← Chapters

ဆက်နွယ်မှု တည်ဆောက်ခြင်း

Vol. 10 Ch. 130

ဆက်နွယ်မှု တည်ဆောက်ခြင်း

Vol. 10 Ch. 130

နန်းတော်ထဲ မလာခင်ကတည်းက အမတ်တွေအားလုံး ပြောစရာစကားလုံးများ ပြင်ဆင်ထားခဲ့ပေမဲ့ ရှကျိုးယွီရဲ့ စကားကို နားထောင်ပြီးနောက်မှာ သူတို့တွေ ဆွံ့အသွားခဲ့ကြသည်။

နောက်ဆုံးတော့ အခွန်ဘဏ္ဍာဌာနရဲ့ အမတ်ကြီးက စကားစပြောလိုက်သည်။ သူက အရှေ့တိုးလာလေကာ…

"အရှင်မင်းကြီး ပြောတာမှန်တယ်ဆိုပေမဲ့ အခုလိုမျိုး တပ်သား စုဆောင်းလိုက်တာက သိုင်းလောကရဲ့ ဂိုဏ်းအများစုကို မကျေမနပ် ဖြစ်စေပါလိမ့်မယ်။ ဒါဆိုရင် နေရာအသီးသီးက ရန်သူတွေကို ခေါ်ဆောင်မိသွားလိမ့်မယ်။ ဒါကြောင့် အရှင်မင်းကြီး ပြန်လည် စဥ်းစားပေးတော်မူပါ"

"တကယ်တော့ သိုင်းလောကဆိုတာ တိုင်းပြည်အရေးနဲ့ မတူပါဘူး။ သိုင်းလောကသားတွေက လွတ်လပ်ပြီး အုပ်စိုးဖို့ မလွယ်ကူဘူး။ သူတို့ကို မကျေနပ်အောင် လုပ်မိရင် ကျွန်တော်တို့ ပျက်စီးရပါလိမ့်မယ်"

အခွန်ဌာနရဲ့ အမတ်ကြီးက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ရှကျိုးယွီ အနည်းငယ် အံ့သြသွား၏။ သူ မနေနိုင်စွာ လှည့်ကြည့်လိုက်မိသွားသည်။

"ဒါဆိုရင် မင်းက ငါကိုယ်တော်ကို မေးခွန်းထုတ်နေတာလား?"

ရှကျိုးယွီရဲ့ အကြည့်ကြောင့် ထိုသူ ချက်ချင်းပဲ ကြောက်ရွံ့သွားကာ အမြန် ရှင်းပြလိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးက အကြံတစ်ချို့ ပေးချင်ရုံတင်ပါ။ အရှင်မင်းကြီး မကျေနပ်ဘူးဆိုရင် ကျွန်တော်မျိုး မဟုတ်မမှန် ပြောနေတယ်လို့ သဘောထားလိုက်လို့ရပါတယ်"

"ဒါ အဓိပ္ပါယ်မရှိဘူး"

ဘဏ္ဍာရေးအမတ်၏ စကားတွေကြောင့် ရှကျိုးယွီရဲ့မျက်နှာက မထိန်းနိုင်စွာ မဲ့သွားခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အမတ်တွေအားလုံးကို ကြည့်လိုက်ပြီး…

"မင်းတို့တွေမှာရော ငြင်းဆိုချက်ရှိလား?"

ထိုအချိန်တွင် ရှကျိုးယွီရဲ့ အရှိန်အဝါက ပြင်းထန်နေခဲ့သည်။ တရှားတိုင်းပြည်ကြီး တစ်ခုလုံးကို အုပ်မိုးထားတဲ့ တောင်တစ်တောင်ပမာ သိပ်သည်းလေးလံနေ၏။

ထိုအရှိန်အဝါတွေက ရှကျိုးယွီရဲ့ခန္ဓာကိုယ်မှ ဗဟိုပြုကာ ထွက်ပေါ်လာခဲ့ပြီး များပြားလွန်းလာသဖြင့် အဆုံးမှာ တရှားတိုင်းပြည်၏ နန်းတော်အထက်တွင် ကျယ်ပြန့်သော ပုံရိပ်ယောင် နတ်မြေပုံတစ်ခု ခပ်ဖျော့ဖျော့ အရိပ်ထင်လာခဲ့သည်။

သို့ပေမဲ့ ထိုနတ်မြေပုံက စွမ်းအားကြီးလွန်းသည်ဖြစ်၍ ပထမအဆင့် ကျင့်ကြံသူသာ မြင်နိုင်သည်။ ထိုနတ်မြေပုံပေါ်တွင် ရှေးဟောင်းမြို့တော်၏ ပုံစံကို ရေးဆွဲထားသည်။

ထိုမြို့တော်က ထိုက်အန်းမြို့တော်နဲ့ ဆင်တူပေမဲ့ ကွဲပြားချက် တစ်ချို့ရှိသည်။

ထိုအချိန်တွင် ရှကျိုးယွီ သိမ်းဆည်းထားသော အမဲရောင်ဥအပေါ်၌ အမဲရောင် အလင်းတွေ ရုတ်ချည်း ဝန်းရံသွားခဲ့သည်။

ထိုအလင်းတွေက များပြားကာ လေထုအဖြစ် ပြောင်းလဲသွားသည်။

ထိုအလင်းက ကောင်းကင်ရဲ့ နတ်မြေပုံပေါ်က ရွှေရောင် ရှေးဟောင်းမြို့တော်ဆီ ဦးတည်ကာ ပျောက်ကွယ်သွားတော့၏။ ထိုအချိန်မှာပဲ နတ်မြေပုံအထက်က ရှေးဟောင်းမြို့တော်အပေါ်တွင် အနက်ရောင်ဥ၏ အရိပ်ပါ ထင်ဟပ်လာခဲ့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာ ထိုအရိပ်က ပျောက်ကွယ်သွားခဲ့သည်။

ထိုအရိပ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ရှကျိုးယွီရဲ့ ကိုယ်အတွင်းက ပထမအဆင့် ကျင့်ကြံမှုနယ်ပယ် အတွင်းတွင် အနည်းငယ်သော ပြောင်းလဲမှု ဖြစ်ပေါ်စေခဲ့သည်။

"ချက်"

အသံတစ်ခုက ရှကျိုးယွီရဲ့ ခန္ဓာကိုယ်အတွင်းမှာ ပဲ့တင်ထပ်သွား၏။ တာအိုပညာရဲ့ ရွှေရောင်မှင်ဆေးရည်ကို အသုံးပြုစဥ်က ခံစားခဲ့ရသည့်အတိုင်းပဲ အတားအဆီးတချို့ ကွဲကြေသွားသလို ခံစားရသည်။ မကြာခင်မှာပဲ ထိုသိမ်မွေ့တဲ့ ပြောင်းလဲခြင်းက ပျောက်ကွယ်သွား၏။ ဒါပေမဲ့ ရှကျိုးယွီရဲ့ အတွင်းစိတ်က ပိုပြီး ကြည်လင်လာခဲ့သည်။

တစ်ချိန်တည်းမှာပဲ စနစ်ရဲ့အသံကို ရှကျိုးယွီ ကြားလိုက်ရသည်။

(ပိုင်ရှင်ရဲ့စိတ်နှလုံးနဲ့ ဆန်းကြယ်မဟာဥရဲ့ကြားမှာ ဆက်သွယ်မှုတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါပြီ။ ထိုအတွက်ကြောင့် အမည်းရောင်ဥရဲ့ ဥပေါက်နှုန်း ၁၀℅ မြင့်တက်လာသည်)

(ကံကြမ္မာအမှတ်၁၀,၀၀၀ စုပ်ယူလိုက်ပါသည်)

'ဆက်သွယ်မှု ဟုတ်လား? ဘာတွေဖြစ်နေတာလဲ?’

‘ အိုး၊ ဒါပေမဲ့ ကံကြမ္မာအမှတ်ကို ၁၀,၀၀၀တောင် စုပ်ယူလိုက်တာဆိုတော့..! အင်း မဆိုးပါဘူး’

‘ ဒါပေမဲ့ ဒီတစ်ခေါက် စနစ်က ဘာဆုမှလည်း မပေးပါလား?’

'ငါ့ရဲ့ အခုလို ကြီးမားတဲ့ အောင်မြင်မှုကို ဘာကြောင့် ဆုမပေးရတာလဲ? တွေးကြည့်တော့မှပဲ ငါ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ အဲဒီဥကိုတောင် မေ့သွားခဲ့တယ်။ ခဏနေကျမှ သွားကြည့်ရဦးမယ်!’

ကံကြမ္မာအမှတ် လျော့နည်းသွားမှုကြောင့် ရှကျိုးယွီ ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့သည်။ အနီးတွင်ရှိနေသော ဘဏ္ဍာရေးအမတ်နှင့်တကွ ကျန်တဲ့အမတ်တွေ အားလုံးကို ကြည့်လိုက်ကာ..

"ကောင်းပြီ ဒီကိစ္စကို ဖြေရှင်းပြီးပြီ။ အကယ်လို့ အမတ်တို့အနေနဲ့ မကျေနပ်ချက် တစ်ခုခု ပြောရဲတယ်ဆိုရင်..."

ရှကျိုးယွီ ဆက်မပြောခဲ့ဘူး။ သူက အခွန်ဘဏ္ဍာအမတ်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။

ရှကျိုးယွီရဲ့ အကြည့်ကြောင့် ထိုသူ ချက်ချင်းပဲ တုန်လှုပ်သွား၏။

အစောပိုင်းက ပြင်းထန်တဲ့အရှိန်အဝါဆီက လွတ်မြောက်သွားမှုကြောင့် အနည်းငယ် အေးချမ်းမှုရခဲ့တဲ့ ထိုသူရဲ့နှလုံးသားကို ရှကျိုးယွီရဲ့ အေးစက်တဲ့အကြည့်က ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

"အမတ်တို့အားလုံး ပြန်လို့ရပြီ"

ရှကျိုးယွီရဲ့ အသံထွက်လာတာနဲ့ နန်းတော်အထက်ရှိ ထူးဆန်းသော ဖြစ်စဥ်အားလုံး ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။ ရှကျိုးယွီက ပြောပြီးတာနဲ့ အရင်ဦးဆုံး ထွက်ခွာသွားတော့၏။

"တရှားတိုင်းပြည်က တကယ်ကို ကြောက်ဖို့ကောင်းလိုက်တာ"

လင်အန်း စားသောက်ဆိုင်အတွင်းမှာ ထိုင်နေသော ယူလျိုရှားလည်း ကောင်းကင်ဘုံရဲ့ ပြောင်းလဲမှုကို ချက်ချင်းပဲ သတိထားမိခဲ့သည်။ သူမ မော့ကြည့်လိုက်ချိန်မှာ ကျယ်ပြန့်သော နတ်မြေပုံကို မြင်တွေ့လိုက်ရ၏။ ထိုအပေါ်တွင် အမဲရောင်ဥ တစ်လုံးလည်း ရှိနေသည်။ သူမ အနီးကပ် မကြည့်နိုင်ခင်မှာပဲ ထိုမြေပုံက ပျောက်ကွယ်သွားခဲ့သည်။ သူမ အချိန်အတော်ကြာသည်အထိ အံ့သြနေမိ၏။

ထို့ကြောင့် သူမ မရေရာစွာဖြင့် ခေါင်းသာယမ်းနိုင်တော့သည်။

……

ရှကျိုးယွီရဲ့ ထွက်ခွာသွားပြီဖြစ်သော နောက်ကျောကို ကြည့်နေရင်း အမတ်တွေအားလုံး စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။ ထို့နောက်မှာ သူတို့အားလုံးက အခွန်ဘဏ္ဍာအမတ်ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့ရဲ့ မျက်လုံးထဲမှာ စိတ်ပျက်မှုတို့ ထင်းနေ၏။

တစ်ချို့ဆိုရင် ခေါင်းတောင် ယမ်းလိုက်ကြသေးသည်။ သူတို့က ရှကျိုးယွီကို စိတ်ပျက်တာလား.. ဒါမှမဟုတ် အခွန်အမတ်ကို စိတ်ပျက်တာလားဆိုတာ မသဲကွဲပေ။

ဒီလိုနဲ့ အချိန်တစ်ခု ကြာပြီးနောက်မှာ အမတ်တွေအားလုံးလည်း နန်းတော်အတွင်းမှ ထွက်ခွာသွားခဲ့ကြသည်။ အခွန်ဘဏ္ဍာအမတ်နဲ့ သူ့ရဲ့ယုံကြည်ရသော အစေခံတစ်ချို့သာ ကျန်ခဲ့၏။

"သခင်ကြီး၊ အရှင်မင်းကြီးက စိတ်ပိုင်းဖြတ်ထားပြီဆိုမှတော့ ကျွန်တော်တို့အနေနဲ့ အကြံဥာဏ်မပေးသင့်ပါဘူး။ ကျွန်တော်တို့ အရင်ပြန်ကြမလား?"

ထိုအစေခံက မနေနိုင်စွာ အကြံပြုလိုက်သည်။ ဒါပေမဲ့ အခွန်ဘဏ္ဍာအမတ်က အခုထိ မလှုပ်ရှားသေးပေ။ ဒါကိုမြင်တော့ ထိုအစေခံက မနေနိုင်စွာဖြင့် ထပ်ပြောလိုက်၏။

"သခင်ကြီး ဒီရက်ပိုင်း အိမ်တော်ထဲမှာပဲ နေနေရတဲ့အတွက် မကျေမနပ်ဖြစ်နေမှာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခုဆိုရင် ကျန်းပိုင်မင်းသားက မဟာတံတိုင်းကို တည်ဆောက်နေခဲ့တယ်။ တရှားတိုင်းပြည်မှာ ပြောင်းလဲမှုတွေ ကြုံလာရနိုင်တယ်”

“ အခုဆိုရင် တရှားတိုင်းပြည်နဲ့ ဝေ့တိုင်းပြည်ရဲ့ ဆက်ဆံမှုကတောင် တော်တော်လေး ပျော့ပျောင်းလာပြီလို့ ပြောလို့ရတယ်။ ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ တွက်ချက်မှုကြောင့်ပါ”

“ ဒါ့အပြင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကိုလည်း ၁လတည်းနဲ့ ၆ဆတက်အောင် လုပ်နိုင်ခဲ့တာ မဟုတ်ဘူးလား? ဒါကြောင့် ဝေ့တိုင်းပြည်ဘက်ကလည်း စိုးရိမ်လာခဲ့တယ်"

ထိုအစေခံက ပြောနေရင်းနဲ့ ရှကျိုးယွီ ထွက်ခွာသွားတဲ့ဘက်ကို မနေနိုင်စွာ လှမ်းကြည့်လိုက်သည်။ သိသာပါသည်။

ဒီတစ်ခေါက်တွင် မကျေနပ်ချက်ကြောင့် ရုံးတော်ထဲကို ဝင်လာသော အမတ်အရေအတွက်သည် အရင် ကျန်းပိုင်မင်းသား မဟာတံတိုင်း တည်ဆောက်စဥ်က ဝင်ရောက်လာသော အရေအတွက်ထက် တော်တော်လေး လျော့နည်းသည်။

ထိုလျော့နည်းသွားသော အမတ်တွေက အရှင်မင်းကြီးရဲ့ လုပ်ရပ်ကို ယုံကြည်မှုရှိ၍ လိုက်မလာကြခြင်းသာဖြစ်သည်။

အခုပါလာသော အမတ်တွေထဲက တစ်ချို့ကိုလည်း အခွန်ဘဏ္ဍာ အမတ်က အတင်းအကြပ် ခေါ်ဆောင်လာ၍ လိုက်ပါရခြင်းသာဖြစ်သည်။

သို့တိုင်အောင် အခွန်ဘဏ္ဍာ အမတ်ကြီးက လှုပ်ရှားမှု မရှိသေးချေ။ နေရာမှာတင် ရပ်နေရင်း ဖြစ်ခဲ့သမျှ အကြောင်းအရာတွေကို ဂရုတစိုက် ပြန်တွေးတောလိုက်၏။

အများအမြင်မှာ သူ့ကို အိမ်တွင်း၌ အကျဥ်းချခဲ့သည်ဆိုသော်ငြား လက်တွေ့မှာတော့ ဖျားနာမှုကြောင့် ဆေးကုသနေရရင်း သူကိုယ်တိုင်တောင် အိမ်ပြင် မထွက်နိုင်ခဲ့ပေ။

ထိုနေ့က ရှကျိုးယွီနဲ့ စကားများပြီးချိန်တွင် အလွန် ဒေါသထွက်သွားပြီး အိမ်ပြန်ရောက်တာနဲ့ ဖျားနာခဲ့ရသည်။

ထို့အပြင် အကျဥ်းချခံထားရသဖြင့် ရုံးတော်အတွင်းက ကိစ္စရပ်တွေကိုလည်း သူ မသိခဲ့ဘူး။

ပြင်းထန်သည့် သူ့ရဲ့ဖျားနာမှုကို တော်ဝင်သမားတော်ပင် ကုသရန် ခက်ခဲခဲ့သည်။

များစွာတဲ့ ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့သော်ငြား အသုံးမဝင်ခဲ့ဘူး။ ထိုအရေးကြီးအချိန်မှာပဲ ကောင်းကင်ထက်ကနေ ရွှေရောင် အလင်းတစ်ချို့ ဝင်ရောက်လာခဲ့သည်။

သူ့ရဲ့ဖျားနာမှုအားလုံးကို ကုစားပေးသွား၏။ ချက်ချင်းပဲ လန်းဆန်းကာ စွမ်းအင်ပြည့်ဝသွားခဲ့သည်။

မဟုတ်ရင် အခုလိုမျိုး နန်းတော်ထဲ ဝင်လာပြီး ရှကျိုးယွီနဲ့ တွေ့ဆုံနိုင်မှာ မဟုတ်ပေ။

အခုအချိန်မှာ အစေခံဖြစ်သူရဲ့ စကားတွေကြောင့် အခွန်ဘဏ္ဍာ အမတ်ကြီး အတွေးများသွားခဲ့သည်။

တွေးကြည့်လိုက်သော အချိန်ကျမှ တကယ်ပဲ တရှားတိုင်းပြည်က ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပုံပင်။

ထိုကိစ္စတွေအားလုံးက ထူးဆန်းနေသည်။ ရှကျိုးယွီရဲ့ အမိန့်တွေမှာ နောက်ကွယ်က ဆိုလိုရင်းတစ်ခု ရှိရမည်။ ဒါ့အပြင် ဒီနေ့ ရှကျိုးယွီရဲ့ ပုံစံက အလွန်ကို ယုံကြည်ချက် ရှိနေဟန်ပေါက်သည်။

"ငါ တကယ်ပဲ မှားသွားတာလား?"

အခွန်ဘဏ္ဍာ အမတ်ကြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

တရှားတိုင်းပြည်မှာ သူက အရေးပါတဲ့ အမတ်တစ်ယောက်ဖြစ်သည်။ တိုင်းပြည်ရဲ့ မြေနေရာပိုင်းနဲ့ အခွန်တင် သာမကဘဲ အိမ်ပိုင်ဆိုင်မှု လိုအပ်ချက်တွေ၊ အလုပ်သမားတွေကို လစာပေးဝေမှုတွေနဲ့ နှစ်စဉ် ငွေစာရင်းချုပ်ကို သူက ကြည့်ရှုပေးရသည်။ ထို့ကြောင့် တရှားတိုင်းပြည်အတွက် သူ့ရဲ့ပံ့ပိုးမှုက အလွန်အရေးပါသည်။

"ဒါက သခင်ကြီး မှန်လား မှားလားဆိုတဲ့ မေးခွန်းမဟုတ်ဘူး။ အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေမှာ နက်ရှိုင်းတဲ့ ဆိုလိုရင်း ရှိရမယ်။ ကျွန်တော်တို့ အရင်ကလည်း ပြောပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကြီးက လက်မခံခဲ့တာပါ"

ထိုအစေခံက အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။

All Chapters