← Chapters

သတ္တိရှိလိုက်တာ!!

Vol. 10 Ch. 128

သတ္တိရှိလိုက်တာ!!

Vol. 10 Ch. 128

အနီးရှိ အစောင့်တွေအားလုံး အံ့ဩသွားကြသည်။ သူတို့ရဲ့မျက်လုံးထဲမှာ မယုံနိုင်မှုတို့ဝင်ရောက်လာကာ…..

"စစ်စခန်းတစ်ခု တည်ဆောက်ရမယ်၊ဟုတ်လား? အရှင်မင်းသားက စစ်တပ်တည်ထောင်မလို့လား!"

"ဒီလိုအပြုအမူက ပုန်ကန်မှုအဖြစ်သတ်မှတ်ခံရနိုင်ပါတယ်!"

"မင်းတို့ဘာတွေကြောက်နေတာလဲ? ဒါကအရှင်မင်းကြီးရဲ့အမိန့်ပဲ"

ရှထိုက်အန်း တည်ငြိမ်စွာပြောလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက စူးရှနေ၏။ ရှထိုက်အန်း အနေနဲ့ အုပ်ချုပ်ရေးပိုင်းတွင် မကျွမ်းကျင်ဘူး။ ဒါပေမဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ကျင့်ကြံမှုပိုင်းကို ပြောရလျှင် သူက တော်တော်လေး ထူးချွန်သည့် လူတစ်ယောက်ဖြစ်သည်။

အရည်အချင်းရှိခဲ့ပေမဲ့ ထိုအရည်အချင်းကို ထုတ်မသုံးတတ်ခဲ့ဘူး။

အခု ရှကျိုးယွီရဲ့အမိန့်က သူလိုချင်တဲ့အရာနဲ့ ကွက်တိ ဖြစ်နေခဲ့သည်။

ရှထိုက်အန်းရဲ့စကားကိုကြားတဲ့အခါမှာ ထိုအစောင့်က မနေနိုင်စွာဖြင့်မေးလိုက်သည်။

"အရှင်မင်းကြီးရဲ့အမိန့် ဟုတ်လား? အရှင်မင်းကြီးက ဘာလို့ ဒီလိုအမိန့်ပေးရတာလဲ?"

"ငါလည်း အကြောင်းအရင်းကိုမသိဘူး။ ဒါပေမဲ့ အမိန့်တော်ထုတ်လာပြီဆိုမှတော့ ဘာကိစ္စအလုပ်ရှုပ်ခံပြီး မေးနေရမှာလဲ?"

ပြောပြီးသည်နှင့် ရှထိုက်အန်းက ထိုအစောင့်ကိုစိုက်ကြည့်လိုက်ကာ..

"အကုန်လုံးကိုသတင်းပေးထားလိုက်၊ စစ်စခန်းကို အမြန်ဆုံးတည်ဆောက်ရမယ်! ဒီစာထဲကပြောထားတာအရဆိုရင် မကြာခင်မှာ စိတ်ဝိညာဉ်စုဆောင်းတဲ့အစီအရင်ကို တည်ဆောက်တော့မယ်၊ အဲဒီအချိန်မှာ စစ်စခန်းကအသင့် မရှိနေဘူးဆိုရင် အလကားအချိန်ကုန်လိမ့်မယ်!"

ထိုအစောင့်က ချက်ချင်းပဲ ခေါင်းညိတ်လိုက်သည်။

"အမိန့်တော်အတိုင်းပါ"

"ပြီးတော့ တစ်မြို့လုံးမှာ သတိပေးစာကပ်လိုက်၊ အသက်ဆယ့်လေးနှစ်အထက် ကလေးတွေအားလုံး ကျန်းနန်မြို့ကို လာပြီးတော့ စမ်းသပ်မှုကိုဖြေဆိုနိုင်တယ်၊ ရွေးချယ်ခံရတဲ့အထဲက အရည်အချင်းရှိတဲ့လူတွေအားလုံးက အဆင့်မြင့်ပြီးနည်းလမ်းကျတဲ့ လေ့ကျင့်မှုကို ရှန်းချီ စစ်စခန်းမှာသင်ယူနိုင်တယ်!"

အရှင်မင်းသားရဲ့စကားကြောင့် ထွက်သွားဖို့ပြင်နေသော အစောင့်ခင်ဗျာ ထပ်မံအံ့ဩရပြန်သည်။ သူ မနေနိုင်စွာရေရွတ်လိုက်သည်။

"ဒီလိုသာဖြစ်သွားမယ်ဆိုရင် တရှားတိုင်းပြည်မှာရှိတဲ့ ဂိုဏ်းတွေအားလုံးကို ရန်စလိုက်သလို ဖြစ်သွားမှာမလား?"

"အဲဒီဂိုဏ်းတွေကလည်း လူသစ်ခေါ်ရင် အသက် ဆယ့်လေးနှစ်အထက် ကလေးတွေကိုပဲခေါ်ကြတာ"

ဒါပေမဲ့ ချင်မင်းသားက သဘောမတူပါချေ။

"မင်းဘာသိလို့လဲ? တူတော်မောင်က အမိန့်ထုတ်လာပြီဆိုမှတော့ သူ့မှာယုံကြည်ချက်ရှိလို့ပဲပေါ့၊ ဒါ့အပြင် ငါတို့တရှားတိုင်းပြည်မှာ သိုင်းလောကရဲ့ ဂိုဏ်းတွေအများဆုံးနေရာက ကျန်းနန်မြို့ပဲ။ အခုကျန်းနန်မြို့မှာရှိတဲ့ ဂိုဏ်းကြီးဂိုဏ်းငယ်တွေအားလုံးက တရှားတိုင်းပြည်ရဲ့ရုံးတော်အောက်မှာ ရောက်လာခဲ့ပြီ၊ ဒီတော့သူတို့ဘာပြောရဲမှာလဲ? ဘာပြောနိုင်မှာမလို့လဲ?"

အရှင်မင်းသားရဲ့မျက်နှာထက်မှာ ဂုဏ်မောက်မှုတို့ ထင်ဟပ်လာခဲ့သည်။ ရှကျိုးယွီ၏အမိန့်တော်ကို ကိုယ်ပိုင်ချမှတ်ထားသော ဆုံးဖြတ်ချက်တစ်ခုလိုမျိုး ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုလိုက်လေ၏။

ထိုအစောင့်လေး မငြင်းရဲတော့ပေ။

"ဟုတ်ကဲ့၊ ကျွန်တော်မျိုး ချက်ချင်းပဲဆောင်ရွက်လိုက်ပါ့မယ်"

ပြောပြီးသည်နှင့် ထိုအစောင့်က ထွက်သွားခဲ့သည်။

ချင်မင်းသား စဥ်းစားနေခဲ့သည်။

"အစက အရှင်မင်းကြီးက ဆည်မြောင်းတည်ဆောက်ဖို့ အမိန့်ပေးခဲ့ပေမဲ့ ပိုက်ဆံတွေကိုတော့ မသယ်သွားခိုင်းခဲ့ဘူး၊ အခုငါ့ကို စစ်စခန်းတစ်ခု တည်ဆောက်ခိုင်းတယ်၊ ကြည့်ရတာ အရှင်မင်းကြီးကငါ့ရဲ့အင်အားကို တိုးလာအောင်လုပ်ချင်နေတာပဲ၊ တကယ်ပဲ အရှင်မင်းကြီးက ကျန်းပိုင်မင်းသားရဲ့ အောင်မြင်မှုကို အဟန့်အတားဖြစ်လာစေချင်တာလား?"

"မဟုတ်သေးဘူး! တကယ်ပဲ ကျန်းပိုင်မင်းသားကို ခက်ခဲအောင်လုပ်ချင်တယ်ဆိုရင် ရှကျိုးယွီ ဒီလောက်ထိ ကြိုးစားနေမှာမဟုတ်ဘူး၊ သူ့အနေနဲ့တိုက်ရိုက် လှုပ်ရှားလိုက်လို့ရတယ်၊ ဒါဆိုရင် အရှင်မင်းကြီးရဲ့ပစ်မှတ်က ကျူးကော့လုံ မဟုတ်ဘဲနဲ့ သိုင်းသမားတွေလား?"

"အရှင်မင်းကြီးက ငါ့ကိုအသုံးချပြီးတော့ သိုင်းလောကနဲ့ ရန်သူဖြစ်ချင်နေတာပဲ၊ သတ္တိရှိလိုက်တာ! တကယ်ကိုသတ္တိရှိတယ်!"

ချင်မင်းသားရဲ့ နှလုံးသားက လုံးဝကိုမကြောက်ရွံ့ခဲ့ပေ။ ထိုအစားသူက စိတ်လှုပ်ရှားနေ၏။

အရင်အရှင်မင်းကြီးလက်ထက်က ချင်မင်းသားကို သိုင်းလောကနဲ့ ပတ်သတ်ဆက်နွယ်ခြင်းမှ အတင်းအကြပ် တားမြစ်ထားခဲ့သည်။

ဒါ့အပြင် သိုင်းလောကက မောက်မာစွာဖြင့် တိုင်းပြည်များစွာကို ဖျက်ဆီးခဲ့သည်။ ဒါပေမဲ့ ထိုအရာတွေက ချင်မင်းသားရဲ့ မျက်လုံးထဲမှာတော့ ကိစ္စကြီးတစ်ခုမဟုတ်ခဲ့ဘူး။

သူတို့တွေတိုက်ခိုက်ခံရတာက သန်မာမှုမရှိလို့ တိုက်ခိုက်ခံရတာပဲ။ သန်မာမှုသာရှိမယ်ဆိုရင် အခုလိုမျိုးတိုက်ခိုက်ခံရမှာမဟုတ်ဘူး။

အခု တရှားတိုင်းပြည်နဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ခွင့်ရှိတဲ့သူက တရှားရဲ့လက်ရှိဘုရင် ရှကျိုးယွီပဲ။

လက်ရှိတရှားတိုင်းပြည် အတွင်းမှာ သိုင်းသမားတွေအများကြီး စုဝေးနေခဲ့သည်။ ဂိုဏ်းငယ်တွေသာဆိုပေမယ့် သူတို့တွေပေါင်းစည်းလိုက်ရင် အင်အားတစ်ရပ် ဖြစ်လာနိုင်သည်။

တရှားတိုင်းပြည်မှာ အန္တရာယ်ကျရောက်လာတာနဲ့ သူတို့တွေက နောက်ကျောကို ဓားနဲ့ထိုးမယ့် ပထမဦးဆုံးသောလူတွေပဲ!

ရှထိုက်အန်း တွေးမိလေလေ၊ အရှင်မင်းကြီးက ကြိုမြင်နိုင်ပြီး တိုက်ခိုက်နိုင်စွမ်း မြင့်တယ်လို့ ခံစားရလေလေပဲ။

အခုလိုသိုင်းလောက သားတွေကို ရန်စလိုက်မယ်ဆိုရင် ကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေကို ရှထိုက်အန်းမစဉ်းစားခဲ့ဘူး။

သူ့အတွက်တော့ ဖြစ်လာမယ့်အရာက ဖြစ်လာမှာပင်။

ရှထိုက်အန်းအတွက်တော့ တိုင်းပြည်တစ်ခုက ဂုဏ်သတင်းရှိပြီး အဲဒီဂုဏ်သတင်းအတိုင်း ပြတ်ပြတ်သားသားရပ်တည်နိုင်ဖို့ လိုအပ်သည်။

ထိုသို့ဖြင့် အရှင်မင်းသားရဲ့ တပ်သားစုဆောင်းမည့်အသိပေးချက်က တရှားတိုင်းပြည်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ကျန်းနန်မြို့တစ်မြို့လုံး ဆူညံနေတော့၏။ ချင်မင်းသားရဲ့ ရုတ်တရက်လှုပ်ရှားမှုကြောင့် အကုန်လုံးကြောက်လန့်နေခဲ့သည်။

အခုလိုမျိုး ရှကျိုးယွီရဲ့ လက်ရွေးစင်တပ်ဖွဲ့တစ်ခု တည်ဆောက်မယ့်အစီအစဉ်ကို လျိုချင်းချန်ကလွဲပြီး ဘယ်သူမှမသိခဲ့ကြပေ။

ထို့ကြောင့် ရုံးတော်ရဲ့ မှူးမတ်တိုင်းအတွက် တပ်သားစုဆောင်းခြင်းက ပုန်ကန်မှုတစ်ခုပဲဖြစ်ခဲ့သည်။

အမတ်တွေအားလုံး ချက်ချင်းပဲတွေ့ဆုံခွင့်တောင်းကြလေ၏။

သူတို့ရဲ့အမြင်မှာ ရှထိုက်အန်းက အာဏာကိုအလွဲသုံးစား လုပ်နေသည်ဟု ထင်ခဲ့ကြသည်။

လီလင်ပုက တိုင်းပြည်တွေကြားရှိ ကုန်သွယ်မှုနှင့်ပတ်သက်ပြီး အလုပ်များနေသည့်အတွက် တင်ပြချက်တွေကိုမဖတ်ရှုခဲ့ပေ။

သေချာပေါက် ရှကျိုးယွီကလည်း မဖတ်ခဲ့ဘူး။

တင်ပြချက်တွေကိုဖတ်ရှုရတာက ပျင်းစရာကောင်းပြီး အိပ်ချင်စိတ်ဖြစ်ပေါ်စေသည်။

ဒီလိုနဲ့ပဲ တော်ဝင်နန်းဆောင်အတွင်းရှိ နေ့စဉ်တင်ပြချက်တွေက တောင်တစ်ခုလိုမြင့်မားလာခဲ့သည်။

...

တရှားတိုင်းပြည်၏ တော်ဝင်နန်းတော် အပြင်ဘက်တွင် လူတစ်အုပ်ရှိနေသည်။ ပူပြင်းတောက်လောင်နေသော နေရောင်အောက်မှာ သူတို့ကတိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေကြ၏။ သူတို့တွေအားလုံးက ရှကျိုးယွီဆီမှာ တိုင်ကြားဖို့ရောက်နေခဲ့တာပင်။ ထိုအချိန်မှာတစ်စုံတစ်ယောက်က စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။

"အား၊ ငါတို့ဘာလုပ်ရမှာလဲ? ရက်အချို့တောင်ကြာနေပြီ၊ အရှင်မင်းကြီးက ဘာတွေအလုပ်ရှုပ်နေလဲ မသိဘူး? ငါအထိန်းတော်တွေကိုမေးကြည့်တာတော့ အရှင်မင်းကြီးက ဒီရက်ပိုင်း တော်ဝင်နန်းဆောင်ထဲကကို ထွက်မလာသေးဘူးတဲ့!"

"အဲ့လိုမဖြစ်သင့်ဘူး!"

"အရှင်မင်းကြီး ဘာတွေတွေးနေလဲ ငါတကယ်ကိုမသိတော့ဘူး၊ ချင်မင်းသားကို တကယ်ပဲ စစ်တပ်တစ်ခု တည်ဆောက်ခွင့်ပေးခဲ့တယ်! ဒါကတိုင်းပြည်ကိုစော်ကားလိုက်တာပဲ! အကယ်လို့ ချင်မင်းသားသာ အဲဒီစစ်တပ်နဲ့ ပုန်ကန်ခဲ့မယ်ဆိုရင် တရှားတိုင်းပြည်တစ်ခုလုံး ပျက်စီးရလိမ့်မယ်!"

"ဒါနဲ့ အရှင်မင်းကြီးက ချင်မင်းသားကို အင်အားအနည်းငယ် ကြီးလာအောင်လုပ်ပြီး ကျန်းပိုင်မင်းသားနဲ့ မျှတမှုဖြစ်စေချင်တာလို့ မင်းတို့မထင်ဘူးလား?"

တစ်စုံတစ်ယောက်က မနေနိုင်စွာခန့်မှန်းလိုက်သည်။

ဒါပေမဲ့မကြာခင်မှာပဲ လူအုပ်ရဲ့စူးရှတဲ့အကြည့်များစွာကို ခံလိုက်ရလေ၏။

"ညီမျှအောင်လုပ်ချင်တယ်ဟုတ်လား? အဲ့ဒါမင်းရဲ့ဆိုလိုရင်းလား? အခုကသေချာပေါက် ကျားတစ်ကောင်မွေးမြူနေတာပဲ၊ အရှင်မင်းသားက အခုအချိန်မှာ ကျန်းနန်မြို့ကို အပိုင်စားရထားတယ်၊ ကျန်းနန်မြို့ဆိုတာ နယ်စပ်မြို့နယ်နဲ့မတူဘူး၊ ကျန်းနန်က မြေဩဇာကြွယ်ဝပြီး အရင်းအမြစ်ပေါများတယ်၊ စားသောက်ဖို့အတွက်ပူပန်စရာမလိုဘူး၊ ဒါကြောင့် ငါးနှစ်အတွင်းမှာ သူ့ရဲ့စစ်တပ်က အကောင်းမွန်ဆုံးသောစစ်တပ်တစ်ခု ဖြစ်လာလိမ့်မယ်!"

"ငါခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင်... အရင်ကကျန်းပိုင်မင်းသားနဲ့ပတ်သက်တဲ့ အရှင်မင်းကြီးရဲ့အပြုအမူက ဂရုမစိုက်တဲ့အပြုအမူလို့ပြောရပြီး အခု ချင်မင်းသားနဲ့ပတ်သက်တဲ့ အပြုအမူကျတော့ တရှားတိုင်းပြည်တစ်ခုလုံးကို ချောက်နက်ထဲတွန်းချနေတဲ့ အပြုအမူပဲ!"

ထိုသူရဲ့မျက်လုံးတွေက ချက်ချင်းပဲဒေါသကြောင့် နီရဲသွားခဲ့သည်။

"ပြီးတော့ အဲဒီလီလင်ပုဆိုတဲ့ ဒုအမတ်ချုပ်ကလည်း တိုင်းပြည်တွေနဲ့ ပေါ်ပေါ်ထင်ထင် ကုန်သွယ်မှုလုပ်နေခဲ့တယ်၊ တရှားတိုင်းပြည်ကို ဂုဏ်သတင်းကျဆင်းအောင်လုပ်နေတာပဲ!"

တစ်စုံတစ်ယောက်က မနေနိုင်စွာ ဝင်ပြောဖို့ပြင်လိုက်သည်။

"ဒါပေမဲ့ ငါကြားတာကတော့ အဲဒါကအရှင်မင်းကြီးရဲ့ရည်ရွယ်ချက်လို့..."

"အရှင်မင်းကြီးရဲ့ရည်ရွယ်ချက်၊ ဟုတ်လား? အရှင်မင်းကြီးက တိုင်းပြည်ရဲ့အရေးကို လျစ်လျူရှုပြီး ဘာရည်ရွယ်ချက်ကို ဖော်ဆောင်ဖို့လုပ်နေတာလဲ? အဲဒီပူးပေါင်းတဲ့ကိစ္စမှာဆိုရင် လီလင်ပုက နောက်ဆုံးပြောဆိုဆက်ဆံခွင့်ရှိတဲ့လူမဟုတ်ဘူးလား!”

“ ငါအများကြီးမပြောချင်ဘူး၊ ဒါပေမဲ့မင်းတို့ပဲကြည့်လိုက်၊ ဒီရက်ပိုင်းအတွင်း ငါတို့တင်ပြချက်တွေဘယ်လောက်တောင်ပို့ခဲ့သလဲ? အရှင်မင်းကြီး ထိတောင် ထိကြည့်ရဲ့လား! မနက်ခင်းညီလာခံဆိုလည်း ဖျက်သိမ်းပစ်လိုက်ပြီ!"

All Chapters