မပြန်တော့ဘူး
Vol. 15 Ch. 222
"သူဌေးခြံထဲမှာ တဲထိုးအိပ်လို့မရဘူးလား"
"သူဌေးရှိလား... ကျွန်တော်က အခန်းငှားဖို့ အလျင်မလိုပါဘူး။ ကျွန်တော်သိချင်တာက နတ်သမီးလေးက ဘယ်တော့ပြန်မှာလဲ. ပြန်တဲ့အချိန်ကျရင် အခန်းကို မသန့်ရှင်းဘဲ ထားခဲ့လို့ရမလား။ ကျွန်တော်က မူလရနံ့အတိုင်းကျန်နေတဲ့အခန်းကို တည်းချင်တာ။ ပိုက်ဆံဘယ်လောက်ဖြစ်ဖြစ် ပြောသာပြော"
...
ယွီဟွေးဖေးက ကြည့်ရင်းနဲ့ မျက်နှာကြီးမည်းမှောင်လာပြီး မဆဲဘဲမနေနိုင်တော့ဘူး။ "ခွေးမသားတွေ၊ တိရစ္ဆာန်တစ်သိုက်ပဲဟ"
ပြီးတော့ ယွီဟွေးဖေးက တစ်ယောက်ချင်းစီကို ပြန်ဖြေနေ၏။
"အခန်းတော့ မရှိတော့ဘူး ကြိုတင်မှာသွားပြီ။ ကျန်တာကတော့ ခွေးလှောင်အိမ်ပဲရှိတော့တယ်။ စမ်းကြည့်မလား... အထဲမှာ ဝက်ထီးအကြီးကြီးတစ်ကောင်လည်း ရှိသေးတယ်နော်။ ဖြူဖြူဖွေးဖွေးကြီး"
တစ်ဖက်က ပြန်ဖြေလာ၏။ "မင်းအမေ@#!"
"ခြံထဲမှာတော့ လုံးဝမဖြစ်ဘူး၊ ဒါပေမဲ့ သင်္ချိုင်းကုန်းထဲမှာတော့ နေရာလွတ်တစ်ကွက်ရှိသေးတယ်၊ စမ်းကြည့်မလား။ ညဘက်ဆို ရေနွေးလည်းရတယ်နော်"
"@#!@"
"မူလရနံ့အတိုင်းအခန်းတော့ ရှိတယ်။ ဒါပေမဲ့ ငါကိုယ်တိုင်အတွက် ချန်ထားတာ"
"မင်းက လူကောဟုတ်သေးရဲ့လား"
နောက်ဆုံးတော့ ယွီဟွေးဖေးက အခန်းကြိုတင်မှာထားတဲ့လူနှစ်ယောက်ကို တိုက်ရိုက်စာပို့လိုက်သည်။
"အခန်းမှာ ပြဿနာနည်းနည်းရှိသွားလို့ လေးစားရပါသောဧည့်သည်တော်ကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် ခင်ဗျားရဲ့အခန်းကို ဖျက်သိမ်းပေးလိုက်ပါတယ်။ သုံးရက်ကြာပြီးမှ အခန်းထပ်မှာဖို့ ကြိုဆိုပါတယ်..."
ရလဒ်ကတော့ "မင်းအမေ" ဆိုတဲ့စာနှစ်စောင်ပဲပေါ့။ ဒီလိုဆဲကြတဲ့အပေါ်မှာ ယွီဟွေးဖေးက နည်းနည်းလေးမှ ဂရုမစိုက်ဘူး၊ သူက ပိုက်ဆံလိုတာမှန်တယ်။ ဒါပေမဲ့ ဒီလို ရည်ရွယ်ချက်မကောင်းတဲ့ကောင်တွေဆီကတော့ ပိုက်ဆံမရှာချင်ဘူး။
ယွီဟွေးဖေးက အင်တာနက်ပေါ်မှာ ရှို့လင်မှာ စုန့်ချင်းရှိနေတဲ့သတင်းကို ဘယ်သူပေါက်ကြားသွားလဲဆိုတာကို ရှာဖွေကြည့်လိုက်တော့ တကယ်ပဲ အများကြီးတွေ့လိုက်ရတယ်။ သတင်းထောက်တစ်ယောက်က ရှို့လင်မှာ အပျော်ရောက်နေတုန်း စုန့်ချင်း သရဲနတ်တည်းခိုခန်းကို ဝင်ထွက်သွားလာနေတဲ့ဓာတ်ပုံကို ရိုက်ပြီး အင်တာနက်ပေါ်တင်လိုက်တာပဲ။ ဒါကြောင့် ဒီလောက်များတဲ့လူတွေ အုံလိုက်ကျင်းလိုက် ရောက်လာကြတာ။
‘လူတစ်သိုက် အားနေကြတာပဲ’
ဖုန်းကိုသိမ်းပြီး ယွီဟွေးဖေးက အောက်ထပ်ဆင်းသွား၏။ လက်တစ်ဖက်မှာ တံမြက်စည်း၊ လက်တစ်ဖက်မှာ ရေပုံးနဲ့အဝတ်စကိုင်ပြီး သင်္ချိုင်းကုန်းထဲဝင်ကာ တိတ်ဆိတ်စွာနဲ့ သင်္ချိုင်းကုန်းကို သန့်ရှင်းရေးလုပ်နေတော့သည်။
ဒါပေမဲ့ ယွီဟွေးဖေးက လူမှုကွန်ရက်ပေါ်က အားယားနေတဲ့လူတချို့ရဲ့ မိန်းကလေးလိုက်တဲ့ဇွဲကို လျှော့တွက်မိသွား၏။ အဲ့ဒီနေ့ညနေစောင်းမှာပဲ ရှို့လင်ရွာထဲကို ဝတ်ကောင်းစားလှနဲ့ လူငယ်တွေအများကြီး ရောက်လာပြီး တစ်ယောက်ချင်းစီက ယွီဟွေးဖေးအိမ်ရှေ့မှာ လာပတ်ချာလည်နေကြသည်။ ယွီဟွေးဖေးက တံတိုင်းပေါ်ကနေ ချောင်းကြည့်ပြီး ဒီလူတွေကို ကြည့်ကာ တိုးတိုးလေး ရေရွတ်မိလိုက်၏။
"ငါ့လခွီး... ဒီကောင်တွေက ဘယ်လိုဖြစ်ပြီး ခွေးတွေနဲ့တူနေရတာလဲ"
ဆဲသံကြားတော့ ရှောင်ထျန်းချန်ကလည်း "ဟေ့ကောင်... ခွေးတွေကို မဆဲနဲ့ကွာ"
ယွီဟွေးဖေးက ခေါင်းခါပြီး တံတိုင်းပေါ်ကနေ ဆင်းလာချိန်မှာ စုန့်ချင်းထွက်လာပြီး ယွီဟွေးဖေးတံတိုင်းပေါ်ကနေ ဆင်းလာတာကို မြင်တော့ စပ်စုတော့သည်။
"ဘာဖြစ်လို့လဲ"
"နွေဦးရောက်ပြီဆိုတော့ တိရစ္ဆာန်လေးတွေ မိတ်လိုက်တဲ့ရာသီရောက်ပြီလေ"
ပြန်ဖြေစကားကြောင့် စုန့်ချင်းက နားမလည်စွာနဲ့ ယွီဟွေးဖေးကို ကြည့်လိုက်၏။ ယွီဟွေးဖေးက "ရှင်းရှင်းပြောရရင် ငါ့မြေးမလေးက အရမ်းလှလွန်းလို့ ဝံပုလွေပေါက်စတစ်သိုက် မိတ်လိုက်ဖို့ ရောက်လာကြတာ"
စုန့်ချင်းရဲ့မျက်နှာလေး နီရဲသွားပြီး ယွီဟွေးဖေးကို မျက်စောင်းထိုးကာ "ထွီး... လူယုတ်မာ"
ယွီဟွေးဖေးက မကျေမနပ်နဲ့ "ဟေး... ငါဘယ်လိုဖြစ်ပြီး လူယုတ်မာဖြစ်ရတာလဲ။ ငါပြောတာ အမှန်တရားတွေလေ"
အပြင်မှာ ဝံပုလွေတစ်သိုက် ဝိုင်းနေတော့ စုန့်ချင်းလည်း အပြင်မထွက်သာတော့ဘူး။ ယွီဟွေးဖေးက တံမြက်စည်းကိုင်ပြီး သင်္ချိုင်းကုန်းထဲသွားတာကို မြင်တော့ သူလည်း နောက်ကနေ လိုက်သွားသည်။
ဒါပေမဲ့ သူသင်္ချိုင်းကုန်းကို ရောက်တဲ့အချိန်မှာတော့ အခုအချိန်ရဲ့ယွီဟွေးဖေးက အရင်လို ပျင်းရိပျင်းတွဲနဲ့ လူလိမ်ပုံစံမရှိတော့ဘဲ တံမြက်စည်းကိုင်လိုက်တာနဲ့ မျက်နှာအမူအရာက အာရုံစူးစိုက်နေပြီး တည်ငြိမ်အေးချမ်းကာ လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ။
ချွေ့ကျွယ်က ဖြတ်လျှောက်သွားရင်း ဘေးတံခါးဝမှာရပ်ပြီး ယွီဟွေးဖေးကို ကြောင်ကြည့်နေတဲ့စုန့်ချင်းကို တွေ့တော့ ခေါင်းလေးခါပြီး "ဒါနဲ့ဆိုရင် ဒုတိယတစ်ယောက်ပဲ..."
"ဘာကြည့်နေတာလဲ" ယွီဟွေးဖေးက သင်္ချိုင်းကုန်းသန့်ရှင်းရေးလုပ်ပြီး ပြန်လာတဲ့အချိန်မှာ စုန့်ချင်းရပ်ကြည့်နေတာကို တွေ့တော့ စပ်စုပြီး မေးလိုက်၏။
စုန့်ချင်းက "ငါစဉ်းစားနေတာက ဘယ်တစ်ယောက်က နင့်ရဲ့ပုံစံအမှန်လဲ။ တစ်ခါတလေ လူကောင်းမဟုတ်သလို ပေါ့ပျက်ပျက်နိုင်လိုက်တာ၊ တစ်ခါတလေကျတော့လည်း ကောင်းကင်ဘုံနဲ့မြေကြီးကိုတောင် စိန်ခေါ်ရဲတဲ့ ဖြောင့်မတ်တဲ့စိတ်ဓာတ်နဲ့..."
ယွီဟွေးဖေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ပြီး "ဒါကို စဉ်းစားနေစရာလိုသေးလို့လား။ နင်ထင်တဲ့ဘယ်ပုံစံက ချောလဲ၊ အဲ့ဒါအမှန်ပဲပေါ့။ ယောက်ျားဆိုတာ အကောင်းဆုံးဖြစ်ဖို့မလိုဘူး၊ အချောဆုံးဖြစ်ဖို့ပဲလိုတယ်"
"ဟမ့်..." စုန့်ချင်းက နှုတ်ခမ်းစူပြီး မျက်လုံးထဲမှာ မထီမဲ့မြင်အကြည့်တွေနဲ့ ပြည့်နေ၏။
သူမနဲ့ယွီဟွေးဖေး ဖြတ်သွားတဲ့အချိန်မှာ စုန့်ချင်းက "နင်ပြောကြည့်... ငါတို့အဲ့အိပ်မက်က တကယ်ပဲ အိပ်မက်လား။ ပြီးတော့ ဘယ်လိုဖြစ်ပြီး ဒီလောက်တိုက်ဆိုင်စွာနဲ့ မက်တဲ့အိပ်မက်က တူနေရတာလဲ"
ယွီဟွေးဖေးက ခပ်ရေးရေးပြုံးပြီး "ဒါက ငါတို့က အဘိုးနဲ့မြေးတော်လို့နေမှာပေါ့"
"ထွီ..."
စုန့်ချင်းက ဒီအကြောင်းအရာပေါ်မှာ ဆက်မပြောချင်တော့ဘဲ အကြောင်းအရာပြောင်းလိုက်သည်။
"နင်တို့ဆီမှာ ဘာကစားစရာရှိသေးလဲ"
"ခွေးဆွဲစွတ်ဖား စီးဖူးလား?"
စုန့်ချင်းက ခေါင်းခါပြ၏။
...
နေ့လယ်စာစားပြီးတော့ နဝမဆောင်ရဲ့နောက်တံခါးပွင့်လာပြီး နဝမဆောင်နောက်ဘက်ကို ပတ်လာတဲ့ခွေးတစ်သိုက်က စွတ်ဖားဆွဲပြီး ပြေးလာကြသည်။ ယွီဟွေးဖေးက စုန့်ချင်းကိုခေါ်ပြီး စွတ်ဖားပေါ်တက်ကာ အကျယ်ကြီးအော်လိုက်၏။
"တောင်ထဲဝင်မယ်"
ဝါကြီးက ဝူးဝူးဝါးဝါးအော်ပြီး ရှေ့ကနေဦးဆောင်ကာ ကျန်တဲ့ခွေး၁၃ကောင်အဖွဲ့က နောက်ကနေလိုက်ပါပြီး စွတ်ဖားက နှင်းဆိုင်ကယ်လိုပဲ နှင်းပြင်ပေါ်မှာ လျင်မြန်စွာနဲ့ ပြေးလွှားနေတော့သည်။
အခုချိန်ရဲ့ဝါကြီးတို့အဖွဲ့က အရင်ကထက် ပိုပြီးသန်မာထွားကြိုင်းလာတာမို့လို့ ယွီဟွေးဖေးက တကယ်ပဲ ရှောင်ထျန်းချန်ရဲ့သွေးကိုဖောက်ပြီး ခွေးကောင်းတစ်ကောင်မွေးမြူကာ အပြင်မှာရောင်းစားချင်စိတ်ပေါက်လာသည်။
စုန့်ချင်းက တကယ်ပဲ ပထမဆုံးအကြိမ် စွတ်ဖားစီးဖူးခြင်းပင်။ အစပိုင်းမှာတော့ နည်းနည်းသတိကြီးနေသေးသည်။ ရွာပြင်ထွက်ပြီး တောအုပ်ထဲရောက်တော့ ကောင်းကင်ပြာပြာကျယ်ကျယ်ကြီးကို ရင်ဆိုင်ရတဲ့အခါ သူတဖြည်းဖြည်း လွတ်လပ်ပေါ့ပါးလာပြီး လက်ကိုင်တန်းကိုကိုင်ကာ မတ်တပ်ရပ်ပြီး ကောင်းကင်ကြီးကို အော်ဟစ်နေတော့သည်။
အော်ဟစ်ပြီးတော့ စုန့်ချင်းက ထိုင်ခုံမှာထိုင်ရင်း "သက်တောင့်သက်သာရှိလိုက်တာ..."
ယွီဟွေးဖေးက အရူးတစ်ယောက်ကို ကြည့်သလို ကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်ကာ "ငါတော့ လေအေးနည်းနည်းလောက်ရှူလိုက်ရတာ ဘာသက်တောင့်သက်သာရှိမှန်းတောင် မသိတော့ဘူး"
စုန့်ချင်းက သူ့ကို မျက်စောင်းထိုးပြီး "ခံစားချက်မရှိဘူး"
ဒါပေမယ့် ယွီဟွေးဖေးကတော့ သူမပြောစကားကို ဂရုမစိုက်ဘဲ ထိုင်ခုံမှာမှီရင်း အကျယ်ကြီးအော်လိုက်၏။
"ဝါကြီး... အရှိန်မြှင့်... လှိုင်းစီး... လွှဲပစ်..."
အော်ပြီးတာနဲ့ ဝါကြီးတို့အဖွဲ့က တစ်ပြိုင်နက်တည်း အမြီးကိုလွှဲလိုက်တော့ တည်ငြိမ်နေတဲ့စွတ်ဖားက ချက်ချင်းပဲ အကြီးအကျယ် ချောထွက်သွားရာ စုန့်ချင်းက ကြောက်လန့်ပြီး ချက်ချင်းအော်ဟစ်တော့သည်။
ဒါပေမဲ့ ဒါက အစပဲရှိသေး၏။ ဝါကြီးတို့က မြေပြင်ပေါ်မှာ ရမ်းကားပြေးလွှားနေပြီး စွတ်ဖားကလည်း နေရာအနှံ့ လွင့်စင်နေတော့သည်။
သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာ စုန့်ချင်းက စွပ်ဖားပေါ်ကဆင်းတာနဲ့ ဝေါ့ခနဲ အန်တော့၏။ ယွီဟွေးဖေးက စုန့်ချင်းကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်ကာ လှည့်ထွက်၍ ဝေါ့ခနဲ သူလည်းအန်လိုက်လေသည်။
စုန့်ချင်းက အရင်က သူ့ကို တခွန်းလောက်ဆဲမလို့လုပ်နေပေမဲ့ ဒီမြင်ကွင်းကိုတွေ့တော့ မရယ်ဘဲမနေနိုင်တော့။
"နင်လည်း မရဘူးကိုး"
ယွီဟွေးဖေးက ဘာပြောနိုင်မှာလဲ။ သူလည်း ဝါကြီးတို့ ဒီလောက်ရူးသွပ်လိမ့်မယ်လို့ မထင်ထားဘူးလေ။
...
သုံးရက်ကြာတော့ ယွီဟွေးဖေးက မနက်စောစော စွတ်ဖားနဲ့ စုန့်ချင်းကို ဂူလင်မြို့ကို ပို့ပေးလိုက်တယ်။
"နင်ငါ့ကို ဒီလိုပဲ မောင်းထုတ်လိုက်တာလား"
စုန့်ချင်းက မြို့စွန်မှာရပ်ရင်း စွတ်ဖားပေါ်ထိုင်နေတဲ့ ယွီဟွေးဖေးကို မေးလိုက်၏။
"အင်း... မဟုတ်ရင် နင်ကို ကြာပွတ်နဲ့ တစ်ချက်လောက်ရိုက်ပေးရမလား"
စုန့်ချင်း "@#¥..."
"သွားတော့... ငါတို့တည်းခိုခန်းမှာ အများဆုံးသုံးရက်ပဲ တည်းခွင့်ရှိတယ်ဆိုတဲ့ စည်းကမ်းရှိတယ်။ ပိုနေလို့မရဘူး... ပြီးတော့ နင်အပြင်ထွက်လာတာ ဒီလောက်ကြာနေပြီဆိုတော့ ငါ့အစ်ကိုကြီးလည်း တော်တော်စိတ်ပူနေလောက်ပြီ။ အရင်က ငါ့ကို WeChat ပို့ပြီး နင့်ကိုကောင်းကောင်းဂရုစိုက်ဖို့ မှာထားတယ်။ ငါစဉ်းစားကြည့်တော့ နင့်ကိုဂရုစိုက်ရတာလည်း တော်တော်ပင်ပန်းတယ်၊ ဒါကြောင့် နင့်ကိုပြန်ပို့လိုက်တာပဲကောင်းပါတယ်လေ"
စုန့်ချင်းက ဒေါသတကြီးနဲ့ "ငါ့ကိုဂရုစိုက်ရတာ တော်တော်ပင်ပန်းတယ်တဲ့လား။ ငါက နင့်ကို ဘယ်တုန်းက ဂရုစိုက်ခိုင်းလို့လဲ။ ဒီထက်ပိုပြီး လိမ်နိုင်သေးလား"
ယွီဟွေးဖေးက "မဖြစ်နိုင်တာတော့ မဟုတ်ဘူး ဒါမှမဟုတ် ငါနင့်အဝတ်တွေ လျှော်ပေးရမလား"
စုန့်ချင်း ကြားတာနဲ့ မျက်နှာလေးနီရဲသွားပြီး လှည့်ထွက်သွားတော့သည်။
"အဘိုးကြီးချန်... ကျေးဇူးပဲ" ယွီဟွေးဖေးက လက်အကြီးကြီးကို ဝှေ့ယမ်းပြလိုက်၏။
ချန်ယိုတောက်က ရယ်ပြီး "ငါလည်းမင်းကို ကျေးဇူးတင်ပါတယ်။ ငါ့ကားက ခဏလောက်ဆေးစရာမလိုတော့ဘူး"
"သွားစမ်း... ငါ့မြေးမကို စိတ်မကူးနဲ့"
"မင်းမြေးမက ငါ့မြေးမပဲ မဟုတ်လား"
"ပါးစပ်ပိတ်ပြီး ကားမောင်းတော့"
စုန့်ချင်းက အားမရှိစွာနဲ့ အော်လိုက်တော့ ချန်ယိုတောက်က ရယ်ပြီး ယွီဟွေးဖေးကို "ညီလေး... သွားသောက်ကြမလား။ ဘာပဲဖြစ်ဖြစ် မင်းအားနေတာပဲလေ"
ယွီဟွေးဖေးက စဉ်းစားပြီး "ဟုတ်သားပဲ... သွားစို့"
ပြောရင်းဆိုရင်း ယွီဟွေးဖေးလည်း ကားပေါ်တက်လိုက်၏။ ထိုအချိန် စုန့်ချင်းက ဖုန်းထဲကလက်မှတ်ကို ကြည့်ပြီး ဖျက်လိုက်သည်။ ယွီဟွေးဖေးက ဒီမြင်ကွင်းကိုတွေ့တော့ အံ့သြတကြီးမေးလေသည်။
"ဘာလို့ဖျက်သိမ်းလိုက်တာလဲ"
"ခဲရာခဲဆစ် အားလပ်ရက်ရတာကို ငါအလျင်စလိုပြန်စရာလား။ နင်တို့ဘယ်သွားမလဲ ငါလည်းလိုက်မယ်"
ယွီဟွေးဖေး စကားမပြောနိုင်တော့ဘူး...။ ချန်ယိုတောက်ကတော့ ပျော်သွားပြီး "အိုး... အလှဘုရင်မကြီးပါလာတော့ မိုက်တာပေါ့။ သွားစို့... ငါမင်းတို့ကို အကောင်းတကာ့ အကောင်းစားတွေကျွေးမယ်"
ယွီဟွေးဖေးက မျက်ဖြူလှန်ပြပြီး "ဆိုလိုတာက ငါ့မြေးမ မလိုက်ရင် မင်းငါ့ကို ရှယ်တွေ မကျွေးတော့ဘူးပေါ့ ဟုတ်လား"
"ယောက်ျားကြီးက ဘာလို့ရှယ်တွေစားနေမှာလဲ။ ငါတို့နှစ်ယောက်သောက်ရင် မြေပဲပြုတ်တစ်ပွဲရှိရင်ပြီးရော။ ဟင်းတစ်ပွဲပိုမှာရင်တောင် ဖြုန်းတီးတာပဲ" ချန်ယိုတောက်က အော်ဟစ်လိုက်သည်။
ထို့စကားကြောင့် ယွီဟွေးဖေးက နောက်လှည့်ကြည့်လိုက်တော့ စုန့်ချင်းက စပ်စုပြီး "နင်ဘာရှာနေတာလဲ"
"ငါအုတ်ခဲရှာနေတာ၊ သူ့ကိုသတ်ပစ်မလို့"
မကြာခင်မှာပဲ ကားရပ်သွားပြီး ယွီဟွေးဖေးက ဘေးဘီကိုကြည့်လိုက်တော့ ဒါက လမ်းကြားသေးသေးလေးတစ်ခုပဲ။ ရှေ့တည့်တည့်မှာ တံခါးသေးသေးလေးတစ်ခုရှိပြီး တံခါးဝမှာ ဆိုင်းဘုတ်တစ်ခုချိတ်ထားသည်။
"ကိုယ်ပိုင်ထမင်းဆိုင်"
"ငါ့လခွီး... အဘိုးကြီးချန်။ မင်းငါတို့ကို လက်နက်ရောင်းဝယ်ရေးလုပ်ဖို့ ခေါ်လာတာတော့ မဟုတ်ဘူးမလား"
"သွားစမ်းပါကွာ... မင်းဒီဆိုင်ရဲ့အပြင်အဆင်က သိပ်မကောင်းတာကို မကြည့်နဲ့။ ဒီဆိုင်ရဲ့အရသာက တော်တော်ကောင်းတယ်။ ငါတို့ဒီနယ်တစ်ဝိုက်မှာ ထမင်းဆိုင်ဆိုရင် သူတို့ဆိုင်က အကောင်းဆုံးပဲ..."
တံခါးဖွင့်လိုက်တော့ အထဲမှာတော့ တခြားကမ္ဘာတစ်ခုလိုပဲ၊ တရုတ် ဂျပန်နှစ်မျိုးရော အလှဆင်ထားတဲ့ပုံစံက မျက်စိပသာဒဖြစ်စေသည်။
"ဒါဂျပန်လူမျိုးဖွင့်တာလား"
ယွီဟွေးဖေး မေးလိုက်တော့ ချန်ယိုတောက်က ရယ်ပြီး "ဒါက တရုတ်သူဌေးက ဂျပန်မယူပြီး ဖွင့်ထားတဲ့ဆိုင်။ ဒါလည်း နိုင်ငံအတွက် ဂုဏ်ဆောင်တာပဲလေ..."
ထိုအဖြေစကားကြောင့် ယွီဟွေးဖေးလည်း ရယ်လိုက်မိသည်။ ၃ယောက်သား ဆိုင်ထဲဝင်ပြီးတော့ သီးသန့်အခန်းမယူဘဲ ထောင့်တစ်နေရာမှာ ထိုင်လိုက်ကြ၏။
"သူဌေးချန်၊ ဘယ်လိုဖြစ်ပြီး အားယားနေတာလဲ" သူဌေးက ပြုံးပြုံးရွှင်ရွှင်နဲ့ လျှောက်လာ၏။ ဒါက ကိုယ်လုံးကိုယ်ပေါက် တော်တော်တောင့်တင်းပြီး မျက်နှာကြီး လည်ပင်းတုတ်နဲ့ စားဖိုမှူးပုံစံစစ်စစ် ယောက်ျားတစ်ယောက်ပဲ။ သူ့ရဲ့မျက်လုံးတွေက မကြီးဘူး၊ ရယ်လိုက်ရင် ချစ်စရာကောင်းသား။
ချန်ယိုတောက်က "ငါ့ညီလေးနဲ့ ညီမလေးကို မင်းဆိုင်ကလက်ရာလာမြည်းခိုင်းတာ။ စကားများမနေနဲ့တော့ အရက်ကောင်းနှစ်ပုလင်း အရင်ချ။ ဆာကေးတော့မယူဘူးနော်၊ အဲ့ဟာက အရမ်းပျော့တယ်..."
ထိုလူက ယွီဟွေးဖေးနဲ့ နှုတ်ဆက်ပြီးတော့ စုန့်ချင်းကို တစ်ချက်ကြည့်လိုက်ချိန် မျက်လုံးတွေတောင် တောက်ပသွားသည်။ ချန်ယိုတောက်က ယွီဟွေးဖေးနားလည်မှုလွဲမှာစိုးလို့ထင်ပါ့ အမြန်လက်ဝှေ့ယမ်းပြပြီး မောင်းထုတ်လိုက်သည်။
"မြန်မြန်ဟင်းသွားချက်တော့"
"အေးပါ... မင်းတို့ထိုင်နေကြဦး"
မကြာခင်မှာပဲ ဆာရှိမိပွဲကြီးတစ်ပွဲ၊ ပုစဉ်းရင်ကွဲခြောက်ကြော်ပွဲကြီးတစ်ပွဲနဲ့ ခွေးသားခြောက်ဆွဲတစ်ပွဲ ရောက်လာ၏။ ယွီဟွေးဖေးက ရှေ့ကဟင်းပွဲတွေကို ကြည့်ပြီး ရယ်ကာ "ဒါက တကယ်ပဲ တရုတ်ဂျပန်ပေါင်းစပ်ပဲကိုး"
ချန်ယိုတောက်က "ဒါပေါ့။ လာ... မြည်းကြည့်"
ပြောရမယ်ဆိုရင် ဒီသူဌေးရဲ့လက်ရာက တကယ်ကောင်း၏။ အထူးသဖြင့် ခွေးသားခြောက်ဆွဲနဲ့စားရတဲ့ ခွေးသားအချဉ်က အရသာက တော်တော်ကိုမွှေးသည်။ ဆာရှိမိကလည်း လတ်ဆတ်သဖြင့် ယွီဟွေးဖေး စားရတာ တော်တော်ကို သက်တောင့်သက်သာရှိသည်။
အဲ့ဒီအချိန်မှာပဲ နောက်ထပ်လူလေးယောက်ရောက်လာသည်။ ယောက်ျားနှစ်ယောက်၊ မိန်းမနှစ်ယောက်။ မိန်းမနှစ်ယောက်က သိပ်ထူးထူးခြားခြားမရှိဘူး ရုပ်ရည်က သာမန်ပဲ။ ဒါပေမဲ့ အဲ့ယောက်ျားနှစ်ယောက်ကတော့ တော်တော်ကို ထင်ရှားတယ်။
ယွီဟွေးဖေးက မျက်လုံးကို ပွတ်သပ်ပြီး အသံတိုးတိုးနဲ့ "မင်းညီလေးကို မီးနည်းနည်းလင်းအောင် လုပ်ခိုင်းလိုက်ရင်ရော။ ထပ်မှောင်ရင် ဒီနှစ်ယောက်ကို ငါမမြင်တော့ဘူး။ ကိုယ်ပျောက်အစွမ်းပါလာသလိုပဲ..."
ဟုတ်တယ်... ရောက်လာတာက လူမည်းနှစ်ယောက်ပဲ။ ယွီဟွေးဖေးက လူမည်းတွေကို ခွဲခြားဆက်ဆံတာမဟုတ်ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ သူက လူကိုမကြည့်ဘဲ အဖြစ်အပျက်ကိုပဲ ကြည့်တဲ့လူတစ်ယောက်ပဲ။
တခြားလူတွေက ဘယ်လူမျိုးက ဘယ်လိုပဲပြောပြော သူကတော့ အမြဲတမ်း ဘာပဲဖြစ်ဖြစ် အဲ့လူတစ်ယောက်ရဲ့အပြုအမူက အဲ့လူတစ်ယောက်ကိုပဲ ကိုယ်စားပြုတယ်။ အဲ့လူက အဲ့လူမျိုးစုတစ်ခုလုံးကို ကိုယ်စားမပြုဘူးလို့ ယုံကြည်ထားသည်ကိုး။ ဒါကြောင့် တခြားလူတွေက ရေတွင်းဖုံးခိုးတာ၊ ဘာညာနဲ့စနောက်နေရင် ယွီဟွေးဖေးက ရယ်ရုံပဲရယ်တယ်။
ရှေ့ကလူမည်းနှစ်ယောက်က ယွီဟွေးဖေးကို နည်းနည်းစပ်စုသွားစေရုံသက်သက်ပဲ၊ ဘာပဲဖြစ်ဖြစ် ဂူလင်မှာ လူမည်းတွေက တောင်ပိုင်းလောက် မများဘူး။ ဂူလင်မှာ အများဆုံးနိုင်ငံခြားသားတွေက ကိုရီးယားလူမျိုး၊ ဂျပန်လူမျိုးနဲ့ မြောက်ပိုင်းက ရုရှားညီအစ်ကိုတွေပဲ။
စပ်စုပြီး နှစ်ချက်လောက်ကြည့်လိုက်ချိန် လူမည်းနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးတော့ ဂုဏ်ယူဝံ့ကြွားတဲ့ပုံစံနဲ့ ခေါင်းမော့လိုက်ကြတယ်။ ပြီးတော့ လက်အကြီးကြီးကို ဝှေ့ယမ်းပြီး ဘေးကမိန်းကလေးရဲ့ခါးကို ဖက်လိုက်သေး။
ယွီဟွေးဖေးက တစ်ချက်စွေကြည့်လိုက်တော့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ခါးက သူ့ထက်တောင် တုတ်သေး။ တစ်ပတ်လှည့်လိုက်တော့ ပိုပြီး မျက်လုံးပြူးသွားတယ်။ အဲ့တင်ပါးကြီးက ပေါင်တစ်ချောင်းလုံးကို ဖုံးလွှမ်းသွားသလိုပဲ။ ဘာပဲဖြစ်ဖြစ် ကြည့်ရတာ သိပ်အဆင်မပြေတော့ ယွီဟွေးဖေး မျက်မှောင်ကြုတ်ပြီး စိတ်ထဲမှာ ညည်းညူလိုက်လေရဲ့။
‘ဒီညီအစ်ကိုနှစ်ယောက်ရဲ့ အရသာခံနိုင်စွမ်းက တကယ်ကို ထူးခြားတာပဲ...’
အဲ့မိန်းကလေးနှစ်ယောက်က ယွီဟွေးဖေးသူတို့ကို ကြည့်နေတာကို မြင်တော့ မသိစိတ်နဲ့ မေးစေ့မော့ပြီး လူမည်းနှစ်ယောက်ရဲ့လက်မောင်းကို တန်းဖက်လိုက်တယ်၊ တစ်ခုခုကို ကြွားဝါနေသလိုပဲ။
ချန်ယိုတောက်က ရယ်ပြီး "မင်းလူလွတ်ခွေးလို့ လှောင်ခံနေရပြီ"
ယွီဟွေးဖေးက တစ်ခုခုပြောမလို့လုပ်နေတုန်း လက်မောင်းက တင်းကြပ်သွားတယ်။ စုန့်ချင်းက သူ့ဘေးကို တိုးထိုင်ပြီး ကိုယ်ကိုမတ်လိုက်လို့ပဲ။ စုန့်ချင်းရဲ့အသားအရေက မူလကတည်းက ဖြူဖွေးတယ်လေ။ အခု မီးရောင်အောက်မှာဆိုတော့ ပိုပြီးတော့တောင် ထင်ရှားနေရော။
အရင်က လူမည်းတွေက ယွီဟွေးဖေးနဲ့ ကြွားနေလို့ သတိမထားမိဘူး။ ဒီတစ်ခါ စုန့်ချင်းထွက်လာတော့ လူမည်းနှစ်ယောက်ရဲ့မျက်လုံးတွေ တန်းတည့်သွားတယ်။ စုန့်ချင်းကို စူးစိုက်ကြည့်နေတာ မျက်လုံးတွေက ချက်ချင်းပဲ ပူလောင်လာပြီး တပ်မက်မှုက မျက်နှာပေါ်မှာ တန်းပေါ်လာကော။
သူတို့ထဲက လူမည်းတစ်ယောက်က မနေနိုင်ဘဲ လေချွန်မလို့လုပ်ပေမဲ့ ဘေးကမိန်းကလေးက ဆွဲလိုက်တော့မှ ထိန်းလိုက်ရတယ်။ ဒါပေမဲ့ အဲ့လူမည်းက သူ့ဘေးကမိန်းကလေးကို ကြည့်၊ စုန့်ချင်းကို ကြည့်၊ နောက်ဆုံးတော့ စိတ်ပျက်လက်ပျက်နဲ့ သူ့ညီအစ်ကိုနဲ့အတူ ဘေးတစ်နေရာကို သွားထိုင်လိုက်တယ်။
ချန်ယိုတောက်က ဟီးခနဲရယ်ပြီး "ဒါက လူမည်းတွေရဲ့စိတ်ဓာတ်ပဲ၊ သူတို့က ငါတို့နဲ့မတူဘူး။ ငါတို့ရဲ့နှစ်ငါးထောင်ယဉ်ကျေးမှုက ငါတို့ကို ကျိုးနွံမှုကို သင်ပေးတယ်။ သူတို့ရဲ့တောရိုင်းယဉ်ကျေးမှုက သူတို့ကို ရိုင်းစိုင်းမှု၊ စိတ်အားထက်သန်မှုကို သင်ပေးတယ်။ ဘာပဲဖြစ်ဖြစ် အဲ့မြေကြီးပေါ်မှာ အဲ့ကလူတွေ ချစ်သူရှာတဲ့အခါ တိုက်ရိုက်ပွင့်လင်းပြီး ရှင်းလင်းတယ်"
ဒီအထိပြောပြီးတော့ ချန်ယိုတောက်က သက်ပြင်းချပြီး "ဒီတစ်ချက်မှာတော့ တကယ်ပြောရရင် ငါတို့က သူတို့လောက်မတော်ဘူး။ ငါတို့ယဉ်ကျေးမှုက မကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ ငါတို့က ရှက်တတ်တော့ မိန်းကလေးလိုက်တဲ့အခါ အရှုံးပေါ်လွယ်တယ်... ဘာပဲဖြစ်ဖြစ် မိန်းကလေးတွေရဲ့မျက်လုံးထဲကအချစ်က ဆင်ခြင်တုံတရားထက် ခံစားချက်က ပိုသာတယ်၊ ဘယ်သူက ပိုကစားတတ်၊ စိတ်လှုပ်ရှားစရာကောင်းလဲ၊ ဒါတွေက သူတို့ကို ပိုပြီးဆွဲဆောင်နိုင်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ငါတို့နိုင်ငံက ရိုးသားတဲ့ယောက်ျားတွေက အလွယ်တကူ ရှုံးနိမ့်သွားကြတယ်လေ"
ယွီဟွေးဖေးက ရယ်ပြီး “ကစားချင်တဲ့၊ စိတ်လှုပ်ရှားစရာကြိုက်တဲ့ မိန်းကလေးတွေကလည်း ရိုးသားတဲ့ယောက်ျားတွေရဲ့ အိမ်ထောင်ဖက်ကောင်း ဖြစ်ချင်မှဖြစ်မှာ”
“ဒါလည်းဟုတ်တာပဲ... မြည်းကမြည်းရှာ၊ မြင်းကမြင်းရှာ၊ တူတူတန်တန်ပဲပေါ့။ မပြောတော့ဘူး... ငါတို့အရက်သောက်ကြစို့။ မင်းခုနကပထမဆုံးတိုက်ပွဲဖြစ်တဲ့ ချစ်သူယှဉ်ပြိုင်တဲ့နေရာမှာ အောင်မြင်စွာနဲ့အနိုင်ရတာကို ဂုဏ်ပြုကြစို့”