စစ်စခန်းတစ်ခု ဆောက်စေ!
Vol. 10 Ch. 127
ကျူးကော့လုံရဲ့ ရုတ်တရက်လုပ်ရှားမှုကြောင့် လက်ထောက်စစ်သူကြီးသာမက သူ့ကိုစောင့်ကြည့်နေခဲ့တဲ့ သိုင်းသမားတွေအားလုံးလည်း ထိန့်လန့်သွားကြသည်။
စားနေတဲ့ အစားအသောက်တွေ သီးကုန်ကြသဖြင့် အရှက်မကွဲစေရန် အကုန်လုံး ခေါင်းငုံ့လိုက်ကြ၏။
လက်ထောက်စစ်သူကြီး ထိတ်လန့်စွာဖြင့် အမြန်မတ်တပ်ရပ်လိုက်လေကာ
"စစ်သူကြီး ဘာဖြစ်လို့လဲ?"
"သူတို့တွေက သိုင်းသမားတွေပဲ! အရှင်မင်းကြီးက ငါ့ကိုပြောပြချင်နေခဲ့တာ
“အခုလိုကြီးမားတဲ့ မဟာတံတိုင်းတည်ဆောက်တဲ့ နေရာမှာ သိုင်းသမားတွေကို ငါတို့အသုံးပြုလို့ရနိုင်တယ်”
“သာမန်လူတွေနဲ့ နှိုင်းယှဥ်လိုက်မယ်ဆိုရင် သူတို့က ကျင့်ကြံမှုကို တက်မြောက်ထားတဲ့အတွက် ပိုမြန်တယ်၊ ပိုပြီး အင်အားကြီးတယ်၊ လုပ်နိုင်စွမ်းပိုရှိတယ်”
“သေချာပေါက် သူတို့ကိုထိန်းချုပ်ချင်ရင်တော့ သူတို့ရဲ့ အသက်ကို အကြပ်ကိုင်ရမှာပေါ့၊ တခြားနည်းလမ်းနဲ့ပြောရမယ်ဆိုရင်..”
“သူတို့ကို အလုပ်လုပ်စေချင်ရင် ငါတို့က ငွေပေးပြီး ခိုင်းစေရုံနဲ့တင် မရနိုင်တော့ဘူး"
ကျူးကော့လုံရဲ့ မျက်လုံးတွေက ချက်ချင်းပဲ နက်ရှိုင်းသွားခဲ့သည်။
"ငွေနဲ့ ထောက်ပံ့လို့ မရတော့ဘူး ဟုတ်လား? အဲ့တာဘာကို ဆိုလိုတာလဲ?"
လက်ထောက်စစ်သူကြီး အံ့သြနေ၏။ ကျူးကော့လုံကို မယုံကြည်နိုင်စွာဖြင့် ကြည်လိုက်သည်။
ကျူးကော့လုံ ပြုံးလိုက်ကာ..
" ငါတို့သူတို့ကို ယုံကြည်မှု၊ စကားပြောကောင်းခြင်း၊ ဒါမှမဟုတ် အကြံညဏ်တွေပေးခြင်း... အဲ့လိုနည်းလမ်းတွေနဲ့ ဆွဲခေါ်လို့ရတယ်”
“မိတ်ဆွေဖြစ်လာအောင် လုပ်ပြီးတော့လည်း ငါတို့ရဲ့ လက်အောက်မှာ အလုပ်လုပ်ခိုင်းလို့ရတယ်”
“သူတို့ရဲ့ သစ္စာရှိမှုကို အသုံးချလို့ရတယ်၊ ဒါပေမယ့် သေချာတာကတော့ သူတို့ကို ငွေပေးပြီး ခိုင်းလို့မရဘူး"
ကျူးကော့လုံ တည်ငြိမ်စွာပြောလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက အရာအားလုံးကို နားလည်နေဟန် ရှိ၏။
ကျူးကော့လုံရဲ့ မျက်လုံးတွေက လင်းလက်နေသည်။ စွမ်းအင်တချို့ ဝန်းရံနေသလိုမျိုးပဲ..
ကျူးကော့လုံက မကျေနပ်သေးသည့်နှယ် ဆက်ပြောလိုက်သည်။
"သေချာပေါက် သူတို့ကို မျှော်လင့်ချက်ပေးပြီးတော့လည်း ငါတို့ခိုင်းလို့ရနိုင်တယ်"
ကျန်းပိုင်မင်းသားရဲ့ စကားလုံးတွေကြောင့် လက်ထောက််စစ်သူကြီးခဗျာ အံ့သြပြီးရင် အံ့သြနေတော့သည်။
'ပြောရမယ်ဆိုရင် တော်ဝင်ရုံးတော်နဲ့ သိုင်းလောကဆိုတာ မသက်ဆိုင်တဲ့နေရာတစ်ခုပဲ။ ကျန်းပိုင်မင်းသားက သိုင်းလောကကို တကယ်ပဲ အသုံးချဖို့တွေးနေတာလား?’
'အဲ့ဒီစကားကိုတောင် စစ်မှန်တဲ့ စကားတစ်ခုလို ထုတ်ပြောနေနိုင်သေးတယ်။ မယုံကြည်နိုင်စရာ ကောင်းလိုက်တာ!’
စိတ်ကူးယဥ်ကြည့်မယ်ဆိုရင် ပျော်စရာကိစ္စကြီးဆိုပေမယ့် လက်တွေ့ကတော့ ရက်စက်သည်။ ဒီသတင်းသာ အပြင်ကိုထွက်သွားခဲ့မယ်ဆိုရင် တရှားတိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။
ဒီလိုကိစ္စမျိုးက နည်းနည်းလေး မှားယွင်းသွားတာနဲ့ ပုန်ကန်မှုအဖြစ် သတ်မှတ်ခံရနိုင်သည်။ တိုင်းပြည်တွေအားလုံးမှာလည်း ထိုသို့ပင်။
"ဒါပေမယ့် အရင်အရှင်မင်းကြီးက သိုငိးလောကနဲ့ ပတ်သတ်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်”
“ဒါ့အပြင် သိုင်းလောကရဲ့ အင်အားစုတွေကြောင့် ဖျက်စီးခံလိုက်ရတဲ့ တိုင်းပြည်ငယ်တွေလည်း အများကြီးရှိတယ်”
“အခုကျွန်တော်တို့ နယ်စပ်မှာ သိုင်းသမားတစ်ချို့ကို ခိုင်းစေတာက အဆင်ပြေသေးပေမယ့် တကယ့်အင်အားကြီး ပုဂ္ဂိုလ်တွေကသာ ရန်စမိခဲ့မယ်ဆိုရင်..."
လက်ထောက်စစ်သူကြီးက မနေနိုင်စွာ ပြောလိုက်သည်။ သူ့ရဲမျက်လုံးထဲမှာ စိုးရိမ်မှုတို့ ပြည့်နေ၏။ သူ့ရဲ့အသံကလည်း တိမ်ဝင်သွားခဲ့သည်။
"အရင်အရှင်မင်းကြီးက အရင်အရှင်မင်းကြီးပဲ မတူတော့ဘူး၊ အခုငါတို့ရဲ့ အရှင်က အတွေးအခေါ် နက်ရှိုင်းတယ်”
“သူ့ရဲတကယ့်အတွေးကို မင်းနဲ့ငါနဲ့က ဘယ်လိုလုပ် နားလည်မှာလဲ?"
ကျူးကော့လုံရဲ့ မျက်လုံးတွေက အလွန်စိတ်လှုပ်ရှားနေ၏။ ပြောနေရင်းနဲ့ ယုံကြည်မှုတစ်ချို့ပါ ဝင်ရောက်လာခဲ့သည်။ ကျူးကော့လုံ ဆက်ပြောလိုက်သည်။
"အဲ့ဒီလူတွေ ဒီနေရာကိုတောင် ရောက်လာခဲ့ပြီပဲမလား? "
လက်ထောက်စစ်သူကြီး အမြန်ဖြေကြားလိုက်သည်။
"အဲ့ဒီ လူတွေရဲ့ အပြောအရတော့ သူတို့ကို မိန်းမစိုးကျောက်က လွှတ်လိုက်တယ်လို့ ပြောပါတယ်"
ကျူးကော့လုံ မေးလိုက်၏။
"ဒါဆိုရင် ကျောက်ကောင်းက ဘယ်လိုစွမ်းအားတွေ ပိုင်ဆိုင်ထားလို့ သူတို့ကို ခိုင်းစေနိုင်ရတာလဲ?
“သေချာပေါက် တရှားတိုင်းပြည်နဲ့ သိုင်းလောကရဲ့ ကြားမှာ ကြီးမားတဲ့ အဆက်အသွယ်တစ်ခု ရှိနေရမယ်!”
“ဒါကြောင့်လည်း အရှင်မင်းသားက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကျန်းနန်မြို့မှာ ရဲတင်းစွာ ပြုမူရဲတာ! ဒါတွေအားလုံးကို အရှင်မင်းကြီးက နောက်ကွယ်ကနေ စီစဥ်ပေးခဲ့တာပဲ”
“ဒါကြောင့်မလို့ အဲ့ဒီလူတွေက ငါတို့ရဲ့တရှားတိုင်းပြည်အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိနေခဲ့တာ!"
ကျူးကော့လုံရဲ့ မျက်လုံးတွေက ပိုမိုတောက်ပလာခဲ့သည်။ အဆုံးမှာ အလင်းဖြာထွက်နေသကဲ့သို့ပင် တောက်ပလာလေ၏။
"အရှင်မင်းကြီးရဲ့ မဟာတံတိုင်း တည်ဆောက်မယ့် အကြံအစည်က အချိန်အကြာကြီးတည်းက စဥ်းစားခဲ့တဲ့အစီအစဥ်ပဲ”
“ဒါကြောင့် ငါယုံကြည်တယ် မကြာခင်မှာပဲ သိုင်းလောကရဲ့ လူအများကြီးရောက်လာမယ့်အပြင် ငွေတွေလည်း ရောက်လာလိမ့်မယ်”
“ဒါဆိုရင် ငါ့ရဲ့ပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်လိုက်မယ်"
ကျူးကော့လုံ အားတက်သရောပြောနေခဲ့သည်။
ဒါပေမဲ့ လက်ထောက်စစ်သူကြီးရဲ့ မျက်လုံးတွေကတော့ သံသယများနှင့် ပြည့်နှက်နေ၏။ သူ့ရဲ့မျက်နှာကလဲ တစ်ဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
ကျန်းပိုင်မင်းသား ဒီရက်ပိုင်း အစာမစားခဲ့၍ အခုလိုမျိုး ထင်ယောင်ထင်မှားဖြစ်နေတာလားဟု လက်ထောက်စစ်သူကြီး စိတ်ပူမိသွားခဲ့သည်။
‘အခုလို မဖြစ်နိုင်တဲ့အရာတွေကို ယုံကြည်မှုရှိစွာ ပြောရဲနေတဲ့အထိ ငါတို့ရဲ့ ကျန်းပိုင်မင်းသား ဘယ်လောက်တောင် ဆာလောင်နေခဲ့တာလဲ?’
တရှားတိုင်းပြည်ရဲ့ သန်မာမှုကို လက်ထောက်စစ်သူကြီး အနေနဲ့ မငြင်းပါဘူး။ ရှကျိုးယွီက မယုံနိုင်စရာကောင်းလောက်အောင် အရည်အချင်းရှိတာကိုလည်း လက်ခံသည်။
ဒါပေမယ့် ကျူးကော့လုံရဲ့ စကားတွေကတော့ ပုံပြင်နားထောင်နေရသလိုပဲ မဖြစ်နိုင်ဘူး။
တရှားတိုင်းပြည်က သန်မာတာ မှန်ပေမယ့် သန်မာတိုင်း သိုင်းလောကကို ထိန်းချုပ်လို့ရတာ မဟုတ်ဘူး။
လက်ထောက်စစ်သူကြီးခဗျာ ရင်ထဲကစကားလုံးတွေကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
အချိန်တစ်ခန အထိ သူဘာပြန်ပြောရမလဲဆိုတာကို မသိတော့ဘူး။
ဒါပေမယ့် ကျန်းပိုင်မင်းသားကတော့ သူ့ကို ဂရုမစိုက်ခဲ့ချေ။ ထိုအစား သူက စစ်စခန်းရှိရာကို သွားလိုက်လေ၏။ သွားနေရင်းနဲ့လည်း ပြောနေခဲ့သည်။
"ငါအရင်က တရှားတိုင်းပြည်နဲ့ ထျန်းချီတာဝါဘက်က ပူးပေါင်းမှုကို ဘာလို့ရပ်ဆိုင်းထားခဲ့လဲဆိုတာ သိချင်နေခဲ့တာ၊ အခုတော့ သိသွားခဲ့ပြီ”
“အရှင်မင်းကြီးနဲ့ ထျန်းချီတာဝါဘက်က လူက အခြေအနေတစ်ခုကို စောင့်နေခဲ့တာပဲ၊ အဲ့ဒီအခြေအနေကို ရောက်မှသာ သူတို့ရဲ့ပူးပေါင်းမှုကို ဆက်လက်ဆောင်ရွက်လိမ့်မယ်
“ငါ့အထင်တော့ အဲ့တာက မဟာတံတိုင်း တည်ဆောက်မှုနဲ့လည်း သက်ဆိုင်နေလောက်တယ်"
ကျူးကော့လုံ ရဲ့ရင်ထဲက အတွေးတွေက ပိုပြီး ခိုင်မာလာခဲ့သည်။
နယ်စပ်မှာ ရှိနေသော်ငြား ထိုက်အန်းမြို့တော်ရဲ့ သတင်းတွေကို ကျန်းပိုင်မင်းသား အဆက်မပြတ်စုံစမ်းထားခဲ့၏။
ထို့ကြောင့် ယနေ့လိုမျိုး ရဲတင်းတဲ့ မှန်းဆချက်ကို ပြောဆိုရဲတာပင်။
လက်ထောက်စစ်သူကြီးကတော့ ကျူးကော့လုံရဲ့ နောက်ကျောကို ကြည့်နေရင်း မတတ်နိုင်စွာ ခေါင်းရမ်းလိုက်သည်။
သူ့ရဲ့နှလုံးသားထဲမှာတော့ ကျန်းပိုင်မင်းသားက စစ်တပ်စရိတ် မလုံလောက်တော့သည့်အတွက် အလွန်စိတ်ပူနေသည်ဟုသာ တွေးနေ၏။
‘သနားစရာကောင်းလိုက်တာ....’
……..
ကျန်းနန်မြို့တွင် ရေကြီးမှုနဲ့ပတ်သတ်ပြီး ဖြေရှင်းပြီးသွားတဲ့အတွက် ရှထိုက်အန်းတစ်ယောက် အလွန်သာယာစွာဖြင့် နေ့ရက်တွေကို ကုန်ဆုံးနေ၏။
အားလပ်ချိန်မှာ သီချင်းနားထောင်သည်။ အရက်သောက်သည်။ သူ့ရဲ့ဘဝကြီးက အလွန်ပျော်ရွှင်စွာ ကုန်ဆုံးနေခဲ့သည်။
တိုင်းပြည်ရေးကို သူစိတ်မဝင်စားဘူး.. ဖြေရှင်းစရာ ပြဿနာလည်း မရှိသေးပေ။
ထို့ကြောင့် အရက်လေးသောက်ရင်း ပျော်မြူးရင်းနဲ့ ရှကျိုးယွီထံမှ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။
ထိုက်အန်းမြို့တော်ရဲ့ လှုပ်ရှားမှု မှန်သမျှကိုလည်း စောင့်ကြည့်နေခဲ့သည်။
ဒါပေမယ့် လီလင်ပုမြို့တော်ကို ပြန်သွားခဲ့တာ အလွန်ကြာနေခဲ့ပြီ။ အခုထိ ရှကျိုးယွီထံမှ ဘာအမိန့်မှ မရောက်လာသေးဘူး။
တွေးနေရင်းနဲ့ ရှထိုက်အန်း ထိုင်ခုံမှာ လှဲချလိုက်သည်။
ထိုအချိန်မှာပဲ အပြင်ဘက်က အသံကိုကြားလိုက်ရ၏။ သူ့ရဲ့ ကိုယ်ပိုင် သက်တော်စောင့်ရဲ့ အသံပင်။
"နန်းတော်ကနေ စာရောက်လာပါတယ်"
"အမြန်ယူလာခဲ့"
“နောက်ဆုံးတော့ ရောက်လာပြီလား?”
ရှထိုက်အန်း ချက်ချင်းပဲ ထိုင်ခုံက ထရပ်လိုက်သည်။ ထိုအစောင့်ရှိရာကို အမြန်သွားလိုက်၏။ ချက်ချင်းပဲ စာလိပ်ကို ယူကာ ဖွင့်လိုက်တော့သည်။
အထဲတွင် ပါဝင်သော စာကြောင်းက ရိုးရှင်းသည်။ ချင်မင်းသား ပိုပိုပြီးစိတ်လှုပ်ရှားလာတော့၏။ အဆုံးမှာ သူ့ရဲ့မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။
အဆုံးမှာ ချင်မင်းသားသည် နီရဲနေတဲ့ မျက်နှာနဲ့ အံ့သြတကြီးပြောလာ၏။
“ကောင်းတယ်! ကောင်းတယ်! အရှင်မင်းကြီးမှာ ဒါမျိုးအစီအစဥ်ရှိမယ်လို့ ထင်တောင်မထင်ထားမိဘူး!”
ထိုစကားကြောင့် ဘေးရှိ အစောင့်တပ်သားတွေရဲ့ မျက်လုံးက ပြူးကျယ်သွားကာ မေးလာကြသည်။
“ အရှင့်သား သတင်းကောင်းရှိလို့ပါလား?”
ရှထိုက်အန်းရဲ့ စိတ်လှုပ်ရှားနေပုံကြောင့် အကုန်လုံးသိချင်လာကြသည်။
ထိုအချိန်မှာ ရှထိုက်အန်းက ရယ်လိုက်ပြီး လက်တစ်ဖက်ယမ်းပြလိုက်ရင်း..
“ အကုန်လုံးကို သတင်းပေးလိုက်။ ယန်ကျစ်မြစ်ကမ်းစပ် တောင်ပိုင်းနေရာနားကို ရှင်းလင်းပြီး စစ်စခန်းတစ်ခု တည်ဆောက်ထားစေ!”