ဒီခန္ဓာကိုယ်က အားနည်းတယ်
Vol. 10 Ch. 138
ကျန်းဖူရှန် လျိုချင်းချန်ကို လှည့်ကြည့်လိုက်သည်။ သူရဲ့မျက်လုံးတွေက သတိထားနေ၏။
“ဒီရက်ပိုင်းအတွင်းမှာ တရှားရဲ့နန်းတော်က အရမ်းကိုပြောင်းလဲသွားသလိုပဲနော် ချင်းချန်”
လျိုချင်းချန်ကတော့ ကျန်းဖူရှန် တစ်ခုခု မှားနေသည်လို့ပဲထင်သည်။ ထို့ကြောင့် သူမက ကျန်းဖူရှန်ကို အသေးစိတ် စစ်ဆေးလိုက်၏။ အဆုံးမှသာ သက်ပြင်းချနိုင်တော့သည်။ ထို့ကြောင့် ကျန်းဖူရှန်ရဲ့မေးခွန်းကို သေချာမကြားလိုက်ရပေ။
“သခင်လေးဘာပြောတာလဲ?”
ကျန်းဖူရှန် ခေါင်းကိုယမ်းလိုက်တော့သည်။
“ဘာမှမဟုတ်ဘူး။ အထဲပဲဝင်ကြစို့”
လျိုချင်းချန်ရှုပ်ထွေးသွား၏။ ဒါပေမယ့်သူမ မေးခွန်းတွေထပ်မမေးတော့ပေ။
“ကောင်းပါပြီ”
ကျန်းဖူရှန်ကို သူမရှေ့က ခေါ်သွားပေးလိုက်သည်။
ထိုအချိန်မှာတော့ ကျန်းဖူရှန်က လိမ္မာစွာဖြင့် လျိုချင်းချန်ရဲ့နောက်ကနေ ထပ်ကြပ်မကွာလိုက်နေခဲ့သည်။ သူ့ရဲ့မျက်လုံး တွေက သူမကလွဲရင်တခြားဘယ်ကိုမှ မကြည့်ရဲတော့ဘူး။
လျိုချင်းချန်လည်းရှုပ်ထွေးနေပေမယ့် တော်ဝင်နန်းဆောင်ကိုသာ ဆက်သွားလိုက်သည်။ မကြာခင်မှာပဲ သူမတို့ရောက်လာ တော့သည်။ ရှကျိုးယွီကို တွေ့တာနဲ့…..
“အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”
သူမတို့နှစ်ယောက်စလုံး သံပြိုင်အရိုအသေပေးလိုက်ကြသည်။ တော်ဝင်နန်းဆောင်၏ အလယ်တည့်တည့်တွင် ရှကျိုးယွီ ထိုင်နေ၏။ သူ့ရဲ့လက်ထဲတွင် စုတ်တံကို ကိုင်ဆောင်ထားသည်။
စာလိပ်ပေါ်တွင်ရေးဆွဲနေတာက… လိပ် တစ်ကောင်ပဲ!
သူမတို့ရဲ့အသံကြောင့် ရှကျိုးယွီက တွန့်ဆုတ်စွာဖြင့် စုတ်တံကိုအောက်ချလိုက်သည်။ ထို့နောက်မှာ မော့ကြည့်လာခဲ့သည်။ လည်ချောင်းတစ်ချက်ရှင်းကာ စကားပြောဖို့ပြင်လိုက်ပေမယ့် မျက်စိရှေ့က ကျန်းဖူရှန်၏ ချွေးများစိုရွဲကာ အလွန်တောင့်တင်း နေသောပုံစံကြောင့် မနေနိုင်စွာပြောလိုက်မိ၏။
“သောက်ကျိုးနည်း”
ရိုးရှင်းဆန်းကြယ်သည့်စကားစုပင်။ ရှကျိုးယွီချက်ချင်းပဲ အမှားလုပ်မိသွားသည်ကို သတိထားမိ၏။ ထို့ကြောင့် အမြန် ချောင်းဟန့်လိုက်သည်။
“အဟမ်း”
ထို့နောက်မှာ ကျန်းဖူရှန်ကို ကြည့်လိုက်ကာ
“မင်းက တော်ဝင်ဆရာမကြီးပြောတဲ့ သခင်လေးကျန်းဖူရှန်ဆိုတာဖြစ်မယ်။ မင်းရဲ့နာမည်ကိုကြားဖူးတာကြာပါပြီ”
ရှကျိုးယွီက တစ်ဆက်တည်းမှာ ကျန်းဖူရှန်ကို လေ့လာလိုက်၏။ ဒါပေမယ့် ပိုကြီးကြည့်မိလေလေ မျက်စိရှေ့ကအဖိုးအိုက အထင်ကြီးမှုနှင့်မထိုက်တန်လေဟု ခံစားရလေလေပဲ။
နန်းတော်က ကျယ်ဝန်းသည်ဆိုသော်ငြား နန်းတော်နဲ့ တော်ဝင်နန်းဆောင်သည် အလွန် ကြီးမားသော အကွာအဝေး တစ်ခုမဟုတ်ပေ။
‘ ဒီလောက်အကွာအဝေးလေးနဲ့ မောနေတာလား?’
'ကြည့်ရတာ ရုပ်ပိုင်းဆိုင်ရာသန်မာမှုက တော်တော်လေး မကောင်းလှဘူး။ ဖြစ်နိုင်တာ အရမ်းကိုအားနည်းတာပဲ!’
'ဘယ်လိုပဲအစီအရင်ဖန်တီးမှုမှာ ဆရာတစ်ဆူဖြစ်နေပါစေ ပုံရိပ်ထိန်းသိမ်းနိုင်မဲ့နည်းလမ်းကောင်းလေးမရှိဘူးလား?’
‘ ပြောရရင် ပထမဦးဆုံးတွေ့ဆုံခြင်းမှာ ပုံရိပ်ကောင်းတစ်ခု ဖန်တီးနိုင်ခြင်းက လူမူဆက်ဆံရေးအတွက် အခြေခံအချက်ပဲလေ။ ငါက မင်းကို သင်ပြပေးရဦးမှာလား?’
'နောက်ဆုံးတော့ အနှစ်သုံးဆယ်လောက် တောင်ပေါ်မှာ တစ်ယောက်ထဲနေခဲ့ရတဲ့ ပုဂ္ဂိုလ်ကိုငါမြင်ဖူးသွားပြီ။ ဖြစ်နိုင်တာ သူကအရမ်းကိုအားနည်းပြီး ဒုက္ခရှာတတ်လို့ တောင်အောက်ကိုမဆင်းနိုင်ခဲ့တာပဲ။ အစီအရင်ဖန်တီးမှုမှာ ဆရာတစ်ဆူ ဟုတ်လား? ဒါက ဟာသကြီးပဲ'
‘မဖြစ်နိုင်စရာ!’
'ဒါပေမယ့် ဒီလိုမဖြစ်နိုင်စရာကောင်းတဲ့ပုဂ္ဂိုလ်မျိုးကို ငါကြိုက်တယ်။ ငါ အရမ်းကိုကြိုက်တာ။ ငါ သောက်ရမ်းနဲ့မှကို ကြိုက်တာ!’
ရှကျိုးယွီပြုံးကာ လျိုချင်းချန်ကိုကြည့်လိုက်သည်။ မျက်စိရှေ့က သူမကို အလွန်သဘောကျမိ၏။ ကြည့်လေ ကြိုက်လေပင်။
သူမက ချောမောယုံတင်မကပဲ ခေါ်လာသမျှပုဂ္ဂိုလ်တိုင်းကလည်း အလွန့်လွန်ကို ယုံကြည်ဖွယ်ကောင်းလှသည်!
“အရှင်မင်းကြီးက ကြင်နာလွန်းနေပါပြီ”
နန်းတော်တစ်လျှောက်မှာ မြင်ခဲ့ရတဲ့ အံ့ဩစရာ ပြောင်းလဲမှုတွေကြောင့် ရှကျိုးယွီကို ကျန်းဖူရှန် အလွန်သတိထားနေခဲ့သည်။ ထို့ကြောင့် အမြန်တုံ့ပြန်လိုက်၏။
သူရဲ့ခေါင်းသည်လည်း အလွန်ရိုကျိုး စွာဖြင့် တော်တော်နိမ့်နိမ့်ကို ငုံထားသည်။ ရှကျိုးယွီကို မကြည့်ရဲခဲ့ဘူး။
ထိုအချိန်မှာ လေပြေတစ်ချက်တိုက်သွားခဲ့ပြီး စားပွဲပေါ်က စာရွက်သည်လွင့်သွားခဲ့သည်။ စားပွဲပေါ်တွင် ရေးဆွဲထားသော လိပ်ပုံကိုမြင်သောအခါ ကျန်းဖူရှန် စွံ့အသွား၏။ သူရဲ့မျက်နှာသည်လည်း အရိုင်းဆန်စွာပျက်ယွင်းသွားခဲ့သည်။
'အရှင်မင်းကြီးက……လိပ်တစ်ကောင်ကိုဆွဲနေတာလား? အဲ့ဒါ ဘာကိုဆိုလိုတာလဲ?’
ကျန်းဖူရှန် အတွေးလွန်နေချိန်မှာပဲ ရှကျိုးယွီရဲ့အသံကိုကြားလိုက်ရသည်။
“ဟုတ်ပြီ။ ဒါဆိုရင် ငါကိုယ်တော် ဘာလို့ဆင့်ခေါ်တယ်ဆိုတဲ့အကြောင်းကိုတော့ သိတယ်မလား?”
“ကျွန်တော်မျိုးသိပါတယ်”
ကျန်းဖူရှန် စကားအများကြီးမပြောခဲ့ပဲ အကြိမ်ကြိမ်ခေါင်းညိတ် လိုက်၏။
“ကဲ ဒါဆိုရင် ကျန်းနန်နဲ့ထိုက်အန်းမြို့တော်အပြင် မြောက်ပိုင်းဒေသမှာပါ အစီအရင်ကောင်းတစ်ခုကို မြန်မြန်တည်ဆောက်လေတော့!”
“ငါ ကိုယ်တော် မင်းကိုဆင့်ခေါ်လိုက်တဲ့အကြောင်းအရင်းက အထင်ကရပုဂ္ဂိုလ် ကျန်းဖူရှန်ကိုမြင်တွေ့ချင်လို့ပဲ။ အဲ့ဒီ ပုဂ္ဂိုလ်က သတင်းစကားတွေထဲကအတိုင်း တစ်ကယ်ပဲစွမ်းဆောင်ရည်ရှိလားဆိုတာကို ငါကိုယ်တော် မျက်မြင် တွေ့ချင်တယ်။ ကြားထားရသလောက်တော့ မင်းရဲ့အရည်အချင်းတွေက တော်တော်ကို ထိပ်တန်းကျတယ်။ ဒါပေမယ့် နှစ်သုံးဆယ်လောက် ပျောက်ကွယ်နေခဲ့ရတာ စိတ်မကောင်းစရာပဲ’
ရှကျိုးယွီက ချီးကျူးလိုက်သည်။ သူရဲ့စကားလုံးတွေထဲမှာ ချဲ့ကားပြောဆိုထားခြင်းတွေ မပါဝင်ဘူး။ ပြောဆိုပြီးတာနဲ့ သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။
“အသေးစိတ်ကိုတော့ တော်ဝင်ဆရာမကြီးက စီစဉ်ပေးလိမ့်မယ်”
ရှကျိုးယွီက လျိုချင်းချန်ကိုကြည့်လိုက်သည်။
လျိုချင်းချန်နားထောင်နေရင်းနဲ့ ခေါင်းညိမ့်ပြလိုက်သည်။
ရှကျိုးယွီ သူမတို့ကိုနှင်လွှတ်မလို့ ပြင်နေစဉ်မှာပဲ တွေးမိသွားခဲ့သည်။
'သူတို့က အခုမှရောက်လာတာဆိုတော့ အခါးရည်တစ်ခွက်တောင် မတိုက်ဘဲနဲ့ပြန်လွတ်ရင် မကောင်းလောက်ဘူး’
ထို့ကြောင့် ရှကျိုးယွီမနေနိုင်စွာ အပြင်ဘက်ကနန်းတွင်းအစေခံတွေကို ခေါ်လိုက်သည်။
“လာကြစမ်း။ သခင်လေးနဲ့တော်ဝင်ဆရာမကြီးအတွက် အခါးရည်ယူဆောင်လာခဲ့”
ရှကျိုးယွီရဲ့အမိန့်သံပြီးတာနဲ့ နန်းဆောင်အပြင်ဘက်က နူးညံ့ချိုသာသော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“အမိန့်တော်အတိုင်းပါ”
ထို့နောက်မှာ ခြေသံအနည်းငယ်ကို ကြားလိုက်ရသည်။ ဒါပေမယ့် ထိုအချိန်မှာပဲ ရှကျိုးယွီ ဆက်ပြောလိုက်၏။
“ဒါနဲ့ အခါးရည်ထဲကို ဂျင်းဆင်းနဲနဲပါထည့်လာခဲ့”
ရှကျိုးယွီက ပြောပြီးတာနဲ့ ကျန်းဖူရှန့်ရှိရာကိုလှည့်လိုက်ကာ…
“ရာသီဉတုက နည်းနည်းပြင်းတယ်။ ဒီတော့ ဂျင်းဆင်းနည်းနည်း ထည့်သောက်တာက ခန္ဓာကိုယ်အတွက်ကောင်းတယ်။ ဒါ့အပြင် နန်းတော်ထဲမှာရှိတဲ့ ဆေးမြစ်က အပြင်ကဝယ်လို့ရတဲ့ဆေးမြစ်တွေထက် ပိုကောင်းတာမိုလို့ စိတ်မပူပါနဲ့”
ရှကျိုးယွီရဲ့မျက်နှာက စိုးရိမ်နေပုံရှိသည်။ သူကနူးညံ့စွာပြောလိုက်၏။
ကျန်းဖူရှန် အံ့ဩသွားခဲ့သည်။ သူရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လာ၏။ တုန်ယင်လာလွန်းလို့ ဒူးထောက်ကျတော့ မတတ်ဖြစ်သွားခဲ့သည်။
ထိုအချိန်မှာ ရှကျိုးယွီက ကျန်းဖူရှန်ကို အသေးစိတ်စစ်ဆေးနေခဲ့သည်။ ကျန်းဖူရှန်ရဲ့ ယခုလိုမျိုး ပုံစံကိုမြင်သော အခါမှာ မျက်မှောင်ကြုတ်သွားတော့၏။
'တော်တော်အားနည်းတဲ့ ပုဂ္ဂိုလ်ပဲ။ လေတစ်ချက်တိုက်လိုက်တာနဲ့တင် ပြုတ်ကျသွားနိုင်တဲ့ အနေအထားရှိတယ်။ ကြည့်ရတာ ဂျင်းဆင်းတိုက်ရင်တောင်မှ သူ့ကိုအားမဖြစ်စေလောက်ဘူး’
‘ ဒီပုံအတိုင်းဆိုရင် အစီအရင်တည်ဆောက်တဲ့နေရာမှာ ချို့ယွင်းချက်တွေဖြစ်လာလိမ့်မယ်။ ဒါဆိုရင် မမျှော်လင့်ထားတဲ့ ပြဿနာတွေကြုံလာနိုင်တယ်။ မဟုတ်သေးဘူး။ ငါနည်းလမ်းစဉ်းစားမှရမယ်’
ရှကျိုးယွီ တွေးလိုက်သည်။ ထို့နောက်မှာ အင်္ကျီထဲက အဆင့်နိမ့်စွမ်းအင် ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ပေးလိုက်သည်။
“မင်းရဲ့ပုံစံက ကြည့်ရတာအဆင်ပြေမနေပုံပဲ။ ဒီလိုလုပ် ငါကိုယ်တော်ဆီမှာလည်း မမျှော်လင့်ပဲနဲ့ စိတ်ဝိဉာဉ် စွမ်းအင် ကျောက်တုံးတစ်တုံးရှိနေတယ်။ ကိုယ်တော်က နန်းတော်ထဲမှာပဲနေပြီး သိပ်လုပ်စရာမရှိဘူးဆိုတော့ ဒီဟာကို မင်းကို ချီးမြင့်လိုက်မယ်”
ကျန်းဖူရှန် သူရဲ့အင်္ကျီအတွင်းထဲကို လက်နှိုက်နေတာမြင်တဲ့အခါမှာ သာမန်ပစ္စည်းတစ်ခုကို ထုတ်ယူနေသည်ဟုပဲ ထင်မှတ်ခဲ့သည်။
ရှကျိုးယွီတစ်ကယ် ထုတ်လိုက်တဲ့ပစ္စည်းကို မြင်သောအခါမှာတော့ ကျန်းဖူရှန်ရဲ့မျက်လုံးတွေက မထိန်းနိုင်စွာ ပြူးကျယ် သွားတော့၏။
“ဒါက ! ဒါက စိတ်ဝိဉာဉ်ကျောက်တုံးပဲ!”
ကျန်းဖူရှန် ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။
သူသဘောပေါက်သွားသည်။ တရှားတိုင်းပြည်နှင့်ပတ်သက်ပြီး မသိသေးတာတွေအများကြီးရှိနေတာပဲ။
တရှားတိုင်းပြည်မှာ ဘယ်လိုလုပ် စိတ်ဝိဉာဉ်စွမ်းအင်ကျောက်တုံး ရှိနေရတာလဲ? အခုလိုပစ္စည်းမျိုးက အင်အားကြီးအင်ပါယာတွေမှာပဲ ပေါ်လာတတ်တဲ့ အရာမျိုး!
စိတ်ဝိဉာဉ်စွမ်းအင်ကို စုဆောင်းနိုင်ရင် ကျင့်ကြံနိုင်မှုပိုင်းမှာ တိုးလာနိုင်ယုံတင်မကဘူး၊ လူတစ်ယောက်ရဲ့ ပင်ကို အရည်အချင်းနဲ့ သွေးကြောအတွင်းက စွမ်းအင်စုဆောင်းနိုင်စွမ်းကိုပါ မြင့်တင်ပေးနိုင်သည်။
ထို့ကြောင့် စိတ်ဝိဉာဉ်စွမ်းအင် ကျောက်တုံတစ်တုံးသည် ငွေတုံးဆယ်သန်းနှင့်ညီမျှ၏။ စိတ်ဝိဉာဉ်စွမ်းအင်ကျောက်တုံးဆိုတာ ရှားပါး ပစ္စည်းမျိုးပဲ!
ဒါပေမယ့် ရှကျိုးယွီက ပုံမှန်လိုပဲထုတ်ပေးလိုက်တာလား? ဒါက လုံးဝကို ကျိုးကြောင်းမသင့်ဘူး။
ကျန်းဖူရှန်အလွန်ကို ဆွံ့အနေခဲ့သည်။
“ဘာလဲ မကြိုက်ဘူးလား?”
ကျန်းဖူရှန် အကြိမ်ကြိမ်ခေါင်းယမ်းပြလိုက်သည်။ ထို့နောက်မှာ အလင်းလိုအလျင်နဲ့ရှကျိုးယွီရဲ့လက်ထဲက စိတ်ဝိဉာဉ် ကျောက်တုံးကို ယူလိုက်လေ၏။ သူ့ရဲ့ပုံရိပ်နဲ့ပတ်သက်ပြီး ဂရုမစိုက်တော့ဘူး။
ကျန်းဖူရှန်ရဲ့ပုံစံကြောင့် ရှကျိုးယွီကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ စိတ်ထဲမှာပါ သက်ပြင်းချလိုက်၏။
'စနစ်ရဲ့ပစ္စည်းတွေက တစ်ကယ်ကိုထိပ်တန်းပစ္စည်းတွေပါလား? ငါ့မှာ ဒါမျိုးကျောက်တုံးတစ်ထောင် ရှိတယ်လို့ ပြောလိုက် ရင် သူဘယ်လိုများဖြစ်သွားမယ်မသိဘူး’
'ထားပါ။ လူမသိ သူမသိနေသင့်တယ်။ ငါကြွားဝါနေလို့မဖြစ်ဘူး’
စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးရဲ့ တန်ကြေးကို နားလည်ပြီးနောက်မှာတော့ မကြာခင် ထွက်ရတော့မဲ့သူ့ရဲ့ သိုင်းပညာခရီးလမ်းအတွက် အံ့ဩစရာကိစ္စတွေ ကြုံရတော့မယ်လို့ ရှကျိုးယွီ ခံစားလိုက်ရသည်။ သူ စတင်ပြီး စဉ်းစားနေမိတော့၏။
ထိုအချိန်မှာ ကျန်းဖူရှန်ကတော့ ရှကျိုးယွီကိုအကဲခတ်နေခဲ့သည်။ ရှကျိုးယွီရဲ့စွမ်းအင်နဲ့ပတ်သက်ပြီး မစစ်ဆေးလိုက်ရင် တောင်မှ သူ့အတွက်အဆင်ပြေဦးမည်လေ။ ဒါပေမယ့် စစ်ဆေးပြီးသွားချိန်တွင် ရှကျိုးယွီမှာ ကျင့်ကြံဆင့်လုံးဝမရှိတာကို သိလိုက်ရ၏။ သူ အလွန်အံ့ဩသွားခဲ့သည်။
'ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!’
'ရှကျိုးယွီရဲ့ခန္ဓာကိုယ်ထဲမှာ ဘာကြောင့်ကျင့်ကြံမှု တစ်စက်လေးတောင် မရှိရတာလဲ? ဒါပေမယ့် ရှကျိုးယွီရဲ့လွမ်းမိုးနိုင် စွမ်းရှိတဲ့ အရှိန်အဝါနဲ့ အမိန့်ပေးတဲ့အချိန်မှာ ထွက်ပေါ်နေတဲ့ ဘုရင်တစ်ယောက်ရဲ့ ရှောင်လွှဲလို့မရတဲ့ အာဏာစက်ကို ကြည့်ရသလောက် သာမာန်သူ မဟုတ်သလိုမျိုး ခံစားရတယ်!’
ကျန်းဖူရှန် ချက်ချင်းပဲနားလည်လိုက်သည်။
'ရှကျိုးယွီက သေချာပေါက် မရိုးရှင်းဘူး။ သူ့မှာကြီးမားတဲ့လျှို့ဝှက်ချက်တွေရှိရမယ်!’