← Chapters

သခင်လေး ဘာကိုဆိုလိုတာလဲ?

Vol. 10 Ch. 139

သခင်လေး ဘာကိုဆိုလိုတာလဲ?

Vol. 10 Ch. 139

'တရှားတိုင်းပြည်က ငါ့အပေါ်မှာ‌ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ အကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် ငါလည်း တာ့ရှားတိုင်းပြည်အတွက် သေချာအမှုထမ်းချင်တယ်’

ကျန်းဖူရှန် အသက်တစ်ချက် ရှုသွင်းလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက ဆုံးဖြတ်ချက် ချလိုက်ပုံပဲ။ သူ့ရဲ့ အကြည့်ကလည်း အရင်ကထပ် ပိုပြီးနက်ရှိုင်းလာခဲ့သည်။ မျက်နှာကလည်း အနည်းငယ် တည်ငြိမ်လာ၏။

တရှားရဲ့နန်းတော်ထဲကို ပထမဦးဆုံးဝင်လာစဉ်က သူ့ရဲ့စိတ်ထဲတွင် ဘာခံစားချက်မှ မရှိခဲ့ဘူး။ အခုတော့ သူ့ရဲ့နှလုံးသားတစ်ခုလုံးမှာ သစ္စာရှိမှုတို့ ပြည့်နှက်လာရ၏။

သူ့ရဲ့နှလုံးသားကလည်း တရှားတိုင်းပြည်ရဲ့ အရှိန်အဝါတစ်ခုကို ခံစားလို့ရနေခဲ့သည်။ ထိုအရှိန်အဝါက လေထုနှင့် ရောယှက်ပြီး သူ့ရဲ့ခန္တာကိုယ်ထဲကို တစ်စိမ့်စိမ့်နဲ့ ဝင်ရောက်နေသလိုမျိုးပဲ။ လန်းဆန်းစေသော နွေဦးစမ်းချောင်းရဲ့ လေပြေလေးကို ရှုရှိုက်ရသလိုမျိုး ကျန်းဖူရှန် ခံစားနေရသည်။

သိပ်မကြာခင်မှာပဲ အခါးရေခွက်ကို ကိုင်ဆောင်ထားသော နန်းတွင်းအစေခံမလေး ဝင်ရောက်လာခဲ့သည်။

“သူတို့ကို အခါးရည်ပေးလိုက်ပါ”

ရှကျိုးယွီ ပြောလိုက်၏။

အစေခံမလေး ချက်ချင်းပဲ ကျန်းဖူရှန်နဲ့ လျိုချင်းချန်ကို အခါးရည်ခွက်ပေးလိုက်သည်။ ထိုနှစ်ယောက်ကတော့ ဝေဝါးစွာဖြင့် ရပ်နေကြလေ၏။ ရှကျိုးယွီ မနေနိုင်စွာ သတိပေးလိုက်သည်။

“သောက်ကြည့်ကြပါ။ ကျန်းနန်မြို့ကလာတဲ့ အကောင်းဆုံး အခါးရည်ပဲ”

ထိုအခါမှ ကျန်းဖူရှန့်ရော၊ လျိုချင်းချန်ရော အလျင်အမြန် ပြောလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်ကြီး”

အခါးရည်က ပူနေပေမယ့် ကျန်းဖူရှန့်က ချက်ချင်းပဲ တစ်ခွက်လုံးသောက်လိုက်လေ၏။

အခါးရည်က လည်ချောင်းတစ်လျှောက်ကို စီးဝင်သွားခဲ့သည်။ အပြင်ဘက်က ဆန်းကြယ်တဲ့ လေထုနှင့်အတူ ပေါင်းစပ်သွားသော အခါးရည်က ကျန်းဖူရှန်၏ အသိစိတ်ကို ပိုကြည်လင်သွားစေခဲ့သည်။ ခန္တာကိုယ်တစ်ခုလုံး ရုတ်တရက် အားအင်ပြည့်ဝသွား၏။

ထိုအရာကိုမြင်တော့ ရှကျိုးယွီ ရယ်လိုက်သည်။ တစ်ဆက်ထဲမှာ တွေးမိသွား၏။

“တကယ်ကို ဒီဆေးပင်က အကျိုးထူးတာပဲ။ တစ်ငုံသောက်လိုက်တာနဲ့တင် ပြောင်းလဲမှုက တော်တော်သိသာတယ်။ ငါအပြင်ထွက်ရင်လည်း နည်းနည်းလောက် ယူသွားရမယ်။ ပင်ပန်းလာတဲ့ အချိန်ကြရင် သောက်ရတာပေါ့။ သိုင်းလောက ခရီးစဥ်မှာ ဘာတွေကြုံတွေ့ရမယ် မသိဘူး’

ရှကျိုးယွီအတွေးလွန်သွားခဲ့သည်။ ထိုအချိန်မှာပဲ စနစ်ရဲ့အသံကို ကြားလိုက်ရသည်။

(ပိုင်ရှင်က တိုင်းပြည်အရေးတွေကို လစ်လျူရှုပြီး သိုင်းလောကထဲမှာ လည်ပတ်ဖို့တွေးနေတယ်။ ဒါက ဘုရင်တစ်ယောက်အနေနဲ့ တာဝန်ယူမှုမရှိတဲ့ အပြုအမူပဲ။ အဲ့ဒီ အပြုအမူကြောင့် အကျိုးဆက်များစွာကို ကြုံရနိုင်တယ်)

(တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ငါးထောင် လျော့ပါတယ်။ လက်ရှိ တစ်သိန်းငါးသောင်းသုံးထောင် ကျန်သေးတယ်)

(ဆုလာဒ် - အကာအကွယ်မျက်နှာဖုံး)

(အကာအကွယ်မျက်နှာဖုံး...မင်းရဲ့ချောမောတဲ့ ရုပ်ရည်ကြောင့် ပြဿနာဖြစ်နေပါသလား? ဒါဆိုရင် ဒီပစ္စည်းက မင်းရဲ့ပြဿနာကို အပြည့်အဝ ဖြေရှင်းပေးလိမ့်မယ်။ ချောမောလှတဲ့ရုပ်ရည်ကို ကာကွယ်ပေးပြီး မလိုအပ်တဲ့ ပြဿနာတွေကနေ ကယ်တင်ပေးနိုင်ရုံတင်သာ မကဘဲ မင်းရဲ့အရှိန်အဝါတစ်ခုလုံးကို ပြောင်းလဲပေးပြီး မင်းကို လူသစ်တစ်ယောက်လို ဖန်တီးပေးနိုင်တယ်!)

'ဝိုး!’

ရှကျိုးယွီ အလွန်ကို အံ့ဩမှင်သက် သွားခဲ့သည်။ အချိန်တစ်ခု ကြာသည်အထိ သူ မရုန်းထွက်နိုင်ခဲ့ဘူး။

'အခုတင် ငါ့ကို ချောမောတယ်လို့ ပြောလိုက်တာလား? ငါက သောက်ရမ်း ချောတာလား?’

‘ ဒါပဲလေ ဒါကဖြစ်သင့်တဲ့ သဘာဝပဲ! တိုင်းပြည်ရဲ့ ရှင်ဘုရင်တစ်ယောက်အနေနဲ့ ချောမောတဲ့ရုပ်ရည် ပိုင်ဆိုင်တာတော့ ဖြစ်သင့်တာပေါ့'

‘ဟုတ်ပါတယ် သိုင်းလောကထဲ သွားရမှာဆိုတော့ ဒီချောမောတဲ့ရုပ်ရည်နဲ့ ဘယ်ဖြစ်မလဲ။ ငါနှိမ့်ချစွာ နေရမှာပေါ့။ တော်ကြာ ငါရဲ့ချောမောတဲ့ ရုပ်ရည်က လူအများကြီးရဲ့ အာရုံကို ဆွဲဆောင်မိသွားရင် ပြဿနာတက်လာနိုင်တယ်’

'သိုင်းလောကဆိုတာ ပြဿနာများတဲ့နေရာပဲ။ အရမ်းချောနေရင် မင်းကို လူတွေမှတ်မိသွားလိမ့်မယ်။ အဲ့ဒီမျက်နှာက တစ်ခါမြင်ဖူးရင် သူတို့ရဲ့စိတ်ထဲမှာ စွဲကျန်နေတဲ့အတွက် ဘယ်ချိန်မြင်မြင် ဘယ်သူဘယ်ဝါဆိုတာ သိနေမှာပဲ။ ဒီတော့ သိုင်းလောကအတွင်း လည်ပတ်ချင်ရင် ချောနေတာမကောင်းဘူး။ ငါ့မှာလည်း ရန်သူတွေက မနည်းမနော ရှိတာဆိုတော့ ငါရဲ့အကြောင်းကိုပါ ဖော်ထုတ်မိသွားလိမ့်မယ်။ ဒီတော့ မျက်နှာဖုံးတပ်သွားတာ အကောင်းဆုံးပဲ’

'ဒီပစ္စည်းနဲ့ဆိုရင် ငါက သာမန်လူတစ်ယောက် ဖြစ်လာနိုင်ရုံတင် မကဘဲ လူတွေနဲ့ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆက်ဆံနိုင်မယ်။ မဆိုးဘူး မဆိုးဘူး။ စနစ်က တော်လိုက်တာ’

ရှကျိုးယွီ တက်ကြွစွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

ထို့နောက်မှာ လျိုချင်းချန်ကို လှမ်းကြည့်လိုက်ပြီး

“အခါးရည်က ဘယ်လိုနေလဲ? ကောင်းတယ်မလား? ဒါက နန်းတော်ရဲ့ အဆင့်မြင့် အခါးရည်ပဲ”

ပြောပြီးတာနဲ့ ရှကျိုးယွီ ရယ်လိုက်သည်။ ရှကျိုးယွီရဲ့ ပုံစံကြောင့် လျိုချန်းချန် အနည်းငယ် အံ့ဩသွားသည်။ ဒါပေမယ့် သူမအမြန် ခေါင်းငြိမ့်ကာ နူးညံ့စွာဖြင့် ပြောလိုက်၏။

“တကယ်ကို လက်ဖက်ရည်ကောင်းပဲ။ ဒီလက်ဖက်ရည်က လူတစ်ယောက်ရဲ့စိတ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်တယ်။ တကယ်ကို အကောင်းဆုံး လက်ဖက်ရည်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်”

ရှကျိုးယွီ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူ့ရဲ့စိတ်ထဲမှာ မျက်နှာဖုံးနဲ့ ပတ်သတ်ပြီး အလွန်လေ့လာချင်နေသော်ငြား စိတ်ရှည်စွာဖြင့် ပြောလိုက်သည်။

“စိတ်ဝိဉာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင် တည်ဆောက်တာက ကိစ္စကြီးတစ်ခု မဟုတ်ဘူးဆိုပေမယ့် အတတ်နိုင်ဆုံး အမြန်တည်ဆောက်နိုင်ဖို့တော့ လိုအပ်တယ်။ ဘယ်လိုပဲပြောပြော ဒီကိစ္စက တိုင်းပြည်တစ်ခုလုံး နဲ့ သက်ဆိုင်နေတာ”

ရှကျိုးယွီက ချက်ချင်းပဲ စကားစလိုက်သည်။ ဒါပေမယ့် ထိုစကားလုံးတွေက လျိုချင်းချန်နဲ့ ကျန်းဖူရှန် အတွက်တော့ မတူညီတဲ့ အဓိပ္ပာယ် သက်ရောက်သွားခဲ့သည်။ သူတို့ရဲ့ နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်သွားစေ၏။

'အရှင်မင်းကြီးက တကယ်ကို တိုင်းပြည်နဲ့ ပြည်သူအတွက် ဂရုစိုက်လိုက်တာ!’

ထို့ကြောင့် ကျန်းဖူရှန် အမြန်ဖြေကြားလိုက်သည်။

“အရှင်မင်းကြီး စိတ်ချစွာနားနေပါ။ စိတ်ဝိဉာဉ်စွမ်းအင် စုဆောင်းတဲ့ အစီရင်က တည်ဆောက်ရတာ ရှုပ်ထွေးပေမယ့် မခက်ခဲပါဘူး။ ကျွန်တော်တို့မှာ ပစ္စည်းတွေ စုံလင်နေသ၍ အဲ့ဒီအစီရင် သုံးခုလုံးကို တစ်လအတွင်း တည်ဆောက်နိုင်လိမ့်မယ်။ လက်ရှိ တရှားတိုင်းပြည်အတွင်း မြင့်တက်လာတဲ့ စိတ်ဝိဉာဉ်စွမ်းအင် ပမာဏကို ကြည့်ရသလောက် အချိန်တစ်လယူတာက ပြဿနာမရှိနိုင်ပါဘူး”

ကျန့်ဖူရှန်က ပြောနေရင်းနဲ့ ခြေလှမ်းအနည်းငယ် ရှေတိုးလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက အလင်းတွေဖြာထွက်နေ၏။ ထိုအလင်းတွေက နှလုံးသားထဲမှ ယုံကြည်မှုက မြစ်ဖျားခံလာတာပင်။ ထိုအချိန်မှာ သူရဲ့ယုံကြည်မှုက အလွန်တည်ငြိမ်ကာ နက်ရှိုင်းနေခဲ့သည်။

ကျန်းဖူရှန်က ရှကျိုးယွီကို ရိုသေစွာဖြင့် ခါးညွှတ် အရိုအသေပေးလိုက်၏။

အခု စိတ်ဝိဉာဉ်စွမ်းအင် စုဆောင်းတဲ့ အစီရင်သည် ကျန်းနန်မြို့မှာတုန်းက အသုံးပြုခဲ့ရသော အစီရင်နှင့် အကျိုးပြမှုက ဆင်တူသည်။ ဒါပေမယ့် ကောင်းမွန်တဲ့ အစီအရင်ကို ဖန်တီးချင်ရင်တော့ အရင်းအမြစ်က ပိုပြီးလိုအပ်၏။ ပေးဆပ်ရမည့် ပမာဏက ပိုပြီးများပြားနိုင်သည်။

ရှကျိုးယွီက ကျန်းဖူရှန်ရဲ့ စကားလုံးတွေကို နားထောင်နေခဲ့သည်။ ကျန်းဖူရှန်ရဲ့ အရိုအသေပေးမှုကို မြင်ပေမယ့် ဘာမှတ်ချက်မှ မပေးခဲ့ဘူး။ တစ်ချက်သာကြည့်လိုက်ပြီး လျိုချင်းချန်ဘက်ကို လှည့်ကြည့်လိုက်သည်။

“ဒီပုဂ္ဂိုလ်နဲ့ ပတ်သတ်ပြီး ငါကိုယ်တော် အများကြီးမသိဘူး။ ဒါပေမယ့် ငါမင်းကိုတော့ ယုံကြည်တယ် တော်ဝင်ဆရာမကြီး”

ရှကျိုးယွီက လျိုချင်းချန်ကို ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် စကားပြောလိုက်သည်။

ရှကျိုးယွီရဲ့ စကားတွေကြောင့် လျိုချင်းချန် အံ့ဩသွား၏။ ဖြူဖွေးသော သူမရဲ့မျက်နှာက ချက်ချင်းပဲ ရဲတွတ်လာခဲ့သည်။

သူမ ရှကျိုးယွီကို တိုက်ရိုက် မကြည့်ရဲတော့ပေ။ ချက်ချင်းပဲ သူမရဲ့ခေါင်းက ငုံ့သွားကာ ရှက်ရွံ့နေဟန်ကို ဖော်ကြူးလာလေ၏။

ထိုအချင်းအရာကြောင့် ကျန်းဖူရှန်ပင် အံ့ဩသွားခဲ့သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီက ဆက်ပြောလိုက်သည်။

“ကဲ အခုဆိုရင် အခါးရည်သောက်တာလည်း ပြီးပြီဆိုတော့ မင်းတို့လည်း သက်ဆိုင်ရာ အလုပ်တွေ သွားလုပ်နိုင်ပြီ။ ငါကိုယ်တော်လည်း အနည်းငယ် ပင်ပန်းနေပြီ”

ရှကျိုးယွီက ပြောပြီးတာနဲ့ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက်မှာ မြေကြီးပေါ်ကျနေသော လိပ်ပုံစာရွက်ကို ပြန်ကောက်ယူလိုက်သည်။ စားပွဲပေါ် ပြန်တင်လိုက်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။

ထိုအချင်းအရာကို မြင်သောအခါ လျိုချင်းချန်တို့နှစ်ယောက် တိတ်တဆိတ် ထွက်သွားဖို့ ပြင်ဆင်လိုက်တော့သည်။

တောင်ဝင်နန်းဆောင် အပြင်ကို ရောက်တာနဲ့ လျိုချင်းချန်က ကျန်းဖူရှန်ကို ကြည့်လိုက်သည်။ ကျန်းဖူရှန်ရဲ့မျက်နှာက အလွန်တည်တင်းနေ၏။ အတွေးလွန်နေဟန်ရှိသည်။ ထို့ကြောင့် သူမ မနေနိုင်စွာ မေးလိုက်သည်။

“ဘာမှားလို့လဲ သခင်လေး?”

ကျန်းဖူရှန်က အလွန်တည်ငြိမ်စွာဖြင့် လှည့်ကြည့်လာခဲ့ပြီး

“မင်း ရှကျိုးယွီကို ကြိုက်လား?”

“ဒါက...”

ထိုစကားကြောင့် လျိုချင်းချန် အလွန် အံ့အားသင့်သွားခဲ့သည်။ သူမ ဘယ်လိုဖြေကြားရမလဲ မသိတော့ပေ။ လေထုက အနည်းငယ် ထူးဆန်းလာသလိုပဲ။

“ထားလိုက်တော့။ အဲ့ဒီကိစ္စ နောက်မှ ဆွေးနွေးကြမယ်။ အရင်ဦးဆုံး အရှင်မင်းကြီး ပေးထားတဲ့ တာဝန်တွေကို ပြီးအောင်လုပ်ကြတာပေါ့”

လျိုချင်းချန်ရဲ့ ပုံစံကို မြင်တာနဲ့ ကျန်းဖူရှန် သဘောပေါက်လိုက်သည်။ ထို့ကြောင့် ရယ်လိုက်၏။

ထို့နောက်မှာ ချက်ချင်းပဲ ရှကျိုးယွီရဲ့ စားပွဲပေါ်က လိပ်ပုံရေးဆွဲထားသော စာရွက်ကို စဉ်းစားမိသွားသည်။ ထိုအချိန်မှာ ကျန်းဖူရှန် တွေးမိသွားခဲ့သည်။

“ရှကျိုးယွီက တရှားတိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်နေခဲ့တာပဲ။ မှိန်ပျောက်နေတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို အခုလိုမျိုး စိတ်ဝင်စားဖွယ် ပုံစံဖြစ်အောင် ရေးဆွဲနိုင်ခဲ့တယ်။ တကယ်ကို အသက်မဲ့တဲ့ တရှားအတွက် အလင်းတန်းတွေ ဆောင်ကြဉ်းလာမယ့် ပုဂ္ဂိုလ်ပဲ!”

“အံ့ဩဖို့ကောင်းလိုက်တာ။ တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ!”

“တောင်ပေါ်ကနေ ငါ့ကို ဆင်းစေခဲ့တာလည်း သူ့ရဲ့ အကြံအစည်တွေပဲ ဖြစ်မယ်။ နန်း‌တော်ထဲမှာ ငါကြုံတွေ့ခဲ့တဲ့ အရာတွေကိုက သူကြိုတင်ကြံစည်ထားတာ ဖြစ်နိုင်လောက်တယ်”

ထိုစကားလုံးတွေကြောင့် လျိုချင်းချန်ကတော့ အံ့အားသင့်နေခဲ့သည်။

“သခင်လေး ဘာကိုဆိုလိုတာလဲ?"

All Chapters