← Chapters

ကျေးဇူးပြုပြီး အရှင်လီ တစ်ခုခုပြောပါအုံး..!

Vol. 10 Ch. 135

ကျေးဇူးပြုပြီး အရှင်လီ တစ်ခုခုပြောပါအုံး..!

Vol. 10 Ch. 135

လီဖူရဲ့ အနောက်မှာရှိ‌သော သိုင်းသမားများစွာကို လီလင်ပု လှည့်ကြည့်လိုက်သည်။ ကြည့်လိုက်မိတာနဲ့ လီလင်ပု ချက်ချင်းပဲ ပျော်ရွှင်သွားတော့၏။

လီလင်ပုရဲ့ ကျင့်ကြံမှုက အလွန်နိမ့်သည်။ ဒါပေမယ့် အနောက်မှာရှိနေသော ကျင့်ကြံသူများစွာရဲ့ ကျင့်ကြံဆင့်ကို သူ့အနေနဲ့ ရှင်းလင်းစွာ အာရုံခံလို့ရ၏။ အခု ဒုတိယအဆင့် ကျင့်ကြံသူများစွာကနေ ရရှိနေသော အရှိန်အဝါက စစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်ကြီးများထက်တောင် မြင့်မားသေးသည်။

လူအုပ်ထဲက ပထမအဆင့်ကျင့်ကြံသူတွေကတော့ ပြောမနေနဲ့တော့။

အရမ်းမြင့်တဲ့ကျင့်ကြံဆင့် ဆိုတဲ့ တစ်ခွန်းကလွဲရင် သူ့အနေနဲ့ တစ်ခြားမှတ်ချက် မပေးနိုင်တော့ပေ။

လီလင်ပု မနေနိုင်စွာ သက်ပြင်းချလိုက်သည်။

'ဝါး ဒီလူတွေအာလုံးရဲ့ အရှိန်အဝါက ကြောက်ဖို့ကောင်းလိုက်တာ တစ်ယောက်မှ အားမနည်းဘူး။ တစ်ယောက်ချင်းစီက စစ်တပ်ကို စစ်ဗိုလ်ချုပ်‌တစ်ယောက်အနေနဲ့ ဦးဆောင်နိုင်တယ်!’

'အရှင်မင်းကြီးက တကယ်ကို လုပ်နိုင်စွမ်း ရှိတာပဲ။ အခုလိုမျိုး အင်အားကြီးတဲ့ တပ်တစ်ခုကို ဖန်တီးနိုင်တယ်။ ကြည့်ရတာ အရှင်မင်းကြီးက စီစဉ်ထားတာကြာပြီနဲ့တူတယ်’

လီလင်ပု ရှကျိုးယွီကို အလွန်လေးစားသွား၏။ ပြင်းထန်လာတဲ့ ခံစားချက်တွေကြောင့် မနေနိုင်စွာ လီလင်ပုရဲ့ ကျောက မတ်သွားခဲ့သည်။

ထို့နောက်မှာ လီလင်ပုက လည်ချောင်းတစ်ချက်ရှင်းလိုက်သည်။ အသက်ဝဝရှုသွင်းလိုက်ပြီး အရှေ့က လူအုပ်ကို ကြည့်လိုက်ကာ…

"အဟမ်း အားလုံးပဲ ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းကို သိကြလောက်မှာပါ"

လီလင်ပု တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ရဲ့အသံမှာ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါရှိနေ၏။

လီလင်ပုရဲ့ မျက်နှာမှာလည်း ကြောက်ရွံမှု တစ်စုံတစ်ရာမရှိဘူး။

ထို့ကြောင့် ကျင့်ကြံသူတွေပင် အနည်းငယ် အံ့ဩသွားခဲ့သည်။

လီလင်ပုအနေနဲ့ သူတို့ကို သတိကြီးကြီးထားကာ စကားပြောဆိုမယ်လို့ အကုန်လုံးမှန်းဆထားသည်။

ဒါပေမယ့် အခုလိုမျိုး အပေါ်စီးကနေ အပြောခံလိုက်ရမည်ဟု မထင်မှတ်ခဲ့ဘူး။

သူတို့လိုမျိုး ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို တွေ့ဆုံရလျှင် သေးငယ်တဲ့ တိုင်းပြည်တစ်ခုရဲ့ ရှင်ဘုရင်တစ်ယောက်အနေနဲ့ လေးစားမှုကို မလွဲမသေ ပြကြရသည်။

လီလင်ပုလို သေးငယ်တဲ့တိုင်းပြည်ရဲ့‌ သေးငယ်တဲ့သံတမန်အဖွဲ့ဆို မပြောနဲ့တော့!

သူတို့ရဲ့ မျက်နှာတွေက ချက်ချင်းပဲ တည်တင်းသွားကာ အနည်းငယ်ပျက်ယွင်း ချင်လာသည်။

ဒါပေမယ့် လီလင်ပု ဂရုမစိုက်ပေ။ ရှိနေတဲ့လူတွေ အကုန်လုံးကို ကြည့်ကာ ဆက်ပြောလိုက်၏။

"မင်းတို့ အားလုံးမှာ ဘယ်လိုပဲ အံဩဖွယ်ရာ နောက်ခံတွေရှိနေပါစေ တရှားတိုင်းပြည်ထဲကို ရောက်လာရင် တရှားရဲ့စည်းမျဉ်းကို လိုက်နာရမယ်!"

လီလင်ပု ကျယ်လောင်စွာ ပြောလိုက်သည်။ အကုန်လုံးရဲ့မျက်နှာကို သေချာ အကဲခက်လိုက်၏။ လီလင်ပုရဲ့ မျက်နှာအထက်တွင် လွှမ်းမိုးနိုင်စွမ်းတွေ ရှိနေသည်။ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်လိုမျိုး မငြင်းဆိုနိုင်သော အရှိန်အဝါကို ဖန်တီးထားသည်။

အရှေ့က ကျင့်ကြံသူအကြီးအကဲတွေ အားလုံး အံ့ဩသွားကြ၏။ သူတို့တွေ အသံ ထွက်မလာကြတော့ဘူး။ သူတို့ရဲ့ မျက်နှာတွေလည်း နီရဲလာကြသည်။ နှလုံးသားထဲက ဒေါသကို ဘယ်သူမှ မထိန်းသိမ်းနိုင်တော့ဘူး။ သူတို့ ပေါက်ကွဲ‌တော့မဲ့ အချိန်မှာပဲ လီဖူရဲ့အသံကို ကြားလိုက်ရသည်။

"မင်းတို့ အားလုံး ကန်းနေကြတာလား? အမတ်လီပြောလိုက်တဲ့ စကားကို တစ်ယောက်မှမကြားဘူးလား?"

အကုန်လုံး မှင်သက်စွာဖြင့် လီဖူကို လှမ်းကြည့်လိုက်သည်။ ဒါပေမယ့် လီဖူရဲ့ မျက်နှာက တည်ငြိမ်နေ၏။ သူက ဆက်ပြောလိုက်သေးသည်။

"ဘာလဲ? ငါမင်းတို့ကို အကုန်လုံး သင်ပြနေရဦးမှာလား?"

ထိုအကြီးအကဲတွေ အားလုံး အလွန် မကျေမနပ် ဖြစ်သွားကြသည်။ ဒါပေမယ့် ဘယ်သူကမှ ရှေ့မထွက်ရဲကြဘူး။ ဒေါသတွေကို ထိန်းချုပ်ရင်း တောင့်တင်းစွာ ပြော‌လိုက်ကြလေ၏။

"ဟုတ်ကဲ့ အမတ်လီ ပြောတဲ့အတိုင်း လိုက်လုပ်ပါမယ်!"

လီလင်ပု ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး စစ်နိုင်ထားတဲ့ လူတစ်ယောက်လိုမျိုး မျက်နှာထက်တွင် မာနတို့ဆင်မြန်းလိုက်သည်။

ထို့နောက်တွင် လက်တစ်ဖက် မြှောက်ကာ ရင်ဘတ်ကို ပုတ်လိုက်ပြီး..

"တကယ်တော့ အရေးကြီးကိစ္စ မရှိပါဘူး။ ငါတို့ရဲ့ ယာဉ်တန်းကိုပဲ လိုက်ပါ စောင့်ကြပ်စေချင်တာ။ ဒီကုန်ပစ္စည်း တန်ဖိုးက ငွေတုံး သန်း၂၀လောက် ရှိတယ်။ ဒါကြောင့် ဒီငွေတွေကို သေချာ စောင့်ကြပ်ပေးပါ။ သူတို့တွေဆီကနေ ကုန်ပစ္စည်းနဲ့ငွေကို လှဲလှည်ပြီးသွားရင် နယ်စပ်ကိုသွားပြီးတော့ ကျန်းပိုင်မင်းသားဆီကို ငွေတွေပို့ပေးရမယ်"

လီလင်ပုက လက်ဟန်ခြေဟန်အပြည့်ဖြင့် ရှင်းပြလိုက်သည်။ သူရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။

ဒါပေမယ့် အကြီးအကဲတွေအားလုံး အံဩသွားကြတော့သည်။ ပြူးကျယ်သော မျက်လုံးများဖြင့် လီလင်ပုကို စိုက်ကြည့်နေကြသည်။

'ဒါက ငွေတုံးသန်း၂၀….? မင်း လာနောက်နေတာလား? ငါတို့ကိုခေါ်ခဲ့တာက ငွေတုံးသန်း၂၀‌လောက်ကို စောင့်ကြပ်ဖို့ အတွက်လား? ဒါက နည်းနည်း အပိုလုပ်လွန်းသွားတယ် မထင်ဘူးလား?!’

'အခုလို မဖြစ်သင့်တဲ့ ဆင်‌ခြေကြီးနဲ့တော့ ပေါ်မလာသင့်ဘူး! ဘယ်တိုင်းပြည်မဆို ငါတို့ကို ဖိတ်ခေါ်ချင်ရင် ငွေတုံးသန်း၂၀ဆိုတာ အခြေခံကျတဲ့ ပေးဆပ်ရမှုပဲ။ နားလည်လား?’

အကြီးအကဲတွေအားလုံးရဲ့ နှလုံးသားထဲမှာ သံသယတွေ ပြည့်သွားပေမဲ့ လီဖူရဲ့ မျက်နှာကို ပြန်တွေးလိုက်မိချိန်မှာ မတက်နိုင်စွာပဲ ကိုယ်ကိုကိုယ် ထိန်းချုပ်လိုက်ကြရသည်။

‘ စိတ်ငြိမ်အောင်ထားရမယ်၊ အိန္ဒြေမပျက်စေနဲ့’

'အလောတကြီးပြုမှုပြီး ထျန်းချီတာဝါကို ရန်စမိလို့ မဖြစ်ဘူး’

ဒါပေမယ့် အကုန်လုံး မနေနိုင်စွာ လီဖူကို ထပ်မံပြီး ကြည့်ရှုလိုက်ကြသည်။ ဒါပေမယ့် လီဖူရဲ့ မျက်နှာက မပြောင်းလဲပေ။ အကုန်လုံး စိတ်ပျက်သွားတော့၏။

'မဟုတ်သေးဘူး၊ အရှင်လီ နည်းနည်းတော့ ထင်မြင်ချက်လေး ပြပါဦး။ ငါတို့လိုက်ပါပြီး စောင့်ကြပ်ပေးရမဲ့ ငွေက သန်း၂၀လောက်ပဲ ရှိတာလေ။ ငါတို့အားလုံးကို ဘယ်လိုလုပ် ဖိတ်ခေါ်နိုင်ရတာလဲ? ဒီလို ကိစ္စလေးအတွက်နဲ့ ငါတို့မှာ ခရီးအဝေးကြီးနှင်လာရတာ!’

ထျန်းချီတာဝါဘက်က စာစောင်ကို လက်ခံရရှိခဲ့တာနဲ့ အကုန်လုံး အလျင်စလိုထွက်လာခဲ့ကြတာပင်။ ဒါပေမယ့် တရှားတိုင်းပြည်ထဲ ရောက်လာတာတောင်မှ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရ၏။ ဒါပေမယ့် အခုတော့ လီဖူက သူတို့ကို လျစ်လျူရှုထားခဲ့သည်။

'ဒါ ဘယ်လို ဟာသလဲ? ငါတို့မှာ ၁၀ရက်မကဘူး၊ လဝက်လောက် ခရီးနှင်လာခဲ့ရတာကို မင်းက ဒီကိစ္စအတွက်နဲ့ ငါတို့ကို ခေါ်တာလား!'

‘ဒီလောက် ပိုက်ဆံလေးအတွက်ဆိုရင် ငါတို့တစ်ယောက်ကိုပဲ ခေါ်လိုက်ရင်တောင်ရနေပြီပဲ။ ဘာလို့ အချိန်တွေကုန်အောင် လူတွေ အများကြီးကို ဖိတ်ခေါ်ခဲ့တာလဲ? ဟူး ငါ့လိုမျိုး ဒုက္ခခံခဲ့ရတဲ့သူတွေလည်း မနည်းပါလား?’

တဖြေးဖြေး ထူးဆန်းလာတဲ့ လေထုကြောင့် နောက်ဆုံး လီဖူ မနေနိုင်စွာ ပြောလိုက်သည်။

"ဘာလဲ မင်းတို့က အမတ်လီပြောတာကို မကြားလိုက်ကြဘူးလား?"

ထိုလူတွေရဲ့ အတွေးတွေကို လီလင်ပု ဂရုမစိုက်ပါချေ။ သယ်ဆောင်ရမဲ့ ငွေတုံးတွေရဲ့ များပြားမှုကြောင့် အကုန်လုံး အံ့အားသင့်သွားတာပဲဟု လီလင်ပုက တွေးနေခဲ့သည်။ ထို့ကြောင့် မနေနိုင်စွာ ရီလိုက်ပြီး…

"အကုန်လုံး မအံ့ဩသွားကြပါနဲ့။ ငွေတုံး အနည်းငယ်လောက်ပါပဲ၊ သန်းနှစ်ဆယ်ကြီးတောင် ဆိုတော့ အကုန်လုံးရဲ့ အမြင်မှာ များနေလောက်ပေမဲ့ တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းတည်ဆောက်တဲ့ စီမံကိန်းနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဒီငွေပမာဏလောက်က သေးငယ်တဲ့ ပမာဏလို့ ပြောရမယ်’

"ထားလိုက်တော့ ရှင်းပြလဲ နားလည်ကြမှာမဟုတ်ဘူး"

"ဒီတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင် အဲ့ဒီ ငွေတွေကို စောင့်ရှောက်ပေးရမယ်။ မဟာတံတိုင်းတည်ဆောက်မှုကို နှောင့်နှေးစေလို့ မဖြစ်ဘူး။ မဟုတ်လို့ ငါရိုင်းပြစွာ ဆက်ခဲ့မိရင် ငါကိုမပြစ်မတင်ကြနဲ့!"

လီလင်ပုက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သူရဲ့လေသံထဲမှာ လွှမ်းမိုးမှုတွေ ရှိနေဆဲပဲ။ စကားလုံးတစ်လုံးစီက ပိုပိုပြီး မောက်မာလာလေ၏။

လီလင်ပုက ထိုသူတွေအားလုံးကို မျက်လုံးထဲ ထည့်မထားခဲ့ပေ။ အကုန်လုံးက တရှားတိုင်းပြည်ကို ကူညီဖို့ရောက်လာတဲ့ သူတွေပဲ။

ဘယ်လိုပဲ အင်အားကြီးတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေပါစေ သူနဲ့လီဖူတွင် ညီအစ်ကိုလိုမျိုး ရင်းနှီးတဲ့ ဆက်ဆံရေးရှိသည်။ သူတို့ အကုန်လုံးက လီဖူရဲ့ လက်အောက်က သူတွေပဲ၊ ဒါကြောင့် မျက်လုံးထဲထည့်စရာ မလိုအပ်ဘူး။

လီလင်ပုရဲ့ စကားလုံးတွေက ထိုသူတွေအားလုံးအတွက် အလွန်ထူးဆန်းနေခဲ့သည်။

'ဘယ်သူကများ ဒီကောင့်ကို အခုလို ယုံကြည်မှုကြီး ပေးထားရတာလဲ? ငွေတုံးလေး သန်း၂၀လောက်နဲ့ ဘာပြောလိုက်တယ်..! နည်းပါးတဲ့ပမာဏဟုတ်လား?’

'နေဦး ငါအခု ကြားလိုက်တာ မဟာတံတိုင်း တည်ဆောက်မဲ့ စီမံကိန်းလား? ငါကြားထားတာ တရှားတိုင်းပြည်က ပြည်သူတွေရဲ့ အမြင်ကို ဆန့်ကျင်စွာနဲ့ အလွန်မြင့်မားတဲ့ တံတိုင်းကြီးတစ်ခုကို နယ်စပ်မှာတည်ဆောက်နေတယ်တဲ့။ ကြည့်ရတာ သူတို့ရဲ့ ရည်ရွယ်ချက်က မရိုးရှင်းလောက်ဘူး’

ချက်ချင်းပဲ သူတို့ရဲ့ နှလုံးသားထဲက မုန်းတီးမှုတွေ ပျောက်ကွယ်သွားတော့သည်။ တရှားတိုင်းပြည်ပေါ်မှာ ရှိနေသော သူတို့ရဲ့ အမြင်တွေလည်း မြင့်တက်သွား၏။

လီဖူက လီလင်ပုရဲ့ စကားတွေကို နားထောင်နေပြီး တစ်ခွန်းမှ ဝင်မပြောခဲ့ဘူး။ ရှကျိုးယွီရဲ့ ရည်ရွယ်ချက်ကို သူနားလည်သည်။ အရင်တစ်ခေါက်က ရှကျိုးယွီကို ရေခဲပုစဉ်း ကမ်းလှမ်းခဲ့ပေမဲ့ အငြင်းခံလိုက်ရသည်။

ရှကျိုးယွီက ကြိုးစားမှုကို တန်ဖိုးထားတာ သိသာသည်။ ပြောရမယ်ဆိုရင် သူကမပေးဆပ်ပဲနဲ့ ဘာမှ မရချင်တဲ့သူစားမျိုးပဲ။ ဘယ်သူ့အပေါ်ကိုမှ အကြွေးမတင်ချင်တာမျိုး ဖြစ်နိုင်သည်။

ထို့ကြောင့် အခုလို လီဖူဘက်က သိုင်းလောကသားတွေကို ဖိတ်ခေါ်ပြီး ကူညီခဲ့ခြင်းကလည်း တရှားတိုင်းပြည်အပေါ်မှာ သူ့ဘက်က ကျေးဇူးတင်ခြင်းကို ပြချင်လို့သာဖြစ်သည်။

လီလင်ပုကတော့ စကားတွေ ဆက်တိုက်ပြောဆိုနေခဲ့သည်။ အကြီးအကဲတွေရဲ့ မျက်နှာက မဲသထက်မဲလာ၏။

ထိုအချိန်မှာပဲ တစ်ဖြေးဖြေး နီးစပ်လာသော ဝေ့တိုင်းပြည်ရဲ့ သံတမန်တပ်ဖွဲ့ကို အကုန်လုံး အာရုံခံမိလိုက်သည်။

All Chapters