← Chapters

နဂါးသွေးကြော

Vol. 10 Ch. 136

နဂါးသွေးကြော

Vol. 10 Ch. 136

ထိုက်အန်းမြို့သည် အရင်လိုပဲ စည်ကားလျက်ရှိသည်။ ပျံကျစျေးသည်များရဲ့ အော်သံများက လမ်းတလျှောက် ဖုံးလွှမ်းထား၏။

စားသောက်ဆိုင်များတွင် ဆွေးနွေးနေကြသူ များစွာရှိသည်။

သူတို့အားလုံးက ရှကျိုးယွီ ရဲ့အပြုမူနဲ့ ပတ်သက်ပြီး ပြောနေကြတာပဲ။

ထိုအထဲတွင် ချီးကျူးသံရှိသလို အပြစ်တင်သံလည်း ရှိသည်။ တစ်ချို့က ရှကျိုးယွီရဲ့ အပြုအမူကို ကျေနပ်ကြပေမဲ့ တချို့ကတော့ အပြစ်တင်ကြ၏။

“လက်ရှိဘုရင်က တစ်ကယ်ကို ထူးချွန်တဲ့ ဘုရင်တစ်ယောက်ပဲ။ ရုံးတော်အတွင်းက အကျင့်ပျက်တဲ့ အရာရှိတွေကို ဖြေရှင်းနိုင်ရုံသာမကပဲ အခုဆိုရင် မဟာတံတိုင်း တည်ဆောက်ဖို့ပါ လုပ်နေတယ်။ အဲ့ဒီမဟာတံတိုင်းက ငါတို့ကို ကာကွယ်ပေးပြီး ငါတို့ရဲ့ဘဝကို ပိုပြီးကောင်းမွန်လာအောင် ပြုလုပ်ပေးမှာ!”

“ဟုတ်တယ်။ ဟုတ်တယ်။ အထူးသဖြင့် ဟိုရက်က အလင်းတန်းကို မင်းတို့ ခံစားမိလား? အဲ့ဒီအလင်းတန်းနဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ ငါ့ရဲ့ နေမကောင်းတဲ့ ခြေထောက်တွေ ချက်ချင်းပဲ ပြန်ကောင်းသွားခဲ့တယ်။ ငါဒါကြောင့်မို့ အခုလို မြေပြင်ပေါ် ပြန်ရပ်နိုင်တာ!”

“ဟုတ်တယ်။ ငါကြားတာတော့ ဘေးအိမ်က သခင်ကျန်းရဲ့ သားဆိုရင် နာမကျန်းဖြစ်နေတာ မွေးကတည်းထဲကပဲ။ ဒါပေမဲ့ အခုသူက သူ့ရဲ့ မိဘတွေကိုတောင် ကူလုပ်ပေးနေပြီတဲ့!”

“အဲ့တာများ ဘာထူးဆန်းလို့လဲ။ ငါ့ရဲ့သားဆိုရင်လည်း အကြာကြီး နေမကောင်းဖြစ်နေရာကနေ ပြန်သက်သာ သွားခဲ့ပြီ။ အဲ့တာက အလင်းတန်းရဲ့ အစွမ်းကြောင့်ပဲ!”

“အင်း စဉ်းစားကြည့်တော့မှ ငါ့သားလည်းပဲ…”

“ဒီလိုဆိုမှ တစ်ကယ်ကို စွမ်းတာပဲနော်။”

ဆူညံသံများနဲ့ ပြည့်နေတဲ့ လမ်းကြားထဲသို့ လူနှစ်ယောက် ဝင်လာခဲ့သည်။

လူတွေရဲ့ ဆွေးနွေးသံကို ကြားသောအခါမှာ ကျန်းဖူရှန်ရဲ့ မျက်နှာက ပိုပြီးတည်ငြိမ်သွား၏။

ထိုအလင်းကို အစက စွမ်းအားကြီး အစီရင် တစ်ခုဟုသာ ကျန်းဖူရှန် ထင်ခဲ့မိသည်။

ဒါပေမဲ့ အခုအားလုံးရဲ့ တုံ့ပြန်မှုအရ နားလည်သွားခဲ့သည်။ ဘယ်လိုပဲ အစီအရင်ကြောင့် ရရှိခဲ့တဲ့ အလင်းဖြစ်ရင်တောင်မှ သေချာပေါက် ရိုးရှင်းတဲ့ အစီအရင် မဖြစ်နိုင်ဘူး။

“သခင်လေး သူတို့ရဲ့ အခြေမြစ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့။ တကယ်တော့….”

ကျန်းဖူရှန် အာရုံလွင့်နေတာကို မြင်သောအခါမှာ လျိုချင်းချန် စကားပြောဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ သူမစကားဟလိုက်ပေမဲ့ ဘာဆက်ပြောရမှန်း မသိတော့ချေ။

တစ်ကယ်တော့ အဲ့ဒီအလင်းက ဆန်းကြယ်သည်ဟု သူမလည်း ထင်မိသည်။ ထိုအလင်းရဲ့ ထိတွေ့မှုကို ခံလိုက်ရပြီးတာနဲ့ သူမလည်းပဲ ခန္ဓာကိုယ်အတွင်းက သိမ်မွေ့တဲ့ ပြောင်းလဲမှုကို ခံစားလိုက်ရသည်။

ထိုပြောင်းလဲမှုက သူမရဲ့ခန္ဓာကိုယ် တစ်ခုလုံးကို စွမ်းအင်တွေ ဖြည့်ပေးလိုက်သလိုပဲ။

“ငါနားလည်ပါတယ်။ မင်းရှင်းပြဖို့ မလိုပါဘူး။ အခုလိုမျိုး လူကြားထဲ မထွက်တာကြာတော့ ငါနည်းနည်း ထူးဆန်းနေလို့ပါ။ အစက အဲ့ဒီအလင်းကို လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှု တိုးပေးနိုင်တဲ့ အစီရင်တစ်ခုကနေ ရရှိခဲ့တာလို့ထင်ခဲ့တာ။ ဒါပေမဲ့ အဲ့လိုအစီရင်မျိုးက နောက်ဆက်တွဲဆိုးကျိူးတွေ ရှိတတ်တယ်”

“ဒါပေမဲ့ အခုသူတို့ပြောတာတွေကို နားထောင်ရသလောက် ဘာနောက်ဆက်တွဲဆိုးကျိူးမှ မရှိတဲ့ပုံပဲ။ ဒါ့အပြင် လူတွေရဲ့ ခန္ဓာကိုယ်ကိုလည်း တကယ်အားဖြည့်ပေးနိုင်ခဲ့တယ်။ အရေးအကြီးဆုံးက ငါအခု မြို့ထဲရောက်လာခဲ့တာတောင်မှ အစီအရင်ရဲ့ လက်ကျန်စွမ်းအင် တစ်ခုကိုမှ အာရုံခံလို့မရဘူး။ ပြောရမယ်ဆိုရင် ဒါကအစီအရင် မဟုတ်ပဲနဲ့ သဘာဝကလာတဲ့ အလင်းစွမ်းအင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့လိုဖြစ်ဖို့ဆိုရင်…ကောင်းကင်ဘုံရဲ့ ကောင်းချီးဖြစ်မှ ရမှာလေ။ မဟုတ်မှ တကယ်ပဲ…..!”

“ကောင်းကင်ဘုံရဲ့ ကောင်းချီး ဟုတ်လား?”

လျိုချင်းချန် ရူပ်ထွေးသွားခဲ့သည်။ သူမ ကျန်းဖူရှန် ကိုအံ့သြစွာဖြင့် မော့ကြည့်လိုက်၏။

“အဲ့ဒီ ကောင်းကင်ဘုံရဲ့ ကောင်းချီးဆိုတာက သဘာဝတရားကြီးက အသိအမှတ်ပြုပြီး ရွေးချယ်ခြင်းခံရတဲ့ နေရာမှာပဲ ဖြစ်ပေါ်တာမလား? ငါအစကထင်ခဲ့တာ တရှားတိုင်းပြည်ရဲ့ ဘုရင်က လက်ကျန်ရှိနေတဲ့ တရှားတိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်စီးပြီး အစကနေ ပြန်လည် တည်ဆောက်ချင်တာလို့ပဲ”

“အဲ့ဒီလိုမျိုး လုပ်ချင်တယ်ဆိုရင် သေချာပေါက် အခက်ခဲတွေကို ရင်ဆိုင်ရလိမ့်မယ်”

“ဒါပေမဲ့ ထိုက်အန်းမြို့တော်ထဲကို ရောက်လာပြီးနောက်မှာ ငါ့ရဲ့ခန့်မှန်းချက်က မှားယွင်းခဲ့တယ်ဆိုတာကို သိလိုက်ရပြီ”

ကျန်းဖူရှန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက အလွန်အသက်ဝင်နေ၏။ မျှော်လင့်ချက်တွေ ပြည့်နေသလိုပဲ။ တစ်စုံတစ်ခုကို မြင်တွေ့ချင်နေဟန် ရှိသည်။

ကျန်းဖူရှန် အတွေးလွန်နေ၏။

“သခင်လေး ဘာကို အထင်မှားခဲ့တာလဲ?”

လျိုချင်းချန် ရူပ်ထွေးသွားခဲ့သည်။ သူမ မနေနိုင်စွာ မေးလိုက်တော့၏။ ဒီတစ်လျှောက်လုံးမှာ ထိုက်အန်းမြို့တော် အတွင်းကို ရောက်လာတာနဲ့ သခင်လေးရဲ့ ပြောင်းလဲမှုက ပိုပြီးသိသာလာခဲ့သည်။

ကျန်းဖူရှန် အတွက်လည်း နောင်တရခြင်း လိုဏ်ဂူအတွင်းမှ ထွက်လာတာနဲ့ ပြောင်းလဲသွားသော တောတောင်တွေကို မြင်တွေ့ခဲ့ ရသည်။ ပြောင်းလဲသွားသော တရှားရဲ့ ပြည်သူတွေကို မြင်တွေ့ခဲ့ရသည်။ ထိုပြည်သူတွေရဲ့ကြားမှ တိုးတက်လာတဲ့ စွမ်းအင်ကိုလည်း အာရုံခံမိခဲ့သည်။

“ငါက တရှားဘုရင်ရဲ့ အစီစဉ်တွေကို အထင်သေးခဲ့မိတာပဲ။ ကြည့်ရတာသူ့ရဲ့ အစီစဉ်တွေက ငါထင်ခဲ့တာထက် ပိုပြီးကြီးမားလောက်တယ်!”

“ငါက နက္ခတ်ပညာမှာ ကျွမ်းကျင်တယ်။ အဲ့လိုနဲ့ ငါမနေ့က တရှားတိုင်းပြည်ရဲ့ ကံကြမ္မာကို ဖတ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပဲ ကျွမ်းကျင်ပါစေ တရှားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ငါမသိနိုင်ခဲ့ဘူး။ တိမ်တွေ ဖုံးလွှမ်းထားသလိုမျိူးပဲ မရေမရာခံစားချက်ကိုပဲ ရခဲ့တယ်”

ကျန်းဖူချန်း ရေရွတ်လိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်တို့ ပြည့်နေ၏။

“နက္ခတ်ပညာနဲ့ ပတ်သက်ပြီး ကျွန်မလည်း အနည်းငယ် နားလည်ပါတယ်။ ဒါပေမဲ့ နက္ခတ်ပညာဆိုတာ တတ်မြောက်ဖို့ ခဲယဉ်းပြီး ပြောင်းလဲမှုတွေ များပြားတဲ့ ပညာရပ် တစ်ခုပဲ။ ဒါကြောင့်မလို့ သခင်လေး စိတ်လှုပ်ရှားလွန်းပြီး မှားယွင်း အကဲခတ်မိတာ ဖြစ်မလား?”

လျိုချင်းချန် ရူပ်ထွေးစွာဖြင့် ကြည့်လာခဲ့သည်။

တရှားတိုင်းပြည်ရဲ့ အောင်မြင်မှုကို သူမလည်းပဲ ခံစားလို့ရပါသည်။ ဒါပေမဲ့ ကျန်းဖူရှန် ပြောသလိုမျိူး အလွန်ကြီးကျယ်သည့် ကိစ္စရပ်တစ်ခုတော့ မဟုတ်ဘူး။

ကျန်းဖူရှန် ချဲ့ကားပြောနေသည်လို့ သူမ ခံစားရသည်။ ဘယ်လိုပဲဆိုဆို လိုဏ်ဂူထဲမှာ အနှစ်သုံးဆယ် ပိတ်မိလာခဲ့တဲ့ သူတစ်ယောက်အတွက် ဒါကတော့ ပုံမှန်ဖြစ်ရပ်ပဲလေ။

ကျန်းဖူရှန် ချက်ချင်းပဲ ပြန်ငြင်းလိုက်၏။

“မင်းပြောတာမှန်ပါတယ်။ နက္ခတ်ပညာဆိုတာ ခက်ခဲပြီး ကြိုတင်မှန်းဆဖို့ မလွယ်ကူဘူး။ ဒါပေမဲ့ အပြောင်းလဲက ဘယ်လောက်ပဲ မြန်ပါစေ၊ တိုင်းပြည်တစ်ခုရဲ့ ကံကြမ္မာနဲ့ ပတ်သက်ရင်တော့ အဲ့ဒီလောက် မမြန်ဆန်ဘူး”

“ ဒါပေမဲ့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာကို ကြည့်လိုက်တဲ့အချိန်မှာ ဘာအလားလာကိုမှ မမြင်နေရတာပဲ! ကောင်းလား ဆိုးလား ဝေဖန်ဖို့မပြောနဲ့ တရှားတိုင်းပြည်ရဲ့ တည်ရှိမှုကိုတောင်မှ မမြင်နိုင်ခဲ့ဘူး! ဒါမျိူးက နက္ခတ်ပညာရပ်မှာ မရှိသင့်တဲ့ အရာပဲ!”

“မင်း သတိထားမိမလားတော့ မသိပေမဲ့ တရှားတိုင်းပြည်ရဲ့ ပုန်းကွယ်နေတဲ့ နဂါးသွေးကြောက ဒီရက်ပိုင်းမှာ လှုပ်ရှားမှု ရှိလာခဲ့တယ်။ အဲ့ဒါက နဂါးသွေးကြော ပြန်လာမဲ့ အရိပ်အယောင်မလား!”

ကျန်းဖူရှန် လေသံအေးနဲ့ပဲ ပြောလိုက်သည်။

လျိုချင်းချန် ဂရုတစိုက် နားထောင်နေ၏။ သူမ နဂါးသွေးကြောဆိုသော စကားကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ သူမ အံ့သြစွာ မျက်လုံးတွေ လင်းလက်သွားခဲ့သည်။

တရှားတိုင်းပြည်ရဲ့ နဂါးသွေးကြောဆိုတာ တရှားရဲ့ ကံကြမ္မာသွေးကြောလို့ ခေါ်ဆိုလို့ရသည်။ တိုင်ပြည်တိုင်းတွင် နဂါးသွေးကြောရှိသည်။ ထိုနဂါးသွေးကြောက တိုင်းပြည်ရဲ့ ပိုင်နက်အတွင်းမှာပဲ ပုန်းကွယ်နေတတ်သည်။

“ဒါမဖြစ်နိုင်ဘူး။ တရှားရဲ့ နဂါးသွေးကြောက ပေါ်မလာခဲ့တာ နှစ်တစ်ရာတောင်ရှိပြီ။ အခုအဖြစ်အပျက် ကြီးကြီးမားမားလဲ မရှိပဲနဲ့ ရုတ်တရက် ပေါ်လာစရာ အကြောင်းမရှိဘူး။ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာမှာ အနည်းငယ်သော ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တာ ကျွန်မလက်ခံတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်ပိုင်းက ရုတ်တရက် မြင့်တက်သွားတဲ့ ကံကြမ္မာ အမှတ်ကိုလည်း အာရုံခံလိုက်မိတယ်။ ဒါပေမဲ့ အဲ့ဒီအဖြစ်ပျက်တွေက ဘယ်လိုမှ နဂါးသွေးကြော ပေါ်ပေါက်လာနိုင်စရာအထိ မကြီးမားသေးဘူး။ အဲ့တာကို သခင်လေးလည်း ကောင်းကောင်းသိပါတယ်”

လျိုချင်းချန် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ကျန်းဖူရှန် ရဲ့ အတိတ်နဲ့ ပတ်သက်ပြီး သူမ တစ်ခုခု ပြောချင်ခဲ့သည်။ ဒါပေမဲ့ စဉ်းစားပြီးနောက်မှာ မပြောတော့ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ အတိတ်က ကိစ္စတွေက ကျန်းဖူရှန်ရဲ့ နှလုံးသားထဲမှာ စိုက်ဝင်နေတဲ့ ဆူးတစ်ချောင်းလို ရှိနေမှာပဲ။

“မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒါကမင်းရဲ့ အမြင်ပဲလေ။ ငါဂရုမစိုက်ဘူး။ တရှားရဲ့ဘုရင်ကို ငါအခုထိမတွေ့ရသေးဘူး။ ဒါပေမဲ့ တော်တော်လေး စိတ်ဝင်စားနေမိပြီ။ သူ့မှာ ဘယ်လိုအရည်အချင်းတွေရှိလို့ ခုလိုမျိူး တိုးတက်အောင် လုပ်နိုင်ခဲ့တာလဲ”

ကျန်းဖူရှန် နူးညံ့စွာ ပြောလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေကပါ ပြုံးနေ၏။

ထိုက်အန်းတစ်မြို့လုံးကို လွှမ်းခြုံထားတဲ့ အင်အားကြီးမားသော အစီရင်တစ်ခုကို သူအာရုံခံလို့ရသည်။

ပြင်ပ ကမ္ဘာနဲ့ စည်းခြားပစ်နိုင်လောက်တဲ့အထိ လုပ်နိုင်စွမ်းရှိတဲ့ အစီအရင်ကြီးပဲ။ ဒီလိုအစီအရင်မျိုးကို လူတစ်ယောက် ဖန်တီးလို့မရဘူး။ ပညာအရည်ချင်းပြည့်ဝတဲ့ လူများစွာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီးဖန်တီးမှ ရလာနိုင်မဲ့ အစီအရင်မျိုးပဲ။

လျိုချင်းချန် ဆက်မပြောတော့ပေ။ ဒီကိစ္စက ဆက်လက်ဆွေးနွေးစရာ မလိုအပ်တော့ဘူး။ တရှားတိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘယ်သူမှ သေချာမသိဘူးလေ။

ဒီလိုနဲ့ပဲ လျိုချင်းချန်က ထိုက်အန်းမြို့တော်ကို ဖြတ်ကျော်ကာ တရှားရဲ့ နန်းတော်အတွင်းကို ကျန်းဖူရှန်အား ခေါ်သွားလိုက်သည်။ ဒီလိုနဲ့ မကြာခင်မှာပဲ သူမတို့ နန်းတော်အရှေ့ကို ရောက်လာ၏ ။

တော်ဝင်နန်းတော်သည် တောက်လောင်နေသော နေရောင်ကြားတွင် ရွှေရောင်လက်ထနေခဲ့သည်။

“သခင်လေး နန်းတော်ကအရှေ့မှာပါ”

လျိုချင်းချန် နူးညံ့စွာ ပြောလိုက်သည်။ ဒါပေမဲ့ သူမ အချိန်တစ်ခု ကြာသည်အထိ တုံ့ပြန်သံကို မကြားခဲ့ရချေ။ ထို့ကြောင့် မော့ကြည့်လိုက်သည်။

ထိုအချိန်မှသာ ကျန်းဖူရှန်ရဲ့ အလင်းပွင့်နေပုံကို မြင်တွေ့လိုက်ရသည်။ ထိုလူက နေရာမှာပင် ရပ်မြဲအတိုင်း ရပ်နေခဲ့သည်။ အချိန်တစ်ခု ကြာသည်အထိ အသိစိတ် မကပ်သေးပေ။ သူ့ရဲ့မျက်လုံးတွေက အသက်မရှိတော့သလိုပဲ။

အဝေးကမြင်နိုင်သော နန်းတော်ကို လှုပ်ရှားမှုမရှိ ပြူးကျယ်စွာဖြင့် ကြည့်နေရင်း ကျန်းဖူရှန်း အံ့သြတကြီး ရေရွတ်လိုက်သည်

“ဒါက…ဒါက ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ အကာအကွယ် အစီအရင်မလား!”

All Chapters