။

ချန်ယိုတောက်က အကြောင်းအရာပြောင်းပြီး "ဟေး... ငါတို့ညီမလေးကို ရင်းနှီးနေသလိုပဲ။ လွန်ခဲ့တဲ့နှစ်ရက်က ဘဏ်ဓားပြတိုက်မှုထဲက ကောင်မလေးနဲ့ တူသလိုပဲနော်..."

ယွီဟွေးဖေးက "မကြည့်နဲ့တော့... တူသလိုပဲဆိုတာဘာလဲ။ အဲဒါသူပဲလေ... မင်းက ကန်းနေတာမို့ အခုမှ မှတ်မိတာ"

ချန်ယိုတောက်က အံ့ဩတကြီးနဲ့ "တကယ်ကြီးလား... ငါပြောပါတယ် ဓားပြတွေဖမ်းဆီးတာကို ခံရပြီးတော့ ရဲတွေနဲ့ပူးပေါင်းပြီး ဓားပြတွေကို ဖမ်းနိုင်တဲ့မင်းသမီးက သာမန်လူမဟုတ်လောက်ဘူးလို့။ ကြည့်စမ်း သူက ငါတို့ညီမလေးဖြစ်နေတာကိုး။ ဒါဆိုရင်တော့ ဖြစ်သင့်တာပေါ့"

စုန့်ချင်းက "နင်တို့နှစ်ယောက် မျက်နှာနည်းနည်းလောက် ထောက်ထားလို့မရဘူးလား"

ယွီဟွေးဖေးနဲ့ ချန်ယိုတောက်က တစ်သံတည်းထွက်ကာ "မထောက်ထားဘူး"

စုန့်ချင်း "#@¥..."

ချန်ယိုတောက်က ရယ်ပြီး "ညီမလေး ငါတို့ကို မကြည့်နဲ့တော့။ အသက်က ဆယ်စုနှစ်ချီပြီးနေလာတာ။ မျက်နှာဆိုတာက အတန်ဖိုးအရှိဆုံးဆိုပေမယ့် ဘာမှအသုံးမဝင်ဘူး"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ဟုတ်တယ် မြေးမလေး... နင့်အစ်ကိုပြောတာ မှန်တယ်"

ဒီစကားထွက်လာတာနဲ့ စုန့်ချင်း ဘာမှမတုံ့ပြန်သေးခင်မှာပဲ ဘေးကချန်ယိုတောက်က ပါးစပ်တလှုပ်လှုပ်နဲ့ "ဒီစကားကြားရတာ ဘယ်လိုကြီးလဲကွာ။ မင်းငါ့ကို အခွင့်အရေးယူနေတာလား"

ယွီဟွေးဖေးက တည်တည်ငြိမ်ငြိမ်နဲ့ "ဘယ်မှားလို့လဲကွာ... ငါတို့က တစ်ကိစ္စနဲ့တစ်ကိစ္စ မရောဘူး ကိုယ့်ဘာသာကိုယ် ခေါ်ကြတာ။ သူက မင်းကိုအစ်ကိုလို့ခေါ်တယ်၊ မင်းကသူ့ကိုညီမလို့ခေါ်တယ်၊ အသက်အရွယ်အရကြည့်ရင် ပြဿနာမရှိဘူးမလား"

ချန်ယိုတောက်က ခေါင်းညိတ်တော့ ယွီဟွေးဖေးက ဆက်ပြောတယ်။ "မျိုးရိုးအရတော့ သူက ငါ့မြေးမ၊ ငါကသူ့အဘိုး။ သူက မင်းကိုအစ်ကိုလို့ခေါ်တယ်၊ ငါ့ကိုလည်းအဘိုးလို့ခေါ်တယ်၊ ပြဿနာမရှိဘူးမလား"

ချန်ယိုတောက်က ဆက်ပြီးခေါင်းညိတ်ပြီး ခဏစောင့်ပြီးတော့ အေးအေးဆေးဆေး အရက်သောက်နေတဲ့ ယွီဟွေးဖေးကို ကြည့်ရင်း "မင်းဘာလို့ဆက်မပြောတော့တာလဲ"

"ရှင်းသွားပြီလေ ဘာဆက်ပြောစရာလိုသေးလို့လဲ။ သူက ငါ့မြေးမ၊ မင်းက သူ့အစ်ကို၊ ပြဿနာမရှိတော့ဘူးလေ" ယွီဟွေးဖေးက တည်တည်ငြိမ်ငြိမ်ပဲ။

ချန်ယိုတောက်က အရက်ပုလင်းကို ဆွဲယူပြီး "လူစကားပြောစမ်း"

ယွီဟွေးဖေးကလည်း အရက်ပုလင်းကို ကြည့်ပြီး "အမ်... ညီမလေးလို့ပဲ ခေါ်ကြတာပေါ့"

"ဒါမှ တော်သေးတယ်"

ချန်ယိုတောက်က အရက်ပုလင်းကို ချပြီး နှစ်ယောက်သား ဆက်သောက်ကြတယ်။ စုန့်ချင်းကတော့ အရက်ပုလင်းကိုယူပြီး နှစ်ယောက်သားကို အရက်ငှဲ့ပေးနေတယ်။ အလှဘုရင်မကြီးက အရက်ငှဲ့ပေးတော့ နှစ်ယောက်လုံးက ပျော်နေကြတာပေါ့။ အနည်းဆုံးတော့ ဖြတ်သွားဖြတ်လာလူတွေက ဒီမြင်ကွင်းကိုတွေ့ရင် အားကျတဲ့အကြည့်တွေနဲ့ ကြည့်သွားကြတယ်။

ခဏလေးကမှ မျက်နှာက ဘာမှအသုံးမဝင်ဘူးလို့ ပြောတဲ့နှစ်ယောက်က ချက်ချင်းပဲ မျက်နှာပွင့်လန်းပြီး ခါးတောင် မတ်သွားလေရဲ့။

စုန့်ချင်းက ဟက်ဟက်ပက်ပက်ရယ်ပြီး "မျက်နှာမလိုချင်ဘူးဆို"

နှစ်ယောက်က တစ်သံတည်းထွက်ကာ "အလကားရတာကို မယူစရာလား"

စုန့်ချင်း "@#%..."

စကားပြောနေတုန်းမှာပဲ အရိပ်တစ်ခုက ရုတ်တရတ်ရောက်လာပြီး ယွီဟွေးဖေးတို့စားပွဲဘေးမှာ တင်ပါးချထိုင်လိုက်သည်။ လာတဲ့လူက လူမည်းနှစ်ယောက်ထဲက တစ်ယောက်ပင်။ ဒီလူမည်းက ထိုင်ပြီးတာနဲ့ စုန့်ချင်းကို စူးစိုက်ကြည့်ကာ ယွီဟွေးဖေးတို့ရဲ့အရက်ပုလင်းကိုယူပြီး ကိုယ့်အတွက်အရက်ငှဲ့ကာ ဖြူဖွေးတဲ့သွားတန်းကြီးကိုဖြဲပြီး တရုတ်စကားမပီမသနဲ့ ပြောလေ၏။

"အလှပဂေးလေး... မင်းတကယ်လှတယ်။ ငါမင်းနဲ့ သူငယ်ချင်းဖွဲ့လို့ရမလား။ ငါ့နာမည်က မာဂျီလီ၊ အာဖရိက နာအာခန်နိုင်ငံရဲ့မင်းသားပဲ။ မင်းကိုတွေ့ရတာ တကယ်ကို ဂုဏ်ယူပါတယ်။ ငါမင်းကို အရမ်းကြိုက်တယ်..."

ဒီလူမည်းနှစ်ယောက်ကို မုန်းနေတဲ့စုန့်ချင်းကိုထားလိုက်ဦး အခုအချိန်မှာ လူမည်းတွေအပေါ် ဘာသဘောထားမှမရှိတဲ့ ယွီဟွေးဖေးတောင်မှ မျက်နှာမည်းသွားသည်။

အရင်က စုန့်ချင်းရဲ့အပြုအမူအရ သူနဲ့ယွီဟွေးဖေးက ချစ်သူတွေဆိုတာကို ပြသပြီးသား။ ရလဒ်ကတော့ ရှေ့ကဒီကောင်က တည့်တည့်ကြီးကို မျက်စိရှေ့မှာ လာလုနေတယ်။ ဒါက... ယွီဟွေးဖေးကို လူလို့တောင်မထင်ဘူးဆိုတဲ့သဘော။

ယွီဟွေးဖေးက စားပွဲကိုရိုက်ပြီး "သွားစမ်း"

လူမည်းမာဂျီလီက ကြားတော့ နားမလည်စွာနဲ့ ယွီဟွေးဖေးကို တစ်ချက်ကြည့်ပြီး သူ့အဖော်ကို ကြည့်လိုက်သည်။ နောက်တစ်စားပွဲမှာတော့ အဲ့လူမည်းက သူ့ကိုပြုံးပြပြီး အားပေးတဲ့လက်ဟန်ခြေဟန်လုပ်ပြနေ၏။ မိန်းကလေးကတော့ ရယ်နေပြီး မကြောက်ဖို့ပြောနေသလိုပဲ။ ဘာပဲဖြစ်ဖြစ် သုံးယောက်လုံးက တားဆီးမယ့်ပုံမရှိဘဲ ပွဲကြည့်နေတဲ့ပုံစံ။

မာဂျီလီကလည်း ဒီလိုအလုပ်မျိုး ပထမဆုံးလုပ်ဖူးတာမဟုတ်ဘူးထင်ပါ့။ ယွီဟွေးဖေးကို တိုက်ရိုက်လျစ်လျူရှုပြီး စုန့်ချင်းကို ဆက်ပြောသည်။

"သူငယ်ချင်းဖွဲ့ကြရအောင်လေ။ ငါမင်းကို တကယ်အရမ်းကြိုက်တယ်၊ ငါတို့အရင်ဆုံး သိကျွမ်းကြရအောင်..."

စုန့်ချင်းက "ကျွန်မရှင့်ကို မသိကျွမ်းချင်ဘူး၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

မာဂျီလီက သူ့ဗိုက်ထဲက တရုတ်စကားလုံးအနည်းငယ်ကို ကြိုးစားစုစည်းပြီး "ငါ... မင်းသား။ ငါက အနာဂတ်ဘုရင်ပဲ။ ငါတို့သိကျွမ်းကြရင် မင်းအတွက် အရှုံးမရှိဘူး"

"ဖောင်း"

ယွီဟွေးဖေးက လက်မြှောက်ပြီး အရက်ပုလင်းနဲ့ မာဂျီလီရဲ့ခေါင်းကို ရိုက်ချလိုက်တော့ သွေးတွေ ချက်ချင်းစီးကျလာ၏။ မာဂျီလီက ခေါင်းကိုအုပ်ကာ နောက်ဆုတ်သွားရင်း အော်ဟစ်နေတော့သည်။

နောက်လူမည်းက မြင်တော့ ဒေါသတကြီးနဲ့ ထရပ်လိုက်ချိန် ပတ်ဝန်းကျင်က အရှေ့မြောက်ပိုင်းသားကြီးတွေပါ တစ်ပြိုင်နက်တည်းထရပ်ပြီး "မင်း ဘာလုပ်ချင်တာလဲ" လို့ ဝိုင်းမေးလိုက်ကြတော့ အဲ့လူမည်းက ချက်ချင်းပျော့သွားပြီး ပြန်ထိုင်လိုက်၏။

"မင်းကိုထိုင်ခိုင်းလို့လား။ ဒီနေရာက မင်းတို့ကို မကြိုဆိုဘူး... သွားစမ်း"

သူဌေးက ထွက်လာပြီး တံခါးကိုလက်ညှိုးထိုးကာ မောင်းထုတ်တော့သည်။ ဒါကို မာဂျီလီရဲ့မိန်းကလေးက မြင်တော့ ဒေါသတကြီးနဲ့ ထပြောလေ၏။

"ရှင်တို့ ဘာဖြစ်နေကြတာလဲ။ ကျွန်မသူငယ်ချင်းက သူတို့နဲ့ စနောက်နေတာလေးကို သည်းမခံနိုင်ကြဘူးလား။ စိတ်ထားအရမ်းပုပ်ကြတာပဲ"

ယွီဟွေးဖေးက ဒီစကားကြားတော့ ပိုပြီးဒေါသထွက်လာ၏။ နိုင်ငံခြားသားက နားမလည်တာလား၊ သူတို့တကယ်နားမလည်တာလား၊ ဟန်ဆောင်နေတာလားဆိုတာထားလိုက် အနည်းဆုံးတော့ ပြောဆိုလို့ရသေးသည်။

ဒါပေမဲ့ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးတဲ့လူက ဒီလိုစကားမျိုးပြောထွက်တာကို ယွီဟွေးဖေး ပထမဆုံးအကြိမ် သူ့ကိုလည်း အရက်ပုလင်းနဲ့ရိုက်ချင်စိတ်ပေါက်လာ၏။ တစ်ယောက်က ဒေါသတကြီးနဲ့ "စနောက်တယ်ဟုတ်လား။ ဒါဆို ငါလည်းမင်းနဲ့ စနောက်လို့ရမလား။ ညီမလေးက ငါနဲ့ဟိုတယ်သွားကြမလား"

မိန်းကလေးက ဒေါသထွက်လွန်းလို့ မျက်နှာဖြူဖျော့သွားပြီး သူ့ကိုလက်ညှိုးထိုးကာ "နင်ရှက်တတ်သေးရဲ့လား... အဆင့်နည်းနည်းလေးမှ မရှိဘူးလား"

ဒါကို လူတစ်သိုက်ကကြားတော့ ချက်ချင်းပဲ အားလုံးဒေါသထွက်လာကြသည်။ ဒါက စံနှစ်မျိုးကိုင်တဲ့ခွေးမပဲ။

ဒါပေမဲ့ တစ်ဖက်က မိန်းမဖြစ်နေတော့ အားလုံးက တကယ်လက်မပါရဲဘူး။ ဒါမှမဟုတ် ဆဲဆိုတာကလည်း အရမ်းမရိုင်းရဲကြဘူး။

မိန်းကလေးက မြင်တော့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ခေါင်းမော့ပြီး "ဘာလဲ... မှားနေလို့လား။ စနောက်တာမခံနိုင်ဘူး၊ နိုင်ငံကြီးပီသတဲ့ စိတ်ဓာတ်နည်းနည်းလေးမှမရှိဘူး။ နိုင်ငံတကာမိတ်ဆွေကို ရန်လိုတယ်၊ ဒါက နိုင်ငံကြီးတစ်နိုင်ငံရဲ့ ပြည်သူလုပ်သင့်တဲ့အလုပ်လား။ နင်တို့က... အောက်တန်းကျတယ်လို့ အထင်ခံရတာနဲ့ထိုက်တန်တယ်။ ဘာလဲ... စိတ်ဆိုးသွားပြီလား။ နင်တို့ရဲ့ပျော့ညံ့တဲ့ပုံစံကိုကြည့်ဦး... သတ္တိရှိရင် ငါ့ကိုရိုက်လေ။ ငါနင်တို့ကိုပြောပြမယ်... ငါက မာဂျီလီမင်းသားရဲ့အဖော်ကျောင်းသူ၊ သူ့ရည်းစားလည်းဟုတ်တယ်။ တရားဝင်အဆင့်အတန်းဖြစ်ဖြစ် တခြားအရာဖြစ်ဖြစ် နင်တို့မထိရဲတဲ့အဆင့်ပဲ။ ပြဿနာဖြစ်မှာမကြောက်ရင် နင်တို့ငါ့ကို တစ်ချက်လောက်ရိုက်ကြည့်"

ဒီစကားထွက်လာတာနဲ့ နေရာမှာရှိတဲ့လူတွေအားလုံး ဒေါသမျက်နှာတွေနဲ့ ပြည့်နေပေမဲ့ မိန်းကလေးပြောတဲ့စကားကိုလည်း စဉ်းစားရဦးမယ်၊ တကယ်လို့ ပြဿနာဖြစ်သွားရင် ဒါက တကယ်ကို မလွယ်ဘူး။ ချက်ချင်းပဲ စိုးရိမ်စိတ်တွေဝင်လာကြတယ်။

မိန်းကလေးက ဒါကြိမြင်တော့ ပိုပြီးတော့တောင် ဂုဏ်ယူဝံ့ကြွားလာပြီး မာဂျီလီရဲ့လက်မောင်းကိုဖက်ကာ မြေခွေးက ကျားဟန်ဆောင်သလို ခေါင်းမော့ပြီး အားလုံးကို အကျယ်ကြီး အော်တော့သည်။

"ဘာလဲ... ငါ့ကိုမရိုက်ရဲတော့ဘူးလား။ ခုနကတော့ အားလုံးတော်တော်ရိုင်းနေကြတာမဟုတ်လား။ အခုတော့ ပျော့သွားပြီလား။ အမှိုက်လူမျိုးက အမှိုက်လူမျိုးပဲ ဘယ်တော့မှ မတ်တပ်မရပ်နိုင်ဘူး။ တစ်ယောက်ချင်းစီ မျက်လုံးပြူးကြည့်နေတာ ဘာလုပ်ဖို့လဲ။ သတ္တိရှိရင် ငါ့ကိုရိုက်လေ။ လာလေ... ငါ့ကိုရိုက်လေ"

ဒီစကားကြားတော့ တစ်ယောက်က မနေနိုင်တော့ဘဲ လက်မောင်းကိုဆွဲတင်ပြီး ရိုက်တော့မလိုဖြစ်ပေမဲ့ ကြိုးစားထိန်းချုပ်နေတုန်းပဲ။ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်ကလည်း အရက်ပုလင်းဆွဲပြီး တက်တော့မလို့ပဲ။ ရလဒ်ကတော့ အရိပ်တစ်ခုက သူတို့ထက်ပိုမြန်တယ်၊ ခြေတစ်လှမ်းတိုးပြီး အဲ့မိန်းကလေးရဲ့အင်္ကျီကော်လံကိုဆွဲကာ လှည့်ပြီး တစ်ချက်လွှဲလိုက်တယ်။

ဘုန်း...

မိန်းကလေးက တိုက်ရိုက် ပခုံးပေါ်က ပစ်ချကွက်နဲ့ မြေပေါ်လဲကျသွားရော။ နာလွန်းလို့ အံကြိတ်ပြီး ထမလို့လုပ်နေတုန်း အဲ့လူက ဘေးကအရက်ပုလင်းတစ်လုံးဆွဲပြီး သူ့ခေါင်းပေါ်ကို ရိုက်ချလိုက်တယ်။

ဖောင်း...

အရက်ပုလင်း ကွဲကြေသွားပြီး မိန်းကလေးက ချက်ချင်းဘဲ မျက်နှာမှာသွေးတွေအပြည့်နဲ့ သတိလစ်သွား၏။ အဲ့ဒီအချိန်မှာ အားလုံးသေချာကြည့်လိုက်တော့ လက်ပါတဲ့လူက စုန့်ချင်း။

တကယ်ပဲ ထိုမိန်းမတစ်ယောက်ကို ရိုက်မယ့်လူရှိလိမ့်မယ်လို့ ဘယ်သူမှမထင်ထားဘူး။ ဒါပေမဲ့ မိန်းမက မိန်းမကိုရိုက်တာကို မြင်တော့ စားသုံးသူတစ်သိုက်က ချက်ချင်းလက်ခုပ်တီးပြီး အားပေးတော့သည်။

"ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ် ညီမလေး"

သူတို့ထဲက တစ်ယောက်က တောင်ပိုင်းသားထင်တယ်၊ အရက်နည်းနည်းသောက်ထားတော့ လျှာလေးနေပြီး "မိုက်တယ်"

ထင်ရှားတာက တောင်ပိုင်းဖြစ်ဖြစ် မြောက်ပိုင်းဖြစ်ဖြစ် ဒီလိုခွေးမမျိုးကို မျက်စိစပါးမွှေးစူးပြီး စိတ်ပျက်ရွံရှာကြတာပဲ။ စုန့်ချင်းက လက်ခေါက်ပြီး ပတ်ဝန်းကျင်ကို လက်အုပ်ချီကာ ပြောလိုက်သည်။

"အားလုံးကြားတဲ့အတိုင်းပဲ သူက ကျွန်မကိုရိုက်ခိုင်းတာနော်။ ကျွန်မက သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရုံပါပဲ"

လူတစ်သိုက်က ရယ်ပြီး "မှန်တယ်... သူကိုယ်တိုင်တောင်းဆိုတာ"

နောက်လူမည်းတစ်ယောက်နဲ့ မိန်းကလေးကတော့ ခေါင်းငုံ့ပြီး ဘာမှမပြောရဲတော့ဘူး။ သူတို့လည်းသိလိုက်ပြီ။ ဒီနေရာက ထိုက်ကျိုးမြို့နဲ့မတူဘူး။ သူတို့အဲ့မှာ ကျောင်းကအကာအကွယ်ပေးထားတော့ ကြိုက်သလိုကနိုင်ပေမဲ့ ဒီမှာတော့ ဘယ်သူမှသူတို့ကို လူမထင်ဘူး။

"သွားစို့၊ သွားစို့..."

မိန်းကလေးက နောက်တစ်ယောက်လူမည်းကို ဆွဲ၊ အဲ့လူမည်းက မာဂျီလီကိုဆွဲပြီး ထွက်သွားကြသည်။ မြေပေါ်လဲကျနေတဲ့မိန်းကလေးကိုတော့ သုံးယောက်လုံးက ပစ်ထားခဲ့ကြ၏။ ဒီမြင်ကွင်းကိုတွေ့တော့ လူတစ်သိုက်က ခေါင်းခါပြီး ဆဲလိုက်ကြသာ်။

"ကိုယ့်လူကို ပစ်ထားခဲ့တယ်ပေါ့... တကယ့် တိရစ္ဆာန်ကောင်တွေ"

ပြဿနာရှာတဲ့လူတွေထွက်သွားတော့ အားလုံးက စုန့်ချင်းကို ကြည့်ပြီး တစ်ယောက်ချင်းစီက "ညီမလေးက အရမ်းမိုက်တာပဲ။ ငါတို့နင့်ကို တစ်ခွက်တိုက်မယ်။ နင်ရေသောက်ရင်လည်းရပါတယ် ငါတို့အကုန်သောက်မယ်"

ပြီးတော့ လူတစ်သိုက်က တကယ်ပဲ အကုန်သောက်လိုက်ကြ၏။ စုန့်ချင်းက သိုင်းပညာသင်ထားတဲ့သူပီပီ ပျော့ညံ့ပုံပေါက်ပေမဲ့ အရိုးထဲမှာ သတ္တိသွေးတွေစီးဆင်းနေသည်။ ချက်ချင်းဘဲ အရက်ပုလင်းတစ်လုံးဆွဲပြီး "ဘာလဲ... ရှင်တို့ကသောက်ပြီး ကျွန်မကရေသောက်ရမှာလား။ ကျွန်မပါ အကုန်သောက်မယ်"

ပြီးတော့ စုန့်ချင်းက ခေါင်းမော့ပြီး တစ်ပုလင်းလုံး မော့ချလိုက်၏။ ဒီမြင်ကွင်းကိုတွေ့တော့ ယောက်ျားတစ်သိုက် ကြောင်သွားကြသည်။

ဒါပေမဲ့ ခေါင်းပူတဲ့လူလည်းရှိတော့ အရက်ပုလင်းဆွဲပြီး "လေသံအရ ညီမလေးက အရှေ့မြောက်ပိုင်းသူမဟုတ်ဘူး။ ဒီလိုသောက်တာ ငါတို့မလိုက်ရင် အရမ်းရှက်စရာကောင်းသွားမှာ။ ညီအစ်ကိုတို့ ပုလင်းလိုက်မော့ကြဟေး"

တခြားလူတွေလည်း အရက်ပုလင်းဆွဲပြီး တစ်ကျိုက်တည်းမော့ကြသည်။ အရက်မနိုင်တဲ့လူက နေရာမှာတင် အန်ထွက်သွားပေမဲ့ လူက မျက်နှာတစ်ချက်အတွက်၊ ဘုရားက အမွှေးတိုင်တစ်တိုင်အတွက်၊ အခုအချိန်မှာ အန်ရင်တောင် ပါးစပ်ထဲငုံ လည်ချောင်းထဲ အတင်းမျိုချပြီးမှ ပြန်အန်ထုတ်တယ်။ ဒါက စုန့်ချင်းကို လေးစားကြောင်းပြတာပဲ။

သောက်နိုင်တဲ့လူကလည်း မျက်နှာနီရဲနေပြီ။ ဘာပဲဖြစ်ဖြစ် ဒါက အရက်ပြင်း၊ တစ်ပုလင်းလုံးဗိုက်ထဲရောက်သွားရင် ပူလောင်နေတာမို့ သာမန်လူတကယ်မခံနိုင်ဘူး။ ဒါပေမဲ့ ဒီနေရာက တရုတ်ဂျပန်ဆိုင်ဆိုတော့ တချို့လူတွေက ဆာကေးသောက်ကြတယ်။ ဆာကေးက သိပ်မပြင်းတော့ သူတို့က တစ်ကျိုက်တည်းမော့နိုင်တယ်လေ။

ဒါပေမဲ့ ဒီလူတွေကလည်း ရိုးသားကြသား။ တစ်ဖက်ကညီမလေးက အရက်ပြင်းတစ်ကျိုက်တည်းမော့နေချိန် ကိုယ်က အရက်ပျော့သောက်တာ နည်းနည်းရှက်စရာကောင်းတယ်လို့ထင်ပြီး နောက်ထပ်နှစ်ပုလင်းမှာပြီး မော့ကြပြန်ရော...။

ဒါကို စုန့်ချင်းက မြင်တော့ ရယ်ပြီး "သတ္တိကောင်းကြတာပဲကိုး။ လာထား... နောက်တစ်ခွက်"

ပြီးတော့ စုန့်ချင်းက နောက်တစ်ပုလင်းဆွဲပြီး မော့ချပြန်တော့ အရှေ့မြောက်ပိုင်းသားကြီးတစ်သိုက် တန်းကြောင်သွားကြတယ်။ တစ်ယောက်ချင်းစီ တစ်ယောက်ကိုတစ်ယောက်ကြည့်၊ နောက်ဆုံးတော့ တစ်ယောက်ချင်းစီတိုင်းက ငိုသံနဲ့ "ညီအစ်ကိုတို့ ဒါကိုတော့ အရှုံးမပေးနိုင်ဘူး။ ဆက်ချကြစို့"

ဒီဘက်မှာ ချန်ယိုတောက်က ခုနက တစ်ပုလင်းလိုက်သောက်ပြီးပြီ။ အခု ဒုတိယပုလင်းကို ဆွဲနေပြန်ပြီဆိုတော့ ယွီဟွေးဖေးက အမြန်ဆွဲထားလိုက်တယ်။

"မသောက်နဲ့တော့... အရှုံးပေးလိုက်တော့"

"အရှုံးပေးရမယ်လား။ ငါတို့ယောက်ျားတစ်သိုက်က မိန်းကလေးတစ်ယောက်ကို အရှုံးပေးရမယ်တဲ့လား။ ငါ့လခွီးထဲမှ နောက်ဆို ငါဘယ်လိုမျက်နှာပြတော့မလဲ" ချန်ယိုတောက်က အော်ဟစ်ပြီး ဆက်သောက်မလို့လုပ်နေတုန်း။ ယွီဟွေးဖေးကတော့ တစ်ခွက်မှမသောက်ရသေးဘူး။

"မင်းပျော့သွားပြီလား"

ချန်ယိုတောက်က မေးလိုက်တော့ ယွီဟွေးဖေးက ခေါင်းခါပြီး "ငါပျော့သွားတာမဟုတ်ဘူး၊ ငါက အမြဲတမ်းပျော့ညံ့တယ်။ ဒီကောင်မလေးက ပုံမှန်ဆို နှစ်၊ သုံးပေါင်လောက်သောက်နိုင်တာ အခုလွှတ်ပေးလိုက်ရင် နှစ်ဆလောက်တက်သွားနိုင်တယ်။ မင်းသာနိုင်တယ်ထင်ရင် ဆက်သောက်။ ငါကတော့... ခဏနေ မင်းကို ကားငှားပြီး အိမ်ပြန်ပို့ပေးမယ်"

ဒီစကားကို ချန်ယိုတောက် ကြားတာနဲ့ ချက်ချင်းဘဲကြောင်သွား၏။ တစ်ဖက်မှာတော့ ခုနက သန်စွမ်းနေတဲ့ အရှေ့မြောက်ပိုင်းသားကြီးတွေက မြေပေါ်လဲကျနေကြပြီး အတွေ့အကြုံကြွယ်ဝနေတဲ့လူက စားပွဲအောက်က ရွှေနေရာကိုတောင် ဝင်ယူနေပြီ။ တချို့က အိမ်သာထဲပြေးအန်နေကြပြီ။ အရမ်းသောက်နိုင်တဲ့ တချို့လူတွေကတော့ ဆက်ပြီးတိုက်ပွဲဝင်နေတုန်းပဲ။

စုန့်ချင်းကလည်း မညှာဘူး။ ရှင်တို့သောက်ရင် ကျွန်မဆက်သောက်မယ်။ တတိယပုလင်းက မကြာခင်ကုန်တော့မယ်။ ဒီအထိမြင်တော့ အဲ့သောက်နိုင်တဲ့လူတွေလည်း ငိုချင်စိတ်ပေါက်လာပြီ။ ဘယ်လောက်ပဲသောက်နိုင်သောက်နိုင် ဒီလိုတော့ မသောက်နိုင်ဘူးလေ။

သူတို့အရင်က မနည်းသောက်ထားပြီးသား။ ဒါပေမဲ့ တစ်ဖက်ကညီမလေးက သောက်နေတာဆိုတော့ သူတို့လည်း အလျှော့မပေးနိုင်ဘူး။ အဲ့တော့ ဆက်သောက်ကြ။

ဆယ်မိနစ်လောက်ကြာတော့ ယွီဟွေးဖေး၊ ချန်ယိုတောက်နဲ့ မျက်နှာမပြောင်းတဲ့စုန့်ချင်းတို့ ထမင်းဆိုင်ထဲကနေ ထွက်လာကြသည်။

ချန်ယိုတောက်က "ချန်ပုလီ... မင်းတကယ်ပဲ ငါ့ကို အရက်ဖိုးလျှော့ပေးလိုက်တာလား။ မင်းဘယ်တုန်းက ဒီလောက်နိုင်ငံချစ်စိတ်ရှိသွားတာလဲ"

ဆိုင်ရှင်ချန်ပုလီက မျက်နှာညှိုးငယ်စွာနဲ့ "ဟူး... မတတ်နိုင်ဘူးလေ။ မင်းတို့လည်း နိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့တာဆိုတော့က ဘယ်လိုလုပ်ပြီး ပိုက်ဆံယူရဲမှာလဲ။ ဒါပေမဲ့ နောက်ဆို ဒီလိုကိစ္စမျိုးထပ်ဖြစ်ရင်... ခင်ဗျားတို့... အင်း..."

"အင်တင်တင်မလုပ်နဲ့ ပြောစရာရှိရင် တန်းပြော" ချန်ယိုတောက်က နည်းနည်းမကျေမနပ်ဖြစ်သွား၏။

"ဒါဆို ငါတန်းပြောလိုက်မယ်နော်..." ပြီးတော့ ဒီကောင်ရဲ့မျက်နှာပေါ်မှာ လူယုတ်မာအပြုံးတစ်ခုပေါ်လာသည်။

"နောက်ဆို ဒီလိုကိစ္စမျိုးရှိရင် အားလုံးငါ့ဆိုင်ဆီကို လာပြီးရိုက်ကြ။ မင်းတို့မသိလို့နော်... ဒီနေ့ငါအရက်ဖိုး ဆဘ်ဆပိုရောင်းလိုက်ရတယ်။ မင်းတို့ရဲ့အဲ့နည်းနည်းလေးက ဘာမှမဟုတ်ဘူး"

ယွီဟွေးဖေးနဲ့ ချန်ယိုတောက်က ချန်ပုလီရဲ့ဂုဏ်ယူဝံ့ကြွားနေတဲ့ပုံစံကို ကြည့်ပြီး မဆဲဘဲမနေနိုင်တော့ဘူး။

"ငါ့လခွီး မင်းက မျက်နှာပြောင်တိုက်တာပဲ"

"တော်တော်ကောင်းတယ်... နင်တို့နှစ်ယောက်လည်း မျက်နှာပြောင်တိုက်တာပဲလေ။ စုလိုက်ရင် ဖဲတောင်ရိုက်လို့ရပြီ..."

စုန့်ချင်းက ဖြတ်ပြောလိုက်ပေမယ့် ယွီဟွေးဖေးနဲ့ ချန်ယိုတောက်က ဟက်ဟက်ပက်ပက်ရယ်ပြီး မကြားသလိုနေလိုက်ကြသည်။ သုံးယောက်သား ယိမ်းထိုးယိမ်းထိုးနဲ့ လမ်းကြားထဲကထွက်လာတော့ လူခြောက်ယောက်က လမ်းကြားဝမှာ ဆေးလိပ်သောက်ပြီး ရပ်နေကြ၏။

ရှေ့ဆုံးကနှစ်ယောက်က ခုနကလူမည်းကျောင်းသားနှစ်ယောက်ပဲ။ သူတို့နှစ်ယောက်က ယွီဟွေးဖေးကို လက်ညှိုးထိုးပြီး "သူပဲ... ငါ့ရည်းစားကို အတင်းလုတာ သူပဲ...။ လူမြင်ကွင်းမှာလည်း ငါ့ကိုရိုက်သွားသေးတယ်"

All Chapters