← Chapters

ဘာတွေလောနေတာလဲ? အချိန်တန်ရင် ရောက်လာမှာပေါ့!

Vol. 10 Ch. 134

ဘာတွေလောနေတာလဲ? အချိန်တန်ရင် ရောက်လာမှာပေါ့!

Vol. 10 Ch. 134

အကုန်လုံး ထိတ်လန့်သွားပြီး ထိုအသံရှိရာကို ကြည့်လိုက်၏။

ထိုအချိန်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ ထိုသူက လက်နောက်ပြစ်ကာ ရပ်နေ၏။ အကုန်လုံးကို နောက်ကျောပေးထားပြီး လှည့်ကြည့်မလာခဲ့ဘူး။

ဒါပေမယ့် ထိုလူငယ်ဆီမှ ဆန်းကြယ်သော အင်အားပြင်းသည့် အရှိန်အဝါတစ်ခုကို အကုန်လုံး ခံစားလိုက်ရသည်။

ထိုသူက လီဖူပင်။ လီဖူရောက်လာတာနဲ့ နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

လူတိုင်းရဲ့မျက်လုံးများသည် စိတ်လှုပ်ရှားလာကြသည်။ တချိန်တည်းမှာပဲ ဒူးထောက်လိုက်ကြပြီး…

“အရှင်လီကို အရိုအသေပေးပါတယ်!”

ဒူးထောက်အရိုအသေပေးပြီးတာနဲ့ လီဖူကို စိတ်လှုပ်ရှားစွာ မော့ကြည့်လာကြသည်။

ထျန်းချီတာဝါဂိုဏ်းက ဖိတ်ခေါ်ခဲ့ပေမယ့် အကြောင်းအရင်းကို ဘယ်သူမှမသိကြဘူး။ သူတို့အားလုံးလည်း အမိန့်နာခံခြင်းအားဖြင့် တရှားတိုင်းပြည်ထဲကို ရောက်လာခဲ့တာဖြစ်သည်။

ဒုတိယအဆင့် ကျင့်ကြံမှုထက် မနိမ့်သော လူအယောက် ၅၀၀ သည် လယ်ကွင်းထဲတွင် စုဝေးနေကြသည်။ အကုန်လုံးရဲ့ လက်များသည် စိတ်လှုပ်ရှားမှုကြောင့် ချွေးတွေထွက်နေကြ၏။

ထျန်းချီတာဝါကို အကုန်လုံး ကြောက်ရွံ့ကြသည်။

“အားလုံး ထလို့ရပြီ”

လီဖူကတော့ လက်နောက်ပစ်ထားရင်း လှည့်ကြည့်မလာခဲ့ဘူး။ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ထိုအသံကြားမှသာ အားလုံး ခပ်ဖြည်းဖြည်း မတ်တပ်ရပ်လိုက်ကြ၏။

“ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံးမှာ မင်းတို့တွေ သတင်းတွေကြားခဲ့ရမယ်လို့ ငါထင်တယ်၊ မင်းတို့ကို ဒီနေရာကို ဖိတ်ခေါ်ခဲ့တာလည်း ထျန်းချီတာဝါနဲ့ မသက်ဆိုင်ဘူး၊ ငါ့ရဲ့တောင်းဆိုချက်လို့ ပြောရမယ်၊ ငါ့ရဲ့ ကိုယ်ပိုင်တောင်းဆိုချက်ပဲ၊ ဒါကြောင့် မင်းတို့သွားချင်ရင် အခုသွားလို့ရတယ်”

လီဖူက စကားအများကြီး မပြောခဲ့သလို လှည့်လည်းကြည့်မလာခဲ့ဘူး။ သူ့ရဲ့အသံကတည်ငြိမ်သည်။ အက်ရှမှုတစ်ခုတောင်မရှိဘူး။

အကုန်လုံး အံ့ဩသွားကြ၏။ လူအုပ်ထဲမှ တစုံတစ်ယောက်က ပြုံးလိုက်ကာ..

“အရှင်လီ ဘာတွေတွေးနေတာလဲ? အရှင်လီရဲ့အလုပ်က ကျွန်တော်တို့ရဲ့အလုပ်ပဲပေါ့၊ အရှင်လီအခုလိုထုတ်ပြောလာခဲ့ပြီဆိုရင် ကျွန်တော်ကျန်းစန်က အကောင်းဆုံး လုပ်ဆောင်ပြီး တာဝန်အပြည့်အဝယူပါ့မယ်”

“ဟုတ်တယ် ဘာကိစ္စလဲဆိုတာ ကျွန်တော်တို့ကိုသာ ပြောလိုက်ပါ၊ ဒီကိုရောက်လာပြီးပြီဆိုမှတော့ ထွက်သွားဖို့မတွေးဘူး!”

“ညီအစ်ကိုတို့…ဒါအမှန်ပဲမလား?”

ကျန်းစန်ဟူသော ကျင့်ကြံသူတစ်ယောက်က စိတ်အားထက်သန်စွာဖြင့် ဖိတ်ခေါ်လိုက်၏။ အကုန်လုံးလည်း အမြန်ပြောလိုက်ကြသည်။ လီဖူအထင်လွဲသွားမှာကို အကုန်လုံးစိုးရွံ့ကြသည်ပင်။

ဒါပေမယ့် လီဖူကတော့ အကုန်လုံးကို ဂရုမစိုက်ပါချေ။ သူ့အတွက် ဒီအဖြစ်အပျက်က မထူးဆန်းဘူး။ ထျန်းချီတာဝါဆိုတာ သိုင်းလောကအတွင်းတွင် အလွန့်အလွန် မြင့်မားတဲ့ ရပ်တည်မှုတစ်ခုပဲ။ အကုန်လုံးရဲ့ လေးစားမှုကို သေချာပေါက်ခံယူသင့်သည်။ လီဖူ ရိုးရှင်းစွာပဲ ခေါင်းငြိမ့်ပြလိုက်သည်။

“တကယ်တော့…ဒီနေ့ကိစ္စက အရေးကြီးကိစ္စတော့မဟုတ်ဘူး၊ မင်းတို့လုပ်ရမှာက တရှားတိုင်းပြည်ရဲ့ တပ်သားတွေနဲ့ သူတို့တွေတိုင်းပြည်အသီးသီးကနေ လက်ခံမယ့်ငွေတွေကို ကာကွယ်ပေးဖို့ပဲ၊ အဲ့ဒီငွေတွေ တရှားတိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်အတွင်းကို အောင်မြင်စွာ ရောက်ရှိနိုင်ဖို့ မင်းတို့တွေလုပ်ဆောင်ရမယ်၊ အဲ့ဒီငွေတွေရဲ့ကိစ္စနဲ့ မပက်သက်ရင် လမ်းတစ်လျှောက်လုံးမှာမြင်ခဲ့ရတဲ့သတင်းတွေ ဘာတစ်ခုကိုမှ ဂရုစိုက်စရာမလိုဘူး”

လီဖူက ပြောပြီးတာနဲ့ ခပ်ဖြည်းဖြည်း အနောက်လှည့်ကာ အားလုံးကိုကြည့်လိုက်၏။ လီဖူရဲ့မျက်လုံးထဲတွင် လွှမ်းမိုးမှုများရှိနေသည်။

“သေချာပေါက် မင်းတို့သွားချင်ရင် သွားလို့ရသေးတယ်၊အကယ်လို အဲဒီအချိန်ကိုရောက်မှ တစုံတစ်ယောက်က သေချာမလုပ်ပဲနဲ့ အလုပ်ကို ဖျက်လိုဖျက်စီးလုပ်နေတာ တွေ့လို့ကတော့…”

လီဖူက စကားကိုဆုံးအောင် မပြောခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့အကြည့်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို အကုန်လုံး ခံစားလိုက်ရသည်။

ထိုကြောင့် အသက်မရှုနိုင်စွာဖြင့် လီဖူကို စိုက်ကြည့်နေမိကြတော့၏။ လေထုတစ်ခုလုံး အေးခဲသွားဟန်ရှိသည်။

သူတို့ရဲ့ကျင့်ကြံမှုက မနိမ့်ဘူးဆိုပေမယ့် လက်ရှိလီဖူရဲ့ကျင့်ကြံမှုက အားလုံးထက်သာလွန်သည်။ ဒါ့အပြင် လီဖူမှာ ထျန်းချီတာဝါရဲ့နောက်ခံလည်း ရှိသေးသည်။

ထိုကြောင့် အခု အခြေအနေမှာ လီဖူက သူတို့ရန်စနိုင်တဲ့သူတစ်ယောက် မဟုတ်ဘူး။ ထို့ကြောင့်ပဲ တရှားတိုင်းပြည်အပေါ်မှာထားတဲ့ သူတို့ရဲ့သဘောထားက ပိုပြီးသတိကြီးလာတော့သည်။

ဂိုဏ်းကိုပြန်ရောက်တာနဲ့ ဂိုဏ်းကိုယ်စားပြုပြီး တရှားတိုင်းပြည်နဲ့ ပူးပေါင်းဖို့အတွက်ပင် အကုန်လုံး စဉ်းစားလိုက်ကြသည်။

လီဖူရဲ့တည်ရှိမှုသည် ထျန်းချီတာဝါကို ကိုယ်စားပြုသည်။ အခုလိုမျိုး လီဖူဘက်က တရှားတိုင်းပြည်အတွက် စိတ်လိုလက်ရကူညီပေးနေမှုကြောင့်..

တရှားတိုင်းပြည်ရဲ့သန်မာမှုကို သံသယဝင်စရာ မလိုအပ်တော့ပေ။ တရှားတိုင်းပြည်က သူတို့ထင်ထားတာထက် ပိုပြီး ကြောက်မက်ဖွယ်ကောင်းနေတာလည်း ဖြစ်နိုင်၏။

“အရှင်လီရဲ့အမိန့်အတိုင်းပါ”

လူအုပ်ထဲမှ တစ်ယောက်က ဖြေကြားလိုက်သည်။

ဒါပေမယ့် လီဖူက ဂရုမစိုက်ပါချေ။

“အကယ်လို့ ပြဿနာမရှိဘူးဆိုရင်တော့ ငါ့နောက်လိုက်ခဲ့ကြ။ ပြဿနာရှိခဲ့ရင်လည်း …ရောက်တဲ့နေရာကနေ လာလမ်းအတိုင်းပြန်သွားကြ၊ ဒါပေမယ့် ငါ့နောက်လိုက်လာတဲ့လူတိုင်း စည်းကျော်တဲ့အပြုအမူတစ်ခုဖြစ်ဖြစ် လုပ်ခဲ့လို့ကတော့ မျက်နှာမထောက်လို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့! သိုင်းလောကသားအနေနဲ့ သိုင်းလောကရဲ့စည်းမျဉ်းကို မဖြစ်မနေ လိုက်နာရမယ်!”

လီဖူက ပြောပြီးတာနဲ့ အဝေးကို စတင်ထွက်ခွာသွားခဲ့သည်။ အကုန်လုံးအံ့ဩသွား၏။

လီဖူရဲ့နောက်ကနေ ပထမဦးဆုံးလိုက်သွားသူကတော့ ကျန်းစန်ပင်။ ထို့နောက်မှာ နောက်ထပ်လူတစ်ချို့လည်း လိုက်ပါသွားကြ၏။

ကျန်တဲ့လူတွေကတော့ နေရာမှာတင် တွန့်ဆုတ်နေသေးသည်။ အချိန်ခဏကြာပြီးနောက်မှာ လူတစ်ချို့ ထက်မံ လိုက်သွားကြ၏။

အနည်းငယ်သော လူတစ်ချို့သာ အခုချိန်ထိ ရုန်းကန်နေရဟန်ရှိသည်။ အဆုံးမှာတော့ အံကြိတ်ကာ သူတို့လည်း ထွက်သွားကြသည်။

ဒီလိုနဲ့ ဆင့်ခေါ်ခံခဲ့ရသော အယောက် ၅၀၀ လုံး တစ်ယောက်မှမကျန်အောင် လီဖူရဲ့ အနောက်ကို လိုက်သွားကြ၏။ သူတို့ရဲ့နှလုံးသားထဲမှာ တွန့်ဆုတ်နေ

ပေမယ့် ဒါက အခွင့်အ‌ရေးတစ်ခုဆိုတာကို နားလည်သည်။ ဒါက ထျန်းချီတာဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မယ့်အခွင့်အရေးတစ်ခုပဲ။

ဒါ့ကြောင့် ဒီအခွင့်အရေးကို ဘယ်သူမှ လက်မလွှတ်ချင်ကြဘူး….။

…..

ထိုအချိန်မှာ လီလင်ပု တည်ငြိမ်စွာဖြင့် လီဖူနဲ့ ချိန်းဆိုထားသော နေရာတွင် စောင့်နေ၏။ သူ့ရဲ့ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ လီလင်ပု၏နောက်တွင် ကြီးမားသော ယာဉ်တန်းကြီးရှိသည်။ ဒါပေမယ့် တပ်သားတစ်ယောက်မှ မရှိဘူး။

မြင်းလှည်းအသီးသီးကို မောင်းနှင်ပေးတဲ့ မြင်းလှည်းမောင်းသမားများသာ ပါဝင်သည်။ သူတို့အားလုံး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။

ထိုယာဉ်တန်း၏နောက်တွင် အမတ် တစ်ချို့လည်းပါရှိသည်။ သူတို့ရဲ့ မျက်နှာတွေက စိတ်ပူနေဟန်ရှိသည်။

တစုံတစ်ယောက်က လီလင်ပုကို မနေနိုင်စွာဖြင့် မေးလိုက်၏။

“သခင်လီ..အခုဆိုရင် နာရီဝက်လောက် ရှိနေပြီ၊ ထျန်းချီတာဝါရဲ့ပုဂ္ဂိုလ်က တကယ်ကို မလာခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဝေ့တိုင်းပြည်ရဲ့ သံတမန်အဖွဲ့ကို ဒီပုံစံနဲ့ သွားတွေ့ရတော့မှာလား?”

“ဘာတွေလောနေတာလဲ? သူတို့လာလိမ့်မယ်!”

လီလင်ပုပြောလိုက်၏။ သူ့ရဲမျက်လုံးထဲမှာ အပြုံးတို့ ပြည့်နေခဲ့သည်။

“ဒါပေမယ့် သူတို့လာမယ်ဆိုရင် အစောကြီးထဲက ရောက်လာသင့်ပြီ! အခုဆိုရင် ဝေ့တိုင်းပြည်ရဲ့ သံတမန်အဖွဲ့က ရောက်တော့မှာ အဲဒီအချိန်ကြရင်…”

ထိုအရာရှိက ရှုပ်ထွေးစွာ မေးလိုက်သည်။ သူ့ရဲ့မျက်နှာက ကူကယ်ရာမဲ့နေပုံပဲ။ ဒါပေမယ့် သူ့ရဲ့စကားမဆုံခင်မှာပဲ လီလင်ပုရဲ့ စူးရှသောအကြည့်ကြောင့် ပြောနေတာ ရပ်တန့်သွားခဲ့သည်။

“မင်းယုံကြည်ချင်တဲ့သူကို ယုံကြည်လို့ရတယ်၊ ဒါပေမယ့် အရှင်မင်းကြီးကို မယုံကြည်လို့တော့မရဘူး၊ ဒါက အရှင်မင်းကြီးရဲ့အမိန့်ဆိုတဲ့အတွက် မင်းတို့ သေချာပေါက် နာခံရမယ်၊ ဒါ့အပြင် ငါ့ကိုကတိပေးခဲ့တဲ့သူကို ဘယ်သူလို့ထင်လဲ? အဲဒီလူက ထျန်းချီတာဝါရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ၊ ထျန်းချီတာဝါဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ? သူတို့ဘက်က ကတိမတည်ဘူးလို့ မင်းထင်လား?”

လီလင်ပု မေးခွန်းများစွာကို ဆက်တိုက်မေးလိုက်သည်။

အရာရှိတွေအားလုံး စွန့်အသွားလေ၏။ ထိုအချိန်မှာပဲ သစ်တောအတွင်းမှ လေးလံသော ခြေသံများစွာကို ကြားလိုက်ရသည်။

အကုန်လုံး လှည့်ကြည့်လိုက်ချိန်မှာ လီဖူနှင့်တကွ ရပ်နေသော များစွာသည့် သိုင်းပညာရှင်များကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်မှာပဲ လီဖူရဲ့ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီး လီလင်ပုရဲ့ဘေးကို ရောက်လာခဲ့သည်။ လီဖူက ရိုသေစွာဖြင့် ပြောလိုက်၏။

“စောင့်ခိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်၊ လမ်းမှာ ပြဿနာတစ်ချို့ဖြစ်နေလို့ နည်းနည်းနောက်ကျသွားတယ်”

“ကိစ္စကြီး မဟုတ်ပါဘူး၊ အချိန်မှီရောက်လာတာနဲ့တင် ဝမ်းသာနေပါပြီ!”

လီလင်ပုအပြုံးတစ်ခုနဲ့ ပြောလိုက်သည်။ သူ့ရဲ့မျက်နှာပေါ်က အပြုံးတွေက ထိန်းမရတော့ဘူး။ လီဖူရဲ့နောက်တွင် ရပ်နေသောသူတွေရဲ့ သန်မာမှုကို လီလင်ပု အတိအကျမသိပေမယ့် သူတို့ရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့တင် ကျင့်ကြံဆင့်မြင့်ကြမှန်း မလွဲမသေ ပြောဆိုနိုင်သည်။

အခုလိုမျိုး များပြားတဲ့လူအုပ်ကို တွေ့လိုက်ရတာကြောင့် လီလင်ပု တော်တော်လေးပင် အံ့ဩမိသွား၏။

လီဖူရဲ့ ပုံစံကြောင့် အနောက်မှာရပ်နေသော ဂိုဏ်း အကြီးအကဲတွေ မနေနိုင်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။

'ငါ…တရှားတိုင်းပြည်အပေါ် ရိုးရိုးလေး ခန့်မှန်းလိုက်မိတာပဲ၊ တရှားတိုင်းပြည်ရဲ့ သေးငယ်တဲ့ သံတမန်အဖွဲ့တစ်ခုက ထျန်းချီတာဝါရဲ့အရှင်လီကို အခုလိုမျိုး ခိုင်းစေနိုင်တယ်၊ တရှားတိုင်းပြည်က တကယ်ကို ကြောက်ဖို့ကောင်းလိုက်တာ။

ပြန်ရောက်တာနဲ့ ဘာကိစ္စပဲဖြစ်ဖြစ် တရှားတိုင်းပြည်နဲ့ အကောင်းဆုံးဆက်ဆံရေးကို ငါတည်ဆောက်ရမယ်’

အကြီးအကဲတွေအားလုံးက အရူးမဟုတ်ဘူး။ သူတို့တွေက တချက်ကြည့်လိုက်ရုံနဲ့ ပြဿနာကိုမြင်နိုင်သည်။ ထို့ကြောင့် တရှားတိုင်းပြည်နဲ့ ပက်သက်ပြီး အလွန်စိတ်ဝင်စားသွားတော့၏။

သူတို့အဆက်မပြတ်တွေးတောနေကြပေမယ့် နားမလည်နိုင်ကြပေ။ တရှားတိုင်းပြည်လိုမျိုး သေးငယ်တဲ့တိုင်းပြည်တစ်ခုက ထျန်းချီတာဝါရဲ့ပုဂ္ဂိုလ်ကို အခုလိုမျိုး ရိုကျိုးလာအောင်လုပ်နိုင်ခဲ့သည်။

သံတမန်အဖွဲ့ ကပင် အခုလိုမျိုး ခိုင်းစေနိုင်တယ်ဆိုတဲ့အချက်က တော်တော်လေး မဖြစ်နိုင်တဲ့အရာပဲ။ ဒါဆိုရင် တရှားရဲ့ဘုရင်နဲ့ ရင်ဆိုင်တဲ့အခါမျိုးမှာ လီဖူဘယ်လောက်တောင် ရိုကျိုးနေလိုက်မလဲ?

တကယ်ပဲ တိုင်းပြည်ရဲကံကြမ္မာအမှတ်ကို တစ်လတည်းနဲ့ ခြောက်ဆ တက်အောင်လုပ်တယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေသည်။

ကြောက်ဖို့ကောင်းလိုက်တဲ့အရည်အချင်းပဲ!

ထိုအချိန်မှာ အကြီးအကဲအားလုံးရဲ့ ခေါင်းထဲတွင် အတွေးတစ်ခုသာရှိသည်။

'တရှားတိုင်းပြည်က သေချာပေါက် မရိုးရှင်းဘူး!’

All Chapters